Kyaw Thet Htun

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Thet Htun, Camera/Photo, Yangon.

25/08/2023

အကြည့်ချင်း ဆုံချင်လို့😚

19/07/2023

အမှောင်ထုရဲ့အဆုံးမှာအလင်းရောင်ရှိတယ်

13/03/2023

"လူတစ်ချို့ကလေ...

သူတို့သောကမှ ငရဲမီးထင်တာ

သူများသောကဆိုရင် အပူရယ်မထင်ကြဘူး

Crd

08/03/2023

\\''စကားပြောတတ်ဖို့လိုတယ်''//
------------------------------------------------

ဝေဖန်ထောက်ပြတာနဲ့ ကဲ့ရဲ့တာမတူဘူး
ဝေဖန်ထောက်ပြတယ်ဆိုတာ အမှားကိုပြင်နိူင်ဖို့အတွက် အကျိုးအ​ကြောင်းစီလျော်အောင် တည့်မတ်ပေးတာ။ကဲ့ရဲ့တယ်ဆိုတာ
လူတစ်ဖက်သားကို အရှက်ရသွားအောင်
အကောင်းအဆိုးမသေချာပဲ အထင်နဲ့အမြင်မခွဲခြားပဲ သူတစ်ပါးကိုနစ်နာစေလိုတဲ့စိတ်နဲ့အပြစ်တင်လွန်းတာပါ။

တစ်ခါတလေ လူတွေက ကိုယ့်စကားမှအမှန် သူတစ်ပါးပြောရင်မှားနေတယ်ထင်နေတာ အမှန်တော့ တူညီတဲ့စကားတွေပါပဲ။
သေချာ ဂဃနဏမသိပဲ ဝေဖန်အပြစ်တင်ချင်တဲ့စိတ်ကြောင့်သာ အတ္တစိတ်တွေများသွားကြတာပါ။

မှန်တိုင်းလည်း မပြောသင့်တဲ့စကားရှိတယ်
မှန်တိုင်းလည်း မဝေဖန်သင့်တဲ့အကြောင်းရှိတယ် လူဆိုတာ ထီးနန်းနဲ့နေနိူင်မှ လူပီသတာမဟုတ်ဘူး စည်းနဲ့ကမ်းနဲ့နေနိူင်မှလူပီသတာပါ...ဒါကြောင့် ဘာကိုပဲလုပ်လုပ် စည်းထားဖို့လိုပါတယ်...ဘာစကားကိုပဲပြောပြော လူ့စည်းကမ်းအရသိဖို့လိုပါတယ်။

လူတစ်ယောက်အကြောင်းအပေါ်ယံသိရုံလောက်နဲ့မဝေဖန်ပါနဲ့ သင်တွေ့တာက စာအုပ်တစ်အုပ်ရဲ့အပေါ်ယံမျက်နှာဖုံးပါ
စာအုပ်ရဲ့အတွင်းစာမျက်နှာတွေမှာ ဘယ်လိုအကြောင်းတရားတွေရှိတယ်ဆိုတာ သင်မမြင်နိူင်တဲ့အတွက် ဝေဖန်မစေမိပါစေနဲ့။

အကြောင်းတရားအစုံကို သေချာဂ၊ဃ၊န၊ဏမသိရင်တိတ်တိတ်နေပါ ပါးစပ်နဲ့လူမသတ်ပါနဲ့ လူတစ်ယောက်ကို အနိူင်ယူဖို့ ဘာလက်နတ်မှမလိုဘူး တစ်ချို့စကားလုံးတွေက လူတစ်ယောက်ရဲ့စိတ်ကို ဟိုးအောက်ဆုံးထိကျသွားနိူင်တယ်ဆိုတာမမေ့ပါနဲ့။

စကားကြောင့်သာ အားဖြစ်ပါစေ
စကားကြောင့်သာ ကုသိုလ်ဖြစ်ပါစေ
စကားကြောင့်သာ ကူညီနိူင်ပါစေ
စကားကြောင့်သာ မေတ္တာတွေပွားနိူင်ပါစေ
အမုန်းတွေမယူပဲ အပြောတွေကိုတတ်နိူင်သမျှချိုသာနိူင်ပါစေ။

ကိုယ်တိုင်မသိပေမယ့် ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖတ်လူစိတ်ချမ်းသာတယ်ဆိုရင်ပဲ ကုသိုလ်ရနေပါပြီ။

လေးစားစွာဖြင့်

#မေဆုရာမညမြေအတွေးစာစုလေးများ

Photos from Kyaw Thet Htun's post 06/03/2023

အမှတ်တရတစ်ခု❤️

26. 3. 2022

Photos from Kyaw Thet Htun's post 06/03/2023

မနှစ်ကမတင်လိုက်ရဘူး

26. 3. 2022

04/02/2023

ဂုဏ်တော် ၉ ပါး ပုတီး ၁၀ ပတ် စိပ်နည်း
--------------------------------------

စီးပွားရေး အဆင်ပြေချင်တယ်
ငွေကြေးကံတွေ ပွင့်လန်းချင်တယ်
အနှောင့်ယှက်တွေလဲ ကင်းဝေးချင်တယ်
အစစ အရာရာ အဆင်ပြေစေချင်တယ်ဆိုရင်
ဂုဏ်တော် ၉ ပါး ပုတီး ၁၀ ပတ် စိပ်နည်းလေး ကို
နေ့စဉ်စိပ်ပါ

ဤ ပုတီးစိပ်နည်းလေးက ဘဘကြီး မင်းသိခ် ဖော်ပြပေးသွားတဲ့ပုတီး စိပ်နည်းလေးဖြစ်ပြီး အရမ်းလဲ အကျိုးကျေးဇူးများပါတယ်

ပုတီးကိုတော့ ၁၀၈ လုံးပုတီးကိုသာ အသုံးပြုရပါမယ်

၁။ အရဟံ ( ၁ ပတ် )

၂။ သမ္မာ သမ္ဗုဒ္ဓေါ ( ၁ ပတ် )

၃။ ဝိဇ္ဇာ စရဏ သမ္ပန္နော ( ၁ ပတ် )

၄။ သုဂတော ( ၁ ပတ် )

၅။ လောကဝိဒူ ( ၁ ပတ် )

၆။ အနုတ္တရော ( ၁ ပတ် )

၇။ ပုရိသဓမ္မသာရထိ ( ၁ ပတ် )

၈။ သတ္တာ ဒေဝ မနုဿာနံ ( ၁ ပတ် )

၉။ ဗုဒ္ဓေါ ( ၁ ပတ် )

၁၀။ ဘဂဝါ ( ၁ ပတ် )

ဤကဲ့သို့ တစ်နေ့လျှင် ပုတီး ၁၀ ပတ်
အချိန်မှန် နေရာမှန် နေ့စဉ် စိပ်ပေးပါ
သိသိသာသာ ထူးခြားလာပါလိမ့်မည်။

မူရင်းတင်သူအား လေးစားစွာ Crd ပေးပါသည်။

ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ​၏
ပုတီး စိပ်နည်းလည်း ဖြစ်ပါသည် ။ ဆရာတော်ဘုရား က
မနက် ၁၀ ပတ် နေ့လည် ၁၀ ပတ် ည ၁၀ ပတ် စိပ်ခိုင်းပါသည် ။

Credit

31/01/2023

သရေကွင်း ကျန်တဲ့အဖွဲ့ကလား❓

27/01/2023

ငါ့ my day က

ရင်ခုန်စရာမကောင်းလို့

မကြည့်ဒါလား?

25/01/2023

ဘယ်မြို့ကိုလွမ်းလဲတော့မသိဘူး

လွမ်းနေဒါတော့အမှန်ပဲ🙂

08/09/2022

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိလိမ့်မယ်..။

အမြဲ ပြန်ချင်နေတဲ့ မြို့ပေါ့။
အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း
ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။

နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့
ပိုပြီး စိတ်အေးစရာကောင်းနေသလို
နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က
ပိုပြီးခွန်အားဖြစ်စရာပါပဲ..။

တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှ
ထပ်မလဲချင်ဘူး..။

ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။
အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။

လူတစ်ယောက်ကိုလည်းလွမ်းရသလို
မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။

စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို
အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့
လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို
ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ..။

Credit by ဆရာမ ခင်ခင်ထူး

30/08/2022

၁။ တစ်ယောက်ယောက်ကို
မကျေနပ်တဲ့ အခါ
တစ်နေ့ကျရင် ခွဲရမှာပဲလို့တွေးလိုက်ပါ။

ဒါဆိုရင်…
ဒေါသ မဖြစ်တော့ဘူး။

၂။ တစ်ခုခုကို
ဆုံးရှုံးသွားတဲ့ အခါ…
တစ်နေ့ကျရင် ပျက်ရမှာပဲလို့တွေးလိုက်ပါ။

ဒါဆိုရင်…
ရင်ဘတ်စည်တီး မဖြစ်တော့ဘူး။

၃။ ကိုယ်လိုချင်တာကို မရတဲ့ အခါ
လိုတရဘဝဆိုတာ မရှိဘူးလို့တွေးလိုက်ပါ။

ဒါဆိုရင်…
သောက မဖြစ်တော့ဘူး။

၄။ သူများရဲ့အမှားတွေကို တွေ့တဲ့အခါ
ငါလဲ မှားတတ်တာပဲလို့တွေးလိုက်ပါ။

ဒါဆိုရင်…
အပြစ် မမြင်တော့ဘူး။

၅။ အဆင်မပြေမှုတွေကို ကြုံရတဲ့အခါ
ဘဝဆိုတာ တိုက်ပွဲပဲလို့တွေးလိုက်ပါ။

ဒါဆိုရင်…
အပြုံး မပျက်တော့ဘူး။

အဲဒါကို (ယောနိသောမနသိကာရ)
ငြိမ်းချမ်းသော သင့်မြတ်စွာ
နှလုံးသွင်းခြင်းလို့ ခေါ်ဆိုပါတယ်။

Credit - အရှင်ဒေဝိန္ဒာဘိဝံသ

28/08/2022

ဖေဖေဘာလို့ခွဲခဲ့ဒါလဲ🥲

Cover song
Ktv song

25/08/2022

ဘဝသစ် စပါ
=========

ပြန်မရတဲ့ အတိတ်တွေကို
တမ်းတ မနေပါနဲ့
ဘဝသစ် စပါ။

ရင်နာစရာတွေကို ထွေးပွေ့မထားပါနဲ့
ဘဝသစ် စပါ။

နာကျင်စရာတွေကို ပစ်ထုတ်ပြီး
ဘဝသစ် စပါ။

မဖြစ်နိုင်တာတွေကို မမျှော်လင့်ပါနဲ့
ဘဝသစ် စပါ။

ဘဝသစ် စပါ
မဖြစ်နိုင်တာတွေ မရနိုင်တာတွေကို
တောင်းတနေရင်း ဘဝအပျက်ခံတော့မလို့လား...?

လောကကြီးကို အရှုံးပေးတော့မလို့လား..?

လောကဓံတရားကို ရင်ဆိုင်ဖို့
ကြောက်ရွံ့နေပြီလား...?

အရာအားလုံးကို မေ့ထားပြီး
ဘဝသစ် စပါ။

မင်း လုပ်နိုင်ပါတယ်
နာကျင်စရာတွေကို မင်း မေ့နိုင်ပါတယ်။

အတိတ်တွေကိုလည်း
မင်း မေ့ပစ်နိုင်ပါတယ်
ခံစားမှု့တွေကိုလည်း
မင်း မျက်ကွယ်ပြုနိုင်ပါတယ်။

တစ်လောကလုံးက
မင်းကို ပစ်ပယ်ထားရင်တောင်
မင်းကိုယ်မင်းတော့ ချစ်တက်ရမယ်။

မင်းဘဝကို ပြုပြင် ပြောင်းလဲတက်ရမယ်
လူတိုင်းက အမှားနဲ့မကင်းကြပါဘူး
မှားမှန်းသိလို့ နောက်ပြန်လှည့်ပြီး
ပြောင်းလဲရမှာက မင်းတာဝန်ပဲ။

မှားခဲ့တဲ့ အမှားတွေကို ခေါက်ထားလိုက်ပါ
လမ်းမှန်လျှောက်ပြီး
ဘဝသစ် ပြန်စပါ။

ဘဝသစ် စပါ
မနက်ဖြန်က စလို့
မင်းဘဝကို အရင်ကထက်
ပိုပြီး ကောင်းမွန်အောင် နေပါ။

နေ့ရက်တိုင်းမှာ
ဘဝသစ်နဲ့ ပျော်ရွှင်အောင်နေပါ။

ငိုခဲ့တဲ့အချိန်တွေ ကုန်လွန်ပြီမို့
ပျော်ရွှင်ရမဲ့ အလှည့်မှာ
ဘဝသစ်နဲ့ ဖြတ်သန်းပါ။

ဘဝသစ် ပြန်စပါ။
_________
Crd

30/12/2021

ကြာပြီဆော့ထားဒါလေး♥️

30/09/2021

လိုသုံးပဲ သုံးသုံး မလိုသုံးပဲသုံးသုံး
သူတစ်ပါးစိတ်ချမ်းသာတယ်ဆိုရင်ပဲကျေနပ်ပါတယ်။ခါးသီးလွန်းတဲ့ ဘဝတွေမှာ
ဒေါင်ကျကျ ပြားကျကျ နေသားကျနေပြီမို့ လူ့ဘဝဆိုတာထက် ပစ်တိုင်းထောင်လို နေလိုက်ရတာပါပဲ ။

မကောင်းဘူးလား တိုက်ရိုက်ပြောနေ ရှင်းပြမနေတော့ ဘူး အချိန်တန်ရင် ကိုယ်ကောင်းတာလုပ်ရင် ကိုယ့်ခေါင်းက ဘယ်မှရွေ့သွားမှာ မဟုတ်တော့ ရှင်သန်နေသ၍ လိပ်ပြာလုံ ဖိုပဲလိုတယ်မဟုတ်လား။

ဒဏ်ရာတွေပြပြီး ငိုနေရမယ့်အရွယ်တွေမဟုတ်တော့ တစ်ခါတလေ တော့မြိုသိပ်လိုက်ပြီး တစ်ခါတလေ တော့ မျက်ရည်ကျမိတဲ့အချိန်တွေ ရှိခဲ့တာပဲလေ။

နေသားကျဖို့ နေသာသလို မနေတတ်ပေမယ့်
နေရတဲ့အခိုက်အတန့်တိုင်းကို ကျေနပ်နေဖို့ပဲလိုပါတယ်။မျှော်လင့်တာတွေ များရင် ပူလောင်နေရမယ့်အတူတူ ကိုယ်စိတ်ချမ်းသာဖို့ ဘယ်သူ့ဆီကမှ မမျှော်လင့်ပါနဲ့
ကိုယ့်ဘဝ ကိုယ့်အကြောင်းကို ကိုယ်ကလွဲပြီး နားလည်ပေးနိူင်မယ့်သူဆိုတာလောကမှာ မရှိပါဘူး ။

နှစ်သိမ့်ပေးမယ့်သူထက် ထိုးနှက်မယ့်သူက ပိုများလို့ အရမ်းဝမ်းနည်းနေရင်တောင် ပြုံးနိူင်ဖို့အမြဲကြိုး စားတယ် ကိုယ်ကျရှုံးရင်
တွဲထူမယ့် လက်ထက် ပြန် တွန်းချင်တာက ခပ်များများမို့ လောကမှာ လောဘ၊အတ္တ၊မာန၊ဒေါသတွေ. များလာရင် ဘယ်လောက် ခင်ခင် ဘယ်လောက်ချစ်ချစ် အားလုံးက ရန်သူပါပဲ။

လေးစားစွာဖြင့်
မေဆု(ရာမညမြေ )29/9/21(Wed)
#မေဆုရာမညမြေအတွေးစာစုလေးများ

Crd

29/09/2021

ငယ်သူငယ်ချင်းတွေနဲ့ယှဉ်ရင်တော့ လူပျိုကြီး🤧
အသက်အရွယ်အရဆိုတော့
ချာတိတ်လေး😍

29/09/2021

လိုနေဒါ ရည်းစားမဟုတ်ဘူး😑

လိုနေဒါ ပေါက်ဂဏန်း 😇

23/09/2021

ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ😔

Video crd

21/09/2021

Page ထောင်ပြီးဘာလုပ်မလဲတဲ့

Live လွှင့်ပြီး နို့ပြမလို့ဟေ့🥺

Kyaw Thet Htun Send a message to learn more

18/09/2021

မိဘတေ အတင်းပေးစားတဲ့ကောင်ကိုမယူချင်ဘူးဆိုရင်😁

ကိုရီးဆီပြေးလာခဲ့ညီမလေး⁉️

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဖေဖေဘာလို့ခွဲခဲ့ဒါလဲ🥲Cover songKtv song#Kyawthethtun
🤗
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ😔

Category

Website

Address

Yangon

Other Camera/Photo in Yangon (show all)
Wai Yan Min Wai Yan Min
Yangon

ZawLin feeling ZawLin feeling
Yangon

yagon

SafeZone SafeZone
15th Street, Lanmadaw Township
Yangon

CCTV, MATV, PA, PABX, Network Installation & Service Solution

𝐑𝐗𝐄•愛 𝐑𝐗𝐄•愛
Yangon

လွတ်လပ်စွာshare ယူနိုင်ပါတယ်။

S**e Chan  Nai Channel S**e Chan Nai Channel
ถนนปากหมาก, Mingaladon
Yangon, 84110

hi

Than Dar Win Than Dar Win
Yangon

fashion

Focus Photography Focus Photography
Shwe Bone Thar Street
Yangon

ShutterBug P. Scully 사진광 ShutterBug P. Scully 사진광
Yangon

- capture what u see -

Blackpink Show mmsub Blackpink Show mmsub
Yangon

everything