Hanuman-Herbal Health
Yangon/Mandalay_ (Hanuman-ဆေးကပ်ခွါနှင့်လိမ်းဆေး/ရှူဆေး) လက်လီ/လက်ကား
☎️09427447418☎️09891136813
ဒူးဆစ်ချဥ်ဆီအားနည်းခြင်း၊ဒူးဆစ်အရိုးပွ၊အရွတ်ရောင်
ဒူးဆစ်ကျီးပေါင်းအတက်ထွက်ခြင်းကြောင့် ဒူးနာနေသူများအတွက် အိမ်တွင်းဆေးစွမ်းတစ်လက်
***********************************************
#ဆေးပြုလုပ်နည်း
ချဉ်ပေါင်ရွက် လက်တစ်ဆုပ်လောက်ကို ရေနွေးဖျောလိုက်ပါ။
ပြီးရင်ဆုံထဲထည့် ညက်အောင်ထောင်းပါ။ဘလင်ဒါနဲ့ကြိတ်ရင်လည်းရပါတယ်။
ညက်နေတဲ့အခါ စေးကပ်နေလိမ့်မယ်။
ဒူးဆစ်အုပ်မိအောင် လိုအပ်ပါတယ်။
ညက်နေတဲ့ချဉ်ပေါင်ကို နနွင်းမှုန့်ဟင်းစားဇွန်းတစ်ဇွန်းနဲ့ရောသမအောင်နယ်ပါ စိမ်းဝါရောင် ပျစ်ပျစ်လေးဖြစ်အောင်နယ်။
ဒူးပေါ်မှာမထူမပါး ဖြန့်အုပ်လိမ်းပါ။
အပေါ်ကအဝတ်ခေါက် သို့မဟုတ် ဝါဂွမ်းအုပ်ပြီး (၆)လက္မပတ်တီးနဲ့ လုံအောင်စည်းထားပါ။
အေးလိုက်ပူလိုက်ဖြစ်လိမ့်မယ်။
စည်းချိန်(၆) နာရီထားပြီးရင်ဖြည်ပေးပါ။
တစ်နေ့တစ်ကြိမ်(၇) ရက်အထိစည်းပါ။
အရောင်ကျပြီး သက်သာသွားပါလိမ့်မယ်။
လေးစားစွာဖြင့်မူရင်း Credit
နှစ်ချီခါးကြောညှပ်ဝေဒနာခံစားနေရတဲ့ ခရမ်းမြို့မှအန်တီကြီးတစ်ယောက်နဲ့ခဏဆိုပြီးဝေဒနာအကြောင်းလေးပြန်ဆွေးနွေးပေးတာ နဲနဲလေးကြာသွားတယ်🥰
#ဒူးနာ ခြေနာ အဆစ်မြစ်နာ
#ဝေဒနာ ရှင်များအတွက်
======================
ရုံးပတေသီး ရေနွေးဖျော သောက်တာ
အခုဆို တစ်လပြည့်သွားပါပြီ။
အကျိုးအာနိသင်ကတော့
ဒူးနာတယ်
ခြေထောက်နာတယ်
ကြာကြာမရပ်နိုင်ဘူး
ကြာကြာလမ်းလျှောက်နိုင်ဘူး
ကြာကြာမထိုင်နိုင်ဘူး
ထလည်းနာ
ထိုင်လည်းနာ
တကျွတ်ကျွတ် အော်နေရတဲ့
ပါးစပ်က ရောင်ပြီးတောင် "နာတယ်"လို့
မထွက်လာတော့ဘူး။
အသက်ငါးဆယ်ကျော်ရင်
ရုံးပတေသီးကို မချစ်တောင်မှ
မုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။
ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့
အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။
ပေါင်းနိုင်သလောက်လည်း
ကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။
ဒီအသီးလေးက အရိုးအဆစ်နာကျင်
ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်း
ရှိတာကတော့ အလွန်ကို
အံ့သြသွားစေပါလိမ့်မယ်။
ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး
အဖုံးပါတဲ့ခွက်ထဲထည့်
ရေနွေးပူပူလောင်းထည့်ပြီး
အဖုံးပြန်အုပ်ထားပါ။
အေးသွားမှ
အရေလည်းသောက်
အဖတ်လည်းစားရမှာ ဖြစ်ပါတယ်။
အဓိကအရေးကြီးတဲ့အချက်က အစားအိမ်ထဲ အစာမရှိတဲ့အချိန်မှာ
စားရ သောက်ရမှာပါ။
တစ်ခါထဲ ကုန်အောင်မသောက်နိုင်ရင်
နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။
အစာအိမ်ထဲ
အစာမရှိချိန်သောက်ဖို့က
အဓိကဖြစ်တယ်ဆိုတာ လေးကိုတော့
မမေ့စေချင်ပါဘူး။
ဒူးနာ ခြေနာ အဆစ်မြစ်နာ
ဝေဒနာ ရှင်များအတွက်
ကျေးဇူးများတဲ့ ဒီအသီးလေးကို
ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲစားသုံး
ကြည့်ကြပါလို့ မေတ္တာဖြင့်
တိုက်တွန်းလိုက်ပါတယ်။
မိဘပြည်သူများအားလုံး...
ကျန်းမာခြင်းမဂ်လာနဲ့ပြည့်စုံကြပါစေကြောင်း..။
- မူရင်း
.
#အခါး ဓာတ်စာစားနည်း
■ ခွေးတောက်ရွက်စားရင် တနေ့လုံးမှ ၃ ရွက်မှ ၅ ရွက်သာစားပါ။
■ မဲဇလီရွက်ဟင်းချိုဆိုလျှင် ၁ ခွက် ။
■ ကနဖော့တို့စားမယ်ဆိုလျင် ၂ ပင်ခန့် ။
■ အခါး အပွင့်များသုပ်စားမယ်ဆိုလျှင် ၄ , ၅ ဇွန်းလောက်သာစားပါ။
■ အခါး စားတဲ့အခါ ကြော်မစားပါနဲ့ ပေါင်းစား ပြုတ်စား. နှပ်စား. သုပ်စား ဟင်းချို ချဉ်ရည်ဟင်း ချက်စားပါ။
■ ဖြစ်နိုင်မယ်ဆိုရင် မိမိနေ့စဉ်သုံးနေတဲ့ အသုံးအဆောင်တွေဖြစ်တဲ့ မျက်နာသစ်ခွက်
ခေါင်းအုံးစွပ် ထီး အဝတ်အစားတို့ကိုလဲ အပြာနုရောင် ၃ ရက် ရွှေအိုရောင် ၃ ရက်
အနီရင့် (ကြက်သွေးရောင် )၃ ရက်စီ လှည့်ပတ်သုံးပေးစေလိုပါတယ် ။
#ရာသီအလိုက်ကျန်းမာရေးဓာတ်စာ
ဆောင်းချဉ် - အချဉ်ဓာတ်ကဲသည့် အစားအစာ
နွေချို - အချိုဓာတ်ကဲသညိ့အစားအစာ
မိုးခါး. - အခါး ဓာတ်ပိုတာစား
ဥပမာ - ဆောင်းချဉ်
မန်ကျည်းဖျော်ရည်သောက်မယ်ဆိုရင် ထန်းလျက်လျော့ အချဉ်ဓာတ်ပိုများ။
#အာကာသဓာတ်လွန်သူများအတွက် အရေပြားပြုပြင်ရန်
■ အေးခါးစားပါ
မနက်ခင်းတွေမှာ အခါးစားပေးရမယ်
အေးခါးစားရင် အသင့်တော်ဆုံးပါ
ဥပမာ ~ အညွန့်ခါးတွေဖြစ်တဲ့ ခွေးတောက်ညွှန့် ပေါက်ပန်းဖြူညွှန့် မဲဇလီညွှန့်
ကနဖော့ညွှန့် ဧကရာဇ်ညွှန့် စတာတွေကိုစားပါ။
■ အချဉ်စားပါ
ညနေခင်းမှာ ချဉ်ရည်ဟင်း ၁ ခွက် သို့မဟုတ် ဒိန်ချဉ် မန်ကျည်းဖျော်ရည် ဇီးဖြူသီးကို ပြုတ်ပြီးမှ ထောင်းသုပ်စားမယ်ဆိုရင် အာကာသဓာတ်တွေ လျော့ပါးသွားပါလိမ့်မယ် ။
■ မည်သည့်ဆပ်ပြာသုံးမလဲ
မိမိခန္ဓာကိုယ် အပြင်ပိုင်းက အသားပို အသားတိုး ယားနာတို့ရှိနေရင် ရေချိုးတဲ့အခါလည်း ပြုပြင်နိုင်ပါတယ် ။
■ ရေချိုးဆပ်ပြာအနေနဲ့ မနက်အခါး ည အချဉ်ဓာတ်ကို အသုံးပြုပေးနိုင်ပါတယ် ။
■ မနက်ပိုင်းမှာ ရှားစောင်းလက်ပတ်ပါတဲ့ဆပ်ပြာကို အသုံးပြုပြီး ညနေပိုင်းမှာ
မန်ကျည်းသီးမှည့်ဆပ်ပြာကို အသုံးပြုပေးနိုင်ပါတယ် ။
နေ့စဉ်လုပ်ရင် အာကာသ ဓာတ်လွန်ရောဂါများ ပျောက်ကင်းသက်သာမည်။
Credit မခင်နီဝင်း
ပြန်လည်မျှဝေသည်။
အရိုးကျီးပေါင်း၊အသည်းခြောက်ခြင်းအတွက်
တောက်တဲ့လက်ဝါး
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ဇက်၌ ကျီးပေါင်းဖြစ်လာလျှင် ခေါင်းမူး၏ မျက်စိမှုံဝါး ဝါးဖြစ်လာ၏ အချို့မျက်စိ မျက် မှန်တပ်ကြ၏
ဇက်လေးခြင်း ဇက်ကြောတက်ခြင်းတို့ပိုများလာသောအခါဆရာဝန်ကိုပြကြည့်မှ ဇက်၌
အရိုးကျီးပေါင်းဖြစ်နေသည်ကိုသိရလေသည်။
ဆေးနည်းကို ကျွန်ုပ်မြန်မာသမားတော်တစ်ဦးထံမှသိရှိပြီး ဆေးကို
ရှာဖွေစုဆောင်းပြီးမှ ကျွန်ုပ်၏မိတ်ဆွေများနှင့်အခြားသောဂုတ်ကျီးပေါင်းဖြစ်နေသော
သူများအား ဆေးကို လှူတန်းလိုက်ရာ အားလုံးနေကောင်းသွားကြပြီး ကျေးဇူးလာတင်ကြလေသည်။
ထို့ကြောင့်ယင်းဆေးနည်းကို ဖေါ်ပြလိုက်ပါသည်။
ကုက္ကိုပင်စသောသစ်ပင်ကြီးများ၌ကပ်၍ပေါက်သောကပ်ပင်တစ်မျိုးမှာ
"တောက်တဲ့လက်ဝါးပင်"ဖြစ်ပြီးယင်းအပင်၏ဥကိုအသုံးပြုခြင်းဖြစ်သည်
။ရခိုင်အခေါ်မှာတစ္ဆေလက်ဝါး;ဘီလူးလက်ဝါးဟူ၍လဲခေါ်ကြသည်။
အသုံးပြုပုံ
၎င်းဥကိုယူပြီးအခွံအပွေးကိုဒါးငယ်နှင့်ခြစ်ပြီအထဲကအသားကိုSpirit
( အရက်ပျံ) သို့မဟုတ်ထုံးကြက်တက်ရည် ( ထုံးရည်ကြည်)
နှင့်ကျောက်ပျဉ်မှာသွေး၍ဂုတ်ပေါ်တွင်လိမ်းရသည်။
၂မျိုးစ လုံးအရည်နှင့် လည်းသွေးလိမ်း၍ရသည်။
တစ်လလောက်လိမ်းရုံနှင့်နေကောင်းသွားကြသည်သာဖြစ်၏။
အခြားသောအရိုးကျီးပေါ်င်းရောဂါတွင်လည်းကောင်း သည်စမ်းကြည့်ပါ။ ။
အသည်းခြောက် ဆီးရောဂါ နှင့် ကျောက်ကပ်မကောင်းသူများအတွက် အစွမ်းထက်တဲ့ဆေးနည်း
❤️🤍❤️🤍❤️🤍❤️🤍❤️🤍❤️🤍❤️
အသည်းခြောက် ၊ဆီးရောဂါ နှင့် ကျောက်ကပ်မကောင်းလျှင်
တောက်တဲ့လက်ဝါးလိုခေါ်တဲ့ ပရဆေးပင်လေး (အခေါ်လွဲနိုင်သည်) ကိုမြင်ဘူးကြမှာပါ
ဒီအပင်လေးကို ပြောင်အောင်ဆေးကြောသန့်စင်ပြီး နုတ်နုတ်စင်း ရေနွေးခတ်သောက်
သုံးခွက်တခွက်တင်ကြိုပြီးသောက်လည်းရတယ်
ကျောက်ကပ်နဲ့ပါတ်သက်တဲ့ရောဂါအဆုတ် အသည်းခြောက် ဆီးရောဂါနှလုံးရောဂါရှိသူများ
ပိုက်ဆံမကုန်ဘဲပျောက်ကင်းတဲ့ဆေးပင်လေးမျှဝေလိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ
အရဟံသမြားနီဆေးကြီး
#မြေအိုး နဲ့ချက်တဲ့ခါ...ရရှိလာမယ့် အကျိုးကျေးဇူးတွေကို...လူအများ သိ အောင် ဖော်ပြ ပေးလိုက်ပါတယ်
ဟင်းချက်ရာမှာအသား တွေကိုနူးအိပြီး အရသာရှိ စေပါတယ်
ရွှံ မြေဟာ လိုအပ်တဲ့သတ္တုဓာတ်တွေဖြစ်တဲ့..ကယ်လ်စီယမ်၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်....စတဲ့သတ္တုဓာတ်တွေကိုပေးစွမ်းပြီး ကျန်းမာ ရေးကိုလွန်စွာအ ထောက်အကူပြုပါတယ်
မြေအိုး တွေကအစိုဓာတ်ကို သူတို့ရဲ့သဘာဝကြောင့်စုပ်ယူနိုင်စွမ်းရှိပါတယ်..အစားအစာတွေကိုချက်ပြုတ်လိုက်တဲ့ခါအပူကိုလည်းဖြေးဖြေးချင်းလည်ပတ်တာမို့..အနံ့သင်းသင်းလေးနဲ့အာဟာရကိုလည်းထိန်းညှိပေးပါတယ်။
မြေအိုးနဲ့ အရိုးပြုတ်ရည်/စွပ်ပြုတ် (ကြက်ရိုး၊ဝက်ရိုး၊ဆိတ်ရိုး) ချက်ရင်လဲ မီးအေးအေးလေးတည်ထားတဲ့အတွက် ရိုးတွင်းခြင်ဆီထဲက အာဟာရတွေအကုန်ထွက်လာပြီး မြေအိုးရဲ့သဘာဝဂုဏ်သတ္တိနဲ့ပေါင်းစပ်လိုက်တော့ နူးနူးအိအိနဲ့ ကျန်းမာစေတဲ့အဖိုးတန်တဲ့စွပ်ပြုတ် လေးကိုသုံးဆောင်နိုင်မှာပါ။
အားလုံး ကိုယ်ရောစိတ်ပါကျန်းမာကြပါစေ!
*ဒီအသီးလေးအရင်ကစားဖူးပေမယ့်ဒီလောက်ဆေးဖတ်ဝင်မှန်းမသိခဲ့ဘူး
Friတွေကိုပြန်လည်မျှဝေပါတယ်
သပြုသီး ကိုဟင်းချက်စားပါ။
ငါးခူနဲ့သပြုသီးချက်စားပါ။
ကျောက်ကပ်နှလုံးကောင်းလာပါမည်။
ငါးရံ့ကင်ပြီး သပြုသီးကိုဟင်းချို ချက်စားပါ။
ဆီးချိုသက်သာပျောက်ကင်ပါသည်။
သပြုတ်သီးကိုပြုတ်ပြီး ငပိရည်နဲ့တိုးစားပါ။
နှလုံးအားကောင်လာပြီးဆီးရွင်လာပါမည်။
ဆီကျောက်တည်သူများအတွက်ဆေးနည်းကောင်းတစ်လက်
သပြုသီးအရွက်ကိုပြုတ်ပြီးသုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပ့ါ။
ဆီးကျောက်တည်သူများအတွက် ကျောက်တစ်ဖြည်းဖြည်းကြွေကျပြီး
သက်သာပျောက်ကင်ပါသည်။
သပြုသီးအခေါက်ကို ဝမ်ကိုက်သူများအတွက်ကျောက်ပျဉ်နဲ့သွေးပြီးဆားနဲ့ရောပြီးသောက်ပါ။ ဝမ်းကိုက်/ လိင်ခေါင်းရောဂါများအတွက်အထူသတင်းကောင်းဆေးနည်းကောင်း
တစ်လက်တင်ပြပါည်။
လေဖက်နားသမားအတွက်ဆေးနည်းကောင်း
သပြုသီးကို ဆားနဲ့ရောပြီးပြုတ်ပေါ ချွေးအောင်းပေးလိုက်ပါ။
"လေးဘက်နာ လက်တွေ့သက်သာတဲ့နည်းလေးပါ "
သပြုသီးနဲ့ဆားကို အချိုးတူပြုတ်ပြီးအငွေ့ခံ ချွေးအောင်း
ပေးလိုက်ပါ ။
တစ်ကိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးတွေထွက်လာပြီး
ရင် ရေချိုးပေးပါ ။
အစားရှောင်စရာမလိုအောင် သက်သာတယ် ။
ခြေစစ် လက်စစ် တွေလည်းမကိုက်တော့ပါဘူး။
သပြုသီး အပင် အရွက် အပွင့် အသီးများနှင့် ပြုတ်တိုးခြင်း/ ဟင်းချက်ခြင်း/ ဟင်းချိုချက်ခြင်း အသဲ ကျောက်ကပ် နှလုံး ကောင်းလာပါမည်
ပြန်လည်မျှဝေသည်။
ဆီးချိုသမားအတွက် အလွန်ဝမ်းမြောက်စရာ သတင်းကောင်း
ကြက်သွန်ဖြူ ရေစိမ်သောက်တာ
တော်တော်ကောင်းတယ်ပြန်ပြောကြတယ်။ တချို့ ဆီးချို ပုံမှန်ပြန်ဖြစ်လို့ ဝမ်းသာပြီ ဖုန်းဆက်ကျေးဇူးတင်ပြောကြတယ်။
အဲတုန်းက ကြက်သွန်ဖြူရည်က ညဘက်စိမ် မနက်သောက်ပါ၊
တညတစ်ခါ အသစ်စိမ်ပါ၊ ကြီးယင် ၃.၄ မွှာ
သေးယင် ၆.၇ မွှာလောက်ပါ။ တခြမ်းခြမ်းလို့လဲရသလို၊
သွားကြားထိုးတံ (သို့)ခရင်းဖြင့် ဖောက်ပြီစိမ်ယင်ပိုကောင်းပါတယ်။
အနဲဆုံးတညေတာ့စိမ်ပါ
အခုက မီးဖုတ်တာပါ အသုံးတတ်ယင်တော့ယူသုံးပါ မျှဝေတာပါ။
#နှာခဏခဏစီးနေသူများအတွက်
လန်ဒန်မှာပညာတော်သင်ရောက်နေတဲ့ဆရာဝန်လေး
တစ်ယောက်က နှာခဏခဏစီးနေလို့ ...
လန်ဒန်မှာနေတဲ့ဆရာဝန်ကြီးတစ်ယောက်အိမ်အလည်သွားရင်း
ဘာဆေး သောက်ရမလဲလို့မေးတဲ့အခါ ..
ဆရာဝန်ကြီးကသူဇနီးကို ငါစားနေကြဆေးလေး
လုပ်ခဲ့ပါဦးလို့ပြောလိုက်တဲ့အခါ ...
ခဏကြာတော့ ကြက်သွန်ဖြူမီးဖုတ်တွေ ပန်းကန်လေးနဲ့
ထည့်ယူလာပါတယ်။
အဲဒါစား ဘာဆေးမှသောက်စရာမလိုဘူးတဲ့
စားပြီးတဲ့နေ့ကစပြီး သက်သာသွားပါသတဲ့။
အခုလည်း နှာတစ်ချိန်လုံးစီးနေတဲ့သူကို ဒီနည်းပေးပြီး
စားခိုင်းတော့ သက်သာလို့ပါတဲ့ခင်ဗျာ။
credit
Khin Zaw
"ချောင်းဆိုး ရင်ကျပ်အတွက်"
နေ့စဉ်..ရက်ဆက်ချောင်းဆိုးရင်ကျပ်ဖြစ်နေတာရက်၂၀ကျော်နေပီ
ဖြစ်ခါစ တစ်ပါတ်လောက်အထိ..
နေ့တိုင်း.ဆေးခန်းသွားပြတယ်
မသက်သာဘူး..
လေပြွန်ရောင်တာနဲ့.ချောင်းဆိုးရင်ကျပ်
တွဲဖြစ်တော့..နေရဆိုး..ဆေးနည်းမျိုးစုံ.
၀ယ်သောက်ဒါလဲ.မပြောက်ဘူး..
ရက်၂၀ကျော်လာတော့.လူကြီးတွေက..
စိုးရိမ်လာလို့.အထူးကုနဲ့.ပြတော့.ဒီတိုင်းမဖြစ်ဘူး.ဆိုပြီး.ဆေးရုံသွားဖို့..စီစဉ်နေတုန်း..
အိမ်ကို.ရွာကဦးလေးအလည်ရောက်တာနဲ့ကြုံရော
ဦးလေးက.နေဦး ဆေးရုံမသွားသေးနဲ့ဦး သဘောင်္ရွက်ရေနွေးစိမ်သောက်ကြည့်စမ်း
ဆိုတာနဲ့ အာ့နေ့ တနေ့လုံး၀င်သလောက် သဘောင်္ရွက် ကို ရေနွေးစိမ်သောက်တာ ညကျ အိပ်နိုင်တယ် ဒါနဲ့ရောဂါ သက်သာတာပဲ ဆိုပြီး
နောက်ရက်တွေ ဆက်တိုက်သောက်ပေးတာ
၅ရက်လောက်နေတော့ ချောင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်းပြောက်သွားတယ်..
သဘောင်္ရွက်ကို အသုံးပြုပုံက. အရွက်စိုကိုပဲဖြစ်ဖြစ်အရွက်ခြောက်ကိုပဲ ဖြစ်ဖြစ် ခွက်ထဲ ထည့် အပေါ်ကနေရေနွေးပူပူကို လောင်းထဲ့ပြီး မပူမအေးလေးမှာ သောက်လို့ရပီ
သောက်ခါစမှာ.အရွက်စိမ်းစော် နံနေပေမဲ့ သုံးခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေသောက်နိုင်သွားပြီး...
ငွေမကုန်ပဲ ရောဂါ သက်သာစေတဲ့ ဆေးနည်းမို့.
ရောဂါတူသူများ..ရှိရင်.စမ်းသောက်ကြည့်စေချင်ပါတယ်.....
ကျန်းမာဝဖြိုး
အလှတိုးကျပါစေ.😃
ပြန်လည်မျှဝေပါသည်
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ
နေမကောင်းလို့ ဆေးသောက်လဲ မပျောက်ပဲ ညောင်းညာကိုက်ခဲနေတာ ယူပစ်သလို ပျောက်နည်း။
အိမ်တွင်း ကုထုံး တကယ်လက်တွေ့ ပါ
ပါဝင် ပစ္စည်း
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ လုံး
သံပုရာသီး ၂ လုံး
ဂျင်း ၂ တက်
ရှောက်ရွက်(သို့) သံပုရာရွက်
၁၀ ရွက် ၁၅ ရွက်ခန့်
အားလုံးကို အိုးတခုမှာ ရောပြီး
အိုးထဲ ရေတဝက်ကျော် ထည့်
ပြီးပြုတ်လိုက်ပါ။
ပွတ်ပွတ် ဆူလာတဲ့အခါ
အိုးကို ညီတဲ့နေရာမှာချ ဒူးထောင် ထိုင်ပြီး ၁၀ မိနစ်ခန့် စောင် ကို ခေါင်း မှ ခြေထိ
တကိုယ်လုံး ခြုံထားပါ။
မသုံးတဲ့ အိုးကို ခြေခွထိုင်ပီး
လုပ်ရင် ပိုကောင်းပါသည်။
ချွေးတွေ တစ်ကိုယ်လုံး
ရေလောင်းထားသလို ချွေးထွက်
လာပါမယ်။
တော်တော်ကို နေလို့ကောင်းသွားတယ်။ ညောင်းညာ ကိုက်ခဲတာ
အကုန်ပျောက်။
မသွန်ပစ်ပဲ ၅ ခါ ၆ ခါ လုပ်လို့
ရပါတယ်။
ပူအောင် ပြန်နွေးရမှာပါ
အဖျားပါ ပျောက်သွားတယ်။
ဆေးသောက်တာ ကြာပြီ
မပျောက်ဘူး
ခုမှ နေလို့ကောင်းသွားတော့တယ်။
Edit - ပြီးရင် Royal D လေး
တစ်ထုပ်လောက် သောက်ပါ။
Courtesy - NayYaung
မင်္ဂလာပါခင်ဗျာ ကျွန်တော့်ဆီကနေ Hanumanတိုင်းရင်းဆေးကို ကိုယ်တိုင်လာရောက်ဝယ်ယူတာဖြစ်ဖြစ် နယ်ကမှာယူသူဖြစ်ဖြစ် ဆေးအသုံးပြုနည်း မှန်ကန်/လွယ်ကူစေဖို့ ပထမဆုံးဝေဒနာအကြောင်းအရင်ဦးဆုံးဆွေးနွေးပေးပါတယ်ခင်ဗျ
ဆေးသုံးစွဲရမယ့်ပုံစံအသေးစိတ်နဲ့ဆေးပမာဏသေချာပြောပြပြီးမှသာလျှင် ဆေးသုံးစွဲနည်းအသေးစိတ်ဆေးညွှန်းထည့်ပေးတာပါ
ဒီဟာတွေအပြင် တစ်ချို့နာမလည်တာရှိရင် ဖုန်းဆက်ဆွေးနွေးဖို့အတွက် လိပ်စာကဒ်တွေကအစထည့်ပေးထားပါတယ်ခင်ဗျ
တစ်ခြားနေရာက ဆေးဝယ်ယူထားပြီး ဆေးသုံးစွဲနည်းမမှန်ကန်တာ EXP Dateကုန်တာ ဆေးမှာယူပြီးပစ္စည်းမရောက်တာတွေ စတဲ့အကြောင်းအရာတွေနဲ့ပက်သက်ပြီး မူရင်းဝယ်ခဲ့တဲ့နေရာမှာဆက်သွယ်မေးမြန်ပေးပါခင်ဗျ ကျွန်တော့်ဆီကတိုက်ရိုက်ဝယ်ယူထားတာမဟုတ်လို့ တာဝန်မယူပါဘူးခင်ဗျ
ကျွန်တော့် Customerများလဲ ခံစားနေရတဲ့ရောဂါဝေဒနာများ အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ🙏🙏
#အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ
အရိုး
●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။
ကြွက်သား
■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။
အကြော. အဆစ်.
●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။
အတွင်းကလီစာများ
▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။
▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။
▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။
▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။
နှလုံး
နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။
အသည်း
◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက်
အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)
ကျောက်ကပ်
¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ
သရက်ရွက်
◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး
သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် -
တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ
( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)
အူမကြီး
● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ
ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ
ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့
အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ
■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့်
ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။
အသက်ကြီးသူများလိုက်နာရန်
မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..
●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။
●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။
●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို
များများသောက်ပေးပါ။
●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ
မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး
သွားလာပါ။
●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို
လဲမကျအောင် တုတ်ကောက်
က အကူရသည်။
credit original
# ကျန်းမာရေး
mts
" ရှူဆေး "တွေအများကြီးသုံးဖူးတယ် ဒီရှူဆေးလေးရဲ့အနံ့နဲ့အာနိသင်ကိုပိုကြိုက်တယ်လို့ဆိုကတည်းက ကျေနပ်မိပြီး😍
ရှူဆေးရဲ့အာနိသင်အပိုင်းနဲ့ထုတ်ပိုးမူ့ပုံစံက လုံးဝအလန်းဇယားပဲ ခရီးဝေးသွားတဲ့အခါ ခေါင်းမူး/ခေါင်းနှောက်ဖြစ်တတ်တဲ့သူတွေအတွက်ပဲသုံးမလား? ကျီးပေါင်းကြောင့် ခေါင်းမူး/ခေါင်းကိုက်ဖြစ်တာတွေအတွက်ပဲသုံးမလား? နှာစေး/နှာပိတ်တာတွေအတွက်ပဲသုံးမလား?
ဒီလို၁ဗူးဆိုရင်အကြာကြီးလဲသုံးလို့ရပါတယ် လိုအပ်လိုမှာယူချင်ရင်တော့ လိပ်စာအပြည့်အစုံ ဖုန်းနံပါတ်လေးအောက်မှာပါပါတယ်ခင်ဗျ
ရှူဆေး1ဗူး-6900ကျပ်
10ဗူးဈေး-5900ကျပ်ပါ
အမှတ်225B ဝေပုလ္လ5လမ်း ဃ-ရပ်ကွက် မြောက်ဥက္ကလာ ရန်ကုန်
☎️09427447418
☎️09891136813
Mandalayလိပ်စာ 67A 108ထောင့် ☎️09266662027☎️09266662029
#ဒူးနာ_ခါးနာ_ကျီးပေါင်းဝေဒနာ
#ဂေါက်ရောဂါ_လေးဖက်နာ
#ခါးကြောညှပ်ခြင်း_တင်ပဆုံကြောညှပ်ခြင်း
ရုံးပတေသီး ရေနွေးဖျော် သောက်တာ
အခုဆို တစ်လပြည့်သွားပါပြီ။
အကျိုးအာနိသင်ကတော့
ဒူးနာတယ်
ခြေထောက်နာတယ်
ကြာကြာမရပ်နိုင်ဘူး
ကြာကြာလမ်းလျှောက်နိုင်ဘူး
ကြာကြာမထိုင်နိုင်ဘူး
ထလည်းနာ
ထိုင်လည်းနာ
တကျွတ်ကျွတ် အော်နေရတဲ့ ဟာတွေ
ပါးစပ်က ယောင်ပြီးတောင် "နာတယ်"လို့
မထွက်လာတော့ဘူး။
အသက်ငါးဆယ်ကျော်ရင်
ရုံးပတေသီးကို မချစ်တောင်မှ
မုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။
ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့
အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။
ပေါင်းနိုင်သလောက်လည်း
ကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။
ဒီအသီးလေးက အရိုးအဆစ်နာကျင်
ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်း
ရှိတာကတော့ အလွန်ကို
အံ့သြသွားစေပါလိမ့်မယ်။
ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး
အဖုံးပါတဲ့ခွက်ထဲထည့်
ရေနွေးပူပူလောင်းထည့်ပြီး
အဖုံးပြန်အုပ်ထားပါ။
အေးသွားမှ
အရေလည်းသောက်
အဖတ်လည်းစားရမှာ ဖြစ်ပါတယ်။
အဓိကအရေးကြီးတဲ့အချက်က
အစာအိမ်ထဲ အစာမရှိတဲ့အချိန်မှာ
စားရ သောက်ရမှာပါ။
တခါထဲ ကုန်အောင်မသောက်နိုင်ရင်
နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။
အစာအိမ်ထဲ
အစာမရှိချိန်သောက်ဖို့က
အဓိကဖြစ်တယ်ဆိုတာ လေးကိုတော့
မမေ့စေချင်ပါဘူး။
ဒူးနာ ခြေနာ အဆစ်မြစ်နာ
ဝေဒနာ ရှင်များအတွက်
ကျေးဇူးများတဲ့ ဒီအသီးလေးကို
ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲစားသုံး
ကြည့်ကြပါလို့ မေတ္တာဖြင့်
တိုက်တွန်းလိုက်ပါတယ်။
မိဘပြည်သူများအားလုံး...
ကျန်းမာခြင်းမဂ်လာနဲ့ပြည့်စုံကြပါစေကြောင်း..။
Credit - မူရင်း
အပူထုတ် ရေချိုးနည်း ။
လူတွေမှာ ငုပ်လှောင်အောင်းတဲ့ အပူတွေရှိပါတယ်။
ဒီအပူတွေကို ရေချိုးပြီးမထုတ်၇င် အန္တရာယ်ရှိပါတယ်။
အောင်းပူတွေကို စံနစ်တကျမထုတ်ဘဲ ကန်ထွက်စေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။
ဒါကြောင့်ရေချိုးနည်း မှန်ဖို့ လိုပါတယ်။
ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်းအတွက် အောင်းပူတွေ ထွက်စေမယ့် ( အနှိပ်မခံဘဲ )အပူထုတ်တဲ့နည်းကို ပြောပြပါ့မယ်။
၁ = ရေမချိုးခင် အပူထုတ်နည်း
မန်ကျည်းရေ ခပ်ကျဲကျဲ ခပ်ပါးပါးလေး ခန္ဓာကိုယ် တစ်ခုလုံးကို ပွတ်ပါ။
၂ = ဆားနည်းနည်းဖြင့် ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့၊ ညာခြေဖဝါးကို ဘယ်ဘက်လက်ဖဝါးနဲ့ အလျားလိုက် အကြိမ် ၅၀ - ခန့် ပွတ်ပါ။
၃ = ၁၀ - မိနစ်ကြာမှ ရေချိုးပါ။
၄ = ရေချိုးရာမှာ ရေကို ဝုန်းကနဲ တန်းမချိုးပါနဲ့၊ ခြေရေ လက်ရေကို ဖြစ်သလို စ မလောင်းပါနဲ့၊ ပေါင်အလယ်၊ လက်မောင်းအလယ်၊ အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ ပေါင်အလယ် လက်မောင်းအလယ်က စလောင်းပြီး အစွန်အဖျားတွေကိုလောင်းပါ။
ပြီးတော့ မျက်နှာသစ်မယ်။
တစ်ကိုယ်လုံးချိုးမယ်။
ဒီလို စိတ်ရှည် လက်ရှည်ချိုးပေးရင် အပူတွေ တစိမ့်စိမ့်ထွက်စေပါတယ်။
အထူးမှတ်သားရမှာက ဆားပွတ်ပြီး ရေချိုးပါ။
ရေမချိုးဖြစ်ဘဲ ဆားမပွတ်ပါနဲ့။
ည အခါညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။
ဒီလိုမဟုတ်ရင် မျက်စိနာတတ်တယ်၊ မျက်ဝတ်တွေ ထွက်တတ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေး ဆရာကြီးဦးရန်အောင်
Crd ___
မေတ္တာဖြင့်မျှဝေပါသည် ။
T T•
ဟိုရက်က ခါးကြောညှပ်ဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်အစ်မတစ်ယောက် လာပြောတယ် သူများတွေလေ့ကျင့်ခန်းလုပ်တာ ခါးကြောညှပ်တာပျောက်သွားတယ်ပြောလို့ ကျွန်မလဲ လေ့ကျင့်ခန်းပုံစံလေးမေးပြီးလုပ်လိုက်တာ ခုအိပ်ယာထဲကမထနိုင်အောင်ကိုက်နေလို့တဲ့😥
ဝေဒနာဖြစ်တဲ့အကြောင်းတရားတွေမတူညီကြသလို ခံစားနေရတဲ့ရောဂါလက္ခဏာပြင်းထန်နေလား မပြင်းထန်ဘူးလားဆိုတာတွေလဲကြည့်ရပါတယ်
ဒါကြောင့် လေ့ကျင့်ခန်းကလုပ်သင့်တဲ့သူတွေရှိသလို မလုပ်သင့်တဲ့သူလဲရှိတာမို့ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့တိုင်ပင်ပြီးမှလုပ်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်ခင်ဗျ
. #ရေချိုးခြင်းနဲ့ ခေါင်းလျော်တာ သတိထားရမည့်အချက်
အပူနာတွေကင်းအောင်.....
ရေချိုးတာ ခေါင်းလျော်တာ တခုသတိထားရမှာက ခေါင်းလျော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနဲ့
ရေချိုးပြီးမှ ခေါင်းလျော်ပါ
နောက်တချက်က ရေချိုးခါနီး ခြေဖဝါး ဆားပွတ်ပြီးမှ ရေချိုးပါလို့ ပြောချင်ပါတယ်
ဆားက ဘာလဲဆို အပူစုပ်တယ်
ရေခဲမုန့်လုပ်တဲ့ သူတွေဆိုရင် အပြင်မှာ ဆလင်ဒါကြီးတခု ရေခဲတွေ
အတွင်း စလင်ဒါကြီးတခု ထဲမှာတော့ ရေခဲမုန့်တွေပေါ့
ဆလင်ဒါဆိုတာ အိုးကြီး ၂ ခုပေါ့
အတွင်း ဆလင်ဒါကို ကလိကလှည့်နဲ့ လှည့်ပေးတဲ့အခါ ဆလင်ဒါ ၂ခုကြားကရေခဲတွေ
ချက်ခြင်းပျော်တာပေါ့
ပူတာကို
အဲဒီတော့ အဲဒီအပူကိုစုပ်နိုင်မှ ရေခဲချက်ခြင်း မပျော်မှာမို့ ရေခဲပေါ် ဆားလေးတင်လိုက်တယ်
ရေခဲပေါ် ဆားတင်လိုက်ရင် မပျော်တော့ဘူး
ထွက်သမျှ အပူ ဆားက စုပ်ယူတာကိုး
ရေကို တနေ့ကို သာမန်ဖန်ခွက် ၅ ခွက်ကနေ ၇ ခွက်အထိလောက်ကို သောက်မယ်
ရေကို စနစ်တကျချိုးမယ်
ရေကို ငုံမယ်ဆိုရင် အပူ အကြောင်းခံပြီး ဖြစ်နေကျ ရောဂါတွေ
ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်မှာပါလို့ ပြောကြားရင်း နိဂုံး ချုပ်ပါတယ်
အစာဝ , အနာကင်း , ဘယာရှင်းကြပါစေ
ဆရာကြီး ဦးရန်အောင်
Credit.
ပြန်လည်မျှဝေသည်။
ဟန်နုမာန်တိုင်းရင်းဆေးအသုံးပြုပြီး ဒူးနာဝေဒနာသက်သာလာတဲ့ မန်းလေးမြို့မှဦးလေးကြီး😍ဆေးလိမ်း ဆေးကပ်မလုပ်ခင်အချိန်က သောက်ဆေးစွဲသောက်ခဲ့ရလို့ခံစားခဲ့ရတာတွေလဲအသေးစိတ်ပြန်ပြောပြပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ခင်ဗျ
ဒူးကျီးပေါင်းတက်ခြင်း/ဒူးအရွှတ်ရောင်/ဂေါက်ရောဂါ/လေးဖက်နာ/ချဉ်ဆီခမ်းခြင်း/body weightကြောင့်ဒူးနာခြင်းစတဲ့ဝေဒနာများအတွက် ဆေးလိမ်း ဆေးကပ်အသုံးပြုရပါတယ်
တိုင်းရင်းဆေးဖြစ်သည့်အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူးနော် သောက်ဆေးရေရှည်စွဲသောက်ရလို့ အစာအိမ်ထိမှာ ကျောက်ကပ်ထိတာတွေမဖြစ်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့တိုင်းရင်းဆေးပါ
Hanumanတိုင်းရင်းဆေးကို ခုမှစသုံးမည့်ဝေဒနာရှင်များအနေဖြစ် ရောဂါဝေဒနာသက်သာဖို့ဆေးသုံးစွဲတဲ့အခါမှာ ဝေဒနာနဲ့ပက်သက်ပြီး အသေးစိတ်ဆွေးနွေးပြီးမှဝယ်ယူသုံးစွဲစေချင်ပါတယ်ခင်ဗျ
သောက်ဆေးမဟုတ်တဲ့အတွက် မိမိရဲ့ရောဂါဝေဒနာသက်သာဖို့အတွက် ဆေးလိမ်း ဆေးကပ်နည်းစနစ်မှန်ကန်မူ့ရှိဖို့နဲ့ရောဂါဝေဒနာအလိုက်သုံးစွဲရတဲ့ပုံစံ ဆေးပမာဏ မတူတဲ့အတွက် ဆေးပတ်လည်အောင်သုံးဖို့လိုပါတယ်ခင်ဗျ
ကျွန်တော့်နဲ့တိုက်ရိုက်ဝေဒနာအကြောင်းဆွေးနွေးပြီး ဝယ်ယူသုံးစွဲကြတဲ့ Customerတွေရဲ့ဆေးသုံးစွဲမူ့အပြီး ဝေဒနာသက်သာလာကြတဲ့ Reviewတွေကိုလဲ pageထဲမှာအများကြီးတင်ပေးထားပါတယ်ခင်ဗျ(ဝင်ရောက်လေ့လာနိုင်ပါတယ်)
ဝေဒနာအကြောင်း အသေးစိတ် ဖုန်းဆက်ဆွေးနွေးပြီးဝယ်ယူနိုင်သလို လူကိုယ်တိုင်လဲ လာရောက်ဆွေးနွေးပြီးမှ ဝယ်ယူနိုင်ပါတယ်ခင်ဗျ
👉👉ဈေးနှုန်းများ
✴️ကပ်ခွါ၁ဗူးမှာ ဆေးကပ်ခွါ၁၀ခုနဲ့ခြေစိမ်ဆေးတစ်ထုပ်ပါပါတယ် ဈေးနှုန်းက ၁၉၅၀၀ကျပ်ပါ(ရောဂါဝေဒနာအလိုက် သုံးစွဲရမယ့် ဆေးကပ်ခွါဗူးအရေအတွက်မတူပါ)
✴️20ml လိမ်းဆေး တစ်ဗူး ၁၉၅၀၀ကျပ်ပါ
#နာတာရှည်ဒူးနာဝေဒနာအတွက် ၂ပတ်ကနေ၁လဆက်တိုက် ဆေးလိမ်း ဆေးကပ်လုပ်ပါမယ်ခင်ဗျ
(10ဗူးနဲ့အထက်ဝယ်ယူသူတွေအတွက် လက်ကားဈေးသီးသန့်ရှိပါမယ်)
နယ်မှမှာယူလိုသောကျွန်တော့်မိတ်ဆွေများအနေဖြင့် Beexpress/Ninja Vanအမြန်ချောပို့ရောက်တဲ့မြို့ပေါင်း ၃၀၀ကျော်ကိုအိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်
အမြန်ချောပို့မရောက်တဲ့မြို့တွေကိုတော့ ငွေကြိုလွှဲစနစ်ဖြစ်သာ ကားဂိတ်ကနေတစ်ဆင့်ပို့ဆောင်ပေးပါတယ်
အိမ်မှာလာရောက်ဝယ်ယူချင်သူများ အမှတ်225B ဝေပုလ္လ5လမ်း ဃ-ရပ်ကွက် မြောက်ဥက္ကလာ ရန်ကုန်
☎️09427447418
☎️09891136813
Mandalay လိပ်စာ 67Aထောင့် 108လမ်း ☎️☎️09266662027☎️☎️09266662029ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်
#ဒူးနာ_ခါးနာ_ဂုတ်_ခါး_ဒူးကျီးပေါင်းတက်ခြင်း
#ခါးကြောညှပ်_တင်ပဆုံကြောညှပ်ခြင်း
(တစ်ချိန်ချိန် အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမှာ သိမ်းထားပါ)
၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။
၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်....အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။
၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။
၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။
၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။
၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။
၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။
၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။
၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။
၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။
၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။
၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။
၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။
၁၄။ အဝတ်မှင်စွန်းသော်...ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။
၁၅။ ကြမ်းပိုးရှိသော်.....ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။
၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။
၁၇။ ဟင်းများဆားငန်သော်...မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။
၁၈။ ကွမ်းသွေးစွန်းသော်....ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။
၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။
၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။
၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။
၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။
၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။
၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။
၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။
၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။
၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။
၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။
၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။
၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။
၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။
၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။
၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။
၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။
၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။
ToOriginalUploader
🇨🇭 (၈) နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက်တာ သက်သာပျောက်ကင်းသွားတဲ့ ဆိုတဲ့ ကိုယ်တွေ့ ဒူးနာပျောက် ဆေ:နည်း
မျှဝေပေးပါ ကုသိုလ်ရပါတယ်
ဒူးနာ ရင်ဘယ်လိုကုသရမလဲ?
-----------------------------------------------
မင်္ဂလာပါ လက်တွေ့လေးမို့ မျှဝေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။ မေမေ ခုထိ ဒူးနာတာ (၈) နှစ်ပါ။
အင်္ဂလိပ် မြန်မာ ဆေ:နည်းလည်းစုံနေတာပါ။ ပြောသမျှ ပျောက်နိုး ကောင်းနိုးရာရ လိုက်သုံးတာလည်းကြာ ခုထိလည်း မသက်သာ။
အခုတော့ ညစဉ် ဆေ:စည်းပြီး အိပ်တာ (၅) ရက်မှာ အတော်ကိုသိသာပြီး သက်သာလာပါတယ်။
ငွေလည်းမကုန် ဘေးထွက်ဆိုးကျိုးလည်း မရှိတာမို့ ဘာကြောင့်နာနာ စမ်းသုံးကြည့်ပါလို့။
💥ဆေးနည်း
===========
ဆေ:နည်းကတော့ လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ဆတူထောင်းပြီး နာနေတဲ့ ဒူးဂေါင်းမှာ စည်းပေးထားလိုက်ပါ။
မနက်မှာ ပြန်ခွာ နောက်ညမှာ စည်းအိပ်ရုံလေးပါဘဲ။ ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေလို့။
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်။
#ကျန်းမာ ပျော်ရွှင်ကြပါစေ •♥
အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများ
လူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွား၊ နေချင်သလိုနေခဲ့ပေမဲ့ ၄ဝ ပိုင်း ရောက်ပြီဆို သတိထားရပါတော့မယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘာလို့လဲ ဆိုတော့ ရှေ့လာမယ့် အသက်ကြီးပိုင်း အတွက် ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်လို့ ပါ။ ကားတစ်စီးနဲ့ နမူနာပြုပြောရရင် အ နှစ် ၄ဝ လုံးလုံး သုံးလာတဲ့ ကားဟာ ကား အိုစာရင်းထဲ ရောက်နေပါပြီ။
ဒါပေမဲ့ စနစ်တကျနဲ့ ပြင်ဆင်မွမ်းမံတာမျိုး အမြဲ လိုလုပ်ပေးရင်တော့ ကားသစ်တွေနဲ့ ယှဉ် နိုင်သေးတာပေါ့။ (ကားအို၊ ကားဟောင်း တွေကိုတော့ အခုနေခါမှာ ပြန်အပ်နေရ ပါတယ်) လူကျတော့ ပြန်အပ်လို့ မရဘူး။ စလစ်အသစ်ထုတ် လုပ်လည်း မရဘူး။ Overhaul လုပ်လို့လည်း မရဘူး။ နှစ် ၄ဝ လုံးလုံး စားသောက်နေလာခဲ့တာ။ အဆိုး တွေရော၊ အကောင်းတွေရော သင့်တာရော၊ မသင်တာရော အစုံပဲ။ ကံကောင်း ထောက်မလို့ ကြီးကြီးကျယ်ကျယ် ထွေ ထွေထူးထူး ရောဂါကြီးတွေ မဖြစ်ခဲ့တာ။
ဒီတော့ ၄ဝ ရောက်ပြီဆိုတာနဲ့ လူငယ် တုန်းကလို မဆင်မခြင် လုပ်လို့ မရတော့ ပါဘူး။ ရှေ့လာမယ့် အသက်အပိုင်းအခြား အတွက် ဆင်ခြင်ပြင်ဆင်ရမယ်။
ကနေ့ ကမ္ဘာအဝှမ်း ကြည့်ကြည့်ပါ။ ၄ဝ ရောက်လာတဲ့တိုင် ဆင်ခြင်မပြင်ဆင် တာတွေ မရှိကြလို့ ၄ဝ နဲ့ ၆ဝ အရွယ်တွေ ရောဂါအထူဆုံး၊ အသေအများဆုံး ဖြစ် နေကြတယ်။
၄ဝ ဝန်းကျင် လူလတ်ပိုင်းတွေမှာ ဆိုရင် နှလုံးသွေးကြော အဆီပိတ်တာ၊ သွေးတိုး၊ သွေးချို၊ အသည်းအဆီဖုံး၊ သည်းခြေအိတ် ကျောက်တည်တာတွေ၊ အစာအိမ်ရောဂါတွေ၊ ကျောက်ကပ် ကျောက်တည်တာ၊ အဆစ်အမြစ်ရောင် ရောဂါတွေ အဖြစ်များကြတယ်။
ကင်ဆာ ရောဂါတွေကြောင့် သေတာလည်းများ တယ်။ ဒါကြောင့် သန်တုန်း၊ မြန်တုန်း ၄ဝ ဝန်းကျင် လူလတ်ပိုင်းကတည်းက ပြောခဲ့တဲ့ ရောဂါမျိုးတွေ မဖြစ်အောင် ကာကွယ်ရတယ်။ တားရမယ်။
ကာကွယ်မယ်၊ တားမယ်ဆိုပြီး ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ မဖြစ်ဘူး။ ဗဟု သုတ (Knowledge) တွေ ရှိရမယ်။ လေ့ လာရမယ်။ သဘောထား ခံယူချက် (Attitude) တွေ ပြင်ရမယ်။ ပြောင်းရ မယ်။ မှားနေတဲ့ အယူအဆ အတွေး အခေါ်တွေ ပြင်ရမှာ။ Attitude ပြောင်းပြီး ပြီဆိုရင်လည်း တကယ်လက်တွေ့ကျကျ လုပ်ဆောင်ရမယ်။ ကောင်းတဲ့ အမူအ ကျင့်စရိုက်တွေအဖြစ် Pratice လက်တွေ့ ကျင့်ဆောင်ရမယ်။
ငယ်ငယ်တုန်းက ကြိုက်တာတွေ အကုန်လုံး စားချင်သလို စားခဲ့တယ်။ ည ဘက်ဆိုလည်း မအိပ်ဘူး။ ကဲချင်တာတွေ ကဲခဲ့ကြတယ်။ အရက်ဆိုလည်း မူးအောင် သောက်ရမှ ကျေနပ်တယ်။ မမူးရင်တောင် အမူးပြိုင်ကြသေးတယ်။ အားကစားလည်း လုပ်ချင်မှ လုပ်တယ်။ မလုပ်တာ များပါ တယ်။ လုပ်ရကောင်းမှန်းလည်း မသိဘူး။ ဝါသနာပါတဲ့သူတွေကတော့ လုပ်ကြ
တယ်။ လုပ်တဲ့သူတွေ ကျတော့လည်း အပြင်းအထန်လုပ်ကြတာ။ နည်းစနစ်တွေ မရှိဘူး။ အပျော်အပါးဆိုလည်း ပွဲတိုင်း ကျော် မလွတ်စေရဘူး။ အန္တရာယ်ရှိတဲ့ ဆိုင်ကယ်စတန့်တွေ၊ ကားစတန့်တွေဆို လည်း လုပ်ခဲ့ကြတယ်။ အခုတော့ ဒါတွေ ...ဒါတွေ ...ပြီးခဲ့ပါပြီ ...ပြီးခဲ့ပါပြီ ဆိုပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ ြ>ွခင်း ချက်အနေနဲ့ မမေ့နိုင်စရာ မမေ့ရက် နိုင်သူ၊ ဒါ မျိုးလေးတွေတော့ ရှိပါလိမ့် မယ်။
၄ဝ အရွယ်ရောက်ပြီဆိုတာနဲ့ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးတွေ အဓိကစားရ မယ်။ ဒါမှ ကိုယ့်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေရပြီး ရော ဂါဘယတွေ ကာကွယ်နိုင်မယ်။ သဘာဝ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးသီးတွေထဲမှာ ရောဂါတွေကို ကာ ကွယ်နိုင်၊ တိုက်ဖျက်နိုင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေ ပါတယ် လေ။ အဲဒါတွေသာ မှန်မှန်စားရင် ဘယ် အားဆေး၊ ထိုးဆေးမှ မလိုဘူး။ နှာစေး၊ ချောင်းဆိုးတောင် ဖြစ်ခဲတယ်။ အဲ တစ်ခု တော့ ရှိတယ်။ အဲဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ဓာတုဆေးဝါး သုံးတာတွေ ကင်းဖို့တော့ အရေးကြီးတယ်။
သဘာဝ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းတွေ ပါတယ်။ အဲဒီဓာတ်တွေ ဟာ ခန္ဓာကိုယ်ထဲက ရောဂါဖြစ်နိုင်တဲ့ ကလာပ်စည်း (ဆဲလ်) တွေကို ရောဂါမ ဖြစ်အောင် ကာကွယ်တိုက်ဖျက်ပေးတဲ့ အစွမ်းတွေ ရှိတယ်။ ဒါကြောင့် လူလတ် ပိုင်းအရွယ်ကတည်းက ရောဂါတွေ မဖြစ် အောင် နေ့တိုင်း၊ အစာစားတိုင်း ဟင်းသီး ဟင်းရွက်တွေ စားပေးရမယ်။ အစာစား ပြီး တိုင်းလည်း အရည်ရွှမ်းတဲ့ သစ်သီး တစ်မျိုးမျိုး၊ ဒါမှမဟုတ် ဖျော်ရည်တစ်မျိုး မျိုး စားရမယ်။ သောက်ရမယ်။ အခုဖြစ် နေကြတာက ထမင်းစားပြီး ပြီဆိုရင် အချိုပွဲ တည်းနေကြတယ်။ အဲဒါလွဲနေတယ်။ တကယ်က သဘာဝသစ်သီးချဉ် ဒါမဟုတ် ဖျော်ရည်တစ်မျိူးမျိုး တည်းရမှာ။ အလှူ မင်္ဂလာပွဲတွေမှာဆို ထမင်းစားပြီး အချိုပွဲ တည်းကြတာ ထုံးစံဖြစ်နေပြီ။ တကယ်ဆို အချဉ်ပွဲတည်းရမှာ။
၄ဝ လူလတ်ပိုင်းအရွယ် ရောက်လာ ရင် ငယ်ငယ်တုန်းကလို အများကြီး မစား သင့်တော့ဘူး။ လျှော့စားရမယ်။ ဗိုက်ထဲ က အစာခြေအင်္ဂါအစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ခဲ့ရတာ မို့ ပင်ပန်းနေကြပြီ။ နောက်တစ်ခုက အစာအများကြီး စားရင် နှလုံးကလည်း အလုပ်ပိုလုပ်ရတယ်။ ဒါကြောင့် အစာ စားရင် နှလုံးလည်း သက်သာ၊ ကိုယ်တွင်း က အစိတ်အပိုင်းတွေလည်း သက်သာ အောင် ညှာတဲ့ အနေနဲ့ ဗိုက်တင်းအောင် မစားပါနဲ့။ လျှော့စားပါ။ (မှတ်ချက်... ပုဆိုး လျှော့စားခိုင်းခြင်းမဟုတ်ပါ။ အစာ ပမာဏ လျှော့စားရန် ဆိုလိုခြင်း ဖြစ်ပါသည်။)
ကျွန်တော်တို့တစ်တွေဟာ ထမင်းကို အားပြုစားကြပါတယ်။ ဒါကြောင့်မို့လည်း ထမင်းကို မြန်မာတို့ရဲ့ ှStaple Foodသသိ လို့ တောင်းဆိုထားတယ်။ ထမင်းစားရမှ တင်းတိမ် ကျေနပ်ကြပါတယ်။ စားရင် လည်း ဗိုက်ကားအောင် စားတတ်ကြပါ တယ်။ ထမင်းဟာ ကစီဓာတ် (Carbohydrate) ဖြစ်တဲ့ ကစီဓာတ်တွေ များပြီး လူလတ်ပိုင်းတွေ ဆီးချိုဖြစ်ကြတာ။ မြန်မာပြည်မှာတော့ ထမင်းအစားများလို့ ဆီးချိုဖြစ်ကြတာပါ။ မဖြစ်ရိုးလား။ တစ် နေ့ကို ထမင်း ၃ နပ်စားတယ်။ တစ်ခါစား ရင်လည်း နှစ်ပန်းကန်၊ သုံးပန်းကန် စားကြတာဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေ များပြီး ဆီးချိုဖြစ်ကုန်ကြတာပေါ့။ ဒါကြောင့် လူလတ်ပိုင်းတွေ အချိုစားတာ ထိန်းဖို့လိုပါတယ်။
သကြားလုံးဝ ရှောင် နိုင်ရင် ကောင်းပါတယ်။ အခြားအချိုစာ တွေလည်း အတတ်နိုင်ဆုံး ရှောင်ရပါ မယ်။ တစ်သက်လုံး စားခဲ့ပြီးပြီပဲ။
ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ စားပါလို့ ပြောခဲ့တော့ သတ်သတ်လွတ် စားခိုင်းတာမဟုတ်ပါဘူး။ အလေးပေး စားဖို့၊ ဦးစားပေးစားဖို့ ပြောတာပါ။ အသားငါးတွေလည်း စားရမှာပါ။ ကိုယ်ခံ စွမ်းအား ဖြည့်ဖို့အတွက် အသားဓာတ် လည်း လိုပါတယ်။ အသားစားတဲ့ အခါ မှာတော့ အဆီ၊ အခေါက်တွေ ရှောင်ရပါ မယ်။ အသားချည်းသက်သက် စားရ မယ်။ ငါးကိုတော့ အဆီရော၊ အသားရော စားလို့ ရတယ်။ ငါးဆီကျတော့ အဆိုးမ ဖြစ်ပါဘူ။ အကျိုးပြုပါတယ်။
နောက်ပြီး လူလတ်ပိုင်းတွေ မလုပ် သင်တော့တဲ့ အရာတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ ဆေးလိပ်သောက်တာနဲ့ အရက် သောက်တာပါဘဲ။ဆေးလိပ်သောက် တတ်ရင်လည်း ဖြတ်ပါ။ အရက်သောက် တတ်ရင်လည်း ဖြတ်ပါ။ ချက်ခြင်းကြီး မဖြစ်နိုင်ရင်လည်း ဖြည်းဖြည်းခြင်း ဖြတ် ပါ။
မလုပ်သင့်တာတွေ ဖြတ်ပြီးတော့ မ ဖြစ်မနေ လုပ်သင့်တာကတော့ ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမှာပါ။ လေ့ကျင့်ခန်းတွေ အားကစားတွေ ပြင်း ပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ပါးပါး အားကစားတွေ ပြင်းပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး အားကစားတစ်မျိုးမျိုးပေါ့။ ကြက် တောင်ရိုက်တာ၊ ပင်ပေါင် ရိုက်တာ (စားပွဲတင်တင်းနစ်)၊ ရေကူးတာ၊ ကာယ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ရပါ မယ်။ လေကောင်းလေသန့်ရတဲ့ နေရာ တွေမှာ လမ်းသွက်သွက်လျှောက်တာ၊ ရွ ရွလေး ပြေးတာမျိုး လုပ်ရင်လည်း ကောင်းပါတယ်။
ရောဂါတွေ မဖြစ်အောင် ကာကွယ် တဲ့ အနေနဲ့ အစာလည်းဆေး၊ ဆေးလည်း အစာ ဖြစ်တဲ့ အစားအစာတွေလည်း မကြာမခဏစားရပါမယ်။ နေ့တိုင်းလည်း စားနိုင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံး ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုး ရောဂါတွေ မဖြစ်အောင် ကြက်သွန်ဖြု၊ ကြက်သွန်နီစားရမယ်။ ကင်ဆာတွေ မဖြစ်အောင် သင်္ဘောရွက်၊ ရဲယိုရွက်တွေ စားရမယ်။ ကျောက်တည်တာတွေ မဖြစ် အောင် ကျော်ကဖရုံသီးစားရမယ်။ ကိုယ် ထဲက အဆိပ်အတောက်တွေ ထုတ်တဲ့ အနေနဲ့ ကန်စွန်းနီစားရမယ်။ သွေးထဲမှာ အဆီဓာတ်တွေ ရှင်းအောင် ကြက်နားရွက် မှိုအနက် စားပေးရမယ်။ အသက်ရှည်စေ တဲ့ မြင်းခွာရွက် စားရမယ်။
အသက် ၄ဝ ပြည့်တော့မယ့် သူတွေ အတွက်လည်း စကားလက်ဆောင်ပါး လိုက်ပါတယ်။
အသက် ၄ဝ ပြည့်တဲ့ နေမှာ နွားနို့စစ်စစ် တစ်ပိဿာတိတိ သောက်ပါ။ တစ်ပိဿာကျော်လည်း ရပါ တယ်။ သောက်နိုင်သလောက်သောက်ပါ။ ဘာကြောင့် လဲဆိုတော့ အမေ့နို့ဟာ အသက် ၄ဝ အထိဘဲ စွမ်းအားပေးနိုင်ပါ တယ်။ အသက် ၄ဝ နောက်ပိုင်းကစလို့ စွမ်းအားတွေ ဆက်ရဖို့အတွက် သတိပြု တဲ့ အနေနဲ့ နွားနို့သောက်စေတာ ဖြစ်ပါ တယ်။တကယ်လည်း အသက် ၄ဝ နောက်ပိုင်းမှာ နို့ကို နေ့စဉ်သောက်သင့် ပါတယ်။ ကယ်စီယမ်ဓာတ် ဖြည့်ပြီးသား ဖြစ်တာပေါ့။
အမျိုးသမီးတွေဆို ပိုလို့ တောင့် သောက်သင့်သေးတယ်။ အရိုးပွ ရောဂါ ကာကွယ်ပြီးသားဖြစ်တာပေါ့။
ဘဝရဲ့ ကောင်းဆုံးအချိန် လူလတ် ပိုင်းအရွယ်တွေဟာ ဘဝမှာအောင်မြင်ချိန် အကောင်းဆုံးအချိန်ဖြစ်ပေမယ့် ကျန်းမာ ရေးအတွက် လစ်လျူရှုကြတာကြောင့် စောစောစီးစီး သေနေကြတယ်။ သားသ မီးတွေဆိုလည်း မိတဆိုး၊ ဖတဆိုးဖြစ်လို ဖြစ်၊ မိန်းမတွေလည်း မုဆိုးမ ဖြစ်ရ၊ ယောက်ျားလည်း မုဆိုးဖိုဖြစ်ရ၊ မိအို ဖအို တွေဆိုလည်း သားသမီးတွေ ဆုံးရှုံးရနဲ့ ကျန်းမာရေး အလေးပေး သတိချပ်ကြပါ။
Credit
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Address
Yangon