Aung-Design

Graphic Designer

31/08/2023

#ဝါခေါင်လပြည့်နေ့( #မေတ္တာအခါတော်နေ့ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သဗ္ဗေသတ္တာ - အားလုံးသော သတ္တဝါတွေ…
အဝေရာ ဟောန္တု - ဘေးရန် ကင်းကြပါစေ…
အဗျာပဇ္ဇာ ဟောန္တု - စိတ်ဆင်းရဲ ကင်းကြပါစေ…
အနီဃာ ဟောန္တု - ကိုယ်ဆင်းရဲ ကင်းကြပါစေ…
သုခီအတ္တာနံ ပရိဟရန္တု - ချမ်းသာစွာနဲ့ မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ…

18/08/2023

01/08/2023

Happy Friendship day🙄

31/07/2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် “ဝါဆိုလပြည့်နေ့”

“ဓမ္မစကြာ အခါတော်နေ့”

🌷🌷🌷🌷🌷🌷🌷🌷🌷🌷

🔹 ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာဆိုသည့်အတိုင်း ဂေါတမမြတ်စွာ ဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ ဓမ္မစကြာတရားဦးကို ဟောကြားတော် မူခြင်း၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုပြသတော်မူခြင်း စသော ထူးခြားသည့် ဘာသာရေး မှတ်တိုင်ကြီးများ စိုက်ထူခဲ့သောနေ့ဖြစ်သည်။

🔹 ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက်ရာ နေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ပုထုဇဉ်ခရီးမှအရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့၊ “ဧဟိဘိက္ခူ” ဟူသော စကားကို စတင်ကြားရသောနေ့လည်း ဖြစ်သည်။

🔹 ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာ ဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်ကို အစွဲပြု၍ ဝါဆိုလပြည့်ကို “ဓမ္မစကြာအခါတော်နေ့” ဟူ၍ သတ်မှတ်ကြသည်။

🔹 ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုဆွမ်း၊ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံ အားထုတ်ခြင်းများလည်း ပြုကြသည့် နေ့ထူးအခါထူးပင်ဖြစ်သည်။

🔹 ထိုနေ့ထူး ရက်မြတ်အခါသမယမှ စပြီး ခုနှစ်ရက် သားသမီးအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ကျရောက်ဆဲ ကျရောက်လတ္တံ ဖြစ်သော ကပ်ကြီးသုံးပါးဘေးမှ လွတ်ကင်းနိုင်ပါစေကြောင်း Aung Design မှ ဆုမွန်ကောင်း မေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ❤️

🙏🙏🙏🙏🙏




#ဝါဆိုလပြည့်နေ့

27/07/2023

“Ko Htet”
#အိမ်ခြံမြေအကျိုးဆောင် အတွက်
ဆွဲပေးဖြစ်တဲ့ Logo လေးပါ❤️
အားပေးတဲ့ Client တိုင်းအား ချစ်ခင်စွာ
ကျေးဇူးတင်ပါတယ်ခင်ဗျ🙏






Contact us-
09765156335

20/07/2023

ဟော😆

photocrd

19/07/2023

Wai Yan - Copier Sales & Services အတွက်
ဆွဲပေးဖြစ်တဲ့ Logo Design လေးပါခင်ဗျာ🥰
♥️♥️♥️
ယုံကြည်စွာအပ်နှံပေးသော Client တိုင်းအား
ချစ်ခင်စွာ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏






📞 Call Us-
09765156335

18/07/2023

19 July 2023 နေ့တွင်ကျရောက်သော
(76)ကြိမ်မြောက် #အာဇာနည်နေ့ တွင်
ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား
လေးစားစွာ ဂါရဝပြုအပ်ပါသည်🙏




Call us - 09765156335

Photos from Aung-Design's post 27/06/2023

📲📲Asia General Holding Co., Ltd အတွက်
ဖန်တီးဖြစ်သောCommercial Design လေး❤️
🍀🍀🍀ယုံကြည်စွာ အပ်နှံပေးသော
AGH အား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙂🙂


#09765156335


# Social Media Design

14/06/2023

🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါ🙏

🙏သရဏဂုံရဲ့အကျိုးဟာအလွန်ကြီးမားပါတယ်🙏
🙏သရဏဂုံတည်ဖို့နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်ပါ၏🙏

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ

ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား🙏🙏🙏

၁။ လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊
နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊
နှစ်ရပ်များစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ၊ နီးနေ၊
နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၅။ ဘ၀ဇာတ်ဆုံး၊
မဆုံးများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၆။ ရှည် တို အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၈။ ဆူ ကြုံ အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။

🙏 အပ်ပမာဒနေ သမ်မာဒထေ 🙏

Photos from Aung-Design's post 08/06/2023

Asia General Holding Co., Ltd အတွက်
ဖန်တီးဖြစ်သောCommercial Design လေး❤️
🖊️🖊️🖊️🖊️ယုံကြည်စွာ အပ်နှံပေးသော
AGH အား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🖊️


#09765156335

25/05/2023

Business တစ်ခုအတွက်
လိုအပ်သော မည်သည့် Design မဆို
Aung-Design မှာ ဆွဲလို့ရနေပါပြီခင်ဗျာ♥️

19/05/2023

▪️ကမ္ဘာ့ဧရိယာအကျယ်ဆုံး နိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ကနေဒါ
၃။ တရုတ်
၄။ အမေရိကန်
၅။ ဘရာဇီး

▪️ကမ္ဘာ့ဧရိယာအသေးဆုံး နိုင်ငံ ( ၅ ) နိုင်ငံ
၁။ ဗာတီကန်စီးတီး
၂။ မိုနာကို
၃။ နအူရူး
၄။ တူ‌ဗားလူ
၅။ ဆန်မာရီနို

▪️ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ အိန္ဒိယ
၃။ အမေရိကန်
၄။ အင်ဒိုနီးရှား
၅။ ပါကစ္စတန်
၆။ နိုင်ဂျီရီးယား
၇။ ဘရာဇီး
၈။ ဘင်္ဂလားဒေ့ရှ်
၉။ ရုရှား
၁၀။ မက်ကစီကို

▪️ကမ္ဘာ့လူဦးရေ အနည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဗာတီကန်စီးတီး
၂။ နအူရူး
၃။ တူဗားလူ
၄။ ပလောင်း
၅။ ဆန်မာရီနို
၆။ လက်ချင်စတိန်း
၇။ မိုနာကို
၈။ Saint Kitts and Nevis
၉။ မာရှယ်ကျွန်းများ
၁၀။ ဒိုမီနီကာ

▪️ကမ္ဘာ့အချမ်းသာဆုံး ( ၁၀ ) နိုင်ငံ
( လူတစ်ဦးချင်းဝင်ငွေ )
၁။ လူဇင်ဘတ်
၂။ စင်ကာပူ
၃။ အိုင်ယာလန်
၄။ ကာတာ
၅။ မကာအို ( တရုတ် )
၆။ ဆွတ်ဇာလန်
၇။ ယူအအေီး ( UAE )
၈။ နော်ဝေး
၉။ အမေရိကန်
၁၀။ ဘရူနိုင်း
( စာရင်း‌ကောက်မရသောနိုင်ငံများ — အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယူကရိန်း )

▪️ကမ္ဘာ့အဆင်းရဲဆုံး ( ၁၀ ) နိုင်ငံ
( လူတစ်ဦးချင်းဝင်ငွေ )
၁။ ဘူရွန်ဒီ
၂။ တောင်ဆူဒန်
၃။ ဗဟိုအာဖရိကသမ္မတနိုင်ငံ
၄။ ကွန်ဂို
၅။ ဆိုမာလီယာ
၆။ နိုင်ဂျာ
၇။ မိုဇမ်ဘစ်
၈။ မာလာဝီ
၉။ ချဒ်သမ္မတနိုင်ငံ
၁၀။ မဒါဂတ်စကား
( စာရင်း‌ကောက်မရသောနိုင်ငံများ — အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယူကရိန်း )

▪️နိုင်ငံအလိုက် ကမ္ဘာ့အချမ်းသာဆုံး ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ ဂျပန်
၄။ ဂျာမဏီ
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အိန္ဒိယ
၇။ ပြင်သစ်
၈။ အီတလီ
၉။ ကနေဒါ
၁၀။ တောင်ကိုရီးယား

▪️ကမ္ဘာ့ငွေကြေးအမြင့်ဆုံး ( ၅ ) နိုင်ငံ
၁။ ကူဝိတ်
၂။ ဘာရိန်း
၃။ အိုမန်
၄။ ဂျော်ဒန်
၅။ ကေမန်ကျွန်းစု

▪️ကမ္ဘာ့ငွေကြေးအနိမ့်ဆုံး ( ၅ ) နိုင်ငံ
၁။ အီရန်
၂။ ဗီယက်နမ်
၃။ လာအို
၄။ အင်ဒိုနီးရှား
၅။ ဆီရာလီယွန်

▪️ကမ္ဘာ့စစ်အင်အားအကြီးဆုံး ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ အိန္ဒိယ
၅။ ဂျပန်

▪️ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ( ၁၀ ) ခု
၁။ Harvard University
၂။ Massachusetts Institute of Technology
၃။ Stanford University
၄။ University of California Berkeley
၅။ University of Oxford
၆။ University of Washington Seattle
၇။ Columbia University
၈။ University of Cambridge
၉။ California Institute of Technology
၁၀။ John's Hopkins University
( ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ဆယ်ခုစာရင်းတွင် အမေရိကန်နိုင်ငံမှ တက္ကသိုလ်ရှစ်ခု ပါဝင်ပြီး ယူနိုက်တက်ကင်းဒမ်းမှ တက္ကသိုလ် နှစ်စ်ခုသာ ပါဝင်ပါတယ် )

▪️ကမ္ဘာ့အရှည်ဆုံးမြစ်ကြီး ( ၅ ) စင်း
၁။ နိုင်းလ်မြစ် ( အာဖရိကတိုက် )
၂။ အမေဇုံမြစ် ( တောင်အမေရိကတိုက် )
၃။ ယန်ဇီမြစ် ( တရုတ် )
၄။ မစ္စစ္စပီမြစ် ( မြောက်အမေရိကတိုက် )
၅။ ယင်နစ်ဆီမြစ် ( ရုရှား )

▪️ကမ္ဘာ့အကြီးဆုံးရေကန်ကြီး ( ၅ ) ခု
၁။ ကက်စပီယန် ( အာရှတိုက် )
၂။ စူပီးရီးယား ( မြောက်အမေရိကတိုက် )
၃။ ဗစ်တိုးရီးယား ( အာဖရိကတိုက် )
၄။ ဟူရွန် ( မြောက်အမေရိကတိုက် )
၅။ မီချီဂန် ( အမေရိကန် )

▪️ကမ္ဘာ့အပူဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ မာလီ
၂။ ဗာကီနာဖာဆို
၃။ ဆီနီဂေါ
၄။ တူဗားလူ
၅။ ဂျီဘူတီ

▪️ကမ္ဘာ့အအေးဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ကနေဒါ
၃။ မွန်ဂိုလီးယား
၄။ ဖင်လန်
၅။ အိုက်စလန်

▪️ကမ္ဘာ့အမြင့်ဆုံးတောင် ( ၅ ) လုံး
၁။ ဧဝရတ်တောင် ( နီပေါ၊ တရုတ် )
၂။ K2 ( တရုတ်၊ ပါကစ္စတန် )
၃။ Kangchenjunga ( နီပေါ၊ အိန္ဒိယ )
၄။ Lhotse ( နီပေါ၊ တရုတ် )
၅။ Makalu ( နီပေါ၊ တရုတ် )

▪️ကမ္ဘာ့လူပြောအများဆုံး ဘာသာစကား ( ၅ ) မျိုး
၁။ အင်္ဂလိပ်
၂။ တရုတ် ( မန်ဒရင်း )
၃။ ဟင်ဒီ
၄။ စပိန်
၅။ ပြင်သစ်

▪️ကမ္ဘာ့လူကြိုက်အများဆုံး အားကစား ( ၅ ) မျိုး
၁။ ဘောလုံး
၂။ ခရစ်ကက်
၃။ ဘတ်စကက်ဘော
၄။ ဟော်ကီ
၅။ တင်းနစ်

▪️ကမ္ဘာ့အကြီးဆုံးရုပ်ရှင်လုပ်ငန်းကြီး ( ၅ ) ခု
၁။ Hollywood ( အမေရိကန် )
၂။ Bollywood ( အိန္ဒိယ )
၃။ Chinese Cinema ( တရုတ် )
၄။ United Kingdom of Great Britain ( ဂရိတ်ဗြိတိန် )
၅။ Japanese Cinema ( ဂျပန် )

▪️ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အာဖဂန်နစ္စတန်
၂။ ယီမင်
၃။ ဆီးရီးယား
၄။ ရုရှား
၅။ တောင်ဆူဒန်
၆။ ကွန်ဂို
၇။ အီရတ်
၈။ ဆိုမာလီယာ
၉။ ဗဟိုအာဖရိက
၁၀။ ဆူဒန်
( မြန်မာနိုင်ငံဟာ အန္တရာယ်အရှိဆုံးနိုင်ငံများစာရင်းမှာ ကမ္ဘာ့အဆင့် ( ၂၅ ) ဖြစ်ပြီး အရှေ့တောင်အာရှမှာ နံပါတ် ( ၁ ) ဖြစ်ပါတယ် )

▪️ကမ္ဘာ့ဘေးအကင်းဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိုက်စလန်
၂။ နယူးဇီလန်
၃။ အိုင်ယာလန်
၄။ ဒိန်းမတ်
၅။ ဩစတြီးယား
၆။ ပေါ်တူဂီ
၇။ ဆလိုဗေးနီးယား
၈။ ချက်သမ္မတနိုင်ငံ
၉။ စင်္ကာပူ
၁၀။ ဂျပန်

▪️ကမ္ဘာ့အကြီးဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ တိုကျို ( ဂျပန် )
၂။ ဒေလီ ( အိန္ဒိယ )
၃။ ရှန်ဟိုင်း ( တရုတ် )
၄။ ဆော်ပေါ်လို ( ဘရားဇီး )
၅။ မက်ကစီကိုစီးတီး ( မက်ကစီကို )
၆။ ကိုင်ရို ( အီဂျစ် )
၇။ ဒါကာ ( ဘင်္ဂလားဒေ့ရှ် )
၈။ မွန်ဘိုင်း ( အိန္ဒိယ )
၉။ ဘေကျင်း ( တရုတ် )
၁၀။ အိုဆာကာ ( ဂျပန် )

▪️ကမ္ဘာ့အချမ်းသာဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ နယူးယောက် ( အမေရိကန် )
၂။ တိုကျို ( ဂျပန် )
၃။ ဆန်ဖရန်စစ္စကို ( အမေရိကန် )
၄။ လန်ဒန် ( အင်္ဂလန် )
၅။ စင်္ကာပူ ( စင်္ကာပူ )
၆။ လော့စ်အိန်ဂျယ်လိစ် ( အမေရိကန် )
၇။ ချီကာဂို ( အမေရိကန် )
၈။ ဟူစတန် ( အမေရိကန် )
၉။ ဘေကျင်း ( တရုတ် )
၁၀။ ရှန်ဟိုင်း ( တရုတ် )

▪️ကမ္ဘာ့ဘီလီယံနာအများဆုံး ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ အိန္ဒိယ
၄။ ဂျာမဏီ
၅။ ရုရှား
၆။ ဟောင်ကောင် ( တရုတ် )
၇။ ဘရာဇီး
၈။ ကနေဒါ
၉။ ယူနိုက်တက်ကင်းဒမ်း ( UK )
၁၀။ အီတလီ

▪️ကမ္ဘာ့ဘီလီယံနာအများဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ နယူးယောက် ( အမေရိကန် )
၂။ ဘေကျင်း ( တရုတ် )
၃။ ဟောင်ကောင် ( တရုတ် )
၄။ လန်ဒန် ( အင်္ဂလန် )
၅။ ရှန်ဟိုင်း ( တရုတ် )
၆။ ရှိန်းကျိန့် ( တရုတ် )
၇။ မော်စကို ( ရုရှား )
၈။ မွန်ဘိုင်း ( အိန္ဒိယ )
၉။ ဆန်ဖရန်စစ္စကို ( အမေရိကန် )
၁၀။ ဆိုးလ် ( တောင်ကိုရီးယား )

▪️ကမ္ဘာ့ကိုးကွယ်မှုအများဆုံး ဘာသာကြီး ( ၅ ) ဘာသာ
၁။ ခရစ်ယာန်ဘာသာ
၂။ အစ္စလာမ်ဘာသာ
၃။ ဟိန္ဒူဘာသာ
၄။ ဗုဒ်ဓဘာသာ
၅။ ဆစ်ဘာသာ

▪️ကမ္ဘာ့ခရစ်ယာန်ဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ ဘရာဇီး
၃။ မက်ကစီကို
၄။ ရုရှား
၅။ ဖိလစ်ပိုင်
၆။ နိုင်ဂျီရီးယား
၇။ တရုတ်
၈။ ကွန်ဂို
၉။ ဂျာမနီ
၁၀။ အီသီယိုးပီးယား

▪️ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အများနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အင်ဒိုနီးရှား
၂။ ပါကစ္စတန်
၃။ အိန္ဒိယ
၄။ ဘင်္ဂလားဒေ့ရှ်
၅။ နိုင်ဂျီရီးယား
၆။ အီဂျစ်
၇။ အီရန်
၈။ တူရကီ
၉။ အယ်ဂျီရီးယား
၁၀။ ဆူဒန်

▪️ကမ္ဘာ့ဟိန္ဒူဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ နိပေါ
၃။ ဘင်္ဂလားဒေ့ရှ်
၄။ အင်ဒိုနီးရှား
၅။ ပါကစ္စတန်
၆။ သီရိလင်္ကာ
၇။ အမေရိကန်
၈။ မလေးရှား
၉။ ယူနိုက်တက်ကင်းဒမ်း ( UK )
၁၀။ မြန်မာ

▪️ကမ္ဘာ့ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ ထိုင်း
၃။ မြန်မာ
၄။ ဂျပန်
၅။ ကမ္ဘောဒီးယား
၆။ ဗီယက်နမ်
၇။ သီရိလင်္ကာ
၈။ တောင်ကိုရီးယား
၉။ အိန္ဒိယ
၁၀။ မလေးရှား

▪️ကမ္ဘာ့ဆစ်ဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ ယူနိုက်တက်ကင်းဒမ်း ( UK )
၃။ အမေရိကန်
၄။ ကနေဒါ
၅။ ဩ‌စတြေးလျ
၆။ မလေးရှား
၇။ အီတလီ
၈။ ထိုင်း
၉။ ပါကစ္စတန်
၁၀။ ဖိလစ်ပိုင်

▪️ကမ္ဘာ့ပေါ်၌ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ အာဂျင်တီးနား
၂။ အာမနေီးယား
၃။ တူဗားလူ
၄။ ကော်စတာရီကာ
၅။ ဒိန်းမတ်
၆။ အင်္ဂလန်
၇။ ဂရိ
၈။ ဂျော်ဂျီယာ
၉။ အိုက်စလန်
၁၀။ အယ်ဆာဗေဒို
၁၁။ အီသီယိုးပီးယား
၁၂။ မိုနာကို
၁၃။ ဗာတီကန်စီးတီး
၁၄။ ဟန်ဂေရီ
၁၅။ နော်ဝေး
၁၆။ ဖရိုးကျွန်းစု
၁၇။ ဆားဘီးယား
၁၈။ တွန်ဂါ
၁၉။ ဆမိုးအား
၂၀။ မော်လတာ
၂၁။ လက်ချင်စတိန်း
၂၂။ ဇမ်ဘီယာ

▪️ကမ္ဘာ့ပေါ်၌ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ အာဖဂန်နစ္စတန်
၂။ အယ်ဂျီရီးယား
၃။ ဘင်္ဂလားဒေ့ရှ်
၄။ ဘာရိန်း
၅။ ဘရူနိုင်း
၆။ ကိုမိုရို
၇။ ဂျီဘူတီ
၈။ အီဂျစ်
၉။ အီရန်
၁၀။ အီရတ်
၁၁။ ဂျော်ဒန်
၁၂။ ကူဝိတ်
၁၃။ လစ်ဗျား
၁၄။ မော်လဒိုက်
၁၅။ မလေးရှား
၁၆။ မော်ရီတေးနီးယား
၁၇။ မော်ရိုကို
၁၈။ အိုမန်
၁၉။ ပါကစ္စတန်
၂၀။ ပါလက်စတိုင်း
၂၁။ ကာတာ
၂၂။ ဆော်ဒီအာရေဗျ
၂၃။ ဆာရာဝီ
၂၄။ ဆိုမာလီယာ
၂၅။ တူနီးရှား
၂၆။ ယူအအေီး ( UAE )
၂၇။ ယီမင်

▪️ကမ္ဘာ့ပေါ်၌ ‌ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ ဘူတန်
၂။ ကမ္ဘောဒီးယား

▪️ကမ္ဘာပေါ်၌ ဟိန္ဒူဘာသာ နှင့် ဆစ်ဘာသာတို့တွင် နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားသော နိုင်ငံမရှိပေ။

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ( ၁၉၃ ) နိုင်ငံရှိသည်။

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသော ဘာသာများ
၁။ အင်္ဂလိပ်
၂။ တရုတ်
၃။ ပြင်သစ်
၄။ စပိန်
၅။ ရုရှား
၆။ အာရပ်

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိသော နိုင်ငံများ
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ကုလသမဂ္ဂ၌ အမြဲတမ်းအဖွဲ့နိုင်ငံ ( ၁၅ )
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အယ်ဘေနီးယား
၇။ ဘရာဇီး
၈။ ဂါဘွန်
၉။ ဂါနာ
၁၀။ အိန္ဒိယ
၁၁။ အိုင်ယာလန်
၁၂။ ကင်ညာ
၁၃။ မက်ကစီကို
၁၄။ နော်ဝေး
၁၅။ ယူအအေီး ( UAE )

▪️ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ ဗီယက်နမ်
၃။ ထိုင်း
၄။ ပါကစ္စတန်
၅။ အမေရိကန်

▪️ကမ္ဘာ့ဂျုံတင်ပို့မှုအများနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ အိန္ဒယ
၃။ ရုရှား
၄။ အမေရိကန်
၅။ ပြင်သစ်

▪️ကမ္ဘာ့စစ်လက်နက်ရောင်ချမှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ ပြင်သစ်
၄။ တရုတ်
၅။ ဂျာမဏီ

▪️ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှုအများနိုင်ငံ ( ၅ )
၁။ တရုတ်
၂။ အမေရိကန်
၃။ ဂျပန်
၄။ အိန္ဒိယ
၅။ တောင်ကိုရီးယား

▪️ကမ္ဘာ့မော်တော်ဆိုင်ကယ်တင်ပို့မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ ဂျာမနီ
၃။ အိန္ဒိယ
၄။ ထိုင်း
၅။ ဂျပန်

▪️ကမ္ဘာ့လေယာဉ်ပျံထုတ်လုပ်မှုအများနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ပြင်သစ်
၃။ ဂျာမနီ
၄။ ကနေဒါ
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ပြင်သစ်
၂။ စပိန်
၃။ အမေရိကန်
၄။ တရုတ်
၅။ အီတလီ
၆။ တူရကီ
၇။ မက်ကစီကို
၈။ ထိုင်း
၉။ ဂျာမဏီ
၁၀။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ရေနံထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ ဆော်ဒီအာရေဗျ
၄။ ကနေဒါ
၅။ အီရတ်
၆။ တရုတ်
၇။ ယူအအေီ ( UAE )
၈။ ဘရာဇီး
၉ ။ ကူဝိတ်
၁၀။ အီရန်

▪️ကမ္ဘာ့မိုဘိုင်းဖုန်းတင်ပို့မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ ဗီယက်နမ်
၃။ ဟောင်ကောင် ( တရုတ် )
၄။ အမေရိကန်
၅။ ဂျာမနီ
၆။ ချက်သမ္မတနိုင်ငံ
၇။ စင်္ကာပူ
၈။ တောင်ကိုရီးယား
၉။ အိန္ဒိယ
၁၀။ ‌ဩစတြီးယား

▪️ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအများနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အီတလီ
၂။ တရုတ်
၃။ စပိန်
၄။ ပြင်သစ်
၅။ ဂျာမနီ
၆။ အိန္ဒိယ
၇။ မက်ကစီကို
၈။ ယူနိုက်တက်ကင်းဒမ်း ( UK )
၉။ ရုရှား
၁၀။ အမေရိကန်

▪️ကမ္ဘာပေါ်၌ နျူကလီးယားလက်နက်ရှိသော နိုင်ငံများ
၁။ ရုရှား
၂။ အမေရိကန်
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အိန္ဒိယ
၇။ ပါကစ္စတန်
၈။ အစ္စရေး
၉။ မြောက်ကိုရီးယား

▪️ကမ္ဘာပတ်လမ်းကြောင်းတွင် လည်ပတ်မှုအများဆုံး ဂြိုလ်တုရှိတဲ့ နိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ ရုရှား
၄။ ဂျပန်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့အိုင်ကျူ( IQ ) အမြင့်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဂျပန်
၂။ ထိုင်ဝမ်
၃။ စင်္ကာပူ
၄။ ဟောင်ကောင် ( တရုတ် )
၅။ တရုတ်
၆။ တောင်ကိုရီးယား
၇။ ဘီလာရု
၈။ ဖင်လန်
၉။ လက်ချင်စတိန်း
၁၀။ ဂျာမနီ

▪️ကမ္ဘာ့အီးကျူ( EQ ) အမြင့်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဖိလစ်ပိုင်
၂။ အယ်ဆာဗေဒို
၃။ ဘာရိန်း
၄။ အိုမန်
၅။ ကိုလံဘီယာ
၆။ ချီလီ
၇။ ကော်စတာရီကာ
၈။ ကနေဒါ
၉။ ဂွာတီမာလာ
၁၀။ ဘိုလီဗီးယား

▪️ကမ္ဘာ့ပျမ်းမျှအရပ်အရှည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ နယ်သာလန်
၂။ မွန်တီနီဂရိုး
၃။ ဒိန်းမတ်
၄။ နော်ဝေး
၅။ ဆားဘီးယား
၆။ ဂျာမနီ
၇။ ခရိုအေးရှား
၈။ ချက်သမ္မတနိုင်ငံ
၉။ ဆလိုဗေးနီးယား
၁၀။ လူဇင်ဘတ်

▪️ကမ္ဘာ့ပျမ်းမျှအရပ်အပုဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အင်ဒိုနီးရှား
၂။ ဘိုလီဗီးယား
၃။ ဖိလစ်ပိုင်
၄။ ဗီယက်နမ်
၅။ ကမ္ဘောဒီးယား
၆။ နီပေါ
၇။ အီကွေဒေါ
၈။ သီရိလင်္ကာ
၉။ နိုင်ဂျင်ရီးယား
၁၀။ ပီရူး

▪️ကမ္ဘာ့မိုးမျှော်တိုက်အများဆုံးရှိတဲ့နိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ အမေရိကန်
၃။ ယူအအေီး ( UAE )
၄။ တောင်ကိုရီးယား
၅။ ဂျပန်
၆။ မလေးရှား
၇။ ဩသတြေးလျ
၈။ အင်ဒိုနီးရှား
၉။ ကနေဒါ
၁၀။ ထိုင်း

▪️ကမ္ဘာ့မိုးမျှော်တိုက်အများဆုံးရှိတဲ့မြို့ကြီး ( ၁၀ ) မြို့
၁။ ဟောင်ကောင် ( တရုတ် )
၂။ ရှိန်းကျိန့် ( တရုတ် )
၃။ နယူးယောက် ( အမေရိကန် )
၄။ ဒူဘိုင်း ( ယူအေအီး )
၅။ ရှန်ဟိုင်း ( တရုတ် )
၆။ ကွမ်းကျိုး ( တရုတ် )
၇။ တိုကျို ( ဂျပန် )
၈။ ကွာလာလမ်ပူ ( မလေးရှား )
၉။ ချုံချင့် ( တရုတ် )
၁၀။ ချီကာဂို ( အမေရိကန် )

▪️ကမ္ဘာ့ပျမ်းမျှအသက်ရှည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဟောင်ကောင် ( တရုတ် )
၂။ ဂျပန်
၃။ မကာအို ( တရုတ် )
၄။ ဆွစ်ဇာလန်
၅။ စင်္ကာပူ
၆။ အီတလီ
၇။ စပိန်
၈။ ဩစတြေးလျ
၉။ အိုက်စလန်
၁၀။ တောင်ကိုရီးယား

▪️ကမ္ဘာ့ပျမ်းမျှအသက်တိုဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဗဟိုအာဖရိကသမ္မတနိုင်ငံ
၂။ ချဒ်သမ္မတနိုင်ငံ
၃။ လီဆိုသို
၄။ နိုင်ဂျီရီးယား
၅။ ဆီရာလီယွန်
၆။ ဆိုမာလီယာ
၇။ အိုင်ဗရီကို့စ်
၈။ တောင်ဆူဒန်
၉။ ဂင်းနီဗစ်ဆော
၁၀။ အီကွေတာဂီနီ

▪️ကမ္ဘာ့အမြင့်ဆုံးရုပ်တုကြီး ( ၅ ) ရုပ်
၁။ ညီညွတ်ရေးရုပ်တု ( အိန္ဒိယ )
၂။ ရေပူစမ်းကျောင်းတော် ဗုဒ္ဓရုပ်ပွားတော် ( တရုတ် )
၃။ လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီး ( မြန်မာ )
၄။ အုရှိခုဗုဒ္ဓရုပ်ပွားတော်ကြီး ( ဂျပန် )
၅။ ဆန်းဒိုင်းဗောဓိသတ္တ ရုပ်ပွားတော်ကြီး ( ဂျပန် )

▪️ကမ္ဘာ့ရွှေထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ ဩစတြေးလျ
၃။ ရုရှား
၄။ အမေရိကန်
၅။ ကနေဒါ

▪️ကမ္ဘာ့စိန်ထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ဘော့ဆွာနာ
၃။ ကနေဒါ
၄။ ကွန်ဂို
၅။ တောင်အာဖရိက

▪️ကမ္ဘာ့ပေါ်၌ ပတ္တမြားထွက်ရှိ‌သောနိုင်ငံများ
၁။ မြန်မာ
၂။ ထိုင်း
၃။ မဒါဂတ်စကား
၄။ သီရိလင်္ကာ
၅။ ကင်ညာ
၆။ ကမ္ဘောဒီးယား
၇။ ဗီယက်နမ်
၈။ ဩစတြေးလျ
၉။ ပါကစ္စတန်
၁၀။ အိန္ဒိယ
၁၁။ မာလဝီ
၁၂။ မိုဇမ်ဘစ်
၁၃။ တန်ဇန်နီးယား
၁၄။ အာဖဂန်နစ္စတန်
( ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ပတ္တမြားများကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး ကမ္ဘာ့ပတ္တမြားထုတ်လုပ်မှု၏ ( ၉၀ ) ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံမှ ဖြစ်ပါတယ် )

▪️ကမ္ဘာ့အရည်အသွေးအ‌ကောင်း‌ဆုံး ကျောက်စိမ်းထွက်ရှိသော နိုင်ငံ ( ၅ ) နိုင်ငံ
၁။ မြန်မာ
၂။ အမေရိကန်
၃။ ဂွာတီမာလာ
၄။ ကော်စတာရီကာ
၅။ မက်ကစီကို
( ကမ္ဘာ့အရည်အသွေးအကောင်းဆုံး‌ ကျောက်စိမ်းများကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး ကမ္ဘာ့ကျောက်စိမ်းထုတ်လုပ်မှု၏ ( ၇၀ ) ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံမှ ဖြစ်ပါတယ် )

ဗဟုသုတပါခင်ဗျား

16/05/2023

ဟေး! စီရီ😂

02/05/2023

{ ကဆုန်လပြည့် ဗုဒ္ဓနေ့ }
"ယခုလာမည့်ဥပုသ်နေ့သည်
ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်သည်"
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

🙏 အရှင်နရိန်-မော်လမြိုင် 🙏
~~~~~~~~~~~~~~~~~~

05/03/2023

တပေါင်းလပြည့် အကြောင်း သိကောင်းစရာ

တပေါင်းလပြည့် အကြောင်း သိကောင်းစရာ

တပေါင်းလဟာ မြန်မာ့ဆယ်နှစ်လရာသီရဲ့ နောက်ဆုံးလဖြစ်ပါတယ်။
ဒါကြောင့် တပေါင်းလရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တပေါင်းလပြည့်နေ့အကြောင်း တင်ပြပေးချင်ပါတယ်။ တပေါင်းလပြည့်နေ့ကို ပြည်တော်ပြန်နေ့လို့လည်း ခေါ်ဆိုကြပါတယ်။ ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးနေ့စဉ် အခါက အင်္ဂတိုင်းနဲ့ မဂဓတိုင်းသားတွေကို အမြိုက်တရားဟောကြားတော်မူပါတယ်။ အဲဒီအကြောင်းကို ကြားသိတဲ့ ခမည်းတော် သုဒ္ဒေါဒနမင်းကြီးဟာ ဘုရားရှင်ကို ပင့်ဆောင်ဖို့ အမတ် ၁ဝ ဦးကို ဦးဆောင်စေပြီး ရာဇဂြိုလ်ပြည်ကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပင့်ဆောင်ဖို့ သွားတဲ့ အဖွဲ့ တစ်ဖွဲ့ မျှ ကပိလဝတ်တိုင်းကို ပြန်လည်မရောက်လာကြပေ။ အကြောင်းကတော့ ဘုရားရှင်ရဲ့ တရားတော်မြတ်ကို နာကြားပြီး ရဟန္တာအရှင်မြတ်တွေ ဖြစ်တော်မူသွားကြတာကြောင့်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အမတ်ကြီးကာဠုဒါယီကနေ ရဟန္တာဖြစ်သွားတဲ့ ကာဠုဒါယီမထေရ်က တပေါင်းလရဲ့ သာယာကြည်နူးဖွယ်ကောင်းပုံကို ဂါထာနဲ့ သီကုံးဖွဲ့ဆိုကာ ကပိလဝတ်ကို ပြန်လည်ကြွမြန်းဖို့ လျှောက်တင်ခဲ့ပါတယ်။ အဲဒီလျှောက်ထားချက်ကြောင့် ဘုရားရှင်ဟာ ရဟန္တာပေါင်း နှစ်သောင်း ခြံရံပြီး ဇာတိမြေကို ကြွချီတော်မူခဲ့ပါတယ်။ အဲဒီနေ့ကား တပေါင်းလပြည့်ကျော် ၁ ရက်နေ့ဖြစ်ပါတယ်။ ရာဇဂြိုလ်ကနေ ကပိလဝတ်ကို ရက်ပေါင်း ၆ဝ ကြာ ကြွချီခဲ့ရတယ်လို့ ဆိုပါတယ်။ ဘုရှားရှင်ဟာ ကပိလဝတ်ပြည်ကို ပြန်လည်ရောက်ရှိပြီးနောက် မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားခဲ့ပြီး အဲဒီနောက်မှာ ခမည်းတော် သုဒ္ဒေါဒနမင်းကြီးက အရိယာဘောင် ဝင်တော်မူခဲ့ပါတယ်။ မိထွေးတော်ဂေါတမီကလည်း သောတာပန်တည်ရုံမက ဘိက္ခုနီသာသနာထူထောင်ခွင့်ရခဲ့ပါတယ်။ တစ်ဖန် သားတော်ရာဟုလာ အမွေတောင်းမှုကနေ ရှင်သာမဏေအဖြစ် ရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီလို ကြည်ညိုဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် တပေါင်းလပြည့်နေ့ကို ပြည်တော်ပြန်နေ့အဖြစ် သတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်တို့က အထိမ်းအမှတ်ကုသိုလ်ပွဲတွေ ဒီကနေ့ အထိ ပြုလုပ်ကျင်းပနေကြဆဲဖြစ်ပါတယ်။
credit

Photos from Aung-Design's post 29/01/2023

💜Social Media Post💜

Aung-Design
09765156335

Photos from AUNG DANA-Clothing's post 18/01/2023
Photos from AUNG DANA-Clothing's post 18/01/2023

😍😍😍

Photos from AUNG DANA-Clothing's post 18/01/2023

မိုက္💜

02/01/2023

"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
•••••••••••••••••

မဆိုင်မှန်း သိပါရက်နဲ့
ဖြေရှင်းနေမိတဲ့ ပြဿနာတွေမှာ
နေရာတကာ ဝင်ပါတာတွေရပ်ပြစ်ပါ
တစ်ချို့က ပေးဆပ်ရလောက်ထိ မတန်တာတွေရှိတယ်။

မတူမှန်းသိပါရက်နဲ့ တန်းညှိမိတာတွေပြင်ပါ
တစ်ချို့က ကိုယ်ထင်ရာ ကိုယ်တွေးပြီး
သူတစ်ပါးကို သိက္ခာကျအောင်လုပ်ဖို့ဝန်မလေးဘူး။

ရောပါ များရင် တစ်ချို့က ပေါ့သွားတတ်တယ် ဆားလို လူတွေအတွက် လိုတာထက်ပိုရောမိရင် ငန်သွားတာပဲအဖတ်တင်လိမ့်မယ်။လိုတာထက် ပိုမရောတာ အကောင်းဆုံးပါပဲ။

ကိုယ်ကိုကိုယ်ထက် ဘယ်သူမှ ပိုမချစ်မှန်းသိရင် သင့်ကိုယ်သင်ချစ်ဖို့လည်း မမေ့ပါနဲ့
သူများစိတ်နဲ့ အသက်ရှင်တာများရင် သင်ပဲ စိတ်ပင်ပန်းရမယ်ဒါကြောင့် မတန်တာတွေ ခေါင်းထဲသိပ်မထည့်နဲ့ အရေးမပါတာတွေကို အရာပေးနေသမျှတော့ အရေးပါတာတွေကို လက်လွှတ်ဆုံးရှုံးရမယ်။

ငွေကလွဲပြီးစိတ်ဓါတ်ရင့်ကျက်မှု၊မြင့်မြတ်မှုမရှိတဲ့အလုပ်ကို လုပ်နေခြင်းက ဘဝကို ရောင်းစားတာနဲ့အတူတူပါပဲ ငွေကို ချစ်သလို မိမိကိုယ်ကိုယ် ချစ်ဖို့လည်းမမေ့ပါနဲ့
တစ်ခုခုဆို သတိနဲ့အသိကပ်ပြီး သူများသောက်လို့ ခါးမှန်းသိတဲ့ မိုးခါးရေတိုင်း လိုက်မသောက်မိပါစေနဲ့။

စိတ်ဓါတ် အောက်တန်းကျရင် ပိုင်ဆိုင်သမျှ အရာအားလုံးတစ်ဖြည်းဖြည်းနဲ့ကျဆင်းလာလိမ့်မယ် ဒါကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါနဲ့ ကံ...ကံ၏အကျိုးက
အချိန်တန်ရင် သူ့အလုပ်သူလုပ်သွားမှာပါ။

လေးစားစွယဖြင့်
မေဆု(ရာမညမြေ)13,7,2022

#မေဆုရာမညမြေအတွေးစာစုလေးများ

31/12/2022
31/12/2022

နေ့စဉ် မင်္ဂလာဖြင့် မျက်နှာသစ်နည်း
______________________________

စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်-ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည်။

အမှုမဲ့ အမှတ်မဲ့ စဉ်းစားလျှင် သတ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော် ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအ၀င်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန် လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည် ဖြစ်ပါသည်။

ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန် နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။

နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
================================

(၁) “ဒါနကုသိုလ်”

မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”

မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မေတ္တာကုသိုလ်”

ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာ၀နာပွါးလိုက်ပါ။ ဒါဆို အသုဘဘာ၀နာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာ၀နာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။
အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...

မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။
(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝြေခင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)


Thanks:
#မြတ်ဗုဒ္ဓအလင်း
ပီတိ

________________________________

[ Unicode ]

နေ့စဉ် မင်္ဂလာဖြင့် မျက်နှာသစ်နည်း
______________________________

စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်-ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည်။

အမှုမဲ့ အမှတ်မဲ့ စဉ်းစားလျှင် သတ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော် ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအဝင်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန် လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည် ဖြစ်ပါသည်။

ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန် နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။

နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
================================

(၁) “ဒါနကုသိုလ်”

မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”

မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မတ်ေတာကုသိုလျ”

ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။
အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...

မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။
(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)


Thanks:
#မြတ်ဗုဒ္ဓအလင်း
ပီတိ

Photos from Aung-Design's post 27/12/2022

VENUS STAR (Beauty Center)အတွက်
ဆွဲပေးဖြစ်တဲ့
Logo/Cover Photo နဲ့ Business Card ❤️❤️❤️

ယုံကြည်စွာအားပေးမှုအတွက်
ကျေးဇူးပါခင်ဗျာ🙏🙏🙏

Aung-Design
09765156335

24/12/2022

Happy Merry Christmas 🎄🎅🤶🧑‍🎄⛪️

24/12/2022

အဖြေ မှန် ပါသလား?

တကယ်တော့ ကျနော်တို့ သည်
လှေခါး တွေ တဆင့်ပြီး တဆင့်
တက်နေရတဲ့ လူတွေပါပဲ။

အမြင့်တက်ရတဲ့ လှေခါး တွေ ရှိသလို၊ အောက်ထဲ ဆင်းရတဲ့ လှေခါး တွေလည်း ရှိခဲ့ပါတယ်။

တက်နေလား ဆင်းနေလား မသိလိုက်ပဲ အချိန်တွေ ကုန် ၊ လူလည်း ပင်ပန်းခဲ့ရတဲ့ အဖြစ် အပျက်တွေလည်း ရှိခဲ့ ဘူးပါရဲ့။

အကယ်၍ လူ ရဲ့ ဖြစ်စဥ် ကို
ပြန်ကြည့် တဲ့ အခါ ၊
မွေးဖွား စဥ် ကတည်းက
တက်နေကြ ရတယ်၊ အရွယ် ရောက်လာချိန် မိမိရဲ့ ဆက်တက်ရမယ့် လှေခါး တွေ မရှိရင်
ပြန်ဆင်း ရမှာက အသေအချာ ပါပဲ ၊ ဘယ်လှေခါး လဲ ?
သေဆုံးခြင်း လှေခါး ပေါ့ဗျာ 😊

သေဆုံးခြင်း လှေခါး ပြန်ဆင်း
တဲ့ အခါမှာ လည်း မောပန်းခြင်း
အလျဥ်း မရှိပဲ အောက်ခြေ ရောက်ဖို့ လိုအပ်ပါတယ်။

တကယ်တော့ လူဖြစ်ရခြင်း
သည် ကောင်းသည်ဟု ယူဆ နိုင်သလို၊
ဆိုးသည်ဟုလည်း ယူဆနိုင်ပါတယ်။
( ဒါက ကျနော့် ရဲ့ အတွေး သက်သက်ပါ ) 😎😎

ကာတွန်းထဲက ကလေး ငယ် အမေးကို အဖေ ဖြစ်သူ ရဲ့
အဖြေ သည် ကလေးငယ် အတွက် မှန်ပါသည်ဟု
ထောက်ခံ ဆန္ဒ ပြု မိပါ၏ ။



ကာတွန်း ဆရာ ဆြာနေဇင်ဦး
အား လေးစားစွာ ဖြင့် 🙏🙏

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Other Graphic Design in Yangon (show all)
Design by Marco Design by Marco
Yangon

GAMING LOGO,BUSINESS LOGO, PLAYER ROSTER,ESPORTJERSEY, TOURNAMENT GRAPHIC DESIGN.

Limitless Design Limitless Design
No 9d, Thamainbayan Street, 36 Ward, North Dagon
Yangon, 11421

Limitless creative design for your business

Joop Joop
Thanthumar Road, South Okkalapa
Yangon

I am a freelance graphic designer. I Make drawing , logos and other designs. If you want to submit designs, you can contact us.

Phyo Design Phyo Design
Yangon, 4482

V9, Logo, Sticker design.

Jue Jue May Computer Graphic Design Jue Jue May Computer Graphic Design
No. 178, 1st Floor (left), 31st Street (Upper Block) , Pabedan Township
Yangon, 11141

Computer Graphic Design

Design Thein Htut Design Thein Htut
Yangon

ဒီ Page လေးရဲ့ ရည်ရွယ်ချက်ကတော့ ဒီဇိုင?

Kendy Kendy
Thukha Street, Mayangone
Yangon

Graphic design creation

Gothic 4 - Design Studio Gothic 4 - Design Studio
Yangon

Contact Us - 09255326485

H Creative Studio H Creative Studio
Yangon
Yangon

H Creative Studio ဆီမှာသင့်တော်ပြီးအကြိုက်တွေ့တဲ့ လက်တွဲလုပ်ဆောင်မှုဖြစ်ဖို့ မျှော်လင့်ပါတယ်။

Sparrow Advertising Agency Sparrow Advertising Agency
U Wizarya Road
Yangon, 274199

design services

Fantastic Page and Logo Services Fantastic Page and Logo Services
Yangon

Page And Logo Services

Cv & Cover Letter Service Myanmar Cv & Cover Letter Service Myanmar
Yangon

ပြည်တွင်း/ ပြည်ပ အတွက် ဒီဇိုင်းလှတဲ့ Cvလေးတွေ Cover letter လေးတွေ ရပါပီ...