Empress Elisa Tarot

Empress Elisa Tarot

You may also like

What IF
What IF

You can't change your fortune but your action does

Photos from Empress Elisa Tarot's post 20/02/2024

"Near futureမှာ ဘာတွေဆက်ဖြစ်လာမလဲ ဘာတွေဆက်လုပ်ရမလဲ " 🌸🌹
အခုအချိန်မှာအားလုံးစိတ်ပင်ပန်းနေကြမယ် လမ်းပျောက်နေကြမယ်ဆိုတာကိုသိလို့ pick a pileလေးလုပ်ပေးထားပါတယ် ။ စိတ်ပင်ပန်းနေရင် relaxationလေးတစ်ခုအနေနဲ့ ဝင်ရောက်ဖတ်ရှုသွားလို့ရပါတယ် ။ Eliနဲ့ energyကိုက်တဲ့သူတွေက ပိုမှန်နိုင်တာမို့ serious မထားဖို့လည်းမျှော်လင့်ပါတယ်ရှင့် ။ 🌸🌹

Pick a pile လေးအတွက် ပုံလှလှကလေးတွေကိုတော့ KEN’s Artistry နဲ့ collaboration လေးလုပ်ထားပါတယ်ရှင့် 🌸🌹

28/12/2023

Good things in 2024 🦋💗

2024မှာ ဘယ်လို good things လေးတွေက မင်းဆီရောက်လာကြမလဲ 🦋💗

Pile 1 - 2024မှာတော့ မင်းဟာ အခုထက်ပိုကောင်းတဲ့ better version မျိုးကိုရရှိလိမ့်မယ်
မင်းရဲ့ ပညာရေးလမ်းကြောင်းက ပိုကောင်းလာနိုင်တယ်
မင်းရဲ့ energy တွေ strength တွေကလည်း အားအကောင်းဆုံးအချိန်မှာရောက်နေပြီး အောင်မြင်မှုတွေရရှိလိမ့်မယ်
အဓိကအားဖြင့် ငွေရှာနိုင်လိမ့်မယ် ငွေတွေဟာ သိပ်ကို ပေါပေါများများနဲ့ ဝင်ရောက်လာနိုင်တယ်
Future goals တွေအတွက် ခြေလှမ်းတွေစနိုင်လိမ့်မယ်
ခြေလှမ်းအသစ်တွေစဖို့အတွက် အခြေခံကောင်းတွေကို ရရှိပါလိမ့်မယ်

Pile 2 - pile 1 လေးနဲ့သိပ်ကိုဆင်တဲ့ reading လေးကို ရရှိပါတယ်
မင်းရဲ့ပညာရေးလမ်းကြောင်းဟာ မင်းရွှေ့ချင်တဲ့အတိုင်း ရွေ့လိမ့်မယ်
မင်းရဲ့ skill တွေကပိုကောင်းလာပြီး အကောင်းဆုံးသော ပညာရပ်တွေ ဘာသာရပ်တွေကို သင်ယူနိုင်လိမ့်မယ်
မင်းဟာ 2024 မှာ လူအများကြား popular ဖြစ်လာလိမ့်မယ်
ချစ်ခင်သူ မိတ်ဆွေတွေများလိမ့်မယ်
မင်းရဲ့ ပခုံးကိုအားကိုးမှီခိုမယ့်သူတွေများလာမယ်
မင်းရဲ့တည်ရှိမှုကို လူတွေက သတိထားမိလာကြပါလိမ့်မယ်

Pile 3 - 2024 မှာတော့ အကောင်းမြင်စိတ်နဲ့ရှေ့ဆက်နိုင်မှာမျိုးတွေ့ရတယ်
Pile 3 လေးတွေရဲ့ 2024 မှာ အဓိကပြောင်းလဲလာမှာက စိတ်နေစိတ်ထားပါပဲတဲ့
ကောင်းသောအမြင်တွေနဲ့ ကောင်းသောစိတ်ထားတွေဟာ မင်းမှာဖြစ်တည်လာပြီး လူကောင်းတစ်ယောက်အဖြစ်ရပ်တည်လာနိုင်လိမ့်မယ်
ကြယ်တစ်လုံးလိုတောက်ပလာနိုင်လိမ့်မယ်
အဓိကအနေနဲ့ universeက မင်းအတွက် လက်ဆောင်တစ်ခုပေးမှာမို့ ရင်ခုန်ခုန်နဲ့သာ စောင့်စားနေပါတော့တဲ့

26/11/2023

Nov 27 ရက် ၊ တနင်္လာနေ့သည် ''သာမညဖလအခါတော်နေ့ '' ဟု ခေါ်ဆိုအပ်သော တန်ဆောင်မုန်းလပြည့်နေ့ ၊ အများသူငှာသိကြသည့် ဆေးပေါင်းခတဲ့နေ့ဖြစ်ပါသည် ။

တန်ဆောင်မုန်းလပြည့်ည၌ လသည် ကမ္ဘာနှင့်အနီးဆုံးနေရာ၌ ရောက်ရှိနေမှာမို့ တခြားသောလပြည့်ညတွေထက် ပိုပြီးကြီးမားလင်းလက်သော လ၏ အလင်းရောင်ကိုခံစားသိရှိနိုင်လိမ့်မည် ။

လရဲ့စွမ်းအင်ဟာလည်း ကမ္ဘာပေါ်သို့ အပြည့်သက်ရောက်နေမှာဖြစ်ပြီး နက္ခတ်ဗေဒင်များအရလည်း ထူးခြားသောနေ့ဖြစ်တာမို့ တန်ဆောင်မုန်းလပြည့်ည၌ ဆေးအစီအရင်ကောင်းများ ၊ ကောင်းသောဆုတောင်းများအား စီရင်တောင်းခံအသင့်ဆုံးသော ညတစ်ညဖြစ်ပါသည် ။

Astrologyအရတော့ တန်ဆောင်မုန်းလပြည့်နေ့ Nov 27ရက်နေ့အား "Beaver Moon ''လို့ လူသိများကြပြီး Beaver Moonကိုတော့ Nov 27ရက်နေ့ မနက် ၄နာရီဝန်းကျင်လောက်မှာဆိုရင် အလင်းလက်ဆုံးလပြည့်ဝန်းအဖြစ်တွေ့မြင်နိုင်ပါလိမ့်မည်တဲ့ ။

Full moon in Geminiလည်းဖြစ်တာမို့ zodiac signsအားလုံး ၊ အထူးသဖြင့် Gemini နှင့် Saggitarius signsတွေဟာ စူးစမ်းလိုတဲ့ energyတွေပိုကောင်းလာနိုင်တယ် ၊ အသိဥာဏ်အတွေးအခေါ်တွေပိုမိုအားကောင်းလာနိုင်ပြီး evolutionတစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာနိုင်လိမ့်မယ် ။

အကျိုးကျေးဇူးအနေနဲ့တော့ အစာရေစာပေါများလာခြင်းနှင့် မိမိတို့ရဲ့ချစ်ခင်ရဆုံးသောသူများနှင့်လည်း ပျော်ရွှင်ဖွယ်ကောင်းတဲ့အချိန်ကောင်းလေးများကိုဖြတ်သန်းရပါလိမ့်မယ် ။

ဗုဒ္ဓဘာသာဝင်များအနေနဲ့တော့ တန်ဆောင်မုန်းလပြည့်နေ့၌ မေတ္တာသုတ်နှင့် ဗောဇ္စျင်္ဂသုတ်တော်များအား ရွတ်ဖတ်ပူဇော်ပြီး ကျန်းမာရေးကောင်းသော ၊ အနာကင်းမဲ့သော ၊ အေးချမ်းသောဘဝအားရရှိနိုင်အောင် ဆုတောင်းဂါရဝပြုကြပါ ။

တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှစ၍ ကိုယ်ကျန်းမာလို့စိတ်ချမ်းသာကြပါစေ ။ ❤

24/11/2023

Love maker လား ၊ peace maker လား 🌸🖤

Hello ဘေဘီတို့ 🦋

Eliက အရမ်းပစ်ထားသလိုဖြစ်နေမိတာ sorry ပါ
ရှေ့ဆက်မှာတော့ pick a pile လေးတွေကို မှန်မှန်လေးသေချာတင်ပေးဖို့ကြိုးစားပါမယ်ရှင် 🦋

ဒီနေ့မှာတော့ ကိုယ်ဟာ love maker ( ချစ်ခြင်းတရားတွေကို ဖန်တီးသူလေးလား ) ၊ peace maker ( အေးချမ်းခြင်းကို လိုလားသူလေးလား ) ဆိုတာ pick a pile လေး ရွေးကြည့်လိုက်ရအောင်နော် 🦋

Pile 1 - မင်းဟာ love makerဖြစ်ပါတယ် ။ မင်းဟာ မွေးဖွားလာကတည်းက သူတစ်ပါးရဲ့ ပျော်ရွှင်ခြင်းကိုဆောင်ကျဥ်းပေးမယ့် ကံဇာတာမျိုးပါလာတာတွေ့ရတယ် ။ ပြောရရင် မင်းဟာ ဥာဏ်နီဥာဏ်နက်ကလေးရော ဖြတ်ထိုးဥာဏ်ကလေးရောရှိနေတာမို့ ဘယ်သူနဲ့ဘယ်သူကတော့ အတွဲလေးတွေဖြစ်သင့်တယ် ၊ ပျော်ရွှင်သင့်တယ်ဆိုပြီး အောင်သွယ်တော်အလုပ်လေးတွေကိုဆောင်ကျဥ်းနိုင်တဲ့သူမျိုးလေးတွေဖြစ်တာတွေ့ရတယ် ။ pile 1လေးတွေမှာဆိုရင် မင်းသိသည်ဖြစ်စေ ၊ မင်းမသိသည်ဖြစ်စေ မင်းလုပ်လိုက်တဲ့အပြုအမူလေး အပြောအဆိုလေးတစ်ခုကြောင့် ပေါင်းဖက်သွားရတဲ့သူတွေ ပျော်ရွှင်သွားရတဲ့သူတွေရှိနေပါတယ်တဲ့ ။ ဒါပေမယ့် pile 1 လေးတွေမှာတော့ သူများအချစ်ရေးကိုပံ့ပိုးပေးတတ်ကြပေမယ့် အများစုကတော့ အချစ်ရေးကံမကောင်းတတ်တဲ့သူလေးတွေဖြစ်တာတွေ့ရပါတယ် ။

Pile 2 - မင်းဟာ peace makerလေးဖြစ်ပါတယ် ။ မင်းဟာဆိုရင် မျှတမှုတို့ကိုဆောင်ကျဥ်းပေးရမယ့် ကံတရားမျိုးနဲ့ မွေးဖွားလာတာမျိုးတွေ့ရတယ် ။
မင်းက ပြဿနာတစ်ခုခုကိုဖြေရှင်းတဲ့အခါမှာ ဘက်မလိုက်ဘူး ၊ ခံစားချက်တွေကိုဘေးချိတ်ပြီး ပြဿနာပေါ်မှာပဲအာရုံစိုက်ပြီးဖြေရှင်းနိုင်တဲ့သူမျိုးဖြစ်တာတွေ့ရတယ် ။ အဲ့ဒါမို့ မင်းကိုဆို လူတွေက problem solverလေးအဖြစ်နဲ့ လေးစားကြတယ် ၊ အသိအမှတ်ပြုကြတာကိုတွေ့ရတယ် ။ pile 2လေးတွေဟာဆိုရင် peace makerလေးတွေဖြစ်တာကြောင့် တစ်ပါးသူရဲ့ အကျိုးစီးပွားမျှတတာကိုပဲလိုလားသလို သူတို့ကိုယ်တိုင်ကလည်း အေးအေးဆေးဆေးနဲ့ပဲဘဝကိုဖြတ်သန်းနေတာမို့ မိတ်ဆွေတွေ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ တည်ငြိမ်ရင့်ကျက်သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဆရာကြီးဖြစ်နေတတ်တာကိုတွေ့ရပါတယ် ။
peace makerလေးတွေဖြစ်တဲ့အလျောက် ဒေါသတကြီးဖြေရှင်းရတဲ့ကိစ္စမျိုးတွေမှာတောင် အေးဆေးပဲဖြေရှင်းသွားနိုင်တာမို့ ဘယ်အချိန်မဆို အေးချမ်းမှုကိုရရှိပြီး confidence အပြည့်ဖြစ်နေတတ်တာကိုတွေ့ရပါတယ် ။

03/11/2023

လတ်တလောအနာဂတ်ကံကြမ္မာ (Timeless)

This is so general and read at your own risk!!!!

Pile 1 - မင်းရဲ့ အနာဂတ် ကံကြမ္မာလေးကတော့ ပင်ပန်းနေတဲ့မင်းရဲ့ပုံစံလေးကိုတွေ့နေရပါတယ် ။ အခြေအနေတစ်ခု ဆက်ဆံရေးတစ်ခုကနေ ရုန်းထွက်လာနိုင်မှာမျိုး leaveလုပ်လာနိုင်မှာမျိုးတွေ့ရတယ် ။ toxic peopleတွေ toxic situation တွေကနေထွက်လာရပေမယ့် ပင်ပန်းနာကျင်နေရမှာမျိုးတွေ့ရတယ် ။ အရှုံးရလာဒ်တွေပဲရနေတယ်လို့ခံစားရပေမယ့် it's not real babe, you're moving onto better thingsပါနော် ။ အားမလျှော့ဘဲ ဘဝကြီးမှာ ဆက်ပြီး struggle လုပ်ပါ ။ သိပ်ပင်ပန်းလာရင်အနားယူပါ ။ အချစ်ရေးမှာ အထီးကျန်ဆန်မှုလေးတွေကြုံတွေ့ရတတ်ပါတယ် ။

Pile 2 - မင်းရဲ့အနာဂတ်ကံကြမ္မာက အရှိန်အဟုန်ပြင်းပြင်းနဲ့ ရွေ့လျားနေမှာမျိုးတွေ့ရတယ် ။ positive energyတွေနဲ့ပြည့်နေပြီး activeဖြစ်နေမှာမျိုးလေးတွေ့ရတယ် ။ တချို့ Pile 2 လေးတွေ ခရီးလေးတွေထွက်ရတာမျိုး ၊ သွားစရာလာစရာလေးတွေများနေမှာမျိုးတွေ့ရတယ် ။ အချစ်ရေးလေးမှာဆိုရင်လည်း holiday romanceလေးတွေကို ဖန်တီးနိုင်ကြမှာမျိုးတွေ့ရပါတယ် ။
singleလေးတွေအနေနဲ့ဆို စန်းပွင့်နေမှာမျိုးတွေ့ရတယ် ။ romantic offerလေးတွေများနေမယ် ။ careerပိုင်းမှာဆိုရင်လည်း ကြိုးစားထားတာနဲ့ထိုက်တန်တဲ့ rewardလေးတွေ ပြန်လည်ရရှိကြမှာမျိုးတွေ့ရပါတယ် ။

Pile 3 - မင်းရဲ့ အနာဂတ် ကံကြမ္မာကတော့ မင်းဆီကို new beginning တွေရောက်လာတော့မှာမျိုးတွေ့ရတယ် ။ အခြေအနေအသစ် ၊ နေရာအသစ် ၊ လူအသစ်တွေရောက်လာမှာမို့ မင်းအနေနဲ့ အသစ်အဆန်းတွေကို ခံစားရလိမ့်မယ် ။ ဒါပေမယ့် မင်းအနေနဲ့ သတိရှိဖို့လိုလိမ့်မယ် ။ အသစ်အဆန်းတွေပေါ်လာတဲ့အခါ သတိလက်လွတ်မပျော်မိပါစေနဲ့ ။ သတိတစ်ချက်လွတ်တာနဲ့ ကောင်းမွန်ခြင်းတွေက ပြောင်းပြန်အခြေအနေဖြစ်သွားပါလိမ့်မယ် ။ အဲ့ဒါမို့ အရာရာကို သတိရှိရှိနဲ့ ရွေးချယ်ဆုံးဖြတ်ပါနော် ။

30/10/2023

သီတင်းကျွတ်အခါသမယမှစ၍ စောင့်ရှောက်ကြကုန်သောအစောင့်အရှောက်များနှင့် ၃၁ဘုံ၌ကျင်လည်ကြကုန်သော သတ္တဝါများအားလုံး ၊ ကံအားဖြင့်တော်စပ်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါများအားလုံး စိတ်ကျန်းမာလို့ ကိုယ်ချမ်းသာကြပါစေ 🪷✨🪔

20/10/2023

Fbရဲ့ policy အရ တချို့ clients လေးတွေကို အမ ဘယ်လိုမှ reply ပြန်လို့မရလို့ အမရဲ့ telegram or Viberကိုလာပေးနော် 💗

17/10/2023

Hello Hello 💗
Eliက babyတို့ကို သီတင်းကျွတ်လက်ဆောင်အနေနဲ့ ပညာဒါနကလေးပေးချင်လို့ပါ 💗

အခုကစပြီး ဗုဒ္ဓဟူးနေ့ည ၉နာရီအထိ တစ်ယောက်ကို yes or no မေးခွန်းတစ်ခုနှုန်းနဲ့ ဒီpostရဲ့commentအောက်မှာ မေးမြန်းလို့ရပါပြီရှင် 💗

တစ်ယောက်စီကိုသေချာလေးဖြေပေးချင်တာမို့ အဖြေလေးတွေကို စိတ်ရှည်ရှည်နဲ့စောင့်ပေးကြပါနော်

Photos from Empress Elisa Tarot's post 15/10/2023

What do you need right now?
မင်းအတွက် အခုအချိန်မှာအလိုအပ်ဆုံးက ဘယ်အရာဖြစ်မလဲ? 💗

General reading လေးမို့ energy ကိုက်တဲ့သူလေးတွေဆို ပိုမှန်ပါလိမ့်မယ်နော် 💗

10/09/2023

အနာဂတ်မှာ မင်းကိုဘယ်လိုအရာတွေကစောင့်ကြိုနေမှာလဲ ✨

Pile 1 - အနာဂတ်မှာ မင်းကိုယ်မင်းပိုမိုချစ်ခင်ဖို့ ကြိုးစားတတ်လာမှာမျိုးတွေ့ရတယ် မင်းရဲ့အစောင့်အရှောက်တွေဟာလည်း မင်းဟာဘယ်လိုလူလဲ မင်းရဲ့တန်ဖိုးဟာဘာလဲဆိုတာကိုသေချာသိဖို့ စောင့်ရှောက်ပေးလာကြလိမ့်မယ် မင်းတစ်ဘဝလုံးမှာ သူများအတွက်ပဲ ပေးဆပ်လာခဲ့ရတာမို့ အနာဂတ်မှာ မင်းကိုယ်မင်းပိုမိုအချိန်ပေးလာနိုင်လိမ့်မယ် ပင်ပန်းရတဲ့နေ့ရက်တွေကုန်ဆုံးပြီလို့သာမှတ်လိုက်ပါတဲ့

Pile 2 - အနာဂတ်မှာ မင်းအတွက် သင်ခန်းစာယူစရာကိစ္စတွေဟာစောင့်ကြိုနေလိမ့်မယ်
ပြုလုပ်သမျှလုပ်ငန်းစဥ်တွေဟာ နှောင့်နှေးနေမှာမျိုး ကြိုးစားထားသမျှအရာမထင်မှာမျိုးတွေ အခွင့်အရေးတွေလက်လွှတ်ဆုံးရှုံးရမှာမျိုးတွေ တွေ့ကြုံလာရနိုင်ပါလိမ့်မယ် ဆိုတော့ အဲ့လိုအခက်အခဲ အတားအဆီးတွေကို မင်းအနေနဲ့ဘယ်လိုဖြတ်ကျော်မလဲ ဘယ်လိုသင်ခန်းစာတွေယူပြီးရှေ့ဆက်မလဲဆိုတာ စမ်းသပ်ခံရမယ့်ကာလလေးဖြစ်ပါလိမ့်မယ်တဲ့

Pile 3 - အနာဂတ်မှာ ကြီးမားသောပြောင်းလဲမှုတွေကြုံတွေ့ရလာနိုင်ပါတယ်တဲ့ မင်းရဲ့ lifeက တဆင့်ပိုပြီးမြင့်မားလာမယ် အနေအထိုင်အပြုအမူအပြောအဆိုတွေကအစပြောင်းလဲလာပြီး မင်းဟာ လူသစ်တစ်ယောက်လို ရှေ့ဆက်နိုင်လိမ့်မယ်
ခံယူချက်တွေ life moral တွေဟာလည်း တိကျပြတ်သားပြီး ဘဝကိုအဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနိုင်လာလိမ့်မယ်
ပြီးတော့ မင်းရဲ့အနာဂတ်မှာ သိပ်ကိုတိကျပြတ်သားပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့ လူတစ်ယောက်နဲ့တွေ့ဆုံရလိမ့်မယ် အဲ့ဒီလူဟာ မင်းရဲ့ role model သို့မဟုတ် မင်းရဲ့ life partnerဖြစ်လာပါလိမ့်မယ်

04/09/2023

September general reading ✨

general readingလေးဖြစ်တာမို့ energy ကိုက်ညီတဲ့သူလေးတွေနဲ့ဆိုပိုအဆင်ပြေမှာပါရှင့်
Pile 1 - rsရှိသူတွေ အိမ်ထောင်ရှိသူတွေအနေနဲ့ကတော့ ဒီလမှာ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေမှာမျိုးတွေ့ရပါတယ်
ပြတ်စဲသွားမှာမျိုးတော့မတွေ့ရပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲတာတွေ စကားများရန်ဖြစ်တာတွေ အဆင်မပြေမှုတွေများစွာရှိလာနိုင်တာမျိုးတွေ့ရပါတယ်
ဆိုတော့ ဒီလမှာ တစ်ယောက်နဲ့တစ်ယောက် စကားအပြောအဆိုလေးတွေဆင်ခြင်ပြီး partnerအပေါ်မှာ respectရှိရှိနဲ့ ဆက်ဆံမယ်ဆိုရင် ပြဿနာတွေနည်းပါးသွားနိုင်ပါလိမ့်မယ်
singleလေးတွေအနေနဲ့ကတော့ တစ်ယောက်တည်းအထီးကျန်ဝမ်းနည်းနေရမှာမျိုးတွေ့ရပါတယ် အထူးသဖြင့် exနဲ့လောလောလတ်လတ်ပြတ်ထားတဲ့သူတွေ အတိတ်ကိုပိုပြီးလွမ်းဆွတ်နေလိမ့်မယ် အတိတ်ကအရာတွေရဲ့နာကျင်မှုကို တမြေ့မြေ့နဲ့ခံစားရနိုင်ပါတယ် ပြီးတော့ အတိတ်မှာ cheatခံရတာမျိုးရှိရင် healingလေးသေချာလုပ်ရမယ့်လတစ်လဖြစ်ပါလိမ့်မယ်တဲ့

ကျန်းမာရေးအပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလေးကိုအထူးသတိထားသင့်ပါတယ် စိတ်ဖိစီးမှုတွေများလာပြီး anxietyတွေ depressionတွေအထိပါ ရလာတတ်ပါတယ် ပြီးတော့ နှလုံးအားနည်းသူတွေ နှလုံးရောဂါအခံရှိသူတွေ သွေးအားနည်းသူတွေဟာ ကျန်းမာရေးကိုပိုပြီးဂရုစိုက်သင့်ပါတယ်

အလုပ်လုပ်ကိုင်နေတဲ့သူတွေ ပညာသင်ကြားနေတဲ့သူတွေအနေနဲ့လည်း ကိုယ့်careerပိုင်းနဲ့ပတ်သတ်ပြီး stressတွေများနေမှာမျိုးတွေ့ရတယ်
careerပိုင်းမှာ လုပ်သမျှတလွဲဖြစ်ပြီး အယောင်ယောင်အမှားမှားနဲ့ဖြစ်နေမိလိမ့်မယ် လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အတန်းဖော်တွေနဲ့လည်း နားလည်မှုတွေလွဲပြီး စိတ်ရှုပ်ရတာမျိုး စိတ်ညစ်ရတာမျိုးလေးတွေရှိလာနိုင်တာတွေ့ရတယ်
ဆိုတော့ စိတ်ကိုဆွဲဆန့်ထားရမယ့်လတစ်လဖြစ်ပါလိမ့်မယ်

ငွေကြေးပိုင်းမှာလည်း မလိုအပ်ဘဲ ငွေကြေးဆုံးရှုံးမှုတွေဖြစ်လာတတ်ပါတယ် ငွေကြေးကို သေချာမစီမံတတ်တာမို့ အိတ်ပေါက်နဲ့ဖားကောက်ရသလိုဖြစ်နေလိမ့်မယ်
ဆိုတော့ ငွေကြေးကို သေချာစီမံတတ်ပြီး လိုအပ်တဲ့နေရာမှာပဲသုံးမယ် မလိုအပ်တဲ့နေရာမှာမဖြုန်းမိဖို့သတိထားလိုက်ရင် ငွေကြေးကံလေးက ပြန်အဆင်ပြေလာပါလိမ့်မယ်

✨personal တစ်လစာ general readingလေးကို တစ်ယောက်လျှင် ၅၀၀၀ကျပ်နှုန်းနဲ့ လာရောက်မေးမြန်းလို့ရပါပြီရှင် ✨

Pile 2 - rsရှိသူတွေ အိမ်ထောင်ရှိသူတွေအနေနဲ့ ဒီလမှာ စိတ်ခံစားချက်တွေနဲ့ ရုန်းကန်နေရမှာမျိုးတွေ့ရပါတယ်
ကိုယ့်partnerဆီက ဂရုစိုက်မခံရမှုတွေ ပစ်ပယ်ထားခြင်းခံရမှုတွေ အေးစက်စက်အပြုအမူတွေကြောင့် ဆက်ဆံရေးတွေကိုရပ်ပဟ်ရတာမျိုးလေးတွေကြုံတွေ့ရနိုင်ပါတယ်
အထူးသဖြင့် အိမ်ထောင်ရှိသူတွေအနေနဲ့ ငွေကြေးကိစ္စတွေနဲ့ ကျန်းမာရေးကိစ္စတွေကြောင့် လင်မယားအကြား အချင်းပွားမှု စကားများရန်ဖြစ်ရမှုတွေကြုံတွေ့ရတတ်ပါတယ်
ဆိုတော့ ဒီလမှာ ခံစားချက်လေးတွေကိုထိန်းချုပ်ပြီး ချစ်ခဲ့ဖူးတဲ့အတိတ်ကအရာလေးတွေကိုပြန်တွေးတောရင်း စိတ်ကလေးကိုအတတ်နိုင်ဆုံးအေးချမ်းအောင်ထားကြစေချင်ပါတယ်
singleလေးတွေအနေနဲ့လည်း အထီးကျန်နေရမယ့်ပုံမျိုးလေးတွေ့ရပါတယ် crushရှိတဲ့သူလေးတွေဆိုရင် ကိုယ့် crushရဲ့ အေးစက်မှုတွေ လျစ်လျူရှုမှုတွေကိုခံစားရတတ်ပြီး တစ်ယောက်တည်း ခံစားချက်တနင့်တပိုးနဲ့ တိတ်ဆိတ်စွာဖြတ်သန်းရမယ့် လတစ်လဖြစ်ပါလိမ့်မယ်

ကျန်းမာရေးအနေနဲ့ကတော့ စိတ်ဖိစီးမှုများတတ်တဲ့လတစ်လဖြစ်ပါလိမ့်မယ် အဓိကအားဖြင့် ငွေကြေးကြောင့်ပူပန်ရတာမျိုး ညဘက်အိပ်မပျော်တာမျိုးလေးတွေဖြစ်တတ်တာမို့ yogaလေးတွေလုပ်တာမျိုး တရားထိုင်တာမျိုးလေးတွေလုပ်ရင်း စိတ်ကလေးကိုအေးချမ်းအောင်နေထိုင်သင့်ပါတယ်

အလုပ်လုပ်ကိုင်နေတဲ့သူတွေ ပညာသင်ကြားနေတဲ့သူတွေအနေနဲ့ အတော်လေးရုန်းကန်ရမယ့်လတစ်လဖြစ်ပါလိမ့်မယ် လုပ်ငန်းခွင်မှထွက်ခွာရတာမျိုး ဖြေဆိုထားတဲ့စာမေးပွဲလေးတွေမှာ resultမကောင်းတာမျိုးလေးဖြစ်တတ်တယ် ကိုယ့်ရဲ့အရည်အချင်းကိုဘယ်သူမှအသိအမှတ်မပြုတဲ့အတွက် ခံပြင်းမှုတွေ စိတ်မတင်မကျဖြစ်မှုတွေနဲ့ ပင်ပန်းရမယ့်လတစ်လဖြစ်ပါလိမ့်မယ်

ငွေကြေးပိုင်းအနေနဲ့ကတော့ ငွေကြေးကြပ်တည်းမယ့်ကာလမျိုးလေးဖြစ်နိုင်တာတွေ့ရတယ်
ငွေဝင်လာရင်တောင်မှ မသိမသာနဲ့ တတိတိပြန်ပြီးချက်ချင်းပြန်ကုန်သွားတာမျိုး ငွေထွက်ကြမ်းတာမျိုးဖြစ်တတ်တာမို့ သတိလေးထားပြီး သုံးစွဲစေချင်ပါတယ်

✨ personal တစ်လစာ general readingလေးကို တစ်ယောက်လျှင် ၅၀၀၀ကျပ်နှုန်းနဲ့ လာရောက်မေးမြန်းလို့ရပါပြီရှင်✨

Pile 3- rsရှိသူလေးတွေ အိမ်ထောင်ရှိသူလေးတွေအနေနဲ့ ပြဿနာကြီးကြီးမားမားမရှိပါဘဲနဲ့ကို တစ်ယောက်နဲ့တစ်ယောက်အပြစ်မြင်ကြမယ် တခုခုဆို တစ်ယောက်ကိုတစ်ယောက်အပြစ်တင်ဖို့ပဲစောင့်နေကြတာမျိုးတွေကြောင့်ဘဆက်ဆံရေးလေးက ကမောက်ကမဖြစ်တတ်တာကိုတွေ့ရပါတယ်
ဆိုတော့ စကားအပြောအဆိုလေးတွေသတိထားပြီး စိတ်အေးအေးနဲ့ ပွင့်ပွင့်လင်းလင်း သေသေချာချာ ညှိနှိုင်းတိုင်ပင်ကြမယ်ဆိုရင်တော့ ဆက်ဆံရေးလေးက အဆင်ပြေလာနိုင်မှာမျိုးတွေ့ရပါတယ်
ဒီလမှာ pile 3လေးတွေအနေနဲ့ ldrsလေးတွေအဖြစ်များနေမှာမျိုးတွေ့ရပါတယ်
singleလေးတွေအနေနဲ့ကတော့ ဒီလမှာအရွေးလွန်နေမှာမျိုးတွေ့ရပါတယ်
ကိုယ်တိုင်ကစန်းပွင့်နေပေမယ့် တစ်ယောက်ယောက်ကများ confessလာလုပ်တာမျိုး အနားကပ်လာတာမျိုးဆိုရင် 1st impression မှာတင် တစ်ဖက်လူကို အရမ်း judge လုပ်ပြီး ဝေဖန်ပစ်တာမျိုး သဘောမကျမှုတွေများပြီး potential partnerလေးတွေကို အဝေးကိုတွန်းထုတ်ပစ်တာမျိုးတွေကြောင့် rsမရနိုင်ဘဲ တစ်ယောက်တည်းအကြောခပ်တင်းတင်းနဲ့ ဖြတ်သန်းမယ့်လတစ်လဖြစ်ပါလိမ့်မယ်တဲ့

ကျန်းမာရေးလေးအနေနဲ့ ကျန်းမာရေးမကောင်းတာမျိုး ပင်ပန်းနွမ်းနယ်တာမျိုးလေးတွေရှိနေခဲ့ရင် ပြန်ပြီးကောင်းလာမှာမျိုးတွေ့ရပါတယ် recoveryနဲ့ healingဖြစ်မယ့်ကာလလေးမို့ ကျန်းမာရေးအတွက်အထူးစိတ်ပူစရာမရှိပါဘူးတဲ့

အလုပ်လုပ်နေသူတွေ ပညာသင်ကြားနေသူတွေအနေနဲ့ မင်းတို့အတွက်ကောင်းမွန်တဲ့အခွင့်အရေးလေးတွေရောက်လာနိုင်တာမျိုးတွေ့ရပါတယ် ဒါပေမယ့် သတိထားရမှာက အခွင့်အရေးကို အခွင့်အရေးမှန်းမသိဘဲ လက်လွှတ်ရတတ်တာမို့ ဘာလုပ်လုပ်အမြဲသတိရှိပါ စေတနာပါပါနဲ့ စိတ်ပါလက်ပါကြိုးစားပါ အခွင့်အရေးတွေကိုအမိအရဖမ်းဆုပ်ပါတဲ့

ငွေကြေးပိုင်းအနေနဲ့ကတော့ ငွေဝင်ငွေထွက်မျှတနေလိမ့်မယ် ဒါပေမယ့် ဂရုတစိုက်နဲ့ငွေကြေးကိုသုံးစွဲသင့်ပါတယ် ငွေကြေးနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ရမယ့်အရာတွေရှိရင် သေချာစဥ်းစားဆုံးဖြတ်ပါ စိတ်မလောပါနဲ့နော်

✨ personal တစ်လစာ general readingလေးကို တစ်ယောက်လျှင် ၅၀၀၀ကျပ်နှုန်းနဲ့ လာရောက်မေးမြန်းလို့ရပါပြီရှင်✨

22/08/2023

Someone feeling about you ✨
(တစ်စုံတစ်ယောက်ရဲ့ မင်းအပေါ်ထားတဲ့ခံစားချက် )

Firstly, think about the person you want to know ✨
Pile 1 - သူ့စိတ်ထဲမှာမင်းနဲ့ပတ်သတ်ပြီး အတော်လေးကိုစိတ်ပင်ပန်းနေရတာမျိုးတွေ့ရပါတယ် မင်းနဲ့ပတ်သတ်ပြီးလို့အစချီပြီးတွေးတောလိုက်တာနဲ့သူ့ရဲ့ပျော်ရွှင်နေတဲ့ moodလေးတောင်ပျက်ပြားသွားတာမို့ မင်းအကြောင်းကိုဆို မတွေးချင်လောက်အောင်ဖြစ်နေတာမျိုးတွေ့ရတယ် အဲ့ဒါမို့ အခုအချိန်မှာတော့ သူက မင်းနဲ့ဘယ်လိုသော connectionမျိုးမှ ဆက်သွယ်မှုမရှိစေရတော့ဘဲ သူတစ်ယောက်တည်းဘဲနေတော့မယ်လို့ဆုံးဖြတ်ထားတာမျိုးတွေ့ရပါတယ်

Pile 2 - သူ့စိတ်ထဲမှာ မင်းနဲ့ပတ်သတ်ပြီး ထိလွယ်ရှလွယ် sensitive ဖြစ်လွယ်နေတာမျိုးတွေ့ရပါတယ်
မင်းနဲ့ပတ်သတ်ပြီး သူက​ တစ်ခုခုဆို သည်းခံစိတ်ထက် ဒေါသတွေကသာများနေပြီး မင်းတို့ဆက်ဆံရေးကလည်း tensionတွေမြင့်နေတာမျိုးတွေ့ရတယ်
သူ့စိတ်ထဲမှာ မင်းဘာပြောပြော ရန်ဖြစ်ဖို့ပဲအစချီနေတယ်လို့တွေးတောနေတာမျိုးတွေ့ရပါတယ်
ပြီးတော့ မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မာနလေးတွေအပြိုင်ထားတတ်တာကို သူကသိတာမို့ သူ့စိတ်ထဲမှာ မင်းအပေါ် အမြဲလိုလိုအနိုင်ရချင်နေတာမျိုးလည်းတွေ့ရပါတယ်

Pile 3 - သူ့စိတ်ထဲမှာ မင်းကို အကောင်းမြင်နေတာမျိုးတွေ့ရပါတယ် သူက မင်းနဲ့ပတ်သတ်ပြီး positive thoughtsတွေပဲ တွေးတောတတ်တာမျိုးတွေ့ရတယ်
သူနဲ့မင်းက အရမ်းကိုမှ balanceဖြစ်တဲ့ဆက်ဆံရေးမျိုးဖြစ်ပြီး အပေးအယူလည်းမျှတဲ့ဆက်ဆံရေးမျိုးလို့သူက ခံစားနေရတာမို့ မင်းနဲ့ပတ်သတ်ပြီး အနာဂတ်မှာရှေ့ဆက်ဖို့ အများကြီးစဥ်းစားထားတာမျိုးလည်းတွေ့ရပါတယ် ဆိုတော့ ဒီလူနဲ့ဆို count the blessingsပါနော်

15/08/2023

Angel message ✨❤
Orange - စိုးရိမ်နေတာတွေရပ်လိုက်ပါတော့နော်! အရာအားလုံးဟာ ကောင်းဖို့အတွက်ဖြစ်လာတယ်လို့သတ်မှတ်ပြီး နည်းနည်းလေးပဲဝမ်းနည်းပါ၊ ပြီးတော့ အများကြီးပျော်ရွှင်ရမယ့်နေ့ရက်တွေကိုစောင့်ဆိုင်းပါတဲ့

Peach - မင်းဟာ မင်းထင်ထားတာထက်ပိုပြီးသန်မာတဲ့သူတစ်ယောက်ပါနော် ၊ မင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု ခွန်အားကြီးမားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းတွေဟာ မင်းကိုပျော်ရွှင်ခြင်းတွေဆီကိုခေါ်ဆောင်သွားပါလိမ့်မယ်တဲ့

Watermelon - မင်းဟာ ကမ္ဘာလောကကြီးအတွက်မွေးဖွားရှင်သန်လာရတာဖြစ်တယ် ၊ အဲ့ဒါမို့ အသက်ရှင်နေစဥ်ကာလပတ်လုံး အထောက်အပံ့လိုအပ်နေတဲ့အရာမှန်သမျှကို တတ်နိုင်သလောက်ကူညီပေးပါတဲ့

Mango - မင်းကိုယ်မင်းရော တခြားသူတွေကိုရော judgementလုပ်ခြင်းကိုစွန့်လွှတ်ပြီး မင်းကိုပေးအပ်နေတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကံကောင်းခြင်းတွေကိုသာလက်ခံရယူပါ ၊ ပူလောင်ခြင်းနည်းလေ ပျော်ရွှင်ရလေပါပဲတဲ့

07/08/2023

✨Lion's Gate Portal (8.8.2023) ✨

Ancient Astrologersတွေရဲ့အဆိုအရ Aug 8thဟာ Lion's Gate portalလို့ခေါ်တဲ့ portalတံခါးပွင့်တဲ့ အမြင့်ဆုံး powerရှိတဲ့အချိန်တစ်ခုပဲဖြစ်ပါတယ် ။

Lion's Gate portalရဲ့ effectကြောင့် အဲ့ဒီနေ့မှာ manifestလုပ်ထားတဲ့အရာမှန်သမျှဟာ လက်တွေ့ဘဝမှာ အမြန်ဆုံးဖြစ်လာနိုင်တယ်လို့ အယူအဆတွေရှိတာမို့ အဲ့ဒီနေ့မှာပဲ ကောင်းသောအရာတွေကို တွေးခေါ်ပြီး ကောင်းသောဆန္ဒတွေကိုသာ manifestလုပ်ဖို့လိုပါလိမ့်မယ် ။
negative thoughtsတွေ negaitve mindsetတွေကို manifestမလုပ်မိဖို့ အထူးသတိထားပေးပါနော် ။

Numerologyအရလည်း 8 ဂဏန်းဟာ ပေါများမှု၊ ကြွယ်ဝချမ်းသာမှုနဲ့ ကံအကြွေးတွေကိုအကြေဆပ်နိုင်မှုတို့ကို ကိုယ်စားပြုပါတယ် ။
8 ဂဏန်းဟာ infinity ပုံသဏ္ဍာန်လည်းရှိတာမို့ အဆုံးအစမရှိတဲ့ ကြွယ်ဝမှုတို့ရရှိနိုင်သလို အဆုံးအစမရှိတဲ့ wishesတွေကိုလည်း manifestလုပ်ပြီး ပြည့်ဝလာနိုင်မှာဖြစ်ပါတယ် ။

Augustလဟာ Sun in Leoဖြစ်တဲ့အပြင် Lionရဲ့ energyဟာ Leoနဲ့ ဆက်စပ်နေတာမို့ သတ္တိရှိမှုနဲ့ ရဲရင့်မှုတို့ကို ရရှိစေမယ့်အချိန်လည်းဖြစ်ပါတယ် ။

Jupiter planetရဲ့ quality တွေလည်းရှိနေတဲ့အချိန်မို့ ကိုယ့်ရဲ့မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေကို ပြီးပြတ်အောင်လုပ်ဆောင်နိုင်စွမ်းရှိပြီး ၊ လိုချင်တဲ့ဆန္ဒမှန်သမျှကို manifestလုပ်ဖို့ အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ် ။

✨How can you manifest during the Lion's Gate portal? ✨

Lion's Gate Portalပွင့်မယ့် Aug 8thမှာ ဒီလို manifestation တွေ ပြုလုပ်နိုင်ပါတယ် ။

1. တစ်နေ့တာလုံးမှာ positive energyနဲ့နေထိုင်ပြီး Moon, Stars & Planetsတွေရဲ့ energyများနှင့် ကောင်းမွန်စွာ connection လုပ်နိုင်ပါတယ် ။

2. Affirmationရွတ်ဆိုခြင်း ၊ 369 method ၊ 555 methodစတဲ့ script writing method များနှင့် manifestလုပ်ခြင်း ၊ Visualization methodနှင့် ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ခြင်းများ ပြုလုပ်နိုင်ပါတယ် ။

3. ကိုယ့်ရဲ့ wishesတွေ goalတွေကို manifest လုပ်ပြီးတာနဲ့ let goလုပ်ဖို့လည်း မမေ့ပါနဲ့နော် ။

4. manifest လုပ်ရင်း manifestation ritualsတွေအဖြစ် yellow crystalsတွေဖြစ်တဲ့ citrine and amberလို အဝါရောင် crystals လေးတွေမျိုး ၊ botanicals and herbs တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ် ။

5. အရိုးရှင်း၊ အလွယ်ကူဆုံးအနေနဲ့ meditation လုပ်ရင်း portalရဲ့ စွမ်းအင်တွေကို ချိတ်ဆက်ခြင်းဖြင့် keep in touchဖြစ်နေတာက အကောင်းဆုံးပါပဲ။

Lion's Gate portalကြောင့် မင်းမှာရှိတဲ့ အခက်အခဲမှန်သမျှကို ဖြေရှင်းနိုင်တဲ့ power & energyမျိုးရှိတာမို့ ကိုယ်လုပ်ချင်တဲ့အရာမျိုးရှိရင် တွေဝေစဥ်းစားနေခြင်းမရှိဘဲ လုပ်ဆောင်နိုင်ပါတယ် ။

Enter into the Lion's Gate with your positive vibes!!!

02/08/2023

Augustလက အချစ်ရေးနဲ့ပတ်သတ်ပြီး မင်းဆီကို ဘယ်လိုအရာတွေယူဆောင်ပေးလာမှာလဲ ✨
Pile 1 ✨

rsရှိတဲ့သူလေးတွေအနေနဲ့နဲ့ကတော့ အရင်က နှစ်ယောက်ကြားမှာ ပြဿနာတွေ အခက်အခဲတွေ challengeတွေရှိခဲ့မယ်ဆိုရင် အဲ့ဒီအရာတွေအကုန်လုံးပြီးဆုံးသွားမှာဖြစ်ပြီး ဆက်ဆံရေးလေးက ပြန်ပြီးနွေးထွေးလာနိုင်တာမျိုးတွေ့ရတယ် ။ အခက်အခဲတွေကို သင်ခန်းစာတစ်ခုအဖြစ် ပြန်ပြီးပြောင်းလဲသင်ယူနိုင်ကြမှာဖြစ်ပြီး အနာဂတ်မှာ အလားတူအမှားမျိုး ထပ်မမှားမိအောင် နှစ်ယောက်အတူ ပြင်ဆင်လာနိုင်ကြမှာမျိုးတွေ့ရတယ် ။ နားလည်မှုတွေနဲ့ရှေ့ဆက်နိုင်ကြမှာကိုလည်းတွေ့ရပါတယ် ။
ဒါပေမယ့် မင်းက toxic rsမျိုး abusive rsမျိုးကို ပိုင်ဆိုင်ထားရတဲ့သူမျိုးဆိုရင်တော့ well done honey! မင်းက အဲ့ဒီ negative cricleထဲကနေ ရုန်းထွက်လာနိုင်မှာမျိုးကိုတွေ့ရပါတယ် ။ ဆိုတော့ နောက်လှည့်မကြည့်ဘဲ တစ်ယောက်တည်း အကောင်းဆုံးတောက်ပပြလိုက်ပါနော်!

singleလေးတွေအနေနဲ့ကတော့ အရမ်းကို selectiveဖြစ်နေမှာမျိုးတွေ့ရတယ် ။ ကိုယ့်အတွက် potential partnerလေးတွေရှိနေပေမယ့်လည်း မင်းရဲ့ မြင့်မားလွန်းတဲ့ စံချိန်စံနှုန်းတွေနဲ့တိုင်းပြီး ဘယ်လို potential ရှိတဲ့လူကမှ ငါ့ရဲ့ right personမဟုတ်ဘူး ၊ ငါနဲ့အဆင်မပြေဘူးဆိုပြီး အရမ်းကို pushyဖြစ်နေမှာမျိုးတွေ့ရပါတယ် ။ ဆိုတော့ အရမ်းအရွေးလွန်နေရင်တော့ ဒီလမှာလည်း singleလေးပဲဖြစ်နေပါဦးမယ်နော် !

Pile 2 ✨

rsရှိတဲ့သူလေးတွေအနေနဲ့ ပျော်ရွှင်ရမှာမျိုးကိုတွေ့ရပါတယ် ။ လိုချင်နေတဲ့ deeper commitment မျိုးတွေရရှိလိမ့်မယ် ။ long term rsတွေဆိုရင် marriage proposalတွေ engagement offerလေးတွေရရှိလာနိုင်တာမျိုးလေးလည်းတွေ့ရတယ် ။ မင်းရဲ့ partnerဟာဆိုရင်လည်း မင်းကို စိတ်လုံခြုံမှုတွေအပြင် romanticဆန်မှု ၊ caringဖြစ်မှု ၊ နူးညံ့ကြင်နာမှုတွေကိုပေးအပ်လာမယ့်ကာလမျိုးလေးလည်းဖြစ်ပါတယ် ။ ဆိုတော့ good newsလေးတွေဟာ မင်းကိုတန်းစီပြီးစောင့်မျှော်နေတာမျိုးတွေ့ရပါတယ်!

singleလေးတွေအနေနဲ့ကတော့ စန်းပွင့်နေမယ့်အချိန်ကာလလေးဖြစ်တာတွေ့ရတယ် ။ မင်းကိုသဘောကျတဲ့သူတွေဟာ မင်းသိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ မင်းအနားမှာ ဝိုင်းနေလိမ့်မယ် ။ အကယ်၍ မင်းဘက်က သဘောကျတဲ့သူရှိခဲ့မယ် crushရှိခဲ့မယ်ဆိုရင် မင်းဘက်ကနေပဲ အရင်ဆုံးစပြီးချည်းကပ်ဖို့ ဖွင့်ပြောဖို့အကြံပေးချင်ပါတယ် ။ မင်းအနေနဲ့ လိုချင်တဲ့ resultမျိုးရရှိပါလိမ့်မယ် ။ ကောင်းမွန်တဲ့ Augလရဲ့ ရက်ပေါင်း ၃၁ရက်လုံးကို အချစ်တွေနဲ့ဖြတ်သန်းပြီး follow your heart and go with it ပါတဲ့!

Pile 3 ✨

rsရှိတဲ့သူလေးတွေအနေနဲ့ကတော့ နှစ်ယောက်ကြားမှာ emotions လေးတွေ နည်းနည်းများနေမှာမျိုးတွေ့ရတယ် ။ emotional balanceတွေလည်းပျောက်ဆုံးနေပြီး တစ်ခုခုဆို ကိစ္စသေးသေးလေးတွေကအစ ပုံကြီးချဲ့ဖြစ်မယ့်ကာလမျိုးလေးဖြစ်တာတွေ့ရတယ် ။ ဆိုတော့ အကြံပေးချင်တာက စိတ်ကလေးကိုလျှော့ပါ ၊ စိတ်အေးအေးထားပါ ၊ ဒေါသကိုရှေ့တန်းမတင်ဘူးဆိုရင် အရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်တဲ့ ။

singleလေးတွေအနေနဲ့ မင်းဘေးနားမှာ မင်းရဲ့ကောင်းမွန်ခြင်းတွေကို အသုံးချမယ့်သူမျိုးတွေ ဝိုင်းနေတာမျိုးတွေ့ရတယ် ။ မင်းကိုယ်တိုင်လည်း moodyလေးဖြစ်နေပြီး immature​ဖြစ်တဲ့ behavior လေးတွေကိုလုပ်မိနေလိမ့်မယ် ။ အဲ့တော့ ဒီကာလမှာ တစ်ယောက်ယောက်နဲ့ dateကြည့်တာထက် မင်းကိုယ်မင်းပြင်ဆင်ပြီး healingလုပ်တာက မင်းအတွက်ပိုပြီးအကျိုးရှိစေမှာမျိုးကိုတွေ့ရပါတယ် ။ ဆိုတော့ healing နဲ့ self loveလေးကို အရင်လုပ်ကြည့်ပါနော် ။ self loveလေးသာရှိသွားခဲ့မယ်ဆိုရင် မင်းရဲ future love lifeမှာ စိတ်ချမ်းသာစရာလေးတွေနဲ့ပဲကြုံရပါလိမ့်မယ် ။

Photos from Empress Elisa Tarot's post 29/07/2023

Hello my lovely clients ❤✨

အခုတလော pick a pileလေးတွေ မတင်အားလို့မတင်ဖြစ်ပေမယ့် postတွေမတင်ဖြစ်တာတောင် တကူးတကနဲ့ ယုံယုံကြည်ကြည် tarot လာမေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်

Eliနောက်တစ်ခုလေး​ပြောပြချင်တာက Eliရဲ့ customersလေးတွေထဲမှာ ၁၈နှစ်အောက် ကလေးလေးတွေပါနေတော့ fbရဲ့ policy အသစ်အရ eli page messenger မှာ replyပြန်လို့မရဘူးဖြစ်နေတာမို့ Eliရဲ့ telegram နဲ့ viberမှာလည်း ယုံယုံကြည်ကြည်နဲ့လာမေးလို့ရကြောင်း ပြောပါရစေရှင့်

Telegram ph no - 09422998726
Viber ph no - 09422998726

11/07/2023

စီစဥ်ထားတဲ့အရာ ကြိုတွေထားတဲ့အရာတွေက ဘယ်လိုoutcomeမျိုး ၊ ဘယ်လိုအဖြေမျိုးထွက်လာနိုင်မလဲ ✨
Pile 1 - စီစဥ်ထားတဲ့အရာ ကြိုတွေးထားတဲ့အရာတွေက စိတ်ပျက်မှုတွေ ခက်ခဲမှုတွေနဲ့သာအဆုံးသတ်ရတတ်ပါတယ် ။ မဖြေရှင်းနိုင်မှုတွေ စိတ်ရှုပ်ထွေးမှုတွေကြားမှာ မွန်းကြပ်ရတတ်တယ် ။ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာနိုင်သလို တိကျတဲ့အဖြေမျိုးလည်းထွက်မလာနိုင်တာမို့လို့ စိုးရိမ်တကြီးလည်းဖြစ်ရတတ်တာကိုတွေ့ရပါတယ် ။ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို ခံစားရနိုင်ပြီး traumaတွေကြားမှာပိတ်မိနေရတတ်တာမျိုးတွေ့ရတာမို့ မျှော်လင့်ချက်တွေနည်းနိုင်သမျှနည်းအောင်နေပါ ။ shockရတတ်တဲ့အချိန်တွေမှာတောင် အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောက်နေနိုင်ဖို့ တရားထိုင်ခြင်း ၊ တရားမှတ်ခြင်း ၊ yogaကျင့်ခြင်းတို့ကို အလေ့အကျင်ကောင်းတစ်ခုအဖြစ်မွေးမြူပါတဲ့ ။

Pile 2 - စီစဥ်ထားတဲ့အရာ ကြိုတွေးထားတဲ့အရာတွေဟာ ကောင်းမွန်တဲ့ outcomeတစ်ခုအဖြစ်ထွက်ပေါ်လာမှာမျိုးတွေ့ရပါတယ် ။ မကြာခင်မှာ ခရီးအသစ်တစ်ခုကိုစတင်ရတော့မှာမျိုးတွေ့ရတယ် ။ စိတ်ကလေးက ကြည်လင်လန်းဆန်းနေမှာဖြစ်ပြီး လုပ်သမျှအရာတိုင်းက အောင်မြင်လာနိုင်မှာမျိုးတွေ့ရပါတယ် ။ မျှော်လင့်ချက်တွေကလည်း မျှော်လင့်ထားတာထက်ကိုပိုပြီးကောင်းမွန်တဲ့အရာတွေဖြစ်လာမှာမို့ ပျော်ရွှင်ခြင်းတွေနဲ့သာအဆုံးသတ်ရတတ်ပါတယ် ။ အဓိကအားဖြင့် စာရွက်စာတမ်းနဲ့ပတ်သတ်တဲ့ကိစ္စရပ်တွေမှာ အကောင်းဘက်ကိုရောက်တတ်တာမို့ စိတ်မပူနေဖို့ စိတ်ကိုအေးအေးထားဖို့လိုပါတယ်တဲ့ ။

Pile 3 - စီစဥ်ထားတဲ့အရာ ကြိုတွေထားတဲ့အရာတွေဟာ မျှော်လင့်ထားသလိုအဖြေမျိုးမရနိုင်ပေမယ့် အရမ်းကြီးဆိုးဆိုးရွားရွားဖြစ်မလာနိုင်တာမျိုးတွေ့ရပါတယ် ။ စိတ်ပူပန်မှုတွေ စိတ်ဖိစီးမှုတွေတော့ရှိနိုင်ပေမယ့် အကောင်းဆုံးမဟုတ်ရင်တောင် အညံ့ဆုံးမဟုတ်တဲ့အရာမျိုးတွေဖြစ်လာနိုင်တာမို့ ကံကောင်းတဲ့သူအဖြစ် မှတ်ယူလို့ရပါဦးမယ် ။ ဆိုတော့ မင်းလိုချင်တဲ့အရာတွေက ပုံမှန်အတိုင်းလေးပဲရရှိလာပြီး လည်ပတ်နေမှာဆိုပေမယ့် အကောင်းဆုံးကိုမှလိုချင်တဲ့ မင်းရဲ့လောဘ ၊ ဒေါသ ၊ မောဟစိတ်တွေကြောင့် ပူပန်နေရတတ်တာမို့ စိတ်ကိုအေးချမ်းအောင်ထင်ပါနော် ။ ဖြစ်ရပ်တွေဟာ မင်းထင်သလောက်မဆိုးပါဘူးဆိုတဲ့ ရောင့်ရဲတင်းတိမ်နိုင်တဲ့စိတ်မျိုးလေးကိုမွေးမြူထားရင် စိတ်အေးချမ်းမှုကိုပိုင်ဆိုင်ရပါလိမ့်မယ် ။

27/06/2023

တခြားသူတွေရဲ့အမြင်မှာ မင်းဟာဘယ်လိုလူမျိုးလဲ ✨
Pile 1 - မင်းဟာ materialistic ဖြစ်တဲ့သူတစ်ယောက်လို့ သူတို့ကထင်နေပါတယ် ။ မင်းဟာ အရမ်းကို အလိုလောဘကြီးပြီး မိသားစုတွေ သူငယ်ချင်းတွေထက် မင်းရဲ့ဘဝတိုးတက်ရေးကိုသာ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ အာရုံစိုက်တတ်တဲ့သူမျိုးဖြစ်တယ်လို့ သူတို့ကထင်ပါတယ်တဲ့ ။ ဆိုတော့ ပြောရရင် social lifeကိုကောင်းကောင်းမခံစားရဘဲ အထီးကျန်ပြီး တစ်ယောက်တည်းအပယ်ခံလိုပုံစံမျိုးဖြစ်နေတယ်ဆိုပြီး မင်းကိုလူတွေက သနားတဲ့အကြည့်နဲ့ကြည့်နေကြပါတယ်တဲ့ ။

Pile 2 - မင်းဟာ အဆုံးအစမရှိဘဲ ကြိုးစားတဲ့သူလို့ သူတို့ကမြင်ပါတယ်တဲ့ ။ မင်းဟာ တစ်ခုခုကိုလုပ်မယ်ဆိုရင် long term planတွေနဲ့ သေချာအစီအစဥ်ချပြီးမှလုပ်တတ်တဲ့ စည်းစနစ်ကျတဲ့သူဖြစ်တာကိုသူတို့ကတွေ့နေရပါတယ်တဲ့ ။ ပြီးတော့ မင်းက မင်းချစ်တဲ့သူတွေကို supportiveအရမ်းဖြစ်တာကိုမြင်ရတာလည်း သူတို့အတွက် ကြည်နူးစရာလေးတစ်ခုအဖြစ်နဲ့မင်းကိုမြင်ပေးနေကြတယ် ။ မင်းဟာ အကောင်းမြင်စိတ်ရှိပြီး ဘဝကိုဘယ်တော့မှအရှုံးမပေးဘဲ အမြဲကြိုးစားနေတာကြောင့် သူတို့ကမင်းကို လေးစားအားကျရပါတယ်တဲ့ ။

21/06/2023

စိတ်ကူးထားတဲ့ Dreamsတွေ တကယ်ဖြစ်လာမှာလား 💫
Pile 1 - အဖြေလေးကတော့ Yesပါနော် တကယ်ဖြစ်လာနိုင်ပါတယ်တဲ့ ။ ဒီထဲမှာ ex come backစောင့်နေတဲ့လူမျိုးတွေရှိရင် reunionပြန်ဖြစ်နိုင်တာမျိုးတွေ့ရတယ် ။ အချစ်ရေးမှာ သိသိသာသာ ကံကောင်းလာမယ့်အခြေအနေလေးမျိုးတွေကိုမြင်နေရတယ် ။ ldrsတွေ ဝေးကွာနေတဲ့သူတွေ ပြန်လည်ဆုံတွေ့ကြလိမ့်မယ် ။ Celebration တွေ positive energyတွေနဲ့ good feelingsတွေကို ခံစားနေရတာမို့ ဒီ pileလေးကိုရွေးထားတဲ့သူတွေ မကြာခင်မှာ အဖက်ဖက်က အစစအရာရာအဆင်ပြေလာမှာမျိုးတွေ့ရပါတယ် ။ မင်းရဲ့ဘေးနားမှာ လူတွေအများကြီးနဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်ကောင်းတွေကိုပိုင်ဆိုင်ရပါလိမ့်မယ် ။

Pile 2 - ဒီ pileလေးကိုရွေးထားတဲ့သူတွေအနေနဲ့တော့ ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေ လက်တွေ့ဖြစ်လာနိုင်တာမျိုးတွေ့ရတယ် ။ ဒါပေမယ့် တကယ် လက်တွေ့ဖြစ်လာတဲ့အခါကျတော့ ကိုယ့်စိတ်ကမပြတ်မသားဖြစ်လာတာမျိုး ၊ ကိုယ်စိတ်ကူးထားတဲ့အရာတွေကို မလိုချင်တော့တာမျိုး စသဖြင့် ဝေခွဲရခက်လာမှာမျိုးလေးကိုတွေ့ရပါတယ် ။ ဆုံးဖြတ်ချက်တွေက နှစ်ခွဖြစ်လာတတ်တယ် ။ overseaသွားဖို့ planထားတဲ့သူတွေ သွားခါနီးမှ မသွားချင်တော့တာမျိုး စိတ်တွေမပြတ်မသားဖြစ်တာမျိုးလေးတွေကြုံတွေ့ရတတ်ပါတယ် ။

09/06/2023

Hello သဲလေးတို့
Eli personal ကိစ္စလေးတွေကြောင့် juneလအတွက် booking လေးတွေကို ကြာသပတေးနေ့မှ ပြန်လည် bookလုပ်လို့ရပါမယ်ရှင့် ကျေးဇူးပါရှင့် 🫶🏻🥰

05/06/2023

Real connection between you and someone ✨

မင်းနဲ့ မင်းသိချင်တဲ့တစ်စုံတစ်ယောက်ရဲ့ကြားက မမြင်နိုင်တဲ့ အစစ်အမှန်ဆက်ဆံရေး ✨
Pile 1 - မင်းတို့connectionလေးက ဘေးလူတွေရဲ့အမြင်မှာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းတယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာကျ ဆန့်ကျင်ဘက်အနေအထားမျိုးရောက်နေပြီဖြစ်တာကိုတွေ့ရပါတယ်
အရင်တုန်းကတော့ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေပိုင်ဆိုင်ခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ စိုးရိမ်ပူပန်မှုတွေ သောကတွေအစားထိုးဝင်ရောက်လာတာမျိုးတွေ့ရတယ် အေးချမ်းတဲ့ connectionမျိုးထက် ပိုင်ဆိုင်လိုစိတ်တွေကြီးလာကြတယ် အမှားအမှန် မဝေခွဲနိုင်တော့ဘူး
တစ်ယောက်နဲ့တစ်ယောက် communicateကောင်းကောင်းမလုပ်နိုင်တော့ဘဲ ဆက်ဆံရေးက ဆိုးမှန်းမသိအောင်ဆိုးပြီး toxic connectionမျိုးဖြစ်လာတာမို့ အမြန်ဆုံးပြန်လည်ပြုပြင်ဖို့လိုအပ်ပါလိမ့်မယ်တဲ့ ။

Pile 2 - မင်းတို့connectionလေးက သိပ်ကိုစိတ်ညစ်ရပြီး ပင်ပန်းခဲ့ရကောင်းပင်ပန်းခဲ့ရလိမ့်မယ် ဒါပေမယ့် အခုအချိန်မှာတော့ စိတ်ညစ်ရမယ့်အခြေအနေတွေရဲ့အဆုံးသတ်ကိုရောက်ရှိနေပြီလို့ပြောလို့ရပါတယ် တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်နားလည်ကြပြီး ဆက်ဆံရေးလေးက ရှေ့ဆက်သွားနိုင်လိမ့်မယ်
ကိုယ်နဲ့ connectionရှိသူဟာ ဘယ်လိုလူမျိုးလဲ ဘယ်လိုကိုင်တွယ်လို့ရလောက်လဲဆိုတဲ့အဖြေမျိုးကိုသိရှိလာပြီး အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်တွေကိုချနိုင်လာပါလိမ့်မယ်
Connection ရှိသူနဲ့ ရှေ့ဆက်နိုင်သည်ဖြစ်စေ ရှေ့မဆက်နိုင်တော့သည်ဖြစ်စေ မင်းရဲ့ lifeက ကောင်းမွန်အေးချမ်းလာပါလိမ့်မယ်တဲ့ ။

29/05/2023

Universe just wanna send you a thing ✨

Universeက မင်းအတွက် တစ်စုံတစ်ခုသော blessingလေးအား ပေးပို့ချင်နေပါတယ်တဲ့ ✨
Pile 1 - Universeက မင်းအတွက်ပေးအပ်လာမယ့်အရာတစ်ခုကတော့ အဆုံးအဆမရှိတဲ့ energyပဲဖြစ်ပါတယ် ။ မင်းဟာ မကြာခင်မှာ အားလုံးကိုဦးဆောင်နိုင်တဲ့သူဖြစ်လာလိမ့်မယ် ။ မင်းရဲ့ ကောင်းမွန်တဲ့ energyနဲ့ ကြိုးစားမှုကြောင့် မင်းဖြစ်ချင်သမျှဟာ မင်းရဲ့လက်ခုပ်ထဲကရေအတိုင်း လွယ်လင့်တကူဖြစ်လာမှာမျိုးတွေ့ရတယ် ။ နောက်တစ်ခုက မင်းက healerအဖြစ်မွေးဖွားလာတဲ့သူဖြစ်တာမို့ မင်းရဲ့အကြံဥာဏ်တွေကို တခြားသူတွေက လိုချင်တောင့်တနေမိမှာဖြစ်ပြီး မင်းကိုယ်တိုင်လည်း စိတ်ရောကိုယ်ပါ အကူအညီတွေပေးနေမိမှာမျိုးတွေ့ရပါတယ် ။ မင်းပေးအပ်လိုက်တဲ့အကြံဥာဏ်ကြောင့် အဆင်ပြေသွားတဲ့လူတွေကိုကြည့်ပြီး မင်းက ကျေနပ်ပီတိဖြစ်နေမှာမျိုးကိုလည်းတွေ့ရပါတယ် ။ ပြီးတော့ မင်းက ယောင်္ကျားလေးတစ်ယောက်ဆိုရင် မင်းရဲ့ auraတွေကတောက်ပလာမှာဖြစ်ပြီး မင်းရဲ့ရပ်ရွာ မိသားစုပတ်ဝန်းကျင်ကို ကူညီပေးနိုင်တဲ့ အထောက်အပံ့ကောင်းပေးနိုင်တဲ့သူမျိုးဖြစ်လာလိမ့်မယ် ။ မင်းသာ မိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုရင် သိပ်ကို charmingဖြစ်ပြီး သြဇာညောင်းပြီးဂုဏ်သရေရှိတဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ဆုံခွင့်ရလာကြမှာမျိုးလေးတွေ့ရပါတယ် ။

Pile 2 - Universeက မင်းအတွက်ပေးအပ်လာမယ့်အရာတစ်ခုကတော့ သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ် ။ ကောင်းမွန်တဲ့သတင်းစကားတွေဟာ စာနဲ့ဖြစ်စေ ၊ ph callနဲ့ဖြစ်စေ၊ ပါးစပ်မှတိုက်ရိုက်ဖြစ်စေ မင်းဆီကို အမြန်ဆုံးရောက်ရှိလာတော့မှာမျိုးတွေ့ရပါတယ် ။ အဓိကအနေနဲ့ မင်းရဲ့ careerနဲ့ အလုပ်အကိုင်ပိုင်းမှာ မထင်ထားလောက်တဲ့ ထက်မြက်မှုနဲ့ အောင်မြင်မှုတို့ကိုပိုင်ဆိုင်လာရနိုင်တာမျိုးလည်းတွေ့ရပါတယ် ။ မင်းရဲ့ inner childက ငယ်ရွယ်မှုတွေကထွက်ပေါ်လာပြီး လူငယ်လေးတစ်ယောက်လိုမျိုး idea အသစ်အဆန်းတွေနဲ့ ရွှင်လန်းတက်ကြွပြီး အရာရာကို ဦးစီးဦးဆောင်ပြုနိုင်တာမို့ ပျော်ရွှင်ရမယ့်နေ့ရက်တွေကိုမကြာခင်မှာပိုင်ဆိုင်လာရနိုင်မှာမျိုးတွေ့ရပါတယ် ။

22/05/2023

What blessings are coming to you from Universe?

Universeက သင့်အတွက်ဘယ်လိုမျိုးသောကံကောင်းခြင်းတွေ ယူဆောင်လာပေးမှာလဲ ✨
Pile 1 - မင်းဆီကိုမကြာခင်ရောက်လာမယ့် blessing လေးကတော့ healing energyလေးဖြစ်ပါတယ်တဲ့ ။ မင်းဟာ အခုအချိန်မှာ negative energyတွေအရမ်းများနေကောင်းများနေလိမ့်မယ် ။ ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး ။ မကြာခင်မှာ မင်းဟာ negative တွေကို healedလုပ်လာနိုင်မှာဖြစ်ပြီး positive thoughtsလေးတွေ အစားထိုးဝင်ရောက်လာလိမ့်မယ် ။ ခွင့်လွှတ်ခြင်း နဲ့ နားလည်လက်ခံခြင်းတွေကို သိမြင်လာလိမ့်မယ် ။ အတိတ်တွေကပြောင်းလဲလို့မရတာကို လက်ခံပြီး အနာဂတ်ကို စိတ်အေးအေးချမ်းချမ်းနဲ့ရှေ့ဆက်နိုင်လိမ့်မယ် ။ မကောင်းတဲ့အတိတ်တွေ ၊ မကောင်းတဲ့အကြောင်းအရာတွေ ၊ မကောင်းတဲ့စိတ်ခံစားချက်တွေ ၊ မကောင်းတဲ့အတိတ်ကလူတွေကို လက်လွှတ်နိုင်လာလိမ့်မယ် ။ အခုအချိန်မှာ စိတ်ခံစားချက်တွေများပြီး တစ်ယောက်တည်းအထီးကျန်ဝမ်းနည်းနေတာမျိုးရှိရင် မကြာခင်မှာ social lifeကို ပြန်ပြီး joinလုပ်လာနိုင်မှာဖြစ်ပါတယ် ။ အဲ့ဒါမို့ တစ်ယောက်တည်းဝမ်းမနည်းပါနဲ့တော့နော်။ မကြာခင်မှာပျော်ရွှင်လာရမှာမို့ စိတ်လက်အေးချမ်းစွာနေထိုင်ပါ ။ ခွင့်လွှတ်သင့်တဲ့လူတွေကိုခွင့်လွှတ်ပေးလိုက်ပါတဲ့ ။

Pile 2 - Blessingsအနေနဲ့ ဘာလေးတွေရောက်လာနိုင်လဲဆိုရင် reunion timeလေးရှိလာနိုင်တာမျိုးတွေ့ရတယ် ။
ဒီနေရာမှာ ex come backစောင့်နေတဲ့သူတွေ သတင်းကောင်းလေးကြားရနိုင်တယ် ။ မိသားစုဝင်တွေနဲ့ဝေးကွာနေတာမျိုးရှိရင် ပြန်လည်တွေ့ဆုံနိုင်တယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ အတိတ်ကလူတွေဟာ မင်းဘဝထဲကိုပြန်လည်ရောက်လာနိုင်တာမျိုးတွေ့ရတယ် ။ နောက်တစ်ခုက partyတွေ celebration တွေနဲ့ ဘဝက မကြာခင်မှာ ပျော်ရွှင်ပြည့်စုံလာနိုင်တာမျိုးတွေ့ရတယ် ။ positive energyတွေနဲ့ပြည့်စုံနေမှာဖြစ်ပြီး happy eventsလေးတွေကို ကြုံတွေ့ခံစားရနိုင်မှာမျိုးတွေ့ရပါတယ် ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Julyလအတွင်း ကြုံတွေ့ရနိုင်သည့် ကောင်းသောအရာများနှင့် မကောင်းသောအရာများ ✨1st time video makingလေးမို့လို့ သည်းခံနားထောင်ပ...

Telephone

Website

Address

Yangon

Other Astrologists & Psychics in Yangon (show all)
Burma Star Maps Burma Star Maps
Yangon

Your endless possibilities of astrology and palmistry.

A Sway A Sway
Yangon

Myanmar Fengshui F Myanmar Fengshui F
YanGon
Yangon

Marvellous Marvellous
582 Kawalchan Street
Yangon, 11011

Your personal tarot

Mystic Astrology Mystic Astrology
Yangon

Luciferian Dragon Mystic

Veron’s Tavern of The Stars Veron’s Tavern of The Stars
Yangon

Tarot, Oracle and Rune Readings ⭐️

Tarot by Phoo Phoo Tarot by Phoo Phoo
Yangon

ဇာတာကိုစစ်ပြီးမှ တယောက်ချင်းစီအတွက် ဖယောင်းတိုင် အဆောင်ပစ္စည်းများကို စီရင်ပေးပါသည် ပြင်ပတွင် မဟောပါ

𝐽𝑢𝑠𝑡 𝐻𝑒𝑎𝑙𝑖𝑛𝑔 𝐽𝑢𝑠𝑡 𝐻𝑒𝑎𝑙𝑖𝑛𝑔
Yangon

We respect your privacy !!!

Tarot by lilac Tarot by lilac
Yangon

Tarot by lilac

Rebirth With Sirius Rebirth With Sirius
Yangon
Yangon

Astrologist & Intuitive Reader Spiritual Mentor Tarot & Oracle Reader