Big Diamond Technology

Big Diamond Technology

You may also like

Benn24-electronics.de
Benn24-electronics.de

Sale and Services / Software Collection
Call us : 09 250 395 774

Computer Repair 02/01/2024

ကွန်ပျူတာ ပြုပြင်နည်းများ လေ့လာလိုပါက
အခု App မှာ လေ့လာနိုင်ပါတယ်......

Min Ko Ko Big Diamond Technology

Computer Repair : 👇👇👇

Computer Repair

29/12/2023

ကျွန်တော်များ BDT-Big Diamond Technology မှာ

✅Sale and Services အပြင်
https://m.facebook.com/story.php?story_fbid=318440937826460&id=100089816691935&mibextid=RtaFA8

✅Software Collection များလဲ ရရှိနေပါပြီ
https://m.facebook.com/story.php?story_fbid=322698817400672&id=100089816691935&mibextid=RtaFA8

အကောင်းဆုံး ဝန်ဆောင်မှုနှင့် အချိန်ကုန် သက်သာပြီး
စိတ်ချယုံကြည်ရတဲ့ BDT ကို ဆက်သွယ်လိုက်ပါ.....

https://www.facebook.com/profile.php?id=100089816691935&mibextid=ZbWKwL



Big Diamond Technology Min Ko Ko Ma Zin Nwe Hnin Wai Mg Noel Kay Zin

29/12/2023

Passport Photo ကို SIZE AND Skill ချိန်ညှိရ လွယ်ပြီး ဖုန်းနဲ့ ပြုလုပ်နိုင်တဲ့ idPhoto App :
https://play.google.com/store/apps/details?id=idphoto.passport.portrait

Big Diamond Technology Mg Noel Ma Zin Kay Zin Nwe Hnin Wai

27/12/2023

2023 မှာ popular အဖြစ်ဆုံး TOP AI App 10ခု

1.ClickUp
2.DreamStudio
3.MidJourney
4.Adobe Sensei
5.Canva
6.Mokker
7.Galileo
8.Dell.E 2 by Open
9.Khroma
10.Jasper

Big Diamond Technology Min Ko Ko

Photos from Big Diamond Technology's post 26/12/2023

အသုံးများသော Symbol စာလုံးများကို ကွန်ပျူတာအသုံးပြုသူများ အတွက် ပြန်လှည်မျှဝေပေးလိုက်ပါတယ်.....


Big Diamond Technology Min Ko Ko

22/12/2023

ကျွန်တော်များ BDT-Big Diamond Technology မှာ

✅Sale and Services အပြင်
https://m.facebook.com/story.php?story_fbid=318440937826460&id=100089816691935&mibextid=RtaFA8

✅Software Collection များလဲ ရရှိနေပါပြီ
https://m.facebook.com/story.php?story_fbid=322698817400672&id=100089816691935&mibextid=RtaFA8

အကောင်းဆုံး ဝန်ဆောင်မှုနှင့် အချိန်ကုန် သက်သာပြီး
စိတ်ချယုံကြည်ရတဲ့ BDT ကို ဆက်သွယ်လိုက်ပါ.....

https://www.facebook.com/profile.php?id=100089816691935&mibextid=ZbWKwL



Big Diamond Technology@topfans@followersBig Diamond Technology

21/12/2023

ကျွန်တော်များ BDT-Big Diamond Technology မှာ

✅Sale and Services အပြင်
https://m.facebook.com/story.php?story_fbid=318440937826460&id=100089816691935&mibextid=RtaFA8

✅Software Collection များလဲ ရရှိနေပါပြီ

အချိန်ကုန်ခံပြီး အခုချိန်ထိ Download လုပ်နေတုန်းလား?

🚫လိုင်းမကောင်းလို့ ၊ software download မရတာတွေ
🚫ဒေါင်းပြီး ၊ Software မှာ Activate/ Crack / Keygen ပါမလားတာတွေ
🚫မိမိအသုံးပြုချင်တဲ့ Software ရှာမရတာတွေ
🚫System နဲ့ မဆင်မပြေလို့ တင်မရ ၊ installation လုပ်မရတာတွေ

စတဲ့ ပြဿနာများ မကြုံရလေအောင် ကျွန်တော်များ BDT မှ Software နှင့် သက်ဆိုင်သော

💁CD/DVD သို့မဟုတ်
💁Google Drive Link တို့ဖြင့်

မိမိလိုအပ်သော Software နာမည်လေးသာပြောလိုက် အိမ်ထိရောက်အောင် ဆောင်ရွက်ပေးပါတယ်.......

အကောင်းဆုံး ဝန်ဆောင်မှုနှင့် အချိန်ကုန် သက်သာပြီး
စိတ်ချယုံကြည်ရတဲ့ BDT ကို ဆက်သွယ်လိုက်ပါ.....

https://www.facebook.com/profile.php?id=100089816691935&mibextid=ZbWKwL



Big Diamond Technology@topfans@followersBig Diamond Technology

20/12/2023

မိမိရဲ့ PC ကို ပိုမို လုံခြုံမှု ရှိဖို့
Data info တွေ Save ဖြစ်အောင်

Folder Lock for PC Software လေးနဲ့ ကိုယ့်ရဲ့ Computer မှာ သိမ်းဆည်းဖို့ အကြံပြုချင်ပါတယ်
https://folder-lock.en.softonic.com/download

အခုလို Third party software အသုံးမပြုပဲ folder များကို lock ခတ်ချင်ပါက

1. မိမိ Lock ခတ်လိုသော folder ပေါ်ကို right click နှိပ်ပြီး properties ကိုသွားပါ

2. Security တွင် system, မိမိအသုံးပြုနေသော User Account နှင့် Administrator တို့ကို Full Control ပေးပြီး Apply and OK နှိပ်လိုက်ပါ

ဒါဆို Folder Lock ခတ်ပြီးပါပြီ

အဆင်ပြေပါစေဗျာ
စေတနာများစွာဖြင့်
စာရေးသူ - မှတ်တမ်း

Big Diamond Technology

Big Diamond Technology on Viber 19/12/2023

Viber Channel Link

Big Diamond Technology on Viber Software Collection & Sale and Services

19/12/2023

Computer မှာ ကျွန်တော်တို့ Windows တင်ပြီးနောက် Administrative နှင့် standard ဆိုပြီး အကောင့် နှစ်မျိုးပါလာပြီးသားပါ.....

အခု ကျွန်တော်ပြောပြပေးမှာက Standard or Local User Account တစ်ခုမှာ Software Installation လုပ်မရအောင် Block or Disable လုပ်နည်းပါ.....

1. Control Pannel ထဲကို ဝင်ပေးပါ၊ ပြီးနောက် Administrative tools ကို သွားပါ...

2. Administrative tools မှ Local Security Policy ဖွင့်ပါ...

3. Local Security Policy မှ Local Policies ထဲ ဝင်ပေးပါ၊ ပြီးနောက် Local Policies ရှိ Security Options ကို ဆက်သွားပါ...

4. Security Options မှာ (User Account Control: behavior of the elevation prompt for Administrator) သွား Right Click >>> property နှိပ်၊
Local Security Setting မှ prompt for credentials on the sscure desktop ရွေးပေးပါ...

5. (User Account Control: behavior of the elevation prompt for Standard) ကိုသွားပါ၊ Right Click>>>property နှိပ်ပေးပါ၊ Local Security Setting မှ prompt for credentials on the sscure desktop ရွေးပေးပါ...

အပေါ်က ကျွန်တော်ပြောထားတဲ့ အကြောင်းတွေ လုပ်ပြီးပြီဆိုရင် Computer ကို Restart လုပ်ပေးပါ....

ပြန်တက်လာပါက Standard User Account or Local User Account ဖြင့် Log In ဝင်ပေးပြီး Software Installation လုပ်ကြည့်ပါ...

ကျွန်တော်တို့ ပုံအမှန် အတိုင်း Software များကို Installation လုပ်မရပဲ Lock ‌ဖြစ်နေပါလိမ့်မည်...

နည်းပညာကို စိတ်ဝင်စားသူများ စမ်းသက်နိုင်ပါတယ်

နည်းပညာများကို လေ့လာလိုပါက 👇👇👇 https://m.facebook.com/story.php?story_fbid=372655701957032&id=100076378144775&mibextid=Nif5oz

မိတ်ဆွေတို့ ကွန်ပျူတာပြသာနာကိုဖြေးရှင်းရန်👇👇👇
https://m.facebook.com/story.php?story_fbid=318440937826460&id=100089816691935&mibextid=RtaFA8

အဆင်ပြေပါစေဗျာ
စေတနာများစွာဖြင့် မျှဝေပေးလိုက်ပါတယ်
သာယာသောနေ့များ ပိုင်ဆိုင်ကြပါစေ
စားရေးသူ - မှတ်တမ်း

Big Diamond Technology Diamond Technology@topfans@followers

18/12/2023

RUN Box Command History ကို Registry ကနေ ဖျက်နည်း

1. ပထမဦးစွာ registry editor ကို ဖွင့်ရပါမယ်...
Run Box မှ registry ကိုဖွင့်ချင်ပါက windows Key + R ကို နှိပ်ပြီး Run Boxကေါ်လာပါက ၎င်း command ကို (regedit.exe) ရိုက်ပြီး Enter နှိပ်ပါ......

2. ဒုတိယ အဆင့် registry ဖွင့်ပြီးနောက် အောက်တွင် ညွှန်ပြထားသော ပတ်လမ်းကြောင်းအတိုင်း သွားပေးပါ... HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU.
RunMRU ထိ ရောက်အောင် သွားပေးပါ....

3. တတိယ အဆင့်မှာက RunMRU ကို ရောက်နေပါပြီ RunMRU တွင် ကိုယ်အသုံးပြုထားတဲ့ Commands များကို မြင်တွေ့ရပါလိမ့်မည်

ကိုယ်ဖျက်ချင်သော commands များကို Press the Del key (or select Edit - Delete) and click Yes to the confirmation. လိုက်ရင် ရပါပြီ

အဆင်ပြေပါစေဗျ။စေတနာများစွာဖြင့်။

Big Diamond Technology

18/12/2023

ဒီလို Products ဘယ်မှာ ရနိုင်လဲ 😜😜


Big Diamond Technology

14/12/2023

လူကြီးမင်းတို့၏ ကွန်ပျူတာနှင့် ဆိုင်သာ ပြဿနာများကို အိမ်မှာနေရင်း ဖြေရှင်းနိုင်ပါပြီ။

Computer Service ကောင်းတစ်ခု ရှာနေလား?

အိမ်မှာပဲ ဖြစ်ဖြစ်၊ ရုံးမှာပဲ ဖြစ်ဖြစ် ရန်ကုန်မြို့တွင်း Computer Service လုပ်နိုင်တဲ့ BDT (Big Diamond Technology) ကို သတိရလိုက်ပါ။

ကျွန်ုပ်တို့ကို ဖုန်းလေးသာဆက်လိုက် အိမ်၊ ရုံး၊သင်တန်း ထိလာရောက် ဝန်ဆောင်မှု ပေးပါမယ်။

🖥️မိမိ အသုံးပြု‌နေတဲ့ Computer errorတက်နေလို့ Window ပြန်တင်မလား?
🖥️Window, Ms Office မှာactivate ပြုတ်ပြီး activation required လုပ်ချင်လား?
🖥️Software တွေကို Installation လုပ်ချင်တာလား?
🖥️လက်ရှိသုံးနေတဲ့ ကွန်ပျူတာကို ပိုမိုသွက်လက်သွားအောင် RAM / SSD စသည်ဖြင့်Hardwareပိုင်းများ upgrade လုပ်မလား?
🖥️Software, Hardware Cleaning လုပ်မလား?
🖥️Virusတွေရှိ/မရှိ စစ်ဆေးချင်လား?
🖥️Virus Software Install လုပ်မလား?

🙋Laptopနဲ့ပတ်သတ်လို့
💻Batteryလဲမလား? Displayမှန်လဲမလား? Keyboard လဲမလား? No powerအလုံးတွေပြင်မလား?
💻ကွန်ပျူတာ Software, Hardware နဲ့ပတ်သက်ပြီး လူကြီးမင်းတို့ လိုအပ်သည်များကို ကျွန်‌တော်တို့ BDT မှ ဆောင်ရွက်ပေးနေပါပြီ။💁

ကျွန်တော်တို့ pageမှာ ရရှိနိုင်တဲ့ servive တွေကတော့

✅window installation အမျိုးမျိုး
✅software installation အမျိုးမျိုး (Customer)
✅HDD, SSD upgradeလုပ်ခြင်း၊လဲခြင်း
✅CMOS battery လဲပေးခြင်း။
✅Motherboard လဲပေးခြင်း
✅No power အဖြေရှာပေးခြင်း
✅UPS Battery လဲ‌‌ခြင်း
✅Maintenance & Cleaningလုပ်ပေးခြင်း။
✅Software/ Hardware ပြဿနာဖြေရှင်းပေးခြင်း
✅Laptop - Display, Battery, Keyboard လဲပေးခြင်း
✅Printer Driver Install လုပ်ပေးခြင်း
✅Desktop Setup တပ်ဆင်ပေးခြင်း
အားလုံးကို Customer စိတ်ကြိုက်ဖြစ်အောင်ပြုပြင် ဆောင်‌ရွက် ပေး‌နေပါပြီ ခင်ဗျ🤗

🛑အဓိက Home Service ဝန်ဆောင်မှု ပေးတာဖြစ်လို့ ဆိုင်ဖွင့်ထားခြင်း မရှိပါဘူး။
အိမ်အရောက် ဝန်ဆောင်မှုပေးတာဖြစ်လို့ ကျွန်တော်တို့ကို ဖုန်းလေးသာဆက်ပေးပါ။

☎09 250 395 774 ကို မနက်10နာရီ မှ ည7နာရီ ထိ Voting လုပ်ထားလို့ရပါတယ်။
အခုလို ကွန်ပျူတာ နဲ့ ပတ်သက်သမျှ စုံလင်စွာ ရရှိနိုင်တဲ့ Services များကို အပြင်သွားစရာမလိုပဲ အိမ်မှာနေရင် ဖုန်းလေးဆက်လိုက်ယုံဖြင့် ရရှိနိုင်ပါပြီ။

အကောင်းဆုံး ဝန်ဆောင်မှုနှင့် အချိန်ကုန် သက်သာပြီး စိတ်ချယုံကြည့်ရတဲ့ BDT - Big Diamond Technology ကို ဆက်သွယ်လိုက်ပါ.......

https://www.facebook.com/profile.php?id=100089816691935&mibextid=ZbWKwL




Big Diamond Technology Mg Noel Nwe Hnin Wai

12/12/2023

ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့ E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိသော အတိုကောက်စာလုံးများ

(မဖတ်အားသေးရင် Share ထားပါ)

မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “𝙁𝙔𝙄: 𝙋𝙡𝙚𝙖𝙨𝙚 𝙘𝙤𝙣𝙛𝙞𝙧𝙢 𝙩𝙝𝙚 𝙙𝙖𝙩𝙚 𝙤𝙛 𝙢𝙚𝙚𝙩𝙞𝙣𝙜. 𝘾𝙖𝙣 𝙮𝙤𝙪 𝙇𝙈𝙆 𝙞𝙩 𝙗𝙚𝙛𝙤𝙧𝙚 𝙀𝙊𝘿? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။

1. 𝗔𝗦𝗔𝗣 – 𝗮𝘀 𝘀𝗼𝗼𝗻 𝗮𝘀 𝗽𝗼𝘀𝘀𝗶𝗯𝗹𝗲
ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။

2. 𝗕𝗧𝗪 – 𝗯𝘆 𝘁𝗵𝗲 𝘄𝗮𝘆
ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။

3. 𝗖𝗢𝗕 – 𝗰𝗹𝗼𝘀𝗲 𝗼𝗳 𝗯𝘂𝘀𝗶𝗻𝗲𝘀𝘀
လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။
ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”

4. 𝗖𝗢𝗗 – 𝗰𝗮𝘀𝗵 𝗼𝗻 𝗱𝗲𝗹𝗶𝘃𝗲𝗿𝘆
ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။
ဥပမာ - We don’t have to pay the printer now. It’s COD.”)

5. 𝗘𝗢𝗗 – 𝗲𝗻𝗱 𝗼𝗳 𝗱𝗮𝘆
ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။
ဥပမာ - “I’d like to submit it before EOD.”

6. 𝗘𝗢𝗠 – 𝗲𝗻𝗱 𝗼𝗳 𝗺𝗲𝘀𝘀𝗮𝗴𝗲
အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။
ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။

7. 𝗙2𝗙 – 𝗳𝗮𝗰𝗲 𝘁𝗼 𝗳𝗮𝗰𝗲
မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။
ဥပမာ - "Let's meet and work it out F2F."
8. 𝗙𝗔𝗤 – 𝗳𝗿𝗲𝗾𝘂𝗲𝗻𝘁𝗹𝘆 𝗮𝘀𝗸𝗲𝗱 𝗾𝘂𝗲𝘀𝘁𝗶𝗼𝗻(𝘀)
အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။
ဥပမာ - “What are the FAQs for our new product?”

9. 𝗙𝗬𝗜 – 𝗳𝗼𝗿 𝘆𝗼𝘂𝗿 𝗶𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻
ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။
ဥပမာ - “FYI, this is the update I got from the team.”

10. 𝗙/𝗨 – 𝗳𝗼𝗹𝗹𝗼𝘄 𝘂𝗽
ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။
နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”

11. 𝗙𝗪𝗗 – 𝗳𝗼𝗿𝘄𝗮𝗿𝗱
ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to # # # as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။

12. 𝗜𝗢𝗪 – 𝗶𝗻 𝗼𝘁𝗵𝗲𝗿 𝘄𝗼𝗿𝗱𝘀
အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။
ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”

13. 𝗟𝗠𝗞 – 𝗹𝗲𝘁 𝗺𝗲 𝗸𝗻𝗼𝘄
ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။
ဥပမာ - “LMK, if you have any questions about this event.”

14. 𝗡/𝗔 – 𝗻𝗼𝘁 𝗮𝗽𝗽𝗹𝗶𝗰𝗮𝗯𝗹𝗲
မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။
ဥပမာ - “If a question does not apply to you, please put N/A in the box.”

15. 𝗡/𝗕, 𝗡𝗕, 𝗻/𝗯 – 𝗻𝗼𝘁𝗮 𝗯𝗲𝗻𝗲
လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။
e.g. “NB Applications received after the closing date will not be accepted.”

16. 𝗡𝗟𝗧 – 𝗻𝗼 𝗹𝗮𝘁𝗲𝗿 𝘁𝗵𝗮𝗻
အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”

17. 𝗡𝗥𝗡 – 𝗻𝗼 𝗿𝗲𝗽𝗹𝘆 𝗻𝗲𝗰𝗲𝘀𝘀𝗮𝗿𝘆
တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့များ ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။

18. 𝗥𝗦𝗩𝗣 - 𝗥𝗲́𝗽𝗼𝗻𝗱𝗲𝘇 𝘀’𝗶𝗹 𝘃𝗼𝘂𝘀 𝗽𝗹𝗮𝗶𝘁
ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။
ဥပမာ - “RSVP to me by April 20th.”

19. 𝗧𝗕𝗗 – 𝘁𝗼 𝗯𝗲 𝗱𝗲𝘁𝗲𝗿𝗺𝗶𝗻𝗲𝗱
အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။
ဥပမာ - “No. of participant: TBD”

20. 𝗢𝗢𝗢 – 𝗼𝘂𝘁 𝗼𝗳 𝗼𝗳𝗳𝗶𝗰𝗲
အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”

21. 𝗪𝗙𝗛 – 𝘄𝗼𝗿𝗸 𝗳𝗿𝗼𝗺 𝗵𝗼𝗺𝗲
တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီး ပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။

22. 𝗬𝗧𝗗 – 𝘆𝗲𝗮𝗿 𝘁𝗼 𝗱𝗮𝘁𝗲
ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။
ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”

အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။

အဆင်ပြေကြပါစေ၊
စေတနာများစာဖြင့်..........
Min Ko - Computer

11/12/2023

ကလေးငယ်အား စာထက်အရေးကြီးတဲ့
အခြေခံ လိုအပ်ချက်တွေကို ဘယ်အရွယ်က စသင်ကြားပေးရမလဲ....?
အနောက်တိုင်းပညာရှင်တွေကတော့
၆လ အရွယ်ကတည်းက စာစဖက်ပြသင့်တယ်လို့ ဆိုကြပါတယ်။
ဗုဒ္ဓစာပေမှာတော့ နို့စို့အရွယ်ကတည်းက
သင်ကြားမှုတွေ ပြုနေတာတွေ့ရတယ်။
(ဥပမာ- သောတာပန် အနာထပိဏ်သူဌေးကြီး ဝတ္ထုမှာ
သူဌေးကြီးက ဥပုသ်နေ့ရောက်တိုင်း သူအိမ်သား အားလုံးကို
ဥပုသ် စောင့်ခိုင်းတယ်။ နို့စို့ကလေးငယ်တွေကိုလည်း နေမွန်းမလွဲခင် အာလုပ်ကျင်းစေပြီး နို့မတိုက်ဖို့ ခိုင်းစေကာ
ဥပုသ်သတင်းသီလ စောင့်စေတယ်)
မိမိအယူအဆအရ....
အခြေခံသင်ကြားမှုတွေကို
ကလေးငယ် ဘာမှနားမလည်ခင် မွေးကင်းစ အရွယ်ကတည်းက
စသင့်တယ်လို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကလေးငယ်တစ်ယောက်က
အမိဝမ်းထဲက မွေးချိန်ကစလို့ သူမြင်သမျှ၊ ကြားသမျှကို သင်ယူနေလို့ပါ။
ငယ်ရွယ်စဥ်က မြင်သမျှ ကြားသမျှတွေဟာ
ကလေးငယ်တစ်ယောက်အတွက်
အရေးကြီးတဲ့ စရိုက်ဝါသနာကို ဖြစ်စေတတ်ပါတယ် ။
ဒါကြောင့် မွေးကင်းစ အရွယ်ကတည်းက
သာယာနုညံ့တဲ့ တေးသံများ နားထောင်စေခြင်း
ပုံပြင်များ ပြောပြခြင်း၊ ပုံပြင်စာအုပ်များ ဖက်ပြခြင်းများ
ပြုလုပ်ပေးသင့်ပါတယ်။

လေးစားစွာဖြင့်
Min Ko (TOP ONE)
ပြန်လှည်မျှဝေခြင်း
#ကလေးစိတ်ပညာနှင့် ပညာရေး အတွက်
#ဗဟုသုတ

11/12/2023

Windows တင်ပြီးရင် လုပ်ဆောင်သင့်သောအချက်များ 👨💻
ကွန်ပျူတာကို ကိုယ်တိုင် Windows တင်ပြီးရင် လုပ်ဆောင်သင့်၊
လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်၊
ကွန်ပျူတာကို အသုံးပြုမယ့်နေရာနယ်ပယ်အလိုက် Windows တင်ပြီးရင် လိုအပ်တာတွေ ထည့်၊
Setting ချိန်တာတွေလုပ်ကြတာ ကွဲပေမယ့် အဓိကလုပ်ဆောင်ရမယ့် အရာတွေတော့
အတူတူပါပဲ။ ကိုယ်တိုင်ကိုယ်ကျ Windows တင်ပြီး ဘာဆက်လုပ်ရမှန်း မသိသေးသော
သူတွေအတွက် အောက်ဖော်ပြပါ အဓိကလုပ်ဆောင်ရမယ့် အချက်တွေက
အထောက်ကူပြုနိုင်ပါလိမ့်မယ်။ လုပ်ဆောင်သင့်တာတွေကိုသာ ဖော်ပြမှာဖြစ်တဲ့အတွက်
လုပ်ဆောင်နည်းတွေကိုတော့ မိမိမသိသေး၊ မလုပ်တတ်သေးသည်များကို Comment မှာ
ချန်ထားခဲ့နိုင်ပါတယ်။
1. Windows Activate လုပ်ရမယ်။
Windows တင်ပြီးသွားလို့စက်တက်လာပြီ၊ Desktop Screen ကြီး
မြင်နေရပြီဆိုတာနဲ့ကွန်ပျူတာကို ကောင်းကောင်းမွန်မွန် သုံးလို့ရနိုင်မည်
မဟုတ်သေးပါ။ Windows Activate မဖြစ်ရင် တစ်ချို့အရာတွေကသုံးလို့
မရသေးပါဘူး။နောက်ပြီး Windows Activate လုပ်ပါဆိုတဲ့ Noti လည်း
ခဏခဏတက်လာနေမယ်။ Windows Activate လိုအပ်ရင် ဘယ်လို
သတိပေးစာသားတွေ ပေါ်လာမလဲ။ Desktop Screen ညာဘက်
အောက်ထောင့်မှာ Activate Windows လို့ပေါ်လာရင် Activate လုပ်ရမယ်။
သုံးနေရင်းတန်းလန်းနဲ့Your Windows License will expire soon လို့ပေါ်လာရင်
သက်တမ်းကုန်သွားတဲ့ အချိန် Activate ပြန်လုပ်ပေးရမယ်။ Desktop Screen
ညာဘက်အောက်ထောင့်မှာပဲ This Copy of windows is not Genuine လို့
ပေါ်လာရင် Activate လုပ်ပေးဖို့လိုအပ်တယ်။ System Properties ထဲဝင်ကြည့်လို့
Windows is not Activated ဆိုတာတွေ့ရင် Activate လုပ်ပေးရမယ်။
ဘယ်လို Activate လုပ်ပေးရမလဲ။ဖေ့စ်ဘုတ်မှာဖြစ်ဖြစ်၊ Google မှာဖြစ်ဖြစ်
Windows Activate လုပ်နည်းဆိုပြီး ရိုက်ရှာကြည့်လိုက်ပါ။
Windows Activation လုပ်နည်းများစွာရှိပါတယ်။
2. Driver တွေ မောင်းပေးရပါမယ်။
Windows တင်ပြီးချင်းချင်း အရေးကြီးလုပ်ဆောင်ရမယ့်အရာတွေထဲမှာ
Driver မောင်းပေးရတာလည်း ပါဝင်ပါတယ်။ Driver မရှိရင်၊ မမောင်းသေးရင်
Hardware ပိုင်းဆိုင်ရာတွေနဲ့ချိတ်ဆက်အသုံးပြုလို့ရနိုင်မည်မဟုတ်ပါ။
USB Driver မသိရင် USB Stick ကို ကွန်ပျူတာမှာ ထည့်သုံးလို့မရနိုင်ပါဘူး။
အဲ့ဒီလိုပဲ ကွန်ပျူတာနဲ့Input/Output ချိတ်ဆက်အသုံးပြုမယ့် Network,Audio,Display,Bluetooth,VGA စသည့် Driver တွေကို
မောင်းပေးရမယ်။ တစ်ချို့စက်တွေတော့ Windows တင်လိုက်တာနဲ့တစ်ချို့
သော
Driver တွေကို သိတယ်။ တစ်ချို့တော့ မသိဘူး။ Windows တင်ပြီးတဲ့အချိန်
မိမိစက်မှာ Driver တွေ စုံမစုံ ဘယ်လိုကြည့်နိုင်မလဲ။ Run box မှာ devmgmt.msc
ရိုက်ထည့်ပြီး စစ်ကြည့်နိုင်ပါတယ်။ ဥပမာ- Network Adapters အောက်မှာ
အဝါရောင် Exclamation Mark နဲ့ဆိုရင် Network driver မသိသေးပါဘူး။
Update လုပ်၊ သို့မဟုတ် Network Driver မောင်းပေးလိုက်မှ ကွန်ပျူတာမှာ
အင်တာနက်ချိတ်လို့ရနိုင်မယ်။ Driver တွေ ဘယ်လိုမောင်းနိုင်မလဲ။
စက်ရဲ့မှုရင်းခွေရှိရင် စက်ထဲထည့် Run ပေးလိုက်ပါ။ ဒါမှမဟုတ် ခွေမရှိရင်
အင်တာနက်ပေါ်မှာ Driver Install လုပ်နည်းဆိုပြီး ရိုက်ရှာကြည့်လိုက်ပါ။
3. Software တွေ Install လုပ်ပေးရမယ်။
ကွန်ပျူတာက Activate လည်းဖြစ်သွားပြီ၊ Driver တွေလည်း
အကုန်သိသွားပြီဆိုတာနဲ့မပြီးသေးပါဘူး။ မိမိသုံးချင်တဲ့၊လိုအပ်တဲ့
ဆော့ဝဲလ်တွေ Install လုပ်ပေးရပါမယ်။ ရုံးလုပ်ငန်း၊ စာစီ၊စာရိုက်၊
စာရင်းဇယား၊ Presentation စတာတွေ လုပ်ဖို့အတွက် Office ဆော့ဝဲလ်ကို
ထည့်ပေးရမယ်။ မိမိတို့သက်ဆိုင်ရာနယ်ပယ်အလိုက် လိုအပ်တဲ့ ဆော့ဝဲလ်တွေ Acrobat,CoreDraw,Photoshop,Game စသည့် ဆော့ဝဲလ်များကို
ထည့်ထားရမယ်။ ကွန်ပျူတာဆော့ဝဲလ်ပေါင်းများစွာရှိပါတယ်။ လိုအပ်တာတွေကို
ရှာဒေါင်းလုဒ်ဆွဲ၊ ကူး၊ဝယ်ပြီး Install လုပ်ထားရမယ်။ Windows မှာပါတဲ့
Defender ကို မသုံးချင်ရင် Anti-Virus ဆော့ဝဲလ်တွေလည်း Install လုပ်ဆောင်ထားရမယ်။ စက်ထဲမှာ မလိုအပ်တဲ့ ဖိုင်တွေ ရှင်လင်းပေးဖို့CCleaner နောက်ဆုံး Updated
ဆော့ဝဲလ်ကိုလည်း ဆောင်ထားရမယ်။ အင်တာနက် အသုံးပြုရှာဖွေဖို့
ကွန်ပျူတာမှာပါတဲ့ Internet Explorer, Edge Browser တွေကို မသုံးချင်ဘူးဆိုရင် Chrome,Firefox စတဲ့ Browser တွေကို Install လုပ်ထားရမယ်။
ကောင်းတာတွေရော၊မကောင်းတာတွေရော လိုအပ်တာတွေ အားအားယားယား
ထိုင်ပြီးလျှောက်ဒေါင်းလုဒ်ဆွဲနေဖို့Internet Download Manager နောက်ဆုံး Version ကို Install လုပ်ထားရမယ်။ 😀 ဘာသာစကားတစ်ခုလေ့လာနေရင် Dictionary တွေ
Install လုပ်ထားရမယ်။ ရုံးမှာအသုံးပြုနေရသူတွေက Printer,Scanner တွေ
Install လုပ်ထားရမယ်။ မိမိအသုံးများမယ်ထင်တဲ့ Program တွေကိုလည်း
Default Program အဖြစ်ပြောင်းထားရမယ်။
4. Keyboard & Fonts တွေကို Install လုပ်ပေးရမယ်။
ကွန်ပျူတာဆော့ဝဲလ်တွေ၊ Driver တွေ Install လုပ်ပြီးရုံနဲ့လည်းမပြီးသေးပါဘူး။
မြန်မာလို အသုံးပြု၊ဖတ်ရှုနိုင်ဖို့ မြန်မာကီးဘုတ်နဲ့ဖောင့်တွေ Install လုပ်ပေးရမယ်။
အခု ဒီနေရာအထိ ဖတ်နေနိုင်မှတော့ သင်က အင်္ဂလိပ်ဘာသာစကားတစ်ခုတည်း
(or) တစ်ခြားဘာသာစကားတစ်ခုတည်း ပြောတဲ့သူတော့ မဟုတ်တာ
ကျိန်းသေပြောနိုင်ပါတယ်။ (ဟဲ ဟဲ)😀 မြန်မာလိုဖတ်နိုင်၊ရေးသားဖတ်ရှုနိုင်ဖို့
အသုံးများကြတဲ့ Zawgyi Myanmar Unicode Keyboard ကို Install လုပ်မယ်။
စက်တစ်လုံးတည်းမှာ ကီးဘုတ်တွေ အများကြီးရှိနေဖို့မလိုပါဘူး။ Zawgyi Myanmar Unicode Keyboard ရှိနေရုံနဲ့အားလုံးအဆင်ပြေပါတယ်။
Keyboard ထည့်ပြီးပြီဆိုတော့ မြန်မာလို စာရိုက်၊ ရေးသားလို့ရသွားပါမယ်။
မြန်မာစာတွေ ဖတ်ရှုဖို့အတွက် Zawgyi One Font ထည့်ရပါဦးမယ်။
Unicode လိုရေးသားထားတဲ့ စာတွေ၊ Browser တွေမှာ ဖတ်ချင်ရင်
တရားဝင်ရုံးသုံးဖြစ်တဲ့ Myanmar3 Font ကို ထည့်ထားရမယ်။ ကွန်ပျူတာ
System တွေမှာတော့ Myanmar Text Font ပါပါတယ်။ ကိုယ်က
တစ်ခြားဘာသာစကားတွေလည်း ပြောဆိုတဲ့သူဆိုရင် လိုအပ်တဲ့
Keyboard, Fonts တွေ Install လုပ်ထားနိုင်တယ်။
5. System Settings တွေချိန်ပေးရမယ်။
Windows တင်ပြီးသွားလို့စက်တက်လာရင် တစ်ခုခုထည့်၊
အပြောင်းလဲလုပ်ဖို့ပထမဆုံးလုပ်ရမှာက ကိုယ်သုံးမယ့် User Account ကို
Administrator Type အဖြစ်ပြောင်းပေးပါ။ Local User Group ထဲမှာ Built-in ပါတဲ့ Administrator Account က Disable ဖြစ်နေတာကို ဖြုတ်ပေးလိုက်ပါ။ တကယ်လို့
မိမိသုံးတဲ့ Account က Administrator ဖြစ်နေရင်တောင် စက်ကပြဿနာတစ်ခုခုဖြစ်လို့ Admin Account နဲ့ဝင်လို့မရ၊ ပျက်သွားရင် Built-in Account နဲ့ဝင်ပြီး ပြန်ဆယ်နိုင်ပါတယ်။ Windows တင်တုန်းက User Account မဆောက်ခဲ့ရင် Admin Right Type နဲ့
အသစ်ဆောက်၊ Password ပေးထားရမယ်။ တစ်ခုခု Install လုပ်ဖို့Account က
Standard User ဖြစ်နေရင် မရပါဘူး။ နောက်ပြီး User Account Control Settings ကို
အောက်ဆုံးအထိ နိမ့်ထားပါ။ မနိမ့်ထားရင် တစ်ခုခုအပြောင်းလဲလုပ်တိုင်း Yes
နှိပ်ပေးနေရမယ်။ တကယ်လို့မိမိစက်က Network သိနေပြီဆိုရင် Open Network and Internet Sharing Settings ထဲက Advanced Sharing Settings ထဲမှာ
လိုအပ်တာတွေကို Turn On လုပ်ထားနိုင်ပါတယ်။ Driver တွေ အကုန်မသိသေးလို့
USB လည်း မသိသေးဘူးဆိုရင် Network ပေါ်ကနေ တစ်ခြားစက်ကို လှမ်းခေါ်ပြီး
လိုအပ်တာတွေ ကူးနိုင်တယ်။ စက်ရဲ့Resolution,Performance, Display Settings,
Screen အလင်းအတိုးအလျှော့၊ Desktop Icon စသည့် ကွန်ပျူတာ
Settings ပေါင်းများစွာကိုလည်း ပြောင်းလဲထားနိုင်တယ်။ စက်အသစ်ဆင်ထားရင်
Harddisk Partition တွေ ပိုင်းပေးရမယ်။
6. Backup & Restore လုပ်ရမယ်။
Windows မတင်ခင်တုန်းက တစ်ခြား Drive တစ်ခုမှာ သိမ်းထားတဲ့
မိမိ Data တွေကို သူ့နေရာနဲ့သူ့ပြန် Restore ပေးရမယ်။ Windows က
အချိန်မရွေး ပြန်ပျက်နိုင်တာကြောင့် အခုသုံးနေတဲ့ OS Settings အတိုင်း
ပြန်ဆယ်ယူချင်ရင် Drive တစ်ခုနဲ့Backup,Image Disk,Restore Point လုပ်ထားရမယ်။
7.Startup ထဲက မလိုအပ်တာတွေ ဖြုတ်ထားရမယ်။
ကွန်ပျူတာက အခုမှ စက်အသစ်ကို စဆင်တယ်။ ဒါပေမယ့်
စဖွင့်လိုက်ရင် စက်ကတော်တော်နဲ့မတက်လာပဲ အဝိုင်းလေးလည်၊
Busy ဖြစ်နေတတ်ပါတယ်။ ကွန်ပျူတာနောက်ကွယ်မှာ Background Software တွေ
အလုပ်လုပ်နေရလို့ကြာနေတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ Taskbar,
Desktop Icon တွေကို ပေါ်လာဖို့ကို တော်တော်စောင့်ယူရတာ ကြုံဖူးကြမှာပါ။
အဲ့ဒါကြောင့် Windows မှာပါလာတဲ့ မလိုအပ်တဲ့ ဆော့ဝဲလ်တွေကို
ဖြုတ်ထားနိုင်ပါတယ်။ ဥပမာ- Internet Explorer လိုမျိုး။ နောက်ပြီး
ကွန်ပျူတာနောက်ကွယ်မှာ Run နေတဲ့ Apps တွေကို Settings ထဲဝင်ပြီး
အကုန် Off လုပ်ထားလိုက်ပါ။ Task Manager ထဲဝင်ပြီး Startup ထဲက
Program တွေကို အကုန် Disable ပေးထားပါ။ Task Manager ထဲက
Processes မှာလည်း စက်ထဲမှာ အလုပ်လုပ်နေတဲ့ မလိုအပ်တဲ့ ဆော့ဝဲလ်တွေကို
End Task လုပ်ပေးနိုင်ပါတယ်။ Microsoft နဲ့သက်ဆိုင်တာတွေကိုတော့
End Task မလုပ်မိပါစေနဲ့။
8. Update လုပ်ပေးရမယ်။
Windows တင်ပြီးသွားလို့Windows ရော Program တွေပါ
အကုန် Update ဖြစ်တာမဟုတ်ပါဘူး။ မိမိတင်လိုက်တဲ့
Windows OS Version က 2015 မတိုင်ခင်တုန်းက ထုတ်ထားတဲ့
Version တွေဆိုရင် အဲ့ဒီ Version အတိုင်းပဲ မိမိစက်မှာရှိနေမှာပါ။
Windows OS ကို Update မလုပ်ချင်ရင်တောင် Defender,
Program ဆော့ဝဲလ်တွေနဲ့Driver တွေကိုတော့ Update လုပ်ထားရမယ်။
Driver တွေက Update ဖြစ်နေပြီး OS က Update မဖြစ်ရင် တစ်ချို့Program တွေက
သုံးမရဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် Windows OS နဲ့ Driver တွေ ကိုက်ညီပြီး
အလုပ်လုပ်နိုင်ဖို့ အကုန် Update လုပ်ပေးထားနိုင်ရင် ပိုကောင်းပါတယ်။



Min Ko - Computer Mg Noel

Photos from Big Diamond Technology's post 08/12/2023

အခုလို တိုးတက်နေတဲ့ ခေတ်မှာ မသိလိုက်တာ မရှိရအောင် မြန်မာလို မေးနိုင်တဲ့ AI App

Shwe Smart AI နဲ့ သိချင်တာတွေကို အင်္ဂလိပ်လိုပဲမေးမေး၊ မြန်မာလိုပဲမေးမေး ကြိုက်သလို ကိုယ်အဆင်ပြေသလို မေးနိုင်ပါပြီ🥰🥰

App Link:👇👇👇 https://play.google.com/store/apps/details?id=com.appforce.chatgpt

အဆင်ပြေပါစေဗျာ
Min Ko - Computer

07/12/2023

Computer မှာ ကိုယ့်ရဲ့ information အချက်အလတ်‌ေတွကို မပျောက် ပျက်အောင် သိမ်းဆည်းနိုင်ဖို့ Folder Lock Software ကို မျှဝေလိုက်ပါတယ်

Folder Lock Software for PC : 👇👇👇 https://folder-lock.en.softonic.com/download

Reco Rd Min Ko - Computer TOP ONE Computer Training Center Yangon TOP ONE The Best Education Service - Yangon

06/12/2023

😱😱😱 CPU ဘယ်လောက် Temperature နဲ့ Reading လုပ်နေလဲကို Core Temp software နဲ့ ကြည့်နိုင်ပါတယ်။

Core Temp Software Download Link :👇👇👇 https://www.alcpu.com/CoreTemp/

CPU တွေဟာ ပုံမှန် Temperature Over ဖြစ်မှု အရမ်းကို နည်းလွန်းပါတယ်.......

Temperature Over ဖြစ်နိုင်ခြေ အကြောင်းအရာများ

- Cooling System မမှန်ခြင်း
- အညစ်အကြေးများ များနေခြင်း
- Electric Short
- 12 V No detect Power
- Environment
- More power using စသော အခြေအနေများတွင် Temperature Over heat ကို ဖြစ်ပေါ်စေနိုင်ပါတယ်...

TOP ONE Computer Training Center Yangon Mg Noel Min Ko - Computer Reco Rd Ma Zin Min Ko Ko

05/12/2023

Computer မှာ Software အသေးစားတွေကို တပြိုင်ထဲ Download ပြီး Install လုပ်နိုင်တဲ့ website တစ်ခုကို မိတ်ဆက်ပေးပါစေ....

Website Link: https://ninite.com/

Min Ko - Computer Reco Rd Min Ko Ko TOP ONE Computer Training Center Yangon

05/12/2023

Keep app ရဲ့ အားသာချက်

Google products တွေထဲက Text Note လုပ်လို့‌‌ေကာင်းတဲ့ App တစ်ခုလို့ပြောရမယ် ဗျ

Google Keep note က မှာ ကျွန်တော် Gmail or Email တစ်ခုခုကို ကျွန်တော်တို့ Log in ဝင်ထားပြီး text တွေကို Note လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Text တွေကို အဲ့ Keep Note မပျောက်ပျက်အောင် ထိန်းသိမ်းပေးပါတယ်.......

နောက်ပြီး Keep Note မှာ မှတ်ထားတာတွေကို ကျွန်တော်တို့ နေရာမရွေး၊ အချိန်မရွေး mail acc ဝင်ပြီး ပြန်ကြည့်နိုင်တယ်........

နောက်ပြီး ဘယ်လို Device မျိုးမဆို အသုံးပြုနိုင်တယ်
Android...? iOS ....? Computer .....? Phone.....?
ဘယ်လို Device မဆို Mail log in လုပ်ပြီး အသုံးပြုနိုင်ပါတယ်.......

Android App Link:👇👇👇
https://play.google.com/store/apps/details?id=com.google.android.keep

Reco Rd Min Ko - Computer Min Ko Ko TOP ONE Computer Training Center Yangon

04/12/2023

Simimi နဲ့ စကားပြောကြမယ်

App Link :https://play.google.com/store/apps/details?id=com.ismaker.android.simsimi

Min Ko - Computer Reco Rd Min Ko Ko

03/12/2023

Marketing သမားတိုင်းသိသင့်တဲ့ Color Psychology
အကြောင်း
=====================================

အရောင်တွေဟာ လူတွေရဲ့ စိတ်ကိုလွှမ်းမိုးမှုရှိတယ်ဆိုတာ သိကြပါမလား။ အဲဒါအပြင် အရောင်တွေက customer တွေရဲ့ purchasing decision တွေမှာ အကျိုးသက်ရောက်မှုရှိတယ် ဆိုတာ ခင်ဗျား တို့ သတိပြုမိကြမာပါ။ အဲဒါကြောင့် company တွေက သူတို့ရဲ့ advertisment ၊ banner ad ၊ CTA button တွေမှာ သုံးဖို့ color တွေကို test လုပ်လာကြတာပါ။ ဒီနေ့မှာတော့ color တွေက consumer တွေရဲ့ buying behavior အပေါ် ဘယ်လိုသက်ရောက်မှုရှိတာ မျှဝေသွားမှာဖြစ်ပါတယ်။

Color psychology ဆိုတာဘာလဲ ?
===========================

အရောင်တွေက လူတွေရဲ့စိတ်ခံစားချက်တွေ အပြုအမှုတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာ လေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်။ အဲဒါအပြင်marketing မှာလည်း color psychology က အရမ်းကိုအရေးပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ color တွေဟာ customer တွေရဲ့ brand အပေါ် impression လွှမ်းမိုးနိုင်ရှိပါတယ်။အဲဒါအပြင် လူတွေရဲ့ buying behaviour တွေ၊ buying decision တွေအပေါ် သက်ရောက်မှုရှိပါတယ်။

"Impact of colors in marketing " research အရ ထုတ်ကုန်များနှင့်ပတ်သက်သော လျှပ်တစ်ပြက် အဆုံးအဖြတ်ပေးမှု(snap judgment )ရဲ့ 90% က အရောင်တစ်ခုတည်းပေါ်တွင်သာ မူတည်တယ်လို့ တွေ့ ရှိထားပါတယ်။အရောင်တစ်ရောင်ချင်းက လူတွေရဲ့ psychology အပေါ်ဘယ်လို သက်ရောက်မှုရှိတာ မျှဝေသွားမှာဖြစ်ပါတယ်။

1.Red
အနီရောင်က ရဲရင့်ခြင်း ၊ စိတ်ဆန္ဒပြင်းပြခြင်း၊စိတ်ဓာတ်တက်ကြွစေခြင်း စတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်စေတယ်။ အဲဒါအပြင် အနီရောင်က လူတွေရဲ့ စားချင်စိတ် appetite ကို ဖြစ်စေတယ်။ အဲဒါကြောင့်အနီရောင်ကို fast food restaurant တွေမှာအသုံးများကြပါတယ်။ ဒါအပြင် အနီရောင်က urgency sense ကို ဖြစ်ပေါ်စေလို့ sale ကို မြှင့်တင်တဲ့နေရာမှာ သုံးကြပါတယ်။ အနီရောင် ကို Coca Cola ၊ Nexflix စတဲ့brand တွေက အသုံးပြုထားကြပါတယ်။

2.Oranage
လိမ္မော်ရောင်က နွေးထွေးခြင်း ၊ စိတ်ဓာတ်တက်ကြွစေခြင်း၊ ရင်းနှီးဖော်ရွေခြင်း ၊ဆန်းသစ်ခြင်း၊ပျော်ရွှင်စရာကောင်းခြင်း၊ ယုံကြည်မှုရှိခြင်းစတဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ Fanta၊ Amazon စတဲ့ brand တွေက လိမ္မော်ရောင်ကို logo မှာ သုံးထားပါတယ်။

3.Yellow
အဝါရောင်က လူတွေကို အကောင်းမြင်တတ်ခြင်း ၊ နွေးထွေးခြင်း ၊ ကြည်နူးပျော်ရွှင်ခြင်း ၊ ဖန်တီးနိုင်စွမ်းရှိခြင်း
စတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ဒီအရောင်ကိုတော့ Mcdonald ၊ Nikon စတဲ့ brand တွေက အသုံးပြုထားကြပါတယ်။

4.Green
အစိမ်းရောင်က ကျန်းမာရေး ၊ သဘာဝ၊ အေးချမ်းသာယာခြင်းနဲ့ သက်ဆိုင်တဲ့ အရောင်တစ်ခုဖြစ်ပါတယ်။ အစိမ်းရောင်ကိုတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ pharmacy တွေမှာ organic food တွေမှာ သုံးကြပါတယ်။ အဲဒါအပြင် environmental issues နဲ့ ပတ်သက်ပြီး လှုံဆော်တဲ့ နေရာမှာ အသုံးပြုကြပါတယ်။ အဲဒါအပြင် အစိမ်းရောင်က ချမ်းသာကြွယ်ဝခြင်း၊ (finance) ငွေကြေးနဲ့ သက်ဆိုင်ပါတယ်။ Starbucks စတဲ့ brand တွေက အစိမ်းရောင်ကိုသုံးထားကြပါတယ်။

5.Blue
အပြာရောင်က ကောင်းကင်၊ ရေ စတဲ့အရာတွေနဲ့သက်ဆိုင်တဲ့ အရောင်တစ်ခုဖြစ်ပါတယ်။ အပြာရောင်က လူတွေရဲ့ စိတ်ကိုတည်ငြိမ်စေတယ်။ အဲဒါအပြင်အပြာရောင်က ယုံကြည်မှု ၊ အားကိုးရခြင်း ၊ ကြည်လင်အေးမြခြင်း၊ လုံခြုံစိတ်ချရခြင်းစတဲ့ ခံစားချက်ကို ဖြစ်စေတယ်။ ဒါအပြင် လူတွေရဲ့ productvity ကို တိုးပွားစေတယ်။ Samsung၊ Facebok ၊Paypal စတဲ့ brand တွေက blue color ကို သုံးထားကြပါတယ်။

6.Purple
ခရမ်းရောင်က အဆင့်အတန်းမြင့်မားခြင်း၊ ဂုဏ်အိန္ဒြေရှိခြင်း ၊လေးစားခြင်း၊ ဉာဏ်ပညာမြင့်မားခြင်းကို ကိုယ်စားပြုပါတယ်။ ခရမ်းရောင်က လူတွေရဲ့ brain က ပြဿနာဖြေရှင်းတဲ့အပိုင်းကို နှိုးဆွပေးတဲ့အပြင် တီထွင်ဖန်တီးနိုင်စွမ်းကို ပါလှုံ့ဆော်စေပါတယ်။ ခရမ်းရောင်ကိုတော့ beauty brand တွေမှာ အသုံးများကြပါတယ်။ ခရမ်းရောင်သုံးထားတဲ့ brand တွေက Yahoo ၊ Syfy ဖြစ်ပါတယ်။

7. Pink
8. ပန်းရောင်က မိန်းကလေးတွေကို target ထားတဲ့ နေရာမှာ အသုံးများကြပါတယ်။ ပန်းရောင်က စိတ်ကူးယှဉ်ဆန်ခြင်း ၊ ချစ်ခြင်းမေတ္တာ ၊ ပျော်ရွှင်မြုးထူးခြင်း စတဲ့ စိတ်ခံစားချက်ကိုဖြစ်ပေါ်စေတယ်။ ပန်းရောင်ကိုတော့ Barbie စတဲ့ brand တွေက သုံးထားပါတယ်။

8.Black
အမဲရောင်ကတော့ ဇိမ်ခံခြင်း ၊ ပါဝါရှိခြင်း ၊ တင့်တယ်ခန့်ညားခြင်းစတဲ့ အရာတွေကို ကိုယ်စားပြုပါတယ်။ အမဲရောင်က fashion brand တွေမှာ အသုံးပြုဖို့ ကိုက်ညီပါတယ်။ PUMA, Nike စတဲ့ brand တွေက အမဲရောင်ကို သုံးထားကြပါတယ်။

9.White
အဖြူရောင်က သန့်ရှင်းစင်ကြယ်ခြင်း ၊ အပြစ်ကင်းခြင်းစတဲ့ စိတ်ခံစားချက်ကို ဖြစ်စေတယ်။ အဖြူရောင်ကိုတော့ adidas ၊ ZARA စတဲ့ brand တွေက အသုံးပြုထားပါတယ်။

10.Brown
အညိုရောင်က အစိမ်းရောင်လိုပဲ သဘာဝဖြစ်သော မြေကြီးနဲ့ သက်ဆိုင်တဲ့ အရောင်ဖြစ်ပါတယ်။ အညိုရောင်ကတော့ တည်ငြိမ်ခြင်း ၊ ခိုင်ခံ့ခြင်းစတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ UPS brand ကတော့ အညိုရောင်ကို သုံးထားပါတယ်။

11.Gray
ခဲရောင်ကတော့ Pantone က 2021 ရဲ့ color of the year ကို ဆိုထားပါတယ်။ ခဲရောင်ကတော့ သင့်တင့်မျှတခြင်း ၊ တစ်စည်းတစ်လုံးဖြစ်ခြင်းကို ကိုယ်စားပြုပါတယ်။ Toyota ကတော့ gray color ကိုတော့ သုံးထားကြပါတယ်။


Min Ko - Computer Reco Rd Min Ko Ko Mg Noel Ma Zin Kay Zin

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကျွန်တော်များ BDT-Big Diamond Technology မှာ ✅Sale and Services အပြင် https://m.facebook.com/story.php?story_fbid=318440...
အကောင်းဆုံး ဝန်ဆောင်မှုနှင့် အချိန်ကုန် သက်သာပြီး စိတ်ချယုံကြည်ရတဲ့ BDT ကို ဆက်သွယ်လိုက်ပါ.....https://www.facebook.com/...
ကျွန်တော်များ BDT-Big Diamond Technology မှာ ✅Sale and Services အပြင် https://m.facebook.com/story.php?story_fbid=318440...
ဂရုစိုက်ပါ ပြစ်မထားပါနဲ့Min Ko - Computer @topfans Reco Rd Min Ko Ko @highlight @followers @
https://play.google.com/store/apps/details?id=com.energysh.quickarteMin Ko Ko Reco Rd Min Ko - Computer @highlight
Lucky Spin မလုပ်တက်သေးသူတွေအတွက်Website Link : https://wheel names.com
Online ကနေ Random spin တစ်ခုကို ဘာ Software မှ မသုံးပဲ အခု Spin တစ်ခု တည်ဆောက်ချင်သူတွေ၊ Online ဈေးရောင်းသူတွေ၊ Online က...
ဘဝမှာ လုံးဝ ပြင်ရမယ့် အရာက"I Know That"
Microsoft Account ဖွင့်နည်း🥰🛑❤️🎈Reco Rd Min Ko - Computer
Complementary Color#colortheory #colorharmony

Telephone

Website

Address

No-158/34, Sein Chel Street, North Okkalapa
Yangon
11031

Other Yangon computer & electronics services (show all)
MTK Computer Training Center MTK Computer Training Center
North Dagon
Yangon

Master Trading Master Trading
အမှတ်၁၇၂, ၃၆လမ်း အလယ်ဘလောက် ကျောက်တံတားမြို့နယ် ရန်ကုန်မြို့။
Yangon, 11182

Laptop နှင့် Mobile Phone များကိုအသက်သာဆုံးဈေးတွေနဲ့ လက်လီလက်ကားရောင်းချပေးနေပါတယ်

Hein Computer Service Hein Computer Service
Yangon, 11221

�အိမ်၊ရုံး အရောက် Computer Service ဝန်ဆောင်မူပေးခြင်း

Window License Key Window License Key
Yangon, 10062

Window လိုင်စင်ကီးများ Office လိုင်စင်ကီးများ Window Server လိုင်စင်ကီးများ ဝယ်ယူရရှိနိုင်ပါသည်။

High Tech-IT High Tech-IT
16street
Yangon

No-302, Building A,Highway Complex Housing,Yangon.

MWBiz MWBiz
Yangon, 11211

Trust The Power of MWBiz

Apexx Apexx
Yangon, 11111

Kyaw Min Aye Mobile Shop လက်လီ/လက်က္ကား Kyaw Min Aye Mobile Shop လက်လီ/လက်က္ကား
Yangon
Yangon, 11221

မင်္ဂလာပါ Qualify Technology မှကြိုဆိုပါတယ်

NewVersion Laptops Sales and Professional Services NewVersion Laptops Sales and Professional Services
Yangon, 11181

Professional Sales and Professional Services

Next Gen Computer Training Next Gen Computer Training
အမှတ်(၁၀၅)၊စံပြ(၅)လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
Yangon, 11071

Computer Education

KMD Service Center KMD Service Center
174-182, Pansodan Road (Middle Block), Kyauktada Township
Yangon, 11182