Yokel Cosmetics & Skincare

Organic, Cosmetics and Skincare Products (100%Authentic )

Photos from Yokel Cosmetics & Skincare's post 29/04/2023

💥💥အပြင်မှာ 2သောင်းခွဲ 3သောင်းအထိရောင်းနေကြတာလေး အခုဘာယူယူ 19000ksပါ💥💥

📌အရေအတွက်အများကြီးမရှိပါဖူး
💯UK importတစ်မျိုးပဲရောင်းလို့ qualityအပိုင်းကိုစိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်

✅COD

Photos from Yokel Cosmetics & Skincare's post 18/03/2023

📣 Stock Clearance Sales 📣

💥 UK import productsအစုံကို လက်ကျန်ဖြတ်ဈေးနဲ့ အကုန်လျော့ပေးပါမယ်💥

💗 Stockအများကြီးမကျန်တော့လို့ သုံးနေကြproductတွေပါရင် ယူကိုယူထားသင့်တဲ့ဈေးနဲ့ရောင်းပေးမှာမို့လို့ လက်မနှေးပဲ မြန်မြန်ယူထားကြပါနော်🤗

💗 တစ်ပုံချင်းစီမှာ Price & Expiry Dateတွေလည်းရေးပေးထားပါမယ်

💯Authentic ( အသစ်နှင့်UK importအစစ်ဖြစ်ကြောင်း အာမခံပါတယ် ကြိုက်သလိုစစ်ဆေးနိုင်ပါတယ်နော် )

✅Instock

♻️Ygn,Mdyနှင့် တခြားသောမြို့ပေါင်း 150ကျော်ကို အိမ်အရောက်ငွေချေစနစ်ဖြင့်မှာယူနိုင်ပါသည်

27/02/2022

🤣🤣🤣

11/02/2022

အမှန်ဘဲ 🤣

31/01/2022

ဝယ်သူတွေအဆင်ပြေအောင် Instragm Account လေးနဲ့ Telegram Channelလေး ဖွင့်ထားပါတယ် ဆက်သွယ်မှာယူလို့ရပါတယ်ရှင့်

Telegram : https://t.me/yokelcosmeticsandskincare
Instragm :

29/01/2022

မင်မင်လဲဖတ် မင့်မင့်ကာကာတွေလဲဖတ် 😍

Skincare လုပ်တဲ့အခါမှာ ပိုပြီးလည်းထိရောက်မှုရှိစေချင်တယ်၊ ကိုယ်လိုချင်တဲ့ Skin Results လည်းအမြန်ဆုံးရချင်တယ်ဆို ပါဝင်တဲ့ Ingredients တွေကို စနစ်တကျတွဲဖက်ပြီးသုံးသင့်ပါတယ်။🤩💫
ဒါမှ အချိန်ကုန်ငွေကုန်သက်သာစေမှာဖြစ်သလို အသားအရေအတွက်လည်း Side Effect မရှိစိတ်ချလက်ချသုံးနိုင်ပြီး ကိုယ်လိုချင်တဲ့ Result ကိုရရှိမှာပါ။🧏‍♀️🧏‍♀️💖

အသားအရေအတွက်ပိုမိုကောင်းမွန်စေပြီး တွဲကို တွဲသုံးသင့်တဲ့ Ingredients တွေကတော့….

Retinols&Hyaluronic 🧪
Retionols ကတော့ အသားအရေကို တင်းရင်းနုပျိုစေပြီး ချွေးပေါက်များကို ကျည်းစေတဲ့ အရမ်းကောင်းမွန်တဲ့ Ingredient တစ်မျိုးပါ။ သို့ပေမယ့်သူက Risky ဖြစ်လို့ Moisture&Hydrate အရမ်းပေးနိုင်တဲ့ Hyaluronic နဲ့တွဲသုံးသင့်ပါတယ်။ဒီ ၂ မျိုးကို တွဲသုံးမယ်ဆိုရင်တော့ အသားအရေကို အပြစ်အနာအဆာကင်းပြီး ရေဓာတ်ပြည့်ဝတင်းရင်းကြည်လင်စေမှာပါ….

Vitamin C & SPF☀️
Vitamin C ကတော့အားလုံးသိတဲ့အတိုင်းပဲ အသားအရေမညီမညာဖြစ်တာကိုညှိပေးတယ်၊ brightening effect ကိုထောက်ပံ့ပေးနိုင်ပြီး အသားအရေ လျော့တွဲကျတာကိုလည်း ကာကွယ်ပေးပါတယ်။သူ့ကိုသုံးမယ်ဆိုရင်တော့ SPF ပါတဲ့ Product နဲ့ တွဲကိုတွဲသုံးသင့်ပါတယ်။ အဲ့ ၂ မျိုးကို တွဲသုံးပေးခြင်းအားဖြင့် နေဒဏ်လေဒဏ်ကနေ ကာကွယ်ပေးပြီး အသားအရေယိုယွင်းပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

AHAs & BHAs 🧪
ဒီ ၂ မျိုးကတော့ ချွေးပေါက်ကျယ်ပြီး အဆီပြန်တတ်တဲ့ အသားအရေအတွက်အရမ်းကိုကောင်းမွန်စေပါတယ်။ သူကချွေးပေါက်ထဲက အညစ်အကြေးများကို အသန့်စင်ဆုံးဖြစ်အောင် Exfoliate လုပ်ပေးလို့ ဆားဝက်ခြံ၊ချွေးပေါက်များကိုသက်သာစေပြီး အသားအရေကိုချောမွတ်နူးညံ့စေမှာပါ….

Niacinamide & Hyaluronic Acid💦
ဒီ (၂) မျိုးကတော့ ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ နေရာမှာဆရာကြီးမို့ အသားအရေမွဲခြောက်ခြောက်ဖြစ်ပြီး ရေဓာတ်မလုံမလောက်ဖြစ်နေရင် တွဲသုံးပေးသင့်ပါတယ်။ Niacinamide က ချွေးပေါက်များကိုကျည်းစေပြီး အသားအရေနီမြန်းယောင်ယမ်းတာနဲ့ တင်းတိတ် အမဲစက်များကို မှေးမှိန်သက်သာစေပြီး Hyaluronic Acid ကတော့ အသားအရေအတွင်းပိုင်းအလွှာထိ ရေဓာတ်အလုံအလောက်ဖြည့်တင်းပေးလို့ အသားအရေကို ရေဓာတ်ပြည့်ဝပြီး ကြည်လင်စိုပြေစေပါတယ်။

.Beauty

Photos from Poe Phyu Thant's post 28/01/2022

❣️Garnierကလေ Banana မှရယ်မဟုတ်ပါဖူးနော် ကျန်တဲ့ ဗူးလေးတွေလည်းအကုန်ကောင်းတယ် ကိုယ့်ဆံသားပေါ်မူတည်ပြီး ဝယ်သုံးကြည့်ပါနော် အကုန်ရှယ်ကောင်းတာ မွှေးအီနေတာ ☺️

❣️ကျွတ်တာကြမ်းတာတော ညွှန်းရဲတယ် ကိုယ်တောင်သုံးနေတာမလို့ 😬

❣️ဈေးကြည့်လည်းအသင့်တင့်ဘဲ ကိုယ်လည်း UK ကတိုက်ရိုက်ဝယ်ရောင်းတာမလို့ ပို့ခဘာညာနဲ့တွက်ပြီးတတ်နိုင်သမျှနည်းအောင်ဈေးဖြတ်ထားတယ်

💯ဈေးလည်းမများစေရဖူး ပစ္စည်းလည်းစိတ်ချလို့ရပါတယ်ရှင့် 🥰

👉အားပေးကတော့ရှယ်ကြမ်းတယ် ပစ္စည်းတွေကုန်တာမြန်ချက် လက်ဦးသူအရင်ဘဲခုinstock တောင်😮‍💨

👉နမို့နောက်instock ဖြည့်တာစောင့်ရမှာကြာကြီးဘဲ import တွေနည်းနည်းကြပ်နေလို့ ပေးရတာနဲ့တန်ပါတယ်ရှင့် 💜

Photos from Rosy Diaries's post 22/01/2022

မင်မင်တို့မှာရှိတယ်နော်

20/01/2022

အဆီဖု သမားလေးတွေအတွက် ☺️

Toner သုံးဖို့ တကယ်လိုအပ်လား? 👌👌👌

တချို့တော်တော်များများက Toner ကို မသုံးလည်းရတယ်ဆိုပြီး မသုံးတတ်ကြပါဘူး.. အပိုအဆင့်လို့ပဲ ထင်တဲ့သူတွေလည်း ရှိပါတယ်.. " အရင်က Toner မသုံးဘူး .. ခု သုံးသင့်လား " ဆိုပြီး လာမေးကြတာတွေလည်းရှိပါတယ် .. Essence မှာ Toner effect ပါ ပါပြီးသားမို့ တမျိုးထဲ လိမ်းရင် မရဘူးလားဆိုပြီးလည်း ဈေးဆစ်တတ်ကြပါတယ်.. တကယ်တော့ Essence ဆိုတာဟာ Moisturizing treatment step မို့ Toner သုံးစရာမလိုဘူးဆိုတာ မဟုတ်ပါဘူး ..

အဲ့ဒါကြောင့် ဒီနေ့ Toner ဆိုတာ ဘာလဲဆိုတာရယ် တကယ်ပဲ သုံးသင့်လား ဆိုတာရယ်ကို နည်းနည်းရှင်းပြမယ်နော်..

📕 Toner ဆိုတာဘာလဲ ?

Toner ဆိုတာ မျက်နှာသစ်ပြီး ချွေးပေါက်တွေထဲမှာ ကျန်နေသေးတဲ့ အဆီနဲ့ အညစ်အကြေးအပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးတဲ့ skincare ပါ .. cleansing step ရဲ့ နောက်ဆုံးအဆင့်လို့လည်း ပြောလို့ရပါတယ်..

နောက်ပြီး ကျန်တဲ့ skincare step တွေ မလိမ်းခင် skin ရဲ့ pH level ကို ညှိပေးတဲ့အတွက် လိမ်းတဲ့ serum , essence စတဲ့ moisturizer တွေကို ပိုပြီး စိမ့်ဝင်ထိရောက်စေပါတယ်..

ဒါကြောင့် K Beauty ရဲ့ နာမည်ကြီး Soko Glam ရဲ့ co-founder Charlotte Cho ကိုယ်တိုင်က

" Think of toner as Prep for your pores "

လို့ ဆိုပါတယ် .. Toner က

1. ကျန်ခဲ့တဲ့ အဆီနဲ့အညစ်ကြေးတွေ ဆဲလ်သေတွေကို ဖယ်ပေးတယ်
2. skin ရဲ့ normal pH level ကို ညှိပေးတယ်
3. လိမ်းတဲ့ skincare တွေကို ပိုထိရောက်စေပါတယ်တဲ့ ...

Makeup notes နဲ့ ရှင်းပြရရင် Toner က Primer လိုပါပဲ.. Primer က မိတ်ကပ်သား ညီညီညာညာနဲ့ အသားထဲညက်နေစေဖို့ အဆီမပြန်အောင် မိတ်ကပ်မကွက်အောင် ထိန်းညှိပေးသလို toner ကလည်း မျက်နှာမှာ အဆီနဲ့ဆဲလ်သေတွေကို ဖယ်ပေးပြီး လိမ်းတဲ့ serum တွေ moisturizer တွေကို စိမ့်ဝင်မြန်ပြီး ပိုထိရောက်စေပါတယ်..

နောက်ထပ် ရိုးရိုးလေး စဉ်းစားကြည့်ရင် makeup sponge ကို ရေမစွတ်ပဲ ဒီတိုင်း လိမ်းတဲ့အခါ မိတ်ကပ်မညက်သလိုပဲ မျက်နှာသစ်ပြီးစ ခြောက်သွေ့နေတဲ့မျက်နှာပေါ် skincare တွေလိမ်းတဲ့အခါ စိမ့်ဝင်ဖို့ ခက်ပါတယ် ..

ဒါကြောင့် Toner က skincare step ထဲမှာ ထည့်ကို ထည့်ရမဲ့ step ပါ..

📕 Toner ကို ဘယ်ချိန်မှာ သုံးရမလဲ ?

Toner ကို မျက်နှာသစ်ပြီးတဲ့အခါတိုင်း သုံးနိုင်ပါတယ်.. alcohol သို့ astrigent များတဲ့ toner မျိုးဆိုရင်တော့ အသားမခြောက်အောင် သတိထားပြီး သုံးလို့ရပါတယ် .. Dry skin သမားတွေကတော့ Alcohol မပါလေ ကောင်းလေပါပဲ..

📕 Toner ဘယ် ၂ မျိုးရှိလဲ?

Toner မှာ Skin type & concern အလိုက် အမျိုးမျိုးရှိပါတယ် ..

👉 အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားရေ နဲ့ ဝက်ခြံထွက်လွယ်တဲ့အသားရေ တွေအတွက် ချွေးပေါက်မပိတ်အောင် သန့်စင်ပေးတဲ့ Toner - Salicylic acid or BHA , Glycolic acid or AHA ပါတဲ့ Toner

👉 ရေဓါတ်ဖြည့်ပေးတဲ့ Hyaluronic acid ပါတဲ့ Toner

👉 Soothing & Calming လုပ်ပေးတဲ့ Toner
ဥပမာ ; Centella , Propolis , Rose water စတာတွေ ပါတဲ့ toner

👉 Moisturizing လုပ်ပေးတဲ့ Toner

👉 Brightening ဖြစ်စေတဲ့ Vitamin C ပါတဲ့ Toner

👉 Antiaging အတွက် Antioxidants သို့ Retinol စတာတွေ ပါတဲ့ toner

စသဖြင့် ရှိပါတယ် ... ဒါကြောင့် ကိုယ့်အသားရေအပြင် ကိုယ်ဖြစ်ချင်တဲ့ Skin concern နဲ့ အလိုက် toner ကို ရွေးချယ်လို့ရပါတယ် ..

ခုနောက်ပိုင်းမှာ Toner ဟာ cleansing step တခုအနေနဲ့ရော skin ရဲ့ pH balance ညှိပေးတဲ့အနေနဲ့အပြင် Hydrating , soothing စတဲ့ concern တွေနဲ့ အဓိကထားပိုသုံးလာကြပါတယ်.. K Beauty Trend မှာဆိုရင် toner ကို ဂွမ်းနဲ့မလိမ်းပဲ လက်နဲ့ ပုတ်ပုတ်ပြီး လိမ်းတာ မြင်ဖူးမှာပါ.. မနှစ်ကဆို " K beauty trend 7 Skins Method " ဆိုပြီး Light weight ဖြစ်တဲ့ Toner ၇ မျိုးကို အဆင့်ဆင့် လိမ်းတဲ့နည်းက ခေတ်စားသွားသေးတယ်... ဒါပေမဲ့ သူတို့လို (၇) မျိုး လိုက်လိမ်းစရာမလိုပါဘူး .. ယမုံတို့ဆီမှာက ရာသီဥတုကပူပြီး အဆီပြန် ဝက်ခြံထွက်လွယ်တဲ့ အသားရေက ပိုများလို့
Exfoliating toner တမျိုးနဲ့
ကိုယ့် Skin concern အရ သင့်တော်တာ တမျိုးနဲ့ (၂) မျိုးလောက်ရှိရင်ကို လုံလောက်ပါတယ်..

❤️ ဒါကြောင့် Toner သုံးသင့်လားလို့မေးရင် ..❓

" သုံးသင့်ပါတယ် " လို့ ဖြေပါတယ်... K beauty trend ရဲ့ Glow skin , Glass skin တွေက အရမ်းခေတ်စားနေတော့ Skincare trend အရရော Toner က လိုအပ်ပါတယ် .. 😊😊

စာအရှည်ကြီး အမြဲဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်. သိချင်တာရှိရင် comment မှာ မေးလို့ရပါတယ်နော်.. message တွေကတော့ အရမ်းများလို့ မပြန်နိုင်တာအတွက် တောင်းပန်ပါတယ်.. 😔😔😔

Bye Bye ... 👋👋👋

Skincare by May
2018 Oct 31

14/01/2022

simple kind to skin soothing facial toner (200ml)

13500mmk

💦 toner လေးကတော့ အဓိကက မျက်နှာကို ချောမွတ်စေပြီး ph balance ညှိပေးပါတယ်

💦 သူ့မှာပါတဲ့ Pro-vitamin b5, witch hazel နဲ့ allantoin တို့က skin-tone ညီစေပြီး refresh ဖြစ်စေပါတယ်

💦cotton pad လေးသုံးပြီးဖြစ်ဖြစ် လက်လေးနဲ့ပုတ်ပြီးဖြစ်ဖြစ်သုံးပေးပါနော် (မင်မင်ကတော့ လက်နဲ့ပုတ်ပြီးသုံးရတာပိုကြိုက်တယ်)

💦 Sensitive skin အတွက် အဓိကထုတ်ထားတာဖြစ်လို့ no artificial perfume or colour, no harsh chemical ပါ

💦 simple လေးက cruelty-free ဖြစ်ပြီး 100% recycled plastic အသုံးပြုထားပါတယ်ရှင်

💦 200ml ဘူးကြီးကိုမှ 13500 ဆိုတာ တကယ်ကိုသုံးပျော်ပါတယ်နော်

💦 simple လေးက Dermatologically tested ပါ

UK direct ဖြစ်တာမို့ စိတ်ချသုံးလို့ရပါတယ်ရှင်

14/01/2022

Simple kind to skin hydrating cleansing oil (125ml)

15000mmk

🍇 သူလေးက make-up နဲ့ မျက်နှာမှာရှိတဲ့ အညစ်အကြေးလေးတွေကိုသန့်စင်ပေးနိုင်တဲ့ cleansing oil လေးပါ

🍇 ဒါ့အပြင် vitamin A&E ကဲ့သို့ skin-loving ingredient ဖြစ်တဲ့ grapeseed oil ပါဝင်တဲ့အတွက်ကြောင့် မျက်နှာသစ်ပြီးရင် အစိုဓာတ်လေးကို ထိန်းပေးထားနိုင်ပါတယ်

🍇 All sensitive skin type သုံးလို့ရပြီး no artificial perfume or colour, no harsh chemical ပါရှင်

🍇 100% recycled plastic သုံးထားပြီး dermatologically tested , cruelty free ပါရှင် 🐰🐰

UK direct မို့ စိတ်ချသုံးလို့ရပါတယ်နော်

Photos from Yokel Cosmetics & Skincare's post 13/01/2022

Simple kind to skin replenishing rich moisturiser (125ml)

14500mmk

👉 ဒီဟာလေးကတော့ မျက်နှာအစိုဓာတ်ကို ၂ဆ ထိန်းပေးနိုင်တဲ့ moisturiser လေးပါ
(ဆိုတော့ dry skin, dull skin တွေအတွက်ပိုသင့်တော်ပါတယ်နော်)
👉 သူ့ရဲ့ အစိုဓာတ် ထိန်းသိမ်းမှုကတော့ 12 hours ပါတဲ့ (လိုအပ်ရင်လဲ ထပ်လိမ်းလို့ရပါတယ်)
👉 သူ့လိမ်းပြီးရင် အသားအရေလေးက နူးနူးညံ့ညံ့နဲ့ တနေကုန် အာဟာရဖြည့်ပေးနိုင်တဲ့ သူလေးပါနော် 😍
👉 Skin-loving ingredients တွေဖြစ်တဲ့ pro-vitamin B5 နဲ့ bisabol တို့ဟာ အသားအရေကို အာဟာရဖြည့်ပေးပြီး နူးညံ့ချောမွတ်အောင် လုပ်ဆောင်ပေးပါတယ် (လုံးဝ စေးကပ်ကပ်မဖြစ်ပါဘူးနော် 😍)
👉 ပုံမှန်အတိုင်း skin irritation ဖြစ်စေတဲ့အရာတွေမပါပါဘူးနော် ( no colour or dye, no harsh chemical, no artificial perfume ပါ)

သူလေးက Dermatologist tested and Ophtalmologist tested ပါ ✨✨

simple လေးက cruelty-free ပါနော် 🐰🐰🐰

သူလေးကလဲ 100% recycled plastic ကိုအသုံးပြုထားလို့ environment save ဖြစ်ပါတယ်ရှင် 😍😍😍

UK direct ဖြစ်တာမို့ စိတ်ချသုံးလို့ရပါတယ်နော် ❤

Photos from Yokel Cosmetics & Skincare's post 12/01/2022

Simple kind to skin protecting light moisturiser spf 15 (125ml)

17000mmk

💚သူလေးက နာမည်နဲ့လိုက်အောင် light weight ဖြစ်ပြီး အသားအရေထဲကို စိမ့်ဝင်လွယ်ပါတယ်
💚တခါလိမ်းထားရင် 12 နာရီကြာအစိုဓာတ်ထိန်းသိမ်းပေးတဲ့ super hydrating moisturiserလေးပါ
💚သူ့ရဲ့ formula လေးက UVA, UVB ၂မျိုးလုံးကာကွယ်ပေးနိုင်အောင် ထုတ်လုပ်ထားပြီး spf15 ပါဝင်တော့ suncream လိမ်းရမှာပျင်းတဲ့သူလေးတွေအတွက်လဲအဆင်ပြေပါတယ်
(spf 30 ကနေ စလိမ်းရင်တော့အကောင်းဆုံးပေါ့နော်😉 )
💚skin-loving ingredients တွေဖြစ်တဲ့ pro-vitamin B5 နဲ့ vitamin E တို့ပါဝင်ပါတယ်

Dermatologist tested ပါ 😍

နောက်ပြီး simple brand လေးရဲ့ ထုံးစံအတိုင်း no artificial fragrances or dyes, no harsh chemicals, no alcohol, no soap, no parabens, no added phthalates ပါနော် ❤

ပြီးတော့ ဘူးလေးက 100% recycled plastic ကိုသုံးထားတဲ့အတွက် ပတ်ဝန်းကျင်လဲ ထိန်းသိမ်းရာရောက်ပါတယ်နော် 😍

ပြောနေကျအတိုင်း simple လေးက cruelty-free ပါ 🐰🐰🐰✨

UK direct မို့ စိတ်ချသုံးလို့ရပါတယ်ရှင် 😍

Photos from Yokel Cosmetics & Skincare's post 12/01/2022

မင်မင်တို့ဆီမှာရှိတဲ့ simple က 50ml ဘူးသေးလေးတွေပါ

✨Simple kind to skin moisturising facial wash
✨Simple kind to skin moisturising facial wash pouch
✨Simple kind to skin hydrating light moisturiser
✨Simple kind to skin hydrating light moisturiser pouch
✨Simple kind to skin refreshing facial wash
✨Simple kind to skin micellar cleansing water

50ml ဘူးလေးတွေက 6500mmk ပါနော် 😍😍

100% Authentic 💙
Direct from UK ပါ 💙

Photos from Glamour By Johanna's post 09/01/2022

Caption နဲ့တင် ကြွေနေပြီ😂
ကြိုက်လို့ရှဲပေးတာ ဟိ😬

Photos from Yokel Cosmetics & Skincare's post 08/01/2022

နောက်ထပ် simple ရဲ့ gel type moisturiser လေးတခုလာပါပြီ 😍

Simple all day mattifying moisturiser (50ml)

💙 oily skin သမားတွေအတွက် ထုတ်ထားတဲ့အတွက် oily skin သမား​တွေ ဖြစ်လေ့ရှိတဲ့ အဆီဖု ဝက်ခြံသမားတွေအတွက် သင့်တော်တဲ့ thyme, zinc and witch hazel တို့ပါဝင်ပြီး အသားအရေကို gently detox လုပ်ပေးပါတယ်
💙 gel type ဖြစ်တာကြောင့် အသားအရေထဲကို စိမ့်ဝင်လွယ်ပြီး အဆီထိန်းပေးပါတယ်နော်
💙သူ့ကိုသုံးမယ်ဆိုရင် ပဲလုံး ၂လုံးစာလောက် ယူပြီးသုံးရင်တောင် လုံလောက်တာမို့ ကြာကြာအသုံးခံပြီး သုံးရတန်တဲ့ moisturiser လေးပါ
💙 no harsh chemicals, artificial perfume or colour, no salicylic acid or alcohol, no parabens or phthalates, no mineral oils ပါ (ဒါလေးက ပိုပြီးsimpleနေတယ် 😜)

50ml ကို 18000mmk ✨

simple လေးက cruelty free ပါနော် 🐰🐰🐰
UK direct မို့ စိတ်ချသုံးလို့ရပါတယ်ရှင်

Direct Import from UK 🇬🇧
💯 ပစ္စည်းစစ်ကြောင်းအာမခံပါတယ်ရှင့်


&skincare

Photos from Yokel Cosmetics & Skincare's post 07/01/2022

ဒီတခါ Simple water boost series လေး 💙
💦 Simple water boost hydrating gel cream
-smooth and fresh ဖြစ်တဲ့ skin လေးလိုချင်ရင် ဒါလေးသုံးပါ​နော်
-gel type ဆိုတော့ စေးကပ်ကပ်မဖြစ်ပဲ စိမ့်ဝင်လွယ်ပါတယ်
-sensitive, dry or dehydrated skin သမားတွေအတွက်သင့်တော်ပါတယ်
ဒါပေမယ့် gel type လေးဖြစ်တာကြောင့် oily သမားတွေပါလိမ်းလို့ရပါတယ်နော်
-no harsh chemical, artificial colour or perfume(simple ဆိုတဲ့အတိုင်းပေါ့)
14500mmk (50ml)

💦 Simple water boost hydrating booster moisturiser
-dehydration symptoms ရှိနေသူတွေအတွက်အထူးသင့်တော်ပါတယ်
-လိမ်းပြီးရင်လဲ ကျန်းမာပြီးနူးညံ့တဲ့ skin လေးကိုပိုင်ဆိုင်နိုင်မှာပါ (looking and feeling healthy and soft to the touch)
-ပြီးတော့ သူလေးက Dermatologically tested ပါ😍
13500mmk (25ml)

💦Simple water boost cleansing micellar water 200ml
( micellar water ဆိုတဲ့အတိုင်း make up ဖျက်တာပေါ့နော် 😜)
-သုံးပြီးသွားရင် ခြောက်ခြောက်ကြီးမဖြစ်ပဲ cleansing bubble လေးတွေက gently remove လုပ်ပေးသွားမှာပါ
-သူလဲ no colour or perfume, harsh chemical ပါ
-သူ​​လေးက all skin type သုံးလို့ရပေမယ့် dry & sensitive skin အတွက် ပိုသင့်တော်ပါတယ်ရှင်

14000mmk (200ml)

simple လေးက cruelty-free ပါနော် ✨
UK direct imported ဖြစ်တာမို့ စိတ်ချသုံးလို့ရပါတယ်ရှင် 💙

Direct Import from UK 🇬🇧
💯 ပစ္စည်းစစ်ကြောင်းအာမခံပါတယ်ရှင့်


&skincare

05/01/2022

Acid ပါတဲ့ပစ္စည်းလေးတွေဝယ်တော့မယ်ဆိုရင် 👇

__ ACID ပါတဲ့ skincare စသုံးဖို့ အသက်အရွယ် list __

ကိုယ့် တဦးထဲ အတွက် ဆိုတာထက် ဒါကတော့ ယေဘုယျ ခြုံပြောပေးထားတာပေါ့။

မိုး ကို မေးလေ့ ရှိကြတဲ့ ဘယ်အသက်ဆို သုံးလို့ ရပီလဲ ဆိုတဲ့ မေးခွန်း မျိုး အတွက် ပါနော် ။

Hyaluronic Acid ~ အသက် ၂၀ ကနေ ၂၅ ကြားဆို စသုံးကို သုံးသင့်ပါပီနော် ။ သူကတော့ လိုအပ်ရင် ၂၀ မတိုင်ခင်ထဲက စနိုင်ပါတယ် ။ မိုး တုန်းကတော့ ၂၄-၂၅ မှ သိလို့ စခဲ့ပါတယ်။ moisture အတွက် မရှိ မဖြစ်ပါ ။ molecular size ကြီးတာ သေးတာ ဘာညာ အသေးစိတ် ကွာပါသေးတယ် ။ HA ပါ ။

Lactic Acid ~ အသက် ၁၈ ကျော် ၂၀ ဆို စသုံးနိုင်ပါပီ။ ဒါလည်း မိုးတော့ ၂၅ မှ စသုံးဖြစ်တာ ။ AHA ပါပဲ ။ ဒါက glycolic acid ထက် mild ဖြစ်ပါတယ် ။ သူက molecules size ပိုကြီး လို့ပါ ။

Mandelic Acid ~ ဒါလေးက အသက် ၂၅ ကျော် ၃၀ မတိုင်ခင်ထဲက စသင့်ပါတယ်။ မိုး ကတော့ ဒီနှစ်မှ စသုံးဖြစ်ပါတယ် ။ lactic acid ခဏ ကုန်တုန်း ဒါလေး အစားထိုး သုံးနေပါတယ် လက်ရှိ။ AHA ပါပဲ ။ ဒါက AHA ထဲ molecular size အကြီးဆုံးပါ ။ mild ဖြစ်ပါတယ် ။ sensitive skin အတွက် recommended ဖြစ်တဲ့ AHA ပါ။

Salicylic Acid ~ အသက် ၁၆ ကျော်ရင် စနိုင်ပါပီ။ ဒါပေမဲ့ teenager ထဲက ဝက်ခြံသမားမို့ စသုံးရသူတွေ အတော်များ ပါတယ်။ မိုး ကတော့ ကလေးထဲက ဆရာဝန် ပေးလို့ ၆ တန်းက စ သုံးခဲ့ရပါတယ် ။ BHA ပါ။

Glycolic Acid ~ အသက် ၂၀ ၊ နောက်အကျ ဆုံး ၂၅ ဆို စသင့် ပါတယ် ။ မိုးလည်း ၂၅ မှ စခဲ့ရတယ် မသိခဲ့လို့ အရင်က ။ AHA ပါ ဒါက။

Ferulic Acid ~ အသက် ၂၀ /၂၅ ဆို စသင့်ပါပီ ။ ဒါလေးတော့ ခုထိ မသုံးရသေးဘူး မိုး တော့ ။ antioxidant အာနိသင်ပါ၊ အရေးအကြောင်း ၊ အစက်အပျောက် နဲ့ အသားအရေ တွန့်တာတွေ အတွက်ပါ။

Azelaic Acid ~ အသက် ၁၆ ဝန်းကျင် ဆို စနိုင်ပါပီ ။ သူက ဝက်ခြံ သမား တွေ အထောက်အကူ ဖြစ်ပါတယ် ။ ဝက်ခြံပိုး အတွက် အထောက်အကူ ဖြစ်စေတဲ့ အပြင် ဝက်ခြံအမာရွတ် တွေပါ မှိန်စေပါတယ် ။

Ascorbic Acid ~ အစောဆုံး အသက် ၁၈ ၊ နောက်အကျဆုံး ၂၅ နှစ် ဆို သုံးနိုင်ပါပီ ။ ဒါက water soluble vitamin C ပါပဲ ။ မိုး က တော့ အမြဲ မသုံးဖြစ်သေးဘူး ခုထက်ထိ ။ vitamin C တခုခု or အလားတူ ပဲ တမျိုး အနေနဲ့ ထည့်ဖြစ်တယ် ။ ascorbic acid ရယ်မှ လို့ ရွေး မသုံးဖြစ်ဘူး ။

တတ်နိုင်သလောက် အတိုချုံး ရေးထားပါတယ် ။ မိုး လည်း AHA BHA တွေ အကြောင်း ရေးထားဖူးတာ ရှိပါတယ်နော် ။

အဲ့ဒါက မိုး ရဲ့ pin post ထဲက ဖတ်ပါနော် ။ အက်ဆစ် အကြောင်း တွေကတော့ ပြောရမယ် ဆိုရင် အရှည်ကြီး ပဲ ။ ပြောမကုန် နိုင်တာ ကတော့ အက်ဆစ် တွေ အကြောင်း ပါပဲ ။ နောက် ထပ် ရေးအုံးမှာပါ ။ 😘

စိတ်တွေက လွင့်လိုက် ပြန်ဖမ်းလိုက်နဲ့မို့ ရက် ခြားခြား နေတာပါ ။ flu လည်း ဆယ်ရက်လောက် ကူးလိုက်တာ ခုမှ ပြန်ကောင်းလို့ ပါ ။ ❤️

05/01/2022

💋Skincare လေးတွေမဝယ်ခင် သေချာလေးဖတ်ပေးပါနော် 💕

Retinol ဆိုပီး trend နေလို့ ခုတလော ~
မသုံးတတ်ရင် Niacinamide တုန်းကလို / the ordinary ရဲ့ peeling လို မတည့်ဘူး တွေ လောင်တယ်တွေ ဖြစ်ကြအုံးမှာမို့ပါနော် 😥

ဟိုးအရင်ထဲက မိုး အသေးစိတ် ရေးထားတာလေး
အရင်ဖတ် စေချင်ပါတယ်

Retinol ဆိုတာ တကယ်က Retinoid ထဲက တခုပါနော် ..

ဖတ်ကြည့်ပီးမှ ရွေးပါ ၊ ဝယ်ပါ ၊ လိမ်းပါ

မဟုတ်ရင် အကုန် လောင်ကုန် / အသားခြောက်ကုန် မှာပါ

Concentration တွေ ရွေးဖို့၊
အမျိုးအစား ရွေးဖို့
တပတ် ဘယ်နခါ လိမ်းဖို့
သိဖို့ လိုပါတယ်

ကိုယ်လိမ်းလက်စ တွေနဲ့
ဓာတ်ပြုမှာကိုလည်း သတိပြုပါနော်

Retinol / Retinoid အပိုင်း (၁) - https://www.facebook.com/2599543103407909/posts/4159446140750923/?d=n

Retinol / Retinoid အပိုင်း (၂) - https://www.facebook.com/2599543103407909/posts/4165002916861912/?d=n

Retinol / Retinoid အပိုင်း (၃) - https://www.facebook.com/2599543103407909/posts/4182725905089613/?d=n

စုစည်းမှု - https://www.facebook.com/2599543103407909/posts/3651265791568963/?d=n

အမြဲ percentage အနဲကသာ စပါ

Sensitive skin ဆိုရင် patch test လုပ်ပါ

ဒါမှ မဟုတ် moisturizer တထပ်ခံပီးမှ အပေါ်က Retinoid/ retinol ကို လိမ်းပါနော် လောင်တာ မဖြစ်ဖို့ပါ .

Photos from Yokel Cosmetics & Skincare's post 05/01/2022

Hello မင်မင်တို့ နားထားတာလေးကြာသွားပြီး ခု ဒုတိယ post လေးပြန်လာပါပြီ ✨✨
ဒီတခါတော့ ဝက်ခြံသမားလေးတွေအတွက် ထုတ်ထားတဲ့ simple anti-bac အတွဲလေးပါ

🌻Simple Kind Defence Antibacterial Cleansing Face Wash (150ml)
14500mmk

-သူလေးက 99% bacteria သတ်ပေးတယ်
-skin's barrier အတွက် pro-vitamin B5 နဲ့ vitamin B3 ပါဝင်တယ်
-ပြီးတော့ simple ဆိုတဲ့အတိုင်း
no alcohol, perfume,colour or mineral oils ပါနော် 😘

🌻Simple Kind Defence Antibacterial Light Moisturiser (125ml)
16000mmk

-remove 99.9% bacteria
-သူလဲ no alcohol, artificial perfume or colour, no harsh chemicalsပါ
-sensitive skin လေးတွေပါသုံးလို့ရတယ်နော် သုံးဖူးသူတွေရဲ့ review အရ dry skin အတွက် ပိုသင့်တော်ပြီး oily & combination skin တွေအတွက်ကတော့ ညဘက်လိမ်းတာပိုသင့်တော်ပါတယ်ရှင်

🐰🐰simple လေးက cruelty-free ပါနော်

Direct Import from UK 🇬🇧
💯 ပစ္စည်းစစ်ကြောင်းအာမခံပါတယ်ရှင့်


&skincare

04/01/2022

💫မင်မင်တို့ page လေးကို ၂၀၂၂နှစ်မှာ ပြန်စရောင်းပါပြီနော်

💫ပစ္စည်းရောက်တာလေးတွေ စစ်နေတာနဲ့မတင်ဖြစ်သေးလို့ ဖြေးဖြေးချင်းတင်ပေးပါ့မယ်

💫ဈေးနှုန်းသင့်တင့်သော Dermatology products လေးတွေပါရောင်းတာမို့ ပစ္စည်းစစ်တာအာမခံပါတယ်ရှင့်

👉Give Away လေးတွေလည်းလုပ်ဖို့အစီအစဉ်ရှိလို့ see first လုပ်ထားပေးပါနော်

🔊ဝယ်သူတွေအတင်ပြေအောင် telegram နဲ့ instragm လေးတွေ မှာလည်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့် ☺️

Telegram Channel : https://t.me/yokelcosmeticsandskincare

Instragm :

&skincare

Photos from Yokel Cosmetics & Skincare's post 02/01/2022

🌸Gariner Hair Food လေးတွေရပါမယ်နော်🌸

Hair Conditioner နဲ့ Hair Mask ၅မျိုးဆီရှိပါမယ်
-Papaya (ပျက်စီးနေသောဆံသားအတွက်)
-Banana (ဆံသားခြောက်သွေ့ခြင်းအတွက်)
-Aloe Vera (ဆံသားအားဖြည့်ခြင်းအတွက်)
-Watermelon (ပါးလွှာသောဆံသားအတွက်)
-Coconut (ရှုပ်ထွေးပြီး /ကောက်ထားသောဆံသားအတွက်)

Direct Import From UK 🇬🇧
💯 %Authentic

💦Price :20500 MMK (all in stock ဒါပေမယိ့ limited ပါနော် အများကြီးမဝယ်မိလို့ လက်ဦးမှုရယူကြပါနော်🥲)

-------------------❤️------------------
👉အသုံးပြုပုံ

step 1: shampoo နဲ့ခေါင်းလျော်ပါ
step 2: conditioner နဲ့ပေါင်းပါ (တချို့က ၅~၁၀မိနစ်လောက်ထားပြီးဆေးချ)
step 3: Hair Mask (၅မိနစ်ကနေ မိနစ်၂၀ကြား လူးထားပြီး မှရေဆေးချပါ)

👉ထူးခြားမှုကတော့ ဆံသားတွေပျက်စီးနေတာအတွက်ဆိုရင် မျက်နှာပေါင်းတင်သလိုဘဲ ဆံပင်ကိုလည်း hair maskမဖြစ်မနေသုံးပေးပါ

👉မင်မင်ကိုယ်တိုင် ဆံပင်ကို bleaching လုပ်ပြီး ချွတ်ပြီးမှအရောင်ဆိုးထားတာတောင် Garnier Hair Food သုံးတာ အရမ်းသိသာပါတယ် ပျက်စီးမှုရော ကျွတ်တာရောအရမ်းသက်သာပါတယ် နော် (တခုဘဲ ပေါင်းတင်ထားတာ အရမ်းမွှေးတယ် အသီးနံ့လေးတွေက မွှေးလွန်းလို့ စားချင်စိတ်ပါပေါက်တယ် 😮‍💨 မစားမိပါစေနဲ့နော် 😬)

💢အစက Garnier လုံးဝမသုံးဖူးဖူး စီနီယာအစ်မ နိုင်ငံခြားသူလေးညွှန်းမှစသုံးဖြစ်တာ အရမ်းကြိုက် လို့ instockပါထားရောင်းတာ😬😘

&skincare

01/12/2021

💝 ရေမွှေးအကြောင်း တစ်ထိုင်တည်းနဲ့
သိသွားချင်ရင် ဒါလေး ဖတ်ပါ။

1. ရေမွှေးတွေကို မပွတ်ချေလိုက်ပါနဲ့။

ရေမွှေးဆွတ်ရင် လက်ကောက်ဝတ် နှစ်ခုကို
ပွတ်ချေလိုက်ရတဲ့ ခေတ်က
mommy တို့ခေတ်မှာ ကျန်ခဲ့ပါပြီ။
ခုနောက်ပိုင်းထုတ်တဲ့ ရေမွှေးတွေဟာ
first note မှာ Alcohol ရနံ့တွေ ဖယ်ပြီး
သစ်သီးရနံ့မျိုး ထည့်ထားတာကြောင့်
ဒီမော်လီကျူးတွေကို ပွတ်ချေပြီး
တမင်သက်သက် ဖြိုခွဲပစ်စရာ မလိုတော့ပါဘူး။
ရေမွှေးရနံ့ကို စနစ်တကျ ကိုယ်ပေါ် စွဲကပ်လာအောင်
ရေမွှေးဖြစ်စဉ် တစ်ခုလုံးကို သူ့ဘာသာ ထားလိုက်ပါ။

2. ရေမွှေး အရောင်

ရေမွှေးတစ်မျိုးကို day/ night ခွဲခြားရ ခက်နေသလား။
သူ့ရဲ့ ဘူးခွံသို့မဟုတ် အရည် အရောင်ကို ကြည့်ပါ။

အနီရောင် ခရမ်းရောင် အနက်ရောင်
နက်ပြာရောင် စတာတွေဟာ ညဘက်သုံးဖို့ ဖြစ်ပြီး
seductive ဖြစ်ပါတယ်။ (အရောင်ပိုရင့်)

လိမ္မော်ရောင် အဝါကြည်ရောင်တွေက
နွေဦးရာသီနဲ့ လိုက်ဖက်တဲ့ active အရောင်တွေပါ။

ပန်းရောင် အသားရောင် အဖြူ စတာတွေက
နေ့ခင်း daily ပေါ့ပေါ့ပါးပါး သုံးနိုင်ပါတယ်။
နူးညံ့ပါတယ်။

အပြာရောင် အစိမ်းရောင် အကြည်လိုမျိုးက
fresh and clean ပါ။

100% အတိမကျ မဟုတ်ပေမယ့်
ဒီအတိုင်း ခွဲခြားရင် အနီးစပ်ဆုံး မှန်ကန်ပါတယ်။

3. ရေမွှေးကို ဘယ်မှာ သိမ်းဆည်းမလဲ

တိုက်ရိုက်အလင်းကျနေရင် မထားပါနဲ့။
အပူချိန် မြင့်မားတဲ့နေရာတွေ၊ စိုစွတ်တဲ့နေရာတွေက
သင့်ရေမွှေးကို မြန်မြန်ဖျက်စီးပစ်မှာပါ။
ရေမွှေးပုလင်းတွေအတွက် မှောင်မိုက်ခြောက်သွေ့တဲ့ နေရာတွေက ပိုမိုသင့်တော်ပါတယ်။
အဝတ်ဗီရိုကတော့ အကောင်းဆုံးနေရာပါ။
မဆွတ်ဖြစ်သေးတဲ့ ပုလင်းကို သူ့ ဘူးခွံထဲ ထည့်သိမ်းပါ။

4. ရေမွှေးဆွတ်ရမယ့် pulse point နေရာတွေ

နားရွက်နောက်ဖက် နှစ်နေရာ၊
ရင်ဘတ်က bone တွေ နေရာ၊
လက်ကောက်ဝတ်နဲ့ တံခေါက်ကွေး၊
ဘေးလူကိုပါ မူးမေ့သွားစေချင်ရင်
နောက်ကျော တစ်ချက် ဆံပင်ကို တစ်ချက်၊
Alcohol ပါလို့ ဆံပင်ကို တိုက်ရိုက် အမြဲ မဆွတ်ပါနဲ့။
ဘီးမှာဆွတ်ပီး ဖီးလည်း ရပါတယ်။
တစ်ကိုယ်လုံး မွှေးထုံနေပါစေ။

5. ရေမွှေး ကြာကြာခံအောင်

ရေချိုးပြီးစ ရေပြောင်အောင် သုတ်ပြီးရင် ဆွတ်ပါ။
Moisturizer ရှိတဲ့အချိန် ရေမွှေးပိုစွဲပါတယ်။
Vaseline ကဲ့သို့ petroleum အဆီတစ််မျိုးမျိုးကို
ဆွတ်မယ့်နေရာမှာ အရင်လိမ်းပေးပါ။
ရေမွှေးမှာပါတဲ့ အနံ့တွေဟာ အဆီမှာ ကပ်တွယ်ပြီး
ပုံမှန်ထက် ကြာရှည်ခံပါလိမ့်မယ်။
Travel size လေးတွေ ဆောင်ထားပြီး
နောက်တစ်ကြိမ် ပြန်ဆွတ်ပေးရင်
တစ်နေကုန် မွှေးနေစေပါတယ်။

6. အဝတ်ပေါ်ဆွတ်ပါ။

Fiber အမျှင်တွေကလည်း ရနံ့ကို ကြာရှည် စုပ်ယူပေးလို့ အဝတ်ပေါ် ဆွတ်ဖို့လည်း မမေ့ပါနဲ့။
အဖြူရောင် အဝတ်တွေကိုတော့ သတိထားပါ။

7. ရနံ့ Layer တွေ ဖန်တီးပါ။

ကိုယ်အကြိုက်ဆုံး ရေမွှေးရနံ့တွေကို
ပေါင်းစပ် ဖန်တီးဖို့ မကြောက်ပါနဲ့။
ရနံ့ပိုပြင်းတာကို အရင်ဆွတ်ပါ။
ခြောက်သွားရင် ရနံ့ပျော့တာကို ထပ်ဆွတ်ပါ။
ကမ္ဘာမှာ မရှိသေးတဲ့ ကိုယ်ပိုင်ရနံ့တွေ ဖန်တီးချင်ရင်ပေါ့။

8. မနှမျောပါနဲ့။

သိန်းချီပေးဝယ်ထားရတဲ့ ရေမွှေးကို
ဘယ်သူကတော့ မနှမျောဘဲ နေမှာလဲနော်။
ဒါပေမယ့် ကိုယ်က မွှေးချင်တာလေ။
ဘေးလူကိုပါ မွှေးရနံ့ ခံစားစေချင်တာလေ။
ဒါဆိုရင်တော့ ရနံ့မထွက်ဘဲ နည်းနည်းစီ ဆွတ်နေမယ့်
အစား မွှေးပျံ့နေအောင် သင့်တော်တဲ့ ပမာဏ ဆွတ်ပါ။

9. စိုးရိမ်စိတ် မများပါနဲ့။

ရေမွှေးဆွတ်ထားလျက်နဲ့ ရနံ့ မမွှေးတော့ဘူး
ထင်တာမျိုး လူတိုင်း ဖြစ်တတ်ပါတယ်။
မစိုးရိမ်ပါနဲ့။
သင့်နှာခေါင်းက တချိန်လုံး အနံ့ရနေလို့
မမွှေးတော့ဘူး ထင်တာပါ။
စိုးရိမ်ပြီး ထပ်ထပ်ဆွတ်တဲ့အခါ
လိုတာထက် ပိုများပြီး သင့်နံဘေးက လူကိုပါ
နေထိုင်မကောင်း ဖြစ်သွားစေနိုင်ပါတယ်။

10. Less is More

ဒီစကားလေးကိုလည်း မေ့ထားလို့ မရပါဘူး။
တခါတလေ သူများဆီက တစ်ချက်လောက် ဆွတ်မိတဲ့ ရေမွှေး ကိုမှ ကိုယ်က ကြိုက်လို့ ဝယ်ဆွတ်ရင်
လေးငါးချက် ဖျန်းတာတောင် အနံ့ မထွက်တော့တာမျိုး။
ရေမွှေးရဲ့ မှော်က တစ်တို့လောက် နည်းနည်းလေး ဆွတ်ထားမိရင် တစ်နေကုန် တစိမ့်စိမ့် မွှေးနေတာပါ။

11. Notes တွေ အကြောင်း

ရေမွှေး တစ်ခုမှာ Top Note, Middle Note and Base Note ဆိုပြီး ဖြစ်စဉ် သုံးခု ရှိရပါတယ်။
အဲ့ဒီလို မဖြစ်ဖူးဆိုရင် ဒါကို ရေမွှေးကောင်း
တစ်ခုလို့ ပြောလို့ မရပါဘူး။

* Top notes:
ပထမဆုံး စဆွတ်ဆွတ်ချင်း ရမဲ့ ရနံ့ပါ။
သူလေးကတော့ ရေပေါ်ဆီလေးပေါ့။
ခဏလေးနဲ့ ပျောက်သွားမယ့် အဖွင့်ရနံ့ပါ။

* Middle/heart notes:
အဖွင့်ရနံ့ကို ထပ်ပြီး ရောပေးလာမယ့် ရနံ့ပါ။
ဒီအဆင့်မှာ ပန်းရနံ့တွေ ပိုပါတတ်တယ်။
စတင် မွှေးပျံ့လာတဲ့ ရနံ့ ဖြစ်ပါတယ်။
Vanilla တို့ Candy တို့လို ချိုမြမြနဲ့
sweet ဖြစ်တာလေးတွေ ပါတတ်တယ်။

* Base note:
သူကတော့ အဓိက အနှစ်ပါ။
သစ်မွှေးဆီ ကတိုးဆီတွေ စန္ဒကူးတွေလို
စျေးကြီးတဲ့ ရနံ့တွေက ဒီအဆင့်မှာ ဖြစ်လာပါတယ်။
ခုနက ပန်းရနံ့ သို့မဟုတ် candy ရနံ့တွေနဲ့ ပေါင်းစပ်ပြီး
လူကို ရူးခါအောင် စွမ်းဆောင်ပါတယ်။

12. မကြိုက်တဲ့ ရေမွှေးရနံ့ကို ဖျက်ပစ်ချင်ရင်

မကြိုက်တဲ့ ရေမွှေးနံ့ဆိုတာ ရှိကို ရှိပါတယ်။
သင့်နှာခေါင်းနဲ့ အဆင်မပြေတဲ့ အနံ့ဆိုတာ
သင့်ကို အထက်လှန်အောက်လျှောပါ ဖြစ်စေပြီး
ချာချာလည် မူးဝေနေစေပါတယ်။

ဒီလိုဖြစ်လာရင် ရေမဆေးပါနဲ့။
ရေက ရေမွှေးအဆီကို မဖျက်နိုင်ပါဘူး။
အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ ဆေးနိုင်တယ်။
Makeup remover သုံးပါ။
ဗနီကာအရည် သုံးနိုင်ပါတယ်။

13. တစ်ရှူးသုံးပါ။

သင့်အကြိုက်ဆုံး ရနံ့ကို တစ်ရှူးလေးမှာဆွတ်ပြီး
ပိုက်ဆံအိတ်/ ဗီရိုထဲ ထည့်ထားပါ။
ဖွင့်လိုက်တိုင်းမှာ ပျော်ဖို့ ကောင်းပါတယ်။

14. ရေမွှေး မသုံးရင် ဘာဖြစ်လဲ။

ဘာမှ မဖြစ်ပါဘူး။ အဆင်ပြေပါတယ်။

ရေမွှေးသုံးရင်ရော ဘာဖြစ်မှာလဲ။
စိတ်ကို mood အမျိုးမျိုး ပေးနိုင်တယ်။
တဖက်သားကို ဆွဲဆောင်နိုင်တယ်။
ကိုယ့်ရဲ့ သွင်ပြင်က တန်ဖိုးကြီးတဲ့ပုံ ပေါ်စေပါတယ်။
ရေမွှေးမပါတဲ့ ဘယ်အလှပြင်ဆင်မှုမျိုးကိုမဆို
ပြည့်စုံတဲ့ အလှပြင်ဆင်မှုလို့ မဆိုနိုင်ပါဘူး။

15. ရေမွှေး Full size , Mini travel size , Decant , Inspired ဘယ်ဟာ ဝယ်သင့်လဲ။

* Mini လေးတွေရဲ့ အဓိက အားသာချက်က စျေးမကြီးဘဲ ပုလင်း လှလှလေးတွေ ရနိုင်တာပါ။
Authentic ပုလင်း အသေးလေးတွေကို စုဆောင်းလိုသူတွေ၊ ပုလင်းကြီး ရနံ့ သိလိုသူတွေ၊
အပြင်သွား ခရီးသွားရင် လှလှလေး သယ်သွားချင်သူတွေအတွက် အဆင်ပြေပါတယ်။

* Decant ဆိုတာမျိုးက ပုလင်းကြီးတွေထဲက အရည်တွေကို ပုလင်းရှည်လေးတွေထဲ သပ်သပ်ခွဲရောင်းတာပါ။
သူ့အားသာချက်က ဘူးကြီးထဲကနေ တိုက်ရိုက်ခွဲထားတာ ဖြစ်လို့ ဘူးကြီး ဆွတ်ရ သလိုပါပဲ။
Spray head လည်းပါတော့
စျေးသက်သက်သာသာနဲ့ ရေမွှေးဘူးကြီး ဆွတ်ထားသလို
တစ်ထပ်တည်း ကွက်တိ ရပါတယ်။
Mini လေးတွေလောက်တော့ ပုလင်းမလှပေမယ့်
အိတ်ဆောင်အတွက် တော်တော်အဆင်ပြေပါတယ်။
သတိထားရမှာက ရေမွှေးခွဲထည့်တဲ့အချိန်
မကျွမ်းကျင်ရင် လေနဲ့ oxidized ဖြစ်ပြီး
top note ပျောက်နေတတ်ပါတယ်။

* Inspired ရေမွှေးလေးတွေ တွေ့ဖူးကြမှာပါ။
သူက ပုလင်းကြီးမှာ ပါဝင်တဲ့ ရနံ့တွေကို copy ယူပြီး
တခြား ရနံ့အဆီတွေနဲ့ ပေါင်းစပ် ဖန်တီးထားတာပါ။
90 % to 97 % လောက်ထိ ရနံ့က တူပါတယ်။

မတူတာကတော့ performance ပါ။
ခုနပြောသလို ရေမွှေး ဖြစ်စဉ်
စလယ်ဆုံး သူ့မှာ မပါပါဘူး။
Opening မှာ top note မတွေ့ရပဲ
Alcohol အနံ့သာ ရပါမယ်။

ခဏနေရင်တော့ တော်တော်အဆင်ပြေတဲ့
ရနံ့ ထွက်လာပါပြီ။
Authentic ပုလင်းကြီးတွေရဲ့ ရနံ့နဲ့ ထပ်တူ နီးပါး
တူတဲ့ ရနံ့ကို ဆယ်ပုံတစ်ပုံတောင် မရှိတဲ့
ငွေပမာဏနဲ့ ခံစားနိုင်ပါတယ်။

ဒါပေမယ့် Inspired ဆိုတာ Authentic မဟုတ်ပါဘူး။
Authentic ရေမွှေးဆွတ်ထားတဲ့ feeling မျိုးကို
Inspired မှာ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး။

အားသာချက်ကတော့ စျေးကြီးတဲ့
ရေမွှေးတွေနဲ့ ညှပ်သုံးနိုင်တယ်။
ဥပမာ Authentic ကို သုံးချက်ဆွတ်
သူလေးကို သုံးချက်ဆွတ်ပြီး ရနံ့ထိန်းလို့ ရပါတယ်။
စျေးသက်သက်သာသာနဲ့ ကိုယ်ကြိုက်တဲ့ရနံ့ကို
ရှာဖွေနိုင်ပါတယ်။

🥰ကဲ ဒါဆိုရင်တော့ မင်မင့် customer လေးတွေ
ရေမွှေးအကြောင်း တော်တော်သိသွားပြီလို့ ထင်ပါတယ်။
မေးချင်တာရှိရင်လည်း လာမေးပါရှင်။

*စာသားများကို ကူးယူဖော်ပြခွင့် မပြုပါ။*

Photos from Kdrama World - Update News's post 14/11/2021

အာမခံ cosmetics များသာရောင်းပေးသည် 😌

Photos from Yokel Cosmetics & Skincare's post 08/05/2021

STENDERS
ဈေးတွေသူ့ပင်ရင်းဆိုင်မှာကိုကဈေးတက်လို့ ဈေးလေးတွေပြောငိးလဲမှုအတွက် အားနာပါတယ်ရှင့်🥲
In Stocks!!

Photos from Yokel Cosmetics & Skincare's post 08/05/2021

Laura Mercier

👉In stocks Products
မရောင်းဘဲထားထားတာ လာမေးကြတဲ့ သူငယ်ချင်းတွေရှိလို့ Instock ဝယ်ထားတာလေးတွေတင်ပေးတာပါရှင့်

💫လက်ထဲရှိတာလေးတွေ တင်ရောင်းပါ့မယ်နော်

👉Delivery အပ်ပေးပါတယ်
ဒေါ်လာဈေးအရမ်းမငြိမ်တဲ့အတွက်ကြောင့် ဝယ်တဲ့နေ့ဈေးနဲ့ဖြတ်ပြီးတွက်ပေးပ့ါမယ်

မင်မင်လက်ထဲဝယ်တာနဲ့ ဈေးတက်တာနဲ့တန်းတိုးလို့ kyats ငွေဝယ်တဲ့နေ့ပေါက်ဈေးနဲ့ဘဲတွက်ပေးပါ့မယ်နော်

ကျေးဇူးတင်ပါတယ်ရှင်

29/01/2021

💦 cosmetics နဲ့ skincare တွေကို ဘူးကြီးတွေ ဈေးကြီးကြီးပေးပြီး အရင်စမ်းကြည့်တာထက်

👉Travel size လေးတွေနဲ့ အရင်စမ်းကြည့်ကြပါလို့ အကြံပြုချင်ပါတယ်

💦 တချို့ ပစ္စည်းတွေ သူများreview ပေးတာတွေ သုံးကြည့်ချင်ပေမယ့် ကိုယ်နဲ့တည့်ချင်မှတည့်တာ ဆိုတော့

👉ဆိုဒ်သေးလေးတွေ စစမ်းကြည့်တာ အသင့်တော်ဆုံးဘဲ

🙈မင်မင့်ဆီမှာ travel size လေးတွေရမယ်နော် (ကြော်ငြာဝင်တာ🤪)

USA direct 🇺🇸 လေးတွေ

😙Preorder ဘဲတမင်လက်ခံတာပါ မင်မင့်ဆီ Instock ထားပြီး expirနီးတာတို့ ပျက်စီးတာတို့ဖြစ်ပြီး အလေအလွင့်မဖြစ်ရအောင်ရယ် ချကိချင်းပစ္စည်းရန်ကုန်ရောက်ချက်ချင်းပို့ပေးမှာဆိုတော့ fresh ဘဲ (ကိုဗစ်ကြောင့် deliver to yangon ကြာတာတော့ ကိုယ်တောင်စိတ်မရှည်ဘူး ခုဝယ်ခုလိုချင်တာ 🌚)

😅နောက်တမျိုးက preorderဆိုတော့ တဝက်ဘဲအရင်ပေးရမယ်ဆိုတော့ကာ ပိုက်ပိုက်စုချိန်ရတယ်လေ 🤑 ကိုယ်လိုချင်တာလေးတွေစုဝယ်ကြဖို့ပေါ့နော့် 😬

Photos from Yokel Cosmetics & Skincare's post 28/01/2021

✨✨ Etude house x Hershey's Kisses chocolate collaboration လေးတင်ပေးမယ်နော်

Chocolate Mousse tint, သူလေးကလဲ limited လေးပါပဲနော်

Choco အနံ့လေး သင်းသင်းလေးနဲ့ ဘယ်လောက်မိုက်လဲ

➡အရောင်လေးတွေကလဲ လှမှလှနော်

သူ့မှာ
🍫 Milk chocolate
🍫Almond chocolate
🍫Special chocolate ဆိုပြီး ၃မျိုးထွက်တာနော်
သူ့ palette လေးတွေနဲ့ အတွဲလေးပေါ့

သူ့ အတွဲလေးနဲ့သူ သုံးချင်တာပါဆိုရင်လဲ အောက်မှာ Eyeshadow linkလေး ထည့်ပေးထားမယ်နော်

Eyeshadow link ပါရှင့်
https://www.facebook.com/100474022028675/posts/109106024498808/

Valentine လဲနီးပြီဆိုတော့ ပူဆာမလား,အလိုက်တသိဝယ်ပေးကြမလား 😜

မင်မင်အောက်မှာ ရွေးလို့ရအောင် ပုံပေးထည့်ပေးထားပါမယ်နော်

Price : 16000 kyats
Waiting time 4 ~ 6 weeks
Direct from korea ပါ

Photos from Yokel Cosmetics & Skincare's post 28/01/2021

✨✨ Etude house x Hershey's Kisses chocolate collaboration လေးတင်ပေးမယ်နော်

Eyeshadow palette လေးက limited လေးနော်

Choco ကြိုက်သူတွေအတွက်တော့ လုံးဝ အသစ်အဆန်းဖြစ်နေမှာ 😍

➡အရောင်လေးတွေကလဲ ပြောဖွယ်ရာမရှိအောင် လှလိုက်တာ

သူ့မှာ
🍫 Milk chocolate
🍫Almond chocolate
🍫Special chocolate ဆိုပြီး ၃မျိုးထွက်တာနော်

Glitter, Shimmery glitter နဲ့ matte ၂ ခု ပါဝင်ပါတယ်

Eyeshadow ပဲလားလို့မမေးပါနဲ့
Chocolate Mousse tint လေးလဲရှိပါသေးတယ်လို့
တွဲလိုက်ရင်တော့ ရှယ်ပဲ 😍

Tint link လေးပါရှင့်
https://www.facebook.com/100474022028675/posts/109107884498622/

Valentine လဲနီးပြီဆိုတော့ ပူဆာမလား,အလိုက်တသိဝယ်ပေးကြမလား 😜

မင်မင်အောက်မှာ ရွေးလို့ရအောင် ပုံပေးထည့်ပေးထားပါမယ်နော်

Price : 32000kyats

Waiting time 4 ~ 6 weeks
Direct from korea ပါ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Cosmetics Stores in Yangon (show all)
Mi Wynne Cosmetics Mi Wynne Cosmetics
Yangon, 11011

Grab now pay later ďż˝

VIP Aphrodite Cosmetic VIP Aphrodite Cosmetic
Yangon

Cosmetics and Trendy things for you

April June April June
Yangon, 11041

မြန်မာနိုင်ငံတွင် FDA လက်မှတ်ရ BOOM Brand Products

Contour Queens Contour Queens
Yangon

Contour Queens USA Products 😊

Beauty Corner by Ringo Beauty Corner by Ringo
No 189, Ground Floor , Botahtaung Pagoda Road , Middle Block , Pazundaung Township
Yangon, MYANMAR,11171

Pumpkin Pumpkin
Yangon

WK Authentic USA Online Shop WK Authentic USA Online Shop
Yangon

USA cosmetic 🇺🇸

Phyo Cosmetics&beauty store Phyo Cosmetics&beauty store
Yangon, Shwe Pyi Thar
Yangon

MK New ID- Kay Thi Soe MK New ID- Kay Thi Soe
Yangon

mk ပစ္စည်း မျိုးစုံ လက်လီလက်ကားရောင်းချပေးနေပါပြီရှင့်

Aye Mya Online Store Aye Mya Online Store
No 20, Ground Floor, Mhan Yawai Street, Sayarsan North/East Quarter, Bahan Township
Yangon

Enjoy with us

JapanMa -Japanese skin care,Collagen,Cosmetics JapanMa -Japanese skin care,Collagen,Cosmetics
TharYarKone Street, Insein Township
Yangon

100% Japan Authentic Products