Daw Chit Halal Kitchen

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Chit Halal Kitchen, Food & Beverage, Yangon.

08/09/2022

ငါးကြင်းအချိုကြော်

08/08/2022

ကြက်ဉငံပြာရည်ကြော်

Photos from Daw Chit Halal Kitchen's post 08/08/2022

ကော်ပြန့်ကြော်
ဖက်ထုပ်ကြော်
ခေါက်ဆွဲဖက်ထုပ်ဟင်းချို

Photos from Daw Chit Halal Kitchen's post 20/07/2022

ငါးကောင်လုံးချိုချဉ်
အမဲခြောက်ခရမ်းချဉ္သီးချက် 😝😝😝

Photos from Daw Chit Halal Kitchen's post 19/07/2022

Oven နဲ့လုပ်တဲ့ အမဲခြောက် မိုးရွာလဲ Oven ရိှရင်အမဲခြောက်လေးလုပ်စားလို့ရပါတယ် 😝😝😝

Photos from Daw Chit Halal Kitchen's post 24/06/2022

အာလူးပန်ကိတ်😋😋😋
Chit Halal Kitchen
#100% Halal
#100%Home Made
https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/

Photos from Balloopo's post 19/06/2022
15/06/2022

ကော်ရည်ခေါက်ဆွဲ😋😋😋
Chit Halal Kitchen
#100% Halal
#100%Home Made
https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/

Photos from JUST FOOD's post 14/06/2022
06/06/2022
Photos from Daw Chit Halal Kitchen's post 02/06/2022

ထိုင်းကြက်ပင်စိမ်းဟင်း
ငါးမီတန်သွယ်အိုးကပ်
ပလောင်တောင်မွှေးကြော် 😋😋😋
Chit Halal Kitchen
#100% Halal
#100%Home Made
https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/

31/05/2022

ဂွေးသီးငပိချက် 😋😋😋
Chit Halal Kitchen
#100% Halal
#100%Home Made
https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/

Photos from Daw Chit Halal Kitchen's post 31/05/2022

ထိုင်းငါးဖယ်ကြော် 😋😋😋
Chit Halal Kitchen
#100% Halal
#100%Home Made
https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/

10/05/2022

ဈေးခဏခဏမသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံ ရေခဲသေတ္တာထဲအထားခံအောင် သိမ်းဆည်းနိုင်မယ့် အသုံးဝင် မီးဖိုချောင်နည်းလမ်းလေးတွေပါ

အသားဆို ဆားနနွင်းနယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ် (ကြက် ၀က် အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)

ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်🍤🍤🍤

ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်

ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်

ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး
စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး
သိမ်းနိုင်ပါတယ်

ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်

ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်

ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်

မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ် 🥕🥕🥕

မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်

မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ် 🥬🥬🥬

မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်

ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်

ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်

ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်

ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်
အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်

နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်

ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်
ဖြန့်ထားကာ ထားနိုင်ပါတယ် 🌶🌶🌶

ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်🥦🥦🥦

ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်

ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ် 🍆🍆🍆

သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ် 🍋🍋🍋

သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်

ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်

အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ် 🍎🍇🍊🍋

ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ
အရောင်တင်မှုန့်ထည့်ပြီး
ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ
သိမ်းနိုင်ပါတယ်

ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့
အပြင်မှာဘဲထားစားပါ

ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ

ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်ရှင့်😇

Credit
Credit photos

Photos from Poe Ei Mon Win's post 08/05/2022
05/05/2022

Burger အသားပွား 😋😋😋
Chit Halal Kitchen
#100% Halal
#100%Home Made

01/05/2022

Marble Cake
မာဘယ်ကိတ်ကို ပုံမှန်ထက်အလွှာများများဖြစ်တဲ့ပုံစံမျိုးလုပ်ကြရ​အောင်.....။
ပါဝင်ပစ္စည်းများ ( ၈" x ၃.၅ " ကိတ်မုန့် ၁ လုံးစာ)
- ဂျုံ -၁၅၀ ဂရမ်
- Baking Powder - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား - ၁၄၀ဂရမ်
- ​ထောပတ် - ၁၀၀ ဂရမ်
(အခန်းအပူချိန်​ရောက်​အောင် ထုတ်ထားပါ)
- နွားနို့ - ၅၀ မီလီလီတာ
- ကြက်ဥ - ၂ လုံး
- ကိုးကိုးမှုန့် - စားပွဲဇွန်း ၂ ဇွန်း
- ဆီ - စားပွဲဇွန်း ၁ ဇွန်းခွဲ
မုန့်မဖုတ်ခင် ဂျုံနှင့် Baking Powder ကို​ရော​မွှေပြီး ဆန်ခါချထားပါ။ကိုးကိုးမှုန့်နှင့်ဆီကို ​ရော​မွှေ​ပေးပါ။
ပြုလုပ်နည်း
၁။ ပထမဆုံး သကြားနှင့် ​ထောပတ်ကိုပွလာ​အောင်စက်သို့ဟုတ် ​မွှေတံ​လေးနဲ့​မွှေပါ။
၂။ ခပ်ဖြူဖြူအ​ရောင်ဖြစ်လာပြီဆိုလျှင်ကြက်ဥကိုထည့်ပါ။
၃။ ခုနက ဂျုံအ​ရောကို ၃ ခါခွဲပြီး ထည့်​မွှေ​ပေးရပါမယ်။
၄။ ပထမဆုံး ဂျုံကိုထည့်ပြီးလျှင် နွားနို့တစ်ဝက် ကိုထည့်​မွှေပါ။ပြီးလျှင် ကျန်တဲ့ဂျုံကိုတစ်ခါထပ်ထည့်ပြီး သမ​အောင်​မွှေ၍ ကျန်တဲ့နွားနို့ကို ထည့်​မွှေပြီး ​နောက်ဆုံးမှ ဂျုံကိုထည့်​မွှေပါ။
၅။ ဂျုံ​မွှေပြီး၍ မုန့်နှစ်ရလာပြီဆိုလျှင် ၎င်းမုန့်နှစ်တစ်ဝက်ကို ကိုကိုးမှုန့်နှင့်ဆီ​ရောထားတဲ့အထဲ ထည့်​မွှေပါ။ ပြီးလျှင် ​ချောကလက်မုန့်နှစ်ရပြီး ပုံ​ဖော်ဖို့ အသင့်ဖြစ်ပါပြီ။
၆။ ပြီးလျှင် မုန့်နှစ်များကို Pipping Bag တစ်ခုစီ မှာထည့်ပါ။
၇။ ၈" အရှည် ၃.၅ " အကျယ်ရှိတဲ့ ဗန်း​လေးကို ​ထောပတ်သုတ်ပြီးဆီစိမ်စက္ကူခင်း​ပေးထားပါ။
၈။ မုန့်နှစ် အဖြူ နှင့် အညိုများကိုပုံပါအတိုင်းအဖြူတစ်လှည့် ၊ အညိုတစ်လှည့် ညှစ်ချ​ပေးပါ။
၉။ ​​နောက်တစ်လွှာကိုလည်း အဲဒီနည်းအတိုင်းပြုလုပ်ပါ။
၁၀။ မုန့်နှစ်များ မကျန်​တော့သည်အထိ ဆက်၍ လုပ်ပါ။
၁၁။ ပြီးလျှင် ၁၇၀ ဒီဂရီ အပူ​ပေးထား​သော အာဗင်မှာ ၃၅ မိနစ်ခန့် ဖုတ်ပါ။
၁၂။ မုန့် ကျက်မကျက်ကို တုတ်​လေးနဲ့ မုန့်သားအလယ်ကို ထိုးကြည့်ပါ။မုန့်နှစ်ကပ်မပါလာလျှင် ရပါပြီ။
Credit - favourite မုန့်လုပ်နည်း

16/04/2022

အုန်းနို့ခေါက်ဆွဲချက်နည်း 🍝

အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ

ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
အုန်းနို့နှစ် – ၁၆၀ ဂရမ်
ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)
ဆား – စားပွဲတင်ဇွန်း တဝက်
ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ပဲကပ်ကြော် – ၁၀ခု
မုန့်ကြွပ်ကြော် – ၁ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
ဘဲဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
ငရုတ်သီး အကြမ်းမှုန့် – အနည်းငယ်
သံပရာသီး – ၃လုံး (အစိပ်လေးများ စိပ်ထားပါ)
-------------------------------------------
ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ

ကြက်သား (သို့) ကြက်တောင်ပံ – ရခု (အတုံးသေးများ တုံးထားပါ)
ကြက်သွန်နီ – ၄လုံး (ဆီသပ်ရန် ထောင်းထားပါ)
ကြက်သွန်ဖြူ – ၂မွှာ (ဆီသပ်ရန် ထောင်းထားပါ)
ဂျင်း – လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
-------------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။

၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။

၄။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။

၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။

၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။

ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။

၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။

credit:

13/04/2022

"မဆလာ သရက်သီးအစပ်ယို"😱😱😱🤤🤤🤤

*** ..လိုအပ်တာလေးတွေ…

၁. သရက်သီးစိမ်း – 1 kg (၆၅ ကျပ်သား)
၂. ဆား – 7 tsp (လက်ဖက်ရည်ဇွန်း ၇ ဇွန်း)
၃. ကွမ်းစားထုံး (lime stone or Chuna or Choona) – 1/2 tsp (လက်ဖက်ရည်ဇွန်းတစ်ဝက်)
၄. ထန်းလျက် (palm sugar) – 800 g (၅၂ ကျပ်သား)
၅. ရေ – 1/4 cup (60 ml)
၆. ငရုတ်သီးအကြမ်းမှုန့် – 2 tbsp (ထမင်းစားဇွန်း ၂ ဇွန်း)
၇. မဆလာ – 2 tbsp (ထမင်းစားဇွန်း ၂ ဇွန်း)

သရက်သီးများကိုရေဆေးပြီး ပုံပါအတိုင်း အနည်းငယ်ထူထူလှီးပါ။

ပြီးလျှင် ထုံး (1/2 tsp) နှင့် ဆား(2 tsp) ရောဖျော်ထားသည့် ရေထဲထည့်ကာ ၁၂ နာရီခန့် စိမ်ထားပါ။

၁၂ နာရီခန့် စိမ်ပြီးလျှင် ရေ ၂ ခါဆေးကာ ရေသန့်သန့်ထဲ နောက်ထပ် ၅ နာရီခန့် ထပ်စိမ်ထားပါ။

ထို့နောက် ဇကာထဲထည့်ကာ ရေစစ်ထားပါ။

ထန်းညက် နှင့် ရေ (60 ml) ကို အိုးကြီးကြီးထဲထည့်ကာ medium heat ဖြင့် ပျော်သွားအောင်ကျိုပေးပါ။ (ထန်းညက်များ ပျော့လာလျှင် ဇွန်းဖြင့်ဖိချေပေးပါ၊)

ထန်းညက်များအားလုံးပျော်သွားသည်နှင့်

ဆား (5 tsp) နှင့် ရေစစ်ထားသည့် သရက်သီးများ ထည့်ကာ မီးအပူရှိန်ကို high heat တို့တိုး၍ သရက်သီးများကို အထက်အောက်လှန်ကာမွှေပေးပါ။ (သရက်သီးထဲမှ အရည်များ အများကြီးထွက်လာပါမယ်။)

သရက်သီး ထဲမှ ထွက်လာသည့်အရည်များကြောင့် အများကြီးဖြစ်လာသည့် ထန်းညက်ရေများ ပြန်ဆူလာသည်နှင့် အိုးကိုမီးဖိုမှ ဖယ်ကာ ၁ နာရီခန်. အအေးခံထားပါ။
(အထက်အောက်လှန်ကာ ၂ ခါခန့်မွှေပေးပါ။)

ပြီးလျှင် သရက်သီးဖတ်များကို ဆယ်ထုတ်ကာ အရည်စစ်ပါ။

သရက်သီးဆယ်ထုတ်ပြီးသည့် အရမ်းကျဲနေည့် ထန်းညက်ရည်ကို medium heat ဖြင့် ပြန်ကျိုပေးပါ။

ထန်းညက်ရေများ ပျစ်လာလျှင် မီးဖိုမီးကိုပိတ်ကာ အိုးကို ထိုမီးဖိုပေါ်မှ ဖယ်ထားပါ။ (မီးပိတ်ပြီးသော်လည်း မီးဖိုက ပူနေဆဲဖြစ်သောကြောင့် ဖယ်ထားဖို့လိုပါတယ်။)

ပူနေသည့်ထန်းလျက်ရည်ထဲ ငရုတ်သီးအကြမ်းမှုန့် နှင့် မာဆလာ ထည့်ကာ ၁ မိနစ်ခန့် မွှေပေးပါ။

ပြီးလျှင် သရက်သီးဖတ်များထည့်ကာ နှံ့သွားအောင် အမြန်မွှေရောပေးပါ။
(အပူရှိန်ကြောင့် သရက်သီးဖတ်များမှ အရည်များထပ်ထွက်လာနိူင်သဖြင့် သရက်သီးဖတ်များ နှင့် ထန်းညက်ရည် နှံ့သွားပြီးနောက်လည်း အအေးမြန်စေရန် ဆက်မွှေပေးပါ။)

အေးသွားပြီးနောက် အရမ်းမွှေး၊ အရမ်းစပ်၊ အရမ်းကောင်းကာ ဆိုးဆေးမပါ၊ ယင်ကောင်မနားသည့် အရမ်းသန့်ပြန့်သော မာဆလာ သရက်သီးအစပ်ယိုလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit .ချောစု

Photos from Daw Chit Halal Kitchen's post 12/04/2022

ကျောက်ကျောအမဲ ဘယ်ကရလဲ••?
အအေးဖျော်ရည်တွေမှာသုံးတဲ့
ကျောက်ကျောမဲမဲတုန်းကြီးကို စားသာစားနေကြတာ
ဘယ်လိုလုပ်မှန်း သိတဲ့သူက နည်းပါတယ်။
လုပ်နည်းကလည်း လျို့ဝှက်ထားလို့
သိပ်မသိကြပါဘူး။
ဘယ်ကနေ ထုတ်မှန်းလည်း မသိတဲ့သူများပါတယ်။
🔺ကျောက်ကျော
🔺အင်္ဂလိပ်အမည် Grass jelly plant
🔺သိပ္ပံအမည် Platostoma palustre
မော်လမြိုင်ဒေသအခေါ်. လိပ်သဲပင်၊
ရှမ်းပြည်ဘက်အခေါ်. နမ့်ပင်တူး ဆိုတဲ့ အပင်က
ထုတ်ယူပါတယ်။
အမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ
အပင်ကိုရေဆေး ကြိတ်ခြေပြီး၊ စစ်ရည်ရယူပါတယ်။
အရည်ကုန်ရအောင် ရေလေးနည်းနည်းစီ
လောင်းထည့်ပေးရပါတယ်။
အဲဒီအရည်ကိုစစ်ယူပြီး အပူပေးကျိုချက်ရပါတယ်။
အရည်အတော်လေး ပျစ်လာပီဆိုရင်
ကော်မှုန့်(သို့)ဆန်မှုန့်ကို လောင်းထည့်ပြီး
မီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။
starch (ကော်မှုန့်) မပါဘဲသူ့ချည်းသက်သက်ကျိုရင်
ကျောက်ကျောမဖြစ်ပါဘူး။
ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး
ကျောက်ကျောဖြစ်ပါမယ်။
တစ်ချို့ကတော့ ကော်မှုန့်ကို တစ်ပါထဲ ထည့်ကျိုကြပါတယ်။
ကြိုက်နှစ်သက်ရာပေါ့။
ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့
သုပ်စားကြပါတယ်။
အောက်ပြည်ဘက်ကတော့
အအေးဖျော်ရည်တွေနဲ့ တွဲဖက်သောက်သုံးကြပါတယ်။
လတ်လတ် ဆက်ဆက် ကျောက်ကျောပင်
(ရှမ်းအခေါ်-နမ့်ပင်းတူး အပင်) ကနေ ခူးပြီး ၊
ရေဆေး ၊
ခြေပြီး နယ် ၊
ဇကာတိုက် အနှစ်ကို ယူ ၊
ဆန်မုန့် အနည်းငယ် ထည့်ပြီး ၊
မီးနဲ့ လက် မပြတ်တမ်း မွှေ ၊
ပျစ်လာပြီ ဆိုရင် အအေးခံ ထားပြီး ၊
နောက်တစ်ရက် အတုံးလေးတွေ တုံးပြီး
ဈေးမှာ ရောင်းတာပါ ။
ကျောက်ကျော ပင်များကို
သတ်မှတ် ထားတဲ့ အချိန် ရောက်ရင်
အမြစ်ပါ မကျန် နှုတ်ပြီး အခြောက်လှန်း ကာ
ကိုယ်တိုင် လာဝယ် ကြသူများလည်း ရှိသလို
မန္တလေး ကို တိုက်ရိုက် တင်ပို့ ရောင်းချ ကြတဲ့
ဒေသ ထုတ်ကုန်ပေါ့ ။
ယနေ့ မြင်တွေ့နေ ရတဲ့
မန်းကျည်း ဖျော်ရည်ထဲလည်း ထည့်
ဖာလူဒါ ၊ ရွှေရင်အေး ထဲလည်း ထည့်
သီးသန့် ကျောက်ကျော ဖျော်ရည် ဆိုပြီးလည်း
သောက်ကြတဲ့ မည်းမည်း ကျောက်ကျောလေးတွေဟာ
အခု ပြထားတဲ့ အပင်က ရတာပေါ့ ။
◾ကျောက်ကျောမဲ၏ ဆေးဘက်၀င်ပုံ
၁။ အစာချေဖျက်နှုန်း ကောင်းမွန်စေပါတယ်။
အဓိက က Fiber
(အမျှင်ဓာတ် ပါ၀င်မှု များပြားတာကြောင့်) ။
၂။ လည်ပင်းနာတာကို သက်သာစေပါတယ်။
သူ့မှာပါ၀င်တဲ့ Compound တမျိုးက
လည်ပင်းနာတာကို သက်သာစေပြီး
ကလေးတွေအတွက် အိမ်သုံးဆေး အနေနဲ့လဲ
တိုက်ကျွေးကြပါတယ်။
၃။ သွေးတိုးကို ထိန်းညှိပေးနိုင်တယ်။
Black grass jelly ကသွေးတွင်း cholesterol ကိုလဲ
လျော့ကျစေနိုင်ပါတယ်။
၄။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့
antioxidants တွေ ပါ၀င်ပါတယ်။
၅။ အားလုံးအတွက် ပိုပြီး စိတ်၀င်စားစေတဲ့
နောက်တမျိုးကတော့ ဝိတ်ကျစေပါတယ်။
သွေးတွင်း ကယ်လိုရီ ဓာတ်ကို လျော့ကျစေပြီး
သူ့မှာပါ၀င်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက်
Energy အနေနဲ့ပဲအသုံးပြုပါတယ်တဲ့ ။
၆။ ငှက်ဖျားဝေဒနာတွေကို သက်သာစေတယ်။
၇။ ဝမ်းချုပ်ခြင်း
၈။ ရောင်ရမ်းခြင်း
၉။ဆီးချိုရောဂါ
၁၀။၀မ်လျှောခြင်း
၁၁။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ
၁၂။ ကိုယ်ခံအားတိုးပွားစေခြင်း
….စတဲ့
ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေပါတယ်။
ဒါကြောင့်
အကျိုးများပြားလှတဲ့ ကျောက်ကျောဖျော်ရည်ကို မကြာခဏ သောက်သုံးပေးဖို့ မမေ့ပါနဲ့။
◾◾
ဗဟုသုတအနေနဲ့ နောက်ထပ်ခု ပြောပြပေးချင်တာက
ပင်လယ်ကထွက်ရှိတဲ့ ရေမှော်ကျောက်ကျော
Agar လို့ခေါ်တဲ့ နောက်ကျောက်ကျော တစ်မျိုးကိုတော့
ပင်လယ်ကထွက်ရှိတဲ့ ရေမှော်(red algae or brown algae) မျိုးစိတ်တစ်မျိုးကနေ
ထုတ်လုပ်တာပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့်
ပြန်လည်မျှဝေပေးပါသည်။
Crd:
Ei Tone🤍🐼

06/04/2022

မေ့ရဲ့ သရက်ယိုထိုးနည်းလေး မျှဝေပေးပါမယ်ရှင် 😍

ပါဝင် ပစ္စည်း

-မချစ်စု သရက်သီး - ၄လုံး
-သကြား -၃၀ သား
-ဆား -အနည်းငယ်
-ကွမ်းစားထုံး - ထမင်းစားဇွန်း ၂ဇွန်း
-မဆလာ - ၁ဇွန်း
-ငရုတ်သီးမှုန့်/အရောင်တင်မှုန့် - လဘက်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

ပထမဦးဆုံး သရက်သီးကို အခွံခွာပြီး ကိုယ့်စိတ်ကြိုက်ပုံစံလှီးထားပါရှင်။ကွမ်းစားထုံးထည့်ပြီး သရက်သီးမြုပ်အောင် ရေစိမ်ထားပါနော်။နာရီဝက်စိမ်ပြီး ရေစင်အောင် စစ်ထားပါ။ရေစစ်ရင် သကြားနဲ့ဆားထည့်ပြီး နယ်ထားပါနော်။

ပြုလုပ်နည်း

ယိုထိုးမဲ့အိုးထဲကို သကြားနယ်ထားသော သရက်သီးတွေထည့်ပါ။မီးပူလာသည်နှင့်အမျှ သကြားတွေ အရည်ပျော်လာပါလိမ့်မယ် မွှေပေးနေပါရှင်။'မေ'ထည့်တဲ့သကြားအချိုးစားအတိုင်းဆို ပုံထဲကလို ခပ်ခြောက်ခြောက်လေးပါနော်။အရမ်းလဲမချိုပါဘူး။

ရွှဲရွှဲချိုချိုကြိုက်တဲ့သူက ၁၀သားလောက် ပိုကဲထည့်နိုင်ပါတယ်ရှင်။သကြားရည် ပျစ်လာပြီး ညောင်စေးလဲကျပြီ သရက်သီးအဖတ်လေးတွေလဲ ကြည်လာပြီဆိုရင် မဆလာ ထည့်ပါ။အစပ်လေးစားချင်ပါက ငရုတ်သီးမှုန့်သော်လည်းကောင်း အရောင်တင်မှုန့် သော်လည်းကောင်း ထည့်နိုင်ပါတယ်နော်။သမအောင်မွှေပြီးရင် ချလို့ရပါပြီရှင်။ ကဲ...ဒီလိုဆို လုပ်ရလွယ်ပြီး ကလေး လူကြီး မရွေးစားလို့ရတဲ့ ဆေးသကြားမပါ ဓာတုဆိုးဆေးမပါတဲ့ သရက်ယိုလေး ရပါပြီနော်

Credit to original uploader

05/04/2022

Chiffon Cake လုပ်နည်း

ဂျုံ ၂၀၀ ဂရမ် သကြား ၅၀ဂရမ် ရေ ၁၁၀ဂရမ်
ဘေကင်ပေါင်တာ ၅ဂရမ်
ကြက်ဥအနစ် ၆လုံး ဆီ ၁၀၀ဂရမ် cream of tar tar ၈ဂရမ် ဆား ၅ဂရမ် ကြက်ဥအကာ ၆လုံး
သကြား ၁၅၀ဂရမ်


👉step 1 သကြား+ကြက်ဥအကာ+ဆား+tartar ကို​ရော၍ ခြင်းလုံးနဲပွအောင်ရိုက် ပါ

👉step 2
ဂျုံ+ဘေကင်ကိုဇကာချပြီးသကြား ၁+ ရေ+ကြက်ဥအနစ်+ဆီတို့ကိုရော ပြီးရင်ခုနကရိုက်ထားတဲ့အကာကိုအနဲငယ်ယူ ပြီးယောက်မနဲ့ဖြေးဖြေးမွှေပါပြီးရင်ကျန်အကာထဲကိုအကုန်ရောမွှေပါဖြေးဖြေးမွှေပါအကြမ်းမမွှေရပါ
မုန့်သားပျက်တတ်ပါတယ် ပြီးရင်ဖုတ်မယ်ဗန်းကိုဘေကင်​​ပေပါ ခင်းပြီလောင်းထည့်ပါ

၁၈၀ဒီဂရီကြိုတင်အပူပေးထားတဲ့ Ovenမှာမိနစ်၅၀ခန့်ဖုတ်ပါ
Credit - favourite မုန့်လုပ်နည်း

02/04/2022

❤ #မာလာမောက်ချိုက်❤
သူ့အနှစ်က မာလာရှမ်းကောအနှစ်နဲ့မတူပါဘူးနော်
သက်သက်ချက်ရပါတယ်နော်
✅ကြက်သားပါမယ်
✅ပုဇွန်ပါမယ်
✅အမယ်စုံမယ်
✅ထုံမယ်စပ်မယ်မွှေးမယ်

冒菜 Maocai
မောက်ချိုက် ဆိုတာဘာလဲ......???

🇨🇳Sichuan (စီချွန်း) ပြည်နယ်အလယ်ပိုင်း၊ Chengdu (ချန်ဒူး) ဒေသ မှ ဆင်းသက်လာတဲ့
အစားအစာ တမျိုးဖြစ်ပါတယ်၊
ချန်ဒူး ဒေသ ဟာ အအေးပိုင်းဒေသဖြစ်တော့ ပူ၊စပ်၊ထုံ၊မွှေးတဲ့ ဟင်းလျာတွေကို ချက်ပြုတ်စားကြပါတယ်။

ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ အသား၊ငါးတွေကို မာလာအနှစ်နဲ့ ချက်ပြီး စွပ်ပြုတ်ပုံစံ စားသောက်ကြပါတယ်။

အလွယ်တကူ စားလို့ရအောင်
အသား၊ငါး၊အသီးအရွက်တွေကို
ထုတ်ထိုးပြီး ဟင်းရည်ထဲထည့်ပြုတ်စားကြတာပါ

冒菜 Maocai ပူပူနွေးနွေးဟင်းတစ်ခွက်ပေါ့

မာလာဟင်းရည် မာလာတုတ်ထိုး (ခ) မောက်ချိုင်
အနှစ် ကိုတော့ ကိုယ်တိုင်ချက်ထားတာဖြစ်တဲ့အတွက်
အထုံနှင့်အစပ်မစားနိုင်သူအတွက် လိုအပ်သလို ပြုပြင်ရပါတယ်

#မာလာမောက်ချိုက်လုပ်နည်း Video များ

(၁)
https://youtu.be/frki6hHLQAI

(၂)
https://youtu.be/WXj_VvDjBbI

(၃)
https://images.app.goo.gl/LgZutagQuNDDxmgNA
Photos
all

Photos from Daw Chit Halal Kitchen's post 31/03/2022

ဒေါ်ချစ်လက်ရာမရမ်းယို😋😋😋
Chit Halal Kitchen
#100% Halal
#100%Home Made
https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/

31/03/2022

ရွှေရင်အေး လုပ်နည်း😍😋

အခုလိုပူပြင်းတဲ့ အချိန်မှာ ရွှေရင်အေး လုပ်စားချင်သူများအတွက်ပါ။ ရွှေရင်အေး(၁၀) ပွဲစာအတွက် ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများကတော့

1. မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ

2. သာကူ ၂၅ ကျပ်သား ကျို ထားပါ

3. ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ

4. ပေါင်မုန့် ၁၀ ချပ်

5. အုန်းနို့ကျောက်ကျော ၂၅ ဂရမ် တထုတ် ကျိုထားပါ။

6. အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ)

7. သကြား ၂၅၀ ဂရမ် ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

8. ရေခဲ လိုသလောက်

9. ဆား သင့်ရုံ

ပြုလုပ်နည်း

ပထမဦးစွာ ရွှေရင်အေး လုပ်နည်းထဲမှာ လက်အဝင်ဆုံးဖြစ်တဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို ပြောပြပေးမှာပါ။ဆန်မုန့် ထမင်းစားဇွန်း ၈ ဇွန်း၊ကော်မုန့် ထမင်းစားဇွန်း ၂ ဇွန်း၊ဆား၊ဆွမ်းမွှေးရည် အနည်းငယ်တို့ လိုအပ်ပါမည်။ရေနွေးပူထဲတွင် ဆွမ်းမွှေးရည်မှအပ ပါဝင်ပစ္စည်းများ ထည့်ပါ။ပျစ်လာတဲ့အထိ မီးအားအနည်းငယ်ဖြင့် ကြိုပေးပါ

ပူလာလျှင် ဆွမ်းမွှေးရည်ကို အရောင်လိုသလို ချိန်ပြီး ထည့်ပေးပါ။ ရလာလျှင် ရေခဲရေထဲသို့ ဆန်ခါခံပြီး နည်းနည်းချင်း လောင်းထည့်ပေးပါ။ ဒါဆိုရင်တော့ သန့်ရှင်းတဲ့ မုန့်လက်ဆောင်းဖတ် ရပါပြီ။ ဆိုင်မှာလည်း မုန့်လက်ဆောင်းဖတ် လုပ်ပြီးသားကို ဝယ်လို့ ရပါတယ်။ အုန်းနို့ကျောက်ကျော အတွက်ကတော့ အရင်ဆုံး သကြား ၃၀၀ ဂရမ် ကို အုန်းနို့ တဗူး ရေ (၁ဒသမ၅လီတာ) ကျောက်ကျောမုန့် ၅၀ဂ ရမ် တို့ဖြင့် ရေမှာ ပျော်ဝင်သွားအောင် ကျိုပါ။

ကျိုနေရင်း အနည်းငယ် ပျစ်လာပြီဆိုရင်တော့ ဗန်းထဲထည့်ပြီး အအေးခံပါ။ဗန်းမှာ ၂လက်မ အနက်ရှိလျှင် သင့်တော်ပါသည်။ ကောက်ညှင်းပေါင်း / ချက်ဘို့အတွက် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့ အထိဆေးပြီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ၊ ချက်တော့မည် ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပြီး ပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ၊ အဲဒီအပေါ်မှာ ဆန်ကို ဖြန့်ခင်း၊ အိုးထဲ ရေထည့်ပီးနပ်တဲ့ အထိ ပေါင်းပါ၊ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။

အိုးသေးပီး ဆန်များရင် ၂ ခါ ခွဲပေါင်းနိုင်ပါတယ်။ အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။ သကြားကို ရေ အနည်းငယ်ဖြင့် သကြားပျော်ရုံလေး အပူပေးပါ။

ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းပြီး ရေခဲ၁တုံး ၂တုံး လောက်ထည့်လိုက်မယ်ဆိုရင် တစ်မိသားစုလုံး အရသာရှိစွာစားနိုင်တဲ့ ရွှေရင်အေး အေးအေးလေး ရပါပြီ။

#နောက်တနည်းပါ
*****************
ရွှေရင်အေး

နေ့ခင်းနေ့လည် ရာသီဥတုပူအိုက်တဲ့အချိန်မှာ အေးအေးလေး သောက်နိုင်မယ့် ရွှေရင်အေး (သို့) ဖာလူဒါ

ပါ၀င်ပစ္စည်းများ

သာကူစေ့ – ၁၀သား နှင့်သာကူချောင်း – ၁၀သား
ကျောက်ကျော – ၂၅ဂရမ် (၁ထုပ်) နှင့်အုန်းနို့ – 250ml (ဗူးကြီး၁ဗူး)
သကြား – ၅၀သားခန့် ၊ ဆား – အနည်းငယ် နှင့်Food Colour
မြေပဲလှော် – ၁၀သားခန့် နှင့်စပျစ်ခြောက် – ၅ကျပ်သား နှင့်ကျောက်ဖရုံယို – ၅ကျပ်သား
ပေသီး ၊ နို့ဆီ – ၁လုံး နှင့်နို့စိမ်း – ၁လုံး
ပြုလုပ်နည်း

ပထမဦးစွာ ရေ ၁လီတာခွဲခန့် ထည့်၍ ဆူအောင်တည်ပြီး သာကူစေ့များကို ထည့်ပြုတ်တာ အဆက်မပြတ်မွှေပေးပြီး သာကူမျက်စေ့ပျောက်သည်ထိထားကာ ရေအေးဖြင့် ဆေး၍ ဇကာနဲ့ရေစစ်ကာထားပါ။

ရေစစ်ပါက Food Colour ဖြင့် အရောင်ဆိုးထားပါ။ သာကူချောင်းကိုလဲ သာကူနည်းအတိုင်း ပြုတ်ကာ အအေးခံထားပါ။ ကျောက်ကျောကို ရေ၁လီတာခန့်ထည့်၍ မီနစ်၂၀ခန့် ကျိုကာ အအေးခံကာ လှီးဖြတ်ထားပါ။

အုန်းနို့ဗူးနှင့် သကြား၊ နို့ဆီ၊ နို့စ်ိမ်း၊ ရေသန့် ငါးကြင်းဖန်ခွက်၁ခွက်ခန့်တို့ကို ရောဖျော်ပြီး မိမိနှစ်သက်ရာ ပန်းကန်ထဲတွင် ပါဝင်ပစ္စည်းများထည့်၍ သုံးဆောင်နိုင်ပါပြီး ။ ရေခဲမုန့် နှင့်ကြက်ဥပူတင်းကြိုက်ပါက ထည့်စားနိုင်ပါတယ်။

Credit: Thida Lay Lay

Photos from Daw Chit Halal Kitchen's post 28/03/2022

Chit Halal Kitchen
#100% Halal
#100%Home Made
https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/

24/03/2022

ဒေါ်ချစ်လက်ရာကြက်ကြော် 😋😋😋
Chit Halal Kitchen
#100% Halal
#100%Home Made
https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/

23/03/2022

ထိုင်းဆိုင်တွေမှာဝယ်စားရင် စျေကြီးလို့ ကိုယ့်ဘာသာအိမ်မှာလုပ်စားနိုင်စေဖို့ ရေးပေးလိုက်တယ်နော် :-)

ထိုင်းစတိုင် ငါးဆားအုံမီးကင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှစ်သက်ရာငါးတစ်ကောင်ကိုကြေးခွံ မခွာဘဲ ဗိုက်ခွဲပြီး အထဲကအရာများအားလုံးထုတ် ပါးဟတ်ဖယ်ကာ ရေဆေးထားပါ။ ထုထားသောစပါးလင်နဲ့ရှောက်ရွက်အနည်းငယ်ကို ငါးကင်လျှင် အနံ့မွှေးစေဖို့အတွက် ခွဲထားသောဗိုက်ထဲသို့အစာသွပ်ပေးပါ။ ဆားကြမ်းနဲ့ဂျုံမှုန့်အနည်းငယ် ရေအနည်းငယ် တို့ကိုစေးလာသည်အထိနယ်ပြီး ငါးရဲ့နေရာအနဲ့ကို သုတ်လိမ်းပေးပါ။ ပြီးရင် ၁၅မိနစ်ခန့် လေသလပ်ခံပေးပါ။ပြီးမှ ငါးကိုကင်ပါ။ တူးမသွားစေရန် ဟိုဘက်ဒီဘက်လှန်ပြီး မိနစ်၃၀ခန့်ကင်ပေးရပါမယ်။
အချိန်ပြည့်လို့ကျက်ပြီဆို ငါးရဲ့အပေါ်လွှာကို ဖယ်ပြီးအတွင်းမှ အသားဖြူဖြူလေးကိုစားလို့ရပါပြီ။ အတော်လေးကောင်းမွန်တဲ့ ငါးဆားအုံလေးပါရှင့်
အချဉ်ရည်ဖျာ်နည်းက ငံပြာရည် သံပုရာရည် ကြက်သားမှုန့် သကြား ငရုတ်သီးစိမ်း သို့ ငရုတ်သီးမှုန့်ထည့်မွှေကာ တွဲဖက်စားသုံးနိုင်ပါတယ်။

*ဆားတွေမကပ်မှာစိုးလို့ ဂျုံမှုန့်အနည်းငယ်ထည့်သုံးထားပါတယ် ထိုင်းဆိုင်တွေမှာက ဂျုံမှုန့်မသုံးပါဖူးရှင့်

Credit : photo


(Unicode)
ထိုင်းဆိုင်တွေမှာဝယ်စားရင် ဈေကြီးလို့ ကိုယ့်ဘာသာအိမ်မှာလုပ်စားနိုင်စေဖို့ ရေးပေးလိုက်တယ်နော် :-)

ထိုင်းစတိုင် ငါးဆားအုံမီးကင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှစ်သက်ရာငါးတစ်ကောင်ကိုကြေးခွံ မခွာဘဲ ဗိုက်ခွဲပြီး အထဲကအရာများအားလုံးထုတ် ပါးဟတ်ဖယ်ကာ ရေဆေးထားပါ။ ထုထားသောစပါးလင်နဲ့ရှောက်ရွက်အနည်းငယ်ကို ငါးကင်လျှင် အနံ့မွှေးစေဖို့အတွက် ခွဲထားသောဗိုက်ထဲသို့အစာသွပ်ပေးပါ။ ဆားကြမ်းနဲ့ဂျုံမှုန့်အနည်းငယ် ရေအနည်းငယ် တို့ကိုစေးလာသည်အထိနယ်ပြီး ငါးရဲ့နေရာအနဲ့ကို သုတ်လိမ်းပေးပါ။ ပြီးရင် ၁၅မိနစ်ခန့် လေသလပ်ခံပေးပါ။ပြီးမှ ငါးကိုကင်ပါ။ တူးမသွားစေရန် ဟိုဘက်ဒီဘက်လှန်ပြီး မိနစ်၃၀ခန့်ကင်ပေးရပါမယ်။
အချိန်ပြည့်လို့ကျက်ပြီဆို ငါးရဲ့အပေါ်လွှာကို ဖယ်ပြီးအတွင်းမှ အသားဖြူဖြူလေးကိုစားလို့ရပါပြီ။ အတော်လေးကောင်းမွန်တဲ့ ငါးဆားအုံလေးပါရှင့်
အချဉ်ရည်ဖျာ်နည်းက ငံပြာရည် သံပုရာရည် ကြက်သားမှုန့် သကြား ငရုတ်သီးစိမ်း သို့ ငရုတ်သီးမှုန့်ထည့်မွှေကာ တွဲဖက်စားသုံးနိုင်ပါတယ်။

*ဆားတွေမကပ်မှာစိုးလို့ ဂျုံမှုန့်အနည်းငယ်ထည့်သုံးထားပါတယ် ထိုင်းဆိုင်တွေမှာက ဂျုံမှုန့်မသုံးပါဖူးရှင့်

Credit : photo

19/03/2022

ရေမထည့်ပဲနွားနို့နဲ့လုပ်ထားတဲ့ထောပတ်သီးကျောက်ကျော

ပါဝင်ပစ္စည်း
တယ်လီဖုန်းကျောက်ကျောအထုပ်သေးတစ်ထုပ်
ထောပတ်သီးမှည့်၂လုံး
နွားနို့၁လီတာခွဲ
သကြား၁၀သား(အချိုပေါ့ ဆိမ့်ဆိမ့်လေးစားချင်လို့)

ပြင်ဆင်ပုံ
နွားနို့တစ်လီတာ+ကျောက်ကျော+သကြားတို့ကို
ရောသမမွှေပါ။
နွားနို့လီတာဝက်+ထောပတ်သီးတစ်လုံးကို Blenderနှင့့်ကြိတ်ပါ။
ထောပတ်သီးတစ်လုံးကို အပေါ်ယံဖြူးဖို့အတွက်ပါပါးလှီးပါ။

ပြုလုပ်ပုံ
ရောမွှေထားသောကျောက်ကျောကိုကျိုပါ။
ကျောက်ကျောခဲမည့်အနေထားရောက်လျှင်
ကြိတ်ထားသောထောပတ်သီးထည့်ပြီးနှံ့အောင်မွှေပါ။
ပြီးလျှင်အဆင်သင့်ပြင်ထားသောဗန်းထဲသို့ထည့်ပါ။
အပေါ်ယံမှ ထောပတ်သီးလှီးထားတာလေးတွေဖြန့်ထည့့်ပါ။
အေးမှလိုသလိုလှီးပါရှင်။
K Thwe KThwe

Crd
🌺🌺🌺🌺🌺

ထောပတ်သီးကျောက်ကျော
ရေမထည့်ပဲ
နွားနို့နဲ့လုပ်ထားတာ

ပါဝင်ပစ္စည်း
တယ်လီဖုန်းကျောက်ကျောအထုပ်သေးတစ်ထုပ်
ထောပတ်သီးမှည့်၂လုံး
နွားနို့၁လီတာခွဲ
သကြား၁၀သား(အချိုပေါ့ ဆိမ့်ဆိမ့်လေးစားချင်လို့)

ပြင်ဆင်ပုံ
နွားနို့တစ်လီတာ+ကျောက်ကျော+သကြားတို့ကို
ရောသမမွှေပါ။
နွားနို့လီတာဝက်+ထောပတ်သီးတစ်လုံးကို Blenderနှင့့်ကြိတ်ပါ။
ထောပတ်သီးတစ်လုံးကို အပေါ်ယံဖြူးဖို့အတွက်ပါပါးလှီးပါ။

ပြုလုပ်ပုံ
ရောမွှေထားသောကျောက်ကျောကိုကျိုပါ။
ကျောက်ကျောခဲမည့်အနေထားရောက်လျှင်
ကြိတ်ထားသောထောပတ်သီးထည့်ပြီးနှံ့အောင်မွှေပါ။
ပြီးလျှင်အဆင်သင့်ပြင်ထားသောဗန်းထဲသို့ထည့်ပါ။
အပေါ်ယံမှ ထောပတ်သီးလှီးထားတာလေးတွေဖြန့်ထည့့်ပါ။
အေးမှလိုသလိုလှီးပါရှင်
Credit

18/03/2022

💥ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး စားကြရအောင်..💥

🔺ပါ၀င်ပစ္စည်းများ..

သင်္ဘောသီးစိမ်း - အနေတော် တလုံး
ပုဇွန်ခြောက် - အကောင် ၂၀ခန့်
မြေပဲလှော် - အစေ့၂၀ခန့်
ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ
ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ
ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ
ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး
သံပုရာသီး - တခြမ်း

🔺ပြင်ဆင်ပုံ

သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။

ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။

ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။

မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။

ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။

ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။

ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။

ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။

ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။

ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။

သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။

ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။

သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။

ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။

စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်..

😍စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေး စားလို့ရပီနော်..😍

Credit-မေလေး
Photo.: credit

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

#Soft Burger Bun#Daw Chit Halal Kitchen#100% Halal#100%Home Made
#Sushi Sandwich#Daw Chit Halal Kitchenhttps://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/
#Mayonnaise  (မရောနီစ်)#Daw Chit Halal Kitchen https://www.facebook.com/Daw-Chit-Halal-Kitchen-100178438191558/
#ယိုးဒယားသင်္ဘောသီးထောင်း
#Korea Fried Chicken 🍗🍗🍗
Homemade Mayonnaise 😋😋

Category

Telephone

Website

Address

Yangon
11231

Other Food & Beverage in Yangon (show all)
Sar Kyae Nor Sar Kyae Nor
39 Streets
Yangon

သန့်ရှင်းလတ်ဆက်သော အစားအစာများ

Burmese Tea Hlaing Thukha branch Burmese Tea Hlaing Thukha branch
Yangon, 11051

Any Day is a Burmese Tea Day ♥

Century Food Court Century Food Court
No. (24), Ground Floor, Kyauk Yae Twin Street, Kyauk Myaung, Tamwe Tsp;
Yangon, 2021

Food Business

Bake N Bite Bake N Bite
Yangon, 11201

Healthy Cookies

SEDAP Malaysia food SEDAP Malaysia food
Yangon

အရသာရှိသော မလေးရှား အစားအစာများကို ?

Sandy Wichy Sandy Wichy
Yangon

Delight - May Myo Coffee Delight - May Myo Coffee
No. 127/B, Thura 3 Street, 9 Ward, South Oakala Township
Yangon, 11091

Our arabica fine ground, Delight - MayMyo Coffee is organically and purely produced from the Catuai a

Foodie By SuJin Foodie By SuJin
Yangon

~Your Best Choice~

T Time Myanmar Teamix T Time Myanmar Teamix
No. 50/51, Moe Kaung Road, 13 Quarter, Yan Kin Township
Yangon

Every Time is T Time. အချိန်တိုင်း တီးတိုင်း(မ်)

ThaiEsan at Yangon-ရန်ကုန်မှထိုင်းအမျိုးသမီး ThaiEsan at Yangon-ရန်ကုန်မှထိုင်းအမျိုးသမီး
Aung Theikdi Street Ward28 North Dagon
Yangon

สาวไทยอีสาน ขอนำเสนออาหารไทยแซบๆใน

KEBAB KING KEBAB KING
27(A)103 Street , Mingalar Taung Nyunt
Yangon, YANGON