BODY KING - Gym & Fitness

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BODY KING - Gym & Fitness, Gym/Physical Fitness Center, အမှတ် ၁၁၇၂၊ မြေညီထပ်၊ သမာဓိလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။, Yangon.

26/08/2023

MR & MS Glorious International 2023 ပွဲအတွက် ကျွန်တော်တို့ 👑 BODY KING - Gym & Fitness မှ ပါဝင်ကူညီပေးထားပါတယ် 💪💪😊

⚜ Are You Ready For Grand Final ⚜

26.8.2023 မနက်ဖြန်မှာဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရင်ခုန်ရမယ့်အချိန်ကိုရောက်ရှိလာပါပြီ။
MR & Miss Glorious International 2023 ရဲ့ Grand Final ပွဲ ကြီး ဟာဆို ရင် Sky Star Hotel ကြီးတွင်ကြီးကျယ် ခမ်းနားစွာကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲကျင်းပနေသည့်ပုံရိပ်များကို Glorious International Model Agency Page တွင် နေ့လည် ၃း၃၀ အချိန်ခန့်တွင်တိုက်ရိုတ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Photos from BODY KING - Gym & Fitness's post 24/08/2023

Gym မကစားဘူးပဲ စာတတ်နေတာပြဿနာ
♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️
Gym ကစားမယ်ဆိုရင် အတော်တန်သင့် ဗဟုသုတရှိဖို့
လိုတဲ့ အကြာင်း ခဏခဏ ရေးခဲ့ ပြောခဲ့ပါတယ်
ဘုမသိဘမသိနဲ့ Gym ထဲ မှာကစားရတာနဲ့စာရင်
ဗဟုသုတရှိတော့ ကစားရတာ ယုံကြည်မှု့ ပိုရှိတာပေါ့

အဲ...
ဒါပေမဲ့ ဗဟုသုတရှိလာတော့လည်း Gymထဲမှာ နည်းပြတွေ
အတွက် ပြဿနာဖြစ်ရပြန်တယ်...

အမျိုးသမီးတွေထက် အမျိုးသားတွေက ပြောရဆိုရ
ထိန်းသိမ်းရခက်တယ်
အမျိုးသမီးတွေကို ဒီလေ့ကျင့်ခန်းက မကစားရသေးဘူးနော်
မဆိုင်ဘူးနော် ရည်ရွယ်ချက်နဲ့ တခြားစီ လိုအပ်ရင် နောက်မှ
ကစားရမယ်လို့ ပြောထားရင် သဘောပေါက်တယ်...

ပြောရဆိုရ ခက်နေတာက အမျိုးသားတွေ
Airpods နားမှာတပ်ထားပြီး ကိုယ်ပြောတာကြားသလိုလို
မကြားသလိုလို ဆရာကြီးစတိုင်ဖမ်းပြီး နည်းပြတွေကို
ဂရုမစိုက်ပုံစံဖြစ်နေတယ်....😏😏😏

Gym ထဲမှာ ကစားကြပြီဆိုရင် ကစားသူတွေမှာ
အဆင့်တွေ level တွေရှိတယ် ဒါတွေကို သဘောပေါက်
ထားဖို့လိုတယ်
စာတတ်တိုင်း အသုံးမဝင်ဘူး

ပြိုင်ပွဲဝင်အဆင့် ကစားသူတွေတောင် မကစားတာ
လနဲ့ ချီပြီကြာသွားရင် ပြန်ကစားတဲ့ အခါ ကစားတဲ့
လေ့ကျင့်ခန်းတွေ ၊ ကစားအားတွေကို တဆင့်ခြင်း
တဖြေးဖြေးပြန်မြှင့်တင် ကစားသွားရတာဖြစ်တယ်
စိတ်ထင်တိုင်း ကစားလို့ရတာ မဟုတ်ဘူး

စာတတ်လွန်၊ဗဟုသုတရှိလွန်းနေတော့ လိုင်းပေါ်က
တွေ့ရာမြင်ရာ ကစားနည်းတွေရယ် YouTube က
ကစားတွေရယ် Gym ထဲက နည်းပြ ပြပေးတဲ့
ကစားနည်းတွေကို ရောသမ မွှေနေတာ
အကြောင်းမသိရင် မောင်အိုလံပီယာပွဲတက်မဲ့ပုံမျိုး
😳😳😳

နည်းပြလစ်ရင် ကိုယ်ကစားချင်တာတွေ
ခိုး ခိုးပြီး ကစားတယ်
နည်းပြက ဒီနေ့ကစားနည်းက ဒီလောက်ပဲနော်ဆိုတာတောင်
ဈေးက ထပ်ဆစ်လိုက်သေးတယ်
ဒီကစားနည်းလေး ထပ်ကစားကြည့်ချင်တယ်တို့
ဒီကစားနည်းလေးကို နောက်နေ့ ကစားမယ်နော် ဆရာတို့
😵‍💫😵‍💫😵‍💫
ကြာတော့ နည်းပြစိတ်ညစ်လာတယ်
အေး ဟုတ်ပြီ မင်း ကစားချင်တာ ကစားတော့လို့
ဖြစ်သွားရော...🥹🥹🥹
အဲ့တော့ ဘယ်သူနစ်နာလည်းသိလား
အဲ့ Gym ထဲမှာ ရောသမမွှေပြီး လျှောက်ပတ်ကစားနေတော့
လူက တောမရောက် တောင်မရာက်နဲ့ ဘာမှလည်းမဖြစ်လာဘူး

နည်းပြကို ဂရုမစိုက်တော့ နည်းပြကလည်း ကစားချင်တာ
ကစားပြီး ပြောမရ၊ဆိုမရ၊သင်မရသူကို ဂရုမစိုက်တော့ဘူး
🥴🥴🥴
အဲ့အခါကြမှ အသံထွက်လာတယ်
နည်းပြက ဂရုလည်းမစိုက်ဘူး
အမျိုးသမီးတွေပဲ ကပ်နေတာ ဘလာဘလာပေါ့
🙄🙄🙄
အဲ့ဓိလို လူမျိုးတွေ အမြို့မြို့အနယ်နယ်က Gym တိုင်းမှာ
တယောက်၊နှစ်ယောက်ကတော့ အမြဲတမ်းရှိတယ်...
😒😒😒

💠💠💠💠💠💠💠💠💠💠
ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
Copy ယူလျှင် ရေးသူနာမည်ပါ ထည့်
ရေးထားပါသည် ။
နာမည်ကို ဖြုတ်ချန်မထားခဲ့ပါနဲ့

📝📝📝📝📝📝📝📝📝📝📝📝

16/08/2023

Gym ကစားလိုသူများအတွက် ဖတ်စာ - ၁
Gym ကစားသူများ သိရှိလိုက်နာရမည့် စည်းမျည်း (၁၀)ချက်
🏋️🏋️🏋️🏋️🏋️🏋️🏋️🏋️🏋️🏋️🏋️

1️⃣ ဆရာကြီးအထာနဲ့ Gym ကစားဖို့ စိတ်မကူးပါနဲ့

Gym ကစားသည့်အခါ အလွှာပေါင်းစုံမှလူများလာရောက်
ကစားသည့်နေရာဖြစ်ပါသည်။ မိမိကျင်လည်ရာ အသိုင်းအဝိုင်းမှ လူများမဟုတ်သဖြင့် အပြောအဆိုအနေအထိုင် ဝတ်စားတာကအစ မိမိနှင့် သဘောထားခြင်းတိုက်ဆိုင်ဖို့ မလွယ်ပါ။
မိမိစတိုင်နှင့် မည်သူမှ အရောမဝင်ပဲ ကစားသည်ကို မဆိုလိုပါ။

2️⃣ နည်းပြများနှင့် ဖေါ်ရွေစွာ ပေါင်းသင်းဆက်ဆံပါ

မိမိမသိတာ၊ နားမလည်တာ၊ မကစားတတ်တာတွေကို
နည်းပြထံမေးဖို့လိုပါသည်။
နည်းပြဆိုသည်မှာ ကြောက်စရာ သတ္တဝါမဟုတ်ပါ။
ဆရာကြီးအထာနှင့် မမေးမစမ်း၊ အရောမဝင်လိုတဲ့
အထာနှင့်ကစားမည်ဆိုလျှင် ဘယ်နည်းပြမှ အနားကို
ကပ်မည်မဟုတ်ပါ။

3️⃣ နည်းပြများကို လိုတာထက် ပိုပြီး အရောမဝင်ပါနှင့်

နည်းပြများကို လိုတာထက် ပိုပြီးအရောဝင်လျှင် အခြား Gym ကစားသူများပါ အနှောက်အယှက်ဖြစ်စေပြီး၊နည်းပြနှင့်တကွ အခြားသူများကပါ လျော့တွက်နိုင်ပါသည်။
(လူမှု့ရေးကိစ္စများပါ ရှုပ်ထွေးလာနိုင်သည်)

4️⃣ Gym ထဲက ကစားစရာ ပစ္စည်းများကို မိမိပစ္စည်းကဲ့သို့
ရိုရိုသေသေ ကိုင်တွယ်ကစားပါ

စက်များကို အရှိန်နှင့်ဆောင့်ချခြင်း၊ လွှတ်ချခြင်း၊ အလေးတုံး၊ အ‌လေးပြားများအား ကြမ်းပြင်ပေါ်ကို ပြစ်ချခြင်းများ
ရှောင်ကြဥ်ပါ။

စက်အပိုပစ္စည်းများသည် လွယ်လွယ်ကူကူဝယ်၍မရပါ။
မိန်းမနဲ့ စိတ်ဆိုးတိုင်း၊ ချစ်သူပစ်တိုင်း၊ တယောက်ယောက်ကို
အမြင်မကြည်တိုင်း Gym ထဲက ပစ္စည်းများသည် တရားခံမဟုတ်ပါ။

5️⃣ မေးပါ

နေရာတကျထားတဲ့နေရာမှာမဟုတ်ပဲ အလေးတုံး၊ အလေးပြား
ဘားချောင်းများကို မိမိယူကစားလိုလျှင် "ဒီပစ္စည်းကစားသူရှိ
သလား" ဟု အရင်မေးပါ။

ကစားသူရှိနေလျှင် အခြားကစားနည်းကို ကျော်ကစားပါ။
သူများကစားနေသည့် အလေးတုံး၊ အလေးပြား၊ စက်များကို
မပြောမဆို မမေးမမြန်း ယူကစားခြင်း၊ အခြားနေရာများသို့
ယူသွားခြင်းများ ရှောင်ပါ မိမိကလည်း စက်များ၊ဘာချောင်းများ၊
အလေးတုံးအလေးပြားများကို အချိန်ကြာမြင့်စွာယူထားခြင်း
ခုံများ၊စက်များပေါ်တွင် ဖုန်း သုံးခြင်းမှ ရှောင်ပါ။

Gym ထဲမှာ မိမိအပြင် အခြားကစားသူများရှိနေသည်ဆိုတာကို
အမြဲသတိထားပါ။ ကစားပြီးလျှင် မိမိကစားသည့် ပစ္စည်းများကို
နေရာတကျ ပြန်လည်သိမ်းဆည်းခဲ့ပါ ။

6️⃣ သေချာမှတ်သားပါ

ကစားနည်းများကို သေချာမှတ်သားပါ။ နည်းပြသည် မိမိ ကစားသည့်တချိန်လုံး မိမိအနားမရှိနိုင်ပါ။

ထိရောက်သည့်ကြွက်သား၊ ပုံစံမှန်သည့်ကစားနည်းများကို
နည်းပြက ပြသပေးနေစဉ်မှာ သေချာမေးပြီးမှတ်သားထားပါ။
နည်းပြဆရာချည်း အားကိုးသည့်စိတ်ကိုဖျောက်ပါ။
Personal Trainer (PT) ငှားထားလည်း ထိုစိတ်ကို ဖျောက်ပါ။
နည်းပြဆရာသည် အမြဲကျန်းမာနေသည့် စက်ရုပ်မဟုတ်ပါ။
ကစားသက် 2-3 လ ကြာသည်အထိ နည်းပြရှိမှ ကစားတတ်
သည်ဆိုလျှင် ရှက်ဖွယ်ကောင်းသည်။

7️⃣ လေးစားစွာဆက်ဆံပါ

ကျွမ်းကျင်သော နည်းပြများသည် လူခန္ဓာကိုယ်ကို ပန်းပုထုသည့်
ပညာရှင်များဖြစ်ပါသည်။ မိမိအလုပ်သမားမဟုတ်ပါ။
ထို့ကြောင့် လေးစားစွာဆက်ဆံပါ။

8️⃣ တကိုယ်ရေ သန့်ရှင်းမှု့အလေးထားပါ

လူများသည် တယောက်နှင့်တယောက် ကိုယ်နံ့ခြင်း၊ ချွေးနံ့ခြင်း
မတူကြပါ မိမိကိုယ်နံ့၊ ချွေးနံ့ပြင်းလျှင် ‌တကိုယ်‌ရေ သန့်ရှင်းမှု့ကိုအလေးထားပါ။ မိမိကိုယ်နံ့ထွက်မှာစိုးရိမ်ပြီး အခြားအနံ့ပြင်းသော ရေမွှေးများ၊ deodorant များ အလွန်အကျွံ သုံးခြင်း၊ အခန်းတွင်း တွင် air freshener များ အလွန် ဖြန်းခြင်းများ ရှောင်ပါ ။

ချွေးနံ့များ၊ အနံ့ပြင်း‌သော အမွှေးနံ့များ မခံသူများရှိပါသည်။
ချွေးနံ့နှင် အမွှေးနံ့များပေါင်းစပ်သွားသည့်အခါ ပိုဆိုးဝါးသည့်
အနံ့များ ဖြစ်စေသည်။

9️⃣ အချိန်လေးစားပါ

စတင် ကစားပြီဆိုတည်းက Gym ဖွင့်ချိန်၊ ပိတ်ချိန်၊ ပိတ်ရက်
သေချာမေးမြန်ပြီး မှတ်သားထားပါ။ ဖွင့်ချိန်မတိုင်မီ ကြိုတင်ရောက်လာခြင်း၊ ပိတ်ချိန်ကျော်သည် အထိ ကစားနေခြင်း၊
ပိတ်ရက်မှာ ရောက်လာခြင်းစသည်တို့သည် တခါတလေဆိုသည်က ပြဿနာမဟုတ်‌သော်လဲ တချို့ အလိုက်မသိ အခွင့်ကောင်းယူသူတွေရှိသည်။

🔟 Gym ကစားသည့် လစဉ်ကြေး ပုံမှန်သွင်းပါ

Gym အများစုသည် ဝါသနာအရသော်၎င်း
စီးပွားရေးအရသော်၎င်း ဖွင့်ထားကြသည်ဖြစ်သည့်အလျောက်
အခန်းပိုင်၊မြေပိုင်နှင့်ဖွင့်ကြသည်က ရှားပါးပါသည်
မြေငှား၊အခန်းငှား များဖြင့်သာ ဖွင့်သည်က ပိုများပါသည်
ကစားသူများပေးသွင်းသော လစဉ်ကြေးသည်
Gym ရပ်တည်မှု့အတွက် အဓိကက ကျသော အသက်သွေး
ကြောဖြစ်သည် ထို့ကြောင့် လစဉ်ကြေးကို လစဉ်တိုင်း
ပုံမှန်ပေးသွင်းပါ ။

Crd:: Sayar Htoo Aung

13/07/2023

ကာလတာရှည် ရင်းနှီးမြှပ်နှံမှု့
🌞🌞🌞🌞🌞🌞🌞🌞🌞

Bodybuilding & Fitness နယ်ပယ်ဟာ တပွဲတိုး ဥုံဖွဆိုပြီး
မန်းမှုတ်လိုက်ပြီး မျက်လှည့်ပြသလို ပြောင်းလဲဖို့
လုပ်လို့ရတဲ့ နယ်ပယ်မဟုတ်ပါ ...

1️⃣ ကြွက်သားတွေတည်ဆောက်ရေး (ကြီးထွားဖို့)
2️⃣ ကြံ့ခိုင်သန်းစွမ်းဖို့ လေ့ကျင့်ရေး(အဆီကျ၊ ဝိတ်ချ၊ ပိန်ဖို့)
3️⃣ ကျန်းမာရေးအတွက် လေ့ကျင့်ရေး (တသက်လုံး မငြီးမငွေ့
လေ့ကျင့်ရေး)....စတဲ့
လေ့ကျင့်ရေးရေးနယ်ပယ်မှာ မိမိတို့ နေ့စဉ်
ထမင်းစားသလိုမျိုး နှစ်ရှည်လများ စွဲစွဲမြဲမြဲ
လေ့ကျင့်ရတဲ့ နယ်ပယ် ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေဟာ
အားကစားလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
ဘဝတသက်တာ ကျန်မာရေးအတွက် အရင်းအနှီးလို့
သတ်မှတ်ပြီး မခံယူထားပါဘူး။

ဘာမှမဖြစ်ခင် "ငါ ကျန်းမာနေတာပဲ၊ အားကစားဆိုတာကို
ငွေကုန် အချိန်ကုန် လုပ်စရာမလိုဘူး" လို့ ခံယူထားကြပါတယ်...

အားကစားလုပ်တာကို အားပေးခြင်း၊ ပြုစုပျိုးထောင်ခြင်း စတဲ့ အလေ့အထလည်း မရှိကြပါဘူး...

အစားအစုံစားတဲ့ ခန္ဓာကိုယ်ကြီးဟာ
တနေ့တခြား အသက်ကြီးလာတာနဲ့အမျှ
ပျက်စီး ယိုယွင်းပြီး ရောဂါ ပေါင်းစုံဖြစ်ဖို့
တာစူနေတာကို သတိမပြုကြပါဘူး ...
ဂရုလည်းမစိုက်ကြပါဘူး....

ဖြစ်ပြီဆိုမှ မေးမရ၊ ခေါ်မရနဲ့ ဘာတခွန်းမှ ပြောချိန်မရပဲ ရုတ်တရက် လစ်သွားကြတာ များပါတယ်..

မိမိတို့ရဲ့ တနေ့တာ အချိန်ထဲကနေ တနေ့ တနာရီလောက်ကို
ကျန်းမာရေးအတွက် အသုံးပြုကြပါ...

မပျင်းပါနဲ့၊ မတွေဝေပါနဲ့။

အစပိုင်းမှာတော့ ဘယ်အလုပ်မဆို အခက်အခဲတွေ ရှိစမြဲပါ။

အလေ့အကျင့်ကောင်းကို မွေးမြူပါ။

အကျင့်ရသွားရင်
အားကစားလုပ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ -

📍 ကြွက်သားတွေကျစ်လစ်ပြီး အချိုးအစားကျလာခြင်း
📍 သွက်လက်ပေါ့ပါးခြင်း
📍 သက်လုံကောင်းလာခြင်း
📍 ခံနိုင်ရည်ရှိခြင်း
📍 အစားအသောက်များ ရွေးချယ်စားသောက်တတ်ခြင်း
📍 စားဝင်၊ အိပ်ပျာ်လာခြင်း စတဲ့....
အကျိုးကျေးဇူးတွေကို မလွဲမသွေ ခံစားရမှာ ဖြစ်ပါတယ်။

လောက ဓမ္မတာအရ တခုခုလိုချင်လျှင် တခုခုပြန်ပေးရတာ
ထုံးစံဖြစ်တဲ့အတွက်၊ ကျန်းမာသက်ရှည်ဖို့ အရင်းအနှီးဟာ
ငွေကြေး၊ အချိန်၊ လုပ်အား စတဲ့ အရာတွေကို
ထိုက်သင့်သလောက်ရင်းနှီးပြီး အချိန်ကာလတခု
ပေးရရုံတင်မဟုတ်ပဲ မိမိရဲ့ Long Life Goal အဖြစ်
သတ်မှတ်ပြီး မtayမခြင်း လုပ်နေရမှာ ဖြစ်ပါတယ်။

ကဲ...🌞🌞🌞
တွေဝေနေတုန်းလား❓❓❓
ဒီစာဖတ်ပြီးသွားရင် အခုပဲ စလိုက်ပါ....💪💪💪💪💪

🔵 အခုရေတွင်းတူး၊ အခု ရေကြည် သောက်၍ မရ
🟠 အနာမခံရင်၊ အသာမစံရ
🟢 စံပယ်တွေလွယ်လွယ်နဲ့ ပွင့်ရိုးထုံးစံမရှိ

💠💠💠💠💠💠💠💠💠💠

ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
Copy ယူလျှင် ရေးသူနာမည်ပါ ထည့်
ရေးထားပါသည် ။
နာမည်ကို ဖြုတ်ချန်မထားခဲ့ပါနှင့်

➰➰➰➰➰➰➰➰➰➰➰

Photos from BODY KING - Gym & Fitness's post 01/07/2023

မပြောဘဲသိရမဲ့Gym ထဲကယဉ်ကျေးမှုများ

နေရာတိုင်းမှာယဉ်ကျေးမှု၊ စည်းကမ်းတွေရှိ
သလို၊ Gym ခန်းထဲမှာလည်း ယဉ်ကျေးမှု
စည်းကမ်းတွေရှိပါတယ်။
🎯 အလေးတွေကိုအသုံးပြုပီးတာနဲ့သူ့နေရာ
သူပြန်ထားပါ။ အလေးပြားတွေကိုအစဉ်လိုက်
ပြန်ထားဖို့လိုသလို၊ ဒမ်ဘယ်တွေကိုလည်းသူ့
နေရာသူပြန်ထားပါ။ 20 kg ဒမ်ဘယ်ကို 30 kg
ဒမ်ဘယ်နေရာမှာမထားမိပါစေနဲ့။
🎯 ရှေ့နောက်ကြည့်ပါ။ သူများဆော့နေတဲ့
အရှေ့ကနေ ဂဏာန်းလို ကားယား ကားယား
ဇောင်းငန်းငန်းနဲ့ ဟန်ရေးပြဖြတ်မလျောက်ပါနဲ့။
🎯 စက်သို့မဟုတ် အလေးကို မောင်ပိုင်မစီးပါနဲ့။အလှည့်ကျကစားပါ။
🎯 သင်ကစားထားတဲ့ခုံမှာပေနေတဲ့ ချွေးတွေ
ကိုနောက်လူအနှောက်အယှက်မဖြစ်အောင်
ပြန်သုတ်ပါ။
🎯 တကျော့နဲ့တကျော့ကြားဖုန်း 📱သုံးချင်
ရင်တပါးသူကစားလို့ရမဲ့ခုံတွေပေါ်ထိုင်ပီး
မသုံးပါနဲ့။
🎯 သန့်ရှင်းရေးဂရုပြုပါ။ချွေးနံ့စွရမ်းပြင်း
တဲ့သူတွေစွပ်ကျယ်နဲကစားပီ့း ပါတ်ဝန်းကျင်ကို
ဒုက္ခမပေးပါနဲ့။
🎯 ဆဲလ်ဖီဆွဲချင်ရင် လွတ်လွတ်ကျွတ်ကျွတ်
နေရာရှာပါ။
🎯 အမျိုးသမီး၊ အမျိုးသားရောဆော့ရတဲ့
Gym တွေမှာ၊ တချို့သောအမျိုးသမီးတွေ
လေ့ကျင့်ခန်းလုပ်ရတာအခက်ဖြစ်ရလောက်
အောင် ဇွတ်တွေပြူးပြဲမကြည့်ပါနဲ့🤣
🎯 အချို့သောကစားသမားတွေ အလေး
မနိုင်တော့တဲ့အခါ အမြင်မတော်လို့လိုက်ပေး
တာက ကောင်းပေမဲ့
🎯 Trainer နဲ့ဆော့နေသူတယောက်ကို
Form ကဘာဖြစ်တယ်/ညာဖြစ်တယ်ဝင်ပီး
ဆရာလုပ်ရလောက်အောင် ဘောင်မကျော်
မိပါစေနဲ့။ သည်းမခံတတ်သူနဲ့တွေ့ရင် ဆေးရုံ
ရောက်ပါလိမ့်မယ်။
🎯 အိမ်သာအသုံးပြုရင် ရေ 🚰သုံးပါ။
ဘိုထိုင်အိမ်သာမှာ ကော့ပန်းထားတာတွေနဲ့
ရေမဆွဲထားတာတွေက အရမ်းကို စိတ်ပျက်
စရာပါ။
ကဲကျွန်တော်မြင်တာပြောပီးပီ။ခင်ဗျားတို့ရော
ဘာတွေအဆင်မပြေဖြစ်လည်း မန့်ပေးကြပါဦး။
လေးစားလျက်-
Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့
Instagram acc လေးကို follow လုပ်ပေးပါ
ဦးခင်ဗျ 👇
https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝

လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉

30/04/2023

ပိတ်ရက်လေးမှာ အနားယူကြဦးနော်😁

02/04/2023

မင်္ဂလာခင်ဗျာ...

💦🌿 မကြာမီကျရောက်မယ့် မြန်မာတို့ရဲ့နှစ် သစ်ကူး အခါသမယမှာ Body King မှ မိတ်ဆွေတို့အတွက် Thingyan Promotion လေးနဲ့ မိတ် ဆက်ပေးချင်ပါတယ် 💦🌿

💥Promotion အစီအစဉ်လေးကတော့💥

1️⃣month အပ်သူများအတွက် 10% Discount
2️⃣month အပ်သူများအတွက် 15% Discount
3️⃣month အပ်သူများအတွက် (15) Days Free
6️⃣monthအပ်သူများအတွက် (30) Days Free
ရရှိမှာဖြစ်ပြီး ....

👇Promotion ကာလက👇 🔜 April 3ရက်နေ့မှ 12 ရက်🔚
နေ့အထိဖြစ်ပါတယ်။

ကဲ Promotion အမှီ နှစ်သစ်မှာ ကျန်းမာကြံ့ခိုင်
ပြီး လှပတဲ့ Body လေးရဖို့ ကျွန်တော်တို့ရဲ့ Body King Gym & Fitness ကိုလာရောက်ကစားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ....

Address - No(1172), Thamadi St, Myittarnyunt Ward, Tamwe Tsp.
Ph - 09 750052166, 09 763185317

BODY KING - Gym & Fitness

Photos from BODY KING - Gym & Fitness's post 13/01/2023

BODY KING Gym မှMember ဝင်များအားလုံးInBody Test စစ်ဆေးခြင်း

#12.1.23

Photos from BODY KING - Gym & Fitness's post 01/01/2023

Gym ကစားနေသူများအတွက် ရူးဖိနပ်တစ်ရံရဲ့ အရေးပါပုံ
++++++++++++++++++++++++++++++++

၁။ Begineer တယောက်အနေနဲ့ တော်ပါပီ၊ ဒီလေ့ကျင့်ခန်းဆက်မလုပ်တော့ဘူး။ ဒီလေ့ကျင့်ခန်းဟာ ဒူးနာ၊ ခါးနာ၊ တင်ပါးဆုံနာတယ် စသည်ဖြင့် သင်လေ့ကျင့်ခန်းတခုပြုလုပ်ပီးချိန်မှာ နောင်တရဖူးသလား? တွေးမိဖူးသလား?

၂။ ဒီလိုနာကျင်မူတွေဟာ သင်ဝတ်တဲ့ဖိနပ်ဟာ မှားယွင်းတဲ့ဒီဇိုင်းကြောင့်(သို့) သင်ဖိနပ်မစီးဘဲ ခြေထောက်ဗလာဖြင့်ကစားမိလို့ရောသင်တွေးမိဖူးလား?

၃။ သင့်ခန္ဓာကိုယ်အလေးချိန် + သင်မယူတဲ့အလေးပြားဝိတ်အားလုံးဟာ center of gravity (CG)သက်ရောက်မူ့အရ သင့်ခြေဖဝါး (ဖနောင့်) အပေါ်စုပြုံသက်ရောက်သွာတယ်ဆိုတာ သင်သတိထားမိလား?

၄။ သင့် ဖနောင့်ပေါ်သက်ရောက်မူ့ကို စုပ်ယူနိုင်ဖို့ကြားခံပစ္စည်းတခုခုနဲ့လျော့ချလိုက်ခြင်းဖြင့် သင့်ခြေဖဝါးသက်သာရာရရှိစေမယ်လို့ရောသင်တွေးမိခဲ့ဖူးလား?

ဘယ်လိုလျှော့ချမလဲ? absorption ကောင်းတဲ့ကြားခံပစ္စည်းတခုကို သင့်ဖနောင့်အောင်ထည့်သွင်းလိုက်ခြင်း (သို့) Sport Shoe ဝတ်ဆင်လိုက်ခြင်းက သင့်အတွက်မှန်ကန်တဲ့ရွေးခြယ်မူ့လို့ဆိုချင်ပါတယ်။

ဒီကိစ္စဟာစာဖတ်သူ(Oldschool)နဲ့စာရေးသူအကြာ့းအငြင်းပွားဖွယ်ရာ ကိစ္စတခုပါ။ ဖိနပ်မစီးဘဲ ပြိုင်ပွဲဝင်ခဲ့ကြတဲ့ကစားသမားများ မြန်မာပြည်မှာအများကြီးရှိပါတယ်။ အခုရေးသားမှာကတော့ ဖိနပ်စီးသင့်တဲ့အကြောင်းပါ။ (စီးကိုစီးရမယ်လို့မဆိုလိုပါ) ပြည်ပနိုင်ငံများမှာတော့ Gym Attire လို့ခေါ်တဲ့ ပေါ့ပါးလွတ်လပ်တဲ့ဝတ်စုံနှင့်running ရူးဖိနပ်ဟာ မဝတ်မဖြစ်ဝင်ဆင်ရပါတယ်။ မဝတ်ရင်ရော? Gym ကစားခွင့်မပေးပါဘူး။ ဒါဟာအကြောင်းမဲ့တော့ မဖြစ်နိုင်ပါဘူး၊ ဘာ့ကြောင့်သူတို့ဟာ ကာစတန်မာ(ကစားမယ့်သူ) ကိုတားဆီးရတာလဲ? ပြည်ပနိုင်ငံများမှာ ကာစတန်မာဟာ ဦးစားပေးပါ။ စိတ်ကျေနပ်အောင် ဝန်ဆောင်မူ့ပေးရပါတယ်။ သိုပေမယ့် ဘာကြောင့် Gym Attire ဝတ်မလာရင် ကစားခွင့်မပြုရသလဲ?
မြန်မာပြည်မှာ Running Shoe မဝယ်နိုင်တာနဲ့ Gym မကစားရတော့ဘူးလား? အဖြေကရပါတယ်။ ခန္ဓာကိုယ်ဝတဲ့သူများအမြဲငြီးတွားနေတဲ့ခံစားမူက ဒူးနာ/ခါးနာနှင့်ဖနောင့်နာကျင်မူ့ဝေဒနာတွေဟာ အထက်ကပြောခဲ့သလို ခြေဖနောင့်အပေါ်Center of gravity သက်ရောက်မူ့ပါ။ Gym ကစားနေသူ၊ ဝိတ်အလေးမနေသူများလို အပိုဝိတ်ကိုသယ်ဆောင်နေတာမဟုတ်ပါဘူး။ ကိုယ်ပိုင်ခန္ဓာကိုယ်ကိုတောင် ခြေထောက် ၂ ချောင်းက limit တခုထိဘဲခံနိုင်ရည်ရှိတာပါ။ သင်အခုလက်မခံသေးဘူးဆိုရင် ဆက်မဖတ်ဖို့တိုက်တွန်းချင်ပါတယ်။

အားကစားပြုလုပ်ချိန်မှာ Sport Shoe ဝတ်ဆင်ခြင်းဟာ ဘယ်လောက်အရေးကြီးသလဲ?

သင်ဟာ အပြေးလေ့ကျင့်ခြင်း၊ လမ်းလျောက်ခြင်း၊ gym စက်ကိရိယာများဖြင့်ကစားခြင်း သို့မဟုတ် မည်သို့သောအားကစားနည်းမျိုးမဆို ကစားချိန်မှာတော့ ကစားနည်းနှင့်သင့်တော်သော shoe တော့မဖြစ်မနေဝတ်ဆင်သင့်ပါတယ်။ ဆော့ကစားနေစဉ် ဒါဏ်ရာရရှိခြင်းဟာ ဖိနပ်မစီးခြင်းနှင့် လွဲမှားသောဒီဇိုင်းဖိနပ်စီးခြင်းတို့ဟာ ဆက်စပ်နေတတ်ပါတယ်။ ဖိနပ်ချောင်လွန်းခြင်း၊ တင်းကြပ်လွန်းနေခြင်းဟာလည်း သင့်ရဲ့အားကစားစွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။

အရည်အသွေးနဲ့သင့်တော်တဲ့ အားကစားဖိနပ်တစုံအတွက် ငွေကြေးအနည်းငယ်အသုံးပြုလိုက်ခြင်းဖြင့် ခြေဖဝါး၊ ခြေချင်းဝတ်များ နာကျင်၊ ဒါဏ်ရာရစေခြင်းတို့မှာသက်သာ ကာကွယ်ပေးပြီး သင့်ကိုသက်တောင့်သက်သာဖြစ်စေပါတယ်။

လူ့ခန္ဓာကိုယ်ဟာ အိမ်တအိမ်လိုပါဘဲ။ ဘက်ညီမျှ၊ ဝိတ်မျှတတဲ့အခြေခံ ဖောင်ဒေးရှင်းရှိမှသာ လိုအပ်တဲ့အိမ်အသုံးဆောင်ပစ္စည်းများ ထပ်မံဖြည့်ဆည်းနိုင်မှာပါ။ အလားတူစွာ ခန္ဓာကိုယ်တခုလုံးကို ခြေထောက်တစုံက ဘက်ညီမျှဖို့စွမ်းဆောင်ပေးပါတယ်။ ခြေထောက်ဟာ နာကျင်ဒါဏ်ရာရခဲ့ရင်၊ အရွတ်မာကြောတင်းမာမူများဟာ ခန္ဓာကိုယ်ရဲ့လှုပ်ရှား၊ ရွေ့လျားခြင်းနှင့်ဆိုင်သောစွမ်းအင်ကိုအနှောက်အယှက်ဖြစ်စေပါတယ်။

ခုန်ခြင်း၊ ကခြင်း၊ အလေးမခြင်း၊ ခန္ဓာကိုယ် balance ထိန်းညှိခြင်းများမှ သက်ရောက်မူများ၊ လေ့ကျင့်ခန်းတခုပြုလုပ်နေစဉ်မှာ ခြေထောက်တစုံဟာ သင့်ခန္ဓာကိုယ်ရဲ့အခံနိုင်ဆုံးLimit တခုထိရောက်အောင် တွန်းထုတ်တဲ့လုပ်ဆောင်ချက်ကိုဆောင်ရွက်ရပါတယ်။
အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ကစားနေစဉ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ နာကျင်ခြင်းပါ။ ထိုအချိန်မှာစိုးရိမ်မူ့ကအမြင့်ဆုံးပါ။ OMG ငါ ပြန်ကစားနိုင်ပါ့မလား? ဖြစ်ဖူးသူများသိနိုင်ပါတယ်။

လွဲမှားတဲ့ Sport Shoe ဝတ်ဆင်မူဟာလည်း ကြွက်သား၊ အရိုးနှင့်ခြေထောက်မှာ အရွတ်၊ အကြောများကိုထိခိုက်စေပါတယ်။ (ဥပမာ။ ဘောလုံးကန်ဖိနပ်ကိုGym မှာအသုံးပြုခြင်း၊ ကင်းဘတ်ဖိနပ်ကို အမြင့်ခုန်ခြင်းနှင့်ဘတ်စကတ်ဘောကစားစဉ်ဝတ်ဆင်ခြင်း။)

အားကစားဖိနပ်အမျိုးအစားပုံစံများ (ဒီဇိုင်း)
******************************
အမျိုးမျိုးသောအားကစားနည်းများနဲ့ သင့်လျော်သောအားကစားဖိနပ်မျိုးစုံကို စျေးကွက်ထဲမှာအလွယ်တကူမြင်တွေ့နိုင်သလို သင့်လျော်သောအားကစားနည်းများကိုလည်း ဖိနပ်ဗူးမှာအလွယ်တကူကြည့်ရူ့နိုင်ပါတယ်။

Running Shoe
ယခင်မူလလက်ဟောင်း running shoe များမှာ အရှေ့ဘက်ရွှေ့ရှားမူ့တမျိုးအတွက်ရည်ရွယ်ထုတ်လုပ်ခဲ့ပေမယ့် ယနေ့လက်ရှိအချိန်မှာတော့ ပေါ့ပါပီး လမ်းကြောင်းမျိုးစုံလှုပ်ရှားရွှေ့ပြောင်းနိုင်ရန်နှင့် ဖိအား၊ ဆောင့်အားကိုစုပ်ယူနိုင်ဖို့ ဖနောင့်နေရာမှာ ကြုံ့/ဆန့်တုန့်ပြန်မူ့(shock absorbers) အားကောင်းသောရေမြုပ်အထူကိုထည့်သွင်းပြုလုပ်ခြင်းကြောင့် ခြေဖဝါးနာကျင်ခြင်း၊ အရည်ကြည်ဖုထခြင်းတို့ကိုကာကွယ်ပေးနိုင်ပါတယ်။ ဤကဲ့သို့ Running Shoe ကို ပြေးခြင်း၊ လမ်းလျောက်ခြင်း၊ Gym ကစားသမားများ အသုံးပြုဖို့အထူးသင့်တော်ပါတယ်။

Aerobic Shoe
အေရိုးဗစ်အားကစားဖိနပ်မှာတော့ ပေါးပီးဖိအားကိုတုန်ပြန်ခံနိုင်ဖို့(shock absober) နှင့်ခြေဖဝါးအခွက်နေရာအတွက်ရေမြုပ်ကိုခုခံပေးထားခြင်းကြောင့် ခြေဖဝါးနာကျင်ခြင်းကိုသက်သာစေပါတယ်။

Tennis shoes
တင်းနစ်အားကစားဖိနပ်အောက်ခံပြား soles ဟာပြော့ပြောင်းပီး တနေရာမှတနေရာအလျှင်အမြန်ရွှေ့ပြောင်းမူ့မှာ ကြမ်းပြင်နှင့်ဖိနပ်အအောက်ခံပြားအကြားပွတ်တိုက်မူ့၊ ချော်ထွက်ခြင်းတို့ကိုအကာအကွယ်ပေးရန်အတွက်အထူစီမံပြုလုပ်ထားပါတယ်။

Basketball Shoes
ဘတ်စကက်ဘောအားကစားသမားများအတွက် အောက်ခံSoles အထူပြုလုပ်ပီး၊ အမြင့်ခုန်ရန်နှင့်ပြန်အကျမှာခြေဆစ်လည်ခြင်းကိုကာကွယ်ရန်အတွက် ဖိနပ်လည်တိုင်(High top) ကိုတခြားအားကစားShoes များထက်ပိုရှည်အောင်ပြုလုပ်ထားပါတယ်။ တနေရာမှတနေရာအလျှင်အမြန်ရွှေ့ပြောင်းမူ့မှာ ကြမ်းပြင်နှင့်ဖိနပ်အအောက်ခံပြားအကြားပွတ်တိုက်မူ့၊ ချော်ထွက်ခြင်းတို့ကိုအကာအကွယ်ပေးရန်အတွက်အထူစီမံပြုလုပ်ထားပါတယ်။ ဤကဲ့သို့ အားကစားဖိနပ်ဟာ အလေးမအားကစားအတွက်လည်းအထူးသင့်တော်ပါတယ်။

ခန္ဓာကိုယ်တခုလုံးရဲ့ 25% သောအရိုးများဟာခြေထောက် ၂ ချောင်းမှာစုဖွဲ့တည်ရှိနေခြင်းကြောင့် ခြေထောက်အရိုး၊ ခြေချောင်းအရိုးတခုခုမှာ လွဲချော်၊ ယောင်ရမ်းမူတွေဖြစ်ခဲ့မယ်ဆိုရင်သင့်ခန္ဓာကိုယ် တခုလုံးပေါ်သက်ရောက်မူ့ရှိမှာမလွဲမသွေပါ။ ခြေထောက်နာကျင်မူ့ကနေ ဒူး၊ တင်ပါးဆုံ၊ ခါးအောက်ပိုင်း သက်ရောက်မူတွေ အနှေးနဲ့အမြန်ဆိုသလိုကူးပြောင်းဖြစ်ပေါ်လာနိုင်ပါတယ်။ စာရေးသူကိုယ်တွေ့ပါ။

စျေးနှုံးသင့်တင့်ပီး သင်ကစားသောအားကစားနဲ့သင့်လျော်နိုင်မယ့် အားကစားဖိနပ်တရံဝယ်ယူရင်းနှီးမြုပ်နှံလိုက်ခြင်းက သင့်အတွက်အကြိုးမယုတ်သလို အလကားမဖြစ်စေတာအာမခံပါတယ်။ running shoe ဟာ Gym ကစားခြင်း၊ အပြေးအားကစား၊ လမ်းလျောက်အားကစားမှာအသုံးပြုနိုင်သလို သင်အပြင်ထွက်တဲ့အခါမှာလည်းဝတ်ဆင်နိုင်ပါတယ်။

နိဂုံးချူပ်အနေနဲ့ Running Shoe တရံဝယ်ယူအသုံးပြုခြင်းနဲ့ ဒူးနာ၊ ခါးနာ ရောဂါအတွက် ဆရာဝန်ကုသဖို့ပေးရမယ့်တန်ဖိုးကို သင်ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။

Treat your feet, they deserve it!

ဒီဇိုင်းမတူကွဲပြားတဲ့ Sport Shoe တပုံချင်းစီ ပူးတွဲပါဓါတ်ပုံတွင်ကြည့်ရူ့နိုင်ပါတယ်။

Crd
ဒေါမနစ်
၂၂ ဂျွန်လ ၂၀၁၆ (SGT 20:47)

Photos from BODY KING - Gym & Fitness's post 14/12/2022

ဆီကြော်စာများ

လူအများစုက ဆီကြော်တွေကြိုက်ပါတယ်။ ဆီကြော်ကြိုက်တဲ့ လူတွေထဲ ကျွန်တော်လည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဆီကြော်စာအများစုက ကယ်လိုရီများပြီး ကျန်းမာရေးထိခိုက်စေတဲ့ trans fat လို အဆီတွေပါပါတယ်။ ဒါကြောင့် ဆီကြော်တွေစားခြင်းက ကျန်းမာရေးအတွက် မကောင်းဘူးဆိုပါတယ်။

အစားအစာတစ်ခုကို ဆီထဲမှာကြော်တဲ့အခါ အစားအစာထဲမှာပါဝင်တဲ့ ရေတွေဆုံးရှုံးသွားပြီး အဆီတွေစုမိနေတတ်ပါတယ်။ ကယ်လိုရီပမာဏလည်း မြင့်သွားတယ်ဆိုပါတယ်။ 100 ဂရမ်လောက်ရှိတဲ့ ဖုတ်ထားတဲ့အာလူးအသေးတစ်လုံးမှာ ၉၃ ကယ်လိုရီရှိပါတယ်။ ဒါပေမယ့် 100 ဂရမ်ရှိတဲ့ အားလူးချောင်းကြော်မှာ ကယ်လိုရီ ၃၁၉ ကယ်လိုရီ နှင့် အဆီ ၁၇ ဂရမ်ပါပါတယ်။ ဒါကြောင့် အားလူးကြော်စားတဲ့သူတွေက ပိုဝပါတယ်။ အာလူးကြောင့်ဝတာမဟုတ်ဘဲ ကယ်လိုရီတွေပိုစားမိလို့ဝလာတာပါ။

မပြည့်ဝဆီ (unsaturated fats) တွေကို hydrogenation လို့ခေါ်တဲ့ ဟိုက်ဒရိုဂျင်တစ်လုံးသွင်းလိုက်လျှင် ကျန်းမာရေးဆိုးကျိုးပေးတဲ့ trans fat တွေဖြစ်လာပါတယ်။ အစာအစားတွေကို အပူချိန်အမြင့်ကြီးမှာ ဆီ နဲ့ ကြော်လိုက်တဲ့အခါ hydrogenation ဖြစ်စဥ်ဖြစ်နိုင်တယ်ပြောပါတယ်။ အသားတွေကို အပူချိန်အမြင့်ကြီးမှာ အကြွတ်ကြော်လိုက်တဲ့အခါ အစားအစာထဲမှာပါဝင်မည့် trans fat ပမာဏလည်းမြင့်လာပါလိမ့်မည်။ အဆီပုံစံပြောင်းသွားတဲ့အခါ ခန္ဓာကိုယ်က ပြောင်းသွားတဲ့အဆီပုံစံကိုချေဖျက်ဖို့ ခက်ပြီး ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေတယ် ရေးပါတယ်။

လေ့လာမှုတစ်ခုမှာ ကြော်ထားတဲ့ဆီကို နောက်တစ်ကြိမ်ကြော်ဖို့ပြန်သုံးတဲ့အခါ အစားအစာမှာပါဝင်တဲ့ transfat ပမာဏ ပိုမြင့်လာတယ်ရေးပါတယ်။ ဒါကြောင့် ထပ်ခါထပ်ခါကြော်ထားတဲ့ဆီနဲ့ ဖန်တီထားတဲ့ မနက်ပိုင်းစားနေကြ အီကြာကွေး၊ စမူဆာတွေကကျန်းမာရေး နှင့် မညီဘူးလို့ ယူဆနိုင်ပါတယ်။ ဆီကြော်တွေ၊ အကြွတ်ကြော်တွေအလွန်စားသူအတွက် နှလုံးရောဂါ၊ဆီးချိုရောဂါ နှင့် အဝလွန်ခြင်းတွေဖြစ်လာပါလိမ့်မည်။

ဆီကြော်စာတွေက သွေးတိုးလာစေပါတယ်။ ကောင်းတဲ့ အဆီ HDL cholesterol ကိုလည်းလျော့နည်းစေပါတယ်။ ကယ်လိုရီတွေများစွာစားမိစေပြီး အဝလွန်လာစေပါတယ်။ ဒီအချက်တွေက နှလုံးရောဂါဖြစ်စေနိုင်သော အကြောင်းတရားတွေပါ။ လေ့လာမှုတစ်ခုမှာ တစ်ပတ်တစ်ကြိမ်အထက် ဆီကြော်စာစားတဲ့ အမျိုးသမီးများမှာ တစ်လ ၁ ကြိမ် မှ ၃ ကြိမ်ခန့်သာ ဆီကြော်စာစားတဲ့ အမျိုးသမီးများထက် နှလုံးရောဂါဖြစ်နိုင်ချေ ၄၈% မြင့်သွားတယ်ရေးပါတယ်။ အားလူးကြော်စားလေ နှလုံးရောဂါရနိုင်လေဆိုတဲ့ သုသေတနတွေလည်းရှိပါတယ်။ တစ်ပတ် ၂ ကြိမ်အထက် အမြန်စာ( fast foods) စားတဲ့သူတွေမှာ ဆီးချိုအမှတ် (၂) ဖြစ်နိုင်ခေမြင့်တယ်ရေးပါတယ်။ ဒါကြောင့် ဆီးချို နှင့် နှလုံးရောဂါမဖြစ်အောင် ဆီကြော်စာရှောင်ပြီး အသီးအရွက်ပိုစားပါ။

အစားအစာတွေကို အပူချိန်အမြင့်ကြီးမှာ ကြော်ခြင်း၊ လှော်ခြင်း၊ ဖုတ်ခြင်းပြုလုပ်တဲ့အခါ သကြား နှင့် အမိုင်နိုအက်ဆစ် asparagine ဓာတ်ပြုပြီး acrylamide လို့ခေါ်တဲ့ အဆိပ်တစ်မျိုးဖြစ်လာတယ်ဆိုပါတယ်။ ကဆီဓာတ်များတဲ့ အားလူးတွေကို အပူချိန်အမြင့်ကြီးမှာကြော်တဲ့အခါ acrylamide ပါဝင်နှုန်း အလွန်းများလာတယ်ဆိုပါတယ်။ တိရစ္ဆာန်တွေမှာလေ့လာထားတဲ့ သုသေတနမှာ acrylamide က ကင်ဆာအများစုဖြစ်စေတယ်ပြောပါတယ်။

ဆီကြော်လည်း ကြိုက်တယ်။ ကျန်းမာရေးလည်း လိုက်စားတယ်ဆိုလျှင် ဘယ်လိုဆီကြော်တွေစားလို့ရမလဲ။ အနောက်နိုင်ငံရဲ့ ကျန်းမာရေးပညာရှင်တွေ အကြံပြုတာက အုန်းဆီ၊ သံလွင်ဆီ နှင် ထောပတ်သီးကရတဲ့ အဆီတွေကို အစားအစာကြော်ဖို့သုံးပါလို့ ရေးပါတယ်။

Photos from BODY KING - Gym & Fitness's post 14/12/2022

အုန်းရည်

အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် မက်ဂနီဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ချိုသောအရသာရှိပါတယ်။ အုန်းရည်သောက်ခြင်းဖြင့် ရေဓာတ်ပြန်လည်ပြည့်ဝစေတယ်။ အုန်းရည်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး အဆီ နှင့် ကိုယ်လက်စထရောလည်း မပါဝင်ဘူး လို့ ဆိုပါတယ်။

အုန်းရည် 8 ounces ( 240 ml ) မှာ ကယ်လိုရီ 40-60 ပဲပါဝင်ပါတယ်။ ဒါကြောင့် ကယ်လိုရီနည်းတဲ့ အချိုရည်လို့ မှတ်ယူလို့ရပါတယ်။ အုန်းရည် 94% က ရေဖြစ်ပြီး အဆီလည်းမပါဝင်ပါ။ ဒါကြောင့် အတော်လေးကောင်းတဲ့ အားဖြည့်အချိုရည်ဖြစ်ပါတယ်။

အုန်းရည်မှာ ဆိုဒီယမ်ကြွယ်ဝစွာပါဝင်ပြီး လေ့ကျင့်ခန်းအကြာကြီးပြုလုပ်ပြီးနောက် သောက်သုံးဖို့ သင့်တော်ပါတယ်။ အုန်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး သွေးအတွင်းက ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဒါကြောင့် အုန်းရည်သောက်ခြင်းဖြင့် သွေးတိုးကျစေပါတယ်။ ဒါပြင် ဆီးကျောက်တည်ခြင်းကိုလည်းတားနိုင်တယ်ရေးပါတယ်။

အုန်းရည်က ဘယ်အချိန်သောက်သောက်အဆင်ပြေတဲ့ စားစရာတစ်ခုဖြစ်ပါတယ်။ အခြား ဖျော်ရည် တစ်ခုခုအတွင်း အုန်းရည်ထည့်ပြီး သောက်လို့ရပါတယ်။ အုန်းရည်ကို သကြားမထည့်ဘဲသောက်သုံးခြင်းက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အုန်းရည်သောက်လျှင် ရေဓာတ်ပြန်လည်ပြည့်ဝစေပါတယ်။ ဝမ်းသွားခြင်းကြောင့် ရေဓာတ်ဆုံးရှုံးထားလျှင်လည်း အုန်းရည်သောက်လို့ရပါတယ်။ ဆီးချိုရောဂါသည်တွေလည်း အုန်းရည်သောက်လို့ရတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ်ဆေးရမည့် လူနာများ မသောက်သင့်ပါ။ ခွဲစိတ်မှုမပြုလုပ်ခင် ၂ ပတ်လောက်ကြိုတင်ပြီး အုန်းရည်သောက်ခြင်း ရပ်နားထားဖို့လိုပါမည်။

ဒေါက်တာဖြိုးမောင်မောင်

Photos from BODY KING - Gym & Fitness's post 08/12/2022

အဆီစုခြင်း အကြောင်းတရား
🔰🔰🔰🔰🔰🔰🔰🔰🔰🔰
ဒီ အဆီစုတဲ့ အကြောင်းကဝော့ာ
မိမိစားလိုက်တဲ့ အစားအစာတွေရဲ့
စွမ်းအင်တွေဟာ မိမိတနေ့တာ
လှုပ်ရှားမှု့မှာ မကုန်ပဲ ပိုလျှံလာတဲ့
အတွက်ပိုလျှံလာတဲ့ စွမ်းအင်တွေ
ဟာ အဆီအဖြစ် ပြောင်းလဲပြီး
ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ
ခိုအောင်းစုဝေးပါတယ်

ဘယ်လိုနေရာတွေမှာ အဆီခို
အောင်းတာလည်း⁉️

ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု့ အနည်းဆုံး
နေရာတွေမှာ အဆီတွေက စုပါတယ်
ခါးပတ်လည်၊ဗိုက်၊ကျောပြင်၊ဂုတ်ပိုး
မေးစေ့အောက်နဲ့ အထိုင်များသူတွေ
မှာ တင်ပါး၊ပေါင်တွေမှာ စုပါတယ်

အဆီချမယ်လို့ စတင်ကစားပြီဆိုဝာာ
နဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်း
များနဲ့အတူ အဆီစုနေတဲ့အစိတ်အပိုင်း
တွေကို ပိုပြီးကစားပေးဖို့ လိုအပ်ပါ
တယ်

အဆီကို ကွက်ချလို့မရဘူးဆို ⁉️

ဟုတ်ပါတယ် အဆီကိုကွက်ချလို့မရ
ပါဘူး ဒါပေမဲ့ အခြားအစိတ်အပိုင်း
‌တွေထက် ပိုပြီး ကစားပေးရပါမယ်

လှုပ်ရှားမှု့နည်းတဲ့နေရာတွေမှာ အဆီ
စုတဲ့အတွက် အဆီချတဲ့အခါ အဆီ
စုနေတဲ့ နေရာတွေကို အခြားအစိတ်
အပိုင်းထက် ပြင်းပြင်းထန်ထန်ကို
ကစားပေးဖို့ လိုအပ်ပါတယ်..။

စားချင်ဝာာစားပြီး ဝိတ်ချလို့ ရတယ်
ဆို⁉️

ပါးစပ်ကပြောရတာလွယ်ပါတယ်
အဲ့လိုသာလွယ်နေရင် ဗိုက်ပူကြီးတွေ
ဝတုတ်ကြီးတွေ ဒီကမ္ဘာမှာ ဘယ်ရှိ
တော့မှာလည်း😊😊

ခများပတ်ဝန်းကျင်မှာ စားချင်တာ
စားပြီး ဝိတ်ချလို့ အောင်မြင်သွားတဲ့
သူ ဘယ်နှစ်ယောက်တွေ့ဘူးတုန်း
ဝိတ်ချမယ်ဆိုပြီးသာမာန်စား၊
သာမာန်ကစားသူတွေ လကုန်လို့
ဝိတ်ပြန်ချိန်ရင်၃-၄ ကီလိုလောက်
တက်လာလို့ ငိုတဲ့သူတွေတောင်ရှိ
တယ်😊😊

MMA လက်ဝှေ့သမားတွေဟာ
တပတ်အတွင်းမှာကို ပေါင် ၃၀-၄၀
လောက်ချလို့ရတဲ့နည်းရှိပါတယ်
Weight Cut လို့ခေါ်ပါတယ်
ကျန်းမားရေးအတွက် ဝိတ်ချတာ
မဟုတ်ပဲ ကိုယ်ထိုးမဲ့ ဝိတ်တန်း
မကျော်အောင် ပြိုင်ပွဲနီးကပ်မှ
ဝိတ်ချတာပါ(စာရှည်လို့နောက်မှ
သီးသန့်ရေးပါမယ်

ဝိတ်ချ၊အဆီချတယ်ဆိုတာ ကြီးမား
တဲ့ စစ်ဆင်ရေးကြီးတခုပဲဗျ
ဝိတ်ကျရင် ပြီးပြီရောလုပ်လို့မရဘူး
ရေရှည်ကျန်းမာရေးအတွက်လည်း
ကြည့်ရပါသေးတယ်...

အဝင်ကယ်လိုရီထက် သုံးစွဲတဲ့ ကယ်
လိုရီလျော့စားရင် ဝိတ်ကျတယ်ဆို⁉️

ဟုတ်ပါတယ် အဲ့ဝာာက ဘယ်ဝော့ာမှ
မပြောင်းလဲတဲ့ သီအိုရီပါ
ဒါပေမဲ့ ခများတို့ လိုအပ်တဲ့ ကယ်လို
ရီကို junk food လို့ခေါ်တဲ့ ကြော်
လှော်ပြီး အရသာရှိအောင်စီမံထားတဲ့
အစားအစားနဲ့ Clean Food လိုဆိုတဲ့
လတ်ဆတ်တဲ့ အသားငါး၊သစ်သီး
ဝလံတွေကိုတော့ ရွေးချယ်စားတတ်
ဖို့လိုပါတယ် ..

အဲ့ ၂ မျိုးမှာ လိုအပ်တဲ့ ကယ်လိုရီပဲ
စားတယ်ဆိုစေဦးတော့ အစားအစာ
ရဲ့ ထုထည်ပမာဏ မတူပါဘူး

ဗိုက်ပြည့်မှဗိုက်တင်းမှ အားရှိတယ်
ဆိုတဲ့ မြန်မာတွေရဲ့ အယူအဆအရ
ပမာဏ နည်းပြီး ကယ်လိုရီများတဲ့
အစားအစာကြောင့် ခများကို ကောင်း
ကောင်း ဒုက္ခပေးမှာက အလွန်အမင်း
ဆာလောင်ခြင်းပါပဲ..

Clean Food တွေဟာ ပမာဏ များပြီး
ကယ်လိုရီနည်းတဲ့ အတွက် ဗိုက်ပြည့်
ပြီး ဆာလောင်မှု့ဒဏ်ကို ခံနိုင်ပါတယ်
ပရိုတင်းပါတဲ့ အစားအစာတွေကလဲ
ဆာလောင်မှု့ကိုသက်သာစေပါတယ်

ကစားလို့ ပင်ပန်းတဲ့ဒဏ်ရယ်
ဆာလောင်ခြင်းဒဏ်ရယ် ၂ မျိုး
ပေါင်းပြီး ပေးတဲ့ ဒုက္ခကို ကောင်း
ကောင်းကျော်လွှားနိုင်မှ ဝိတ်ချတဲ့
အစီအစဉ် အောင်မြင်ပါလိမ့်မယ်

ဒါကြောင့် အစားအစာကိုရွေးစား
ခိုင်းတဲ့ ရည်ရွယ်ချက်ကို သဘော
ပေါက်ဖို့လိုပါလိမ့်မယ်...

အဆီချ၊ဝိတ်ချတာ မပင်ပန်းဘူဆို⁉️

ခများကိုယ်တိုင် တနေ့ တနာရီခွဲ
လောက် လေ့ကျင့်ခန်းတခုခုကို
အချိန်ပေးပြီး ကစားဖြစ်ရဲ့လားလို့
အရင်မေးရပါလိမ့်မယ်...

ကြံ့ခိုင်မှု့နည်းတဲ့သူတွေဆိုရင် စစခြင်း
မှာပဲ ပြေးလမ်းပေါ် ၁၀-၁၅ မိနစ်
လောက်လျှောက်ပြီးတာနဲ့ မူးမော်တဲ့
သူတွေ၊အန်တဲ့သူတွေ အများကြီးရှိ
ပါတယ်...
ဒါကြောင့် ဝိတ်ချ၊အဆီချသူတွေဟာ
အပင်ပန်းခံနိုင်ပြီး ဇွဲရှိသူတွေသာ
အောင်မြင်ကြတာများပါတယ်

ဝိတ်ချတာမပင်ပန်းဘူဆိုတာကို
ပြောရမယ်ဆိုရင် နောက်သုံးလကြာ
သော်ဆိုပြီး မြန်မာပေါကားရိုက်နေ
တာမှမဟုတ်ပဲ လစဉ်ကြေးသွင်းပြီး
တရက်နှစ်ရက်ကစားရသေးတယ်
ပင်ပန်းတာရယ် အစပိုင်းမှာ
ကိုယ်လက်တွေ နာကျင်ကိုက်ခဲတဲ့
ဒဏ်ကို မခံနိုင်ပဲ ပြေးတဲ့သူတွေ
အများကြီးပါပဲ....

ဆောင်းပါးအဆုံးမှာ ပြောချင်တာက

ခင်များတို့ ခန္ဓာကိုယ်ကျန်းမားရေး
ဆိုးဝါးပြီး အချိုးအစားပျက်စီးစေ
တာက(အစားအသောက် အဟာရ)

ခန္ဓာကိုယ် အချိုးအစားမိုက်ပြီး
ကျန်းမာရေးကောင်းစေတာက
အစားအသောက်နဲ့ လေ့ကျင့်မှု့ပိုင်း
ဆိုင်ရာဆိုတာကို ဘယ်တော့မှ
မေ့မထားပါနဲ့..။

💠💠💠💠💠💠💠💠💠💠

အားလုံးကို ချစ်ခင်လေးစားစွာဖြင့်

Photos from BODY KING - Gym & Fitness's post 03/12/2022

Gym ထဲမှာ ဘာအရေးကြီးဆုံးလဲ⁉️
🔰⚜️🔰⚜️🔰⚜️🔰⚜️🔰⚜️🔰

ကစားသမားလေးတွေ 3-4 ယောက်
က မေးလာတယ်..

ဆရာရေ အလေးတွေ၊သံချောင်းတွေ၊
စက်တွေနဲ့ကစားတဲ့အခါ အရေးကြီး
ဆုံးက ဘာဖြစ်မလဲဆိုတာကို
ကျနော်တို့ မှတ်သားရအောင်
ပြောပြပါဆရာတဲ့...

အင်း...အတိုဆုံး ပြောရမယ် ဆိုရင်
တော့ အရေးကြီးဆုံးခေါင်းစဉ်က

Injury ထိခိုက်ဒဏ်ရာ မရရေး ပါပဲ..

ထိခိုက်ဒဏ်ရာမရရေး ဆိုဝာာ
ပြောလို့လွယ်ပေမဲ့ စာအရှည်ကြီး
ရေးမှပြည်စုံလိမ့်မယ်....

ထိခိုက်ဒဏ်ရာမရရေးဆိုတဲ့
ခေါင်းစဉ်အောက်မှာ
အချက် 3 ချက်ရှိတယ်...

ဒီအချက် 3 ချက်ကို ကစားသူတွေ
အမြဲသတိထားလိုက်နာရမယ်..

တချက်ချက် ကြောင့် မိမိရည်မှန်း
ချက်ကနေ လမ်းကြောင်းလွဲသွားနိုင်
တယ်..

1️⃣ Form
ကစားသည့်အခါ ပုံစံမမှန်ခြင်း

2️⃣Overload
မိမိတကယ်မနိုင်တဲ့ အလေးကြီး
များနဲ့ ကစားခြင်း

3️⃣ Over training
လေ့ကျင့်မှုလွန်ကဲခြင်း တို့ ဖြစ်တယ်။

1️⃣ Form

ကစားတဲ့အခါ ပုံစံမမှန်လို့ ထိခိုက်
ဒဏ်ရာ အများဆုံးရစေနိုင်တဲ့
ကစားနည်းတွေက -
✳️ Squat
✳️ Deadlift
✳️ Bent-over Barbell Row
✳️ Biceps
✳️ Triceps
✳️ Back Shoulder
✳️ Latreal Raise
✳️ Bent-over Lateral raise
✳️ Pull over

ဒီကစားနည်းတွေ ကစားတဲ့အခါ
ပုံစံမမှန်ရင် ထိခိုက်ဒဏ်ရာရနိုင်တယ်

အများဆုံးဖြစ်တတ်တာကတော့-

📌လက်ကောက်ဝတ်နာခြင်း
📌တံတောင်ဆစ်နာခြင်း
📌လက်ပြင်ငုတ်ခြင်း
📌အုန်းလွဲသလိုဖြစ်ခြင်း
📌ခါးနာခြင်း
📌ဒူးနာခြင်း
📌ခြေကျင်းဝတ် နာခြင်း
📌ပခုံးနှစ်ဖက် joint များ နာခြင်း

ဒီထိခိုက်ဒဏ်ရာတွေဟာ ကြပ်ကြပ်
မတ်မတ်နဲ့ သေချာကစားရင်ဝောာင်
မထင်မှတ်ပဲ တခါတလေ ဒဏ်ရာ
ရတတ်ပါတယ်...

ပုံစံမမှန်ပဲကစားရင်ပိုပြီး ထိခိုက်
ဒဏ်ရာရနိုင်တဲ့ အခြေအနေရှိ
ပါတယ်။

အလေးတွေနဲ့ ကစားရင် ဒဏ်ရာ
ရနိုင်တာက (joint )အဆစ်တွေ၊
(ligament) အရွတ်တွေမှာ ပိုပြီး
အဖြစ်များပါတယ်..

ကစားလို့ ကြွက်သားတွေနာကျင်
တာက သပ်သပ်ဖြစ်ပြီး ဒဏ်ရာ
ရတာမဟုတ်ပါဘူး...

အဲ့လို့နာကျင်တာက အများဆုံး
ကြာရင် တပတ် လောက်ပါပဲ..

အရွတ်တွေ၊ အဆစ်တွေ ထိခိုက်
ဒဏ်ရာရရင် လနဲ့ချီပြီးကြာတတ်ပါတယ်...

ဒါကြောင့်မို့ Beginner ဘဝကတည်းက ကြပ်ကြပ်မတ်မတ်နဲ့
ပုံစံမှန်အောင် ကစားကြပါ..

2️⃣Over load

မိမိတကယ်မနိုင်တဲ့ အလေးဝန်တွေ
အများကြီးနဲ့ Gym ထဲမှာ for Show
လုပ်ပြချင်စိတ်နဲ့ ကစားရင်လည်း
ထိခိုက်ဒဏ်ရာ ရရနိုင်ပါတယ်..။

အလေးဝန်အများကြီးကြောင့်
အရွတ်တွေ၊ အဆစ်တွေအပြင်
ကြွက်သားတွေပါ ဒဏ်ရာရနိုင်
ပါတယ်..

အလေးဝန် မနိုင်မနင်း အများကြီး
ကစားတဲ့အတွက် ရတဲ့ထိခိုက်
ဒဏ်ရာတွေဟာ ပြင်းထန်ပြီး
ကြီးမားလွန်းတဲ့အတွက် တသက်လုံး
ဒုက္ခိတဖြစ်သွားနိုင်တဲ့အထိ ဆိုးဝါး
သွားနိုင်ပါတယ်..

အလေးတွေနဲ့ ကစားခြင်းကိုလည်း
တသက်လုံး စွန့်လွှတ်ရနိုင်ပါတယ်..

ဒါကြောင့် Gym ထဲမှာ မိမိတကယ်
မနိုင်တဲ့ အလေးတွေနဲ့ ကစားခြင်း
ရှောင်ပါ။

3️⃣ Over training

လေ့ကျင့်မှု့လွန်ကဲခြင်းကြောင့်
ရလာတဲ့ထိခိုက်ဒဏ်ရာဟာ လူခန္ဓာ
ကိုယ်ပြင်ပမှာ မြင်ရမှာမဟုတ်ပါဘူး။

ခန္ဓာကိုယ်တခုလုံးရဲ့ ဖွဲ့စည်းပုံ စနစ်
Systemကြီးတခုလုံးကို Break down
ဖြစ်သွားစေဝာာပါ။

📍ကိုယ်ပူချိန်တွေ မြင့်တက်လာမယ်
📍အားနည်းပြီး ခဏခဏဖျားမယ်
📍အအေးမိ နှာစေး ခဏခဏဖြစ်မယ်
📍ညဘက် အိပ်မပျော်ဖြစ်လာမယ်
📍အာရုံစူးစိုက်မှု့နည်းပြီး အလေးတွေ
နဲ့ ကစားချင်စိတ်ပျောက်လာမယ်
📍စားချင်သောက်ချင်စိတ်မရှိပဲ
ခံတွင်းပျက်လာမယ်။
📍အားမရှိသလိုခံစားရပြီး အမြဲတမ်း
နုံးချိနေမယ်..

ကစားသူဟာ အဲ့လိုတွေ ခံစားနေရ
ပြီဆိုရင်....သေချာပါတယ်....
အဲ့ဒါ လေ့ကျင့်မှု့လွန်ကဲခြင်းကို
ခံစားနေရပါပြီ...

Over-training ဖြစ်နေပြီဆိုတာ
သေချာပါတယ်..

အဲ့လိုဖြစ်နေပြီဆိုရင် ကစားတာကို
ရပ်ပြီး ရက်ရှည်အနားယူဖို့ စီစဉ်ပါ၊
ပေတေပြီး ဆက်မကစားပါနဲ့။

Break down ဖြစ်သွားတဲ့ ခန္ဓာကိုယ်
ဖွဲ့စည်းပုံ System ကြီးတခုလုံးကို
Restart ချပြစ်ပြီး အေးအေးဆေး
ဆေး အနားယူပါ။

အဟာရပြည့်ဝတဲ့
အစားအသောက်တွေ ဂရုတစိုက်
စားသောက်ပါ...

အချက်သုံးချက်ထဲက
ဘယ်အချက်နဲ့ ညှိညှိ၊
ကုစားလို့ ပြန်လည်ကောင်းစေ
ဦးတော့၊ မိမိပုံမှန်ကစားနေတဲ့
အစီစဉ် ပရိုဂရမ်ကြီးတခုလုံး
ပျက်စီးသွားတဲ့ အတွက် အစ ကနေပြန်လည်ပြီး စတင်ရတော့ဝာာပါပဲ..။

ပြိုင်ပွဲသမားတွေ ပြိုင်ပွဲတက်ဖို့
သေချာကစားနေရင် ပိုပြီးနစ်နာပါ
တယ်...

Training program တခုလုံးရပ်တန့်
သွားပြီး၊ PED သုံးနေတဲ့သူတွေဆိုရင်
Cycle အတိုင်း သုံးရမဲ့ ဆေးတွေ
ကမောက်ကမ ဖြစ်ကုန်ပါတယ်။

ဒါကြောင့် အလေးတွေ၊ သံချောင်း
တွေနဲ့ ကစားကြပြီဆိုရင် အိမ်မှာပဲ
ဖြစ်ဖြစ်၊ Gym ထဲမှာဖြစ်ဖြစ်၊ ထိခိုက်
ဒဏ်ရာ မရအောင်ဂရုစိုက်ကစား
ကြပါ...။

Injury မရဖို့ကတော့ Gym ထဲမှာ
အရေးကြီးဆုံးပါပဲလို့ ပြောလိုက်
ပါရစေ
💠💠💠💠💠💠💠💠💠💠

အားလုံးကို ချစ်ခင်လေးစားစွာဖြင့်

Photos from BODY KING - Gym & Fitness's post 30/11/2022

ရိုးရှင်းတဲ့ သီအိုရီ
*****************
ပိန်ချင်လား?
မိမိစားနေကျ အစားအသောက်တွေ
တဖြေးဖြေး လျော့ချစားသောက်ပါ
လေ့ကျင့်ခန်းတမျိူးမျိုးကို
နေ့စဉ် တနာရီလောက်လုပ်ပါ
အိပ်ရေး ၀၀ အိပ်ပါ
မိမိအစားအသောက်လျော့ချစားသောက်
လာနိင်တာနဲ့အတူ ဝိတ်က တဖြေးဖြေး
ကျလာပါလိမ့်မယ်

ဒါကဝိတ်ချချင်သူတွေအတွက် ရိုးရှင်းတဲ့သဘော
တရား👍👍👍

၀ချင်လား?
ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်ချင်လား?
ကြွက်သားတွေထွားချင်လား?
အဲ့လို ဖြစ်ချင်တယ်ဆိုရင်
မိမိစားနေကျအရင်စားတာတွေထက်
အစားအသောက်တွေကို‌နေ့စဉ်အမြဲတမ်း
ပို ပိုပြီးစားသောက်ပါ
အိပ်ရေး၀၀အိပ်ပါ
ကြွက်သားတွေထွားချင်ရင် ကျွမ်းကျင်တဲ့
နည်းပြထံမှာ သင်ယူပြီး အလေးတွေနဲ့
မိနစ်60မှ မိနစ်90ထိ
ကစားရက်မှာ ကစား
နားရက်မှာနားပြီး
ပုံမှန်လေ့ကျင့်ကစားပါ
ဒါကတော့ ပြည့်ဖြိုးပြီး လူထွားလာစေမဲ့
ရိုးရှင်းတဲ့ သဘောတရားပါ

2မျိုးလုံးအတွက် အရေးကြီးဆုံးကတော့
ထိုက်သင့်တဲ့ အချိန်ကာလတခုရင်းနှီး
ရပါမယ်
အမြန်နည်းဆိုတာ မရှိပါ
ဖြတ်လမ်းဆိုတာမရှိပါ
အသိညဏ်တခုသာရှိဖို့လိုပါသည်

အသိညဏ်ရှိမှ အဟာရဖြစ်တဲ့
အစားအသောက်တွေ အန္တရာယ်ဖြစ်တဲ့
အစားအသောက်တွေ ရွေးချယ်ပြီး
စားသောက်တတ်ပါမယ်

အသိညဏ်ရှိမှ အဆီကျတဲ့ကစားနည်း
ကြွက်သားကြီးစေတဲ့ကစားနည်း
ခွဲခြားလေ့ကျင့်နိုင်ပါလိမ့်မယ်
ဒါကတော့ဘယ်လိုမှပြောင်းလဲမသွားတဲ့
ရိုးရှင်းတဲ့ သဘောတရားဖြစ်ပါတယ်
Written by MyintNaung ( HtooAung)

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

အမှတ် ၁၁၇၂၊ မြေညီထပ်၊ သမာဓိလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။
Yangon

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00

Other Gyms in Yangon (show all)
Treadmill service & spare part yangon Treadmill service & spare part yangon
223/ကရတနာပုံ ၃လမ်း ၁၀ရပ်ကွက် သာကေတ
Yangon

Quality Experience Services

Eagle Lethwei Club Eagle Lethwei Club
Thein Phyu Stadium, Corner Of Thein Phyu Road & Kan Pat Road, Yangon Tsp
Yangon, 11221

Eagle Lethwei Club is the very first traditional Myanmar boxing club in Yangon & provides so many training sessions with the highly experienced coaches. If you want to learn and pl...

NTK Treadmill Belt Sale & Services NTK Treadmill Belt Sale & Services
No. (140/B), Zin Yaw Street, (13) Block, Hlaing Thar Yar Tsp
Yangon, 11401

Smart Shape GYM - Branch 3 Smart Shape GYM - Branch 3
Branch 3 အမှတ် 2+5 , သံသုမာလမ်းမကြီး , ဝေဘူလမှတ်တိုင်နှင့် သုဝဏ္ဏစျေးမှတ်တိုင်ကြား , သုဝဏ္ဏ
Yangon, 11071

Holy Power မြန်မာ့ရိုးရာလက်ဝှေ့ကလပ် Holy Power မြန်မာ့ရိုးရာလက်ဝှေ့ကလပ်
၇၈ ရပ်ကွက်၊သီရိမြိုင်လမ်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်မြို့
Yangon

IF IT DOESN'T CHALLENGE YOU, IT DOESN'T CHANGE YOU

Power Victory Fitness Power Victory Fitness
2/54, Yadana Street, Waibargi
Yangon, 11031

Fitness Centre in Yangon Contact No. 095061288 Google Map code - W572+C5 Yangon

Burma Lethwei Gym Burma Lethwei Gym
No. 14 B, Thar Yar Shwe Pyi Street, Baukhtaw Pyi Tharyar Yankin
Yangon, 11081

Anyone interested in Burmese traditional martial arts and daily gym workouts in a fit manner

DC Health & Fitness DC Health & Fitness
No, 101-102, 1st Floor, WWW Condo, Corner Of Anawrahta Road & Sint Oh Tan Street, Latha Township
Yangon, 11131

I would like to invite you to play in a clean and spacious gym with modern equipment. ☎️09-259808477

Elite Sports Myanmar Elite Sports Myanmar
No. 22, 137th Street, Burma (Myanmar)
Yangon

Lethwei Journey Lethwei Journey
Insein Road
Yangon

Myanmar Traditional Fighting Organization(Non Gov;)

Right Sports Online Store Right Sports Online Store
Yangon

အားကစားစက်အမျိုးမျိူးကို ပစ္စည်းမှန်​ စျေးမှန်ဖြင့်ဝယ်ယူအား​ပေးနိုင်ပါတယ်ရှင်🙏

Vertex Gym Vertex Gym
Near Az, Near Kabaraye Pogada, Building 8, Room 002, Kabaraye Pagoda Road, MayanKone Township
Yangon, 11061

Vertex Gym မှ နွေးထွေးစွာ ကြိုဆိုပါတယ်