Kaung Htaik Aung - Wellness Financial Advisor

Kaung Htaik Aung - Wellness Financial Advisor

Wellness Financial Advisor

27/10/2022

✅ အောင်မြင်ချင်ရင် Growth Mindset ရှိရမယ်

မင်း လုပ်နိုင်မှာ မဟုတ်ပါဘူး
အဲ့တာ မင်းထင်သလောက်မလွယ်ဘူး
ဆိုတဲ့ စကားမျိုးတွေ မိတ်ဆွေတို့ကြားခဲ့ဖူးပါသလား
အဲ့လိုမျိုးကော အပြောခံခဲ့ရဖူးပါသလား

အဲ့လို အပြောဆိုခံရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်မလဲ
ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲ❓

ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့
အခြားသူတွေ ကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာထက်
မိမိကိုယ်ကိုမိမိ ဘယ်လိုမြင်လဲဆိုတာကသာ
အရေးကြီးဆုံးဖြစ်ပါတယ် 😊

ပိုပြီးနားလည်အောင် Mindset အကြောင်း
နည်းနည်းရှင်းပြပါမယ်

မိမိကိုယ်ကိုမြင်တဲ့ အမြင်ကို Mindset လို့ခေါ်ပါတယ်

မိမိကိုယ်ကို အကောင်းမြင်ရင် Growth Mindset ဖြစ်ပြီး
အဆိုးမြင်ရင်တော့ Fixed Mindset ဖြစ်ပါတယ်

လောကမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကို
ဖြစ်လာအောင် ဖန်တီးတည်ဆောက်နိုင်တာဟာ
Growth Minset ကြောင့်ဖြစ်တယ်

Growth Mindset ရှိတဲ့သူတွေဟာ

✅စိန်ခေါ်မှု Challenges တွေကို လက်ခံတယ်
✅Feedbacks တွေကို လက်ခံပြီး ပိုကောင်းလာအောင်ကြိုးစားတယ်
✅မိမိကိုယ်ကို ပိုတော်လာအောင် talent ရှိလာအောင်ကြိုးစားလို့ရတယ်လို့ ယုံကြည်တယ်
✅ ပါရမီဆိုတာ မွေးရာပါမဟုတ်ဘူး၊ လေ့ကျင့်သင်ယူပြီး ကျွမ်းကျင်လာအောင်လုပ်ယူလို့ရတယ်လို့ယုံကြည်တယ်
✅အခက်အခဲတွေကြုံရင် ပိုပြီးကြိုးစားအားထုတ်တယ် ✅တော်ရုံတန်ရုံ အရှုံးမပေးဘူး
✅ကျရှုံးမှုတွေကြောင့် ရပ်တန့်မသွားဘူး
✅အောင်မြင်နေတဲ့သူတွေကိုကြည့်ပြီး အားကျအတုယူတယ်
✅အမှားတွေလုပ်မိရင် သင်ခန်းစာယူတယ်
✅အချိန်ယူပြီး ကြိုးစားအားထုတ်တယ်၊ ဘယ်အရာမှလွယ်လွယ်ဖြစ်မလာဘူးဆိုတာကို နားလည်တယ်
✅အမြဲတမ်း သင်ယူလေ့လာနေကြတဲ့သူတွေဖြစ်တယ်

Growth Mindset ရှိတဲ့ Thomas Edison က
အကြိမ်ပေါင်း 10,000 ကျော်လောက် လေ့လာစမ်းသပ်ပြီး
လျှပ်စစ်မီးကို တီထွင်နေတဲ့အချိန်မှာ ....

Fixed Mindset ရှိတဲ့ သာမာန်လူတစ်ယောက်က
ဆယ်တန်းစာမေးပွဲမှာ အမှတ်နည်းတာ ဘဝကြီးပျက်ပြီဆိုပြီး
ဆက်မကြိုးစားနိုင်ပဲ တိုင်ပတ်နေတယ် 😅

ငယ်ငယ်က စာသင်မရလို့ ကျောင်းထုတ်ခံခဲ့ရတဲ့
Albert Einstein က ကမ္ဘာကျော် သိပ္ပံပညာရှင်ဖြစ်လာတယ်

Basketball ကစားဖို့ အရည်အချင်းမပြည့်မှီဖူးလို့
အပြောခံခဲ့ရတဲ့ Miachel Jordan က ကမ္ဘာကျော်
player တစ်ဦးဖြစ်လာတယ်

ဆယ်တန်းမှာ ၃ ဘာသာကို အမှတ် ၄၀ ဝန်းကျင်နဲ့ အောင်ခဲ့တဲ့
ကျွန်တော်က England က ထိပ်တန်းတက္ကသိုလ်မှာ
BBA (Hons.) ဘွဲ့ ရအောင်ယူနိုင်ခဲ့တယ် 😎

လောကကြီးမှာ မိမိကိုယ်ကိုမိမိ
ဘယ်လိုမြင်လဲဆိုတာကသာ အရေးကြီးဆုံးဖြစ်တယ်

အခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာ
မိမိကိုယ်ကိုမြင်တဲ့ အမြင်လောက် အရေးမကြီးဘူး

မသန်စွမ်းဖြစ်နေရင်တောင် Growth Mindset ရှိလို့
ကမ္ဘာကျော်ဖြစ်လာတဲ့သူတွေ အများကြီးရှိပါတယ်
ဥပမာ သိပ္ပံပညာရှင် Stephen Hawking ပါ

အကြောသေပြီး ခေါင်းပဲလှုပ်လို့ရတဲ့ မိန်းကလေးက
ပါးစပ်နဲ့စုပ်တံကိုက်ပြီး ပန်းချီဆွဲတာ
ကမ္ဘာကျော် ပန်းချီဆရာမဖြစ်လာခဲ့တာကိုကြည့်ရင်
ကိုယ်ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်က
အရမ်းအရေးကြီးတာကိုတွေ့ရပါလိမ့်မယ် 😊

✅ Growth Mindset ရှိလာအောင်

♦မိမိကိုယ်ကို အကောင်းမြင်ရမယ်
♦ယုံကြည်မှုရှိရမယ်
♦ကြိုးစားအားထုတ်မှုလုပ်ရမယ်
♦လေ့လာသင်ယူမှုလုပ်ရမယ်
♦ကောင်းမွန်တဲ့စာတွေဖတ်ရမယ်

လူကြီးက လူကြီးအလုပ်လုပ်သလို
ကလေးကလဲ ကလေးအလုပ်လုပ်ရမယ်၊
တရုတ်လူမျိုးတွေ သူတို့ကလေးတွေကို
ငယ်ငယ်ကတည်းက အိမ်ရဲ့အလုပ်မှာခိုင်းတယ်

အဂ်လိပ်တွေ သူတို့ကလေးတွေကို
ငယ်ငယ်ကတည်းက မိမိဖာသာအားကိုးရပ်တည်နိုင်အောင်
ဘာမဆို ကိုယ့်ဟာကိုယ်ဆောင်ရွက်စေတယ်

တရုတ်တွေ ကြီးလာတော့ စီးပွားရေးလုပ်တာကျွမ်းကျင်ပြီး
အဂ်လိပ်တွေက ဆယ်ကျော်သက်အရွယ်မှာ တစ်ယောက်ထဲ
ကမ္ဘာပတ်နိုင်တယ်

မြန်မာနိုင်ငံမှာ ၁၀ တန်းအောင်ပြီးတဲ့အရွယ်က
လူကြီးမပါလို့ အပြင်မထွက်ရဖူးဆိုတော့ အဲ့ဒီကလေး
ကိုယ့်ဖာသာမရပ်တည်နိုင်တာ အထူးအဆန်းကိစ္စတော့မဟုတ်ဘူး

စားပြီးသားပန်ကန်မဆေး၊ ကိုယ့်အဝတ်ကိုယ်မလျှော်
ဘာအလုပ်မှမလုပ်ရပဲ လိုသမျှပိုက်ဆံလက်ဖြန့်တောင်းရုံရနေတဲ့ကလေးက လူကြီးဖြစ်လာတော့ ဖြတ်လမ်းလိုက်ပြီး
ချမ်းသာချင်တာ ဘာမှမထူးဆန်းဘူး

အဲ့ဒီတော့ Growth Mindset ရှိအောင် ငယ်ငယ်ကတည်းက
ပြုစုပျိုးထောင်ပေးသင့်တယ်

လုပ်ငန်းခွင်တွေမှာလဲ Mindset နဲ့ ပတ်သတ်တဲ့
ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးသင့်တယ်
မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်နေရအုံးမှာပါပဲ

Training တွေ အများကြီးပေးနေပေမယ့်
behaviors ပိုကောင်းမလာဘူး
performance တက် မလာဘူးဆိုတာ
Mindset နဲ့ Attitude မှာ error တက်နေလို့ပါ

အတွေ့အကြုံရှိပြီး Sales training ၁၀ ခုလောက်
တက်ထားတဲ့ အရောင်းဝန်ထမ်းတစ်ယောက်ဟာ
Growth Mindset မရှိရင် လစဥ်သတ်မှတ်ပေးထားတဲ့
အရောင်း target ကို ပြည့်အောင်ရောင်းနိုင်ဖို့
အခက်အခဲရှိပါလိမ့်မယ်

ကြိုက်တဲ့ trainer ကို ခေါ်ပြီး training ပေးခိုင်းလိုက်၊
ရောင်းအားတက်မလာစေရဘူး Mindset error ဖြစ်နေရင်
သေချာပေါက်ပြောရဲတယ်

Growth Mindset မရှိရင် Training တွေ တက်နေပေမယ့်
Learning transfer ကောင်းကောင်းမလုပ်နိုင်ပဲ
Learning ဖြစ်မှာ မဟုတ်ပါဘူး

တစ်ဖက်မှာ ပတ်ဝန်းကျင်ကလဲ အရမ်းအရေးကြီးပါတယ်
Company မှာဆိုရင်တော့ Organisational Culture နဲ့
Working Environment ပေါ့

ဘဝမှာ တိုးတက်အောင်မြင်ချင်ရင်
မိမိကိုယ်ကို အကောင်းမြင်ပါ၊ ယုံကြည်မှုရှိပါ

ဘဝမှာ စိတ်ချမ်းသာစွာနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ရင်
အခြားသူတွေအပေါ်မှာ အကောင်းမြင်ပါ
အပြုသဘောဆောင်တဲ့ အတွေးအမြင်ရှိအောင်ကြိုးစားပါ

Crd - Ye Naing
Photo Crd.

23/10/2022

အာမခံ (Insurance) က ဘယ်အရာတွေကို ကာကွယ်ပေးတာလဲ။

- မသေဆုံးအောင်
- ရောဂါဘယတွေ မဖြစ်အောင်
- မတော်တဆထိခိုက်မှု မဖြစ်အောင်
- မီးမလောင်အောင်
- Car Accident မဖြစ်အောင်

ဒါတွေကို တစ်ခုမှ ကာကွယ်မပေးနိုင်ပါဘူး။ အာမခံမှ မဟုတ်ဘူး ... ခေတ်မီသိပ္ပံပညာရပ်တွေနဲ့တောင်မှ မတားဆီးနိုင်ပါဘူး။

ဒါဆို အာမခံက ဘာကို ကာကွယ်ပေးတာလဲ။
အထက်ပါ အချက်တွေ မမျှော်လင့်ဘဲ ကြုံတွေ့လာခဲ့ရင် နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ပေးတာပါ။

📌 မသေအောင်လို့ မလုပ်ပေးနိုင်ဘူး...
သေဆုံးခဲ့ရင်တော့ ကိုယ့်ကို မီခိုနေရတဲ့ မိသားစုတွေ ငွေကြေးကြောင့် ဒုက္ခဆင်းရဲမဖြစ်အောင်၊ ခြေလွတ်လက်လွတ် မဖြစ်အောင်၊ သားသမီးအတွက် ရည်မှန်းချက်တွေ မပျက်သွားအောင် ကာကွယ်ပေးတယ်။

📌 ရောဂါဘယနဲ့ မတော်တဆမှု မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။
ဖြစ်လာခဲ့ရင်တော့ ဆေးကုသကုန်ကျစရိတ်အတွက် မပူပန်ရအောင်၊ စုဆောင်းထားတဲ့ငွေကြေးတွေ ထုတ်မသုံးရအောင်၊ ပိုမိုကောင်းမွန်တဲ့ ကုသမှုအစီအစဥ် ရွေးချယ်နိုင်အောင်၊ တစ်ပူပေါ် တစ်ပူမဆင့်ရလေအောင် ကာကွယ်ပေးနိုင်တယ်။

📌 မီးမလောင်အောင် မကာကွယ်ပေးနိုင်ဘူး။
ဒါပေမယ့် မီးလောင်ခဲ့လို့ ကြုံတွေ့ရမယ့် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင်တယ်။ လုပ်ငန်းကို နောက်ဆံမတင်းရဘဲ လုပ်ကိုင်နိုင်တယ်။

📌 Car Accident မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။
ဖြစ်လာခဲ့ရင် ကားပြင်ဆင်စရိတ်အတွက် စုဆောင်းထားတာတွေ ထုတ်မသုံးရဘူး၊ လုပ်ငန်းကို အရှိန်မပျက် အမြန်ဆုံး ပြန်လည်ထူထောင်နိုင်စေတယ်။

အချုပ်ဆိုရရင် -
သင့်ရဲ့ ပိုင်ဆိုင်မှု ကြီးထွားအောင်၊ ဝင်ငွေတိုးလာအောင် သင့်ရဲ့ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။

ဒါပေမယ့် ဘယ်အရာမှ သေချာမှု မရှိတဲ့ လောကမှာ
ဘေးပယောဂတွေကြောင့် သင့်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရှင်သန်မှုဟာ နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်ချေလည်း ရှိနေပါတယ်။

ဒါတွေကို ထိန်းထားနိုင်အောင်၊ အခြေမပျက်အောင်မိသားစုရဲ့ အနာဂတ်တွေ ပျက်စီးမသွားအောင် ငွေကြေးနဲ့ပဲ တည်ဆောက်ရတာမလို့ အထက်ပါ ငွေကြေးဆုံးရှုံးနိုင်မှုတွေကို အာမခံ အကာအကွယ်ပေးနိုင်ပါတယ်။

အာမခံ (Insurance) အကာအကွယ်ရှိထားခြင်းဟာ ငွေကြေးအကာအကွယ်အပြင် စိတ်အေးချမ်းမှု ရရှိစေခြင်း၊ နောက်ဆံမတင်းရခြင်း၊ စိုးရိမ်ပူပန်နေရမှု ကင်းခြင်း တို့ ရရှိစေလို့ ...
သင့်အနေနဲ့ အာမခံစနစ်ကို ဘယ်လို အသုံးချမလဲ ဆိုတာပဲ အရေးကြီးတာပါ။

Crd #ကျော်ကျော် (တောင်ငူ)

#အာမခံ

Photos from Kaung Htaik Aung - Wellness Financial Advisor's post 04/09/2022

အာမခံဆိုတာငွေကြေးစီမံခန့်ခွဲခြင်းတစ်မျိုးပါပဲ ခုချိန်ကာလမှာ ပိုပြီး လိုအပ်ပါတယ်။
လစာကလွဲပြီး အကုန်တက်နေတဲ့အချိန်မှာ ကျန်းမာရေးအာမခံနဲ့အကာအကွယ်ယူသင့်ပါတယ်။
တကယ်တော့ ခုကာလမှာ အဲ့ထက်အရေးကြီးတာက ကျန်းမာရေးပါ။
နေမကောင်း မကျန်းမာဖြစ်ခဲ့ရင်
- အလုပ်မလုပ်နိုင်တဲ့အတွက်ဝင်ငွေရပ်မယ်
- ဒါ့ပြင်စုဆောင်းထားတာတွေ ထုတ်သုံးရမယ်
- ပြင်းထန်ရောဂါမျိုးဆို စုထားတာနဲ့တောင် မလုံလောက်နိုင်ပါဘူး
- ရင်သွေးနောင်ရေး ကိုယ့်နောင်ရေးအတွက် နဲ့လုပ်ငန်းလုပ်ဖို့ ဖယ်ထားတာတွေ ထုတ်သုံးရနိုင်ပါတယ်
- နေ့စဉ်မိသားစုအသုံးစရိတ်ကတော့ရပ်နေမှာမဟုတ်ပါဘူး
ဒါ့ကြောင့်ကျန်းမာရေးကို အရင်ထက်ပိုပြီး ဂရုစိုက်ဖို့လိုသလို တစ်ဖက်မှာလည်း ကျန်းမာရေးအာမခံနဲ့
ငွေကြေးပိုင်းဆိုင်ရာ အကာအကွယ်ယူထားသင့်ပါတယ်။
အသက်အာမခံ ကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်များအတွက် အခမဲ့​ဆွေးနွေးနိုင်ပါတယ်။

Kaung Htaik Aung
Financial Advisor
[email protected]
Prudential Myanmar Life Insurance

02/09/2022

အသက်အာမခံ ဆိုတာ ဘာကြောင့် အရေးကြီးတာလဲ။

အသက်အာမခံဆိုတာ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်တာအတွက် အကာအကွယ်ဖြစ်ပြီး အသက်နဲ့ ကိုယ်ခန္ဓာဆုံးရှုံးမှုဖြစ်ပေါ်ပါက ကျိုးကြောင်းညီညွတ်မျှတစွာ အာမခံငွေ ရရှိနိုင်မယ့် စနစ်ဖြစ်ပါတယ်။

မမျှော်လင့်ထားတဲ့ ဘဝရဲ့ အလှည့်အပြောင်းနဲ့ ရင်ဆိုင်ရတဲ့အခါ သင့် မိသားစုနဲ့ ချစ်ခင်တွယ်တာသူတွေကို ငွေကြေးသောက ကင်းစွာနဲ့ ချန်ထားရစ်ခဲ့နိုင်အောင်၊ သင့်ကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်ရလေအောင် သင့်ကိုယ်စား သင့်မိသားစုကို စောင့်ရှောက်ပေးနိုင်တာကြောင့် အသက်အာမခံက အသက်တမျှ အရေးကြီးတာ ဖြစ်ပါတယ်။

What is Life Insurance and Why Is It Important?

Life Insurance is an agreement that makes the family financially safe and secure when a critical situation happens to the insured person such as an accident or death.

Life Insurance is important because when you face unexpected situations, you can reduce the financial burdens and responsibilities which your family shall face and save the future of your family.

#ပရူဒန်ရှယ်အာမခံ

07/08/2022

အာမခံကုမ္ပဏီတွေ ခိုင်မာမှုရှိရဲ့လား?

​​မြန်မာနိုင်ငံမှာရှိတဲ့ အာမခံလုပ်ငန်း (အာမခံကုမ္ပဏီ) တွေဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနရဲ့ လက်အောက်ဌာနခွဲ တစ်ခုဖြစ်သော ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက် ဝန်ဆောင်မှုပေးရပါတယ်။

အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်လည်း Paidup Capital အဖြစ် General Insurance အတွက် ကျပ် (သန်းပေါင်း ၄၀,၀၀၀)၊ Life Insurance အတွက် ကျပ် (သန်းပေါင်း ၆,၀၀၀)၊ စုစုပေါင်း ကျပ် ၄၆ ဘီလီယျံ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Treasure Bond တွေ၊ Reserved Fund တွေအဖြစ် အရံရန်ပုံငွေများလည်း သီးသန့်စီမံထားကြပါတယ်။

Paidup Capital - 46 Billion ရဲ့ 10% ဖြစ်တဲ့ 4.6 Billion ကို Myanmar Economics Bank - MEB မှာ Deposit သွင်းထားရပါတယ်။..
Paidup Capital ရဲ့ 30% အဖြစ် 13.8 Billion ကို Treasure Bond (ငွေတိုက်စာချုပ်) ဝယ်ထားရပါတယ်။

2020 ထဲမှာ ပြည်ပအသက်အာမခံကုမ္ပဏီ (၅) ခုလဲ တရားဝင်လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းပုဂ္ဂလိကအာမခံကုမ္ပဏီများထဲမှ အချို့ကလည်း ကမ္ဘာကျော်ပြည်ပအာမခံကုမ္ပဏီအချို့ရဲ့ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ Joint Venture အကျိုးတူ ပူးပေါင်းဆောင်ရွက်လာကြပြီဖြစ်လို့ ယခင်ကထက် ပိုပြီးခိုင်မာလာသလို ပိုပြီး ဝန်ဆောင်မှုပေးလာနိုင်တော့မှာ ဖြစ်ပါတယ်။

အာမခံလုပ်ငန်းဟာ အာမခံထားသူများရဲ့ ဆုံးရှုံးမှုများအတွက် စီမံခန့်ခွဲပေးရတဲ့ Risk Management ဝန်ဆောင်မှုတစ်ခု ဖြစ်လို့ အာမခံကုမ္ပဏီတွေ ကိုယ်တိုင်ကလည်း Risk Mitigation အစီအမံတွေ ကြိုတင်စီမံထားကြပါတယ်။

အာမခံထားသူတွေရဲ့ ငွေပမာဏများပြားတဲ့ အာမခံထားရှိမှုတွေကို အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်ဖို့ အတွက် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းရှိအာမခံကုမ္ပဏီအားလုံးပါဝင်တဲ့ Risk ကို မျှဝေလက်ခံတဲ့ Co-Insurance ...
ဒါ့အပြင် ပြည်ပအာမခံကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး Reinsurance (တဆင့်အာမခံ) ထားရှိထားခြင်းစနစ်များဖြင့် ကြိုတင်အစီအမံတွေ ထားရှိထားကြပါတယ်။

အာမခံကုမ္ပဏီများဟာ အာမခံအမျိုးအစားအလိုက် Funding များလည်း ထူထောင်ထားရပါတယ်။ ဒါကတော့ Company တစ်ခုချင်းစီရဲ့ Working Capital, Income Statement တို့ပေါ်မူတည်ပြီး သက်ဆိုင်ရာ Finance အပိုင်းတွေက သတ်မှတ်ထားရှိကြရပါတယ်။

အသက်အာမခံလုပ်ငန်းဘက်မှာဆိုလည်း
အသက်အာမခံပေါ်လစီရှင်များကို ကာကွယ်ရန်အတွက် အသက်အာမခံ ရန်ပုံငွေစာရင်းများကိုလည်း သီးသန့် ဖွင့်လှစ်ထားရှိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ (၁၇) ခု ရှိပါတယ်။ နိုင်ငံတော်ပိုင် (၁)ခု၊ ပြည်တွင်းကုမ္ပဏီ (၈)ခု၊ ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုနဲ့ ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုနှင့် လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီ (၅)ခု ရှိပါတယ်။

🔖 Foreign Companies (5)
☑ Chubb Life Myanmar
☑ AIA
☑ Dai-ichi
☑ Manulife
☑ Prudential

🔖 Government-owned (1)
☑ မြန်မာ့အာမခံ

🔖 Local Companies (8)
☑ အောင်မြင့်မိုရ်မင်း
☑ အောင်သစ္စာဦး
☑ AMI
☑ EFI Life
☑ FNI Life
☑ GLI
☑ KBZ Life
☑ Young Life

🔖 Joint Venture (JV) Companies (3)
☑ Capital Taiyo Life
☑ CB Life
☑ GGI Nippon Life

အာမခံကုမ္ပဏီ တစ်ခုချင်းစီမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။
အာမခံ အမျိုးအစားတွေကလည်း အာမခံထားမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုက်ညီတဲ့ Cover တွေရအောင် ရွေးချယ်ထားရှိဖို့ လိုပါတယ်။

ဒါကြောင့် မိမိနှစ်သက်ရာ အာမခံကုမ္ပဏီများမှာ အာမခံထားရှိပြီး အကာအကွယ်ယူထားခြင်းဖြင့် ကိုယ့်ရဲ့ Future Financial Plan တွေကို လုံခြုံစိတ်ချစွာ စီမံထားနိုင်ပါတယ်။

နိဂုံးအနေဖြင့် မိတ်ဆွေတို့ သိလိုတဲ့ အာမခံအမျိုးအစား၊ ကိုယ်နဲ့ကိုက်ညီသင့်တော်တဲ့ အာမခံအမျိုးအစား၊ ဝန်ဆောင်မှုပေးနေတဲ့ အာမခံကုမ္ပဏီတွေအကြောင်းတွေနဲ့ မည်သည့်အာမခံကုမ္ပဏီမှာပဲဖြစ်ဖြစ် အာမခံထားရှိခြင်းတွေကို အေးအေး ဆေးဆေး ရင်းရင်းနှီးနှီးဖြင့် မိမိသိလိုရာ ဆွေးနွေးတိုင်ပင်လိုရင်ဖြင့် ...
ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD, အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တို့ရဲ့ တရားဝင်လိုင်စင်ရ Insurance Agent #အာမခံကိုယ်စားလှယ် တွေက အခမဲ့ အကြံဉာဏ်ပေး၊ ဝန်ဆောင်မှုပေးနေတာမို့ မိတ်ဆွေတို့ရဲ့ အနီးဆုံး အာမခံကိုယ်စားလှယ် တစ်ဦးဦးကိုသာ ဆက်သွယ်လိုက်ဖို့ အကြံပြုတိုက်တွန်းရင်း မျှဝေတင်ပြအပ်ပါတယ်။

Credit goes to >>> A9 Business / Original Uploader

#အာမခံလုပ်ငန်း

19/07/2022

ကျန်းမာရေး အာမခံဘာကြောင့် လိုအပ်သလဲ မိတ်ဆွေ တွေးကြည့်ဖူးပါသလား?

၁) ကျန်းမာရေးပြသနာ (သို့) မမျှော်မှန်းထားတဲ့ အခြေအနေတစ်စုံတစ်ခုကြောင့်ဆေးကုသမှုခံယူရဖို့ ဆေးရုံ/ဆေးခန်းရောက်ခဲ့ရင် ကျသင့်သလောက် မဖြစ်မနေ ဖြေရှင်းရမှာပါ။ (ကုသစရိတ်များလို့ဆိုပြီးဈေးဆစ်လို့တော့ ရမယ်မထင်ပါ။)အဲ့ဒီအတွက် ငွေကြေးအလုံအလောက် ရှိထားပြီလား? အကယ်၍ မရှိသေးရင် ကျန်းမာရေး အာမခံကို တစ်နှစ်စာ ပရီမီယံကြေးအနည်းငယ်ပေးပြီး ဝယ်ထားလို့ရပါတယ်။
၂)မိတ်ဆွေယခုလက်ရှိအသက်အရွယ်အထိ ကျန်းမာအောင် အမှန်တကယ် စားသောက်အသက်ရှင်နေထိုင်ခဲ့သူဖြစ်ပါသလား။ အသက်အရွယ်တစ်ခု ရောက်လာပြီ။ ရောဂါတစ်ခုရယ်လို့ နာမည်တပ်လို့မရသေးပေမယ့် ခန္ဓာမှာ အားနည်းလာတာ သင်မသိမသာ စတင်ခံစားဖူးပါသလား။ သင်အခု သေချာစဉ်းစားပြီး အကာအကွယ်ယူထားရင် မနောက်ကျသေးပါဘူး။
၃) လက်ရှိကျန်းမာရေးအရမ်းကောင်းတယ်။ ဒါပေမဲ့တချို့သော မတော်တဆမှုတွေ၊ ရောဂါကူးစက်မှုတွေက မဖိတ်မခေါ်ဘဲ ကြုံရတတ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ရဲ့ Financial ကိုကြိုတင်စီမံထားပြီးပြီလား။

အသက် (၆)နှစ်ကနေ (၇၅) နှစ်အထိ ကျန်းမာရေးအာမခံ ဝယ်ယူပြီး ကြုံလာနိုင်တဲ့ risk တွေကို အကာအကွယ်ယူလို့ရနေပါပြီ

စိတ်ဝင်စားလို့ အသေးစိတ်သိလိုပါက cb သို့ ဆက်သွယ်နိုင်ပါတယ်

Kaung Htaik Aung
Wellness Financial Advisor (freelance)
[email protected]
Ph - 095126320

30/06/2022

Insurance သင်တန်းတက်တော့ Chapter 4 မှာ Risk Management နဲ့ပတ်သက်ပြီးသင်ရတယ်

Risks အမျိုးအစား ၁၀ မျိုးရှိပါတယ်...

1- Catastrophic risks and important risks

Catastrophic risks ဆိုတာ လူအများကြီးကိုထိခိုက်တာ ဥပမာ အခု COVID-19 ရောဂါကြောင့် လူအများကြီးကိုထိခိုက်တာ ဆေးရုံတက်ရရင် financial cover ဖြစ်အောင်အာမခံထားလို့ရတယ်

Important risks ဆိုတာ မိသားစုတစ်စုကိုပဲထိခိုက်တာ ဥပမာ ဖခင်အလုပ်ပြုတ်သွားလို့ မှီခို မိသားစု ဒုက္ခရောက်တာကိုပြောတာ financial cover ဖြစ်အောင် အာမခံထားလို့တယ်

2- Financial and Non-financial Risks

Financial risks ဆိုတာ ငွေ amount တိုင်းလို့ရတယ် ဥပမာ ကိုယ့်ဖုန်းပျောက်သွားရင် ငွေ amount တွက်လို့ရတယ် အဲ့ဒါလည်း အာမခံထားလို့ရတယ်

Non-financial Risks ဆိုတာ ငွေကြေးမဟုတ်တဲ့ ဥပမာ ကျန်းမာအောင် အာမခံထားလို့မရဘူး ကိုယ်တိုင်ဆင်ခြင်မှရမယ် မကျန်းမာရင်ဖြစ်လာမယ့် financial loss ကို cover ဖြစ်အောင်တော့ အာမခံထားလို့ရတယ်

3- Dynamic risks and Static Risks

Dynamic risks ကို အာမခံ ထားလို့မရဘူး ဘာလို့လဲဆိုတော့ dynamic risks ဆိုတာ အစိုးရ ပေါ်လစီတွေနဲ့ဆိုင်တယ် ဥပမာ မီတာခတွေတက်သွားတာ , ကားတင်သွင်းခွင့် ပေါ်လစီပြောင်းလို့ ကားစျေးကျပီးရှုံးတာ စတာတွေကို အာမခံ ထားလို့မဘူး အဲ့ဒါက dynamic risks

Static Risks ဆိုတာ ဆုံးရှုံးမှုဖြစ်ရင် ကိန်းဂဏန်းရှိတယ် ဥပမာ ရတနာပုံစျေး မီးလောင်တယ် ကိန်းဂဏန်းအရ ထိန်းချုပ်လို့ရတယ် Static ရှိတယ် အဲဒါကို အာမခံ ထားလို့ရတယ်

4- Pure risks and Speculative risks

Pure risks လည်းအာမခံထားလို့ရတယ် လမ်းဘေးကားရပ်ထားလို့ ကားပေါ် သစ်ကိုင်းကျိုးကျတာ အဲဒါ pure risks ပဲ အာမခံ ထားလို့ရတယ်

Speculative risks အဲ့ဒါကို အာမခံထားလို့မရဘူး ဥပမာ ထီထိုးတာ ရှုံးချင်ရှုံးမယ် မြတ်ချင်မြတ်မယ် မသေချာဘူး အဲ့ဒါကြောင့် Speculative risks ကို အာမခံ ထားလို့မရပါဘူး

5- Fundamental risks and Particular risks

Fundamental risks က လူတစ်စု ကိုထိခိုက်စေတာ ဥပမာ ရထားတို့ လေယဉ်တို့ စသည့်လူတစ်စုကို ရှုံးမှုဖြစ်စေတာ အဲ့ဒါကို အာမခံ ထားလို့ရတယ်

Particular risks ဆိုတာလည်းလူအနည်းငယ်ပဲထိခိုက်တာ ဥပမာ ကားမတော်တဆဖြစ်တာ အဲ့ဒါလည်း အာမခံ ထားလို့ရတယ်

-----------------------------------------

Risk ဆိုကတည်းက မဖြစ်အောင်တားလို့မရဘူး ဖြစ်လာနိုင်တယ် ဒါပေမယ့် Risk ကို အချက် ၄ ချက်နဲ့ Manage လုပ်လို့​ရတယ်

1- Prevention ကြိုတင်ကွာကွယ်ခြင်း
ဥပမာ. ဆိုင်ကယ်စီးတဲ့အခါ မတော်တဆ ထိခိုက်မိနိုင်တယ် ကိုယ်မမှားလည်း တစ်ဖက်လူကြောင့် ဖြစ်နိုင်တယ် အဲ့ Risk ကိုတားလို့မရဘူး ဒါပေမယ့် အသက်အန္တရာယ်မဖြစ်အောင် ဦးထုပ်သေချာဆောင်းမေးသိုင်းကြိုးတပ်ပြီးကာကွယ်လို့ရတယ်

2- Reduce လျော့ချမယ်
ဥပမာ. ကားမောင်းရင် မတော်တဆထိခိုက်မိနိုင်တယ် အဲ့ Risk ကိုလည်းတားလို့မရဘူး ဒါပေမယ့် ကားမှာ Air bag လေအိတ် တပ်ပေးခြင်းဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျော့ချပေးခြင်းဖြစ်ပါတယ်

3- Retain ကိုယ်တိုင်ယူထားတာ
ဖြစ်လာနိုင်တဲ့ Risk တွေကို သိပေမယ့် ကိုယ်တိုင်ယူထားတာ ဖြစ်ကာမှဖြစ်ရော လူမျိုးတွေပါ

4- Transfer - Risk ကိုလွှဲပြောင်းပေးမယ်
ဥပမာ အခုလို COVID-19 ကူးစပ်မှုအရမ်းများနေတဲ့အချိန်မှာ အပြင်သွားအလုပ်လုပ်နေရတယ်ဆိုရင် ကူးစပ်ပြီး Q ဝင်ရဖို့ ဆေးရုံတက်ရဖို့ Chances အရမ်းများတယ် ဆေးရုံတက်ရရင် အလုပ်နားရလို့ Income ရပ်သွားမယ် ပိုက်ဆံကုန်မယ် အဲ့လိုဖြစ်လာနိုင်တဲ့ Financial Risk ကို Insurance ကုမ္ပဏီကို လွှဲပြောင်းပေးလိုက်တာကိုပြောတာပါ

ဘယ် Insurance မဆို financial loss ကိုအကာအကွယ်ပေးတာ ဖြစ်ပါတယ်

Credit - မူရင်းရေးသားသူ

27/06/2022

ပရီမီယံဆိုတာဘာလဲ(What’s the PREMIUM)
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

အာမခံ နယ်ပယ်မှာ ပရီမီယံကြေး ဆိုတာခဏခဏကြားဖူးပါလိမ့်မယ်

eg. A ဆိုတဲ့မြို့တစ်မြို့မှာ ကား/အိမ် အစီးရေ၁၀၀၀၀ ရှိတယ်ဆိုပါစို့ ၊ အဲ့ဒီအစီး ၁၀၀၀၀ ရဲ့တစ်နှစ်အတွင်း Accident ဖြစ်နိုင်ခြေ (probability of risk) (၁.၅%) ဆိုရင် အစီးရေ ၁၀၀၀၀ မှာတစ်နစ်အတွင်း အစီး (၁၅၀ ) ဆုံးရှုံးနိုင်ခြေရှိတယ်လို့ဆိုပါတယ် ကားတစ်စီးရဲ့ တန်ဖိုးဟာ ပျှမ်းမျှ သိန်း(💯)ဆိုပါစို့ A မြို့ရဲ့ တစ်နှစ်အတွင်း ဆုံးရှုံးနိုင်ခြေရှိတဲ့ ငွေ ပမာဏ စုစုပေါင်းဟာ = အစီး (၁၅၀)* သိန်း(💯)
စုစုပေါင်း = သိန်းပေါင်း (၁၅,၀၀၀) ဖြစ်ပါတယ် သိန်းပေါင်း (၁၅,၀၀၀) ကို A မြို့မှာရှိတဲ့ ကားအစီးရေ(၁၀,၀၀၀) နဲ့ စားရင် = သိန်း (၁၅,၀၀၀)/၁၀၀၀၀= (၁၅၀,၀၀၀)ကျပ် ရလာတဲ့ ငွေပမာဏ(၁၅၀,၀၀၀) ကျပ် ကိုပရီမီယံကြေး ဆိုပြီး သက်မှတ်ကာ အာမခံကုမ္ပဏီကို သွင်းရတာဖြစ်ပါတယ် ဒါဟာ Principle of Insurance မှာ ပရီမီယံသတ်မှတ်ပုံ အခြေခံသဘောတရားပဲဖြစ်ပါတယ် အာမခံ အသစ်ထားတာပဲဖြစ်ဖြစ် renewal လုပ်တာ ပဲဖြစ်ဖြစ် ပရီမီယံကြေးကို သက်မှတ်ချိန် ထက်နောက်မကျပါစေနဲ့ ပရီမီယံသွင်းပြီးမှလျော်ကြေး အကျုံးဝင်တာဖြစ်ပါတယ် (NO PREMIUM NO CLAIM)ပါမြန်မာနိုင်ငံမှာ ပရီမီယံနှုန်းအားလုံးကို မြန်မာ့အာမခံက ပုံသေသက်မှတ်ထားပြီးသားဖြစ်ပါတယ်

တစ်ချို့မေးကြတယ် ကျနော်က တစ်နှစ်စာပရီမီယံကြေးသွင်းပြီး ဘာမှမဖြစ်ရင် ကျနော်ရှုံးတာပေါ့တဲ့ တစ်ကယ်တော့ မရှုံးပါဘူး အပေါ်မှာပြောခဲ့သလိုပဲ အာမခံ ရဲ့သဘောတရားက တစ်နှစ်အတွင်း လူအနည်းစုရဲ့ ဆုံးရှုံးနိုင်ခြေရှိတာကို အများက ကျခံပေးတဲ့ သဘောပါပဲ အဲ့တော့ ကိုယ်တစ်ခုခုဖြစ်ရင် အာမခံက အကာအကွယ်ပေးသလို ကိုယ်ဘာမှမဖြစ်ရင်လည်း ဖြစ်တဲ့သူတွေအတွက် ကိုယ်သွင်းထားတဲ့ ပရီမီယံကြေးထဲက လျော်ကြေးပေးတာဖြစ်တဲ့အတွက် ကုသိုလ်ရပါတယ်

ပြောချင်တာက ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို အာမခံ ထားခြင်းဟာ အကာအကွယ်လည်းရသလို လှူဒါန်းရာလည်း ရောက်ပါတယ်

မူရင်းရေးသားသူကို Credit ပေးပါတယ်။

16/06/2022
Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon