Khun Zaw Gyi

Khun Zaw Gyi

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khun Zaw Gyi, Grocers, Yangon.

12/02/2023

တခါတလေရှံးသွားတဲ့အခါမျိုးတွေမှာတောင် သူက ဒါကိုပြောင်းလဲဖို့ လေ့ကျင်ချိန်ပိုတင်းကြပ်စွာလုပ် သလို အဖြေလဲရှာတတ်ပါတယ်။

ဗီဒစ်မှ နည်းပြတန်ဟတ်အပေါ် မှတ်ချက်။

"တန်ဟတ်က ကစားသမားတဦးတယောက်ကိုမှီခို
တာထက် အသင်းလိုက် ပိုကစားတာကို ကွင်းထဲမှာ မြင်နိုင်ပါတယ်။ပွဲစဥ်တချို့မှာကျွန်တော်တို့ ရှုံးသွားတယ်လို့ထင်ပေမယ့်သူကဒါကို ပြောင်းလဲနေတယ်။ ကောင်းမွန်တဲ့ တန်ဖိုးတွေပါ။ အဲရစ်တန်ဟက်က ကစားသမားတွေကို ပိုကောင်းအောင်လုပ်ပေးတယ်။ သူက နည်းပြကောင်းတစ်ယောက်ပါ၊ အဲဒါက အရမ်းအရေးကြီးတယ်။ သူက သူတို့နဲ့အတူ ကွင်းထဲမှာ တစ်ချိန်လုံး အလုပ်လုပ်တယ်။ သူက ရေရှည်အမြင်ရှိတယ်။ သူက ကျွန်တော့်ကိုအရင်ကယူနိုက်တက်လိုယုံကြည်မှုမျိုးပေးတယ်။ ကစားသ မားရော ပရိသတ်ရော သူဘာလုပ်နေတယ်ဆိုတာ သိပါတယ်”

12/10/2022

ကျွန်တော့်ကို ဗုဒ္ဓဘာသာလား လို့မေးရင် ကျွန်တော်က ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့... ဗုဒ္ဓဘာသာ မဖြစ်နိုင်လို့ပါ။

ဘာလို့မဖြစ်နိုင်တာလဲဆိုတော့...
လောကမှာ ဗုဒ္ဓဘာသာဆိုတာ တကယ်မရှိလို့ပါ။

တကယ်တော့ ဗုဒ္ဓဘာသာဆိုတာ လူတွေဖန်တီးထားတာသပ်သပ်ဖြစ်ပြီး အမှန်စင်စစ် ဗုဒ္ဓကိုယ်တိုင်က ဘာသာတရားတစ်ခုကို မဖန်တီးခဲ့ပါဘူး။

သူက အမှန်တရားတွေကို ပြောခဲ့တယ်။ သဘာဝတရားတွေကိုပြောခဲ့တယ်။ အဲဒါကို မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားပြီးမှ လက်ခံကျင့်သုံးဖို့ တိုက်တွန်းခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ယုံကြည်ဖို့ အားကိုးဖို့ ဆုံးမခဲ့တယ် ။

သူပြောခဲ့တာတွေက ပညာတစ်ခုထဲကိုသာ ရိုးရှင်းစွာအခြေခံခဲ့တာပါ။

သူဟာ အကိုးကွယ်ခံ မဟုတ်သလို ဘယ်သူ့ကိုမှလည်း ကယ်တင်ပေးမှာမဟုတ်ပါဘူး။

သူ့ကို မကိုးကွယ်လို့လည်း ဘာအပြစ်မှမရှိပါဘူး။

အပြစ်ရှိခြင်း မရှိခြင်းက ကိုယ်နဲ့ပဲဆိုင်ပြီး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်လာပြီး မကောင်းတာလုပ်ရင်
မကောင်းတာဖြစ်မယ်။

ဘယ်ဟာက ကောင်းတာ၊ ဘယ်ဟာက ဆိုးတာ
ဘယ်လိုပိုင်းခြားလဲ၊ ဘယ်လိုတွေးခေါ်လဲ၊ ဘယ်လိုကျင့်သုံးရမလဲ ဆိုတာတွေ ပြောပြခဲ့ပါတယ်။

လက္ခံတာ/ မခံတာ၊
ကျင့်သုံးတာ/ မသုံးတာနဲ့
အကျိုးရလာဒ်တွေကတော့ ကာယကံရှင်နဲ့ပဲ
ဆိုင်ပါတယ်။

"ဗုဒ္ဓသည် ဗုဒ္ဓဝါဒကို မသင်ကြားခဲ့ပါ။
ဗုဒ္ဓသည် ဓမ္မကိုသာ သင်ကြားခဲ့ပါသည်"

( ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာကြီး_ဦးဂိုအင်ကာ )

crd.🙏
via Athet Athet

Photos from Khun Zaw Gyi's post 04/10/2022

မင်းဒီစာတွေဖတ်ဖိုအခ​ျိန်ပေးမနိုင်ဘူလာ😘 aung thein

02/10/2022

အညာဒေသ၊ စစ်ကိုင်းတိုင်းတစ်နေရာမှ စာသင်ခန်းပုံစံလေးပါ🥲
ကမ္ဘာကတွေ့ရင် အတုယူစရာလေးပေါ့😍

02/10/2022

ဒီနေ့ အတွက် စကားလက်ဆောင်
●●●●●●●●●●●●

အရမ်းကောင်းလို့.(ဖတ်စေချင်)

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
📖📖📖📖📖📖📖

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အ့ပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိတိုင်းလက်ခံပါ။

Reject !!!

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Don't feel so much !!!

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို) ။
ကိုယ့်အကြောင်းကိုယ့် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one....but lion ဆိုတဲ့စကားအတိုင်းလေး....။

Credit မူရင်း
===================================

👉''မင်းထက်တော်တဲ့သူ မရှိဘူး''👈
🌻🌻🌻🌻🌻🌻🌻🌻🌻🌻

📖လောကကြီးမှာ~~~
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။

📖မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာမရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင်
ကြိုးစားနေသူတွေပဲရှိတယ်။

📖မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊
ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲရှိတယ်။

📖မင်းတစ်ယောက်တည်း
မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက
အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာ
သဘာဝပဲ။

📖မင်း တစ်ယောက်တည်း
က်ရွုံးဖူးတာ မဟုတ္ဘူး
ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ ကို
လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။

📖မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ
မဖြစ်ခဲ့ရတာ မဟုတ်ဘူး လူသားတိုင်း
ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ
မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။

👉မင်းဘာကြောင့် အားငယ်နေမှာလဲ~~~
👉မင်းဘာကြောင့်တွေဝေနေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ဓာတ်ကျနေမှာလဲ~~~
👉မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ~~~
👉ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ
အရှုံးမပေးနဲ့

📖မင်းအမေကမင်းကို ဘဝကို
လွယ်လွယ်မယနဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။

📖ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက်။
မနက်ဖန်တိုင်းမှာ မင်းအတွက်
ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။

📖မင်း လည်း လူ ပဲ
အခြားသူတွေလည်း လူတွေပဲ။

📖လူဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ ဖြစ်အောင်
လုပ်နိုင်သူရယ်....
မလုပ်နိုင်သူရယ်ပဲရှိတယ်။

📖အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့
မင်း''' မဖြစ်စေနဲံ။

👉''မိတ်ဆွေ''👈

👉သင့်အတွက် စိတ်ခွန်အား၊
အားဆေး🍶တစ်ခွက် ဖြစ်ခဲလျှင်
ပြန်လည်မျှဝေပါသည်
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"

28/09/2022

ဘယ်အရာကိုမဆို တကယ်ကို ပြင်းပြင်းပြပြလိုချင်ရင်
ဘယ်လိုအချိန်မှာ ဖြစ်စေ
ကြိုးစားပမ်းစား စည်းကမ်းနဲ့လုပ်တတ်အောင်
တစိုက်မတ်မတ်လုပ်တတ်အောင်
ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ထားဖို့ လိုပါတယ်

ီ_ဘာ_ဘာ

28/09/2022

ဘဝအတွက် လုံလောက်တဲ့
ပြဌာန်းချက်တွေက
တစ်ဦးချင်းတစ်ယောက်ချင်းအပေါ်မှာ
ရှိပြီးသား။ အချိန်ပို မရှိဘူး။

ဒါပေမဲ့ ခပ်ညံ့ညံ့လူတွေအတွက်ကျတော့
အားနေတယ်။ သူတို့မှာ အချိန်ပိုတွေ အများကြီးပဲ။
ဒီခေါင်းထဲမှာ ဘာမှ မရှိတဲ့ ကွက်လပ်တွေကလဲ အများကြီးပဲ။

အဲတော့ သူတို့တွေ ဘာလုပ်လဲသိလား?
တစ်ယောက်နဲ့တစ်ယောက်
ညံ့တဲ့စကားတွေ ပြိုင်ပြောတယ်။

မသိတာချင်းတွေ အလဲအလှယ်လုပ်တယ်။
တချို့များ အလိုက်ပေးပြီးတော့တောင် လဲတယ်။
ဒီဘာမှ မရှိတဲ့ ခေါင်းထဲက ကွက်လပ်တွေထဲကို
ဘာတွေထည့်တယ် အောက်မေ့လို့လဲ
မသိတာတွေ နားမလည်တာတွေ
အတင်းတွေ အဖျင်းတွေ
ထင်ကြေးတွေဇွတ်ထည့်တာ။

အဲတော့ ခေါင်းကြီးက ပုပ်ပွနေတာ။
ခေါင်းတာရှိတာ။ ဦးနှောက်က သုံးမရဘူး။
ပုပ်ပွနေတာ။ ရောင်နေတာ။

ငါ့သမီးကို အဖေက လူညံ့မဖြစ်စေချင်ဘူး။
လူညံ့တွေပေါတဲ့ ကမ္ဘာကြီးထဲမှာ
ငါ့သမီးကို ပစ်ချထားလိုက်ရင်
ငါ့သမီးပါ လူညံ့ဖြစ်သွားမယ်။
အဲဒါကြောင့်မို့ ငါ့သမီးကို
လူတွေနဲ့ စည်းခြားထားတာ။

ဦးကျော်ဟိန်း

ီ_ဘာ_ဘာ

24/09/2022

For. You😘😍😊

24/09/2022

For You

24/09/2022

My King

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

For. You😘😍😊

Category

Website

Address

Yangon
KHUNAUNGTHEIN1234567890

Other Food & Grocery in Yangon (show all)
Aisha online shop Aisha online shop
မဂ်လာတောင်ညွန်မြို့နယ်
Yangon

Cosmetics skin care လက်လီလက်ကား

May Hlaing May Hlaing
Yangon
Yangon, 11241

male

Imagination Imagination
Yangon

Mochi Online Shopping Mochi Online Shopping
Sanchaung
Yangon, 11111

Soe Sandar စားသုံးဆီရောင်းဝယ်ရေး Soe Sandar စားသုံးဆီရောင်းဝယ်ရေး
Yangon

Soe Sandar စားသုံးဆီရောင်းဝယ်ရေး 09775772463 09420083838 ရန်ကုန်

Aung Htoo San Aung Htoo San
Than Street
Yangon, HLAINGTOWNSHIP

ဆန် ၊ ဆီ နဲ့ အခြားကုန်မျိုးစုံကိုေ?

Musics Feeling Musics Feeling
Yangon
Yangon

ဖိတ်ခေါ်ပါတယ်

Theint Padaythar Online Shop Theint Padaythar Online Shop
Mingaladon
Yangon

မင်္ဂလာပါရှင့်

Phyo Handmade Phyo Handmade
Yangon
Yangon

Moe Htet Moe Htet
Yangon

For the daily life, necessary accessories

Min Khant Paing Min Khant Paing
YanGon
Yangon