AdSpace Co., Ltd
Develop Software, Application, Website and E-Commerce Full-Service digital agency that helps emerging and established brands grow faster.
We pride ourselves to breakdown the traditional limits of marketing with our expertise and create a deep and lasting impact for the business journey from strategy to activation and evaluation.
ကြော်ငြာလောကဟာ အမြဲပြောင်းလဲနေတဲ့ နည်းပညာလောကကြီးအတိုင်း နည်းပညာ၊ စားသုံးသူများပေါ်အခြေခံပြီး အမြဲပြောင်းလဲနေတဲ့ အရာတစ်ခုဖြစ်ပါတယ်၊၊
အရင်က Traditional Marketing ကို အသုံးပြုပြီး ကုန်ပစည်းများကို အောင်မြင်အောင်လုပ်ကာ စီးပွါးရှာခဲ့ကြပေမယ့် ယခုခေတ်ကာလအခြေအနေအရ Digital Marketing လို့ခေါ်တဲ့ နည်းပညာကို အခြေခံထားတဲ့ ကြော်ငြာနည်းကို ပြောင်းသုံးကာ တိကျတဲ့ အချက်အလက်များနှင့်အတူ ပိုအောင်မြင်အောင်လုပ်ဆောင်နေကြပါတယ်၊၊
Traditional and Digital Marketing အကြောင်းကို ဖတ်မိ၊ လေ့လာမိသလောက် အသုံးလိုသူများအတွက် ပြန်ရှယ်ပေးချင်ပါတယ်၊၊
သမားရိုးကျ နည်းလမ်းဖြစ်တဲ့ Traditional Marketing မှာ ကျတော်တို့ နေ့စဉ် မြင်တွေ့နေရတဲ့ Print Marketing , Radio & TV Broadcast Marketing , Email Marketing, SMS & Telemarketing, OHH ခေါ် အပြင် က Billboard တို့ Signboard တို့ လမ်းညွှန် ဘုတ် အစရှိသဖြင့် ပါဝင်ကြပါတယ်။
Flyer တွေဝေတာမျိုး ၊ Billboard တွေမှာကြော်ငြာတာမျိုး ၊ သတင်းစာ ၊ မဂ္ဂဇင်းတွေထဲမှာကြော်ငြာထည့်တာမျိုး ဒါတွေဟာ Print Marketing တွေပါ။
Radio & TV Broadcast Marketing မှာကျတော့ တီဗီအစီအစဉ်တွေမှာကြော်ငြာထည့်တာတွေ ၊ Radio အစီအစဉ်တွေမှာကြော်ငြာထည့်တာတွေပဲဖြစ်ပါတယ်။
SMS & Telemarketing ကတော့ SMS ပို့၍သော်၎င်း၊ ဖုန်းဆက်၍သော်၎င်း Customer တွေကို မိမိပေးချင်တဲ့ Message ကိုပေးတာပဲဖြစ်ပါတယ်။ ခုနောက်ပိုင်း SMS Marketing ကို Operator ၄ ခုလုံးကို ချိတ်ဆက်၍ သောက်၎င်း၊ Operator တစ်မျိုးတည်းကိုဘဲ သုံးပြီး Regional Focus သွား၍ သော်၎င်း ချိတ်ဆက်ပြီး သွားလို့ရတဲ့အတွက် တိုးတက်လာတဲ့နည်းပညာ များကို ကျေးဇူးတင်မိပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယနေ့လို နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာပြီး Internet သုံးစွဲသူတွေများလာနေပေမဲ့လည်း လိုအပ်ချက်တွေအရ Traditional Marketing ကို Company တော်တော်များများဟာ ယခုထိအသုံးပြုနေရဆဲပဲ ဖြစ်ပါတယ်။
နိုင်ငံအတွင်း ယခင်ကထက် အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်လာမှု ၊ ဖုန်းအသုံးပြုသူဦးရေအလွန်များပြားလာမှုတွေနဲ့အတူ Digital Marketing ဟာ တစ်စထက်တစ်စ မြန်မာနိုင်ငံအတွင်းက လုပ်ငန်းတွေမှာ နယ်မြေတွေချဲ့ထွင်လာနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အသုံးပြုသူ လွန်စွာများပြားတဲ့ Social Media Channel တစ်ခုဖြစ်တဲ့ Facebook မှာဆိုရင် Company တွေဟာ ဈေးကွက်ချဲ့ထွင်နေကြပြီး Digital Marketing ကို အပြိုင်အဆိုင်လုပ်လာကြတာကိုမြင်နိုင်ပါတယ်။
Media တော်တော်များများဟာဆိုရင်လည်း Printing ပိုင်းကနေ Digital ပိုင်းကို ကူးပြောင်းလာနေကြတာကိုလဲ တွေ့မြင်နိုင်ပါတယ်။
တစ်ဖက်မှာလည်း အရှိန်အဟုန်နဲ့တိုးတက်လာနေပြီး လုပ်ငန်းတော်တော်များများမှာ နေရာယူလာနေတာကတော့ Digital Marketing ပါပဲ။Digital Marketing ဆိုတာကတော့ မိမိရဲ့ Brand သို့မဟုတ် Product ကို Digital နည်းပညာ တွေအသုံးပြုပြီးတော့ Promote လုပ်ခြင်းဖြစ်ပါတယ်။
ကျတော်တို့နိုင်ငံမှာလည်း Website တွေ မှာ လူကြည့်များလာတဲ့အချိန်မှာ SEO ခေါ် Search Engine Optimization တွေ SEM ခေါ် Search Engine Marketing တွေ အပြင် PPC, Google Ads, Youtube Ads တွေပါ အကျယ်တဝန်း အသုံးပြုလာတာကို ၂၀၁၅ နောက်ပိုင်းပိုပြီး သတိထားမိပါတယ်။
၂၀၁၈ နောက်ပိုင်းမှာတော့ Content Marketing နှင့် Influencer Marketing ကို အလေးပေးလာကြပြီး ခု Covid-19 စပြီး ချိန်မှာတော့ Live Sale တွေကို Influencers များ Celebrities များနှင့် လွင့်ကြပြီး ထိရောက်တဲ့ Marketing Channel တစ်ခုအဖြစ်မြင်တွေ့ နေရပါတယ်။
ခုနောက်ပိုင်းမှာ အလယ်အလတ်လုပ်ငန်းရှင်များအတွက်လည်း Digital Marketing ဟာ ထိုးဖောက်ရအလွယ်ဆုံးနှင့် ဈေးအသက်သာဆုံးဖြစ်တဲ့အတွက် ပိုသုံးလာကြသလို စနစ်တကျနဲ့ ကြော်ငြာပေးတဲ့ Digital Company များနှင့်ချိတ်ဆက်လုပ်ကိုင်လာတာတွေ့ရတဲ့အတွက် ကြော်ငြာများလည်း သပ်သပ်ရပ်ရပ် နှင့် သတ်မှတ်ထားတဲ့ စားသုံးသူတွေကို ပိုကြော်ငြာလာနိုင်တာတွေ့ရပါတယ်၊၊
လူကြီးမင်းတို့ လုပ်ငန်းအတွက် ထိရောက်တဲ့ ကြော်ငြာများအတွက် အသေးစိတ် ဈေးနှုန်း၊ ကြာချိန်၊ ပါဝင်မည့် Content Breakdown အတွက် အောက်ပါဖုန်းနံပါတ်၊ မေလ်း၊ Page Messenger ကနေ တဆင့် ဆက်သွယ် နိုင်ပါတယ်။
☎️ 09795132294
📩 [email protected]
Messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
#ᴍʏᴀɴᴍᴀʀ
Company Profile ဟာ Corporate Business တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Company ရဲ့ Product သို့မဟုတ် Service တွေကို အလျင်အမြန် ရှင်းပြပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဆိုလည်းဟုတ်သလို၊ Company ရဲ့ Professional Introduction Marketing Tool တစ်ခုဆိုလည်းမမှားပါဘူး။
AdSpace မှလည်း Corporate Business များအတွက် Business Nature & Business Sector ပေါ်မူတည်ပြီး Corporate Company Profile များကို ဆွေးနွေး၊ညှိနှိုင်းပြီး ဖန်တီးပေးနေပါပြီဆိုတဲ့အကြောင်းကို သတင်းကောင်းပါးလိုက်ပါရစေ။
ဒါ့အပြင် Corporate Profile များကို Digital တွင် အမြဲကြည့်ရှု၊ ဒေါင်းလုတ်လုပ်ပြီး ရယူနိုင်ရန် Website ဒါမှမဟုတ် Application များပြုလုပ်ချင်သူများအတွက်လည်း ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဆိုတဲ့အကြောင်းလေးသတင်းကောင်းပါးလိုက်ပါရစေ၊၊
အသေးစိတ် ဈေးနှုန်း၊ ကြာချိန်၊ ပါဝင်မည့် Content Breakdown အတွက် အောက်ပါဖုန်းနံပါတ်၊ မေလ်း၊ Page Messenger ကနေ တဆင့် ဆက်သွယ် နိုင်ပါတယ်။
☎️ 09795132294
📩 [email protected]
Messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
#ᴍʏᴀɴᴍᴀʀ
SMS Marketing ဆိုတာ စားသုံးသူတွေ ဆီကို တိုက်ရိုက် ပေးချင်တဲ့ message ကို ပေးပို့နိုင်တဲ့ Marketing Channel တစ်ခုဖြစ်ပါတယ်။
ပြည်တွင်း Sim Card များ အလွယ်တကူ ဝယ်လို့ရတဲ့ နောက်ပိုင်းမှာ SMS Marketing ဟာ လူစိတ်ဝင်စားများပြီး တကယ်ထိရောက်တဲ့ Marketing Channel တစ်ခုအနေနှင့် ရပ်တည်လာနိုင်ခဲ့ပါတယ်။
SMS Marketing ကိုဘယ်လိုအချိန်တွေမှာ အသုံးပြုသင့်လဲ?
✅ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲ
✅ Seasonal and Year End Promotion တို့အပြင် အခြား ကြော်ငြာကိစ္စ များအတွက်လည်း အသုံးပြုနိုင်ပါသည်။
သင့်လုပ်ငန်း နဲ့ ဝန်ဆောင်မှုအကြောင်းကို လွယ်လင့်တကူသိနိုင်ဖို့ AdSpace Myanmar ရဲ့ SMS Marketing ဝန်ဆောင်မှုကို ရယူလိုက်ပါ။
အသေးစိတ် ဈေးနှုန်း၊ ကြာချိန်၊ ပါဝင်မည့် Content Breakdown အတွက် အောက်ပါဖုန်းနံပါတ်၊ မေလ်း၊FB Messenger ကနေ တဆင့် ဆက်သွယ် နိုင်ပါတယ်။
☎️ 09795132294
📩 [email protected]
Messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
#ᴍʏᴀɴᴍᴀʀ
ပြောင်းလဲလာတဲ့ခေတ်အခြေအနေအရ အွန်လိုင်းပညာရေးနှင့်သင်ကြားရေးစနစ်ဟာလူတိုင်းနဲ့မစိမ်းတော့သလို ကိုဗစ်အလွန်မှာလည်း Offline Course တွေကို Online အဖြစ်ပြောင်းလဲပြီး ပညာရေးစနစ်သည်လည်း အချိန်တိုင်းလေ့လာ၊သင်ယူနိုင်တဲ့စနစ်ကိုပြောင်းလဲလာပြီဖြစ်ပါတယ်၊၊
လက်ရှိအချိန်မှာလည်း အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များ၊ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့်အခြားသော သင်တန်းကျောင်းများရဲ့ Online Course သင်တန်းများအတွက် Website နှင့် Application များကို Online Payment Gateway များနဲ့လည်းချိတ်ဆက် လုပ်ဆောင်ပေးပါတယ်၊၊
ကြာချိန်၊ ဈေးနှုန်းနှင့်ပါဝင်မယ့် အချက်အလက်များကို အသေးစိတ်ဆွေးနွေးနိုင်ပါတယ်၊၊
☎️ 09795132294
📩 [email protected]
Messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
#ᴍʏᴀɴᴍᴀʀ
ခေတ်အခြေအနေအရ တချို့လုပ်ငန်းတွေမှာ ဝန်ထမ်းထပ်ထည့်ဖို့ အဆင်မပြေတာတွေ၊ လက်ရှိသွားနေတဲ့ ပုံစံကနေ နောက်တမျိုးပြောင်းပြီး ပိုရောင်းကောင်းတဲ့ ကုန်ပစ္စည်းဖြစ်အောင်လုပ်ချင်တာတွေ၊ ပိုမိုထိရောက်တဲ့ ကြော်ငြာပုံစံတွေလုပ်ချင်တာတွေအတွက် အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီး လုပ်သင့်၊ မလုပ်သင့်တဲ့ ကြော်ငြာပုံစံတွေပါ အသေးစိတ် ဆွေးနွေးပေးပါတယ်၊၊
☎️ 09795132294
📩 [email protected]
Messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
#ᴍʏᴀɴᴍᴀʀ
AdSpace နှင့်ဘာလို့အလုပ်အတူလုပ်သင့်တယ်ထင်လဲ?
☑️လူတွေသိအောင်၊ ဝယ်ချင်လာအောင် ဘယ်လိုကြော်ငြာရမလဲ ဆိုပြီး ခေါင်းစားတဲ့ Marketing Campaigns တွေကို Agencyက စဉ်းစားပေးမှာပါ။
☑️Competitive Brand/ Product များအတွက် Selling Point Content များ Strategy များကို Agency က စဉ်းစားပေးမှာပါ။
☑️ကောင်းမွန်ဆန်းသစ်တဲ့ Communications Strategies များနှင့် အတူ Social Media Management ကို Content Strategy မှ အစ Data Management and Report ထိ ကို အလုပ်မစခင် တပတ်ကြိုပြီး Agency များ ဆွေးနွေးပေးမှာပါ။
☑️Trend ပေါ်မူတည်ပြီး Product/ Brand များအတွက် ရောင်းအားတက် Content အရေးအသားများ နှင့် ဆန်းသစ်တဲ့ Design များ ကို လူကြီးမင်းစိတ်တိုင်းကျ ဖန်တီးပေးမှာပါ။
☑️လုပ်ငန်းနယ်ပယ်တစ်ခုခြင်းစီမှာ ကျွမ်းကျင်မှုရှိတဲ့ Team Member များမှ လူကြီးမင်းရဲ့လုပ်ငန်းကို သေချာ စီမံပေးပြီး သတ်မှတ်ထားသော Budget နှင့် KIP များကို ရယူပေးမှာပါ။
အသေးစိတ် ဈေးနှုန်း၊ ကြာချိန်၊ ပါဝင်မည့် Content Breakdown အတွက် အောက်ပါဖုန်းနံပါတ်၊ မေလ်း၊FB Messenger ကနေ တဆင့် ဆက်သွယ် နိုင်ပါတယ်။
ဈေးနှုန်းနှင့်ပါဝင်မယ့် အချက်အလက်များကို အသေးစိတ်ဆွေးနွေးနိုင်ပါတယ်၊၊
☎️ 09795132294
📩 [email protected]
Messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
#ᴍʏᴀɴᴍᴀʀ
ပြည်တွင်းရှိကုန်ပစ္စည်းတော်တော်များများရဲ့ ကုန်ပစ္စည်းဖြန့်ချီမှုပိုင်းမှာအားနည်းတာ၊ လူများများသိအောင် မလုပ်နိုင်တာကို ကုန်ပစ္စည်းတော်တော်များများမှာတွေ့နိုင်ပါတယ်၊၊
တချို့ကုန်ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ မြို့တွေကို တစ်ချိန်တည်း အများကြီးရောင်းနိုင်ဖို့ဆို E-Commerce တွေလုပ်ပြီး တစ်နေရာတည်း၊ တစ်ချိန်တည်းများ များများရောင်းနိုင်ဖို့၊ လုပ်ဖို့လိုအပ်ပါတယ်၊၊
E-Commerce တွေတည်ဆောက်ခြင်းရဲ့ အကျိုးတွေအများကြီးထဲက မဖြစ်မနေစဉ်းစားရမယ့်ကုန်ကျစရိတ်တချို့ကို နှိုင်းယှဉ်ပြီး လုပ်သင့်၊ မလုပ်သင့်စဉ်းစားရလွယ်အောင်နှင့် တချို့လုပ်ငန်းများအတွက် လိုအပ်၊မလိုအပ် စဉ်းစားလို့ရအောင် ရည်ရွယ်ထားပါတယ်၊၊
✅တချိန်တည်း တစ်ကမ္ဘာလုံးကိုအရောင်းအဝယ်ပြုလုပ်နိုင်ခြင်း။
✅ကုန်ပစ္စည်းများကို အမျိုးအစားလိုက် ခွဲခြားရွေးချယ်ရလွယ်ကူခြင်း။
✅ဆိုင်ခန်းပြင်ဆင်စရိတ်၊ ဆိုင်ခန်းငှားခ၊ ဝန်ထမ်းလစာစသည်တို့ကို လျှော့ချနိုင်ခြင်း။
✅ကြိုက်နှစ်သက်ရာ ငွေပေးချေနိုင်တဲ့ စနစ်ကို ထည့်သွင်းပြီး အဆင်ပြေစွာငွေပေးချေနိုင်ခြင်း။
✅၂၄နာရီလုံး ဝန်ဆောင်မှု ပေးနိုင်ခြင်းတို့ကြောင့် Applicationတွေ၊ E-commerce Website တွေကိုအသုံးပြုခြင်းက များစွာသော အကျိုးကျေးဇူးကိုရတဲ့အပြင် ဝယ်သူတွေရဲ့ ဝယ်တဲ့အချိန်၊ ကုန်ပစ္စည်းအမျိုးအစား စသည့်အချက်အလက်များရရှိတဲ့အတွက် များစွာအကျိုးကို ရရှိမှာဖြစ်ပါတယ်၊၊
ကြာချိန်၊ ဈေးနှုန်းနှင့်ပါဝင်မယ့် အချက်အလက်များကို အသေးစိတ်ဆွေးနွေးနိုင်ပါတယ်၊၊
☎️ 09795132294
📩 [email protected]
Messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
#ᴍʏᴀɴᴍᴀʀ
ခေတ်နှင့်နည်းပညာများပြောင်းလဲလာမှုနှင့်အတူ စီးပွါးရေးနယ်ပယ်လည်း ခေတ်ရေစီးကြောင်းအတိုင်း ကြော်ငြာနည်းများ၊ ထုပ်ပိုးမှုပုံစံများနှင့် ကုန်ပစည်းဖြန့်ဝေမှုအပိုင်းမှာပါ နည်းစနစ်အများအပြားပြောင်းလဲလာတာကို သတိထားမိကြမယ်ထင်ပါတယ်၊၊
နည်းပညာပေါ်အခြေခံပြီး စီးပွားရှာတဲ့ခေတ်မှာ ကုန်ကျစရိတ်လျော့ချပြီး ရေရှည်လုပ်ငန်းအကျိုးအမြတ်အတွက်ရောင်းချတဲ့ စနစ်ပုံစံတွေဟာ ကိုဗစ်အလွန်မှာ ပိုပြီးသိသာလာတယ်လို့ဆိုရမှာဖြစ်ပါတယ်၊၊
ကိုဗစ်နောက်ပိုင်း လုပ်ငန်းတော်တော်များများမှာ ကြော်ငြာပုံစံများနှင့် နည်းပညာပြောင်းလဲလာမှုအပေါ် စားသုံးသူတွေရဲ့စိတ်ဝင်စားမှုများပြောင်းလဲလာပြီး လုပ်ငန်းတိုင်းမှာလည်း ဒစ်ဂျစ်တယ်စနစ်နဲ့ အံဝင်ခွင်ကျလုပ်နိုင်ဖို့ ပိုလိုအပ်လာပါတယ်၊၊
ကြော်ငြာပိုင်းမှာ Artificial Intelligence လို့ခေါ်တဲ့ နည်းပညာများကို အသုံးပြုလာပြီး ကိုယ်ပိုင် Website နှင့် Application များ၊ အခြား software များအသုံးပြုခြင်းဖြင့် မိမိ Customer များမှာ လုပ်ငန်းအပေါ် ပိုမို ယုံကြည်မှုရှိခြင်း၊ Online ကြော်ငြာများပိုမို ထိရောက်ခြင်း၊ တစ်နေရာထဲမှ Product များကို လွယ်ကူစုံလင်စွာရောင်းချနိုင်ခြင်း၊ အခြားပြိုင်ဘက်လုပ်ငန်းများထက် ပိုမို အားသာချက်များရရှိခြင်း၊ မိမိလုပ်ငန်း ကို Online ပေါ်မှာ ပိတ်ရက်မရှိ အချိန်တိုင်း လုပ်ကိုင်နိုင်ခြင်း၊ စသဖြင့် များစွာ သော အားသာချက်များကို ရရှိနိုင်ပါတယ်။
နည်းပညာအကူအညီနှင့် ၂၄ နာရီပိတ်ရက်မရှိ ရောင်းချနိုင်ဖို့ Website နှင့် Application များ၊ E-Commerce နှင့်အခြားသော Online Education Platform စတဲ့ နည်းပညာပိုင်းဆိုင်ရာ တည်ဆောက်မှုများကို သေချာဆွေးနွေးပေး၊ ကုန်ကျနိုင်မည့်စရိတ်တွက်ချက်ပေးခြင်းနှင့် လုပ်ငန်းအတွက်ထိရောက်တဲ့ကြော်ငြာပုံစံဆွေးနွေးပေးခြင်းတွေပါလုပ်ဆောင်ပေးပါတယ်၊၊
ဈေးနှုန်းနှင့်ပါဝင်မယ့် အချက်အလက်များကို အသေးစိတ်ဆွေးနွေးနိုင်ပါတယ်၊၊
☎️ 09795132294
📩 [email protected]
Messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
#ᴍʏᴀɴᴍᴀʀ
🤖 ChatGPT- 4 ကို Free သုံးလို့ရတဲ့ Microsoft ရဲ့ Copilot App ထွက်လာပါပြီ။
AI Chatbot App ဖြစ်တဲ့ Copilot က Play Store ပေါ် ရောက်လာပါပြီ။
Copilot ရဲ့ အားသာချက်ကတော့ ChatGPT မှာ Free သုံးလို့မရတဲ့ ChatGPT-4 ဗားရှင်းကို Free ထည့်ပေးထားပါတယ်။ Up-to-date Information တွေကိုပိုသိနိုင်မှာဖြစ်ပြီး Dall-E 3 နဲ့ ပုံတွေဆွဲနိုင်သလို သီချင်းတွေလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။
Microsoft က သူတို့ရဲ့ AI Service တွေကို ဖုန်းတွေမှာ သုံးနိုင်ဖို့ Bing App ကို ထုတ်ပေးထားတာရှိပေမယ့် အခု Copilot ကတော့ Standalone App အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။
Copilot ဟာ ပုံဆွဲဖို့ပဲဖြစ်ဖြစ်၊ သိချင်တာမေးဖို့ပဲဖြစ်ဖြစ် ဆောင်ထားသင့်တဲ့ Application တွေထဲက တစ်ခုအဖြစ်အသုံးဝင်မှာဖြစ်ပါတယ်။
Ref: Android Police, The Verge
Application ကနေ ကျတော်တို့ဘယ်လို ပိုက်ဆံရှာမလဲ၊၊
ဆိုတဲ့မေးခွန်းကို ခဏခဏ မေးတဲ့သူတွေကြုံဘူးသလို၊ ခုလိုနည်းပညာခတ်ထဲမှာ နည်းပညာနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက်ကို ဘယ်လိုလှမ်းရမယ်ဆိုတာတွေကတော့ သိထားသင့်တဲ့ ဗဟုသုတ တစ်ခုအဖြစ် အနည်းငယ်ဆွေးနွေးချင်ပါတယ်၊၊
Application တွေ Website တွေအပြင် Facebook & YouTube စတဲ့ နည်းပညာPlatform တွေကနေ ပိုက်ဆံရှာလို့ရတဲ့ နည်းလေးတွေအနည်းငယ်ဆီ မြင်သာအောင် ရေးပြပါမယ်၊၊
✅In-app Advertising
Application အသုံးပြုသူများမြင်သာအောင် အပ်စ်ထဲတွင် ကြော်ငြာများပြသခြင်းဟာလည်း နောက်ပိုင်းတွင် အားထားရတဲ့ ဝင်ငွေစီးကြောင်းတစ်ခုဖြစ်လာပါတယ်၊၊ များသောအားဖြင့် အဲလိုမျိုးကြော်ငြာတွေကို Gaming၊ Social နှင့် Entertainment လိုမျိုး အပ်စ်များမှာအသုံးများပါတယ်၊၊
ဉပမာ Candy Crash ဂိမ်းလိုမျိုး၊ နောက်တစ်ဆင့်တက်ချင်တဲ့အချိန်မှာ ကြော်ငြာကြည့်လိုက်ခြင်းအားဖြင့် လိုချင်တဲ့ဂိမ်းတွင်း ပစည်းများရရှိပြီး အချိန်တိုအတွင်း Game Level အမြင့်တက်နိုင်ပါတယ်၊၊ ဒါမျိုးကို IAP နှင့် နိုင်ငံအလိုက် ဝင်ငွေပေါ်မူခိုပြီး ထည့်သွင်းကြတာများပါတယ်၊၊
✅In-app purchases
Application အတွင်း အသုံးပြုရတဲ့ ပစည်းများကိုရောင်းရင်းဝင်ငွေရတဲ့နည်းလမ်းဖြစ်ပါတယ်၊၊
ဉပမာ Mobile Legend ဂိမ်းလိုမျိုး၊ Diamond တွေထုတ်ရောင်းပြီး အသုံးပြုသူတွေဆီက ဝင်ငွေရှာရတဲ့ နည်းလမ်းဖြစ်ပါတယ်၊၊ အသုံးပြုသူတွေအနေနှင့်လည်း လိုချင်တဲ့ပစည်းကို အချိန်တိုအတွင်း ရရှိပြီး လိုချင်တဲ့နေရာ၊ လိုချင်တဲ့ပစည်းကို ချက်ချင်းရရှိမှာဖြစ်ပါတယ်၊၊
✅Subscription
Application အတွင်း Subscription ကြေးကောက်ပြီး ဝင်ငွေရတဲ့နည်းလမ်းဖြစ်ပါတယ်၊၊
ဉပမာNetflix တို့လိုမျိုး လစဉ်ကြေး ပေးပြီး သုံးရတဲ့ Application မျိုးတွေအကုန်ပါပါတယ်၊၊
✅Paid App
Application အသုံးပြုရန်အတွက် တစ်ကြိမ်ဝယ်ယူပြီး ဝင်ငွေရတဲ့နည်းလမ်းဖြစ်ပါတယ်၊၊
ဉပမာ လုပ်ငန်းသုံးအပ်စ်များ (MYOB, Sunplus Accounting Software) ပေးပြီး သုံးရတဲ့ Application မျိုးတွေအကုန်ပါပါတယ်၊၊
✅Sponsorship
Application တွေမှာ Sponsorship အသုံးပြုပြီး ဝင်ငွေရှာခြင်းကလည်း ကိုဗစ်အလွန်မှာ ပိုမိုများပြားလာတဲ့ ဝင်ငွေရနည်းလမ်းတစ်ခုဖြစ်ပါတယ်၊၊
ဉပမာ ကျတော်တို့ ပြည်တွင်းထုတ် Mahar Mobile Application တို့လို၊ နောက်တနည်းအားဖြင့် ခုနောက်ပိုင်း Food Panda ရဲ့ Food and Beverages တို့မှာ Sponsorship Banner Ads, Display Ads များအပြင်၊ Financial Platform တွေမှာ Sponsorship Branding တွေယူလာတာတွေအကုန်လုံးကို Paid Sponsorship ထဲသတ်မှတ်ပြီး ဝင်ငွေရလမ်းကြောင်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်၊၊
✅Selling Merchandise
E-Commerce လို Application မျိုးအပြင် One Kyats တို့လို အွန်လိုင်း ပလက်ဖောင်းများကို ဆိုလိုပြီး လိုချင်သည့်ပစည်းများ၊ ဝန်ဆောင်မှုများကို ရယူပြီး အသုံးပြုသူများထဲမှ transaction အပေါ်မှာသော်လည်းကောင်း Product and Services အပေါ်မှာသော်လည်းကောင်း ဝင်ငွေရယူနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်၊၊
✅Affiliate income
Application တွေရဲ့ အမျိုးအစားပေါ်မူတည်ပြီး ဘလော့ဂ်၊ လူမှုမီဒီယာပလပ်ဖောင်း၊ ပေါ့တ်ကာစ် သို့မဟုတ် ဝဘ်ဆိုက်ပေါ်တွင် မျှဝေခြင်းဖြင့် ထုတ်ကုန်များ ၊သင်တန်းများ သို့မဟုတ် ဝန်ဆောင်မှုများပေါ်မူတည်ပြီး ဝင်ငွေရယူနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါတယ်၊၊
✅AdMob and Google Adsense
Application အသုံးပြုသူများရဲ့ Impression တို့ Engagement တို့ အသုံးပြုတဲ့နေရာတို့မှာမူတည်ပြီး ဝင်ငွေရှာနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်၊၊ ဉပမာပေးရလျှင် ကျတော်တို့အခု လုပ်ဆောင်နေတဲ့ Click To Donate လိုမျိုး၊ လူသုံးများတဲ့ အပ်စ် တွေမှာ နေရာဒေသအပြောင်းအလဲ၊ သူတို့ရဲ့ အပ်စ်အတွင်းလုပ်ဆောင်မှုပေါ်မူတည်ပြီး ဝင်ငွေရနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်၊၊
✅Facebook and YouTube Monetization
ခုနောက်ပိုင်း ခတ်ကာလအခြေအနေအရသော်လည်းကောင်း၊ နည်းပညာတိုးတက်လာမှုကြောင့်သော်လည်းကောင်း Facebook and YouTube တို့မှာ Streaming တို့လုပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ Content Creator များအနေဖြင့်လည်း Visa Card တို့ PayPal တို့ကိုခံပြီး ဝင်ငွေရှာလို့ရပါတယ်၊၊
Application လုပ်ချင်တဲ့သူရှိခဲ့ပါကလည်း အသေးစိတ် ဈေးနှုန်း၊ ကြာချိန်၊ လုပ်ငန်းလုပ်ဆောင်ပုံနှင့် လိုအပ်တဲ့ API များအကြောင်းကို မေလ်း၊ FB Messenger ကနေ တဆင့်ဆက်သွယ်နိုင်ပါတယ်။
#ᴍʏᴀɴᴍᴀʀ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
111111
Opening Hours
Monday | 09:00 - 06:00 |
Tuesday | 09:00 - 06:00 |
Wednesday | 09:00 - 05:00 |
Thursday | 09:00 - 05:00 |
Friday | 09:00 - 05:00 |
No. 6, 1st Floor, Sanchaung Street, Sanchaung Township
Yangon, 11111
Delight Myanmar ( Hotline -09-427411120, 09-427330877)
Yangon, 11111
We are providing IT related services quickly. If you want to buy Gift Card and Activation Key, you can buy with full guarantee. We also provide the best service if you want to make...
Room(305) 3rd Floor. SOHO Bo Myat Tun Tower. Bo Myat Tun Street , Lower Block, Botahtaung Township
Yangon, 310052
Welcome to Hikvision Myanmar’s official page!
B2/1, Yadanar Housing , Yadanar Road, South Oakkalarpa
Yangon
Memory Stick များအားစျေးနှုန်းချိုသာစွာဖြင
Yangon
A place for coders / programmers / developers to find problems to solve to practice their skills.
No. V-57, Nguwa 11th Street, Hlaing Township
Yangon, 11051
"Basic To Work" Developer Career ကို BLCA တွင် တည်ဆောက်လိုက်ပါ။
8, Moe Ma Kha 1st Street, Malikha Housing, Thingangyun Tsp
Yangon, 11071
Digital Business Card. Share your information with Tab or Scan. Others don't need a App.