Aphrodite Skincare Online Shop Myanmar

Cosmetics

Photos from Aphrodite Skincare Online Shop Myanmar's post 20/11/2023

💚 Lebelage Moisture Soothing Gel (300ml) 💚 ပြန်ရောက်ပီနော် 😍

Price - 7500ks (Instock)

💚 Body lotion ကို ပြစ်ပြစ်နဲ့ စီးကပ်ကပ်ကြီး မကြိုက်တဲ့သူတွေ ဒီ Gel လေးကို Body lotion gel အနေနဲ့ သုံးလို့ရပါတယ်

💚 Lebelage Aloe Vera Soothing Gel
Aloe Vera 100% အပြည့်နဲ့လုပ်ထားတဲ့ Lebelage Gel လေးကိုတော့ နေလောင်ဒဏ်ကြောင့် အသားရေနီမြန်းခြင်းကို သက်သာစေပြီး moisture အပြည့်ပေးပါတယ်။

💚 Lebelage Collagen Soothing Gel
Collagen ကြောင့် အရေးအကြောင်းများလျော့ပါးပြီးအသားရေးတင်းရင်းစိုပြေစေပါတယ်။

💚 Lebelage Charcoal Soothing Gel
အဆီပြန်ခြင်း ဆားဝက်ခြံထွက်ခြင်း ချွေးပေါက်ကျယ်ခြင်းများကို သက်သာပျောက်ကင်းစေပါတယ်။

04/10/2023

Instock

[REVIEW] IN2IT - LASH & BROW PRO-MASCARA

My best beauty find from Thailand.

IN2IT Myanmar က အခု Junction City မှာ booth ဖွင့်ထားပြီး sale event လုပ်နေတာမို့လို့ လှမ်းဖိတ်တာနဲ့ sale price နဲ့ရအောင် တခါတည်းဒါကိုရေးလိုက်တာ။ အမှန်အတိုင်းပြောရရင် ဖူးပွင့်ဒါကိုကြိတ်သုံးနေတာ ၃ လလောက်ရှိပြီ။ ထိုင်းမှာ ၄ လပိုင်းကသွားနေနေတုန်းက ဈေးလိုက်ဝယ်ရင်းနဲ့ ဒါကိုမြင်ပြီးစိတ်ဝင်စားလို့ဝယ်လိုက်တာ။ Lash serum ကို ထိုင်းကထုတ်တာမျိုးကိုမသုံးဖူးဘူး။ စမ်းကြည့်ကြည့်မယ်ဆိုပြီးတော့ဝယ်လိုက်တာ။ အဲ့ဒီတည်းကနေပြီးတော့ သုံးနေတာ အခုဆိုရင် ၃ လလောက်ရှိပြီပေါ့။

အရင်ဆုံးပြောရရင်တော့ “Highly recommended” ပဲ။ ဒီစာကိုမြင်ရင်ပြေးပြေးပြီးတော့ဝယ်တဲ့ ကိုယ့် reader အုပ်စုကပြေးဝယ်လို့ရပြီနော်။ ပြီးမှ review ဆက်ဖတ်တော့။

ဒါကိုဝယ်တုန်းက ဖူးပွင့်လေ ဘာ expectation မှကိုမရှိခဲ့တာ။ ဝယ်တုန်းကထိုင်းပြည်တွင်းထုတ်မို့ ကောင်းမှကောင်းပါ့မလား ဘာလားပေါ့။ သိတယ်မဟုတ်လား။ လူ့ psycho လေ။ အဲ့ဒါနဲ့ဝယ်ပြီးတော့ ဖူးပွင့်ညတိုင်းသုံးဖြစ်တယ်။ အစက ဖာသိဖာသာပဲ။ “ငါ့မျက်တောင်လေးတွေမကျွတ်ရင်အဆင်ပြေပါပြီ”​ ပေါ့။ အဲ့ဒါနဲ့ဖူးပွင့်သုံးရင်းနဲ့ ၂ လဝန်းကျင်လောက်ရောက်လာတော့ ဖူးပွင့်မျက်တောင်တွေထူလာတာကိုသတိထားမိတယ်။ မျက်တောင်တုတပ်သလိုမျိုး၊ ဘောလိဝုဒ်ကမင်းသမီးတွေလိုမျိုးတော့မဟုတ်ဘူးပေါ့။ ကိုယ့်မျိုးရိုးကလည်းရှိသေးတာကိုး။​

မျက်တောင်ထူလာတယ်ဆိုတာမျိုးပြောရတာကို ဘယ်လိုပြောရမလဲ။ မျက်တောင်တွေကအရင်ကလိုမကျွတ်တော့ဘဲနဲ့ မျက်လုံးပေါ်မှာတော်တော်ကြာကြာရှိနေတာ။ ပြီးတော့ မျက်တောင်လေးတွေကလည်းရှည်လာတယ်။ မျက်တောင်တုလိုမျိုး မယုံနိုင်စရာရှည်နေတာမျိုးမဟုတ်ဘူးနော်။​အဲ့ဒီလိုဖြစ်ချင်ရင်မျက်တောင်တုတပ်။ အခုဟာက ရှိရင်းစွဲထက်ကို သိသိသာသာလေးကိုသဘာဝဆန်ဆန်လေးရှည်လာတာ။ မျက်လုံးမှာပေါက်တဲ့မျက်တောင်တွေမှာသိတယ်မဟုတ်လား အပြင်အစွန်းဘက်မျက်တောင်တွေက တိုတိုလေးဖြစ်နေတာလေ။ (ကိုယ်ပဲဖြစ်နေတာလားမသိ)​ အဲ့ဒီမျက်တောင်လေးတွေကတော်တော်လေးကို သိသိသာသာရှည်လာတာ။​ အဲ့ဒါလေးကိုသတိထားမိတာ။​ နောက်ပြီးတော့ မျက်တောင်တွေကျွတ်တာသက်သာတယ်။ ဖူးပွင့်နောက်ပိုင်း ရုံးမှာအပြင်ထွက်ရတာများတော့ နေ့တိုင်းနီးပါးကို မိတ်ကပ်လိမ်းဖြစ်တော့ mascara တွေသုံး၊ Remover နဲ့ဖျက်လုပ်တာ မျက်တောင်တွေက အရင်က lash serum မသုံးသလိုမျိုးမကျွတ်ဘူး။ အများဆုံးကျွတ်မှာ ၂ ပင်၊ ၃ ပင်လောက်ပဲ။

အဲ့ဒီအချိန်ကျမှ ingredient list ကောက်ကြည့်တာ။​ (အရမ်းတော်တာနော်) ဘာကြောင့်လဲပေါ့။ အဲ့ဒါနဲ့ သူ့အထဲမှာ ဖူးပွင့် ingredient အဆန်းတစ်ခုသွားတွေ့တာ။

ဆန်းတယ်ဆိုတာထက် သိပ်မမြင်ဖူးတဲ့ ingredient လို့ပြောရမလားပဲ။ Biotinoyl Tripeptide-1 လို့ခေါ်တယ်။​ လိုက်ဖတ်ကြည့်တော့ သူ့ရဲ့အဓိကလုပ်ဆောင်ချက်က ဆံပင်တွေမကျွတ်အောင်နဲ့ အထူးသဖြင့် မျက်တောင်တွေမှာ ရှည်ပြီးထူလာအောင်နဲ့ မကျွတ်လွယ်အောင်လုပ်ပေးတယ်လို့ရေးကြတယ်။ မျက်လုံးထဲမြင်အောင်ပြောရရင် မျက်တောင်အရင်းကအမြစ်သိတယ်ဟုတ်? အဲ့ဒီအမြစ်လေးကိုသူကအားဖြည့်ပေးပြီးတော့သန်အောင်လုပ်ပေးတာ။ Biotinoyl Tripeptide-1 အပြင်ကို သူ့ထဲမှာမျက်တောင်အတွက်အကျိုးရှိတဲ့ glycerin တို့ aloe vera juice တို့ပါတယ်ပေါ့။ အဲ့ဒါကိုဖတ်ပြီးမှ ကိုယ်လည်း “ဪ ဒါကြောင့်ကိုး”​ ပေါ့။

ကောင်းတာချည်းပဲပြောပြီးတော့ အနည်းငယ်သတိထားရမယ့်အချက်လေးတွေပြောရအောင်။ သူ့ formula ထဲမှာ alcohol ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ lash serum ထဲမှာ alcohol ပါရင် မျက်လုံးကစပ်တတ်တဲ့သူတွေသုံးရင်သတိထားသင့်တယ်။ သူ့ texture ကတော့ gel ကိုမှခပ်ပျစ်ပျစ်လိုပုံစံမျိုးမို့လို့ ကိုယ့်မျက်တောင်ပေါ်တင်ပြီးရင်တော့ မျက်လုံးထဲဝင်တာမျိုးဖြစ်ဖို့တော့ရာနှုန်းနည်းတယ်။​ (အများကြီး အများကြီးတော့ပုံပြီးမလိမ်းနဲ့ပေါ့) အဲ့ဒါလေးကလွဲပြီး ကျန်တာကတော့ အထွေအထူးပြောစရာတော့မရှိပါဘူး။​ သူ့ formula အတိုင်းပဲပေါ့။ ဆက်ပြောရင်လည်း organic chemistry classroom ဖြစ်တော့မယ်။

ဖူးပွင့်ကဒါကို ပုံမှန်တော့ night time skincare လုပ်ပြီးသွားရင်မျက်တောင်မှာသုံးလိုက်တယ်။ ပိတ်ရက်တွေအိမ်မှာတနေ့လုံးနေမယ် ဘယ်မှမသွားဘူးဆိုရင် lash care လုပ်တဲ့အနေနဲ့ နေ့၊​ည သုံးတယ်။ မနက်တစ်ခါ နေ့လည်တစ်ခါပေါ့။ Brand ကတော့ 2 weeks ဆိုရင်ရှည်တာကိုမြင်ရပြီလို့ပြောတယ်။ ဖူးပွင့်ကတော့ သတိမထားမိလိုက်တော့ ၁ လ ၂ လလောက်နေမှ ရှည်လာတာကိုသတိထားမိတယ်။ Result ကောင်းတာကတော့ တကယ်ပဲ။

Highly recommended နော်။ ဝယ်။ ဒါမျိုးကို Rosie က ခဏခဏမပြောဘူး။ ကောင်းတယ်ဆိုမှပြောတာ။

ဝယ်ချင်ရင်တော့IN2IT Myanmar မှာရတယ်။ ဈေးကတော့ဖူးပွင့်သေချာမပြောတတ်ဘူး။ ဖူးပွင့်ဝယ်တုန်းက Thai Baht နဲ့ဝယ်တာမို့။​ ဈေးလည်းသေချာမမှတ်မိဘူး။​ ဈေးတော့မကြီးဘူး။ သုံးပျော်တဲ့ amount ပဲ။

ကဲ။​ Eye lash care လုပ်ချင်တဲ့သူတွေ၊ မျက်တောင်ကို သဘာဝအတိုင်းရှည်ချင်သူတွေအတွက်ညွှန်းပေးလိုက်ပြီနော်။

See you in the next post.

Love,
Rosie

Disclaimer - NOT sponsored. Product is purchased with my own money in Thailand.

Photos from Aphrodite Skincare Online Shop Myanmar's post 26/09/2023

💗 My Care Cotton Pad 💗 လေး ရောက်ပီနော် ✌✌✌

price - 5000ks (Instock)

💗 Cotton pad ဆို မဖွာမှ ၊ ကျစ်မှ သုံးချင်တဲ့သူတွေ
ဒါကို မျက်စိမှိတ်ရွေးလို့ ရတယ်နော်
ဂျေးများတဲ့သူတွေတောင် သဘောကျ ကြတယ်

💗 200 ခုတောင်ပါလို့စိတ်ကြိုက်သုံးပါလေ့

💗 အသားအိအိလေးနဲ့ ဘေးအသားတွေပါ သေချာလေး ချုပ်ထားလို့ တိုနာပဲ သုံးမလား double cleansing လုပ်တဲ့အခါမှာပဲ သုံးမလား အရမ်းအဆင်ပြေပါတယ်

💗 Premium qualityဂွမ်းသားအိအိလေးနဲ့မို့အမွှေးလုံးဝမဖွာဘူးနော်

✅ 100% pure Cotton
✅ Chemical Free

✅ Super sensitive skin တွေတောင် သုံးလို့
အိုကေတယ်

✅ အခု 200 ပါ ပါတယ်နော်

💯% BKK made / Thai Import

21/09/2023

Instock

ချွေတာဖို့ရာ 1L Sunscreen ဗူးကြီး ဝယ်သင့်ရဲ့လား❓

Body sunscreen တွေထဲမှာ local market ထဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်ရောက်လာတယ်လို့ ပြောရမယ်။ ‌သုံးလို့ကောင်းမကောင်းထက် အဓိက သူ့ရဲ့ 1L size နဲ့ packaging ကြောင့် နာမည်ကြီးတယ်လို့ Nyi ကတော့ မြင်တယ်ပေါ့နော်။ ကိုယ်တိုင်လဲ သူနာမည်ကြီးပြီး တော်တော်နဲ့ကို မသုံးဖြစ်သေးဘူး၊ လွန်ခဲ့တဲ့ 3လလောက်ကမှ သုံးလက်စ body sunscreen ကုန်တာနဲ့ ဒီတခေါက်တော့ အသစ်အဆန်းလေး try ကြည့်ချင်တယ်ဆိုပြီး ဝယ်ဖြစ်သွားတာ။ ဒီ review မှာတော့ Nyi သူနဲ့ပတ်သက်ပြီး ဘယ်လိုစိတ်ခံစားချက် အတက်အကျရှိလဲဆိုတာ ဝေမျှသွားချင်တယ်။

အရင်ဆုံး ဈေးနှုန်းကတော့ စကြည့်ရအောင်... သူက ဆိုင်တော်တော်များများမှာ 4သောင်းပတ်ချာလည်ရောင်းတာ တွေ့ရတယ်။ 1L ပါတော့ တွက်ကြည့်ရင် 300ml ကို 14000ks လောက်သွားကျတယ်။ ပုံမှန် Vaseline, Nivea sunscreen တဗူးဈေးပဲ။ ထူးခြားပြီး ဈေးချိုနေတာမျိုး မရှိဘူး၊ အဲ့အစား သူ့ဝယ်မယ်ဆိုရင် တခါတည်း 4သောင်းကျော်သုံးရမယ်။ သူ့ဗူးက ပုံထဲကလို ကိုယ့်လက်တပြင်စာပါပဲ၊ ဗူးအပြည့်နီးနီးပါတယ်။ Aussie brand ကဖြစ်ပြီး Spf 50+ both UVA & UVB broad spectrum protection ပါတယ်။ Very high protection လို့ ရေးထားတယ်။ Tested for 4hours water resistant လို့လဲ claim လုပ်ထားတယ်☔

Ingredients တွေကြည့်ရင်တော့ သူက fully chemical sunscreen အမျိုးအစား၊ alcohol free ဖြစ်တယ်။ Soothing အတွက် aloe vera ထည့်သုံးထားလို့ aloe နဲ့မတည့်ရင် တချက်သတိပြုပါ။ Ingredients နဲ့ပတ်သက်ပြီး တခြားတော့ ထွေထွေထူးထူး ပြောစရာမရှိဘူး။ Consistency ကိုကြည့်မယ်ဆိုရင် သူက medium to thick texture ရှိတဲ့ lotion မျိုးပဲ။ လိမ်းရတာ မပူပေမဲ့ ထူတဲ့၊ အဆီပါဝင်မှုများတဲ့ ခံစားချက်ကို ရတယ်။ မျက်လုံးထဲမြင်အောင် ပြောရရင် Vaseline Spf 50 ကို တော်တော်များများ သုံးဖူးကြတယ်မလား? သူ့ထက် 2ဆခွဲ 3ဆလောက် အဆီပါဝင်မှုများတယ်။ ဒါပေမဲ့ formula ကထိန်းထားလို့ သုံးရတာ အောလီမဆန်သွားဘူး။

Moisturizing ဖြစ်ပြီး greasy မဖြစ်ရုံ texture လို့ ပြောနိုင်တယ်။ ကောင်းတာက လိမ်းတဲ့အခါ ဖြန့်ရလွယ်တယ်၊ စိမ့်ဝင်တာလဲ မဆိုးဘူး။ Nyi က body sunscreen ကို generously လိမ်းတတ်တဲ့သူမျိုးဆိုတော့ သူ့စိမ့်ဝင်ဖို့တော့ ခဏစောင့်ရတယ်။ လိမ်းတဲ့ပမာဏ များတာကြောင့်လဲ ပါတယ်၊ သူကိုယ်တိုင်ကိုက အဆီပါဝင်မှုများလို့လဲ ပါတယ်, လိမ်းပြီးခဏတော့ အရေပြားပေါ်မှာ အဆီတွေတင်နေသလို ဖြစ်တယ်။ Btw, သူက အနံ့လုံးဝမပါဘူးနော်။ အသားထဲစိမ့်ဝင်သွားရင်တော့ skin က စိုပြီး glow နေတာ အရမ်းကိုမိုက်ပါတယ်။ အောက်က body lotion ခံစရာမလိုဘဲ သူ့တခုလိမ်းရုံနဲ့ perfect ပဲ။ Pump ကြောင့်လဲ သုံးရတာ အလေအလွင့်မရှိဘူး။

Water resistant ဖြစ်လို့လဲ တော်ရုံရေထိရုံနဲ့ lotion တွေပျော်ကျလာတာမျိုး မကြုံရဘူး။ အဲ့ဒါထက်ပိုပြီး Nyi ဒီ Spf ကို ချီးကျုးချင်တာက UV protection အရမ်းကိုကောင်းတယ်။ Vaseline Spf သုံးရာကနေ ဒီတခုပြောင်းသုံးကြည့်တော့ သိသိသာသာ သတိထားမိတာက နေလောင်တာတွေ အရင်ကလောက် မဖြစ်တော့တာပဲ။ Skin tone မညီတာတွေဆိုလဲ ဖြည်းဖြည်းချင်းသက်သာလာတယ်။ အဲ့အပိုင်းကိုတော့ အရမ်း impress ဖြစ်မိတယ်။ ဒါပေမဲ့ တခုသိဖို့လိုတာကတော့ သူက water resistant ဖြစ်ပြီး texture ထူလို့ လိမ်းပြီးတဲ့အခါ ညဘက်‌သန့်စင်ပေးဖို့တော့ လိုမယ်။ မဟုတ်ရင် အဖုထွက်နိုင်တယ်ပေါ့နော်။ Double cleansing ထိတော့ မလိုပါဘူး။

❗Nyi ဒီ lotion နဲ့ပတ်သက်ပြီး ကြုံခဲ့ရတဲ့ပြဿနာကတော့ သူ့ကိုလိမ်းပြီး 2,3ပတ်နေတော့ လက်မှာ အဆီဖုလိုအဖုလေးတွေ ထွက်လာတာပါပဲ။ တခြား ခြေထောက်နဲ့ လည်ပင်းတို့မှာတော့ အဲ့လိုမဖြစ်ဘူး။ Nyi အမြင် ဘာကြောင့် စစသုံးချင်းမှာမဖြစ်ဘဲ နောက်မှအဲ့လိုဖြစ်ရလဲဆိုရင် သူ့ရဲ့အဆီပါဝင်မှုများပြီး moisturizing အရမ်းဖြစ်တာကြောင့်လို့ ထင်တယ်။ Nyi က အရင်ထဲက လက်တို့ကျောတို့မှာ အဆီဖုလိုအ‌ဖုလေးတွေ ပေါက်တတ်တယ်။ ဒါသုံးတော့လဲ စစသုံးချင်းမှာ ဘာမှမဖြစ်ဘူး။ နောက်တော့မှ လက်မှာအဖု‌လေးတွေ ပိုပိုထွက်လာတော့ ဒါကြောင့်ပဲလို့ အဖြေပေါ်သွားတာ။ ညရောက်ရင် ဆပ်ပြာနဲ့‌သေချာဆေးချရက်နဲ့ ဖြစ်တာနော်။

ကိုယ့်ရဲ့တဖက်က feeling ကကျတော့ သူ့ကို ခြေထောက်မှာလိမ်းရတာ အရမ်းကြိုက်တယ်။ နဂိုထဲက ခြေထောက်အသားအရေက အရမ်းခြောက်တော့ Spf တွေလိမ်းရင် သေချာ blend လို့မရဘဲ ကွက်တာ၊ white cast လို အဖတ်တွေကျန်တာမျိုး ဖြစ်ပေမဲ့ ဒါနဲ့တော့ လိမ်းထားရင် စိုပြီးဝင်းနေရော၊ UV ကိုလဲ အပြည့်အဝကာကွယ်ပေးလို့ skin tone ညီပြီး ဝင်းလာတာ သတိမထားမိဘဲ မနေ‌နိုင်အောင်ပါပဲ။ လည်ပင်းဂုတ်တွေမဲတာလဲ သိသိသာသာ ပြန်ဖြူလာတယ်။ ကြိုက်တဲ့အချက် မကြိုက်တဲ့အချက်တွေ ပြောပြီးရင်တော့ ဘယ်သူတွေသုံးသင့်တယ်၊ ဘယ်သူတွေမသုံးသင့်ဘူး၊ ကိုယ်တိုင်ရော ဒီဗူးကုန်ရင် ထပ်ဝယ်ဖြစ်မလားဆိုတာ အနှစ်ချုပ်ပြောချင်တယ်~

ဝယ်သင့်တဲ့သူတွေ✅

- ခန္ဓာကိုယ်အသားအရေ အရမ်းခြောက်ရင်
- Body lotion ခံစရာမလိုအောင် sunscreen ကနေ အစိုဓာတ်အပြည့်ရချင်ရင်
- ကိုယ်နေတဲ့နေရာနဲ့က ဝယ်ရမလွယ်လို့ တဗူးဝယ်ပြီး အကြာကြီးသုံးချင်ရင် (1နှစ်ထက် ပိုသုံးလို့မရတာတော့ ‌သိစေချင်တယ်)
- ချွေးထွက်များ၊ ရေနဲ့အမြဲထိတွေ့နေရရင်
- အပြင်အမြဲသွားရလို့ UV protection မြင့်တာမျိုး ရှာနေရင်
- Body sunscreen ကို အလေအလွင့်မရှိ ချွေချွေတာတာနဲ့ ချိန်ညှိသုံးချင်ရင်

မဝယ်သင့်တဲ့သူတွေ❌

- ခန္ဓာကိုယ်မှာ အဖုထွက်တတ်ရင်
- Sunscreen ကို ပေါ့ပေါ့ပါးပါးနဲ့ အေးတာပဲ ကြိုက်ရင် (Vaseline ကိုတောင် ပူတယ် ထူတယ် ချွေးပြန်တယ်လို့ထင်ရင် ဒီတခုကို လုံးဝမစဉ်းစားပါနဲ့)
- ချွေးအရမ်းပြန်တတ်ရင် (တော်ရုံဆို သုံးလို့ရပေမဲ့ အရမ်းချွေးပြန်တဲ့သူတွေဆို သူက moisture များပြီး thick ဖြစ်လို့ အဆင်မပြေနိုင်ဘူး)
- ညနေဘက် ပြန်ဆေးကြောမပေးနိုင်ရင် (Double cleansing မလိုပေမဲ့ ဆပ်ပြာနဲ့ရေချိုးတာမျိုး၊ ရေဝတ်လေးနဲ့ လိမ်းထားတဲ့နေရာတွေကို သန့်စင်တာမျိုးတော့ လုပ်ပေးသင့်တယ်)
- မျက်နှာလိမ်းဖို့ စဉ်းစားနေရင် (Dry skin နဲ့တောင် အဆင်မပြေဖို့ များပါတယ်၊ လုံးဝမတွေးပါနဲ့)

Nyi သူ့ကို ပြန်ဝယ်ဖြစ်မလား🌞

အဖြေက Yes ပါ။ လက်ကိုလိမ်းရင် အဖုထွက်လို့ လက်မလိမ်းတော့ဘဲ ခြေထောက်ပဲလိမ်းပါတယ်။ သူ့ကိုခြေထောက်လိမ်းရတာ အရမ်းကြိုက်လို့ အဲ့အတွက်ပဲ ဒီတဗူးကုန်ရင် သီးသန့်ထပ်ဝယ်ဖို့ တွေးထားပါတယ်။ Face & Body လိမ်းရတဲ့ product ကို ခြေထောက်ပဲလိမ်းတယ်ပြောလို့ တမျိုးတော့မထင်ပါနဲ့နော်။ ပစ္စည်းမကောင်းလို့မဟုတ်ဘဲ ကိုယ်နဲ့အဆင်ပြေတဲ့နေရာကို လိုသလို ရွေးသုံးရတာမလို့ပါ။ Nyi အနေနဲ့ လည်ပင်းနဲ့ လက်ကို Vaseline/Nivea Spf ထဲက ဝယ်သုံးမှာဖြစ်ပြီး ခြေထောက်ကိုတော့ ဒီတခု စွဲသုံးဖြစ်မှာပါ။ Anyways, I recommend this. This's a good quality product with reasonable price.

ပြည့်ပြည့်စုံစုံလေး ပြောပေးထားလို့ ဝယ်ဖို့စဉ်းစားနေရင် ဒီ post လေးက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်မှ ပြန်တွေ့ကြမယ်နော်💕

Photos from Aphrodite Skincare Online Shop Myanmar's post 21/09/2023

💚 Kynhu Pure CottonPad💚

✔️ Price ~ 5500ks (Instock)

💚သုံးရတာ အရမ်းကောင်းတဲ့ pads လေး instock ရောက်ပါပြီရှင့်

💚တိုနာထည့်သုံးဖို့ပဲဖြစ်ဖြစ် ၊ miceller water နဲ့သုံးဖို့ပဲဖြစ်ဖြစ် အသုံး၀င်တဲ့ cotton pad လေးပါရှင်

💚ရေစုပ်ယူမှု နည်းလို့ မျက်နှာပေါ်မတင်ရဘဲ တိုနာရည်တွေ ဂွမ်းထဲရောက်တာနဲ့ ကုန်ရတာမျိုး မဖြစ်တော့ပါဘူးနော်

💚ဘေးအနားသတ်မှာ ချုပ်သားလိုင်းလေးတွေ ပါတကြောင့် သုံးနေရင်း ဖွာထွက်တာ ၊ ပြဲတာမျိုး မရှိပါဘူး

💚တစ်ထုတ်မှာ အချပ် (၂၂၂ ) ပါတာမို့
တစ်ရက် (၂) ချပ်သုံးရင်တောင် ၃လခွဲလောက် အသုံးပြုနိုင်ပါတယ်

18/09/2023

Instock

ခုတလော trendဖစ်နေတဲ့ ရေမွှေး တကယ်ကောင်းလား?
သူ့စျေးနဲ့သူ တန်တယ်လို့ခံစားရတဲ့ ရေမွှေးပါ စျေးသက်သာတော့ အနံ့ကစူးနေမယ်ထင်တာ မစူးဘဲ သင်းသင်းလေးနဲ့ မွှေးနေရောဘဲ...

အနံ့က လက်ဖက်စိမ်းအနံ့လေး🌿🌿
freshဖစ်တယ်လို့ခံစားရတယ် နောက်ထပ် notedတွေက သံပုရာသီးအချဉ်အနံ့ရယ် နှင်းဆီအနံ့ရယ်ရတယ်....
အနံ့က မအီဘဲ သင်းပြီး freshဖစ်နေတာလေး တော်တော်သဘောကျတယ်...
သူ့အနံ့က ခေါင်းလဲမကိုက်ဘူး ယဉ်ယဉ်လေးနဲ့ အနံ့ပျော့တယ် အနံ့အရမ်းမစူးဘဲ သင်းတာလေးကြိုက်ရင် ရွေးသင့်တယ်...

ဒါမယ့် လုံးဝတာရှည်မခံဘူး အနံ့က တနာရီခွဲလောက်ဘဲခံတယ် ခနခနတော့ ​​​ဖြန်းပေးရမယ် အာ့မှတနေကုန်ခံမှာ
အာ့တခုတော့ရှိမယ်ပေါ့...
အနံ့စွဲနေတာမျိုးလိုချင်ရင်မဝယ်ပါနဲ့ အလကားဖစ်တယ်
ခနဘဲ အနံ့ထွက်တာမို့ တာရှည်မခံလဲရတယ် အနံ့သင်းနေတာကြိုက်ရင်တော့ ဝယ်သင့်ပါတယ်....

December Cosmetics အာ့ pageမှာ မေးဝယ်ကြည့်ပါနော်....

Photos from Aphrodite Skincare Online Shop Myanmar's post 18/09/2023

💗 Shi Mang eau de cologne လေး ရောက်ပီနော် 💗

price - 6500ks (Instock)

ဒီအနံ့ ၄ မျိုး လေး ရဦးမယ်နော် ✅✅

-Toffee Girl
- Peach & mandarine
- Monet Garden
- Scent of Tea
အနံ့ ၄ မျိူးရပါမယ် မျှယူပေးပါနော်

✅ အနံ့လေးတွေ အကုန် အကောင်းစားအနံ့လေးတွေချည်းပဲ အပေါစားမဆန်ဘူး long lasting ပိုင်းပဲ နဲနဲအားနည်း ဒါမဲ့သူ့စျေးနဲ့တော့ တော်တော်တန်သော နော် မင်မင်တော့ ၁ဘူးယူထားလိုက်ပီ ✌✌

Photos from Aphrodite Skincare Online Shop Myanmar's post 12/09/2023

❤ One step hair dryer and stylerHot air brush ❤

ခေါင်းလျော်ပြီး Dryerနဲ့ပုံသွင်းဘီး ၂မျိုးသုံးပြီးပုံသွင်းစရာမလိုတော့ဘူးနော်

✅ Price - 18000 ks (အသင့်ရှိ )

❤ 2in1ပုံသွင်းဘီးလေးရှိပါတယ်နော်
ဆံပင်အခြောက်ခံရုံတင်မကပုံလေးပါသွင်းပီသားဖြစ်လို့ အဆင်ကိုပြေရောပဲ

❤ မနက်ထထချင်းဆံပင်လှန်တတ်တာတွေပဲဖြစ်ဖြစ်, ဆံပင်ပုံစံမကျလို့ ပဲဖြစ်ဖြစ်
ဒီပုံသွင်းဘီးကိုအသုံးပြုလို့ရပြီနော်..!!!
သုံးရတာအရမ်းလွယ်တဲ့အတွက် မိန်းကလေးတိုင်းဆောင်ထားသင့်တယ်နော်..

❤ Brush လေးက 360* ဆုံလည်လေးနဲ့မို့ ဆံပင်ဖြီးရလွယ်ကူစေတယ်

❤ Brush ထိပ်ဖျားက အဖုလေးတွေက ဦးရေပြားကို နှိပ်နယ်ပေးလို့ သွေးလည်ပတ်မှုကောင်းပြီးစိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်

❤ စက်မှာပါတဲ့ brushလေးတွေက ရေဓါတ်ဆုံးရှုံးခြင်းကို လျှော့ချပေးပြီး ဆံပင်ရေခြောက်တာမြန် စေလို့ ဆံသား ဖွာခြင်း, ကျိုးကြေခြင်းတို့ မဖြစ်စေပဲပျော့ပျောင်းတောက်ပနေစေတယ်။

❤ ဆံပင်အခြောက်ခံဖို့အတွက်ဘဲ သုံးသုံး/ဖြောင့်စင်း နေချင်လို့ဘဲသုံးသုံး ဘက်စုံသုံးလို့ရတယ်နော်။

Photos from Aphrodite Skincare Online Shop Myanmar's post 04/09/2023

💚 Laneige Cica Sleeping Mask (10ml) 💚

✔️✔️ Price - 5000 ks

💚ဝက်ခြံသမားတွေအတွက် တကယ်အဆင်ပြေသော

💚ဘာတွေပျောက်လဲ ??

- အဆီအဖုတွေပျောက်တယ်
- အဆီပြန်တာသက်သာတယ်
- ဝက်ခြံကြောင့်ဖြစ်တဲ့ အဖုနဲ့အမဲစက်တွေသက်သာတယ်
- တင်းတိတ်အမဲစက်သက်သာပြီး အသားရေတင်းစေတယ်

💚ဘယ်လိုလူတွေလိမ်းလို့ရလဲ ??

All Skin Type သုံးလို့ရပါတယ်ရှင့် ဝက်ခြံသမားမှမဟုတ်ပါဖူးနော်

- မည်သည့်အသားအရေမဆို လိမ်းလို့ရပါတယ်
- အထူးသဖြင့် sensitive skin သမားတွေအတွက်
ထုတ်လုပ်ထားပါတယ်

💚သူ့လိမ်းရင်ဘာအတွက်ကောင်းလဲ

- အသားအရည်ကိုရေဓါတ်ဖြည့်ပေးတယ်
- အဆီပြန်တာသက်သာတယ်
- အသားခြောက်တာသက်သာတယ်

💚အထူးသဖြင့် ဝက်ခြံအဆီဖုသမားတွေညဘက်လိမ်းမယ်ဆိုရင် နီမြန်းယောင်ယမ်းနေတဲ့အဖုတွေကို သက်သာပြီး လိုအပ်နေတဲ့ရေဓါတ်ကိုဖြည့်ပေးလို့အသားအရေကြည်ပြီး လှပလာကာ ဝက်ခြံထွက်ခြင်းကိုလျော့နည်းစေပါတယ်

Photos from Aphrodite Skincare Online Shop Myanmar's post 04/09/2023

💚​Axis Y Glow Serum 50ml💚

✔️✔️ Price - 25000ks (Instock)

💚၀က်ခြံ၊ အမာရွတ်၊ အမဲစက် သက်သာပြီး Glow တယ်လို့ နာမည်ကြီးနေတဲ့ serum လေးနော်။

💚၀က်ခြံနဲ့ နီမြန်းရောင်ယမ်းတာတွေကို Calendula & Papaya က သက်သာစေပါတယ်။

💚Rice Extract က အသားအရည်ကို ဖြူ၀င်းပြီး ကြည်စေပါတယ်။

💚Sea Buckhorm က အမဲစက်နဲ့ အသားမွဲညစ်တာကို သက်သာစေပါတယ်။

💚Calendula က အသားအရေကို အေးမြစေပါတယ်။

💚အသားအရောင်မညီတာနဲ့ အမဲစက်တွေကို Niacinamide5% က သက်သာစေပြီး Skin Barrierကို အားကောင်းစေပါတယ်။

💚Texture က Lightweight ဖြစ်လို့ အသားထဲစိမ့်၀င်လွယ်တယ်။

💚Sensitive Skin တွေလည်း သုံးလို့ရပါတယ်။

Photos from Aphrodite Skincare Online Shop Myanmar's post 04/09/2023

🫐 Moroccanoil Hair Treatment Oil 10ml 🫐

✔️ 10ml price - 10000ks

🫐Argan Oil နဲ့Vatamin-E တို့နဲ့ပေါင်းစပ်ထုတ်လုပ်ထားတာမလို့ဆံပင်အရှည်မြန်ပြီးလိမ်းလိုက်ရင်ဆံသားလေးကိုအိအိလေးနဲ့နူးညံ့ပျော့ပြောင်းတောက်ပစေပါတယ်

🫐ဦးရေပြားအဆီပြန်တဲ့သူတွေလည်း သုံးလို့ရပါတယ် အပူချောင်းတွေထိပါများလို့ဆံပင်ပျက်စီးနေတာတွေ၊ ဆံပင်နှစ်ခွဖစ်တာတွေ၊ ဆံပင်ရှုပ်ထွေးတာတွေ၊ ဆံပင်ပါးပြီးမွဲခြောက်ခြောက် ဖြစ်တာတွေ၊ ဆံပင်အရှည်မမြန်လို့ စိတ်ညစ်နေရတွေ bye bye ပဲနော်

🫐UV Protetor ပါဝင်လို့နေရောင်ခြည်ကြောင့်ဆံသားပျက်စီးမှာကို လုံးဝစိတ်မပူရဘူးနော် လိမ်းလိုက်ရင်စေးကပ်ကပ်ဖြစ်မနေဘဲ ပျော့ပျော့လေးနဲ့အိအိလေးဖြစ်စေမှာပါနော်

🫐အနံ့ပြင်းတာကိုမကြိုက်တဲ့သူတွေ ဒါလေးက အနံ့သင်းသင်းလေးနဲ့ luxury ဆန်တဲ့အနံ့လေးမို့ အရမ်းအဆင်ပြေတယ်

🫐စမ်းသုံးကြည့်ချင်သူများအတွက် 10ml လေးရှိပါတယ်နော်

💯% Authentic

Photos from Aphrodite Skincare Online Shop Myanmar's post 18/08/2023

💕 Vaseline 10X Gluta Glow Lotion 500ml 💕

✔️ price - 14500ks (Instock)

💕တခြား lotion တွေထပ်သာတဲ့ သူ့အားသာချက်က Gluta ပါဝင်မှုပါရှင့်... gluta ပါပေမဲ့ အသားလုံးဝမခြောက်သွေ့ပဲ စိုစိုအိအိလေးမို့ လူတိုင်းကြိုက်တဲ့ lotion လေးပါ

💕Gluta ဆိုတာ အသားဖြူတဲ့နေရာမှာ အထိရောက်ဆုံးမို့ မကြိုက်တဲ့လူ မရှိဘူးနော်...✌️

💕10x လည်းဖြစ်တာမို့ နေ​လောင်ဒဏ်ကို 10 ဆ ပိုမို
ကာကွယ်ပေးပီး အသားရေကြည်လင်လာတာ သိသာပီး Glow Effect ပါ ရစေတယ်။

💕တစ်ဘူး သုံးကြည့်ရုံနဲ့ နေလောင်ဒဏ်ပါ ကာကွယ်ပီး Gluta ပါတာကြောင့်မို့ ဖြူတာ ပိုသိသာစေတယ်

💕စျေးအသင့်အတင့်နဲ့ gluta ပါဝင်တဲ့ lotion မျိုးကို စမ်း try ကြည့်မယ်ဆို ဒီ lotion ကအသင့်တော်ဆုံးနော်

Photos from Aphrodite Skincare Online Shop Myanmar's post 18/08/2023

💞Lancôme Toner( 50ml )

💞3sec မှာ 1ဘူးရောင်းရတယ်ဆိုတဲ့
Lancôme Toner 50ml လေး instock ပါ 😍

price - 15000ks (Instock)

💞သူကmoisture နဲ့ toner ရောထားတာမို့
texture လေးကပုံမှန် တိုနာတွေထက်ပျစ်တဲ့
နို့ရည်ပုံစံလေးအသားအရည်ကို စိုစိုအိအိနဲ့ကြည်စေမယ် ရေဓာတ်ဖြည့်ပေးတယ် တချို့တိုနာတွေသုံးပီးရင်အသားခြောက်ပီး မျက်နှာတင်းတင်းဖြစ်နေတာမကြိုက်ရင် ဒါလေးကိုယူပါချွေးပေါက်ကျဉ်းစေတယ်

💞Hyaluronic Acid ပါဝင်လို့ Skin ကိုရေဓာတ်အပြည့်အဝပေးတဲ့ Toner လေးပါ

💞Air Pollution ကြောင့် အသားအရေညစ်နွမ်းတာတွေ အသားအရေ ပြန်ကြည်လင်စေလို့Lancome ရဲ့ Best Seller Toner လေး ဖြစ်နေတာပါရှင်

💞Sweet Almond Oil & Acacia Honey တို့က
ထုတ်လုပ်ထားလို့ Hydration အပြည့်အဝပေးပြီး
အသားအရေကို ကြည်လင် စိုပြေစေပါတယ်

💞Dry skin တွေအတွက်ပိုသင့်တော်ပါတယ်
Alcohol free မို့ sensitive သမားတွေပါသုံးလို့ရပါတယ်

Made in France

Photos from Aphrodite Skincare Online Shop Myanmar's post 17/08/2023

KOKO'S suncream (4) မျိုးinstock ရပီနော်

🫶 price - 16000ks

✔️ ပထမ cica နှင့် aqua (2) မျိုးပဲထွက်ရာကနေ ခုပြန်ဝင်လာတော့ ပန်းရောင် tone up နှင့် watery fresh စိမ်းပြာလေးပါ ထပ်ဝင်လာပါပြီ

✔️ ပထမ cica နှင့် aqua (2) မျိုးကတော့ cica က ဝက်ခြံ အဆီပြန် skin အတွက် ပေါ့ပါးပြီး အဆီ
ပြန်လည်း သက်သာ... ဝက်ခြံလည်း သက်သာပါတယ်... အပြာ aqua လေးကတော့ ရေဓာတ်ဖြည့်ပေးလို့ အသားခြောက်ပြီး အမဲစက်ရှိသူတွေ အတွက် အစိုဓာတ်ပေး suncream လေးပါ...

✔️အသစ် ပန်းရောင်လေးကတော့ မိတ်ကပ်သားပါးပါးပါလို့ tone up suncream ကိုမှ နဂို skin ကို တစ်ဆင့်ဖွေးလင်းသွားစေပါတယ်... မိတ်ကပ်ရော suncream ပါ တစ်ခုတည်းအပြီးလိမ်းလို့ ရပြီး အဆီပြန်သမားတွေရော အဆင်ပြေတဲ့ no sebum tone up အမျိုးအစားလေးပါ သဲတို့ရေ....

Ko Ko's sun cream review
https://m.facebook.com/story.php?story_fbid=587331829615826&id=100050170433487

https://www.facebook.com/105738614476087/posts/585541023162508/

https://m.facebook.com/story.php?story_fbid=5214439451954530&id=2291553304243174

https://m.facebook.com/story.php?story_fbid=628660705293929&id=100044500146702

https://m.facebook.com/story.php?story_fbid=417886843488744&id=103956361548462

https://m.facebook.com/story.php?story_fbid=415465567111300&id=100059435803296

https://m.facebook.com/story.php?story_fbid=723846095616880&id=109338870400942

https://m.facebook.com/story.php?story_fbid=3345092705720952&id=1980678065495763

15/08/2023

💙💗Watson’s cleansing water 485ml 💙💗 (Instock)

✔️ 485ml:- 10000 ks

(Bugdet Save ဖြစ်ပီး ပြန်ရတဲ့ Quality ကအမိုက်စားပါ )

💞 အသစ် ထပ်ထွက်တဲ့ ပန်းရောင်လေးကတော့
အသားရေ ညစ်ပီး Brightening ဖြစ်ချင်တဲ့လူတွေအတွက် Glow Effect လည်းပါရယ်

💗eyeliner တောင်အလွယ်တကူပျက်တယ် သုံးပြီးရင်လဲ အသားကစိုစိုအိအိလေးဖြစ်ကျန်ခဲ့တယ်

💙အသားခြောက်သွားတာမျိုးမရှိဘူး ဝက်ခြံ အဆီဖုသမားလဲ သုံးလို့ရတယ် 😍

Dermalogical tested ဖြစ်တာကိုမှ ဘာတွေ မပါဘူးလဲဆိုတော့
❌Alcohol free
❌Oil free
❌Fragrance free
❌Color free မလို့ တော်ရုံတည့်မှာမပူရဘဲစိတ်ချလက်ချသုံးလို့ရတယ်နော်

နောက်တခုက ဘယ် micellar water မှာမှ မပါတဲ့ Hyaluronic acid လေးပါ တခါတည်း ပါပီးသားမို့ ရေဓာတ်ဖြည့်ပေးတဲ့အပြင် အသားရေကိုတင်းပီးကြည်စေတယ်

Photos from Review by Maewam's post 15/08/2023

2မျိူးလုံး Instock ရ

lip gloss - 15000ks
blusher - 15000ks

Photos from Aphrodite Skincare Online Shop Myanmar's post 15/08/2023

💞 Hair Brush 💞

✔️✔️ price - 4000ks (Instock)

💞Tangle teezer ဝယ်ဖို့စျေးများလို့ လက်တွန့်နေတယ်ဆို ဒါလေးသာပြေးဝယ်ထားလိုက်ပါ 🤗

💞ပထမဦးဆုံးစဖြီးတဲ့အချိန်မှာတင် သူ့ရဲ့ဘီးအစိတ်လေးတွေက ဦးရေပြားကို မနာပဲ အိအိလေးနဲ့နေလို့ကောင်းတယ်၊ နောက်တစ်ချက်က သူ့ထိပ်လေးက ဖြီးရင် ဦးရေပြားပါ အယားပြေစေတယ်၊

💞ဖြီးနေတဲ့အချိန်မှာလဲ ဆံသားလုံးဝရှင်းရလွယ်ပြီး ဆံပင်ငြိ/ ကျွတ်တာတွေကိုလဲ သက်သာစေပါတယ်ရှင့်

💞ပေးရတဲ့ဈေးနဲ့ အရမ်းတန်ပီး qualtiy ကောင်းတဲ့ ဘီးလေးပါ

Photos from Aphrodite Skincare Online Shop Myanmar's post 14/08/2023

Colgate Optic White Volcanic Mineral Toothpaste

✔️✔️✔️ 100g 2ဘူးတွဲ price - 11500ks

🦷သွားဝါတယ်၊ သွားပေါ်ကအစွန်းတွေ၊ ချေးတွေ
မကျွတ်ဘူး သွားဖြူချင်တယ်ဆိုရင် ဒါလေးသုံးကြည့်နော်

🦷သွားဝါတဲ့သူတွေ သွားဖြူစေမယ်

🦷ကွမ်းဂျိုးတွေလည်း ပြောင်စေပီး

🦷ကော်ဖီ အသောက်များတဲ့သူတွေ ရွေးချယ်
သင့်တဲ့ သွားတိုက်ဆေးပါ

🦷သွားကျောက် ခြစ်စရာ မလိုဘူး

🦷ခံတွင်းအနံ့ အရမ်းသိသိသာသာ ကောင်းလာမယ်

🦷သွားကျဉ်တာတွေပါ သက်သာလာမယ်

🔹သူ့မှာ volcanic minerals တွေပါတဲ့ အတွက်
အစာ အကြွင်းအကျန်တွေ၊ အညစ်အကြေးတွေကို
စုပ်နိုင်ပါသေးတယ်

✅ ထိုင်းပြည်တွင်းသုံး Quality စစ်စစ် ပါ 💯

Review Link

https://m.facebook.com/story.php?story_fbid=1149543609205858&id=433137730846453

Photos from Aphrodite Skincare Online Shop Myanmar's post 14/08/2023

ဒီက beauty bloggersတွေရော နိုင်ငံခြား bloggersတွေကြားမှာပါ ခေတ်ထနေတဲ့ အိတုံ make up sponge လေးပါ❣️

သူ့မှာ ဗူးခွံလေးလည်း ပါတာမို့ foundation အုပ်ပြီး စနစ်တကျ ပြန်ထည့်သိမ်းလိူ့ရ ❣️

အကြီး - 3000ks
အသေး - 2500ks

တခုတော့ ရှိထားသင့်တယ်နော်❣️

ကိုင်လို့လည်းကောင်းချက် အိအိစက်စက် တုံတုံမွေ့မွေ့လေး
မင်မင်လဲသုံးနေတာ foundationပုတ်ရတာအရမ်းအဆင်ပြေသောလေး🩶

Photos from Aphrodite Skincare Online Shop Myanmar's post 16/07/2023

🌳 𝐍𝐚𝐭𝐮𝐫𝐞 𝐑𝐞𝐩𝐮𝐛𝐥𝐢𝐜 𝐀𝐥𝐨𝐞 𝐕𝐞𝐫𝐚 𝟗𝟐% 𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐆𝐞𝐥 🌳 300ml

Price - 9700ks (Instock)

🍀 Aloe Vera 92% ပါတဲ့ Gel ဖြစ်ပြီး Soothing & Moisture အဓိကဖြည့်တင်းပေးတဲ့ ဘက်စုံသုံးလို့ရတဲ့ Soothing Gel လေးပါရှင်

🍀 ဒါလေးကတော့ လွန်ခဲ့သော ၁၀နှစ်ကျော်ကတည်းက သုံးပြီးသူတိုင်းကြိုက်တဲ့ Best Seller လေးနော် 💚💚

🍀 -ခေါင်းအစခြေအဆုံး မျက်နှာ၊ကိုယ်၊လက်၊ဆံပင်များပါ လိုသလိုအသုံးပြုနိုင်ပါတယ် ✌🏻

- Moisture ဓာတ်ဖြည့်ပေးတာကြောင့် အသားအရည် မွဲခြောက်တာတွေ၊ကြမ်းတာတွေကို နူးညံ့ကြည်လင်ပြီး အေးမြစေပါတယ်

မျက်နှာမှာရှိတဲ့အဆီဖုတွေ ဝက်ခြံတွေကို ပါးလာစေပြီး နေလောင်ခံထားရလို့ အသားအရေနီမြန်းနေတာတွေလဲ သက်သာစေပါတယ်။

အသားရောင်မညီတဲ့သူတွေ စွဲပြီးလိမ်းပေးရင်လဲ အသားရည်ကြည်လာပြီး ညီလာစေပါတယ်။

🍀 ဆံပင်အဖျားလေးတွေကို လိမ်းပေးရင်လဲ ဆံပင်နှစ်ခွဖြစ်တာ၊ ဖွာတာ ကြမ်းတာတွေကို သက်သာစေတယ်။

All skin type အပြင် sensitive skin တွေပါ သုံးလို့ရတယ်နော်😍

ဘယ်ရာသီဥတုနဲ့မဆို အသင့်တော်ဆုံး Soothing Gel လေး

🍀 မျက်နှာပေါ် ဘာမှ မတင်ချင်လောက်အောင် ပူနေတယ်ဆို ဒီ gel လေးတွေ သုံးပေးခြင်းဖြင့် အသားရည်က အေးပြီး ကြည်နေစေမှာ ဖြစ်ပါတယ် ရှင်

Photos from Aphrodite Skincare Online Shop Myanmar's post 09/07/2023

💕 Colgate Optic white Toothpaste 💕
100g 2 ဘူးတွဲ ပြန်ရောက်ပီနော် ✌✌

price - 11000ks (Instock)

✅ online မှာreview များကြီးရထားတဲ့ toothpaste လေးပါနော်

✅ သေချာတာကသွားတိုက်ပြီးရင် ခံတွင်းနံ့လုံးဝရှင်းပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိချင်ယူပါ နော်

✅ ကော်ဖီအသောက်များလို့ သွားဝါနေတာတွေ....သွားကျောက်ခဏခဏ ခြစ်ရတဲ့သူတွေ....သွားဖြူချင်တဲ့သူတွေဆိုရင် ဒါလေးသုံးဖို့
မင်မင်က fully recommend ပေးပါတယ်နော်

❗ ခံတွင်းအနံ့ရှင်းတယ်
❗ သွားကျဉ်တာတွေသက်သာတယ်
❗ သွားဝါတဲ့သူတွေ သိသိသာသာဖြူတယ်
❗ သွားကြားထဲထိ သန့်ရှင်းပေးတယ်
❗ သွားကျောက်တည်နေတာတွေ တဖြည်းဖြည်းနဲ့
ပါးလာပါတယ်
❗ သွားတိုက်ပြီးရင်လည်း ခံတွင်းနံ့သင်းသင်းလေးနဲ့
❗ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိစေမှာပါနော်

Photos from Aphrodite Skincare Online Shop Myanmar's post 08/07/2023

💛 Truslen Coffee 💛 လေးပြန်ရောက်ပီနော် ✌✌

Price - 11000ks (Instock)

👍 1ပါကင်မှာ 15ထုပ် (15ရက်စာ) ပါပါတယ်

✅ Coffee သောက်ရင်း အဆီလည်းချမယ် Weight လည်းထိန်းမယ်

✅ Truslen အဆီကျ Coffee လေးက တခြားအဆီကျ Coffee တွေလို အရမ်းမပြင်းတဲ့အပြင်

✅ မူးဝေတာမျိုး၊ မောပန်းတာမျိုး၊ ​အစားစားချင်စိတ်မရှိတာမျိုး၊ အားမရှိသလိုဖြစ်တာမျိုး ​လုံးဝမဖြစ်ပါဘူးရှင့်

✅ Weight မတတ်အောင် ထိန်းပေးပြီး စွဲသောက်ရင် Weight ကျစေပါတယ်

✅ Sugar Free / Low Fat / No Cholesterol
အဆီပိုတွေကိုဖယ်ရှားပေးပြီး သိသိသာသာလေး Weight ကျလာမှာဖြစ်ပါတယ်

💯% Bkk import

Photos from Aphrodite Skincare Online Shop Myanmar's post 08/07/2023

🪢Lebelage Foundation 🪢

💸price - 11000ks (Instock)

💥Lebelage က ထုတ်လိုက်ရင်လုံးဝ အမိုက်စားတွေ

lebelage collagen foundation colorno.21 နဲ့ 13 ရမယ်နော်

✔️ Collagen ပါတဲ့ foundation မို့ လိမ်းလိုက်တာနဲ့
ဝင်းဝင်း ညက်ညက်လေး သနပ်ခါးအောက်ခံလူးလည်း အဆင်ပြေတယ် နော်

✔️Spf 50+ PA+++ တောင်ပါလို့ နေရောင်ခြည်ဒဏ်ကအပြည့်အဝကာကွယ်ပေးတယ် Sunscreen မလိမ်းဖြစ်သူလေးတွေဆို ဒါလေးသုံးရုံနဲ့ လှလည်းလှ နေလည်းကာပြီးသား

✔️No sebum formula ကိုသုံးထားလို့အဆီပြန်တာ မရှိဘဲ သိပ်သိပ်လေးနဲ့ တအားလှ

Photos from Aphrodite Skincare Online Shop Myanmar's post 08/07/2023

🌸 Lebelage Collagen + Green tea moisture cream 70ml 🌸 ပြန်ရောက်ပီနော် ✌✌

price - 9700ks (Instock)

🌸 Moiturizer ဆို အသားအရေ တင်းရင်းပြီး ကြည်ကြည်စိုစိုလေးမှ ကြိုက်တဲ့သူတွေအတွက် Lebelage ရဲ့ collagen + green tea cream လေး try ကြည့်ပါနော်🥰

🌸 သူ့ရဲ့ effectလေးတွေက Collagen ကြောင့် အသားအရေ တင်းရင်းစိုပြေစေပါတယ် အသားအရေရဲ့ လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီး green tea ကြောင့် အသားအရေ မညီညာတာ ရေဓါတ်ခမ်းခြောက်ပြီး နေလောင်တာတွေကို Calming ဖြစ်စေပြီး သက်သာစေပါတယ်
🌸 ပုံမှန်သုံးပေးခြင်းဖြင့် နဂို အသားအရေထက် သိသိသာသာပိုမိုကြည်လင်လာစေပါတယ်

🌸 ဘယ်လိုလူမျိုးတွေသုံးသင့်လဲ ???

-အသားအရေတင်းရင်းစိုပြေဖို့ Collagen ကောင်းကောင်းရှာနေတဲ့သူတွေ
-နေလောင်ပြီး အသားအရေ ညစ်နွမ်းနေတဲ့သူတွေ
-ရေဓါတ်ခမ်းခြောက်ပြီး အသားအရေ မညီညာသူတွေ
-normal /combination skin ဖြစ်ပြီး အဆီဖု အနည်းအကျဉ်းရှိသူများ
-အရွယ်မတိုင်ခင် အသားအရေ လျော့တွဲနေသူများအတွက် သင့်တော်ပါတယ်

Photos from Aphrodite Skincare Online Shop Myanmar's post 08/07/2023

💜 Dreamio glass gluta 💜 ပြန်ရောက်ပီနော်

price - 26000ks (Instock)

💜 ပျိုပျို မေမေ ကိုကိုတို့အားလုံးကြိုက်တဲ့ နာမည်လေးနဲ့ လိုက်အောင် ကြည်ပြောင်တဲ့ Glass Skin လေးကို ပိုင်ဆိုင်စေမယ့်....

💜 Dreamio Glassigluta လေးကို ၆၄ ပေါ်က Medi Mart မှာ ဝယ်ယူရရှိနိုင်ပါပြီ...

💜 Collagen အများကြီးလည်းမသောက်ချင်ဘူး Grape seed တို့ sea buckthorn တို့လို🦈 Collagen တို့ gluta တို့ကို အစုံရောပြီး ပါတာမျိုး Qualityရော
စျေးရော အဆင်ပြေတာမျိုး သောက်ချင်တယ်ဆိုရင် Dreamio glassigluta သာရွေးသောက်သင့်ပါတယ်…

💜 Glassigluta ကတော့ အသားဖြူဖို့အတွက် သီးသန့်ကူညီပေးမှာ . . .အသားအရေအတွက် supplement တစ်ခုလိုလည်းသောက်လို့ရပါတယ်…

💜 Capsules တောင့်လေးတွေအနေနဲ့ လာတာဖြစ်ပြီး အချိန်မပေးရဘူး၊ သောက်ရလွယ်တယ်…

💜 တစ်နေ့တစ်လုံးပုံမှန်သောက်ရုံနဲ့ တဖြည်းဖြည်းဖြူကြည်လာမယ့်အသားအရေလေးကို ပိုင်ဆိုင်ရစေမှာပါ…

Photos from Aphrodite Skincare Online Shop Myanmar's post 08/07/2023

💙 Lebelage Water Drop Cream💧💙

price - 9500ks

💙 ရေဓာတ်အပြည့်အဝ ရပြီး ရေဓာတ်နဲ့အဆီဓာတ်
ညီမျှ စေတဲ့ Budget Save Moisture လေး
ရှာ နေရင်

💙 အဆီဖု/အဆီပြန် သမားတွေ အတွက်လဲ
Recommend လုပ်ပါတယ် နော်
လိမ်းလိုက်ရင် စိမ့်ဝင်လွယ်ပြီး အေးအေးလေး
အဆီလုံးဝ မဟုတ်ပါဘူးနော်😉💙

❄️ လိမ်းလိုက်ရင် အေးအေးလေးနဲ့ watery gel type မို့ စိမ့်ဝင်တာမြန်တယ်

❄️ Super water drop ဖြစ်လို့ Hydration ကတော့ရှယ်ပေးတာ

❄️ moisture ကိုအကြာကြီးထိန်းပေးပြီး watery type မို့အဆီပြန်တဲ့သူတွေအတွက်ပါ အိုကေစိုပြေ🫶

❄️ ချွေးပေါက်ကျဉ်းစေတယ် အဆီပြန်တာကို ထိန်းပေးတယ်
အဆီဖုနဲ့ ဝက်ခြံတွေထပ်မဖြစ်အောင်
ကာကွယ်ပေးတယ်

❄️ Skin အတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်ပေးလို့ အသားလေးပါကြည်လာမယ်

လိမ်းပြီးထူထူကြီးဖြစ်နေတာမကြိုက်ဘူး
ရေဓာတ်လည်းကောင်းကောင်းဖြည့်ပေးတာလိုချင်တယ်ဆိုရင် ဒါလေးယူနော်🤍

✅ All Skin Type အဆင်ပြေပြီး ဘူးလည်းကြီးတယ်
ဈေးကလည်းတန်တော့ budget သမားတွေအတွက်ပါ ကိုက်တယ် ❣️

Review Link💙

https://www.facebook.com/100083436844752/posts/128075159983712/

https://m.facebook.com/story.php?story_fbid=176572708217070&id=100075930247670

Photos from Aphrodite Skincare Online Shop Myanmar's post 24/06/2023

💛 Woolworths suncream (1L) 💛 ရောက်ပီနော်

price - 39500ks (Instock)

Direct From Australia 🇦🇺
💯% Authentic

💛 ဒီ suncream လေးက1L‌ တောင် ပါတာဆိုတော့ ရှယ်သုံးလို့ရပါတယ်‌နော် မိသားစုလိုက်သုံးမယ်ဆိုရင်‌တောင် အဆင်‌ပြေပါတယ်နော်

💛 ဒီ Suncream လေးက face and body လိမ်းလို့ရပါတယ်နော်။
SPF50+++ ပါဝင်လို့ နေလောင်ဒဏ်ကိုလဲ အပြည့်အ၀ကာကွယ်ပေးပါတယ်နော်။

💛 နေလောင်ဒဏ်‌ကြောင့့်ဖြစ်တဲ့ အသားအ‌ရေမညီညာတာ တင်းတိတ်နဲ့ အမဲစက်တွေ‌ကိုလဲ သက်သာလာစေပါတယ်။

💛 ရှားစောင်းလက်ပတ် ပါဝင်လို့
အသားရေကိုအစိုဓာတ်ပြည့်ဝစွာဖြည့်တင်းပေးပီး
Vitamin E Exact ပါဝင်လို့ အသားအရေလေး ကြည်လင် ဝင်းပလာစေပါတယ်။

💛 အသားရေကို စိုဝင်းစေပြီး လိမ်းလိုက်ရင် အေးအေးလေးနဲ့ စေးကပ်မှုမရှိပဲ အနံ့လေးလဲ အရမ်းကောင်းပါတယ်

Photos from Aphrodite Skincare Online Shop Myanmar's post 18/06/2023

𝗦𝗜𝗠𝗣𝗟𝗘 Toner & Moisture

ဘာသုံးသုံးမတည့်တဲ့ sensitive skin တွေအတွက်
Budget friendly, Eco friendly ဖြစ်တဲ့ Simple Skincare products တွေပါ ♻️

Reviews လည်းကောင်းတဲ့အတွက် Sensitive skinတွေအတွက် Highly Recommended ပါရှင်

Budget လည်း save ဖြစ်တာမလို့ လက်မလွှတ်သင့်သောလေး💚

💚Simple Soothing Facial Toner -10000ks

💚Simple Hydrating Light Moisturizer - 10500ks

100% Authentic ✅

Photos from Aphrodite Skincare Online Shop Myanmar's post 18/06/2023

🟢 Iunik Centella Edition Skincare Set 🟢

✔️✔️ Set Price - 23000ks

-Tea tree Relief Serum( 15ml )
- Centella Calming Gel Cream ( 60ml ) ပါပါတယ်

💚 Centella Calming Gel Cream : (Moisturizer )

Centella leaf water 70% နှင့် Tea tree leaf water 10% ပါ၀င်တာကြောင့် အသားအရည်နီမြန်းတာကို လျော့ချပေးပြီး ကြည်လင်ချောမွေ့စေပါတယ်
Oil freeဖြစ်တာကြောင့် အဆီလုံး၀မပြန်ပဲ အဆီဖု နဲ့
ဝက်ခြံတွေကို သိသိသာသာ သက်သာစေတဲ့အပြင်
ရေဓာတ်ဖြည့်ပေးတဲ့ Gel Cream type လေးပါ

💚 Tea tree Relief Serum

Tea tree leaf water 67% နှင့် Centella leaf water 19.5% ပါ၀င်လို့ အသားအရညါနီမြန်းရောင်ရမ်းတာတွေကို သက်သာစေပြီး ဘာလိမ်းလိမ်း ၀က်ခြံနဲ့
အဆီဖုထွက်တတ်တဲ့ Sensitive skinတွေကို ပါ
calmingဖြစ်စေရုံသာမက soothing effectကိုပါ
ရရှိစေပါတယ် Niacinamideလဲပါ၀င်လို့
အသားအရည်ကို Brightening ဖြစ်စေကာ
Winkle improvementလဲ ဖြစ်စေပါတယ်

ကိုယ်တိုင်လည်း သုံးနေလို့ အရမ်းသဘောကျတဲ့
ဝက်ခြံဖုတွေအတွက် တကယ်အားကိုးရတဲ့
iunk set လေး😚ပါ

🟢Tea Tree နဲ့တည့်တဲ့သူသာဆို အရမ်းအဆင်ပြေပြီး
ဝက်ခြံနဲ့ အဆီဖုတွေကို အချိန်တိုတွင်း
အမြန် သက်သာစေပါတယ်..💚

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

liveလေးတစ်ဖြတ်နဲ့ ပစ္စည်းလေးတွေပြပေးပါ့မယ်နော်❣️
ပစ္စည်းလေးတွေပြပေးမယ်နော်ငယ်လေးတို့🥰

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Yangon beauty salons (show all)
MANA Brand CEO Myanmar - Naw Chit MANA Brand CEO Myanmar - Naw Chit
Thudama Road, Thiri Yadanar Wholesale Market , North Okkalarpa
Yangon, 11031

အသားရေ ကြည်လင် ဖြူဝင်စေပီး တင်းတိတ် အမဲစက် ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့ MANA Brand

May Thazin Phyo May Thazin Phyo
Yangon

2004. born မမ

SMART Beauty & Health Online Shopping SMART Beauty & Health Online Shopping
Yangon

Healthy and Beauty

Ido Fra grance Yangon online shop Ido Fra grance Yangon online shop
ကံ့ကော်လမ်း
Yangon

တစ်နေကုန် မွှေးစေမယ့် ido ရေမွှေး

Fairy Jelly&Fiber By May Fairy Jelly&Fiber By May
Yangon

အဆီကျ လှပချင်သူများအတွက် Fairy

Boom Collagen Plus Boom Collagen Plus
Yangon

Boom Products Yangon Agent Viber📲09966464009 or page cb ကနေလဲ လက်လီလက်ကားဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

Comestic By M.T Comestic By M.T
North Dagon
Yangon, 11421

Shwe Htee Table Tennis Club Shwe Htee Table Tennis Club
Thamine Railway Road
Yangon

Phoo & Htoo Phoo & Htoo
Htaw Paing Street
Yangon

အလှကုန်ပစ္စည်းများ လက်လီ လက်ကား

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

K Cube Collection K Cube Collection
Yangon, 11011

အားလုံးပဲမင်္ဂလာပါ။ဒီpage​လေးက​နေ အလ?

SuRi's Little World SuRi's Little World
Yangon

Health/Beauty Cosmetics Store