Sai Phone Kyaw
Passion = Fall in Love
The history of Yugoslavia!
ရှမ်းမြောက်နှင့် ရှမ်းရှေ့ ခရီးသွားမှတ်တမ်း (မေလ ၂၀၁၃)
×××××××××××××××××××××××
အပိုင်း(၆) ဇာတ်သိမ်း
မိုင်းပေါက်-မိုင်းဖျင်-မိုင်းလား (မေ ၁၈-၁၉-၂၀)
ရာသီဥတုကတော့ ဖြတ်သန်းခဲ့သမျှ မြို့တွေထဲမှာ အအေးဆုံးပါဘဲ… နေ့ခင်းအပူချိန် ဒီပြင်မြို့တွေ (၃၀) စင်တီဂရိတ်ကျော်နေပေမဲ့ မိုင်းပေါက်မြို့မှာ (၂၅) စင်တီဂရိတ်၀န်းကျင်နဲ့ တော်တော်လေးအေးပါတယ်… ညပိုင်း အပူချိန် (၁၆) စင်တီဂရိတ်၀န်းကျင်သာ ရှိပြီး စောင်ခြုံအိပ်ယူရပါတယ်… မိုင်းပေါက်မှာ နေခဲ့တဲ့ နှစ်ရက်မှာ ရာသီဥတုအေးတာကို ရေ နေ့တိုင်း ချိုးလွန်းလို့ မက်ကလောင်ခြစ်ပြီး ဆေးသောက်ရတဲ့ အထိပါဘဲ… ညောင်းကိုက်ပြီး ဖျားချင်ချင်ပါဘဲ…
၁၈ရက်နေ့ မနက် (၇)နာရီ မိနစ်နှစ်ဆယ်မှာ မိန်းပေါက်မြို့(မိုင်းပေါက်)နဲ့ မိနစ်နှစ်ဆယ်ခန့်သာ ဝေးတဲ့ ရွာလေးတစ်ရွာကို သွားလည်ဖြစ်ပါသေးတယ်… ဒေသခံတရုတ်လူမျိုးတွေနဲ့ ၀ လူမျိုးစုတွေနေထိုင်တဲ့ရွာလေးပါ… ရွာလေးက တော်တော်သာယာလှပလိုက်တာ… ရွာနာမည်တွေက ဒီဘက်ပိုင်းတွေမှာ ရေးမထားတတ်တော့ ရွာနာမည် မသိလိုက်ရဘူးဗျာ…
ရွာလေးက ပြန်တော့ မလျှော်ရတာ ကြာပြီဖြစ်တဲ့ အ၀တ်အစားတွေထိုင်လျှော်ပြီးမှပဲ မနက်ခင်းစာ ခေါက်ဆွဲသွားစားဖြစ်တယ်… လူက ပင်ပန်းသွားတော့ နှုံးချိနေတာပဲ… နေ့ခင်း (၁)နာရီလောက်မှာ ထမင်းစားပါတယ်… နေ့ခင်းတော့ အခန်းထဲမှာ တီဗီကြည့် DVB news ကြည့် နဲ့ အနားယူဇိမ်ကျပစ်လိုက်တယ်…
ညနေခင်းပိုင်းလောက်မှ အဆောက်အဦးတွေ ဆောက်နေတဲ့ဘက်ကို လမ်းထွက်လျှောက်… မိုင်းပေါက်မြို့လေးက မြို့လေးက သိပ်သာ မစည်တာ အဆောက်အဦးအသစ်တွေ အသစ်တွေ နေရာတိုင်းမှာလိုလို ဆောက်နေတာလည်းတွေ့ရတယ်ဗျ… အံ့တော့ အံ့သြစရာပဲ မြို့လေးကသာ ရှင်းလင်းနေတာ အဆောက်အဦးအသစ်တွေ ဆောက်လက်စ အဆောက်အဦးတွေနဲ့ ချည်းပဲ… ဆောက်လုပ်ရေး လုပ်သားမြန်မာတစ်ချို့တွေကိုလည်း တွေ့ရပါတယ်…
လူငယ်တွေ ဘက်စကတ်ဘောကွင်းမှာ ဘက်စကတ်ဘောကစားနေတာတွေ့တော့ ခဏတော့ ရပ်ကြည့်ဖြစ်လိုက်ပါသေးတယ်… ညပိုင်းတော့ စောစောစီးစီးပဲ အနားယူလိုက်ပါတယ်…
၁၉ ရက်နေ့ မနက်ကျ စောစောထပြီး မိုင်းပေါက်မြို့မစျေးထဲသွား တရုတ်တွေရောင်းတဲ့ ကြက်ဥပလာတာစား… လက်ဖက်ရည်သောက်နဲ့ မနက်စာ ဖြည့်ပစ်လိုက်တယ်… လက်ဖက်ရည်က သောက်မကောင်းဘူး… တော်တော်လေး ချိုတယ် နို့ဆီတော်တော်လေးထည့်ထားပုံရတယ်… စျေးထဲမှာလည်း တရုတ်ပြည်မက တရုတ်တွေ စျေးဆိုင်အများအပြားလာဖွင့်တာတွေ့ရတယ်… အော်ကျွန်တော်လည်း စဉ်းစားမိတယ်… တရုတ်ကုန်ပစ္စည်းတွေ တော်တော်များများ ဒီဘက်မှာ ရောင်းချကြတယ်… မြန်မာကုန်ပစ္စည်းတွေ ဘာလို့ မဖြန့်နိုင်တာလည်းပေါ့… ရေဆိုလည်း တရုတ်ပြည်ထုတ် ရေသန့်ပဲသောက်ရတယ်… မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ ဒီဘက်စျေးကွက်တွေကိုချဲ့ပြီး တရုတ် ကုန်ပစ္စည်းတွေနဲ့ယှဉ်ရောင်းနိုင်ရင် ကောင်းမှာပဲလို့…
ဒီဘက်နယ်ပိုင်းမှာ လက်နက် ကိုတရား၀င်ကိုင်ဆောင်ခွင့်ရှိတယ်… အုပ်ချုပ်ရေးမှူး အသိအမှတ်ပြုထားရင် ခွင့်ပြုပါတယ်… ယခင်ကျွန်တော် ၁၅နှစ်သားခန့်က ၀ စစ်သားတစ်ယောက် ပစ္စတိုတစ်လက်ကို ယွမ်ငွေ (၂၀၀၀)ဖြစ်လာရောင်းဘူးပါတယ်… ကျွန်တော်မ၀ယ်ပါ… ယခုတော့ ပစ္စတို အကောင်းတစ်လက်ကို မေးကြည့်ပါတယ်… ယွမ်ငွေ (၃၀၀၀၀) ဆိုလို့ မျက်လုံးတောင်တော်တော်ကျယ်သွားတယ်… မြန်မာငွေ (၄၅)သိန်း ၀န်းကျင်ခန့်ပင်ရှိနေတယ်ဗျ… ဝဒေသတွင်းမှ တခြား အထူးဒေသတွေကိုသွားလည်း လက်နက် သယ်သွားခွင့်မရှိပါဘူး… သွားခဲ့လို့ရှိရင်လည်း ဂိတ်တွေကို ယာယီအနေနဲ့ သိမ်းပါတယ်…
နေ့ခင်း တစ်နာရီခွဲလောက်မှ NDAA (National Democratic Alliance Army) မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေ အထူးဒေသ (၄) မိုင်းလားကို ထွက်လာပါတယ်… လမ်းတစ်လျှောက်နေပူ ရေဆာ၊ လမ်းကကြမ်း ကားကခုန်နဲ့ အတော်လေးကို သည်းခံလိုက်ရပါတယ်… လမ်းမှာ တရုတ်အခေါ် ဟောသောက်ဆိုတဲ့ မြို့လေးကိုဖြတ်ပြီးမှ နေ့ခင်း (၂)နာရီခွဲလောက်မှ မိုင်းဖျင် (မိန်းဖြန်) မြို့ကို ရောက်ပါတယ်… လမ်းမှာတော့ ရာဘာပင်တွေပဲ ပေါပါတယ်…
မိုင်းဖျင်မြို့လည်းပဲ ရာသီဥတုပူပါတယ်… ရှမ်းလူမျိုးတွေ တော်တော်များများတော့ တွေ့ရသား… ယခင်ကတော့ ရှမ်းတွေနဲ့ လားဟူ အတော်များများနေထိုင်တယ်လို့တော့ ပြောတာပါဘဲ... ယခုတော့ ၀ လူမျိုး အများစု နေထိုင်ပါတယ်... လားဟူတွေတော့ မတွေ့ခဲ့ရပါဘူး... မိုင်းလားနဲ့ ဆက်ဆံရာမှာ မိုင်းဖျဉ်က အသက်သွေးကြောလမ်းဖြစ်တယ်... ဝတွေအနေနဲ့ အစိုးရဆီကို ဒီနယ်မြေကို လက်လွှတ်လိမ့်မှာတော့မဟုတ်လောက်ဘူး... လမ်းဘေးခေါက်ဆွဲဆိုင်လေးတွေမှာ ရှမ်းတွေ ရောင်းတဲ့ ဆိုင်တွေများသဗျ… ရှမ်းများဒေသဆိုသိသာပါတယ်… စေတီပုထိုးတွေကိုမြင်ရပြီ… မိုင်းဖျင်တောင်ကုန်းပေါ်မှာလည်း စေတီတွေတွေ့ရတာကိုး… ရှမ်းမကြီးရောင်းတဲ့ ခေါက်ဆွဲဆိုင်မှာ ကြက်ဆီထမင်းစားပါတယ်… ကြက်ဆီထမင်းက ငန်တော့ မနည်းကျိတ်မှိတ်စားရပါတယ်… ငန်တော့ ရေပိုဆာလာတယ်… ရေတွေပဲ လှိမ့်သောက်ပစ်လိုက်တယ်… စားသောက်ပြီးတော့ မိုင်းဖျင်စျေးထဲပတ်လိုက်သေးတယ်… စျေးဆိုင်ဘုတ်ကိုတော့ တရုတ်ဘာသာနဲ့ ၀ဘာသာ နှစ်ဘာသာရေးထိုးထားတာကို တွေ့ရတယ်… မိုင်းဖျင်က အဆောက်အဦးတွေနဲ့ လမ်းတွေလည်း တော်တော်လေးကောင်းတယ်… စျေးထဲထွက်လာမှ ခရီးဆက်ကြတယ်… မိုင်းဖျင်ကျော်လာတော့ သိသာလာတယ်… ရှမ်းရွာတွေ များလာတယ်… ရွာကြီးကြီး တစ်ရွာတွေ့လိုက်ရတယ်… ရွာဦးဘုန်းကြီးကျောင်းနဲ့ စေတီတွေနဲ့ အဲရွာကို မိန်းယန်းလို့ ခေါ်သတဲ့… အဲဒါနဲ့ မှတ်ထားလိုက်တယ်… တောင်ယာလုပ်နေတဲ့ ရှမ်းတွေနဲ့ ရေအိုင်ငယ်လှလှလေးတွေလည်း တွေ့ရတယ်…
မိုင်းယန်း ( မိန်းယန်း)ကို ကျော်လာခဲ့ပြီဆိုတာနဲ့ အထူးဒေသ(၄) ထိန်းချုပ်နယ်မြေထဲ စ၀င်လာပါပြီ… ညနေလေးနာရီခွဲမှာ အထူးဒေသ(၄) စစ်ဆေးရေးဂိတ်ရောက်ပါတယ်… စစ်ဆေးရေးဂိတ်မှာ တော်တော်လေး ကြည်နူးဖွယ်မြင်ကွင်းလေးတွေတွေ့ရတယ်… NDAA ရှမ်းစစ်သားလေးတွေ ၁၅နှစ်၀န်းကျင်ခန့်လေးတွေ ကားကို စစ်တပ်ပုံစံကဲ့သို့ ဘယ်လှည့် ညာလှည့် အလေးပြုပြီးမှ ခရီးသည်တွေကို ရိုရိုသေသေကားပေါ်ကဆင်းခိုင်းပါတယ်… ပြီးတော့မှ စစ်ဆေးပါတယ်… ဖြတ်သန်းခဲ့သမျှ မြန်မာစစ်တပ် ၀ စစ်တပ်တွေနဲ့ တော်တော်လေး ခြားနားပါတယ်…
စစ်ဆေးရေးဂိတ်က ဖြတ်လာပြီးတော့ နာရီ၀က်လောက်အကြာရောက်တော့ ကတ္တရာလမ်းကို စတွေ့ရပါပြီ… လမ်းတစ်လျှောက် တောတောင်စိမ်းစိမ်းတွေ စမ်းချောင်းတွေနဲ့ ရူခင်းလှလှလေးတွေ ပြည့်နေတော့တာပဲ… ညနေငါးနာရီ ဆယ်မိနစ် လောက်ရောက်တော့ အထူးဒေသ(၄) နမ့်လိလို့ခေါ်တဲ့ ဂိတ်မှာ ထပ်ပြီးစစ်ဆေးပြန်ရော… ဒီဂိတ်မှာကျ ကားတစ်စီး ဖြတ်သန်းက တရုတ်ယွမ်ငွေ (၄၀) ပေးရတယ်ဗျ… လမ်းက ကတ္တရာလမ်းကောင်းကောင်းနဲ့ ညနေ (၆)နာရီကျော်မှ မိုင်းလားမြို့ထဲကို ရောက်ပါတယ်…
အထူးဒေသ(၄)က ကားနံပါတ်တွေက SR-4 နံပါတ်တွေနဲ့ဗျ… အထူးဒေသ (၂)က ကားနံပါတ်တွေက WA, WB, WD, WH နံပါတ်တွေနဲ့ WA, WB ကတော့ ၀ အရာရှိတွေ စီးတယ်လို့ ပြောတာပါဘဲ…
Orient Hotel မှာတည်းလိုက်ပါတယ်… နှစ်ယောက်ခန်းတစ်ခန်းကို တရုတ်ယွမ်ငွေ (၂၈၀)တောင် ပေးရတယ်… ရှမ်းပြည် အောက်ရှမ်းက ရှမ်းမတွေ ဟိုတယ်မှာ ၀န်ထမ်းလာလုပ်ကြတာလည်းတွေ့ရတယ်… လစာဘယ်လောက်ရလည်း မေးကြည့်တယ်… တရုတ်ယွမ်ငွေ (၁၈၀၀) ရပါသတဲ့…မြန်မာငွေကျပ် (၂၇၀၀၀၀)ခန့်ပင်… မဆိုးပါဘူး… ဒီဘက်ပိုင်းမှာ အလုပ်လုပ်ကြတဲ့ လူတွေက သူဟာနဲ့ သူ၀င်ငွေကောင်းကြပါတယ်… လမ်းတစ်လျှောက် ဖုန်တွေနဲ့ စီးလာရတာ နဲ့ ရေကို တစ်ဝြကီးချိုးပစ်လိုက်တယ်… ရေကလည်း ချိုးလို့ကောင်း…
ရေချိုးပြီးတော့ လောင်းကစားဝုိင်းတွေဆီ သွားကြည့်ကြည့်တယ်… ဟိုတယ်ရှေ့မှာက ဂလုံးဂလုံးဝိုင်းတွေနဲ့ ဘိလိယက်ခုံတွေရှိတယ်… ကျွန်တော်လည်း လောင်းကစားဝိုင်းတွေဆိုတာ ဓာတ်ပုံရိုက်လို့မရဘူးဆိုတာသိတယ်… သိသိရက်နဲ့ ခိုးရိုက်တာ လက်ကို ကွယ်ပြီးရိုက်တာ Camera ကို Flash Light ပိတ်ထားတာကို ညပိုင်းဆိုတော့ မီးက ဖြတ်ကနဲ လင်းပါလေရော… လောင်းကစားဝိုင်း အလုပ်သမလေးက အော်ပါလေရော… ကံကောင်းလို့ ဒေသရဲ မရှိလို့ပေါ့ဗျာ… ရှိရင် ကျွန်တော်အဖမ်းခံရနိုင်တယ်… စိတ်ထဲလည်း တစ်မျိုး ဖြစ်သွားတာနဲ့ ဓာတ်ပုံတွေ လိုက်မရိုက်တော့ဘူး… ရှေ့မှာတော့ ၃၆ကောင်ထိုးတဲ့ လူတွေနဲ့ ပြည့်နေတယ်… မိုင်းလားမြို့က ပန်ဆန်းမြို့ထက် လောင်းကစားဝုိင်း ပိုများသဗျ… မြို့လည်း ပိုလှတယ်… စေတီဘုရားတွေလည်းတွေ့ရတယ်… အနှိပ်ခန်းတွေလည်း ပေါလိုက်တဲ့ ဖြစ်ခြင်း… ညဉ့်ငှက်မလေးတွေ ပေါတာတော့ မပြောနဲ့တော့… လမ်းလျှောက်လို့ (၁၀) လှမ်းသွားတိုင်း တစ်ယောက်တွေ့ရတဲ့ အထိကို ပေါနေသလိုဘဲ… တရုတ် မာကျန်း ရိုက်တဲ့ ဝိုင်းတွေက တော်တော်လေးမိုက်လာတယ်… ဟိုတုန်းကလို မဟုတ်တော့ဘူး… မာကျန်းရိုက်တဲ့ စက်နဲ့ ခုံနဲ့ဗျ… မာကျန်းတုံးတွေကို နှစ်စုံလုပ်ပေးတယ်… တစ်ပွဲပြီးရင် အလယ်မှာ ရှိတဲ့ စက်ကို နှိပ်လိုက်ရင် နောက်တစ်စုံစီပြီးသားက သူ့ဘာသာအလိုအလျှောက်စီပြီးသား တော်တော်လေးမိုက်တယ်… မာကျန်းရိုက်တဲ့ ဝိုင်းတွေဆို မျက်လုံးပြူးတယ်… ငါးမိနစ်စာ တစ်ပွဲကိုပင် တရုတ်ငွေ ထောင်ချီရိုက်နေကြတာ… မြန်မာငွေဆို တစ်ပွဲ လေးငါးသိန်းပင်… ၀န်ထမ်းလုပ်တုန်းက လစာပင် ထိုလောက်မများ… အော် တော်တော်လေး ဖြုန်းနိုင် သုံးနိုင်တဲ့ လူတွေပါလားလို့… ဘာထီမှန်းတော့မသိ ထိုးနေတဲ့ ထိုးသားတွေနဲ့ ထီဒိုင်တွေလည်းတွေ့ရသေးတယ်…
ညပိုင်း (၉)နာရီလောက်ကျတော့ အကင်နဲ့ မာလာဟင်းတွေ ရောင်းတဲ့ စျေးဘက်တန်းထဲကို ထွက်လာခဲ့တယ်… စျေးတန်းဘက်တွေမှာ စားသောက်ဆိုင်တန်းတွေနဲ့ ပြည့်နေတယ်… တော်တော်လေးသပ်ရပ်မှုတော့ရှိတယ်… စားပြီးသောက်ပြီးရင်လည်း ပန်းကန်ဆေးစရာမလို… အစားအသောက်အကင်တွေချပြီဆို ပန်းကန်ကို ပလတ်စတစ်အိပ်နဲ့ စွပ်ပြီး ရောင်းတာဆိုတော့ ပန်းကန်ဆေးစရာမလို… ပန်းကန်ဆေးစရာမလို ရောင်းချတဲ့ ယဉ်ကျေးမှုကို ဒီဘက်ပိုင်းမှာပဲတွေ့ဘူးတော့တယ်… ဆိုင်တိုင်းလိုလိုပါဘဲ… မိုင်းလားရှမ်းတွေကျတော့ ကျွန်တော်တို့ တောင်အောက်ရှမ်း (တိုင်းတဲ့)တွေ တောင်ပေါ်ရှမ်း (တိုင်းနေ)တွေနဲ့ စကားကွဲပြန်ရော… မိုင်းလားရှမ်းတွေက ယိုးဒယားနဲ့ နီးစပ်ပါတယ်… သူတို့ စကားဆယ်ခွန်းပြောမှ ငါးခွန်းလောက်သာ နားလည်ပါတယ်… ရှမ်းစာလည်း ကိုယ်ပန်ဟန်အရေးအသားအဖြစ်ပြီး ပါဠိပုံစံဖြစ်နေပါတယ်… ၀တ်စားဆင်ယဉ်မှုက ပိုသပ်ရပ်လှပမှုရှိတယ်လို့ ထင်တယ်… မိုင်းလားရှမ်းမတွေက အတော်ပင် ရုပ်ရည် ချောမောကြတယ်… အသားအရည်လေး တော်တော်လှတဲ့ အမျိုးပါလားလို့ တောင်အောက်ရှမ်းတွေနဲ့ ယှဉ်ကြည့်ကြည့်တယ်… မိုင်းလားရှမ်းသီချင်းတွေလည်း တော်တော်လေး နားထောင်လို့ကောင်းတယ်… နားတော့ သိပ်မလည်ချင်… စကားပြောလည်း နားထောင်လို့အတော်ကောင်းသဗျ… အကင်ဆိုင်တွေ ရဲ့ရှေ့လမ်းတစ်ဖက်ခြမ်းမှာတော့ ကာရာအိုကေ ဆိုင်တွေ အနှိပ်ခန်းတွေနဲ့ ပြည့်နေတာပဲ…
၂၀ရက်နေ့ ကျတော့ ရေချိုးပြီးမှ စောစော ယိုးဒယားပစ္စည်းတွေ ပေါတယ်ဆိုတာနဲ့ စျေးပတ်၀ယ်ပါတယ်… မထူးပါဘူး မန်းလေးတို့ ရန်ကုန်တို့ထက်ပင်စျေးကြီးမယ်ထင်တယ်… စျေးတွေပဲ တမင်တင်ထားသလားမသိ… ဖိနပ် အင်္ကျီ တရုတ်ယွမ်ငွေ (၄၀၀) အထက်ပင်… မြန်မာငွေ (၆၀၀၀၀)ကျပ် ကျော်တွေချည်းပဲ… ရိုက်စားတွေများတယ်… ငွေပေါတဲ့ ဒေသတွေဆိုတော့လည်း ဒီလိုပါဘဲ… မိုင်းမောလို ဒေသတွင် ခေါက်ဆွဲ တစ်ပွဲ (၅)ယွမ်သာပေးရပါတယ်… မိုင်းလားမှာတော့ (၁၅)ယွမ်… သရက်သီးအစိမ်းတစ်လုံးကို (၅)ယွမ် မြန်မာငွေ (၈၀၀)ကျပ်၀န်းကျင်… စျေးကြီးကြီးတွေပါဘဲလား… မိုင်းလားက ပန်ဆန်းထက်စာလျှင် အစိုးရနှင့် ဆက်ဆံရေး ပျော့ပြောင်းဟန်ပိုရှိမည်ထင်၏…
မိုင်းလား ဘောလုံးကွင်းမှာ ဘောလုံးကစားတဲ့ လူငယ်တွေ ခြင်းခတ်တဲ့ သူတွေလည်း တွေ့ရတယ်… ၀ ဒေသတစ်ခွင်မှာတော့ ဘောလုံးကန်တတ်သူပင် မရှိ… အစိုးရ အထက်တန်းကျောင်းလည်း ရှိပါတယ်… မိုင်းလားရဲ တပ်ဖွဲ့စခန်းကိုလည်းတွေ့ရတယ်… ၀ အထူးဒေသ(၂) ဆက်ဆံရေးရုံးကို လည်းတွေ့ခဲ့ရပါတယ်… ရှမ်းလက်ရာ ယဉ်ကျေးမှု အဆောက်အဦးတွေတော့ မိုင်းလားမှာ တော်တော်တွေ့ခဲ့ရတယ်…
နေ့ခင်းနှစ်နာရီလောက်ကျတော့မှ မိုင်းလားမှ မိုင်းပေါက်ကို ပြန်ခဲ့ပါတယ်… တာချီလိတ်သို့ ဆက်သွားမည့် Plan ကို ဖျက်ပြီး အပြန်ခရီးကို မိုင်းလားမှပဲ လှည့်ပြန်ခဲ့ပါတော့တယ်… အပြန်ခရီးတော့ မိုင်းလား-မိုင်းပေါက်-မိုင်းမော-နမ့်တစ်-ဟိုပန်လမ်းကပဲ ပြန်ခဲ့ပါတယ်…
နမ့်တစ်မြို့ကလည်း ၀ အထူးဒေသ(၂)ပါဘဲ… နမ်တိန်ချောင်းကို အစွဲပြုပြီး နမ်တိန်မြို့လို့လည်း ခေါ်ပါတယ်… အထူးဒေသ(၂) မြို့တွေထဲမှာတော့ နမ့်တစ်မြို့သည် အလှပဆုံးနဲ့ အသပ်ရပ်ဆုံး၊ အသန့်ရှင်းဆုံးမြို့ပါဘဲ… တိတ်ဆိတ်တဲ့ ၀န်းကျင်နဲ့ နေလို့ ထိုင်လို့ အတော်လေးသာယာမဲ့ပုံပါဘဲ… ဒီဘက်ပိုင်းမြို့တွေထဲမှာ ကျွန်တော်နေချင်တဲ့ မြို့လေးကတော့ နမ့်တစ်မြို့လေးပဲ ဖြစ်ပါလိမ့်မယ်… တော်တော်ကို လှပါတယ်…
အပြန်ခရီးကိုတော့ သိပ်ရှည်ရှည်မရေးတော့ဘဲ… ဒီမှာပဲ နိဂုံးချုပ်လိုက်ပါမယ်………. လျှို့ဝှက်ချက်များစွာကို ချန်ထားရင်း………………..
Sai Phone Kyaw
May 21, 2013
ရှမ်းမြောက်နှင့် ရှမ်းရှေ့ ခရီးသွားမှတ်တမ်း (မေလ ၂၀၁၃)
×××××××××××××××××××××××
အပိုင်း(၅)
ပန်ဆန်း-မိုင်းပေါက် (မေ ၁၆-၁၇)
ပန်ဆန်းမှာ မနက်စောစော(၆)နာရီထ ပန်ဆန်းမြို့ စျေးထဲကိုပတ်ပါတယ်… စျေးထဲမှာ စျေးရောင်းသူအများစုဟာ တရုတ်နဲ့ ရှမ်းတွေပဲများပါတယ်… ပန်ဆန်းမှာ စျေးရောင်းတဲ့ရှမ်းအများစုကတော့ တောင်အောက် “ရှမ်း” (တိုင်းတဲ့)တွေများပါတယ်… စျေးထဲမှာ တိုင်းတဲ့ရှမ်းတွေရောင်းတဲ့ ရှမ်းခေါက်ဆွဲဆိုင်မှာစားပါတယ်…
ခေါက်ဆွဲစားပြီး စျေးထဲက အထွက်မှာ ပန်းသေးတန်းဖက်ကို လျှောက်လာခဲ့ပါတယ်… ပန်းသေးတရုတ် (တရုတ်လူမျိုးမွတ်စလင်ဘာသာကိုးကွယ်သူ) အများစုဟာ ခေါက်ဆွဲရောင်းချခြင်း ထမင်းဆိုင်ဖွင့်ခြင်းတွေကို လည်းတွေ့ရပါတယ်… မကြာသေးမီကမှ ဆောက်လုပ်ထားသော ဗလီ၀တ်ကျောင်းကိုလည်း တွေ့ခဲ့ရပါသေးတယ်… ပန်းသေးတရုတ်မ ချောချောလေးတွေလည်း တွေ့ရပါတယ်… တန့်ယန်းမြို့ပေါ်မှာ ပန်းသေး တရုတ်အများအပြားရှိပါတယ်… တန့်ယန်း၊ လားရှိုးမြို့ များမှ ပန်းသေးတရုတ်တစ်ချို့ ပန်ဆန်းဖက်ကို စီးပွားရေးလာရောက် လုပ်ကိုင် ကြတယ် ထင်ပါတယ်… မြန်မာမွတ်စလင် တစ်ချို့ကိုလည်း တွေ့ရပါသေးတယ်… ပန်ဆန်းမှာ လူမျိုးစုံ၊ ဘာသာစုံနဲ့ စည်ကားပါတယ်…
စေတီပုထိုးတွေကိုလည်းတွေ့ရပါတယ်… မိုင်းမောမှာတော့ စေတီဆိုလို့ ကောင်းတပ်ရွာနားမှာ ထုံးစေတီပဲ တွေ့တယ်ဗျ… ပန်ဆန်းမှာတော့ စေတီကြီးက ရွှေရောင်တွေ၀င်းလို့ …. သပ္ပါယ်ပါတယ်ဗျာ…
ပန်းသေးတန်းဖက်က ထွက်ပြီး အပြန်မှာ တောရိုင်း တိရိစ္ဆာန်ရောင်းတဲ့ တရုတ်ဆိုင်တွေရှေ့ ရောက်ပါတယ်… တောရိုင်းတိရိစ္ဆာန်အများစုကို ၀တိုင်းရင်းသားများက တောထဲက ဖမ်းဆီးပြီး ဆိုင်ပြန်သွင်းရောင်းချခြင်းပါ… ၀က်ဝံပေါက်လေး တစ်ကောင်ကို စျေးမေးကြည့်တော့ တရုတ်ငွေ (၈၀၀၀)ယွမ် မြန်မာငွေ ဆယ်သိန်းကျော်ဆိုတော့ တော်တော်လေးစျေးကြီးပါတယ်… မွေးတော့ မွေးချင်သား… တိရစ္ဆာန်ချစ်တဲ့ ပိုးက ငယ်ငယ်ကတည်းက ရှိခဲ့တာဗျ…
နောက်ပြီးမြွေတွေလည်း လျှောက်ကြည့်ကြည့်ပါတယ်… ကြွက်တွေ တောကြောင်တွေလည်း ရောင်းပါတယ်… ငှက်တွေ၊ ငါးတွေလည်း စုံစုံလင်လင်ရောင်းပါတယ်… ထူးထူးခြားခြား စပါးအုံလား၊ စပါးကြီးလားတော့ မသိပါဘူး… ဝါးရင်းဘိုး အတုတ်လောက်ရှိမယ်… မြွေက အရေခွံလဲနေတာဗျ… ကြုံတောင်ကြုံခဲ ဓာတ်ပုံရိုက်ယူလာလိုက်ပါတယ်ဗျာ…တွေ့ရခဲပါတယ်… တော်တော်စျေးကြီးမယ်ထင်တယ်…
၁၇ရက်နေ့ မနက် မိန်းပေါ (မိုင်းပေါက်)မြို့သွားဖို့ ပြင်ဆင်ထားရတယ်… မနက်ခင်းပိုင်း ဆီချက်သက်သက်လွတ်နဲ့ အာလူးကြော် ကြက်ဥပြုတ်နဲ့ ဗိုက်ဖြည့်ပြီး… နေ့ခင်းပိုင်းတစ်ပိုင်းလုံး နားနားနေနေပါဘဲ… ပန်ဆန်းပြည်သူ့ရင်ပြင်နဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ် ကျောက်တိုင်လည်း သွားလည်လိုက်ပါသေးတယ်…
အမနှစ်၀မ်းကွဲ အိမ်သွားလည် ပြီး ညနေ (၄)နာရီ လောက်မှ မိုင်းပေါက်မြို့ကိုထွက်လာပါတယ်… ညပိုင်း (၆)နာရီ ၀န်းကျင်မှာ ကားဘီးဖာရပါတယ်… ကားကဘီးနိမ့်နေပြီး ဂျိုက်ကမြင့်နေတာနဲ့ မြေပျော့ပျော့ကို နည်းနည်းတူး ဂျိုက်ထောက်ပြီး ဘီးချွတ်ရပါတယ်… ဘီးကောင်းကလည်း တော်တော်နဲ့ ဖြုတ်ရတာမလွယ်ဘူးဗျ… ဘီးပြန်တပ်တာနဲ့တင် (၄၅)မိနစ်လောက်ကြာသွားပါတယ်…
မိန်းပေါ (မိုင်းပေါက်)မြို့ကို ရောက်တော့ ည (၈)နာရီထိုးပါပြီ… ပန်ဆန်း-မိုင်းပေါက်မြို့က လေးနာရီ ၀န်းကျင်ပဲကြာပါတယ်… ကားကလည်း အသားကုန်ဆွဲတာကိုး… မိန်းပေါ(မိုင်းပေါက်)မြို့သည်လည်း “၀” အထူးဒေသ(၂) အပိုင်ပါဘဲ… မိန်းပေါက်မြို့မစျေးထဲ သွားပြီး ညစာကို ခေါက်ဆွဲ သက်သက်လွတ်နဲ့ လွေးလိုက်ရတယ်…
Sai Phone Kyaw
May 17, 2013
ရှမ်းမြောက်နှင့် ရှမ်းရှေ့ ခရီးသွားမှတ်တမ်း (မေလ ၂၀၁၃)
×××××××××××××××××××××××
အပိုင်း(၄)
မိုင်းမော-ပန်ဆန်း (မေ ၁၅)
မနက်အိပ်ရာကထ တည်းခိုခန်းခ ယွမ်(၄၀) ရှင်းပြီး ပန်ဆန်းသွားဖို့ ကားဂိတ်ရှိရာ မိုင်းမော အလယ်တန်းကျောင်းနားကို သုံးဘီးတက္ကစီငှားပြီး ထွက်လာခဲ့ပါတယ်… အလယ်တန်းကျောင်းမှာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ပညာမြင့်မှာ လူမျိုးတင့်မည်ဆိုတဲ့ ဆောင်ပုဒ်ဆိုင်းဘုတ်ကိုလည်း တွေ့ခဲ့ရပါသေးတယ်…
မိုင်းမော-ပန်ဆန်းကားခက စျေးတော်တော်ကြီးပါတယ်… တရုတ်ယွမ်ငွေ (၁၁၄)ကျပ် မြန်မာငွေကျပ် (၁၇၀၀၀) ကျော်တယ်ဗျ… မိုးကဖွဲဖွဲနဲ့ မြန်မာစံတော်ချိန် (၇)နာရီခွဲမှာ စထွက်ပါတယ်… လမ်းမှာ မိုးအုံတော့ မြူတွေကဆိုင်း မိုင်းမောအထွက် (၁၀)မိုင်၀န်းကျင်လောက်သာ နိုင်လွန်ကတ္တရာလမ်းခင်းပြီးစ ဖြစ်ပြီး ကျန်တဲ့လမ်းတစ်လျှောက်လုံးကြမ်းပါတယ်…
မိုင်းမောအထွက်မှာ လှေကားထစ် လက်ဖက်ခင်းတွေက တောင်စောင်းတစ်လျှောက် စိမ်းဖန်နေတာပါဘဲ… မိုင်းမောထွက် လက်ဖက်ခြောက်သည် နာမည်ကြီး၏… သို့သော် အခြေခံလူတန်းစားအတွက်မဟုတ်ချေ… ငွေကြေးချမ်းသာသူ လူကုံထံ အသိုင်းအဝိုင်းအတွက်သာဖြစ်လေ၏… လက်ဖက်ကောင်းသောကြောင့် စျေးကြီးလေ၏… လက်ဖက်တောင်ယာလုပ်သားတွေနဲ့ အခြေခံလူတန်းစားတွေအတွက် တစ်ရက်လုပ်အားခကို တရုတ်ယွမ်ငွေ(၃၀) မြန်မာငွေ (၄၅၀၀)ကျပ်၀န်းကျင် တရား၀င် သတ်မှတ်ပေးထားပါတယ်… လက်ဖက်ခြံနားတစ်ဝိုက်မှာ တရုတ်င်္သချိုင်းအုတ်ဂူတွေ အမြောက်အမြားတွေ့ရပါတယ်… တစ်ချို့ ငွေကြေးချမ်းသာသူများက မိမိတို့ အဘိုးအဘွား မိဘတို့ရဲ့ အုတ်ဂူကို ကောင်းမွန်စွာ ဂူသွင်းထားကြလေသည်… တရုတ်လက်ရာ နဂါးရုပ်တွေနဲ့ ဂူကြီးကြီးတွေလည်းတွေ့ရပါတယ်… င်္သချိုင်းစောင့်(ပုဂ္ဂလိက) ပင်ငှားရမ်းထားကာ ခြံ၀င်း ခတ်ထားပြီး နေထိုင်စရာ အဆောက်အဦးဆောက်လုပ်ပေးထားက ဆိုင်ကယ်၊ တီဗီ၊ လက်ကိုင်ဖုန်းတို့ကိုပင် င်္သချိုင်းစောင့် သုဘရာဇာကို ထောက်ပံ့ထားပါသေးတယ်…
ကားမောင်းသူက တရုတ်လူမျိုး အသက် (၂၅)နှစ် ၀န်းကျင်သာဖြစ်ပြီး ကားမောင်းကြမ်းပါတယ်… ကားမောင်းကြမ်းလို့ပဲ ကားက ခဏခဏပျက်ပါတယ်… ပန်ချိန်ရွာလေးကတော့ တော်တော်လေးစည်ကားလှပါတယ်… လမ်းမှာ မိုးရွာထားတော့ ရွံနွံတွေ တော်တော်လေးပေါတယ်ဗျ… နွံအိုင်ကို ဖြတ်တော့ ခရီးသည်တွေ မဆင်းခိုင်းဘဲနဲ့ တအားပိတ်မောင်းလို့ ခုံပေါ်ထိုင်နေသူတွေတောင် ခုံအောက်ကြမ်းပြင်ပြုတ်ကျတဲ့ အထိကို အတင်းဖြတ်ပါတယ်… ကံကောင်းလို့ လမ်းဘေးချောက်ထဲမကျတာ… လမ်းကတအားချော်နဲ့ ခရီးသည်တွေလည်း ပွစိပွစိ ဖြစ်ကုန်တော့တာပေါ့… လမ်းတစ်လျှောက်ကားပြတ်လိုက် နားလိုက်နဲ့ပဲ တော်တော်ကြာသွားပါတယ်…
လမ်းဘေးဝဲယာက “၀”လူမျိုးများ နေထိုင်ရာ ရွာတွေကြည့်လိုက် ရှုခင်းတွေကြည့်လိုက်နဲ့ ကားက ခုန်လိုက်နဲ့ အတော်ကို ဟုတ်နေတာပဲ… ၀လူမျိုး ကလေးငယ်တွေရဲ့ ချစ်စဖွယ် လေးတွေလည်း တွေ့ရပါတယ်…ကျွန်တော်လည်း ပါလာတဲ့မုန့်တွေ ကို ကလေးတွေ ဝေငှာပေးလိုက်တယ်… ရှုခင်းတွေကတော့ တကယ်ခံစားတတ်ရင် လွမ်းမောဖွယ်ရာတွေနဲ့ ပြည့်နေတယ်…
ပန်ဆန်းမရောက်ခင် လမ်းတစ်၀က် ရင်ဖာ့ဆိုတဲ့ရွာလေးမှာနားပါတယ်… စားချင်တဲ့ဟင်းသာပြော ရေခဲသေတ္တာထဲ အသားစိမ်းနဲ့ ဟင်းရွက်တွေ ထုတ် လတ်လတ်ဆတ်ဆတ် ချက်ကျွေးတဲ့ တရုတ်ဆိုင်မှာ စားပါတယ်… နာရီ၀က်ခန့်နားပါတယ်…
မိုင်းမော-ပန်ဆန်းလမ်းတစ်လျှောက် ဘာစစ်ဆေးရေးဂိတ်မှ မတွေ့ခဲ့ရပါဘူး… အထူးဒေသ(၂) ပန်ဆန်းကို မိုးတွေရွာရွာနဲ့ ညနေခင်း လေးနာရီခွဲမှာ ရောက်ပါတယ်… ၈နာရီခွဲခရီး ကြာပါတယ်… ပန်ဆန်းရာသီဥတုကတော့ မိုင်းမောနဲ့ စာရင် တော်တော် လေးကို ပူပါတယ်… ရေမိုးချိုးထမင်းစားပြီးတော့ ပင်ပန်းသမျှ စောစော အနားယူပါတော့တယ်…
Sai Phone Kyaw
May 15, 2013
ရှမ်းမြောက်နှင့် ရှမ်းရှေ့ ခရီးသွားမှတ်တမ်း (မေလ ၂၀၁၃)
×××××××××××××××××××××××
အပိုင်း(၃)
ချန်ယန်-မိုင်းမော (မေ ၁၄)
မနက် (၇)နာရီမှာ အသင့်ပါဘဲ… မိန်းမော(မိုင်းမော) (တရုတ်အခေါ် ရှင်တိဖန်း) (အထူးဒေသ ၂) ကိုသွားဖို့ Super Custom ပုံစံတရုတ်ကားလာကြိုပါတယ်… “၀”လူမျိုး ကားဆရာတစ်ယောက်မောင်းပါတယ်… ရှမ်းစကားလည်းတတ်ပါတယ်… တရုတ်စကားလည်းတတ်ပါတယ်… စကားပြောလို့လည်း တော်တော်လေးကောင်းပါတယ်… ဆေးလိပ်တော့ ရှိတဲ့အပေါက်အကုန် မီးခိုးထွက်မလားအောက်မေ့အောင်ကို သောက်ပါတယ်… ဆေးလိပ်ယဉ်ကျေးမှုဟာ တရုတ်ပြည်နဲ့ တရုတ်နယ်စပ်ယဉ်ကျေးမှုမှာ တော်တော်လေး ထွန်းကားပါတယ်… မြန်မာပြည်မှာ ဆေးလိပ် တစ်ဗူးသောက်သူကို တော်တော်လေး ဆေးလိပ်သောက်သူဟာ ထင်ရပေမဲ့ ဒီဘက်မှာတော့ ဆေးလိပ်တစ်ဗူးဆိုသည် နေ့တစ်ပိုင်းလားပင် မပြောတတ်… ကျွန်တော်ကိုယ်တိုင်လည်း သောက်ပေမဲ့ ရံဖန်ရံခါဆိုရုံမျှသာ တစ်ယောက်တည်းရှိနေချိန် အထီးကျန်ချိန်တွေမှာတော့ တော်တော်လေးသောက်လို့ကောင်းပါတယ်… နေ့စဉ်လိုလိုတော့ မသောက်… တစ်လိပ်စနှစ်လိပ်စသာ ဖွာပါတယ်…
မြန်မာပြည် ပခုက္ကူထွက် ခပေါင်း အစီခံမပါတဲ့ ဆေးလိပ်သည် နာမည်ကြီးဖြစ်သည်… ဒေသခံတွေက ဝါးပြောင်းနဲ့ ခပေါင်းဆေးလိပ်ရှိုက်ရတာကို တော်တော်လေးကြိုက်ကြတယ်ဗျ… စကားပြော တစ်ထိုင်တည်း တစ်နာရီပင်တစ်ဗူးကုန်အောင် သောက်တတ်ကြသေးသည်… တရုတ်ပြည်ထဲ ခပေါင်းဆေးလိပ်ရောက်သွားလျှင် နှစ်ဆစျေးရသည်၊ ခိုးပြီးတရုတ်ပြည်ထဲသွင်းကြတာ…တရုတ်က ဆေးလိပ်တင်သွင်းခြင်းခွင့်မပြုပေ… “၀” အထူးဒေသ(၂)မှာ အခြေခံလူတန်းစား “၀”လူမျိုးအတွက် မန္တလေးမြို့ထုတ် ဆင်ဖြူပျံ ဖက်ကြမ်းဆေးလိပ်သည် နာမည်ကြီးဖြစ်သည်၊ ဆင်ဖြူပျံ ဆေးလိပ်ထုတ်ပိုးပုံမှာ မြင်းခြံ ဆေးလိပ်ထုတ်ပိုးပုံနှင့်မတူ မြင်းခြံဆေးလိပ်ခုံတွေလို ဝါးခြင်းထဲ ထည့်ပြီး ထုတ်ပိုးခြင်းမဟုတ်၊ ဂျပ်ဖာထူထူမှာ ဂျက်စက္ကူတွေနဲ့ သပ်သပ်ရပ်ရပ်ထုတ်ပိုးပြီး ဆေးလိပ်အရှည်မှာ ၃ပုံ ၁ပုံခန့်တိုလေ၏… မန္တလေးမြို့တွင် ထုတ်သော်လည်း လားရှိုးမှ ကိုယ်စားလှယ်နှစ်ဦးမှ နှစ်ဦးထဲ ကိုယ်စားလှယ်ယူပြီး ဖြန့်ပါတယ်… ဆေးတံထဲ ဘိန်းမဲ နည်းနည်းလေးထည့်ပြီး ဖွာသူအချို့လည်း တွေ့ခဲ့ဘူးပါတယ်…
မနက်(၈)နာရီခန့်ထိုးတော့ တရုတ်-မြန်မာနယ်စပ်ကိုရောက်ပါတယ်… မြန်မာဖက်က နယ်စပ်ဂိတ်ကို “၀”တပ်က စောင့်ပါတယ်… တရုတ်ဂိတ်ကနေ တရုတ်ရဲမေချောချောလေးက ပတ်(စ်)ပို့ စစ်ပါတယ် အသွားတုန်းကလို ငနဲသားတွေမဟုတ်တော့ စိတ်ချမ်းသာသဗျာ… “၀”ဂိတ်မှာ ပတ်(စ်)ပို့ ပြန်ပြ တရုတ်ငွေ တစ်ကျပ်ပေးရပါတယ်… "၀" ပြည်နယ်မှတ်ပုံတင်ကတော့ ကတ်အဖြူကို ခြင်္သေ့ရုပ်(မြန်မာကျပ်ငွေများတွင်ပါသကဲ့သို့ပုံစံ) နောက်ခံနဲ့ တရုတ်-မြန်မာ နှစ်ဘာသာရေးထိုးထားတဲ့ ကတ်ဖြစ်ပါတယ်... "၀" မှတ်ပုံတင်ကတ်ရှိရုံနှင့် တရုတ်ပြည်သို့သွားခွင့်ရှိပါတယ်... နယ်စပ်ဂိတ်မှာ သစ်လုံးကားတွေ လေးငါးစီးတော့ တွေ့ခဲ့ရပါသေးတယ်… အထူးဒေသ(၂) မိုင်းမောဟာ UWSA ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ဒေသ ဖြစ်ပါတယ်... လမ်းတစ်လျှောက် လတ်တလော နိုင်လွန်ကတ္တရာကို အထူးစပါယ်ရှယ်ခင်းနေတာကို တွေ့ရပါတယ်... လမ်းမှာ မနေ့က လူ (၆၀)လောက်တင်လာတဲ့ ကားကြီးမှောက်သည်ဆိုသတည်း… လူနှစ်ဆယ်ကျော် သေပါသတဲ့ ဒါပေသိ မြန်မာသတင်းတွေ တရုတ်သတင်းတွေမှာ မတွေ့ရ…
မနက် (၉)နာရီထိုးတော့ မိန်းမော(မိုင်းမော)ကို ရောက်ပါတယ်… နေ့ခင်း (၂)နာရီထိုးတော့ လေတွေ မိုးတွေများ သည်းကြီးမည်းကြီးကိုရွာတယ်… မဟာဆန်မုန်တိုင်းကြောင့်ပဲလားမသိ မိုးနဲနဲ တိတ်သွားတော့ မြန်မာနိုင်ငံ “၀”အထူးဒေသ (၂) ပန်ဆန်းမြို့ကို သွားဖို့အတွက် လက်မှတ်သွား၀ယ်ပါတယ် တရုတ်ယွမ်ငွေ (၁၁၄)ယွမ်ပေးရပါတယ်… လမ်းမှာ မိုင်းမောအလယ်တန်းကျောင်းကို ဖြတ်ကျော်ပြီး တောင်ပေါ်ကောင်းတပ်ရွာ(တိုင်းနေရှမ်းများနေထိုင်ရာ) ကို သုံးဘီးတက္ကစီငှားသွားပါတယ်… မိုင်းမော အလယ်တန်းမှာ မြန်မာစာ၊ တရုတ်စာ၊ “၀”စာ သုံးဘာသာသင်ကြားပေးပါတယ်…
“၀”စာသည် ကိုလိုနီခေတ်က အင်္ဂလိပ်သာသနာပြုများ ရောက်ရှိပြီးနောက် ကချင်ဘာသာကဲ့သို့ပင် အင်္ဂလိပ်စာ၊ အသံထွက်ဖြင့် တီထွင်ပေးခဲ့ခြင်းဖြစ်သည်… “၀” လူမျိုးများဟာ မွန်၊ခမာ မျိုးနွယ်စုဖြစ်ပြီး စကားပြောလေသံဟာ မွန်လူမျိုးတွေစကားပြောနဲ့ နီးစပ်ပါတယ်… လေယူလေသိမ်းကအစတူပါတယ်… အောက်မှာ (၁၂၃၄) အခေါ်အဝေါ်တွေရေးသားထားပါတယ်…
၁ = ထယ်
၂ = လ
၃ = လွိုက်
၄ = ပွိုန်
၅ = ဖွုန်
၆ = လဲ့
၇ = အာလဲ့
၈ = ဆက်တိုက်
၉ = စတင်း
၁၀ = ကောက်း(အသံရှည်)
ထမင်းစား = ဆွမ်အစ်၊ ရေသောက် = ဆွမ်နမ့်
“၀”လူမျိုးအများစုဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ပြီး တစ်ချို့တစ်လေရှမ်းနှင့်နီးစပ်ခဲ့သော “၀”လူမျိုးတွေဟာဗုဒ္ဓဘာသာကိုကိုးကွယ်ပါတယ်… နတ်ကိုးကွယ်မှု တစ်ချို့နဲ့ ပူဇော်ပသမှု တစ်ချို့ကိုလည်း လုပ်ဆောင်ပါတယ်… ပူဇော်ပသမှုကို ရှေးယခင်က တော်တော်ကြီးလုပ်ခဲ့ကြပါပေမဲ့ ယနေ့ခေတ်မှာတော့ အရမ်းကို နည်းပါးသွားပါပြီ… အသားအရေနဲ့ ရုပ်ရည်အသွင်အပြင်ဟာ မြန်မာပြည် အညာဒေသ ဗမာလူမျိုးများနဲ့ ရုပ်ဆင်ပြီး ပုဆိုး၀တ်ထားပါက ခွဲမရအောင်တူလေသည်... မြန်မာစကားလာပြောပြီး ပုဆိုး၀တ်ထားသော ၀ တစ်ယောက်ကို ဗမာလူမျိုးဟု အမြဲထင်မှတ်မှားတတ်လေသည်... ကျွဲခေါင်းနှင့် ကျွဲချို(ဂျို)တံဆိပ်ဟာ “၀” လူမျိုးတွေ အထွတ်အမြတ်ထားရာ သင်္ကေတပါဘဲ အိမ်တိုင်းလိုလိုမှာ ကျွဲဂျိုကို အိမ်ပေါက်၀မှာချိတ်ထားကြပါတယ်… မိုင်းမောရှိ ကျွန်တော်တို့ ငယ်ငယ်က အဘွားရဲ့အိမ်က ရွံနှင့် ကောက်ရိုးဖြင့် ပြုလုပ်ထားပါတယ် (ရွံကို ကောက်ရိုးနှင့်ရောနှောပြီး အပြားလိုက်နံရံဆောက်သည်) … ယခင်များကာလက ရွံနှင့် ပြုလုပ်ထားသော အိမ်တွေ အတော်ပဲများပါတယ်… ယခုတော့ မတွေ့ရသလောက်နီးနီးကို နည်းပါးသွားပါပြီ… စျေးနေ့ဆို “၀”လူမျိုးများဟာ အဘွားဆိုင်မှာ ခေါက်ဆွဲစားကြတယ်… သူတို့ရွာတွေ ရွာတွေက ယူဆောင်လာတဲ့ တောင်ပေါ်ဆန်နီကြမ်းကို ခေါက်ဆွဲနဲ့ အားရပါးရစားသောက်နေပုံများ တကယ် သဘာ၀ဆန်ပါတယ်… “၀”လူမျိုးများကို လွယ်လ လို့လည်း ရှမ်းတိုင်းရင်းသားများက ခေါ်ဆိုကြပါတယ်… အဓိပ္ပါယ်က တောင်ပေါ်နေ လူမျိုးများဟု ဆိုလိုပါတယ်…
စျေးနေ့(ငါးရက်တစ်စျေး) နဲ့ စျေးနေ့မရောက်ခင်တစ်နေ့ (စျေးအဖိတ်နေ့)မှာ ငွေဒင်္ဂါးလဲလှယ်ခြင်း လုပ်ကြတဲ့သူတစ်ချို့လည်းတွေ့ခဲ့ရဘူးပါတယ်… ငွေဒင်္ဂါးသည် (၁၉၀၀)ခုနစ်၀န်းကျင် အိန္ဒိယ တစ်ရူပီး ငွေပြားများ(အင်္ဂလိပ်တို့ သုံးစွဲခဲ့ဟန်ရှိ) ဖြစ်ပြီး ငွေပြားတစ်ပြားလျှင် တရုတ်ငွေ (၅၀)ယွမ်ခန့်ပင် တန်ဖိုးရှိပါတယ်… ငွေဒင်္ဂါးများကို ဘိန်းကုန်သည်အချို့က ၀ယ်ယူပြီး တိုင်းရင်းသားတွေထံမှ ဘိန်းမဲကို ငွေဒင်္ဂါးပြား အလေးချိန်အတိုင်း ဆတူ၀ယ်လေ့ရှိပါတယ်… ဒါကြာင့် ဘိန်းမဲစျေးတက်လျှင် ငွေဒင်္ဂါးပြားစျေးတက်ပြီး… ဘိန်းမဲစျေးကျလျှင် ငွေဒင်္ဂါးပြားစျေးကျပါတယ်… ရိုင်ဖယ်ကျည်ဆံနဲ့ ချိန်တွယ်လေ့ရှိတဲ့ ဓလေ့လည်းရှိပါတယ်… ဘိန်းမဲကောင်းမကောင်းကြည့်ရှုပုံကတော့ ဘိန်းမဲကို အင်ဖက်နဲ့ အထပ်ထပ် ထုတ်ထားပါတယ်… အင်ဖက် အထပ်ထပ်ကို သေသေချာချာခွာရပါတယ်… ဘိန်းမဲအလုံးထုပ်ကို ကတ်ကြေးဖြင့် အပေါ်ယံကိုက်ကြည့်ပြီး စေးကပ်ကပ်ဖြစ်ရင် ကောင်းပါတယ်၊ ခြောက်ကပ်ကပ်ဆို သိပ်မကောင်းချင် စိမ်းရွှင်ရွှင်အနံ့ ရရင်ပိုပြီးကောင်းသည်… ဘိန်းမဲချက်တဲ့ ဘိန်းစေ့(အဖြူစေ့)ကို မတ်ခွက်နဲ့ ရောင်းပါတယ်… ဘိန်းစေ့ကို ဒေသ သာရေးနာရေး ကျွေးမွေးတဲ့အခါ ဟင်းရည်အဖြစ် ချက်စားကြပါတယ်… ဘိန်းစေ့ကို ထောင်း ရလာတဲ့ အမှုန့်နဲ့ ဟင်းရည်လုပ်သောက်ရတာ စေးပစ်ပစ်နဲ့ စိမ့်စိမ့် အရသာကို ခံစားရပါတယ်… ငယ်ငယ်က ဘိန်းသွား၀ယ်သူအချို့နဲ့ တော်တော်ခေါင်တဲ့ “၀လင်း”ဆိုတဲ့ မြို့ကိုသွားခဲ့ဘူးပါတယ်… သိပ်တော့ မမှတ်မိတော့… ယခုတော့ ဘိန်းပပျောက်ရေးကို တိုးမြှင့်လုပ်ဆောင်လာပါပြီ… စိတ်ကြွဆေးပြားကိုတော့ "၀" နယ်မှာ ပြင်းထန်စွာတားမြစ်ပိတ်ပင်ထားပါတယ်... ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှလည်း ဒေသခံ တိုင်းရင်းသားတွေကို လစဉ် ဆန်ထောက်ပံ့ခြင်းတွေ လုပ်ပါတယ်… တောရိုင်းတိရစ္ဆာန်တစ်ချို့ကို စျေးနေ့မှာ လာရောက်ရောင်းချတာလည်း တွေ့ရဘူးပါတယ်...
နောက်ထပ် “၀”မြို့တွေဖြစ်တဲ့ ဆောက်ဖာ၊ မှန်တွင်း(မြန်မာကျပ်ငွေသုံးသည်ဟုသိရ)၊ ပန်လုံမြို့များကိုပင် ကျွန်တော်မရောက်ဘူးသေးပေ… မြန်မာ မူးစေ့မတ်စေ့ ငွေတစ်ကျပ်ပြားစေ့တွေ သုံးတဲ့ ဒေသတွေပင် ရှိသေးသည်ဟူသတည်း… ဒေသ(၂)မှာတော့ တရုတ်ပြည်က စီးပွားရေးလာရောက်လုပ်ကိုင်တဲ့ လူတွေကို လူခွန်အနေနဲ့ တစ်လကို (၁၀)ယွမ်ကောက်ပါတယ်(မြန်မာလူမျိုးမကောက်ခံပါ)… တရုတ်လူမျိုးအများစု (တော်တော်များများ ပညာမတတ်) ဟာ “၀”ဒေသမှာ လာရောက် စျေးရောင်းချခြင်း၊ အ၀တ်အထည်ချုပ်လုပ်ခြင်း၊ ကားမောင်းခြင်း၊ ဖိနပ်ချုပ်ခြင်း စတဲ့ လုပ်ငန်းတွေနဲ့ သက်မွေး၀မ်းကျောင်းကြပါတယ်… ညားခါစ တရုတ်ဇနီးမောင်နှံများ စီးပွားရေးလာလုပ်ပြီး ကလေးမွေး မွေးလာတဲ့ ကလေးတရုတ်ပြည်ပို့ ပညာသင်ပေး သူတို့ကတော့ စီးပွားရေးကြိုးစားရှာ အဲလိုပုံစံမျိုးတွေများပါတယ်… ကလေးလည်း တစ်ယောက်ထပ်ပိုယူမရပေ… စီးပွားရေးလာလုပ်ရင်း ဆယ်စုနှစ် (၂)စုကြာသွားတဲ့ တရုတ်တွေလည်းတွေ့ရပါတယ်… ကိုဇော်၀မ်းမောင်ရေးထားတဲ့ “တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကိုလိုနီ မြန်မာပြည်နယ်” ဆောင်းပါးထဲမှာ “၀”ဒေသဟာ ရုံးသုံးစာ တရုတ်စာသုံးတာမှန်ပေမယ့် မြန်မာစာကိုလည်း သုံးတယ်ဆိုတာ အောက်ပါပုံမှာတွေ့နိုင်ပါတယ်…မြန်မာလူမျိုး ထောင်ဂဏန်းပင်မပြည့် ရောက်ဖူးသူတွေသာ ရှိတဲ့ ဒေသမှာ တရုတ်လူမျိုးစီးပွားရေး လုပ်ကိုင်သူများပြားတဲ့အတွက် အများသုံး ဘာသာစကားကို သုံးရခြင်းဖြစ်ပါတယ်… မြို့ပေါ်နေ “၀” လူမျိုးတွေသာ တရုတ်စကားတတ်ပြီး ရွာနေတွေဟာ တရုတ်ဘာသာစကားပြောဆိုတတ်ခြင်းမရှိပါဘူး… စီးပွားရေးဆိုင်းဘုတ်တွေမှာ သုံးဘာသာရေးသားထားကို အောက်ပါအတိုင်းတွေ့ရမှာပါ…
မြန်မာလူမျိုးတစ်ချို့ရှိပေမယ့် ရေဆေးစီလိုက်လုပ်ငန်း၊ ၀ပ်ရှော့လုပ်ငန်းလောက်သာ လုပ်ကြတာကို တွေ့ရပါတယ်… စီးပွားရေးအနေနဲ့ ဘာလုပ်လုပ် လွတ်လပ်ခွင့်ပေးထားပေမဲ့ အစိုးရ ထောက်လှမ်းရေးပုံစံ စပ်စပ်စုစု လုပ်လို့မရပါဘူး… မသင်္ကာမှုနဲ့ ဖမ်းပါလိမ့်မယ်… မြန်မာအစိုးရစစ်တပ်ရှေ့တန်းတပ်ရှိပေမဲ့ တပ်သားအင်အား (၂၀)ပင်မပြည့်ပေ… ဆက်သွယ်ရေးရုံးရှိသော်လည်း (RD) ကြေးနန်းခေါ်ဆိုမှုသာရပါတယ်… တရုတ်ပြည်မရဲ့ထောက်ပံ့မှုနဲ့ “၀”ဒေသတစ်ခွင်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက တောထဲက ဖုန်းခေါ်ဆိုလည်း လိုင်းမိပါတယ်… CDMA လိုင်းဟာဆိုရင် ဝြပည်ဘယ်နေရာကဆက်ဆက်မိပါတယ်… အဖိုးအခလည်း ချိုသာပါတယ်… ရုပ်မြင်သံကြား အစီအစဉ်အနေနဲ့ Receiver တစ်ခုကို ပြည်နယ်ပိုင် ပြုလုပ်ထားပြီး မြန်မာ Channel များဖြစ်တဲ့ MRTV - MRTV4 - MWD - DVB (Channel-7 မပါ) တို့ကို ထုတ်လွှင့်ပေးပြီး တရုတ် Channel မှာတော့ CCTV နဲ့ တရုတ်ဇာတ်ကားရှည်လိုင်းများကို ထုတ်လွှင့်ပေးပါတယ်...
ရှေ့က ကျွန်တော် ကောင်းတပ်ရွာကို သွားတာ ခရီးဆက်ပါဦးမယ်… ကောင်းတပ်ရွာဟာ အိမ်ခြေ (၅၀) ၀န်းကျင်သာရှိပြီး မိုင်းမောမြို့မှ (၁၅)မိနစ် ဆိုင်ကယ်စီးခန့် အကွာအဝေး တောင်ပေါ်မြင်ကွင်းတစ်နေရာမှာရှိပါတယ်… ရှမ်းဗုဒ္ဓဘာသာ လူမျိုးစု သာနေထိုင်ကြပြီး တောင်ပေါ်ရှမ်း တိုင်းနေ တွေ ဖြစ်ကြပါတယ်… တိုင်းနေရှမ်းတွေ သင်္ကြန်ကျပြီဆိုရင် မနက်စောစော မြတ်စွာဘုရားရှင်ကို ရေသပ္ပါယ်ပါတယ်… ဆီမီးပူဇော် ဆွမ်း(ရှမ်းမုန့််)ကပ် ဘုန်းကြီးတရားနာပြီးမှ ရေလောင်းကြပါတယ်… ရေလောင်းလျှင် ရှမ်းအမျိုးသားက လိုက်လောင်းစရာမလို အမျိုးသမီးများက အိမ်ပေါက်စေ့ ကာလသား ရှမ်းပျိုတွေကို လိုက်လောင်းတာဗျ…ပုန်းတောင်ပုန်းယူရတယ်… တောင်ကျရေက တော်တော်လေးအေးတော့ မခံနိုင်ဘူးဗျ…
ရွာအဆင်းလမ်းမှာ တောင်ကျရေမှကျနေတဲ့ လှပတဲ့ စမ်းချောင်းလေးရှိတယ်... တစ်ချို့နေရာမှာ ရေကူးလို့ပင်ရသေးတယ်ဗျ... ရွာက ဘုန်းကြီးကျောင်းကို ဗိုလ်မှူးကြီးတင်ရီ ဆိုတဲ့ မြန်မာဗိုလ်မှူးကြီးတစ်ယောက်လှူဒါန်းထားတာကို တွေ့ရပါတယ်...
နှစ်ဆန်း(၁)ရက် (၂)ရက် ၀န်းကျင်ဆို ကောင်းတပ်ရွာမှ “၀”ဒေသအမြင့်ဆုံးတောင် လွိုင်မူးတောင်ကို တက်ကြပါတယ်… မနက်စောစော (၆)နာရီစတက်ရင် ည(၇)နာရီထိုးမှ တောင်ပေါ်ကိုရောက်ပါတယ်… မတက်ခင် ရက်ပိုင်းအတွင်း အမျိုးသားတွေက လမ်းရှင်းခြင်း ခြုံရှင်းခြင်းတွေ ကြိုတင်ပြုလုပ်ရပါတယ်… ရှမ်းတွေအနေနဲ့ မြတ်စွာဘုရားရှင် ကြွရောက်ခဲ့တယ် ဘုရားခြေတော်ရာရှိတယ်ဟု ယုံကြည်ထားသော ကျောက်တုံးပေါ်မှာ ခြေရာပုံစံ ရှိရာကို ဖူးမျှော်ကြပါတယ်… ဆီမီးပူဇော် ဆွမ်းကပ် ဘုန်းကြီးတရားနာကြပါတယ်… ညပိုင်းထင်းရှာ ရေရှာသွားရပါသေးတယ်… မီးပုံဖိုပြီး ရှမ်းအိုးစည်တွေတီး ကကြပါတယ်… ပျမ်းမျှဦးရေ (၁၀၀) ၀န်းကျင်ခန့် တက်ကြပါတယ်… တော်တော်ပင်ပန်းနွမ်းနယ်တဲ့ခရီးပါ… သည်းထိတ်ရင်ဖို ကျောက်ကမ်းပါးဘေးမှာ လမ်းလျှောက်တက်ခဲ့ရပါတယ်… လွိုင်မူးတောင် နှစ်ခေါက် ထရိန်နင်ရခဲ့ဘူးတဲ့ အတွေ့အကြုံဟာ ကျိုက်ထီးရိုးကို ကင်မွန်းစခန်းကနေတက်ရတာ အရမ်းကို လွယ်ကူခဲ့ပါတယ်… မနက်(၆)နာရီ လောက်မှာစတက်တာ မနက်(၈)နာရီကျော်ကျော်လောက်ပင် ကျိုက်ထီးရိုးတောင်ပေါ်ကို ရောက်နေပါပီ… ကောင်းတပ်ရွာမှာ ညအိပ်ညနေတောင်မနေခဲ့ရပါဘူး… အမျိုးအိမ်တွေ ဟိုပြောဒီပြောနဲ့ ညနေခင်းတော့ ပြန်ဆင်းလာပါတယ်… ညပိုင်းတော့ ဘဲသားကြော်နဲ့ ကြက်ဥကြော်နဲ့ လွေးပြီး တရုတ်တွေဖွင့်တဲ့ ရှင်းလိတည်းခိုခန်းမှာ သွားအိပ်လိုက်ပါတယ်…
Sai Phone Kyaw
May 14, 2013
ရှမ်းမြောက်နှင့် ရှမ်းရှေ့ ခရီးသွားမှတ်တမ်း (မေလ ၂၀၁၃)
×××××××××××××××××××××××
အပိုင်း(၂)
ဟိုပန်-ချင်းရွှေဟော်-မိန်းတင်-ချန်ယန် (မေ ၁၃)
ယနေ့ မနက်တော့ စောစောထရသဗျ မနက် (၄)နာရီခွဲပဲရှိသေးတယ်ထရပြီဗျ…
ပြင်ဆင်မှုတွေလည်းပြီးရော ဆိုင်ကယ်တက္ကစီဌားပါတယ်… နမ့်တစ်ကို သွားရမှာကို ဆိုင်ကယ် တက္ကစီသမားက မလိုက်ရဲဘူးဗျ “၀” ဂိတ်မဖွင့်သေးလို့ဆိုပြီး နမ့်တစ်ဘက်ကသွားတဲ့ အစီအစဉ်ကိုဖြတ်လိုက်ရတယ်ဗျ…
မနက်ခုနစ်နာရီထိုးတော့ ကျွန်တော်ရယ် ကျွန်တော့်ဦးလေးရယ် ဗင်ကားငှား ဟိုပန်-ချင်းရွှင်ဟော် ခြောက်ထောင်ကျပ်ပေးရတယ်ဗျ… လမ်းတစ်လျှောက်လုံးလည်း ရာဘာပင်တွေချည်းပါဘဲ… ချင်းရွှေဟော်နဲ့ လောက်ကိုင်ဟာ အထူးဒေသ(၁)ဆိုပေမယ့် ယခုတော့ အရင်လိုစည်ကားမှု သိပ်မရှိတော့၊ ကိုးကန့်လူမျိုး အများစုလည်း လွတ်လပ်ရာဒေသတွေနဲ့ အထူးဒေသ(၂)ကို ရွှေ့သူရွှေ့ကြပါပြီ… အရင်က သပ်ရပ်လှပတဲ့ ချင်းရွှေဟော်ဟာ မြို့ဟောင်းမြို့ညစ်ကြီးလိုဖြစ်လို့… လောက်ကိုင်ကတော့ စည်တုန်းပါဘဲ… ဖုန်ကြားရှင် ရဲတွေကို ပစ်သတ်မှုပြီးကတည်းက အစိုးရ ထိန်းချုပ်သွားတာ…
နာရီ၀က်သာသာလောက်ကြာတော့ ချင်းရွှေဟော် “နမ့်ဖားဟော်” နယ်စပ်ဂိတ်ကိုရောက်ပါတယ်…
ပတ်(စ်)ပို့ စာအုပ်လုပ်တာ တရုတ်ငွေ (၃၀)ယွမ် ကျပါတယ်…ပတ်(စ်)ပို့ပုံသုံးပုံရယ် မှတ်ပုံတင်မိတ္တူပေးရပါတယ်… (၁၀)မိနစ်လောက်ပဲစောင့်ရပါတယ်မြန်ပါတယ်…
စာအုပ်ရပြီးတော့ “မကဖ(၆)” (မှုခင်း ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့) နဲ့ Immigration မှာ လက်မှတ်ထိုး တံဆိပ်နှိပ် မြန်မာငွေ ခြောက်ရာကျပ် ပေးရပါတယ်… မြန်မာပြည်ပိုင်းက ကိစ္စဝိစ္စပြီးတော့ ခရီးဆောင်အိတ်လေးမပြီး တရုတ်နယ်စပ်ပေါက်ကို ခြေလျင်လျှောက်သွားရပါတယ်…
တရုတ်ဂိတ်ပေါက်ရောက်တော့ ငနဲသား တရုတ်ရဲတွေက အိတ်ကို ဖွင့်ခိုင်းပါတယ်…
အိတ်တွေစစ်ပြီးတော့ ပတ်(စ်)ပို့စာအုပ်ပြရပါတယ်… တရုတ်လက်ကိုင် ကင်မရာနဲ့ မျက်နှာကို ဓာတ်ပုံရိုက်ယူပါတယ်… စာအုပ်ကို ဖုံးရက်ပေးတာ မယူဘူးဗျ ကိုယ့်ဘာသာကိုယ်လှန်ခိုင်းတယ်ဗျ… တော်တော်ကြီးကျယ်တာဗျာ…စိတ်ထဲတောင်တော်တော် တင်းသွားတာပဲ… ပိုက်ဆံတော့ တပြားသားမှမပေးရဘူးဗျ… မြန်မာပြည်ဘက်ကသာပေးရတာ…
တရုတ်တက္ကစီကားတွေစောင့်နေပါတယ်… လူလေးယောက်ပြည့်ရင်ထွက်ပါတယ်… ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက်ကနေ တရုတ်ပြည် မိန်းတင်(မိုင်းတင်)မြို့ လေးဆယ့်ငါးမိနစ် မောင်းရတဲ့ ခရီးကို တရုတ်ငွေ တစ်ယောက်ကို (၂၀)ယွမ်ပေးရပါတယ်…တက္ကစီသမား ကံများဆိုးချင်တော့ လမ်းမှာ ခရီးသည်တစ်ယောက်က တားပါတယ်… ရပ်ပေးလိုက်ပါတယ် နောက်ခန်းက အားလုံးလေးယောက်ဖြစ်သွားတာပေါ့ဗျာ…လေးယောက်ဖြစ်သွားတော့ မိန်းတင်မြို့၀င်ခါနီးမှာ လမ်းဖြတ်လမ်းကြားက ၀င်ပါလေရော အမှန်က တရုတ်ယာဉ်ထိန်းရဲတွေကို ရှောင်တာ… ရှောင်ပါတယ်ဆိုမှ ပက်ပင်းကိုတိုးပါလေရော… ဆိုင်ကယ်နဲ့ ပတ်နေတဲ့ ယာဉ်ထိန်းရဲနှစ်ယောက်က တွေ့ပြီးရပ်ခိုင်းပါတယ်… ဖမ်းခံရပါလေရောလား တက္ကစီသမားနဲ့ အခြေအတင်ပြောနေတာ နာရီ၀က်ကြာပါတယ်… နောက်ခန်းလေးယောက်ပါမှုနဲ့ တရုတ်ယွမ်ငွေ (၂၀၀)ဆောင်ခိုင်းပြီတော့ လိုင်စင်သိမ်းခံလိုက်ရပါတယ်…
မိန်းတင်မြို့ထဲ ရောက်တော့ မြန်မာစံတော်ချိန် မနက်(၉)နာရီကျော်နေပါပြီ၊ တရုတ်စံတော်ချိန်က (၁၁) နာရီထိုးခါနီးပါပြီ၊ တရုတ်က တစ်နာရီခွဲတိတိ မြန်မာစံတော်ချိန်ထက်စောပါတယ် (ခုရေးမယ့် စံတော်ချိန်တွေကို မြန်မာပြည်တွင်းဆို မြန်မာစံတော်ချိန် တရုတ်ပြည်တွင်းဆို တရုတ်စံတော်ချိန်နဲ့ ရေးပါ့မယ်) … မိန်းတင်မြို့ဟာ ရာသီဥတု အနည်းငယ်ပူပါတယ်... မိန်းတင်မြို့ဟာ နယ်စပ်မြို့သာဆိုတယ် မြန်မာပြည် ပဲခူးထက်ပင် စည်ပါသေးတယ်… ဟိုးတုန်းက ရှမ်းလူမျိုးတွေနေတဲ့မြို့ပေါ့ဗျာ…ဆစ်ဆောင်းပန်နားရှမ်းမျိုးနွယ်တွေနဲ့ တိုင်းနေရှမ်းတွေနေထိုင်ကြတယ်... ခုတော့ တရုတ်လူမျိုးအများစု လာရောက်နေထိုင်ကြပါပြီ... ရှမ်းလက်ရာ ကနုတ်အနွယ် အဆောက်အဦးအများအပြားကို မိန်းတင်မြို့မှာတွေ့ရပါတယ်...
မြို့ထဲရောက်တော့ တရုတ် သုံးဘီးတက္ကစီလေးတွေငှားပါတယ်… မြို့တွင်း တက်တာနဲ့ တရုတ်ငွေ (၅)ယွမ်ပါဘဲ… ကားဂိတ်ရှိရာကို မောင်းခိုင်းပါတယ်…ကားဂိတ်ရောက်တော့ တရုတ်ပြည် မိန်းတွင်း မြို့ (ချန်ယန်) အတွက် လက်မှတ်ဖြတ်ပါတယ်… လက်မှတ်တစ်စောင်ကို ယွမ်ငွေ (၃၀) ပေးရပါတယ်…ကားက (၂)နာရီမှထွက်မှာပါ (၃)နာရီလောက်လိုသေးတာနဲ့ စျေးဘက်ကို သုံးဘီးငှားပြီး ပြန်ထွက်လာပါတယ်၊ စျေးထဲတစ်ပတ်ပတ်ပြီး အသိတွေ အမျိုးတွေ နှုတ်ဆက်နဲ့ ဗိုက်ဆာလာတော့ ထမင်းဆိုင်ရှိရာထွက်လာပါရော… တောင်အောက်ရှမ်း (တိုင်းတဲ့)တစ်ချို့ မြန်မာကုန်ပစ္စည်းတစ်ချို့ရောင်းချကြတယ်... ဆေးလိပ်ကို တရုတ်ပြည်ထဲ မှောင်ခိုသွင်းကြတယ်ဗျ... ခပေါင်းအစီရင်ခံမပါ ဆေးလိပ်ကို တရုတ်ပြည်ထဲ ရောက်ရင်ပဲ နှစ်ဆစျေးရပါတယ်... ရှမ်းရိုးရာ၀တ်စုံတွေရောင်းတဲ့ ဆိုင်တွေလည်း ပေါများပါတယ်...
(၂)နာရီ တိတိထိုးတာနဲ့ စထွက်လာပါတယ်… လမ်းမှာ ပန်နားဆိုတဲ့ရွာမှာ ၁၅မိနစ်ခန့်သာ ရပ်ပြီး ချန်ယန်းမြို့ကို တောက်လျှောက်မောင်းလာပါတယ်… လမ်းတစ်လျှောက် လမ်းကောင်းကောင်း၊ တောင်ပေါ်အတက်တွေ၊ အကွေ့အကောက်တွေ၊ အေးစိမ့်စိမ့်ရာသီဥတု နဲ့ မြူတွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ ညနေ (၆)နာရီ ကျော်မှ ချန်ယန်းမြို့ကို ရောက်ပါတယ်…
ချန်ယန်းမြို့ (မိန်းတွင်း)က “၀” လူမျိုးအများစုနဲ့ တောင်ပေါ် “ရှမ်း” (တိုင်းနေ) တွေနေထိုင်ကြပါတယ်… တရုတ်ပြည် မိန်းတွင်းရှမ်းတွေနဲ့ မြန်မာပြည် “၀” အထူးဒေသ(၂) မိန်းမော (မိုင်းမော)ရှမ်းတွေနဲ့က အမျိုးတွေပါ… ဆွေရင်းမျိုးရင်းတွေပါ… ဒါပေမဲ့ နိုင်ငံဆိုတဲ့ စည်းတစ်ဖက်ခြမ်းစီတော့ ခြားနေကြတာပေါ့… ဆွေရင်းမျိုးရင်းတော်ကြပေမဲ့ တဖက်က တရုတ်နိုင်ငံသားတွေ ဖြစ်နေပြီးတော့ တဖက်က မြန်မာနိုင်ငံသားတွေ ဖြစ်နေကြပါတယ် (၀လူမျိုးတစ်ချို့လည်းထိုနည်းတူ)… တိုင်းနေရှမ်းတွေဟာ တောင်ပေါ် ရွာတွေမှာသာ နေထိုင်ကြတာဖြစ်ပြီး ရိုးရာ၀တ်စုံကိုသာအမြတ်တနိုး၀တ်ဆင်လေ့ရှိပါတယ်… အမျိုးသမီးများဟာ ရင်ဖုံးအင်္ကျီထူထူနဲ့ ကတ္တီပါသား ထမိန်အမည်းရောင် ဆံပင်ရှည်ကို အမြဲခေါင်းပေါင်းပေါင်းလေ့ရှိပြီး ချည်သား ခြေနင်းဖိနပ်ကို စီးနင်းလေ့ရှိပါတယ်…နောက်ပြီး ကွမ်းယာစားပုံကိုပြောပါဦးမယ်... အမျိုးသမီးကြီးတစ်ချို့တစ်လေဟာ ကွမ်းယာစားတတ်ကြပါတယ်၊ ကွမ်းယာကို ကွမ်းရွက်နဲ့ ကွမ်းသီးနဲ့ ယာပြီးစားခြင်း မဟုတ်၊ ရှားခဲတစ်စိတ်ကို ထုံးခဲ ဆေးရွက်ကြီးနဲ့ လုံးပြီးငုံကြခြင်းဖြစ်သည်၊ ကွမ်းရွက်မပါ ကွမ်းသီးမပါပေ... တောင်အောက် “ရှမ်း” (တိုင်းတဲ့) တွေရဲ့ဓလေ့စရိုက်၊ စကားပြောလေယူလေသိမ်းတွေနဲ့ ကွာခြားပါတယ် (ဥပမာ တိုင်းတဲ့ရှမ်းတွေဟာ ညနေခင်းကို “ဂမ်၀မ်း”လို့ ခေါ်ရင် တိုင်းနေရှမ်းတွေဟာ “လ၀မ်း” လို့ ခေါ်ပါတယ်…) စာပေအရေးအသားလည်း ကိုယ်ပိုင်စာအရေးအသားရှိပါတယ်…စာကို ရှမ်းမှိုင်းကန်စက္ကူပေါ်မှာ မှင်အမည်းစုတ်တံနဲ့ရေးသားလေ့ရှိပါတယ်… စကားပြောရာမှာ ချစ်စဖွယ် ပွင့်လင်းပြီး ရှင်းရှင်းပြောတတ်ကြပြီး ရိုးသားပြီး စိတ်ထားကောက်ကျစ်မှုကို လုံး၀မတွေ့ရပါဘူး… ကျွန်တော် ဖခင်ဖြစ်သူဟာ တောင်ပေါ် “ရှမ်း” (တိုင်းနေ) ဖြစ်ပြီးတော့ မိခင်ဖြစ်သူဟာ တောင်အောက် “ရှမ်း” (တိုင်းတဲ့) တန့်ယန်းဇာတိ ဖြစ်ပါတယ်… တိုင်းနေရှမ်းတွေဟာ နည်းပါးလှတဲ့ သောင်းဂဏန်း၀န်းကျင်သာ ကျန်ပါတော့တယ်… အရမ်းကိုနည်းပါးနေပါပြီ… တိုင်းနေရှမ်းအများစုဟာ တောင်ယာထွက်ဆန်၊ ကောက်ညှင်းစတာတွေကို ခေါက်ဆွဲ၊ မုန့်လုံး၊ ခပေါင်း(ဆန်ကို ထန်းညက်ရည်နဲ့ ပြုလုပ်နေလှန်းအခြောက်ခံပြီး ကြော်သောမုန့်) တို့ကို ပြုလုပ်ပြီး စျေးမှာ ရောင်းချသက်မွေးကြပါတယ်…
ချန်ယန်းရောက်ရောက်ချင်းမှာပဲ အမျိုးတွေရှိရာ တောင်ပေါ်ရွာတွေကို တက္ကစီငှားပြီးသွားလည်ပါတယ်… တချို့တလေတွေလည်း မြို့ထဲမှာ နေထိုင်ကြပါတယ်… အမျိုးတွေထဲက အဘွားရဲ့ အစ်မရဲ့ သားဆီမှာဆိုတော့ ဦးကြီး၀မ်းကွဲတော်မှာပေါ့ အဲအိမ်မှာစတည်းချပါတယ်… ညပိုင်းမှာ ချန်ယန်မြို့တွင်း “၀” လူမျိုးတွေရဲ့ သင်္ကေတ သန်စွမ်းလှတဲ့ ကျွဲ ရုပ်တုကြီးတွေရှိရာ ပြည်သူ့ရင်ပြင်ကို ထွက်လာခဲ့ပါတယ်…
ပြည်သူ့ရင်ပြင်မှာ လူအများဟာ ညစဉ်ညတိုင်းလိုလို ကျန်းမာရေးအတွက် ဘိုးဘွားသက်ကြီးရွယ်အို လူပျိုလူအို လူမျိုးမရွေး သီချင်းဖွင့်ပေးထားပြီး ညီညီညာညာကခုန်ကြပါတယ်… တကယ်ကြည်နူးစရာ မြင်ကွင်းပါပဲ… ညပိုင်း (၁၂)နာရီထိုးသည်အထိ မြို့သည်စည်ကားတုန်း… မြို့တော်ရန်ကုန်ပင် ည(၁၂)ထိုးရင် တိတ်ဆိတ်နေပါပြီ၊ တက္ကစီတစ်စီးစ နှစ်စီးစ လမ်းမှာတွေ့ရတတ်သော်လည်း ချန်ယန်မြို့မှာတော့ China Agricultural Bank က (၂၄)နာရီ ၀န်ဆောင်မှုပေးနေတာတွေ့ရပါတယ်….......................................
Sai Phone Kyaw
May 13, 2013
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Yangon
We help people to develop their Soft Skills through engaging learning programmes.
2nd Floor , 38th Street Plaza, Seikkantha Street
Yangon, 11182
Information System Implementation, Consultancy Software Development Software Outsourcing
(No. 902), Maha Bandula Road, Ward 31, North Dagon
Yangon, 93
Training (Basic Barista Course & Basic Latte Art Class)
#333, Ground Floor, Bo Aung Kyaw Street, Kyauktada
Yangon, 11181
Reliable Crew Manning Agency in Myanmar , ISO 9001-2015 Certified.... www.myanmargmamaritime.com
No. 456 A/B, Golden Link Condo, Corner Of Dhammazedi Road And Link Lane, Bahan Township
Yangon, 11201
We better prepare students for Carrers, Encourage Teamwork, Be Future-Focused.
Yangon
Professional ERP Training for Coporate Organizations and Individuals
Thein Phyu Road
Yangon, 11161,11162,11163 AREACODE(S)1(MOBILE:80,99)
World Gold Consultant
Kamaryut Township
Yangon
My service are boosting a post can help you get more messages, video views, leads or calls. You may also reach new people who are likely interested in your Page or business.
Yangon, 11051
Helping Other People to Build a Successful Digital Business.
Yangon
Welcome Forex Markert. Contact me Myat Mon 09757260929 Forex Advisor NFX International Co.,LTD
196/A West Shwe Gong Daing, 5th Street, Yangon.
Yangon, 11201
စမတ်ဖုန်း၊နာရီ၊ကွန်ပျူတာ၊စက်ဘီး၊ဆ?