Haruto Language School

Haruto Japanese Language Schoolမှကြိုဆိုပါသည်။

Photos from Haruto Language School's post 19/11/2023

おはようございます☀

18/11/2023

🗣️ရက်ပိုင်းပဲ လိုတဲ့ JLPTစာမေးပွဲ
✍️အောင်အောင်ဖြေကြမှာလား

🦾💪ကြိုးစားကြမယ်နော်💪💪

❗頑張ってくださいね

Photos from Haruto Language School's post 12/11/2023

ဂျပန်ရောက်ပေမဲ့ ပင်ပန်းတယ် ဒါပေမဲ့ သူဝါသနာပါတဲ့ ဘောလုံးလည်း အချိန်ရသလို ကန်တယ် 😍မောင်လေး သော်ဘုန်းသာ ရောက်ခါစမှ အားလုံးပင်ပန်းကြပါတယ် တောင့်ခံကြပါ တခြားမောင်လေးတွေ /ညီမလေးတွေလည်း အချိန်တခုရောက်ရင် အဲဒီအကျိုးတွေ ပြန်ခံစားရမှာပါ

Photos from Haruto Language School's post 12/11/2023

Tokyoကို သွားဖို့ ဒီလောက် ဖောင်တွေ ဖြည့်ရမှာလောက် ကျမစိတ်မရှည်တာ 🥴 ရေးလိုက်ရတဲ့ Essay (ဂျပန်လို )senseiလည်းကြိုးစားနေသလို မောင်လေး ညီမလေးတို့လည်း ကြိုးစားကြပါလို့ 💪

12/11/2023
11/11/2023

ကလေးတွေကို စာသင်တဲ့အခါ ကျမ အရမ်းဖိအားမပေးဘူး တချို့ကလေးတွေကျ လမ်းနှစ်ခွ ဖြစ်နေတာတွေ ရှိတယ် မြန်မာပြည်က Uniတက်ရမလား နိင်ငံခြားသွား Uniတက်ရမလား senseiကိုအကြံဉာဏ်တောင်းကြတယ် ကိုယ်ဝါသနာပါတာ တက်ပါ သူများဘာပြောပြော ဝါသနာပါရာလုပ်တာက အောင်မြင်ပါတယ် စိတ်လည်းပျော်ပါတယ်ရှင် မောင်လေး ညီမလေးတို့လည်း လမ်းနှစ်ခွ မလျှောက်ပဲ ကိုယ်ဝါသနာ ပါရာကို လမ်းဆုံးအထိလျှောက်ပါလို့ ပြောချင်ပါတယ်ရှင့် ❗ဂျပန်စာသင်ချင်ရင်တော့ senseiဆီလာခဲ့ပါလို့ အတူတူကြိုးစားကြရအောင်💪💪💪

11/11/2023

အမြန်ရောက်ပါတယ်ရှင်

Photos from Haruto Language School's post 10/11/2023

Listeningအားနဲတယ်ပြောပီး ဘာမှလေ့မကျင့်ရင် မရပါဘူး ဖုန်းထဲ ထည့်ထား နားမလည် လည်း ခဏခဏ နားထောင် ကြားဖန်များပီး နားထောင်တတ်သွားရော ဘယ်ဖုန်းမဆို /N2/N3/N4/N5listeningလို့ရိုက်ရှာတာနဲ့ရပါတယ်

09/11/2023

Yg မှာ ည7:00pmအတန်းလေးကနေ ပြန်စပါပီရှင့် (ခုရက် စာတွေရော လုပ်ကြလားရှင့်) sensei အပြင်တန်း ကလေးတွေ အတန်းချိန်တွေ ချိန်းပီးပီနော် သီတင်းကျွတ်လည်း ပီးပီ စာတွေပြန်ကြိုးစားကြရအောင် senseiနဲ့အတူတူ💪💪💪

09/11/2023

Senseiရဲ့ အားဆေးလေးတွေ ခုနေ့ရန်ကုန် ပြန်လာတာ သတင်းကောင်းလေး ကြားတာပဲ JLPTကို အမှတ်လေး ကပ်ကျသွားလို့ senseiနဲ့ သေချာပြန်သင်ပီး JFTဖြေတဲ့ သမီးနှစ်ယောက် ဖြေပီးအောင်တာနဲ့ လှမ်းအသိပေးတာ ကြိုးစားကြလို့ おめでとうသမီးတို့ရေ

08/11/2023

Crd: ဖတ်ကြည့်ကြရအောင် လွယ်လွယ်လေးနော်

06/11/2023

လက်ရေးတန်း ပီးသွားလို့ ဆရာမလည်း ပြန်တော့မှာမို့ ခုညနေ့ အိမ်လာပီး သမီးတို့ ဆက်တက်မယ် မမအိအောင် ဆိုပီး သင်တန်းကြေးလေးပေးပီး လာကန်တော့သွားတဲ့ ကလေးနှစ်ယောက် နောက်တခေါက်ပြန်လာရင် သမီးတို့ မုန့်ဘိုးလေးနဲ့ ကန်တော့ပါ့မယ်တဲ့😍🥰 မလိုပါဘူးကွယ် စာကြိုးစားပေးရင် ရပါပီ

06/11/2023
Photos from Haruto Language School's post 04/11/2023

7/8/9တန်း ကလေးတွေ ကျောင်းပိတ်ရက် မနက်ဖန်ဆို လက်ရေးတန်းလေးပီးပါပီရှင် နောက်အပတ်ဆရာမ ပြန်တော့မှာ ဖြစ်တဲ့အတွက် ဟိုကနေ စနေ/တနင်္ဂနွေ တချိန် ထည့်ပေး သင်ပေးမှာပါ ကိုယ့်လုပ်အားလေးနဲ့ ဆရာမရဲ့ မွေးရပ်မြေက ကလေးတွေ ပညာဒါန အနေနဲ့ သင်ပေးဖြစ်တာ နောက်ပြန်လာတဲ့ အချိန်လေးတွေ လည်း ဆက်လက် သင်ပေးပါ့မယ် ဆင်းရဲချမ်းသာ ဘယ်ကလေးမဆို (ဆရာမက ကလေးချစ်တတ်သူကြီး ပါရှင့်😁) မမအိအောင် သားတို့/သမီးတို့ကို ကျောင်းကြီးပိတ်ရင် ပြန်လာသင်ပေးပါအုန်း okသင်ပေးပါ့မယ်ရှင်

Photos from Haruto Language School's post 03/11/2023

မောင်လေး/ညီမလေးတို့ရေ N(4)Reading senseiတို့ အတူတူဖတ်ကြရအောင် ဘာအကြောင်း လဲဆိုတာရယ် အဖြေက ဘာတွေလဲဆိုတာရယ် commentမှာ အဖြေတိုက်ရင်း ဆွေးနွေးကြရအောင်

Photos from Haruto Language School's post 03/11/2023

ဆရာမကရောက်တဲ့နေရာ ကြိုးစား သင်နေပေမဲ့ သင်တဲ့ကလေးတွေက မကြိုးစားရင်တော့ ဆရာမ ငိုချင်တာ သင်လိုက်တဲ့ကလေးတိုင်း အောင်စေချင်တာ အမြန်ရောက်စေချင်တာ ဆရာမရဲ့ စေတနာပါရှင်

02/11/2023

ဂျပန်ဂရုနဲ့မဆိုင်ပေမဲ့ လူငယ်တွေအတွက် အင်္ဂလိပ်သာကောင်းရင် ကြိုးစားသင့်ပါကြောင်း

🇺🇸 အမေရိကားကို ၆ ပတ်ကြာ ပညာတော်သင်သွားရမယ့် Myanmar Youth Leadership Program 2024 ဖွင့်ပြီဗျို့ 🛎️

💁‍♂️ MYLP ဆိုတာကတော့ အသက် ၁၆ ကနေ ၁၉ အတွင်း လူငယ်တွေ လျှောက်လို့ရတဲ့ Fully Funded Exchange Program တစ်ခုဖြစ်ပါတယ်။ Fully Funded ဆိုတဲ့ အတိုင်း Visa ကြေးကအစ လေယာဉ်ကြေး၊ စားစရိတ်၊ နေစရိတ် အကုန်ကို Cover ဖြစ်ပါတယ်။ U.S. Department of State Bureau of Educational and Cultural Affairs က အလုံးစုံထောက်ပံ့တဲ့ အမေရိကန်စရိတ်ငြိမ်းပညာတော်သင်အစီအစဉ်ဖြစ်ပါတယ်

🗽 အမေရိကားရဲ့ နေရာဒေသ အနှံ့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အကြောင်းတွေ Team-building activities တွေ leadership training တွေကို သင်ရ လက်တွေ့လုပ်ရတယ်ပေါ့နော်။ ဒါ့အပြင် Site visits တွေ Fun activities တွေ campus tour တွေနဲ့ပျော်ရွှင်စရာလည်း အတိပါပဲ..။

🎗️ Program က ပြန်လာပြီးရင်တော့ သင်လာသမျှအရာတွေ အသုံးချပြီး Community Service Project တစ်ခု လုပ်ပေးရပါတယ်။ လုပ်မယ့် Idea ကိုလည်း Essay ရေးတင်ပေးခိုင်းပါတယ်..။

🙌 လျှောက်မယ့်သူအလွန်များတာမို့ Program ရဲ့ Objectives တွေ Requirements တွေ Essay Questions တွေကို သေချာလေး ဖတ်ဖို့ တိုက်တွန်းပါရစေ..။

🔴 Requirements for Youth Participant

🔹 be between 16 – 19 years old as of April 26, 2024

🔹be high school or first-year college students currently enrolled in schools and universities in Myanmar

🔹have interest in civic action and community service

🔹have strong academic and social skills and have leadership
potential

🔹have appropriate level of maturity, open-mindedness, and sociability for an international exchange program


🔴 Requirements for Adult Chaperones

🔹Be between 30 – 40 years old

🔹Be teachers or community leaders who work with youth

🔹Be proficient in English and hold a university degree

🔹Have experience mentoring youth and demonstrate a commitment to working with young people and interested in their professional development

🔹Be committed to working with MYLP participants after their return from the United States

🔹Be committed to the goals and ideals of the program, including civic leadership, diversity, environmental sustainability and fostering positive regional and global interactions.

ℹ️ For more information ->👇
https://mm.usembassy.gov/education-culture/scholarship-programs/

✅ Apply Now ->

For youth participants 👇 https://docs.google.com/forms/d/e/1FAIpQLScQqFfO_dvg1I81ZEikWEfsqGhUSrzfWHoPuguXH1N3dfn6fQ/viewform

For Adult mentor/ chaperone 👇
https://docs.google.com/forms/d/e/1FAIpQLSdlQ6mSkSD-f2ONvNI1VkeFOn7uXodM84yfOkP4tF-pVt49Zw/viewform

(MYLP '23)

Photos from Haruto Language School's post 02/11/2023

မနက်ပိုင်း စာသင်ရတာလေးကအေးချမ်း နယ်ကအိမ်ရောက်ရင် အကြိုက်ဆုံးနေရာလေး 12လပိုင်းဖြေမဲ့ ကလေးတွေကို စာကျက်ချိန်ပေးပီး ဆရာမအနားယူလို့ကိုမပီးသေးတာ😁 ကြားရက် 28ရက်နော် စာကြည့်ချိန် လေး ခုလလေး တအားကြိုးစားလိုက်ရင် ရလဒ်လေးတွေကောင်းရင် တအားပျော်ဖို့ကောင်းတာနော်

02/11/2023

おはようございます🌞(Good morning)

01/11/2023

Senseiနဲ့အတူကြိုးစား ချင်ကြတဲ့ မောင်လေး ညီမလေးတွေ အတွက် November အတန်းသစ်လေး တွေ ကြေငြာထားပါပီရှင့် online classကဆိုရင် ဘယ်နေရာကနေလှမ်းသင်သင် အပြင်မှာလာသင်တဲ့အတိုင်း ပါပဲရှင့် အပြင်လာသင်မယ်ဆိုလည်း အထွေထွေ ဗဟုသုတကအစ ဂျပန်ရဲ့ ဓလေ့ ထုံးလမ်းလေးတွေ ကအစမချန် ပြောပီး သင်ပေးတာပါရှင့် စာကြိုးစားဖို့တော့ လိုပါမယ်ရှင့် လူအများကြီးနဲ့ မသင်တတ်တဲ့ကလေး တွေဆို Senseiနဲ့သင် ကြည့်ပါလို့ တိုက်တွန်းပါရစေရှင့်

01/11/2023

📣📣📣📣November တန်းခွဲ သစ်လေးတွေပါရှင့်

📌N4 (အပြင်တန်း) 16.11.2023

📌Times-9:00am-10:30am

📌Fees-190000(စာအုပ်အပါ)

📌Thu,Fri,Sat

⭕️16.11.2023 Online Class

⭕️Times-1:00pm-2:00pm

⭕️Fees-190000(စာအုပ်အပါ)

⭕️Thu,Fri,Sat

👩‍🏫Sensei: EI EI AUNG

📌N3(online class) 16.11.2023

📌Times 10:00am-11:30am(online class )

📌Fees- 220000(စာအုပ်အပါ)

👩‍🏫 EI EI AUNG

🍁လိပ်စာ-ကမာရွတ် မြို့နယ် အင်းစိန်လမ်းမ စံရိပ်ငြိမ်(၅)လမ်း တိုက်အမှတ်-58(5လွှာ)

📞09-979-1599-69

01/11/2023

📣📣📣 November တန်းခွဲ သစ်လေးတွေပါရှင့်

📌13.11.2023 N5 class (အပြင်တန်း)

📌Times-9:00am-10:30am

📌Fees-190000(စာအုပ် အပါ)

⭕️13.11.2023 N5(online Class)

⭕️Times-1:00pm-2:30pm

⭕️Fees-190000(စာအုပ်အပါ)

💢Mon,Tue,Wed

🧑‍🏫Sensei-EI EI AUNG

🌸လိပ်စာ- ကမာရွတ်မြို့နယ် လှည်းတန်း-စံရိပ်ငြိမ်(5)လမ်း အင်းစိန်လမ်းမပေါ် -စံရိပ်ငြိမ် ကားမှတ်တိုင်အနီး

📞09-979-1599-69

Photos from Haruto Language School's post 30/10/2023

Sensei နယ်အိမ်လေးရဲ့ သီတင်းကျွတ်ညလေး senseiတို့နယ်ဘက်က လပြည့်ကျော် (1)ရက်နေ့ကို မီးပူဇော် ကြပါတယ်

Photos from Haruto Language School's post 29/10/2023

Tokyoစရောက်ခါစက အရမ်းကြောက်ခဲ့တာ မသွားတတ်မှာရထား မစီးတတ်မှာ အမှန်က ရထားဘူတာတွေမှာ ပြထားတဲ့ မြေပုံတွေက ရှင်းရှင်းလေး အဲဒါတွေလည်းသွားတတ်ပီးတော့ ကျန်တဲ့နိုင်ငံတွေကအေးဆေး ကြောက်ကိုမကြောက်တော့တာ

Photos from Haruto Language School's post 28/10/2023

သီတင်းကျွတ်အခါသမယမှာ မိသားစုအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေရှင်❗ဂျပန်စာလေ့လာနေတဲ့မောင်လေး ညီမလေးတို့လည်း အခက်အခဲမရှိ အောင်မြင်မှု့ပန်းတိုင်ကို ရောက်ရှိပါစေရှင့် ဂျပန်စာမေးပွဲတွေလည်း အောင်မြင်ကြပါစေလို့ senseiဆုတောင်းပေးလိုက်ပါတယ်ရှင့်
အားလုံးအားမလျှော့ပဲ အမြဲကြိုးစားကြမယ်နော်💪💪💪
💢. 皆さん いっしように 頑張りましょう

Photos from Haruto Language School's post 27/10/2023

ခုတခေါက်ပြန်လာတာ online တွေ မပိတ်တာက 12လပိုင်းဖြေမဲ့ကလေးတွေ ပါနေတော့ သူတို့ကိုပြတ်အောင်သင်နေရတာ မပီးသေးတဲ့ကလေးတွေ ဆို ဆရာမမှာ ရင်တထိတ်ထိတ် နယ်ပြန်ရောက်တာ မီးကလည်းမပြတ်တော့ ဆရာမလည်း စာသင်ရတယ် စိတ်ကြည်တယ် စာသင်နေရင် အေးအေးလေးနဲ့ တိတ်ဆိတ်နေမှ စာသင်လို့ကောင်းတယ် ရန်ကုန်တောင်မပြန်ချင်ဘူး😁 ရန်ကုန်က ကလေးတွေကလည်း senseiအမြန်ပြန်လာတော့တဲ့😬 sensei အတန်းသစ်တွေ စောင့်နေပီ မြန်မြန်ကြေငြာပေးပါတော့တဲ့

26/10/2023

မင်း မေးတာတွေမှ မဟုပ်တာ မဖြေပါနဲ့ ကွယ် 😂😂

Photos from Haruto Language School's post 26/10/2023

N4 listening လေ့ကျင့်ပေးနေတာ N5ထဲက မလုပ်ပေးရသေးတာ 12လပိုင်းJLPT -N5ဖြေကြမဲ့ မောင်လေးတွေ အသက်တွေ မပြည့်သေးတော့ အောင်လက်မှတ်တွေ အရင် ယူခိုင်းထားတာ ကိုယ့်နယ်ကလေးတွေဆိုတော့ ဖြစ်စေချင်တယ် အတတ်နိုင်ဆုံး လမ်းချပေးတယ် တချို့ ကျ ကျမကိုအေးဂျင့်ကြီးထင်ကျတာ ဒါပေမဲ့ကျမလမ်းချပေးတဲ့ အတိုင်းလျှောက်ကြတဲ့ ကလေးတွေ ပန်းတိုင်ရောက်ပါတယ် ရှင့် တယောက်ကို တယောက်ယုံကြည်မှု့ရှိမှ ပန်းတိုင်ရောက်နိုင်မှာပါရှင့်

JFT-Basic (国際交流基金 日本語基礎テスト) | Myanmar | Prometric 25/10/2023

JFT CENTER အသစ်ထပ်တိုးပီနော်

JFT-Basic (国際交流基金 日本語基礎テスト) | Myanmar | Prometric プロメトリック株式会社が運営するJFT-Basic(Japan Foundation Test for Basic Japanese)の受験予約ウェブサイトです(多言語対応)。受験予約や、試験日程、受験料、判定結果、問い合わせ先が閲覧できます。This is the multi-language JFT-B...

25/10/2023

အ,အိ,အု,အဲ,အို ဆိုနေကြတာ🥰😘😍

Photos from Haruto Language School's post 25/10/2023

ဒုတိယနေ့ အငယ်ဆုံး လေး မောင်သုတဦး (3)တန်း အကြီးတွေနဲ့အမှီ လိုက်နိုင်တယ် 😍🥰😘 လက်ရေးတဆင့်ပီးလို့ စာလုံးလေးတွေ ပေါင်းဖတ်ပီ

24/10/2023

Photo crd: no-1နဲ့no-2 အဖြေမှန်လေး ဆွေးနွေးကြရအောင်

Photos from Haruto Language School's post 24/10/2023

အားတဲ့ရက်လေး လာတက်ကြတာ စိတ်ပါဝင်စား တက်ကြတယ် လက်ရေးတွေ လှကြတယ် 7လပိုင်း JLPT(ဂျပန်စာမေးပွဲ) ဖြေဖို့အထိဆွဲခေါ်သွားပေးမယ် စနေတနင်္ဂနွေ အားတဲ့ကလေးကို တချိန်ထည့်ပေးမယ် ကြားရက်အားတဲ့ကလေးကို တချိန်ထည့်ပေးမယ် ကိုယ့်တာပွန်က ကလေးတွေလည်း တခြား ကလေးတွေနည်းတူ ဘာသာစကားလေးတွေ တက်စေချင်တာ လာသင်ကြတဲ့ကလေးတွေ ချစ်လည်းချစ်တယ် ကြိုးစားကြလို့ 😘😍🥰(ဆရာမနေရာမရှိတော့ အိမ်နောက်ဖေးဘက်သင်ရတယ်😁) ❗မုန့်ကျွေး အအေးပါတိုက်ပါတယ်😁

Photos from Haruto Language School's post 23/10/2023

Senseiရေ သားတို့ တာပွန်အိမ်လာအုန်းမယ် သမီးတို့အိမ်လည် လာခဲ့မယ် ဆရာမကလည်း ကိုယ်သင်တဲ့တပည့်တွေနဲ့တွေ့ချင်တာနဲ့ ထမင်းလက်စုံစားကြရင်း စာသင်ကြရင်း😘🥰😍

23/10/2023

အိမ်ပြန်ရောက်တော့လည်းစာသင်လိုက် လျှောက်လည်လိုက် နယ်က ကလေးတွေကျ onlineနဲ့ပဲတောက်လျှောက်သင်နေရတော့ ရောက်တုန်း အိမ်မှာခေါ်သင် ရတယ် အခြေခံလက်ရေးတွေ ကို ရောက်တုန်း အားတဲ့ကလေးတွေ စိတ်ဝင်စားတဲ့ကလေးတွေ ကိုသင်ပေးပီး နောက်ပိုင်းဝါသနာပါရင် ဆက်လေ့လာလို့ရအောင်လို့ အပြင်တန်းလေးရောက်နေတဲ့10ရက်ကို သင်ပေးမလို့ပါ နတ်တလင်း-ပေါင်းတည်-တာပွန် ကလေးတွေ လာရောက်တက်လို့ရပါတယ်ရှင့် ❗Freeနော် (24.10.2023 အင်္ဂါနေ့ 1:00pm) တာပွန်စာတိုက်လမ်း အိမ်သို့ ☎️09-979-1599-69

Photos from Haruto Language School's post 22/10/2023

သူ့မမအိအောင်ကို ဂျပန်ကနေလှမ်းကန်တော့ တာ မောင်လေးသော်ဘုန်းသာ🥰😘😍 ချစ်လိုက်တာလေး

22/10/2023

Senseiနယ်ရောက်နေတုန်း ဂျပန်စာ အခြေခံတန်းလေး ကလေးတွေသင်ပေးသွားမှာပါ တာပွန်မှာရှိတဲ့ကလေးတွေကျောင်း10ရက်ပိတ်တုန်း အခြေခံ လက်ရေးလေးတွေ သင်ချင်ရင် စာတိုက်လမ်းအိမ်ကို လာခဲ့ကြပါ ❗သင်တန်းကြေးfree ပါ ရှင့် အင်္ဂါနေ့ စသင်မယ်နော် နေ့လယ်1:00pm ဘယ်ကလေးမဆို ဆင်းရဲ ချမ်းသာမရွေး အကုန်သင်ပေးမှာပါရှင့် ❗လက်ရေးလေးတွေတတ်သွားရင် စာလေးတွေ ဖတ်နိုင်ပါပီ တဆင့်စကားတဆင့်နဲ့ သင်ယူချင်စိတ် ရှိတဲ့ကလေးတွေကို ပြောပေးပါရှင့်🙇‍♂️🙇‍♂️🙇‍♂️❗သင်တန်ကြေး freeနော် ကြိုးစားချင်ရင် လာကြနော်💪💪💪 မကြီးအိအောင်သင်ပေးမှာပါရှင့်(စာအုပ် ဗြောင်နဲ့ ဘောပင် ယူလာပေးပါရန်)❗အသက်13နှစ်ကစပီး သင်ကြားနိုင်ပါပီရှင့်

Photos from Haruto Language School's post 22/10/2023

あき(ဆောင်းဦး)အခုအချိန်က အရွက်လေးတွေ စပီးအရောင်ပြောင်းတဲ့အချိန် အရမ်းလှ မြင်မြင်သမျှက ဆေးဆိုးပန်းရိုက်ထားတဲ့ ပန်းချီကားလေးတချပ်လိုပဲ

21/10/2023

နယ်ပြန်ရောက်နေပေမဲ့ သင်ရမဲ့အလုပ်တွေ ပါလာတယ် 12လပိုင်းဖြေမဲ့ကလေးတွေ များတဲ့အတွက် ကြိုးစားပီးတော့ သင်ရတာပဲ မောင်လေး ညီမလေးတို့လည်းကြိုးစား စေချင်ပါတယ် senseiသင်တဲ့ကလေးတွေက ဂျပန်စာကအဓိက ဦးတည်ပါတယ် ဂျပန်စာမလုပ်ပဲ ဂျပန်သွားချင်ရင် ဘေးသင်တန်းတွေပေါပါတယ်ရှင့် အောင်လက်မှတ်အဓိက ဆရာမ အလုပ်ရှာပေးလား မပေးပါရှင့် အလုပ်ဖောင်တွေတိုးပေးလား မတိုးပေးပါရှင့်ဂျပန်သွားမဲ့ လူတယောက်က ကိုယ့်ဟာကိုယ်ကြိုးစားရမှာပါ ဂျပန်ကိုရောက်ပီးရောဆို အမြန်ခေါ်တဲ့နေရာတွေသွားပါ ရှင့် ကျောင်းနဲ့ကတော့လာခဲ့ အေးဂျင့်မဟုပ်ပါရှင့် လမ်းကြောင်းချပေး ကူပြင်​ဆင်ပေးပီး ​တဆွေမျိုးလုံး ဂျပန်ရောက်နေပါပီရှင့် senseiနယ်ဘက်က ကလေးတွေဆိုသိမှာပါ အလုပ်နဲ့မပို့ဘူးလား အလုပ်နဲ့ကsenseiကိုယ်တ်ုင် တောင်မနဲသွားခဲ့ရလို့ ကျန်တဲ့လူတော့ မပို့ပေမဲ့ ညီမတွေတော့ အလုပ်နဲ့ ပို့ဖို့ လမ်းချပေးထားပါတယ် မကြာတော့ခင်ကာလမှ သွားရပါတော့မယ် ❗စာမကြိုးစားချင်ဂျပန်မသွားနဲ့
❗ဝန်ဆောင်ခတွေနှမြောရင်ဂျပန်မသွားပါနဲ့
❗ဂျပန်ဆိုတာစိတ်ရှည်ရပါ့မယ် ခုဂျပန်စာကျက် ခုသွားချင်ရင်ဂျပန်မသွားပါနဲ့

21/10/2023

ညီမလေး ဇာခြည်ထွန်း おめでとう🎊ကျောင်းနဲ့သွားမဲ့ကလေးဖြစ်တဲ့အတွက်ကြောင့် Nat-testဖြေတာပါ N5 12လပိုင်း N4ဖြေနော် စာအရမ်းလိုက်နိုင်တဲ့ညီမလေး လိမ်မာတယ် စာသင်ပေးတဲ့ အစ်မအပေါ်လည်းရိုသေတယ် လေးစားတယ်😘😍

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အရှုပ်တွေနဲ့ အလုပ်တွေနဲ့
အ,အိ,အု,အဲ,အို ဆိုနေကြတာ🥰😘😍
N4 grammar လေးတဖြတ်
N4(အခန်း-40)練習-C -2
စာသင်ခါနီးလေးစကားလေးပြောလိုက်အုန်းမယ်
N4(အခန်း39)grammar ရှင်းလင်းချက်
Sensei စာအုပ်အသစ်တွေဘယ်လိုလေ့လာလဲ youtubeကနေလိုက်လေ့လာတာပါရှင့်
N4 စာပိုဒ်တခု အခန်း38
N5အတန်းလေးတခု လတ်စသတ်သွားပီ(နေမကောင်းလည်းသင်ရတာပဲ senseiရုပ်လေးသီးခံပေးပါ😁)Senseiနဲ့စာသင်ပီးတာနဲ့ နောက်levelတွေဆက်တက်ကြတ...

Category

Telephone

Website

Address


လှည်းတန်း/အင်းစိန်လမ်းမ/စံရိပ်ငြိမ်(5)လမ်း အမှတ်-58(5လွှာ)
Yangon
11111
Other Tutors/Teachers in Yangon (show all)
Upgrade Upgrade
No 1140, 1st Floor, Ya-tha-wa-ti Street South-Oakkalar Township
Yangon

Let's upgrade & update your mathematics level

Harry Phyo English Harry Phyo English
GantKaw 3rd Street, (19)ward, Than Din, ShwePyiThar Township
Yangon

If you don't do it right now, when?

Shan Tain Lwar - ရှမ်းခေါက်ဆွဲ&ဒင်းဆမ်း သင်တန်း Shan Tain Lwar - ရှမ်းခေါက်ဆွဲ&ဒင်းဆမ်း သင်တန်း
Yangon

ရှမ်းခေါက်ဆွဲ & ဒင်းဆမ်း သင်တန်း သင်ပြပို့ချပေးသည်..

Tr Poe's English Class Tr Poe's English Class
Yangon

Four skills English classes for young learners.

PNSY Education Centre  Computer,English and  Language Classes PNSY Education Centre Computer,English and Language Classes
820, Min Bu Street, 9th Ward , Hlaing Thar Yar Township
Yangon, 11401

English language proficiency learning classes for students and youths

Teacher Linn Teacher Linn
Yangon, WAIZAYANDARSTREET,THARKAYTA

Education and Knowledge sharing!!!

Zero to Infinity Zero to Infinity
Yangon, 11411

My life zero to infinity Sharing for all my fri...

Future for All Future for All
No. 197, Aung Khay Mar Street, Mayangone
Yangon, 11051

Education website

Yadanar Oo Yadanar Oo
Yangon

Thai4Burmese Thai4Burmese
Zawana
Yangon

သင့်ထိုင်းဘာသာစကားစွမ်းရည်ကို တိုးတက်ဖို့ T4B မှ ကူညီပေးနိုင်ပါသည်။

Read Along Education Center Read Along Education Center
Yangon, 11111

This page is to reinforce reading for young learners.