HTUN Car Rental

HTUN Car Rental

Car Rental & Transportation Service

Photos from HTUN Car Rental's post 02/03/2022

ရွှေဂုံတိုင် ရေခဲဆိုင် ဘက်ကနေ ဦးထောင်ဘို
အဝိုင်းဘက်သွားတဲ့အခါ...
အဝိုင်းနားက မျဥ်းဝါတွေကို မနင်းကြပါနဲ့ဗျာ...

ပုံမှာ မြင်ရတဲ့ အတိုင်း နတ်တိုင်လေးတွေ
အစီအရီ ကျန်ရှိနေပါတယ်...
တစ်လက်မ သာသာလောက် ထိုးထွက်နေတာမို့
ကားတာယာများ အတွက် အန္တာရယ် ရှိပါတယ်...

အရှိန်နဲ့ ဖြတ်သန်းတုန်း တာယာကွဲလျင်
(ဘယ်ဘက် တာယာ ဖြစ်နိုင်တာကြောင့် )
အရှိန်တုံ့ပြီး အဝိုင်းပါတ်လမ်းကြောင်းပေါ်မှာ
ကိုယ်ကျိုးနဲ နိုင်ပါတယ်...

ထိုနေရာကို ကျနော်က နေ့စဥ်လိုလိုဖြတ်သန်း နေပေမယ့်လည်း...ဒီနေ့မှ သတိပြုမိတာမို့ အကိုများသတိပြုနိုင်ကြပါရန် အကြောင်းကြားပါသည် ခင်ဗျာ...
Credit Ko Htun tun Naing

19/11/2021

ရန်ကုန်_မန္တလေး အမြန်လမ်းမကြီးပေါ် သတိထားမောင်းနှင်သင့်တဲ့နေရာများ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ရန်ကုန် နဲ့ မန္တလေးမြို့ တို့ကို ဆက်သွယ်ပေးထားသော ကန့်လန့်ဖြတ်လမ်းမရှိ အမြန်လမ်းမကြီး ဖြစ်ပါတယ်။ ဒီအမြန်လမ်းမကြီးကို ဒီဇင်ဘာ ၂၀၁၁ နှစ်ကုန် အချိန်ပိုင်းလောက်က စတင် ဖွင့်လှစ်အသုံးခဲ့တာပါ။ ပြည်ထောင်စုလမ်းကနေသွားမယ်ဆိုရင် ၁၆နာရီ၊ ရထားလမ်းကနေဆို ၁၃ နာရီကြာသောခရီးကို အမြန်လမ်းမကြီးကနေဆိုရင် ၇ နာရီတည်းနဲ့ ပိုမိုလျင်မြန်စွာ သွားလာနိုင်မှာ ဖြစ်ပါတယ်။

၃၆၆ မိုင် ၃ ဖာလုံ အရှည်ရှိသော အမြန်လမ်းမကြီးပေါ်တွင် အိမ်စီးကားလေးများကို ကီလို (၁၀၀)၊ Light Truck နဲ့ Hijet ယာဉ်များကို ကီလို (၆၀)၊ Express Bus များကို ကီလို (၉၀) ဝန်းကျင်သာ မောင်းနှင်ခွင့်ပြုထားပါတယ်။ အမြန်လမ်းမကြီးကိုအသုံးပြုတော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ အရှိန်နှုန်းတွေအတိုင်း မောင်းနှင်ဖို့လိုအပ်သလို တချို့နေရာလေးတွေမှာလည်း ပိုမိုဂရုစိုက်မောင်းနှင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ယခုတစ်ခါမှာတော့ အမြန်လမ်းမကြီးကို အသုံးပြုကြမယ့် ယာဉ်မောင်းများအတွက် ပိုမိုသတိထားမောင်းနှင်သင့်တဲ့ မိုင်တိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အကွေ့ – အမြန်လမ်းမှာ အရေးအကြီးဆုံးပါ ကိုယ့်အရှိန်ကို မထိန်းနိုင်ပဲ အိပ်မငိုက်ပဲနဲ့ မှောက်တာ အကွေ့တွေမှာပါ။ ၄၆ မိုင်၊ ၁၀၅ မိုင် ၊ ၁၇၃ မိုင် (သာဂရအကွေ့)၊ ၁၉၇ မိုင်၊ ၂၂၂ မိုင်၊ ၂၂၇ ကွေ့ဆင်း၊ ၂၄၂ မိုင် ( အကွေ့အကြမ်းဆုံး သတိပြုရမဲ့အကွေ့)၊ ၃၅၆ မိုင်၊ ၃၅၉ မိုင် အကွေ့အရမ်းကြမ်းပါတယ်။

ဂငယ်ကွေ့ – အမြန်မောင်းနေတဲ့ လမ်းမှာ ရှေ့ကားဂငယ်ကွေ့ရင် အရမ်းသတိထားရပါတယ်။ ၁၅ မိုင် (ဘုရားကြီးအနီး ဘုရားဖူးကားတွေ ရန်ကုန်ပြန်ဖို့ ဂငယ်ပြန်ကွေ့ကြပါတယ်)၊ ၁၁၃ (ကြက်ကာလသားချက်ဆိုင်)၊ ၁၄၇ (တောင်ငူအနီး)။

ကျွဲဖြတ် နွားဖြတ်- ၁၁၀ မိုင်နဲ့ ၁၄၇ မိုင် ကြားမှာ ကျွဲအုပ် နွားအုပ်တွေ ဖြတ်သန်းသွားလာတတ်ပါတယ်။ သတိထားပါ တိုက်မိရင် ပိုင်ရှင်စုံစမ်းမရပါ။

ဆိုင်ကယ်အဖြတ်အများဆုံး – ဟိုဘက်ဒီဘက် ကျေးရွာရှိတဲ့နေရာတွေမှာ အဓိက ဖြတ်သန်းပါတယ်။ ၁၃ မိုင် – မိုင်တိုင် ၂ဝ ကြား၊ ၁၄၇မိုင်- မိုင်တိုင် ၁၅၃ကြား (တောင်ငူ-ကေတုမနီ)၊ ၂၅၆မိုင် – မိုင်တိုင် ၂၆၂ ကြား (ပျော်ဘွယ်လမ်းခွဲ)။

မိုးရွာရင် – ရေဝပ်တဲ့နေရာတွေ သတိထားပါ။ အချက်ပြမီး ရှေ့မီးကြီး ဖွင့်ထားပါ။ ကီလိုမီတာ (၆၀) ထက် ပိုမောင်းလို့ မကောင်းပါ။

အတိုက်အများဆုံးနဲ့ ယာဉ်မောင်းအိပ်အငိုက်တတ်ဆုံး – ၁၃ မိုင် ၁၅ မိုင်ကြား၊ မိုင် ၂၀ ပတ်လည်၊ မိုင် ၈၄-၁၀၀ မိုင်တိုင် ကြား၊ မိုင်တိုင် ၂၈၅-၃၃၀ ကြား။

Highway မောင်းတော့မယ်ဆိုင် ယာဉ်ကြံ့ခိုင်ရေး၊ ခရီးဝေးသွားမယ်ဆို တာယာ မနှမျောပါနဲ့။ အင်ဂျင်ဝိုင် ရေတိုင်ဂီရေ ကားကြံခိုင်ရေး သေချာပြင်ဆင်သင့်ပါတယ်။ တံတားဦး လေဆိပ်အဝိုင်း မန္တလေးတိုးဂိတ်အကျော်ကို ညပိုင်းဆို သတိထားပါ။ ရှေ့အလယ်တည့်တည့်မှာ မီးမရှိတဲ့အဝိုင်းကြီး စောင့်ကြိုနေပါတယ်။

ကားကြံခိုင်ရေး စစ်ဆေးချိန် မရရင် ညပိုင်းသွားခြင်း ရှောင်ကြည်ပါ။ ဒီစာကိုရေးသားနိုင်တာဟာ တစ်ဦးတည်း အတွေ့အကြုံမဟုတ်ပါ။ ယာဉ်မောင်းသက် ၁၅ နှစ်ကျော် ရှိတဲ့ ယာဉ်မောင်း မိတ်ဆွေကြီးတွေ ရဲ့ အတွေ့အကြုံတွေကြောင့်ပါ။ အမြန်လမ်း အသုံးပြုတဲ့ မိတ်ဆွေတွေ ဘေးကင်းနိုင်ကြပါစေ။

မူရင်းရေးသားသူကို Creditပေးပါတယ်ခင်ဗျာ

29/10/2021

ဒီနေ့ ညောင်တုန်းအသွားအပြန်အားပေးတဲ့အစ်မကျေးဇူးပါ.

အရေးကြီးအလုပ်ကိစ္စနဲ့နယ်သွားစရာရှိရင်ဖြစ်ဖြစ်၊
စိတ်တွေမွန်းကြပ်လို့ ရက်တိုအပန်း‌ေြဖခရီးသွားမှာဖြစ်ဖြစ်၊ ရန်ကုန်ထဲပဲ နာရီပိုင်းသွားလာဖို့ပဲလိုလို
Hello လုပ်လိုက်ရုံပဲနော်
09457667134
09775283301

05/09/2021

Hotel, Airport အကြိုအပို့ အပြင်
Half Day, Full day ကားငှါးချင်ရင်
ဖုန်းလေးပဲဆက်လိုက်ပါ
အကုန်အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်စေရမယ်နော်
(Melia hotel အကြိုအပို့တုန်းကပုံလေးပါ)

09 457667134

19/08/2021

Flight နဲ့ခရီးသွားမယ့်သူတွေအတွက်
MAI နဲ့ Air KBZ ရဲ့ အကြံပြုချက်တွေပါ

08/08/2021

မောင်းလို့ရတယ် မရဘူး ???

၁။ ဘီးလေမရှိဘူး / လေအရမ်းနည်းနေတယ်။
🚘 မောင်းလို့မရဘူး !!!
တာယာလိမ်သွားမယ်။ တာယာပျက်စီးသွားမယ်။
လေထိုးပါ / အပိုဘီးနဲ့လဲပါ။

၂။ အင်ဂျင်ဝိုင်မရှိဘူး / အင်ဂျင်ဝိုင်မီးပြနေတယ်။
🚘 မောင်းလို့မရဘူး !!!
အင်ဂျင်နာမယ်။ အင်ဂျင်ချရတဲ့အထိ ဖြစ်နိုင်တယ်။
အင်ဂျင်ဝိုင်ဖြည့်ပါ / စစ်ဆေးပြုပြင်ပါ။

၃။ Heat မီးပြနေတယ် / Heat တက်နေတယ်။
🚘 မောင်းလို့မရဘူး !!!
ဂတ်စကတ်ပြတ်မယ်။ အင်ဂျင်ချရတဲ့အထိဖြစ်နိုင်တယ်။
စစ်ဆေးပါ / ပြုပြင်ပြီးမှဆက်မောင်းပါ။

၄။ ညဘက်မောင်းနေရင်း ရှေ့မီးကြီး‌တွေ မလင်း‌တော့ဘူး။
🚘 မောင်းလို့ရတယ်။
မီးသေးဖွင့်ထားပါ။ စုံမီးဖွင့်ထားပါ။တတ်နိုင်သမျှ ဖြည်းဖြည်းမောင်းပါ။ ကိုယ့်လမ်းကြောအတွင်းကပဲ မောင်းပါ။ အမြန်ပြုပြင်ပါ။

၅။ ညဘက်မောင်းနေရင်း နောက်မီးတွေ မလင်း‌တော့ဘူး။
🚘 မောင်းလို့ရတယ်။
နောက်ယာဉ် ဝင်တိုက်မယ့်အန္တရယ်ရှိတယ်။ စုံမီးဖွင့်ထားပါ။ တတ်နိုင်သမျှဘေးကပ်မောင်းပါ။ အမြန်ပြုပြင်ပါ။

၆။ ABS မီးပြနေတယ်။
🚘 မောင်းလို့ရတယ်။
စလစ်ဖြစ်မှာကို မထိန်းပေးတော့ပါ။
အရှိန်လျော့မောင်းပါ။ ရုတ်တရက် ဘရိတ်အကုန်နင်းတာကို တတ်နိုင်သမျှရှောင်ပါ။ မိုးဖွဲဖွဲ ရေစပ်စပ် အခြေအနေမှာ ပိုသတိထားမောင်းပါ။ စစ်ဆေးပြုပြင်ပါ။

၇။ ဆီကုန်မီးပြပြီ။
🚘 မောင်းလို့ရတယ်။
များသောအားဖြင့် 4L, 5L လောက် လက်ကျန်ရှိအုန်းမယ်။ အနီးဆုံးဆီဆိုင်ရှာပြီး ဆီဖြည့်ပါ။

8။ SRS / လေအိတ်မီးလင်းနေတယ်။
🚘 မောင်းလို့ရတယ်။
လေအိပ်အကာကွယ် မရနိုင်တော့ပါ။
ခါးပတ်တပ်ထားပါ။ ဆင်ဆာပျက်တာ ကြိုးပြတ်တာ ဘောက်ပျက်တာကြောင့်လင်းတတ်ပါတယ်။ ကွန်ပျူတာထိုးစစ်ကြည့်ပြီး ပျက်တဲ့ပစ္စည်းလဲတာ ဝါယာရိန်းလိုက်တာ လုပ်ရပါမယ်။

၉။ တံခါးမီးလင်းနေတယ်။
🚘 မောင်းလို့ရတယ်။
တံခါးတွေ lock သေချာကျလားစစ်ပြီးမှ‌မောင်းပါ။ ရေဝင်တာ ကြိုးပြတ်တာ ခလုတ်ပြတ်တာကြောင့် ဖြစ်တတ်ပါတယ်။ စစ်ဆေးပြုပြင်ရပါမယ်။

၁၀။ ဘရိတ်ကပ်နေတယ်။
🚘 မောင်းလို့မရဘူး !!!
ရှူးအပူလွန်ပြီး ညှော်နံ့ထွက်လာမယ်။ ရှူးပျက်စီးသွားမယ်။
ဘိရိတ်ကို နင်းလိုက်လွတ်လိုက်လုပ်ကြည့်ပါ။ ကားကို ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်ပါ။ ဘရိတ်ကပ်နေသေးရင် ပြုပြင်သူကိုခေါ်ပါ။

၁၁။ ဘရိတ်မမိဘူး။
🚘 မောင်းလို့မရဘူး !!!
ယာဉ်တိုက်မှုဖြစ်နိုင်တယ်။
ပြုပြင်သူကိုခေါ်ပါ။

၁၂။ ဘရိတ်လျောနေတယ်။
🚘 မောင်းလို့ရတယ်။
ယာဉ်တိုက်မှုဖြစ်နိုင်တယ်။ သတိထားပြီးဖြည်းဖြည်းမောင်းပါ။ အနီးဆုံးဝပ်ရှောတွင် စစ်ဆေးပြုပြင်ပါ။

၁၃။ ဘရိတ်ဆီမီးလင်းနေတယ်။
🚘 မောင်းလို့ရတယ်။
ဘရိတ်မိလားနင်းကြည့်ပါ။ ဘရိတ်မမိရင် မောင်းလို့မရပါ။ ဘရိတ်ဆီလျော့နေလားစစ်ပါ။ လျော့နေရင် ဖြည့်ပါ။ စစ်ဆေးပြုပြင်ပါ။

၁၄။ ဘက်ထွီမီးလင်းနေတယ်။
🚘 မောင်းလို့မရဘူး !!!
လမ်းမှာထိုးရပ်သွားနိုင်တယ်။ စက်သတ်ပြီး ပြန်နှိုးမရဖြစ်မယ်။
အချို့ လျှက်ထုတ်စက်လဲထားတဲ့ကားတွေမှာ လင်းနေလည်းမောင်းလို့ရတယ်။ ပြုပြင်သူကိုခေါ်ပါ။

၁၅။ IMA မီးလင်းလာတယ်။
🚘 မောင်းလို့ရတယ်။
IMA ဘက်ထွီ အပူချိန်မြင့်နေတယ်။ ကားရပ် ခဏနားပါ။ တံခါးတွေဖွင့်ထားပါ။ IMA Fan လေပေါက်တွေမှာ ပိတ်ကာထားမိတာရှိရင် ဖယ်ရှားပါ။ မှန်ပိတ် အဲကွန်းဖွင့်မောင်းပါ။

၁၆။ သော့ဘက်ထွီမီးပြနေတယ်။
🚘 မောင်းလို့ရတယ်။
သော့ဘက်ထွီမကောင်းတာ လှိုင်းမမိတာဖြစ်နိုင်တယ်။

၁၇။ ကားကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်။
🚘 မောင်းလို့ရတယ်။
ဆီစစ်ပိတ်နေတာ ဆီပန့်မကောင်းတာ ပလပ်မကောင်းတာ ပလပ်ကွိုင်မကောင်းတာ ဖြစ်နိုင်တယ်။ စစ်ဆေးပြုပြင်ရပါမယ်။

၁၈။ ခွေးတိုက်မိပြီး ရေတိုင်ကီပေါက်သွားတယ်။
🚘 မောင်းလို့မရဘူး !!!
Coolant တွေထွက်ကုန်ပြီး (နံပတ် ၃ ကြည့်) အင်ဂျင် Heat တက်လာမယ်။ ပြုပြင်သူကိုခေါ်ပါ။

၁၉။ အောက်ပိုင်းတိုက်မိပြီး ဆီခံဗန်း‌ကွဲသွားတယ်။
🚘 မောင်းလို့မရဘူး !!!
အင်ဂျင်ဝိုင် / ဂီယာဝိုင်‌တွေ ထွက်ကုန်ပြီး (နံပတ် ၂ ကြည့်) အင်ဂျင် / ဂီယာဘောက်ပျက်မယ်။ ပြုပြင်သူကိုခေါ်ပါ။

၂၀။ Drive belt ပြတ်သွားပြီ။
🚘 မောင်းလို့မရဘူး !!!
ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။
စတီယာရင်လေးသွားမယ်။ ဘရိတ်မာသွားမယ်။ ဘက်ထွီ အားမဝင်တော့ဘူး။ အဲကွန်းမအေးတော့ဘူး။ ပြုပြင်သူကိုခေါ်ပါ။

၂၁။ ကားကလူးပြီး ယိမ်းထိုးနေတယ်။
🚘 မောင်းလို့ရတာလည်းရှိ မရတာလည်းရှိ 😁
ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။
တာယာတွေမကောင်းတာ၊ ဘီးနတ်တွေချောင်နေတာ၊ ဟက်ဘောတွေချောင်နေတာ၊ ဆွဲထိန်းတွေမကောင်းတော့တာ၊ စတီယာရင်စနစ်ယိုယွင်းလာတာ အောက်ပိုင်းအစိတ်အပိုင်းများ မကောင်းတော့တာကြောင့်ဖြစ်တယ်။ အမြန်ဆုံးစစ်ဆေးပြုပြင်ပါ။

မှတ်ချက်။ ။ ကားအမျိုးအစားနဲ့ပြသနာမတူနိုင်တာ ကားအကြောင်းသိနားလည်းကျွမ်းကျင်မှုမတူတာကြောင့် လှေနံဓါးထစ်မမှတ်ယူဘဲ အ‌ခြေအနေအရ လိုအပ်သလို ချိန်ဆယူသင့်ပါတယ်။
ကားနဲ့ပတ်သက်ပြီး သိပ်မသိသူများအတွက် အထောက်အကူရအောင် အတွေ့အကြုံအရ ရေးခြင်းဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက မေတ္တာရှေ့ထားထောက်ပြစေလိုပါတယ်။

Credit to Ko Tun Oo

Photos from HTUN Car Rental's post 29/07/2021

အမြန်လမ်းပေါ်မှသွားရောက်နိုင်သောမြို့မိုင်တိုင်များနှင့်မြေပုံများ

13/07/2021

ကြွေးယူ ကတိတည်တဲ့ ဦးဇော်ဇော်

အနှစ်ချုပ်ကတော့....
ဦးဇော်ကိုယ်တိုင်ကလည်း ငယ်ငယ်က
ဆင်းရဲတယ်။
ဒါ့အပြင် ဦးဇော်က ဖဲရိုက်တယ်။
အရက်သောက်တယ်။
ဒါပေမဲ့ သူက ဖဲကျွေးတင်ရင် နောက်နေ့မှာ
ချက်ချင်း ဆပ်တယ်။
အများအားဖြင့် ဖဲဝိုင်းထဲက ဖဲကြွေးဟာ
ဖဲဝိုင်းထဲမှာပဲ ပြန်ရှင်းကြပေမယ့် ဦးဇော်က
ဖဲကြွေးကို နောက်နေ့ပဲ ပြန်ဆပ်နိုင်အောင်
ကတိတည်တယ်။

နောင်တစ်ချိန်မှာ သူစီးပွားရေးလုပ်ဖို့ လိုအပ်တဲ့
ငွေသိန်းထောင်ချီကို သူဖဲရှုံးတိုင်း ငွေချေးနေကျ
လုပ်ငန်းရှင်ကြီးကပဲ ယုံယုံကြည်ကြည်နဲ့
ချေးပေးလိုက်တာ။
လူတွေက အဲဒီလုပ်ငန်းရှင်ကြီးကို မေးတယ်။
"ခင်ဗျားဗျာ..အောင်ဇော်ဝင်းလို ဘာမှမရှိတဲ့
လူကို ဘာလို့ ငွေသိန်းထောင်ချီ ချေးလိုက်တာလဲ..''
"ဖဲကြွေးတောင် ကတိတည်တဲ့ကောင်ကွာ..
စီးပွားရေးလုပ်ဖို့ ငါချေးရဲတာပေါ့..
ငါက သူဘာကောင်လဲဆိုတဲ့
လူကို ချေးတာမဟုတ်ဘူး..
သူပြန်ဆပ်မှာလား မဆပ်ဘူးလားဆိုတဲ့
စိတ်ဓာတ်ကို ချေးတာ..''

အဲဒီလုပ်ငန်းရှင်ကြီးက ခုချိန်မှာ
နာမည်ကြီး ဘဏ်ပိုင်ရှင်တစ်ဦး ဖြစ်နေပြီး
ဦးအောင်ဇော်ဝင်းကလည်း တကယ့်
သူဌေးကြီးတစ်ဦး ဖြစ်နေပြီ။
ကျွန်တော့်ကို တွေ့တိုင်း ဦးဇော်က တဖွဖွ
ဆုံးမယ်တယ်။
"ကတိ တည်စမ်းပါသားရယ်..
ကတိတည်တဲ့အခါ
မင်း တကယ့် ပဒေသာပင်ကြီးကို ရသလိုပဲ..''

အမှန်ပါပဲ..
ကတိတည်ခြင်းဟာ တကယ့် ဘက်ဂရောင်းပဲ။
အထူးသဖြင့် ငွေကြေးနဲ့ပတ်သက်ရင်ပေါ့.
ငွေချေးပြီး ပြန်ဆပ်ခြင်းဟာ
ကိုယ့်အတွက် တကယ့်ကောင်းကျိုးတွေချည်းပဲ။
အမြတ်ချည်းပဲ။
သူ့ငွေ သူ့ပြန်ပေးတာလေ..
ကိုယ်က ကြားထဲက နာမည်ကောင်းရတယ်။
ဘယ်လောက် မြတ်လဲဗျာ..။

ဒါကို လူတွေ နားမလည်ကြဘူး။
ကိုယ့်ကိုယ် ငွေချေးပေးတယ်ဆိုထဲက
(အတိုးယူသည်ဖြစ်ပါစေအုံး..)
ခင်မင်ယုံကြည်ပြီး ကိုယ့်ဒုက္ခသောကကို
ကူညီပေးချင်လို့ ဆိုတဲ့မိတ်ဆွေကောင်းမို့သာ
ငွေချေးတာ ဖြစ်ပါတယ်။
ဒီခေတ်ထဲ ကိုယ်ဒုက္ခရောက်နေလို့
ငွေချေးပေးတယ်ဆိုတဲ့ မိတ်ဆွေအရမ်းရှားပြီ။
ငွေပြန်မဆပ်တဲ့အခါ ကိုယ်ရလိုက်တာက
ဒီငွေနည်းနည်းလေးပဲ..။

ကိုယ်ဆုံးရှုံးမှာက အဲဒီ မိတ်ဆွေကောင်းဆီက
နောက်ထပ် အကူအညီတွေ အားလုံး အပြင်
သူကလည်း ကိုယ်ဟာ ကတိမတည်ကြောင်း
အခြားသူတွေကို ပြန်ပြောမှာ ကျိန်းသေတယ်။
ကတိတည်ခြင်း ၊ ငွေချေးပြီး ပြန်ဆပ်ခြင်းဟာ
အမြင့်ကိုတက်မယ့် လှေကားထစ်တွေပါပဲ။
ဒါပေမဲ့ အများစုက ကိုယ့်လှေကားကိုယ်
ရိုက်ချိုးနေကြတယ်။
သနားမိပါတယ်။

တကယ်တော့ ငွေပြန်မဆပ်သူဟာ
သူ ရလိုက်တယ်ထင်ပေမယ့်
တကယ်တမ်းကျ တော်တော်လေး ရှုံးပါတယ်။
သူ ရှင်သန်ရမယ့် ဘဝသက်တမ်းတစ်လျှောက်
နာမည် သေ သွားပါပြီ။
ဒီပုံရိပ်ဟာ ဘယ်လောက်ဆိုးသလဲဆိုရင်
သားသမီး အထိပါ သက်ရောက်ပါတယ်။
"ဒီကလေးက ဘယ်သူ့ သားသမီးလေ..'' ဆိုတာ
ကျွန်တော်တို့ မြန်မာတွေ သိပ်သုံးပါတယ်။
ကိုယ့်သားသမီးတွေအထိ ''မယုံရဘူး..''ဆိုတဲ့
နာမည်ဆိုးကို ဘာမှ မဟုတ်တဲ့
ငွေလေး မဖြစ်စလောက်နဲ့ လဲသွားကြတဲ့အပြင်
ကိုယ့်ကိုယ် တကယ့်စိတ်ရင်းခင်မင်မှုနဲ့
ကူညီပေးချင်တဲ့ ရှားပါးမိတ်ဆွေတွေကိုပါ
အဆုံးရှုံးခံဝံ့ကြတဲ့သူတွေနဲ့ ကြုံတိုင်းဆုံတိုင်း
သနားစိတ်နဲ့သာ ပြုံးမိပါတော့တယ်။

ဘဝတစ်လျှောက် ဘယ်တော့မှ အမြင့်ကို
မရောက်ဖူးကြမယ့် သနားစရာ လူတွေပါပဲ။
တနည်း..
ကိုယ့်ဘက်ဂရောင်းကိုယ်
ရိုက်ချိုး ဖျက်စီးနေကြသူတွေပေါ့..။
crd to original uploader

02/07/2021

အတိအကျတော့မမှန်ဘူး။ ဒါပေမယ့်မမှားဘူး။

လုပ်ငန်းရှင်

သိန်းတသောင်းနဲ့ အလုပ်လုပ်တယ်
ဆိုပါတော့ဗျာ
အတိုးက ၁၃ ရာနူန်း ဆိုတော့
တနှစ်နေရင် သိန်း ၁၃၀၀ ကျသင့်တယ်
မြတ်လာရင် အမြတ်ပေါ်မှာ 25%
ဆောင်ရမယ် ဗျာ ဒီတော့

သိန်းတသောင်းရင်းလို့
IRD ပြည်တွင်းခွန်က 10% မြတ်တယ်ဆိုတဲ့
Rate နဲ့ တွက်ရင် သိန်း တသောင်းပေါ်မှာ
သိန်း ၁၀၀၀ ပဲရှိတယ်
၁၀% မြတ်ရင် ၁၀၀၀ ပေါ်မှာ 25% မို့
သိန်း ၂၅၀ အစိုးရကိုပေးရသလို

အမြတ်ငွေ - 1000
Bank - 1300
IRD - 250

စိုက်ရငွေ - သိန်း 550
တနှစ်ရင်းငွေ
တန်ဖို့းကြုံခြင်း ပွားများခြင်းမပါဘူး

ဒီတော့ သိန်း တသောင်းယူပြီး
တနှစ်မှာ 10% ပဲမြတ်ရင် ခင်ဗျားရူံးပြီ
20% မြတ်လဲ ရှူံးတယ်
30%မြတ်လဲ ရှုံးတယ်
အလုပ်လုပ်လုပ်မလုပ်မလုပ်လုပ်
15% က ပေးရန်တာဝန်ရှိတယ်

Trading လုပ်တဲ့ သူတွေ ငွေလှည့်ရင်
အနည်းဆုံး Round Time 3 ခါရတယ်

ပစ္စည်းသွင်းတယ် သွားတာလာတာ
၁လခွဲ ပြန်ရောင်းတာ ရင်းတာ
ငွေ အလုံးပြန်ရောက်တာ အနည်းဆုံး
3 လကြာတယ်

လှည့်ငွေ အကြိမ်ဖြစ်မှ
ခင်ဗျား အမြတ်ကျန်မယ်

ကြားထဲမှာ မူဝါဒ ဥပဒေ ပြသနာ
အချိန်ကြာတာ ရှိတယ်

သိန်းတသောင်းလုံး လှည့်မရပဲ
Break Down တွက်ရင် ငွေလှည့်ဖို့ က
သိန်းတသောင်းရဲ့ 50%
ပထမကျော့မှာမို့ 5000 တခါ
3000 ထပ်ဖြည့် 2000 အပြည့်
ဒီလိုတိုးလည်ရတယ်

အဲဒီတော့ လုပ်ငန်းရှင်က စဉ်းစားတယ်
ဒေါ်လာစျေးက တက်တယ်

ငွေကြေးဖောင်းဖွတယ် ငွေဖောင်းပွ
သိန်း တသောင်းက တကယ်နေမှာ
8000ပဲ သုံးနိင်တယ်

ရှေ့ Risk နောက် Risk တွက်ရတယ်
မသေချာတဲ့ စျေးကွက်တွက်ကိန်း နဲ့
တန်းဖိုးများ အလုံးအရင်းဆုံးနိင်မှု ကို
သေချာမကိုင်တွယ်ရင်
အဲသူဟာ ဆုံးရှုံးနိင်ခြေ 50% ဖြစ်တယ်
မျှခြေက 50/50 ရှိတယ်
ဘဝပျက်သွားနိင်တယ်

အိမ်မှာထိုင်စားရင် တလကို သိန်း ၃၀ ဆို
လူတန်းစေ့ နေနိင်တယ်
သုံးတယ် ဆိုရင် 60 ကုန်တယ်
12 လ နဲ့တွက် 720 ကုန်တယ်

ပထမ သိန်း 550 ဆိုတာ နေထိုင်စရိတ်
Living Cost မပါဘူး
အခု 720 ဆိုတာ အေးအေးဆေးဆေး
သဌေးလို ခရီးလေးထွက်လိုက်
အမြီးလေးမြှောက်လိုက်
အီးလေးပေါက်လိုက်နေလို့ရတယ်

အလုပ်လုပ်ရင် အလုပ်လဲလုပ်ရမယ်
550 ဆိုတဲ့ ပေးရန်ရှိလဲ အမြဲ လိုက်ပါနေမယ်
စပြီးရင် ဆုံးမရဘူး

ဒီတော့ လုပ်ငန်းရှင်ဟာ
အလုပ်မလုပ်ခင် စဉ်းစားတယ်
တွက်ချက်ရတယ် Risk တွေ
Market တွေ Management တွေ
အကုန်တွက်မှ လုပ်ငန်းလုပ်သင့်မသင့်
စဉ်းစားတွေးတောရတယ်

အခုရေးသားချက် စဉ်းစားရမယ့်
အချက် ဥပမာပြောပြတာပါ

30/60 လဲရှိတာပဲဟာ မြတ်ရင်လဲ
မြတ်မှာပေါ့

လုပ်ငန်းရှင်ဟာ ဒီ ဟာရင်းမယ် မရင်းမယ်
Risk ယူရတာဟာ
အလုပ်လုပ်ခြင်းလို့ခေါ်တယ်

သိန်းတသောင်းရဖို့ ခင်ဗျားမှာ
အဲဒီတန်ဖိုးထက် ၃ဆလောက်တန်ကြေးရှိတဲ့
အာမခံ ပစ္စည်းလိုတယ်

ဒီတော့ လတ်တလော ချမ်းသာနေတဲ့
လုပ်ငန်းရှင်ဟာ ဒီ Game ကိုဆော့ခဲ့ကြတယ်

သိန်းတသောင်းတန်ချေးလို့ရတဲ့
မြေတွေ အိမ်တွေ မိဘကပေးထားတယ်

ဒါကိုအရင်းပြုကြတယ် စင်ပေါ်ရောက်တယ်
အောင်မြင်တယ်ဆိုတာ 50/ 50 ကို
20/80 ပြောင်းနိင်တဲ့စျေးကွက်ကို
ဖော်ဆောင်နိင်လို့ Risk ယူရဲလို့ပဲ

မယူရဲတဲ့သူ Game ကိုမသိတဲ့သူ
မိဘအမွေမထားတဲ့ မရှိတဲ့ ကောင်ကတော့
နင်းပြားက နင်းပြားပဲ ငမွဲက ငမွဲပဲ

ဒါမို့ ကိုယ်ထက်အောင်မြင်တဲ့
ကုန်သည် လုပ်ငန်းရှင်တွေ့ရင်
ကျနော်ကလေးစားတယ် အားကျတယ်
အတုယူတယ် သူ့အစားလဲ ဂုဏ်ယူတယ်

ချမ်းသာမှုဆိုတာ
Generation ၂ ဆက်အလုပ်လုပ်ရတယ်
အဘိုးအဘွားမှာ 40ကြိုးစားရပြီး
အဖေလက်ထက်မှာ 70% ကြိုးစားရတယ်
ဒါမှ
မြေးလက်ထက်မှာ 100% သူဌေးဖြစ်မယ်

ထိုင်နေမလား
ထသွားမလား

အိမ်မက်တိုင်းဟာ စျေးကြီးတယ် ။

Crd to original uploader

17/06/2021
31/05/2021

#အမြန်လမ်းညမဖြတ်သန်းရအချိန်များပြောင်းလဲသတ်မှတ်(၂၈.၅.၂၀၂၁)

#ခရီးသွားများသတိပြုရန်

🚙🛻🚍🚎
#ဘောနတ်ကြီး ပဲခူး (၄၁)မိုင်ဂိတ်
👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ ပြောင်းလဲသတ်မှတ်ထား

၇၂မိုင် #ဒိုက်ဦး
👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
ပြောင်းလဲသတ်မှတ်ထား...

၈၄ မိုင် #မြို့ချောင်း
👉🕖ည(၁၀)နာရီ
မနက်(၄)နာရီ
ပြောင်းလဲသတ်မှတ်ထား...

၉၉ မိုင် #ကညွှတ်ကွင်း
👉🕖ည(၁၀)နာရီ
မနက်(၄)နာရီ
ပြောင်းလဲသတ်မှတ်ထား

#ဖြူး (၁၁၅)မိုင်ဂိတ်

👉🕖ည(၁၀)နာရီ - မနက် (၄)နာရီ (‌အချိန်ပြောင်းလဲမှုမရှိ)

(c)လမ်းဆုံ #နေပြည်တော် (၂၀၀)မိုင်

👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
(‌အချိန်ပြောင်းလဲမှုမရှိ)

#သီးကုန်း မိတ္ထီလာ (၂၈၅)မိုင်
နေပြည်တော် - မန္တလေး
👉🕖ည(၈)နာရီ - မနက်(၄)နာရီ
မန္တလေး - နေပြည်တော်
👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
(‌ #အချိန်ပြောင်းလဲမှုမရှိ)

#မန္တလေး (၃၄၄/၅ )မိုင်ဂိတ်
👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
(‌အချိန်ပြောင်းလဲမှုမရှိ)
အချိန်များပြောင်းလဲခဲ့လျှင်ထပ်မံတင်ပြပေးသွားပါမည်။

Credit zawmoe pioneer

22/05/2021

#အမြန်လမ်းညဖြတ်သန်းချိန်များသိရှိရန်
🚙🛻🚍🚎
#ဘောနတ်ကြီး ပဲခူး (၄၁)မိုင်ဂိတ်
👉🕖ည(၈)နာရီ - မနက်(၄)နာရီ
(၂၀.၅.၂၀၂၁)တွင် ပြောင်းလဲသတ်မှတ်

#ဖြူး (၁၁၅)မိုင်ဂိတ်

👉🕖ည(၁၀)နာရီ - မနက် (၄)နာရီ (‌အချိန်ပြောင်းလဲမှုမရှိ)

(c)လမ်းဆုံ #နေပြည်တော် (၂၀၀)မိုင်

👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
(‌အချိန်ပြောင်းလဲမှုမရှိ)

#သီးကုန်း မိတ္ထီလာ (၂၈၅)မိုင်
နေပြည်တော် - မန္တလေး
👉🕖ည(၈)နာရီ - မနက်(၄)နာရီ
မန္တလေး - နေပြည်တော်
👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
(‌အချိန်ပြောင်းလဲမှုမရှိ)

#မန္တလေး (၃၄၄/၅ )မိုင်ဂိတ်
👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
(‌အချိန်ပြောင်းလဲမှုမရှိ)

Credit

18/05/2021

မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော်၊ မကွေး၊ မန္တလေး သွားချင်တဲ့နေရာကို အိမ်စီးကားလေးနဲ့
ကားစီးလုံုးငှားဖို့စဥ်းစားထားတယ်ဆိုဆက်သွယ်လိုက်နော်
Phone - 09 77 528 3301
09 457 667 134

17/05/2021

ဦးစားပေးရအောင်
******************
မိမိယာဉ်ကွေ့မည်ဆိုလျှင်
တည်တည့်သွားယာဥ်ကို ဦးစားပေးပါ။

တံတားသို့ မျက်နှာချင်းဆိုင်
တချိန်တည်းရောက်ရှိပါက
ဝန်လေးယာဉ်ကို ဦးစားပေးပါ။

လမ်းမကြီးမှယာဉ်ကို
လမ်းသွယ်မှယာဉ်က ဦးစားပေးပါ။

အရေးကြီးယာဉ်များ အချက်ပေးသံ
ဉဩဆွဲသံဖြင့်လာပါက ၎င်းတို့ကို ဦးစားပေးပါ။

အဝိုင်းပတ်တွင် အဝိုင်းထဲမှယာဉ်ကို ဦးစားပေးပါ။

တူညီလမ်းဆုံးတွင်
အရင်ရောက်သောယာဉ်ကို ဦးစားပေးပါ။

တူညီလမ်းဆုံး၌ တပြိုင်တည်းရောက်ရှိပါက
ညာဘက်ယာဉ်ကို ဦးစားပေးပါ။

ဦးစားပေးရမည့်ယာဉ်ကို ဦးစားမပေးမိ၍
ယာဉ်မတော်တဆမှုဖြစ်ခဲ့သော်
ဦးစားမပေးသည့်ယာဉ်မောင်းတွင်
တာဝန်အပြည့်ရှိပါသည်။

Crd
နေမျိုးသူရ

14/04/2021

14.April.2021 Update

အမြန်လမ်းခရီးသွားမည့်သူများ

ည၈ မနက်၄လမ်းပိတ်ပါတယ်

0မိုင် 41မိုင် ၁၁၅မိုင် ၁၅၈မိုင် ၂၀၀မိုင် စစ်ဆေးရေးဂိတ်တွင် ကားwheel tax Driving Licence လူဦးရေစရင်းအဓိကစစ်ပါသည်
အချို့ခရီးဆောင်အိတ်နှင့်ယဉ်ပေါ်ပါသောပစ္စည်းများကိုမသင်္ကာပါကစစ်ဆေးပါသည်

ရန်ကုန်အဝင် 0Mile တွင်တိုကင်ယူရပါမည်ပြီးလျင်အမှတ်(၃)လမ်းဆုံစစ်ဆေးရေးဂိတ်တွင်တိုကင်ပြန်အပ်ရပါသည်
0Mileနှင့်၃လမ်းဆုံ ၂ဂိတ်လုံးတွင်လူဦးရေနှင့်ပစ္စည်းများစစ်ဆေးပါတယ်ခင်ဗျာ

ယင်းမိုင်တိုင်များမရောက်ခင်အရှိန်လျော့မောင်းကြပါတခါတလေကားတန်းရှည်ရင်အရှိန်မထိန်းနိုင်မှာဆိုးလို့ပါ

နေပြည်တော်ဝင်မည့်သူများကတော့မြို့ဝင်စစ်ဆေးရေးဂိတ်တွင်ကားပေါ်မှဆင်းပြီး အမည် ယဉ်အမှတ် အသက် ဖုန်းနံပါတ် သွားမည့်မြို့နယ် ညအိပ်/နေ့ချင်းပြန် စရင်းပေးသွင်းရပါသည်

အမြန်လမ်းမိုင်တိုင်၂၀၀တိုးလ်ဂိတ်တွင်Wheel Tax Driving licence သက်တမ်းကုန်နေပါကသက်တမ်းတိုးရန်မှာကြားပြီးပျောက်ဆုံးပျက်စီးထားပါသက်ဆိုင်ရာရုံးမှထောက်ခံစာယူ၍ပြန်လည်လျောက်ထားရန်ပြောပါတယ်

လမ်းမှာကားတားလို့သနားပြီးမသိတယ့်လူ/ပစ္စည်းမတင်ဆောင်မိစေရန်သတိထားပါ
သနားလို့တင်မယ်ဆိုရင်လဲသင့်သဘောပါ

လမ်းတလျောက်ဆီဆိုင် စားသောက်ဆိုင်များအမြဲဖွင့်လျက်ရှိပါတယ်

သွားလမ်းသာလို့လာလမ်းဖြောင့်ဖြူးကြပါစေခင်ဗျာ

ခရီးသွားလာရာတွင်အဆင်ပြေရန်ရည်ရွယ်ပြီးမျှဝေယုံသက်သက်ပါခင်ဗျာ


THUYA ZERO to ZERO

14/04/2021

"ကားတွေ စစ်ရင် မကြောက်ပါနဲ့
အသာတကြည်အစစ်ခံလိုက်ပါ
ကားပေါ်မှာ လက်နက် မူးယစ်ဆေးဝါး တုတ် ဓါး
ဝရမ်းထုတ်ထားသူတွေ စစ်တာပါ
ကြောက်လို့ လှည့်ပြန်ရင် သူတို့စိတ်ထဲမှာ ဖောက်ခွဲရေး
ပစ္စည်းပါလို့ ထင်ပီး မရမကလိုက်ပါတယ်
ပစ်ခတ်ဖမ်းတယ်ကြားပါတယ် ....

အဲတော့ လုံးဝ လှည့်ပြန်တာတွေ မောင်းပြေးတာတွေ
မလုပ်ပါနဲ့ .... ❌
ဖုန်းတွေ စစ်တယ် ဆိုတာလဲ မဟုတ်ပါ 📵
အရင် ဆန္ဒတွေတအားပြကြတုန်းကတော့ ဖုန်းတွေ
စစ်ပါတယ် ခုဖုန်းတွေ မစစ်ပါ ....
နွေဦးတော်လှန်ရေး တက်တူး ထိုးထားလဲ သူတို့
ခနဲ့သလိုလို ပြောတာလောက်ကလွဲပီး ဖမ်းမှာ မဟုတ်ပါ .....
အဓိကကတော့ မောင်းမပြေးပါနဲ့ လှည့်မပြန်ပါနဲ့ ....❗

တုတ် ဓါး လက်နက် ဖောက်ခွဲရေး ပစ္စည်း နဲ့ ဝရမ်းထုတ်ထားသူတေ စစ်တာပါ ....

မောင်းမပြေးပါနဲ့ လှည့်မပြန်ပါနဲ့နော် ...... ❌

စေတနာဖြင့် .... 🤟🏼

07/04/2021

အမြန်လမ်းခရီးသွားမည့်သူများ

0မိုင် 41မိုင် ၁၁၅မိုင် ၁၅၈မိုင် ၁၇၃မိုင် ၂၀၀မိုင် စစ်ဆေးရေးဂိတ်တွင် ကားwheel tax Driving Licence လူဦးရေစရင်းအဓိကစစ်ပါသည်
အချို့ခရီးဆောင်အိတ်နှင့်ယဉ်ပေါ်ပါသောပစ္စည်းများကိုမသင်္ကာပါကစစ်ဆေးပါသည်

ယင်းမိုင်တိုင်များမရောက်ခင်အရှိန်လျော့မောင်းကြပါတခါတလေကားတန်းရှည်ရင်အရှိန်မထိန်းနိုင်မှာဆိုးလို့ပါ

နေပြည်တော်ဝင်မည့်သူများကတော့မြို့ဝင်စစ်ဆေးရေးဂိတ်တွင်ကားပေါ်မှဆင်းပြီး အမည် ယဉ်အမှတ် အသက် ဖုန်းနံပါတ် သွားမည့်မြို့နယ် ညအိပ်/နေ့ချင်းပြန် စရင်းပေးသွင်းရပါသည်

လမ်းတလျောက်ဆီဆိုင် စားသောက်ဆိုင်များအမြဲဖွင့်လျက်ရှိပါတယ်

သွားလမ်းသာလို့လာလမ်းဖြောင့်ဖြူးကြပါစေခင်ဗျာ

ခရီးသွားလာရာတွင်အဆင်ပြေရန်ရည်ရွယ်ပြီးမျှဝေယုံသက်သက်ပါခင်ဗျာ

Crd
THUYA ZERO to ZERO

30/01/2021

February 28 ထိထပ်တိုးပါတယ်

28/01/2021

ရန်ကုန်မြို့တွင်းကိုDriverအပါနဲ့ကားငှားသုံးဖို့လိုနေပြီဆိုရင် စျေးနှုန်းသင့်တင့်ပြီး၊ ကားလေးကလည်းသန့်၊ AC လည်းအေးစိမ့်နေတဲ့ ကားလေးတွေနဲ့ ဝန်ဆောင်မှုပေးဖို့အဆင်သင့်ပါပဲနော်
ကယ် Hello လုပ်လိုက်တော့နော်
HTUN car rental
Contact to - 09 457 667 134

28/01/2021

စက်သုံးဆီ ကိုယ်တိုင်တင်သွင်းလို
သူများအတွက်။

အပိုင်း 1, 2 , 3

စက်သုံးဆီများကို နိုင်ငံခြားမှတိုက်ရိုက်ကိုယ်တိုင်တင်သွင်းလိုသူ လူသစ်များအတွက်ပါ။
ပထမဆုံးလိုတာကတော့ ကုမ္ပဏီ တစ်ခုပါပဲ။ လက်ရှိ စက်သုံးဆီ တော့ရောင်းနေတာပဲ ကုမ္ပဏီ မရှိသေးသောလူများ ဆိုင်များအတွက်ပါ။ ကုမ္ပဏီ တည်ထောင်ပြီးမှ အဲ့ဒီမျာ ထုတ်ကုန်သွင်းကုန်လိုင်စင်နံပါတ်ရပါမယ်။ အဲဒါရှိမှ စက်သုံးဆီ တင်သွင်းလို့ရပါမယ်။ အဲ့ဒီ ထသက နံပါတ်က လိုင်စင်လျောက်ထားရာမှာ လိုအပ်ပါတယ်။
ကုမ္ပဏီ ကိစ္စ ပြီးရင်တော့ ဒုတိယ အနေနဲ့ MPTA (Myanmar Petroleum Trade Association) မှာအသင်းဝင်ရပါတယ်။ နေရာက UMFCCI 10th floor မှာပါ။ အသင်းဝင်ကြေးက ၃သိန်းခွဲ ခန့်ရှိပါမည်။ တစ်နှစ်တခါ သက်တန်းတိုးရပါမယ်။ သက်တမ်းတိုးခက ၅သောင်း ကျပ်ပါ။ လိုင်စင်လျောက်ထားတဲ့အခါ သက်တမ်းကျန်ရှိနေရပါမယ်။
အဲ့ဒါတွေပြီးရင်
၁။ ဘယ် Terminal နဲ့သွင်းမှာလဲ။
၂။ ဘယ် Supplies တွေနဲ့သွင်းမှာလဲ။
၃။ တန်ချိန်ဘယ်လောက်သွင်းမှာလဲ။
၄။ TT လား LC လား။
၅။ ပြည်တွင်းကဘယ်ဘဏ်ကိုသုံးမှာလဲ။
၆။ LC က ရက် ၃၀၊ ၆၀ ၊ ၉၀ ဘယ်ဟာကိုသုံးမှာလဲ။

၇။ LC and Banking အကြောင်းကို သိပြီးသားဖြစ်ပါရဲ့လား။
အဲ့ဒါတွေအဆင်ပြေပြီဆိုရင်ပေါ့လေ ကျန်တာတွေဆက်ပြောမယ်။
အခုတော့အဲ့ဒါတွေအရင်ပြောမယ်
အပိုင်း ၂ မှာဆက်လက်ဖတ်ရှူပါ။

------

စက်သုံးဆီ ကိုယ်တိုင်တင်သွင်းလို သူများအတွက်။
အပိုင်း ၂

တိုင်ပင်ပါ ဆုံးဖြတ်ပါ။ စက်သုံးဆီ ကိုနိုင်ငံသားတိုင်းတင်သွင်းခွင့်ရှိပါတယ်။

၁။ ဘယ် Terminal နဲ့သွင်းမှာလဲ။
အခုလက်ရှိ စက်သုံးဆီ တင်သွင်းသည့်နေရာ အများဆုံးမှာ သီလဝါဖြစ်ပါတယ်။
သီလဝါ မှာ ရှိတဲ့ Petro Terminal များကို အစဉ်အလိုက်ပြောရမယ် ဆိုရင်
၁။ မြတ်မေတ္တာမွန်
၂။ Apex
၃။ Puma
၄။ Elite
၅။ Max
၆။ Green Asia တို့နှင့်
OEA(old explosive anchorage) တို့ပဲဖြစ်တယ်။ OEA မှာ diesel only ပဲရပါတယ်။
Terminal တွေမှာ ထားရင် သိုလှောင်ခဆိုတာရှိပါတယ်။ တစ်လီတာ ကို သတ်မှတ်ထားတဲ့နှူန်းတွေက Terminal တစ်ခုနဲ့တစ်ခုမတူပါဘူး။ အနည်းဆုံးတစ်လစာပေးရပါတယ်။ OEA မှာ ဒီဇယ်တမျိုးထဲချလို့ရပါတယ်။ သဘောင်္ကနေဆီတွဲချတာပါ။ OEA မှာ LOA and draft ကန့်သတ်ချက်ရှိပါတယ်။
ဟုတ်ပြီ မြတ်မေတ္တာမွန် မှာပဲဆီချမယ်ဆိုပါစို့။ သဘောင်္ တစ်စီးကို တစ်ယောက်ထဲသွင်းမှာလား အများနဲ့ပေါင်းသွင်းမှာလား။ ဟုတ်ပြီ အများနဲ့ပေါင်းသွင်းမယ် ဆိုရင် မြတ်မေတ္တာမွန် ကိုဆက်သွယ်၊ shipments တွေကိုမေး စာရင်းပေးပေါ့။ အဓိကကျတဲ့ point လေးတွေပဲပြောပါရစေနော်။ ကျန်တာသူတို့နဲ့ဆက်လုပ်ပါ။

--------
စက်သုံးဆီ ကိုယ်တိုင်တင်သွင်းလို သူများအတွက်။

အပိုင်း ၃

၂ ။ ဘယ် Suppliers နဲ့ စက်သုံးဆီကိုတင်သွင်းမလဲ။

မိမိကိုယ်တိုင်က သဘောင်္တစ်စီးလုံးတင်သွင်းမည်ဆိုပါက ကြိုက်သည့်supplier နျင့်ချိတ်ဆက်ရသည်မှာ အဆင်ပြေသည်။ အများနှင့်ပေါင်းသွင်းမည်ဆိုပါ Terminal ပေါ်တွင်လည်းမူတည်ပါသည်။ Suppliers အများအပြားရှိပြီး ကျနော်သိသမျှဖော်ပြရလျင်
Hin Leong
Petro China (China Oil)
SK Energy
Cosco Daewoo
PTT
Shell
Traffigular
Wan Xaing
Vitol
Gunvor
Avon Ruppe
Finochem စသည်ဖြင့်ရှိကြပါတယ်။
အချို့ Terminal များဟာ Supplier တစ်ဦးထဲကိုသာ သုံးပြီး အချို့ကတော့ အဆင်ပြေသလိုသုံးကြပါတယ်။

၃။ တန်ချိန်ဘယ်လောက်သွင်းမှာလဲ

အဓိက ကတော့ ငွေနဲ့ဖြုန်းအားပါ။ အများဆုံးတင်သွင်းကြတာ ဒီဇယ်ပါ။ သူရာသီချိန်ရောက်ရင် ဝယ်လိုအားအတက်ဆုံးပါ။ တန် ၃၀၀ နှင့်အထက်သွင်းကြပါတယ်။ မိမိယူမည့် shipment မှာ ယူမည့်တန်ချိန်ကိုကြိုပြောရပါတယ်။ နောက်လအတွက် shipment ဆိုရင် ဒီလ လဝက်လောက်မှာပြောပေးရင်ပိုအဆင်ပြေတယ်။ ရန်ကုန်မြစ် river port ကိုအသုံးပြုရတဲ့အတွက် မိမိသဘောင်္တင်ဆောင်လာသော တန်ချိန်အတွက် MPA( Myanma Port Authority) ရဲ့ တစ်လတစ်ကြိမ်ထုတ်ပြန်သော ရေဇယားကိုကြည့်ပြီး သဘောင်္ စီစဉ်ရပါတယ်။ ဒါတွေကို မိမိတင်သွင်းမည့် Terminal မှလုပ်ပါလိမ့်မယ်။
အဲ့တစ်စီးလုံးကို ကိုယ်တစ်ယောက်ထဲသွင်းမယ်ဆိုရင် လုပ်နေကြမဟုတ်ရင် နည်းနည်းလေးတိုင်ပါတ်တက်ပါတယ်။ သဘောင်္ ကိုဘယ်သူကဌားမှာလဲ။ အေးဂျင့်ကိစ္စ BL ကိစ္စ SAD(shipping agency department) နဲ့အရင်ဆက်သွယ်တိုင်ပင်လုပ်ကိုင်ပါ။ အမှားအယွင်းမရှိစေချင်လို့ပါ။ သဘောင်္ ဆီမချရလို့ စောင့်နေရရင် စောင့်လျော်ကြေးတွေဘယ်သူပေးမှာလဲ အများကြီးပဲ။ မေးမြန်းစုံစမ်းပြီးမှ လုပ်ပါ။

Credit;
Petro link company limited

28/01/2021

ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ (၁၅၀)ယူနစ်အား ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ပေးသွားမည်

Photos from Ministry of Health, Myanmar's post 28/01/2021
10/01/2021

💁‍♀️💁‍♀️

💁‍♂️💁‍♂️ မြို့တွင်း၊ နယ်ဝေး ကားအငှားဝန်ဆောင်မှုများအတွက် Phone - 09457667134
ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

Photos from HTUN Car Rental's post 27/10/2020

ရန်ကုန် မြို့တွင်းပဲဖြစ်ဖြစ် မှော်ဘီ/ တိုက်ကြီး နီးနီးနားနားလေးပဲသွားဖို့ဖြစ်ဖြစ်
အဲကွန်းအေးအေးလေးနဲ့ကားလေးတွေ
လာငှားလို့ရနေပါပြီနော်
Phone - 09457667134

25/10/2020

💁‍♀️ မကြာခင်မှာ ခရီးစဥ်တွေပြန်သွားလို့ရတော့မှာဖြစ်လို့ High Way အတွက် ကားငှားဖို့စဥ်းစားနေရပီလား ?
Hello လေးပဲလုပ်လိုက်နော် အားလုံးအဆင်ပြေစေရမယ် 🥰
09457667134

05/07/2020

မိုးတွင်းမှာ‌ေတာ့လမ်းလျှောက်ရတာတင်မကဘူး၊ ကားမောင်းရတာပါစိတ်ရှုပ်ဖို့ကောင်းတယ်နော်။
ဒါကြောင့်ရန်ကုန်မြို့တွင်းသွားလာရအဆင်ပြေဖို့
customer စိတ်တိုင်းကျအချိန်ပိုင်း၊ နာရီပိုင်း ငှားရမ်းနိုင်မည့် HTUN car rental ကို Hi ပြီး booking လေးတင်ထားလိုက်တော့နော် ❤️
Phone - 09 457 667 134
- 09 77 528 3301

03/07/2020

ရန်ကုန် မှ နေပြည်တော်၊မော်လမြိုင်၊ပုသိမ် ခရီးစဥ်များကို သက်သာသောစျေးနှုန်းများအပြင်
ရည်မွန်သော driver များဖြင့် ငှားရမ်းနိုင်ပါပြီနော်
Phone No. 09457667134

Photos from HTUN Car Rental's post 01/07/2020

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ‌ေမာ်လမြိုင်၊ ပုသိမ်
မြို့တွေကို လောလောဆယ်အတွင်းဝန်ဆောင်မှုရယူနိုင်တဲ့ကားလေးတွေပါနော် 😍😍
သင့်တင့်တဲ့စျေးနှုန်းနဲ့ ကားဆရာတွေကလည်း အရမ်းသဘောကောင်းကြတာမို့စိတ်ချလက်ချhello လေးလုပ်ပေးရုံနဲ့ စိတ်တိုင်းကျဖြစ်စေရမှာပါ ❤️
Phone - 09457667134

01/07/2020

" ရန်ကုန်၊ မန္တလေး၊နေပြည်တော်၊မော်လမြိုင်၊‌ထားဝယ်၊ပုသိမ် ကားငှားမယ်ဆို ဒီကိုလာခဲ့လိုက်နော် "
HTUN ကိုဆက်သွယ်တိုင်ပင်ပြီး ကားလေးတွေ စိတ်ချလက်ချငှားလို့ရနေပါပြီနော်။
Phone - 09 457 667 134

28/06/2020

💁‍♂️💁‍♂️ မြို့တွင်း၊ နယ်ဝေး ကားအငှားဝန်ဆောင်မှုများအတွက် Phone - 09457667134
ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address

Yangon

Other Car rentals in Yangon (show all)
Tun Tauk Car Rental Service Tun Tauk Car Rental Service
No. 1036, Yathawaddy Street, South Okkalapa Township
Yangon, 10091

မင်္ဂလာပါ

GMS Car Rental GMS Car Rental
No. 28 (Ground Floor), Ma Hlwa Gone Street, Tamwe Township
Yangon, 11211

Aung Brother Aung Brother
Thu Mingalar Road, Myanmar, Burma (Myanmar)
Yangon

စျေးနှုန်းချိုသာစွာဖြင့် ကားအငှားဝန်ဆောင်မှုပေးပါသည်

Easy Trip Car Rental Easy Trip Car Rental
Yangon, 123

Welcome from Easy Trip Car Rental.

Dwayarwaddy Thar Car Rental Services Dwayarwaddy Thar Car Rental Services
No. 46, Sein Chal Street, Kyaikkasan Quarter, Bahan Township, Myanmar. (Mya Lann Bus Stop)
Yangon, 11201

Lucky-Nine Car Rentalservice Lucky-Nine Car Rentalservice
No(81)Mingalar TaungNyunt (92)Township
Yangon

T.W.O Car Rental Service T.W.O Car Rental Service
Yangon

�စေတနာကောင်းလျှင် ကံကောင်းမည်�

Sae Lae Yadanar Car Rental Sae Lae Yadanar Car Rental
Thuzitar 9th Street
Yangon

Htet Myat linn Htet Myat linn
Yangon, 11162

မဂၤလာပါ

Ko Kyaw Naing Car Rental Ko Kyaw Naing Car Rental
No. 130, 94th Street
Yangon

ခရီးသွားကားအငှားဝန်ဆောင်မှု ပေးသည်

Naung Gyi Naung Gyi
492 Zabudeik Street Bokannyunt Ts
Yangon

Rental