Sandi Beauty

Healthy&Beauty✨

Photos from Sandi Beauty's post 03/08/2023

ကန်စွန်းဥစားခြင်း အကျိုးကျေးဇူးများ✨
💛💛💛🍠💛💛💛
ကန်စွန်းဥက ဗီတာမင်ဓာတ်အပြင် ကျွန်မတို့ ကျန်းမာရေးအတွက် ကောင်းတဲ့သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ အားကစားသမားတွေရဲ့အကြိုက်ဆုံးအစားအစာလို့တောင်ပြောလို့ရပါတယ်။ ဒါပေမဲ့ ကန်စွန်းဥက ကယ်လိုရီပမာဏ များတဲ့အတွက် ဝစေနိုင်တဲ့ အစားအစာလို့ ထင်နေကြပါတယ်။ တကယ်တော့ ဒါ မမှန်ပါဘူး။ ကန်စွန်းဥက ရိုးရိုးအာလူးတွေယှဉ်ရင် ကျန်းမာရေးနဲ့ညီညွှတ်ပြီး ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့အစားအစာအဖြစ်လည်း သက်သပြချက်တွေရှိပါတယ်။

အမျှင်ဓာတ်ပါဝင်မှုမြင့်မား
ကန်စွန်းဥက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားပါတယ်။ ကန်စွန်းဥစားထားတာနဲ့ သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်နေသလိုခံစားရစေတဲ့အတွက် အစားခဏခဏမစားအောင် ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ကန်စွန်းဥကို စားသုံးတာက ဇီဝဖြစ်စဉ်တွေ၊ အစောခြေစနစ်တွေကို ကောင်းမွန်စေသလို ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။

ကာဗွန်ဟိုက်ဒရိုတ် ကြွယ်ဝစွာပါဝင်
ကိုယ်အလေးချိန်ကျအောင် ကြိုးစားနေတဲ့သူတွေလည်း ကာဗွန်ဟိုက်ဒရိုတ်ကို လုံးဝလျစ်လျူရှုထားလို့မရပါဘူး။ ကာဗွန်ဟိုက်ဒရိုတ်က အမျိုးမျိုးသောလုပ်ဆောင်ချက်အတွက် သင့်ကို စွမ်းအင်ထောက်ပံ့ပေးထားပါတယ်။ သင့်ခန္ဓာကိုယ်က ကာဗွန်ဟိုက်ဒရိုတ်လုံလောက်စွာမရဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် တက်ကြွနေစေဖို့၊ ကျန်းမာနေစေဖို့ ခွန်အားရှိမှာမဟုတ်ပါဘူး။

ရေဓာတ်ပါဝင်မှုများ
ရေဓာတ်ကုန်ခန်းတာက သင့်ရဲ့ဇီဝဖြစ်စဉ်ကို နှေးသွားစေနိုင်ပါတယ်။ ကန်စွန်းဥကို စားပေးတာက သင့်ခန္ဓာကိုယ်ဆဲလ်တွေကို ပြန်လည်ရေဓာတ်ပြည့်လာစေပြီး ဇီဝဖြစ်စဉ်အားကောင်းစေပါတယ်။ ရေဓာတ်ပြည့်ဝနေမှ PH ပမာဏညီမျှအောင် သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးမှာဖြစ်ပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

အန်တီအောက်စီဒန့် (Antioxidants) ကြွယ်ဝ
ကန်စွန်းဥက အန်တီအောက်စီဒန့်များစွာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်မတက်အောင်လည်း သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

ကန်စွန်းဥဟာ ဟင်းပွဲနဲ့ အချိုပွဲတချို့မှာ တွေ့နေကျ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သဘာဝအလျောက် ချိုတဲ့အရသာရှိပြီး သကြားဓာတ်များစွာ ပါဝင်ပါတယ်။ ကန်စွန်းဥက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ အကုန်အကျသက်သာပြီး အမြင်အာရုံဝေဝါးမှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွင်းရောက်သွားရင် ဗီတာမင် A အဖြစ်သို့ ပြောင်းလဲတဲ့ beta-carotene ပမာဏမြောက်များစွာ ပါရှိပါတယ်။ ကန်စွန်းဥက အမျှင်ဓာတ် အရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ ကန်စွန်းဥ တစ်လုံးစားခြင်းက အမျှင်ဓာတ် ၄ ဂရမ် ရရှိစေပါတယ်။

အမြင်အာရုံဆုံးရှုံးမှု ကာကွယ်ပေးတဲ့အပြင် ဗီတာမင် A က ကိုယ်ခံအားစနစ် တိုးမြင့်စေနိုင်ပြီး မျက်စိနဲ့ အရိုးတွေ ပိုမိုကျန်းမာစေနိုင်ပါတယ်

18/06/2023

Face mask ကပ်ရင် လုပ်တတ်တဲ့အမှားများ
❣❣❣❣❣❣❣❣❣

✅ Face mask ကပ်ပြီး အသားရေဘာမှပြောင်းလဲမလာဘူးဆိုပြီးကြုံဖူးကြလား။ အဲတာဆို ဒီအမှား 8 ချက်ကိုလုပ်မိနေလားပြန်စဉ်းစားပေးပါနော်

1️⃣ mask ကိုကြာကြာကပ်လေကောင်းလေ

-မှားပါတယ်။ ၁၅-၂၀ မိနစ်ကပ်ပေးရင်လုံလောက်ပါပြီ။ sheet mask ကိုခွ့ါပြီး အရည်တွေကိုစိမ့်ဝင်အောင် ပုတ်/ နှပ်နယ်တာများလုပ်သင့်ပါတယ်။

❗️ကြာကြာကပ်ရင်ဘာဖြစ်လည်း?

-Sheet mask ခြော-က်သွားရင် မိမိအသားရေထဲက ရေဓာတ်ကိုပါပြန်လည်စုတ်ယူသွားတာမို့ sheet မ​ခြော-က်ခင်ခွါပေးရမှာပါ။

2️⃣ Mask Sheet ကိုကပ်ပြီးပိုတဲ့အရည်ထဲပြန်ထည့်နောက်တစ်ခါပြန် သုံးခြင်း။

-ဒါလည်းမလုပ်သင့်ပါဘူး၊ လေနဲ့ထိတွေ့လိုက်ပြီ ဆိုကတည်းက oxidation ဖြစ်ပါပြီ၊ mask sheet မှာဖုန်တွေများကပ်နေခဲ့ရင် အခန့်မသင့်ရင် allergy ဖြစ်နိုင်ပါတယ်။ တစ်ကြိမ်ပဲကပ်ပြပီး ပစ်လိုက်ပါတော့။

- ပိုနေတဲ့ essence တွေကို ခြေထောက်၊ လည်ပင်းနဲ့ လက်တွေလိမ်းနိုင်ပါတယ်။

3️⃣ Mask မကပ်ခင် deep cleansing မလုပ်ခြင်း

- mask ကပ်တော့မယ်ဆို double cleansing လူပ် ထားမှအသားရေထဲ ပိုမို့စိမ့်ဝင်ကာအာနိသင်ပိုကောင်းပါတယ်။ scrub လုပ်နိုင်ရင်ပိုကောင်းပါတယ်။

4️⃣ Mask မကပ်ခင် Toner / essence မသုံးခြင်း။

- အသားရေက သန့်စင်ပြီးစိုစွတ်နေဖို့ လိုအပ်တာမို့ Toner / treatment essence ကို သုံးပြီးမှ ကပ်ပေးသင့်ပါတယ်။ ဒါမှမဟုတ် Facial mist တစ်ခုခုလည်းဖြန်းပေးနိုင်ပါတယ်။

5️⃣ Mask ကပ်ပြီး moisture မလိမ်းခြင်း။

- mask ကပ်ပြီးသွားရင် ပိုနေတဲ့ essence တွေကိုစိမ့်ဝင်အောင်လိမ်းပြီးတာနဲ့ serum & cream လိမ်းပေးရပါမယ် ဒါမှသာ skin ရဲ့ moisture ကိုထိမ်းသိန်းပေးပြီးmask ထဲမှာပါတဲ့ treatment essence ရဲ့အာနိသင်ကို restore လုပ်ပေးပါတယ်။

6️⃣ Mask ကပ်ပြီးနောက်ရက်ကို peeling / scrub တွေလုပ်ခြင်း

- mask ကပ်ပြီးအသားရေကနုညံ့နေတာမို့ နောက်ရက်တွေမှာ peeling တွေ scrub တွေလိုလုပ်တာမျိုးရှောင်ပေးရပါမယ်၊ အသားရေဒဏ်ဖြစ်သွားနိုင်ပါတယ်။

7️⃣ Mask ကပ်ပြီးနောက်ရက် Sunscreen သေချာမလူးခြင်း

ဒါကတော့နေ့တိုင်းလူးရမှာပါ သတိလက်လွတ်ဖြစ်သွားမှာဆိုးလို့ပါ။

8️⃣ မျက်နှာပြန်သစ်ချတာ။

- တစ်ကယ်တော့ sheet mask အများစုတွေကပြန်သစ်ဖို့မလိုအပ်ပါဘူး။ သူမှာပါတဲ့အရည်တွေသေချာစိမ့်ဝင်အောင်လုပ်ပေးရမှာပါ။
အရမ်းစေးကပ်လို့ မနေတက်ရင်တော့ mask sheet ခွါပြီး ၁၅ မိနစ်လောက်သေချာနှိပ်နယ်ပီးရင် ရေ သီးသန့်နဲ့ပဲဆေးချပါ ။ ❗️ဆပ်ပြာမသုံးရပါဘူး

04/05/2023

တရားထိုင်ခြင်းအကျိုး
💚💚💚💚💚💚💚

တရားထိုင်ခြင်း(Meditation)ဟာ ကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။

သိပ္ပံနည်းကျ လေ့လာမှုအရ တရားထိုင်ခြင်းဟာ လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုး အများကြီးပေးနိုင်တယ် ဆိုတာကိုလေ့လာတွေ့ရှိထားပါတယ်။ တရားထိုင်ခြင်းရဲ့ ကောင်းကျိုးတွေ ကို အောက်မှာဖော်ပြထားပါတယ်။

တရားထိုင်တဲ့အချိန်မှာ ခန္ဒာကိုယ်တစ်ခုလုံးပြောင်းလဲမှုဖြစ်ပြီး ခန္ဒာကိုယ်အထဲမှာရှိတဲ့ ဆဲလ်တစ်ခုစီမှာ ပရာနာ (prana) လို့ခေါ်တဲ့ခွန်အားတွေနဲ့ ပြည့်နှက်စေပါတယ်။

ဒါကြောင့် စိတ်ကိုပျော်ရွှင်စေတဲ့အပြင်၊ ငြိမ်းချမ်းမှုကို ရရှိစေယုံသာမက ခွန်အားတိုးပွားပြီး စိတ်အားထက်သန်မှုကိုလဲ တိုးပွားစေတယ်။

တရားထိုင်ခြင်းအားဖြင့် ရရှိနိုင်တယ့် ရုပ်ပိုင်းဆိုင်ရာကောင်းကျိုးများမှာ-

သွေးတိုးခြင်းကိုလျှော့ချပေးတယ်။

သွေးတွင်းမှာရှိတဲ့ လက်တေ့အက်စစ်ပါဝင်မှုကိုလျှော့ချပေးတယ့် အပြင် စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်တယ်။

အကြောတင်းခြင်းများကို လျှော့ချပေးနိုင်ပြီး ခေါင်းကိုက်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်သားနှင့် အဆစ်များနာကျင်ခြင်းကို လျှော့ချပေးနိုင်တယ်။

လုပ်ဆောင်မှုများကို တိုးတက်စေတယ်။

ကိုယ်ခံအားကို ပိုမိုတိုးပွားလာစေတယ်။

ခန္ဒာကိုယ်တွင်းရှိ ခွန်အားကိုတိုးပွားစေတယ်။

စိတ်ပိုင်းဆိုင်ရာကောင်းကျိုးများမှာ-

ဦးဏှောက်လှိုင်းတွေကို အကောင်းဆုံးအနေအထားသို့ရောက်ရှိစေတဲ့့အတွက် စိတ်ခံစားမှုမှာ နူးညံ့သိမ့်မွေ့ လာစေသလို လန်းဆန်းတက်ကြွနေစေတယ်။

စိုးရိမ်ကြောင့်ကြမှုကိုလျှော့ချပေးတယ်။

စိတ်တည်ငြိမ်မှုကို တိုးတက်လာစေတယ်။

တီထွင်နိုင်စွမ်းကိုတိုးတက်လာစေတယ်။

ပိုမို ပျော်ရွှင်မှုလာစေတယ်။

ထိုးသွင်းသိမြင်နိုင်စွမ်းကို တိုးတက်လာစေတယ်။

စိတ်ကို ရှင်းလင်းစေပြီး တည်ငြိမ်အေးချမ်းမှုကိုရရှိစေတယ်။

တရားထိုင်ခြင်းဟာ အာရုံစူးစိုက်မှုကို ပိုကောင်းစေတဲ့အပြင် စိတ်ကို သက်တောင့်သက်သာ အနေအထားကို ရောက်ရှိစေတဲ့အတွက် စိတ်ကို ထက်မြက်လာစေတယ်။

စိတ်ထက်မြက်မှုမရှိရင် စိတ်တင်းကြပ်နေပြီး ဒေါသထွက်လွယ်လာမှာဖြစ်တဲ့အပြင် စိတ်ကို ရှုပ်ထွေးစေမှာ ဖြစ်တယ်။

ထက်မြက်တဲ့ စိတ်နဲ့ ပိုမိုကောင်းမွန်တဲ့ အသိတရားက လူတစ်ယောက်ကို အကောင်းဆုံး အနေအထားကို ရောက်ရှိစေမှာအမှန်ပင်ဖြစ်တယ်။

တရားထိုင်ခြင်းဟာ အတွင်းစိတ်ကသာ မိမိကို ပျော်ရွှင်မှု ပေးနိုင်တယ်ဆိုတာကို သိရှိနားလည်စေတယ်။

တခြားကောင်းကျိုးတွေကတော့-

မိမိကိုယ်ကိုပိုမို သိရှိနားလည်စေတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာစေမည်။

ကိုယ့်ကိုယ်ကို ပိုလေ့လာစေတဲ့အတွက် ကိုယ့်အကြောင်းကို ပိုသိမြင်လာလေဖြစ်တယ်။

မှတ်ဥာဏ်လဲ ပိုကောင်းလာစေပါတယ်။

တရားထိုင်ခြင်း၏ ကောင်းကျိုးများအားရရှိစေရန်အတွက် ပုံမှန်တရားထိုင်ဖို့လိုအပ်ပါတယ်။ တစ်နေ့ကို မိနစ် အနည်းငယ် တရားထိုင်ရင်တောင် လုံလောက်ပါတယ်။

နေ့တိုင်း တရားစထိုင်ဖြစ်လာပြီဆိုရင် တရားထိုင်တာဟာ တစ်နေ့လုံးလုပ်ရတဲ့ အလုပ်တွေမှာ အကောင်းဆုံးအလုပ်တစ်ခုဖြစ်လာနိုင်ပါတယ်။

နေ့စဉ် အလုပ်များနေရင် အချိန်နည်းနည်းလောက်ပေးပြီး တရားထိုင်ကြည့်ပါ။

လုပ်နေတဲ့ အလုပ်တွေ၊ လေ့လာနေတဲ့ ပညာတွေမှာ အကျိုးရှိစေမှာ အမှန်ပါ။ ကိုယ့်ဘဝကို အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံးဖြစ်စေဖို့ တရားထိုင်ကြပါစို့နော်

22/04/2023

မျက်နှာသစ် တတ်ပြီလား သဲလေးတို့ရေ
ဖတ်ကြည့်နော်
💗💗💗💗💗💗💗
အသားအရေမထိခိုက်အောင်မျက်နှာ ကို ဘယ်လို သစ်ကြမလဲ ဆိုတာကို ဆက်လက်ဖော်ပြပါမယ်

၁။ ပထမ ဆုံး အသုံးပြုမယ့် မျက်နှာသစ်ဆေးဟာ ကိုယ့်နဲ့ သင့်တော်တာဖြစ်ရပါမယ်။ဥပမာ ဝက်ခြံ ထွက်လွယ်တဲ့ အသားအရေအတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေး ဟာ ခြောက်သွေ့တဲ့ အသားအရေ အတွက် မသင့်တော်ပါဘူး။

၂။မျက်နှာသစ်တဲ့ရေရဲ့ အပူချိန်ဟာ လည်း အရေးပါ ပါတယ်။ရေအေး နဲ့ သစ်ရမလား ရေနွေးနဲ့ သစ်ရမလား ဆိုရင်တော့ မပူလွန်း မအေးလွန်းတဲ့ ရေဟာ အသင့်တောာ်ဆုံးပါ။

၃။မျက်နှာ ကို ရေနဲ့ ဆပ်ပြာနဲ့ အပြ် Scrub သုံးတာတွေ brush နဲ့ တိုက်တာတွေ ဟာ လည်း အသားအရေကို ကြမ်းတမ်းစေတာမို့ ရှောင်ကျဉ်သင့်ပါတယ်

၄။ မျက်နှာကို မိမိ လက်ချောင်းထိပ်လေးတွေ နဲ့ပဲ နူးနူးညံညံ့ အဝိုင်းပုံ လှည့်ပြီး သစ်ပေးနိုင်ပါတယ်

၅။အချိန်အကြာကြီး ဆပ်ပြာ နဲ့ ပွတ်ဆေးနေတာမျိုးလည်းရှောင်ကျဉ်သင့်ပါတယ်။

Photos from Sandi Beauty's post 06/03/2023

ကျီးပေါင်း လေ့ကျင့်ခန်း save ထားပါနော်
အားလုံးကျန်းမာအသက်ရှည်ကြပါစေ❤✨

22/01/2023

ဇီးသီးစားခြင်း၏ အကျိုးကျေးဇူးများ 🍒🍒🍒🍒🍒🍒🍒🍒🍒
မြန်မာလူမျိုးတွေ အရမ်းကြိုက်ပြီး အစိမ်းအတိုင်း ဖြစ်စေ ၊ သုပ်၍ ဖြစ်စေ ၊ ယိုထိုး၍ ဖြစ်စေ စားလေ့ ရှိကြတဲ့ ဇီးသီးရဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့်

၁။ အိုမင်းရင့်ရော်မှုကို လျော့ကျစေပါတယ်
ဇီးသီးမှာပါတဲ့ သဘာ၀ဖလေဖွိုးနွိုက် အင်တီအောက်ဆီးဒင့်တွေဟာ ခန္ဓာကိုယ်ရှိ free radicals များကို တွန်းလှန်နိုင်ပြီး အိုမင်းမှုနဲ့ အိုမင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းဖြစ်တာနဲ့ ပါးရေတွန့်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ သွားပိုးစားခြင်းမှ ကာကွယ်ပေးပါတယ်
ဇီးသီးမှာပါတဲ့ vitamin A ဟာ အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင်
သွားပိုးစားခြင်းနဲ့ အဆုတ်ကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၃။ မှတ်ဉာဏ်ကောင်းစေပါတယ်
ဇီးသီးထဲတွင် ပါရှိသော Asphenols က ဦးနှောက်နဲ့ ဆက်စပ်လျက်ရှိသော ဆဲလ်များကို ပုံမှန် အလုပ်လုပ်စေကာ ၊ ဦးနှောက်ကို ကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေပါတယ်။

၄။ အရိုးပွခြင်းမှ ကာကွယ်ပေးပါတယ်
ဇီးသီးဟာ အရိုးများကို သိပ်သည်းစေပြီး ၊ သွေးဆုံးပြီး အမျိုးသမီးကြီးများကို အရိုးကြွတ်/အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်
ဇီးသီးမှာပါတဲ့ ချေဖျက်လွယ်သော အမျှင်ဓာတ်တွေဟာ အူတွေကို သန့်စင်စေပြီး ၊ အစာချေစနစ်ကို ကောင်းမွန်စေလို့ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၆။ သွေးတိုးကို ထိန်းပေးပါတယ်
ဇီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်က နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်လို့ နှလုံးနဲ့ သွေးတိုးအတွက် အထူးကောင်းမွန်ပါတယ်။

စာဖတ်သူများ ကျန်းမာအသက်ရှည်ကြပါစေရှင့်🙏

Photos from Sandi Beauty's post 11/11/2022

စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ.?

အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။

ဘယ်သူတွေမှာဖြစ်မှာလဲ။

အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ

* GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ
* စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barretts esophagus)
* ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ
* အဝလွန်တာ
* အရက်သောက်တာ
* သည်းခြေရည်ပြန်တက်တာ
* Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာတွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)
* အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ
* အသီးအရွက်အစားနည်းတာ
* ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ

ဘာလက္ခဏာတွေပြမှာလဲ။

အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့

* အစာမျိုရခက်ပါမယ်။

စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။

* စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။
* အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။
* ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။
* တဖြည်းဖြည်းပိန်လာပါမယ်။
* အန်ပါမယ်။
* ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။
* ချောင်းဆိုးမယ်။
* အသံပြောင်းလာမယ်။
* သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။

နောက်ဆက်တွဲဘာဖြစ်မှာလဲ။

* အစာရေမျိုပြွန်ပိတ်တာ

ကျဉ်းနေရင် နှာခေါင်းပိုက်ကနေအစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။

* ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။
* တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။
* ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။

ကုသနည်းများ

ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။

* ခွဲစိတ်နည်း
* ဓာတ်ရောင်ခြည်ပြနည်း
* ဆေးသွင်းနည်း
* Targeted therapy
* Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။

ကာကွယ်နည်းများ

အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်

* ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
* အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
* အသီးအရွက်များများစားပါ။
* အဝမလွန်အောင်ထိန်းပါ။

18/07/2022

❤❤❤❤❤❤❤
၁။ ကျောက်ကပ် အားကောင်းအောင်
ခြေဖျားထောက် လမ်းလျှောက်ပါ။

၂ ။အသည်း အားကောင်းအောင်
ချိုင်း အောက်ကို
လက်ခုပ် နဲ့ ပုတ်ပေးပါ။

၃။ နှလုံး အားကောင်းအောင်
တံတောင်ဆစ် အကွေးချိုင့် ထဲကို
လက်ခုပ်ဖြင့် ပွတ်ပေးပါ။

၄ ။အစာအိမ် အားကောင်းအောင်
ချက် ဘေးပတ်ပတ်လည်
လက်ဖြင့် ပွတ်ပေးပါ။

၅။ကျော မာဆက်လုပ်ဖို့
အိပ်ယာထ
ဒူးနှစ်ဖက်ပိုက်ပြီး ထပြီးရင်
နောက်ကိုဖြေးဖြေး လှန်ပေးပါ။

၆။ ဦးဏှောက်
အာရုံကြောလန်းဆန်းပြီး
သွေးလှည့်ပတ်မူ့ အားကောင်းစေဖို့
ငယ်ထိပ် ကို လက်ခုပ် နဲ့
ဖြေးဖြေးပုတ်ပေးပါ။

တမျိုး ၅၀စီ လုပ်ပါ။

ကျန်းမာပျော်ရွှင်
ရောဂါကင်းဝေးကြပါစေ။ ___________________________________
# #ပေးပါသည်
ကျန်းမာရေးဗဟုသုတများ ___________________________________ တဆင့်ပြန်လည်မျှဝေပါတယ်

17/06/2022

သားအိမ်ကျန်းမာစေရန် စားသင့်သော အစားအစာ (၅) မျိုး
❤❤❤❤❤❤❤❤❤

သားအိမ်ဟာ အမျိုးသမီးခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါတယ်။ သားအိမ်ဟာ အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့ရဲ့ အဓိကနေရာကနေပါ၀င်တဲ့အတွက် သူ ကျန်းမာရေးကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ သားအိမ်ကျန်းမာ စေဖို့အတွက် စားသုံးသင့်တဲ့ ထိပ်တန်းအစားအစာတွေပါ။

► အမျှင်ဓာတ်ပါ၀င်မှုများသော အစားအစာများ

အမျှင်ဓာတ်ပါ၀င်မှုများတဲ့ အစားအစာတွေကို စားသုံးတာက ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ပစ်ဖို့ ကူညီနိုင်ပါတယ်။ အမျှင် ဓာတ်စားမိလို့ တစ်နေ့ ၀မ်း နှစ်ကြိမ်၊ သုံးကြိမ် သွားတာလောက်ကို စိတ်မပူပါနဲ့။ သူက ခန္ဓာကိုယ်အတွင်းက ပိုလျှံနေတဲ့ အီစထရိုဂျင်တွေကိုလည်း ဖယ်ရှားပေးပါ တယ်။ ဒီလိုဖယ်ရှားလိုက်တာကြောင့် ကိုယ်တွင်းမှာ သားအိမ်အလုံးမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံနဲ့ ကောက်နှံတစ်ခု လုံးပါ၀င်စာတွေမှာ အမျှင်ဓာတ်တွေ များစွာ ပါ၀င်တာကြောင့် သူတို့ကို စားသုံးပေးပါ။ ဓာတုပစ္စည်းနဲ့ ပိုးသတ်ဆေးတွေ အသုံးမပြုထားတဲ့ အော်ဂဲနစ်အစားအစာကို ရွေး ချယ်တာက ကလေးရနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။
အမျှင်ဓာတ်ပါ၀င်မှုများတဲ့အစားအစာ စားသုံးရင် တစ်နေ့ကို ရေ ၈-၁၀ ခွက်အ ထိ သောက်ဖို့ မမေ့ပါနဲ့။ အစာခြေစနစ်အတွင်း အမျှင်ဓာတ်တွေ အလွယ်တကူ ရွေ့ လျားနိုင်ဖို့အတွက်ပါ။

► နို့နှင့် နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲနဲ့ ထောပတ်လိုမျိုး နို့နဲ့နို့ထွက်ပစ္စည်းတွေကို သားအိမ် ကျန်းမာရေးအတွက် နေ့စဉ် စားပေးဖို့ လိုအပ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ တွေ များစွာ ပါ၀င်ပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးကျန်း မာရေးကို အထောက်အကူပြုပြီး ဗီတာမင် ဒီ ကတော့ သားအိမ်အလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ က ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူ မှုအတွက် ကူညီပေးပါတယ်။

► အစိမ်းရောင်အစားအစာများ

ဟင်းနုနယ်၊ ဖက်ယားရွက်၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီိ စိမ်း ၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အရွက် တွေက သားအိမ်အတွင်း အယ်လ်ကာလီညီညွတ်မျှတမှုရှိအောင် ကူညီပေးပါ တယ်။ ဒါ့အပြင် အာရုံကြောစနစ် လုပ်ဆောင်ချက်ကောင်းမွန်စေနိုင်ပါတယ်။ ဒီအစိမ်းရောင် အရွက်တွေမှာ ဖောလစ်အက်စစ်လည်း ပါ၀င်တဲ့အတွက် သင့်သားအိမ်က ကျန်းမာ တဲ့ သန္ဓေသားရရှိဖို့အတွက် အဆင်သင့်အနေအထားကို ရောက်ရှိစေနိုင်ပါတယ်။

► အစေ့အဆန်များ

အစေ့အဆန်တွေက ခန္ဓာကိုယ်အတွင်း ဟော်မုန်းထုတ်လုပ်မှုကောင်းမွန်ဖို့ အတွက် လိုအပ်ပါတယ်။ ဗာဒံစေ့၊ သီဟိုဠ်စေ့နဲ့ ဂုန်လျှော်စေ့လိုမျိုး အစေ့အဆန် တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ကျန်းမာရေးကောင်းမွန်စေတဲ့ ကိုလက်စထရော တွေ များစွာ ပါ၀င်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ သားအိမ်အလုံးမဖြစ် အောင်နဲ့ သားအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာရေး ကောင်းစေတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောအဆင့်တွေ ပုံမှန်ဖြစ် အောင် ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သူတို့က ပေါင်မပြည့်ကလေး ဒါမှမဟုတ် လမစေ့ကလေးတွေ မမွေးဖွားအောင်လည်း ကာကွယ်ပေးပါတယ်။

► ရှောက်သီး/သံပရာသီး
ရှောက်သီး၊ သံပရာသီးမှာ ဗီတာမင် စီ တွေ များစွာ ပါ၀င်တဲ့အတွက် ခုခံအား စနစ်တွေ မြှင့့်တင်ဖို့ ကူညီပေးနိုင်တဲ့အတွက် သားအိမ်ရဲ့ ခုခံအား လည်း ကောင်းမွန် လာနိုင်ပါတယ်။ သားအိမ်ခုခံအား ကောင်းလာတာကြောင့် သားအိမ်အတွင်း ဘက် တီးရီးယားလို ရောဂါပိုးမ၀င်ရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မနက်အိပ်ရာ ထခါစမှာ ရေနွေးတစ်ခွက်ထဲကို ရှောက်ရည်ညှစ်သောက်ပေးပါ။

Photos from Sandi Beauty's post 07/04/2022

မင်္ဂလာပါရှင့်🙏

ကိုယ်ခံစွမ်းအားကောင်းစေပြီး ခံတွင်းရှင်းစေသော ဟော်နန်း အမှတ်တံဆိပ် တောရှောက်သီး ရှောက်ချိူမျှင်ပေါင်း နှင်ိ့မိတ်ဆက်ပေး ချင်ပါတယ်🤗

ဓာတုဗေဒပစ္စည်းဆိုးဆေးမပါ သဘာဝရှောက်သီး ပေါင်းအရသာလေးပါ။
အစ ၁၂/၂၇၅၁၈ ရပီးသား ကျန်းမာရေးနှင့်ညီညွှတ်စွာ ထုတ်လုပ်ထားပါလို့ ယုံကြည်စိတ်ချစွာ လူမျိူးးဘာသာမရွေး စားသုံးနိုင်ပါတယ်ရှင်✨

၁၀၀ တန် ၁၂ ဘူးပါတကဒ် ၁၂၀၀
၂၀၀တန် ၁၂ ဘူးပါတကဒ် ၂၄၀၀
၅၀၀ တန် တဘူးသီးသန့်တဘူး ၅၀၀
အနည်းဆုံး ၃ ကဒ် မှာပေးပါရှင် ကျောက်မြောင်းအတွင်း Free Deli ပို့ပေးမှာပါရှင့်

လက်ဆောင်ပေးလို့လည်း အဆင်ပြေ
သကြန်ပိတ်ရက်များမှာလည်း အဆာပြေစားလို့ရပြီး
ရဟန်းခံရှင်ပြု သိမ်ဆင်းအလှူ အတန်းများအတွက်လည်း အထူးသင့်လျော်ပါတယ်ရှင်။

Ph No 09753496649
Chat Box(or)Messenger

02/03/2022

ရေချိုးခြင်း
============

ရေချိုးလျှင် သတိပြုရမည့်အချက်
ခေါင်းကနေ ရေစတင်လောင်းချိုးတာက
လေဖြတ်တတ်ပါတယ်။
ဦးခေါင်းမှ စ၍ ရေလောင်းမချိုးသင့်ပါ ။

ကျွန်မတို့က သွေးနွေးသတ္တဝါတွေဖြစ်တဲ့အတွက်
ခန္ဓာကကိုယ်က အပူချိန် အလျှင် အမြန်
ထိန်းညှိနေရတာကကြောင့်ပါ ။
ခေါင်းကို ရေလောင်းစဉ် ခေါင်းအေးသွားတဲ့
အတွက် အပူချိန်ထိန်းညှိနိုင်အောင်
ခန္ဓာကိုယ်က သွေးတွေက ခေါင်းကို အလျှင်အမြန်
လာကြတာကြောင့် ဦးနှောက်သွေးကြောပေါက်
လွယ် သွားပြီး လေဖြတ်ကာ လိမ့်ကျသွားပါတယ်။

ရေချိုးတဲ့အခါမှာ ခြေထောက်ကနေ
စတင်ရေလောင်းပြီးမှ တဖြည်းဖြည်း
အပေါ်ပိုင်းကို ဆက်လောင်းချိုးပါ ။

အထူးသဖြင့် သွေးတိုးရောဂါရှိသူ
သွေးတွင်းကိုလက်ထရောမြင့်တက်သူနဲ့
ဦးခေါင်းတခြမ်းကိုက် ဝေဒနာခံစားရသူတွေ
ဒီရေချိုးနည်းကို လိုက်နာသင့်ပါတယ် ။

ရေချိုးနည်း ……

ရေချိုးတဲ့အခါ ခြေထောက်ကို အရင် ရေလောင်းပါ
တဖြေးဖြေး ဒူး ပေါင်း ခါး လောင်းပြီးမှ
တကိုယ်လုံးရေချိုးပါ ။

ရေ အဆင့်ဆင့် လောင်းနေတုံး ပါးစပ်ထဲမှာ
ရေငုံထားတာက ကိုယ်ခန္ဓာကို ရေလောင်းလို့
ထွက်လာတဲ့ အပူခိုးတွေမျက်စိကို မရောက်အောင်
အကာအကွယ်ပြုတာပါ ။

ခန္ဓာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုန်း
ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့ ။

ရေချိုးရင် ဖျားတာက အပူရှိလို့
အပူငုတ် အပူရှပ်ချင်တာပါ ။

အပူထဲမှလာပြီး ချက်ခြင်း ရေမချိုးပါနဲ့ ။
ထမင်းစားပြီး ရေမချိုးသင့်ပါ ။
ရေမချိုးခင် ရေ ဝ အောင် သောက်ပါ ။
ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး
ရေနွေးသောက်ပါ ။

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ ………

ဆီးချိုရောဂါရှိသူ တစ်ယောက်က
နာရီဝက်ကြာ ရေချိုးတာ သွေးထဲက
သကြားဓာတ် ၁၃ % လျော့နည်းတယ်။

ရေနွေး ၃၂ . ၃၅ ဒီဂရီကို ချိုးရင် အရေပြားက
အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်
အတောက်တွေ ထွက်ကုန်မယ် ကြွက်သားနာတာ
အသက်သာမယ် အူတွေ ပို အလုပ် လုပ်နိုင်မယ်။

ရေချိုးတာကို ၁၈မိနစ် ၂၀မိနစ် သာကြာပါစေ
ရေနွေး ၁၂ . ၁၈ ဒီဂရီကို ချိုးရင် စိတ်ဖိအား
ကျစေမယ် သွေးကြောလေးတွေကို ကျဉ်းစေလို့
သကြားဓာတ် တက်စေမယ်။

အင်ပြင် ထ တာမျိုးကို Sodium Bicarbonate
( ဆော်ဒါ ) ပါတဲ့ ရေချိုးရင် သက်သာမယ်
ပိုးတချို့ကိုလည်း သေစေမယ် ။

ရေနွေးနဲ့ ချိုးတာက တုတ်ကွေး အအေးမိတာ
သက်သာစေမယ် နင်းခူနာ သက်သာစေမယ် ။

ရေအေးထဲမှာ ခြေထောက်ကို စိမ်းပေးရင်
ကောင်းအိပ်ပျော်စေတယ် ။

ခန္ဓာကိုယ်တွင် အသည်း အလုပ်လုပ်ချိန်
ည ၁၁နာရီ မှ ၃ နာရီထိ
ကျောက်ကပ် အလုပ် လုပ်ချိန် ညနေ ၅ နာရီ မှ
၇ နာရီ

လ ရာသီ အလိုက်ရေချိုးချိန်........

နွေ မနက် ၉ နာရီ
မိုး မနက် ၁၀ နာရီ
ဆောင်း မနက် ၁၁ နာရီ

အရိုးပွ အရိုးပါး ဂေါက်ရောဂါ ရှိသူတွေ
နာကျဉ်ခြင်းသက်သာအောင် ရေနွေးထဲဆားခါး
ထည့်ဖျော် ချိုးခြင်းဖြင့် သက်သာစေပါသည် ။

ညဖက်ရေချိုးခြင်း သတိထားရန် ………

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ ခြောက်အောင်
သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ် အပူချိန်က
နေ့ခင်းဖက်မှာထက် လျော့ကျနေသည်ကို
သတိပြုပါ ။

မနက်ခင်း လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးမှ
ရေချိုးတာကြွက်သားတွေကို ပိုမိုသန်မာစေ ။

ကယ်လီးဖိုးနီးယား တက္ကသိုလ်မှ
သုတေသနပညာရှင်များအဆိုးအရ
မနက်ခင်းအေးတဲ့ရေနဲ့ ရေချိုးခြင်းက
သုပ်ပိုးများကို ပိုမိုဖွံ့ဖြိုးစေတယ်လို့ဆိုတယ် ။

ကျန်းမာရေးအတွက် ဆေးတစ်ခွက် ……

ညနေပိုင်းရေချိုးလျင် သတိထားရန်
ညနေ ၅ နာရီမှ ၇ နာရီရေချိုး နေ့စဉ်
ဆီးမသွားရ ကျောက်ကပ် အလုပ်လုပ်နေချိန်
ဖြစ်သည်။ ကျောက်ကပ် မပျက်စီးအောင် ဂရုပြုရန်

မနက်ခင်းရေချိုးခြင်း၏ ကောင်းကျိုး ……

မနက်ခင်းရေချိုးခြင်းက ကိုယ်ခန္ဓာတွင်းမှ
အပူခိုးများထွက်ခြင်း

ရေနွေးနဲ့ချိုးရင် သွေးလည် ပတ်မှုကောင်းစေ
ကြွက်သားများကို တောင့်တင်းသန်မာစေ
ရေနွေးနဲ့ချိုးခြင်းက ကျန်းမာရေးများစွာ
အထောက်အကူပြု

အိပ်ရာနိုးတဲ့အခါ မနက်ခင်း ရေချိုးခြင်းက
ပေါ့ပါးလွတ်လပ်သွား စိတ်ဖိစီးမှုကိုသက်သာစေ
စိတ်ဖိစီးမှုဖြစ်နေရင် မနက်ခင်းရေချိုးခြင်းက
အထောက်အကူပြုတယ် ။

ညဖက်ရေချိုးခြင်း သတိထားရန် ………

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ
ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။
မိမိကိုယ် အပူချိန်က နေ့ခင်းဖက်မှာထက်
လျော့ကျနေသည်ကို သတိပြုပါ ။
နှစ်ခြိုက်စွာ အိပ်ချင်လို့ ရေချိုးတာဆိုလျှင်
မအိပ်ခင်းလေးမှာ အချိန်ခွာပြီး ရေချိုးပ ါ ။

ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပြီးစမှာ
ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက်
ချက်ခြင်း ရေမချိုးပါနဲ့ မိနစ် ၃၀ ခန့်စောင့်ပြီး
ကိုယ်အပူချိန် လျော့ကျသွားပြီး ချွေးပေါက်
ပြန်ကျဉ်းသွားချိန်မှ ရေချိုးပါ ။

ညဖက် အရမ်းနောက်ကျရင် ရေနွေးနဲ့ချိုးပါ
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို
လက်နဲ့ ထိတွေ့ ခံစားကြည့်ပါ ။

ပုံမှန်အားဖြင့် လူကိုယ်ခန္ဓာ အပူချိန်ထက်
၅ ဒီဂရီ ပို၍ လက်ခံနိုင်သည့် လူတစ်ယောက်ရဲ့
သာမန် အပူချိန်ကတော့ ၉၇ ဖာရင်ဟိုက်
ဖြစ်တဲ့အတွက် ကိုယ် လက်ခံနိုင်မယ့်
မပူလွန်း မအေးလွန်း အနေအထားကို
ရယူပါ ။

ရေချိုးခြင်းက စိတ်နဲ့ကိုယ်နဲ့ ပြန်လည်း
လန်းဆန်းအောင်လုပ်ခြင်း ဖြစ်တယ်။
ရေနွေးနွေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်မှာ ရှိတဲ့
အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး
စိတ်ဖိစီးမှုကို လျော့ချ သွေးပေါင်ကျ
တစ်နေ့တာကုန်သွားတဲ့ အားအင်တွေကို
ပြန်ဖြည့်ပေး တောင့်တင်းနေတဲ့ ကြွက်သားတွေ
ကို ရေချိုးခြင်းက ဖြေလျော့ပေးပါတယ်။

ရေနွေးနဲ့ ချိုးခြင်းက အရေပြားကို ချောမွတ်စေ
နုပျိုလန်းဆန်းခြင်းကို ခံစားရ -

ညဖက် ရေချိုးတာက ကောင်းသော
ကိုယ်သင်းနံ့ကိုပေး - နှစ်ခြိုက်စွာ အိပ်ပျော်စေ -
မျက်စိကြောင်းပြီး အိပ်မပျော်ခြင်း မဖြစ်တော့ပါ ။

တတ်နိုင်ရင် ရေနွေးနဲ့ချိုးပါ
အများစုက ရေအေးနဲ့ ချိုးကြတယ်။
ညနေပိုင်း အပူအခိုးထွက်နေတာတွေက
ကိုယ်တွင်းသို့ ပြန်ဝင်တတ်ပါတယ် ။

အားလုံးဂရုပြုနိုင်ကြပါစေ

12/02/2022

နှုတ်ခမ်းကွဲရင် ဘာတွေလုပ်မလဲ

(၁)ရေများများသောက်ပါ(နေ့စဉ် ရေခွက် ၈-၁၀ခွက်လောက်သောက်ပါ)။ရိုးရိုးရေပဲရွေးသောက်ပါ။
(၂)အများအားဖြင့် လိမ်းဆေးလိမ်းခိုင်းတယ်။ဆေးမလိမ်းခင် ပျက်ဆီးပြီး ကွဲနေတဲ့အရေပြားလွှာကို ခပ်ဖြညိးဖြည်းချင်း ခွါပြီးမှ ဆေးလိမ်းပါ။ သွေးထွက်အောင် မခွါပါနဲ့။
(၃) အစိုဓာတ်ထိန်းတဲ့လိမ်းဆေး vaseline or vitamin E or glycerin-based ointment ကိုအောက်ကခံပါ။ ဆေးတွေက ခြောက်သွေ့လွယ်လို့ ထပ်ကာထပ်ကာ လိမ်းပေးသင့်တယ်။
(၄)lip balm တွေလည်း သုံးလို့ရတယ်။ ဒီဆေးသုံးတဲ့အခါ သဘာဝပစ္စည်း beeswax, shea butter, coconut butter, almond oilပါတဲ့ဆေးတွေ ရွေးသုံးပါ။ လိုအပ်ရင် ထပ်လိမ်းပါ။
(၅) ပြီးမှအပေါ်က lip stick တထပ်ဆိုးသင့်တယ်။ သတိပြုရမှာက တချို့နှုတ်ခမ်းဆိုးဆေးတွေကလည်း နှုတ်ခမ်းကို ခြောက်သွေ့စေနိုင်တယ်။ နှုတ်ခမ်းဆိုးတဲ့အခါ အနံအရသာ ပါတာမျိုး ရှောင်ပါ။
(၆) သွားတိုကိဆေးသုံးတဲ့အခါ ဖလိုရိုက်ပါတာတွေ ရှောင်သင့်တယ်။သူက နှုတ်ခမ်းခြောက်တာကို ပိုဆိုးစေတယ်။
(၇) သောက်ဆေးတွေထဲက ဗီတာမင် အေ၊ဘီတူး၊စီ၊အီးပါတာတွေ ရွေးသောက်ပါ။ vitamin B2 5-30mg နေ့စဉ်သောက်ပါ။ ဘေးထွက်ဆိုးကျိုး ဆီးဝါတာ ရှိနိုင်တယ်။
(၈)နှုတ်ခမ်း ပိုးဝင်တာရှိရင် တက်ထွာ ဆိုက်ကလင်း လိမ်းဆေး တနေ့ သုံးကြိမ် လိမ်းပေးပါ။
(၉) ဝမ်းချုပ်လွယ်သူတွေ ဝမ်းမှန်ပါစေ၊ လိုအပ်ရင် ဝမ်းပျော့ဆေး milk of magnesia (သို့) bisacodyl မျိုးထည့်သောက်ပါ။

နှုတ်ခမ်းကွဲရင် ရှောင်စရာတွေလဲရှိနေပါဦးမယ်။
(၁)နှုတ်ခမ်းကိုက်တတ်တဲ့အကျင့်ရှိရင်ပြင်ပါ။နှုတ်ခမ်းကို လျှာနဲ့မသပ်နဲ့။ နှုတ်ခမ်းခြောက်မယ်။
(၂)အပူအစပ် အငန် လုံးဝရှောင်ပါ။ ပီကေမဝါးပါနဲ့။
(၃)နှုတ်ခမ်းဆိုးဆေးထဲမှာ propyl gallate ပါရင်မသုံးနဲ့။ ဓာတ်မတဲ့တာ အဓိကဖြစ်စေတဲ့ဓာတုဆေးတမျိုးဖြစ်တယ်။
(၄)သွားတိုက်ဆေးထဲမှာ အမြှုပ်ထစေတဲ့ sodium lauryl sulphateပါတာမျိုး မသုံးသင့်ဘူး၊ပြောင်းပါ။ အကောင်းဆုံးက fluoride free toothpaste ပဲသုံးပါ။
(၅)သွေးကျဆေး propranolol ရေရှည်သောက်ရင်လည်း နှုတ်ခမ်းကွဲတတ်သေးလို့ သတိပြုပါ။
(၆)ဖြစ်တာက တပတ်မက ကြာပြီးမသက်သာရင် ဆရာဝန်နဲ့ စနစ်တကျပြသင့်တယ်။ ရောဂါလား ပြဿနာလား ဆရာဝန်က ခွဲခြားပေးလိမ့်မယ်။ ရောဂါကြောင့်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက်ကုသင့်တယ်။

Photos from Sandi Beauty's post 29/11/2021

ကာကွယ်ဆေး အကြောင်းအရာများ✨

23/11/2021

အလတ် . . . .

မိသားစုတစ်ခုမှာ အလတ် ဆိုတဲ့လူတွေ နာမည်အတိုင်းပါပဲ မေတ္တာတွေ လစ်လပ်ခြင်းတွေ ခံခဲ့ကြတယ် ။ အကြီးအပေါ် အလိုက်သိရပြီး အငယ်အပေါ် အလိုလိုက်ရတဲ့ လူတွေလေ ။ အလတ် သာမန်သားသမီးတွေထက် ပိုပြီးလည်း သိတတ်ကြသလို ပိုပြီးလဲ နားလည်တတ်ကြတယ် ဒါပေမယ့် တခြားသူတွေလိုတော့ သဲသဲလှုပ် အချစ်မခံရဘူးပေါ့ ။

အကြီးကို သိတတ်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ အငယ်ကို အလိုလိုက်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ ကိုယ်ဆန္ဒတွေ ရှိလာတဲ့အခါတောင် နှစ်ဦးနှစ်ဖက်ကို မျှပြီးကြည့်ရတဲ့ လူမျိုးလေ ။ ဦးစားပေးခံ လူတန်းစားထဲမှာ မပါတတ်ဘူးပေါ့ ။ သည်းသည်းလှုပ် အချစ်ခံရတဲ့ ကံလဲ မပါဘူးလေ ။

လစ်လပ်နေတဲ့ နေရာတိုင်းကို လိုက်ပြီး ဖြည့်ပေးနေတတ်တဲ့ jokerတစ်ကောင်နဲဲ့ ဆင်တူတယ် အကြီးတစ်ယောက်ရဲ့အနောက်မှာ ပြီးတော့ အငယ်တစ်ယောက်ရဲ့အရှေ့မှာ ဘာပဲလိုလို အမြဲ သူ့ခေါင်းပေါ်မှာချည်းပဲလေ ။ သည်းခံခြင်းတွေ မြိုသိပ်ခြင်းတွေ ဖက်ပြီး မွေးလာတဲ့ကလေးလို့ လူတော်တော်များများက ထင်ကြလိမ့်မယ် တကယ်တော့ အဲ့ဒီ သည်းခံခြင်းတွေ မြိုသိပ်ခြင်းတွေက တဖြေးဖြေး ကျင့်သားရလာခဲ့ပြီး အကျင့်လိုဖြစ်သွားတတ်တာမျိုးပါ ။

မိသားစုတစ်ခုမှာ . . . .တစ်မိပေါက် တစ်ယောက်ထွန်းတာတော့ ဘယ်မိသားစုမှာမဆို ပါလာပြီးသားပါ များသောအားဖြင့် အလတ်တွေ များတယ် ။ ဆိုးတဲ့အခါ သူ့အပြင် နှစ်ယောက်မရှိသလို ကောင်းတဲ့အခါလဲ သူ့ကို မှီတာ မရှိဘူး ။ အလိုလိုက်ခံရတာ အချစ်ခံရတာတွေ သိပ်အများကြီး မရတဲ့ကလေးက ကို ကိုးတတ်လာတယ် ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာတယ် မကောင်းတဲ့အကျင့်အဖြစ်ကတော့ အရွဲ့တိုက်တတ်လာတယ် ။

အလတ် . . . မိသားစုတစ်ခုမှာ တစ်ယောက်တည်းဖျောက်ပြီး ကွက်ပြီး ဆိုးနေတာလဲ အလတ်တွေ အများဆုံးပဲ ။ မိသားစုတစ်ခုမှာ နောက်ဆုံးတစ်ယောက်တည်းကျန်ပြီး မိသားစုအပေါ် တာ၀န်ကျေတတ်တာလဲ အလတ်တွေ အများဆုံးပဲ ။ ဆိုးခြင်းကောင်းခြင်းတွေထက် အဓိက က ခံစားချက်ကို နားလည်ပေးဖို့ပဲ လိုအပ်ပါတယ် ။

အကြီးလောက်လဲ အချစ်မခံခဲ့ရသလို အငယ်လောက်လည်း အလိုလိုက်ခြင်း မခံခဲ့ရတဲ့ အလတ်ဆိုတဲ့ နေရာမှာ လွယ်လွယ်လေးရင့်ကျက်လာကြတဲ့ ကလေးတွေပဲ များပါတယ် လောကကြီးကို ကောင်းပြဖို့ ၀န်မလေးသလို အရွဲ့တိုက်ပစ်ဖို့လဲ ၀န်မလေးတတ်ကြဘူး ။ တစ်ဖက်မှာ အရာရာကို သည်းခံပြီး ကိုယ့် ဆန္ဒတွေကို မြိုသိပ်ပစ်ဖို့လဲ ၀န်မလေးတတ်ကြဘူး ။ ဆိုးခြင်း ကောင်းခြင်းတွေ နဲ့ ဒွန်တွဲနေသလို မိသားစုတစ်ခုရဲ့ ကွက်လပ်တွေတိုင်းမှာ အလတ်တွေ ဖြည့်တာပဲ များပါတယ် ။

04/11/2021

ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်း

၁။ တစ်နေကုန်အောင်းနေသော
အပူများ အောက်သို့လှည့်ပြီး
ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း
သွားကြိတ်ခြင်း၊ လျှာဝါးခြင်း
သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ ရင်ညွှန့်သို့တက်သောလေ
ဘဝင်သို့တက်သောလေ၊ နှလုံးသို့
တက်သော လေပူတို့ကို သက်သာစေသည်။

၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီး
အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်း
မှ သက်သာစေသည်။

၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း
မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး
ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာ
သွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်
ပြောင်ခြင်းမှ သက်သာစေသည်။

၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။

၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်း
ညိုခြင်းမှ သက်သာစေနိုင်သည်
ညအိပ်ရာဝင်ချိန်
ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။

ကြွက်တက် ရောဂါ၊ အဆစ်ရောင်
အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ
သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရောဂါ
မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်းအစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင်သက်သာသည်ဟုဆိုသည်။

ခြေဆေးလျှင်လုံချည်၊ ထဘီကို
ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။
ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင်စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။

နေ့စဉ် မှန်မှန်ပြုလုပ်မှသာ
အကျိုးရှိမည့်နည်းဖြစ်ပါသည်။

ပြန်လည်မျှဝေပါသည်

29/10/2021

အမျိုးသမီးတို့ကျန်းမာရေးအတွက်သိထားသင့်သောဆေးဝါးများ

1.Mefenamic acid(မီဖန်းနမစ် အက်စစ်ပါသောဆေးများ)
အမျိုးသမီးတွေ လစဉ်ရာသီလာလို့ ကိုက်ခဲခြင်းများအတွက် Dolfenal, Meftal-spasလိုမျိုး ဆေးတွေမှာ mefenamic acidပါပါတယ်။သူကအကိုင်အခဲပျောက်ဆေးအုပ်စုထဲကပဲမလို့ အစာစားပြီးမှသောက်ပါ။ကိုက်ခဲနေတုန်းအချိန်ပဲသောက်ပါ။တလလုံးဆွဲသောက်စရာမလိုပါဘူး။ရာသီလာစဉ် 3ရက်မှ7ရက်အတွင်းကာလမှာ ပဲကြီးလှော်လိုဝါးနေတာမဟုတ်တဲ့အတွက် ကျောက်ကပ်ထိခိုက်ခြင်းမ‌ဖြစ်စေပါဘူး။(ကျောက်ကပ်မကောင်းသူ၊အစာအိမ်ရောဂါရှိသူ၊ရောဂါအခံရှိသူများ ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်သင့်ပါတယ်။

2.Evening primrose oilပါသောဆေးများ
ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းမှာအကိုက်အခဲပျောက်ဆေး မသောက်ချင်သူများအတွက် ကြိုတင်ကာကွယ်လို့ရတဲ့နည်းလမ်းပါ။
EPOပါဝင်တဲ့ Eposoft,EVE500တို့ကတော့ ရာသီလာမှသောက်ရတာမဟုတ်ဘဲ အနည်းဆုံး2ပတ်လောက်ကြိုသောက်ပေးရမှာပါ။
ရာသီလာစဉ်နာကျင်ခြင်းကိုသက်သာစေတဲ့အပြင် အသားအရည်စိုပြည်စေပါတယ်။

3.Vitamin E
အမျိုးသမီးတွေ အသားအရည်စိုပြည်လှပစေဖို့အတွက် vitamin E က အရေးပါပါတယ်။Antioxidant(ဓာတ်တိုးဆန့်ကျင်ပစ္စည်း )ဖြစ်တာကြောင့် အရွယ်တင်နုပျိုစေပါတယ်။အသားအရည်မွဲခြောက်သူတွေ၊အသားပတ် အသားခြောက် တတ်သူတွေအတွက်သောက်သုံးသင့်တဲ့vitamin တမျိုးပါ။တနေ့တာအတွက်400IUသောက်ရင်လုံလောက်ပါပြီ။

4.Vitamin C
Vitamin C က ကော်လဂျင် ထုတ်လုပ်မှုကိုအားပေးတာကြောင့် အသားအရည်ကြည်လင်တင်းရင်းစေနိုင်ပါတယ်။နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ တင်းတိပ်၊အမဲစက်တွေကိုလဲသက်သာစေပါတယ်။ကိုယ်ခံအားကိုလဲမြှင့်တင်ပေးနိုင်ပါတယ်။တနေ့တာအတွက်100mgသောက်ရင်လုံလောက်ပါပြီ။ ပမာဏလွန်ကဲစွာသောက်လျှင် ဆီးကျောက်တည်ခြင်းအပါအဝင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးတွေကိုခံစားရနိုင်ပါတယ်။

5.Probiotics/ဒိန်ချဉ်
မိန်းမကိုယ်အကျိုးပြု ဘက်တီးရီးယားတွေ ကမောက်ကမဖြစ်တာမျိုး၊လျော့နည်းလာတဲ့အခါမျိုးမှာ မိန်းမကိုယ်areaမှာမှိုပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။မှိုပိုးဝင်ခြင်းကြောင့်ယားယံခြင်း၊အဖြူဆင်းများခြင်းတို့ဖြစ်နိုင်ပါတယ်။ဒီလိုအခါမှာ ကောင်းကျိုးပြု ဘက်တီးရီးယားတွေကိုပြန်လည်ဖြည့်တင်းဖို့အတွက်Bioflor, Nature's Bounty တို့လို probioticsတွေသောက်ပေးဖို့လိုပါတယ်။သဘာဝနည်းလမ်းအနေနဲ့ကတော့ဒိန်ချဉ်သောက်ပေးလို့ရပါတယ်။

6.Gynomix
သူကတော့ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် မိန်းမကိုယ်ယားယံခြင်းမှာအသုံးပြုပါတယ်။မိန်းမကိုယ်လမ်း‌ေကြာင်းထဲကိုထည့်ရတဲ့‌ေဆးမျိုးပါ။‌ရောဂါသက်သာတာနဲ့ရပ်ချင်သလိုရပ်လို့ရတဲ့ဆေးမဟုတ်တာကြောင့် သူ့ရက်ပြည့်အောင်အကုန်ထည့်ပေးရမှာပါ။
‌ပဋိဇီဝဆေး(Antibiotics)ပါဝင်တာကြောင့် ကိုယ့်သဘောနဲ့ကိုယ်လုံးဝမသုံးသင့်ပါဘူး။ဆေးယဉ်ပါးမှုဖြစ်နိုင်သလို ဆေးနဲ့မတည့်တာမျိုးလဲဖြစ်နိုင်ပါတယ်။

7.Betadine Vaginal Do**he
မှိုပိုး၊ဘက်တီးရီးယားတို့ကြောင့် မိန်းမကိုယ်ယားယံအဖြူဆင်းတဲ့အခါမှာ အသုံးပြုလို့ရပါတယ်။ povidone iodineပါဝင်လို့ ပိုးမွှားတွေကိုသေစေနိုင်ပြီး ပဋိဇီဝဆေးမပါဝင်တာကြောင့် ဆေးယဉ်ပါးခြင်းလည်းမဖြစ်စေပါဘူး။

8.Iron supplements
သွေးအားနည်းတတ်တဲ့သူတွေ၊ရာသီသွေးအဆင်းများတတ်သူ‌ေတွကတော့Ferrovit,Ferro-Denkတို့လိုသံဓာတ်အားဖြည့်ဆေးတွေကိုသောက်သုံးသင့်ပါတယ်။

9.Folic Acid
သွေးအားနည်းရောဂါရှိသူ၊ကိုယ်ဝန်ဆောင်တွေအတွက်ကတော့Folic acidကလည်းသောက်ပေးသင့်တဲ့ ဆေးတမျိုးဖြစ်ပါတယ်။

05/10/2021

ကျောက်ကပ် ဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ်လား?

မရှိရင်ရောဖြစ်လား?

ဘယ်လိုထင်ပါသလဲ?

🍃ကျောက်ကပ်အကြောင်းသိကောင်းစရာ🍃

🍃ဦးနှောက် အသည်းနှလုံးတို့ထက် ကျောက်ကပ်တွင်သွေးစီးဆင်းမူက ပိုမြင့်သည်။

🍃 ကျောက်ကပ်သည်သွေး၏ ၉၉ % ကို ပြန်လည်စုပ်ယူသန့်စင်သုံးစွဲပြီး ၁% ကိုသာ ကျင်ငယ်ရည်အဖြစ်
ပြန်လည် စွန့်ထုတ်သည်။

🍃 ကျောက်ကပ်တွင်ဖြစ်ပေါ်သော ကျောက် ( Stone )သည် ထုံးဓာတ်များသော ရေ ဆား ,
တို့ကြောင့်ဖြစ်ပြီး ကယ်လ်ဆီယမ်နဲ့ ပေါင်းစပ်မူကြောင့် ဆီးလမ်းကြောင်း ပိတ်စေသည်။

🍃ကာဗွန်ဟိုက်ဒရိတ်ဓာတ်နင့် သကြားဓာတ်များသောအစားအစာများကလည်း ကျောက်ကပ်ကျောက်တုံးကို
ဖြစ်ပေါ်စေသည်။

🍃 သကြားဓာတ်သည် အင်ဆူလင် ထုတ်လုပ်ရန် ဂလင်းရည်တစ်မျိုးထုတ်ပေးသည်။
ယင်းက ကယ်လ်စီယမ်ဓာတ် ပိုမိုဖြစ်ထွန်းစေပြီး ကျောက်ကပ်ကျောက်တည်စေသည်။

🍃 နွားနိုနင့် antacid အစာအိမ်အချဉ်ပေါက်
ပျောက်ဆေးများအား အလွန်အကျွံသောက်သုံးခြင်းကလည်း ကျောက်ကပ်ကျောက်တည်စေသည်။

🍃 ကျောက်ကပ်တစ်ခုသည် ၄ လက်မခွဲသာရှိသည်။

🍃 ကျောက်ကပ်တစ်ခုစီ၏ အလေးချိန်မှာ ၄ မှ ၆အောင်စ ဝန်းကျင်တွင်ရှိသည်။

🍃တစ်နေ့တွင်ဆီးသွားနူန်း၁၅၀၀မီလီမီတာ/၁လီတာဝန်းကျင်ရှိပါကကျောက်ကပ်ပုံမှန် လည်ပတ်နေပြီး ယင်းထက် နည်းပါကကျောက်ကပ်ကို အထူးဂရုစိုက်ရန် လိုအပ်သည်။

🍃 ကျောက်ကပ်မှကျောက်များကြေရန် အကောင်းဆုံး သဘာဝကုနည်းမှာ ရေ မမေ့မလျော့သောက်ခြင်းနှင့် ဖရဲသီး ပုံမှန်စားပေးခြင်းဖြစ်သည်။

🍃ကျောက်ကပ်မကောင်းလျင်...

👉ရှောင်ရန်

🍃အကိုက်အခဲပျောက်ဆေး. - ကျောက်ကပ်ထဲမှာရှိတဲ့သွေးကြောတွေကိုကျုံဝင်စေ ပြီးကျောက်ကပ်ကို
ပျက်စီးစေ။

🍃ဆီးရွှင်ဆေး- ကျောက်ကပ်ကို ပင်ပန်းအားစိုက်ပြီအလုပ်လုပ်ခိုင်း ရေဓာတ်ဆုံးရူံး ကျောက်ကပ်ပျက်စီးစေ။

🍃 ကိုလက်ထရောကျဆေးအချို့နင့်ရိုးတွင်းချဉ်ဆီကင်ဆာပျောက်ဆေးများရဲ့ဘေးထွက်ဆိုးကျိုးများက ကျောက်ကပ်ကို မကျန်းမာစေပါ။

🍃ပန်စလင်တို့လိုမိမိနဲ့ဓာတ်မတည့်တဲ့ ထိုးဆေးမျိုးကိုမှားယွင်းစွာ သုံးစွဲမိတဲ့အခါကျောက်ကပ်ကို ဆိုးဆိုးဝါးဝါးပျက်စီးစေပါတယ်။

🍃 ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ကမောက်
ကမဖြစ်စေပါတယ်။ ဆီးချိုနှင့်သွေးတိုးရောဂါရှိသူများ ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ကျန်းမာရေးကို ပိုဆိုးဝါးလာစေနိုင်ပါတယ်။

🍃 ရောဂါရှာဖွေရေး ကိရိယာများဖြစ်ကြတဲ့ C T scans နှင့် ဓာတ်မှန်ရိုက်ခြင်းဖြင့်၄င်းတို့မှထွက်လာသော ရောင်ခြည်များက ကျောက်ကပ်အလုပ်လုပ်ခြင်းကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

🍃 ဗီတာမင် ဒီ ဆိုတာကလည်း steroidဟော်မုန်းအမျိုးအစားတစ်ခုဖြစ်၍ ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကောင်းကျိး ဖြစ်စေပါတယ်။
လိုအပ်တဲ့ ဗီတာမင် ဒီကိုနံနက်စောစောနေနုအေးမှ နေပူစာလုံခြင်းဖြင့် ရရှိနိုင်ပါတယ်။

🍃 ရေသောက်နည်းခြင်း - အပူကြီး ဖျားနာ ပျို့အန်ဝမ်းသွား ချွေးထွက်လွန် စသည်တို့ကြောင့်ရေဓာတ်ခမ်းခြောက်၍ ကျောက်ကပ်အလုပ်လုပ်မူ အာနည်းသွားစေပါတယ်။

🍃 ဆီးအိမ်ကျွံခြင်း သားအိမ်လျောခြင်း ဆီးကျိတ်ကင်ဆာ သားအိမ်တွင်းအဖုအကျိတ် စသည်ဝေဒနာများကလည်း ကျောက်ကပ်နင့်ဆီးလမ်းကြောင်းကို
အဟန့်အတားဖြစ်ကာ ကျောက်ကပ်ပျက်ဆီးသွာနိုင်ပါတယ်။

🍃ဆီးသွားချင်စိတ်ကိုလစ်လျူမရူသင့်ပါဘူး အကယ်၍ဆီးကိုအောင့်ထားမိတဲ့အခါဆီးအိမ်ထဲမှဆီးဟောင်းတွေကို ဆီးပြွန်မှတဆင့် ကျောက်ကပ်ထံသို့ ပြောင်းပြန်ပြန်လည်စီးဆင်းလာပါတယ်။

🍃ထိုဆီးဟောင်းတွေကို ကျောက်ကပ်က ထပ်မံ၍ဇီဝဖြစ်စဉ်အဖြစ် အစာချက်လုပ်တဲ့အခါကျောက်ကပ်ညစ်ညမ်းသွားပါတယ်။ ( ဒါတင်မကသေးပါဘူး ဆီးအိမ်ထဲမှဆီးများဖောင်းတင်းနေချိန် မတော်တဆထိခိုက်မူကြုံပါက ဆီးအိမ်ကွဲစေနိုင်ပါတယ်)

🍃ဆီးလမ်ကြောင်းပိုးဝင်ပါက အချိန်မဆိုင်းဘဲ ဆေးဝါးကုသမူခံယူသင့်ပါတယ်
သို့မဟုတ်ပါက ကျောက်ကပ်ကို ဘေးဖြစ်စေပါတယ်။

🍃 ပြည့်စုံလုံလောက်တဲ့အနားယူမူရှိပါစေ တစ်နေ့လျှင် ၄နာစီခွဲသာအိပ်စက်တဲ့လူကရက်သတ္တတစ်ပတ်မျှအကြာမှာ သိသိသာသာစိတ်ဖိစီးမူများလာပြီး အိပ်ချိန်ကစဉ့်ကလျားဖြစ်မူဟာ ကျောက်ကပ်ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။

🍃 ညနေ ၃နာရီမှ ၅နာရီအတွင်း ဆီးအိမ်မှခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်များကိုစွန့်ပစ်ချိန်ဖြစ်သောကြောင့် အနည်းဆုံး တစ်လီတာမှစပြီး ရေများများသောက်ရန်လိုအပ်ပါတယ်။

🍃ညနေ ၅ နာရီမှ ၇ နာရီက ကျောက်ကပ်အလုပ် လုပ်ချိန်ဖြစ်တာကြောင့် ၄င်းအချိန်မှာရေချိုးနေစဉ် ဆီးသွားခြင်းရှောင်ပါ။ (သို့မဟုတ်ပါက ) ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။

🍃 ဗီတာမင်စီ ဆေးပြားတွေကို လိုအပ်တဲ့ ပမာဏထက် ပို၍စားသုံးမိတဲ့အခါမှာကျောက်ကပ်မှာ ကျောက်တည်စေပါတယ်။ အကိုက်အခဲပျောက်ဆေးများကိုလည်းလွန်ကဲစွာ စားမိပါကကျောက်ကပ်ပျက်ဆီးစေနိုင်ပါတယ်။

🍃 ရေကိုလုံလောက်စွာသောက်ပေးပါ ရေဓာတ်ခမ်းခြောက်တဲ့ ခန္ဓာကိုယ်က ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၂၀ % ရှိပြီး ရေဓာတ်လုံလောက်နေလျှင် ထိုရောဂါမှ
၆၀ % ကာကွယ်ပေးနိုင်ပါတယ်။

🍃ရေဆာတိုင်းသောက်ပေးပါ တစ်နေ့ကို သောက်ရေ ၁၀ ဖန်ခွက်ထက်မနည်းသောက်ပါ။

🍃သို့သော် ခြွင်းချက်အနေနင့် ...ကျောက်ကပ်အားနည်းသူ . ကျောက်ကပ်ပြဿနာရှိသူ ဆီးချိုပျောက်ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ကျောက်ကပ်မကောင်းသူများက ရေကို ချင့်ချိန်ပြီး သောက်သင့်ပါတယ်။ သို့မဟုတ်ပါက ကျောက်ကပ်မှာ ဝန်ထုပ်ဝန်ပိုး
ဖြစ်စေပါတယ်။

🍃 သွေးတိုးခြင်းက ကျောက်ကပ်ထဲက ပရိုတင်းဓာတ်လျော့နည်းစေပြီး ကျောက်ကပ်ကို ဖိစီးမူဖြစ်စေပါတယ် - ဒါကြာင့် သွေးတိုးရောဂါမဖြစ်အောင် ကိုယ်အ
လေးချိန်ထိန်းခြင်း ကိုယ်လက်လူပ်ရှားလေ့ကျင့်ခဏ်းလုပ်ခြင်း အငံလျော့စားခြင်းတို့ဖြင့်
ကျောက်ကပ်ကို ကာကွယ်ပေးသင့်ပါတယ်။

🍃‌ကျောက်ကပ်ကိုကောင်းကျိုးပြုသောအစားအစာများ

👉 ကြက်ဥဘဲဥ အကာအဖြူရောင် ထဲမှာပါတဲ့အမိုင်နိုအက်စစ်တွေကကျောက်ကပ်ကို
ကျန်းမာစေပါတယ်။

👉ဂေါ်ဖီထုပ်ထဲမှာပိုတက်စီယမ်ပါဝင်မူအလွန်နည်းပါးတဲ့အပြင်၄င်းထဲရှိသဘာဝ
ဗီတာမင်နှင့်အမျှင်ဓာတ်တို့က ကျောက်ကပ်အတွက် အားဆေးဖြစ်ပါတယ်။

👉 မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့ခြင်းကလည်း သွေးတိုးရောဂါကိုဖြစ်စေပြီး ကျောက်ကပ်ကို
သွယ်ဝိုက်သောနည်းနှင့်ဘေးဖြစ်စေပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝတဲ့
အစားအစာများဖြစ်ကြတဲ့ အစေ့အဆံများ ကိုက်လန် ဂေါ်ဖီထုတ် ( ဘရိုကိုလီ ) တို့လို
ဟင်းရွက်စိမ်းများကို စားပေးပါ။

🍃ဆီးချိုသွေးတိုးအဝလွန်ရောဂါကာကွယ်နည်း

●●●ကျောက်ကပ်ကျောက်တည်ခြင်း

🍃ကျောက်ကပ်အတွက်👉ဆောင်ရန် 👉ရှောင်ရန်

👉●ရှောင်ရန်

ကွမ်းယာ . အရိုးပါဝါးစားရသောငါးကလေးများ . ပုဇွန်ကျော့ . မိူ . မျှစ် . ဝမ်းတွင်းသား
ကလီစာများ .နီသောအသားများ ( အမဲသား , ဆိတ်သား )

👉●လျော့စားရန်

ချဉ်ပေါင် . ဇီးသီး . ဟင်းနုနွယ်ရွက် . စတော်ဘယ်ရီသီး . . ခရမ်းချဉ်သီး . ပဲပင်ပေါက်

👉●လျော့သောက်ရန်

လက်ဖက်ရည် . ကော်ဖီ . နွားနို့ . အရက် . ဘီယာ. . ချောကလက်

👉●ဆောင်ရန်

လိမ္မော်သီး . ကျွဲကောသီး . ဖရဲသီး . . အုန်းရေ . ရေများများသောက်ရန်

👉ရေသည်ဆေးဖြစ်သည်။ရေများများသောက်ခြင်းဖြင့် အတုံးအခဲအဖြစ် မဖွဲ့စည်းနိုင်မှီ အမူန့်ဘဝမှာပင် ဆီးများများဖြင့် ဆေးချလိုက်သကဲ့သို့ ဖြစ်စေသည်။

👉တစ်နေ့ကို ရေသန့်ဘူး ၂ဘူးခန့်သောက်ပေးရန် - ရာသီဥတုပူ၍ ချွေးထွက်များလျှင်
ရေသန့်ဘူး ၃ဘူးစာသောက်ပေးရန် သို့မဟုတ် ဆီးအရောင်ကြည်၍ အရောင်မရှိသည်
အထိသောက်ပေးရန်။

👉အစိမ်းရောင် ငရုပ်ချိုပွထဲမှာ ပိုတက်စီယမ်ဓာတ် ပါဝင်မူနည်းပါးတဲ့အပြင် ၄င်းထဲက
သဘာဝဗီတာမင်နဲ့ သတ္ထုဓာတ်တို့က ကျောက်ကပ်ကို သန့်စင်ပေးနိုင်တယ်။

( ဖျော်ရည်သောက်ခြင်းမျိုး ဖျော်ရည်ကိုရေအစားသောက်ခြင်းမျိုးမပြုရန်)

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Other Health & Wellness Websites in Yangon (show all)
MAXX Fitness MAXX Fitness
Waizayantar 5th Street
Yangon

BE YOUR MAXIMUM

Saconest Bird's Nest Saconest Bird's Nest
No. 14, Kyaung Gyi Street, Kyimyindaing Township
Yangon

FOOD FOR SUPPLEMENT OF Swallow's Nest Juice SACONEST WITH SUGAR WITH ANNUAL CONTENTS 15% , NATURAL S

Clenzd Myanmar Clenzd Myanmar
Yangon

Clenzd is powerful and yet safe sterilizing liquid (HOCl) made by HOCLER machines. It is slightly acidic (ph 5 to 6.5) and produces little to no odors at all. It has been tested...

Shwe&La Online Shop.2 Shwe&La Online Shop.2
Pyay Road, , Mingalardom
Yangon, 11021

``ရွှေနဲ့လ"လျှပ်စစ်နှင့်အိမ်သုံးကုန်ပစ္စည်း လက်လီ/လက်ကားအရောင်းဆိုင် page. 1,2,3 ရှိတယ်နော်ချစ်တို့🥰

GoldenGout Colostrum - ဂေါက်ကုသမှု GoldenGout Colostrum - ဂေါက်ကုသမှု
Yagon
Yangon, 11051

စံအရည်အသွေး- Follow: လူ 4,93,722 ယောက် 🍀 အထူးသီးသန့် - လုံခြုံ - ထိရောက်မှု

MINN Specialist Clinic & Pharmacy MINN Specialist Clinic & Pharmacy
MINN Specialist Clinic & Pharmacy
Yangon

“မင်း” အထူးကုဆေးခန်း၊ရောဂါရှာဖွေရေးနှင့်ဆေးဆိုင် Licensed & Trusted Medical Centre Phone - 09880083384, 09777638453, 09795204911

Hin Myat Hin Myat
Yangon

Nutri-Meal Myanmar Nutri-Meal Myanmar
No/497 , Shwe Phi Khaing Nyar Street, 41 Ward , North Dagon
Yangon

Healthy Food - Healthy Life - ☎️Hotline-095122122

Thin Myat Thu Zar Thin Myat Thu Zar
Yangon

အိမ်ရှင်မဖြစ်ပေမဲ့ငွေရှာတော်ရမယ် 💪💪ကလေးတို့မေမေ💪💪

Natural Bird's Nest Natural Bird's Nest
Mingala Taung Nyunt Township, Mya Yar Kone Street, Shwe Mya Yar Housing(1), No. B/201
Yangon

💚Welcome to Natural Bird's Nest Shop.

Instinct Myanmar Instinct Myanmar
459, New University Avenue, Bahan
Yangon, 11201

Business account. If you're looking for niche supplements, you've come to the right place.