Life Insurance Advisor Aye Thuzar Khine

Life Insurance Advisor Aye Thuzar Khine

Life Insurance Advisor at Manulife Myanmar

08/01/2024

အာမခံကုမ္ပဏီအများစုက
Disability လို့ခေါ်တဲ့ မသန်စွမ်းဖြစ်သွားခြင်းကိုပါ လျော်ကြေးပေးကြပါတယ်

"သေမှသူများရမယ့်ဟာမို့စိတ်မဝင်စားဘူး" လို့
မကြာခဏပြောသံကြားဖူးပါတယ်
တကယ်တော့ ဒါဟာ
အာမခံအကြောင်းသေချာမသိသေးတဲ့အတွက်
အယူအဆမှားနေကြတာဖြစ်ပါတယ်

ထာဝရမသန်စွမ်းဖြစ်ခြင်း
Total Permanent Disability ( TPD ) ကို
အချက်များစွာနဲ့တိုင်းတာသတ်မှတ်ကြပါတယ်

🍀ကုတင်ပေါ်မှ ခုံပေါ်/ဝှီးချဲပေါ်သို့
ခုံပေါ်/ဝှီးချဲပေါ်မှ ကုတင်ပေါ်သို့
မိမိဖာသာမရွှေ့ပြောင်းနိုင်တော့ခြင်း
🍀အခန်းတစ်ခုမှ နောက်တခန်းတစ်ခုသို့
ပြင်ပလူအကူအညီမပါဘဲ မကူးနိုင်တော့ခြင်း
🍀အဝတ်အစားလဲလှယ်ခြင်း
🍀 အစားအသောက်စားခြင်း
🍀အိမ်သာတက် ( အပေါ့/အလေးစွန့်ခြင်း)
🍀ရေချိုးခြင်း သန့်ရှင်းရေးလုပ်ခြင်းတွေကို
အပြင်လူတယောက်ရဲ့အကူအညီနဲ့
၃လကြာသည်အထိ ပြုလုပ်နေရတာမျိုးကို
TPD လို့ သတ်မှတ်ပါတယ်

လေဖြတ်သွားတာမျိုးကြောင့်ပဲဖြစ်ဖြစ်၊
Accident တစ်ခုခုကြောင့်ပဲဖြစ်ဖြစ်
လူတယောက်ဟာ TPD ဖြစ်နိုင်ချေရှိပါတယ်

ဒီလိုဖြစ်စဉ်တွေဖြစ်လာတဲ့အခါ နောက်ဆက်တွဲဆေးကုသစားရိတ်တွေ လူနာကိုပြုစုဖို့ကုန်ကျစားရိတ်တွေများစွာ လိုအပ်လာပါတယ်

အသက်အာမခံသာယူထားရင်
အာမခံကပေးချေမယ့် ငွေကြေးအကာအကွယ်နဲ့
မိမိဆက်လက်ရှင်သန်ဖို့ သိပ်မပူရတော့ပါဘူး

နာမည်ကိုက အသက်အာမခံဖြစ်တဲ့အတွက်
အသက်အန္တရာယ်နဲ့နီးစပ်တဲ့အခြေအနေတွေမှာ
ငွေကြေးအကာအကွယ်ပေးပါလိမ့်မယ်

#သေမှရတယ်ဆိုတဲ့အယူအဆကို
#အတိတ်မှာထားခဲ့ပါနော်

နောက်လူအတွက် ချန်ထားဖို့စိတ်ကူးမရှိရင်တောင်မှ
လက်ရှိ မိမိဘဝမှာ အရေးပေါ်အခြေအနေတွေအတွက် ငွေကြေးဆိုင်ရာအကာအကွယ်ရဖို့
ကြိုတင်ပြင်ဆင်ထားနိုင်တာက
" အသက်အာမခံထားရှိခြင်း " ပါပဲ

Credit Ko Kyaw Swah

01/01/2024

အနာဂတ်တွေကို ခိုင်မာအောင်တည်ဆောက်ပြီး ကိုယ့်အလုပ်အကိုင်လမ်းကြောင်းကို မြှင့်တင်နိုင်ပြီနော်။ Manulife ရဲ့ အသက်အာမခံ အကြံပေးတစ်ယောက်အနေနဲ့ မြန်မာမိသားစုတွေကို ကာကွယ်ရင်း ကနေဒါအခြေစိုက်ကုမ္ပဏီကြီးတစ်ခုမှာ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နိုင်ဖို့ ဒီနေ့ပဲ စတင်လိုက်ပါစို့။
🤝
ဘဝအာမခံ အကာအကွယ်တွေ လူတိုင်းနီးပါးရရှိစေချင်ပါတယ် သို့သော်လည်း လူတိုင်းကို အာမခံရောင်းတာတော့ မဟုတ်ပါဘူး။ လိုအပ်မယ့်သူတွေကို သားသမီးပညာရေး၊ မိမိကျန်းမာရေး၊ မိမိပင်စင်စုဆောင်းငွေ စသဖြင့် ကိုလိုအပ်သလို ဆွေးနွေးအကြံပေးရင်း ဝန်ဆောင်မှုပေးခြင်းပါ။

အာမခံအကြံပေး အသစ်တွေကိုလည်း
လိုအပ်သော အသိပညာ၊အတတ်ပညာ၊ကျင့်ဝတ် များ တွဲဖက်လုပ်ကိုင် သင်ကြားပေးရင်း အောင်မြင်​သော insurance Advisor တယောက်ဖြစ်လာအောင် လက်တွဲခေါ်ယူသွားချင်ပါတယ်ရှင်။

အလုပ်အကိုင်ပြပွဲ အကြောင်း

ရက်စွဲ - 14.Jan.2024 (Sunday)

အချိန် - နေ့လည် ၁ နာရီမှ ၃နာရီအထိ

နေရာ - Wyndham Grand Hotel (Yangon)

အမည် နှင့် ဖုန်းနံပါတ် လေး ပေးရုံနှင့် စာရင်းသွင်းပေးထားလို့ရပါတယ်။

Elevate your career while securing futures! As an insurance advisor at Manulife, you'll shield families for financial protection in Myanmar. Start today to work as an expert with a Canada-based company protecting Myanmar families with a vibrant professional atmosphere. Begin your journey today by registering.

Manulife COP “ Future Success Route” will be held on 14th January, Sunday (1:00PM to 3:00PM) .

Date & Time: 14th January (Sunday), 1:00 pm – 3:00 pm

Venue: Wyndham Grand Hotel, Yangon

Aye Thu Zar Khine
Licensed Insurance Advisor
Manulife Myanmar

26/12/2023

" ဘယ်သူတော့ ဘယ်အာမခံမှာလုပ်နေတယ် "
" ဘယ်သူကလည်း agent လုပ်နေတယ်လေ "
ဒါမျိုးပြောတာမျိုးမကြာခဏကြားဖူးပါတယ်။

" အာမခံလုပ်သူတွေများလာလိုက်တာ"
ဒါမျိုးလည်းကြားဖူးပါတယ်

ဒီလိုကြားတိုင်းပြုံးမိပါတယ်
သင်တန်းတက် စာမေးပွဲကြေးသွင်းပြီးဝင်ဖြေ
အောင်လို့လိုင်စင်ရရင် လုပ်လို့ရပြီဆိုတဲ့ခေတ်မှာ
လွယ်မယ်ထင်ပြီး ဝင်လာကြသူတွေအများကြီးပါ။
ကုမ္ပဏီတွေကခေါ်ကြတယ်/လူတွေကလာကြတယ်

ပြီးတော့ဘာဆက်ဖြစ်လဲ ?

ဟုတ်ကဲ့ #ပြီးတော့ပျောက်သွားပါတယ် 😊

Agent လုပ်ရတာ လွယ်ပါတယ်
#မလွယ်တာက_ဆက်လက်သင်ယူနေဖို့ပါ

ကုမ္ပဏီ‌ရဲ့ product တွေကို လေ့လာရပါတယ်
ဘယ်ဟာတွေကိုရတယ် ဘယ်ဟာတွေဆိုမရဘူး
ဒါတွေကိုအချိန်ပေးလေ့လာရပါတယ်

Financial ပိုင်းဆိုင်ရာတွေလေ့လာရပါတယ်
Medical process တွေကို ဆရာဝန်မဟုတ်ပေမယ့်
လေ့လာရပါတယ်
Banking system တွေအကြောင်း
Money Laundering ကိစ္စတွေ Tax benefits တွေ
Underwriting process တွေကို ဆက်တိုက်လေ့လာရပါတယ် လေ့လာသင်ယူမှုပြီးဆုံးတယ်ဆိုတာ
Insurance industry မှာမရှိပါဘူး ✅

လူတွေဟာ အပြောင်းလဲတတ်ဆုံးသဘာဝရှိတာကြောင့် သူတို့ရဲ့ပြောင်းလဲခြင်းတွေအပေါ်
ချမှတ်ထားတဲ့ rules တွေကို သင်နေရပါတယ်

ဒီလိုအပြောကျယ်တဲ့နယ်ပယ်စုံကို
ဖြန့်ကျက်သင်ယူရတာတွေများလာတဲ့အခါ....
လိုင်စင်ရရင်ရောင်းမယ်ဆိုပြီး ပေါ့ပေါ့လေးတွေးပြီး
ဝင်လာခဲ့တဲ့လူတွေဟာ ၆လ တနှစ်လောက်ကြာရင် ရပ်သွားကြတာပါပဲ

*********
ကျွန်တော်မကြာခဏရေးလေ့ရှိပါတယ်
ရောင်းမယ် အမြတ်ယူမယ်လို့လွယ်လွယ်လေးတွေးရင် ဈေးရောင်းပါ တစ်ဗူး ၅ထောင်နဲ့ဝယ် ၇ထောင်နဲ့ရောင်း
အသားတင် နှစ်ထောင်မြတ်တယ်
ဘာမှလေ့လာစရာမလိုဘူး သင်ယူစရာမလိုဘူး
ငွေရင်းနိုင်ရင် ရောင်းလို့ရပါပြီ။

အာမခံလောကကတော့ freelance မို့
ရုံးမလာချင်ဘူးလား ရပါတယ်/မလာရင် မသိပါဘူး
Online နဲ့သင်လည်း wifi မကောင်းဘူး
ဟုတ်ကဲ့ ကိုယ့် professional သင်ကြားဖို့အတွက်
Data မှ ဝယ်မထားနိုင်ရင်
ကြိုတင်ပြင်တင်မှုတွေမှမလုပ်နိုင်ရင်ဆက်မသင်ပါနဲ့
ခေတ်မကောင်းသေးဘူး ခေတ်ကောင်းမှလုပ်မယ်
ရပါတယ် ခေတ်ကောင်းမှလုပ် အခုနားနေပါ
စာမေးပွဲမဖြေချင်သေးဘူးလား ရပါတယ်
ဖြေချင်တော့မှဖြေပါ
The whole process က သင့်စိတ်ကြိုက်ပါ 😊

*******

ကောင်းမွန်တဲ့ career တစ်ခုပေါ် တာဝေးပြေးကြတဲ့အခါ
ဆင်ခြေအမျိုးမျိုးပေးပြီး သက်လုံမကောင်းတဲ့လူတွေဟာ ခဏလေးနဲ့ ဒီလောကထဲကနေပြန်ထွက်သွားကြပါတယ်
( ဒါက လုပ်ငန်းတိုင်းမှာဖြစ်နေကျ အရာတစ်ခုပါ)

လူသစ်တွေအနေနဲ့ မူလ career မှာ
ဆရာဝန်ကြီးပဲဖြစ်ဖြစ် engineer ကြီးပဲဖြစ်ဖြစ်
ဘယ်ဌာနက ဘာရာထူးပဲဖြစ်ဖြစ်
Insurance industry ထဲစဝင်ရင်
အရာတိုင်းကို အစကနေသေချာပြန်လေ့လာရတာမျိုးပါ
အဲဒီအထဲမှာမှ talent ရှိသူ study ကောင်းသူအနည်းငယ်ဟာ ကျန်ခဲ့တာပါ ။

" Good leader started as a good beginner "👍

******

သူလည်းလုပ်နေတယ် ငါလည်းလုပ်နေတယ်ဆိုတဲ့
အခြေအနေတစ်ခုမှာ
သေချာလေ့လာပြီး တစိုက်မတ်မတ်သာ
ဇွဲရှိရှိနဲ့အချိန်တစ်ခုပေးပြီး သင်ယူလှည့်ပါ
လိုင်စင်ကိုင်ပြီးပျောက်သွားတဲ့လူတွေထဲမှာ
သင်မပါဝင်ဘဲ professional သမားအနေနဲ့
ဒေါင်ဒေါင်မြည် ကျန်ခဲ့ပါလိမ့်မယ်
Insurance industry ကတော့
အမြဲရှိနေမယ့် နယ်ပယ်တစ်ခုဖြစ်ပါတယ်

******

2024 January လရဲ့ လိုင်စင်သင်တန်းအချိန်တွေကို
ဖော်ပြပေးလိုက်ပါတယ်။

🌲ရန်ကုန်အတွက်

January 6/7/8/9 တစ်တန်း
January 20/21/22/23 တစ်တန်းရှိပါမယ်

ပိတ်ရက်သီးသန့်သမားတွေအတွက် (ရန်ကုန် )
January 6/7 + January 13/14 တစ်တန်း
January 20/21+ January 27/28 တစ်တန်းရှိပါမယ်

သင်တန်းအားလုံး လူကိုယ်တိုင်တက်ရောက်ရပါမယ်
မနက် 8:30 - ညနေ 5:00 ပါ

********

လိုင်စင်သင်တန်းနဲ့ လိုင်စင်စာမေးပွဲဟာ
ဒီလောကအတွက် အသေးဆုံးအခက်အခဲသာဖြစ်ပါတယ်
ရှေ့ဆက်ရမယ့် persistency (ဇွဲရှိမှု)ကို
ဒီအရာနဲ့အရင် ကျော်ဖြတ်ကြည့်ပါ ။

2024 နှစ်သစ်မှာ
နယ်ပယ်အသစ်မှာ Skillအသစ်တွေနဲ့
Professional Advisor တစ်ဦးအဖြစ်စတင်ရပ်တည်မယ်ဆိုရင်တော့ Messenger မှာသာ စာရင်းလာပေးလိုက်ပါ။

Credit with respect to Ko Kyaw Swah

25/12/2023

အားလုံးသောခရစ်ယာန်ဘာသာဝင်များအတွက်
ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နေ့လေးဖြစ်ပါစေ🎄🎄🎄

21/12/2023

အသက်အာမခံထားထားပြီး အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံဆက်ပေးသွင်းဖို့ အခက်အခဲရှိခဲ့ရင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်း (၃) မျိုး

- အမ်းငွေထုတ်ယူခြင်း (Surrender Value)
- ချေးငွေယူခြင်း (Policy Loan)
- ပေါ်လစီစာရင်းပိတ်ခြင်း (Paid-up Benefit)

1️⃣ အမ်းငွေထုတ်ခြင်း (Surrender Value)

အာမခံပေါ်လစီကို ရပ်စဲပြီး သွင်းထားတဲ့ ပရီမီယံငွေကို သက်တမ်းပြည့်တဲ့ထိ မစောင့်ဘဲ ပြန်လည်ထုတ်ယူတာ ဖြစ်ပါတယ်။
အရေးပေါ် ငွေကြေးလိုအပ်မှသာ ရွေးချယ်သင့်ပါတယ်။ အမ်းငွေအနေနဲ့ ပြန်ထုတ်ရမှာက ပေးသွင်းပြီးသား ငွေပမာဏအတိုင်း အပြည့်ရမှာ မဟုတ်ပါ။ စာချုပ်သက်တမ်းမပြည့်မီ ထုတ်တာဖြစ်လို့ (တနည်း) ရှုံးပါလိမ့်မယ်။ သွင်းထားတဲ့ ပရီမီယံသက်တမ်း ရင့်ရင်တော့ အရှုံးသက်သာပါလိမ့်မယ်။ ပေါ်လစီရပ်သွားလို့ အာမခံအကာအကွယ်လည်း ပြီးဆုံးပါလိမ့်မယ်။

သက်တမ်းမပြည့်ခင် ပေါ်လစီ ဖျက်သိမ်းပြီး အမ်းငွေထုတ်ရင် ဘာကြောင့် အပြည့်မရရတာလဲဆိုတော့ ...
တစ်ဖက်ကကြည့်ရင် ..
ယခု အသက်အာမခံများဟာ ငွေကြေးစုဆောင်းခြင်းနဲ့ Protection အာမခံအကာအကွယ် ပေါင်းစပ်ထားတာဖြစ်လို့ ... လက်ခံတဲ့ အာမခံကုမ္ပဏီဘက်မှာလည်း Risk အနည်းနဲ့အများ ထမ်းပေးထားရပါတယ်။ (ဥပမာ- အာမခံထားသူက ပရီမီယံကြေး ၇၀,၀၀၀/- ပမာဏလောက်ကို ၃ လလောက်သွင်းပြီးချိန်မှာ မမျှော်လင့်ဘဲ ဆုံးပါး (သို့) မသန်စွမ်း ဖြစ်ခဲ့သည်ရှိသော် အာမခံကုမ္ပဏီဘက်က သိန်း ၃၀၀ လောက် အကျိုးခံစားခွင့် ပေးရဖို့ တာဝန်ယူပေးထားရပါတယ် ... ပရီမီယံကြေးများရင် များသလို သိန်း ထောင်ချီ တဲ့ အကျိုးခံစားခွင့်မျိုးတွေ ထုတ်ပေးခဲ့ရတာတွေ ရှိပါတယ်)။ ဒီလို လက်ခံထားတဲ့ Risk ကို အာမခံသက်တမ်းတလျှောက်လုံး ထမ်းပေးထားရပါတယ်။ ဒါ့အပြင် Management Cost, Agent Commission နဲ့ အခြား Overhead Cost များ ရှိပါတယ်။

ဆိုတော့ (သက်တမ်းမပြည့်ခင် ပြန်ထုတ်ခြင်း) က ပေးသွင်းလာတဲ့ နှစ်သက်တမ်းတိုသေးရင် များများနှုတ်ဖြတ်ပြီး၊ သွင်းလာတဲ့သက်တမ်း ရှည်လာရင် နည်းနည်းပဲ ဖြတ်ပါတယ်။ နိုင်ငံတကာ အသက်အာမခံစနစ်မှာလည်း ဒီလိုပဲ ကျင့်သုံးပါတယ်။ Product တစ်ခုနဲ့တစ်ခုတော့ အမ်းငွေပြန်ရတဲ့ ပမာဏချင်း မတူကြပါဘူး။

2️⃣ ချေးငွေယူခြင်း (Policy Loan)

ကိုယ်က
- အမ်းငွေထုတ်ယူသလိုမျိုး မရှုံးချင်ဘူး
- လတ်တလောမှာ အရေးပေါ် ငွေလိုနေတယ်
- ရေရှည်မှာတော့ အာမခံသက်တမ်းပြည့်တဲ့ထိ ပုံမှန် ဆက်သွင်းစုဆောင်းသွားဖို့ ဆန္ဒလည်း ရှိတယ်
- မိမိနဲ့ မိသားစုအတွက် အာမခံအကာအကွယ်လည်း ရှိနေစေချင်သေးတယ်... ဆိုရင်
အမ်းငွေမထုတ်ဘဲ ချေးငွေယူလို့ ရပါတယ်။ အမ်းငွေတန်ဖိုး (Surrender Value) ရဲ့ ၉၀% လောက်ထိ ချေးယူလို့ ရနိုင်ပါတယ်။ အတိုးနှုန်းက တစ်နှစ်အတိုးနှုန်း 8% p.a နဲ့ 15% p.a ကြားလောက် ရှိပါတယ်။ (အာမခံအမျိုးအစားပေါ် ပြောင်းလဲနိုင်)

သွင်းနေကျ ပရီမီယံကတော့ ပုံမှန်အတိုင်း ဆက်သွင်းသွားရုံပါပဲ။ ချေးယူထားတဲ့ငွေကတော့ အနည်းဆုံး ၆ လ ယူထားရမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း အဆင်ပြေတဲ့ချိန် တစ်လုံးတည်း ပြန်ဆပ်လို့ရသလို ခွဲဆပ်လို့လည်း ရပါတယ်။ (အာမခံအမျိုးအစားပေါ် မူတည်)
အကယ်၍ မဆပ်ဖြစ်ရင်လည်း အာမခံသက်တမ်းပြည့်တဲ့ချိန်ကျရင် ချေးယူထားတဲ့ပမာဏကို ခုနှိမ်ပြီး အာမခံထားငွေကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

3️⃣ ပေါ်လစီစာရင်းပိတ်ခြင်း (Paid-up Benefit)

အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံပေးသွင်းဖို့ အဆင်မပြေဘူး... ဒါပေမယ့် လတ်တလော ငွေတော့ မလိုအပ်သေးဘူးဆိုရင် စာရင်းပိတ်ထားလို့ ရပါတယ်။ ဒီနည်းလမ်းကတော့ မရှုံးပါဘူး.. သွင်းထားပြီးတဲ့ ပရီမီယံသက်တမ်းရင့်ရင် အမြတ်လည်း ရှိနိုင်ပါတယ်။ စာရင်းပိတ်ထားတဲ့ငွေကိုတော့ ချက်ချင်းထုတ်လို့ရမှာ မဟုတ်ဘဲ အာမခံသက်တမ်းပြည့်တဲ့ချိန်မှသာ ထုတ်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။
ဒီနည်းလမ်း ၃ မျိုးလုံးဟာ ပေါ်လစီ စတင်အသက်ဝင်ပြီး (Policy issued) နောက် (အနည်းဆုံး တစ်နှစ် သွင်းပြီးမှသာ ... အချို့ Product တွေဆို သုံးနှစ် သွင်းပြီးမှသာ) လုပ်လို့ရမှာ ဖြစ်ပါတယ်။

အသက်အာမခံအမျိုးအစားအလိုက် မတူညီတဲ့ အချက်အလက် အသေးစိတ် တချို့ကိုတော့ မိမိထားရှိထားတဲ့ အသက်အာမခံကုမ္ပဏီ (သို့မဟုတ်) အသက်အာမခံကိုယ်စားလှယ်နဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

ငွေကြေးစုဆောင်းခြင်း ပါဝင်တဲ့ ငွေပင်ငွေရင်းအသက်အာမခံတွေဟာ အာမခံသက်တမ်း ၅ နှစ်ကနေ နှစ် ၂၀ ကြားမှာ ရှိကြပါတယ်။ အသက်အာမခံ ထားတယ်ဆိုတာ ကိုယ့်ရဲ့ ပုံမှန်ဝင်ငွေတစ်ခုပေါ် အခြေခံပြီး တတ်နိုင်တဲ့ ငွေပမာဏတစ်ခုကို ခွဲဝေပြီး မိသားစုနောင်ရေးအတွက် ငွေကြေးအကာအကွယ်မျိုးနဲ့ ကြိုတင်ပြင်ဆင်ထားတာမျိုးပါ။
ဒါကြောင့် ခုလို ကိစ္စရပ်မျိုးတွေ အတက်နိုင်ဆုံး မဖြစ်ရလေအောင် အသက်အာမခံ မထားခင်မှာတည်းက အာမခံသက်တမ်း၊ လစဥ်/နှစ်စဥ် သွင်းရမယ့် ပရီမီယံကို ကိုယ့်အတွက် ရေရှည်အဆင်ပြေတာမျိုးရွေးချယ်ဖို့ ... ထားမယ့်သူတွေကို အကြံပြုရတာပါ။

တချို့တွေက Inflation ငွေတန်ဖိုးကျတာတွေ၊ ရှုံးတာ မြတ်တာတွေ ဦးစားပေး ထည့်ပြောကြပါတယ်။ ဒါဆိုရင်တော့ ကျွမ်းကျင်တဲ့ စီးပွားလုပ် Investment လုပ်ပါ။ အဲ့တာတွေက တိုးပွားဖို့အရေးပါ။ အသက်အာမခံကတော့ ကာကွယ်ဖို့အရေး လုပ်တာပါ။ အာမခံဆိုတာ Financial Planning, Financial Protection လုပ်ဆောင်ချက်တစ်ခုပါ။ အာမခံအတွက် သုံးရမယ့် လစဉ် (သို့) နှစ်စဉ် ပရီမီယံငွေကို အာမခံ မဝယ်ဘဲ ကိုယ့်ဘာသာ ရည်မှန်းထားတဲ့ ဒီ ငွေကြေး Amount တစ်ခုအတိုင်း ပြည့်မြောက်အောင် စုဖြစ်ပါ့မလား။ မဟုတ်ရင်လည်း ကိုယ် စားလိုက် သုံးလိုက်တဲ့ထဲ ပါသွား ပျောက်သွားမယ့် ငွေကြေးပမာဏတစ်ခုကို အသုံးပြုလိုက်တဲ့ နေရာ (အာမခံ) ဘက်ကို ပြောင်းသုံးလိုက်ခြင်းအားဖြင့် ... စိတ်အေးလုံခြုံစေမှုတစ်ခုကို ရရှိစေနိုင်ပါတယ်။

အသက်အာမခံထားခြင်းဟာ ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုအနာဂတ်အတွက် လုံခြုံစိတ်အေးရစေတဲ့ အစီအစဥ်၊ ငွေကြေးအကာအကွယ် ပေးထားခြင်း ဖြစ်တာမို့ ခဏတာ အခက်အခဲအချို့ကို ကျော်လွှားပြီး သက်တမ်းပြည့်တဲ့ထိ ရှိစေချင်ပါတယ်။ ဒီကြားထဲကမှ မဖြစ်မနေ အခြေအနေမျိုး ကြုံလာခဲ့သော် ခုပြောပြတဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေရာ ဆုံးဖြတ်ရွေးချယ်လို့ ရပါတယ်။

အာမခံအကျိုးခံစားခွင့်ငွေတွေ ရှိလို့ စိတ်သက်သာရာ ရခဲ့ကြတဲ့ မိသားစုပေါင်းလည်း မနည်းပါဘူး။ မမျှော်လင့်ထားတဲ့ အရေးပေါ်အဖြစ်အပျက်မျိုးတွေ ကြုံလာတဲ့ အခါမျိုးမှာ မိသားစု ရှေ့ရေး ကောင်းကောင်းခရီးဆက်နိုင်ဖို့ ငွေကြေးအတွက်နဲ့ အပူအပင်မရှိစေဘဲ စိတ်အေးချမ်းသာရစေပါတယ်။

Planning ဆိုတဲ့ ကြိုတင်စီမံမှုဟာ စီးပွားရေးမှာဆိုလည်း အရေးကြီးပြီး ... ဘဝအရေး (သားရေး သမီးရေး မိသားစုအရေး) ဆိုရင်တော့ Financial Planning နဲ့ Financial Protection ကို ပိုပြီး ဂရုတစိုက် ပြင်ဆင်ထားသင့်တယ် မဟုတ်လား။

အာမခံမထားခင်မှာဖြစ်ဖြစ်၊ ထားပြီး ခုလိုကိစ္စတွေမှာဖြစ်ဖြစ်၊ လျော်ကြေးတောင်းခံခြင်းတွေမှာဖြစ်ဖြစ် အသက်အာမခံကိုယ်စားလှယ် (Insurance Agent) တွေနဲ့ ဆက်သွယ်ပြီး ကိုယ့်ရဲ့ အာမခံအကြံပေးကိုယ်စားလှယ်အနေနဲ့ ဆွေးနွေးတိုင်ပင် လုပ်ဆောင်လို့ ရပါတယ်။

#ကျော်ကျော် (တောင်ငူ)

Kyaw Than Tun @ Kyaw Kyaw

18/12/2023

Insurance Advisor/ Financial Consultant/ Insurance Agent အမျိုးမျိုးခေါ်နေကြတဲ့ အာမခံကိုယ်စားလှယ် တစ်ဦးဖြစ်လာဖို့ လုပ်‌‌ေဆာင်ရမယ့် အဆင့်တွေကို ပြောပြပေးပါမယ်။

အာမခံကိုယ်စားလှယ်ဖြစ်လာဖို့အတွက် National Insurance Institute of Myanmarရဲ့အသိအမှတ်ပြု လိုင်စင်စာ‌ေမးပွဲ ဖြေဆို အောင်မြင်ရပါတယ်။ Life insurance agent တဦးဟာ မိမိလက်တွဲထားတဲ့ companyတခုတည်းနဲ့ပဲ အလုပ်လုပ်ခွင့်ရှိပါတယ်။

Canadaနိုင်ငံရဲ့ အကြီးဆုံးအာမခံလုပ်ငန်းဖြစ်တဲ့ "Manulife" နဲ့ လက်တွဲလုပ်ကိုင်မယ်ဆိုရင်တော့👇 -လိုင်စင်စာမေးပွဲ ‌ဖြေဆိုဖို့ လိုအပ်တဲ့
အာမခံလုပ်ငန်းနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကိုလည်း သင်ကြားပေးမှာပါ။
-စာမေးပွဲအောင်မြင်ပြီးနောက်ပိုင်းမှာလည်း career အတွက် လိုအပ်တဲ့ trainingတွေ အမြဲမပြတ် ရှိနေမှာပါ။
-မိမိကြိုးစားရင် ကြိုးစားသလောက် ထိုက်တန်တဲ့ rewardsတွေ ရရှိမှာပါ။
-International and Local Conference တွေလည်း တက်ရောက်နိုင်ပါမယ်။
-နယ်ပယ်အမျိုးမျိုးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်ကိုင်ရမှာဖြစ်လို့ Social dealing and communication skillsတွေ ပိုပြီး ကောင်းလာမှာလည်း အသေချာပါပဲ။

👉ဘယ်သူတွေ အလုပ်လုပ်ကိုင်လို့ရလဲ။
-ဘွဲ့ရ(သို့) အထက်တန်းအောင်ပြီးသူ၊ Englishစာနဲ့ အလှမ်းမဝေးသူတိုင်း လုပ်ကိုင်နိုင်ပါတယ်။

👉လုပ်ချင်ပါတယ် အခြားအလုပ်လုပ်နေတာလည်းရှိတယ်။
-ပြသနာမရှိပါဘူး နေ့စဉ်ရုံးတက်စရာမလိုဘဲ မိမိအလုပ်ချိန်ကို မိမိ စီမံနိုင်လို့ Main job ရှိပြီးသားသူတွေလည်း extra incomeရ‌ေအာင် လုပ်ကိုင်နိုင်သလို လတ်တလော အလုပ်ရှာနေသူများလည်း နယ်ပယ်အသစ်မှာ challengingလုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။



Credit with respect to Ma Hnin Oo Wai

18/12/2023

အာမခံမထားခင် လုပ်ဆောင်သင့်တဲ့အချက်များ

🍀🍀(၁) ကုမ္ပဏီကိုအရင်လေ့လာပါ။
မိမိထားမယ့်ကုမ္ပဏီဟာ ဘယ်လိုမျိုးလဲ
ကုမ္ပဏီအသေးလား အကြီးလား
ပြည်တွင်းမှာပဲလည်ပတ်နေတဲ့ကုမ္ပဏီလား
Global company အနေနဲ့ ကမ္ဘာလုံးမှာလည်ပတ်နေတဲ့ကုမ္ပဏီလား
Facebook မှာရှာကြည့်နိုင်တယ်
Google မှာ website တွေမှာဝင်ကြည့်နိုင်တယ်
ရုံးကိုသွားရောက်လေ့လာနိုင်တယ်

🍀🍀(၂) ဝန်ဆောင်မှုပေးမယ့် agentကိုလေ့လာပါ။
သူကဘယ်လိုလူမျိုးလဲ လုပ်ငန်းပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့သူလား
Customer service ကိုသေချာဂရုစိုက်နိုင်တဲ့သူလား
မိမိအတွက်လိုအပ်တဲ့ အာမခံအမျိုးအစားကို
ဖုန်းနဲ့ဖြစ်စေ online meeting နဲ့ဖြစ်စေ
လူကိုယ်တိုင်တွေ့ပြီးဖြစ်စေ သေချာအချိန်ပေးရှင်းပြနိုင်တဲ့သူလား
တရားဝင်အသိအမှတ်ပြုထားတဲ့ လိုင်စင်ကိုင်ဆောင်ထားတဲ့ သူလား
ဒါတွေကို သေချာလေ့လာရမှာဖြစ်ပါတယ်

🍀🍀(၃) မိမိထားမယ့် plan ကို အသေးစိတ်မေးပါ။
ဘယ်ဟာဆို ခံစားခွင့်ရှိပြီး ဘယ်ဟာကို ခံစားခွင့်မရှိဘူးဆိုတာ သိရပါမယ်
(ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးရုံဆေးခန်း စရိတ်တွေကို ဖြစ်သမျှအကုန်လျော်မယ်၊ ဘယ်လောက်ကုန်ကုန် အတိုင်းအဆမရှိပျောက်တဲ့အထိ လျော်မယ်ဆိုတာမျိုး မြန်မာပြည်မှာလည်းမရှိသလို ကမ္ဘာမှာလည်းမရှိပါဘူး။ စင်ကာပူလိုနိုင်ငံမျိုးမှာတောင် ဒေါ်လာဘယ်လောက်အထိပဲလျော်မယ်ဆိုတာမျိုးသက်မှတ်ထားပါတယ်)
မိမိအသက်အပေါ်မူတည်ပြီး တနှစ်ကိုဘယ်လောက်သွင်းရမယ်ဆိုတာ အသေးစိတ်တွက်ခိုင်းလို့ရပါတယ် သဘောတူမှအာမခံထားရှိပါ

🍀🍀(၄) ဘယ်နှစ်ရောက်ရင် ခံစားခွင့်ဘယ်လောက်ရမယ်၊ ဘယ်နှစ်မှာပြန်ထုတ်ရင် ဘယ်လောက်ပြန်ရမယ်၊ ဘယ်နှစ်မှာဆက်မသွင်းတော့ဘဲ ရပ်မယ်ဆိုဘယ်လိုအကာအကွယ်တွေဆက်ရမယ်ဆိုတာ အာမခံစာချုပ် လက်ထဲမရောက်ခင်အဆင့်မှာ တခါထဲကြည့်လို့ရပါတယ်။
သဘောတူမှ လက်မှတ်ထိုးရတာပါ။
အဲဒါတွေပေးမဖတ်တာက agent ရဲ့လိုအပ်ချက်ဖြစ်ပြီး၊ ပေးဖတ်ရဲ့သားနဲ့မဖတ်တာက မိမိရဲ့လိုအပ်ချက် ဖြစ်ပါတယ်

🍀🍀(၅) စာချုပ်လက်ထဲရောက်လာပြီး ၁၄ရက်အတွင်း ပြန်လည်ငြင်းပိုင်ခွင့်ရှိပါတယ်။
အခုဆို ၂၁ရက်အထိ တိုးမြှင့်ထားပါတယ်။ အဲဒီ ၂၁ရက်အတွင်း စာချုပ်ကိုသေချာဖတ်ပြီး အဆင်မပြေရင် မကြိုက်ရင် အာမခံကိုငြင်းပယ်ပြီး
ငွေ ၁၀၀% ပြန်ထုတ်ခွင့်ရှိပါတယ်။
🍀အဲဒီအခွင့်အရေးက လူတိုင်းမှာရှိပါတယ်
🍀ကုမ္ပဏီတိုင်းမှာ ပြုလုပ်လို့ရပါတယ်
၂၁ရက်ကျော်သွားရင်တော့
ငွေကြေးဆိုင်ရာလုပ်ငန်းတွေစတင်ပြီဖြစ်တဲ့အတွက် စာချုပ်အသက်ဝင်သွားပါပြီ

🍀🍀(၆) စာချုပ်လက်ထဲရောက်ပြီးရင် သေချာဖတ်ပါ။
မရှင်းတာတွေကို သေချာမေးပါ
ကျွန်တော့်မိတ်ဆွေတွေဆို စာချုပ်ရောက်ပြီးမှ မေးခွန်းအကြိမ်ရေ ရာနဲ့ချီမေးတာမျိုးကြုံဖူးပါတယ်။ Agent phone number နဲ့ office phone number တွေက အာမခံစာချုပ်ထဲမှာ တခါထဲပါပါတယ်
**********
အာမခံရဲ့သဘောက
ဘဏ်ရဲ့လည်ပတ်မှုနဲ့ ပုံစံခြင်းမတူပါဘူး
(အဲဒီနှစ်မျိုးကို သေချာကွဲကွဲပြားပြား သိထားရမှာဖြစ်ပါတယ်)

ဘဏ်မှာအပ်ထားတဲ့ငွေက အချိန်မရွေးပြန်ထုတ်လို့ရပါတယ်။ သက်မှတ်အတိုးရပါတယ်။

အာမခံရဲ့သဘောတရားက
သက်မှတ်ကာလအတိုင်း ငွေသွင်းနေရတာမျိုးပါ ငွေဆက်မသွင်းနိုင်ရင် ဖြစ်လာနိုင်တဲ့ရလဒ်တွေကို
စာချုပ်ထဲမှာ တရားဝင်ဖော်ပြပါတယ်။
✅သက်မှတ်ပမာဏနဲ့ပြန်ထုတ်ပေးတာ
✅သွင်းထားသလောက်နဲ့ပဲ အာမခံဆက်ယူထားတာအပြင်
✅သွင်းထားတဲ့ငွေထဲက ပြန်လည်ချေးယူနိုင်တာ
ဒါမျိုးတွေလည်း ရှိပါတယ်

တစ်ခုသိရမှာက
ဘဏ်မဟုတ်တဲ့အတွက်
သွင်းချင်တဲ့အချိန်သွင်း
စာချုပ်သက်တမ်းမ‌စေ့သေးဘဲ ပြန်ထုတ်ရင် ဘယ်အချိန်ပြန်ထုတ်ထုတ် ၁၀၀%အပြည့်ရတယ်ဆိုတာ
ဘယ်ကုမ္ပဏီမှာမှ မရှိပါဘူး။
ကြိုက်တဲ့အချိန်ပြန်ထုတ် ၁၀၀% လုံး ပြန်ရမယ်ဆိုရင်လည်း အဲဒါမှန်ကန်တဲ့အာမခံကုမ္ပဏီမဟုတ်ပါဘူး။
ချေးငွေလုပ်ငန်းနဲ့ ရပ်ကွက်ထဲကအပေါင်ဆိုင်သာ ဖြစ်ပါလိမ့်မယ်
ဒါ အာမခံရဲ့သဘောဖြစ်ပါတယ်
*******
အကြောင်းတခုခုဖြစ်လို့ အပြည့်အဝလျော်ကြေးပေးတဲ့အခါ Customer privacy ဖြစ်လို့ လိုင်းပေါ်တင်လို့မရပါဘူး။ ငွေပုံကြီးရှေ့ချဓာတ်ပုံရိုက်တင်ပြီး ကြော်ငြာလို့လည်း မရပါဘူး။
မိသားစုကိစ္စ ကျန်းမာရေးကိစ္စဆိုတာ
Top secret ထားရမယ့်ကိစ္စပါ။



https://m.facebook.com/story.php?story_fbid=307404602264424&id=100089846597170&mibextid=RtaFA8

15/12/2023

အာမခံထားရင် အတိုးရမှာလားလို့ မေးတတ်ကြတယ်။ ဒါဟာ အာမခံရဲ့ တကယ့်အနှစ်သာရကို နားမလည်သေးလို့ပါ။

အာမခံဆိုတာ ကိုယ့်မှာဖြစ်လာနိုင်တဲ့ Risk တွေအတွက် နှစ်စဉ်အရစ်ကျ ငွေစုပြီး ကိုယ်ချစ်ရသူတွေအတွက် Protection plan တခု ကြိုတင်စီမံထား‌ခြင်းပါ။

အသက်ငယ်လေလေ သွင်းရတဲ့ အာမခံကြေး (premium) လျော့လေလေဖြစ်တဲ့အတွက်
ငယ်ရွယ်စဉ်/ နေကောင်းကျန်းမာစဉ်
အချိန်မဆွဲပဲ
❣️မိမိနဲ့ကိုက်ညီတဲ့ အာမခံ plan‌တွေနဲ့
❣️ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေအကြောင်း ဆွေးနွေးလိုသူများကို ကြိုဆိုလျက်ပါရှင်။

Credit

Aye Thu Zar Khine
Licensed Insurance Advisor

13/12/2023

အနာဂတ်တွေကို ခိုင်မာအောင်တည်ဆောက်ပြီး ကိုယ့်အလုပ်အကိုင်လမ်းကြောင်းကို မြှင့်တင်နိုင်ပြီနော်။ Manulife ရဲ့ အသက်အာမခံ အကြံပေးတစ်ယောက်အနေနဲ့ မြန်မာမိသားစုတွေကို ကာကွယ်ရင်း ကနေဒါအခြေစိုက်ကုမ္ပဏီကြီးတစ်ခုမှာ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နိုင်ဖို့ ဒီနေ့ပဲ စတင်လိုက်ပါ။ စာရင်းပေးသွင်းရန် (https://bit.ly/4829Nwx)

Elevate your career while securing futures! As an insurance advisor at Manulife, you'll shield families for financial protection in Myanmar. Start today to work as an expert with a Canada-based company protecting Myanmar families with a vibrant professional atmosphere. Begin your journey today by registering (https://bit.ly/4829Nwx).

Photos from Life Insurance Advisor Aye Thuzar Khine's post 12/12/2023

အာမခံရဲ့ရည်ရွယ်ချက်က
လူတန်းစားမျိုးစုံအတွက်
အကာအကွယ်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်

သာမန်လူတွေအတွက်
သူတို့ရဲ့အသက်အရွယ်အပေါ်မူတည်ပြီး
🍀တနှစ်ကိုအနည်းဆုံး
နှစ်သိန်းခွဲဝန်းကျင်သွင်းနေရုံနဲ့
အသက်သေဆုံးခြင်း/
ထာဝရမသန်စွမ်းဖြစ်ခြင်းတွေအတွက်
🍀ကျပ်သိန်း၂၀၀အထိ လျော်ကြေးရရှိနိုင်ပါတယ်

ငွေကြေးတတ်နိုင်သူတွေအတွက်ကတော့
🍀တနှစ်ကိုကျပ်သိန်း၉၀၀ပေးသွင်းရုံနဲ့
အသက်သေဆုံးခြင်း ထာဝရမသန်စွမ်းဖြစ်ခြင်း
စတဲ့အကြောင်းအရာတွေအတွက်
🍀ကျပ်သိန်းပေါင်း ၃၆၀၀၀ အထိ
လျော်ကြေးရရှိနိုင်ပါတယ်။

အာမခံသက်တမ်းပြည့်လို့
ကျန်းမာစွာရှိနေတယ်ဆိုရင်လည်း
စုငွေအားလုံး၁၀၀%ကို Tax ကင်းလွတ်ခွင့်နဲ့အတူ
ပြန်လည်ရရှိမှာလည်းဖြစ်ပါတယ်

🌿Manulife ဟာ
မြန်မာပြည်တွင်းအသက်အာမခံတွေထဲမှာ
#လျော်ကြေးအမြင့်ဆုံးပေးလျော်တဲ့ကုမ္ပဏီတစ်ခုဖြစ်တာ အားလုံးအသိဖြစ်ပါတယ်။

အာမခံ product တွေဟာ ရှုပ်ထွေးမှုမရှိဘဲ
သာမန်လူနားလည်လွယ်တဲ့ product တွေဖြစ်ပါတယ်။

ဒါ့ကြောင့် မိမိကိုယ်တိုင်အတွက်ရော
ချစ်ရတဲ့မိသားစုအတွက်ပါ အာမခံထားလိုတဲ့
ချစ်မိတ်ဆွေတွေအတွက်
#ရိုးရှင်းပြီးနားလည်လွယ်တဲ့အာမခံနဲ့
#မြန်မာပြည်မှာအမြင့်ဆုံးလျော်ကြေးပေးနေတဲ့
Manulife ကိုသာ လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

စိတ်ပါဝင်စားတဲ့မိတ်ဆွေတွေအနေနဲ့
Messenger ကနေ ဆက်သွယ်နိုင်ပါကြောင်း

Credit Ko Kyaw Swah
သတင်းကောင်းပါးအပ်ပါတယ်။

10/12/2023

အာမခံထားတယ်ဆိုတာ
စိတ်လုံခြုံမှုကိုယူလိုက်တာဖြစ်ပါတယ်။

အကောင်အထည်ကို ချက်ချင်းမမြင်ရပါဘူး။
ဝန်ဆောင်မှုကိုယူလိုက်တာဖြစ်လို့
ပစ္စည်းတခုခုရလိုက်သလို ကိုင်ပြလို့မရသလို ပြန်ရောင်းလို့လည်း မရပါဘူး။

ကားပိုင်ရှင်က ကားအာမခံယူထားတဲ့အခါ
စက်ရုံပိုင်ရှင်က မီးအာမခံယူထားတဲ့အခါ
အိမ်ပိုင်ရှင်က သဘာဝဘေးအန္တရာယ်အတွက်
အာမခံယူထားတဲ့အခါ မိမိပိုင်ဆိုင်တဲ့အရာအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ အတိုင်းအတာတခုအထိ လျော့ကျသွားစေပါတယ်။

မိမိရဲ့ခန္ဓာကိုယ်နဲ့ မိမိရဲ့ကျန်းမာရေး/အသက်ဆိုတာ
ပစ္စည်းဥစ္စာတွေထက် အများကြီးပိုတန်ပါတယ်။
အသက်ကို တန်ဖိုးဖြတ်လို့မရပါဘူး။

ကျွန်တော်တို့ဟာ "ဘာမှမဖြစ်ပါဘူး" ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ သတိလက်လွတ် နေနေကြတယ်။
အဲဒီလိုနေသွားရင်းနဲ့ပဲ အသက်တွေကြီးလာ
ရောဂါတွေဖြစ်လာပြီး ကြိုတင်မပြင်ဆင်ထားတဲ့ထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာတဲ့အခါ ကာယကံရှင်သာမက မိသားစုမှာပါ အကြပ်အတည်းတွေ တွေ့ကြုံလာရပါတယ်။
ဒါက အာမခံစနစ် မတွင်ကျယ်သေးတဲ့
မြန်မာပြည်ရဲ့ ထုံးစံပါ ။

မြန်မာပြည်မှာ အသက်အာမခံရောက်လာတာ
( ၄ ) နှစ်ကျော်ပါပြီ။
အခုထိ ကောင်းမွန်တဲ့အာမခံစနစ်တွေအကြောင်း
မသိသေးတဲ့သူတွေ အများကြီးရှိနေတုန်းပါ။

🍀အာမခံဆိုတာ အများထင်နေသလို
🍀ဈေးမကြီးပါဘူး
🍀ဈေးမတက်ပါဘူး

ကိုယ်တိုင်နဲ့ မိသားစုရဲ့လိုအပ်ချက်တွေအတွက် မိမိဝင်ငွေနဲ့ကိုက်ညီမှုရှိတဲ့ အာမခံအကြောင်းတွေကို
တိုင်ပင်ဆွေးနွေးချင်ရင် အချိန်မရွေးဆက်သွယ်လိုက်ပါရှင်။

Aye Thu Zar Khine
Licensed Insurance Advisor

to Ko Kyaw Swar

10/12/2023

St John City Mall Manulife Shop မှာ ရှိနေပါတယ်။

လာရောက် လေ့လာလို့ ရပါတယ်ရှင်
မုန့်လာဝယ်ကျွေးချင်လည်း ရပါတယ် 😁😁😁




Licensed Insurance Advisor
Aye Thuzar Khine

10/12/2023
06/12/2023

December လထဲမှာ
လိုင်စင်သင်တန်း တစ်ခုသာကျန်ရှိပါတယ်

#ရန်ကုန်အတွက်ဖြစ်ပါတယ်
သင်တန်းသားကိုယ်တိုင်တက်ရောက်ရပါမည်။

🍀December 14/15/16/17 ( 4days training)
Exam - December 22

ကျန်ရှိနေတဲ့ insurance product training များကို
December လထဲမှာ ပြီးပြတ်အောင်တက်နိုင်လျှင်

🍀2024 ခုနှစ် နှစ်စမှာပဲ
အသက်အာမခံ ကျန်းမာရေး/ ပညာရေးအာမခံများကို လိုင်စင်နှင့်တရားဝင်လုပ်ကိုင်လို့ရမှာဖြစ်ပါတယ်

🔴2023 ခုနှစ်အတွင်း စာရင်းပေးသွင်းထားသူများ
🔴သင်တန်းတက်ပြီးစာမေးပွဲမဖြေဖြစ်လိုက်သူများ
🔴Online training မီလိုက်သော်လည်း
လူကိုယ်တိုင်ထပ်မံတက်ရောက်လိုသူများ
join နိုင်ပါတယ်။

စိတ်ပါဝင်စားသူများ
Messenger ကတဆင့် ဆက်သွယ်နိုင်ပါတယ်။

Credit Ko Kyaw Swar

27/11/2023

"ကာကွယ်မေတ္တာ (၄) နှစ်တာ Manulife အသက်အာမခံဖြင့် ရှေ့ဆက်ပါ"ဆိုတဲ့ Effect လေးနဲ့ ဓာတ်ပုံလေး ရိုက်ရင်း Manulife Myanmar (၄) နှစ်ပြည့်အစီအစဉ်မှာ အရမ်းလန်းတဲ့ ကြိုးမဲ့နားကြပ်လှလှလေးတွေ ရယူဖို့ ပါဝင်ပြီးသွားပြီလား။ ဒီအစီအစဉ်လေးပြီးဖို့ (၄) ရက်ပဲ ကျန်တော့တာမို့ ကံထူးရှင် ဖြစ်လာဖို့ဆိုရင် ဒီအစီအစဉ် အသေးစိတ်ကို ဒီလင့်ခ်လေးမှာ ကြည့်ပြီး ပါဝင်လိုက်ပါဦး။​

#ကာကွယ်မေတ္တာ၄နှစ်တာManulifeအသက်အာမခံဖြင့်ရှေ့ဆက်ပါ

26/11/2023

လာမယ့်နှစ် 2024 မှာ
အသက်အာမခံကိုယ်စားလှယ်လုပ်ဖို့
ဆက်သွယ်ထားသူများအနေနဲ့ December လထဲမှာ
လိုင်စင်သင်တန်း 3ခု ကျန်ရှိပါတယ်

#ရန်ကုန်အတွက်ဖြစ်ပါတယ်
သင်တန်းသားကိုယ်တိုင်တက်ရောက်ရပါမည်။

🍀December 2/3/4/5 ( 4 days training)
Exam - December 12

🍀December 14/15/16/17 ( 4days training)
Exam - December 22

🍀December 2/3 and December 16/17
( Sat,Sun ပိတ်ရက်နှစ်ရက်ကို နှစ်ပတ်တက်)
Exam - December 22

ကျန်ရှိနေတဲ့ insurance product training များကို
December လထဲမှာ ပြီးပြတ်အောင်တက်နိုင်လျှင်
2024 ခုနှစ် နှစ်စမှာပဲ
အသက်အာမခံ ကျန်းမာရေး/ ပညာရေးအာမခံများကို လိုင်စင်နှင့်တရားဝင်လုပ်ကိုင်လို့ရမှာဖြစ်ပါတယ်

စိတ်ပါဝင်စားသူများ
Messenger ကတဆင့် ဆက်သွယ်နိုင်ပါတယ်။

Credit Ko Kyaw Swah

19/11/2023
19/11/2023

It’s never too late to begin taking care of your mental well-being. Here are a few ways to recognize whether to seek professional help for your mental health. https://ow.ly/hj0R50Q8i1F

18/11/2023

အမျိုးမျိုးသောသတင်းစကားတွေကြောင့်
မိမိမှာရှိနေတဲ့ငွေတွေကို အိမ်ပဲဝယ်ရမလား
ကားပဲဝယ်ရမလား ရွှေအဖြစ်ပြောင်းလဲရမလား
စဉ်းစားရခက်နေရင်...
မိမိရဲ့ငွေတချို့တဝက်ကို
အသက်အာမခံအဖြစ်အသွင်‌ပြောင်းကာ
အအကာအကွယ်ယူရင်း ငွေစုထားလို့ရပါတယ်

ထားမယ်လို့စဉ်းစားတဲ့အခါ
ဘယ်ကုမ္ပဏီမှာထားမှာလဲဆိုတာ အရေးကြီးပါတယ်

နှစ်ပေါင်း ၁၃၆ နှစ်ကျော်သက်တမ်းရှိပြီး
ကမ္ဘာကျော် NewsWeek မဂ္ဂဇင်းကြီးကထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်- ကမ္ဘာ့အယုံကြည်ရဆုံးကုမ္ပဏီများထဲမှာပါဝင်‌နေတဲ့ လက်ရှိမြန်မာနိုင်ငံမှာလည်း
အရှိန်အဟုန်နဲ့ ဆက်လက်လည်ပတ်နေတဲ့
🌿ကနေဒါနိုင်ငံအခြေစိုက် Manulife မှာ
စိတ်ချစွာ ရွေးချယ်ထားရှိပါ

တစ်နှစ်စာ ငွေသိန်းဂဏန်းအနည်းငယ်ပေးသွင်းရုံနဲ့ သိန်းရာနဲ့ချီတဲ့ ငွေကြေးအကာအကွယ်ရနိုင်မယ့်အပြင် နှစ်စေ့အကျိုးခံစားခွင့်ကြောင့် ကိုယ်သွင်းသမျှငွေ ၁၀၀%ပြန်ရမယ့်အစီအစဥ်က နိုင်ငံတကာနည်းတူ ကိုယ့်နိုင်ငံမှာလည်း ရှိတယ်ဆိုတာကို သတင်းကောင်းပါးလိုက်ပါရစေ....

Digitalization System တွေနဲ့သာ အသုံးပြုဝန်ဆောင်မှုပေးနေတဲ့ Manulife Myanmar မှာ
မြန်မာနိုင်ငံသားမှန်ရင် လိုအပ်တဲ့အချက်အလက်တွေပြည့်စုံရင်ဘယ်နေရာကမဆို အချိန်ခဏအတွင်းမှာ လုပ်ငန်းပြီးစီးအောင်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်

Manulife ရဲ့ "Decision made easier, Lives made better''ဆိုတဲ့ အတိုင်း အသက်အာမခံအကြံပေးအဖြစ် ဝန်ဆောင်မှုပေးနေတဲ့ အတွက်အချိန်မရွေး messenger ကနေ ဆက်သွယ်နိုင်ပါတယ်....

Credit to original writer

16/11/2023

လက်လျှော့မယ်ကြံတိုင်း ဒါကိုဖတ်ပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Dale Carnegie ရဲ့ ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ်။

တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ရေလက်ကြားတစ်ခုကို ကန့်လန့်ဖြတ် ဖြတ်ကူးပြီး စံချိန်သစ်တင်မယ်လို့ ကြေငြာလိုက်တယ်။ လူတွေကလည်း ဒီသတင်းကို ကြားတော့ တော်တော်လေး စိတ်ဝင်စားသွားကြတယ်။

အဲ့လိုနဲ့ ဖြတ်ကူးမယ့်နေ့ကို ရောက်လာတယ်။ လူတွေဟာ တစ်ဖက်ကမ်းကနေ အုတ်အော်သောင်းနင်း ကြည့်ရှု့နေကြတယ်။

ရေကူးချံပီယံစကူးပါပြီ။ သူ့အတွက် ရေကူးရတာဟာ ဘာမှအပန်းမကြီးဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကူးနေပါတယ်။ အဲ့လိုကူးနေရင်းနဲ့ သူဟာ တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ မြူတွေ အုံစိုင်းနေတာကို တွေ့လိုက်ရပါတယ်။

ဟုတ်ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ နှင်းတွေကျပြီး မြူတွေစိုင်းနေပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘဲ လက်ပစ်ကူးနေရတာပါ။

တော်တော်ကြာအောင် ကူးပြီးတဲ့အခါကျတော့ သူစိုးရိမ်စရိတ်ဝင်လာတယ်။ သူကူးနေတာ လမ်းကြောင်းရော မှန်ရဲ့လား၊ မြူတွေကြောင့် ဘာမှမမြင်ရဘဲ ဆန့်ကျင်ဘက်ကို ကူးနေမိပြီလား စိုးရိမ်စိတ်တွေဝင်လာတယ်။

နောက်တော့ တော်တော်ကြာကြာတဲ့အထိ ကူးနေပေမယ့်လည်း ကမ်းကို မရောက်နိုင်တော့ သူဟာ လက်လျှော့လိုက်ပါတော့တယ်။ လက်လျှော့ပြီး သူ့ဆီ ကယ်ဆယ်ရေးတွေလွှတ်ဖို့ အကူအညီတောင်းပါတော့တယ်။

ကမ်းပေါ်​ပြန်ရောက်တော့မှ သူသိလိုက်ရတာက သူဟာ ကမ်းနဲ့ မီတာ ၁၀၀ အကွာရောက်တော့မှ လက်လျှော့လိုက်တယ် ဆိုတာပါပဲ။

အင်တာဗျူးသမားတွေက သူ့ကို ဘာလို့ လက်လျှော့လိုက်တာလဲမေးတော့...

"မီတာ ၁၀၀ပဲ လိုတော့တယ်ဆိုတာ မသိလို့ပါ။ မီတာ ၁၀၀ ပဲ လိုတော့တယ်ဆိုတာသာ သိမယ်ဆိုရင် လက်လျှော့ခဲ့မှာ မဟုတ်ပါဘူး" လို့ ပြန်ပြောလိုက်ပါတယ်။

အဲ့လိုပဲ ကျွန်တော်တို့အနေနဲ့ တစ်ခါတလေကျရင် ဒီရေကူးချံပီယံလိုပဲ လက်လျှော့တော့မယ်လို့ ကြံတဲ့အချိန်ဟာ အောင်မြင်မှုနဲ့ မီတာ ၁၀၀ အကွာကို ရောက်နေတဲ့ အချိန်လည်း ဖြစ်နေတတ်တယ်။

လက်လျော့တော့မယ်ကြံတဲ့အခါတိုင်း ဒီအဖြစ်အပျက်ကလေးက ဆင်ခြင်သုံးသပ်ပြီး သေချာဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


မူရင်းရေးသားသူအားလေးစားစွာဖြင့်💛

Photos from Manulife Myanmar's post 16/11/2023
16/11/2023
15/11/2023

FYI

Taunggyi နဲ့ အနီးတဝိုက် အတွက် ဘဝအာမခံ အကာအကွယ်တွေ လူတိုင်းနီးပါးရရှိစေချင်ပါတယ်

မမှုန်တို့အတွက် ဒေသခံ (လိုင်စင်ရ) အာမခံအကြံပေးတွေ လိုအပ်နေပါတယ်

လူတိုငိးကို အာမခံမရောင်းပါဘူး
လိုအပ်မယ့်သူတွေကို
သားသမီးပညာရေး
မိမိကျန်းမာရေး
မိမိပင်စင်စုဆောင်းငွေ လိုအပ်သလို ဆွေးနွေးအကြံပေး ရင်း ဝန်ဆောင်မှုပေးပါတယ်

ဒေသခံ အကြံပေးအသစ်တွေကိုလည်း
လိုအပ်သော အသိပညာ အတတ်ပညာ ကျင့်ဝတ် များ သင်ကြားပေးရင်း အောင်မြင်​သော insurance Advisor တယောက်ဖြစ်လာအောင် လက်တွဲခေါ်သွားမှာပါ

အလုပ်အကိုင်ပြပွဲ အကြောင်း

ရက်စွဲ - ၁၉၊ နို၀င်ဘာ၊ ၂၀၂၃ (Sunday)

အချိန် - နေ့လည် ၁ နာရီမှ ၂နာရီအထိ

နေရာ - တောင်ကြီး UCT ဟိုတယ်

နာမည်နဲ့ ဖုန်း သိရတာနဲ့ စာရင်းသွင်းပေးထားမှာပါ

*အထူးအစီအစဉ် - ပွဲတက်ရောက်သည့် ဧည့်သည်များအတွက် ၅၀,၀၀၀ တန် City Mart Gift Card ကိုကံစမ်းမဲဖောက်သွားပေးမှာဖြစ်ပါတယ်။*

ဝတ်မှုန်ဝေ

Senior unit Manager

12/11/2023

အရှေ့တောင်အာရှမှာ Manulife ရဲ့
ပထမဦးဆုံးအာမခံစာချုပ်ကို ဖိလစ်ပိုင်နိုင်ငံမှာ 1901 ခုနှစ်မှာစတင်ရောင်းချခဲ့ပြီး မြန်မာနိုင်ငံမှာတော့ 1903 ခုနှစ်မှာစတင်ရောင်းချခဲ့ပါတယ်

ပုံကတော့ 1903ခုနှစ်မှာ မြန်မာနိုင်ငံမှာပထမဆုံးရောင်းချခဲ့တဲ့ Manulife ရဲ့အသက်အာမခံစာချုပ်ပါ။

သမိုင်းကြောင်းခိုင်မာတဲ့ အသက်အာမခံကုမ္ပဏီမှာ
အာမခံထားရင်း မိသားစုအတွက်အအကာအကွယ်တွေယူရင်း စိတ်လုံခြုံမှုရယူကြပါစို့။

ချစ်ရတဲ့မိတ်ဆွေတွေအတွက်
🌿နိုဝင်ဘာလ Manulife 4 နှစ်ပြည့် အထူးအစီအစဉ်အနေနဲ့
🌿Novemberလမှာ အာမခံထားရှိတဲ့မိတ်ဆွေတွေအတွက်
🌿မေတ္တာလက်ဆောင်အထူးအစီအစဉ်တွေရှိတာမို့
အခုပဲ ဆက်သွယ်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Credit Ko Kyaw Swah

12/11/2023

ကင်ဆာအဖြစ်အများဆုံးနိုင်ငံတွေထဲမှာ
မြန်မာနိုင်ငံပါဝင်ပါတယ်။

အစားအသောက်အနေအထိုင်ပုံစံမမှန်ခြင်းကြောင့်
ကင်ဆာအဖြစ်များသလို
ပုံမှန်ဆေးစစ်တဲ့အလေ့အထမရှိခြင်းကြောင့်
ကင်ဆာ‌ဖြစ်နေတာကိုနောက်ကျမှသိကြတာများပါတယ်။

ကင်ဆာရောဂါဖြစ်ပြီဆိုရင် ကုသဖို့ကြိုးစားရပါမယ်
ကင်ဆာရောဂါသည်တွေအတွက်
မြန်မာပြည်ရဲ့လက်ရှိကုသပုံအနေအထားက
အောက်ပါအတိုင်းဖြစ်ပါတယ်။

🌿အစိုးရဆေးရုံမှာကုသခြင်း

လက်တလောအ‌ခြေအနေအရ
ပြည်သူ့ဆေးရုံတွေမှာ လူနာနဲ့ဆရာဝန် မမျှတပါဘူး
ဓာတ်ကင်ဖို့ အခုသွားတန်းစီရင် နောက်၆လတောင်
တက်ရောက်ကုသခွင့်ရဖို့ မလွယ်ကူပါဘူး
( ဒါက လက်ရှိအနေအထားအမှန်ဖြစ်ပါတယ် )
ခီမိုသွင်းခြင်းအတွက်လည်း အများအားဖြင့်
ကိုယ့်ဆေးကိုယ်ဝယ်ပြီးသွင်းနေရတဲ့အခြေအနေပါ။

ဆေးသွင်းကုသခြင်း ဓာတ်ရောင်ခြည်ကင်ခြင်း
နှစ်ခုစလုံးအတွက် ပြည်သူ့ဆေးရုံတွေမှာနေရာအနည်းငယ်သာရှိပါတယ်။
အဲဒီနေရာအနည်းငယ်မှာလည်း
ကုသဆဲလူနာတွေနဲ့အပြည့်ဖြစ်ပါတယ်။
တန်းစီစောင့်နေရတဲ့ကာလမှာပဲ
ကင်ဆာအဆင့်တွေမြင့်တက်လာရင်း
expired ဖြစ်ကြတာ များပါတယ်။

🌿ပြင်ပဆေးရုံတွေမှာကုသခြင်း

ဒါကတော့ ကုသရမြန်ပါတယ်
ဆေးရုံကြီးတွေမှာ ခီမိုသွင်းမယ် ဓာတ်ကင်မယ်
လိုအပ်တာတွေချက်ချင်းလုပ်နိုင်ပါတယ်
ကင်ဆာအဆင့်နုနေရင် မြန်မြန်ပျောက်ကင်းနိုင်ပြီး
အဆင့်မြင့်နေရင် ဆေးအပြည့်သွင်းနိုင်ရင်
ပျောက်ကင်းနိုင်ချေ ပိုများပါတယ်။
ဒါပေမယ့် ကုန်ကျစားရိတ်ကြီးမြင့်ပါတယ်။
ကင်ဆာဆေးတွေဟာ
အကြိမ်အရေအတွက်အပြည့်သွင်းရတာမျိုးမို့
၆ခါ / ၈ခါ စသဖြင့် အပြည့်သွင်းရပါတယ်။
သွင်းနေရင်း ပိုက်ဆံမလိုက်နိုင်တော့လို့ရပ်လိုက်ရတဲ့လူနာတွေ မြန်မာပြည်မှာ အများကြီးပါ။
ကင်ဆာအခြေအနေအပေါ်မူတည်ပြီး
ဆေးကုသစားရိတ် သိန်းရာနဲ့ချီကုန်ကြနိုင်ပါတယ်။

🌿နိုင်ငံခြားမှာသွားကုသခြင်း

ဒါကတော့ သိပ်ပြောပြနေစရာမလိုပါဘူး
ကြွယ်ဝချမ်းသာသူများအနေနဲ့ ဘယ်လောက်ကုန်ကုန် နိုင်ငံခြားမှာ စ/ဆုံး ကုသကြပါတယ်
ခေတ်မှီဆေးဝါးတွေ ကျွမ်းကျင်ဆရာဝန်တွေနဲ့
လူ့အသက်ကိုတန်ဖိုးထားတဲ့နိုင်ငံတွေမို့
ငွေရှိတဲ့သူများ သွားရောက်ကုသကြပါတယ်။

🌿အာမခံကြိုတင်ဝယ်ထားခြင်း

အာမခံကုမ္ပဏီအများစုက ကင်ဆာရောဂါအတွက်
အကာအကွယ်ပေးကြပါတယ်။
ကင်ဆာရောဂါဖြစ်လာပြီဆိုရင်
သတ်မှတ်ထားတဲ့လျော်ကြေးကိုပေးလျော်ပါတယ်။
အဲဒီလျော်ကြေးနဲ့ ရောဂါကိုကုသကြပါတယ်
နိုင်ငံတကာမှာတော့ ဒီဖြစ်စဉ်တွေကအသားကျနေပေမယ့်
မြန်မာပြည်မှာတော့ အခုမှစတင်တာဖြစ်ပါတယ်။

တချို့သောကုန်ကျစားရိတ်ကြီးမားလွန်းတဲ့ကင်ဆာတွေအတွက် အာမခံလျော်ကြေးရတာတောင်
ငွေမလုံလောက်မှုတွေရှိနေကြဆဲဖြစ်ပေမယ့်..
တချို့ကင်ဆာတွေအတွက် အာမခံလျော်ကြေးနဲ့
အပြီးအစီးကုသပျောက်ကင်းနိုင်တာမျိုးရှိပါတယ်။

ကုသစားရိတ်အစ/အဆုံးကို ရှိသမျှပေါင်နှံရောင်းချ
သူများဆီကပိုက်ဆံချေးယူပြီးကုသတာထက်စာရင်
အာမခံလျော်ကြေးက သင့်ကိုအတိုင်းအတာတစ်ခုထိ ဝန်ထုပ်ကိုလျော့နည်းစေမှာဖြစ်ပါတယ်။

*****

ကင်ဆာရောဂါမဖြစ်ဖို့ ပုံမှန်ဆေးစစ်ချက်ယူပါ။
"စားရဖို့တောင်အနိုင်နိုင်ပါ"ဆိုပြီး ဆင်ခြေပေးပြီး
တန်ဖိုးရှိတဲ့ဘဝတွေကို ပေါ့ပေါ့ဆဆမနေကြပါနဲ့။
အနေအထိုင်အစားအသောက်ဆင်ခြင်ပါ
ကျန်းမာရေးလိုက်စားပါ။ ဒါတွေက ငွေမကုန်ပါဘူး။

‌မြန်မာပြည်သူများ ကင်ဆာရောဂါဆိုးမှ
လွတ်ကင်းနိုင်ကြပါစေ။

Credit with huge respect to Ko Kyaw Swah

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကြိုးစားရင်းအခက်အခဲ တွေ တွေ့ကြုံနေရလို့ စိတ်ဓာတ်ကျနေပြီလား??မင် တို့တွေ အတူတူ moti ယူလိုက်ကြရအောင်💗ဖြူဖြူပြောတာလေး သဘောက...

Telephone

Website

Address

Yangon

Other Financial Services in Yangon (show all)
Hmone Nathar Tun Hmone Nathar Tun
Yangon, 11071

If you're interested in protecting families from the comfort of your home, send me a message. I would be happy to discuss our opportunity with you. Keep dreaming!

Myanmar Remit Myanmar Remit
Urban Asia Center, Room No 254, 2nd Floor , Corner Of 48th Street & Maha Bandula Road, Botataung Tsp
Yangon, 11221

We provide an official platform for receiving and recording the amount of money transferred to/from

SunBag SunBag
Yangon

reduce pressure from your life real time approval 3minutes payment

Insurance Coverage with CHUBB by NVN Insurance Coverage with CHUBB by NVN
Kabaaye Pagoda Road
Yangon

Protecting your Family

Shwe Pyae Sone Firm & Company Agent Shwe Pyae Sone Firm & Company Agent
No. 39, (42) Street, Between Merchand &Kanner Street, Botahtaung Township
Yangon

AiGold 125 AiGold 125
Yangon

YK Forex Technical Analysis YK Forex Technical Analysis
No. 11, Coner Of Kan Yeik Thar Road &, U Aung Myat Rd
Yangon

ကမ္ဘာ့ရွှေ ရောင်းဝယ်ရေး နှင့် အကောင့်ဖွင့်ခြင်း ဝန်ဆောင်မှု

Happy Life Happy Life
18 Floors, Office Tower 2, Myanmar Plaza, Kabaraye Pagoda Road, Bahan
Yangon

Myanmar needs Insurance

Anna - Quick Exchange Anna - Quick Exchange
Yangon

1% exchange- Wave,Kpay,CbPay,AyaPay,A+Wallet,UabPay,Citizens Pay, Cb,Aya,Kbz,Abank,MAB Bank,MCB Bank are available to exchange. %ဖြင့်ငွေသားထုတ်ချင်းလုံး၀မလုပ်ပါရှင့်။

AIA Myanmar Hannah AIA Myanmar Hannah
Junction City Tower, No. 3/A. Bogyoke Aung San Road, 22nd Floor
Yangon, 11141

Specialised in insurance covering Life, Education, Health and general insurance.

Fiscal APEX Myanmar Fiscal APEX Myanmar
Building 27, No/7/05, 52th Street Lower Block, Botahtaung Township
Yangon, 11161

Start your trading life with us.

CashWoo Meaningful Corp CashWoo Meaningful Corp
37/Square (11), North Yangon Hlaingthaya Township
Yangon

CashWoo is a simple online borrowing app. Loan applications are secure and reliable.