Yoon Monti

Yoon Monti

You may also like

karki
karki

own

01/01/2024

Happy New Year!

2024 နှစ်သစ်မှစ၍ သောကကင်းရှင်း၊ဘေးရန်ကင်းပြီး မိမိတို့၏ဘဝကိုပျော်ရွင်မှုများစွာဖြင့်ကျန်းကျန်းမာမာဖြတ်သန်းနိုင်ကြပါစေလို့ Yoon Mnoti မိသားစုမှဆုတောင်းလိုက်ပါတယ်။

31/12/2023

https://www.facebook.com/100064140158320/posts/757959589685373/?sfnsn=mo

🙏🙏🙏၂၀၂၄ နှစ်သစ်မှာ မြန်မာပြည်သူ/သား များအားလုံး ကပ်ဘေးအန္တရာယ် အဖြာဖြာမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်း ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏
😍အွန်လိုင်းBookStoreမှ မှာယူသူများအတွက်ကတော့ အထူးပေါ့နော်😘

အွန်လိုင်းBookStore
09447764867

13/12/2023

ကျွန်မသည် Account & Finance Field တွင် လုပ်သက် ၁၉ နှစ်ကျော် ရှိပြီး Finance Manager Role တွင် ၉ နှစ်ကျော် ရှိပါတယ်၊ ကျွန်မ Long Term လုပ်ဖို့ အဆင်မပြေ၍ Part Time အလုပ်လေးလုပ်ချင်ပါတယ်။ ကျွန်မပေးချင်တဲ့ Services လေးတွေကတော့
1. Financial Consultant
✍️ မှန်ကန်တိကျသောဘဏ္ဍာရေးဆိုင်ရာ Report များရေးဆွဲပေးခြင်းနှင့် ၎င်းတို့ကိုသုံးသပ်တင်ပြခြင်း၊
✍️ Budget များရေးဆွဲပေးပြီးလက်တွေ့နှင့်နှိုင်းယှဥ်ပြီးထိရောက်စွာဆောင်ရွက်ပေးခြင်း၊
✍️ လူကြီးမင်းတို့ Business နဲ့ကိုက်ညီသော Management Report များကို အချိန်နှင့်တပြေးညီဆောင်ရွက်ပေးခြင်း၊
✍️ လူကြီးမင်းတို့ Business Growth ဖြစ်ဖို့အတွက် Finance View မှ လိုအပ်သောအကြံဥာဏ်များပေးခြင်း၊
✍️ အခွန်နဲ့ပတ်သတ်သောကိစ္စရပ်များကိုအကြံဥာဏ်ပေးခြင်း၊

2. CFO Services
✍️ Accountant/ Senior Accountant လောက်ဘဲ ထားနိုင်သေးလို့ Financial Report များအချိန်မှီမရခြင်း၊ မတိကျခြင်း၊
✍️ Business နဲ့အံဝင်သော SOD, SOP တွေ မရှိခြင်း၊ဝန်ထမ်းတစ်ယောက်စီရဲ့ Juties & Responsibilities တွေမရှိခြင်း၊
✍️ Double job တွေဖြစ်နေခြင်း၊ ဖိုင်များသိမ်းဆည်းတဲ့နေရာမှာစနစ်မကျသောကြောင့်ရှာရခက်ခဲပြီးအချိန်မှီမရခြင်း၊
✍️ စာရင်းဇယား Format များကို ချတဲ့နေရာမှာ တစ်ဖိုင်တည်းနဲ့ပြီးမည့်ကိစ္စကို ဖိုင်တွေအများကြီးထားပြီးစနစ်မကျသောကြောင့် Report တစ်ခုရဖို့အချိန်တွေအများကြီးယူနေရခြင်း၊
✍️ Internal control တွေအားနည်းနေခြင်း၊
✍️ Company အတွင်းဌာနတစ်ခုနှင့်တစ်ခုချိတ်ဆက်ရာမှာအဆင်ပြေလွယ်ကူသောစနစ်များလိုအပ်နေခြင်း၊
စသောလိုအပ်ချက်များကို ဘဏ္ဍာရေးစဥ်းမျဥ်းများနှင့်အညီလုပ်ငန်းနဲ့ကိုက်ညီမည့်စနစ်ကိုချပေးပြီး မှန်ကန်တိကျလွယ်ကူသော Financial Statement များကိုလည်း Advance Excel ဖြင့်သော်လည်းကောင်း၊ Accounting Software ဖြင့်သော်လည်းကောင်း International Standard နှင့်အညီ Format ချပေးပြီး Financial Analysis ဟုခေါ်သော ဘဏ္ဍာရေးသုံးသပ်ချက်များကိုပါတာဝန်ယူဆောင်ရွက်ပေးပါတယ်။

3. Part time Services
လူကြီးမင်းတို့ Business မှာလိုအပ်နေသောအခန်းကဏ္ဍအလိုက်ဆောင်ရွက်ပေးခြင်း။

""လူကြီးမင်းတို့အနေနဲ့ပေးရတဲ့ငွေထက်ပိုသောဝန်ဆောင်မှုကိုရရှိမယ်ဆိုတာကိုရဲရဲကြီးအာမခံပါတယ်နော်""

👉 စိတ်ဝင်စားသောလူကြီးမင်းအနေနဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Contact Number: 09425771013

Photos from အွန်လိုင်းစာပေ bookstore's post 19/11/2023
26/06/2023

Good

အွန်လိုင်းစာပေ bookstore စာအုပ်ကောင်းလေးများ အား သက်သာသော တန်ဖိုးဖြင့် အိမ်အရောက် ဝန်ဆောင်ပေးနေပါပြီ.

23/07/2022

today

27/06/2022

ဆိပ်ကမ်းသာ Books အနယ်နယ်က စာပေအနုပညာရှင်တွေရဲ့ စာအု?

26/06/2022

ရေကျော် ပုဇွန်တောင် ဗိုလ်တထောင် သာကေတ (မြို့နယ်သူ/သား များအတွက်အထူး)

ဆိပ်ကမ်းသာ Books အနယ်နယ်က စာပေအနုပညာရှင်တွေရဲ့ စာအု?

23/06/2022

KFC ကြက်ကြော် ကြော်နည်း
***********************************
Credit:ကောင်းထက်ကျော်- မြန်မာဒံပေါက်
************************************************

ခုတလော နံမည်ကြီးနေတဲ့ KFC ကြက်ကြော် လုပ်နည်းပါ။ ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။ KFC ကြက်ကြော်နဲ့ အရသာရော၊ ပုံပါ တော်တော်ကို တူတာမို့ ချက်နည်းကို အားလုံးကို မျှဝေပေးချင်လို့ပါ။ လုပ်ရတာလည်း လွယ်ပါတယ်၊ ဒါပေမယ့် ကြက်သားနှပ်ထားချိန်ကတော့ ၁ရက်နီးပါးတော့ အချိန်ပေးရပါတယ်။ ချက်နည်းကို ကြည့်ရအောင်…
------------------------------------
ကြက်သားကို နုပ်ထားရန် ပါ၀င်ပစ္စည်းများ

ကြက်ပေါင်နဲ့ ရင်ဗုံ – ၄ခု
ဟင်းခတ်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ကြက်ပြုတ်ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
------------------------------------
ကြက်ကြော်အတွက် ပါ၀င်ပစ္စည်းများ

နုပ်ထားသော ကြက်ပေါင်နဲ့ရင်ဗုံ
ကြက်ဥ – တစ်လုံး
နွားနို့ – ၂၀၀ မီလီလီတာ
ဂျုံ – ၁၀၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ (ကြက်သွန်ဖြူ ညက်အောင် ထောင်းထည့်လျှင်လည်း ရသည်)
ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သားကို နုပ်ရန် ပါ၀င်ပစ္စည်းများဖြစ်သော ( ဟင်းခတ်မှုန့်၊ ဆား၊ ကြက်သွန်ဖြူမှုန့်၊ ကြက်ပြုတ်ရည်) တို့ဖြင့် သမအောင် နုယ်ပြီ အနည်းဆုံး ၂၄နာရီ တစ်ညသိပ် (ရေခဲသေတ္တာအောက်ထပ်)တွင် ထားပေးပါ။

၂။ ကြက်သားများကို တညသိပ်ပြီ နှပ်ပြီမှ ကြက်ဥနှင့် နွားနို့များကို ခွက်တစ်ခုထဲတွင် သမအောင် ခလောက်ပေးထားပါ။

၃။ ပြီမှ ဂျုံမှုန့်နှင့် ( ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆိုဒါ) တို့အားလုံး ဇလုံတစ်ခုထဲ သမအောင် ရောမွှေလိုက်ပါ။

၄။ ပြီလျှင် ကြက်ပေါင်ကို ခလောက်ထားသော ကြက်ဥခွက်ထဲနှစ်ပြီ ဂျုံမှုန့်များဖြင့် လိပ်လိုက်ပါ။

၅။ ထို့နည်းအတိုင်း ကျန် ကြက်ရင်ဗုံ၊ ပေါင်ကို ကြက်ဥနှစ်ပြီ ဂျုံကပ်ပေးပါ။

၆။ ကြက်ကြော်တဲ့အခါ ပိုကြွပ်ရွစေရန် ဂျုံကပ်ပြီသား ကြက်ပေါင်၊ ရင်ဗုံများ ကြက်ဥခွက်ထဲ ပြန်နှစ်ပြီ ဂျုံနောက်တစ်ကြိမ် ထပ်မန် ကပ်ပေးပါ။

ရ။ ဒယ်ထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ဂျုံကပ်ထားသော ကြက်ပေါင်၊ ရင်ဗုံများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
Crd

21/06/2022

ဆိပ်ကမ်းသာမှ
ယနေ့ဖြန့်ချီလိုက်ပါတယ်
K4000----------

Photos from ဆိပ္ကမ္းသာ Books's post 18/06/2022
11/06/2022

https://www.facebook.com/110774088153829/posts/154954730402431/?mibextid=ZSvcJdP

လူကြီးမင်းတို့ရဲ့လုပ်ငန်းများအတွက် Financial situation များနှင့် လုပ်ငန်းအမျိုးအစားအလိုက် management မှလိုအပ်သော စာရင်းဇယားများကိုအချိန်နဲ့တပြေးညီမှန်ကန်တိကျစွာသိရှိဖို့အတွက် Yoon Finance, Accounting & Auditing မှတာဝန်ယူပါရစေရှင့်
Yoon Finance, Accounting & Auditing မှတာဝန်ယူဆောင်ရွက်ပေးသောလုပ်ငန်းအမျိုးအစားများကတော့

# Consultant
လုပ်ငန်းအတွက်အရေးပါသော SOP များရေးပေးခြင်း၊ ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် JD များပြုလုပ်ပေးခြင်း၊ လုပ်ငန်းရဲ့ Organisation chart ဆွဲပေးခြင်း၊ စာရင်း Format များစနစ်မကျသောကြောင့် လိုအပ်တာထက်အချိန်တွေပိုယူနေရခြင်း၊ Management မှလိုအပ်သောစာရင်း များကို အချိန်မှီ၊ တိကျမှန်ကန်အောင်ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းတွင် Double job များကိုရှင်းလင်းပေးခြင်း စသည်ဖြင့်လုပ်ငန်းချောမွေ့မြန်ဆန်စေရန်နှင့် အသုံးစရတ်များ Waste မဖြစ်စေရန် လိုအပ်သည်များအားအကြံဥာဏ်ပေးခြင်း နှင့် Advanced Excel, Accounting software များဖြင့် Format ချပေးခြင်း၊ Payroll များဆွဲပေးခြင်းနှင့် Tax ကိစ္စများကိုပါ လုပ်ငန်းစနစ်တကျလည်ပတ်တဲ့ထိဆောင်ရွက်ပေးပါတယ်။

# Part time
CA, FM တစ်ယောက်လည်းမခေါ်ချင်သေးဘူး၊ Accountant ရဲ့အတွေ့အကြုံနဲ့ကလည်းလိုချင်တဲ့စာရင်းတွေကိုမရနိုင်ဘူး၊ စာရင်းဇယားများကိုလည်းစနစ်တကျဖြစ်ချင်တယ်ဆိုတဲ့ Company တွေအတွက် လူကြီးမင်းတို့လိုအပ်မဲ့အစိတ်အပိုင်းကို သင့်တော်တဲ့နှုန်းထားဖြင့်ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

audit
မိမိရဲ့လုပ်ငန်းတွင် Internal auditor တစ်ယောက်လည်းမခန့်ချင်သေးဘူးဆိုတဲ့ Company များအတွက် စာရင်းစစ်ပေးခြင်းများကိုလည်းဆောင်ရွက်ပေးပါတယ်။

reporting & analysis
လုပ်ငန်းအတွက်လိုအပ်သော Monthly, Quarterly, Yearly SOFP, SOPOL, SOCF, SOCIE and Analysis နှင့် Budget များရေးဆွဲခြင်း၊ လုပ်ငန်းရဲ့ Costing နဲ့ပတ်သတ်ပြီးတိကျမှန်ကန်စွာတွက်ချက်ပေးခြင်း နှင့်
Management Report များဆောင်ရွက်ပေးခြင်း။

accountant & Chief accountant
Senior Accountant, Chief Accountant ရာထူးဖြင့်လုပ်ငန်းကိုဝင်ရောက်ပြီးအတွေ့အကြုံနည်းသေးတာကြောင့် မိမိကိုမိမိ confidence မရှိခြင်း၊ Senior Accountant, Chief Accountant ရာထူးကိုတက်လှမ်းဖို့အတွက်လုပ်ငန်းအတွေ့အကြုံမရှိသောကြောင့်အခက်ကြုံနေရသောသူများကို သင့်တော်သောစျေးနှန်းဖြင့်ဆောင်ရွက်ပေးနေပါတယ်။

format
Advanced Excel, Peachtree, MYOB software များကိုအသုံးပြုပြီး Accounting format များချပေးခြင်း၊ Advance Excel ဖြင့်စာရင်းသွင်းရာတွင် Double သွင်းစရာမလိုဘဲ Financial statement generate ထွက်ပါမယ်၊ တခြားလုပ်ငန်းအတွက်လိုအပ်သောစာရင်းများကိုလည်း Data entry လေးသွင်းရုံဖြင့် လိုချင်သော report များအားလုံးကိုထုတ်နိုင်ပါမည်။ လွယ်ကူ၊ ထိရောက်မည့် Format များကို ပြုလုပ်ပေးပါတယ်။

business
လုပ်ငန်းငယ်လေးတွေအတွက်လည်း စျေးနှုန်းသက်သာစွာဖြင့် မိမိတို့လိုချင်သောစာရင်းပုံစံများကို Advanced Excel ဖြင့်လွယ်ကူစွာဆောင်ရွက်ပေးနေပါတယ်၊ အသုံးပြုမည့်နည်းလမ်းကိုပါနားလည်အောင်သင်ကြားပေးမည်ဖြစ်ပါတယ်။

"လူကြီးမင်းတို့အနေနဲ့စိတ်တိုင်းကျမယ်ဆိုတာကိုရဲရဲကြီးအာမခံပါတယ်"

လူကြီးမင်းတို့ရဲ့လိုအပ်နေသောအစိတ်အပိုင်းလေးတွေကို Yoon Finance, Accounting, Auditing မှ သင့်တော်သောနှုန်းထားများဖြင့်တာဝန်ယူပါရစေလားရှင့်

Khin Than Wai
LCCI _ III , IFRS
Experience _ 2 Years as a Computer
lecturer
_ 20 Years in Accounting &
Finance
Job type _ Manufacturing, Trading,
Construction, Hotels,
Travels & Tour, Audit firm
International clinic
Company type _ Local, Foreign, JV & Oversea

Please call free for enquiry!
Mobile: 09773993711, 09425771013

03/03/2022

မဂၤလာပါ
မိတ်ဆွေများ ရခိုင်စာ နှင့် မုန့်တီ ကြိုက်သူများအတွက် အထူးအော်ဒါ အစီအစဉ်လေး စတင်ပါပြီ~~အဖွဲ့လိုက် အများစာ အဆင်ပြေအောင် စိတ်တိုင်းကျ ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ကြိုတင်ဖုန်းဆက်ပြီး အော်ဒါ မှာယူလိုက်ပါနော်

ဖုန်း ၀၉၄၄၇၇၆၄၈၆၇

24/02/2022

#ကြေးအိုး ချက်စားကြရအောင်

#ကြေးအိုးပြုလုပ်နည်း

အရိုးပြုတ်ရည်က အဓိကပါ။ ဝက်ရိုး (သို့) ကြက်ရိုး နှစ်သက်ရာအသုံးပြုပါ။ ဝက်ရိုးတွေကို သကြား ဆား ထည့်ပြီး အချိန် တစ်နာရီခွဲခန့် ခပ်ကြာကြာလေးတည်ထားပေးပါ။ ရေခမ်းခါနီးဆို ရေထပ်ထည့်ပြီး တည်ပါ။ အပေါ်ယံဝေ့တက်လာတဲ့ အမဲဖတ်များခပ်ထုပ်ပစ်ပါ။

ကြာဇံကို နာရီဝက်ခန့်ရေစိမ်ထားပါ။ ကုဆိုင် နဲ့ မုန်ညှင်းရွက်များကို ရေစင်အောင်ဆေးပြီး လှီးဖြတ်ထားပါ။ ငုံးဥအသင့်ပြုတ်ပြီး အခွံခွာထားပေးပါ။

အသားလုံးများပြုလုပ်ဖို့အတွက် ဝက်သား (သို့) ကြက်သား (သို့) ငါးဖယ်များကို ကော်မှုန့်( အနည်းငယ်မျှသာ ) ဆား သကြား ငရုတ်ကောင်းမှုန့် ထည့်ပြီး ကြိတ်စက်ဖြင့်ကြိတ်ပါ။ ပြီးမှ အလုံးပုံစံလေးများလုံးထားပြီး အအေးခန်းတွင် တစ်နာရီခွဲခန့် နှပ်ထားပေးပါ။

အရိုးပြုတ်ရည်ထဲသို့ အသားလုံးများ ( အခြား ကလီစာ ကျောက်ကပ် အသည်း ) နဲ့ ငုံးဥ ဆား သကြား တို့ကိုထည့်ပြီး မိနစ်၂၀ခန့် ဆက်တည်ပါ။ အရည်နည်းနေတယ်ထင်ရင် ရေထပ်ထည့်ပြီးတည်ပါ။ ရေစိမ်ထားသော ကြာဇံကို ဆယ်ယူပြီး အရိုးပြုတ်ရည်ထဲသို့ ကြာဇံပြုတ်တဲ့ဇကာလေးထည့်ပြီး ကြာဇံအား မပျော့မမာအနေထားရအောင်ပြုတ်ပြီး ကြာဇံကိုပြန်ဆယ်ယူထားပါ။
ပဲပြား ကုဆိုင် နဲ့ မုန်ညှင်းကိုလည်း ကြာဇံပြုတ်သလိုဘဲ အရိုးပြုတ်ရည်ထဲကို ဇကာထည့်ပြီး ပဲပြား ကုဆိုင် နဲ့မုန်ညှင်းထည့်ပြုတ်ပါ။ အနေတော်အနေထားရမှ ပြန်ဆယ်ထားပါ။

ကြာဇံ မုန်ညှင်း ကုဆိုင် အသားလုံး ငုံးဥ ပဲပြားထည့်ပါ။ အရိုးပြုတ်ရည်ထည့်ပြီး ငရုတ်ကောင်းမှုန့်ဖြူးကား ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။

အချဉ်ရည်အတွက် ငရုတ်သီးကိုခပ်ကြာကြာပြုတ်ပြီး ထောင်းထားပေးပါ။ အဲ့ထဲသို့ ရှာလကာရည်ခပ်များများထည့်ပါ။ ပြီးမှ အချဉ်ရည်အနီ (သို့) ငရုတ်ဆီထဲသို့ ရှာလကာရည်စိမ်ထားတဲ့ ငရုတ်သီးဖတ်များခပ်ယူပြီးရောသွားအောင်မွှေပါ။ ဒီအချဉ်ရည်ဖျော်နည်းကအရမ်းအဆင်ပြေပါတယ်နော်။
တခြားနှစ်သက်ရာအချဉ်ရည်အသုံးပြုနိုင်ပါတယ်။

Crd:မူရင်း

23/02/2022

အခ်ိန္ပိုငိးဝန္ထမ္း

တဆေး(yeast) ဖော်စပ်နည်းလေး 23/02/2022

တဆေး(yeast) ဖော်စပ်နည်းလေး Yeast ဝယ်ရခက်ခဲခဲ့သော် တဆေး(yeast) ဖော်စပ်နည်း (အီကြာကွေး/ပေါက်ဆီ/ပေါင်မုန့် စသည့်မုန့်လုပ်ရာတွင် ပွအောင်ထည့်သည့်တ...

13/02/2022

မနက်ဖြန်ခါ ချစ်သူများနေ့ အမှတ်တရ အစီအစဥ်လေးတွေရှိပါတယ်နော်

13/02/2022

မရမ်းသီးငပိထောင်းနည်းလေး..😍
✏ မရမ်းသီး ၅ ကျပ်သား
✏ ရေဆေး ထက်ခြမ်းခွဲအစေ့ထုတ်ပြီးထား
✏ ပုစွန်ခြောက်ဟင်းစားဇွန်း ၁ ဇွန်း
✏ ငရုတ်သီးစိမ်းကိုလှော်ထားပါ
✏ ကြက်သွန်ဖြူ ၂ လုံး အခွံနွှာထားပါ
✏ မျှင်ငပိ ဟင်းစားဇွန်း ၁ ဇွန်းမီးကင်ထားပါ....
✌ ပုစွန်ခြောက်ကိုရေဆေးပြီး အရင်ထောင်း
✌ ကြက်သွန်ဖြူထည့်ထောင်း
✌ ငရုတ်သီးစိမ်းလှော်ထားတာထည့်ထောင်း
✌ မရမ်းသီးထည့် ဆားပါတစ်ခါတည်းထည့်ထောင်း
✌ နောက်ဆုံးမှမျှင်ငပိထည့်ထောင်းပါ.....
ထမင်းမြိန် ချဉ်ငံစပ် ရှူးရှဲ မရမ်းသီးထောင်းလေး......
😋😋😋😋😋

လေးစားလျှက်..crd
Credit Mar Lay

19/01/2022

မဂၤလာပါ
ယွန်း မုန့်တီ ရဲ့ Special Menu အထူးအသုတ် လေးနဲ့ မိတ်ဆတ်ပေးချင်ပါတယ် # Appetizer လို့ခေါ်တဲ့ ခံတွင်းနူး အစားအစာလေးဖြစ်တဲ့ ရွက်စုံသုတ် လေးကို မြည်းစမ်း ကြည့်ပြီး အစားစားချင်စိတ်တွေ ဖြစ်ပေါ် လာမှာပါနော်~ ခံတွင်း ပျက်နေသူများ / အစားအသောက် စားချင်စိတ် ပျက်နေသူများအတွက် ( ချင်-ငံ-စပ် ) အရသာလေး ကို ပေးစွမ်းမှာပါနော် # #

Food Order Please Call
09447764867

ဟင်းသီးဟင်းရွက် ချက်နည်း စုစုပေါင်း ၂၈ မျိုး 06/01/2022

အသီးအရွက်ကြိုက်သူများအတွက်

ဟင်းသီးဟင်းရွက် ချက်နည်း စုစုပေါင်း ၂၈ မျိုး . . . . . . . . . . . . . . . . . . . . . . . . . . .

Photos from Yoon Monti's post 27/12/2021

"ကြက်ချိုပေါင်း နူးအိလေး"
အော်ဒါ တင်နိုင်ပါပြီ

လာမည့် Wednesday နေ့တွင်ပို့ပါမည်။
ပို့ခ-၅၀၀ ကျပ်သာ ( ရေကျော် / ဗိုလ်တထောင်)
ပွဲကြီး-၃၅၀၀ ကျပ်
ပွဲသေး-၂၀၀၀ ကျပ်

ဖုန်း-၀၉၄၄၇၇၆၄၈၆၇

22/12/2021

ဆုမွန်ကောင်း တောင်းလျှက်~~~

စားသုံးသူ မိတ်ဆွေများ ကျန်းမာ ပျော်ရွှင် ဘေးဘယ်ရာကင်းကြပါစေ~~

Mobile uploads 19/12/2021

ခရမ်းသီးချက်ကြိုက်သူတွေအတွက်

ခရမ်းသီးကိုမြေပဲဆံနဲ့သက်သတ်လွတ်နှပ်ထားတာပါ
အစိမ်းရောင်ထောပတ်ခရမ်းသီးနဲ့နှပ်ပါတယ်
ချက်နည်းလေးရေးပေးပါမယ်

မြေဲဆံတွေကိုရေနွေးပူပူနဲ့ဆယ်မိနစ်လောက်စိမ်ပါ
ပြီးမှအခွံချွတ်ပါ
ကြက်သွန်ဖြူ နဲ့အဲဒီမြေပဲဆံတွေကိုရောပြီး
မညက်တညက်ထောင်းထားပါ
ခရမ်းသီးတွေကိုလေးစိတ်စိတ်ပြီးအလယ်ကအသားတစ်ချို့
ဖယ်ထုတ်ပါ
ပြီးမှ
ထောင်းထားတဲ့မြေပဲတွေကိုအချိုအငန်အရသာထည့်ပြီး
ခရမ်းသီးတွေထဲအစာသွပ်ပါ
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီး
တို့ကိုညက်အောင်ထောင်းပြီးဆီသပ်ပါ
ဆီမနည်းပါစေနဲ့
ကြက်သွန်တွေကြွပ်ရင်
မဆာလာထည့်ကြော်ပါ
ပြီးရင်ခရမ်းသီးတွေအလုံးမပျက်ထည့်ပါ
ပဲငန်ပြာရည်အကြည် နဲ့ရေအနည်းငယ်ထည့်ပြီး
အိုးအဖုံးအုပ်ချက်ပါ
မီးနည်းနည်းနဲ့ချက်ပါ
ရေကိုခရမ်းသီးနူးအိတဲ့အထိနည်းနည်းချင်းသာထည့်ပါ
နောက်ဆုံးဆီပြန်ပြီဆိုရပါပြီ
သက်သတ်လွတ်အတွက်ဟင်းကောင်းတစ်ခွက်ပါ

Credit ခန့်ခန့်ကြီး

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon Upper Pazadaung
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Yangon restaurants (show all)
ဂဏန်းကောင် ဂဏန်းကောင်
Kwet Thit 2 Street, Insein Township
Yangon, 11011

Seafood and Decoration

ဝါးတီးTime ပင်လယ်စာ ဝါးတီးTime ပင်လယ်စာ
No 47, Bayint Naung Road, Yangonthit Quarter, Thuwunna, Thingungyun Township
Yangon

စားလို့လဲကောင်း ဈေးလဲတန်

Htoo Htoo
North Okkalapa 3 Street 1 Quarter
Yangon, .

Crunchy Crunchy
No. (B, 2), Myanmar Sport Hotel Compond, Lay Daunt Kan Road, Thingangyn Township, Yangon (In Front Of ILBC)
Yangon

ᖴOOᗪ ᗰᗩKEᔕ EᐯEᖇYTᕼIᑎG ᗷETTEᖇ ᕙ(♥̃ ▿♥̃)ᕗ

Seafood Crush Seafood Crush
Bommar 3rd Street
Yangon

သန့်ရှင်းလတ်ဆတ် Seafood Crush

လပ်ကီး လက်ညှစ်မုန့်တီ နှင့် ပင်လယ်စာ လပ်ကီး လက်ညှစ်မုန့်တီ နှင့် ပင်လယ်စာ
No. 30, Ngar Man Aung Paya Street
Yangon, 11821

Healthy, Happy and Delicious

Hurricane Village B.B.Q Bar &Restaurant Hurricane Village B.B.Q Bar &Restaurant
သာကေတတိုင်းရင်းသားကျေးရွာဝင်ပေါက်အနီး၊သာကေတမြို့နယ်။
Yangon

ဆိတ်ငြိမ်အေးချမ်းသောသဘာဝတရားကိုလာ?

Malar Seafood Malar Seafood
Yangon, 11191

Eat with me!

ရခိုင်လက်ရာ ရခိုင်အစားအစာနှင့်သစ်သီးဖျော်ရည် ရခိုင်လက်ရာ ရခိုင်အစားအစာနှင့်သစ်သီးဖျော်ရည်
Yangon

ရခိုင်ထမင်းဟင်း ရခိုင်မုန့်တီနှင့်ပင်လယ်စာဟင်းလျာများ အသုပ်များကို စိတ်တိုင်းကျမှာယူနိုင်ပါတယ်ရှင့်။

maw yon cafe maw yon cafe
22, 39th Street, Kanna Block, Kyauktada Tsp
Yangon

Restaurant

Win Hotpot Win Hotpot
No 258 Bagayar Road Myaynigone, Sanchaung Township
Yangon, 11111

Offering the best and authentic Halal Hotpot, Mala Xiang Guo and BBQ In Town. We provide our customer the best value and quality with a mixture of natural herb and spices!

Aye Nyein Mon Aye Nyein Mon
Maharbawga Street
Yangon