Eduvalor

Eduvalor

You may also like

Brite Goal
Brite Goal

We are educational consultants specializing in Singapore education for Myanmar students.

We provide guidance to Myanmar students who would like to apply to diploma courses in polytechnics and undergraduate programs in the public universities in Singapore.

Photos from Eduvalor's post 07/01/2024

"IGCSE Intensive Class By Eduvalor"

🔹️Eduvalor မှ IGCSE 10 Month Intensive Class နှစ်စဉ် ဖွင့်နေကြအတိုင်း 2024 November IGCSE Edexcel Exam အတွက် စဖွင့်ပါပြီ။

🔹️2024 January လ 8 ရက်နေ့ က နေ October လကုန် ထိပါ။
✅️English Language B
✅️English as Second Language
✅️ Mathematics
✅️ Chemistry
✅️ Physics
✅️ Biology
✅️ ICT
✅️ Accounting
( ၈ ) ဘာသာ တိတိ သင်ကြားပေးမှာ ဖြစ်ပါတယ်။

🔹️ ဘာသာရပ် တစ်ခုချင်းစီမှာ Main Teacher ရော Assistant Teacher / Guide များနဲ့ စဉ်ဆက်မပြတ် တောက်လျှောက် တစ်ခါတည်း theory သင်၊ မေးခွန်း လေ့ကျင့် ပုံစံနဲ့ သွားပါတယ်။ တစ်ဘာသာကို စုစုပေါင်း တစ်ပတ်ကို ( ၄ - ၅ ) ချိန် ထိ အချိန်ယူ သင်ကြားတာမို့ နောက်ထပ် ကျူရှင် ယူ Guide ငှားစရာ မလို ပါ။

🔹️ Online (ZOOM) only Class ပါ။

🔹️သင်တန်းကြေးလေး ကတော့ ဆယ်လစာ အတွက် အားလုံး အပြီးအစီးကို စုစုပေါင်း
(၇)ဘာသာ ယူမယ်ဆို သိန်း ( ၄၅ )ကျပ်
(၆) ဘာသာ ယူမယ်ဆို သိန်း ( ၄၀ ) ကျပ်
ကို (၃) ရစ် ခွဲသွင်းလို့ရပါတယ်။

✔️ မြန်မာ စနစ်ဟောင်း ဆယ်တန်း ဖြေထားပြီး စင်ကာပူမှ polytechnics ကျောင်းများ လျှောက်ထားလိုသူများ ထဲမှ ဆယ်တန်းအမှတ်နည်းသူများ
✔️ polytechnics ကိုလျှောက်ထားပြီး ဝင်ခွင့် စာမေးပွဲဖြေခွင့် shortlist မကျသူများ
✔️ ဆယ်တန်းစာသင်ဖူးပြီး ဆယ်တန်းမဖြေဖြစ်လို့ IGCSE ကို အချိန် တိုတိုနဲ့ ဝင်ဖြေချင်သူများ အတွက် ရည်ရွယ် ဖွင့်လှစ်တဲ့ အတန်းလေးဖြစ်ပါတယ်။

🔹️Eduvalor မှ မြန်မာဆယ်တန်းရမှတ်နဲ့ လျှောက်ထားရင်း စာမေးပွဲဖြေခွင့် shortlist မကျလို့ IGCSE ပြန် ဖြေချင်သူတွေအတွက် စီစဉ်ပေးတဲ့ အတန်းလေး ကို အတူဝင်ရောက် တက်လိုသူတွေအတွက် ကြေငြာပေးတာ ဖြစ်ပါတယ်။ တစ်နှစ်ကို တစ်တန်းသာ လူ ဦးရေ ကန့်သတ် ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ ကျောင်းသား ဦးရေ ( ၂၀- ၂၅ ) ထိသာ လက်ခံမှာဖြစ်ပြီး အခု ကြေငြာ မတင်ခင် (၁၀) ဦး အပ်ထားတာမို့ နောက်ထပ် ( ၁၀ - ၁၅ ) ဦးခန့် လက်ခံဦးမှာပါ။

❌️ နိုင်ငံတကာ Year 9 level, မြန်မာ စနစ်ဟောင်း ရှစ်တန်းလောက်သာ အောင်ထားတဲ့ ကလေးငယ်များ တက်ချင်တယ်ဆိုရင်တော့ စာအတော်လိုက်လုပ်ရမှာဖြစ်ပါတယ်။ အရမ်း recommend မပေးပါ။ သင်တန်းကျောင်း တစ်ခုခုကနေ pre-IGCSE လောက်တော့ ပြီးမှ အဆင်ပြေပါလိမ့်မယ်။

❗️စာသင်ချိန် များတဲ့ Intensive Class ပါ။ အခြား ကျောင်း၊ အလုပ် စသည် တွဲတက်၊ တွဲလုပ်ဖို့ အဆင်မပြေပါ။
❗️Adult learning class style ဆန်ပါတယ်။ Attendence မရှိပါ။ အတန်းချိန် တိုင်း အတွက် recording ကို channel များ ခွဲခြားပြီး ချက်ချင်း ပြန်တင်ပေးပါတယ်။ အတန်းမတက်ဖြစ်ရင်၊ စာပြန်နားထောင်ချင်ရင် ကြိုက်တဲ့ အချိန် ပြန်ကြည့်လို့ရပါတယ်။
❗️ စာလုပ်ဖို့ တကူးတက လိုက်ပြော လိုက်ကြည့်မယ့်သူမရှိပါ။ ဆရာတွေသင်သွားတာ၊ Guide တွေနဲ့ ပြန်လေ့ကျင့်တာတွေကို တစ်ခါတည်း မိမိအသိစိတ်နဲ့ ကြိုးစား လိုက်လေ့လာ လိုက်လုပ်ရပါ့မယ်။

🏡 အတန်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Eduvalor ကျောင်း page chatbox ကနေ ဖြစ်ဖြစ်၊ ကျောင်းကို တ်ိုက်ရိုက်လာသည်ဖြစ်ဖြစ်၊ ဖုန်းနဲ့ ဖြစ်ဖြစ် စုံစမ်း အတန်းအပ်လို့ ရပါပြီ။

💻 Eduvalor ကျောင်း page :
https://www.facebook.com/eduvalor.myanmar?mibextid=ZbWKwL
🏡ကျောင်းလိပ်စာ: အမှတ် (၂၀၇/ ၁) မြင်သာ (၁၁) လမ်း တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်။
Google map မှာလည်း Eduvalor လို့ ရိုက်ရှာလို့ ရပါတယ်။
☎️Enquiry Phone: 09952966889

Photos from Eduvalor's post 05/12/2023

⬆️ တက်ကြွတဲ့ လူငယ်များ စုစည်းတည်ထောင်ထားတဲ့ Education Sharing group တစ်ခု ဖြစ်တဲ့ Brilliance ရဲ့ Diversity in Unity Webinar ( Episode 2, Day 1) မှာ စင်ကာပူ နိုင်ငံမှ Polytechnics ပညာရေးလမ်းကြောင်းနဲ့ ပတ်သတ်၍ Webinar လေး ကို Eduvalor မှ ပါဝင်ရှင်းပြသွားမှာဖြစ်ပါတယ်။⬆️

🔸️Polytechnics ပညာရေး ပတ်သက်လို့ ကောင်းကျိုးဆိုးကျိုး၊ ဆက်သွားလို့ ရမယ့် ပညာရေး ခရီး၊ ကုန်ကျစားရိတ် များကို သေချာ ရှင်းပြသွားမှာ ဖြစ်တဲ့ အပြင် လက်ရှိတက်နေတဲ့ ကျောင်းသား ကျောင်းသူ အချို့ပါ ပါဝင်သွားပြီး First hand experience လေးတွေ တစ်ခါတည်း sharing လုပ်သွားမှာမို့ အခုဘဲ Brilliance ရဲ့ page Chatbox ကနေ သွားပြီး register လုပ်ကြပါနော်။

Fb link >>>
https://m.facebook.com/story.php?story_fbid=299104883112162&id=100090379584763&mibextid=Nif5oz

16/11/2023

**Privacy Policy of Eduvalor**

Screenshot က အတိုင်း ကျောင်းသားတစ်ယောက်က GED group တစ်ခုမှာ တင်တဲ့ post လေး တစ်ခုကို ဖတ်မိတာကနေ အတွေးပွားမိတာလေးကို ရေးပါရ စေ။ ကျွန်တော့ ကိုယ်ပိုင် ယူဆချက် ကို သာ ပြောပြမှာ ဖြစ်တဲ့ အတွက် မှားသည်မှန်သည် ငြင်းခုန်လိုတာ မဟုတ်ဘူးလို့ ကြိုပြောထားပါရစေ။

ကျွန်တော်လည်း ဘယ်စာမေးပွဲ ဘယ် result မဆို ကျောင်းသား နံမည် ရော ဓါတ်ပုံရော တင်ပြီး result တွေကို ကျောင်းက အစီလိုက်တင်တာမျိုးကို မနှစ်ခြိုက်ပါ။ ကျောင်းသား ပုံရော နာမည်ပါတင်ပြီး feedback recommendations ဆိုပြီး ရေးတာတွေလည်း သဘောတရား တူပါတယ်။ ကျောင်းသားရဲ့ privacy ကို အရင် စဉ်းစားရပါ့မယ်။ သူပြောထားသလိုဘဲ permission ယူကို ယူရပါ့မယ်။

ကျောင်းသားကို သွားမေးလို့ ကျောင်းသား permission ခွင့်ပြုတယ် ဆိုရင်တောင် မျက်မှောက် အခြေအနေအရ နိုင်ငံခြား သွားဖို့ ပြင်ဆင်တဲ့ IGCSE, GED, SAT, admission to certain schools or institutes, scholarships တွေ ဖြစ်ဖြစ်၊ မြန်မာ အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ် ဖြစ်ဖြစ်ကို ကျောင်းသား နာမည် မျက်နှာ ဓာတ်ပုံ အတိအကျနဲ့ မတင်သင့် သေး လို့ဘဲ ယူဆပါတယ်။ ဒီကျောင်းသား မြန်မာကျောင်းကနေ နိုင်ငံခြား သွားဖို့ လုပ်တာကို သူ့အပေါင်းအသင်း ဆွေမျိုး မိတ်ဆွေ တွေကြားမှာ နှစ်မြို့သူ ရှိရင် ရှိမယ်၊ မနှစ်မြို့သူ ရှိရင် ရှိမယ်။ အော် ငါတို့ကတော့ အိမ်က မ ထောက်နိုင်လို့ မသွားနိုင်ဘူး ဆိုပြီး စိတ်ထိခိုက်တဲ့ သူရှိရင် ရှိမယ်။

ထိုနည်းတူစွာ မြန်မာ တက္ကသိုလ် ဝင်တန်း ရလဒ် အမှတ် တို့ မြန်မာ defecto government တက္ကသိုလ် တို့ တက်တဲ့ အကြောင်း တွေကိုလည်း မတင်သင့်ပါ။ နှစ်မြို့ သူ ရှိမယ် မနှစ် မြို့သူ ရှိမယ်။ ပြောချင်တာ အ ခြေအနေ တွေက ပုံမှန်မဟုတ်ဘူးလေ နော်။

ကျွန်တော်ဆို အခု Singapore က Polytechnics တွေ အတွက် entrance test preparation ရယ် admission ရယ် အတွက် one stop ပြင်ဆင်ပေးတဲ့ သင်တန်း ကျောင်းလေး တစ်ခုကို လွန်ခဲ့တဲ့ ၂ နှစ် ကျော်က စဖွင့်ခဲ့တာ ခုဆို third batch ရောက်လာတယ်ပေါ့။ first batch မှာတုန်းက ၁၆ ယောက်မှာ ၁၁ ယောက်၊ second batch မှာ ၁၆၇ ယောက်မှာ ၁၃၁ ယောက် admission sucesss ဖြစ်ကြပါတယ်။ အခု third batch မှာ ၂၅၀ နီးပါး လက်ခံသင်ကြားပေးနေပါတယ်။

ကျောင်းရဲ့ track record ကို ဖြေဆိုသူ အောင်မြင်သူ အချိုး၊ ဝင်ခွင့် ရသူတွေ ထဲမှာ ဆယ်တန်းအမှတ်အနည်းဆုံး သူရဲ့ ရမှတ် စသဖြင့် data ကိုဘဲ ချပြပါတယ်။ ကျောင်းသား ကျောင်းသူ privacy ကို လေးစားသောအားဖြင့် page မှာ ကျောင်းသား ကျောင်းသူရဲ့ ရမှတ်၊ နာမည်၊ ဓာတ်ပုံ ကို သုံးပြီး admission results, feedback recommendations စတာတွေကို လုံးဝမတင်ဘူးဆိုတဲ့ policy အတိုင်း ကျင့်သုံးပါတယ်။ ကျောင်းသူကျောင်းသား တွေကိုလည်း စတည်းက ကြိုပြောထားပါတယ်။ ကိုယ့်ဘက်က သေချာ ပြင်ဆင်လုပ်ဆောင်ပေးတယ်ဆိုရင် ပန်းသတင်း ပန်းချင်းဆောင် လူသတင်း လူချင်းဆောင်ပါတယ်။ ဂုဏ်သတင်းဟာ အလိုလို အရှိအတိုင်း ထွက်ပါတယ်။

Result တွေကို ကျောင်းရဲ့ track record အနေနဲ့ တင်မယ်ဆို result ကြီးဘဲ တင်ပြီး နာမည် ဓါတ်ပုံစတာတွေ မတင်လို့ရတာပါဘဲ။ အဲ ဒီနေရာမှာ မိမိကျောင်းသားက exceptionally well accomplishment တစ်ခုခု ( လူ တစ်ထောင်မှာ တစ်ယောက် ရတာမျိုး) ဆိုရင်တော့ အခြားသူတွေကိုပါ motivation ပေးနိုင်တဲ့ အတွက် နာမည်နဲ့ မျက်နှာဓါတ်ပုံတောင် မက ကျောင်းသားရဲ့ biography ကိုထိတောင် တင်ချင်ရင် တင်ပစ်သင့်ပါ တယ်။

school founder များဟာ ကျွန်တော့ ထက်တောင် အများကြီး ပိုပြီး အဆင့်မြင့်ဘွဲ့တွေ စာတမ်းတွေ ပြုစုဘူးကြသူတွေမို့ နည်းနည်း လေး ဘက်ပေါင်းစုံကနေ တစ်ချက် လောက် ဖြည့်တွေးသင့်တယ် လို့ အကြံပြုပါရစေ။

ကျွန်တော့ ရဲ့ ကိုယ်ပိုင် အတွေးနဲ့ သင်တန်းကျောင်းမှာ ချမှတ်ထားတဲ့ မူဝါဒကို ချပြပြောပြတာသာ ဖြစ်ပြီး လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ကြပါတယ်။

ပညာရေးခရီး အဆင်ပြေကြပါစေ။
YTZA
(Eduvalor)

Photos from Eduvalor's post 31/10/2023

📣 Application Deadlines of 2024 April Intake by Polytechnics in Singapore for Myanmar Matriculation Qualification holders is closing soon!! 📣

စင်ကာပူ မှ ပိုလီတက္ကနစ် ကျောင်းများရဲ့ ၂၀၂၄ စာသင်နှစ် အတွက် မြန်မာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများအတွက် ကျောင်းလျှောက် ကာလ က နိုဝင်ဘာ လ (၃) ရက်နေ့ နောက်ဆုံးမို့အတော်နီးကပ်လာပါပြီ။

ကျောင်းလျှောက်ဖို့ အတွက် တက္ကသိုလ်ဝင်တန်း ရမှတ်စာရင်း မူရင်း+နိုတြီ နဲ့ Passport သို့ မှတ်ပုံတင် သာ လိုအပ်တာမို့ ဒီနှစ်အတွက် ကျောင်းလျှောက်ချင်တယ်ဆိုရင် နိုတြီလေး ပြေးလုပ်ပြီး လျှောက်လို့ရပါ သေးတယ် လို့ တိုက်တွန်းလိုက်ရပါတယ်။

IGCSE ဖြေဆိုထားသူများကတော့ အခု လျှောက်ချင်လည်း ရသလို ပုံမှန် January မှလျှောက်လည်း ရပါတယ်။ Admission ကျောင်းဝင်ခွင့်ကတော့ တူတူဘဲ ဖေဖော်ဝါရီလ ကုန်လောက်မှသိရမှာပါ။

EDUVALOR ကနေ ဒီနှစ်အတွက် ကျောင်းသား ကျောင်းသူ (၂၇၀) ဦး ခန့် ဝင်ရောက်လျှောက်ကြပါတယ်။

ကျောင်းလျှောက် ပေးဖို့ သီးသန့် ဆိုရင်လည်း ဝန်ဆောင်ခ မြန်မာကျပ်ငွေ (၅) သိန်း နဲ့ ဆောင်ရွက်ပေးပါတယ်။

ဝန်ဆောင်မှုထဲမှာ
✔️Major choice အတွက် consultation လုပ်ပေးတာ၊
✔️poly ( ၅) ကျောင်းလုံးကို ကျောင်းလျှောက်ပေးတာ၊
✔️စာမေးပွဲ ဖြေဆိုဖို့ နေရာစီစဉ်ပေးတာ၊
✔️ကျောင်းရသွားတယ်ဆိုရင် ကျောင်းအပ်တာ၊✔️လေယာဉ်လက်မှတ်ကို မူရင်းစျေးအတိုင်း ဝယ်ပေးတာ
✔️စင်ကာပူထိ လိုက်ပို့ပေးပြီး နေသားကျအောင် ကူညီဆောင်ရွက်ပေးတာ
တွေပါဝင်ပါတယ်။

🙇 ဝန်ဆောင်ခ ငါးသိန်းကျပ် ထဲမှာ စာမေးပွဲကြေး စင်ကာပူ ဒေါ်လာ (၁၂၀)၊ Student pass ကြေး စင်ကာပူ ဒေါ်လာ (၁၂၀) တို့အပြင် စာမေးပွဲကို တစ်ဦးတည်းသီးသန့် ဖြေဆိုလိုတယ်ဆိုရင် သီးသန့် အခန်းခ စတာတွေတော့ မပါဝင်ပါဘူးနော်။

ပညာရေးခရီးလမ်း အဆင်ပြေချောမွေ့ကြပါစေ။

28/07/2023

📣📣Last Batch Class for 2024 Polytechnics Intake Entrance Exam preparation Classes📣📣

👨‍🏫 တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း)ဖြေဆိုထားသူများ အနက် 2024 Polytechnics Intake အတွက် Entrance Exam ဖြေဆိုလိုသူများအတွက် ယခု စာသင်နှစ်အတွက် (၇)တန်း မြောက် နောက်ဆုံး Preparation Class ကို September လ ( ၁ ) ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

💰PACKAGE စျေးနှုန်းလေးတွေ အနေနဲ့ ( General English + Science + Maths) ၃ ဘာသာ ကို ၁၇ သိန်း ဖြစ်ပြီး English အတွက် IELTS ဖြေဆိုထားပြီးသား ကျောင်းသူကျောင်းသား များအတွက် ( Science + Maths ) ၂ ဘာသာ package ကို ၁၄ သိန်း ကျသင့်ပါမယ်။ Science မှာ Physics နဲ့ Chemistry နှစ်ဘာသာသင်ကြားပေးမှာပါ။

📖 Scholarship support အနေနဲ့ တက္ကသိုလ်ဝင်တန်း အမှတ်ပေါင်း ၅၃၀ နဲ့ အထက် ရသူများအတွက် 50% discount ပေးမှာဖြစ်ပြီး အမှတ်ပေါင်း ၅၁၀ နဲ့အထက်ရရှိထားသူများအတွက် မြန်မာငွေကျပ် ၂ သိန်း လျှော့ပေးမှာဖြစ်ပါတယ်။ 50 % discount ရထားသူများအနေနဲ့ ၁၇ သိန်း package ဆို ၈ သိန်း ၅ သောင်း သာ ကျသင့်မှာဖြစ်ပြီး ၁၄ သိန်း package ဆို ၇ သိန်း သာ ကျသင့်မှာပါ။ ၂ သိန်း support ရသူများဆိုရင်လည်း ၁၅ သိန်း နဲ့ ၁၂ သိန်း သာ အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။

📦 Package ထဲမှာပါဝင်တဲ့ service များကတော့
📌ဝင်ခွင့်အတွက် ဘာသာရပ်အလိုက် သင်ကြားလေ့ကျင့်ခြင်း၊
📌Major course choice အတွက် one v one consultation လုပ်ပေးခြင်း
📌Polytechnics 5 ကျောင်းလုံးအတွက် ကျောင်းလျှောက်ပေးခြင်း
📌Entrance ဖြေဆိုဖို့ shortlist ရပါက စာမေးပွဲ ဖြေဆိုရန် ကျောင်းမှ စီစဉ်ပေးခြင်း၊ စာမေးပွဲကြေးသွင်းပေးခြင်း
📌Admission ရပါက စင်ကာပူ သို့ သွားရန် လေယာဥ် လက်မှတ်ဝယ်ခြင်း၊ student pass လျှောက်ပေးခြင်း၊ စသွကာပူသို့ လိုက်ပို့ပေးခြင်း စတဲ့ service များ ကို အပိုကြေး ထပ်ဆောင်းကောက်ယူခြင်း မလုပ်ဘဲ ဆောင်ရွက်ပေးမှာပါ။

🙅 Package ထဲမှာ မပါဝင်တာကတော့ စာမေးပွဲဖြေဆိုဖို့ Singapore Polytechnics ရဲ့ Exam hall မှာ မဟုတ်ဘဲ Individual ဖြေဆိုရမည်ဆိုပါက ကျသင့်မယ့် အခန်းခ ( ၂သိန်းကျပ်ခန့်) ၊ လေယာဉ် လက်မှတ်ဖိုး၊ စာမေးပွဲကြေး (SGD 120) student pass ကြေး (SGD 120) တို့တော့ မပါပါဘူး။

🧑‍💻👩‍💻2023 Intake အတွက် Eduvalor မှ ကျောင်းသား ကျောင်းသူ (၁၄၀) ဦးအတိ စင်ကာပူ နိုင်ငံမှ Polytechnics များကို သွားရောက်တက်ရောက် နေကြပါတယ်။ 2023 Intake အတွက် ဝင်ခွင့်မရရှိခဲ့သူ ( ၃၆ ) ဦး အနက် 2024 Intake ကို ပြန်လည်လျှောက်ထား လိုသူများကတော့ သင်တန်းကြေးရော ကျောင်းလျှောက်တာကို ပါ အခမဲ့ တစ်ပြားတစ်ချပ်မှ ပေးစရာ မလိုဘဲ သင်တန်းပြန်တက်နေကြပါတယ်။ ကျောင်းလျှောက်ပေးခ ဖောင်ကြေး စသည် ပြန်ပေး ထပ်ပေးကြရန်မလိုအပ်ပါဘူး။

🏘သင်တန်းအပ်ဖို့ စိတ်ဝင်စားသူများ အနေနဲ့ သင်တန်းလိပ်စာ အမှတ်(၂၀၇/၁) မြင်သာ (၁၁) လမ်း တောင်ဥက္ကလာပမြို့နယ် သို့ဖြစ်စေ သင်တန်းကျောင်းဖုန်းများ ဖြစ်တဲ့ 09952966889 သိုမဟုတ် 09942515563 ကိုဖြစ်စေ နေ့စဉ် မနက်၉နာရီခွဲ မှ ညနေ ၄ နာရီခွဲအတွင်း(အစိုးရရုံးပိတ်ရက်များမှအပ) မေးမြန်းစုံစမ်းနိုင်ပါတယ်။

❤️ Singapore Polytechnics ပညာရေးလမ်းကြောင်းအတွက် အထူး သီးသန့် ဆောင်ရွက်ပေးနေသော Eduvalor မှ ပို့စ်လေးကိုဆုံးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

26/04/2023

🇸🇬 Information Session on Admission to Polytechnics in Singapore 🇸🇬
**********************************************
Edit: တက်ရောက်ဖို့ စာရင်းပေးသွင်းသူ ဦးရေက ကြေငြာပြီး တစ်ရက် မပြည့်ခင်မှာဘဲ ကျော်လွန်သွားပြီမို့ register ကို လက်မခံနိုင်တော့ပါ။ 🙇🙇🙇
နောက်ထပ် session လေး တစ်ပွဲ ရက်မခြားလှဘဲ တစ် session ထပ်လုပ်ပေးပါ့မယ်။

စင်ကာပူ အစိုးရ Polytechnics ပညာရေးလမ်းကြောင်း နဲ့ ပတ်သက်လ်ို့ online Information sharing session လေး တစ်ခု စီစဉ်ထားပါတယ်။

🗓နေ့ရက် : 03-May-2023 (ကဆုန် လပြည့်နေ့)
🕐 အချိန် : 1:00 - 3:00 pm
💻 နေရာ: online via Zoom

🖋 တက်ရောက်ဖို့ စာရင်းသွင်းရန်: https://docs.google.com/forms/d/e/1FAIpQLScOKDdkzaPCssDmRWizLU6XlzLM8GD02O_Z23FiC7dmJHHxxg/viewform?usp=sf_link

🧑‍💻 တက် ရောက်လာသူများ အနေနဲ့ မေးချင်တာလေးတွေ မေးလ်ို့ ရ အောင် လူဦးရေ ၅၀ ခန့် သာ သတ်မှတ်ထားပါတယ်။ တက်ရောက်ဖို့ အတွက် အပေါ်က Google form မှာ စာရင်းသွင်းပေးကြပါ။ zoom link ကို email ပို့ပေးမှာဖြစ်ပါတယ်။ 🧑‍💻

13/04/2023

သင်္ကြန် နှစ်ကူး ကာလ အတွင်း Eduvalor သင်တန်းကျောင်း ခေတ္တ ရပ်နားပါတယ်။ နှစ်သစ်မှာ အားအင်သစ်တွေနဲ့ ပြန်စကြပါမယ်နော်။ သင်တန်းနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းချင်တာများကို သင်္ကြန် ကာလ အပြီးကျရင် ပြန်လည်ဆက်သွယ်စုံစမ်းလို့ ရပါတယ်။

Photos from Eduvalor's post 13/03/2023

Classes are filling fast!!

Call 09952966889 or 09942515563 to register!!

2024 Intake အတွက် entrance test preparation classes လေးတွေ လက်ခံနေတာမှာ အတန်း ၂ တန်းစာ အတိ ပြည့်သွားပါပြီ။ ဒါကြောင့် science class တွေကို သတ်မှတ်ထားတဲ့ရက် May 2 မဟုတ်တော့ဘဲ March လ တည်းက အတန်းစပါ့မယ်။ စာရင်းပေးထားသူတွေ သင်တန်းက ပြန်လည် ဆက်သွယ်ပေးနေပါပြီ။

12/03/2023

💰 စင်ကာပူမှာ Polytechnics တွေတက်ရင် ​​ကျောင်းစားရိတ်နဲ့ ​​နေထိုင်စား​သောက်စားစားရိတ်ဘယ်​လောက် ကုန်ကျမလည်း💰
( 2023 Intake နှစ် မှာ ပြန်ပြီး UPDATE ပေးထားတာပါ)

စင်ကာပူက ပိုလီတက္ကနစ် တွေမှာ တက်ခွင့်ရပြီဆိုတာနဲ့ကို စင်ကာပူအစိုးရမှ Tuition Grant အဖြစ် ကျောင်းလခ၏ ၆၀ ရာခိုင်နှုန်းခန့် ပေးခြင်း၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်း၏ ၄ ပုံ ၃ ပုံ ၂၀ ရာခိုင်နှုန်းကို ဘဏ်မှ ချေးငွေအဖြစ် ချေးယူကာ ကျောင်းပြီးမှ အတိုးနှုန်း သက်သာစွာနဲ့ တစ်လ အနည်းဆုံး ဒေါ်လာတစ်ရာနှုန်းနဲ့ အေးဆေးစွာဖြင့် ပြန်ဆပ်နိုင်ခြင်း တို့ကြောင့် တက်ရောက်နေဆဲမှာ အခြား ပညာရေးလမ်းကြောင်းတွေနဲ့ ယှဉ်ရင် ငွေကုန်ကြေးကြ သက်သာလှပါတယ်။ အသေးစိတ်လေးဆက်ရှင်းပြပါ့မယ်။

poly တက်မယ်ဆိုရင် ကျောင်းလခ အနေနဲ့က အစိုးရက tuition grant အနေနဲ့ 58% ပေးတယ်။ ကျောင်းပြီးရင် ၃ နှစ်အလုပ်လုပ်ပေးရပါ့မယ်။ ပြန်ဆပ်စရာမလိုပါ။ အဲ့တာဆိုရင် တစ်နှစ်ကို စင်ကာပူဒေါ်လာ 11000 သွင်းရပါဥိးမယ်။ ၆ လတစ် semester ကို SGD 5500 ကျပါ့မယ်။ ကျောင်းလခ အပြင် ကျန်းမာရေး အာမခံ health insurance၊ စာကြည့်တိုက်ကြေး စတဲ့ other fees တွေက SGD 500 ခန့် သွားတာမို့ စုစုပေါင်း SGD 6000 အတိလောက်သွင်း ရပါ့မယ်။

Tuition grant ရပြီးသား SGD 5500 ကိုမှ 75 % ကို tuition fees loan အနေနဲ့ ဘဏ်ကချေးလို့ရပါတယ်။ အဲ့လိုဘဏ်ကချေးဖို့ဆိုရင်တော့ စင်ကာပူနိုင်ငံသား သို့ အမြဲနေထိုင်ခွင့် (PR) တစ်ယောက်ယောက်က အာမခံလက်မှတ်ထိုးပေး ရပါ့မယ်။ loan ကတော့ ကျောင်းပြီးရင်ပြန်ဆပ်ရပါ့မယ်။ ကြိုက်သလို ခွဲပြီး installment နဲ့ ပြန်ဆပ်လို့ရပါတယ်။အနည်းဆုံးတော့ ​တစ်လကို ​SGD 100 ​တော့ဆပ်ရပါ့မယ်။ loan ပါထပ်ယူပြီးပြီဆိုရင်တော့ တစ် semester ကို ကျောင်းလခ SGD 1600 ခန့်သာကျပါတော့မယ်။ Other fees လေးတွေပါ ပေါင်းပြီးရင် SGD 1900 ကျော် 2000 နီးပါး သွင်းရပါ့မယ်။

အစိုးရTuition grant ယူထားလို့ ၃ နှစ် စင်ကာပူမှာ အလုပ်လုပ်ပေးရမယ်ဆိုတာကကိုလည်းရှင်းပြပါရ​စေ။ poly ပြီးလို့ NTU ၊ NUS စတဲ့ စင်ကာပူအစိုးရ တက္ကသိုလ်ကြီး​တွေ ကို​ဆက်တက်ခွင့်ရတယ်၊ ဆက်လည်းတက်မယ်ဆိုရင် University ကို မြန်မာအများစုလုပ်သလို part time အနေနဲ့ တက်ပြီး အလုပ်ကို full time လုပ်တယ်ဆိုရင် အဲ့လိုလုပ်နေတုန်းမှာဘဲ ၃ နှစ်လုပ်ပေးပြီးသား ဖြစ်သွားကြပါတယ်။ အဲ့လို university ကိုဆက်တက်ရင်တော့ အိမ်က university အတွက်မထောက်ရတော့သလို Bachelor degree ရပြီးရင်လည်း universtiy တက်ခဲ့တာ အတွက် loan မရှိဘဲ poly အတွက်ဘဲ loan ဆပ်ရပါ့မယ်။ ဒါကြော​င့်မြန်မာအများစုက အဲ့လိုဘဲ လုပ်ကြတာပါ။

University ကိုပါ full time ​ကျောင်းသားအ​နေနဲ့တက်မယ်ဆိုရင်တော့ University အတွက်ပါ မှာ တစ်ခါထပ်ပြီး grant ရော loan ရောထပ်ယူလို့ရပါတယ်။ အဲ့လိုဆိုရင်လည်း poly နဲ့ university ​ကြားမှာ အလုပ်လုပ်ပေးဖို့မလိုဘဲ university အတွက် grant ပါ တစ်ခါထပ်ယူပြီး university ပြီးမှ grant နှစ်ခုလုံးစာအတွက် ၃ နှစ်ဘဲလုပ်ပေးရတာပါ။ ( 6 နှစ်လည်းဖြစ်မသွားပါဘူး) Uni ပြီးရင်တော့ uni ကြွေးရော poly ကြွေးပါ နှစ်ခုဖြစ်ပါ့မယ်။

Poly diploma ရအပြီး စင်ကာပူက​နေ ​နောက်ထပ် တတိယ နိုင်ငံ ( ဥပမာ Germany၊ Australia စသည် ဖြင့်) ကိုထပ်သွားအ​ခြေစိုက််မယ် စာသွားသင်မယ်ဆိုရင်​တော့ ၃ နှစ် ​တော့ စင်ကာပူမှာ အရင် အလုပ်လုပ်​ပေးရပါ့မယ်။

နေထိုင်စားသောက်စားရိတ်ကတော့ ကျပ်ကျပ်တည်းတည်းမနေချင်ဘူးဆို တစ်လကို SGD 1400 တော့ကုန်ပါ့မယ်။ ​အောက်ထစ်​တော့ လစဉ် ​SGD 1200 ​တော့ ကုန်ပါ့မယ်။

Polytechnics တွေဟာ အစိုးရ ကျောင်းတွေမို့ ကျောင်သားတွေက part time အလုပ်လေးတွေလည်း တရားဝင် လုပ်လို့ရပါတယ်။ အခြား private ကျောင်းတွေကသူတွေ လို ခိုးကြောင်ခိုးဝှက် part time လုပ်ရခြင်း၊ လုပ်အားခ နှိမ်ခံရ ခြင်း၊ တို့မ​ဖြစ်ပါဘူး။ စင်ကာပူ နိုင်ငံသားတွေ တန်းတူ part time လခ ရပါတယ်။ တစ်လကို သာသာယာယာဘဲ လုပ်ရင် ဒေါ်လာ 600 မှ 800 လောက်တော့ ရကြပါတယ်။ part time အလုပ်က ဝင်ငွေကို အနည်းဆုံး အောက်ထစ် အနေနဲ့ တစ်ပတ်ကို 16 နာရီ လုပ်ပြီး တစ်နာရီ ကို 12 ဒေါ်လာ ရမယ်လို့ တွက်ရင် တစ်လကို ​​ဒေါ်လာ 800 ခန့် ​တော့ရပါ့မယ်။ အဲ့တာဆိုရင် အိမ်က ​​ဒေါ်လာ 300 က နေ 400 လောက်​တော့​ လစဉ် ​​ထောက်ရပါမယ်။ တကယ်က တစ်ပတ်ကို ၂၀ နာရီခန့် လုပ်ကြပြီး တစ်နာရီကို SGD 14 ရကြတာများပါတယ်။

မြန်မာ​ငွေနဲ့ တွက်ပြရရင်​တော့ ​နေထိုင်စား​သောက် တစ်လကို ​ SGD 1200 ကုန်ကျမယ်ဆိုရင် တစ်လကို မြန်မာ​ငွေ ၂၅ သိန်းခန့် ရှိပြီး ​ကျောင်းသားက ၁၉ သိန်း ခန့် ကို အချိိန်ပိုင်းလုပ်ကနေ ရှာနိုင်ရင် အိမ်က ၆ သိန်း​​ လောက်​တော့ လစဥ်​ထောက်ရပါ့မယ်။ ကျောင်းလခက Loan ပါယူအပြီးဆို ​​ခြောက်လတစ်ခါ ​ကျောင်းလခ မြန်မာ​ငွေ ၄၂ သိန်း ​Loan မယူဘဲဆို မြန်မာ ငွေ ၁၂၅ သိန်း ထောက်ရပါ့မယ်။ SGD တစ်ဒါ်လာကို မြန်မာ​ငွေ 2100 ကျပ်နှုန်းနဲ့ တွက်ပြထားတာပါ။

Eduvalor ကနေ 2023 Intake အတွက်တော့ Entrance test ဝင် ရောက် ဖြေဆိုသူကျောင်းသားကျောင်းသူ 167 ဦး အနက်မှ 136 ဦး Polytechnics Admissions ရထားပါတယ်။ Polytechnics ပညာရေး လမ်းကြောင်းနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ဆီဆကိသွယ် မေးမြန်းရင် သေချာပြန်ရှင်းပြပေးနိုင်ပါတယ်။ 😄

အဆင်​ပြေကြပါ​စေ။

11/03/2023

သီချင်း ထဲက အတိုင်း အခုလည်း စင်ကာပူ မှာ ပညာရေး ခရီး အဆုံးထိ အတူတကွ လျှောက်ကြရအောင်။ Eduvalor မှ 2023 Intake Preparation class က ဆရာဆရာမတွေ၊ ဝန်ထမ်း အစ်ကိုအစ်မတွေနဲ့ ကျောင်းသူကျောင်းသားများ စာမေးပွဲအပြီး Ngwe Saung Beach ခရီးစဉ် မှာ တစုတစည်းတည်း သီချင်းဆိုထားကြတာပါ။ 😃

Photos from Eduvalor's post 05/03/2023

😃 ယနေ့ Novotel Hotel ( Grand Ballroom) မှာ ဒုတိယယနေ့အဖြစ် ဆက်လက် ကျင်းပခဲ့တဲ့ Intel-Bridge Education - 𝐈𝐁𝐄 International Education Fairs မှာ Eduvalor မှ စင်ကာပူ အစိုးရ Polytechnics ပညာရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီးဝင်ရောက် ခင်းကျင်း ဆွေးနွေးပေးခဲ့ပါတယ်။
👩‍💻🧑‍💻 သင်တန်းမှတာဝန်ခံများအပြင် ယခုနှစ် 2023 Polytechnics Intake မှာ successful admission ရထားကြပြီး ပြပွဲမှာ မိသားစုသဖွယ် လာရောက် အားဖြည့် ကူညီ ရှင်းပြပေးကြတဲ့ မခက်ခက်ဟန် ၊ မစုရည်ဖြိုး၊ မင်းထက်မြတ်၊ ကျော်ညီညီဟန်၊ ပိုင်စိုးဦး၊ ထူးအောင်ဝင်း၊ မဇူးမြတ်သွယ်၊ မကလျာသင်း၊ မမိုးသီရိ၊ မင်းသန့်မောင်၊ ထွဋ်ဝါခေါင် တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ နောင် ပညာရေး စီးပွားရေး လူမှုရေး အစစ အရာရာ အောင်မြင် ချောမွေ့ကြပါစေနော်။

❤ ပြပွဲ ၂ ရက်အတွင်း လာရောက်ဆွေးနွေးကြသူတွေကို မြန်မာကျပ် ငါးသောင်း တန် fees wavier voucher ပေါင်း (၅၀) ကျော် ပေးအပ်ခဲ့ပါတယ်။ ပြန်လည် ဆုံတွေ့ကြဦးမယ်လို့ ဆန္ဒပြုအပ်ပါတယ်။ နောင်လည်း အခုလို ပြပွဲတွေမှာ Eduvalor သင်တန်း ကျောင်းအနေနဲ့ အခွင့်အရေးရရင် ပါဝင်ဆင်နွှဲ ချင်ပါသေးတယ်နော်။

အဆင်ပြေကြပါစေ
Eduvalor Family

Photos from Eduvalor's post 05/03/2023

📍Novotel Hotel ( Grand Ballroom )မှာကျင်းပပြုလုပ်နေတဲ့ International Education Fairs မှာEduvalor မှ ပါဝင် ပြသနေတဲ့ ပြပွဲ ပထမရက် မှာ လာရောက်ဆွေးနွေးကြတဲ့ ကျောင်းသား ကျောင်းသူ မိဘများအား Eduvalor မှအထူးကျေးဇူးတင်ရှိပါတယ်။
🏫 စင်ကာပူ အစိုးရ Polytechnics များတွင် တက်ရောက်သင်ကြားရန် စိတ်ပါဝင်စားသူများ ပြပွဲ ဒုတိယနေ့ (05.03.2023) နေ့လည် 12:30 မှ ညနေ 5:30 ထိ Novotel Hotel Grand Ballroom Booth No. 23 ကို လာရောက် ဆွေးနွေးနိုင်ပါတယ်။
💰လာရောက် ဆွေးနွေးသူများကို မြန်မာကျပ်ငွေ ၅ သောင်း ကျပ် တန်ဖိုးရှိ Fees Wavier Voucher လေးတွေလည်း ပေးအပ်ဦးမှာဖြစ်ပါတယ်။
👩‍💻🧑‍💻 သင်တန်း တာဝန်ခံများ အပြင် ယခုနှစ် 2023 Intake Polytechnics admission ရထားတဲ့ ကျောင်းသားကျောင်းသူတွေလည်းရှိတာမို့ Polytechnics တွေနဲ့ ပတ်သက်ပြီး သေချာ ရှင်းပြ နိုင်ပါတယ်။

02/03/2023

🇸🇬 စင်္ကာပူ အစိုးရ Polytechnics များ ပညာရေး လမ်းကြောင်း အား ဆွေးနွေးတိုင်ပင်ပေးဖို့ Gift Waivers များနှင့်တကွ IBE နဲ့ အတူ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫𝐬 မှာရှိနေမယ့် 𝐄𝐃𝐔𝐕𝐀𝐋𝐎𝐑 🇸🇬
_________________________________

Register for free entry : https://bit.ly/3RVYFKk
_________________________________

🇸🇬 Singapore Government Polytechnics များမှတဆင့် ကမ္ဘာ့ ထိပ်တန်း စင်္ကာပူ အစိုးရ တက္ကသိုလ်ကြီးများ ဖြစ်သော National University of Singapore နှင့် Nanyang Technological University တို့တွင် Undergraduate Bachelor Degree ရယူရန် ပညာရေး လမ်းကြောင်း အား ဆွေးနွေးတိုင်ပင်ပေးဖို့ EDUVALOR ကလည်း International Education Fair မှာပါဝင်သွားမှာ ဖြစ်ပါတယ်။

ပွဲ ကျင်းပသွားမယ့် နေ့ရက်နဲ့ အချိန်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

🗓️ Date : 𝐌𝐚𝐫𝐜𝐡 𝟒, 𝟐𝟎𝟐𝟑 𝐚𝐧𝐝 𝐌𝐚𝐫𝐜𝐡 𝟓, 𝟐𝟎𝟐𝟑
⏳ Time : 𝟏𝟐:𝟑𝟎 𝐏𝐌 - 𝟎𝟓:𝟑𝟎 𝐏𝐌
📍 Place : 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐇𝐨𝐭𝐞𝐥, 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦

🔶️ နှစ်စဉ်နှစ်တိုင်း Singapore Government Polytechnics များသို့ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ အများအပြား တက်ရောက်ခွင့် လျှောက်ထားကြရာ ယခု 2023 Intake အတွက် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ 400 ခန့် ဝင်ရောက် လျှောက်ထားခဲ့ကြပါတယ်။

❓ဘာကြောင့် Polytechnic လမ်းကြောင်းကိုနှစ်စဉ် ရွေးချယ် လျှောက်ထားသူ များပြားရပါသလဲ❓

🔺စင်္ကာပူ အစိုးရ၏ အစိုးရ ထောက်ပံ့ကြေး ( Tuition Grant ) နှင့် ကျောင်းစားရိတ် ချေးငွေ ( Tuition Fees Loan ) များအား ဝင်ခွင့်ရသူတိုင်း ရရှိမှာကြောင့် ကျောင်းလခ သည် အခြား လမ်းကြောင်း များထက် သက်သာပြီး 6 months (one semester) ကို SGD 2000 ခန့်သာ ကျသင့်ခြင်း

🔺ကျောင်းတက်နေစဥ် တရားဝင် Legally အချိန်ပိုင်း အလုပ်လုပ်ခွင့် ရှိတာမို့ လုပ်အားခ မှာ နိုင်ငံသားများနှင့် တန်းတူရခြင်း၊ အပူအပင်ကင်းစွာ လုပ်နိုင်ခြင်း တို့ကြောင့် နေစားစရိတ် ကာမိသလောက်ရှိခြင်း

🔺️ Polytechnics များမှ Year-12 Diploma နှင့်ပင် စင်ကာပူ နိုင်ငံ၌ လခမြင့်မားသော Full time Employment အလုပ်ရရန် သေချာခြင်း

🔺️ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများဖြစ်သော NUS နှင့် NTU တို့တွင် Undergraduate Bachelor ဆက်လက်တက်ရောက်ရန် မြန်မာကျောင်းသူ ကျောင်းသား များအတွက် အဖြစ်နိုင်ဆုံး Feasible နှင့် ရှေ့ကရှိဖူးပြီးသား Precedent လမ်းကြောင်းဖြစ်ခြင်း

🔺️ Polytechnic Diploma နှင့် Singapore တွင် အချိန်ပြည့် Full time လုပ်ပြီး NTU ၊ NUS တက္ကသိုလ်ကြီး များအား Part time အချိန်ပိုင်း အဝေးသင် အဖြစ် မိမိဝင်ငွေသီးသန့်ဖြင့်သာစျေးကြီးလှသော undergraduate courses များအား တက်ရောက် ဘွဲ့ယူနိုင်ခြင်း စသည့် အချက်များကြောင့် နှစ်စဉ် မြန်မာကျောင်းသားများ အများအပြား ဝင်ရောက်လျှောက်ထား ကြတာ ဖြစ်ပါတယ်။

🇸🇬 Polytechnics များအား မြန်မာကျောင်းသားများအနေနဲ့ တက်ရောက်ရန် လမ်းနှစ်သွယ် ရှိပါတယ်။

1️⃣ မြန်မာ အစိုးရစစ် တက္ကသိုလ်ဝင်တန်း ၌ ရမှတ် ၄၆၀ ခန့်နှင့်အထက် ရရှိပါကနှစ်စဉ် ကျင်းပသော Entrance test ကို ဝင်ရောက် ဖြေဆိုရန် သို့မဟုတ်

2️⃣ IGCSE ( CIE or Edexcel ) ဝင်ရောက်ဖြေဆိုပြီး တိုက်ရိုက်လျှောက်နိုင်ပါတယ်။

🔆 EDUVALOR မှ 🇸🇬 Polytechnics များသို့ လျှောက်ထားလိုသော ကျောင်းသားကျောင်းသူများအတွက်

➡️ တက္ကသိုလ် ဝင်တန်း ဖြေဆိုထားသော ကျောင်းသားများအား ဝင်ခွင့် စာမေးပွဲ Entrance Test အတွက် ဘာသာစုံ သင်တန်းပေးပြင်ဆင်ခြင်း

➡️ IGCSE နှင့် လျှောက်ထားသူများရော တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများကို ပါ Polytechnics ငါး ကျောင်းလုံးကို ကျောင်းလျှောက်ပေး၍ စာမေးပွဲကြေးသွင်းပေးခြင်း၊ major course choice များ အတွက် one to one consultation လုပ်ပေးခြင်း

➡️ admission ရပါက student pass လျှောက်ပေး၍ student pass application ကြေးသွင်းပေးရန်၊ လေယာဉ် လက်မှတ်ဝယ်ပေးရန် အားလုံးကို ကြားက စျေး ထပ် မတင်ဘဲ ကာလ ပေါက်စျေးအတိုင်းသွင်းပေးခြင်း တို့ကို စျေးနှုန်းသက်သာစွာ one stop service အဖြစ်ဆောင်ရွက်ပေးနေပါတယ်။

🌟 ယခုနှစ် EDUVALOR မှ ကျောင်းသား ကျောင်းသူ 160 ဦး ကျော် ဝင်ရောက်လျှောက်ထားရာမှာ 140 ဦးခန့် Polytechnics များသို့ Admission ရထားပြီးပါပြီ။

🌟 ယခု 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫𝐬 ပွဲမှာဆွေးနွေး တ်ိုင်ပင်သူများအား EDUVALOR မှ မြန်မာကျပ်ငါးသောင်း (𝟓𝟎𝟎𝟎𝟎 𝐌𝐌𝐊𝐒) 𝐅𝐞𝐞𝐬 𝐖𝐚𝐢𝐯𝐞𝐫 𝐆𝐢𝐟𝐭 𝐕𝐨𝐮𝐜𝐡𝐞𝐫𝐬 လေးတွေပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မတ်လ ၄ ရက်နှင့် ၅ ရက်မှာပြုလုပ်ကျင်းပတော့မယ့် 𝐈𝐁𝐄 ရဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 ကြီးအတွင်း ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး သိလိုသမျှကို မေးမြန်းနိုင်ဖို့ ရိုသေလေးစားစွာဖိတ်ခေါ်လိုက်ရပါတယ် 🤗

🇸🇬 စင်္ကာပူ အစိုးရ Polytechnics များ ပညာရေး လမ်းကြောင်း အား ဆွေးနွေးတိုင်ပင်ပေးဖို့ Gift Waivers များနှင့်တကွ IBE နဲ့ အတူ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫𝐬 မှာရှိနေမယ့် 𝐄𝐃𝐔𝐕𝐀𝐋𝐎𝐑 🇸🇬
_________________________________

Register for free entry : https://bit.ly/3RVYFKk
_________________________________

🇸🇬 Singapore Government Polytechnics များမှတဆင့် ကမ္ဘာ့ ထိပ်တန်း စင်္ကာပူ အစိုးရ တက္ကသိုလ်ကြီးများ ဖြစ်သော National University of Singapore နှင့် Nanyang Technological University တို့တွင် Undergraduate Bachelor Degree ရယူရန် ပညာရေး လမ်းကြောင်း အား ဆွေးနွေးတိုင်ပင်ပေးဖို့ EDUVALOR ကလည်း International Education Fair မှာပါဝင်သွားမှာ ဖြစ်ပါတယ်။

ပွဲ ကျင်းပသွားမယ့် နေ့ရက်နဲ့ အချိန်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

🗓️ Date : 𝐌𝐚𝐫𝐜𝐡 𝟒, 𝟐𝟎𝟐𝟑 𝐚𝐧𝐝 𝐌𝐚𝐫𝐜𝐡 𝟓, 𝟐𝟎𝟐𝟑
⏳ Time : 𝟏𝟐:𝟑𝟎 𝐏𝐌 - 𝟎𝟓:𝟑𝟎 𝐏𝐌
📍 Place : 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐇𝐨𝐭𝐞𝐥, 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦

🔶️ နှစ်စဉ်နှစ်တိုင်း Singapore Government Polytechnics များသို့ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ အများအပြား တက်ရောက်ခွင့် လျှောက်ထားကြရာ ယခု 2023 Intake အတွက် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ 400 ခန့် ဝင်ရောက် လျှောက်ထားခဲ့ကြပါတယ်။


❓ဘာကြောင့် Polytechnic လမ်းကြောင်းကိုနှစ်စဉ် ရွေးချယ် လျှောက်ထားသူ များပြားရပါသလဲ❓

🔺စင်္ကာပူ အစိုးရ၏ အစိုးရ ထောက်ပံ့ကြေး ( Tuition Grant ) နှင့် ကျောင်းစားရိတ် ချေးငွေ ( Tuition Fees Loan ) များအား ဝင်ခွင့်ရသူတိုင်း ရရှိမှာကြောင့် ကျောင်းလခ သည် အခြား လမ်းကြောင်း များထက် သက်သာပြီး 6 months (one semester) ကို SGD 2000 ခန့်သာ ကျသင့်ခြင်း

🔺ကျောင်းတက်နေစဥ် တရားဝင် Legally အချိန်ပိုင်း အလုပ်လုပ်ခွင့် ရှိတာမို့ လုပ်အားခ မှာ နိုင်ငံသားများနှင့် တန်းတူရခြင်း၊ အပူအပင်ကင်းစွာ လုပ်နိုင်ခြင်း တို့ကြောင့် နေစားစရိတ် ကာမိသလောက်ရှိခြင်း

🔺️ Polytechnics များမှ Year-12 Diploma နှင့်ပင် စင်ကာပူ နိုင်ငံ၌ လခမြင့်မားသော Full time Employment အလုပ်ရရန် သေချာခြင်း

🔺️ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများဖြစ်သော NUS နှင့် NTU တို့တွင် Undergraduate Bachelor ဆက်လက်တက်ရောက်ရန် မြန်မာကျောင်းသူ ကျောင်းသား များအတွက် အဖြစ်နိုင်ဆုံး Feasible နှင့် ရှေ့ကရှိဖူးပြီးသား Precedent လမ်းကြောင်းဖြစ်ခြင်း

🔺️ Polytechnic Diploma နှင့် Singapore တွင် အချိန်ပြည့် Full time လုပ်ပြီး NTU ၊ NUS တက္ကသိုလ်ကြီး များအား Part time အချိန်ပိုင်း အဝေးသင် အဖြစ် မိမိဝင်ငွေသီးသန့်ဖြင့်သာစျေးကြီးလှသော undergraduate courses များအား တက်ရောက် ဘွဲ့ယူနိုင်ခြင်း စသည့် အချက်များကြောင့် နှစ်စဉ် မြန်မာကျောင်းသားများ အများအပြား ဝင်ရောက်လျှောက်ထား ကြတာ ဖြစ်ပါတယ်။


🇸🇬 Polytechnics များအား မြန်မာကျောင်းသားများအနေနဲ့ တက်ရောက်ရန် လမ်းနှစ်သွယ် ရှိပါတယ်။

1️⃣ မြန်မာ အစိုးရစစ် တက္ကသိုလ်ဝင်တန်း ၌ ရမှတ် ၄၆၀ ခန့်နှင့်အထက် ရရှိပါကနှစ်စဉ် ကျင်းပသော Entrance test ကို ဝင်ရောက် ဖြေဆိုရန် သို့မဟုတ်

2️⃣ IGCSE ( CIE or Edexcel ) ဝင်ရောက်ဖြေဆိုပြီး တိုက်ရိုက်လျှောက်နိုင်ပါတယ်။


🔆 EDUVALOR မှ 🇸🇬 Polytechnics များသို့ လျှောက်ထားလိုသော ကျောင်းသားကျောင်းသူများအတွက်

➡️ တက္ကသိုလ် ဝင်တန်း ဖြေဆိုထားသော ကျောင်းသားများအား ဝင်ခွင့် စာမေးပွဲ Entrance Test အတွက် ဘာသာစုံ သင်တန်းပေးပြင်ဆင်ခြင်း

➡️ IGCSE နှင့် လျှောက်ထားသူများရော တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများကို ပါ Polytechnics ငါး ကျောင်းလုံးကို ကျောင်းလျှောက်ပေး၍ စာမေးပွဲကြေးသွင်းပေးခြင်း၊ major course choice များ အတွက် one to one consultation လုပ်ပေးခြင်း

➡️ admission ရပါက student pass လျှောက်ပေး၍ student pass application ကြေးသွင်းပေးရန်၊ လေယာဉ် လက်မှတ်ဝယ်ပေးရန် အားလုံးကို ကြားက စျေး ထပ် မတင်ဘဲ ကာလ ပေါက်စျေးအတိုင်းသွင်းပေးခြင်း တို့ကို စျေးနှုန်းသက်သာစွာ one stop service အဖြစ်ဆောင်ရွက်ပေးနေပါတယ်။

🌟 ယခုနှစ် EDUVALOR မှ ကျောင်းသား ကျောင်းသူ 170 ဦး ကျော် ဝင်ရောက်လျှောက်ထားရာမှာ 140 ဦးခန့် Polytechnics များသို့ Admission ရထားပြီးပါပြီ။

🌟 ယခု 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫𝐬 ပွဲမှာဆွေးနွေး တ်ိုင်ပင်သူများအား EDUVALOR မှ မြန်မာကျပ်ငါးသောင်း (𝟓𝟎𝟎𝟎𝟎 𝐌𝐌𝐊𝐒) 𝐅𝐞𝐞𝐬 𝐖𝐚𝐢𝐯𝐞𝐫 𝐆𝐢𝐟𝐭 𝐕𝐨𝐮𝐜𝐡𝐞𝐫𝐬 လေးတွေပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မတ်လ ၄ ရက်နှင့် ၅ ရက်မှာပြုလုပ်ကျင်းပတော့မယ့် 𝐈𝐁𝐄 ရဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 ကြီးအတွင်း ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး သိလိုသမျှကို မေးမြန်းနိုင်ဖို့ ရိုသေလေးစားစွာဖိတ်ခေါ်လိုက်ရပါတယ်ရှင် 🤗

Photos from Eduvalor's post 01/03/2023

2023 Intake အတွက် Singapore Polytechnic ရဲ့ Admission Result ထွက်လာပါပြီ။

Eduvalor မှ Entrance Test ဝင်ရောက် ဖြေဆိုသူ (၁၆၇) ဦး အနက် (၁၁၀) ဦးတိတိ မြန်မာကျောင်းသူကျောင်းသားတွေ အများဆုံးတက်ရောက်ချင်ကြတဲ့ Singapore Polytechnic ကို ဝင်ခွင့်ရသွားခဲ့ပါပြီ။

ဒါကြောင့် Eduvalor မှ ကျောင်းသား ကျောင်း သူ ( ၁၃၃ ) ဦး 2023 Intake အတွက် Polytechnics တစ်ကျောင်း မဟုတ် တစ်ကျောင်း ရထားပြီးပါပြီ။

Proud of you all and see you all at Dover MRT on Green line in Singapore!! 😉

Photos from Eduvalor's post 27/02/2023

🔔🔔 စင်ကာပူ နိုင်ငံမှ Polytechnics များ၏ 2024 Intake Entrance Test အတွက် Preparation Classes များကို Eduvalor မှ စတင်လက်ခံနေပါပြီ။ 🔔🔔

💡💡 ဒီနှစ်မှာတော့ အထူး Scholarship Support အစီအစဉ်လေး အနေနဲ့ တက္ကသိုလ်ဝင်တန်း အမှတ်ပေါင်း (၅၁၀) နှင့်အထက်ရရှိထားပြီး အင်္ဂလိပ်စာ ရမှတ် (၇၀)၊ သင်္ချာ၊ ရူပဗေဒ နဲ့ ဓာတုဗေဒ ဘာသာရပ်တွေမှာ ရမှတ် (၈၀) နှင့်အထက်ရရှိထားသူတွေကို သင်တန်းကြေး နှစ်သိန်း ကျပ် တိတိလျှော့ ပေါ့ပေးမှာ ဖြစ်ပါတယ်။ 💡💡

💰💰 Package လေးတွေက Complete package က (IELTS + general English + math + science ) တို့အတွက် ဆရာ ဆရာမ ၄ ဦး အတန်းတက်ရမှာ ဖြစ်ပြီး ၂၀ သိန်း ပါ။ (Science & Math) package ကတော့ ၁၄ သိန်းပါ။ ၂၀ သိန်း Complete package ဆိုရင် ၂ ခါခွဲသွင်းလို့ရပါတယ်။ Scholarship support ရဖို့ ကိုက်ညီတယ် ဆိုရင်တော့ complete package ကို ၁၈ သိန်း နဲ့ math & science package ကို ၁၂ သိန်းဘဲ သွင်းရပါ့မယ်။ ၁၈ သိန်း package ကိုလည်း ၂ ခါခွဲသွင်းလို့ ရပါတယ်။ IELTS ကို အတွေ့ အကြုံ အများကြီးရှိတဲ့ ဆရာမကြီး သင်ကြားမှာမို့ အပြင်မှာထပ်သင်တန်းတက်စရာ မလိုဘူးဆိုတာ အာမခံပါတယ်။ Science နဲ့ math ကိုလည်း ဝင်ခွင့်စာမေးပွဲ အတွက်လုံလောက်စွာ ခြုံငုံမိအောင်သင်ကြားပေးမှာဖြစ်လို့ စာမေးပွဲမှာမေးတဲ့ မေးခွန်းတွေမှာ မသင်ထားတာ မပါစေရဖို့ အာမခံပါတယ်။ 💰💰

📍ဘယ် package ယူယူ poly ငါး ကျောင်းလုံးကို ကျောင်းလျှောက်ပေးတာ၊ စာမေးပွဲကြေးသွင်းပေးတာ၊ Singapore Polytechnic ကို shortlist ရပါက ရန်ကုန်မှာလုပ်ပေးတဲ့ exam hall မှာ ဖြေဆိုဖို့ စာရင်းတင်ပေးတာ၊ ကျောင်းရပါက student pass လျှောက်ပေးတာ၊ student pass application ကြေးသွင်းပေးတာ၊ လေယာဉ် လက်မှတ်ဝယ်ပေးတာတို့ အားလုံးကို ကြားက ထပ် မတင်ဘဲ ကာလ ပေါက်စျေးအတိုင်းသွင်းပေး၊ ဝယ်ပေးပါတယ်။ ကျောင်းလျှောက်ရမှာ major course ရွေးချယ်ရာမှာ တစ်ဦးချင်း consultation လုပ်ပေးတာ၊ စင်ကာပူကို အသွားမှာ ဆရာ တွေ ကိုယ်တိုင် ကိုယ်ကျ လိုက်လံ ပို့ဆောင်ပေးတာ၊ ဗိသုကာ Architecture major လျှောက်ချင်သူများ ကဲ့သို့ အထူးပြင်ဆင်စရာ ရှိသူတွေကို ကူညီလမ်းညွှန်ပေးတာ စတာတွေက်ိုလည်းဆောင်ရွက်ပေးပါတယ်။ 📍

👩‍💻🧑‍💻 2023 Intake မှာ Eduvlaor မှ ကျောင်းသား ကျောင်းသူ ( ၁၆၇ ) ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး အခု ကြေငြာတဲ့ နေ့ (28.02
23) အထိ Singapore, Temesak နဲ့ Republic Polytechnics (၃) ကျောင်းသာ result ထွက်ထားရာမှာတောင် ( ၁၃၃ ) ဦး အနည်းဆုံး Polytechnic တစ်ကျောင်းတော့ ဝင်ခွင့်ရထားကြပါတယ်။ ဒီကျောင်းသား ကျောင်းသူတွေရဲ့ Honest feedback review တွေလည်း မေးကြည့်ကြလို့ ရပါတယ် 👩‍💻🧑‍💻

📍Package ထဲမှာ Entrance test fees ( SGD 120 ) တို့၊ student pass fees ( SGD 30) တို့၊ Singapore Polytechnic shortlist မရရင် hall မှာ မဖြေရ လို့တစ်ဦးချင်းသီးသန့် ဖြေဆိုဖို့ အခန်းခ စတာတွေ တော့ မပါဘဲ ကျသင့်ငွေအတိုင်း ထပ်ပေးချေရမှာပါ။ 📍

🗓 2024 intake အတွက် IELTS class က March လ ၁၅ ရက်နေ့လောက် တည်းက စဖွင့်မှာဖြစ်ပါတယ်။ IELTS အတန်းက 5 လ သင်တန်းပါ။ September လကုန် October လဆန်းတည်းက IELTS ဖြေရမှာမို့ပါ။ ကျန် Science, Math and General English classes တွေကတော့ May လ 2 ရက်နေ့စဖွင့်ပါ့မယ်။ ဒီအတန်းတွေကတော့ စဖွင့် အချိန်က နေ စာမေးပွဲ ဖြေတဲ့ထိပါ။ သင်တန်း အားလုံးက online classes တွေပါ။ 🗓

☎️ ကျောင်းအပ်ဖို့ နဲ့ အခြား သိချင်တာများကို 09952966889 သို့ 09942515563 ကို ရုံးချိန် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ဆက်သွယ် ကျောင်းအပ်လို့ရပါတယ်။ သင်တန်းကိုလည်း ကိုယ်တိုင် ကိုယ်ကျ လာရောက်စုံစမ်းလို့ ရပါတယ်။ ☎️

20/02/2023

Polytechnics Entrance Test Results Starting to Roll Out!!

ယနေ့ နံနက်ခင်းမှ စလို့ Temesak Polytechnics (TP) နဲ့ Republic Polytechnics (RP) နှစ်ကျောင်းမှ Application outcome စထွက်လာတာမှာ Eduvalor သင်တန်းကျောင်းမှ entrance test ကို (၁၆၇)ဦး ဝင်ဖြေထားတဲ့ အနက် လောလောဆယ် ကျောင်းသား (၁၀၀) ဦးအတိ TP နဲ့ RP ကျောင်း တက်ရောက်ခွင့် ရထားပြီးပါပြီ။ နောက်ထပ်လည်း ထပ်ရသူတွေ ရှိဦးမှာပါ။

ကျောင်းအနေနဲ့လည်း အခုလို စတင် မှတ်ကျောက်တင် နိုင်ခဲ့တာဟာ ကျောင်းသား ကျောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှုက ပဓာန ဖြစ်တာမို့ ဝင်ခွင့်ရထားတဲ့ ကျောင်းသူကျောင်းသား အားလုံးကို Eduvalor မှ "Big congratulations 🎊 and you guys well deserved " ပါဘဲ။

100 first and many more to come. Stay tuned!!

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

#polytechnics #singaporeeducation
သီချင်း ထဲက အတိုင်း အခုလည်း စင်ကာပူ မှာ ပညာရေး ခရီး အဆုံးထိ အတူတကွ  လျှောက်ကြရအောင်။ Eduvalor  မှ 2023 Intake Preparatio...

Telephone

Address


No. 207/1, Myinthar 11th Street, Than Thumar Road, South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Educational Consultants in Yangon (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Dots English Dots English
Wai Bargi Road
Yangon, 11031

Yangon Grasp Academy Yangon Grasp Academy
No. 26/201, Nguwar Street (B), Yuzana Garden City
Yangon, 11441

Dedicated to Excellence.

Upgrade Upgrade
No 1140, 1st Floor, Ya-tha-wa-ti Street South-Oakkalar Township
Yangon

Let's upgrade & update your mathematics level

DataLearn DataLearn
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon

Change Your Life with Data

White-Collar Inc. White-Collar Inc.
36th Street
Yangon, 11182

the White-Collar Inc. is established in order to meet the social, education and economic needs of yo

G Y O - Grab Your Opportunity G Y O - Grab Your Opportunity
Kamayut Township
Yangon

If there’s a will, there’s a way

Central Educational Institute Central Educational Institute
Yangon

Together to your credit score!

Path-guide Visa and Educational service Path-guide Visa and Educational service
Yangon

🇺🇸Start your brighter future with Path-Guide🇺🇸

Analytics.mm Analytics.mm
Yangon

We bring data analytic courses to you with affordable prices..... Everyone should have access to data analytic knowledge!!

Education Support Ebook Education Support Ebook
Pazundaung
Yangon, 951

Digital Resources for Teaching / Learning; A Ray of Light for educators and Learners!