General Knowledge
ကျန်းမာရေး နှင့် အခြား အထွေထွေ ဗဟုသုတများ
အိပ်မပျော်ရခြင်း အကြောင်းအရင်းများ
Dr Myanmar
*************************************
• မနက်ပိုင်း အိပ်ရာထချိန် နောက်ကျခြင်း
• ကဖင်းပါသော အစားအသောက်များ စားသောက်ခြင်း
• ညအိပ်ရာဝင်ခါနီး အရက်သောက်ခြင်း
• ညဘက် လေ့ကျင့်ခန်းလုပ်ခြင်း
• အိပ်မပျော်မှာကို စိုးရိမ်ခြင်း
• အခန်းတွင်းအလင်းရောင်များခြင်း
• အခန်းတွင်း ရှုပ်ပွနေခြင်း
---------------------------
သိထားသင့်တဲ့ လိင်နှင့် ကျန်းမာရေး(+18)
****************************************
1. S*x Relieves Stress စိတ်ဖိအား ကျစေတယ်
လိင် ဆက်ဆံမှု ပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေ က ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြော တာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလည်း ရှိပါသေးတယ်။
2. S*x Boosts Immunity ခုခံအား တက်စေတယ်
Good s*xual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တစ်ပတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။Immunoglobulin A (IgA) လို့ ခေါ်ပြီး ရောဂါပိုးဝင်ရင် ထွက်လာတယ်။ Wilkes University (ဝေါ်လကီစ်) တက္ကသိုလ်က ပညာရှင်တွေကနေ ကျောင်းသူ-ကျောင်းသား ၁၁၂ ယောက်ကို သူတို့ တံတွေး-နမူနာတွေ ယူပြီး စစ်ဆေးတယ်။ လိင်မှုပြုတာ တစ်ပတ်မှာ ၁-၂ ကြိမ်ပြုသူတွေမှာ လုံးဝမလုပ်သူ၊ နည်းနည်းသာ ပြုသူတွေနဲ့ သိပ်များများပြုသူတွေထက် IgA ပိုရှိနေတာ တွေ့ရတယ်။
3. S*x Burns Calories (ကယ်လိုရီ) ကျစေတယ်
မိနစ် ၃ဝ ကြာ လိင်ဆက်ဆံမှု ကနေ ၈၅ ကယ်လိုရီ ကုန်စေတယ်။ များတယ် မထင်ရပေမဲ့ အကြိမ်ပေါင်း ၄ဝ ကျော်ရင် ကယ်လိုရီပေါင်း ၃ဝဝဝ ကျော်တယ်။ တစ်နည်းပြောရရင် ကိုယ်အလေးချိန် (၁) ပေါင်ကျစေတယ်။ American Association of S*xuality Educators and Therapists အမေရိကန် လိင်ကျန်းမာရေး ပညာရှင် Patti Britton (ပက်တီ-ဘရင်တန်) က ပြောပါတယ် S*x is a great mode of exercise "လိင်ဆက်ဆံမှု ဟာ လေ့ကျင့်ခန်းကောင်း တစ်ခုဖြစ်တယ်။ ရုပ်ပိုင်းရော စိတ်ပိုင်းကိုပါ တိုးတက်စေတယ်။"
4. S*x Improves Heart Health နှလုံးကျန်းမာရေး အားပေးတယ်
အစဉ်အလာ ထင်တာတစ်ခုက နှလုံးရောဂါသည်ဟာ လိင်ဆက်မှု ပြုတဲ့ခါ Stroke (လေဖြတ်ခြင်း) ရစေနိုင်မလား စိုးရိမ်တယ်။ ဒါပေမဲ့ Journal of Epidemiology and Community Health က သိပ္ပံပညာရှင်တွေ အဆိုအရ ယောက်ျားပေါင်း ၉၁၄ ယောက်ကို အနှစ် ၂ဝ ကြာ လေ့လာမှုအရ အဲလို မဖြစ်စေတာကို သိရတယ်။ တစ်ပတ်မှာ ၁ ကြိမ် နဲ့ ၂ ကြိမ် ဆက်ဆံမှုပြုသူ ယောက်ျားတွေထဲက တစ်ဝက်မှာ Fatal heart attack သေစေနိုင် တဲ့ နှလုံးလေသင်တုန်းရိုက်ခြင်းရတာ နည်းကြတာကိုပါ သိလာရတယ်။
5. S*x Boosts Self-Esteem ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် ပိုစေတယ်
University of Texas (တက္ကဆပ်စ်) တက္ကသိုလ်က ပြုစုထားတဲ့ လူတွေ ဘာလို့ လိင်ဆက်ဆံမှု ပြုကြသလဲဆိုတဲ့ အကြောင်းတရား ၂၃၇ ပါးထဲမှာ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဆိုတာလဲ ပါတယ်။ ဒီအချက်ကို Cambridge (ကိန်းဘရစ်ချ်) က ပညာရှင် Gina Ogden (ဂျီနာ-အော်ဒင်) ကလဲ ထောက်ခံချက်ပေးပါတယ်။ သူမပြောတာက ကိုယ့်ကိုယ်ကို အထင်ကြီးမှု ရှိသူတွေမှာ လိင်ဆက်ဆံတာဟာ ပိုကောင်းတယ်ဆိုတဲ့ အသိစိတ် ရချင်ကြလို့ ဖြစ်တယ်။
6. S*x Improves Intimacy တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ရင်းနှီးစေတယ်
Having s*x လိင်ဆက်ဆံကြမယ်၊ Or***ms (စိတ်ကျေနပ်မှု) လည်းရမယ် ဆိုရင် Oxytocin (အောက်စီတိုဇင်) ဟော်မုန်း ပိုထွက်လာမယ်။ နှစ်ယောက်သား ပိုပြီး ခိုင်မြဲတဲ့ စည်းနှောင်မှုကို ရစေမယ်၊ ယုံကြည်မှု တည်ဆောက်ရာလည်း ကျတယ်။ University of Pittsburgh and the University of North Carolina တက္ကသိုလ် ၂ ခုက ပညာရှင်တွေ သွေးမဆုံးသေးတဲ့ အမျိုးသမီး ၅၉ ဦးကို လေ့လာရာက အဖြေထုတ်လိုက်ပါတယ်။ အဲဒီအခါ ကိုယ့်အဖေါ်အတွက် ရက်ရောမှုပါ ပိုလာကြသေးတယ်။
7. S*x Reduces Pain နာတာကို သက်သာစေတယ်
Oxytocin (အောက်စီတိုဇင်) ဟော်မုန်း များလာနဲ့အတူ Endorphins (အင်ဒိုဖင်) ဟော်မုန်းလည်း တက်လာတယ်။ ဒါကနေ နာတာကို သက်သာစေမယ်။ “ခေါင်းကိုက်တာ၊ အဆစ်နာတာ၊ ရာသီမလာခင်နာတာ ဘာလို့နာနာ လိင်ဆက်ဆံပါ” လို့ အကြံပြုတယ်။ Bulletin of Experimental Biology and Medicine မှာ ရေးထားတာတခု ရှိတယ်။ လူ ၄၈ ယောက်ကို Oxytocin v***r အငွေ့ရှူခိုင်းပြီး လက်ထိပ်လေးတွေကို ဆိတ်တဲ့နည်းနဲ့ အနာခံနိုင်မှုကိုတိုင်းပြီး စမ်းသပ်ခဲ့တာ ဖြစ်တယ်။
8. S*x Reduces Prostate Cancer Risk ဆီးကျိတ်ကင်ဆာ အဖြစ်နည်းစေတယ်
ငယ်ရွယ်သူတွေ Ejaculations သုက်လွှတ်တာ အကြိမ်များသူတွေမှာ သူတို့ ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်မှာကို နည်းစေနိုင်တယ်လို့ British Journal of Urology International မှာ သြစတြေးလျ နိုင်ငံမှ ပညာရှင်တွေကနေ ရေးထားပါ တယ်။ ရောဂါရှိပြီးသား လူတွေမှာတော့ ထူးခြားစေမှု မရှိတာ တွေ့ရတယ်။ Journal of the American Medical Association မှာလည်း တစ်လမှာ ၂၁ ကြိမ်နဲ့ အထက် သုက်လွှတ်ကြသူတွေဟာ အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်တာ နည်းကြတယ်လို့ ရေးထားတယ်။
9. S*x Strengthens Pelvic Floor Muscles တင်ပါးဆုံတွင်းက ကြွက်သားတွေ အားကောင်းစေတယ်
အမျိုးသမီးတွေမှာ Kegel exercise (ကီဂယ်လ်) လေ့ကျင့်ခန်းလို့ခေါ်တဲ့ Pelvic floor muscle exercises (မိန်းမကိုယ် အင်္ဂါအနီးရှိကြွက်သားများ သန်စွမ်းစေသော လေ့ကျင့်ခန်းများ) လုပ်ရင် တင်ပါးဆုံတွင်းက ကြွက်သားတွေ၊ အရွတ်တွေ အားကောင်းစေတယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်းအိမ် ကျတာကို မဖြစ်အောင် တားနိုင်တယ်။ ရှိနေရင်လဲ သက်သာစေမယ်။ ဒီလေ့ကျင့်ခန်းမျိုး လုပ်ထားသူတွေမှာ တကယ်လို့ လိင်ဆက်ဆံနေချိန် အခိုက်အတန့်တွင် စောစောကလို အားကောင်းစေတာတွေအပြင် သာယာမှုကိုပါ ပိုပေးစွမ်းနိုင်တယ်။
10. S*x Helps You Sleep Better ကောင်းကောင်းအိပ်ပျော်စေမယ်
Or**sm (စိတ်ကျေနပ်မှု) ရလို့ ထွက်လာတဲ့ Oxytocin (အောက်စီတိုဇင်) ကြောင့် ပိုပြီး အိပ်ပျော်စေတယ်။ အိပ်စက်ခြင်းဟာ သွေးတိုးကျစေတယ်။ ကျန်းမာရေး ကောင်းစေတယ်။ဒီဆေးစာမှာ အကျိုးဘက်ကနေ ကြည့်တာချည်းသာပါပါတယ်။ အားလုံး ကောင်းပါသည်ခင်ဗျာလို့ မယူဆစေချင်ပါ။ သတိထားစရာတွေ ဆက်တွဲဖြစ်တတ်တာတွေ၊ ရှောင်သင့်တာတွေ မပါတာ သတိပြုပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာတင့်ဆွေ - လိင်နှင့်ကျန်းမာရေး
ဆီးချိုရောဂါအကြောင်း သိကောင်းစရာ
***************************************
ဆီးချိုရောဂါသည် ယခုမှပေါ်လာသောရောဂါမဟုတ်။ ရှေးနှစ်ပေါင်းထောင်ကျော်က အိန္ဒိယနိုင်ငံမှ လာသော အာယုဗေဒဆေးပညာတွင် မဓုပမေဟ ဟူသော ဆီးကို ပုရွက်ဆိတ်များအုံသော ရောဂါအကြောင်းကို ဖော်ပြထားသည်ကိုတွေ့ရသည်။
အချိုကြိုက်ပြီး အချိုဓာတ်များသော အစားအစာများကို လွန်ကဲစွာစားသောက်သူများတွင် ဖြစ်တတ်သော ရောဂါအဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။
ဆီးချိုရောဂါသည် အသက်ကြီးမှဖြစ်သောရောဂါမျိုးမဟုတ်။ ဆီးချိုမျိုးရိုးပါလာသူများသည် ငယ်စဉ်သက်လတ် ပိုင်းကပင် ဆီးချိုရောဂါခံစားလာရသည်ကို တွေ့ရသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ကံကြောင့်ဖြစ်သော ဆီးချိုရောဂါအမျိုးအစား(၁)ဟု ဆိုရမည်ဖြစ်သည်။ ဆီးချိုသည် ကူးစက်ရောဂါမဟုတ်သော်လည်း မျိုးရိုးစဉ်ဆက် ဖြစ်တတ်သော ရောဂါမျိုးဖြစ်သည်။ မိဘဘိုးဘွားတွင် တစ်ဦးဦး ဆီးချိုရောဂါရှိခဲ့လျှင် မိမိ လက်ထက်တွင် ငယ်စဉ်ကပင်သတိထားပြီး အချိုကြိုက်သောအလေ့ကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ် နိုင်ပေသည်။
အသက်ကြီးမှဖြစ်သောရောဂါ တစ်နည်းအားဖြင့် မျိုးရိုးလိုက်ခြင်းမဟုတ်ဘဲ မိမိ၏အနေအထိုင် အစားအသောက်မှားကြောင့်ဖြစ်သော ဆီးချိုရောဂါကို ဆီးချိုရောဂါ အမျိုးအစား(၂)အဖြစ် ဆရာဝန်ကြီးများက သတ်မှတ်သည်။ အချိုဓာတ်များသောအစာ၊ အဆိမ့်အအီများသောအစာ၊ အဆီနှင့်တွဲနေသောအသားကို အစားများသူများတွင် ဖြစ်နိုင်သည်။ အချိန်ကြာမြင့်စွာ ရေခဲရိုက်ပြီး သိမ်းထားသော အစာနှင့် ရေခဲသေတ္တာမှ အစာကို စားသုံးမှုများခြင်းကြောင့်လည်း ဆီးချိုဖြစ်နိုင်သည်။ ထမင်းစားပြီးတိုင်း အချိုရည်သောက်သူနှင့် မောပန်းသည့် အခါတိုင်းတွင် အချိုရည်သံဘူးများ သောက်သုံးလေ့ရှိသူများတွင် ပို၍အဖြစ်များသည်။
ဆီးချိုရောဂါသည် သွေးအတွင်းသကြားဓာတ်များပြီး ဖြစ်ရသောရောဂါဖြစ်သဖြင့် ဆီးမချိုခင်ကပင် သွေးကချိုပြီးဖြစ်နေသည်။ ထို့ကြောင့် သွေးချိုရောဂါဟု ခေါ်ဝေါ်မှသာ မှန်ကန်သည်ဟုဆိုသည်။ ဆီးချိုရောဂါဟု ခေါ်ဝေါ်သည်မှာ နှုတ်ကျိုးနေသဖြင့် ဆီးချို-သွေးချိုရောဂါဟုခေါ်လျှင် ပို၍သင့်တော်မည် ဖြစ်သည်။
ဆီးချိုရောဂါသည် အအေးကြိုက်သူများတွင် ပို၍ဖြစ်နိုင်သည်။ အပူပိုင်းဒေသတွင် နေထိုင်သူများနှင့် အအေးပိုင်းဒေသတွင် နေထိုင်သူများတွင် အအေးပိုင်းတွင် နေထိုင်သူများက ပို၍ဆီးချိုရောဂါဖြစ်လေ့ ရှိသည်ကို လေ့လာ တွေ့ရှိရသည်။ နေရောင်ခြည်နှင့် နေ့စဉ်ထိတွေ့အလုပ်လုပ်ရသူများနှင့် အလုံပိတ် အဲယားကွန်းခန်း များတွင် အလုပ်လုပ်ရသူများတွင် ဆီးချိုသွေးချိုရောဂါဖြစ်နှုန်းမှာ အအေးခန်းတွင် လုပ်ရသူများက ပို၍ဖြစ်နိုင်သည်ကို တွေ့ရသည်။
ယခုခေတ်တွင် အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်သူများလာရာ အဆောက်အအုံအချို့မှာ ကြားညပ်ပြီး နေရောင်ခြည် မရတော့သည်ကို တွေ့ရသည်။ တိုက်ခန်းအချို့မှာလည်း နေရောင်မဝင်သည့် အခန်းမျိုး ဖြစ်နေလျှင် ကျန်းမာရေးနှင့်မညီညွတ်ပေ။ ဆီးချိုသွေးချိုရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းကို အစားအသောက်တစ်ခု တည်းတွင်သာ အာရုံစိုက်နေခြင်းထက် အနေအထိုင် အဆောက်အအုံနှင့် အလုပ် လုပ်သည့်နေရာကိုပါ ထည့်သွင်းစဉ်းစားပြီး ပြုပြင်သင့်သည်။
လမ်းလျှောက်နည်းခြင်းသည်လည်း ဆီးချိုသွေးချိုရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။ လူတိုင်း တစ်နေ့လျှင် ၂ မိုင်ခန့် အနည်းဆုံးလမ်းလျှောက်ရမည်။ ကားစီးပြီး နေ့စဉ်သွားလာကာ လမ်းလျှောက်ရန် မေ့နေသူများတွင် အသက်ကြီးလျှင် သွေးတွင် အချိုဓာတ်များလာပြီး နောက်ဆက်တွဲရောဂါများအဖြစ် ဆီးချိုမှကျောက်ကပ်၊ ဆီးချိုမှနှလုံး၊ ဆီးချိုမှထုံကျဉ်နှင့် လေငန်းရောဂါများဆက်၍ ဖြစ်လာလေ့ရှိသည်။ နေ့စဉ်လမ်းလျှောက်ပေးခြင်း၊ လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ပေးခြင်းဖြင့် ကြိုတင်ကာကွယ် သင့်ပါသည်။
အသက်ကြီးလာမှဖြစ်သော ဆီးချိုရောဂါအမျိုးအစား(၂)အတွက် တိုင်းရင်းဆေးဖြင့်လည်း ကုသ နိုင်သည်။ ခရေရွက်ပြုတ်ရည်ကို အကြမ်းပန်းကန် တစ်လုံးစာဖြင့် ထမင်းစားပြီးတိုင်း တစ်ခွက်သောက်ပေးပါ။ သို့မဟုတ် ဆေးခါး ခေါ် ဆေးခါးကြီး (ရှမ်းဆေးခါး) အရွက်ပြုတ်ရည် ဟင်းစားဇွန်းသုံးဇွန်းခန့်နံနက်ညသောက်ပေးပါ။ အခြားနည်းမှာ သကြားမကိုဋ်ရွက်တစ်ရွက်နှစ်ရွက် ထမင်းစားပြီးတိုင်း အစိမ်းစားပေးလျှင် ဆီးချိုကို ထိန်းနိုင်သည်။ နောက်တစ်နည်းမှာ မဟော်ဂနီစေ့ နှစ်စေ့သုံးစေ့ကို ဝါးစားပေးလျှင် ဆီးချိုကျစေနိုင်သည်။
ဆီးချိုရောဂါအမျိုးအစား(၁) ဖြစ်ပွားနေသူများမှာ ဆီးချိုရောဂါ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။ ထိုမျိုးရိုးလိုက်သော ဆီးချိုရောဂါအတွက် တိုင်းရင်းဆေးကို တွဲဖက်မှီဝဲလိုလျှင် သစ်ကြံပိုးခေါက်အမှုန့် ဟင်းစားဇွန်းတစ်ဇွန်း နေ့စဉ်စားပေးလျှင် ဆီးချိုရောဂါနှင့်ဆီးချို ကြောင့်ဖြစ်သော နောက်ဆက်တွဲခြေလက်ထုံကျဉ်ရောဂါများပါ သက်သာစေနိုင်သည်။ ရုတ်တရက်ဆေးဝါး မရှိသောနေရာတွင် ဆီးချိုတက်လျှင် သင်္ဘောသီးအစိမ်းကို ထိပ်မှဖြတ်ပြီး ရေနွေးပူပူလောင်းထည့်ပါ။ ခေတ္တအုပ်ထားပါ။ ထိုရေနွေးကို သောက်သုံးခြင်းဖြင့် ဆီးချိုတက်ခြင်းမှ ကျစေနိုင်သည်။ ဆီးချိုအလွန်တက်လျှင် ပုတီးဖြူပင်၏ အရွက်ကိုပြုတ်ပြီး အအေးခံထားပြီး တစ်နေ့လျှင် မတ်ခွက်တစ်ဝက်ခန့် သောက်ပေးလျှင် ဆီးချိုရောဂါ အလွန်အမင်းတက်ခြင်းမှ သက်သာစေနိုင်ပါသည်။
အခါးစားခြင်းအကျိုး
ဆီးချိုရောဂါရှိသူများအတွက် စားရမည့်ဓာတ်စာမှာ အခါးအရသာဖြစ်သည်။ အချို့အာယုဗေဒဆေးကျမ်း များကလည်း အချိုကိုအစပ်နှင့်ဖြေရမည်ဟု ဆိုပါသည်။ အခါးရောအစပ်ပါ ဆီးချိုသမားများအတွက် စားပေးသင့်သော အရသာများ ဖြစ်ပါသည်။ အခါးသည် ဆီးချိုအတွက် တိုက်ရိုက်အကျိုးပြုသည်ဟု ယူဆရပါသည်။ အခါးစားခြင်းဖြင့် သက်ကြီးရွယ်အိုများတွင် လေဆက်စေသည်။ လေမဖြတ်ဟု အယူအဆလည်း ရှိပါသည်။
လူတို့တွင် အားနှစ်မျိုးလိုအပ်သည်။ အသက်ရှည်ရန်အတွက် အားရှိဖို့လိုသည်။ ထိုအားနှစ်မျိုးမှာ သွေးအားနှင့် လေအား တို့ဖြစ်သည်။
ဓာတ်သဘောအားဖြင့်ဆိုလျှင် သွေးသည် အာပေါဓာတ်ဖြစ်ပြီး လေသည် ဝါယောဓာတ်ဖြစ်သည်။ ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုးဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် နှစ်မျိုးပေါင်းစပ်ကာ သွေးဟူသော အာပေါဓာတ်ကို ခန္ဓာကိုယ်အနှံ့သို့ ရောက်အောင် ဝါယောဓာတ်က တွန်းပို့လျက်ရှိပေသည်။ ဆန့်ကျင်ဘက်နှစ်ခုပေါင်းလျှင် အကျိုးရှိသည်ကို ခန္ဓာကိုယ်အတွင်းက သက်သေပြ လျက်ရှိသည်။
အသက်ကြီးလာသောအခါ သွေးအားယုတ်လာသည်ဟု ပြောစမှတ်ပြုကြသည်။ အမှန်ကသွေးက ခန္ဓာကိုယ် အတွင်းတွင် အပြည့်ရှိလျက်ပင်။ သွေးကို တွန်းပို့ပေးမည့် ဝါယောဓာတ်က အားယုတ်လာခြင်းကြောင့် အားနည်းလာခြင်း ဖြစ်သည်။ သွေးထောက်ပံ့မှု မရောက်ရှိသော လက္ခဏာကို အစွန်အဖျားနေရာများမှ ပြသည်။ ဦးခေါင်းငယ်ထိပ်တွင် ဆံပင်များကျွတ်ပြီး ပြန်မပေါက်တော့သောကြောင့် ထိပ်ပြောင်လာသည်။
ခြေထောက်ရှိခြေသန်း၊ ခြေသူကြွယ်ခြေချောင်းကလေးများတွင် ခြေသည်းများအက်ကွဲလာသည်။ ဖနောင့် အရေပြားများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လယ်များတွင် ပပ်ကြားအပ်သကဲ့သို့ ကိုယ်ခန္ဓာအရေပြားတွင် အက်ကွဲရာများ ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။
အသက်ကြီးလာလျှင် လေဆက်စေရန် အခါးစားပေးရမည်ဟု ရှေးလူကြီးများကဆိုသည်။ အခါး ဟူရာတွင်လည်း နှစ်မျိုးရှိသည်။ ပူခါး နှင့် အေးခါး ဟူ၍ အာယုဗေဒဆေးကျမ်းများတွင် တမာအခါးကို လည်းကောင်း၊ မုရားကြီးအခါးကို လည်းကောင်း၊ တောင်မရိုးအခါးကိုလည်းကောင်း ဝါး၍ လျှာဖြင့် စမ်းသပ်ကြည့်သောအခါ ပူခါးအရသာကိုတွေ့ရမည် ဖြစ်သည်။ တမာအခါးကား ပိုးကိုနိုင်သည်။ တောင်မရိုးအခါးကား အဖျားကိုနိုင်သည်။ မုရားကြီးရွက်အခါးကား ပန်းနာချောင်းဆိုးနှင့် အဆုတ်နာအမျိုးမျိုးတို့ကို နိုင်သည်ဟု ကျမ်းကဆိုသည်။
ခွေးတောက်ရွက်သည်လည်း ပူခါးမျိုးဖြစ်သည်။ လူကြီးများတွင်ဖြစ်သော အညောင်းများသည့်ပါဒရက် ရောဂါအမျိုးမျိုးကိုနိုင်သဖြင့် ခွေးတောက်ရွက်ဟင်းချိုကို ကြက်ရိုးဖြင့်ချက်၍ ရှေးက ဆရာကြီးများက ဓာတ်စာပေးသည်ကို တွေ့ရဖူးသည်။ စာရေးသူတို့ မိဘများသည် ကျေးဇူးရှင် ဗန်းမော်ဆရာတော်ကြီး စာဝါချ၍ အညောင်းအကိုက် များသည့်အခါတိုင်းချက်၍ ဆက်ကပ်ရသည်ကို အမှတ်ရဖူးသည်။
ရှေးကလူကြီးများသည် လက်ဖက်စစ်စစ်ကို နှမ်းဆီဖြင့် စိမ်ပြီး နေ့လယ်ထမင်းစားပြီးတိုင်း နည်းနည်းစီ စားပေးကြသည်။ လူကြီးများအတွက် လေဆက်ပြီး အသက်ရှည်စေသောဆေး ဖြစ်သည်ဟု ဆိုသည်။
လက်ဖက်သည် အေးခါးအရသာဖြစ်သဖြင့် ပူခါးအရသာဖြစ်သွားအောင် နှမ်းဆီဖြင့်စိမ်စားခြင်း ဖြစ်သည်။ အသက်ရာကျော်ရှည်သော ဘိုးဘွားများသည် ဤဓာတ်စာကိုစားခဲ့ကြသည်ဟု မှတ်သားရဖူးသည်။
လေမသက်အနေခက်၊ လေမစုန်ငွေကုန်ဟု ရှေးလူကြီးများပြောကြသည်။ လူကြီးများအတွက် ကျန်းမာရေးမှာ လေကအရေးကြီးဆုံးဖြစ်သည်ဟု ဆိုသည်။ လေလည်ခြင်းကို ရှက်စရာဟု ယူဆကြသော်လည်း လေလည်နေသည့် လူကြီးများမှာ ကျန်းမာနေသည်ကို တွေ့ရပေသည်။ ဆေးပညာအရလည်း အသက် ၆၅ နှစ်ကျော်လျှင် လေအရွယ်ရောက်ပြီဖြစ်သဖြင့် လေဆက်မည့်ဓာတ်စာများ စားပေးသင့်ပေသည်။
ဆီးချိုရောဂါမဖြစ်စေရန်ကာကွယ်နိုင်သောအချက်များ
၁။ အအေးကြိုက်ခြင်း၊ သဘာဝမဟုတ်သော အအေးဓာတ်(အဲယားကွန်း)ဖြင့်နေခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၂။ လတ်ဆတ်သော အသီးအနှံသားငါးများကို စားသုံးပါ။ ကြာရှည်ခံအောင် ရေခဲရိုက်ထားသောအစာ၊ အေးခဲထားသောအစာများကို စားသုံးဖန်များလျှင် ဆီးချိုရောဂါဖြစ်နိုင်သည်။
၃။ အချိုဓာတ်ကို လွန်ကဲစွာစားသုံးခြင်းမှရှောင်ကြဉ်ပါ။ အချိုကြိုက်သောအကျင့်ကို ကလေးငယ်များ ငယ်စဉ်ကတည်းက ရှောင်ကြဉ်ပါ။ အကျင့်မလုပ်ပါနှင့်။
၄။ အစားအသောက်စားရာတွင် အချိုစားသည့်အခါတိုင်း အစပ်နှင့်အခါးကို ထိုက်သင့်သလောက်တွဲဖက် စားသုံးပေးပါ။
၅။ အစာစားပြီး အစာမကြေမီ ရေအေးချိုးခြင်း၊ ညအိပ်ရာဝင် ရေအေးချိုးခြင်းများကိုရှောင်ကြဉ်ပါ။
၆။ လမ်းလျှောက်နည်းသူများတွင် ဆီးချိုရောဂါဖြစ်နိုင်ကြောင်း သုတေသနကတွေ့ရှိထားသဖြင့် နေ့စဉ်ပုံမှန် အချိန်တစ်နာရီခန့် သို့မဟုတ် ၂ မိုင်ခန့်လမ်းလျှောက်ပေးပါ။ ခြေလှမ်း ၁၀၀၀၀ လမ်းလျှောက်ပေးလျှင် ဆီးချိုရောဂါရှိပြီးသူများပင် ပျောက်ကင်းစေနိုင်သည်။
၇။ ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်။ ဆီးချိုရောဂါဖြစ်ခြင်းအစ အအေးကြိုက်ခြင်းက ဟူသော ဆောင်ပုဒ်များမှာ ကျန်းမာလိုသူတိုင်း ဘဝတစ်လျှောက် လိုက်နာသင့်သော ဆောင်ပုဒ်များ ဖြစ်ပါသည်။
၈။ အစားအသောက်စားရာတွင် ချက်ပြီးတစ်နာရီအတွင်း ပူပူနွေးနွေးစားသောက်ခြင်းသည် ဆီးချိုရောဂါ ရှိသူများအတွက် သင့်တော်သည်။ အစားအစာများကို အအေးဖြင့် သိုလှောင်ထားပြီး ပြန်နွှေးစားခြင်းသည် ဆီးချိုရောဂါကို ပို၍ပို၍ ဆိုးဝါးစေနိုင်သည်။
၉။ အိပ်ရေးပျက်ခြင်းသည် ဆီးချိုရောဂါကို ပို၍ ဆိုးဝါးစေနိုင်သဖြင့် အချိန်မှန် ည ၁၀ နာရီထက် နောက်မကျအောင် အိပ်ရာဝင်ခြင်း၊ နံနက်စောစောထ၍ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါသက်သာ ပျောက်ကင်းစေနိုင်သည်။ ။
ကြည်လွင်မြင့်(မုဒြာ)
သွေးတိုးရောဂါ (Hypertension)
********************************
သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။ တကယ်ကတော့ သွေးတိုးက အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိ ပြင်းထန်ပါတယ်။
သွေးတိုးခြင်းဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။
သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း)
သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) ဆိုတာ အပေါ်သွေး သွေးပေါင်ချိန် ၁၄၀ နဲ့ထက်၊ အောက်သွေး ၉၀ နဲ့ အထက် (သွေးပေါင်ချိန် ၁၄၀/ ၉၀ mmHg) အထက်ဖြစ်နေတဲ့အချိန်မှာ တွေ့ရတဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေတစ်ရပ်ပါ။ ကျန်းမာတဲ့ သွေးပေါင်ချိန်ဆိုတာက သွေးပေါင်ချိန်တိုင်းတဲ့အခါ ၁၂၀/၈၀ mmHg အောက်ရှိရမှာပါ။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ
သွေးတိုး တယ်ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ
မအီမသာဖြစ်တာ
ခေါင်းတစ်ခြမ်းကိုက်တာ
နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ
ချွေးစေးတွေပြန်တာမျိုး တွေ ခံစားရနိုင်ပါတယ်။
သွေးတိုး ဘာကြောင့်ဖြစ်ရတာလဲ။
သွေးတိုးရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ သွေးတိုးရောဂါဟာ ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကြောင့် ဖြစ်နိုင်သလို မျိုးရီုးဗီဇကြောင့်လည်း(မူလအစသွေးတိုးရောာဂါ)ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါ ဒါမှမဟုတ် ဟော်မုန်းစနစ်မူမမှန်တာတွေကြောင့် (တဆင့်ခံ သွေးတိုးရောဂါ) ဖြစ်နိုင်ပါတယ်။ မူလအစသွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ ဆေးလိပ်သောက်တာ၊ မျိုးရိုး၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အငန်ကဲတဲ့ အစားအစားတွေစားတာ၊ အရက်အလွန်အကျွံသောက်တာတွေကြောင့်ပါ။ စိတ်ဖိစီးမှု များတာကြောင့်လည်း သွေးတိုးနိုင်ပါတယ်။
ဒီအချက်တွေအပြင်
ကဖင်း အသောက်များတာ
အချို့သောဆေးဝါးတွေသောက်သုံးနေရတာ
နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာ
ကိုကင်းသုံးတာ
အက်ဒရီနယ်လင်ဂလင်းတွေ အရမ်းအလုပ်လုပ်လွန်းနေတာ
ကိုယ်ဝန်ရှိနေတာကြောင့်သွေးပေါင်ချိန်တက်လာတာ
ဆေးလိပ်သောက်တာ
စိတ်ဖိစီးတာ
သိုင်းရွိုက်ပြဿနာရှိနေတာ
အဝလွန်နေတာ
ဆီးချိုရှိနေတာ
သွေးတွင်းမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပမာဏနည်းနေတာ
ကိုယ်လက်လှုပ်ရှားမှုနည်းတာ
အယ်လ်ကိုဟောအသောက်များတာ
အမျိုးသမီးတွေမှာဆိုရင် သန္ဓေတားဆေးတွေကြာင့် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး သွေးတိုးနိုင်ပါတယ်။
သွေးတိုးကြောင့် ဘာတွေ ခံစားလာရနိုင်လဲ
အချိန်ကြာမြင့်စွာ သွေးတိုးရောဂါ ခံစားရတာက သွေးကြောနံရံတွေကို ပျက်စီးစေနိုင်ပြီး သွေးကြောတွေထဲမှာအနယ်တွေစုပုံတာမျိုး ဖြစ်စေနိုင်ပါတယ်။ သွေးတိုးတာက နှလုံးကို သွေးညှစ်ထုတ်ရာမှာ ခက်ခဲစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လေဖြတ်တာ၊ နှလုံးထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Ref : hellosayarwon
ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာ(၅)မျိုး
*******************************************
အိမ်တွင် အလွယ်တကူ လုပ်စားနိုင်သော ကျန်းမာရေးနှင့် ညီညွတ်သည့် မနက်စာ (၅) မျိုး
၁) ပေါင်မုန့်မီးကင် + ကြက်ဥကြော် + ပန်းသီး (၁) လုံး + အဆီထုတ်နွားနို့ (သို့) ကော်ဖီ
၂) ပဲပြုတ်ထမင်းဆီဆမ်း + ကြက်ဥကြော် + နဂါးမောက်သီး တစ်ခြမ်း + အဆီထုတ်နွားနို့ (သို့) ကော်ဖီ
၃) အုတ်ဂျုံ + အဆီထုတ်နွားနို့ + ကြက်ဥပြုတ် (၁) လုံး + ပန်းသစ်တော် တစ်ခြမ်း + အဆီထုတ်နွားနို့ (သို့) ကော်ဖီ
၄) ကြက်ဥထမင်းကြော် + ပန်းသီး (၁) လုံး + အဆီထုတ်နွားနို့ (သို့) ကော်ဖီ
၅) တူနာဆန်းဝှစ်ချ် + စပျစ်သီး (၁၀) လုံး + အဆီထုတ်နွားနို့ (သို့) ကော်ဖီ တို့ဖြစ်ပါသည်။
ဒေါက်တာ ဟန်နီစုနိုင်
အာဟာရ အထူးကုဆရာဝန်
ဘာကြောင့် လေဖြတ်ကြတာလဲ
*******************************
လေဖြတ်ခြင်းဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကို အဆီတွေက ပိတ်ဆို့ထားတာတဲ့အချိန်နဲ့ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်တဲ့အချိန်မှာ ဖြစ်နိုင်ပါတယ်။
သွေးလည်ပတ်မှုမရှိတဲ့ နေရာတစ်ဝိုက်မှာ ဦးနှောက်ဆဲလ်တွေ ပျက်စီးစေပြီး ရောဂါပြင်းထန်မှုက ဦးနှောက်အတွင်း ထိခိုက်မိတဲ့အတိုင်းအတာ၊ နေရာတို့ပေါ်မှာ မူတည်ပါတယ်။ လေဖြတ်ခြင်း မဖြစ်အောင် (၈၀) ရာခိုင်နှုန်း ကြိုတင်ကာကွယ်နိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်း
**********************
၁။သွေးပေါင်နဲ့ ကိုလက်စထရောကို ပုံမှန်အနေအထားမှာ အမြဲရှိနေအောင် ထိန်းထားပါ။
၂။ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ။
၃။ကျန်းမာမျှတစွာ စားသုံးပါ။
၄။ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
၅။ခန္ဓာကိုယ်အဆီတွေကို လျှော့ချပါ။
၆။အရင်လေဖြတ်ဖူးသူတွေက ကျန်းမာရေးစောင့်ရှောက်ပေးသူနဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်ထပ် လေမဖြတ်စေဖို့ ကာကွယ်ပါ။
ဘယ်လိုသိရှိနိုင်မလဲ
*******************
၁။မျက်နှာတစ်ခြမ်း ရွဲ့နေသလား
၂။လက်မောင်းမြှောက်ရာမှာ အားနည်းနေသလား
၃။စကားပြောရ ခက်ခဲနေသလား
အချိန်နဲ့အမျှ အရေးကြီးပါတယ်။ အဲ့ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုပါက
လူနာတင်ယာဉ်အမြန်ဆုံးခေါ်ပါ (သို့မဟုတ်) လူနာအား နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာကို ရောက်အောင် အမြန်ဆုံးပို့ဆောင်ပါ။
ဘယ်လိုကူညီမလဲ
*****************
၁။လေဖြတ်ခြင်းခံစားနေရပြီလို့ သံသယရှိသူကို ကူညီဖို့ အချိန်မှီလုပ်ဆောင်ချက်တွေဟာ အသက်အန္တရာယ်ကနေ ကယ်တင်ပေးနိုင်ပါတယ်။
၂။မျက်နှာရွဲ့ခြင်း၊ လက်မောင်းအားလျော့လာခြင်း၊ စကားပြောရ ခက်ခဲလာခြင်း အစရှိတဲ့ လေဖြတ်ခြင်း လက္ခဏာတွေကို စစ်ဆေးပါ။
၃။လူနာကို သက်တောင့်သက်သာရှိစေမယ့် အနေအထားမှာ လဲလျောင်းခိုင်းပါ။
၄။အသက်ရှုရ လွယ်ကူစေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ တင်းကျပ်တဲ့ အဝတ်အစားတွေကို ချောင်ချိသွားအောင် ကူညီပေးပါ။
၅။ဆို့နင့်ခြင်းမဖြစ်စေဖို့ ပါးစပ်ထဲကို (အစားအစာ/ရေ အစရှိတဲ့) ဘယ်အရာကိုမှ မတိုက်ကျွေးပါနဲ့။
၆။လူနာကို နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးသောနေရာကို အမြန်ဆုံးပို့ဆောင်ပါ။
နောက်ဆက်တွဲဆိုးကျိုး
**********************
၁။လေဖြတ်ခြင်းကို လျင်မြန်စွာ သိရှိအောင်လုပ်ပြီး အသက်ကယ်ပါ။
၂။လေဖြတ်ခြင်းဆိုတာ အရေးပေါ်အခြေအနေဖြစ်ပါတယ်။
၃။တစ်စုံတစ်ယောက် လေဖြတ်ပါက ဦးနှောက်ရဲ့ သန်းပေါင်းများစွာရှိတဲ့
၄။အာရုံကြောတွေလျင်မြန်စွာ ပျက်စီးသွားနိုင်တဲ့အတွက် စက္ကန့်တိုင်းဟာ အရေးကြီးလှပါတယ်။
၅။ကုသရန် နှောင့်နှေးကြံ့ကြာသွားပါက ရေရှည်မသန်စွမ်းမှုတွေဖြစ်ပေါ်နိုင်ပါပြီး သေဆုံးတဲ့အထိ အန္တရာယ်ရှိပါတယ်။
Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
လေဖြတ်သူများအတွက် ဆောင်ရန်ရှောင်ရန်နှင့်ဓာတ်စာ
*****************************************************
ယခုအခါ လေဖြတ်ခြင်းကို အသက်ကြီးသူများ၊ အရက်သောက်သူများတွင် သာမကဘဲ အသက်ငယ်သူများပါ ဖြစ်ပွားနေလျက်ရှိ သည်။ လေဖြတ်ခြင်း၏ ရောဂါ လက္ခဏာများမှာ သွားရည်များထွက်ကျခြင်း၊ ပါးစပ်ရွဲ့ခြင်း၊ အန်ခြင်း၊ စကားပြောသည့်အခါ ရှင်းရှင်းလင်းလင်း မရှိတော့ခြင်း။ အားမရှိခြင်း၊ ခြေလက်၊ ကိုယ်ခန္ဓာတို့ပါ ထုံနေ၍ ခံစားမှုများကို မသိတော့ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အကြောဆွဲခြင်း၊ မှတ်ဉာဏ်များ မရှင်းလင်းတော့ခြင်းတို့ ဖြစ်သည်။
ဆောင်ရန်ရှောင်ရန်များ
************************
လေဖြတ်နေသော သူများသည် ပုံမှန်အနားယူပါ။ အိပ်ရေးပျက်ခြင်း မဖြစ်စေရန် အထူးရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းများကိုရှောင် ပါ။ လေဖြတ်နေသူများသည် အိုမီဂါ ၃ fatty acid စားပေးသင့်သည်။ အိုမီဂါ ၃ သည် သွေးထဲရှိ ကိုလက်စထရောကို ကျဆင်းစေသော ကောင်းကျိုးပေးသည်။ ထို့ကြောင့် သွေးကြောပြွန် များကို ကျန်းမာစေမည်။ လေဖြတ်နေသူများသည် ဗီတာမင်စီ စားပေးပါ။ ဗီတာမင်စီ သည် သွေးကြောပြွန်များကို ကောင်းစေသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများထဲတွင် ဗီတာမင်စီ ပါဝင်ပါသည်။ လေဖြတ်နေသူများသည် ဗီတာမင်ဘီလည်း စားပေးပါ။ ဗီတာမင်ဘီသည် လေဖြတ်ခြင်းကို သက်သာစေနိုင်သည်။ နွားနို့နှင့် ပဲစားပေးပါ။ ဗီတာမင်အီးလည်း စားပေးသင့်ပါသည်။ ဗီတာမင်အီးသည် ကိုယ်ခန္ဓာ အတွက် ကောင်းစေသည်။ ဗီတာမင်အီးကို စားပါက နေ့စဉ် ၂၀ ဂရမ်ထက် ပိုမစားရပါ။
လေဖြတ်နေသူများသည် ဆယ်လူလို့စ်ဓာတ် စားပေးပါ။ ဆယ်လူလို့စ်သည် သွေးရည်ထဲရှိ ကိုလက်စထရောပမာဏကို ထိန်းပေးထားနိုင်သည်။ လူတိုင်း ပရိုတင်းဓာတ်များများ စားပေးပါ။ ပရိုတင်းဓာတ်သည် လေဖြတ်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်သည်။
လိုအပ်သောဓာတ်များ
*********************
လေဖြတ်နေသူများသည် ဗီတာမင် A၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B4 ၊ ဗီတာမင် B5 ၊ ဗီတာမင် B12 ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ EPA ၊ DHA ၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ဇင့်ဓာတ်၊ မီးစုန်းဓာတ်တို့ လိုအပ်ပါသည်။
စားသင့်သောအစာများ
***********************
လေဖြတ်နေသူများသည် မုန်လာဥနီ၊ အာလူး၊ ကညွတ်၊ ဟင်းနုနယ်၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ပန်းစိမ်း၊ မုန်ညင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မှို၊ စပျစ်သီး၊ ရှောက်ချိုသီး၊ ငှက်ပျောသီး၊ ပဲဝါ၊ ပဲစိမ်း၊ ဗိုလ်စားပဲ၊ ငါးသေတ္တာငါး၊ ငါးကြင်း၊ ဆယ်လမွန်ငါး၊ ဂုံးကောင်တို့ စားပေးသင့်ပါသည်။
မစားသင့်သောအစာများ
************************
လေဖြတ်နေသူများသည် ဝက်အူချောင်း၊ ကြက်၊ ဝက်အရေခွံများ၊ အသားကင်၊ ဝက်ပေါင်ခြောက်၊ အဆီပါအသား၊ ဝက်ဆီ၊ တိရိစ္ဆာန်တို့၏ အသည်းကလိစာ၊ ဂဏန်းအဆီ၊ ပုစွန်ဆီ၊ ငါးဥ၊ လိပ်သား၊ ငါးရေခွံ၊ ကြက်ကြော်၊ နို့ဆီ၊ ငရုတ်ဆီ၊ ဟမ်ဘာဂါ၊ ကော်ဖီ၊ လက်ဖက်ရည်အပျစ်တို့ ရှောင်ပါ။
Credit:
ယမုံအေး (စမ်းချောင်း)
Health for all magazine, No.110, March 2016, Pg. 43-44
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11111
Thudama Road, Thiri Yadanar Wholesale Market , North Okkalarpa
Yangon, 11031
အသားရေ ကြည်လင် ဖြူဝင်စေပီး တင်းတိတ် အမဲစက် ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့ MANA Brand
Yangon
Boom Products Yangon Agent Viber📲09966464009 or page cb ကနေလဲ လက်လီလက်ကားဝယ်ယူအားပေးနိုင်ပါတယ်ရှင့်
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201
Luxury Aesthetic Clinic