Taw Win Htoo-Dental Clinic & Pharmacy
Taw Win Htoo-Dental Clinic & Pharmacy
You may also like
Erter
Erter
Dr Ruchi Doshi
Dr Ruchi Doshi
Dental Clinic & Pharmacy
Photos from Taw Win Htoo-Dental Clinic & Pharmacy's post 19/02/2024
သွားကိုက်လွန်းလို့ ဆေးလိုက်ရှာ ….😣
သွားကိုက်လွန်းလို့ ဆေးလိုက်ရှာမနေပါနဲ့
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း က်ိုသာ ကြွလှမ်းခဲ့ပါ ☑☑☑
သွားနာသွားကိုက်ရင် ခံရခက်တာ လူတိုင်းသိကြမှာပါ၊ ညတောင်အိပ်မရလို့ အိပ်ရေးပျက်ရ၊ အစားလဲ ကောင်းကောင်းမစားရနဲ့ အလုပ်တွေလဲပျက်ရတာပေါ့ဗျာ။ 🤒
ဒီလို သွားနှင့်ခံတွင်း ပြဿနာတွေကို ဖြေရှင်းကုသဖို့ဆိုရင် ခေတ်မီပြီး စနစ်တကျကုသပေးတဲ့ တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း ကို ရွေးချယ်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်းမှာ ဆိုရင် ကျွမ်းကျင်ပြီး ဂရုတစိုက်ကုသပေးသော သွားနှင့်ခံတွင်း ဆရာဝန်များနှင့်
📌အထွေထွေသွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးဆွေးနွေးခြင်း၊
📌-သွားဖာခြင်း
📌-သွားနှုတ်ကုသခြင်း
📌-သွားမနှုတ်လိုသူများအတွက် သွားအကြောထုတ်ကုသခြင်း
📌- ကျဲနေသော သွားများလှပအောင် လေဆာဖြင့် သွားဖာခြင်း
📌- သွားများဖြူဖွေးလှပအောင် သွားဖြူကုထုံး ပြုလုပ်ခြင်း
📌- သွားအသေစိုက်ခြင်း၊
သွားအစွပ်ပြုလုပ်ခြင်း
📌- အံကပ်ပြုလုပ်ခြင်း၊ သွားအရှင်
စိုက်ခြင်း
📌- သွားဂျိုး၊ ကွမ်းဂျိုးများ သန့်ရှင်းရေးပြုလုပ်ခြင်း နှင့်
သွားအရောင်တင်ခြင်း
📌- ကလေး သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးကုသမှုပေးခြင်း
📌- သွားစိန်ကပ်ခြင်း
အစရှိသော သွားနှင့်ခံတွင်းကုသမှုအမျိုးမျိုးကို သင့်တင့်သော စျေးနှုန်းဖြင့် မိဘပြည်သူများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
ဒါ့အပြင့် လူနာများအတွက် အသုံးပြုသော ဆေးခန်းသုံးပစ္စည်းများကို ခေတ်မီစက်ကိရိယာများဖြင့် ပိုးသတ်ပြီး UV Light နှင့် ထပ်မံပိုးသတ်ထားသည့်အတွက် ရောဂါကူးစက်ခြင်းကိုလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။
ဆေးခန်းဖွင့်ချိန်ကို နံနက် ၁၀ နာရီ မှ ည ၈:၃၀ အထိ ဖွင့်လှစ်ထားပါတယ်။
သွားနှင့်ခံတွင်းနှင့်ပတ်သက်သော ဝန်ဆောင်မှုများကို ရယူဖို့ တော်ဝင်ထူးကို လှမ်းခဲ့စို့
လူကြီးမင်းတို့ရဲ့တန်ဖိုးရှိတဲ့အချိန်များကို အလဟဿမဖြစ်စေရန် ဆေးခန်းသို့မလာမီ ဖုန်းဆက်၍ ​ကြိုတင် Appointment ရယူပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ရှင် !
Appointment ရယူလိုပါက — Ph-09798292927
Address — တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်း နှင့်ဆေးဆိုင်
No.111,မြေညီ, မြို့ဟောင်း 4 လမ်း,စတုတ္ထအဖြတ်,သမိုင်း 1 ရပ်ကွက်,မရမ်းကုန်းမြို့နယ်, ရန်ကုန်
10/02/2024
ယုံကြည်မှု ရှိရှိ ပြုံးပြနိုင်ဖို့ #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း မှ တာဝန်ယူပါရစေ 😇
ကုန်ကျစရိတ်သက်သာပြီး မိနစ်ပိုင်းလေး အချိန်ပေးရုံနဲ့ ပြောင်းလဲ လှပ သွားစေမှာပါ
သဘာဝ သွားအစစ်နဲ့မခြား လှပ အောင် လေဆာဖြင့် ကြွေဖြည့်ကုသ ပေးထားတာပါ
ဒီလို ရှေ့သွားလေးတွေကို လေဆာဖြင့်ဖာထားသူများ အနေနဲ့ လိုက်နာ ရမှာလေးတွေ ရှိပါတယ်
အဲ့ဒါတွေက တော့
📌နေကြာစေ့,သစ်သီး အစ ရှိတဲ့ အမာစာများ,အပ်ချည်ကြိုး,မုန့်ထုပ် ,လက်သည်း အစရှိသည် များကို ရှေ့သွားဖြင့် အားပြု ကိုက်ဖြတ်ခြင်း
📌လက်ဖက်ရည်, ကော်ဖီ,ကိုလာ အစရှိသည့် အရောင်စွဲလွယ်သော အစားအသောက်များ အလွန်အကျွံသောက်သုံးခြင်း( သောက်ဖြစ်ပါက ရေဖြင့် ပြန်လည် ပလုတ်ကျင်း,သွားတိုက်ပေးပါ)
📌ပြုတ်မှာ စိုးရိမ်ပီး သွားပြောင်စင် အောင် မတိုက်ခြင်း(သွားတိုက်တာ မပြောင်ပါက သွားချေးကျောက် များတည်လာပြီး သွားဖုံးနှင့် ဖာထားသည့် ပစ္စည်းကြား ဟ လာ နိုင်ပါတယ်)
ဒီအချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင် ဂရုစိုက်ရင် စိုက်သလို နှစ်ချီ ခံနိုင်ပါတယ်
လူကြီးမင်းတို့ရဲ့ အပြုံးလေးတွေ လှပဖို့ #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း မှ စောင့်ကြိုနေပါတယ်ရှင်
ဖုန်း–09798292927
ဆေးခန်းဖွင့်ချိန်- ​နေ့စဉ် နံနက် 9 နာရီမှ ည 8နာရီခွဲ
07/02/2024
ဒီ case လေးက တော့ ကွမ်းချိုးပြောင်ချင်ဇောနဲ့ သွားပွတ်တံ ကြမ်းတာ ကွမ်းချိုးပြောင်စေတယ်လို့ ကြော်ညာတဲ့အမှုန့်တွေ နဲ့ သွားတိုက်ခြင်းကြောင့် အပေါ်ယံ မျက်နှာပြင် ကြွေလွှာများ ပြုန်းတီးပြီး အရောင်အစွန်းအထင်းများ ပိုမိုစိမ့်လွယ်စွဲလွယ်တဲ့ ဆင်စွယ်နှစ် လွှာ လို့ ခေါ်တဲ့ ဒုတိယအလွှာ ပေါ်လာခြင်း ဖြစ်ပါတယ်
ဒီအလွှာပေါ်လာပြီဆိုရင် သွှားကျဉ်ခြင်းကို စတင်ခံစားလာရနိုင်ပြီး ကုသမှုမခံယူပဲ ဒီတိုင်းဆက်လက်ထားပြီး သွားပွတ်တံ အကြမ်းဖြင့် ဆက်လက်သွားတိုက်မည် ဆိုပါက မွသွားလွှာ လို့ခေါ်တဲ့ တတိယ အလွှာ nerve ကြောလေး ကို ရောက်လာပြီး မနေနိုင်အောင် သွားကိုက်လာနိုင်ပါတယ်
ဒါကြောင့် ကွမ်းယာ ကို ယတိပြတ် မဖြတ် နိုင်ဘူး ဆိုရင်
-စားပါ (⛔ပါးစောင်တွင် လုံးဝ မငုံပါနှင့်)
-ပလုတ်ကျင်းပါ သွားတိုက်ပါ(⛔ဖွဲ,ပြာ,မီးသွေးခဲ,ကွမ်းချိုးပြောင်စေသည် ဆိုသော ဆေးမှုန့်များ,သံချောင်းများ,ကော်ပတ်များဖြင့် ပွတ်တိုက်ခြင်း လုံးဝ မလုပ်ပါနှင့်)
-သွားနှင့်ခံတွင်းဆေးခန်း သို့သွား၍ အနည်းဆုံး ခြောက်လ တကြိမ် သွားသန့်ရှင်းရေး ပြုလုပ်ပါ (⛔ဆေးခန်းသွားဖို့ မကြောက်ပါနှင့် ဝန်မလေးပါနှင့်,ပိုက်ဆံမနှမြောပါနှင့်,မိမိအတွက် အကျိုးရှိမည့်နေရာတွင် သုံးစွဲပါ)
သွားနှင့်ခံတွင်းနှင့်ပတ်သက်သော ဝန်ဆောင်မှုများကို ရယူဖို့ တော်ဝင်ထူးကို လှမ်းခဲ့စို့
လူကြီးမင်းတို့ရဲ့တန်ဖိုးရှိတဲ့အချိန်များကို အလဟဿမဖြစ်စေရန် ဆေးခန်းသို့မလာမီ ဖုန်းဆက်၍ ​ကြိုတင် Appointment ရယူပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ရှင် !
Appointment ရယူလိုပါက — Ph-09798292927
Address — တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်း နှင့်ဆေးဆိုင်
No.111,မြေညီ, မြို့ဟောင်း 4 လမ်း,စတုတ္ထအဖြတ်,သမိုင်း 1 ရပ်ကွက်,မရမ်းကုန်းမြို့နယ်, ရန်ကုန်
(စျေးဘူတာ မှတ်တိုင်)
04/02/2024
ကျဲချင်သလောက်ကျဲ #တော်ဝင်ထူး ရှိတယ်နော်...😇
ကုန်ကျစရိတ်သက်သာပြီး မိနစ်ပိုင်းလေး အချိန်ပေးရုံနဲ့ ပြောင်းလဲ လှပ သွားစေမှာပါ
သဘာဝ သွားအစစ်နဲ့မခြား လှပ အောင် လေဆာဖြင့် ကြွေဖြည့်ကုသ ပေးထားတာပါ
ဒီလို ရှေ့သွားလေးတွေကို လေဆာဖြင့်ဖာထားသူများ အနေနဲ့ လိုက်နာ ရမှာလေးတွေ ရှိပါတယ်
အဲ့ဒါတွေက တော့
📌နေကြာစေ့,သစ်သီး အစ ရှိတဲ့ အမာစာများ,အပ်ချည်ကြိုး,မုန့်ထုပ် ,လက်သည်း အစရှိသည် များကို ရှေ့သွားဖြင့် အားပြု ကိုက်ဖြတ်ခြင်း
📌လက်ဖက်ရည်, ကော်ဖီ,ကိုလာ အစရှိသည့် အရောင်စွဲလွယ်သော အစားအသောက်များ အလွန်အကျွံသောက်သုံးခြင်း( သောက်ဖြစ်ပါက ရေဖြင့် ပြန်လည် ပလုတ်ကျင်း,သွားတိုက်ပေးပါ)
📌ပြုတ်မှာ စိုးရိမ်ပီး သွားပြောင်စင် အောင် မတိုက်ခြင်း(သွားတိုက်တာ မပြောင်ပါက သွားချေးကျောက် များတည်လာပြီး သွားဖုံးနှင့် ဖာထားသည့် ပစ္စည်းကြား ဟ လာ နိုင်ပါတယ်)
ဒီအချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင် ဂရုစိုက်ရင် စိုက်သလို နှစ်ချီ ခံနိုင်ပါတယ်
လူကြီးမင်းတို့ရဲ့ အပြုံးလေးတွေ လှပဖို့ #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း မှ စောင့်ကြိုနေပါတယ်ရှင်
ဖုန်း–09798292927
ဆေးခန်းဖွင့်ချိန်- ​နေ့စဉ် နံနက် 9 နာရီမှ ည 8နာရီခွဲ
03/02/2024
ဒီတခါမှာတော့ လူနာ တော်တော်များများ မေးတတ်တဲ့ ပြသနာ လေး ကို ပြောပြချင်ပါတယ်....
အဲ့ဒါက တော့ သွား ဘယ်လောက်တိုက်တိုက်,ပလုပ်ကျင်း ဆေးရည်တွေ ဘယ်လောက်ငုံငုံ ခံတွင်းနံ့ မကောင်းရခြင်းဆိုတဲ့ ပြသနာပါ???
အဲ့လို ဖြစ်နေပီဆို အရင်ဆုံး မှန်ယူပီး သွားရဲ့ အတွင်းဘက်မျက်နှာပြင် (လျှာနဲ့ထိနေတဲ့ မျက်နှာပြင်) အခြေ လေးတွေကို ကြည့်ကြည့်ပါ.....အဝါရောင် အမဲရောင် အရစ်လေးတွေ တွေ့ရပီဆို တရားခံကို တွေ့ပါပီ
လူတော်တော်များများဟာ သွားတိုက်တဲ့အခါမှာ သွားရဲ့အပြင်ဘက် မျက်နှာပြင်တွေကိုပဲ တိုက်တတ်ကြပါတယ်
ဒီအခါမှာ စားသမျှ အစာအညှိ တွေဟာ အတွင်းပိုင်းမျက်နှာပြင်တွေမှာ စုပုံလာပြီး အချိန်ကြာလာတဲ့အခါမှာ မာကျောလာပြီး သွားချေးကျောက်အဖြစ် ပြောင်းလဲ သွားပါတယ်
သွားချေးကျောက် အလွှာမှာ ဘက်တီးရီးယားပေါင်း များစွာဟာ ခိုအောင်းနေတတ်ပီး အနံ့ဆိုးတွေကို ထုတ်လွှတ် ပေးပါတယ်
သွားချေးကျောက် တွေဟာ အချိန်ကြာလာတာနဲ့အမျှ သွားဖုံးသားနဲ့ သွားဖုံးရိုးတွေကို အောက်ကို နိမ့်ကျစေပြီး သွားတွေကို ယိုင်နဲ့ကာ ကျွတ်ထွက်သည်အထိ ဖြစ်စေနိုင်ပါတယ်
ဒါပေမယ့် နာကျင်ကိုက်ခဲမှုက်ု လုံးဝမခံစားရပဲ သတိမပြုမိခက် အချိန်မှာတင် သွားတွေကို ဆုံးရှုံးသွားစေနိုင်တဲ့အတွက်
သွားလေးတွေရဲ့အသံတိတ် လူသတ်သမားလို့လဲ တင်စားလို့ ရပါတယ်
ဒါ့အပြင် သွားပိုးပေါက် လေးတွေဟာလဲ သွားချေးကျောက်တွေ အောက်မှာ ဖုံးနေတတ်တာကြောင့်
ဒီလို ဝါဝါကျောက်လေးတွေ တွေ့ပီဆိုတာနဲ့ သွားနှင့်ခံတွင်း ဆေးခန်းသို့ အမြန်ဆုံးသွားပီး သွားသန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်ပါတယ်
ခံတွင်းနံ့ ကောင်းမွန်ဖို့ နောက်ထပ်အချက်လေးတွေက တော့
📌လျှာကိုလဲ သွားပွတ်တံ or လျှာခြစ်တံလေးနဲ့ တိုက်ပေးပါ
📌,ရေများများသောက်ပေးပါ
📌ရှိသမျှ သွားပိုးပေါက်လေးတွေကို ဖာထားပေးပါ
📌စားကြွင်းစားကျန်များ အသားစများ သွားကြားထဲမှာ ညပ်ကျန်နေခြင်း မရှိအောင် dental floss ခေါ် သွားပွတ်ကြိုးလေးနဲ့ ထုတ် ပေးဖို့ လိုအပ်ပါတယ်
အနည်းဆုံး အထက်ပါအချက်လေးတွေ ပြုလုပ်လိုက်ပီ ဆိုတာနဲ့ ခံတွင်းနံ့လေး ကောင်းမွန်ပီး သွားဖုံးသားလေးတွေဟာလဲ နီမြန်း သွေးထွက်ခြင်းမရှိပဲ ချပ်ရပ် လှပ နေမှာပါ
အကယ်၍များ သွားချေးကျောက် တွေလဲ မရှိဘူး အထက်မှာ ပြောထားတဲ့အချက်လေးတွေကိုလဲ ပြုလုပ်ရဲ့သားနဲ့ ခံတွင်းနံ့ နံသေးတယ် ဆိုရင်တော့ အစာအိမ်ရောဂါ ကဲ့သို့သော အထွေထွေ ရောဂါများနဲ့ ဆက်စပ်နေနိုင်တဲ့အတွက် အထွေထွေ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်
အနှစ်ချုပ်အားဖြင့် ဆိုရရင် မိမိဘာသာ သတိမပြုနိုင်တဲ့အခြေအနေတွေ ရှိတတ်တာမို့ သွားနှင့်ခံတွင်းဆေးခန်းသို့ အနည်းဆုံး (6)လ တစ်ကြိမ် သွားရောက်စစ်ဆေးကုသမှုခံယူပါ
မှန်ကြည့်လျှင် သွားလေးတွေကိုပါ ဂရုတစိုက်ကြည့်ပေးပါ
တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် သွားတိုက်ပေးပါ
ရေ 2 လီတာ အနည်းဆုံး သောက်ပါ
အရည်ရွှမ်းတဲ့ အသီးအနှံ,နွားနို့,ကြက်ဥ စတဲ့အစားအစာ လေးတွေ စားပေးပါ
အားလုံးပဲ ယုံကြည်မှု ရှိရှိ နဲ့ ပြောဆိုဆက်ဆံနိုင်ကြပါစေရှင်😊
သွားနှင့်ခံတွင်းနှင့်ပတ်သက်သော ဝန်ဆောင်မှုများကို ရယူဖို့ တော်ဝင်ထူးကို လှမ်းခဲ့စို့
လူကြီးမင်းတို့ရဲ့တန်ဖိုးရှိတဲ့အချိန်များကို အလဟဿမဖြစ်စေရန် ဆေးခန်းသို့မလာမီ ဖုန်းဆက်၍ ​ကြိုတင် Appointment ရယူပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ရှင် !
Appointment ရယူလိုပါက — Ph-09798292927
Address — တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်း နှင့်ဆေးဆိုင်
No.111,မြေညီ, မြို့ဟောင်း 4 လမ်း,စတုတ္ထအဖြတ်,သမိုင်း 1 ရပ်ကွက်,မရမ်းကုန်းမြို့နယ်, ရန်ကုန်
(စျေးဘူတာ မှတ်တိုင်)
03/02/2024
ကိုယ်ဝန်ဆောင်များ သွားနူတ်လို့ရပါသလား?
အမျိုးသမီးများကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုများစွာ ဖြစ်လေ့ရှိပါတယ် ။ ဟော်မုန်းပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုများအဖြစ် ခံတွင်းထဲမှာ သွားဖုံးပြဿနာများ၊ သွားကျန်းမာရေးပြဿနာများကို ပုံမှန်အချိန်များထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုကြုံတွေ့ကြရပါတယ်။
ဒါကြောင့် သွားကျန်းမာရေးနဲ့ပတ်သက်ပြီး သွားနူတ်ရခြင်းကဲ့သို့ အရေးပေါ်အခြေအနေများမဖြစ်အောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်လနုစဥ်ကာလကတည်းက သွားနှင့်ခံတွင်းဆရာဝန်နဲ့ သွားကျန်းမာရေးစစ်ဆေးခြင်းများ၊ ကုသခြင်းများကို ပြုလုပ်ထားသင့်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက သွားကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတအားနည်းဆဲမို့ ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးဂရုစိုက်ဖို့ဆိုတာ အလှမ်းဝေးပါသေးတယ် ။ ဒါကြောင့် နေ့စဥ် ဆေးခန်းကို ကိုယ်ဝန်ဆောင် နေ့စေ့လစေ့ကြီးနဲ့ သွားနာလို့ ရောက်လာတယ်ဆိုတာ အထူးအဆန်းတော့လည်း မဟုတ်တော့ပါဘူး။
ကိုယ်ဝန်ဆောင်တွေက လနုသည်ဖြစ်စေ၊ လရင့်သည်ဖြစ်စေ သွားပြဿနာတွေဖြစ်လို့ သွားနူတ်ရမယ်လို့ပြောလိုက်တယ်ဆိုရင် ပုံမှန်ထက်လန့်သွားကြတာ အမှန်ပါပဲ။ အတွေးထဲမှာ ကိုယ်ဝန်က နုနေလို့/ လရင့်နေလို့ သွားနူတ်လို့ အဆင်ပြေပါ့မလား။ ထုံဆေးထိုးရင်ကရော ဘေးကင်းပါ့မလား ။ ဓာတ်မှန်ရိုက်ရမယ်လည်း ပြောတယ် ဗိုက်ထဲက ကလေးကို ထိသွားမလား။ အရင်ဆေးခန်းက ကိုယ်ဝန်နဲ့မို့ သွားမနူတ်ပေးဘူးပြောတယ် ဒီဆရာဝန်ကျတော့ သွားနူတ်မယ်တဲ့ တကယ်အဆင်ပြေပါ့မလား။ သွားကရော တကယ်ကြီး နူတ်ဖို့လိုအပ်နေရဲ့လား စသဖြင့် စသဖြင့် အတွေးထဲမှာ မေးခွန်းပေါင်းစုံပေါ့ဗျာ ။
ကျွန်တော်က ဒီစာကနေ အခုလို​သံသယဖြစ်စရာ ဒီမေးခွန်းတွေအားလုံးကို ဖြေပေးသွားပါမယ်ဗျ ။
✅ ကိုယ်ဝန်ဆောင်တွေ သွားနူတ်လို့ရသလား? ဘေးကင်းပါ့မလား?
အဖြေကတော့ YES ပါ ။ ကိုယ်ဝန်ဆောင်တွေဟာ လနုသည်ဖြစ်စေ၊ လရင့်သည်ဖြစ်စေ လိုအပ်ပါက ဘေးကင်းစွာ သွားနူတ်နိုင်ပါတယ် ။
သွားနူတ်တာမှ ရိုးရိုးသွားနူတ်တာတင်မဟုတ်ဘူး လိုအပ်ရင် အံဆုံးခွဲတာတောင် လုပ်နိုင်ပါတယ်။
တကယ်လိုအပ်ရင် လုပ်ရမယ် ။ မလိုအပ်ရင် မလုပ်ဘူး ။
တကယ်လိုအပ်တဲ့အခြေအနေဆိုတာ အခုသွားမနူတ်ခဲ့ဘူးဆိုရင် ပိုပိုဆိုးလာမယ့် အခြေအနေကိုကြုံရနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ဗိုက်ထဲက ကလေးကို အန္တရာယ်များစေတဲ့ အခြေအနေကို ပြောတာပါ။ ဥပမာ...
◻ သွားက ဘာမှလုပ်မရအောင် နေ့စဥ်နဲ့အမျှ မတော်မတရားနာနေခြင်း ။
◻ သွားဖုံး ပြည်တည်နေခြင်း။ ပိုး(မန်း)ဝင်နေခြင်း ။
◻ သွားများ၊ သွားဖုံးများ လုံးဝ ပျက်စီးနေခြင်း ။
လူနာအခြေအနေအရ မလိုအပ်ရင် သွားနူတ်မှာမဟုတ်ပဲ သွားများကို ဆေးထည့်ပေးခြင်း၊ ဖာထေးပြုပြင်ခြင်း၊ သွားအကြောထုတ်ကုသမှုများပြုလုပ်ခြင်း စတဲ့ ကုသမှုများကိုသာ ပြုလုပ်ပေးထားမှာဖြစ်ပါတယ် ။
ဒီကိစ္စကလေ သာမာန်လူတွေမှာမှ မဟုတ်ဘူး ကျွန်တော်တို့ သွားနှင့်ခံတွင်းဆရာဝန်တွေ တော်တော်များများမှာလည်း ကိုယ်ဝန်ဆောင်ဆိုရင် သွားနူတ်လို့မရဘူးလို့ ပြောနေသူတွေ ရှိနေပါသေးတယ်။
✅ ကိုယ်ဝန်ဘယ်နှစ်လမှာ သွားနူတ်တာ အကောင်းဆုံးလဲ?
ကိုယ်ဝန် (၄)လ၊ (၅)လ၊ (၆)လ တွေမှာ သွားနူတ်တာ ဘေးအကင်းဆုံးနဲ့ သက်တောင့်သက်သာအဖြစ်ဆုံး၊ အကောင်းဆုံးအချိန်ကာလဖြစ်ပါတယ် ။
ဒါပေမယ့် အရေးပေါ်အခြေအနေနဲ့ကြုံရပါက ကိုယ်ဝန်က ဘယ်လတွင်ဖြစ်ပါစေ သွားနူတ်နိုင်ပါတယ်။
✅ ထုံဆေးထိုးတာကရော ဘေးကင်းပါ့မလား?
ထုံဆေးကို အင်္ဂလိပ်လို Local Anesthesia လို့ခေါ်တယ် ။ Local ဆိုတာ တစ်နေရာထဲကိုပဲ ထုံခိုင်းတဲ့သဘောပါ။ ပါးစပ်ထဲမှာ ထိုးလိုက်တဲ့ ထုံဆေးဟာ သွေးကြောတွေကနေတဆင့် ခန္ဓာကိုယ်အနှံ့မသွားတဲ့အပြင် ကလေးကိုလည်း ထိခိုက်မှုမရှိပါဘူး။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ထုံဆေးသုံးတာကလည်း စိတ်ချရပါတယ် ။
✅ ဓာတ်မှန်ရိုက်တာကရော စိတ်ချရပါသလား?
သွားဆရာဝန်တွေဟာ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်များကို သွားဓာတ်မှန်ရိုက်လေ့မရှိပါဘူး။
ဒါပေမယ့် ဒါဟာ သွားဓာတ်မှန်က လုံးဝ ဘေးမကင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူးနော် ။ သွားဓာတ်မှန် တစ်ချပ်ရိုက်တဲ့အခါ ထွက်တဲ့ ဓာတ်မှန်ရောင်ခြည်ပမာဏဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးကို မထိခိုက်စေနိုင်ပါဘူး ။ လိုအပ်၍ သွားဓာတ်မှန်ရိုက်ရတဲ့အခါ မိခင်နဲ့ကလေးကို ဓာတ်မှန်ရောင်ခြည်သက်ရောက်မှု နည်းနိုင်သမျှနည်းစေရန်အတွက်လည်း အကာအကွယ်များဝတ်ဆင်ပေးထားဦးမှာဖြစ်ပါတယ်ဗျ ။
ဒါကြောင့် သွားဓာတ်မှန်တစ်ချပ်ရိုက်ရန်လိုအပ်ပါက စိတ်ရှင်းရှင်းနဲ့ ရိုက်ပါနော့ ။
✅ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးတွေကရော ဘေးကင်းပါ့မလား?
ဆေးခန်းစပြတဲ့အခါ မိမိမှာ ကိုယ်ဝန်ရှိကြောင်း ဆေးခန်းကို အသိပေးထားတယ်ဆိုရင် ဆရာဝန်များက မိခင်နှင့်ကလေး နှစ်ဦးစလုံးအတွက် ဘေးကင်းအဆင်ပြေမယ့် အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးများကိုပဲ လမ်းညွန်ပေးပါလိမ့်မယ်။
✅ သွားနူတ်ခြင်းကို ကလေးမွေးပြီးသည့်အချိန်အထိ ခတ္တ ဆိုင်းငံ့ထားခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်ပါက ဘေးကင်းစွာ သွားနူတ်နိုင်ပေမယ့် တခါတရံမှာ သွားနူတ်ခြင်းကို ခတ္တစောင့်ဆိုင်းရန်လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ် ။
သွားနူတ်မယ့် မိခင်က သွားနူတ်ရန်တကယ်မလိုအပ်နေခြင်း၊ အင်မတန်အားနည်းနေခြင်း၊ မိခင်တွင် ရောဂါအခံများရှိခြင်း၊ အင်မတန်ကို စိတ်လှုပ်ရှားတုန်လှုပ်နေခြင်း စသဖြင့် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးအခြေအနေ၊ စိတ်ဆန္ဒအခြေအနေများကိုလည်း ကြည့်ပေးကြရပါတယ် ။
အခြေအနေတခုခုကြောင့် သွားနူတ်တာကို ခတ္တဆိုင်းငံ့ထားရင်တောင် သွားကျန်းမာရေးနဲ့ပတ်သက်ပြီး မိခင်နဲ့ကလေး ဘေးကင်းရန် အရေးပေါ်ကုသမှုများကို ပြုလုပ်ပေးထားမှာဖြစ်ပါတယ်ခင်ဗျာ ။
...........................................................................
သွားနှင့်ခံတွင်းရောဂါတွေဟာ စောစောမကုသပဲ မွေးထားလိုက်ရင် လူနာများအနေဖြင့် ပိုမိုဆိုးရွားသော အခြေအနေများနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လုပ်နေကျ (၆)လတစ်ကြိမ် သွားနှင့်ခံတွင်းကျန်းမာရေးပုံမှန်စစ်ဆေးခြင်းများ၊ သွားကျောက်ခြစ်ခြင်း စတဲ့ ကုသမှုများကို ကိုယ်ဝန်ဆောင်ထားရပေမယ့် ရက်ချိန်းများ မကျော်သွားသင့်ပဲ ပြသင့်ပါတယ်။ သွားဖြူအောင်ပြုလုပ်ခြင်း၊ သွားကြွေလွှာကပ်ခြင်း၊ သွားစိန်တပ်ခြင်း စတဲ့ မဖြစ်မနေ မလိုအပ်တဲ့ အလှအပနဲ့ပတ်ကုသမှုများကိုတော့ ရှောင်သင့်ပါတယ် ။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွားဖုံးရောဂါများ နဲ့ လမစေ့ပဲ ကလေးမွေးခြင်းဟာ ဆက်စပ်လျက်ရှိတာကိုလည်း သတိပြုစေချင်ပါတယ်ခင်ဗျာ ။
ဒီလောက်ဆိုရင် ကိုယ်ဝန်ဆောင်တွေနဲ့ သွားနူတ်ခြင်းအကြောင်းကို ဗဟုသုတရမယ်ထင်ပါရဲ့နော် ။
ကျန်းမာတဲ့ သားသားမီးမီးလေးတွေ မွေးဖွားနိုင်ကြပါစေခင်ဗျ ။
ချစ်ခြင်းဖြင့်သာ မျှဝေပါသည်။
ဒေါက်တာမျိုးမြင့်အောင်
Photos from Taw Win Htoo-Dental Clinic & Pharmacy's post 28/01/2024
အလုပ်တစ်ဖက်နဲ့ သွားဆေးခန်းပြဖို့ အချိန်မရှိလို့ စိတ်ညစ်နေလား????
ရုံးပြန် အလုပ်ပြန် ကျောင်းပြန် သားသားမီးမီး ကိုကိုမမ ဦးဦးဒေါ်ဒေါ် တို့ အဆင်ပြေစေရေးကို ရည်ရွယ်ပြီး #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း ကို ပိတ်ရက်မရှိ မနက် 9:30 မှ ည 8:30 အထိ ဖွင့်လှစ်ထားရှိ​ထားကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်
လူကြီးမင်းတို့ရဲ့တန်ဖိုးရှိတဲ့အချိန်များအလဟဿမဖြစ်စေရန်
ဖုန်းဆက်၍ booking ကြိုယူပေးဖို့မေတ္တာရပ်ခံပါတယ်ရှင့်
Ph-09798292927
လိပ်စာ
တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်း နှင့်ဆေးဆိုင်
No.111,မြေညီ, မြို့ဟောင်း 4 လမ်း,စတုတ္ထအဖြတ်,သမိုင်း 1 ရပ်ကွက်,မရမ်းကုန်းမြို့နယ်, ရန်ကုန်
(စျေးဘူတာ မှတ်တိုင်)
Photos from Taw Win Htoo-Dental Clinic & Pharmacy's post 21/01/2024
သွားပိုးပေါက်လေးတွေကို လေဆာနဲ့ ဖာထားပုံလေးတွေပါ
😇
မူလသွားပုံစံနဲ့ အရောင်အတိုင်း အနီးစပ်ဆုံး တူအောင် ဖာပေးထားလို့ သွားဆရာဝန်တွေ ကိုယ်တိုင်တောင် သွားအစစ်နဲ့ ဖာထားတဲ့သွား ခွဲခြားဖို့ ခက်မယ်နော်😇
အပေါ်ယံကြည့်ရင် အပေါက်သေးသေးလေး ထင်ရ ပေမယ့် အတွင်းထဲမှာ အများကြီး လှိုက်စားနေတတ်ပါတယ်
ဒါကြောင့် သွားနှင့်ခံတွင်း ဆေးခန်းတွေမှာ အနည်းဆုံး 6 လ တစ်ကြိမ် စစ်ဆေးပီး လိုအပ်တာများ ကို အချိန်မီ ကုသမှုခံယူဖို့ လိုအပ်ပါတယ်
ဒါမှသာ သွားနှုတ်ရခြင်း သွားစိုက်ရခြင်း တွေမှ ကင်းဝေးပီး ပင်ကိုယ်သဘာဝ သွားအစစ်လေးတွေကို ရေရှည်ထိန်းသိန်းနိုင်မှာ ဖြစ်ပါတယ်
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း မှာ ဆိုရင် ခေတ်မီ ပစ္စည်းကောင်းများကိုသာ အသုံးပြုပီး တိကျလှပသော ကုသမှုများကို ကုန်ကျစရိတ်သင့်တင့်မျှတစွာဖြင့် ရရှိနိုင်ပြီဖြစ်ပါတယ်
Appointment ယူရန် ဖုန်း-09798292927
ဆေးခန်းဖွင့်ချိန် ​နေ့စဉ် နံနက် 10 နာရီ မှ ည 8:30 နာရီ
(ဈေးဘူတာ မှတ်တိုင်)
သွားပိုးစားတာလဲ မရှိဘူး, သွားဂျိုးတွေ ခြစ်ဖို့လဲ မလိုဘူး,သွားတွေကလဲ ညီပီးသား ဖြူပီးသား ဆိုရင်တောင်မှပဲ
သွားဆေးခန်းသွားပီး စိန်လေးတွေ ကပ်လို့ ရပါသေးတယ်နော်👄
စိန်ကပ်တာက သွားကို ဘာမှ အပေါက်ဖောက်စရာ,စားစရာ မလိုလို့ သွားတွေက်ု မထိခိုက်စေပါဘူး
အားလုံးပဲ လှသထက် လှနိုင်ကြပါစေရှင်💜
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း မှာ စျေးသက်သက်သာသာနဲ့ စိန်ကပ်လို့ ရပါတယ်
ဆေးခန်းဖွင့်ချိန်ကို နံနက် ၁၀ နာရီ မှ ည ၈:၃၀ အထိ ဖွင့်လှစ်ထားပါတယ်ခဗျာ။
မိဘပြည်သူများ သွားနှင့်ခံတွင်း ရောဂါများ သက်သာပျောက်ကင်းပြီး လှပကျန်းမာသော အပြုံးများ ပိုင်ဆိုင်ဖို့ #တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်းကို ကြွလှမ်းဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ
စောင့်ဆိုင်းချိန် မကြာမြင့်ရ လေအောင် ဖုန်းဆက်၍ Appointment ကြိုယူပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်
#တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်း
09798292927
No.111,မြေညီ, မြို့ဟောင်း 4 လမ်း,စတုတ္ထအဖြတ်,သမိုင်း 1 ရပ်ကွက်,မရမ်းကုန်းမြို့နယ်, ရန်ကုန်
(စျေးဘူတာ မှတ်တိုင်)
Photos from Taw Win Htoo-Dental Clinic & Pharmacy's post 14/01/2024
သွားကိုက်လွန်းလို့ ဆေးလိုက်ရှာ ….😣
သွားကိုက်လွန်းလို့ ဆေးလိုက်ရှာမနေပါနဲ့
ကျွန်တော်တို့ #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း က်ိုသာ ကြွလှမ်းခဲ့ပါ ☑☑☑
သွားနာသွားကိုက်ရင် ခံရခက်တာ လူတိုင်းသိကြမှာပါ၊ ညတောင်အိပ်မရလို့ အိပ်ရေးပျက်ရ၊ အစားလဲ ကောင်းကောင်းမစားရနဲ့ အလုပ်တွေလဲပျက်ရတာပေါ့ဗျာ။ 🤒
ဒီလို သွားနှင့်ခံတွင်း ပြဿနာတွေကို ဖြေရှင်းကုသဖို့ဆိုရင် ခေတ်မီပြီး စနစ်တကျကုသပေးတဲ့ တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း ကို ရွေးချယ်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်းမှာ ဆိုရင် ကျွမ်းကျင်ပြီး ဂရုတစိုက်ကုသပေးသော သွားနှင့်ခံတွင်း ဆရာဝန်များနှင့်
📌အထွေထွေသွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးဆွေးနွေးခြင်း၊
📌-သွားဖာခြင်း
📌-သွားနှုတ်ကုသခြင်း
📌-သွားမနှုတ်လိုသူများအတွက် သွားအကြောထုတ်ကုသခြင်း
📌- ကျဲနေသော သွားများလှပအောင် လေဆာဖြင့် သွားဖာခြင်း
📌- သွားများဖြူဖွေးလှပအောင် သွားဖြူကုထုံး ပြုလုပ်ခြင်း
📌- သွားအသေစိုက်ခြင်း၊
သွားအစွပ်ပြုလုပ်ခြင်း
📌- အံကပ်ပြုလုပ်ခြင်း၊ သွားအရှင်
စိုက်ခြင်း
📌- သွားဂျိုး၊ ကွမ်းဂျိုးများ သန့်ရှင်းရေးပြုလုပ်ခြင်း နှင့်
သွားအရောင်တင်ခြင်း
📌- ကလေး သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးကုသမှုပေးခြင်း
📌- သွားစိန်ကပ်ခြင်း
အစရှိသော သွားနှင့်ခံတွင်းကုသမှုအမျိုးမျိုးကို သင့်တင့်သော စျေးနှုန်းဖြင့် မိဘပြည်သူများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခဗျာ။
ဒါ့အပြင့် လူနာများအတွက် အသုံးပြုသော ဆေးခန်းသုံးပစ္စည်းများကို ခေတ်မီစက်ကိရိယာများဖြင့် ပိုးသတ်ပြီး UV Light နှင့် ထပ်မံပိုးသတ်ထားသည့်အတွက် ရောဂါကူးစက်ခြင်းကိုလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့ခဗျာ။
ဆေးခန်းဖွင့်ချိန်ကို နံနက် ၁၀ နာရီ မှ ည ၈:၃၀ အထိ ဖွင့်လှစ်ထားပါတယ်ခဗျာ။
မိဘပြည်သူများ သွားနှင့်ခံတွင်း ရောဂါများ သက်သာပျောက်ကင်းပြီး လှပကျန်းမာသော အပြုံးများ ပိုင်ဆိုင်ဖို့ #တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်းကို ကြွလှမ်းဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ
စောင့်ဆိုင်းချိန် မကြာမြင့်ရ လေအောင် ဖုန်းဆက်၍ Appointment ကြိုယူပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်
#တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်း
09798292927
No.111,မြေညီ, မြို့ဟောင်း 4 လမ်း,စတုတ္ထအဖြတ်,သမိုင်း 1 ရပ်ကွက်,မရမ်းကုန်းမြို့နယ်, ရန်ကုန်
(စျေးဘူတာ မှတ်တိုင်)
Photos from Taw Win Htoo-Dental Clinic & Pharmacy's post 08/01/2024
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း မှာ ကုန်ကျစရိတ်သင့်တင့်စွာ နဲ့ သွားစိုက် ၊ သွားအစွပ်ကုသမှုတွေ ခံယူလို့ရပါတယ်ရှင်
အရည်အသွေးအနေနဲ့လည်း ပစ္စည်းကောင်းတွေကိုသာအသုံးပြုပေးမှာဖြစ်လို့ စိတ်မပူပါနဲ့နော်
သွားစိုက် ၊ သွားအစွပ်ပစ္စည်းအမျိုးအစား များစွာရှိတာကြောင့် စိတ်ကြိုက်ရွေးချယ်နိုင်ပါမယ်
သွားစိုက်ခြင်းအမျိုးမျိုးဖြစ်တဲ့..
1) ဘေးသွားအကူယူပြီး သွားအသေစိုက်ခြင်း (Crown & Bridge)
2) အံကပ်အမျိုးမျိုး (Denture)
3) သွားအမြစ်တုထည့်ကာ သွားပြန်စိုက်ခြင်း (Dental Implant)
. တွေကုသလို့ရနိုင်ပါတယ်
1) ဘေးသွားအကူယူပြီး သွားအသေစိုက်ခြင်း (Crown & Bridge) တွေအနေနဲ့ >>>
၁) ပလတ်စတစ်အကောင်းစား (Jacket)
၂) သတ္တု (Metal)
၃) ကြွေ + အောက်ခံသတ္တု (PFM)
၄) ကြွေသီးသန့် (Zirconia , Ceramic)
2) အံကပ်အမျိုးမျိုး (Denture) တွေအနေနဲ့ >>>
၁) ပုံမှန်အံကပ် (Acrylic)
၂) အံကပ်ပျော့ (Flexible)
၃) သတ္တုအံကပ် (Skeletal)
--- တွေပါဝင်ပါတယ်
လူနာ ၁ဦးချင်းစီအတွက် ၁ခါသုံးပစ္စည်းများအပြင် စနစ်တကျပိုးသတ်သန့်စင်ထားတဲ့ ပစ္စည်းကိရိယာများကိုသာ အသုံးပြုပေးပါတယ်ရှင်
သွားစိုက်ခြင်း
ဘေးသွားအကူအညီယူပြီး သွားအသေစိုက်ခြင်း (သို့) သွားအစွပ်စွပ်ခြင်း (Crown & Bridge)
၁) ပလတ်စတစ်အကောင်းစား (Jacket)
- ကုန်ကျစရိတ်အသက်သာဆုံး အမျိုးအစားဖြစ်ပါတယ်
- သွားအရောင်အတိုင်းရနိုင်ပြီး အကြမ်းခံနိုင်စွမ်းတော့မရှိပါဘူး ။
- ရှေ့သွားတွေအတွက် ယာယီသွားအတု ၊ အစွပ်အနေနဲ့သာ အများစုအသုံးပြ ုပါတယ် ။
၂) သတ္တုသွားအစွပ် (သို့) Metal crown
- သတ္တုသွားအစွပ်(Metal crown)တွေက အလှအပအတွက်သိပ်အရေးမကြီးတဲ့ နောက်ဖက်အံသွားတွေအတွက် သင့်တော်ပါတယ် ။
- ကုန်ကျစရိတ်အနေနဲ့လည်းသက်သာပြီး စိတ်ချလက်ချဝါးနိုင်စားနိုင်ပါတယ် ။
- မာကျောမှုရှိတဲ့ သတ္တုစပ်(Alloy)ဖြစ်တာကြောင့် နှစ်အတော်ကြာတိုင်အောင် စားတဲ့ဝါးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။
၃) ကြွေ + အောက်ခံသတ္တု (PFM)
- ကုန်ကျ စရိတ် သင့်တင့် ပီးမိမိရဲ့ သဘာဝ သွား အရောင်အတိုင်း ရရှိမှာ ဖြစ်ပါတယ်.
- သတ္တုနှင့် ကြွေနှလွှာ ပေါင်းစပ်ထားတာ ကြောင့် အကြမ်းခံ နိုင် မှု မြင့်မားတာကြောင့် ရေရှည် မခံမှာ စိတ်မပူ ရတော့ပါဘူး.
- ရှေ့ သွားနှင့် နောက် သွား နှစ်ဖက် လုံးး အတွက် သင့် တော်ပါတယ်
၄) ကြွေ သန့် (Zirconia)
- ကြွေထဲမှာ အကောင်းဆုံး ဖြစ်တဲ့ Zirconia ကြွေ ဟာ ကျောက်မျက် ထဲမှာ အမာဆုံး ဖြစ်တဲ့ စိန် နဲ့ နှိုင်းယှဉ် လို့ ရတဲ့ ဒြပ်စင် ဖြစ်တာကြောင့် မာကျော ခိုင် ခံ့ ကာ သွားအစစ်အတိုင်း ကဲ့သို့ ခွဲ လို့မရနိုင်အောင်လှပ ပါတယ်..
- Biocompactible ခေါ် လူ့ခန္တာကိုယ် နှင့် သဟဇာသ လဲ ဖြစ်တဲ့ အပြင် စား တဲ့ ဝါး တဲ့ ဒဏ် လဲကောင်းစွာ ခံနိုင်ပါတယ်
- သွား အစစ် အတိုင်း လှပတာကြောင့်ရှေ့ သွားအတွက် အဓိက အသုံးပြု ကြပါတယ်.
- ကုန်ကျမှု အနေဖြင့် အနည်းငယ်ပို များ ပီး ပုံမှနိ PFM ထက် ၅ ဆပို မို မာကျောပါတယ်..
♻️ အံကပ်(Denture)
အံကပ်ဆိုတာက ဖြုတ်ရတပ်ရလုပ်ပေးရတဲ့သွားတုအမျုိးအစားပါ ။
၁) ပုံမှန်အံကပ် (Acrylic denture)
- သံချိတ်လေးတွေပါတဲ့အံကပ်အမျိုးအစားပါ ။
- မူလလက်ဟောင်းအံကပ်ဖြစ်ကာ ဈေးနှုန်းအရအသက်သာဆုံးပါ ။
- သွားအရေအတွက် သိပ်မရှိတော့တဲ့သူတွေအတွက် သင့်တော်တဲ့အမျိုးအစားဖြစ်ပါတယ် ။
(၂)သံချိတ်မပါတဲ့ အံကပ်ပျော့ (Flexible denture)
- ပျော့ပြောင်းပေါ့ပါးမှုရှိတာကြောင့် အသုံးပြ ုရတာလွယ်ကူအဆင်ပြေပါတယ် ။
- သက်တောင့်သက်သာရှိပြီး အံကပ်တပ်ဆင်ထားတယ်ဆိုတာ မသိရလောက်အောင်ကိုလည်းလှပမှုရှိပါတယ် ။
- ကုန်ကျစရိတ် အနဲငယ် ပိုများ မှာဖြစ်ပါတယ်။
- သံချိတ်ပါတဲ့ပုံမှန်အံကပ်နဲ့ အဆင်မပြေသူတွေ စဉ်းစားသင့်တဲ့အမျိုးအစားပါ ။
(၃) အကောင်းဆုံးကိုမှရွေးချယ်ချင်သူတွေအတွက် သတ္တုစနစ်ကိုအခြေခံထားတဲ့အံကပ် (Skeletal Denture)
- အောက်ခံသတ္တုစနစ်ကို အခြေခံထားတာကြောင့် အကြမ်းခံကာ အရည်အသွေးအရလည်း အဆင့်မြင့်မားပါတယ် ။
- စားရဝါးရတာအဆင်ပြေပြီး သွားဖုံးရိုးပြ ုန်းတီးမှုလျော့နည်းစေတာကြောင့် ရေရှည်အသုံးပြ ုဖို့သင့်တော်ပါတယ် ။
- နိုင်ငံတကာမှာလည်းလက်ရှိအသုံးအများဆုံး အံကပ်အမျိုးအစားဖြစ်ပါတယ်
- အောက်ခံသတ္တုစပ်ကို အခြေခံထားတာကြောင့် အကြမ်းခံကာ အရည်အသွေးအရလည်း အဆင့်မြင့်မားပါတယ် ။ ဈေးနှုန်းအမြင့်မားဆုံး အမျိုးအစားပါ ။
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း
ဖုန်း-09798292927
ဆေးခန်းဖွင့်ချိန်- နေ့စဉ် နံနက် 9:30 မှ ည 8:30 နာရီ
လိပ်စာ
No.111,မြေညီ, မြို့ဟောင်း 4 လမ်း,စတုတ္ထအဖြတ်,သမိုင်း 1 ရပ်ကွက်,မရမ်းကုန်းမြို့နယ်, ရန်ကုန်
(စျေးဘူတာ မှတ်တိုင်)
07/01/2024
ကျဲနေတဲ့ သွားလေးတွေကို လေဆာဖြင့် ဖာပေးထားတာပါ💜
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း တွင် လူကြီးမင်းတို့၏ သွားနှင့်ခံတွင်း ဆိုင်ရာ လိုအပ်ချက်များကို စိတ်ရှည်ကျွမ်းကျင်သော ဆရာဝန်များမှ လူတန်းစားမရွေး တတ်နိုင်သော စျေးနှုန်းဖြင့် လူနာများ အဆင်ပြေစေရေးကိုသာ ရှေးရှု၍ ကုသမှုပေးလျက် ရှိပါသည်။
သွားနှင့်ခံတွင်းဆေးခန်းများမှ ကူးစက်တတ်သော ရောဂါ များမှ ကာကွယ်နိုင်ရန် အတွက်လဲ
💯တခါသုံးပစ္စည်းများကိုသာ အသုံးပြု ခြင်း
💯လူနာတဦးနှင့်တဦးကြား Dental chair ကို သေချာစွာသန့်ရှင်းရေး ပြုလုပ်ပေးခြင်း
💯ပစ္စည်းကိရိယာများကို နောက်ဆုံးပေါ် အဆင့်မြင့် ဖိအားမြင့်ပေါင်းအိုး(Autoclave) ဖြင့် ပိုးသတ်ခြင်း
💯ပိုးသတ်ပြီးပစ္စည်းများကို UV light အခြောက်ခံစက်ထဲတွင် သိမ်းစည်းထားခြင်း
အစရှိတဲ့ နည်းများဖြင့် စနစ်တကျ ပိုးသန့်စင်ပေးထားတဲ့အတွက် စိတ်ချလက်ချ ကုသမှုခံယူနိုင်ပါတယ်ရှင်
ဒါ့အပြင် လူကြီးမင်းတို့ လိုအပ်သော အိမ်သုံးဆေးဝါးများမှအစ သင့်တော်သော သွားတိုက်ဆေး,သွားတိုက်တံ,ပလုတ်ကျင်းဆေးရည် များကိုလဲ တနေရာထဲတွင် ဝယ်ယူရရှိနိုင်ပါတယ်ရှင်
ဆေးခန်းဖွင့်ချိန်🕘
နေ့စဉ် နံနက် 9 နာရီမှ ည 8:30 ထိ
📞 09798292927
ဖုန်းဆက်၍လဲ ကြိုတင်Appointment ယူနိုင်ပါတယ်
လိပ်စာ
တော်ဝင်ထူး သွားနှင့်ခံတွင်း ဆေးခန်း နှင့် ဆေးဆိုင်
No.111,မြေညီ, မြို့ဟောင်း 4 လမ်း,စတုတ္ထအဖြတ်,သမိုင်း 1 ရပ်ကွက်,မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့
14/12/2023
သွားပိုးပေါက်လေးတွေကို လေဆာနဲ့ ပြန်ဖာ ထားပုံပါ
သွားအစစ်နဲ့မခြား လှပ အောင် ဖာထားလို့
သွားဆရာဝန်တွေ ကိုယ်တိုင်တောင် ခွဲခြားဖို့ ခက်ပါတယ်
Appointment ယူရန် ဖုန်း-09798292927
ဆေးခန်းဖွင့်ချိန် ​နေ့စဉ် နံနက် 10 နာရီ မှ ည 8:30 နာရီ
(ဈေးဘူတာ မှတ်တိုင်)
Photos from Taw Win Htoo-Dental Clinic & Pharmacy's post 14/12/2023
အခေါင်းပေါက် ဖြစ်မှ ပိုးစားတာ မဟုတ်ပဲ
မိမိမမြင်နိုင်တဲ့ နေရာတွေမှာ မူလပုံစံမပျက် လှိုက်ပီး ပိုးစားနေတတ်ပါတယ်
ဒါကြောင့် သွားနှင့်ခံတွင်း ဆေးခန်းတွေမှာ အနည်းဆုံး 6 လ တစ်ကြိမ် စစ်ဆေးပီး လိုအပ်တာများ ကုသမှုခံယူဖို့ လိုအပ်ပါတယ်
ဒါမှသာ သွားနှုတ်ရခြင်း သွားစိုက်ရခြင်း တွေမှ ကင်းဝေးပီး ပင်ကိုယ်သဘာဝ သွားအစစ်လေးတွေကို ရေရှည်ထိန်းသိန်းနိုင်မှာ ဖြစ်ပါတယ်
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း မှာ ဆိုရင် ခေတ်မီ ပစ္စည်းကောင်းများကိုသာ အသုံးပြုပီး တိကျလှပသော ကုသမှုများကို ကုန်ကျစရိတ်သင့်တင့်မျှတစွာဖြင့် ရရှိနိုင်ပြီဖြစ်ပါတယ်
Appointment ယူရန် ဖုန်း-09798292927
ဆေးခန်းဖွင့်ချိန် ​နေ့စဉ် နံနက် 10 နာရီ မှ ည 8:30 နာရီ
(ဈေးဘူတာ မှတ်တိုင်)
14/12/2023
ခရစ်စမတ် ပရိုမိုးရှင်းလေး လာပါပီ
🎉🎉20% off for Christmas Promotion🎉🎉
ကဲ ပင်ကိုယ် သွား ဝါတာပဲ ဖြစ်ဖြစ် coffee stain ကြောင့် ဝါတာပဲ ဖြစ်ဖြစ် သွားလေးတွေ ဝါလို့ စိတ်ညစ် နေလား
အရာရာ တိုးတက်နေတဲ့ခေတ်ကြီးမှာ လိုချင်တာ အကုန်ရ ဖြစ်ချင်တာ အကုန်ဖြစ်လို့ ရ နေပီမို့ ဖြူစင်တောက်ပ တဲ့ သွားလေးတွေ ပိုင်ဆိုင်ချင်တယ်ဆို #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း ကို ကြွလှမ်းခဲ့ပါနော်
ဒါ့အပြင်📌 ခရစ်စမတ် အထူးအစီအစဉ် အနေနဲ့ ပထမဆုံး booking ယူသူ 10 ဦးကို 20% လျှော့ ပေးမှါမို့
နောက်မကျရ လေ အောင် အခုပဲ booking ယူလိုက်တော့နော်📌
Appointment ယူရန် ဖုန်း-09798292927
ဆေးခန်းဖွင့်ချိန် ​နေ့စဉ် နံနက် 10 နာရီ မှ ည 8:30 နာရီ
(ဈေးဘူတာ မှတ်တိုင်)
Photos from Taw Win Htoo-Dental Clinic & Pharmacy's post 31/10/2023
ကျွန်တော်တို့ #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း ကိုသာ ကြွလှမ်းခဲ့ပါ ☑☑☑
📌-သွားဖာခြင်း
📌-သွားနှုတ်ကုသခြင်း
📌- သွားအသေစိုက်ခြင်း၊
စိုက်ခြင်း
သွားအရောင်တင်ခြင်း
📌- သွားစိန်ကပ်ခြင်း
အစရှိသော သွားနှင့်ခံတွင်းကုသမှုအမျိုးမျိုးကို သင့်တင့်သော ဈေးနှုန်းဖြင့် မိဘပြည်သူများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခဗျာ။
09798292927
(ဈေးဘူတာ မှတ်တိုင်)
21/10/2023
သီတင်းကျွတ် အမီ ဖြူကုန်ကြပီနော်😇
🎉🎉20% off for Thadingyut Promotion🎉🎉
ကဲ ပင်ကိုယ် သွား ဝါတာပဲ ဖြစ်ဖြစ် coffee stain ကြောင့် ဝါတာပဲ ဖြစ်ဖြစ် သွားလေးတွေ ဝါလို့ စိတ်ညစ် နေလား
အရာရာ တိုးတက်နေတဲ့ခေတ်ကြီးမှာ လိုချင်တာ အကုန်ရ ဖြစ်ချင်တာ အကုန်ဖြစ်လို့ ရ နေပီမို့ ဖြူစင်တောက်ပ တဲ့ သွားလေးတွေ ပိုင်ဆိုင်ချင်တယ်ဆို #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း ကို ကြွလှမ်းခဲ့ပါနော်
ဒါ့အပြင်📌 သီတင်းကျွတ် အထူးအစီအစဉ် အနေနဲ့ ပထမဆုံး booking ယူသူ 10 ဦးကို 20% လျှော့ ပေးပါမို့
နောက်မကျရ လေ အောင် အခုပဲ booking ယူလိုက်တော့နော်📌
Appointment ယူရန် ဖုန်း-09798292927
ဆေးခန်းဖွင့်ချိန် ​နေ့စဉ် နံနက် 10 နာရီ မှ ည 8:30 နာရီ
(ဈေးဘူတာ မှတ်တိုင်)
Photos from Taw Win Htoo-Dental Clinic & Pharmacy's post 20/10/2023
🎉🎉20% off for Thidingyut Promotion🎉🎉
ကဲ ပင်ကိုယ် သွား ဝါတာပဲ ဖြစ်ဖြစ် coffee stain ကြောင့် ဝါတာပဲ ဖြစ်ဖြစ် သွားလေးတွေ ဝါလို့ စိတ်ညစ် နေလား
အရာရာ တိုးတက်နေတဲ့ခေတ်ကြီးမှာ လိုချင်တာ အကုန်ရ ဖြစ်ချင်တာ အကုန်ဖြစ်လို့ ရ နေပီမို့ ဖြူစင်တောက်ပ တဲ့ သွားလေးတွေ ပိုင်ဆိုင်ချင်တယ်ဆို #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း ကို ကြွလှမ်းခဲ့ပါနော်
ဒါ့အပြင်📌 သီတင်းကျွတ် အထူးအစီအစဉ် အနေနဲ့ ပထမဆုံး booking ယူသူ 10 ဦးကို 20% လျှော့ ပေးပါမို့
နောက်မကျရ လေ အောင် အခုပဲ booking ယူလိုက်တော့နော်📌
Appointment ယူရန် ဖုန်း-09798292927
ဆေးခန်းဖွင့်ချိန် ​နေ့စဉ် နံနက် 10 နာရီ မှ ည 8:30 နာရီ
(ဈေးဘူတာ မှတ်တိုင်)
18/10/2023
အချိန် တစ်နာရီ ကျော်လောက် ပေးရုံနဲ့ ဖြူစင်တောက်ပ တဲ့ သွားလေးတွေ ပိုင်ဆိုင်နိုင်ပီနော်😱
ဘယ်လိုမျက်လှည့်ပြလိုက်လဲ သိချင်ရင် #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း ကို ကြွလှမ်းခဲ့ပါနော်😇
Appointment ယူရန် ဖုန်း -09798292927
ဆေးခန်းဖွင့်ချိန် -နံနက် 10 နာရီမှ ည 8:30 နာရီ
(ဈေးဘူတာ မှတ်တိုင်)
18/10/2023
သီတင်းကျွတ်🎊🎊 ချိန်ခါ မှာ ဖေဖေ ​မေမေ ဖိုးဖိုးဖွားဖွား​တွေကို ဘာနဲ့ ကန်တော့ရမလဲ စဉ်းစားရခက်နေပါသလား
🎊
သွားတွေအများကြီး ဆုံးရှူံးပီး စားရဝါးရခက်နေတဲ့ ​ဖေဖေ ​မေမေ ဖိုးဖိုးဖွားဖွား တို့ အာဟာရပြည့်ပြည့်ဝဝ ပြန်လည် စားသုံးနိုင်အောင် သွားစိုက်ပေးခြင်းဖြင့် ကုသိုလ်ယူကြရအောင်နော်
#တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်းမှာ သွားအခြေအနေ ပေါ် မူတည်ပီး သင့်တော်တဲ့ သွားစိုက်နည်းကို ကုန်ကျစရိတ် သက်သာစွာဖြင့် စိတ်ရှည်ကျွမ်းကျင်သော ဆရာဝန်များကိုယ်တိုင် ကုသမှုပေးနေပါတယ်
သွားစိုက်နည်းအမျိုးမျိုးထဲမှ သွားအရှင်စိုက်နည်း အံကပ်နဲ့ဆိုင်တဲ့ ဗဟုသုတ လေးကို မျှဝေ ပေးလိုက်ပါတယ်
အံကပ်ဆေးbrush နဲ့အံကပ်သန့်စင်ဆေးပြားလေးတွေလဲ #တော်ဝင်ထူးသွားနှင့်ခံတွင်းဆေးခန်း မှာ ဝယ်ယူရရှိနိုင်ပါတယ်
Appointment ယူရန် ဖုန်း -09798292927
ဆေးခန်းဖွင့်ချိန် -နံနက် 10 နာရီမှ ည 8:30 နာရီ
(ဈေးဘူတာ မှတ်တိုင်)
" အံကပ်စတပ်ရမယ့်သူတွေ ကြိုသိထားရမယ့် ဆောင်ရန်/ ရှောင်ရန်များ "
တချို့လူတွေမှာ ဘယ်လိုမှကို ရွေးချယ်လို့မရတော့ပဲ အံကပ်တပ်ရတော့မယ့်အဖြစ်ကို ကြုံကြရပါတယ် ။
အံကပ်ပဲလုပ်လို့ရတော့မယ်လို့ ဆွေးနွေးတဲ့အခါ လူတော်တော်များများက လက်မခံကြပဲ စိတ်ဓာတ်ကျသွားကြတယ် ။ (၅၀) ရာခိုင်နှုန်းလောက်က အံကပ်မလုပ်တော့ဘူး ဒီအတိုင်းပဲနေတော့မယ်ဆိုပြီး ဆုံးဖြတ်ကြတယ် ။ (၅၀) ရာခိုင်နှုန်းက အံကပ်လုပ်ဖြစ်ကြပေမယ့် (၃၀) ရာခိုင်နှုန်းခန့်က အံကပ်နဲ့ အဆင်မပြေကြပါဘူး ။ ဘယ်လို အကြောင်းအရာတွေကြောင့် အခုလိုအဆင်မပြေဖြစ်တာလို့ထင်သလဲဗျ ။
ပထမဦးဆုံးပြောချင်တာက အံကပ်တပ်တဲ့အခါ/ အံကပ်ပြုလုပ်တဲ့အခါ ဆရာဝန်၊ လူနာ နှစ်ဦးနှစ်ဖက် သေသေချာချာပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သွားကောင်းကောင်းရှိသူတွေလိုပဲ စားလို့ရမယ်၊ သုံးလို့ရမယ်ဆိုတာ ကျွန်တော်က အာမခံချင်ပါတယ် ။
✅ အံကပ်ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ တခြားသော သွားတုအမျိုးအစားတွေထက် ပြုလုပ်ရတာ လွယ်ကူတာပါ။ များသောအားဖြင့် လူနာရဲ့ပါးစပ်ကို ဘာမှပြုပြင်ပြောင်းလဲဖို့ မလိုအပ်ပဲ အံပုံစံတန်းယူရုံပါပဲ ။
( တချို့အခြေအနေမှာ အံကပ်လုပ်ရန် မကောင်းတဲ့သွားအငုတ်တွေကိုဖယ်ရတာမျိုးတွေရှိနိုင်ပါတယ် ။ သွားအံပုံ ပုံစံယူတဲ့အခါလည်း လူနာအခြေအနေပေါ်မူတည်ပြီး တစ်ခါတည်းတဲ့မပြီးပဲ ပုံစံကို ၂ ခါထက်မနည်း ပုံစံပေးရတာလည်းရှိနိုင်ပါတယ်ခင်ဗျာ။)
✅ အံကပ်ကို လူတွေကြိုက်မယ်လို့ ကျွန်တော်ထင်တဲ့အချက်ကတော့ တခြားသော သွားစိုက်နည်းတွေအားလုံးထက် စျေးချိုတာပါပဲ ။
✅ အံကပ်ကို မကြိုက်ကြဆုံးဖြစ်မယ့်အချက်က အသေသွားစိုက်နည်းမဟုတ်လို့ ညဘက်ချွတ်အိပ်ရတယ်ဆိုတဲ့အချက်ပါ ။
✅ မိမိအတွက် သင့်တော်လို့/ လိုအပ်လို့ အံကပ်လုပ်တော့မယ်ဆိုရင် ပထမဆုံးအဆင့်အနေနဲ့ ကာယကံရှင်ဟာ အံကပ်လုပ်ချင်စိတ်အပြည့်အဝနဲ့ ဆေးခန်းကိုလာရမယ် ။ သားသမီးက စိုက်ပေးမှာမို့ ၊ မိတ်ဆွေက စိုက်ခိုင်းလို့ ၊ အိမ်ကလူကြီးက စိုက်ခိုင်းလို့ စတဲ့အကြောင်းပြချက်တွေနဲ့ မဖြစ်ရပါဘူး ။ အံကပ်တပ်မယ့်သူကိုယ်တိုင်က အံကပ်တပ်ချင်စိတ် အပြည့်အဝရှိရင် ကုသမှုအောင်မြင်ဖို့က တစ်ဝက်သေချာနေပါပြီ ။
✅ ဒုတိယအဆင့်ကတော့ အံကပ်ကို စတပ်တဲ့အခါ အဲ့ဒီနေ့ဟာ တကယ့်ကို အံကပ်တပ်မယ့်သူတွေအတွက် စိန်ခေါ်မှုကြီးတစ်ခုလို့ပြောလို့ရတယ် ထင်ပါရဲ့ ။ ကျွန်တော်တို့ပါးစပ်ထဲမှာ အစာပေါက်စလေးတွေ ကျန်နေရင် ၊ ညှပ်နေရင်တောင် နေရခက်တာမျိုးဆိုတော့ အံကပ်တစ်ခုဝင်လာတဲ့အခါ တော်တော်နေရခက်မှာ သေချာပါတယ် ။
ပါးတွေ၊ လျှာတွေကလည်း အံကပ်ကို တွန်းထုတ်ဖြစ်ဖို့ အဆင်သင့်ပါပဲတဲ့ ။ ဘယ်လောက်သေးတဲ့ အံကပ်ဖြစ်ဖြစ် အစာအကြွင်းအကျန်တွေထက်တော့ ကြီးနေမှာ အသေအချာပဲလေ ။ ကျွန်တော့်လူနာတွေကို ကျွန်တော်ပြောပြလေ့ရှိတဲ့ ဥပမာတစ်ခုကတော့ အံကပ်တပ်တာဟာ လက်ဝတ်ရတနာအသစ်တွေ စဝတ်တာနဲ့တူပါတယ် လို့ပေါ့ ။ လက်စွပ်ကလည်း လက်စွပ်မို့၊ ဆွဲကြိုးကလည်း ဆွဲကြိုးမို့ လှချင်လို့သာဆွဲထားရသကွယ်.. အနည်ဆုံး နှစ်ရက်သုံးရက်ခန့်တော့ နေရခက်ကြရတာ မဟုတ်လား ။ သူတို့တွေ ကိုယ့်ရဲ့ ကိုယ်ပေါ်မှာ ရှိနေတာကို သိနေကြရတယ် ။
နောက်များ ဝတ်တာကြာသွားတော့ ရှိလို့ရှိမှန်းမသိတော့ပဲ ရှိမရှိသိချင်ရင် လက်လေးနဲ့ စမ်းနေကြရတော့တာ ။ အံကပ်ကလည်း အဲ့ဒီသဘောတရားပါပဲ ။ ဒါပေမယ့် လက်ဝတ်ရတနာတွေကျ အလှသက်သက်ဖြစ်ပြီး အံကပ်ကျတော့ စားခြင်း၊ ဝါးခြင်း ၊ စကားပြောခြင်း ဆိုတဲ့ အသုံးပြုမှုလေးတွေပါလာတယ် ။
✅ အံကပ် စတပ်တဲ့ နေ့တွေမှာ အံကပ်က အသုံးပြုလို့ကောင်းရဲ့လားဆိုတာ စမ်းသပ်အသုံးပြုကြည့်ရမှာပါ ။ အသုံးပြုကြည့်တယ်ဆိုတဲ့နေရာမှာ ကြံစုပ်ကြည့်လို့တော့ ဘယ်ဖြစ်ပါ့မလဲ ။ အစာပျော့လေးတွေကနေ စစားကျင့်ရမယ် ။
(၁) စားလိုက်ဝါးလိုက်တဲ့အခါ နာတဲ့နေရာတွေများ ရှိသလား?
(၂) ပါးစောင်တွေကိုရော အံကပ်အခြေတွေက ထောက်ပြီး နာနေသလား?
(၃) အစာတွေ မြိုချလို့ ရရဲ့လား?
(၄) အံကပ်က ဝါးတဲ့အခါ ငြိမ်ရဲ့လား?
(၅) အံကပ်က ပါးစပ်မှာ တကယ်ကပ်ရဲ့လား ပြုတ်ကျသလား?
(၆) အံကပ်တပ်ပြီး စကားတွေပြောကြည့်တော့ ပီသလား? စတဲ့အချက်တွေ မိမိမှာ ခံစားနေရတဲ့ အတွေ့အကြုံတွေကို ဆေးခန်းမှာ ပြန်လာပြောပြရမှာဖြစ်ပါတယ် ။
သွားဘက်ဆိုင်ရာဆရာဝန်တွေက အံကပ်တပ်တဲ့အခါ ရော့အင့်ဆိုပြီး ပြန်မလွတ်လိုက်ကြပါဘူး ။ သူတို့စိတ်တိုင်းကျမှ ပြန်လွတ်တာဖြစ်ပြီး အဆင်မပြေတာများရှိရင် အချိန်အခါမရွေးပြန်လာပါဆိုပြီး အထပ်ထပ်အခါခါကို မှာကြပါတယ် ။
ပထမအဆင့်မှာလည်း လုပ်ချင်စိတ်အပြည့်အဝနဲ့ပဲ ။
ဒုတိယအဆင့်နေနဲ့လည်း ဆရာဝန်က အံကပ်တပ်ပေးလိုက်ပြီး မှာကြားစရာရှိသည်များကို မှာကြားပါတယ် ။ လူနာတွေအနေနဲ့ ဆရာဝန်မှာတဲ့အတိုင်း တိတိကျကျလိုက်နာရပါမယ် ။ အိမ်က မာမီသည် ဆရာဝန်မဟုတ်သလို ဘေးအိမ်က မတင်မြဟာလည်း ဆရာဝန်မဟုတ်ပါ ။
တတိယအဆင့်ကျတော့ လူနာတွေအနေနဲ့ ဆရာဝန်ကို၊ ဆေးခန်းကို အားနာခြင်းအလျဉ်းမရှိပဲ မိမိရဲ့ အံကပ်အဆင်မပြေမခြင်းလာပြရမှာဖြစ်ပါတယ် ။ များသောအားဖြင့် တစ်ခါနှစ်ခါလောက်ပြန်လာရင်ကို အဆင်ပြေကြတာများပါတယ် ။
ဒါကြောင့် ဒီအဆင့်မှာ စိတ်ဓာတ်ကျမသွားဖို့ အရမ်းအရမ်းကို အရေးကြီးတာပါ ။
ဆရာဝန်တွေက အံကပ်အဆင်မပြေတတ်တာကို နားလည်ပြီးသားမို့ လူနာတွေအနေနဲ့ အထပ်ထပ်အခါခါပြရမှာကို အားနာဖို့မလိုအပ်ကြောင်းလည်း ထပ်ပြောပါရစေ ။
ဒီအဆင့်သုံးခုလုံးကို ဖြတ်သန်းပြီးသွားရင် အံကပ်တပ်တာဟာ အောင်မြင်သွားပြီဖြစ်ပါတယ် ။
ဒါဆိုရင်တော့ မိမိစားချင်တဲ့ အစားအစာတွေကို သွားရှိတဲ့လူတွေအတိုင်းစားလို့ရပြီပေါ့ ။
အနှစ်ချုပ်အနေနဲ့ အံကပ်စိုက်မယ်ဆိုရင် " ကြိုးစားရမယ်၊ လေ့ကျင့်ရမယ်၊ အချိန်ပေးရမယ် " လို့ မှတ်ထားရပါမယ် ။
ဒါဆိုရင် အံကပ်မစိုက်ချင်ပါဘူးဆိုပြီး ထပြန်မယ့် လူနာတွေအတွက် ဘာလုပ်ပေးလဲဆိုရင် ကျွန်တော်ကတော့ သွားကျန်းမာရေးပညာပေးတာ လုပ်ပေးပါတယ် ။
ခေါင်းစဉ်က " သွားပြန်မစိုက်ခြင်းရဲ့ ဆိုးကျိုးများ " ဆိုပြီးတော့ပေါ့ ။ လူနာတွေက သူတို့ကို ခြိမ်းခြောက်တယ်လို့ပဲထင်ထင် "သွားစိုက်မှ ဆရာက ပိုက်ဆံရမှာ ဒါကြောင့် ငါ့တို့ကို ရှင်းပြနေတယ်" လို့ပဲ ထင်ထင် ကိုယ်ယုံကြည်တဲ့အရာ မှန်ကန်တဲ့အရာကို ရှင်းပြမှာမို့ ကျွန်တော်အနေနဲ့ ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး ။
ဒီလောက်ဆိုရင် အံကပ်တပ်ရမယ်ဆိုတဲ့ လူတွေက စိတ်ကို ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာ လုံလောက်မယ်ထင်ပါတယ် ။
အံကပ်ကို ရေရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာတွေ၊ ဘာတွေလိုက်နာရမလဲဆိုတာတွေကိုတော့ နောက်အပတ်မှာ ဆက်လက်ဖော်ပြပါ့မယ်ခင်ဗျာ ။
ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။
ဒေါက်တာမျိုးမြင့်အောင်
Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
မြို့ဟောင်း (၄) လမ်း
Yangon
Opening Hours
Monday 09:00 - 20:30
Tuesday 09:00 - 20:30
Wednesday 09:00 - 20:30
Thursday 09:00 - 20:30
Friday 09:00 - 20:30
Saturday 09:00 - 20:30
Sunday 09:00 - 20:30
Other Dentists in Yangon (show all)
Thu Khi Tar One Stop Dental Center Thu Khi Tar One Stop Dental Center
အမှတ်(၃၅)၊ မြေညီထပ်၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မဒါနလမ်းထောင့်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
Yangon, 11211
သင့်သွားကျန်းမာ💎”သုခိတာ”💎
Thazin Dental Clinic Thazin Dental Clinic
No. 621, KhayMarThi Road
Yangon
Medical & Health
Premium 4 myanmar dental Premium 4 myanmar dental
Yangon, 11111
KaungSu Dental Lab KaungSu Dental Lab
Yangon Northdagon
Yangon
Urban Dental Care Urban Dental Care
No. 29 B, Kyauk Yae Twin Street ( Side Of Ma Hlwa Gone St ) Kyauk Myaung Qtr, Tamwe Tshp
Yangon, 11211
Be Confident for Your Smile !! Enjoy Quality Care with Reasonable Price .
24hour dental clinic dentist doctor dr. latha Yangon Myanmar 24hour dental clinic dentist doctor dr. latha Yangon Myanmar
Super Star သွား ခံတွင်းအထူး, အမှတ်90. 19လမ်းအလယ် လသာရန်ကုန် ၂၄နာရီ, 09261192119. 09456707788. , Dental Clinic Dentist Drive Latha Yangn 24hour
Yangon
Super Star သွား ခံတွင်းအထူး အမှတ်90. 19လမ်းအလယ် လသာရန်ကုန် ၂၄နာရီ 09261192119. 09456707788. Dental
Htoo Family Dental Clinic Htoo Family Dental Clinic
အမှတ်(၂၆၄)၊စျ/(၃၃)၊(၁၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ‌ရွှေပြည်သာမြို့နယ်
Yangon, 11411
သင့်ရဲ့လှပတဲ့အပြုံးတွေကို(ထူးမိသားစုအထူးကု သွားဆေးခန်း)နှင့်အတူ ထိန်းသိမ်းပါ။
Wintergreen Dental Care Myanmar Wintergreen Dental Care Myanmar
No. 7, Shwe Gon Daing Road, Bahan Township
Yangon, 11201
Wintergreen Dental Care
Tooth Care Tooth Care
No. 68, Room(001), Lay Daung Kan Main Road, (Beside Junction Zawana), Thingangyun T/S
Yangon
Sanpya သွားနှင့်ခံတွင်းဆေးခန်း Sanpya သွားနှင့်ခံတွင်းဆေးခန်း
No. 383 B1, Ngamoeyiek 6th Street, Ngamoeyiek Quarter, Thingankyun Township, Near Sanpya Market
Yangon
သွားနှင့်ခံတွင်းရောဂါများနှင့် သွားအလှအပဆိုင်ရာများ ဆွေးနွေးတိုင်ပင်နိုင်ပါသည်
ROYAL DENT STAR Aesthetic Dental , Implant & Orthodontic Clinic ROYAL DENT STAR Aesthetic Dental , Implant & Orthodontic Clinic
Building No 154, 1st Floor, Bogyoke Aung San Main Road , In Front Of 46st, Pazuntaung Township
Yangon
ဈေးနှုန်းသင့်တင့်မျှတစွာ သွားစိုက် ၊သွားညှိ ကုသနိုင်ပါသည်။(ပိတ်ရက်မရှိပါ)
NOBLE Dental Clinic - သွားနှင့်ခံတွင်းအထူးကုဆေးခန်း NOBLE Dental Clinic - သွားနှင့်ခံတွင်းအထူးကုဆေးခန်း
No (103) Parami Road , Hlaing Township
Yangon, 11051
Skillful & Best Dental Clinic in Myanmar