Mingalar Care Specialist Clinic and Medical Check Up Center

Mingalar Care Specialist Clinic and Medical Check Up Center

You may also like

Healthy Kats
Healthy Kats
Mvjgh
Mvjgh

Always in All Ways: Mingalar Care

11/01/2024

ယနေ့ (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ ကရင်တိုင်းရင်းသားတို့ရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့ ပဲဖြစ်ပါတယ်၊၊ (sun)(sun)(sun)
ဒါကြောင့် ကရင်နှစ်သစ်ကူးနေ့လေးမှာ ကရင်တိုင်းရင်းသားများနှင့်တကွ ပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ပြည့့်စုံဖြတ်သန်းနိုင်ကြပါစေ‌ကြောင်း ကျွန်မတို့ Mingalar Care Specialist Clinic မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်….(prayer_hands)(prayer_hands)(prayer_hands)

09/01/2024

စိတ်ဖိစီးမှုခံစားနေရခြင်းဟာ ရောဂါလား ?
စိတ်ဖိစီးခြင်းဆိုတဲ့အရာဟာ ရောဂါတစ်ခုတော့ မဟုတ်သလို ကြောက်စရာလည်း မလိုပါဘူး။ စိတ်ဖိစီးခြင်း၊ စိတ်ရှုပ်ခြင်းတို့ဆိုတာ မိမိတို့ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်၊၊
စိတ်ဖိစီးခြင်းနှင့်စိတ်ရှုပ်ခြင်းတို့ကို လူတိုင်းနီးပါးကြုံဖူးကြပြီး
• စိတ်ရှုပ်လာပါက ဘာမှဆက်လုပ်ချင်စိတ်မရှိတော့ခြင်း
• အလုပ်ကြောင့် စိတ်ဖိစီးမှု ၊ စိတ်ရှုပ်မှုတို့ကို ခံစားရခြင်း
• အိမ်တွင်းရေးကိစ္စများကြောင့် စိတ်ရှုပ်ရခြင်း
• ကားလမ်းများပိတ်၍ စိတ်ညစ်ခြင်း စသည်ဖြင့် စိတ်ရှုပ်စရာများအား နည်းလမ်းအမျိုးမျိုးဖြင့် ခံစားရနိုင်တာ လူသားတို့အတွက် သဘာဝပဲ ဖြစ်ပါတယ်ရှင်…
ဒီလို စိတ်ဖိစီးမှုတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရပြီး ကိုယ်တိုင်က မဖြေရှင်း၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားရင်တော့ စိတ်ဖိစီးမှုတွေက ပုံသထက်ပုံလာလို့ ကိုယ့်စိတ်ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။
စိတ်ဖိစီးမှုဆိုတာ ကိုယ်တိုင်ဖြေရှင်းလိုက်ရင် ပျောက်သွားနိုင်တဲ့ ပြဿနာပဲဖြစ်လို့ စိတ်ဖိစီးခြင်းကို အမြန်ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားလိုပါတယ်ရှင်..
• အာရုံစိုက်၍ အသက်ရှုခြင်း
• တရားထိုင်ခြင်း
• အလုပ်ခွင်မှာ မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို အနားပေးခြင်း
• ၂ မိနစ် ၃ မိနစ်လောက် လှုပ်လှုပ်ရှားရှားနေကြည့်ခြင်း
• ခေတ်ပေါ်နည်းပညာများ၊ ဒီဂျစ်ဒယ်များနှင့် ခနခွာနေခြင်း
• ပီကေဝါးခြင်း
• မျက်စိခဏမှိတ်ရင်း အနားယူခြင်း
• အဝေးတနေရာသို့ ခဏတာငေးကြည့်ပေးခြင်း
• ကိုယ်ချစ်ခင်ရသူများနှင့် စကားပြောပေးခြင်း
• အားရပါးရရယ်ခြင်း စသည့်နည်းလမ်းလေးတွေကတော့ လွယ်လွယ်ကူကူလုပ် ဆောင်နိုင်မည့် စိတ်ဖြေလျော့ခြင်းနည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်ကနေ မကြာခဏ စိတ်ဖိစီးမှုဝေဒနာတွေ ခံစားနေရသူတွေအနေနဲ့ အခုပြောပြပေးသွားတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်စိတ်ကို ကုစားကြည့်ဖို့၊ ကိုယ့်တစ်နေ့တာဘဝကို သက်သောင့်သက်သာဖြစ်စေဖို့ ၊ စိတ်ဖိစီးစရာများ ကင်းဝေးပြီး ပျော်ရွှင်စွာဘဝကို ဖြတ်သန်းနိုင်ကြစေရန် ရည်ရွယ်ပြီး ကျွန်မတို့ Mingalar Care Specialist Clinic and Medical Check Up Center မှ စိတ်ဖိစီးမှုမှ ကင်းဝေးစေနိုင်မည့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ခြင်းပဲပါတယ်ရှင်….


: 09 750040701

06/01/2024

မိမိတို့၏ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်မှကုသခြင်းထက် ပိုမိုကောင်းမွန်စေပါတယ်ရှင်…
Mingalar Care Specialist Clinic and Medical Check Up Center မှာ ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ Medical Check Up ဝန်ဆောင်မှုကို ရယူပြီး ကျန်းမာရေးအတွက်လိုအပ်ချက်များကို သိရှိနိုင်ရန်လာရောက်စစ်ဆေးနိုင်ပြီး ဆေးမစစ်မီ လိုက်နာသင့်တဲ့ အချက်လေးတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်၊၊
ကျန်းမာရေးအတွက် ဆေးစစ်ခြင်းမပြုလုပ်မီ ပြုလုပ်သင့်သည့်အချက်များ
• ပြည့်ပြည့်ဝဝ အနားယူအိပ်စက်ပါ
အိပ်ချိန်အနည်းဆုံး (၆)နာရီနှင့်(၇)နာရီထိ ရှိသင့်ပါတယ်၊၊
ဆေးမစစ်ခင်အနည်းဆုံး (၈)နာရီမှ (၁၀)နာရီဝန်းကျင် အစာ ရှောင်ကြဉ်ထားရန်လိုအပ် ပါတယ်၊၊
• ပုံမှန်သောက်နေကြဆေးရှိသူများ
သွေးတိုး (သို့) ဆီးချို အစရှိသဖြင့် ပုံမှန်သောက်နေကြဆေးရှိသူများအနေနှင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်သုံးလို့ရနိုင်ပါတယ်။
• မွေးရာပါရောဂါရှိသူများ (သို့) အခြားရောဂါအခံရှိသူများ
မွေးရာပါရောဂါရှိသူများ (သို့) အခြားရောဂါအခံရှိသူများအနေဖြင့် ယခင်ကျန်းမာရေးစစ်ဆေးမှုများ၏ ရလဒ်များကိုယူလာပြီး ရောဂါရှာဖွေမှုကို ပြုလုပ်ပေးမည့် ဆရာဝန်ထံသို့ ပြသပေးဖို့လိုအပ်ပါတယ်။
• ကိုယ်ဝန်ရှိနေသည်ဟု ထင်ရသည့် အမျိုးသမီးများအနေနဲ့ကတော့ X-ray နှင့် Fibroscan စစ်ဆေးမှုတွေကို မပြုလုပ်ဖို့ ဆေးမစစ်ခင် ကြိုတင်အသိပေးသင့်ပါတယ်ရှင်…
ကျန်းမာရေးအတွက် ဆေးစစ်လိုပါက Mingalar Care Specialist Clinic and Medical Check Up Center တွင် စျေးနျုန်းသက်သာစွာဖြင့် ဆေးစစ်ခြင်းဝန်ဆောင်မှုကို ပိတ်ရက်မှမရှိ ဆောင်ရွက်ပေးနေပါပြီ….
အသေးစိတ်သိရှိလိုပါက 09 974469447, 09 750040701, 09 7500400702 တို့ကို ဆက်သွယ် စုံစမ်း၍ ကြိုတင် Booking ယူလို့ရနေပါပြီ၊၊

04/01/2024

(၇၆)ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အား ကျွန်မတို့ရဲ့ Mingalar Care Specialist Clinic & Medical Check Up Center မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင်..

31/12/2023

✅Mingalar Care အထူးကုဆေးခန်းမှ Special Promotion အနေဖြင့် ✅99000 kyats ဖြင့် စစ်ဆေးမှု ပေါင်း ✅25 မျိုး ကျန်းမာရေးစစ်ဆေးမှု ပါဝင်တဲ့ Diamond Package ဖြစ်ပါတယ်... အချိန်မကုန် မပင်ပန်းစေပဲ 🎈၁ နေရာထဲမှာ အချိန် 🎈၁ နာရီ‌‌ ကျော်‌ေကျာ်ဝန်းကျင် အတွင်း ဆေးစစ်ဆေးမှု၊ ဓါတ်မှန်၊ ECG စတဲ့ စစ်ဆေးမှုတွေအားလုံး ပြီးမြောက်မှာဖြစ်ပြီး 🎈၁ ရက်အတွင်း ဆေးစစ်ချက် အဖြေများ ရရှိအောင်ဆောင်ရွက်ပေးမယ့် Package ဝန်ဆောင်မှု‌‌ ဖြစ်ပါတယ်..... ထပ်တိုးစစ်ဆေးလိုသည်များကိုလည်း သက်သာသော ဈေးနှုန်းနှင့် ထပ်မံတိုးနိုင်မှာ ဖြစ်ပါတယ်။.... အထူးကု သမားတော်ကြီးများလည်း စုံလင်စွာ ရှိတဲ့အတွက် ဆေးစစ်တွေ့ရှိချက်များအရ လိုအပ်ရင်လည်း ဆက်လက် ပြသနိုင်မှာ ဖြစ်ပါတယ်။ 🙏🙏🙏
🎈ကျား/မ မရွေး တန်ဖိုးသင့် ကျန်းမာရေးစစ်ဆေးလိုသူများအတွက် အသင့်တော်ဆုံး
Diamond Package Medical Checkup ဖြစ်ပါတယ်
🎈ကင်ဆာ Tumor Markers များကို checkup ထပ်တိုးလိုသူများအတွက်🎈Ultrasound,🎈မျက်စိ စစ်ဆေးလိုသူများ,🎈HbA1C ထပ်တိုးလိုသူများ,🎈လုပ်ငန်းခွင်ကြို အတွက် ကျန်းမာရေး စစ်ဆေးလိုသူများ,🎈Vitamin D စစ်လိုသူများ, 🎈Bပိုးကာကွယ်ဆေး အောင်မအောင် စစ်လိုသူများ🎈သာအိမ်ခေါင်း Pap Smear စစ်လိုသူများ🎈သိုင်းရွိုက်ဟော်မုန်းစစ်ဆေးလိုသူများအတွက် လည်း သီးသန့် ထပ်တိုးလို့ရအောင်၊ Package များ စုံလင်အောင် ဝန်ဆောင်မှုပေးထားပါတယ်💎💎💎
❤️နှစ်စဉ် သို့မဟုတ် ခြောက်လတစ်ခါ🌈 Medical Check Up လုပ်ချင်တဲ့... လူကြီး မိဘများ၊ ဦးဦးဒေါ်ဒေါ် ကိုကိုမမ များ အတွက်🙏 အထူးသင့်တော်တဲ့ Package လေးများ ဖြစ်ပါတယ်။
မူလဈေးနှုန်းထက်ဝက်ခန့် လျော့ထားသော သင့်တင့်တဲ့ ဈေးနှုန်းနဲ့ လည်း ဖြစ်ပါတယ်။🌈
ဆရာဝန်ကြီးမှလည်း အဖြေများကို ပြန်လည်ရှင်းပြဆွေးနွေးပေးသွားမှာဖြစ်ပြီး ECGနှင့် ရင်ဘတ်ဓါတ်မှန် အပြင် သွေးရောဂါများ၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အရိုးအဆစ်၊ သွေးချို၊ ဆီးချို၊ ဆီးစစ်ဆေးခြင်း... အစရှိသဖြင့် Test အမျိုးအစား များစွာ ပါဝင်ပြီး ပုံမှန်အားဖြင့် အားလုံးကို ခြုံငုံမိမှာ ဖြစ်ပါတယ်။
Diamond Package မှာ ပါဝင်တဲ့ Test များကို ဓါတ်ပုံမှာ ဖော်ပြထားပါတယ်။
Doctor Consultation
Physical Examination
ECG
Chest X-Ray
CP auto
ABO & Rh
ESR
Random Blood Sugar
Total Cholesterol
HDL
LDL
Triglycerides
Total Cholesterol: HDL ratio
Urea
Creatinine
BUN
eGFR
Urine RE
Total Bilirubin
ALP
ALT/SGPT
AST/SGOT
A*O
RF
Uric Acid
အခြား အထူးပရိုမိုးရှင်း အနေဖြင့် လည်း နှလုံးတယ်လီဗေးရှင်း ဓါတ်မှန် ရိုက်ကူးခြင်း၊ ရင်သွေးငယ်များကို ကြိုတင်မြင်ရဖို့ 4D ultrasound ရိုက်ကူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်...
💎ကျန်းမာရေးစစ်ဆေးမှုများ💎ကို စစ်ချင်တယ်ဆိုရင်တော့ဖြင့် မနက် ၇- ည ၈ အတွင်း ပိတ်ရက်မရှိ လာရောက် စစ်ဆေးနိုင်ပါတယ်။ ဆေးခန်းကတော့ ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားရှိပါတယ်။...
ရောက်ရှိသော ကားနံပါတ်များကတော့
🚍နန္ဒဝန်ဈေးမှတ်တိုင် ၁၂, ၁၀, ၃၂, ၈၇, ၉၆
🚍မာလာကွေ့မှတ်တိုင် ၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇
🌈ဆေးခန်းလိပ်စာလေးကတော့-
အမှတ်(၉၉၃၊ဘီ)၊ သုမဂ်လာလမ်း၊ နန္ဒဝန်စျေးအနီး(ဧရာဝတီဘဏ်နှင့်မျက်နှာချင်းဆိုင်)၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပါတယ်။
ဆက်သွယ်ရန် ဖုန်း -
၀၉ ၇၅၀၀ ၄၀ ၇၀၁
၀၉ ၇၅၀၀ ၄၀ ၇၀၂

31/12/2023

ကျွန်မတို့ရဲ့ Mingalar Care Specialist Clinic & Medical Check Up Center မှာ မိမိကိုယ်တိုင်ရော မိမိတို့ရဲ့ ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွားက စလို့ ချစ်ခင်တန်ဖိုးထားသူတွေအတွက်

မျက်စိကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် မျက်မှန်အရောင်းခန်းမ ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ထို့အပြင် အခြားသော အထူးကုဆရာဝန်ကြီးများစုံလင်စွာရှိပါတယ်။

အရိုးနှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများလည်း ပြုလုပ်နိုင်တဲ့အပြင်

ကျန်းမာခြင်းဆိုင်ရာ ဆေးစစ်ခြင်းများကို Special Promotion အနေဖြင့် Diamond Package ကို ဈေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးနေပါပြီရှင်…
ကျန်းမာရေးစစ်ဆေးမှု စုစုပေါင်း 25 မျိုးကို 99000Kyats ဖြင့် စစ်ဆေးပေးတာဆိုတော့ အရမ်းကိုသင့်တင့်တဲ့ Package လေးဖြစ်လို့ အမြန်ဆုံးသာ လာရောက်စစ်ဆေးလိုက်တော့နော်….

ဆေးခန်းလိပ်စာလေးကတော့
အမှတ်(၉၉၃၊ဘီ)၊ သုမဂ်လာလမ်း၊ နန္ဒဝန်စျေးအနီး(ဧရာဝတီဘဏ်နှင့်မျက်နှာချင်းဆိုင်)၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပါတယ်။
ဆက်သွယ်ရန် ဖုန်း - ၀၉ ၇၅၀၀ ၄၀ ၇၀၁ ၊ ၀၉ ၇၅၀၀ ၄၀ ၇၀၂
၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်...

ရောက်ရှိသော ကားနံပါတ်များကတော့
🚍နန္ဒဝန်ဈေးမှတ်တိုင် ၁၂, ၁၀, ၃၂, ၈၇, ၉၆
🚍မာလာကွေ့မှတ်တိုင် ၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇

30/12/2023

“Happy New Year 2024”
မင်္ဂလာပါရှင်
နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးပြောင်းတဲ့ အချိန်ခါသမယ နေ့ရက်လေးမှာ ကျန်းမာချမ်းသာခြင်းတွေနှင့်အတူ ရွှေရောင်လွှမ်းတဲ့နှစ်သစ်ကိုပိုင်ဆိုင်ကြပြီး အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်…..

23/12/2023

“Happy Merry Chiristmas”
ဒီဇင်ဘာလအတွင်း ပျော်စရာနေ့ရက်လေးဖြစ်သည့် ခရစ္စမတ်နေ့မှာ ချစ်ခင်ရတဲ့ မိသားစုများနဲ့ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း Mingalar Care Specialist Clinic and Medical Check Up Center မှ ဆုမွန်ကောင်းတောင်းပေး လိုက်ရပါတယ်ရှင်…

21/12/2023

မီးယပ်သွေးဆုံးခြင်းဆိုတာ အမျိုးသမီးများအတွက် သဘာဝဖြစ်စဉ် တစ်ခုပါ၊၊ အမျိုးသမီးများအတွက် မီးယပ်သွေးဆုံးခြင်းဆိုတာ ဘဝမှာမဖြစ်မနေ ကြုံတွေ့ လာရမဲ့ အပြောင်းအလဲတစ်ခုပဲ ဖြစ်ပါတယ်…
အမျိုးသမီးတစ်ယောက် သွေးဆုံးနိုင်တဲ့ ပျှမ်းမျှအသက်အပိုင်းအခြားကတော့ အသက် (၅၀) အရွယ်လောက်ပဲ ဖြစ်ပါတယ်၊၊ များသောအားဖြင့် အသက် (၄၀) ကျော် (၅၀) ကြားထဲ ကြုံတွေ့ရနိုင်ပြီး အသက် (၆၀) အရွယ်လောက်မှ သွေးဆုံးသူများလဲ အများအပြားရှိတတ်ပြီး သားအိမ်ပိုင်းဆိုင်ရာ ခွဲစိတ်မှုများကြောင့်လည်း သွေးဆုံးခြင်းကို ခံစားရနိုင်ပါတယ်ရှင်…
သွေးဆုံးခြင်းဆိုတာ ဘာလဲ???
သွေးဆုံးခြင်းဆိုတာ အမျိုးသမီးရဲ့ မျိုးဥကြွေတာရပ်သွားပြီး ပုံမှန်ဖြစ်နေကြ ဓမ္မတာ မလာတော့တဲ့ အခြေအနေပဲဖြစ်ပါတယ်၊၊ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်၏ အသွေးသားပြောင်းလဲသွားတဲ့အတွက် ကျန်းမာရေးပြဿနာ အချို့ကိုလည်း ကြုံတွေ့ရနိုင်ပါတယ်၊၊
သွေးဆုံးချိန်မှာ ကြုံတွေ့နိုင်တဲ့ ရောဂါလက္ခဏာများကတော့ -
 အရိုးပွခြင်း
 နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ
 မိန်းမကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
 စိတ်ဓာတ်ကျခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း
 ဝမ်းနည်းခြင်း၊ တစ်ဦးထဲ သီးသန့်နေထိုင်ခြင်း
 အိပ်မပျော်ခြင်း ၊ ချမ်းတုန်ခြင်း
 ဆီးလမ်းကြောင်းပိုးဝင်ခြင်း
 ဇီဝကမ္မဖြစ်ပျက်မှုနှုန်းများ ကျဆင်သွားခြင်း
 ကျောပူရင်ပူဖြစ်ခြင်း
 ဆံပင်များပါးသွားခြင်း
 အသားခြောက်ခြင်း၊ ခန္ဓာကိုယ်ပူစပ်ပူလောင်ဖြစ်ခြင်း တို့ကိုခံစားရနိုင်ပါ တယ်၊၊
သွေးဆုံးကိုင်ခြင်း ရောဂါဝေဒနာကို အိမ်တွင်းကုထုံးများဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါတယ်၊၊ ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများကတော့
 အေးအေးဆေးဆေးနှင့် သက်တောင့်သက်သာ နေထိုင်ခြင်း
 ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
 စိတ်ဖြေလျော့ခြင်း၊ အစားအစာကို မျှတစွာစားသုံးပေးခြင်း
 အစိမ်းရောင်ဟင်းသီးဟင်းရွက်များ စားသုံးပေးခြင်း
 ပေါ့ပါးသောချည်ထည်များ ဝတ်ဆင်ပေးခြင်း
 အနားယူ အိပ်စက်သည့်အချိန်တွင် စိတ်ရောလူပါ အနားယူခြင်း
 မိတ်ဆွေနှင့် မိသားစုများထံတွင် စိတ်ပိုင်းဆိုင်ရာ အကူညီများရယူခြင်း တို့ကို ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်ရှင်..
သွေးဆုံးခြင်းနှင့် သက်ဆိုင်တဲ့ ဗဟုသုတရစရာများကို အမျိုးသမီးများ ကျန်းမာစေသော ဘဝကို ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ပြီး ဖော်ပြပေးတာဖြစ်လို့ လိုက်နာကျင့်သုံးရင်း ကျန်းမာသော အမျိုးသမီးများ ဖြစ်ကြစေရန် ကျွန်မတို့ Mingalar Care Specialist Clinic and Medical Check Up Center မှ ဆုတောင်းပေးလိုက်ရပါတယ်ရှင်...

15/12/2023

အဝလွန်ခြင်း
အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်တွင်း အဆီဓာတ်များလွန်းတဲ့အခြေအနေမှာ ပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ဆရာ ရောဂါတစ်ခုပဲဖြစ်လို့ မပေါ့လျော့သင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်ရှင်…
အဝလွန်တာနှင့် ကိုယ်အလေးချိန်များတာခြင်းဆိုတဲ့ အရာနှစ်ဟာ သဘောတရားခြင်း မတူညီပါဘူး၊၊ ကိုယ်အလေးချိန်များခြင်းဟာ အရပ်အမြင့်ကိုလိုက်ပြီး အဆီများခြင်း၊ ကြွက်သားကြီးထွားခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေဓာတ်များနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်၊၊ အဝလွန်ခြင်းကတော့ ခန္ဓာကိုယ်တွင် အဆီများပုံမှန်ရှိသင့်သည်ထက် အလွန်အကျွံများပြားလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်၊၊
အဝလွန်ခြင်းကို ဖြစ်စေသည့်အကြောင်းအရင်းများကတော့
• မျိုးရိုးဗီဇ
• နေထိုင်စားသောက်မှုပုံစံ
• ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများစားခြင်း
• လှုပ်ရှားမှုနည်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အအိပ်နည်းခြင်း
• ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
• ကျန်းမာရေးပြဿနာများရှိခြင်း
• လူမှုစီးပွားပြဿနာ အချို့ကြောင့် အဝလွန်ခြင်း‌ရောဂါကို ခံစားရနိုင်တာပဲ ဖြစ်ပါတယ်၊၊
အဝလွန်ခြင်းရောဂါကို ခံစားနေရပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကိုလဲ ခံစားရနိုင်ပါတယ်၊၊ ခံစားရနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများကတော့-
• နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါလက္ခဏာများ
• သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါ၊ အရိုးကြီးပေါင်းရောဂါ
• အိပ်နေစဉ်အသက်ရှုရပ်ခြင်း
• သည်းခြေနှင့်ဆိုင်သောရောဂါများ
• မျိုးဆက်ပွားပြဿနာများ
• ကင်ဆာရောဂါအမျိုးမျိုး စသည်တို့ကို ဖြစ်ပွားစေနိုင်မှာ ဖြစ်ပါတယ်၊၊
ဒါ့ကြောင့် အဝလွန်ခြင်းရောဂါမဖြစ်ရလေအောင် ကျန်းမာသောနေထိုင်စားသောက်မှုပုံစံ များကို ကျင့်သုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ဖြင့် အဝလွန်ရောဂါကို ကာကွယ်နိုင်ပါတယ်ရှင်..
ဒါ့အပြင် လိုအပ်ပါက ဆရာဝန်များ၊ အာဟာရပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကုသခြင်းဖြင့် အဝလွန်ခြင်းနှင့် နောက်ဆက်တွဲရောဂါလက္ခဏာများကို ကာကွယ်ကြဖို့ Mingalar Care Specialist Clinic and Medical Check Up Center မှတိုက်တွန်းအကြံပြုလိုက်ပါရစေရှင်…
ကျန်းမာရေးအတွက် ဆေးစစ်လိုပါက Mingalar Care Specialist Clinic and Medical Check Up Center တွင် စျေးနျုန်းသက်သာစွာဖြင့် ဆေးစစ်ခြင်းဝန်ဆောင်မှုကို ပိတ်ရက်မှမရှိ ဆောင်ရွက်ပေးနေပါပြီ….
အသေးစိတ်သိရှိလိုပါက 09 974469447, 09 750040701, 09 7500400702 တို့ကို ဆက်သွယ် စုံစမ်း၍ ကြိုတင် Booking ယူလို့ရနေပါပြီ၊၊

14/12/2023

“အသင့်စား အစားအများနှင့်ကျန်းမာရေး”
ယနေ့ခေတ်မှာ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ နည်းပညာတွေကလဲ တိုးတက်လာလျှက်ရှိပြီး လူတွေရဲ့နေထိုင်မှုပုံစံတွေကလဲ ပြောင်းလဲလာလျှက်ရှိပါတယ် ရှင်...
နေထိုင်မှုပုံစံတွေပြောင်းလဲလာသည်နှင့်အမျှ စားသောက်မှုပုံစံတွေလဲ တဖြည်းဖြည်း ပြောင်းလဲလာတာကိုလဲ တွေ့နိုင်မှာပဲ ဖြစ်ပါတယ်၊၊ လူသားတွေအတွက် ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်မကုန်စေပဲ အလွယ်တကူ ချက်ခြင်းစားသောက်နိုင်တဲ့ အသင့်လုပ်အစားအစာ စားသုံးသူတွေများလာပြီး ကျန်းမာဆိုးကျိုးများ ဖြစ်လာနိုင်သည်ကို မေ့လျော့နေကြပါတယ်၊၊
အသင့်စား အစားအစာတွေကို မကြာခဏစားသုံးနေခြင်းဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်၊၊ အရသာလည်းရှိပြီး အလွယ်တကူလဲ ရရှိနိုင်တဲ့ အသင့်စားအစားအစာတွေဟာ လူတွေရဲ့ နေ့စဉ်စားသောက်မှု မှာ မပျက်မကွက်ပါဝင်လာကြပါတယ်၊၊
ဥပမာအားဖြင့် အသင့်လုပ်အစားအစာတွေဖြစ်တဲ့ အာလူးကြော်၊ သီဟိုစေ့ထုတ်၊ ခေါက်ဆွဲထုတ်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့ စသည့်အစားအစာတွေမှာ အဆီဓာတ်များစွာပါဝင်ပြီး ကြာရှည်ခံအောင်နှင့် အနံ့အရသာကောင်းအောင် ဓာတုပစ္စည်း တွေ သုံးထားလေ့ရှိပါတယ်ရှင်...
အဆီဓာတ်များခြင်းကြောင့်
- အဝလွန်ခြင်း
- သွေးအဆီပိတ်၍ နှလုံးသွေးကြောကျဉ်းခြင်း
- ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်စေနိုင်ခြင်း
- အသည်းနှင့်ကျောက်ကပ်ကို ပျက်စီးစေခြင်း
- အစာအိမ်ကင်ဆာ ဖြစ်စေခြင်း
- သွေးတိုးရောဂါ ဖြစ်စေခြင်းတို့ကို ခံစားရနိုင်ပါတယ်၊၊
အချိုရည်ဘူးတွေသောက်သုံးခြင်း များတာကလည်း အချိုရည်မှာပါတဲ့ ဓာတုပစ္စည်းတွေ ကြောင့် အရိုးပွခြင်း၊ သွားပိုးစားခြင်း၊ အဝလွန်ပြီး နှလုံးသွေးကြောပျက်စီးစေခြင်း၊ အသည်းနှင့်ကျောက်ကပ် ထိခိုက်စေခြင်း၊ အစာအိမ်ကင်ဆာ ဖြစ်စေခြင်းတို့ကို ခံစားရစေနိုင်ပါတယ်၊၊
-ဒါ့အပြင် အလျင်အမြန်စားသောက်နိုင်တဲ့ ခေါက်ဆွဲခြောက်ထုတ်တွေဟာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသေးတယ်ရှင်၊၊ ခေါက်ဆွဲခြောက်ထုတ်တွေမှာ ဆိုဒီယမ်ဓာတ်တွေပါဝင်တဲ့အတွက် သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ကို ဖြစ်ပွားစေနိုင်ပြီး ကျောက်ကပ်ကိုလဲ ပျက်စီးစေနိုင်တဲ့ ဆိုးကျိုးတွေရှိပါတယ်၊၊
-အသင့်သောက်ကော်ဖီထုတ်တွေမှာကတော့ Acrylamide ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင် နေပြီး အဲ့ဒီဓာတ်ဟာ တရိစ္ဆာန်တွေကိုတောင် ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။ သောက်သုံးပါများပါက အာရုံကြောကို ထိခိုက်ပျက်စီးစေနိုင်မှာပဲ ဖြစ်ပါတယ်ရှင်...
-အသင့်မလုပ်ထားသော်လည်း ကင်ထားတဲ့ အစားအစာတွေကိုအစားများသွားလျင်လည်း ကာဗွန်ဒိုင်ဓာတ်တွေကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ခြင်း၊ ပျို့ခြင်း၊အန်ခြင်း နှင့် အစာအိမ်အူလမ်းကြောင်း ကင်ဆာရောဂါကို ခံစားရနိုင်တာပဲ ဖြစ်ပါတယ်၊၊
ဖော်ပြခဲ့သည့်အတိုင်း အသင့်စားအစားအစာတွေဟာ ကျန်းမာရေးအတွက် ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်၊၊ အခုလိုကျန်းမာရေးဆိုးကျိုးတွေကို မခံစားရစေဖို့ အသင့်စားအစားသောက်တွေကို ရှောင်ကြဉ်နိုင်လျင် အကောင်းဆုံးပဲဖြစ်ပါတယ်ရှင်...
မရှောင်ကြဉ်နိုင်ပါက တခါတလေသာစားသုံးပြီး သဘာဝအစားအသောက်တွေဖြစ်သည့် အသားနှင့် အသီးအရွက်တို့ကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်စားသုံးပြီး အသင့်စားအစားအစာတွေကို တတ်နိုင်သလောက် ရှောင်ကြည်စားသုံးဖို့ ကျွန်မတို့ရဲ့ Mingalar Care Specialist Clinic and Medical Check Up Center မှ စေတနာရှေ့ထား၍ ဖော်ပြပေးလိုက်ရပါတယ်ရှင်..

13/12/2023

ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ
ဆေးလိပ်သောက်သုံးခြင်းသည် မိမိကိုယ်ကိုထိခိုက်စေယုံသာမက မိမိတို့ရဲ့ မိသားစု၊ ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးကိုပါ ဘေးထွက်ဆိုးကျိုးတွေ ခံစားရစေနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်၊၊ နိုင်ငံတကာမှာလဲ ရုံးခန်း၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ခန်းများ ၊ ဘူတာများ၊ လေယာဉ်ကွင်းတွေများနှင့် လူစုလူဝေးနေရာတွင်မှာ ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားကြပါတယ်၊၊ ဆေးလိပ်သောက်သုံးဖို့ တားမြစ်ထားသော်လဲ ဆေးလိပ်သောက်သုံးနှုန်းများ လျော့ကျလာတာမတွေ့ရပဲ တိုးပွားလာလျက်ပဲ ရှိပါတယ်၊၊
ဆေးလိပ်သောက်သုံးခြင်းကြောင့် ရောဂါများစွာဖြစ်ပွားခံစားရစေနိုင်ပြီး အဓိကအားဖြင့် ကုန်ကျစရိတ်အလွန်ကြီးမားတဲ့ ကင်ဆာရောဂါနဲ့ နှလုံးသွေးကြောကြဉ်းရောဂါများကိုပါ ဖြစ်ပွားစေနိုင်ပါတယ်ရှင်…
• ဆေးလိပ်သောက်သုံးခြင်းဖြင့် ပါးစပ်ကင်ဆာ ၊ အာခေါင်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယကင်ဆာတို့ကိုလည်း ဖြစ်ပွားစေနိုင်ပြီး သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးတဲ့ ပန်ကရိယမှထွက်သည့် အင်ဆူလင်အာနိသင်ကို လျော့ကျစေသောကြောင့် ဆီးချိုသွေးချိုရောဂါြဖစ်ပွားစေရန် လွယ်ကူစေပါသည်၊၊
• ဆေးလိပ်တွင် ပါဝင်သော ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းသည် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီး နောက်ပိုင်းတွင် ခံတွင်းအရသာခံစားမှုနှင့် အစားစားချင်စိတ်ကိုလျော့နည်းလာပြီး အစားအသောက်ကိုပျက်စေနိုင်သည်အထိ ဦးနှောက်နှင့်အာရုံကြောကို အကျိုးသက်ရောက်နေစေပါတယ်၊၊
•ဆေးလိပ်ငွေ့ကို ရှုလိုက်မိသောအခါ ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းအငွေ့သည် အဆုတ်သို့ထိသွားပြီး အဆုတ်ကိုပျက်စီးစေနိုင်ပါတယ်၊၊ ထိုသို့ပျက်စီးရာမှ အဆုတ်ထဲသို့ ရောဂါပိုးများဝင်ရောက်လာပြီး အသက်ရှုလမ်းကြောင်းရောဂါ များဖြစ်သော အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊လေအိတ်များပျက်စီးခြင်း၊ ပန်းနာရင်ကြပ်၊ နာတာရှည်၊ အသက်ရှုလမ်းကြောင်းပိတ်ခြင်းနှင့်နာတာရှည် အသက်ရှုလမ်းကြောင်းပိတ်ခြင်းနှင့် နောက်ဆုံးတွင် အဆုတ်ကင်ဆာဖြစ်၍ အဆုတ်ကင်ဆာဖြစ်ပွားသည်အထိ များစွာသောဆိုးကျိုးတွေကို ခံစားရစေမှာပဲ ဖြစ်ပါတယ်ရှင်...
• ဆေးလိပ်သောက်သုံးခြင်းသည် နှလုံးအဖွဲ့အစည်းကိုလဲ များစွာထိခိုက်စေပါ တယ်၊၊ ချက်ခြင်းပျက်စီးသွားခြင်းမဟုတ်သော်လည်း တဖြည်းဖြည်းနှင့် နှလုံးသွေးကြောများ ကျဉ်းလာခြင်း၊ သွေးအစီတက်ခြင်း၊ သွေးကြောနံရံများထူလာခြင်း၊ သွေးခဲခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရုတ်တရပ် ရပ်သွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်ရှင်..
ဒါကြောင့် ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစွာထိခိုက်စေနိုင် တာမို့ ဆေးလိပ်သောက်သုံးခြင်းအား ရှောင်ကြဉ်နိုင်ရန်နှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့ ရောဂါများနှင့် ဆိုးကျိုးများကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ရပါတယ်ရှင်….

# ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးစစ်ခြင်းများ ၊ ဆေးကုသခြင်းများအတွက် ဆောင်ရွက်လိုပါ 09 974469447, 09 750040701, 09 7500400702 တို့ကို ဆက်သွယ် စုံစမ်း၍ ကြိုတင် Booking ယူလို့ရနေပါပြီ၊၊

07/12/2023

“အမျိုးသားနေ့ ဒို့မမေ့"
၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့သည် မြန်မာတမျိုးသားလုံးတို့အတွက် (၁၀၃)ကြိမ်မြောက် အမျိုးသားနေ့ပဲ ဖြစ်ပါတယ်ရှင်...
ဒါကြောင့် အမျိုးသားနေ့မှာ မိဘပြည်သူများနှင့်အတူ ကျွန်မတို့ရဲ့ Mingalar Care Specialist Clinic and Medical Check Up Center မှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင်...

#နှစ်၁၀၃ပြည့်_အမျိုးသားနေ့

03/12/2023

အမျိုးသမီးနှင့်ရင်သားကင်ဆာအန္တရာယ်
ရင်သားကင်ဆာရောဂါဟာ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ပြီး အမျိုးသမီးတိုင်း သတိထားသင့်တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပြီး အဖြစ်များတဲ့ ရောဂါတစ်မျိုးလဲ ဖြစ်ပါတယ်ရှင်..
ရင်သားကင်ဆာဟာ ရင်သားကနေအကျိတ်ဖြစ်တာကနေ စတာများပါတယ်၊၊
ရင်သားပေါ်မှာ နာကျင်မှုမရှိပဲ သာမန်မဟုတ်တဲ့ အလုံးအကျိတ်တွေဖြစ်လာတဲ့အခါ ရိုးရိုးအကျိတ်ဖြစ်နိုင်သလို ကင်ဆာကျိတ်လဲ ဖြစ်နိုင်ပါတယ်၊၊
ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်မှာ လက္ခဏာလုံးဝမပြတာမျိုးဖြစ်နိုင်ပြီး ရင်သားကင်ဆာရဲ့အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့် ရင်သားကင်ဆာရောဂါ ခံစားရတာကို သိရှိနိုင်မှာပဲဖြစ်ပါတယ်၊၊
ရင်သားကင်ဆာမှာ အမျိုးအစားများစွာရှိပြီး တစ်ချို့သောကင်ဆာတွေမှာ ရင်သားတွင် အကျိတ်အဖုမရှိတာမျိုးရှိခြင်း၊ အကျိတ်တွေတဖြည်းဖြည်းကြီးလာပြီး ရင်သားကင်ဆာဖြစ်ခြင်းရှိပြီး ကင်ဆာအကျိတ်တွေမြန်မြန်ကြီးထွားလာပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်ရှင်…..
ရင်သားကင်ဆာဖြစ်နိုင်ချေရှိတဲ့ ရောဂါလက္ခဏာများကတော့
• ရင်သားတွင် အကျိတ်ထွက်ခြင်း
• ရင်သားများ နာကြင်ခြင်း
• ရင်သားပြောင်းလဲလာခြင်း
• အသားအရေပြောင်းလဲခြင်း
• ရင်သားယားယံခြင်းနှင့်ချိုင့်ဝင်ခြင်း
• ရင်သားမှအရည်ကြည်ထွက်ခြင်းတို့ပဲ ဖြစ်ပြီး စတဲ့လက္ခဏာတွေပြနေပြီဆိုပါက ရင်သားကင်ဆာကို စစ်ဆေးကြည့်ဖို့ တိုက်တွန်းပါရစေရှင်၊၊
ရင်သားကင်ဆာဟာ ရင်သားထဲမှရှိတဲ့ဆဲလ်တွေ ပုံမှန်မဟုတ်ပဲ ကြီးထွားကွဲပြားမှု တွေကြောင့် ဖြစ်ပေါ်လာရခြင်းလဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာ ဖြစ်နိုင်ချေများတဲ့ အချက်တွေကိုလဲ ဖော်ပြပေးလိုက်ရပါတယ်ရှင်.
• အသက်အရွယ်ရလာလေ ရင်သားကင်ဆာဖြစ်နိုင်ချေများလာခြင်း
• မျိုးရိုးလိုက်ခြင်း
• မျိုးရိုးဗီဇ လက်ဆင့်ကမ်းလာခြင်း
• ကိုယ်အလေးချိန် များလာခြင်း
• အရက်သေစာများသောက်သုံးခြင်း
• ရာသီစက်ဝန်းမညီဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်၊၊
ဒါကြောင့် ရင်သားကင်ဆာဖြစ်နေတယ်လို့ သံသယရှိပါက မိမိတို့နှင့် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေမှာ ရင်သားကင်ဆာရှိ၊မရှိ အမြန်ဆုံးစစ်ဆေးပြီး မိမိတို့၏ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ကျွန်မတို့ Mingalar Care Specialist Clinic and Medical Check Up Center မှ တိုက်တွန်းအကြံပြုလိုက်ပါရစေရှင်…
ကျန်းမာရေးအတွက် ဆေးစစ်လိုပါက Mingalar Care Specialist Clinic and Medical Check Up Center တွင် စျေးနျုန်းသက်သာစွာဖြင့် ဆေးစစ်ခြင်းဝန်ဆောင်မှုကို ပိတ်ရက်မှမရှိ ဆောင်ရွက်ပေးနေပါပြီ….
အသေးစိတ်သိရှိလိုပါက 09 974469447, 09 750040701, 09 7500400702 တို့ကို ဆက်သွယ် စုံစမ်း၍ ကြိုတင် Booking ယူလို့ရနေပါပြီ၊၊

20/11/2023

“သတိထားစရာ လည်ပင်းကျီးပေါင်းရောဂါ”
လည်ပင်းကျီးပေါင်းတက်ခြင်းဆိုတာ အသက်အရွယ်ကြီးလာခြင်းကြောင့်သော်လည်း ကောင်း၊ ခံနိုင်ရည်အားနှင့်မမျှသော ဒဏ်ဖိအားကြောင့်သော်လည်းကောင်း၊ အရိုးနုများနဲ့ အာဟာရဖွဲ့စည်းပုံကျဆင်းလာခြင်းနှင့် အရိုးနုများပျက်စီးခြင်း၊ အကြောအဆစ်များတောင့် တင်းခြင်း စသည့်ရောဂါလက္ခဏာများကို ခံစားရတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်..
လည်ပင်းကျီးပေါင်းတက်ရောဂါဟာ အရေးမကြီးဘူး ထင်ရပင်မဲ့ ထင်ထားတာထက် ပိုကြောက်ဖို့ကောင်းပါတယ်…..
လည်ပင်ကျီးပေါင်းရောဂါဟာ ပုံမှန်ဆို အသက် ၆၀ ကျော် အရွယ်မျိုးတွေမှာ အဖြစ်များတတ်ပင်မဲ့ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ဖုန်းအကြည့်များခြင်းနှင့် ကွန်ပျူတာသုံးခြင်းတို့ကြောင့် အသက်ငယ်ရွယ်သူများမှာပါ လည်ပင်းကျီးပေါင်းရောဂါကို ခံစားလာကြရပြီပဲဖြစ်ပါတယ်ရှင်….
လည်ပင်းကျီးပေါင်းရောဂါလက္ခဏာတွေကတော့ ပခုံးနှင့်လည်ဂုတ်တစ်လျောက်နာကျင် ခြင်းနှင့် ဇက်ကြောတက်ခြင်းတို့ပဲ ဖြစ်ပါတယ်..
လည်ပင်းကျီးပေါင်းရောဂါကို အစပျိုးအဆင့်၊ အလည်အလတ်အဆင့်နှင့် ပြင်းထန်အဆင့် ဆိုပြီး အဆင့်(၃)ဆင့် ကို ခံစားရနိုင်ပါတယ်…
• အစပျိုးသည့် ပထမအဆင့်တွင် ဇက်ကြောတက်ခြင်း ၊ ပခုံးနှင့် လည်ဂုတ်တစ်လျောက်နာကျင်ခြင်း
• အလယ်အလတ်အဆင့်တွင် အာရုံကြောဆိုင်ရာများနာကျင်ခြင်း၊လက်မောင်းနှင့် လက်ဖျံအရိုးများထိ နာကျင်လာခြင်း
• ပြင်းထန်အဆင့်တွင် ကျောရိုးဆစ်အား စတင်ထိခိုက်နိုင်သည့် လက္ခဏာများဖြစ် သည့် ခြေလက်များမလှုပ်နိုင်တော့ခြင်း၊ ထုံကျင်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက်မညီဖြစ် ခြင်းတို့ကို ခံစားရမှာပဲ ဖြစ်ပါတယ်။
လည်ပင်းကျီးပေါင်းရောဂါကို မပြင်းထန်ပါက လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်း တို့ဖြင့် ကုသနိုင်သော်လည်း အာရုံကြောနှင့်ကျောရိုးထိခိုက်ခြင်းဆိုင်ရာ လက္ခဏာများ ခံစားရလာပါက ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ ရောဂါတစ်ခုလဲဖြစ်လို့ မပေါ့မဆပဲ သတိထားဆင်ခြင်နိုင်ကြပါစေရှင်……
လည်ပင်းကျီးပေါင်းရောဂါခံစားလာရပါက ကျွမ်းကျင်တဲ့ ကျန်းမာရေးဆေးခန်းများနှင့် ဆရာဝန်များဆီမှာ ကုသမှုခံယူဖို့လည်း တိုက်တွန်းလိုက်ရပါတယ်ရှင်….

20/11/2023

“ဒူလာ (သို့) ဂေါက်ရောဂါ”
ဒူလာ(သို့)ဂေါက်ရောဂါဟာ အများအားဖြင့် Urid Acid များခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါတစ်မျိုးဆိုလဲ မမှားပါဘူး၊၊ ဒူလာရောဂါဟာ အဆစ်မြစ်ရောင်ရမ်း နာကျင်ငြောင်းကိုက်တဲ့ ရောဂါပဲဖြစ်ပါတယ်၊၊ ဒူလာရောဂါကြောင့် အဆစ်ရောင်ခြင်းသည် အခြားအဆစ်ရောင်ခြင်းများနှင့် မတူပဲ အဆစ်တစ်ခု(သို့)နှစ်ခု အနည်းကျဉ်းသာ ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်၊၊
များသောအားဖြင့်ရောင်ရမ်းတတ်တဲ့နေရာတွေကတော့ ခြေမအရင်းနားနှင့် ဒူခေါင်းပဲ ဖြစ်ပါတယ်ရှင်..
Urid Acid များခြင်းကြောင့် ရောင်ရမ်းခြင်းဖြစ်ပေါ်လာရပြီး Urid Acid ဟာ အဆစ်တွေမှာ သွားစုနေတတ်ပါတယ်၊၊ Urid Acid ရှိနေခြင်းကြောင့် သွေးဖြူဥတွေပါ ထပ်မံရှိလာတာကြောင့် အဆစ်တွေဟာ မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရနိုင်ပါတယ်၊၊
ဒူလာရောဂါကြောင့်
• အဆစ်များ မခံမရပ်နိုင်အောင် နာကျင်ခြင်း
• လမ်းမလျောက်နိုင်တဲ့အထိ နာကျင်မှုကို ခံစားရခြင်း
• ခန္ဓာကိုယ်ရောင်ရမ်းခြင်းနှင့်အဖျားရှိခြင်း
• လက်ဆစ်၊လက်ကောက်ဝတ်နှင့်ခြေကျင်းဝတ်နေရာများ အထိမခံနိုင်အောင် နာကျင်ခြင်း၊ရောင်ရမ်းခြင်း တို့ကိုလည်း ခံစားရမှာပဲ ဖြစ်ပါတယ်၊၊
မကုပဲထားပါက ဒူလာရောဂါဟာ အရိုးအဆစ်များပုံပျက်ခြင်း၊ အရိုးအတက်ထွက်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းနှင့်ပျက်စီးခြင်း တို့ဖြစ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်…
ဒါကြောင့် ဖော်ပြပါလက္ခဏာတွေ ခံစားလာရပါက နီးစပ်ရာဆေးခန်းသို့ပြပြီး ဒူလာရောဂါ ဟုတ်မဟုတ် စစ်ဆေးစမ်းသပ်ကြည့်ဖို့တော့ လိုပါတယ်ရှင်..
ဒူလာရောဂါကင်းဝေးစေရန်
• Purine ဓာတ်များသည့် အစားအစာများအားရှောင်ကြဉ်ခြင်း
• အပင်ထွက် ပရိုတင်းဓာတ်များအား များများစားခြင်း
• အဆီဓာတ်မပါသော နို့(သို့)ဒိန်ချဉ်အား သောက်သုံးပေးခြင်း
• ရေများများသောက်ပေးခြင်း
• ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပါမုန့်ညိုနှင့် အသီးအနှံများအား များများစားသုံး ပေးခြင်းဖြင့် ဒူလာရောဂါကင်းဝေးအောင် နေထိုင်ကြဖို့တိုက်တွန်းရင်း ဒူလာရောဂါနှင့် ပတ်သက်သည့် ဗဟုသုတများကို ဖော်ပြပေးလိုက်ရပါတယ်ရှင်…
Care Specialist Clinic and Medical Check Up Center တွင် ကျန်းမာရေးစစ်ဆေးမှုဝန်ဆောင်မှုများ ခံယူချင်ပါက မနက် ၇နာရီ မှ ည ၈နာရီ အတွင်း ပိတ်ရက်မရှိ လာရောက်စစ်ဆေးနိုင်ကြောင်းလည်း ထပ်မံပြီး သတင်းကောင်းလေးပါး လိုက်ပါတယ်ရှင်…
#ဆေးခန်းလိပ်စာလေးကတော့-
အမှတ်(၉၉၃၊ဘီ)၊ သုမင်ဂလာလမ်း၊ နန္ဒဝန်စျေးအနီး(ဧရာဝတီဘဏ်နှင့်မျက်နှာချင်းဆိုင်)၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပြီး
#အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် - ၀၉ ၇၅၀၀ ၄၀ ၇၀၁၊ ၀၉ ၇၅၀၀ ၄၀ ၇၀၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်၊၊

20/11/2023

ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေ အကောင်းဆုံးလည်ပတ်ပြီး ကျန်းမာနေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့ လိုတတ်ပါတယ်၊၊ ရေဓာတ်ပြည့်ဝအောင်ရရှိနေခြင်းက အသက်ရှည်စေနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်စေနိုင်မှာပဲ ဖြစ်ပါတယ်ရှင်…
ရေသောက်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်၊၊ ရေသောက်ခြင်းဖြင့်
• တနေ့တာလုံး လူကိုလန်းဆန်းတက်ကြွစေနိုင်ခြင်း
• အစာမစားမှီရေကြိုသောက်ခြင်းဖြင့် အစာသိပ်မစားဖြစ်တော့သောကြောင့် ကိုယ်အလေးချိန်လျော့ချရာတွင် အရေးပါခြင်း
• ရေများများသောက်ခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ခြင်း
• ရေဓာတ်နည်းပါးခြင်းကြောင့်ဖြစ်သည့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းရောဂါအား ကြိုတင်ကာကွယ်နိုင်ခြင်း
• ကိုယ်အပူချိန်များခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် ရေဓာတ်ဆုံးရှုံးခြင်းအား ကာကွယ်နိုင်ခြင်း
• မအိပ်မှီ ရေတခွက်သောက်ခြင်းဖြင့် လေဖြတ်ခြင်းနှင့်နှလုံးရောဂါဖြစ်ပွားမှု အားနည်းပါးစေခြင်း
• ဆီးလမ်းကြောင်းပိုးဝင်ခြင်းအား ကာကွယ်နိုင်ခြင်း
• အစာမစားမှီ မိနစ် (၃၀) အလို ရေကြိုသောက်ခြင်းဖြင့် အစာကြေလွယ်ခြင်း
• အသားအရည်ကြည်လင်စေပြီး စိုပြေအေးမြနေစေခြင်း
• ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ခြင်း
• ဦးနှောက်လုပ်ငန်းပိုင်ဆိုင်ရာ တိုးတက်စေနိုင်ခြင်း
• ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း စသည့်ကောင်းကျိုးများစွာကို ရရှိစေနိုင်ပါတယ်….

ရေသောက်ရာတွင် လိုက်နာသင့်သည့် အချက်များကတော့
• အိပ်ယာဝင်ခါနီး ရေသောက်ပေးခြင်း
• အိပ်ယာနိုးနိုးခြင်း ရေသောက်သုံးပေးခြင်း
• တနေ့လျှင်အနည်းဆုံး ရေ (၈)ခွက်မှ (၁၂)ခွက်ထိ သောက်သုံးပေးခြင်း
• ရေကို အများကြီးသောက်သုံးခြင်းထက် နည်းနည်းဖြင့် ခဏခဏသောက်သုံးပေးခြင်း
• ရေသောက်ရာတွင် ရေခဲရေထက် ရိုးရိုးရေကိုသာသောက်သုံးပေးခြင်း
• ရေငတ်မှရေသောက်ခြင်းထက် လိုအပ်တဲ့ပမာဏအတိုင်း ပုံမှန်သောက်သုံးပေးခြင်း
• ရေမချိုးခင်ရေသောက်သုံးပေးခြင်း တို့ပဲဖြစ်ပါတယ်၊၊
ရေသောက်ခြင်းသည် ကျန်းမာရေးအတွက် လွန်စွာအရေးပါတာမို့ မိမိတို့ရဲ့ ခန္ဓာကိုယ် လေး ရေဓာတ်ပြည့်ဝပြီးကျန်းမာနေစေဖို့ နေ့စဉ် နည်းမှန်လမ်းမှန်ဖြင့် ရေသောက် သုံးပေးကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်….

20/11/2023

တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ပင် ဗုဒ္ဓဘာသာဝင် တို့အတွက် နေ့ထူးနေ့မြတ်တစ်ရက်ပဲ ဖြစ်ပါတယ်…
တန်ဆောင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်သည့် ပွဲတော်ဖြစ် သကဲ့သို့ ကထိန်သင်္ကန်းများကပ်လှူပူဇော်ကြသည့် ပွဲတော်တစ်ခုလဲဖြစ်ပါသည်၊၊
ဒါကြောင့် တန်ဆောင်တိုင်ပွဲတော်မှာ မိမိတို့ရဲ့ ချစ်ခင်ရသူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း ကျွန်မတို့ Mingalar Care Specialist Clinic and Medical Check Up Center မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါရစေရှင့်….

29/10/2023

✅Mingalar Care အထူးကုဆေးခန်းမှ Special Promotion အနေဖြင့် ✅99000 kyats ဖြင့် စစ်ဆေးမှု ပေါင်း ✅25 မျိုး ကျန်းမာရေးစစ်ဆေးမှု ပါဝင်တဲ့ Diamond Package ဖြစ်ပါတယ်... အချိန်မကုန် မပင်ပန်းစေပဲ 🎈၁ နေရာထဲမှာ အချိန် 🎈၁ နာရီ‌‌ ကျော်‌ေကျာ်ဝန်းကျင် အတွင်း ဆေးစစ်ဆေးမှု၊ ဓါတ်မှန်၊ ECG စတဲ့ စစ်ဆေးမှုတွေအားလုံး ပြီးမြောက်မှာဖြစ်ပြီး 🎈၁ ရက်အတွင်း ဆေးစစ်ချက် အဖြေများ ရရှိအောင်ဆောင်ရွက်ပေးမယ့် Package ဝန်ဆောင်မှု‌‌ ဖြစ်ပါတယ်..... ထပ်တိုးစစ်ဆေးလိုသည်များကိုလည်း သက်သာသော ဈေးနှုန်းနှင့် ထပ်မံတိုးနိုင်မှာ ဖြစ်ပါတယ်။.... အထူးကု သမားတော်ကြီးများလည်း စုံလင်စွာ ရှိတဲ့အတွက် ဆေးစစ်တွေ့ရှိချက်များအရ လိုအပ်ရင်လည်း ဆက်လက် ပြသနိုင်မှာ ဖြစ်ပါတယ်။ 🙏🙏🙏
🎈ကျား/မ မရွေး တန်ဖိုးသင့် ကျန်းမာရေးစစ်ဆေးလိုသူများအတွက် အသင့်တော်ဆုံး
Diamond Package Medical Checkup ဖြစ်ပါတယ်
🎈ကင်ဆာ Tumor Markers များကို checkup ထပ်တိုးလိုသူများအတွက်🎈Ultrasound,🎈မျက်စိ စစ်ဆေးလိုသူများ,🎈HbA1C ထပ်တိုးလိုသူများ,🎈လုပ်ငန်းခွင်ကြို အတွက် ကျန်းမာရေး စစ်ဆေးလိုသူများ,🎈Vitamin D စစ်လိုသူများ, 🎈Bပိုးကာကွယ်ဆေး အောင်မအောင် စစ်လိုသူများ🎈သာအိမ်ခေါင်း Pap Smear စစ်လိုသူများ🎈သိုင်းရွိုက်ဟော်မုန်းစစ်ဆေးလိုသူများအတွက် လည်း သီးသန့် ထပ်တိုးလို့ရအောင်၊ Package များ စုံလင်အောင် ဝန်ဆောင်မှုပေးထားပါတယ်💎💎💎
❤️နှစ်စဉ် သို့မဟုတ် ခြောက်လတစ်ခါ🌈 Medical Check Up လုပ်ချင်တဲ့... လူကြီး မိဘများ၊ ဦးဦးဒေါ်ဒေါ် ကိုကိုမမ များ အတွက်🙏 အထူးသင့်တော်တဲ့ Package လေးများ ဖြစ်ပါတယ်။
မူလဈေးနှုန်းထက်ဝက်ခန့် လျော့ထားသော သင့်တင့်တဲ့ ဈေးနှုန်းနဲ့ လည်း ဖြစ်ပါတယ်။🌈
ဆရာဝန်ကြီးမှလည်း အဖြေများကို ပြန်လည်ရှင်းပြဆွေးနွေးပေးသွားမှာဖြစ်ပြီး ECGနှင့် ရင်ဘတ်ဓါတ်မှန် အပြင် သွေးရောဂါများ၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အရိုးအဆစ်၊ သွေးချို၊ ဆီးချို၊ ဆီးစစ်ဆေးခြင်း... အစရှိသဖြင့် Test အမျိုးအစား များစွာ ပါဝင်ပြီး ပုံမှန်အားဖြင့် အားလုံးကို ခြုံငုံမိမှာ ဖြစ်ပါတယ်။
Diamond Package မှာ ပါဝင်တဲ့ Test များကို ဓါတ်ပုံမှာ ဖော်ပြထားပါတယ်။
Doctor Consultation
Physical Examination
ECG
Chest X-Ray
CP auto
ABO & Rh
ESR
Random Blood Sugar
Total Cholesterol
HDL
LDL
Triglycerides
Total Cholesterol: HDL ratio
Urea
Creatinine
BUN
eGFR
Urine RE
Total Bilirubin
ALP
ALT/SGPT
AST/SGOT
A*O
RF
Uric Acid
အခြား အထူးပရိုမိုးရှင်း အနေဖြင့် လည်း နှလုံးတယ်လီဗေးရှင်း ဓါတ်မှန် ရိုက်ကူးခြင်း၊ ရင်သွေးငယ်များကို ကြိုတင်မြင်ရဖို့ 4D ultrasound ရိုက်ကူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်...
💎ကျန်းမာရေးစစ်ဆေးမှုများ💎ကို စစ်ချင်တယ်ဆိုရင်တော့ဖြင့် မနက် ၇- ည ၈ အတွင်း ပိတ်ရက်မရှိ လာရောက် စစ်ဆေးနိုင်ပါတယ်။

ရောက်ရှိသော ကားနံပါတ်များကတော့
🚍နန္ဒဝန်ဈေးမှတ်တိုင် ၁၂, ၁၀, ၃၂, ၈၇, ၉၆
🚍မာလာကွေ့မှတ်တိုင် ၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇

🌈ဆေးခန်းလိပ်စာလေးကတော့-
အမှတ်(၉၉၃၊ဘီ)၊ သုမဂ်လာလမ်း၊ နန္ဒဝန်စျေးအနီး(ဧရာဝတီဘဏ်နှင့်မျက်နှာချင်းဆိုင်)၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပါတယ်။
ဆက်သွယ်ရန် ဖုန်း -
၀၉ ၇၅၀၀ ၄၀ ၇၀၁
၀၉ ၇၅၀၀ ၄၀ ၇၀၂

21/10/2023

သီတင်းကျွတ်လပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် တစ်ရက်ပဲဖြစ်ပါတယ်ရှင်…
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်းပြု၍ တရားဟောတော်မူပြီးနောက် လူ့ပြည်သို့ ပြန်လည်ဆင်းသက်တော်မူခြင်းကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့ တွင်ဆီမီးများထွန်းညှိပူဇော်ခြင်းကို ပွဲတော်အနေဖြင့် ကျင်းပပြုလုပ်ပူဇော်ခြင်း ပဲဖြစ်ပါတယ်ရှင်...
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်အခါ သမယလေးမှာ ချစ်ခင်ရသူများနှင့်အတူ သာယာဆေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါ စေကြောင်း Mingalar Care Specialist Clinic and Medical Check Up Center မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါရစေရှင့်….

21/10/2023

ဒူးနာခြင်းဆိုတာက အသက်အရွယ်ရလာတဲ့သူတိုင်းမှာ ဖြစ်တတ်တဲ့ရောဂါ တွေထဲက ရောဂါတစ်ခုပဲဖြစ်ပါတယ်၊၊ ဒူးနာခြင်းက လူနေမှုနေ့စဉ်ဘဝရဲ့ လှုပ်ရှားမှု တွေကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်….
ဒူးနာခြင်းဟာ အများစု အားကစားသမားများနဲ့ အသက်အရွယ်ရလာတဲ့သူတွေမှာ အဖြစ်များတတ်ပါပြီး အသက်အရွယ်မရွေးလဲဖြစ်ပွားနိုင်ပါတယ်၊၊ အရွတ်ထိခိုက်မိခြင်း၊ အရိုးနုများပြဲခြင်း၊ အဆစ်ရောင်ခြင်းတို့ကြောင့် ဒူးနာရခြင်းပဲ ဖြစ်ပါတယ်ရှင်….
ဒူးနာစေရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ -
 အရွတ်ထိခိုက်မိခြင်း
 အရိုးနုထိခိုက်မိခြင်း
 ဒူးအဆစ်အကာထိခိုက်မိခြင်း
 အကြောဒါဏ်ရာရခြင်း
 အဆစ်လွဲခြင်း
 အဆစ်အတွင်း သွေးယိုစီးခြင်း
 အပြင်းအထန်သွားလာလှုပ်ရှားမိခြင်း
 ဒူးကြီးပေါင်းတက်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်၊၊
ဒူးနာခြင်းကို ဖြစ်ပွားစေတဲ့ ဖြစ်နိုင်ချေများကတော့-
 အလွန်အမင်း အဝလွန်နေခြင်း
 ကြွက်သားလှုပ်ရှားမှုနည်းပါးခြင်း
 တချို့သော အားစကားနည်းများကြောင့် ဖြစ်ရခြင်း
 ထိခိုက်ဒါဏ်ရာဖြစ်ဖူးခြင်း စသည်တို့ကြောင့်လဲ ဒူးနာခြင်းရောဂါကို ခံစားရနိုင်ပါတယ်…

ဒူးနာခြင်းကို သက်သားလာစေရန် -
 ညွှန်ကြားထားသော ဆေးများကို မှန်မှန်သောက်သုံးပေးခြင်း
 နာကြင်ခြင်းကို ဖြစ်ပေါ်စေသောလှုပ်ရှားမှုမျိုးကို ရှောင်ခြင်း
 လှုပ်ရှားမှုများကို ဖြည်းညင်းစွာပြန်လည်လုပ်ဆောင်ခြင်း
 ဒူးစွပ် စွပ်ခြင်းနှင့် ရေနွေးအိတ်ကပ်ခြင်း
 ကိုယ်အလေးချိန်လျော့ချခြင်း
 သက်ဆိုင်ရာ ဆရာဝန်ကြီးများဖြင့်ပြသခြင်း တို့ကိုပြုလုပ်သင့် ပါတယ်၊၊
ဒူးနာခြင်းဆိုသည်မှာ မပေါ့ဆသင့်တဲ့ ရောဂါတစ်မျိုးပဲဖြစ်လို့ ဒူးနာခြင်းမှ ကင်းဝေးကာ ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ပြီး မိမိတိုရဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်သွားနိုင် ကြစေရန်ရည်ရွယ်ပြီး ဒူးနားခြင်းအကြောင်းနှင့်ပတ်သက်သည့် ဗဟုသုတရဖွယ်များကို ကျွန်မတို့ရဲ့ Mingalar Care Specialist Clinic and Medical Check Up Center မှ စေတနာရှေ့ထား၍ ဖော်ပြပေးလိုက်ရပါတယ်ရှင်……
Mingalar Care Specialist Clinic and Medical Check Up Center မှာ အထူးဈေးနှုန်းသက်သာစွာဖြင့် ကျန်းမာရေးအတွက် ဆေးစစ်ခြင်းဝန်ဆောင်မှုများနှင့် အခြားကုသခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေကြောင်းလဲ သတင်းကောင်းလေး ပါးလိုက်ပါရစေရှင့်…
အသေးစိတ်သိရှိလိုပါက 09 974469447, 09 750040701, 09 7500400702 တို့ကို ဆက်သွယ် စုံစမ်း၍ ကြိုတင် Booking ယူလို့ရနေပါပြီ၊၊

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Welcome from MingalarCare 🙏🙏🙏
MingalarCare 💐🏵️🌞
MingalarCare 🌞🏵️💐
Merry Christmas 2022
#MingalarCare

Category

Telephone

Website

Address


No. 993/B, Thu Mingalar Road, South Okkalapa Township
Yangon
11091

Other Medical Centers in Yangon (show all)
ဇီဝသုခ အထွေထွေအထူးကုဆေးခန်း နှင့် သားဖွားစင်တာ ဇီဝသုခ အထွေထွေအထူးကုဆေးခန်း နှင့် သားဖွားစင်တာ
အမှတ်(၁)၊ ဘုရင့်နောင်လမ်းနှင့် ဗညားဒလလမ်းထောင့်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်
Yangon, 11411

ဇီ၀သုခ အထွေထွေအထူးကုဆေးခန်းအား နေ့စဥ်နံနက်(၈)နာရီမှ ည(၈)နာရီအထိပိတ်ရက်မရှိဝန်ဆောင်မှုပေးလျက်ရှိပါသည်။

SGL Trading SGL Trading
, အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်
Yangon

ဆေးကိရိယာ ပစ္စည်း များ လက်လီလက်ကား ဖြန်ချိရေး

Maykhalar Specialist Clinic Maykhalar Specialist Clinic
327, Shwe Bon Thar Street (Upper Block), Pabedan Township
Yangon

Specialist Clinic

HSU Clinic HSU Clinic
Daw Hnin Yin Street , Insein Township
Yangon, 11011

ဆု-​ဆေးကုခန်းက ကြိုဆိုပါသည်

ကချင်ဆေး - KachinMedicine OnlineShop ကချင်ဆေး - KachinMedicine OnlineShop
Yangon

ဝေဒနာတစ်ခုခုခံစား နေရသူများအတွက်ကခ

သီရိရတနာ အရိုး အကြော အထူးကု တိုင်းရင်းဆေးခန်း သီရိရတနာ အရိုး အကြော အထူးကု တိုင်းရင်းဆေးခန်း
အမှတ်၄၅၅၊ မာန်ပြေ ၁၁လမ်း(အရှေ့)၊ ၃ရပ်ကွက် သာ‌ကေတ၊ ရန်ကုန်မြို့
Yangon

သီရိရတနာ အရိုး အကြော အထူးကု တိုင်းရင်းဆေးခန်း

Htet Asia Specialist Clinic_ထက်အာရှအထူးကုဆေးခန်း Htet Asia Specialist Clinic_ထက်အာရှအထူးကုဆေးခန်း
Shwe Bon Thar Road
Yangon

This is the official page of Htet Asia Clinic which is located in the Upper block of Shwe Bon Thar Street. Please let us take care of your health.

Aung Tharaphu အထူးကုဆေးခန်း နှင့် ဆေးဆိုင် Aung Tharaphu အထူးကုဆေးခန်း နှင့် ဆေးဆိုင်
အမှတ် ၁၀၀၇/အခန်း ၃၊ ၂ရပ်ကွက် ၊ သုဓမ္မာလမ်းမ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
Yangon, 11031

Medical Center

May Thu - Medical Service May Thu - Medical Service
Yangon, 05041

medical

DSC Medical Specialist Clinic - ဒီအက်စ်စီ အထူးကုဆေးခန်း DSC Medical Specialist Clinic - ဒီအက်စ်စီ အထူးကုဆေးခန်း
G11, Ground Floor, Building A, Pearl Condo, Beside Of Promart , Corner Of Kabar Aye Pagoda Road And Sayar San Road, Bahan Township
Yangon, 11201

Providing Medical Treatment with “Best Quality, Good Service & Reasonable Price.” Health and Wellness for you and your family!

H.C.G Myanmar H.C.G Myanmar
Yangon

Active 24/7

Dr.Aung Lwin Phyo Dr.Aung Lwin Phyo
Parami Road
Yangon, 11061

တိုးတက်ပြောင်းလဲလာတဲ့နည်းပညာဆေးဝါးများနဲ့ကျားဆိုမှကျားပီသချင်တဲ့ဦးဦး၊ကိုကို၊မောင်မောင်တို့အတွက်