oopa camping

Camping နဲ့ ကျနော်ကြိုက်တာလေး တွေ ရောင်းမယ်ဗျာ

Photos from oopa camping's post 05/07/2023

ခါကာဘိုရာဇီတောင်ခြေမှ တိဗက်ကျေးရွာများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

#တိဗက်တို့မြေ

တိဗက်ဒေသဟုဆိုလျှင် ဂမ္ဘီရဆန်သော မဟာယာန ဗုဒ္ဓဘာသာ ထွန်းကားရာ နယ်မြေအဖြစ် မြန်မာအများက နားလည်ကြပါသည်။ “လာဆာ” ဟူသော ကမ္ဘာ့ခေါင်မိုး တိဗက်မြို့တော်မှ တိဗက်ရဟန်းမင်းကြီးစိုးစံခဲ့ရာ ပိုတလာနန်းတော်ကြီး၏ ဓာတ်ပုံကိုလည်း မြင်ဖူးကြပါသည်။ တိဗက်ဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ထိပ် တည့်တည့်တွင်ရှိပြီး မြန်မာနိုင်ငံထဲတွင် မြန်မာနိုင်ငံသား တိဗက်လူမျိုးများ နေထိုင်သည့် တိဗက်တွင် ကျေးရွာများ ရှိသည်ကိုတော့ သိသူနည်းကြပါသည်။

မြန်မာနိုင်ငံ၏ မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်ဒင်မြို့နယ်ခွဲရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကြီးထဲတွင် မေခမြစ်ဖြစ်လာမည့် ကဆန်ခချောင်းဘေး ဝဲ၊ ယာ၌ ရဝမ်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများရှိသည်။ ယင်းရဝမ်ရွာများကို ကျော်လွန်သွားပြီးနောက် ကဆန်ခချောင်း ဖြစ်လာမည့် စိန်ခူးဝမ်ချောင်းနှင့် အဒွန်ဝမ်ချောင်းတို့ဆုံရာ တဇုန်ဒမ်းရွာ(ရဝမ်ရွာ)သို့ ရောက်မည်။ တဇုန်ဒမ်းမှ အနောက်မြောက်ဘက် စိန်ခူးဝမ်ချောင်းအတိုင်း ဆက်သွားလျှင် တအွန်ဒမ်းရွာ၊ ဂူဘားရွာနှင့် မဒိန်းရွာဟူသော တိဗက်ရွာသို့ ရောက်မည်။ တဇုန်ဒမ်းမှ မြောက်ယွန်းယွန်း အဒွန်ဝမ်ချောင်းကြောအတိုင်းသွားလျှင် တဆူထုရွာ၊ တလားထုရွာ၊ လေးအိမ်တန်းရွာ၊ ခရောင်းရွာဟူသော တိဗက်ရွာသို့ ရောက်သွားမည်ဖြစ်သည်။

#မြန်မာ့မြောက်ဖျားမှနောက်ဆုံးလူနေရွာ

တဟွန်ဒမ်းရွာသည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးရှိ နောက်ဆုံးလူနေရွာ ဖြစ်သည်။ ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကြီး၏ အခြံအရံ ရေခဲတောင်များ ပတ်လည်ဝိုင်းလျက် ပေ ၆၀ဝ၀ အမြင့်တွင် တည်ထားသော မြန်မာနိုင်ငံသား တိဗက်တို့၏ ရွာဖြစ်သည်။ ရေခဲတောင်များမှ မြစ်ဖျားခံလာသော အဒွန်ဝမ်ချောင်းဘေးမှ သာယာအေးမြလှသော ရွာဖြစ်ပါသည်။ အအေးပိုသော ဆောင်းနှစ်များတွင် ရေခဲပြင်ဖွေးဖွေးဖြင့် ရှုမောစရာလည်း ဖြစ်ပါသည်။ တောင်ကြားချိုင့်ဝှမ်းရှိ မြေပြန့်တွင် ဂျုံခင်း၊ ပြောင်းခင်း၊ လူးခင်း၊ ဆပ်ခင်း၊ မုန်ညင်းခင်းတို့ အလယ်တွင် သစ်လုံးအိမ် ကိုယ်စီဖြင့် အိမ်ခြေ ၁၃ လုံးနှင့် ကျယ်ဝန်းသော တောင်ယာကွက် ၁၃ ကွက်၊ လူဦးရေ ၁၈၀ နီးပါး နေထိုင်လျက်ရှိသည်။ ရွာအဝင် တံတားထိပ် ရွာအလယ် သစ်ပင်များနှင့် ရွာဦးတိလောကမှန်ကူ စေတီတော် ပတ်ဝန်းကျင်၊ အိမ်တိုင်းရှိ ဘုရားဆောင်ဝန်းကျင်တို့တွင် တိဗက်ဘုရားရှိခိုးရောင်စုံအလံ (Prayer Flags) များ တလူလူလွှင့်ထူထားသော ရွာဖြစ်သည်။ ခါကာဘိုရာဇီ တောင်ခြေနှင့် ၃၇ မိုင် ကွာဝေးသည့်အတွက် တောင်တက်သမားနှင့် ရုက္ခဗေဒ၊ သတ္တဗေဒသုတေသီတို့ အခြေခံ စခန်းအဖြစ် စခန်းချသည့်ရွာလည်းဖြစ်သည်။

#ရောက်လာသောမြေ

ဤနေရာတွင် မြန်မာ့မြောက်ဖျား ဒေသတစ်ခုလုံး မြန်မာနယ်နိမိတ်အတွင်းသို့ ရောက်လာပုံကို အကျဉ်းမျှ တင်ပြလိုပါသည်။ ဗြိတိသျှတို့ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်သော်လည်း ပူတာအိုခရိုင် မြောက်ပိုင်းဒေသများသည် မည်သူ့အုပ်ချုပ်မှု အောက်တွင်မျှ မရှိသေးသည့် တောရိုင်းဒေသကြီး No Man's Land ဖြစ်ခဲ့သည်။ မြန်မာ့ရွှေနန်းတော်နန်းတွင်း ပုရပိုက်များတွင် ပူတာအိုတစ်ဝိုက်ရှိ ခနီးလောင်း (ခနီးလုံး) ရှမ်းစော်ဘွားတို့ နယ်မြေသည် မြန်မာဘုရင်ပိုင်နက်အဖြစ် ဖော်ပြထားသော်လည်း နယ်နိမိတ်မျဉ်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ယခု တိဗက်ရွာများ ရှိရာနေရာ မြန်မာ့မြောက်ဖျားပိုင်းသည် မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရ လက်အောက်တွင်မျှ မရှိသေးသည့် ဒေသဖြစ်သည်။

ဤအတောအတွင်း (၂၀ ရာစု အစောပိုင်းအတွင်း)က ကမ္ဘာကျော် ရုက္ခဗေဒသုတေသီ ကင်းဒမ်းဝါ့ဒ် (Kingdon Ward) သည် မြန်မာ့မြောက်ဖျား ဒေသများသို့ လှည့်လည် သုတေသနပြုခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ကင်းဒမ်းဝါ့ဒ်သည် ဧရာဝတီမြစ်ဖျားဒေသသို့ ရောက်သွားသောအခါ တရုတ်နိုင်ငံမှ ဝင်ရောက်စူးစမ်းလေ့လာနေကြောင်း တွေ့ရှိရသဖြင့် ဗြိတိသျှအစိုးရထံ သတင်းပို့လိုက်သည်။

ထို့ကြောင့် ဗြိတိသျှအစိုးရသည် မြေတိုင်းအဖွဲ့ အပါအဝင်ဖြစ်သော စစ်တံခွန်အဖွဲ့ကို စေလွှတ်ပြီး ပူတာအိုမြောက်ဘက် (ယခု ပူတာအိုခရိုင်) ဒေသကြီးသို့ ကွင်းဆင်းစစ်ဆေး လေ့လာသည်။ ၁၉၁၄ ခုနှစ်တွင် ပူတာအိုနယ်ခြားခရိုင်ဖွင့်၍ အုပ်ချုပ်ရေးကို အခိုင်အမာ စတင်ဆောင်ရွက်ပြီး ဧရာဝတီမြစ်ဖျားပိုင်း မြစ်လက်တက်၊ ချောင်းလက်တက်အားလုံး ပါဝင်သည့် ရေဝေရေလဲ ရေခဲတောင်ထိပ်များကို မြန်မာပြည်အတွင်း ထည့်သွင်းလျက် မြန်မာပြည်မြောက်ဖျား နယ်နိမိတ်မျဉ်းများကို ရေးဆွဲအတည်ပြုခဲ့သည်။

ဤနယ်နိမိတ်များကို မတ်မဟွန်းလိုင်းဟု ခေါ်တွင်ပြီး ၁၉၁၄ ခုနှစ်တွင်ပင် ဗြိတိသျှ အစိုးရနှင့် တိဗက်အစိုးရတို့ နယ်နိမိတ် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။ (ထိုစဉ်က တိဗက်သည် ရဟန်းမင်းကြီး ဒလိုင်းလားမား အုပ်ချုပ်သည့် သီးခြားလွတ်လပ်သော နိုင်ငံ ဖြစ်ပါသည်။ ၁၉၅၉ ခုနှစ်တွင် တရုတ်တပ်နီများ ဝင်ရောက်သိမ်းပိုက်လိုက်ပြီးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်ဖြစ်သွားခြင်းဖြစ်သည်။)

ထိုသို့ နယ်နိမိတ်မျဉ်း ရေးဆွဲလိုက်ခြင်းကြောင့် ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ အပါအဝင် အရှေ့တောင်အာရှ၏ အမြင့်ဆုံး ရေခဲတောင်များတည်ရှိရာ မြန်မာ့မြောက်ဖျား ဒေသသည် မြန်မာ့ပိုင်နက်အတွင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သလို ဧရာဝတီမိခင် မြစ်မဟာကြီးကိုလည်း မြစ်အစမှ ပင်လယ်ဝအထိ မြန်မာတို့ လုံးလုံးလျားလျား ပိုင်စိုးခွင့်ရလိုက်ခြင်းလည်း ဖြစ်ပါသည်။

#ဝင်လာသောတိဗက်များ

ခရစ်နှစ် ၁၈၉၂ ခုနှစ်ခန့်တွင် တိဗက်မြန်မာနယ်စပ်အနီးမှ မိသားစုတစ်စု မြန်မာ့မြောက်ဖျားဒေသသို့ စတင်ရွှေ့ပြောင်းလာခဲ့သည်။ ဂွန်ဘို (Gunbo)ခေါ် အဘွားအိုတစ်ဦးနှင့် သားများဖြစ်ကြသော ဒေါဂျီ (Dawgyi) နှင့် စွမ်ချီ (Sumchi) တို့ပါဝင်ပြီး ယခုနယ်နိမိတ်ကျောက်တိုင် ၄၄ အနီးမှ ဝင်ရောက်လာခဲ့ကြသည်။ ယင်းတိဗက်မိသားစုတို့သည် ရဝမ်တိုင်းရင်းသားမျိုးနွယ်ခွဲ ထလု (ThaLa) တို့နေထိုင်ရာ အဒွန်ဝမ်ချောင်း၏ မြောက်ဘက်တွင် တဟွန်ဒမ်းရွာကို တည်ထောင်ခဲ့ကြသည်။

၁၉၀၄ ခုနှစ်ခန့်တွင် စာဂျေစာရီ (Sajay Sari) နှင့် ဟဲလု (He’ Lu) ဟူသော တိဗက်အမျိုးသား နှစ်ဦးသည် စိန်ခူးဝမ်မြစ်ဖျားပိုင်း တရူးလခါးတောင်ကြားမှလည်းကောင်း၊ နှစ်အနည်းငယ်အကြာတွင် တိဗက်ဒေသ ဂူဘားနယ်မှ ပဲမဆောင်းကြီးဆိုသူ ခေါင်းဆောင်သော တိဗက်လူမျိုးအုပ်စုကြီးသည် လား၊ သိုး၊ နွား စသော တိရစ္ဆာန်များကိုပါ မောင်းယူလာလျက် အထက်ပါတောင်ကြားမှ လည်းကောင်း ရေခဲတောင်ကြီးများကို ကျော်ဖြတ်၍ ဝင်ရောက်လာခဲ့ကြသည်။ မူလကနေရာ အမျိုးမျိုးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး မိမိတို့နေရင်းဒေသ ဂူဘားနယ်နှင့်ဆင်တူသည့် နေရာတွင် အခြေချလိုက်ကြပြီး ရွာကိုလည်းဂူဘားရွာဟု အမည်တပ်ခဲ့ကြသည်။

#ယခုမြန်မာတိဗက်များ

ယခင်က မြန်မာပြည်တွင်းသို့ ရောက်ရှိနေသော တိဗက်များကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုခဲ့။ ထို့ကြောင့် လွတ်လပ်ရေး ခေတ်ဦးအထိ တိဗက်ရွာများမှ တိဗက်များ ပူတာအိုသို့လာလျှင် ခုနစ်ရက်ထက် ပိုနေခွင့်မရှိ။ ပိုနေလိုလျှင် သက်တမ်းတိုးလျှောက်ရသည်။

နောင်တွင် တိဗက်ရွာသားများကို မှတ်ပုံတင်များထုတ်ပေးသောအခါ တိုင်းရင်းသားဖြစ်စေရန် သဘောဖြင့် (ရဝမ်မျိုးနွယ်ခွဲ) ထလုတိုင်းရင်းသား အနေဖြင့် ထုတ်ပေးခဲ့သည်။ ယခုမူ မြန်မာတိဗက်ဟု အသိအမှတ်ပြုထားပြီဟု သိရပါသည်။ စင်စစ် ယခု မြန်မာတိဗက်တို့သည် မျိုးဆက် ငါးဆက်မျှ ဤမြေ ဤဒေသတွင် နေခဲ့ပြီးဖြစ်၍ မိမိတို့ကိုယ်မိမိတို့ မြန်မာနိုင်ငံသားဟု အသွေးထဲအသားထဲက ခံယူထားကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား တိဗက်တို့အနေဖြင့် ရဝမ်မျိုးနွယ်ခွဲ ထလုဟူသော အမည်ထက် တိဗက်-မြန်မာဟူသော နာမည်ကို ပိုမိုခုံမင် လိုလားကြပါသည်။

နိုင်ငံသားမှတ်ပုံတင်တွင် တိဗက်-မြန်မာ ဟု အသိအမှတ်ပြု ခံချင်ကြပါသည်။ ဖဆပလ အစိုးရခေတ် ၁၉၅၆ ခုနှစ်ခန့်က နယ်မြေမှားဝင်လာပါသည်ဟုဆိုပြီး တရုတ်တပ်များ တစ်နှစ်ခန့်တပ်စွဲခဲ့သည့် ဒေသတချို့မှာ တဟွန်ဒမ်းရွာ၏မြောက်ဘက် ဝမ်စီဝမ်တော အနီးအထိသို့ပင် ရောက်ရှိခဲ့သဖြင့် ထိုဖြစ်ရပ်မျိုး ထပ်ဖြစ်လာမည်ကို မြန်မာနိုင်ငံသားတို့ အနေဖြင့် စိုးရိမ်ခဲ့ကြရသည်။ မကြာမီတွင် UNESCO အဖွဲ့က ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် စီစဉ်နေပြီဖြစ်သည်။ ရွာများကို ခါကာဘိုရာဇီဥယျာဉ်ကြီး အတွင်းတွင် စနစ်တကျ စီစဉ်ပေးရေး၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရေး စီမံချက်များကိုတော့ ရွာသူ ရွာသားများ လိုက်နာရမည်ဖြစ်သည်။

#တိဗက်လူနေမှုဘဝနှင့်ဓလေ့ထုံးစံ

မြန်မာ့တိဗက်တို့သည် အလုပ်ကြိုးစား၍ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်၊ အာလူး၊ ဟင်းသီးဟင်းရွက်တို့ကို စနစ်တကျစိုက်ပျိုးကြသည်။ အခြားရွာများရှိ ဂျုံခင်းများမှာ နှစ်ပေ၊ သုံးပေခန့်ရှိသည့် အချိန်တွင် တိဗက်တို့၏ ဂျုံခင်းများမှာ လူတစ်ရပ်လောက်မြင့်၍ သန်မာလှသည်ကို တွေ့ရသည်။ တိဗက်တို့သည် နွား၊ သိုးစသည်တို့ကို မွေးမြူ၍ ထောပတ်၊ ဒိန်ခဲ၊ နို့ခဲများပြုလုပ်စားသုံးကြသည်။

တစ်ချိန်က စာမရိခေါ် Yark အမွေးရှည် နွားများကို မွေးမြူခဲ့ကြဖူးသည်။ အေးမြ၍ လေကောင်းလေသန့်ရသော ဒေသတွင် နေထိုင်ခြင်း၊ အလုပ်နှင့် လက်မပြတ် လုပ်ကိုင်ခြင်း၊ ဂျုံနှင့် နို့၊ ပြောင်း၊ ထောပတ်၊ ဒိန်ခဲနှင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စားသုံးခြင်း၊ တိဗက်ထောပတ်နှင့် နို့ပါဝင်သော တိဗက်လက်ဖက်ရည် (လက်ချားခရော့)ကို မပြတ်သောက်သုံးခြင်းတို့ကြောင့် ကျား/မ မရွေး တိဗက်တိုင်းသည် အရပ်အမောင်းကောင်း၍ သန်မာထွားကြိုင်းကြသည်။ သာမန်အထမ်းဝန်ထမ်းများ သယ်ပိုးနိုင်သည့် အလေးချိန်ထက် နှစ်ဆအထိ ထမ်းပိုးသွားလာနိုင်ကြသည်။ ရုပ်ရည်လည်း ဖြူစင်တင့်တယ်ကြသည်။

တိဗက်တို့သည် ကလေးလူကြီးမရွေး၊ အပြုံးပန်း အမြဲဆင်မြန်းထားကြပြီး သူတို့ ဒေသသို့ ခက်ခက်ခဲခဲ ရောက်လာတတ်သော ဧည့်သည်များအပေါ် တာဝန်ကျေကြသည်။ မရှိ ရှိတာကို ကျွေးမွေးချင်တတ်ကြသည်။ မဟာယာန ဗုဒ္ဓဘာသာဝင်များဟု ဆိုသော်လည်း ယခု ထေရဝါဒ ဗုဒ္ဓသာသနာတော်ကိုပါ လေးလေးမြတ်မြတ် ယုံကြည်ကိုးကွယ်လျက်ရှိကြပါသည်။ တိဗက်တို့သည် ဘာသာစကား အုပ်စုအရ မြန်မာနှင့် အနီးစပ်ဆုံးဖြစ်ပြီး တိဗက်ရော မြန်မာပါ ဗုဒ္ဓဘာသာကိုအမှီပြု၍၊ အိန္ဒိယအက္ခရာတို့ကို အမှီပြု၍ စာပေတီထွင်နိုင်ခဲ့ခြင်းကြောင့် ယဉ်ကျေးမှုအရာ၌ ရှေ့တန်း ရောက်ခဲ့သည်ဟု ပညာရှင်တို့ ဆိုမိန့်ကြပါသည်။

ပူတာအိုမြောက်ဘက်ရှိ ကျေးရွာအားလုံးနီးပါးသည် ခရစ်ယာန် ကျေးရွာများဖြစ်၍ မြန်မာ့မြောက်ဖျားမှ တဟွန်ဒမ်း၊ တအွန်ဒမ်း၊ ဂူဘားနှင့် မဒိန်းရွာများတွင်သာလျှင် ဗုဒ္ဓဘာသာရွာများ ရှိတော့သဖြင့် ဤရွာများသည် မြန်မာ့မြောက်ဖျားမှ ဗုဒ္ဓဘာသာခံတပ်ရွာများ ဖြစ်သည်ဟု တင်စားခေါ်ဆိုနိုင်ပါသည်။ ယခုဘာသာခြား သာသနာပြုတို့ အလွယ်တကူ ထိုးဖောက်၍မရသေးသော ကျေးရွာများလည်း ဖြစ်ကြသည်။

တိဗက်ရွာ လေးရွာအနက် တဟွန်ဒမ်းရွာတွင်သာ စေတီတော်ရှိပြီး ကျန်သုံးရွာတွင် မရှိသေး။ ထို့ကြောင့် ထိုရွာသားတို့သည် စေတီတော်တစ်ဆူစီ တည်ထားလိုသော ဆန္ဒရှိနေကြသည်။ ၂၀၁၅ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း တက္ကသိုလ်ခြေလျင် တောင်တက်အသင်းနှင့် သဘာဝခေါ်သံ တောင်တက်အဖွဲ့တို့က လူမှုရေး၊ ကျန်းမာရေး အထောက်ကူပြု ခရီးစဉ်တွင် တိဗက်ရွာများသို့ ရောက်ခိုက် အထက်ပါကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ရွာသုံးရွာတွင် စေတီတစ်ဆူစီ တည်ထားပေးခဲ့ပါသည်။ ဝေးလံခေါင်ဖျားသော ဒေသသို့ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်၍ ဘုရားတည်နိုင်ခဲ့ခြင်းကြောင့် တိဗက်ဗုဒ္ဓဘာသာဝင်တို့မှာ အထူးဝမ်းမြောက် ကြည်နူးခဲ့ကြသည်။

တဟွန်ဒမ်း၊ တအွန်ဒမ်း၊ ဂူဘား၊ မဒိန်း၊ လေးအိမ်တန်းရွာများသည် ဗုဒ္ဓဘာသာဝင် တိဗက်တို့၏ ရိုးရာယုံကြည်မှုအတိုင်း ဘုရားရှိခိုးတံခွန်အလံများကို မြောက်ပြန်လေနှင့်အတူ တလွင့်လွင့် လွှင့်ထူလျက် မြန်မာ့မြောက်ဖျားဒေသတွင် ငြိမ်းချမ်းသာယာစွာ ရပ်တည်လျက်ရှိကြပေပြီ။

မြန်မာနိုင်ငံသားလည်းဖြစ်၍ မြန်မာတို့နှင့် ဘာသာစကားအရ တစ်မျိုးနွယ်တည်းဖြစ်သော တိဗက်တို့၏ ချစ်စရာ၊ ခင်မင်စရာ၊ မြတ်နိုးစရာ၊ ရိုးရာဓလေ့ထုံးစံတို့သည် ခါကာဘိုရာဇီ တောင်ကြီးနှင့်အတူ ထာဝရခိုင်မာစွာ တည်တံ့နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါသည်။

စာကိုး - ဘာသာလောကကျမ်း (ဦးဖေမောင်တင်)၊ ခါကာဘိုခရီးသည် (ယိမ်းနွဲ့ပါး)၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၆ ခါကာဘိုဒေသခရီးကြမ်းအတွင်း ဒေသခံတို့နှင့် ဆွေးနွေးမေးမြန်းချက်များ။

https://m.facebook.com/story.php?story_fbid=761819117316590&id=100004655257463

to Zaw Myint Htay

05/07/2023

ဇီယာဒမ်းရွာ ဧပြီလ နွေ ဘက် သာယာ ချက်ပဲဗျာ။

25/06/2023

အပိုင်း၃

အထမ်းသမား.

လမ်းကအလွန်ကြမ်းပြီး မိမိဘာသာသွားဖို့ ကအဆင်မပြေပါဘူး။ ဘေးနားမှာအကူတယောက်လိူပါတယ်။ မိမိရဲ့အဖော်ကိုလည်း ကူဖိုအထမ်းသမား တယောက်လိုပါတယ်။ အဲ့အထမ်းသမားက မိမိရဲ့အရေးကြီးဆုံးလွယ်အိပ်ကိုလွယ်ရပါမယ်။ ရေအိပ်ကို အဲ့အထမ်းသမားကိုပေးထားပါ။ မိတ်ဆွေမလွယ်နိုင်ပါ။ လမ်းကိုသာအဓိက သတိထားပြီးလျှောက်ပါ။ ကျနော့တုန်းက ကိုယ်ဘာသာသယ်မယ်ဆိုပြီး မာနထားတာ ၂ရက်မြောက်နေကျတော့ ပေးရတာပါပဲ။

အစားအသောက်

လမ်းလျှောက်ရင်း ဗိုက်အလွန်ဆာတက်ပါတယ် စခန်းမရောက်ခင်စားဖို့ Energy bar အချောင်းလေးတွေ ယူသွားပါ။ ကျနော့တုန်း က အသားပြား ကို စခန်းမှာ ကြော် ခိုင်းပြီး ခဲ ပြားနဲ့ ပတ်သွားပါတယ်။ လမ်း ကျ နားပြီး ထုတ်စားတော့ အရမ်းအဆင် ပြေတယ်ဗျာ။

ခြေအိပ်

အများကြီးသာယူသွား တခါဝတ်ပြီး မီးသာရှို့ပစ်ပါ။ အစိုကို နှ မျောပြီးပြန်မယူပါနဲ့ ။ အထမ်းသမားကိုသနားပါ။

ကျွတ်

ဇီယာဒမ်း ကနေ ချောင်းဆုံကြား ကျွတ်အလွန်ပေါပါတယ်။ သွေးနံရရင် ခုန်ချပါတယ်။ ဦးထုပ်ကို ပုံမှာ ပြထားတဲ့ ဟာမျိုး ရှာဝယ်သွားပါ။

Photos from oopa camping's post 15/06/2023

နံရံကပ် မီးဆိုင်း
cb for more info

26/05/2023

လွမ်းမိတဲ့ ဟင်းတခွက်

24/05/2023

အေးချမ်းရာ

27/04/2023

၆။ ဖိနပ်

တောင်တက် water proof ရေစိမ်ခံတာဝယ်ပါ။ အထမ်းသမားတွေ စီးနေကြ ဖိနပ် ၁၅၀၀၀ တန်က ရေစိုမခံပါ။ စီးလို့ကောင်းပါတယ်။ ရေဝင်ရင် ပြန်မထွက်ပါ။ ​ခြေစိုပြီး ဖျားမယ်ကိုက်ခဲပါမယ်။

ငွေ တက်နိုင်တဲ့သူတွေ ဖိနပ်သေချာဝယ်ပါ။ Waterproof ဆို ရင် ရေထဲ စိမ်ကြည့်ပါ။ ခြေအိပ် ရေစိုရင် မဝယ်ပါနဲ့။
တချို့ကြ ဆိုင်မှာ အဲ့လိုစမ်းဖို့ကြ ရှက်ကြတယ်။ မရှက်ပါနဲ့ မိတ်ဆွေတောင်ပေါ်မှာ တိုင်ပတ်ပါလိမ့်မယ်။

အရမ်းအရေးကြီးပါတယ်။ မိန်းခလေးတွေ ကြတော့ Timberland လို ခြေရှည် တောက်တက်တွေ မသင့်တော်ပါဘူးခြေနုတော့ ဖိနပ်ပေါက်ပါလိမ့်မယ်။ ဖိနပ် ကိစ္စ က သိုင်းကျမ်း မို့ သက်သက် ရေးပါအုံးမယ်။

၇။ ဆေး

အကိုက် အခဲပျောက်ဆေး

အဖျားပြတ်ဆေး

အကိုက်အခဲ ပျောက်လိမ်းဆေး

မှတ် မကိုက်ရန်ဆေး ( မကိုက်ရ ရတယ်။ ကိုက်မှာပါပဲ သက်သာတာပေါ့)

ယားနာ ပျောက်ဆေး မပါရင် ဒုက္ခ ရောက်ပြီးသာမှတ်ပါ။

ရေသန့်ဆေးပြား၊ (ရေစိမ်းသောက်နိုင်ရင်ရတယ်)

ခါးနာ ဒူးနာ ကပ် ပလာစတာ

၈။ ရေဗူး ရေအိပ်

ရေဗူး က နေ့ဘက် ဓာတ်ဆားသောက်ရန်၊ ချွေး အရမ်းထွက်တယ်။ ပင်ပန်းတယ်။ မသောက်လို့မရဘူး။

ညဘက် ဗီတာမင် C ရေဆူဆေးပြား သောက်ကိုသောက်သင့်တယ်။
ရေအိပ် ၂လီတာ အိပ် ကျောပိုး အိပ်ထဲ ထည့်ရန်။

၉။ အိပ်ယာ အောက်ခင်းဖော့ချပ်

လမ်းပြမှာပါတယ် မလောက်ပါ။ ထပ်ယူသွားပါ။ စခန်းတွေ မှာ နေရာကောင်း လမ်းပြက ဦးတာ နောက် ကျရင် နေရာကျဥ်းကျဥ်းလေးတွေမှာ အိပ်ရတက်တယ်။ အောက်ကျ ကျောက်တုံး ခံနေရင် ညကျ နေကောင်းပါပြီ။ ရေခဲပင်ပေါ်အိပ်ရရင်လည်း အောက်ကအေးလွန်းလို့ အိပ်မရပါ။ အောက်အခင်းပါးရင်ငုတ်တုပ်သာ တညလုံးထိုင်နေနိုင်ရင် မယူပါနဲ့။

၁၀။ Body Warmer

မိန်းခလေး တွေ ဓမ္မ တာလာရင်သုံးတာမျ်ုးပါ။ အမျိုး အစားကောင်းတာရှာဝယ်သွားပါ။ တယောက်စာ အခု ၃၀ တော့အသာလေးသယ်သွားပါ။

မပါရင်တော့ကိုယ်ထိုက်ကိုယ်ကံပါ။ ကျနော်အများကြီးယူသွားတော့ သူများ တွေ ချမ်းလို့မအိပ်နိုင်တဲ့ အချိန်မှာ နွေးနွေးထွေးထွေးလေးအိပ်ရပါတယ်။ သူများတွေ ကို ကိုယ့်မှာ ပါကြောင်းလည်း မပြောပါနဲ့။ ရှည်ပြီး လက်ဆောင်လည်းတောင်ပေါ်မှာမပေးပါနဲ့ ။ ပေးခြင် ပြန်ရောက်မှ ပေးပါ။
ထပ်​တောင်းပါလိမ့်မယ်။ ကိုယ့်စကေးနဲ့ ကိုယ်သွားပါ။ တကိုယ်ကောင်း ဆန်ဖို့ပြောတာ မဟုတ်ပါ။ သင့်ရဲ့ မရှိ မဖြစ်နဲ့ အထိအခိုက်မခံ တဲ့ တကိုယ်ရည်သုံး အသုံးအဆောင် ပါ။

၁၁။ လွယ်အိပ်

ကိုယ်လွယ်မှာ ဆိုရင် ယောကျာ်လေး 48 L အများဆုံး
မိန်းခလေး 20 Lအများဆုံးပဲ သယ်ပါ။ ကိုယ်နိုင်တယ်ဆိုပြီ.. င် မယားပါနဲ့။ မနိုင်ပါဘူး။

လွယ်အိပ် အဟောင်းအရောင်း page အောက်တွင်ကြည့်ပါ။

https://www.facebook.com/profile.php?id=100064047552570&mibextid=ZbWKwL

အပိုင်း ၃ ဆက်ရန်

KP Trekking & Hiking Only Second Shop Yangon

27/04/2023

ရေခဲတောင် တက်ရာတွင် ​ကြိုတင်ပြင်ဆင်ရမည် အရာများ သိန်း၁၀၀နီးပါး ကုန်ခဲ့သော ခရီးစဥ်
(ကိုယ်တွေ့) အပိုင်း ၁

၁။ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း သို့ လမ်းပြမှ ပြောမပြသော အရာများ ရှိပါတယ်။ ကိုယ်တိုင်တွေ့ကြုံမှ သိရတာမျိုးပါ။ သက်သက် ရေးပါအုံးမယ်။

၂။ လမ်းပြ
အရင်ဆုံး လုပ်ရမှာ က သွားမယ့်လမ်းပြငှါး ရတဲ့ ကိစ္စ ပါ။ လမ်းပြနဲ့ ပွဲစားတွေ အများကြီး ရှိပါတယ်။ အရင်ဆုံးမေးရမှာ က ကိုယ့်ကိုယ်လာ မိတ်ဆက် တဲ့ သူ (သို့) ကိုယ်သွားမေးတဲ့ သူက လမ်းပြလား ပွဲစားလား ကွဲ ပြားအောင် အရင်လုပ်ပါ။ လမ်းပြဆိုလည်း သွားမယ့် ခရီး၊ စဥ်ကို confirm လုပ်ပြီး တကယ် အဲ့ ခရီး စဥ်အတိုင်း သွားအောင် ဖိအားပေးပါ။ ဘာလို့လဲ ဆို ရင်ပြောတော့တခြား တကယ်တန်းသွားတော့ တခြား ဖြစ်တက်ပါတယ်။ ဖြစ်ရင် အရမ်းပင်ပန်းပါတယ်။ ပွဲစားတွေ က ကုမ္ပဏီ လို့သုံးပါတယ်။ လူရှာ လူစုပါတယ် တကယ်ပို့ပေးတာသင်မသိတဲ့ တခြားတယောက်ပါ။ အဲ့ တာမျိုး နဲ့ ကြုံဆုံရင် အရင်ဆုံးလုပ်ရမှာက ပွဲစားရဲ့ လမ်းပြကို မသွားခင်သိအောင်လုပ်ပါ။ ခရီးစဥ် ဇယားသေချာ confirm လုပ် ပါ။

၃။ မှတ်

အလွန်ဆိုး ဒုက္ခ အလွန်ပေးတဲ့ သတ္တဝါပါ။ မကိုက်ရ ခြင်နိုင်ဆေးဖြစ်ဖြစ် ၊ တခြား ကိုယ်နှစ်သက်တဲ့ spery၊ လိမ်းဆေး ယူသွားပါ။ ကိုက်မှာပါပဲ။ မရဘူး ဘယ်လောက်လိမ်းလိမ်း။ မှတ် ကိုက်ရင်လိမ်းဖို့ ယားနာပျောက်ဆေး တယောက်စာ ၃ဗူး အနည်းဆုံး ယူသွား ပါ။ အမဲ မဝတ်နဲ့ဗျ ပိုကိုက်တယ်။

၄။ လမ်းပြပေးမယ့် သင့် အသုံးအဆောင်

သေချာမေးပါ။ ကျနေယ့်တုန်းက ဘာမှ အဆင်မပြေပါ။ Sleeping Bag ကလွဲလို့။ ကျနာ့ အရပ် ၅ပေ ၉ ပါ ပေးတဲ့ ၂ယောက် အိပ် Tent က သေးတော့ ခေါင်းက Tent ကိုထိပြီး ဒူးကွေးအိပ်ရပါတယ် တညလုံး ဆန့်ထုတ်လိုက်ရင် ပေါက်ထွက်ပြီး အပြင်ကို ​ခြေထောက်ရောက်ပါတယ်။ Tent အကြီးတွေဆိုရင် ကိုယ်ဘက်လူနည်းရင် သူများနဲ့ပေါင်းအိပ်ရတက်ပါတယ်။ အကောင်းဆုံးက ကိုယ်Tent ကိုယ်စားပွဲ ကိုယ့်ထိုင်ခုံ ယူသွားပါ။ သူတို့ပေးမယ်ပြောတောင် ညင်းပါ။ မသုံးပါနဲ့။ သူများယူထိုင်ရင်စိတ်တိုရပါလိမ့်မယ်။ အောက်မှာ ချစားလည်းရတယ်ဆို ရင်တော့မလိုပါ။ ကျနော့တုံးက သိတ်စိတ်တိုခဲ့ရပါတယ်။ ကွိုင်လည်းရှာမရတော့ရင်ထဲ မြိုသိပ်ခဲ့ရတယ်။ လောင်တာပေါ့ဗျာ။

၅။ အဝတ်အစား

မိုးကာအပါး က မပါမဖြစ်ပါ ဘောင်းဘီ အရှည်ပဲ ဝတ်ပါ အတို မဝတ်ပါနဲ့ ဖြုတ်နဲ့ တင် စိတ်ဆင်းရဲ ရပါမယ်။ အပွနော် မိန်းခလေးတွေ Stockingနဲ့ မလှခြင်ပါနဲ့ ဖြုတ်ကိုက်လို့ ရုတ်ပြတ်ဆင်းပျက် အမာရွတ်တွေကျန်ပါမယ်။
ပွပွလေးနဲ့ ရေခြောက်မြန် ဘောင်းဘီ ပဲ ဝတ်ပါ။
Stocking ကို ေဘာကန် ခြေစွတ် အရှည်တွေ ဝယ်ပါ၂ခုလောက်။ ရိုးရိုးအရှည်တွေက ညဝတ်အိပ်ပဲ အသုံးဝင်ပါတယ်။

အပိုင်း ၁ပြီး

17/04/2023

FYI

15/04/2023

ဇီယာဒမ်းရွာ

Photos from oopa camping's post 02/04/2023

ဖန်ဂရမ်ရာဇီ ရေခဲတောင်လေး တက်ကြလိုက်ရအောင် ၊

Credit: Min Thein (Putao)
Photo by Trekking In Myanmar

Photos from oopa camping's post 02/04/2023

တိဗက်တောင်တန်းပေါ်က ရှန်ဂရီလာကျေးရွာ (Shangri-La)
💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭

မိုင်ပေါင်း ၁၅၀၀ ကျော်ရှည်လျားသော ဟိမ၀န္တာတောင်စဉ်တောင်တန်းကြီးသည် သမိုင်းအစဉ်အဆက်တွင် လျှို့ဝှက် ဆန်းကြယ်ဒေသ ဖြစ်ခဲ့ပြီး လူအများ၏ စိတ်၀င်စားခြင်းခံခဲ့ ရသည်။ နှင်းတို့၏အိမ်ဟု အဓိပ္ပာယ်ရသော ဟိမ၀န္တာတောင် တန်းပေါ်တွင် တစ်နှစ်ပတ်လုံး နှင်းဖုံးနေသည့် တောင်ထွက်များရှိပြီး ထိုတောင်တန်းတောင်စွယ်များကြားမှ လျှိုမြောင် များ၊ ဂူများတွင် သမထဝိဇ္ဇာများ၊ ရသေ့သူတော်စင်များ၊ ယောဂီများ မှီတင်းနေထိုင်ကာ အကျင့်စရဏအမျိုးမျိုးကို လျှို့ဝှက် စွာ ကျင့်ကြံအားထုတ်နေကြသည်။ ထိုဆရာသခင်တို့နှင့် ကံအားလျော်စွာ တွေ့ဆုံခဲ့သူများကလည်း သူတို့၏ အတွေ့ အကြုံကို စာအုပ်များရေးကာ ပြန်လည်ဖောက်သည်ချသဖြင့် ဟိမ၀န္တာဒေသသည် ပိုမိုကျော်ကြားလာခဲ့သည်။
စူးစမ်းလေ့လာမှု ဝါသနာထုံသူတိုင်းပင် ကမ္ဘာမြေပုံပေါ်မှ တိဗက်တောင်တန်းများကို ငေးကြည့်ကာ အတွေးနယ်ချဲ့ကြ သည်။ ထိုသူများသည် ရသေ့သူတော်စင်များ၏ ကျင့်ကြံအားထုတ်မှုကို စိတ်၀င်စားသကဲ့သို့ပင် တိဗက်ဘုန်းတော်ကြီးများ ၏ လျှို့ဝှက်သောကျင့်စဉ်များကိုလည်း စိတ်၀င်စားကြသည်။

ထိုအချိန်တွင် အမေရိကန်စာရေးဆရာ ဂျိမ်းစ်ဟီလ်တန်က အိန္ဒိယနိုင်ငံတွင် တာ၀န်ဖြင့်ရောက်ရှိနေသည့် အမေရိကန် သံတမန်တစ်ဦးနှင့် မိတ်ဆွေသုံးယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားသည့် ပျောက်ဆုံးနေသောမိုးကုတ်စက်ဝိုင်း Lost Horizon ၀တ္ထုကို ရေးသားထုတ်ဝေလိုက်သောအခါ တိဗက်တောင်တန်းပေါ်မှ ရှန်ဂရီလာကျေးရွာလေး၏ အမည် ကမ္ဘာ ကျော်သွားခဲ့သည်။

The Lost Horizon ပထမအကြိမ်ထုတ်ဝေစဉ်
💭💭💭💭💭💭💭💭💭💭💭💭💭💭💭

၁၉၃၃ခုနှစ်တွင် ဂျိမ်းစ်ဟီလ်တန် ရေးသားထုတ်ဝေခဲ့သည့် Lost Horizon ၀တ္ထုသည် အမေရိကန်သံတမန်နှင့် မိတ်ဆွေ များလိုက်ပါသည့် လေယာဉ်ငယ် ဟိမ၀န္တာတောင်တန်း ပေါ်တွင် ပျံသန်းနေစဉ် ပျက်ကျလာသော ဇာတ်လမ်းဖြစ်သော် လည်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းမဟုတ်ဘဲ တန်ခိုးရှင်တစ်ဦး သို့မဟုတ် မမြင်ရသော စွမ်းအားတစ်ခုက လေယာဉ်ကို အတင်းအကျပ်ဆင်းသက်ခိုင်းဟန် ရေးဖွဲ့ထားသဖြင့် ပိုမိုစိတ်၀င်စားဖွယ် ကောင်းခဲ့သည်။ နှင်းဖုံးသော တောင်တန်းများ အထပ်ထပ် ၀န်းရံနေသည့် ဂမ္ဘီရကျေးရွာ ရှန်ဂရီလာသို့ လေယာဉ်ပျက်ကျသောအဖွဲ့ ရောက်ရှိသွားပုံမှာ အလွန်ဂမ္ဘီရဆန်ပြီး ၀တ္ထု၏ အထွက်အထိပ်ဖြစ်နေခဲ့သည်။
ထိုလူစိမ်းများသည် မရောက်ဖူးသောဒေသတွင် အခက်အခဲအမျိုးမျိုး ရင်ဆိုင်ပြီးနောက် အသက်(၂၀၀)ကျော် ဘုန်းတော် ကြီးတစ်ပါးက အုပ်ချုပ်သည့် ရှေးဟောင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့ ထူးဆန်းစွာ ရောက်ရှိသွားခဲ့ ကြသည်။ ထိုဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်သော ၀တ္ထုဇာတ်လမ်းရေးဖွဲ့မှုမှာ အလွန်လက်ရာမြောက်ပြီး စာဖတ်သူ ကိုယ်တိုင် ရောက်နေသည့်အလား ထင်မှတ်မိကြသည်။

တိဗက်တောင်တန်းကြီးများ၏ လျှို့ဝှက်ဆန်းကြယ်မှုကို စိတ်၀င်စားသူများသည် ပျောက်ဆုံးသွားသောမိုးကုတ်စက်ဝိုင်း ၀တ္ထုကို ဖတ်ရသောအခါ ၀တ္ထုဟု မထင်မှတ်ဘဲ တကယ့်ဖြစ်ရပ်ဟုပင် ယုံကြည်ခဲ့ကြသည်။

ရှန်ဂရီလာ၀တ္ထုထဲမှ ထိုဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ရန်ပင် စိတ်ကူးယဉ်သူများ ရှိလာခဲ့သည်။ တိဗက်တောင် တန်းကြီး၏ ရှေးဟောင်းဂမ္ဘီရပုံပြင်များပေါ်တွင် ရှန်ဂရီလာကျေးရွာလေး၏ ဂမ္ဘီရဇာတ်လမ်း ထပ်ဆင့်ပေါင်းစပ်လိုက်သော အခါ ထိုဒေသသည် ဂမ္ဘီရပညာရှင်များအတွက် တစ်သက်တွင်တစ်ခါ မသွားလျှင် မဖြစ်၊ မရောက်လျှင် မဖြစ်သော အထွက် အမြက် ဂမ္ဘီရဒေသတစ်ခု ဖြစ်လာခဲ့သည်။ ထို၀တ္ထုကို ဟောလိဝုဒ်က (Lost Horizon) အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးတင်ဆက် သောအခါလည်း ကမ္ဘာကျော်ခဲ့ပြီး ရှန်ဂရီလာရောဂါ ပိုမိုပြင်းထန်လာခဲ့ရသည်။

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

စာရေးဆရာ ဂျိမ်းစ်ဟီလ်တန်
💭💭💭💭💭💭💭💭💭💭

စာရေးဆရာ ဂျိမ်းစ်ဟီလ်တန်သည် ဟိမ၀န္တာတောင်တန်းကြီးများကြားမှ ရှန်ဂရီလာကျေးရွာလေးကို ကမ္ဘာသိအောင် လုပ်ပေးနိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဂမ္ဘီရဇာတ်လမ်းဇာတ်ကွက်ကို တစ်ကမ္ဘာလုံးစိတ်၀င်စားစေရန် ရေးဖွဲ့နိုင်မှုကို လည်း ချီးကျုးရမည် ဖြစ်ပါသည်။

သို့သော်လည်း ထိုဂမ္ဘီရကျေးရွာလေးသို့ စာရေးဆရာကိုယ်တိုင် အမှန်တကယ် ရောက်၊ မရောက်ကို မည်သူမျှ မသိခဲ့ပေ။ ထိုစာရေးဆရာသည် သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီးနောက် ထို၀တ္ထုကို ဂမ္ဘီရဆန်ဆန် အကွက်ချ၍ရေးသားခဲ့ခြင်း ဖြစ်မည်ဟု ယူဆမှုများလည်း ရှိသည်။ စာရေးဆရာ ဂျိမ်းစ်ဟီလ်တန်ကိုယ်တိုင်က တိဗက်သို့ မရောက်ဘူးကြောင်း ၀န်ခံခဲ့သည်ဟုလည်း ဟောလိဝုဒ်တွင် သတင်း ထွက်ခဲ့သည်။

ရှေးဟောင်း ဂမ္ဘီရစာရေးဆရာကြီး ဆာရိုက်ဒါဟတ်ဂတ်သည် အာဖရိကတိုက်မှ စစ်၊အချစ်နှင့် လျှို့ဝှက်ဆန်းကြယ်ပညာ များအကြောင်း စိတ်ကူးကောင်းကောင်းဖြင့် စာအုပ်များစွာ ရေးသားထုတ်ခဲ့သည်။ စာပေလိုက်စားသူများ လောကတွင် ဆာရိုက်ဒါဟတ်ဂတ်၏ မုဆိုးကြီး အလန်ကွာတာမိန်း အကြောင်း မသိသူ မရှိသလောက်ဖြစ်ခဲ့သည်။ စာရေးဆရာ ဂျိမ်းစ်ဟီလ်တန်သည်လည်း ထိုစာရေးဆရာကြီးကို နမူနာယူ၍ တိဗက်တောင်တန်း၏ ဂမ္ဘီရလျှို့ဝှက်ချက်များကို ၀တ္ထု ရေးဖွဲ့ခဲ့လေသလားဟု ထင်မှတ်စရာ ဖြစ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဂမ္ဘီရပညာကိုလိုက်စားသူများက ရှန်ဂရီလာကျေးရွာလေးအမှန်တကယ်ရှိသည်ဟု ယုံကြည်ပြီး လူကိုယ် တိုင် အရောက်သွားရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသည်။ ထိုကျေးရွာလေးသို့ရောက်ရှိလျှင် အသက်ရှည်ရေး လျှို့ဝှက်ချက်များ တွေ့ရှိမည်၊ ထူးခြားဆန်းကြယ်သော ပညာရပ်များ သင်ယူနိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် ခရီး ကြမ်းနှင်ခဲ့သူများ ရည်မှန်းချက် မအောင်မြင်ဘဲ တောတောင်ကြားတွင် အစာငတ်၍၊ သွေးခဲ၍၊ ရောဂါဖြစ်၍ ၀မ်းနည်းဖွယ် သေဆုံးခဲ့ကြသည်။

Lost Horizon ထဲမှ ရှန်ဂရီလာကျေးရွာကို တစ်ကမ္ဘာလုံး စိတ်၀င်စားသကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာဏာပိုင် များကလည်း စိတ်၀င်စားခဲ့သည်။ တိဗက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်အစိုးရများက ရှန်ဂရီလာကို ပိုမို စိတ်၀င်စားခဲ့သည်။

ထို့ကြောင့် သူတို့ပြည်နယ်အတွင်း ရှန်ဂရီလာကျေးရွာလေး အမှန်တကယ် ရှိ၊ မရှိ သိနိုင်ရန် အဖွဲ့များဖွဲ့၍ အပြင်းအထန် ရှာပုံတော် ဖွင့်ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် Lost Horizon ၀တ္ထုကို ဘာသာအမျိုးမျိုးဖြင့် ဘာသာပြန်ဆို ထုတ်ဝေထားပြီးဖြစ်ရာ ရှန်ဂရီလာ ကျေးရွာလေးအကြောင်းကို တစ်ကမ္ဘာလုံး သိနေကြသည်။ ရှန်ဂရီလာ အမည်ကိုယူ၍ ကြယ်ငါးပွင့် ဇိမ်ခံဟိုတယ်ကြီးများ လည်း ဖွင့်ထားကြသည်။ ရှန်ဂရီလာကျေးရွာလေး တိဗက်ဒေသတွင် အမှန်တကယ်ရှိလျှင် ကမ္ဘာလှည့်ခရီးသည်များ တဖွဲဖွဲ ရောက်လာနိုင်ကြောင်း တာ၀န်ရှိသူများ တွက်ဆထားသည်။

သို့သော်လည်း Lost Horizon ၀တ္ထုထဲမှ ရှန်ဂရီလာကျေးရွာလေးသည် ၀တ္ထုထဲတွင်သာရှိပြီး အပြင်မှာ မရှိခဲ့ပေ။ ထိုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရက ယူနန်ပြည်နယ် ဒီကွင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ရှန်ဂရီလာ ကျေးရွာတည်ရှိကြောင်း ၁၉၇၇ ခုနှစ်တွင် ကမ္ဘာသို့ကြေညာခဲ့သည်။ ဒီကွင်း ဟူသည်မှာ မြင့်မြတ်သောဒေသ ဟု အဓိပ္ပာယ် ရသဖြင့် ဒီကွင်းဒေသတွင် ရှန်ဂရီလာကျေးရွာလေး တည်ရှိခြင်းမှာ အနက်အဓိပ္ပာယ်လေးနက်သည်ဟု ယူဆကြသည်။ ထို့ပြင် ဒီကွင်းဒေသသည် တိဗက်လူမျိုး များ သားစဉ်မြေးဆက် အခြေချနေထိုင်ရာ တောင်ပေါ်ဒေသဖြစ်ရာ ၀တ္ထုထဲမှာ ကျေးရွာလေး အမှန်တကယ် အသက်၀င်လာသကဲ့သို့ ဖြစ်နေခဲ့သည်။ ယူနန်၊ ဇီချန်နှင့် တိဗက် သုံးပွင့်ဆိုင်နယ်စပ်တွင် တည်ရှိခြင်းမှာလည်း သဘာ၀ကျသော အချက်ဖြစ်သည်ဟု ယူဆကြသည်။

ပျောက်ဆုံးသွားသောမိုးကုတ်စက်ဝိုင်း (Lost Horizon) ထုတ်ဝြေပီးနောက် (၆၄) နှစ်တိတိကြာမြင့်ခဲ့ရာ ထိုသတင်းကို စာရေးဆရာ ဂျိမ်းစ်ဟီလ်တန် သိမသွားခဲ့ပေ။
နှုတ်ဆက်ခဲ့ပါတယ်ဆရာချစ်ရယ် ၀တ္ထုတွင် ရိုးစင်းသော ကျောင်းဆရာတစ်ယောက်၏ ဘ၀ကို တသိမ့်သိမ့်ခြယ်မှုန်း နိုင်ခဲ့သည့် စာရေးဆရာ ဂျိမ်းစ်ဟီလ်တန်သည် Lost Horizon ၀တ္ထုကို ရုပ်ရှင်ရိုက်ကူးပြီးနောက်တွင် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့သည်။ ထို့ကြောင့် သူရေးသားခဲ့သည့် ၀တ္ထုထဲမှ ရှန်ဂရီလာကျေးရွာလေး ကမ္ဘာမြေပေါ်တွင် အမှန်တကယ် ပေါ်ထွန်းလာသည်ကို သိမသွားခဲ့ရှာပေ။

စစ်စစ်သော် ခေတ်သစ် ရှန်ဂရီလာသည် ငြိမ်းချမ်းသော နယ်မြေဖြစ်ပြီး ဒေသခံတိဗက်လူမျိုးအားလုံး မဟာယန ဗုဒ္ဓ ဘာသာ ကိုးကွယ်ကြသည်။ အအေးဒဏ်ကာကွယ်ရန် သားမွေးအကျီကြီးများ ထူထဲစွာ ၀တ်ဆင်ထားပြီး ဦးခေါင်းတွင် နှင်းကာဦးထုပ်များကို ဆောင်းထားလေ့ရှိသည်။ တိဗက်လူမျိုးအားလုံးသည် မြင်းစီးကျွမ်းကျင်ကြပြီး တိဗက်ပျိုဖြူများက လည်း လှပစွာ မြင်းစီးနိုင်ကြသည်။ ခေတ်သစ် ရှန်ဂရီလာကျေးရွာ ပတ်၀န်းကျင်တစ်ခွင်တစ်ပြင်သို့ နှံ့စပ်စွာ သွားရောက် ကာ သဘာ၀အလှကို ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဒီကွင်းဒေသတွင် နှင်းဖုံးတောင်တန်းကြီးများ ရှိကြသည့်အနက် ဒေသခံတိဗက်လူမျိုးများ အထွက်အမြက် ကိုးကွယ်သည့် တန်ခိုးအကြီးဆုံးတောင်မှာ မိုင်လီတောင်ထွက်ဖြစ်သည်။ ဒေသခံတိဗက်လူမျိုးအားလုံး မိုင်လီတောင်ကြီးကို အခမ်းအနားဖြင့် ပူဇော်ပသသော ထုံးစံရှိသည်။

ရှန်ဂရီလာကျေးရွာသို့ လာရောက်သူများသည် မိုင်လီတောင်ကြီးကို စိတ်၀င်စားသဖြင့် သွားရောက်လည်ပတ်ပြီး တောင် ခြေစခန်းတွင် အပန်းဖြေနားနေခဲ့ကြသည်။ တရုတ်နှင့် ဂျပန်တောင်တတ်သမားများ ပါ၀င်သော လေ့လာရေးအဖွဲ့များ သည် အပန်းဖြေရုံဖြင့် မကျေနပ်နိုင်ဘဲ တောင်ထိပ်ကိုတတ်၍ တောင်အမြင့်ကို ပြန်လည်တိုင်းတာရန် သုံးကြိမ်ကြိုးစား သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုသူများသည် အခက်အခဲ အမျိုးမျိုး ကြုံတွေ့ပြီး စုစုပေါင်း လူ (၁၇) ဦးသေဆုံးသဖြင့် လက်လျော့ခဲ့ရသည်။

ဤသည်မှာ Lost Horizon ၀တ္ထုထဲမှ ဂမ္ဘီရကျေးရွာလေးတွင် မမြင်ရသော တန်ခိုးရှင်တစ်ဦး သို့မဟုတ် စွမ်းအင်တစ်ခု ကြီးစိုးနေကြောင်း စာရေးဆရာ ဂျိမ်းစ်ဟီလ်တန်၏ ရေးသားချက်ကို သက်သေပြသကဲ့သို့ ဖြစ်နေပါသည်။ ဒေသခံ တိဗက် လူမျိုးများကလည်း ဤအတိုင်းပင် ယုံကြည်လျက်ရှိကြပါသည်။

crd:oo my net
#ရှန်ဂရီလာ #တိဗက်
#သုတဇုန်

02/04/2023

ဖုန်ကန်တက်ခါနီး Training ဆင်းရတာနဲ့ တင် မလွယ်ပါဘူးဗျာ။ တကယ်တက်ရတော့မယ်ဆိုတော့ကြောက်နေပြီ။

26/03/2023
23/03/2023

ရေခဲတောင်တက်ရာတွင် ယူဆောင်သင့်သောဆေးဝါးများ
အပိုင်း ၅ နောက်ဆုံး

22/03/2023

ရေခဲတောင် တက်ရာတွင် ယူဆောင်ရမည့် #ဆေး ဝါးများ

အပိုင်း (၄)

Photos from oopa camping's post 22/03/2023

Peak Water Proof Hiking Boots
၄၅၀၀၀၀ ကျပ်

Eu Size 37.5

Size 36. 36.5, 37 ခြေဆိုက်သမားတွေတော်တယ်ခင်ဗျ

မူရင်းဝယ်စျေး၅သိန်းခွဲ ခင်ဗျာ

အသစ် ပါ။ Size မတော်လိုပြန်ရောင်းတာပါ။
အိမ်လာကြည့်ကြိုက်မှ ယူလို့ရတယ်ခင်ဗျာ၊

22/03/2023

ရေခဲတောင် တက်ရာတွင် ယူဆောင်ရမည့် #ဆေး ဝါးများ

အပိုင်း (၃)

22/03/2023

ရေခဲတောင် တက်ရာတွင် ယူဆောင်ရမည့် #ဆေး ဝါးများ

အပိုင်း (၂)

22/03/2023

ရေခဲတောင် တက်ရာတွင် ယူဆောင်ရမည့် #ဆေး ဝါးများ

အပိုင်း (၁)

Photos from oopa camping's post 14/03/2023

hiking shoes

အားသာချက်

အရည်အသွေး ပိုင်းပြောစရာမလိုအောင် ကောင်းပါတယ်ခင်ဗျာ။

✅lightweight material ဖြင့်ပြုလုပ်ထားခြင်း‌ေကြာင့်လမ်းလျှောက်၊ တောင်တက်ခြင်းတို့ အတွက် ပေါ့ပေါ့ပါးပါး နှင့် သက်သာမှု့ရှိစေသည်

‌ ✅Non Slip Sole ကိုအသုံးပြုထားသဖြင့် မြေသားမရွေးပေါ်တွင် ချောထွက်မှု့ကို ကာကွယ်ပေးပါသည်

✅Mesh Layer ကြောင့် ဖိနပ်စီးရာတွင် လေဝင်လေထွက်အထူးကောင်းမွန်မှု့ရှိစေသည်

✅ရေစိုခံသည့် ဖိနပ်အမျိုးစားဖြစ်ပါသည်

✅အချိန်ရာသီမရွေး မြေသားမရွေး စီးလို့ရတဲ့ဖိနပ် ဖြစ်ပါသည်

ရရှိနိုင်သည့်အရောင် အနက် ရောင်တမျိုးသာ ရရှိနိုင်ပါသည်

——————————————————

🟨အမြန်ချောမရသော မြို့များအတွက် ကားဂိတ်တင်ပေးရမည်ဆိုပါက ငွေလွှဲဝင်တာနဲ့ ပစ္စည်းတင်ပေးပါမည်

Order မှာယူလိုပါက Page Message ကနေ အမည်/လိပ်စာ/ဖုန်းနံပါတ်နဲ့ ဝယ်ယူလိုတဲ့ ဖိနပ်အရောင်/Size တို့ကိုပြောပြီးမှာလို့ရပါတယ်

💰𝐏𝐫𝐢𝐜𝐞 - 60000𝐌𝐌𝐊၆သောင်း
👟𝐒𝐢𝐳𝐞 - 𝟯𝟵,𝟒𝟎 ,𝟒𝟏,𝟒𝟐 ,𝟒𝟑,𝟒𝟒

👉(ဆိုင်မဖွင့်ထားပါဗျ Online Shop သီးသန့်မို့လာယူလို့လဲမရပါ) အပြင်ပုံ ပြပြီးမှ ရောင်းချပေးပါတယ်ဗျ။

ပုံနဲ့အပြင်တစ်ထပ်တည်းတူတဲ့ Design

🚗Instock ပစ္စည်းအသင့်ရှိမို့ 7
ရက်အတွင်းနယ်မြို့များကိုအိမ်အရောက်ပို့ပေးပါတယ်🤗

🔹ရန်ကုန် အပြင် တခြားနယ်တော်တော်များများတွက် preapaid နဲ့ ရပါတယ်။
🔹မှာယူချင်တယ်ဆိုရင်တော့ Cb ကနေorderတင်လို့ရပါတယ်ဗျ

ငွေ ပေးချေရမည့် နည်းလမ်း

Kpay, KBZ Banking နဲ့ လက်ခံပါတယ်။

Photos from oopa camping's post 13/03/2023

length - how to measure.

Photos from oopa camping's post 13/03/2023

#ခါကာဘိုရာဇီ
မြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်

ခါကာဘိုရာဇီ‌တောင် (ဟန်ဂျာ: 卡加伯拉吉山)သည် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မြောက်ပိုင်း၊ နယ်စပ်တွင် တည်ရှိသည်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) မြင့်သည်။ အမြင့်ပေ ၁၉,၂၉၆ ရှိပြီး အချို့သော မှတ်တမ်းများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြသည်။ မြောက်လတ္တီတွဒ် ၂၈°၁၈' အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' အကြားတွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ တိဗက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားသည်။ တိဗက်နယ်စပ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည်။ မချမ်းဘောမြို့၏ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်တွင် ရှိသည်။

အချက်တိုများ ခါကာဘိုရာဇီ, အမြင့်ဆုံးအမှတ် ...

အမည်ရင်းမြစ်
ခါကာဘိုရာဇီသည် တိဗက်စကား ခါခါဘိုရာဇီ မှဆင်းသက်လာ၍ တိဗက်ဘာသာအရ "ခါ" သည် နှင်း၊ "ခါဘို" သည် အဖြူ ဟုအနက်ရသည်။ ခါကာဘိုရာဇီသည် ကချင်ပြည်နယ်ရှိ ရဝမ်လူမျိုးများ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံများထွက်ခြင်း၊ ပြောခြင်း ရာဇီ ဆီသည်မှာ တောင် ဟု အဓိပ္ပာယ်ရ၍ အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရသည်။

တောင်ထိပ်သို့ တက်ရောက်ခြင်း
ခါကာဘိုရာဇီတောင်ထိပ်သို့ ယနေ့အထိ ဂျပန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါဝင်သော တောင်တက်အဖွဲ့ တစ်ဖွဲ့သာလျှင် ခြေချနိုင်ခြင်းရှိသေးသည်။

၁၉၂၃ ခုနှစ်တွင် အိန္ဒိယမြေတိုင်းအဖွဲ့ တစ်ဖွဲ့ ပူတာအိုမြို့မြောက်ပိုင်းသို့ လုပ်ငန်းသဘောအရ ရောက်ရှိခဲ့ရာ၌ ခါကာဘိုရာ ဇီတောင်ကို ပထမဦးဆုံး တွေ့ရှိခဲ့သည်။ ခါကာဘိုရာဇီ တောင်ကြောတစ်လျှောက်၌ ထင်းရှုး၊ ဝက်သစ်ချ၊ မေပယ်၊ ရိုဒိုဒင် ဒရမ်ခေါ် တောင်မြင့်ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွစသော အပင်များကို တွေ့ရသည်။ ထိုဒေသရေခဲပြင် အောက်တွင်လည်း အသက်ရှည်ဆေးဟု နာမည်ကျော်သော မချစ်ဥ ခေါ် ဂမုန်းကြက်သွန်ဖြူများကိုလည်း တွေ့ရသည်။ သားမင်းခေါ် တာကင်ကောင်၊ ကဒိုးကောင်နှင့် တောင်ဆိတ်များကို ခါကာဘိုရာဇီတောင်၌ တွေ့ရသည်။ ခါကာဘိုရာဇီ တောင်ကြောတစ်လျှောက်တွင် တိဗက်လူမျိုးများအပြင် ထလုနှင့် ထရုန် လူမျိုးများလည်း နေထိုင်ကြသည်။

ဩဂုတ် ၂၀၁၄ တွင် အားလုံး မြန်မာလူမျိုးများ ပါဝင်သော တောင်တက်အဖွဲ့သည် မြောက်ဘက်မျက်နှာမှ တက်ရရန် လမ်းကြောင်းသစ်ကို ရှာသည်။ အဖွဲ့ဝင် နှစ်ဦးဖြစ်သူ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့သည် ဩဂုတ် ၃၁ ၌ ဒုတိယအဆင့်တက်သည့်အခါ တောင်ထိပ်သို့ ရောက်ပြီး၊ အလံ၊ နာမည်ပါ စာတမ်းနှင့် ဘုရားပုံတို့ကို ထားခဲ့သည်။ တောင်တက်သူများသည် တောင်ထိပ်သို့ ရောက်ပြီးနောက် ရေဒီယိုအားကုန်သွားရာ ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားသည်။ အောက်ဘက် စခန်းသို့ ပြန်မဆင်းနိုင်သော်၊ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ရသည်။ ပျောက်ဆုံးနေသော တောင်တက်သူများကို ရှာဖွေရေးသည် အောက်တိုဘာလအထိ ပြုလုပ်နေဆဲ ဖြစ်သည်။ ဟယ်လီကော့ပတာလည်း ပျက်ကျပြီး၊ ပိုင်းလော့ တဦး သေဆုံးကာ၊ ကျန်ပိုင်းလော့နှင့် ခရီးသည် တောင်တက်သူတို့မှာ ရှင်သန်ရေးအတွက် ၁၁ ရက်တာ ကြိုးစားခဲ့ရသည်။

နိုဝင်ဘာ ၂၀၁၄ တွင်၊ National Geographic Society/ The North Face သည် ဂမ်လန်ရာဇီတောင်တက်အဖွဲ့ သုံးခဲ့သည့် အလားတူ ကိရိယာကို အသုံးပြု၍ ခါကာဘိုရာဇီ၏ အမြင့်ကို တိုင်းတာရန် အဖွဲ့တဖွဲ့ကို ထောက်ပံ့ စေလွှတ်ခဲ့သည်။၂၀၁၄ အုပ်စုကို ဟီလရီး အိုနေး ဦးဆောင်ကာ၊ မတ် ဒေးဗစ် ဂျင်ကင်း၊ ကိုရီ ရစ်ချတ်၊ ရီနန် အော့တာ့၊ အမ္မလီ ဟာရင်းတန်နှင့် တေလာ ရီးတို့ ပါဝင်သည်။ ၇ နိုဝင်ဘာ ၂၀၁၄ ၌ ဂျင်ကင်း၊ ရစ်ချတ်နှင့် အော့တာ့ တို့ နောက်ဆုံးအကြိမ် တောင်ထိပ် တက်ရန် ကြိုးစားသော်လည်း အမြင့်မီတာ ၅၇၄၂ (၁၈၈၄၉ ပေ)ဝယ် ပြန်ဆင်းလာခဲ့ရသည်။ တောင်ထိပ်သည် နောက်ထပ် အမြင့်ပေ ၈၀၀ ( ၂၄၀ မီတာ) လောက်ဝယ် တည်ရှိလိမ့်မည်ဟု သူတို့က တွက်ချက်သည်။

crd to ko Thu Rain
Source:Wikipedia

Photos from oopa camping's post 12/03/2023

to Pack

RUN FAQ - YouTube 04/03/2023

Running နဲ့ပတ်သတ်တဲ့ ဖိနပ်တွေအကြောင်းကို စုံစုံလင်လင်ရှင်းပြတဲ့ YouTube Channel ပါ
crd
👟 Running Shoe Brand ထဲကနေ ဘာ Brand , ဘာ Model ဆိုတာကို အဲ့ဒီ Channel မှာ ရှင်းပြထားပါတယ်

🔺YouTube - RUN FAQ
🔺Link -

RUN FAQ - YouTube RUN FAQ is the ultimate tool for runners who need running shoe and gear reviews, guides, special deals, and motivation.Contact email: [email protected]

Photos from oopa camping's post 03/03/2023

proof boots snow

ဗွတ်ထဲတိုးတိုး

ရေခဲတောင်တက် တက် ခလုပ်မထိဆူးမညိအောင် ပြီးတော့ ကျွတ် မတွယ်အောင် ဒါလေး လိုတယ် ဗျာ။

နယ်ခံတွေ ဆို ခြေအိပ်အရှည်ကြီးတွေနဲ့ ကာကွယ်ရပါတယ်။သူ မပါရင် မိုးရေစိုတော့ လမ်းလျှောက်ရတာ လေးပြီး စိုစိစိုစိ ပေါ့။

ဒီဆူးကာလေး က သင့် ကို စိတ်ချမ်းသာစေမှာပါ။မိုးရေလည်းလုံတယ်ခင်ဗျာ။

how to use video at comment box

waiting time 20 days

Price cb plz

Photos from oopa camping's post 01/03/2023

အဝတ်လျှော်ဖွတ် နည်းများ

Photos from oopa camping's post 26/02/2023

The NF

#ကျောပိုးအိပ်

20L
Price ၄၀၀၀၀
Time 20 days

Prepaid half deposit

Photos from oopa camping's post 26/02/2023

#စားပွဲခုံလေး
Desk

Price 180,000

Pre order Half prepaid

Delivery Time 20 days

Photos from oopa camping's post 26/02/2023

Bag

Available 2 color
Price 60000
Weight 137 g
Waiting Time 20 days
Half Deposit

Payment - Kpay KBZ Banking is ok

This kind of bag is very good quality who will to buy confontable support for your shoulder.

Want your hotel to be the top-listed Hotel in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဇီယာဒမ်းရွာ ဧပြီလ နွေ ဘက် သာယာ ချက်ပဲဗျာ။
ရေခဲတောင်တက်ရာတွင် ယူဆောင်သင့်သောဆေးဝါးများ အပိုင်း ၅ နောက်ဆုံး
ရေခဲတောင် တက်ရာတွင် ယူဆောင်ရမည့် #ဆေး ဝါးများအပိုင်း (၄)
ရေခဲတောင် တက်ရာတွင် ယူဆောင်ရမည့် #ဆေး ဝါးများအပိုင်း (၃)
ရေခဲတောင် တက်ရာတွင် ယူဆောင်ရမည့် #ဆေး ဝါးများအပိုင်း (၂)
ရေခဲတောင် တက်ရာတွင် ယူဆောင်ရမည့် #ဆေး ဝါးများအပိုင်း (၁)

Category

Telephone

Website

Address


Yangon
Other Campgrounds in Yangon (show all)
Bamboo Garden Bamboo Garden
Waizayandar Street, Shan Kone Village, Hmawbi
Yangon

It is just 1 hr drive far from Yangon and you can make day trip and take a rest with family and friends. The garden is 1 acre large, but full of mango, lemon, vegetable plantation ...

Camping Service Yangon Camping Service Yangon
151st Street
Yangon

Camping Packages Rental Services. Caravan Tour Services. Car Rental.