AYZ Group Law Firm
Working with a Professional Lawyers who are well versed in the field of law can overcome unwanted si
အလုပ်သင်ရှေ့နေ (သို့မဟုတ်) ဥပဒေ ကျောင်းသားတစ်ဦး ခန့်အပ်လိုပါသည်။
Online ဖြင့်သာ Work From Home လုပ်ဆောင်ပေးရမည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ လိုအပ်မှသာ ရုံးသို့လာရောက်ရမည်ဖြစ်သည်။
✅လိုအပ်သော အရည်အချင်းများ-
*စာရေး၊စာဖတ်ဝါသနာပါသူဖြစ်ရမည်။
*ဥပ ဒေနှင့် သက်ဆိုင်သော အကြောင်းအရာများကိုလည်း ကိုယ်တိုင်ရေးသားနိုင်ရမည်။
*Microsoft Word နှင့် Social Mediaအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
*အလုပ်ချိန် မနက်(၉) မှ ည(၆)_ Online
*Third year နှင့် အထက် ဥပဒေကျောင်းသား/သူ များ လျှောက်ထားနိုင်သည်။
စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့်-
CV Form နှင့် မိမိကိုယ်တိုင်ရေးသားထားသော ဥပဒေနှင့် သက်ဆိုင်သော Content တစ်ခုခုကို A4 စာမျက်နှာ တစ်မျက်နှာ (သို့မဟုတ်) နှစ်မျက်နှာ အထိရေးသား၍ [email protected] သို့ ပေးပို့ပေးရမည်ဖြစ်သည်။
ကုမ္ပဏီတစ်ခုအဖြစ်မတည်ထောင်ခင်သိရှိသင့်သည်အရာမျာ(အပိုင်း - ၂)
၇။ ရှယ်ယာလွှဲပြောင်းပေးနိုင်ခွင့်ရှိခြင်း
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ကုမ္ပဏီများသည် အမျိုးအစားလေးမျိုးမှ တစ်မျိုးမျိုးဖြင့် ဖွဲ့စည်းတည်ထောင်နိုင်သည်။ ယင်းတို့မှာ -
(၁) အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ
(၂) အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ
(၃) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ
(၄) တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီ
စသည်တို့ဖြစ်သည်။
ပြည်တွင်းတွင်ဖွဲ့စည်းထားသည့်ကုမ္ပဏီနှင့်သက်ဆိုင်သည့် ပြည်တွင်းပြည်ပရှယ်ယာရှင်းများ သို့မဟုတ် ရှယ်ယာကိုင်ဆောင်ထားသူများအား အကန့်အသတ်မရှိဘဲ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီလွှဲပြောင်းနိုင်သည်။ သို့ရာတွင် ကုမ္ပဏီတစ်ခုအတွက် 'နိုင်ငံခြား' ပိုင်အခြေအနေတစ်ခုသို့ ပြောင်းလဲမည်ဆိုပါက DICA သို့ အကြံပြုရန် လိုအပ်မည်ဖြစ်ပါသည်။
၈။ သီးခြားဖြစ်တည်မှုရှိခြင်း
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် ဥပဒေအရဖန်တီးထားသည့် သီးခြားရပ်တည်နိုင်သောလူပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းပင်ဖြစ်သည်။ သို့ပါသောကြောင့် ကုမ္ပဏီတစ်ခုသည် သီးခြားပိုင်ဆိုင်မှုများရှိပြီး ၎င်း၏အမည်ဖြင့် ပိုင်ဆိုင်မှုများကို ပိုင်ဆိုင်နိုင်ခြင်း၊ အသုံးပြုနိုင်ခြင်းတို့အပြင် စွန့်လွတ်နိုင်ခြင်း စသည့်အခွင့်အရေးများရှိသည်။
၉။ တရားစွဲဆိုနိုင်ခွင့်နှင့်တရားစွဲဆိုခံခွင့်ရှိခြင်း
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် ၎င်း၏အမည်ဖြင့် တရားစွဲနိုင်ပြီး ၎င်း၏အဖွဲ့ဝင်များကိုပင် တရားစွဲနိုင်သည်။ ဥပမာအားဖြင့် ကုမ္ပဏီနှင့်ပတ်သက်သော အသရေဖျက်သည့်ကိစ္စအား ထုတ်ဝေပါက လုပ်ငန်းကို ထိခိုက်နိုင်သည့် နစ်နာကြေးများကိုရရှိနိုင်ရန်အတွက်လည်း တရားစွဲဆိုပိုင်ခွင့်လည်း ရှိမည်ဖြစ်သည်။
၁၀။ ပဋိညာဉ်ပါအခွင့်အရေးများရှိခြင်း
ကုမ္ပဏီတစ်ခုသည် ၎င်း၏အမည်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် ပဋိညာဉ်စာချုပ်များချုပ်ဆိုနိုင်သည်။ ကုမ္ပဏီတစ်ခုသည် ၎င်း၏ အစုရှယ်ယာရှင်များအတွက် ယုံကြည်အပ်နှံခြင်းခံရသူမဟုတ်သည့်အတွက် ရှယ်ယာရှင်တစ်ဦးသည် ကုမ္ပဏီက တည်ထောင်ထားသော စာချုပ်ကို လိုက်နာကျင့်သုံးနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ ရှယ်ယာရှင်များသည် စာချုပ်တွင် ပါဝင်သူမဟုတ်သလို ၎င်းမှ မည်သည့်အကျိုးအမြတ်မှ ခံစားခွင့်မရှိသောကြောင့်ဖြစ်သည်။
၁၁။ ဆောင်ရွက်ခြင်းများအားကန့်သတ်ထားခြင်း
ကုမ္ပဏီတစ်ခုသည် ၎င်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖော်ပြထားသည့် အခွင့်တာဝန်များထက် ကျော်လွန်လုပ်ဆောင်၍ မရပါနိုင်ပေ။ ဖွဲ့စည်ပုံအခြေခံစည်းမျဉ်းသည် ကုမ္ပဏီ အခွင့်အရေးနှင့်တာဝန်များကိုထိန်းညှိပေးပြီး ကုမ္ပဏီ၏ ရည်ရွယ်ချက်များကို ပြုပြင်ပေးသည်။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပေးအပ်ထားသည့် အခွင့်အာဏာများထက် ကျော်လွန်လုပ်ဆောင်သည့် လုပ်ရပ်များသည် ကုမ္ပဏီပျက်ပြယ်ခြင်းသို့ဦးတည်ရောက်နိုင်သွားသည့်အတွက် လွန်စွာသတိထားသင့်ပါသည်။
၁၂။ သီးခြားစီမံမှုများရှိခြင်း
ကုမ္ပဏီ၏အဖွဲ့ဝင်များသည် ကုမ္ပဏီ၏စီမံခန့်ခွဲမှုတွင် ဝန်ထုပ်ဝန်ပိုးမခံရဘဲ အမြတ်အစွန်းများရရှိနိုင်ပါသည်။
မှတ်ချက်။ ။ ကုမ္ပဏီ၏ စီမံခန့်ခွဲမှုများအား လုပ်ဆောင်နိုင်သည့် ဒါရိုက်တာများနှင့် မြန်မာနိုင်ငံကုမ္ပဏီဥပဒေအရ တွေ့မြင်နိုင်သည့် ဒါရိုက်တာအမျိုးအစားများအား နောင်တွင် ဆက်လက်ဖော်ပြမည်ဖြစ်သည်။
၁၃။ ရပ်စဲနိုင်ခွင့်ရှိခြင်း
ကုမ္ပဏီသည် ဖျက်သိမ်းခြင်းလုပ်ဆောင်ခြင်းမပြုမီ အချိန်ကာလအထိ တရားဝင်ဖွဲ့စည်းတည်ထောင်ခြင်းပြုထားသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် ဖျက်သိမ်းခြင်းကိစ္စရပ်များလုပ်ဆောင်သည့်အခါမှသာလျှင် တရားဝင်ရပ်စဲနိုင်ခွင့်ရှိမည်ဖြစ်သည်။ ကုမ္ပဏီတစ်ခုအား တရားဝင်ရပ်စဲခြင်းပြုလုပ်လိုပါက အဆင့်ဆင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများမှ တစ်ဆင့်သာ ရပ်စဲနိုင်ခွင့်ရှိမည်ဖြစ်သည်။
(အပိုင်း - ၁) အားဖတ်ရှု့လိုပါက အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖတ်ရှု့နိုင်ပါသည်။https://www.facebook.com/100436325228344/posts/pfbid02qRkNtiGJu2mNGKpCiGji1zzrrQWMLgwrDyweofEGArRrAjb4yjDdJHPwVcH9vEF6l/
ယခုရေးသားသည့်အကြောင်းအရာသည် ကုမ္ပဏီနှင့်ပတ်သတ်သည့်အခြေခံသဘောတရားများအား နားလည်စေရန်အတွက်သာ ဖြစ်ပါသည်။
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐃𝐢𝐜𝐚𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
ကုမ္ပဏီ(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုအတွက်သီးခြားငွေစာရင်းတစ်ခုဖွင့်လှစ်ခြင်း (𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐜𝐜𝐨𝐮𝐧𝐭)
- ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦစီးဌာနရဲ့ ညွှန်ကြားချက်အမှတ် (၁၃၆/၂၀၂၁) အရ ကုမ္ပဏီ/အဖွဲ့အစည်း အမည်ဖြင့် သီးခြားငွေစားရင်ဖွင့်လှစ်ရန် ညွန်ကြားချက်ရှိသဖြင့် ကုမ္ပဏီတစ်ခုဟာ သီးခြားငွေစာရင်း (𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐜𝐜𝐨𝐮𝐧𝐭) ထားရှိရမှာဘဲဖြစ်ပါတယ်။
- သီးခြားငွေစာရင်းဖွင့်လှစ်တဲ့အခါ ဘယ်အရာတွေလိုအပ်ပါသလဲ။
လိုအပ်ချက်တွေကတော့ -
(၁) 𝐁𝐎𝐃 ဆုံးဖြတ်ချက် (𝐁𝐨𝐚𝐫𝐝 𝐨𝐟 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫𝐬 𝐑𝐞𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧)
(၂) ကုမ္ပဏီ 𝐋𝐞𝐭𝐭𝐞𝐫 𝐇𝐞𝐚𝐝 ပါ ဘဏ်စာရင်ဖွင့်ခွင့်လျှောက်လွှာ
(၃) ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်း လုပ်ဆောင်မည့်သူတစ်ဦး (သို့) အများဖြစ်ပါက ပါဝင်သူများ၏ မှတ်ပုံတင်မိတ္တူနှင့်မူရင်း
(၄) 𝐃𝐢𝐜𝐚 𝐄𝐱𝐭𝐫𝐚𝐜𝐭 𝐅𝐨𝐫𝐦 (𝐄𝐱𝐭𝐫𝐚𝐜𝐭 𝐅𝐨𝐫𝐦 တွင်ပါဝင်သည့်လူနှစ်ဦး)
(၅) ကုမ္ပဏီ၏သင်းဖွဲ့စည်းမျဉ်းမှုရင်း(သို့မဟုတ်)မိတ္တူ
- အထက်တွင်ဖော်ပြသည့်အချက်များတွင် ကုမ္ပဏီ၏သင်းဖွဲ့စည်းမျဉ်းအား တစ်ချို့ဘဏ်များတွင် တောင်ဆိုသော်လည်း တစ်ချို့သော ဘဏ်များတွင် တောင်းဆိုခြင်းမရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့ရာတွင် 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐜𝐜𝐨𝐮𝐧𝐭 ဖွင့်လှစ်ရန် ရည်ရွယ်ထားပါက အထက်ပါ စာရွက်စာတမ်းများလိုအပ်မည်ဖြစ်သည်။ ထို့အပြင် အချိန်ကာလအားလျော်စွာအပြောင်းအလဲများရှိနိုင်ပြီး မိမိဖွင့်လှစ်မည့်ဘဏ်၏မှုဝါဒ အရ တစ်ခြားထပ်တိုးလိုအပ်သည့် စာရွှက်စာတမ်းများလည်း တောင်းဆိုကောင်းတောင်းဆိုနိုင်မည်ဖြစ်သည်။
- 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာတော့ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦစီးဌာနရဲ့ ညွှန်ကြားချက်အမှတ် (၁၃၆/၂၀၂၁) အားမှုရင်းအတိုင်း သိရှိနိုင်ရန် အလို့ငှာမျှဝေဖော်ပြလိုက်ရပါတယ်။
#𝐎𝐧𝐥𝐢𝐧𝐞𝐋𝐞𝐠𝐚𝐥𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐒𝐡𝐨𝐫𝐭𝐇𝐢𝐠𝐡𝐭𝐥𝐢𝐠𝐡𝐭𝐟𝐫𝐨𝐦𝐜𝐥𝐢𝐞𝐧𝐭
#𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐋𝐞𝐠𝐚𝐥𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐋𝐚𝐰𝐲𝐞𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐎𝐮𝐫 𝐍𝐞𝐰 𝐒𝐞𝐫𝐯𝐢𝐜𝐞 (𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐠𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧)
၁။ 𝐎𝐧𝐥𝐢𝐧𝐞 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
- 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 ဆိုတာ ယနေ့ခေတ် လူအများစုကြားမှာ သိပ်မစိမ်းလှတော့တဲ့ အရာတစ်ခုပါဘဲ။ ဆက်သွယ်သူနှစ်ဦး သို့မဟုတ် နှစ်ဦးနှစ်ယောက်ထက်ပိုတဲ့အစုအဖွဲ့ကြားမှာ အင်တာနက်ကို အသုံးပြုဆက်သွယ်ဆွေးနွေးခြင်းဘဲဖြစ်ပါတယ်။
၂။ 𝐋𝐞𝐠𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 တစ်ခုလုပ်ရခြင်း၏ရည်ရွယ်ချက်ကဘာလဲ။ ဘာကြောင့်အရေးပါတာလဲ။
ရည်ရွယ်ချက်
- 𝐋𝐞𝐠𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 လုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာလုပ်ငန်းရှင်တွေ သို့မဟုတ် တစ်ဦးပုဂ္ဂိလ်များရဲ့လုပ်ငန်းနဲ့ပတ်သတ်တဲ့ ဥပဒေရေးရာအကြောင်းအရများကို ကျွမ်းကျင်ရှေ့နေများနှင့် ဥပဒေအကြံပေးများနှင့်ဆွေးနွေးတိုင်ပင်ပြီး ထိုမှတစ်ဆင့် လုပ်ဆောင်သင့်သည့်ကိစ္စရပ်များကိုအကောင်းဆုံးလုပ်ဆောင်ကြခြင်းပင်ဖြစ်ပါသည်။
အရေးပါရခြင်းအကြောင်း
- 𝐂𝐥𝐢𝐞𝐧𝐭 ကို 𝐋𝐞𝐠𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 လုပ်ပေးတယ်ဆိုတာဟာ စီးပွားရေးတစ်ခုကို မတည်ထောင်ခင် သို့မဟုတ် တည်ဆောင်ပြီးနောက် ဥပဒေဆိုင်ရာ ကုစားမှုတစ်ခုလုပ်ဆောင်ပေးခြင်းဖြစ်သည်သာမက 𝐂𝐥𝐢𝐞𝐧𝐭 ရဲ့လိုအပ်ချက်တွေ၊ အခွင့်အလမ်းတွေက ဘယ်လိုရှိလဲဆိုတာကိုပါ ရှာဖွေပေးနိုင်တဲ့ ဥပဒေအထောက်အကူပြုခြင်းသဘောဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်များကို ဥပဒေဘောင်အတွင်းမှ အကျိုးအမြတ်အများဆုံးနှင့် အန္တာရယ်အနည်းဆုံး ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်ဘဲဖြစ်ပါတယ်။
- ပုံမှန် 𝐋𝐞𝐠𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 လုပ်တဲ့သူအများစုဟာ မိမိလုပ်ငန်းမှာကျရောက်လာနိုင်တဲ့ ဥပဒေပိုင်းဆိုင်ရာပြဿနာများကို မဖြစ်ပေါ်ခင်ကြိုတင်တားဆီးကာကွယ်နိုင်သလို ဖြစ်ပေါ်လာသည့်အခါမျိုးမှာလည်း အဆုံးအရှုံးအနည်းဆုံးဖြင့် ပြုမှုဆောင်ရွက်နိုင်မှာဘဲဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့အမှန်တရားတစ်ခုကတော့ ပုံမှန် 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 မလုပ်ဘဲ ပြဿနာပေါ်တော့မှ 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 လုပ်ကြတဲ့အတွက် လုပ်ငန်းအများစုဟာ 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧လုပ်လို့ပေးရမယ့်ငွေပမာဏထက် ပိုမိုကုန်ကျတဲ့စရိတ်စကများကိုပါ ပေးချေရတဲ့အပြင် အဆုံးအရှုံးကြီးမားကြတာကိုလည်း တွေ့မြင်နိုင်ကြပါလိမ့်မယ်။ အကျဉ်းချုံးအားဖြင့် အထက်ဖော်ပြပါ အချက်(၂)ချက်ကြောင့် 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧လုပ်ဖို့ဟာ အရေးပါတယ်လို့ ပြောနိုင်ရခြင်းဖြစ်ပါတယ်။
၃။ 𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐠𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧 က ဘယ်လိုလူပုဂ္ဂိုလ်မျိုးအတွက် သင့်လျော်လဲ။
- လုပ်ငန်းလုပ်သူအားလုံးအတွက် သင့်လျော်ပါတယ်လို့ဘဲ ဖြေကြားချင်ပါတယ်။
ဒီအတွက်တော့ သိပ်စိတ်မပူပါနဲ့တော့ ကျွန်တော်တို့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ ကျွမ်းကျင် ကော်ပိုရိတ်ရှေ့နေ အများစုဖြင့် အဆိုပါ ကိစ္စရပ်များကို ပိုင်ပိုင်နိုင်နိုင်ဆွေးနွေးဖြေရှင်းဆောင်ရွက်ပေးနိုင်တယ်လို့ သတင်းကောင်းပါးချင်တာပါဘဲ။ 𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐠𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧 ပေးဖို့ တောင်းဆိုသူများအတွက်လည်း အဆင်ပြေသွားကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐂𝐨𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧
#𝐋𝐞𝐠𝐚𝐥𝐂𝐨𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
ကျွန်တော်တို့ပြောသမျှအကုန်မယုံကြည်ပါနဲ့။
ကျွန်တော်တို့ဘာကြောင့်အကောင်းဆုံးဖြစ်လဲဆိုတာကို ကျွန်တော်တို့ရဲ့ဖောက်သည်တွေကကျွန်တော်တို့ကိုယ်စားပြောပြပေးပါလိမ့်မယ်။
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐊𝐨 𝐀𝐮𝐧𝐠 𝐏𝐲𝐚𝐞 𝐏𝐡𝐲𝐨 𝐎𝐨 𝐟𝐨𝐫 𝐬𝐡𝐚𝐫𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬 𝐰𝐢𝐭𝐡 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬.
Aung Passport and Abroad Agent မှ Passport ဆိုင်ရာ ၀န်ဆောင်မှုများ ရယူလိုပါက အောက်ပါ Link မှတစ်ဆင့်ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။
https://www.facebook.com/109890221463272/posts/127838839668410/
#𝐂𝐥𝐢𝐞𝐧𝐭𝐒𝐚𝐭𝐢𝐬𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧
#𝐘𝐚𝐧𝐠𝐨𝐧
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐃𝐢𝐜𝐚𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကုမ္ပဏီတစ်ခုအဖြစ်မတည်ထောင်ခင်သိရှိသင့်သည်အရာများ (အပိုင်း - ၁)
- မြန်မာနိုင်ငံရှိ ကုမ္ပဏီအများစုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့်အညီ တရားဝင်တည်ထောင်ဖွဲ့စည်းထားကြသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များအရ မြန်မာနိုင်ငံရှိကုမ္ပဏီများသည် ကုမ္ပဏီမှတ်ပုံတင်ခြင်းကိစ္စရပ်များအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်သည်။
ကုမ္ပဏီတစ်ခုမတည်ထောင်ခင် ကုမ္ပဏီတစ်ခု ဘယ်လိုအသွင်အပြင်တွေ သဘောသဘာဝတွေရှိလဲဆိုတာကို အတိုင်းအတာတစ်ခုထိသိရှိထားသင်ပါ့တယ်။ အဲ့တာတွေကတော့ ကုမ္ပဏီတစ်ခုဟာ -
၁။ ဆန္ဒအလျောက်ဖွဲ့စည်းသည့်အသင်းအဖွဲ့ဖြစ်ခြင်း
- ကုမ္ပဏီသည် တစ်ဦးခြင်း သို့မဟုတ် တစ်ဦးခြင်းပါဝင်မှုဖြင့်ဖွဲ့စည်းထားသည့်အစုအဖွဲ့များက ဆန္ဒအလျောက်ဖွဲ့စည်းတည်ထောင်ထားသည့် အသင်းအဖွဲ့တစ်ခုဖြစ်သည်။ ထိုအထဲတွင် (𝐍𝐆𝐎) အဖွဲ့အစည်းများ ပါဝင်ခြင်းမရှိပေ။ ရိုးရှင်းစွာဖော်ပြရမယ်ဆိုရင်ဖြင့် ကုမ္ပဏီဆိုတာဟာ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ တစ်ဦးခြင်း သို့တည်းမဟုတ် တစ်ဦးတစ်ယောက်ခြင်းအား အသင်းအဖွဲ့ပုံစံဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းပင်ဖြစ်သည်။ ထိုသို့ဖွဲ့စည်းတည်ထောင်ထားရခြင်း၏ အဓိကရည်ရွယ်ချက်မှာလည်း စီးပွားရေးဆိုင်ရာရည်းမှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်သည်။
၂။ ဥပဒေအရဖန်တီးထားသည့်လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခြင်း
- ကုမ္ပဏီသည် ဥပဒေအရဖန်တီးဖော်ဆောင်ထားသည့် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ၎င်းသည် ပဋိညာဉ်ပြုလုပ်ခြင်း သို့ ပဋိညာဉ်ပြုလုပ်ရန်ကမ်းလှမ်းနိုင်ခြင်း၊ ပိုင်ဆိုင်မှုပစ္စည်းများအား ကုမ္ပဏီအမည်ဖြင့်ထားရှိနိုင်ခြင်း၊ တရားစွဲဆိုနိုင်ခြင်းနှင့် တရားစွဲဆိုခြင်းခံရပါက ဖြေရှင်းဆောင်ရွက်နိုင်ခြင်းစသည့်တို့အား တရားဝင်လုပ်ဆောင်ခွင့်ရှိသည်။
၃။ သီးခြားဥပဒေအဆောက်အအုံတစ်ခုဖြစ်ခြင်း
- မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီတစ်ခုအား သီးသန့်လူပုဂ္ဂိုလ်တစ်ယောက်အနေဖြင့်သာမှတ်ယူပြီး ကုမ္ပဏီတွင်ပါဝင်သူများနှင့်မတူညီဘဲ ကွဲပြားစွာတည်ရှိနေမည်ဖြစ်သည်။ သို့ပါသောကြောင့် ကုမ္ပဏီတွင်ပါဝင်သည့် ဒါရိုက်တာများ သို့မဟုတ် အခြားအဖွဲ့ဝင်များ၏ တရားမဝင်ပြုလုပ်သော ဆောင်ရွက်ချက်များမှလွှဲ၍ ကုမ္ပဏီ၏ဆောင်ရွက်ချက်များအားလုံးသည် ကုမ္ပဏီတွင်သာ တာဝန်ရှိမည်ဖြစ်သည်။
၄။ တာဝန်ကန့်သတ်ထားမှုရှိခြင်း
- ကုမ္ပဏီတစ်ခု၏တာဝန်သည် အစုရှယ်ယာ သို့တည်းမဟုတ် ခံဝန်ဖြင့် ကန့်သတ်ထားမှုများရှိနိုင်သည်။
(က) အစုအားဖြင့်တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ
- ကုမ္ပဏီတွင်ပါဝင်သူတို့၏တာဝန်ကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ထိုသူတို့ ထည့်ဝင်ထားသည့်အစုများအတွက် ပေးချေရန် ကျန်ငွေတစ်စုံတစ်ရာရှိလျှင် ၎င်းအရေအတွက်ထိ ကန့်သတ်ထားသည့်ကုမ္ပဏီဖြစ်သည်
(ခ) ခံဝန်အားဖြင့်တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ
- ကုမ္ပဏီတွင်ပါဝင်သူတို့၏ တာဝန်ကို ဖွဲ့စည်းပုံအခြေခံစည်းမျည်းအရ ကုမ္ပဏီဖျက်သိမ်းသည့်အခါ ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များအဖြစ် ကူဝင်ထောက်ပံ့ရန် အသီးသီးတာဝန်ခံကြသည့် ငွေပမာဏအထိကန့်သတ်ထားသည့်ကုမ္ပဏီသည်။
(ဂ) တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီတါင်ပါဝင်သူတို့၏ တာဝန်ကို တစ်စုံတစ်ရာ ကန့်သတ်မထားသည့်ကုမ္ပဏီ
၅။ အစဉ်အဆက်ဆက်ခံပိုင်ခွင့်ရှိခြင်း
- ကုမ္ပဏီတစ်ခုသည် ဖျက်သိမ်းခြင်းလုပ်ဆောင်မှသာ ပြီးဆုံးမည်ဖြစ်ပြီး ကုမ္ပဏီတွင်ပါဝင်သည့် ဒါရိုက်တာများ အနားယူခြင်း သို့မဟုတ် သေဆုံးခြင်း တို့သည့် ကုမ္ပဏီ၏တည်ရှိနေမှုအား ထိခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
- ယခုရေးသားသည့်အကြောင်းအရာသည် 𝐒𝐭𝐚𝐫𝐭-𝐮𝐩လုပ်ငန်းများ ကုမ္ပဏီမတည်ထောင်ခင် ကုမ္ပဏီနှင့်ပတ်သတ်သည့်အခြေခံသဘောတရားများအား သိရှိစေရန်အတွက်သာ ဖြစ်ပါသည်။
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐃𝐢𝐜𝐚𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
ကိုယ်ပိုင်စာချုပ်ချုပ်ဆိုရေးသားလိုသူများအတွက် (တိုက်ခန်းအသစ်ဆောက်လုပ်ရန်နှစ်ဦးသဘောတူစာချုပ်အားဖျက်သိမ်းခြင်းစာချုပ်)
စာချုပ်ဖျက်သိမ်းခြင်းလုပ်ဆောင်နိုင်သည့်နည်းလမ်းများအနက် ယခုအခါတွင် စာချုပ်ဝင်များ၏ သဘောတူညီချက်ဖြင့် ယခင်ချုပ်ဆိုထားသည့်စာချုပ်အားဖျက်သိမ်းခြင်းအား မျှဝေလိုက်ရပါသည်။
ကန်ထရိုက်များနှင့်တိုက်ခန်းဆောက်လုပ်ခြင်းများပြုလုပ်ကြသည့်အခါ ရံဖန်ရံခါ အောက်တွင်ဖော်ပြပါရှိသည့်အချက်များသည် ဖြစ် လေ့ဖြစ်ထရှိတတ်သောအချက်များဖြစ်သည်။
* စာချုပ်ပါသတ်မှတ်သည့်အချိန်တွင် မပြီးစီးတတ်ခြင်း
* စာချုပ်တွင်ပေးချေရမည့်ငွေပမာဏအား အပြည့်အဝပေးချေပြီးသော်လည်းလုပ်ငန်းမပြီးစီးခြင်း
* မထင်မှတ်ထားသောအကြောင်းများကြောင့် လုပ်ငန်းကြန့်ကြာတတ်ခြင်း
* စာချုပ်ချုပ်ဆိုသည့်အခါ တိကျသေချာခိုင်မာသော စကားလုံးများစာချုပ်တွင် အသုံးမပြုထားခြင်း .... စသည်ဖြင့် အကြောင်းတရားများစွာဖြစ်ပေါ်တတ်သည်။
ထိုအခြေမျိုးများဖြစ်ပေါ်တတ်သည့်အတွက် ကန်ထရိုက်အပ်နှံသူများ နှစ်နာမှုမရှိစေရန်အတွက် စာချုပ်ပါစည်းကမ်းချက်များအား တိကျသေချာစွာချမှတ်ထားရန်နှင့် မည်သည့်အနေအထားမျိုးတွင် စာချုပ်အား ရပ်စဲမည်ဖြစ်ကြောင်းစသည့်အချက်များအား ရှင်းလင်းသေချာစွာဖော်ပြထားသင့်သည်။ အထူးသဖြင့် တစ်ရစ်ပြီးတစ်ရစ်ဆောက်လုပ်ပြီးစီးမှသာ ငွေထုတ်ပေးခြင်းက မြေရှင်များအတွက် စိတ်ချသေချာမှုရရှိစေနိုင်မည်ဖြစ်သည်။ အကြောင်းကြောင်းကြောင့် ငွေထုတ်ပေးသည့်အရစ်အတွင်း ပြီးစီးစွာမလုပ်ဆောင်နိုင်ပါက ထပ်တိုးလုပ်ဆောင်နိုင်သည်များကို စဉ်းစားရန်အချိန်ရနိုင်သည်သာမက သို့မဟုတ် စာချုပ်အားဖျက်သိမ်းခြင်းလုပ်ဆောင်သင့်က လုပ်ဆောင်ခြင်းတို့လုပ်ဆောင်နိုင်သည့်အပြင် နောက်ထပ်ငွေထုတ်ပေးရခြင်းမရှိသည့်အတွက်ကြောင့် ကြီးမားသောဆုံးရှုံးနစ်နာမှုများအား ရှောင်ရှားနိုင်မည်ဖြစ်သည်။
# တိုက်ခန်းအသစ်ဆောက်လုပ်ရန်နှစ်ဦးသဘောတူစာချုပ်အားဖျက်သိမ်းခြင်းစာချုပ်
ပါဝင်ရမည့်အချက်များ
- စာချုပ်ဝင်များ၏အချက်အလက်
- စာချုပ်မဖျက်သိမ်းခင်ကချုပ်ဆိုခဲ့သည့်စာချုပ်ပါရက်စွဲနှင့်အခြားအချက်အလက်များ
- စာချုပ်ဖျက်သိမ်းရသည့်အကြောင်းအရင်း
- ခိုင်မာသောအသိသက်သေ (၂) ယောက် စသည်တို့ဖြစ်သည်။
# 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာမျှဝေပေးထားတဲ့𝐥𝐢𝐧𝐤ကတော့ တိုက်ခန်းအသစ်ဆောက်လုပ်ရန်နှစ်ဦးသဘောတူစာချုပ်အားဖျက်သိမ်းခြင်းစာချုပ်နမူနာပုံစံဘဲဖြစ်ပါတယ်။ လိုအပ်သောသူများ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ပြီး အခမဲ့ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 ရယူနိုင်ပါတယ်။
တိုက်ခန်းအသစ်ဆောက်လုပ်ရန်နှစ်ဦးသဘောတူစာချုပ်နှင့်ဆက်စပ်ဖတ်ရှု့နိုင်ရန်အတွက် အောက်ဖော်ပြပါ 𝐋𝐢𝐧𝐤 အားဝင်ရောက်ကြည့်နိုင်ပါတယ်။
https://www.facebook.com/100436325228344/posts/pfbid02sZneq1TkMGersVMgqukT8iNbo8DhtRYouiQKZh2HcUNyHZFTezBtSNeKVWPLMrTxl/
𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် ဝန်ဆောင်မူပေးနေသည့်စာချုပ်စာတမ်းဝန်ဆောင်မူများ.....
၁။ စီးပွားရေးဆိုင်ရာစာချုပ်အမျိုးမျိုး
၂။ ဝန်ဆောင်မူဆိုင်ရာစာချုပ်အမျိုးမျိုး
၃။ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပိုင်ပေးခြင်း၊ အခြားနည်းဖြင့်ပေးကမ်းခြင်း စာချုပ်များ
၄။ ကုန်သွယ်လုပ်ငန်းဆိုင်ရာစာချုပ်အမျိုးမျိုး
၅။ ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာစာချုပ်အမျိုးမျိုး
၆။ အခြားသော 𝐂𝐥𝐢𝐞𝐧𝐭 အတွက်လိုအပ်မည့် စာချုပ်စာတမ်းအမျိုးမျိုး စတာတွေဘဲဖြစ်ပါတယ်။
# လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာဆုံးနဲ့အကောင်းမွန်ဆုံးသောစာချုပ်စာတမ်း ဝန်ဆောင်မူများကို ကျွန်တော်တို့ရဲ့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ရဲ့ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐃𝐫𝐚𝐟𝐭𝐢𝐧𝐠 #𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကိုယ်ပိုင်စာချုပ်ချုပ်ဆိုရေးသားလိုသူများအတွက် (စပေါ်ငွေဖြင့်လုံးချင်းအိမ်နှင့်မြေငှားရမ်းခြင်းနှစ်ဦးသဘောတူစာချုပ်)
# စပေါ်ငွေဖြင့်လုံးချင်းအိမ်နှင့်မြေငှားရမ်းခြင်းနှစ်ဦးသဘောတူစာချုပ်
ပါဝင်ရမည့်အချက်များ
- စာချုပ်ဝင်များ၏အချက်အလက်
- ငှားရမ်းသည့်ပစ္စည်းစာရင်း
- ငှားရမ်းသည့်ငွေပမာဏ
- နှစ်ဦးနှစ်ဘက်လိုက်နာရမည့်စည်းကမ်းချက်များ
- ငှားရမ်းသူနှင့်ငှားရမ်းခြင်းခံရသူတို့သဘောတူထားသည့် စပေါ်ငွေပမာဏ
- နှစ်ရှည်ငှားရမ်းခြင်းအတွက် သတ်မှတ်တံဆိပ်ခေါင်းနှင့်စာချုပ်မှတ်ပုံတင်ခြင်း
- ခိုင်မာသောအသိသက်သေ (၂) ယောက် စသည်တို့ဖြစ်သည်။
# Comment Box မှာမျှဝေပေးထားတဲ့linkကတော့ စပေါ်ငွေဖြင့်လုံးချင်းအိမ်နှင့်မြေငှားရမ်းခြင်းနှစ်ဦးသဘောတူစာချုပ်နမူနာပုံစံဘဲဖြစ်ပါတယ်။ လိုအပ်သောသူများ Link ကနေတစ်ဆင့် Request လုပ်ပြီး အခမဲ့ Download ရယူနိုင်ပါတယ်။
𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် ဝန်ဆောင်မူပေးနေသည့်စာချုပ်စာတမ်းဝန်ဆောင်မူများ.....
၁။ စီးပွားရေးဆိုင်ရာစာချုပ်အမျိုးမျိုး
၂။ ဝန်ဆောင်မူဆိုင်ရာစာချုပ်အမျိုးမျိုး
၃။ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပိုင်ပေးခြင်း၊ အခြားနည်းဖြင့်ပေးကမ်းခြင်း စာချုပ်များ
၄။ ကုန်သွယ်လုပ်ငန်းဆိုင်ရာစာချုပ်အမျိုးမျိုး
၅။ ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာစာချုပ်အမျိုးမျိုး
၆။ အခြားသော 𝐂𝐥𝐢𝐞𝐧𝐭 အတွက်လိုအပ်မည့် စာချုပ်စာတမ်းအမျိုးမျိုး စတာတွေဘဲဖြစ်ပါတယ်။
# လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာဆုံးနဲ့အကောင်းမွန်ဆုံးသောစာချုပ်စာတမ်း ဝန်ဆောင်မူများကို ကျွန်တော်တို့ရဲ့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ရဲ့ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐃𝐫𝐚𝐟𝐭𝐢𝐧𝐠 #𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကျွန်တော်တို့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ ကိုယ်တိုင်စာချုပ်ချုပ်ဆိုလိုသူများ နှင့် စာချုပ်ရေးသားနည်း လေ့လာသူများအား အသုံးဝင်စေရန် အောက်ဖော်ပြပါ 𝐋𝐢𝐧𝐤 များတစ်ဆင့် စာချုပ်နမူနာပုံစံအချို့အား မျှဝေပေးလိုက်ရပါတယ်။
၁။ အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်ဖြင့်အိမ်မြေရောင်းချခြင်း
https://drive.google.com/file/d/1Jlvrrxe3x06oecSe_oyDENpr3Mg4AS0Z/view?usp=sharing
၂။ မိသားစုစီမံမူစာချုပ်
https://drive.google.com/file/d/1V8rE8gu8-Kmdelb3nIvDNxgohmcGYonL/view?usp=sharing
၃။ မြေကွက်စပ်တူဝယ်ယူပြီးနောက်အကျိုးအမြတ်အတူတူခွဲဝေရန်သဘောတူစာချုပ်
https://drive.google.com/file/d/12YG-Z9_02HxF6DniLH_apa27LKVhLabJ/view?usp=sharing
၄။ ပိုင်ဆိုင်မှုအဆင်ဆင့်ဖြင့်အိမ်မြေရောင်းချခြင်း
https://drive.google.com/file/d/1XXAQRSmdykOqAHgig7iGXCs93EDwBFiR/view?usp=sharing
၅။ ခွင့်ပြုချက်ဖြင့်အခမဲ့နေထိုင်ခွင့်ပြုခြင်းသဘောတူစာချုပ်
https://drive.google.com/file/d/1QSCBqEB5C83j1GlmnoQsy2gq2j2fDTFH/view?usp=sharing
# 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 ပါ 𝐋𝐢𝐧𝐤 များမှတစ်ဆင့် 𝐋𝐢𝐧𝐤 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ကာ နမူနာပုံစံများအား အခမဲ့ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 ရယူနိုင်ပါတယ်ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐈𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐋𝐞𝐠𝐚𝐥𝐋𝐞𝐚𝐫𝐧𝐞𝐫
ကိုယ်တိုင်စာချုပ်ချုပ်ဆိုရေးသားလိုသူများအတွက် (မြေကွက်စပ်တူဝယ်ယူပြီးနောက်အကျိုးအမြတ်အတူတူခွဲဝေရန်သဘောတူစာချုပ်)
# မြေကွက်စပ်တူဝယ်ယူပြီးနောက်အကျိုးအမြတ်အတူတူခွဲဝေရန်သဘောတူစာချုပ်
စပ်တူ သို့မဟုတ် အကျိုးတူ ဝယ်ယူခြင်း၊ရောင်းချခြင်း၊ ပေါင်နှံခြင်းကိစ္စရပ်များသည် လုပ်လေ့လုပ်ထနည်းသော်လည်း လုံးဝမလုပ်သော စာချုပ်အမျိုးအစားတော့မဟုတ်ပေ။ အိမ်၊ ခြံ၊ မြေ အပြင် စပ်တူ သို့မဟုတ် အကျိုးတူ လုပ်ဆောင်လိုသူများ ကြိုက်နှစ်ကြသည့် မည်သည့်အရာကိုမဆို သဘောတူညီချက်ဖြင့် ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။ ဒီတစ်ခါမှာတော့ မြေကွက်နှင့်ပတ်သတ်ပြီး စပ်တူ သို့မဟုတ် အကျိုးတူ ဝယ်ယူပြီးနောက် ရောင်းချလိုသော စာချုပ်ပုံစံလေးကို ဖော်ပြပေးထားပါတယ်။
ပါဝင်ရမည့်အချက်များ -
- စပ်တူ(သို့မဟုတ်)အကျိုးတူဝယ်ယူကြသူများ၏အချက်အလက်
- ဝယ်ယူခဲ့သည့်ပစ္စည်းစာရင်း
- ဝယ်ယူခဲ့သည့်တည်နေရာ
- စပ်တူ(သို့မဟုတ်)အကျိုးတူဝယ်ယူကြသူများလိုက်နာရမည့်စည်းကမ်းချက်များ
- ခိုင်မာသောအသိသက်သေ (၂) ယောက် စသည်တို့ဖြစ်သည်။
# 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာမျှဝေပေးထားတဲ့𝐥𝐢𝐧𝐤ကတော့ မြေကွက်စပ်တူဝယ်ယူပြီးနောက်အကျိုးအမြတ်အတူတူခွဲဝေရန်သဘောတူစာချုပ်နမူနာပုံစံဘဲဖြစ်ပါတယ်။ လိုအပ်သောသူများ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ပြီး အခမဲ့ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 ရယူနိုင်ပါတယ်။
𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် ဝန်ဆောင်မူပေးနေသည့်စာချုပ်စာတမ်းဝန်ဆောင်မူများ.....
၁။ စီးပွားရေးဆိုင်ရာစာချုပ်အမျိုးမျိုး
၂။ ဝန်ဆောင်မူဆိုင်ရာစာချုပ်အမျိုးမျိုး
၃။ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပိုင်ပေးခြင်း၊ အခြားနည်းဖြင့်ပေးကမ်းခြင်း စာချုပ်များ
၄။ ကုန်သွယ်လုပ်ငန်းဆိုင်ရာစာချုပ်အမျိုးမျိုး
၅။ ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာစာချုပ်အမျိုးမျိုး
၆။ အခြားသော 𝐂𝐥𝐢𝐞𝐧𝐭 အတွက်လိုအပ်မည့် စာချုပ်စာတမ်းအမျိုးမျိုး စတာတွေဘဲဖြစ်ပါတယ်။
# လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာဆုံးနဲ့အကောင်းမွန်ဆုံးသောစာချုပ်စာတမ်း ဝန်ဆောင်မူများကို ကျွန်တော်တို့ရဲ့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ရဲ့ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐃𝐫𝐚𝐟𝐭𝐢𝐧𝐠 #𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကိုယ်ပိုင်စာချုပ်ချုပ်ဆိုရေးသားလိုသူများအတွက် (ခွင့်ပြုချက်ဖြင့်အခမဲ့နေထိုင်ခွင့်ပြုခြင်းသဘောတူစာချုပ်)
# ခွင့်ပြုချက်ဖြင့်အခမဲ့နေထိုင်ခွင့်ပြုခြင်းသဘောတူစာချုပ်
* ခွင့်ပြုချက် သို့တည်းမဟုတ် ခွင့်ပြုမိန့်ဆိုသည်မှာ ပစ္စည်း၏အကျိုးသက်ဆိုင်ခွင့်ကို လွှဲပြောင်းပေးခြင်းမပြုဘဲ မတော်မတရားဖြစ်မှုမရှိစေရန် ကာကွယ်တားဆီးရုံမျှသောဖြစ်သော သဘောတူညီချက်ဖြစ်သည်။
* ခွင့်ပြုချက် သို့တည်းမဟုတ် ခွင့်ပြုမိန့်အရ နေသူ နှစ်မျိုးရှိသည်။ ၎င်းတို့မှာ-
(၁) 𝐁𝐚𝐫𝐞 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐞 - 𝐁𝐚𝐫𝐞 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐞 သည် မြေ သို့မဟုတ် ဥပစာနှင့် စပ်လျဉ်း၍ အခွင့်အမိန်ရသူနေထိုင်ခွင့်ရသူသက်သက်မျှသာဖြစ်ပြီး သတ်မှတ်ကာလတစ်ခုအထိသာ တည်ရှိနိုင်မည်ဖြစ်သည်။
(၂) 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐮𝐚𝐥 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐞 - 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐮𝐚𝐥 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐞 သည် ပဋိညာဉ်အရ အခွင့်အမိန်အရသူဖြစ်သည်။ ရုပ်ရှင်ရုံလက်မှတ်အား ဝယ်ယူကိုင်ဆောင်ထားသူတစ်ယောက်သည် သတ်မှတ်အချိန်တစ်ခုအတွင် အဆိုပါရုပ်ရှင်ရုံသို့ ဝင်ရောက်ကြည့်ရှု့ခွင့်ရရှိရမည်ဖြစ်သည်။ အကြောင်းမှာ လက်မှတ်ရောင်းသူနှင့်ဝယ်သူကြားတွင် ပဋိညာဉ်သဘောသက်ရောက်မှုရှိသောကြောင့်ဖြစ်သည်။
- စာချုပ်ချုပ်ဆိုမည့်သူနှစ်ဦး၏အချက်အလက်
- ခွင့်ပြုချက်ဖြင့်နေထိုင်ခွင့်ပြုသူ၏တည်နေရာဖြစ်ကြောင်းဖော်ပြချက်
- အခမဲနေထိုင်ခွင့်ပြုသည့်တည်နေရာ
- ခွင့်ပြုချက်ဖြင့်နေထိုင်ခွင့်ရသူအား နေထိုင်ခွင့်ပြုသည့်ရက်စွဲ
- ခွင့်ပြုချက်ဖြင့်နေထိုင်ခွင့်ရသူလိုက်နာရမည့်စည်းကမ်းချက်များ
- ခိုင်မာသောအသိသက်သေ (၂) ယောက် စသည်တို့ဖြစ်သည်။
# 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာမျှဝေပေးထားတဲ့𝐥𝐢𝐧𝐤ကတော့ ခွင့်ပြုချက်ဖြင့်အခမဲ့နေထိုင်ခွင့်ပြုခြင်းသဘောတူစာချုပ်နမူနာပုံစံဘဲဖြစ်ပါတယ်။ လိုအပ်သောသူများ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ပြီး အခမဲ့ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 ရယူနိုင်ပါတယ်။
𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် ဝန်ဆောင်မူပေးနေသည့်စာချုပ်စာတမ်းဝန်ဆောင်မူများ.....
၁။ စီးပွားရေးဆိုင်ရာစာချုပ်အမျိုးမျိုး
၂။ ဝန်ဆောင်မူဆိုင်ရာစာချုပ်အမျိုးမျိုး
၃။ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပိုင်ပေးခြင်း၊ အခြားနည်းဖြင့်ပေးကမ်းခြင်း စာချုပ်များ
၄။ ကုန်သွယ်လုပ်ငန်းဆိုင်ရာစာချုပ်အမျိုးမျိုး
၅။ ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာစာချုပ်အမျိုးမျိုး
၆။ အခြားသော 𝐂𝐥𝐢𝐞𝐧𝐭 အတွက်လိုအပ်မည့် စာချုပ်စာတမ်းအမျိုးမျိုး စတာတွေဘဲဖြစ်ပါတယ်။
# လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာဆုံးနဲ့အကောင်းမွန်ဆုံးသောစာချုပ်စာတမ်း ဝန်ဆောင်မူများကို ကျွန်တော်တို့ရဲ့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ရဲ့ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐃𝐫𝐚𝐟𝐭𝐢𝐧𝐠 #𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကိုယ်ပိုင်စာချုပ်ချုပ်ဆိုရေးသားလိုသူများအတွက် (အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်ဖြင့်အိမ်မြေရောင်းချခြင်း)
# အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်ဖြင့်အိမ်မြေရောင်းချခြင်း
- စာချုပ်ချုပ်ဆိုမည့်သူနှစ်ဦး၏အချက်အလက်
- ရောင်းချသူမှချုပ်ဆိုထားသည့်မှတ်ပုံတင်ထားသောအမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်
- ရောင်းချသူမှ ရောင်းချမည့်မြေကွက်ပိုင်ဆိုင်ကြောင်း ဝန်ခံချက်
- ရောင်းချမည့်ဈေးနှုန်းပမာဏ
- ရောင်းချမည့်မြေနှင့်သက်ဆိုင်သည့် အခွန်ကိစ္စအရပ်နှင့် ကြွေးကျန်မရှိကြောင်းဝန်ခံချက်
- ဖောက်ဖျက်ပါက လျော်ကြေးပေးမည့်မည့်အချက်
- ခိုင်မာသောအသိသက်သေ (၂) ယောက် စသည်တို့ဖြစ်သည်။
# 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာမျှဝေပေးထားတဲ့𝐥𝐢𝐧𝐤ကတော့အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်ဖြင့်အိမ်မြေရောင်းချခြင်းစာချုပ်နမူနာပုံစံဘဲဖြစ်ပါတယ်။ လိုအပ်သောသူများ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ပြီး အခမဲ့ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 ရယူနိုင်ပါတယ်။
𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် ဝန်ဆောင်မူပေးနေသည့်စာချုပ်စာတမ်းဝန်ဆောင်မူများ.....
၁။ စီးပွားရေးဆိုင်ရာစာချုပ်အမျိုးမျိုး
၂။ ဝန်ဆောင်မူဆိုင်ရာစာချုပ်အမျိုးမျိုး
၃။ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပိုင်ပေးခြင်း၊ အခြားနည်းဖြင့်ပေးကမ်းခြင်း စာချုပ်များ
၄။ ကုန်သွယ်လုပ်ငန်းဆိုင်ရာစာချုပ်အမျိုးမျိုး
၅။ ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာစာချုပ်အမျိုးမျိုး
၆။ အခြားသော 𝐂𝐥𝐢𝐞𝐧𝐭 အတွက်လိုအပ်မည့် စာချုပ်စာတမ်းအမျိုးမျိုး စတာတွေဘဲဖြစ်ပါတယ်။
# လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာဆုံးနဲ့အကောင်းမွန်ဆုံးသောစာချုပ်စာတမ်း ဝန်ဆောင်မူများကို ကျွန်တော်တို့ရဲ့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ရဲ့ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐃𝐫𝐚𝐟𝐭𝐢𝐧𝐠 #𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကိုယ်တိုင်စာချုပ်ချုပ်ချင်လိုသူများအတွက် (ပိုင်ဆိုင်မှုအဆင်ဆင့်ဖြင့်အိမ်မြေရောင်းချခြင်း)
# ပိုင်ဆိုင်မှုအဆင်ဆင့်ဖြင့်အိမ်မြေရောင်းချခြင်း
- စာချုပ်ချုပ်ဆိုမည့်သူနှစ်ဦး၏အချက်အလက်
- အစဉ်အဆက်ဝယ်ယူထားသူများနှင့်သက်ဆိုင်သည့်အချက်အလက်
- ရောင်းချသူမှ ရောင်းချမည့်မြေကွက်ပိုင်ဆိုင်ကြောင်း ဝန်ခံချက်
- ရောင်းချမည့်ဈေးနှုန်းပမာဏ
- ရောင်းချမည့်မြေနှင့်သက်ဆိုင်သည့် အခွန်ကိစ္စအရပ်နှင့် ကြွေးကျန်မရှိကြောင်းဝန်ခံချက်
- ဖောက်ဖျက်ပါက လျော်ကြေးပေးမည့်မည့်အချက်
- ခိုင်မာသောအသိသက်သေ (၂) ယောက် စသည်တို့ဖြစ်သည်။
# Comment Box မှာမျှဝေပေးထားတဲ့linkကတော့မြေနှင့်အဆောက်အဦးအရောင်းအဝယ်စာချုပ်နမူနာပုံစံဘဲဖြစ်ပါတယ်။ လိုအပ်သောသူများ Link ကနေတစ်ဆင့် Request လုပ်ပြီး အခမဲ့ Download ရယူနိုင်ပါတယ်။
𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် ဝန်ဆောင်မူပေးနေသည့်စာချုပ်စာတမ်းဝန်ဆောင်မူများ.....
၁။ စီးပွားရေးဆိုင်ရာစာချုပ်အမျိုးမျိုး
၂။ ဝန်ဆောင်မူဆိုင်ရာစာချုပ်အမျိုးမျိုး
၃။ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပိုင်ပေးခြင်း၊ အခြားနည်းဖြင့်ပေးကမ်းခြင်း စာချုပ်များ
၄။ ကုန်သွယ်လုပ်ငန်းဆိုင်ရာစာချုပ်အမျိုးမျိုး
၅။ ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာစာချုပ်အမျိုးမျိုး
၆။ အခြားသော 𝐂𝐥𝐢𝐞𝐧𝐭 အတွက်လိုအပ်မည့် စာချုပ်စာတမ်းအမျိုးမျိုး စတာတွေဘဲဖြစ်ပါတယ်။
# လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာဆုံးနဲ့အကောင်းမွန်ဆုံးသောစာချုပ်စာတမ်း ဝန်ဆောင်မူများကို ကျွန်တော်တို့ရဲ့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ရဲ့ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐃𝐫𝐚𝐟𝐭𝐢𝐧𝐠 #𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကိုယ်တိုင်စာချုပ်ချုပ်ရေးသားလိုသူများအတွက် (မိသားစုစီမံမှုစာချုပ်)
# မိသားစုစီမံမှုစာချုပ်
ကန်ထရိုက်နှင့်တည်ဆောက်ခဲ့သည်တိုက်ခန်းအား မိသားစုစီမံမှုစာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။
- စာချုပ်ချုပ်ဆိုမည့်မိသားစုဝင်များ၏အချက်အလက်။
- စာချုပ်ပါဝင်သူသားသမီးများ၏ တိုက်ခန်းတစ်ခန်းစီအား ကိုယ်စီကိုယ်ငှပိုင်ဆိုကြောင်း ဝန်ခံချက်။
- တိုက်ခန်းရောင်းချ၊ပေါင်နှံခြင်းနှင့်သက်ဆိုင်သောကိစ္စများအား သားသမီးများက ပြုလုပ်နိုင်ခွင့်ရှိကြောင်း မိဘများ၏ ဝန်ခံချက်။
- တိုက်ခန်းနှင့်သက်ဆိုင်သည့် အခွန်ဆိုင်ရာကိစ္စရပ်များအား သားသမီးများမှ ဆောင်ရွက်ပါမည်ဆိုသောဝန်ခံချက်။
- ခိုင်မာသောအသိသက်သေ (၂) ယောက် စသည်တို့ဖြစ်သည်။
# အသင့်သုံးစာချုပ်ပုံစံကိုတော့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 ရဲ့ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် 𝐋𝐢𝐧𝐤 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ပြီး 𝐃𝐨𝐰𝐧𝐋𝐨𝐚𝐝 ရယူနိုင်ပါတယ်။ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် လုပ်ဆောင်ရတာ အဆင်မပြေသူများအတွက် ကျွန်တော်တို့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ရဲ့ 𝐕𝐢𝐛𝐞𝐫 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 - 𝟎𝟗𝟕𝟗𝟗𝟐𝟒𝟎𝟒𝟏𝟕 မှ ရယူနိုင်ပါတယ်ခင်ဗျာ။
𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် ဝန်ဆောင်မူပေးနေသည့်စာချုပ်စာတမ်းဝန်ဆောင်မူများ.....
၁။ စီးပွားရေးဆိုင်ရာစာချုပ်အမျိုးမျိုး
၂။ ဝန်ဆောင်မူဆိုင်ရာစာချုပ်အမျိုးမျိုး
၃။ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပိုင်ပေးခြင်း၊ အခြားနည်းဖြင့်ပေးကမ်းခြင်း စာချုပ်များ
၄။ ကုန်သွယ်လုပ်ငန်းဆိုင်ရာစာချုပ်အမျိုးမျိုး
၅။ ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာစာချုပ်အမျိုးမျိုး
၆။ အခြားသော 𝐂𝐥𝐢𝐞𝐧𝐭 အတွက်လိုအပ်မည့် စာချုပ်စာတမ်းအမျိုးမျိုး စတာတွေဘဲဖြစ်ပါတယ်။
# လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာဆုံးနဲ့အကောင်းမွန်ဆုံးသောစာချုပ်စာတမ်း ဝန်ဆောင်မူများကို ကျွန်တော်တို့ရဲ့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ရဲ့ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐃𝐫𝐚𝐟𝐭𝐢𝐧𝐠 #𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကျွန်တော်တို့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ ကိုယ်တိုင်စာချုပ်ချုပ်ဆိုလိုသူများ နှင့် စာချုပ်ရေးသားနည်း လေ့လာသူများအား အသုံးဝင်စေရန် အောက်ဖော်ပြပါ 𝐋𝐢𝐧𝐤 များတစ်ဆင့် စာချုပ်နမူနာပုံစံအချို့အား မျှဝေပေးလိုက်ရပါတယ်။
၁။ တိုက်ခန်းအသစ်ဆောက်လုပ်ရန်နှစ်ဦးသဘောတူစာချုပ်
https://drive.google.com/file/d/1B1j75Qel6iWbNmCkIgBw1rTKFiXW8yAF/view?usp=sharing
၂။ မြေကွက်ချင်းလဲလှယ်သည့်စာချုပ်
https://drive.google.com/file/d/1gWqFJfaZHh0na-x7sy5f0EN_URVQ8CqR/view?usp=sharing
၃။ မြေနှင့်အဆောက်အဦးအရောင်းအဝယ်စာချုပ်
https://drive.google.com/file/d/1rEXdQz4kyeRaBGc6VSkgJCOFOFZSFcHT/view?usp=sharing
၄။ Appointment Letter for company's representative Person
https://drive.google.com/file/d/1JjdYzxI4jBXgJ6U61etNuFRjhieKmMdO/view?usp=sharing
၅။ သေတမ်းစာပဋိညာဉ်
https://drive.google.com/file/d/1yd1pXPripEOeanC1-88UdwSPMJMddi0s/view?usp=sharing
# အထက်ဖော်ပြပါ 𝐋𝐢𝐧𝐤 များမှတစ်ဆင့် 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭 𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞 𝐅𝐨𝐫𝐦 များအား အထက်ဖော်ပြပါ 𝐋𝐢𝐧𝐤𝐬 များမှတစ်ဆင့်𝐋𝐢𝐧𝐤 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ဆောင်ရန်အဆင်မပြေခဲ့ပါက 𝐕𝐢𝐛𝐞𝐫 𝐏𝐡𝐨𝐧𝐞 𝐍𝐨. - 𝟎𝟗𝟕𝟗𝟗𝟐𝟒𝟎𝟒𝟏𝟕 မှတစ်ဆင့် ရယူနိုင်ပါတယ်ခင်ဗျာ။ 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာလည်း 𝐋𝐢𝐧𝐤 တွေကိုဖော်ပြပေးထားပါတယ်။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐈𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐋𝐞𝐠𝐚𝐥𝐋𝐞𝐚𝐫𝐧𝐞𝐫
ကိုယ်တိုင်စာချုပ်ချုပ်ရေးသားလိုသူများအတွက် (သေတမ်းစာပဋိညာဉ်)
ခရစ်ယာန်ဘာသာဝင်များရဲ့သေတမ်းစာပဋိညာဉ်
# သိရှိထားရမည့်အရာများ
- သေတမ်းစာဆိုတာ သေးတမ်းစာရေးခွင့်ရှိသူက ထိုသူမသေဆုံးခင် ထိုသူပိုင်ဆောင်သောပစ္စည်များအား မည်သို့မည်ပုံလုပ်ဆောင်ပေးလိုကြောင်း ကြေငြာစာတမ်းတစ်ခုဖြစ်သည်။
- ဗုဒ္ဓဘာသာမှလွှဲ၍ အခြာဘာသားအားလုံးတွင် သေတမ်းစာရေးခွင့်ရှိတယ်။
- သေတမ်းစာကို ရေးသားသူဟာ ရူးသွပ်သူ၊ အရွယ်မရောက်သေးသူဖြစ်လို့မရဘူး။
- သေတမ်းစာကို အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့်သူတစ်ဦးခန့်အပ်ထားရမယ်။
- သေတမ်းစာရေးသားသူ အသက်မသေခင် မည့်သည့်အချိန်မဆို သေတမ်းစာကို ရေးသားခွင့်ရှိတယ်။
- သေတမ်းစာရေးသားသူ သေဆုံးတဲ့အခါ သက်ဆိုင်ရာတရားရုံးမှာ သေတမ်းစာအတည်ပြုပေးဖို့ သေတမ်းစာတွင် အကောင်းအထည်ဖော်မည့်သူအဖြစ် ခန့်အပ်အားသူက တရားရုံးမှာလျှောက်ထားပေးရတယ်။ (အမွေဆက်ခံခြင်းဥပဒေပုဒ်မ - ၂၂၂အရ)
# စာချုပ်တွင်ပါဝင်ရမည့်အရာများ
- သေတမ်းစာရေးသားသူ၏ကိုယ်ရေးအချက်အလက်
- ထိုသူပိုင်ဆိုင်သည့် ရွှေ့ပစ္စည်းနှင့်မရွှေ့ပစ္စည်းစာရင်း
- သေတမ်းစာဆောင်ရွက်သူခန့်ထားခြင်းနှင့် ထိုသူ၏အချက်အလက်များ
- ထိုသူသေဆုံးပြီးနောက် သေတမ်းစာအရ အကောင်အထည်ဖော်ရမည့်ကိစ္စများ
- ကိုယ်တိုင်၏စိတ်ဆန္ဒအရ ယခုသေတမ်းစာအား ရေးသားပါကြောင်း ဝန်ခံချက်
- ခိုင်မာသော အသိသက်သေ (၂) နှင့်အထက် လိုအပ်ပါသည်။
# အသင့်သုံးစာချုပ်ပုံစံကိုတော့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 ရဲ့ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် 𝐋𝐢𝐧𝐤 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ပြီး 𝐃𝐨𝐰𝐧𝐋𝐨𝐚𝐝 ရယူနိုင်ပါတယ်။ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် လုပ်ဆောင်ရတာ အဆင်မပြေသူများအတွက် ကျွန်တော်တို့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ရဲ့ 𝐕𝐢𝐛𝐞𝐫 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 - 𝟎𝟗𝟕𝟗𝟗𝟐𝟒𝟎𝟒𝟏𝟕 မှ ရယူနိုင်ပါတယ်ခင်ဗျာ။
𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွင် ဝန်ဆောင်မူပေးနေသည့်စာချုပ်စာတမ်းဝန်ဆောင်မူများ.....
၁။ စီးပွားရေးဆိုင်ရာစာချုပ်အမျိုးမျိုး
၂။ ဝန်ဆောင်မူဆိုင်ရာစာချုပ်အမျိုးမျိုး
၃။ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပိုင်ပေးခြင်း၊ အခြားနည်းဖြင့်ပေးကမ်းခြင်း စာချုပ်များ
၄။ ကုန်သွယ်လုပ်ငန်းဆိုင်ရာစာချုပ်အမျိုးမျိုး
၅။ ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာစာချုပ်အမျိုးမျိုး
၆။ အခြားသော 𝐂𝐥𝐢𝐞𝐧𝐭 အတွက်လိုအပ်မည့် စာချုပ်စာတမ်းအမျိုးမျိုး စတာတွေဘဲဖြစ်ပါတယ်။
# လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာဆုံးနဲ့အကောင်းမွန်ဆုံးသောစာချုပ်စာတမ်း ဝန်ဆောင်မူများကို ကျွန်တော်တို့ရဲ့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ရဲ့ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞𝐒𝐡𝐚𝐫𝐢𝐧𝐠
#𝐃𝐫𝐚𝐟𝐭𝐢𝐧𝐠 #𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ကုမ္ပဏီများ၏အစည်းအဝေးများသို့တက်ရောက်ရန် ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်နှင့် ကိုယ်စာလှယ်များခန့်ထားခြင်း
၁။ ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်ကို ဘယ်ပုံဘယ်နည်းခန့်အပ်နိုင်လဲ။
- အခြားကုမ္ပဏီတစ်ခု၏ အဖွဲ့ဝင်ဖြစ်သော ကုမ္ပဏီတစ်ခုဟာ...
ကုမ္ပဏီဒါရိုက်တာအများစု၏ဆုံးဖြတ်ချက်ဖြင့် ခန့်အပ်ထားနိုင်ပါတယ်။ ခန့်အပ်ခြင်းအား ကုမ္ပဏီတွင် သတ်မှတ်ထားသည့် ပုံစံတစ်ခုနှင့်အညီ အဆိုပါခန့်အပ်သူ၏ ကိုယ်ရေးအချက်များလား ထည့်သွင်းရေးသားကာ ခန့်အပ်ခြင်းကိစ္စရပ်အား ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
# နမူနာပုံစံကိုတော့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 က 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် 𝐋𝐢𝐧𝐤 𝐑𝐞𝐪𝐮𝐞𝐬𝐭 လုပ်ပြီး 𝐃𝐨𝐰𝐧𝐋𝐨𝐚𝐝 ရယူနိုင်ပါတယ်။
၂။ ဘယ်နှစ်ယောက်ထိခန့်အပ်ထားနိုင်လဲ။
- တစ်ယောက်မကထက်ပိုသော ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်တွေကိုခန့်အပ်ထားနိုင်ပါတယ်။
၃။ ခန့်အပ်ခြင်းခံလိုက်ရတဲ့သူတစ်ယောက်က ဘာတွေဆောင်ရွက်နိုင်လဲ။
- ကုမ္ပဏီအစည်းအဝေးတက်ရောက်ဖို့သက်သက်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ချမှတ်တဲ့ကိစ္စရပ်တွေမှာ ဆန္ဒမဲပေးခြင်းကိစ္စရပ်အား ကုမ္ပဏီကိုယ်စား ကျင့်သုံးဆောင်ရွက်နိုင်တာပါဘဲ။
* အခြားကိစ္စတွေအတွက်ရော ကုမ္ပဏီက ကိုယ်စားပြုပုဂ္ဂိုလ်ဘယ်လောက်အတိုင်းအတာအထိခန့်အပ်နိုင်လဲ။
* အခြားကိစ္စတွေအတွက်ရော ကုမ္ပဏီက ကိုယ်စာလှယ်များကို ဘယ်ပုံဘယ်နည်းခန့်အပ်ထားနိုင်လဲ။
* ကုမ္ပဏီက ကိုယ်စာလှယ်ခန့်အပ်တဲ့အခါမှာ ပဋိညာဉ်ဥပဒေ အခန်း (၁၀)ပါ ကိုယ်စာလှယ်လွှဲအပ်ခြင်းနှင့်သက်ဆိုင်သည့်ကိစ္စရပ်များအတိုင်းဆောင်ရွက်ရန်လိုမလို နှင့် မလိုအပ်ပါက မည်သည့်နည်းနှင့်လုပ်ဆောင်နိုင်လဲ (သို့) လိုအပ်ပါက မည်သည့်နည်းလမ်းနဲ့လုပ်ဆောင်နိုင်တဲ့ စတဲ့ 𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧 တွေနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့ 𝐀𝐘𝐙 𝐋𝐞𝐠𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ လူကြီးမင်းတို့ကိုယ်စား ကျွမ်းကျင် 𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞 𝐋𝐚𝐰𝐲𝐞𝐫 များဖြင့်ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါတယ်။
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐂𝐨𝐦𝐩𝐚𝐧𝐲𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐨𝐩𝐨𝐫𝐚𝐭𝐞𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐃𝐢𝐜𝐚𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐀𝐘𝐙𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬𝐢𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫
Click here to claim your Sponsored Listing.
Contact the practice
Telephone
Website
Address
Yangon
11031
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Near Post Office, Bo Aung Kyaw Street, Kyauktada Township
Yangon
Between 38th Street & Seikkanthar Street, Maha Bandula Road, Middle Block, Kyauktada Township
Yangon
online service
35 Street, Kyauktada Township
Yangon, 1101
နိုတြီ၊ ကျမ်းကျိန်နှင့် ဘာသာပြန်မျ?