Skymoon Jewellery Garden
Jewellery
"ရွှေအတုအစစ် အလွယ်ခွဲခြားနည်း (၄)မျိူး "
ရွှေကိုအတုလားအစစ်လားဆိုတာ အမြင်နဲ့အလွယ်တကူ ဆုံးဖြတ်လို့မရပါဘူး။ ဒါကြောင့် ယေဘူယျစမ်းသပ်ချက်များကို မျှဝေပေးလိုက်ပါတယ်။
(၁) သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း
သံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါ ရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိဘဲ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ကပ်ပါလာတာကိုကြည့်ပြီး ခွဲခြားပေးနိုင်ပါတယ်။
(၂) ရေကိုအသုံးပြုစမ်းသပ်ခြင်း
ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲသို့ ရွှေကိုနှစ်ကြည့်လိုက်တဲ့အခါ စစ်မှန်တဲ့ရွှေဟာ သိပ်သည်းဆများတဲ့ သတ္တုဖြစ်တဲ့အတွက်ကြောင့် ရေထဲသို့ချက်ခြင်း နစ်မြုပ်သွားတာတွေ့ရမှာပါ ရေပေါ်ပေါလောပေါ်နေမယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိနိုင်ပါတယ်။
တစ်ခုသတိထားရမှာကတော့ သိပ်သည်းဆများတဲ့ သတ္တုကိုအသုံးပြုထားမယ်ဆိုရင်တော့ နစ်မြုပ်သွားနိုင်တာမို့ ရေကိုအသုံးပြုစမ်းသပ်တဲ့အခါ အထူးသတိပြုရန် လိုအပ်ပါတယ်။
(၃) ရှာလကာရည်ကို အသုံးပြုစမ်းသပ်ခြင်း
မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူ ခွဲခြားနိုင်ပါတယ်။
စမ်းသပ်စစ်ဆေးမယ့်ရွှေကို ရှာလကာရည်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုး မရှိရင်တော့ ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ်။ အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။
(၄) နိုက်ထရစ်အက်စစ်ဖြင့် စမ်းသပ်ခြင်း
ရွှေကို နိုက်ထရစ်အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ။
ရွှေအတုဆိုရင်တော အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။
ဒီနည်းလမ်းလေးတွေကတော့ ရွှေအတုအစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်းတစ်ချို့ဖြစ်ပါတယ်
# မူရင်းရေးသားသူကိုcreditပါ
မိမိတို.ရဲ.မွေးနေ့ မွေလအလိုက် အဆောင်ကျောက်လေးတွေကို တင်ပေးလိုက်ပါတယ်ရှင့်💍💍
Crd #
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
42(C)Yaw Min Gyi Street, Dagon Township
Yangon, 11191
မင်္ဂလာပါရှင် 😊 ထူး ကျောက်မျက်နှင့် စိန်ရွှေရတနာဆိုင် မှကြိုဆိုပါတယ်ရှင့်
No(4), Ground Floor, , Dhama Wi Ha Ra, Short Street, Tamwe Tsp
Yangon, 11201
Success Together
No. 22(B), Pyi Thar Yar Street, Qtr-16, Yankin Township
Yangon, 11081
You can buy confidently designed and beautiful Myanmar Jewelry.
B292, B293, 2F (Level 2), Times City Jewellery Mall, Corner Of Hanthawaddy Road & Kyuntaw Road
Yangon, R48H+QCYANGON
We provide fine jewelleries with high-quality diamonds and gemstones which are locally crafted.
Yangon
At CHARA, you can create a lifetime of meaningful jewelry for yourself and your loved one 💚