Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ, Hospital, No. (935), Maung Makan Kanthar Road, South Dagon, Yangon.

25/03/2024

Did You Know ?

လူတိုင်း လူတိုင်းမှာ မတူညီတဲ့ ဖြတ်သန်းရပုံအခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတာမျိုးတွေ ရှိတတ်ပါတယ် ။

ဒီလို စိတ်ဖိစီးမှုတွေ ခံစားရချိန်မှာ သက်တောင့်သက်သာဖြစ်စေဖို့ အသက်ကို ပြင်းပြင်းရှူခြင်းက သွေးလည်ပတ်မှုကို တိုးတက်စေတယ်၊ စိုးရိမ်ပူပန်မှုတွေကို လျော့နည်းစေတယ်၊ သွေးဖိအားကို လျော့နည်းစေနိုင်ပါတယ်ဆိုတဲ့ အကြောင်းလေးကို ကိုယ်တိုင်အနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေမှာပဲဖြစ်ဖြစ် ဒီအခိုက်အတန့်လေးတွေ ကြုံတွေ့နေရရင် အထက်ဖော်ပြပါနည်းလမ်းလေးအတိုင်း လုပ်ဆောင်ကြည့်ဖို့ ပြန်လည်မျှဝေ ပေးလိုက်ကြစို့နော် 🌷🤍

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

23/03/2024

🙏🏻တပေါင်းလပြည့်နေ့🙏🏻

၂၀၂၄ ခုနှစ်၊ မတ်လ၊ ၂၄ရက်နေ့ တပေါင်းလပြည့်နေ့တွင် သဲပုံစေတီလေးနဲ့အတူ စိတ်၏ချမ်းသာချင်း၊ကိုယ်၏ကျန်းမာချင်း နှင့် ပြည့်စုံပါစေကြောင်း Grand Yangon Hospital မိသားစုမှဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ။😊🙏🏻

18/03/2024

🤰🏼 မိခင်လောင်းလေးတို့အတွက် AN Care Package အစီအစဉ် 🤰🏼

ကိုယ်ဝန်ဆောင် မိခင်လောင်းလေးတို့အနေနဲ့ ကိုယ်ဝန်စရှိပြီလို့ သိသိချင်း မိမိရဲ့ သန္ဓေသားလေး ကျန်းမာကြံ့ခိုင် ပြည့်စုံဖို့၊ ကိုယ်ဝန်ဆောင်ချိန်အတွင်း လိုအပ်သော ကျန်းမာရေးစစ်ဆေးမှု၊ သွေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ❝ ဂရန်းရန်ကုန် ဆေးရုံ ❞ တွင် 𝗔𝗡 𝗖𝗮𝗿𝗲 𝗣𝗮𝗰𝗸𝗮𝗴𝗲 (ကိုယ်ဝန်ဆောင် သွေးစစ်ဆေးခြင်း) ဝန်ဆောင်မှုများဖြစ်သည့် ~~~

🌡️ History and Examination (ကျန်းမာရေးရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း)
🌡️ CP (Auto) (သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှားများ စစ်ဆေးခြင်း)
🌡️ ABO/Rh (သွေးအုပ်စုများစစ်ဆေးခြင်း)
🌡️ HBsAg (အသည်းရောင် အသားဝါ ဘီပိုးစစ်ဆေးခြင်း)
🌡️ HCV Ab (အသည်းရောင် အသားဝါ စီပိုးစစ်ဆေးခြင်း)
🌡️ HIV (ခုံခံအားကျဆင်းမှု ကူးစက်ရောဂါ ရှာဖွေစစ်ဆေးခြင်း
🌡️ Syphilis (ကာလသားရောဂါပိုး စစ်ဆေးခြင်း)
🌡️ RBS (သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း)
🌡️ Urine RE (ဆီးစစ်ဆေးခြင်း)
🌡️ USG (Abd & Pelvic) (တီဗွီဓာတ်မှန်ဖြင့် ဝမ်းဗိုက်စစ်ဆေးခြင်း)

အစရှိတဲ့ ဝန်ဆောင်မှုများကို (၂၄ )နာရီ အသင့်ရှိနေပြီး နောက်ဆုံးပေါ် ခေတ်မီ စက်ပစ္စည်းများနှင့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းတို့ဖြင့် စိတ်ချယုံကြည်စွာ အချိန်နှင့်တပြေးညီ ကုသစစ်ဆေးမှုများ ပေးလျက်ရှိပါတယ်။

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

Photos from Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ's post 16/03/2024

✅ အထူးသက်သာသော ဆေးကုသစရိတ်
အကောင်းဆုံးဝန်ဆောင်မှု
✅ စိတ်ချယုံကြည်ရတဲ့ ဆေးကုသခြင်းဝန်ဆောင်မှုများဖြင့် တောင်ဒဂုံမြို့နယ်မှာ " Grand Yangon Hospital " ရှိနေပါပြီ …

🩺 အိမ်တိုင်ရာရောက် ကုသခြင်းဝန်ဆောင်မှု
🩺 ဆေးစစ်/ သွေးစစ်ခြင်း ဝန်ဆောင်မှု
🩺 Echocardiogram ရိုက်ကူးခြင်း ဝန်ဆောင်မှု
🩺 Ultrasound ရိုက်ကူးခြင်း ဝန်ဆောင်မှု
🩺 ဓာတ်မှန်ရိုက်ကူးခြင်း ဝန်ဆောင်မှု
🩺 ဆေးကုသခြင်းနှင့် Medical Checkup များပြုလုပ်ခြင်း
🩺 ကလေးမီးဖွားခြင်း ဝန်ဆောင်မှုများအတွက်

" Grand Yangon Hospital " တွင် သက်ဆိုင်ရာ ရောဂါများအလိုက် အထူးကုသမားတော်ကြီးများ၊ Physicians များမှ (၂၄) နာရီမပြတ် ဆေးကုသခြင်း ဝန်ဆောင်မှုများ ပေးလျှက်ရှိနေပါပြီနော် 📣

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

Grand Yangon Hospital
🏥 အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-940 402 211/ 09-940 402 244

09/03/2024

သင့်ရဲ့ သိုင်းရွိုက်ဂလင်း ပုံမှန်ဖြစ်ရဲ့လား ❓

သိုင်းရွိုက်မူမမှန် (Thyroid Disease) ရောဂါဆိုတာ လူကြီးလူငယ်၊ ကျားမ မရွေးဖြစ်ပွါးတတ်တဲ့ ရောဂါဖြစ်ပြီး အဖြစ်လည်းများကြပါတယ်။ သိုင်းရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် တော်တော်များများကို သက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဂလင်း (Thyroid Gland) ပုံမှန်မဖြစ်နေဘူးဆိုပါက အောက်ဖော်ပြပါ လက္ခဏာတွေကို ပြလေ့ရှိပါတယ် …

🔺မောပန်းလွယ်ခြင်း၊ ရင်တုန်ခြင်း
🔺ဆံပင်ကျွတ်ခြင်း၊ လက်သည်းများပျက်စီးခြင်း
🔺ခန္ဓာကိုယ်ဝလာခြင်း၊ ပိန်လာခြင်း
🔺စိတ်အပြောင်းအလဲမြန်ခြင်း
🔺အိပ်မပျော်ခြင်း၊ အမြဲအိပ်ငိုက်နေသလို ခံစားရခြင်း
🔺သာမာန်ထက် အပူ၊အအေးကို ပိုမိုခံစားမိခြင်း
🔺ဝမ်းမမှန်ခြင်း
🔺လစဉ်ဓမ္မတာ မူမမှန်ခြင်း
စတဲ့ လက္ခဏာတွေကို ကြုံတွေ့ရတတ်ပါတယ်။

သိုင်းရွိုက်မူမမှန်တဲ့ ပုံစံခံစားနေရပြီဆိုရင် လူနာအများစုမှာ လည်ပင်းမှာ အကျိတ်လေးတွေပေါ်လာတတ်ပေမယ့် တချို့မှာတော့ ပုံမှန်အတိုင်းလေးပဲ ရှိနေတတ်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာများ ခံစားနေရပြီဆိုရင်တော့ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ (Endocrinologist) နှင့်တိုင်ပင်ပြီး ဟော်မုန်းစစ်ဆေးခြင်းများ၊ ဆေးကုသခြင်းများ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သိုင်းရွိုက်စစ်ဆေးခြင်းများ ပြုလုပ်လိုပါက "Grand Yangon Hospital " တွင် အောက်ပါဝန်ဆောင်မှုများဖြစ်တဲ့ …

📌Free T3 (Thyroid Function Test စစ်ဆေးခြင်း)
📌 Free T4 (Thyroid Function Test စစ်ဆေးခြင်း)
📌 TSH (Thyroid Function Test စစ်ဆေးခြင်း)
📌 TPD Antibody (Thyroid Antibodies စစ်ဆေးခြင်း)
📌 Thyroglobulin Antibody (Thyroid Function Test စစ်ဆေးခြင်း)
📌 TSH Receptor Antibody (Thyroid Function Test စစ်ဆေးခြင်း)
စတဲ့ ဝန်ဆောင်မှုများကို ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် ..

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

08/03/2024

👨‍⚕️🩺 Healthcare Service အကောင်းဆုံးရယူနိုင်ဖို့ Grand Yangon ကို သတိရလိုက်ပါ 🩺👩‍⚕️

မိဘပြည်သူများ၏ ကျန်းမာရေးကိစ္စများအတွက် (၂၄) နာရီမပြတ် အကောင်းဆုံးဝန်ဆောင်မှု၊ အသက်သာဆုံး စျေးနှုန်းများနှင့် ကုသမှုတွေပေးနေတဲ့ 𝐆𝐫𝐚𝐧𝐝 𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ကြီးတွင် …

♻️ သားဖွား၊မီးယပ် အထူးကုဆရာဝန်ကြီးများ
♻️ ကလေးအထူးကု ဆရာဝန်ကြီးများ
♻️ နှလုံးနှင့် အထွေထွေရောဂါ အထူးကုသမားတော်ကြီးများ
♻️ ကင်ဆာအထူးကု ဆရာဝန်ကြီးများ
♻️ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြော အဆစ်အထူးကုဆရာဝန်ကြီးများ
♻️ အဆစ်၊အမြစ်ရောင်ရမ်းခြင်းနှင့် လေးဖက်နာ ဆိုင်ရာရောဂါ အထူးကုသမားတော်ကြီးများ
♻️ အရက်၊မူးယစ်ဆေးစွဲနှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ
♻️ ဆီးနှင့် ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
♻️ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ
♻️ အထွေထွေရောဂါကု သမားတော်ကြီးများ

ဖြင့် တိုင်ပင်ဆွေးနွေး ကုသခြင်းများ ခံယူနိုင်မှာ ဖြစ်သည့်အပြင် အောက်ပါဆေးစစ်ခြင်း ဝန်ဆောင်မှုများဖြစ်သည့် …

🩺 အိမ်တိုင်ရာရောက် ကုသခြင်းဝန်ဆောင်မှု
🩺 ဆေးစစ်/ သွေးစစ်ခြင်း ဝန်ဆောင်မှု
🩺 Echocardiogram ရိုက်ကူးခြင်း ဝန်ဆောင်မှု
🩺 Ultrasound ရိုက်ကူးခြင်း ဝန်ဆောင်မှု
🩺 ဓာတ်မှန်ရိုက်ကူးခြင်း ဝန်ဆောင်မှု

စသဖြင့် ဆေးကုသခြင်းနှင့် Medical Checkup များပြုလုပ်ခြင်း၊ ကလေးမီးဖွားခြင်း ၊နောက်ဆုံးပေါ် ခေတ်မီ စက်ပစ္စည်းများနှင့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းတို့ဖြင့် စိတ်ချယုံကြည်စွာ ရောဂါရှာဖွေနိုင်ခြင်း ဝန်ဆောင်မှုများစွာ ရရှိနိုင်ပါပြီ။

ဆေးရုံပြရန်အတွက် ကြိုတင် Appointment Booking များ ပြုလုပ်နိုင်ရန် ၊ ဆေးရုံရက်ချိန်းများ ရယူနိုင်ရန်နှင့် သိလိုသည်များကို မေးမြန်းနိုင်ရန် အတွက် 𝐆𝐫𝐚𝐧𝐝 𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ၏ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 🙏🏻

▶️ Hotline No :
☎️ 09-940 402 211
☎️ 09-940 402 244

🏥 Address
အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
(၁၈ ကွေ့မှတ်တိုင်၊Capital Hypermarket အနီး)

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

08/03/2024

💐International Women's Day 💐

ယနေ့ မတ်လ(၈)ရက် ၂၀၂၄ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့မှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးများရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အောင်မြင်မှုများနဲ့အတူ အမျိုးသမီးများအားလုံး တန်းတူညီမျှအခွင့်အရေးရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

05/03/2024

🫀မွေးရာပါ နှလုံးရောဂါ ရှိ/မရှိ သိလိုပါသလား
🫀 နှလုံးအဆို့ရှင် မှန်ကန်စွာ အလုပ်လုပ်နေလား? နှလုံးအဆို့ရှင် ကျဉ်းနေလား? ဆိုတာ သိလိုပါသလား
🫀 နှလုံးခုန် စည်းချက် မှန်/မမှန် စစ်ဆေးလိုပါသလား

သင့်နှလုံးကျန်းမာရေးအတွက် နှလုံးတစ်ခုလုံးအား အသေးစိတ်ကြည့်ရှု မြင်တွေ့နိုင်တဲ့ 𝐄𝐜𝐡𝐨𝐜𝐚𝐫𝐝𝐢𝐨𝐠𝐫𝐚𝐦 ရိုက်ကူးခြင်းဖြင့် နှလုံးရောဂါ နှင့် ပတ်သတ်တဲ့ ရောဂါလက္ခဏာများကို တိကျစွာ စစ်ဆေးသိမြင်နိုင်ပြီး လူနာအား ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဘေးထွက်ဆိုးကျိုး အန္တရာယ်ဖြစ်စေခြင်းတို့ မရှိစေဘဲ ❝ ဂရန်းဒ်ရန်ကုန် ဆေးရုံကြီး ❞ တွင် 𝐄𝐜𝐡𝐨𝐜𝐚𝐫𝐝𝐢𝐨𝐠𝐫𝐚𝐦 (နှလုံးတယ်လီဗေးရှင်းဓာတ်မှန်) ရိုက်ကူးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါတယ်ရှင့် 📣📣

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

Grand Yangon Hospital
🏥 အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-940 402 211/ 09-940 402 244

#နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ကူးခြင်း #နှလုံးရောဂါဝေဒနာများ

04/03/2024

📣❗️𝐖𝐄’𝐑𝐄 𝐇𝐈𝐑𝐈𝐍𝐆 ❗️📣

တောင်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Grand Yangon Hospital တွင် တာ၀န်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းများအမြန်အလိုရှိနေပါသဖြင့် အောက်ပါ Job Position များအား အလုပ်ခေါ်ယူလျှက်ရှိနေပြီတာကြောင့် စိတ်ပါဝင်စားသူများအားလုံးလာရောက်လျှောက်ထားနိုင်ပါရန် နွေးထွေးစွာဖိတ်ခေါ်လိုက်ပါရစေ …

*Job Title*
=========
Nurse Aid - (၅) ဦး

> အသက် (၁၈ ) မှ (၂၈ ) ထိ
> အ​​ခြေခံပညာ အထက်တန်း​အဆင့် ဖြစ်ရမည်။
> လုပ်သက် အ​တွေ့အကြုံ အနည်းဆုံး ​​တစ်နှစ်ရှိရမည်။
> ဆရာဝန် ၊ လူနာ များနှင့် ​ညှိနှိုင်း​ဆောင်ရွက်တတ်သူဖြစ်ရမည်။
> ပေါင်းသင်းဆက်ဆံ​ရေး ​ကောင်းမွန်သူ၊ ယဥ်​ကျေးပျူ ဌာစွာ ဆက်ဆံတတ်သူ​ဖြစ်ရမည်။
> အများ နှင့် ပူး​ပေါင်း ​ဆောင်ရွက်နိုင်ပြီး အမှန်တကယ် အလုပ်ကျွမ်းကျင်ရမည်။
> ကြိုးစားမူ ၊ ဇွဲ ၊ လုံ့လဝီရိယ ရှိရပါမည်။
> လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုဆင်းနိုင်ရမည်။
=================================
Pharmacist Aid - (၃) ဦး

> ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းလက်မှတ်လက်၀ယ်ရှိသူဖြစ်၍ လုပ်ငန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
> အသက် (၂၁ ) နှစ်နှင့်အထက်ရှိရမည်။
> ဆေးဝါးများအား နားလည်သိရှိ၍ ဆေးအ၀င်အထွက် စာရင်းများအား computer ဖြင့်ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ရမည်။
> စာရင်းဇယား ပိုင်နိုင်ကျွမ်းကျင်ပြီး ငွေကြေးကိုင်တွယ်မှုအပိုင်းကို တာ၀န်ယူဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
> English 4 skills အသင့်အတင့်ရှိရမည်။
> Computer Basic ကျွမ်းကျင်သူ၊ English font နှင့် Myanmar font များကို ကျွမ်းကျင်စွာစာစီစာရိုက်ပြုလုပ်နိုင်ရမည်။
> လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် အလုပ်လုပ်လိုစိတ်ရှိသူဖြစ်ရပါမည်။
=================================
လုံခြုံရေး - (၁) ဦး

> အသက် (၄၅) နှစ်အောက် ရှိသူဖြစ်ရမည်။
> အနည်းဆုံး အလယ်တန်း ပညာအရည်အချင်းရှိသူဖြစ်ရမည်။
> လုံခြုံရေး အတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူဖြစ်ရမည်။
> အများနှင့်လုပ်ကိုင်နိုင်သူဖြစ်ပြီး အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
> ပြောဆိုဆက်ဆံရေး ကောင်းမွန်သူဖြစ်ရမည်။
> လုပ်ငန်းခွင်အတွင်း အရက်သေစာ၊ ကွမ်း၊ဆေးလိပ်အား ကင်းရှင်းနိုင်သူဖြစ်ရမည်။
> ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ပြီး နေ့ဆိုင်း/ ညဆိုင်း အလှည့်ကျအလှည့်ကျ အလုပ်ဆင်းနိုင်သူ ဖြစ်ရမည်။
> ကုမ္ပဏီမှချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
> တောင်ဒဂုံမြို့နယ်နှင့် အနီးစပ်ဆုံးနေထိုင်သူများကို ဦးစားပေးခန့်အပ်သွားပါမည်။

*လိုအပ်သော စာရွက်စာတမ်းများ*
=========================

✅ CV ဖောင်အပြည့်အစုံ။
✅ သင်တန်းလက်မှတ်များမိတ္တူ။(ရှိလျှင်)
✅ မှတ်ပုံတင်မိတ္တူ။
✅ လိုင်စင်ဓါတ်ပုံ (2)ပုံ။
✅ အိမ်ထောင်စုဇယား မိတ္တူ။
စတဲ့ အချက်အလက်အပြည့်အစုံများ ယူဆောင်လာပြီး ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

📱 Viber - 09940402288/ 09940402277 သို့ CV form ပို့၍လည်း လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ :
Grand Yangon Hospital
🏨 No.(935), Maung Makan Kanthar St, South Dagon Tsp, Yangon.
📱09-940402266 , 09940402277

02/03/2024

ကျေးဇူးကြီးမား ဦးကြီးများ
ဂုဏ်ပြုအတူတူ ဒို့ပြည်သူ

၂၀၂၄ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျရောက်သော (၆၂) နှစ်ပြည့် ❝ တောင်သူလယ်သမားနေ့ ❞ အား အထူးပင်လေးစားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#တောင်သူလယ်သမားနေ့ #ဂုဏ်ပြုအမှတ်တရ

01/03/2024

✨အမျိုးသမီးများ သတိထားစရာ သားအိမ်ခေါင်း ကင်ဆာရောဂါ✨

အမျိုးသမီးတွေမှာ အလွန်ကိုအဖြစ်များတဲ့ သားအိမ်ခေါင်း ကင်ဆာရောဂါဟာ ဘာကြောင့်ဖြစ်ရတာလဲ ? ဘယ်လိုတွေ ကာကွယ်လို့ရမလဲ ? ဆိုတဲ့ အကြောင်းလေးကို သိရှိနားလည်ပြီး မိမိကိုယ်ကို ကြိုတင်ကာကွယ် သတိပြုဆင်ခြင်နိုင်အောင် ဗဟုသုတလေးတစ်ခု ပြန်လည်မျှဝေ ပေးပါရစေနော် ….

သားအိမ်ခေါင်း ကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို အတိအကျ မသိရှိကြပါဘူး။ HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ ဆိုကြပေမယ့် ထိုဗိုင်းရပ်စ်ရှိတိုင်း သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်ပါဘူးနော်။ HPV ဗိုင်းရပ်စ်အပြင် တခြားသော အကြောင်းအရာတွေကြောင့်လည်း ကင်ဆာဖြစ်နိုင်ဖို့ အခြေအနေများပါတယ်။ ထိုအရာတွေကတော့ ~~~

✅ လိင်ဆက်ဆံဖော်များခြင်း
သင့်မှာ များတာပဲဖြစ်ဖြစ်၊ သင့်ဆက်ဆံဖော်မှာများတာပဲဖြစ်ဖြစ် လူများလေလေ HPVကူးဖို့ ဖြစ်နိုင်ခြေ များပါတယ်။

✅ လိင်ဆက်ဆံချိန်စောခြင်း
အသက်ငယ်ငယ်နဲ့ လိင်စဆက်ဆံရင် HPVဗိုင်းရပ်စ် ကူးနိုင်ချေမြင့်ပါတယ်။ (အထူးသဖြင့် အသက် ၁၈နှစ်အောက်) ဖြစ်ပါတယ်။

✅ လိင်မှတဆင့်ကူးစက်သော ရောဂါများဆစ်ဖလစ်၊ ဆီးပူညောင်းကျရောဂါ၊ HIV/AIDS တွေ ရှိနေရင် HPV ရှိနိုင်ခြေများပါတယ်။

✅ ခုခံအားကျခြင်း
တခြားအကြောင်းကြောင့် ခုခံအားကျနေမယ်။ HPV လည်းရှိနေမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ပါတယ်။

✅ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကလည်း သားအိမ်ခေါင်းကင်ဆာနဲ့ ဆက်စပ်မှုရှိပါတယ်။

✅ ကိုယ်ဝန်ခိုင်ဆေးသုံးခြင်း
ကိုယ်ဝန်ရှိချိန်မှာ diethylstilbestrol (DES)သုံးမယ်ဆိုရင် မွေးလာမယ့် သမီးမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေများပါတယ်။

✅ တားဆေးသောက်ဆေး သောက်ခြင်း
တားဆေးသောက်ဆေးကို နှစ်ရှည်လများ စွဲသောက်တဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ သို့သော် ဆေးရပ်လိုက်မယ်ဆိုရင် ဖြစ်နိုင်ချေပြန်ကျနိုင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ သားအိမ်ခေါင်းကင်ဆာက ကနဦးအဆင့်မှာ ရောဂါလက္ခဏာမပြတတ်တာကြောင့် တော်တော်များများက မသိနိုင်ကြပါဘူး … သို့သော် အောက်ပါ လက္ခဏာတွေပြနေပြီဆိုပါက ကင်ဆာအဆင့်မြင့်နေပြီ ဖြစ်တာကြောင့် ဆရာဝန်များနဲ့ အမြန်ဆုံးကုသမှု ခံယူဖို့လိုအပ်နေပါပြီ …

👉🏻 အတူနေပြီး သွေးဆင်းခြင်း
👉🏻 ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းခြင်း
👉🏻 သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း
👉🏻 မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း၊ သွေးစတွေပါလာခြင်း၊ များခြင်း၊ အနံ့ဆိုးနံခြင်း
👉🏻 ဆီးစပ်ကိုက်ခြင်း
👉🏻 အတူနေစဉ် မိန်းမကိုယ်နာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

သားအိမ်ခေါင်း ကင်ဆာကာကွယ်နိုင်မယ့် နည်းလမ်းတွေ ဖြစ်တဲ့ ~~~

💉 HPV ကာကွယ်ဆေးထိုးခြင်း
💉 သားအိမ်ခေါင်းအချွဲ စစ်ဆေးခြင်း (pad test)
💉 အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုမျိုးဖြစ်စေဖို့ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော် နည်းပါစေ။
💉 ဆေးလိပ်စွဲနေရင် ဖြတ်ပါ။

အမျိုးသမီးလေးတို့ကို ခြောက်လှန့်နေတဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်းကို ဖတ်ရှုလေ့လာမိပြီး ကြိုတင်ကာကွယ်ခြင်း၊ ဆောင်ရန် ရှောင်ရန်များကို မှတ်သားထားပြီး ကျန်းမာပြည့်စုံ ပန်းကလေးကဲ့သို့ လှပတဲ့ပန်းကလေးတစ်ပွင့်အဖြစ် လန်းဆန်းစွာဆက်လက် ပွင့်လန်းလိုက်ရအောင်နော် 💁🏻‍♀️🌼💐

Medical check up ပြုလုပ်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ အမျိုးသမီးရောဂါ၊ မီးယပ်ရောဂါများအား ကုသခြင်းများအတွက် (၂၄) နာရီဝန်ဆောင်မှုများဖြင့် Grand Yangon Hospital မှ အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျှက်ရှိနေပါပြီ 📣📣

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

28/02/2024

" ကာကွယ်ဆေးအမျိုးမျိုး ထိုးနှံနိုင်ပါပြီ "
~~~~~~~~~~~~~~~~~~~~~~~~~~~~~

💉(၄) မျိုးစပ် ရာသီတုပ်ကွေး
💉သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
💉အသည်းရောင် အသားဝါ B ပိုး ကာကွယ်ဆေး
💉မွေးကင်းစအရွယ်မှစ၍ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း များအတွက် 🏥 Grand Yangon Hospital 🏥 တွင် အကောင်းဆုံးဝန်ဆောင်မှုများ ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက် ပါရစေနော် 📣📣

💉 ကာကွယ်ဆေးများကို Cold Chain စနစ်တကျ စီစဉ်ထားရှိပြီး ဆေးစစ်ပြီး အရည်အသွေးကောင်းသော ဆေးများကို အသုံးပြုထားပါတယ်။
💉 အိမ်တိုင်ရာရောက် (Home Service) အစီအစဉ်ဖြင့်လည်း အချိန်ကုန်သက်သာစွာ ကာကွယ်ထိုးနှံနိုင်အောင် စီစဉ်ပေးထားပါတယ်။🚑
💉 ရုံး၊စက်ရုံအဖွဲ့အစည်းများ၊ နိုင်ငံခြားတွင် အလုပ်လုပ်ရန် နှင့် ပြည်ပခရီးစဉ်များ ထွက်ရန်ပြင်ဆင်ထားသူများအတွက်လည်း ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးပါတယ် …
*(Booking တင်ရန် အမည်၊ ဖုန်းနံပါတ် များပေး၍ ကြိုတင်ရက်ချိန်း ရယူနိုင်ပါတယ်)*

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

Grand Yangon Hospital
🏥 အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-940 402 211/ 09-940 402 244

#ကာကွယ်ဆေးအမျိုးမျိုးထိုးနှံခြင်း

26/02/2024

🏥 ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောရောဂါများအတွက် Grand Yangon Hospital ရှိနေပါပြီ 🏥
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

📌ထိခိုက်ဒဏ်ရာများကြောင့် အရိုး အကြော အဆစ် ထိခိုက်ဒဏ်ရာ ဝေဒနာခံစားနေရသူများ
📌သွေးလေးဘက်နာရောဂါကြောင့် အရိုးအဆစ်များ ထိခိုက်ရောင်ရမ်း ပျက်စီးခြင်း
📌 အရွက်များ ပျက်စီးခြင်း
📌 အဆစ်များ ကောက်ကွေးပြီး ပုံမမှန်ဖြစ်ခြင်း အစရှိတဲ့ ရောဂါဝေဒနာများအတွက်
📌 အသက်သာဆုံး စျေးနှုန်း အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့အတွက် Grand Yangon Hospital မှ အသင့်ရှိနေပါပြီ 📣

အရိုး အကြော အဆစ် အထူးကုသမားတော်ကြီးများနှင့်လည်း တိုင်ပင်ဆွေးနွေး ကုသခြင်းများလည်း ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်…

🔰ဒေါက်တာ ဦးအောင်ကျော်သန်း
M.B.,B.S (YGN), M.Med.Sc (Ortho)
Senior Consultant (Orthopaedic)
အရိုးအကြော အထူးကုဆရာဝန်ကြီး
သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး

🔰ဒေါက်တာ ရဲမင်းထွဋ်
M.B.,B.S (YGN), M.Med.Sc (Ortho)
ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ် အထူးကုဆရာဝန်
သင်္ဃန်းကျွန်း စံပြဆေးရုံကြီး

🔰ဒေါက်တာဖြိုးဇော်ဦး
M.B.,B.Sc (YGN), M.Med.Sc (Ortho)
ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ် အထူးကု
သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး

🔰ဒေါက်တာဇေယျာမင်း
M.B.,B.S, M.Med.Sc (Ortho)
အရိုးအထူးကု
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အထူးကုဆရာဝန်ကြီးများ၏ ဆေးခန်းထိုင်ချိန်များမှာ အပြောင်းအလဲရှိနိုင်ပါသဖြင့် 𝐁𝐨𝐨𝐤𝐢𝐧𝐠 ပေးခြင်းနှင့် ပြသမည့်နေ့အချိန်၊ ပြသမည့်လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်ကို ပေးပို့မေးမြန်း နိုင်ပါတယ်ရှင့်။

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

Grand Yangon Hospital
🏥 အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-940 402 211/ 09-940 402 244

#ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောရောဂါများ #အရိုးအကြောအဆစ်အထူးကု

23/02/2024

သားသားလေးလား ? မီးမီးလေးလား ?
ကျန်းကျန်းမာမာ ရှိရဲ့လား ?
ဘယ်နေ့ ဘယ်ရက် ဘယ်လမှာ မွေးနိုင်မလဲ ?

ရလာဒ်ကောင်းကောင်းနဲ့ တိကျသေချာတဲ့ အဖြေကို ကြိုတင်သိမြင် ရင်ခုန်စိတ်လှုပ်ရှားချင်တယ်ဆိုတဲ့ … ဖေဖေ မေမေတို့အတွက် ❝ ဂရန်းဒ်ရန်ကုန်ဆေးရုံ ❞ တွင် အမေရိကန်နိုင်ငံ FDA စံချိန်စံညွှန်းများနှင့်အညီ *GE Healthcare (USA)* မှ ထုတ်လုပ်ထားသော နောက်ဆုံးပေါ် Ultrasound စက်ဖြင့် ~~~

🤰🏼ရင်သွေးငယ် ပုံမှန်ကြီးထွား ကျန်းမာမှုရှိ၊မရှိ စစ်ဆေးနိုင်ခြင်း
🤰🏼သန္ဓေသား၏ ပုံရိပ်ကို ရုပ်ရှင်၊ဗီဒီယိုကြည့်ရသကဲ့သို့ မြင်တွေ့ခံစားနိုင်ခြင်း
🤰🏼သန္ဓေသား၏ မျက်နှာ၊နှာခေါင်း၊နှုတ်ခမ်းတို့၏ သဏ္ဍာန်မှန်၊မမှန်ကိုပါ စစ်ဆေးနိုင်ပြီး မွေးဖွားလာမည့် ရင်သွေးငယ်၏ အနီးစပ်ဆုံးရုပ်သွင်ကို မြင်တွေ့နိုင်ခြင်း
🤰🏼သန္ဓေသား၏ ပြုံးခြင်း၊သမ်းဝေခြင်း၊လက်ချောင်း၊ခြေချောင်းများ လှုပ်ရှားခြင်း စတဲ့ချစ်စဖွယ်လှုပ်ရှားမှု ပုံရိပ်တွေကို ကြိုတင် သိမြင်နိုင်ဖို့ ~~~

စိတ်ချယုံကြည်စွာဖြင့် အာထရာဆောင်း ရိုက်ကူးနိုင်ရန်အတွက် (၂၄) နာရီဝန်ဆောင်မှု၊ အသက်သာဆုံးစျေးနှုန်းများဖြင့် "ဂရန်းဒ် ရန်ကုန် ဆေးရုံ" မှာ Ultrasound ရိုက်ကူးနိုင်ဖို့ ကြိုတင် Booking တင်ထားလိုက်တော့နော်။

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

Grand Yangon Hospital
🏥 အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-940 402 211/ 09-940 402 244

19/02/2024

Job vacancy announcement, We’re hiring!!!

✅Nurse Aide - ၇ ဦး

Grand Yangon Hospital တွင် တာ၀န်ထမ်းဆောင်နိုင်ရန်အတွက် အတွေ့အကြုံရှိ Nurse Aide (၇ဦး ) အလိုရှိနေပါသဖြင့် စိတ်ပါဝင်စားသူများ အားလုံးလာရောက် လျှောက်ထားနိုင်ပါရန် နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

-လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၁နှစ် ရှိရမည်။
- Team Workဖြင့် အလုပ်လုပ်နိုင်သူ ဖြစ်ပြီး သင်ယူလိုစိတ် ရှိရမည်။
-လူနာများအား နွေးထွေးပျူငှါစွာ ဆက်ဆံတတ်သူ၊ စိတ်ရှည်တတ်သူ ဖြစ်ရမည်။

အလုပ်ပေါ် စိတ်၀င်စားသူများ ရုံးချိန်အတွင်း လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လာရောက်လျှောက်ထားနိုင်ပါသည်။

📱 Viber - 09940402288/ 09940402277 သို့ CV form ပို့၍လည်း လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ :
Grand Yangon Hospital
🏨 No.(935), Maung Makan Kanthar St, South Dagon Tsp, Yangon.
📱09-940402266 , 09940402277

-aide

17/02/2024

🏥 ဂရန်းဒ်ရန်ကုန်ဆေးရုံမှ မိဘပြည်သူများအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် 🏥

မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါ ကျန်းမာရေးလိုအပ်ချက်များအတွက် ဆေးကုသစစ်ဆေးခြင်းများ ပြုလုပ်နိုင်ရန် အောက်ဖော်ပြပါ လက်ကမ်းစာရွက်ဖြင့် လာရောက်ပါက 👇

✅ သွေးပေါင်ချိန်ပေးခြင်း
✅ ကိုယ်အလေးချိန် တိုင်းတာပေးခြင်း
✅ လက်ထိပ်မှ သွေးဖောက်စစ်ပေးခြင်း
✅ သွေးတွင်းအောက်ဆီဂျင်ပမာဏ SPO2 စမ်းသပ်ပေးခြင်း
✅ နှလုံးခုန်နှုန်း မှန်/မမှန် စစ်ဆေးပေးခြင်း
✅ သဘောကောင်းသော တာဝန်ကျဆရာဝန်များနှင့် လက်ရှိကျန်းမာရေး အခြေအနေကို တိုင်ပင်ဆွေးနွေးပေးခြင်း အစရှိတဲ့ …

▫️ငွေကျပ် (၁၅,၀၀၀) နှင့် ညီမျှသည့် " အခမဲ့ " ကျန်းမာရေး စောင့်ရှောက်မှုများအပြင်
▫️ဆရာဝန်မှ လိုအပ်၍ပေးသည့် ဆေးဝါး (၁) ရက်စာ အခမဲ့
▫️အသေးစိတ် ထပ်ဆောင်း ဆေးကုသမှုများအတွက် 10% Discount ကို ပေးအပ်သွားမှာဖြစ်ကြောင်း အထူးသတင်းကောင်း ပါးလိုက်ပါရစေနော် 🏥📣

ဒီအစီအစဉ်လေးကိုတော့ လူဦးရေ (၅၀၀၀) သာ သတ်မှတ်ထားတာဖြစ်ပြီး …

👉🏻 {ဖေဖော်ဝါရီလမှ စတင်၍ ဧပြီလကုန်အထိ}
နေ့စဉ် - နေ့လည် ၁၂ နာရီ မှ ၂ နာရီ အတွင်း) 👈🏻
မိဘပြည်သူများ လာရောက်တိုင်ပင်ဆွေးနွေး ဆေးကုသခြင်းများ ခံယူနိုင်ဖို့ ❝ ဂရန်းဒ်ရန်ကုန် ဆေးရုံ ❞ သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော် 🙏🏻

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

Grand Yangon Hospital
🏥 အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-940 402 211/ 09-940 402 244

#10%discount

14/02/2024

❤️ 𝓗𝓪𝓹𝓹𝔂 𝓥𝓪𝓵𝓮𝓷𝓽𝓲𝓷𝓮’𝓼 𝓓𝓪𝔂 ❤️

𝓥𝓪𝓵𝓮𝓷𝓽𝓲𝓷𝓮’𝓼 𝓓𝓪𝔂 မှ စတင်ပြီး . . .
မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်ခင်ရသူ အားလုံးနှင့် ချစ်ခြင်းမေတ္တာများ တိုးပွားကာ သံယောဇဥ် နှောင်ကြိုးများ တိုးပွားလို့ အေးချမ်းသာယာနိုင်စေဖို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . .

13/02/2024

ကျန်းမာရေးဗဟုသုတ မေးခွန်းလေးတွေ ဖြေကြည့်ကြမယ် 📣

Grand Yangon Hospital ၏ ယနေ့အစီအစဉ်လေးမှာ ကျန်းမာရေးဗဟုသုတအဖြစ် မေးခွန်းလေးတစ်ခု မေးဖို့စီစဉ်ထားတာမို့ ဉာဏ်စမ်းလေး အတူဖြေကြည့်ကြရအောင်နော် 📣

မေးခွန်းလေးကတော့ …
🦴 သင့်အရိုးတွေ ကျန်းမာဖို့ ဘယ်လိုအာဟာရဓာတ်တွေ လိုအပ်သလဲ ??? 🦴

𝐀) 𝐂𝐚𝐥𝐜𝐢𝐮𝐦
𝐁) 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃
𝐂) 𝐙𝐢𝐧𝐜
𝐃) 𝐏𝐫𝐨𝐭𝐞𝐢𝐧

အဖြေ (၄)ခုထဲမှ အဖြေမှန် (၁) ခုကို ရွေးချယ်ပြီး Comment မှာ မန့်ပေးသွားပါအုံးနော် 👩‍⚕️

12/02/2024

🇲🇲 77th Union Day of Myanmar 2024 🇲🇲

(၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြု ကြိုဆိုပါ၏။

09/02/2024

🧧 GONG XI FA CAI 🧧
🐉 Year of the Dragon 🐉

တရုတ်နှစ်သစ်ကူး (နဂါးနှစ်) မှ စပြီး မိသားစုတိုင်း ကံကောင်းခြင်း ၊ စီးပွားတိုးတက်ခြင်း၊ ကြံစည်တိုင်း အောင်မြင်ခြင်းများနှင့် သက်ရှည်ကျန်းမာပြီး ချမ်းသာ ကြွယ်ဝတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Grand Yangon Hospital မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

03/02/2024

🎯 ကိုယ်ခန္ဓာမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်များ 🎯

ဗီတာမင် ဆိုတဲ့စကားကို ကြားဖူးတယ် .. ရင်းနှီးကြပေမယ့် ဗီတာမင်က ဘာလဲဆိုတာဖြေရခက်နေသူလေးတွေ ရှိတာကြောင့် ဗဟုသုတလေး မျှဝေပေးလိုက်ပါရစေနော် …

ဗီတာမင်ဆိုတာဟာ ကိုယ်ခန္ဓာက မဖြစ်မနေလိုအပ်တဲ့ အရာတွေဖြစ်ပါတယ်။ ဗီတာမင်ကို ✅ကိုယ်ခန္ဓာမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နဲ့ ✅ ရေမှာပျော်ဝင်တဲ့ ဗီတာမင် ဆိုပြီး အမျိုးအစား (၂) ခုဖြင့် ပိုင်းခြားထားပါတယ်။

ကိုယ်ခန္ဓာမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေကတော့ ~~~
▫️Vitamin A - မျက်စိ အမြင်အတွက်နဲ့ ရောဂါပိုးတွေကို ကိုယ်တွင်းက တိုက်ခိုက်ဖို့အတွက် လိုအပ်ပါတယ်။
▫️Vitamin D - အရိုးတွေသန်မာဖို့အတွက် လိုအပ်ပါတယ်။
▫️Vitamin E - အရေပြားတွေို ကာကွယ်ဖို့အတွက် လိုအပ်ပါတယ်။
▫️Vitamin K - သွေးထွက်တဲ့အခါ သွေးတိတ်အောင် လုပ်ဖို့အတွက် ကိုယ်တွင်းက အဆီရှိတဲ့နေရာတွေ၊ အသည်းရယ်မှာ ရှိကြပြီး ကိုယ်တွင်းက လိုအပ်တဲ့နေရာတွေဆီ ဖြည့်ဆည်းပေးနိုင်ပါတယ်။
——————————————————— ⇜⁍
ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေကတော့ ~~~
▫️Vitamin C - ရောဂါပိိုးတွေကို တိုက်ခိုက်ဖို့အတွက် လိုအပ်ပါတယ်။
▫️Vitamin B - စွမ်းအင်တွေ၊ အသားဓာတ်တွေနဲ့ သွေးနီဥတွေ လုပ်ဆောင်ရာမှာ ကူညီဖို့အတွက် အရေးပါ ပါတယ်။ B1, B6, B12 ဆိုတာမျိုးတွေအပြင် ဖောလစ်အက်ဆစ်လိုလည်း ပါဝင်နေပါတယ်။

ဗီတာမင်တွေကို သက်စောင့်ဓာတ်လို့ ခေါ်ဆိုကြပြီး သွေးထဲကနေ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးပြီး မလိုအပ်တဲ့အခါ ဆီးထဲက ပြန်စွန့်ထုတ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလည်ပတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ဗီတာမင်အကြောင်းလေးကို လေ့လာဖတ်ရှု သိပြီးပြီဆိုတော့ ကျန်းမာရေး ဗဟုသုတလေးတွေကို မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေကိုပဲဖြစ်ဖြစ် ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော် 💁🏻‍♀️🥰

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

30/01/2024

🏥 (၂၄) နာရီပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေတဲ့ ပြင်ပလူနာဌာန (OPD) 🏥
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂရန်းဒ်ရန်ကုန် ဆေးရုံကြီးတွင် မိဘပြည်သူများ၏ အထွေထွေကျန်းမာရေး ကိစ္စရပ်များအတွက် အကောင်းဆုံးဝန်ဆောင်မှု၊ အထူးသက်သာသောစျေးနှုန်းများဖြင့် ပြင်ပလူနာဌာန (OPD) တွင် အောက်ပါ ဝန်ဆောင်မှုများဖြင့် နေ့စဉ်ဆောင်ရွက် ပေးလျှက်ရှိနေပါပြီ 🚑🩺

🏥 ပိတ်ရက်မရှိ (၂၄) နာရီိ ဝန်ဆောင်မှုပေးနေခြင်း
🏥 အထူးကုဆရာဝန်ကြီးများနှင့် စမ်းသပ်ဆွေးနွေး ကုသမှုပေးနေခြင်း
🏥 အထွေထွေရောဂါများအတွက် ကုသပေးခြင်း
🏥 (၂၄) နာရီ အရေးပေါ်ထိခိုက်ဒဏ်ရာရသော လူနာများအား ကုသပေးခြင်း
🏥 ပုံမှန်ကျန်းမာရေး စစ်ဆေးပေးခြင်း
🏥 ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်အပ်နှံခြင်းနှင့် သားဖွားခြင်း

အစရှိတဲ့ ဝန်ဆောင်မှုများကို တစ်နေရာတည်းမှာ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသခြင်း၊ ဆေးစစ်ခြင်းများ ပြုလုပ်နိုင်ဖို့ #ဂရန်းဒ်ရန်ကုန်ဆေးရုံကြီးကို လှမ်းလာခဲ့လိုက်တော့နော် …

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

25/01/2024

🤱🏻ပြာသိုလပြည့် အမေများနေ့🤱🏻

❝ ယနေ့ကျရောက်သော ပြာသိုလပြည့် အမေများ ❞ နေ့ တွင် ကိုးလလွယ် ဆယ်လဖွား၍ အသက်နဲ့ခန္ဓာကိုယ် ပဓာနမထား အားမာန်တင်းပြီး ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့ပါသော ကမ္ဘာပေါ်ရှိ အနန္တဂိုင်းဝင် အမေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြ၍ အသက်ရှည်အနာရောဂါကင်းမဲ့စွာ ချစ်ရသော သားသမီးများနဲ့ အသက်ထက်ဆုံး နေထိုင်သွားနိုင်ကြပါစေကြောင့် "အမေများနေ့" ကို ဂုဏ်ပြုကြိုဆိုရင်း ဆုတောင်းမေတ္တာများ ပို့သအပ်ပါတယ် 🙏🏻

#ပြာသိုလပြည့် #အမေများနေ့

Photos from Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ's post 22/01/2024

❝ Grand Yangon Hospital ❞ တွင်

အမေရိကန်နိုင်ငံ၏ FDA စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ထားသော …

နောက်ဆုံးပေါ် "GE Healthcare Brand - Ultrasound စက်ကြီး" ဖြင့်

ကျန်းမာရေးစစ်ဆေး ဝန်ဆောင်မှုများ ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။ 🩺🔬

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

17/01/2024

•| မိဘပြည်သူများ၏ ကျန်းမာရေးကိစ္စများအတွက် 𝐆𝐫𝐚𝐧𝐝 𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ၏ ဝန်ဆောင်မှုများ |•

(၂၄) နာရီမပြတ် အကောင်းဆုံးဝန်ဆောင်မှုများနှင့် ကုသမှုတွေပေးနေတဲ့ 𝐆𝐫𝐚𝐧𝐝 𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ကြီးတွင် ~~~

♻️ သားဖွား၊မီးယပ် အထူးကုဆရာဝန်ကြီးများ
♻️ ကလေးအထူးကု ဆရာဝန်ကြီးများ
♻️ နှလုံးနှင့် အထွေထွေရောဂါ အထူးကုသမားတော်ကြီးများ
♻️ ကင်ဆာအထူးကု ဆရာဝန်ကြီးများ
♻️ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြော အဆစ်အထူးကုဆရာဝန်ကြီးများ
♻️ အဆစ်၊အမြစ်ရောင်ရမ်းခြင်းနှင့် လေးဖက်နာ ဆိုင်ရာရောဂါ အထူးကုသမားတော်ကြီးများ
♻️ အရက်၊မူးယစ်ဆေးစွဲနှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ
♻️ ဆီးနှင့် ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
♻️ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ
♻️ အထွေထွေရောဂါကု သမားတော်ကြီးများ

ဖြင့် တိုင်ပင်ဆွေးနွေး ကုသခြင်းများ ခံယူနိုင်မှာ ဖြစ်သည့်အပြင် အောက်ပါဆေးစစ်ခြင်း ဝန်ဆောင်မှုများဖြစ်သည့် …

🩺 အိမ်တိုင်ရာရောက် ကုသခြင်းဝန်ဆောင်မှု
🩺 ဆေးစစ်/ သွေးစစ်ခြင်း ဝန်ဆောင်မှု
🩺 Echocardiogram ရိုက်ကူးခြင်း ဝန်ဆောင်မှု
🩺 Ultrasound ရိုက်ကူးခြင်း ဝန်ဆောင်မှု
🩺 ဓာတ်မှန်ရိုက်ကူးခြင်း ဝန်ဆောင်မှု

စသဖြင့် ဆေးကုသခြင်းနှင့် Medical Checkup များပြုလုပ်ခြင်း၊ ကလေးမီးဖွားခြင်း ၊နောက်ဆုံးပေါ် ခေတ်မီ စက်ပစ္စည်းများနှင့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းတို့ဖြင့် စိတ်ချယုံကြည်စွာ ရောဂါရှာဖွေနိုင်ခြင်း ဝန်ဆောင်မှုများစွာ ရရှိနိုင်ပါပြီ။

ဆေးရုံပြရန်အတွက် ကြိုတင် Appointment Booking များ ပြုလုပ်နိုင်ရန် ၊ ဆေးရုံရက်ချိန်းများ ရယူနိုင်ရန်နှင့် သိလိုသည်များကို မေးမြန်းနိုင်ရန် အတွက် 𝐆𝐫𝐚𝐧𝐝 𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ၏ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 🙏🏻

▶️ Hotline No :
☎️ 09-940 402 211
☎️ 09-940 402 244

🏥 Address
အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
(၁၈ ကွေ့မှတ်တိုင်၊Capital Hypermarket အနီး)

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

09/01/2024

သည်းခြေကျောက်ဆိုတာ
******************************

သည်းခြေနဲ့ ပက်သတ်ပြီး သိရှိိထားတာ နည်းကြတဲ့အတွက် ဒီနေ့မှာတော့ သည်းခြေနဲ့ကျောက်တည်ခြင်း ပြဿနာတွေကို အနည်းငယ် ဝေမျှပေးပါရစေနော် …

ပဲစေ့နဲ့ပုံစံတူတဲ့ သည်းခြေဆိုတဲ့ အစိတ်အပိုင်းက အစာချေဖို့ ကူညီပေးတဲ့ အင်္ဂါဖြစ်ပြီး အသည်းနဲ့အူကို ဆက်စပ်နေတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ သည်းခြေရည်လို့ခေါ်တဲ့ အစာချေရည်တွေ သိုလှောင်ထားတဲ့ အင်္ဂါဖြစ်ပါတယ်။ အစားစားလိုက်တာတွေကို သည်းခြေပြွန်ကနေ သည်းခြေရည်တွေ ထုတ်ပေးပြီး ချေဖျက်ပေးပါတယ်။

သည်းခြေကျောက်ဆိုတာ သည်းခြေမှာကျောက်တည်တာကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။ သည်းခြေကျောက်တွေက မာနေတဲ့အရည်တွေပါ။ ၄င်းကို တချို့က မကောင်းတဲ့အဆီအဖြစ် လူသိများတဲ့ ကိုလက်စထရောတွေနဲ့သာ တည်ဆောက်ထားပြီး သဲမှုန်ကလေးကနေ ဂေါက်သီးလုံးပမာဏ အထိရှိကြပါတယ်။ အများအားဖြင့် သူ့အလိုလို ပျောက်သွားတတ်ပေမယ့် တစ်ခါတလေ ဆိုးဝါးတဲ့ အရေးပေါ် အခြေအနေမျိုးဖြစ်တဲ့ gall bladder attack လို့ခေါ်တဲ့ သည်းခြေအိတ် ပိတ်ဆို့တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

သည်းခြေကျောက် အဖြစ်များသူတွေက အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ မဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်က သည်းခြေရည်ထဲမှာ ကိုလက်စထရောတွေ များစေတာကြောင့်လို့ ဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ သန္ဓေတားဆေး သောက်နေချိန်၊ မိသားစုမှာ သည်းခြေကျောက် ဖြစ်ဖူးသူတွေနဲ့ အသက် (၄၀) ကျော်တွေမှာလည်း သည်းခြေကျောက် ဖြစ်နိုင်ချေများနိုင်ပါတယ်။

သည်းခြေကျောက် ပိတ်ဆို့မှု လက္ခဏာတွေမှာ အဖြစ်အများဆုံးကတော့ ဗိုက်အောင့်တာပါပဲ။ တခြားလက္ခဏာတွေဖြစ်တဲ့ အော့အန်တာ၊ မျက်စိနဲ့ အသားတွေဝါတာ၊ ဆီးအရောင်ရင့်ရင့်နဲ့ ဝမ်းအရောင် ဖြူလျော်လျော်တွေ ဖြစ်လာရင် အထူးသတိပြုထားရပါမယ်။ အကယ်၍ ဗိုက်အောင့်နေတာ ၅ နာရီကျော်ရင် (သို့မဟုတ်) ပြင်းပြင်းထန်ထန်အောင့်ရင် ဆေးရုံကိုအမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်နော် …

အထက်ပါ သည်းခြေကျောက်တည်ခြင်း အကြောင်းကို မိဘပြည်သူများ ဖတ်ရှူလေ့လာမိရင်း ရောဂါကြောင့် ဖြစ်လာတဲ့ ရောဂါဝေဒနာ လက္ခဏာရပ်တွေကို သိရှိလာပြီး ကြိုတင်ရှောင်ရှားခြင်း၊ ဂရုပြုရမယ့် နည်းလမ်းကို သိရှိသွားမယ်လို့ ထင်ပါတယ်။ ထပ်မံပြီးလည်း ကျန်းမာရေးဗဟုသုတများကို Grand Yangon Hospital မှ ဝေမျှပေးသွားပါအုံးမယ်နော် 🙏🏻

04/01/2024

🇲🇲 Myanmar Independence Day 🇲🇲

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် ❝ လွတ်လပ်ရေး ❞ နေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

03/01/2024

🩸🧪 Vitamin D3 စစ်ဆေးနိုင်ပါပြီ 🩸🧪
*******************************************
⏺️ Vitamin D ဟာ ကိုယ်ခန္ဓာရဲ့စနစ်အတော်များများကို အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ တခြားဗီတာမင်တွေနဲ့ မတူခြင်းမှာ Vitamin D ဟာ ဟော်မုန်းကဲ့သို့ အလုပ်လုပ်နိုင်ပြီး ကိုယ်ခန္ဓာရဲ့ ဆဲလ်တစ်ခုချင်းစီမှာ ၄င်းအတွက် လက်ခံတဲ့နေရာ တစ်ခုစီရှိပါတယ်။

⏺️ လူ့ခန္ဓာကိုယ်ရဲ့ အရေပြားဟာ နေရောင်နဲ့ထိတွေ့ချိန်မှာ ကိုလက်စထရောကနေ Vitamin D ကို ထုတ်လုပ်နိုင်ပါတယ်။ အဆီဓာတ်များတဲ့ငါးနဲ့ အားဖြည့်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း တွေ့နိုင်ပါတယ်။ တစ်နေ့တာ စားသုံးသင့်တဲ့ Vitamin D ပမာဏကတော့ ၄၀၀ မှ ၈၀၀ IU ဖြစ်ပါတယ်။

ဗီတာမင် D ချို့တဲ့စေတဲ့ အကြောင်းအရင်းများ
*******************************************
✅ သက်ကြီးရွယ်အိုများ
✅ ကာလကြာရှည်စွာ ရာသီဥတုမှုန်မှိုင်းပြီး နေရောင်ခြည်ကောင်းစွာ မရသောဒေသတွင် နေထိုင်သူများ
✅ နေရောင်ခြည်ထိတွေ့မှု နည်းခြင်း
✅ အူလမ်းကြောင်း အဆီစုပ်ယူမှု ပြဿနာရှိသော သူများ၊ ရောဂါကြောင့် အူသိမ်ဖြတ်ထုတ် ထားရသူများ
✅ အဝလွန်ရောဂါရှိသူများနှင့် အဝလွန်အတွက် gastric bypass surgery လုပ်ထားသူများ
✅ စတီးရိုက် (steroid) သောက်သုံးနေရသူများ၊ အရိုးပွရောဂါနှင့် ဆက်စပ်သော Vitamin D နည်းခြင်း
✅ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များတွင် Vitamin D ချို့တဲ့ခြင်း ကြောင့်အဖြစ်များကြပါတယ်။

ဗီတာမင် D ချို့တဲ့တဲ့လက္ခဏာများ
*********************************
✅ မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်း
✅ ပင်ပန်းနွမ်းနယ်ခြင်း
✅ အရိုးနာခြင်း၊ ခါးနာခြင်း
✅ စိတ်ကျရောဂါ
✅ အနာကျက်နှေးခြင်း
✅ ဆံပင်ကျွတ်ခြင်း
✅ ကြွက်သားများ နာကျင်ခြင်း
စတဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။

ဒီအတွက် Vitamin D ချို့တဲ့ခြင်းများအတွက် သေချာတိကျတဲ့ အဖြေမှန်ရရှိနိုင်ဖို့ Grand Yangon Hospital တွင် ⏺️ Vitamin D3/ 25 Hychoxy Vitamin D ⏺️ စစ်ဆေးခြင်း ဝန်ဆောင်မှုကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင့် 🙏🏻📣

Vitamin D3 Test ပြုလုပ်နိုင်ရန်အတွက် ဆေးရုံ Hotline ☎️ နံပါတ်များကို ဆက်သွယ်၍ ဝန်ဆောင်မှုများကို ရယူလိုက်ပါတော့နော် 📣

❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞

Grand Yangon Hospital
🏥 အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-940 402 211/ 09-940 402 244

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. (935), Maung Makan Kanthar Road, South Dagon
Yangon
11431

Other Hospitals in Yangon (show all)
Aung Myittar Specialist Clinic Aung Myittar Specialist Clinic
No. 453, (132) Qt. , Min Ye Kyaw Swar Street , East Dagon Tsp
Yangon, 11451

၂၄ နာရီ ပိတ်ရက်မရှိအထွေထွေကျန်းမာရေးစောင့်‌ရှောက်ခြင်း, အထူးကုသခြင်း, မီးဖွားခြင်း, ဓာတ်မှန်, ဓာတ်ခွဲ

Shwe Taw Win Specialist Hospital Shwe Taw Win Specialist Hospital
10 (B), Uwisara Road, Ward (41), North Dagon Township
Yangon

Shwe Taw Win Hospital is a specialist hospital providing high-quality health care services to patients through the combined and dedicated hands of medical and non-medical experts i...

Jasmine Dental Whitening Center Jasmine Dental Whitening Center
No. 37/Quarter, Between Hantharwaddy & Kyun Taw Road, Kamayut Township
Yangon, 11051

သွား နှင့် ခံတွင်း အထူးကု ဆေးခန်း

ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

Yazadhirit Hospital Yazadhirit Hospital
No. 13, Yazadhirit Street, 7 Quarter, East Dagon
Yangon, 11451

Hospital

သျှင်ပါကူ ဆေးရုံ - SHIN PAR KU Hospital သျှင်ပါကူ ဆေးရုံ - SHIN PAR KU Hospital
အမှတ်(၇၁/၇၃)၊ ဗညားဒလလမ်း၊ ဗျိုင်းရေအိုးစင်လမ်းထိပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Yangon, 11201

Online medical consaultation

Jasmine Dental Pediatric Center Jasmine Dental Pediatric Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

First fully digitalized dental clinic in Myanmar

Origin Fertility Center Origin Fertility Center
Moe Kaung Street, (15) Quarter, Yankin Township
Yangon, 11081

We bring a team of specialist committed to providing the best care in infertility.

SSC Women's Centre SSC Women's Centre
No. 7, East Shwe Gon Dine Road, Bahan Township
Yangon, 11201

SSC Women's Centre provides highly regarded surgical, oncological, clinical care to women & children

Central Medical Center - "ဗဟို" ၂၄ နာရီ အထူးကုဆေးခန်း Central Medical Center - "ဗဟို" ၂၄ နာရီ အထူးကုဆေးခန်း
အမှတ် ၁၆၆၊ အထက်ဗဟိုလမ်း၊ (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊၊
Yangon

Thatoe Aung Zeya Hospital Bed Thatoe Aung Zeya Hospital Bed
No(165) , Room(6) 24th Quarter, Thanthumar Road, Thuwana , Thingangyun Township
Yangon, 11072

Gaday Htay General Hospital Gaday Htay General Hospital
Innwa Street
Yangon