𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

9.10.2019 ( Wednesday )

12/09/2024

တကယ်တော့ လူသားတိုင်းဟာ
ဘဝတစ်ခုရလာတာကိုက
ဒုက္ခခံစားရခြင်းတစ်မျိုးပါ

အဲဒီမှာမှ
မြန်မာပြည်ကလူတွေဟာ
မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ
ဒုက္ခ အခံစားရဆုံး လူတွေဖြစ်မယ်ထင်တယ်

အဲဒီဒုက္ခတွေကြားမှာ သုခကို
ရှာရှင်းရှာရင်းနဲ့ သုခကို မတွေ့ရသေးခင်
ဘဝတွေဟာ မောပန်းနွမ်းလျပြီး
အဆုံးသတ်သွားကြရတာ

ဘဝတွေဟာ ဘာမှ တန်ဖိုးမရှိတဲ့
အမှိုက်တွေလို့ လွင့်ပါး ပျောက်ကွယ်နေကြတာ

ဘယ်တော့ကိုယ့်အလှည့်ကျမလဲဆိုပြီး
ရင်နာနာနဲ့ အသက်ရှုကြပ်စွာနဲ့
ငေးကြည့်နေကြရတာ

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

08/09/2024

#နောင်ခလိုင်ရေဂူ
#ဘားအံမြို့
#ကရင်ပြည်နယ်

Photos from 𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏's post 28/08/2024

နေဝင်ချိန်းလေးက လှလိုက်တာ လို့တွေးမိရင်
ဒါမှမဟုတ်
နေဝင်ချိန်ရဲ့အလှကို ခံစားမိသေးရင်
ကျွန်တော်တို့ဟာ
တစ်နေ့တာကြုံရတဲ့ ဘဝအမောတွေကို
တိုက်ထုတ်နိုင်သေးတယ်ဆိုတဲ့ သဘော၊
ခံနိုင်ရည်ရှိသေးတယ်ဆိုတဲ့ သဘောပါပဲ။

နေဝင်ချိန်ရဲ့ အလှကိုမှ မမြင်နိုင်တော့ဘူးဆိုရင်
သေချာတယ်
ကျွန်တော်တို့ တော်တော် မောနေပြီ

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

23/08/2024

ဒီနေ့
ကျွန်တော့်သူငယ်ချင်းရဲ့အိမ်ကိုအလည်လိုက်သွားတယ်။သူ့အိမ်‌ရောက်တော့ အိမ်မှာ ဘယ်သူမှမရှိကြဘူး။လူကြီးတွေမရှိတော့ သူငယ်ချင်းနှစ်ယောက်ဧည့်ခန်းမှာ ဖုန်းကိုယ်စီနဲ့ လွတ်လွတ်လပ်လပ်ပေါ့။သူလည်းသူကြိုက်တဲ့သီချင်းကို အသံအကျယ်ဆုံးနဲ့ဖွင့်၊ကိုယ်လည်း ကိုယ့်အကြိုက်သီချင်းတွေကို မသံအကျယ်ဆုံးနဲ့ဖွင့်။

ခဏနေတော့ သူ့မိဘတွေပြန်ရောက်လာတယ်။
နေပူပူထဲကနေပြန်လာကြလို့ထင်တယ်။ချွေးတွေလည်းရွှဲလို့။ကျွန်တော် သီချင်းကို ချက်ချင်းပိတ်ပစ်လိုက်တယ်။သူငယ်ချင်းကတော့ ဖွင့်မြဲဖွင့်ဆဲ။

"သူက အဲဒီလိုပဲ၊မိဘတွေ နေပူထဲကပြန်လာတာ နားအေးပါးအေးနေချင်မှာပဲဆိုတဲ့စိတ် တစက်ကလေးမှမရှိတာ၊အလိုက်ကို မသိတတ်ဘူး၊
သားနဲ့များကွာပါ့"ဆိုပြီး သူ့အမေက သူ့သားအကြောင်းကို ကျွန်တော့်ကို ပြောင်ပဲ ပြောချပစ်တယ်။ပြီးတော့ နှစ်ယောက်စလုံး ဧည့်ခန်းကနေ အထဲကိုဝင်သွားကြတယ်။သူငယ်ချင်းကတော့ မလှုပ်မယှက် ဒီအတိုင်းပဲ။

သူ့အမေစကားကြားတော့ ကျွန်တော်ရယ်ချင်တာ၊မကောင်းတတ်လို့ အိန္ဒြေမနည်းထိန်းထားရတယ်။"သားနဲ့များကွာပါ့"ဆိုပြီး ကျွန်တော့်ကို ချီးကျူးတာကို ရယ်ချင်တာပါ။တကယ်တော့
ကျွန်တော်လည်း ကျွန်တော့်အိမ်မှာ သူ့သားအချိုးအတိုင်းပါပဲ။ဘာမှ ထူးခြားတာမရှိဘူး။သူများအိမ်မှာဖြစ်လို့သာ အခုလို သီချင်းကိုပိတ်ပစ်တာ။

ကိုယ့်ကိုသိပ်ချစ်တဲ့လူတွေနဲ့ပတ်သက်ရင်
လူဟာ သိပ်လူဝါးဝတတ်ပါလားဆိုပြီး လူ့မနောကိုလည်း သွားတွေးမိတယ်။အဲဒီလို လူပါးဝတတ်လို့လည်း ကျွန်တော်တို့မလိုချင်တဲ့နာကျင်မှု‌တွေကို ကျွန်တော်တို့ ပိုင်ဆိုင်ရတာပါ။

လူ့သ‌ဘောအရ မစားနဲ့၊မသွားနဲ့ ဆို ပိုပြီးစားချင်၊သွားချင်ကြတယ်။
‌စ တာ မကြိုက်တဲ့သူကို ပိုပြီး စ ချင်တယ်။
ကြောက်တယ် ဆို ပိုပြီးဖြဲခြောက်ချင်တယ်။
အရှုံးပေးထားရင် ပိုအနိုင်ယူချင်တယ်။
ချစ်နေမှန်း သိရင် ပိုဆိုးချင်တယ်။
ခွင့်လွှတ်တတ်တာသိရင် ပိုအခွင့်အရေးယူချင်တယ်။

အဲဒီ ဉာဉ်ကြောင့်
သူတို့က ငါ့အပေါ်သိပ်ကောင်းတာ ငါဘာလုပ်လုပ် ခွင့်လွှတ်ကြတယ်၊ဘယ်တော့မှ မငြိုငြင်ကြဘူး၊သူတို့က ငါ့ကိုသိပ်ချစ်တာ ငါဘယ်လောက်ဆိုးဆိုး သူတို့ ဘာမှမခံစားကြရဘူး မနာကျင်ကြဘူး ဆိုပြီး တဖက်လူရဲ့ ခံစားချက်တွေကို လျစ်လျူရှုပစ်တတ်ကြတယ်။

အဲဒီလို
သူတို့က. . .၊သူတို့က. . .၊သူတို့က. . .ဆိုတာတွေနဲ့
သူတို့ရဲ့ ချစ်ခင်မှုတွေ၊နားလည်မှုတွေ၊ယုံကြည်မှုတွေကို ကိုယ်ကချည်းပဲယူတယ်၊ပြန်ပေးရကောင်းမှန်းမသိတော့ဘူး။ဟိုက ဘယ်လိုခံစားနေရမလဲဆိုတဲ့ ကိုယ့်ခံစားချက်မဟုတ်တဲ့ သူတို့ခံစားချက်တွေကို တွေးမပေးတော့ဘူး။

သားရေးကွင်းလေးကို ပထမတကြိမ်ဆွဲကြည့်လို့
ပြတ်မသွားဘူးဆိုရင် အဲဒါဟာ ဘယ်တော့မှမပြတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။သူပြတ်သွားနိုင်မဲ့ အတိုင်းအတာအထိ မရောက်သေးဘူး ဆိုတဲ့သဘောပါ။

တခါတလေ
နာကျင်မှုဆိုတာ မရှိတာမဟုတ်ဘူး။
နာကျင်မှုဖြစ်ပေါ်တဲ့ဇုန်ကို မရောက်သေးတာပါ။

ပြီးတော့
ရေစက်လေး တစက် ငယ်ထိပ်ပေါ် ကျလာတာ
ဘာမှမပြောပလောက်ပေမဲ့
အဲဒီလို ရေစက်လေးတွေ ငယ်ထိပ်ပေါ် အချိန်အကြာကြီး တစက်စက်ကျနေရင် နာကျင်လွန်းမက သေတောင်သွားနိုင်တယ်မဟုတ်လား။

တခါတလေ
နာကျင်မှုအထမြောက်ဖို့ ပြင်းအားနဲ့မဆိုင်ဘဲ
အကြိမ်အရေအတွက်နဲ့ဆိုင်နေတတ်တယ်လေ။

အဲဒီလိုမျိုး ကိုယ့်ရဲ့လုပ်ရပ်တွေကြောင့် သူတို့ရဲ့ စိတ်ဟာ နာကျင်မှုဇုန်ထဲရောက်သွားတဲ့တ‌နေ့၊သူ့တို့စိတ်မှာ နာကျင်မှုအထမြောက်သွားတဲ့တနေ့ဆိုတာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ကို ရောက်လာမှာ။

အဲဒီအချိန်က ကိုယ် စ ပြီး နာကျင်ရမဲ့အချိန်ပဲ။

စကားလေးတခွန်းကြားဖူးတယ်။
"အချစ်ဆိုတာ သူကတော့ ငါ့ကို ချစ်နေတာပဲ၊
ငါဘယ်လိုနေနေ ရတယ်၊ငါဘာလုပ်လုပ်ရတယ်
ဆိုတာမျိုးမဟုတ်ဘူး"တဲ့။သူကတော့ အချစ်ကို ပဓာနထားပြီး ဥပမာ ပေးထားတာပေါ့။အဲဒါက အချစ်မှာတင်မဟုတ်ဘူး။စေတနာတွေ၊နားလည်မှုတွေ၊ယုံကြည်မှုတွေတွေမှာလည်း မှန်နေပါတယ်။

သူတို့မျက်ရည်‌တွေ ခန်းသွားတဲ့တနေ့ဟာ
ကိုယ်မျက်ရည် စ ကျ ရမဲ့နေ့ ဆိုတာလေးကို
သတိချပ်ပြီး ကိုယ့်အပေါ်သိပ်ကောင်းတဲ့သူတွေအပေါ်မှာ အရမ်းကြီးလူဝါးမဝမိဖို့ ကြိုးစားနေရပါတယ်။

𝐒𝐚𝐥𝐚𝐢 𝐍𝐚𝐲 𝐋𝐲𝐧𝐧
20/11/2020 ( 𝐅𝐫𝐢𝐝𝐚𝐲 )
9:52 AM

06/08/2024

မပြီးဆုံးနိုင်တဲ့အိပ်မက်တွေနောက်လိုက်ရင်းနဲ့
ကိုယ့်ကို မွေးဖွားတဲ့၊ကိုယ် လူတစ်လုံးသူတစ်လုံးဖြစ်လာတဲ့ အိမ် နဲ့ဝေးကွာသွားလိုက်တာ
ပြန်ပြီးတော့ကို မနီးနိုင်တော့ဘူး။

ပိုနီးဖို့ ကြိုးစားပြီးသွားနေတဲ့ နေရာက
ကျွန်တော်တို့ သတိမထားမိလိုက်ချိန်မှာ
ပိုဝေးသွားအောင် သွားမိနေတာမျိုးဖြစ်နေပြီးတော့ အရောက်သွားတဲ့ခရီးဟာ
ကျွန်တော်တို့မသိခင်မှာ အပြန်ခရီး
ဖြစ်နေတာပါလား။

သီတင်းကျွတ်ပိတ်ရက်တို့၊သင်္ကြန်ပိတ်ရက်တို့
မှာ ရွာပြန်သွားပြီဆို ရွာကလူတွေက
"အလည်ပြန်လာတာပေါ့"လို့ နှုတ်ဆက်ရင်
"ဪ. . .ကိုယ့်ရွာကို ပြန်တာတောင် ငါ့မှာ ဧည့်သည့်အထင်ခံနေပါကောလား"ဆိုပြီး စိတ်မကောင်းဖြစ်မိတယ်။

သေသေချာချာ တွေးမိတော့လည်း
တကယ်ခဏလေးပဲ
ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်ဆီကို၊တစ်နေရာရာဆီကို ဝင်ရောက်နိုင်တာမလို့
ဧည့်သည်ဖြစ်နေတာမျိုးဟာ ထူးပြီး ဝမ်းနည်းစရာလည်း မလိုပါဘူးလေ။

တစ်စုံတစ်ယောက်‌ဆီကနေ၊
တစ်နေရာရာကနေ၊ဒီကမ္ဘာကြီးကနေ
တစ်နေ့တော့ ကျွန်တော်တို့ ထွက်ခွာသွားရမှာပါပဲ။

တကယ်တော့
ကျွန်တော်တို့အကုန်လုံးဟာ ဧည့်သည်တွေပါပဲ။
ဧည့်သည်ဆိုတာ ယာယီခဏပဲ တည်းခိုခွင့်ရှိတာ။
အမြဲ နေချင်လို့မရသလို နေပိုင်ခွင့်လည်း မရှိဘူး
မဟုတ်လား။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

Photos from 𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏's post 04/08/2024

𝑺𝒉𝒂𝒓𝒊𝒏𝒈 𝑳𝒐𝒗𝒆 ဆိုတဲ့ အစီအစဉ်လေးကနေ
စာချစ်သူတွေဆီ စာအုပ် လက်ဆောင်ပို့ပေးနိုင်ခဲ့တာ ၂နှစ်ရှိခဲ့ပြီ။၂၀၂၂ ဩဂုတ်လကနေ ၂၀၂၄ ဇူလိုင်လအထိ ၁လ ၁အုပ်နှုန်းနဲ့ စုစုပေါင်း ၂၄အုပ်ပေါ့။

ကနဦး ၄လမှာဆို အိတ်ကလေးတွေပါ
ပေးနိုင်ခဲ့တယ်။ဘာလို့ လက်ဆောင်လေးတွေ ပေးတာလဲ ဆိုတော့ ဘာလို့မှ မဟုတ်ပါဘူး။ဒီအတိုင်း ပျော်စေချင်လို့ ပေးတာပါ။

စာအုပ်လက်ဆောင်ရသွားကြတဲ့သူတွေအတွက်
ဝမ်းသာသလို မရသေးတဲ့သူတွေလည်း အားမလျှော့ကြဘဲ ဆက်ပြီး ကံစမ်းကြပါလို့ အားပေးချင်ပါတယ်။ကံကောင်းခြင်းက တစ်နေ့တော့ တံခါးလာခေါက်မှာပါ။

ကျွန်တော် တတ်နိုင်တဲ့ကာလ တစ်ခုအထိတော့ ၁လ ၁အုပ်နှုန်းနဲ့ ဆက်ပြီး မျှဝေသွားမယ်လို့
ဆုံးဖြတ်ထားတာဖြစ်လို့ ခုနှစ်မှာလည်း ပါဝင်ချင်တယ်ဆိုရင် အောက်က 𝑳𝒊𝒏𝒌 ကနေသွားပြီး
𝑮𝒓𝒐𝒖𝒑 ကို ဝင် 𝑱𝒐𝒊𝒏 ကြဖို့ နှိုးဆော်ပါတယ်။

https://www.facebook.com/groups/396489892462527/?ref=share&mibextid=NSMWBT

မိတ်ဆွေ သူငယ်ချင်းအားလုံး
စိတ်သွားတိုင်း ကိုယ်ပါပြီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာကြပါစေ။
ရှင်သန်ရတဲ့ ဘဝခရီးမှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။တစ်ဦးနဲ့တစ်ဦး နားလည်ကြခြင်း၊ချစ်ခင်ကြခြင်းနဲ့
သာယာချမ်းမြေ့တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ကြပါစေဗျာ။🙏🙏🙏

Photos from 𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏's post 03/08/2024

Hello everyone 🤗
Facebook က ပုံတင်ခိုင်းနေလို့😜

03/08/2024

ပြတ်သားတဲ့သူတွေဟာ
သူတို့ပြတ်သားလိုက်တဲ့ အချိန်မှာပဲ
အဆုံးစွန်ထိနာကျင်ရမယ်။
အဆုံးစွန်ထိ မျက်နှာပျက်ရ
ကောင်းပျက်ရလိမ့်မယ်။

နောင်တော့ သူတို့ဘဝဟာ
နာကျင်မှုတွေ ကင်းဝေးပြီး လုံးဝ
လွတ်လပ်ပေါ့ပါးသွားတယ်။

မပြတ်သားတဲ့သူ တွေကျတော့
မျက်နှာ‌တော့ ပျက်ရချင်မှ ပျက်ရမယ်။
ဒါပေမဲ့ အမြဲတမ်း နာကျင်နေရပြီး
ဘဝဟာ လေးလံထိုင်းမှိုင်းနေရတတ်တယ်။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

01/08/2024

ကိုယ့်မေတ္တာနဲ့မထိုက်တန်တဲ့သူရယ်လို့
မရှိပါဘူး။ဒါပေမဲ့ ကိုယ့်မေတ္တာကို မလိုအပ်တဲ့သူကတော့ ရှိတယ်။

ဒီတော့
ရေများတဲ့ရပ်ဝန်းမှာ မိုးရွာနေတာထက်စာရင်
မိုးခေါင်ရပ်ဝန်းမှာ စိုစွတ်ရုံလေးပဲဖြစ်ဖြစ်
ရွာသွန်းလိုက်ပါ။

လူ့ဘဝက တိုတိုလေး။
ကိုယ့်မေတ္တာကြောင့် တပါးသူဘဝလေး စိမ်းလန်း
တာလေးကို တဒင်္ဂလောက် ငေးမောကြည့်နိုင်ခဲ့တယ်ဆိုရင်ပဲ လူဖြစ်ရတာ ထိုက်တန်ပါတယ်။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

26/07/2024

ကနဦးမှာ
မကောင်းတဲ့သီလနဲ့
သူတို့ရဲ့ ဓနအင်အားကို တောင့်တင်းအောင်လုပ်ကြတယ်။

ဓနအင်အားတောင့်တင်းလာတော့
သူ့တို့ရဲ့ မကောင်းတဲ့သီလကို
ဓနအင်အား အားကိုနဲ့ ပြန်ဖုံးပစ်ကြတယ်။

ဒီလိုပါပဲ. . .
လောကကြီးက
ကမောက်ကမကြီးရယ်ပါ။

အတည့်နေတဲ့သူတွေရဲ့ဘဝတွေက
ဇောက်ထိုးမိုးမျှော်တွေဖြစ်ပြီး
ဇောက်ထိုးမိုးမျှော်နေတဲ့သူတွေ့ရဲ့ဘဝတွေက
အတည့်တွေဖြစ်လို့။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

25/07/2024

ခွဲခွာခြင်းဆိုတာ
တကယ်တော့ ကျွန်တော်တို့နဲ့ နီးနီးလေးမှာပဲနော်။

ကျွန်တော်တို့ ဖျပ်ခနဲ ရိုက်လိုက်လို့ သေဆုံးသွားတဲ့ ခြင်တကောင်ရဲ့အဖြစ်အပျက်မျိုး၊
လေတိုက်လို့ ရော်ရွက်ကလေးတရွက် ကြွေကျတာမျိုးတွေဟာ ခွဲခွာခြင်းဖြစ်စဉ်တွေပါပဲ။

ကျွန်တော်တို့ သတိထားမိခြင်း သတိမထားမိခြင်း၊တုန်လှုပ်ခြင်း မတုန်လှုပ်ခြင်း ဆိုတာတွေကျတော့ အဲဒီအရာ၊အဲဒီအဖြစ်အပျက်တွေဟာ
ကျွန်တော်တို့စိတ်ရဲ့ ဘယ်အနက်လောက်ထိ
ဝင်ရောက်နေရာယူထားနိုင်သလဲ ဆိုတဲ့အပေါ်မူတည်မယ်ထင်တယ်။

ဆေးဖျန်းလိုက်လို့ သေသွားတဲ့ မြက်ပင်ကို
ကြည့်ပြီး ဘာမှ ထွေထွေထူးထူး
ခံစားနေရမှာမဟုတ်ပေမဲ့ ကိုယ်အမြတ်တနိုး
စိုက်ပျိုးပြုစုထားတဲ့ စံပယ်ပင်ကလေး သေသွားရင်တော့ ခွဲခွာခြင်းဆိုတာကို ကျွန်တော်တို့
နည်းနည်း သတိထားမိမှာပါ။

အဲဒီလိုပဲ
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ် အဲဒီခွဲခွာခြင်းဖြစ်စဉ်တွေဟာ ဖြစ်‌နေကြပါတယ်။

တချို့အဖြစ်အပျက်တွေမှာ ကိုယ်က ခွဲခွာတဲ့သူ
ဖြစ်ပြီးတော့ တချို့အဖြစ်အပျက်တွေမှာတော့ ကိုယ်က ခွဲခွာခြင်းခံရတဲ့သူပေါ့။

တကယ်တော့ ကျွန်တော်တို့ဟာ
အားလုံးကို နှုတ်ဆက်ရမဲ့ နေ့တနေ့
ဆီကို တဖြည်းဖြည်း ချင်းနင်းဝင်ရောက်နေကြတာပါ။

ကျွန်တော်တို့ ချစ်တဲ့သူတွေ ချစ်တဲ့အရာတွေ၊
ကျွန်တော်တို့ မုန်းတဲ့သူတွေ မုန်းတဲ့အရာတွေ၊
ကျွန်တော်တို့ လိုချင်တဲ့အရာတွေ မလိုချင်တဲ့အရာတွေ အားလုံးနဲ့ တနေ့မှာ ခွဲခွာကြရမှာပါ။

ခွဲခွာခြင်းဆိုတဲ့ဖြစ်စဉ်မှာ
ခွဲခွာသွားသူက နာကျင်ရလား၊
ကျန်ရစ်တဲ့သူက နာကျင်ရလားဆိုတာကိုတော့
ကျွန်တော် မသိပါဘူး။ကျွန်တော်သိတာကတော့
သံယောဇဉ်တွယ်မိတဲ့သူက နာကျင်ရတယ် ဆိုတာပါပဲ။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

16/07/2024

ဘဝမှာလေ အစစ်အမှန်တွေများ ရခဲ့ရင်
တန်ဖိုးထားတတ်ဖို့၊လွယ်လွယ်နဲ့ လက်မလွှတ်ဖို့
ကြိုးစားနေရတယ်

ဘာလို့လဲဆိုတော့ ဘဝဆိုတာ
ရတာတွေက အတုအယောင်တွေများပြီး
ဆုံးရှုံးသွားရတာတွေကတော့ အစစ်အမှန်တွေ
ဖြစ်နေတတ်လို့လေ

ပြီးတော့
ထူးဆန်းတာက အတုအယောင်တွေ
အများကြီးထဲမှာမှ နည်းပါးတဲ့အစစ်အမှန်
တွေကို ရွေးပြီး ဆုံးရှုံးရတာပဲ

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

19/06/2024

𝑯𝒂𝒑𝒑𝒚 79𝒕𝒉 𝒃𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑨𝒎𝒂𝒚 𝑺𝒖
နေကောင်းပါစေ🙏
မတရားသောအနှောင်အဖွဲ့များမှ အမြန်ဆုံးလွတ်မြောက်ပါစေ🙏

26/05/2024

Congratulations Nanda Ye Aung 👏🏾👏🏾👏🏾
100,000 တန် Giveaway မှာ ကံထူးပါတယ်
ဆက်သွယ်ရမဲ့ အမည်၊နေရပ်လိပ်စာအပြည့်အစုံနဲ့
ဖုန်းနံပါတ်တို့ကို Page ရဲ့ CB ကို လာပြောပေးပါခင်ဗျာ

ကံမထူးတဲ့ မိတ်ဆွေများလည်း စိတ်ဓာတ်မကျကြပါနဲ့ခင်ဗျာ
ကျွန်တော် လစဉ် စာအုပ်လက်ဆောင် ပေးနေကျ Sharing Love ဆိုတဲ့ အစီအစဉ်ရှိပါသေးတယ်
အဲဒီမှာ ဆက်ပြီး ကံစမ်းပေးကြပါနော်

Sharing Love အစီအစဉ်မှာ ပါဝင်ဖို့ အောက်က လင့်ထဲဝင်ပြီး ဂရုထဲ ဝင်ထားပေးကြပါခင်ဗျာ

https://www.facebook.com/groups/396489892462527/?ref=share&mibextid=NSMWBT

အားလုံးကို ကျေးဇူးတင်ပါတယ်

25/05/2024

𝐇𝐚𝐩𝐩𝐲 𝟐𝟕𝐭𝐡 𝐛𝐢𝐫𝐭𝐡𝐝𝐚𝐲 🎉🎂

Photos from 𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏's post 12/05/2024

📢📢📢 ၁၀၀,၀၀၀ ကျပ်တန် 𝑮𝒊𝒗𝒆𝒂𝒘𝒂𝒚

🛎️ မေ ၂၅ မှာ ကျရောက်မဲ့ ကျွန်တော့်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ စာဖတ်ရတာ ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ကို အခုပြထားတဲ့ စာအုပ်အထူလေးတွေ ခြောက်အုပ်ကို မဲဖောက်ပေးမှာ ဖြစ်ပါတယ်

🛎️ ဒီအစဉ်အစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်
တော့ အခု 𝑷𝒐𝒔𝒕 ကို သူငယ်ချင်း သုံးယောက်ကို
𝑻𝒂𝒈 တွဲပြီး 𝑷𝒖𝒃𝒍𝒊𝒄 နဲ့ 𝑺𝒉𝒂𝒓𝒆 ပေးရမှာ ဖြစ်ပါတယ်

🛎️ 𝑺𝒉𝒂𝒓𝒆 တဲ့အခါမှာ ရေးရမဲ့ 𝑪𝒂𝒑𝒕𝒊𝒐𝒏 ကတော့ "မိမိဘဝမှာ ဖတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်အကြောင်းအကျဉ်းချုပ် အညွှန်း"ပဲ ဖြစ်ပါတယ်(အကျဉ်းချုပ် ဆိုပေမဲ့ ရှည်လည်း ဘာမှ မဖြစ်ပါဘူး)

🛎️ ပြီးရင် 𝑺𝒉𝒂𝒓𝒆 ထားတဲ့ 𝑷𝒐𝒔𝒕 ကို 𝑺𝒄𝒓𝒆𝒆𝒏𝒔𝒉𝒐𝒕 ရိုက်ပြီး ဒီ 𝑷𝒐𝒔𝒕 မှာ 𝑪𝒐𝒎𝒎𝒆𝒏𝒕 လာ မန့်ပေးရပါမယ်

🛎️ ကျွန်တော်က နံပါတ်စဉ် တပ်ပေးပြီးတော့ မေ ၂၆ ရက်နေ့၊ည ၉:၀၀ မှာ 𝑹𝒂𝒏𝒅𝒐𝒎 𝑷𝒊𝒄𝒌𝒆𝒓 နဲ့ မဲနှိုက်ပြီး ကံထူးရှင်ကို ကြေငြာပေးပါမယ်၊ပြီးရင်တော့
စာအုပ်တွေကို ကံထူးရှင်ဆီ အိမ်အရောက် ပို့ပေးပါမယ်

📣 အပေါ်မှာ ပြောထားတဲ့ စည်းကမ်းချက်တွေနဲ့
ညီတဲ့ ဘယ်သူမဆို ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်

🙏 အထူးမေတ္တာရပ်ခံချင်တာကတော့
ကံထူးတဲ့သူအနေနဲ့ စာအုပ်တွေကို ဖတ်ပြီးသွားလို့
ထိန်းသိမ်းဖို့အခက်အခဲဖြစ်တဲ့အခါ ပြန်ရောင်းချတာမျိုးမလုပ်ဘဲနဲ့ မိမိပတ်ဝန်းကျင်မှာရှိတဲ့
စာချစ်သူတွေဆီ ပြန်လည်မျှဝေတာမျိုး၊နီးစပ်ရာစာကြည့်တိုက်မှာ ပြန်လှူတာမျိုး လုပ်ပေးစေချင်ပါတယ်

🙏 အားလုံး ကံကောင်းကြပါစေဗျာ

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

07/05/2024

ကျွန်တော်က သစ်ပင်‌တွေနဲ့စိမ်းနေတဲ့ တောင်တန်းမြင့်မြင့်တွေဆို သိပ်ကြိုက်တာ။

အဲဒါကြောင့်
တောင်တန်းတွေကို မြင်ရရင် ကျွန်တော့်ရင်မှာ
ဘယ်အရာမှန်းမသိတဲ့ တစ်ခုခုကို၊ဘယ်သူမှန်း
မသိတဲ့ တစ်စုံတစ်ယောက်ကို လွမ်းတတ်သလို
တစ်ဖက်မှာလည်း အဲဒါတွေကို အလွမ်းပြေနေတတ်ပြန်တယ်။တောင်တန်းတွေကိုမြင်ရရင် ခွန်အားသစ်တွေရပြီး ပျော်ရွှင်နေတတ်သလို နွမ်းလျလို့လည်း နေတတ်ပြန်တယ်။

အဲဒီလိုပါပဲ။ကျွန်တော်တို့ဟာ
ကိုယ်မြတ်နိုးရတဲ့သူတယောက်နဲ့
ပတ်သက်လာရင် ဖွင့်ပြမရအောင် ဝမ်းသာကြည်နူးခဲ့ဖူးသလို‌
ပြောပြမရအောင် ဝမ်းနည်းကြေကွဲဖူးကြပါတယ်။

အခြားသူတစ်ယာက်သာဖြစ်ရင် ဘာမှ မဟုတ်
လောက်တဲ့ ခံစားမှုဟာ
ကိုယ် ချစ်ခင်မြတ်နိုးရတဲ့သူသာဖြစ်နေရင်
ခံစားမှုက အထွတ်အထိပ် ရောက်နေတတ်တာမျိုးပါ။

ကြည်နူးစရာ အပြုအမူ အပြောအဆိုဆိုရင်
ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း ကြည်နူးရသလို
ဝမ်းနည်းစရာ အပြူအမူ အပြောအဆို ဆိုရင်လည်း
ကျွန်တော်တို့ အဆုံးစွန်ထိ ဝမ်းနည်းကြေကွဲကြရတာပါပဲ။

လူတွေကတော့ ပြောကြတယ်။
ဘဝမှာ တစ်ခုကို လိုချင်ရင် တစ်ခုကို
စွန့်လွှတ်ရတယ်တဲ့။

ဒါပေမဲ့ ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင်
တစ်ခါတလေ အဲဒီလိုမျိုး ဟုတ်မနေပါဘူး။
ဘဝမှာ တစ်ခုကိုလိုချင်တယ် နောက်ထပ် တစ်ခုကိုပါ ထပ်ရတာမျိုးပါ။

ဒါပေမဲ့ အဲဒီအရာ နှစ်ခုက ဆန့်ကျင်ဘက်တော့ ဖြစ်နေတတ်ပါတယ်။

နှစ်မျိုးစလုံးကိုတော့ ကျွန်တော်တို့ လက်ခံရပါမယ်။
ဘာဖြစ်လို့လဲ ဆို‌တော့ ကျွန်တော်တို့ တစ်ခုကိုရတာနဲ့
နောက်တစ်ခုကိုပါ အလိုအလျောက် ပိုင်ဆိုင်ပြီးသားဖြစ်နေလို့ပါ။

ဘဝမှာ ကျွန်တာ်တို့ အမြဲတမ်း နှစ်မျိုးကို ရတယ်။
ပြီးတော့ အဲဒီနှစ်မျိုးနဲ့ပတ်သက်လို့ အဆုံးစွန်ထိ
ခံစားမှုကိုလည်း
ဘဝမှာ ကိုယ်တကယ်
နှစ်နှစ်ကာကာ မြတ်နိုးတဲ့အရာတွေကသာ
ပေးစွမ်းနိုင်တာပါ။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

06/05/2024

ကိုယ့်မွေးလနဲ့
ကိုယ်အကြိုက်ဆုံးရာသီဥတု
တစ်ထပ်တည်းကျနေတာက
ဘဝမှာ ထူးခြားတဲ့ တိုက်ဆိုက်မှု တစ်ခုပါပဲ။

မေလ ရောက်လာပြီဆိုရင်
ဪ မကြာခင် ငါ အသက်တစ်နှစ် ထပ်ကြီးတော့မှာပါလားလို့ တွေးမိသလို
ငါအကြိုက်ဆုံး မိုးရာသီလည်း ရောက်ပါပေါ့လားလို့
တွေးမိရင်း တကယ် ကြည်နူးရတယ်။

မိုးသံလေသံတွေဟာ
ကိုယ့်အတွက်တော့ တကယ့်ကို ထူးကဲတဲ့
ဂီတသံတွေဖြစ်သလို မိုးစက်မိုးပေါက်လေးတွေ
ခုန်ဆင်းနေတာဟာလည်း ရှုမငြီးတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။

ပျင်းရိငြီးငွေ့စရာ ခြောက်ကပ်ကပ် နွေရှုခင်း၊
ပူလောင်အိုက်စပ်လှတဲ့ နွေအငွေ့အသက်တွေနေရာမှာ စိတ်ကြည်လင်လန်းဆန်းစရာ စိမ်းစိမ်းစိုစိုရှုခင်း
တွေ၊လေအဝှေ့မှာ ဘယ်ညာညိမ်းနွဲ့နေတဲ့ သစ်ပင်ပန်းမန်တွေ၊ဘဝင်အေးစရာ လတ်ဆတ်အေးမြလှတဲ့ လေပြည်ကလေးတွေ၊မိုးစက်မိုးပေါက်လေးတွေကအစားထိုးပစ်လိုက်လို့ နွေအကုန် မိုးအကူးကာလဟာ ကိုယ့်အတွက်တော့ ငရဲပြည်ကနေ
အရှင်လတ်လတ် နတ်ပြည်ရောက်သွားသလို ခံစားမိ
စေတယ်။

မိုးရာသီဟာ ကိုယ့်အတွက်တော့ လွမ်းစရာကိုလည်း နှစ်ဆလွမ်းရ အောင်ဖန်တီးနိုင်သလို
ပျော်စရာကိုလည်း နှစ်ဆတိုးတိုးပြီးပျော်ရ
အောင် လုပ်နိုင်စွမ်းတယ်။

မိုးရာသီကို ရော၊
မိုးရာသီနဲ့ပတ်သက်တဲ့အရာတွေကို
ရော ကျွန်တော် နှစ်နှစ်ကာကာ
မြတ်နိုးတယ်၊တန်ဖိုးထားတယ်။
မိုးရာသီကို ကျွန်တော် တကယ် ချစ်တယ်။

Salai Nay Lynn

05/05/2024

လောကအလယ်မှာ
တစ်ကိုယ်စာအတွက် ရုန်းကန်နေရတာတောင်
ဒီလောက် ခက်ခဲ‌‌ပင်ပန်းနေတာ
တစ်မိသားစုစာလုံးအတွက် နှစ်ပေါင်းများစွာ
လှုပ်ရှားရုန်းကန်ခဲ့ရတဲ့ ဖေဖေဆိုရင်
ဘယ်လောက်များ ပင်ပန်းလိုက်မလဲလို့
တွေးမိတိုင်း ဖေဖေ့ကို သိပ်သနားတာပဲ။

ပြီးတော့ လောကဆိုတဲ့
ဒီမာယာတောထဲက အမြှူအဆွယ်တွေအလယ်
လုံးဝယိမ်းယိုင်မသွားခဲ့ဘဲ
သူချစ်ရတဲ့ ဇနီး၊သူ့ရဲ့ကိုယ်ပွား သားသမီးတွေအတွက် မျက်နှာမငယ်၊သိက္ခာမကျရအောင်
တန်းတန်းမတ်မတ်ရပ်တည်နိုင်တဲ့
ဖေဖေ့ရဲ့ သီလ၊သမာဓိအားကိုလည်း
တကယ်လေးစားမိတယ်။

တစ်ခါတလေ လေးဖြူရဲ့ သီချင်းထဲကလို
"ဒုက္ခ‌တွေ အထည်အလဲတွေ့တဲ့အခါ၊အခြားသူမရှိဘူး ကျွန်တော့်အတွေးမှာ၊အမြဲမြင်ယောင် တမ်းတမိတယ်အဖေ"ဆိုသလို လောကဓံရဲ့ အထုအထောင်းဒဏ်တွေ ခံရရင် ဖေဖေ့ကို သိပ်သတိရတာပဲ။

ဒီဒဏ်တွေကို အဖေဆိုရင် ဘယ်လိုတွန်းလှန်ပြီး
ဘယ်လိုဖြေရှင်းမှာပါလိမ့်ဆိုပြီး သိချင်တယ်။

သေချာတာကတော့
ကိုယ့်လို အရုပ်ကြိုးပြတ် စိတ်ပျက်အားငယ်နေမှာမဟုတ်ဘူးဆိုတာကိုတော့ ရဲရဲကြီး ပြောရဲပါတယ်။

ဒီအချိန်မှာ ဖေဖေက
"သား၊ဖေဖေ့ဆီက ဘာတွေများ လိုချင်လဲ"လို့မေးရင်
"ဖေဖေ့ရဲ့သတ္တိမျိုးနဲ့ဖေဖေ့ရဲ့သမာဓိမျိုး လိုချင်ပါတယ်ဖေဖေ"လို့ ကျွန်တော်‌ ဖြေမိမယ် ထင်ပါတယ်။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

Photos from 𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏's post 02/05/2024

ဒီဝတ္ထုတိုလေးကို ၂၀၂၁၊ဩဂုတ်လလောက်မှာ
ကျွန်တော်ရေးခဲ့တာပါ။မရေးခင်ကလည်း ရေးသင့်ရဲ့လားလို့ ကျွန်တော် အကြိမ်ကြိမ်စဉ်းစားခဲ့ရပါတယ်။တကယ် ရေးပြီးသွား‌တော့လည်း အများဖတ်ဖို့ သင့်တော်ပါ့မလားဆိုပြီး အများကြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်ခဲ့ရပါတယ်။

အခုတော့ ကျွန်တော့်ရဲ့ မိတ်ဆွေတွေကို
ပေးဖတ်လိုက်ပါပြီ။

အကြောင်းအရာက နည်းနည်းတော့ ကြမ်းပေမဲ့
စကားလုံးတွေ နူးညံ့ညင်သာအောင်တော့
ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။

29/04/2024

သူနဲ့ကိုယ်က
ဟာလဝါနဲ့ပါပလာလိုပါပဲ
ဘယ်လိုမှ တွဲဖက်မညီခဲ့ဘူး
ဘယ်လိုမှလည်း မအပ်စပ်ခဲ့ဘူး

29/04/2024

တချို့သူတွေအတွက်
သူတို့ရဲ့ အိပ်မက်တွေက ဈေးမကြီးကြပါဘူး။
သူတို့ကိုယ်တိုင်က ဦးစားမ‌ပေးမိတာပဲရှိတာ။

အဲဒါကို သိတတ်မှု လို့ပဲ ခေါ်မလား၊
အနစ်နာခံတတ်မှုလို့ပဲ ခေါ်မလား။

တချို့သိတတ်တဲ့သူတွေအတွက်
အိပ်မက်တွေဟာ သိပ်ပြီး
အရေးပေးခံရလေ့မရှိကြပါဘူး။

ဒါပေမဲ့ သူတို့က
အဲဒီအတွက် ဂုဏ်မဆာကြသလို
နောင်တလည်း မရကြပါဘူး။
အဲဒါကိုပဲ ကျေနပ်ကြတာပါ။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

19/04/2024

အခုပျော်လိုက် အခုပဲဝမ်းနည်းလိုက်နဲ့
ရူးတူးတူးဖြစ်နေတဲ့ဘဝမှာ တခါတလေ ရူးဖော်ရူးဖက်လေးတယောက်လောက်တော့ ကျွန်တော်တို့ လိုအပ်ပါတယ်။

အဲဒီရူးဖော်ရူးဖက်ဟာ
ညီအစ်ကိုမောင်နှတွေထဲက ဖြစ်ဖြစ်၊
သူငယ်ချင်းမိတ်ဆွေတွေထဲကပဲဖြစ်ဖြစ်ပေါ့။

ဥပမာ တကြိမ်မှာ ကိုယ်က အတန်းမတက်ချင်လို့"သူငယ်ချင်းရေ ငါတို့ အတန်းလစ်ပြီး တနေရာရာသွားကြရအောင်၊ဒါမှဟုတ် တခုခုလုပ်ကြရအောင်"လို့ပြောတဲ့အခါ
"ဟာကွာ၊အတန်းလစ်တာက မကောင်းဘူး၊
မင်းစဉ်းစားကြည့်၊မိဘတွေက အပင်ပန်းခံ၊ငွေကြေးအကုန်ကျခံပြီး ကျောင်းထားပေးထားတာ ဒီလို ရူးကြောင်ကြောင်တွေ လုပ်ဖို့မဟုတ်ဘူး၊အချိန်မဖြုန်းချင်စမ်းပါနဲ့ငါ့ကောင်ရာ၊အချိန်တိုင်းကို တန်ဖိုးရှိရှိ အသုံးချစမ်းပါ"ဆိုပြီး တရားရှည်ကြီးတွေဟောနေမဲ့သူထက် "ဟုတ်လား၊ဒါဆိုလဲ ဘာကြာသလဲလို့၊လစ်ကြတာပေါ့ကွာ"ဆိုပြီး ကိုယ်က တလှမ်းလောက်လှမ်းရုံရှိသေး၊သူက ရောက်နေပြီဆိုတဲ့သူမျိုး။

ကိုယ်က"ဟေ့ကောင်၊ဟိုဘက်ခြံ သရက်ပင်က သရက်သီး သွားခိုးကြရအောင်ကွာ၊ငါ သရက်သီးစားချင်နေလို့"လို့ပြောတဲ့အခါ"မင်းကလဲကွာ၊ကိုယ်မပိုင်တဲ့သူများပစ္စည်းကို ဘာလို့ယူချင်နေတာလဲ၊ဒါက ဘုရားမကြိုက်တဲ့အလုပ်နော်၊ငရဲကြီးမှာ မင်းဘာမှတ်နေသလဲ"လို့ဆိုတဲ့သူထက်"အေး၊ငါလဲ စဉ်းစားနေတာ၊သွားကြမယ်ကွာ၊ငရဲ ပတဲ အင်းသယ် စကဲပေါ့ကွာ"ဆိုတဲ့သူမျိုး။

ပြီးတော့ ညပိုင်း ကမ်းနားဘက်တွေမှာ
ဆိုင်ကယ်ပတ်စီးတာမျိုးတို့၊အတွဲချောင်းတာမျိုး‌တို့ပေါ့။အမြဲတမ်းကြီးတော့မဟုတ်ဘူး။
တခါတလေပေါ့။

ကိုယ့်ကို အမြဲတမ်း လမ်းမှန်ရောက်အောင်
လမ်းညွှန်ပေးမဲ့သူ‌၊ကိုယ့်ကို လူတော်လူကောင်းတယောက်ဖြစ်အောင် ပဲ့ပြင်ဆုံးမမဲ့သူ‌တွေရှိနေတာဟာ ကိုယ့်အတွက် မင်္ဂလာတပါးပါပဲ။

ဒါပေမဲ့ တခါတလေ ကိုယ်ရူးတာကို
ပင့်ပေးမဲ့ ရူးဖော်ရူးဖက်မျိုး၊ကိုယ်ရူးသလို လိုက်ပြီးရူးမဲ့လူမျိုးကလည်း ကျွန်တော့်အတွက်လိုအပ်နေပြန်ပါတယ်။

ကျွန်တော်တို့အတည်တကျ လုပ်တဲ့အရာတွေက ကျွန်တော်တို့ဘဝတက်လမ်းအတွက် လိုအပ်တဲ့ အလုပ်ပြီးမြောက်မှုကိုဖြစ်စေပါတယ်။
ကျွန်တော်တို့ ပေါက်ကရ လုပ်တဲ့ အရာတွေကျပြန်တော့
ကျွန်တော်တို့ဘဝမှာ လိုအပ်တဲ့ ကြည်နူးစရာအမှတ်တရတွေကို ဖန်တီးပေးပါတယ်။

အဲသလို အမှတ်တရလေးတွေဖန်တီးဖို့
ပေါက်ကရအလုပ်တွေ အတူတူလုပ်မဲ့
ရူးဖော်ရူးဖက်မျိုး ကျွန်တော်တို့ဘဝမှာ
တယောက်တလေတော့ ရှိနေတတ်ပါတယ်။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏
13/11/2020 ( 𝑭𝒓𝒊𝒅𝒂𝒚 )
1:16 𝑷𝑴

17/04/2024

ရေနည်းတဲ့အရပ်မှာ မိုးရွာပြီး
‌ချမ်းအေးတဲ့အရပ်မှာ နေသာပါစေ

Videos (show all)

#နောင်ခလိုင်ရေဂူ #ဘားအံမြို့#ကရင်ပြည်နယ်
ဆူးလေစေတီတော်
တကယ်ကို လွမ်းစရာကောင်း⛰️🌳နွေနေ မတရားပူနေတော့ ရင်အေးအောင်လို့💙
မိမိတို့ သူငယ်ချင်းတစု လူစုံမှခရီးသွားရသောအခါ
ဗိုက်အဆီချချင်နေတဲ့မိတ်ဆွေတွေအတွက်လွယ်ကူတဲ့ ဗိုက်အဆီချနည်းလေးပါလွယ်လွယ်လေးဖြစ်လို့ လုပ်ကြည့်ကြပါ
တခါတလေ တိမ်တွေလိုပဲဦးတည်ရာမဲ့ လွင့်မျောနေချင်မိတယ်☁️ 🌨️💙

Telephone

Website