ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic

ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic

(၂၄) နာရီ အထူးကုဆေးခန်း

20/01/2023

*** ဆေးခန်းပြဖို့မကြောက်ပါနဲ့***
➡️➡️ငွေကျပ် ၄၀၀၀ ထဲဖြင့် ⬅️⬅️
ပုံမှန်ဖျားနာသူများအတွက် ဆေးဖိုးကုန်ကျစရိတ်များအား စိုးရိမ်ပူပန်စရာမလိုဘဲ
ချမ်းသာကြီး ၃ (၂၄ နာရီ) အထူးကုဆေးခန်းတွင် ပြသနိုင်ပါပြီ။ ပါဝင်သောဝန်ဆောင်မှုများကတော့
👨🏼‍⚕️ဆရာဝန်နှင့်ဆွေးနွေးပြီး ကြည့်ရှုစမ်းသပ်ပေးခြင်း
👨🏼‍⚕️သောက်ဆေး (၁) ရက်စာ
👨🏼‍⚕️အဖျားကျထိုးဆေး (လိုအပ်လျှင်)
👨🏼‍⚕️ဆီးချိုအတွက် RBS ဖောက်ပေးခြင်း (လိုအပ်လျှင်) စသည်တို့ကို ၄၀၀၀ ကျပ်ထဲဖြင့်ပြသနိုင်မှာဖြစ်ပါတယ်။ ချမ်းသာကြီး ၃ (၂၄နာရီ) အထူးကုဆေးခန်းမှာရရှိနိုင်တဲ့အခြားဝန်ဆောင်မှုများကတော့
🏨 သာမန်နာမကျန်းနှင့် အထွေထွေရောဂါများကုသခြင်း
🏨 အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်း
🏨 Ultrasound ( တယ်လီ​ဗေးရှင်းဓါတ်မှန်ရိုက်ခြင်း)
🏨 Computed Radiography ( X-Ray ဓါတ်မှန်ရိုက်ခြင်း)
🏨 Electrocardiogram ( နှလုံးခုံနှုန်းကိုစက်ဖြင့်တိုင်းတာစစ်ဆေးခြင်း)
🏨 Medical Checkup Service ( Package အလိုက်ကျန်းမာ​ရေးစစ်​ဆေးခြင်း)
🏨 Diagnostic Laboratory ( ဓါတ်ခွဲခန်းဖြင့် ​ရောဂါ စစ်​ဆေးရှာ​ဖွေခြင်း)
🏨 Vaccination ( ကာကွယ်​ဆေးထိုးနှံခြင်း)

🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09 7666 77676

Photos from ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic's post 18/01/2023

***ပရဟိတလုပ်ငန်း ပုံရိပ်များ***


ချမ်းသာကြီး (၃) Specialist Clinic ၏ ပရဟိတအစီအစဉ်အဖြစ် လှိုင်သာယာမြို့နယ် ကုလားကြီးစုနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းရှိ မိဘမဲ့ကလေးများနှင့် အနီးပတ်ဝန်းကျင်ရှိ ငွေကြေးချို့တဲ့သူ (၅၀) ကျော်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုသွားရောက်လုပ်ကိုင်ပေးနေသည့်ပုံရိပ်များအား စိတ်ရွှင်လန်းပျော်ရွှင်နိုင်ကြစေရန်မျှဝေပေးလိုက်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှုများကိုကိုယ်တိုင်လိုက်လံကူညီပေးသော ဆရာ Dr. Naing Lin ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။

Volunteer အဖြစ်လိုက်လံကူညီပေးသော ချမ်းသာကြီးသူနာပြုအကူသင်တန်းကျောင်းမှသင်တန်းသူများကိုလည်းကျေးဇူးတင်ရှိပါသည်။

#ချမ်းသာကြီး (၃) အထူးကုဆေးခန်းမှကျန်းမာရေးဝန်ဆောင်မှုများကိုရယူဖို့

☎️ 09766677676

သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဈေးနှုန်းသင့်တင့်ချိုသာစွာဖြင့်ရရှိနိုင်တဲ့ဝန်ဆောင်မှုများကတော့

🏨 သာမန်နာမကျန်းနှင့် အထွေထွေရောဂါများကုသခြင်း
🏨 အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်း
🏨 Ultrasound ( တယ်လီ​ဗေးရှင်းဓါတ်မှန်ရိုက်ခြင်း)
🏨 Computed Radiography ( X-Ray ဓါတ်မှန်ရိုက်ခြင်း)
🏨 Electrocardiogram ( နှလုံး ECG ဆွဲ​ပေးခြင်း)
🏨 Medical Checkup Service ( Package အလိုက်ကျန်းမာ​ရေးစစ်​ဆေးခြင်း)
🏨 Diagnostic Laboratory ( ဓါတ်ခွဲခန်းဖြင့် ​ရောဂါ စစ်​ဆေးရှာ​ဖွေခြင်း)
🏨 Vaccination ( ကာကွယ်​ဆေးထိုးနှံခြင်း)

🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09 766 677 676
#အထူးကုဆေးခန်း

07/01/2023

☀☀☀ ပရဟိတ အခမဲ့ကျန်းမာရေးစောင့်လျှောက်မှု ☀☀☀

၂၀၂၃ နှစ်ဦးအထူးအစီအစဉ်အဖြစ်
"လစဉ်ပထမပတ် နှင့်စတုတ္ထပတ်စနေနေ့တိုင်း နံနက် (၈) နာရီမှနေ့လည် (၁၂)နာရီအထိ ပုံမှန်ဖျားနာလူနာများနှင့် ဆီးချို၊ သွေးတိုးလူနာများအားပရဟိတအခမဲ့ စမ်းသပ်ကုသပေးနေပါပြီ။"

ပါဝင်သောဝန်ဆောင်မှုများကတော့
👨🏼‍⚕️ဆရာဝန်နှင့်ဆွေးနွေးပြီး ကြည့်ရှုစမ်းသပ်ပေးခြင်း
👨🏼‍⚕️အဖျားကျဆေး/သွေးတိုးကျသောက်ဆေး (၂) ရက်စာ
👨🏼‍⚕️အဖျားကျထိုးဆေး (လိုအပ်လျှင်)
👨🏼‍⚕️သွေးပေါင်ချိန်တိုင်းခြင်း
👨🏼‍⚕️ဆီးချိုအတွက် RBS ဖောက်ပေးခြင်း (လိုအပ်လျှင်)
စသည်တို့ပါဝင်မှာဖြစ်ပါတယ်။

ဈေးနှုန်းသင့်တင့်ချိုသာစွာဖြင့်ရရှိနိုင်တဲ့အခြားဝန်ဆောင်မှုများကတော့

🏨 သာမန်နာမကျန်းနှင့် အထွေထွေရောဂါများကုသခြင်း
🏨 အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်း
🏨 Ultrasound ( တယ်လီ​ဗေးရှင်းဓါတ်မှန်ရိုက်ခြင်း)
🏨 Computed Radiography ( X-Ray ဓါတ်မှန်ရိုက်ခြင်း)
🏨 Electrocardiogram ( နှလုံး ECG ဆွဲ​ပေးခြင်း)
🏨 Medical Checkup Service ( Package အလိုက်ကျန်းမာ​ရေးစစ်​ဆေးခြင်း)
🏨 Diagnostic Laboratory ( ဓါတ်ခွဲခန်းဖြင့် ​ရောဂါ စစ်​ဆေးရှာ​ဖွေခြင်း)
🏨 Vaccination ( ကာကွယ်​ဆေးထိုးနှံခြင်း)

🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09 766 677 676

31/12/2022

🎉🎉🎉 Happy New Year 2023 🎉🎉🎉
မင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာသော နှစ်သစ်ကိုရရှိပိုင်ဆိုင်နိုင်ပါစေဟု ချမ်းသာကြီးမိသားစုမှ နှစ်သစ်ဆန္ဒမွန်ပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏
❄️❄️❄️❄️❄️❄️❄️❄️

အထူးကုဆရာဝန်ကြီးများနှင့်ဈေးနှုန်းသင့်တင့်စွာပြသလိုပါက

📞📞📞 09766677676

သို့တစ်ရက်ကြိုတင်ခေါ်ဆို၍ဘိုကင်ယူနိုင်ပါပြီ။

#အထူးကုဆေးခန်း

25/12/2022

🎄🎄🎄ခရစ္စမတ် ဆုမွန်ကောင်း 🎄🎄🎄

ခရစ္စမတ် အခါသမယတွင် ချစ်ခင်သော မိသားစုနှင့်အတူ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ကံကောင်းခြင်းများပိုင်ဆိုင်ပြီး စီးပွားလာဘ်လာဘများ တိုးတက်ပါစေကြောင်း ချမ်းသာကြီးအထူးကုဆေးခန်းမိသားဆုမှ ဆုမွန်ကောင်းပို့သလိုက်ပါတယ်.. 🙏🙏🙏

❄️❄️❄️❄️❄️❄️❄️❄️

အထူးကုဆရာဝန်ကြီးများနှင့်ပြသရန်အတွက်

📞📞📞 09766677676

သို့တစ်ရက်ကြိုတင်ခေါ်ဆို၍ဘိုကင်ယူနိုင်ပါပြီ။

22/12/2022

ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ ချမ်းသာကြီး အထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ

16/12/2022

❗️❗️❗️ ခွဲစိတ်အထူးကုဆရာဝန်ကြီး

✅✅ အထွေထွေ‌ရောဂါအထူးကုဆရာဝန်ကြီး

များဖြင့်ပြသရန်

👉👉👉 09 766 677 676 သို့တစ်ရက် ကြိုတင်ဘိုကင်ယူနိုင်ပါပြီ။
အခြားရရှိနိုင်သောဝန်ဆောင်မှုများ

- အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးပြသခြင်း
- MO ဆရာဝန်များနှင့် ၂၄ နာရီ ဆွေးနွေးပြသခြင်း
- ECG ဆွဲခြင်း
- X-ray
- Ultrasound
- Medical Checkup
- သွေးစစ်ဆေးခြင်းများ
- ဓာတ်ခွဲခန်းဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်း
- ကာကွယ်‌ဆေးထိုးနှံပေးခြင်း
🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09 7666 77676

14/12/2022

❗️❗️❗️ အရိုးအကြောအထူးကုဆရာဝန်ကြီး

⚡️⚡️⚡️ ဓာတ်မှန်အထူးကုဆရာဝန်ကြီး

များဖြင့်ပြသရန်

👉👉👉 09 766 677 676 သို့တစ်ရက် ကြိုတင်ဘိုကင်ယူနိုင်ပါပြီ။

အခြားရရှိနိုင်သောဝန်ဆောင်မှုများ
- အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးပြသခြင်း
- MO ဆရာဝန်များနှင့် ၂၄ နာရီ ဆွေးနွေးပြသခြင်း
- ECG ဆွဲခြင်း
- X-ray
- Ultrasound
- Medical Checkup
- သွေးစစ်ဆေးခြင်းများ
- ဓာတ်ခွဲခန်းဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်း
- ကာကွယ်‌ဆေးထိုးနှံပေးခြင်း

🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09 7666 77676

12/12/2022

❗️❗️❗️ အထူးကုဆရာဝန်ကြီးများဖြင့်ပြသရန်

👉👉👉 09 766 677 676 သို့တစ်ရက် ကြိုတင်ဘိုကင်ယူနိုင်ပါပြီ။

အခြားရရှိနိုင်သောဝန်ဆောင်မှုများ

- ECG ဆွဲခြင်း
- X-ray
- Ultrasound
- Medical Checkup
- သွေးစစ်ဆေးခြင်းများ
- ဓာတ်ခွဲခန်းဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်း
- ကာကွယ်‌ဆေးထိုးနှံပေးခြင်း

🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09 7666 77676

01/12/2022

❤️❤️❤️ Sweet December to you all ❤️❤️❤️

15/11/2022

ကိုယ်ဝန်ဆောင်ကာလ ဆီးချိုရောဂါ
::::::::::::::::::::::::::::::::::::::::::::::::::

ကိုယ်ဝန်ဆောင်ကာလ အတွင်းသာဖြစ်သော ဆီးချိုရောဂါကို Gestational Diabetes Mellitus (GDM) လို့ခေါ်ပါတယ်။ ကလေးဘဝမှာ စဖြစ်တဲ့ type 1 diabets (Insulin ထိုးကိုထိုးရတဲ့ ဆီးချို) နဲ့ လူလတ်ပိုင်းမှာ စဖြစ်တတ်တဲ့ type 2 diabetes များနဲ့ မတူပါဘူး။ Gestational diabetes ဟာ များသောအားဖြင့် ကိုယ်ဝန် ၂၄ပတ် နှင့် ၂၈ပတ်ကြား စတင်ဖြစ်ပေါ်လေ့ရှိသော်လည်း ကိုယ်ဝန်ပိုနုစဉ်မှာ စတင်ဖြစ်ပေါ်နိုင်ခြေ အနည်းငယ် ရှိပါသေးတယ်။ ကိုယ်ဝန်ဆောင် ၅% မှ ၁၀% အထိမှာ တွေ့နိုင်လို့ gestational diabetes ဟာ မရှားဘူးလို့ ပြောလို့ရပါတယ်။ Australia မှာတော့ ကိုယ်ဝန်တိုင်းအတွက် ၂၆-၂၈ပတ်ကာလမှာ oral glucose tolerance test (OGTT) ကိုလုပ်ပြီး GDM ရှိမရှိ စစ်ဆေးပေးပါတယ်။ ဖြစ်နိုင်ခြေ သိပ်များတဲ့သူအတွက် ကြိုစစ်တာလည်း လုပ်ရလေ့ရှိပါတယ်။ GDM ရှိရင်တော့ သွေးချိုဓာတ်ကို ထိန်းနိုင်မှ ကိုယ်ဝန်ဆောင်နဲ့ သန္ဓေသားတို့ အန္တရာယ်ကင်းကြမှာ ဖြစ်ပါတယ်။

* ဖြစ်ရသော အကြာင်းရင်း

အခြင်းကထုတ်တဲ့ ဟော်မုန်းတွေကြောင့်ပါ။ သွေးချို ထိန်းဖို့ ခန္ဓာကိုယ်က Insulin ဆိုတဲ့ဟော်မုန်းရဲ့ စကားနားထောင်ဖို့လိုပါတယ်။ အခြင်းကထုတ်တဲ့ ဟော်မုန်းတွေက မြှောက်ထိုးပင့်ကော်လုပ်တဲ့အခါ မိခင်လောင်းခန္ဓာကိုယ်က Insulin ရဲ့စကား နားမထောင်တော့ဘဲ သွေးချိုတက်လာပါတယ်။ Insulin resistance လို့ခေါ်ပါတယ်။ GDM က ကလေးမွေးတဲ့နေ့ပဲ ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် GDM ဖြစ်ဖူးရင် အသက်ကြီးလာတဲ့အခါ type 2 diabetes ဖြစ်နိုင်ခြေ ပိုရှိပါတယ်။


* GDM ဖြစ်နိုင်ခြေ ပိုရှိသူများ

အသက်ကြီးပိုင်း
အဝလွန်သူ
GDM ဖြစ်ဖူးသူ
မိသားစုအတွင်း GDM ရှိဖူးခြင်း (သို့) type 2 diabetes ရှိခြင်း
ကလေးထွား မွေးဖူးခြင်း
Polycystic O***y Syndrome ရှိသူ (ဝ ဝ၊ မျက်နှာဝိုင်းဝိုင်း၊ နှုတ်ခမ်းမွေးထင်းထင်းရှိ၊ ရာသီအလာနည်း၊ သားဥများတွင် အရည်အိပ်သေးများစွာရှိ)

* ရောဂါလက္ခဏာများ

များသောအားဖြင့် ဘာလက္ခဏာမှ မပြပါ။ ဒါကြောင့် တတ်နိုင်ရင် လုပ်လို့ရရင် သွေးစစ်ဖို့လိုပါတယ်။

Dipstick နဲ့ ဆီးအမြန်စစ်ခြင်းမှလည်း ဆီးထဲ အချိုဓာတ်ပါမပါ သိနိုင်ပါတယ်။ ပါတိုင်း GDM လို့ မပြောနိုင်သလို မပါတိုင်းလည်း GDM မရှိဘူးလို့ မပြောနိုင်ပါ။

အချို့မှာတော့ အောက်ပါလက္ခဏာတွေ ပြနိုင်ပါတယ်။
ရေငတ်ခြင်း
ဆီးသွားများခြင်း
ညဘက် ဆီးခဏခဏသွားခြင်း
နုံးခြင်း
မက်ခရုဖြစ်ခြင်း

* ရှာဖွေ စစ်ဆေးခြင်း

အကောင်းဆုံးနည်းကတော့ OGTT သွေးစစ်ခြင်းပါ။ ၂၈ပတ်ခန့်ရောက်ရင် တစ်မနက်မှာ အစာမစားခင် သွေးတစ်ကြိမ်၊ ၇၅ ဂရမ် glucose သောက်ပြီး တစ်နာရီကြာ တစ်ကြိမ်၊ နှစ်နာရီကြာ တစ်ကြိမ် စုစုပေါင်း သွေးသုံးကြိမ် ဖောက်ရပါတယ်။ ဓာတ်ခွဲခန်းမှာ စစ်ရပါတယ်။ အချို့က ငါးကြိမ် ဖောက်ပါတယ်။ GDM ရှိမရှိ ဆုံးဖြတ်ဖို့ သတ်မှတ်ထားတဲ့ ပုံမှန်သွေးချို level တွေက အခြားဆီးချိုတွေအတွက် သုံးတဲ့ level တွေနဲ့ မတူပါဘူး။ ဒါကြောင့် ဓာတ်ခွဲခန်းက ကိုယ်ဝန်အတွက်မှန်းသိမှ မှန်ကန်တဲ့ အဖြေထုတ်နိုင်ပါတယ်။ သတ်မှတ် level တွေ ဓာတ်ခွဲခန်းများအကြား ကွာတတ်ပါတယ်။ မြန်မာပြည်တွင်လည်း OGTT ကိုပိုသုံးလာပြီး GDM များကို ပိုမို ရှာဖွေ ကုသလာနိုင်မယ်လို့ ယုံကြည်ပါတယ်။

OGTT လုပ်လို့မရရင် လက်ထိပ်သွေးဖောက် သွေးချိုစစ်ခြင်း၊ ဆီးကို dipstick ဖြင့် ဆီးချိုစစ်ခြင်းများလည်း သုံးနိုင်ပါတယ်။ တိကျမှုတော့မရှိပါ။

* GDM ၏ အန္တရာယ်

သွေးအချိုဓာတ်က အခြင်းကိုဖြတ်ပြီး သန္ဓေသားဆီ အများကြီး ရောက်လာတဲ့အခါ သန္ဓေသားက Insulin အများကြီးထုတ်ပြီး ပြန်ထိန်းရပါတယ်။ သိပ်များနေတဲ့ Insulin က သန္ဓေသားကို အဆမတန် ကြီးထွားစေပါတယ်။ ရေမွှာရည်ပိုခြင်း - polyhydramnios ဖြစ်စေပါတယ်။

ရေမွှာပို၍ သန္ဓေသား အနေအထား မ မှန်ခြင်း၊ ရေမွှာစောပေါက်၍ လမစေ့ဘဲမွေးခြင်း၊ ပေါက်ပြီး ရေမွှာနှင့်အတူ ချက်ကြိုး အရင်ထွက်ကျလာခြင်း - cord prolapse (အချိန်မှီ မမွေးနိုင်ရင် သန္ဓေသားရဲ့ အသက်အန္တရာယ် အလွန်ကြီးပါတယ်) တို့ ဖြစ်နိုင်ပါတယ်။

ကလေးကြီး၍ မွေးရခက်ခြင်း၊ ကြာခြင်း၊ ညှပ်ဆွဲရခြင်း၊ ခွဲမွေးရခြင်း၊ ကလေးခေါင်းထွက်ပြီးမှ ပခုံးတစ်နေခြင်း - shoulder dystocia (မိနစ်ပိုင်း အတွင်း ပခုံးမထွက်နိုင်ရင် ကလေးရဲ့ အသက်အန္တရာယ် အလွန်ကြီးပါတယ်) တို့ ဖြစ်နိုင်ပါတယ်။

အဆိုးဆုံးကတော့ ကလေးအဖတ်မတင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် due date (၄၀ ပတ်) မတိုင်မီ (မမွေးသေးရင်) ဆေးသွင်း မွေးပေးရလေ့ရှိပါတယ်။ Insulin ဆေးထိုးနေရရင် ကလေးကြီးရင် ၃၈ ပတ် လောက်မှာ မွေးပေးရပါတယ်။ ရက်ကျော်ရင် ဗိုက်ထဲ ကလေးဆုံးသွားနိုင်ခြေ ပိုများလို့ပါ။ ၄၁-၄၂ ပတ် အထိသူ့အလိုလို မွေးအောင် စောင့်တာ မလုပ်သင့်ပါ။

ကလေးမွေးပြီးပြီးချင်း ၂၄နာရီ အတွင်း ကလေးမှာ သွေးချိုဓာတ် အလွန်အမင်းကျဆင်းခြင်းလည်း ဖြစ်တတ်ပါတယ်။ ကျတာဆိုးလွန်းရင် သတိလစ်ခြင်း တက်ခြင်းများတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် နို့စောစော စ တိုက်ဖို့နဲ့ ကလေးရဲ့ သွေးချိုဓာတ်ကို ခြေဖနောင့်ထိပ်ဖောက် သွေးစစ်ဖို့ လိုပါတယ်။ လိုအပ်ရင် နို့ဗူးတိုက်ခြင်း၊ glucose အကြောဆေး ထိုးခြင်းများ လုပ်ပေးရပါတယ်။

Type 1 or type 2 diabetes (ကလေး၊ လူကြီး ဆီးချိုရောဂါများ) ရှိနှင့်ပြီးသား မိခင်လောင်းများတွင် GDM မှာလို သန္ဓေသားအတွက် အန္တရာယ်များအပြင် သန္ဓေသားတွင် အဂါင်္မစုံခြင်းပါ ဖြစ်တတ်၍ ကိုယ်ဝန်မဆောင်ခင်ကတည်းက OG နှင့် သေချာပြပြီးမှ ကိုယ်ဝန်ရအောင် ကြိုးစားသင့်ပါတယ်။ Folic acid 5mg (ပုံမှန် dose ထက် ဆယ်ဆမြင့်သော dose) ကို ကိုယ်ဝန်မဆောင်ခင်ကတည်းက စတင် သောက်နေရပါမယ်။ ကျောရိုးမကြီးတွင် အပေါက်ပါလာခြင်းနှင့် အခြားအဂါင်္ချို့ယွင်းခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။

* ကုသခြင်း

သွေးအချိုဓာတ်ကို ထိန်းနိုင်ရင် GDM ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။

- သွေးချိုဓာတ် စောင့်ကြည့် စစ်ဆေးခြင်း
ဆေးဝါးဖြင့် ကုသမှု လိုမလို သိနိုင်ဖို့ အတွက်ပါ။ မနက် အစာမစားမီ နဲ့ မနက်၊ နေ့လည်၊ ညစာ စားပြီး နှစ်နာရီကြာပြီးချိန်တွေမှာ ကိုယ်ပိုင်စက်ကလေးဖြင့် လက်ထိပ်ဖောက် သွေးစစ်ရပါတယ်။ ရလဒ်တွေကို ဆရာဝန်က ကြည့်ပြီး ဆုံးဖြတ်ပေးရပါတယ်။

- အစား ဆင်ခြင်ခြင်း
GDM ရှိ မိခင်လောင်းအများစုက အစား ဆင်ခြင်ရုံနဲ့ သွေးချိုဓာတ်ကို ထိန်းနိုင်ပါတယ်။ ကစီဓာတ်၊ အချိုစာတွေ လျှော့ပြီး ဟင်းသီးဟင်းရွက်များများ စားရပါမယ်။ ထမင်းသုံးနပ်ကို နည်းနည်းစီသာစားပြီး ဗိုက်ဆာရင် သွားရည်စာ (ဥပမာ မချိုတဲ့ သစ်သီး) နည်းနည်းထပ်စားနိုင်ပါတယ်။ ပဲ၊ အသား၊ နို့ထွက်စာများ စားနိုင်ပါတယ်။ သကြားအစား အရည်အသွေးကောင်းဆေးသကြားကို သုံးနိုင်ပါတယ်။ အဝ မလွန်အောင် အဆီလျှော့ စားရပါမယ်။

- အားကစား လုပ်ခြင်း
သွေးချိုကျဖို့ အားကစားကလည်း အရေးကြီးပါတယ်။ လမ်းအမြန်လျှောက်ခြင်းကို တစ်နေ့ နာရီဝက် တစ်ပတ်မှာ ၅ ရက် အနည်းဆုံးလုပ်ပါ။

- ဆေးဝါးဖြင့် ကုသခြင်း
အစားဆင်ခြင်ခြင်း၊ အားကစားလုပ်ခြင်းများဖြင့် မလုံလောက်ရင် ဆေးဝါးတွေ သုံးရဖို့ လိုနိုင်ပါတယ်။ Insulin ထိုးဆေးကတော့ အကောင်းဆုံးပါ။ ညမအိပ်ခင်ထိုးတဲ့ Insulin နဲ့ အစာစားတဲ့အချိန်ထိုးတဲ့ Insulin ဆိုပြီး နှစ်မျိုးရှိပါတယ်။ စောင့်ကြည့် စစ်ဆေးထားတဲ့ သွေးချိုရလဒ်တွေ ကြည့်ပြီး ပေးရပါတယ်။ Insulin မထိုးနိုင်ရင် သောက်ဆေး သောက်နိုင်ပါတယ်။ မွေးတဲ့နေ့ပဲ GDM ကပျောက်တတ်လို့ ဆေးတွေကို မွေးတဲ့နေ့မှာပဲ ရပ်လို့ရပါတယ်။

- အပတ် ၄၀ မတိုင်မီ မွေးပေးဖို့လိုပါတယ်။

* နောက်ထပ်ဖြစ်နိုင်ခြေ

GDM ဖြစ်ဖူးရင် နောက်ကိုယ်ဝန်တွေမှာ ထပ်ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန် စောစောပိုင်းမှာကတည်းက သွေးချိုတိုင်းဖို့ လိုနိုင်ပါတယ်။ အစားလည်း ကိုယ်ဝန် အစောပိုင်းကစလို့ ကိုယ်ဝန်တစ်လျှောက်လုံး ဆင်ခြင်ပါ။ အသက် ၄၀ ကျော်ရင်လည်း type 2 diabetes ရှိလာနိုင်လို့ ၄၀ ကျော်ရင် တစ်နှစ်တစ်ခါ သွေးချိုစစ်ဖို့လိုပါတယ်။ GDM ရှိတဲ့ မိခင်က မွေးလာတဲ့ကလေးမှာ diabetes ပါမလာပေမယ့် ဒီကလေး အသက် ၄၀ ကျော်ရင်လည်း type 2 diabetes ရှိလာနိုင်ခြေပိုများပါတယ်။

Diabetes ဟာ ကမ္ဘာတစ်ဝန်းလုံး အဖြစ်များလာနေလို့ သတိပြုသင့်တဲ့ ရောဂါပါ။

ဒီလောက်ဆို GDM အကြောင်း တော်တော်နားလည် သဘောပေါက်လောက်ပြီလို့ ယုံကြည်ပါတယ်။

Post ထဲပါတဲ့ အကြံပြုမှုအချို့ကို မြန်မာပြည်တွင် သိပ်မလုပ်သေးတာ၊ သိပ်မလုပ်နိုင်သေးတာများ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေရန် လုပ်သင့်တဲ့ လုပ်လည်းလုပ်နိုင်လောက်တဲ့ အရာတွေ စတင်လုပ်ကြရပါမယ်။ မလုပ်နိုင်သေးတာတွေလည်း နောင်လုပ်လာနိုင်အောင် နည်းလမ်းရှာဖွေမှုတွေကို စတင်ကြိုးစား လုပ်ဆောင်ရပါမယ်။ ခက်ခဲပေမယ့် အားလုံး ဝိုင်းဝန်းကြိုးပမ်းရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~

စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ မိခင်လောင်းများနှင့် သန္ဓေသားများကို ကာကွယ်စောင့်ရှောက် နိုင်ကြပါစေ။

Photos from ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic's post 12/11/2022

ချမ်းသာကြီး (၃) အထူးကူဆေးခန်းတွင် 09 766 677 676 သို့တစ်ရက် ကြိုတင်ဘိုကင်ယူ၍အထူးကုဆရာဝန်ကြီးများဖြင့်ဆွေးနွေးပြသနိုင်ပါပြီ။

အခြားရရှိနိုင်သောဝန်ဆောင်မှုများ

- ECG ဆွဲခြင်း
- X-ray
- Ultrasound
- Medical Checkup
- သွေးစစ်ဆေးခြင်းများ
- ဓာတ်ခွဲခန်းဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်း
- ကာကွယ်‌ဆေးထိုးနှံပေးခြင်း

🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09 7666 77676

11/11/2022

သွေးတွင်း Cholesterol ကျဆင်းရန် အကြံပြုချက် (၁၇) ချက်
************************************
သင့်တွင် သွေးတွင်းကိုလက်စထရောအဆီများနေပါက သင်၏ အစားအသောက်နှင့် လူနေမှုပုံစံကို ပြောင်းလဲခြင်းအားဖြင့် နှလုံးရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ပါလိမ့်မယ်။
အကယ်၍ သင်၏ဆရာဝန်က ကိုလက်စထရောကျစေသောဆေးကို ပေးထားပေမယ့် သင်ကအစားအသောက်နှင့် လူနေမှုပုံစံကို ပြောင်းလဲဖို့ လိုနေသေးပါတယ်။အောက်ပါအကြံပြုချက်များသည် သင်၏သွေးတွင်းရှိ ကိုလက်စထရော ပမာဏကို ကျဆင်းစေရန် များစွာအထောက်အကူပြုနိုင်ပါတယ်။

၁။ ကောင်းသောကိုလက်စထရောနှင့် မကောင်းသောကိုလက်စထရော ရွေးချယ်စားသောက်ပါ။
သင်၏ခန္ဓာကိုယ်သည် ပုံမှန် လည်ပတ်ရန်အတွက် အနည်း ငယ်သော ကိုလက်စထရော ပမာဏကို လိုအပ်ပေသည်။ သို့သော် အစားအစာများ အတွင်းမှပြည့်ဝဆီနှင့် ကိုလက် စထရောများကို လျှော့ချရန် လိုအပ်ပါသည်။ ပြည့်ဝဆီနှင့် အစားအသောက်တွင်ပါသော ကိုလက်စထရောသည် မကောင်းသော အဆီ (LDL) ကို တက်စေပါသည်။ LDL ကိုလက်စထရောသည် နှလုံးသွေးကြောထဲတွင် အဆီကို ပွားများစေ၍ နှလုံးသွေးကြောပိတ် ရောဂါကို ဖြစ်စေပါသည်။ ကောင်းသောအဆီ (HDL) သည် ခန္ဓာ ကိုယ်တွင်းရှိ ကိုလက်စထရောများကို အသည်းသို့ ပြန်၍ သယ်ဆောင် သွားပေးခြင်းအားဖြင့် ဖယ်ရှားပစ်ပါသည်။ သို့ဖြစ်၍ အစားအသောက် ကို ရွေးချယ်စားသောက်ပြီး မကောင်းသောအဆီကို ကျစေခြင်း၊ ကောင်းသောအဆီကို တက်စေခြင်းဖြင့် ဂရုစိုက်သင့်ပါသည်။

၂။ အစားအသောက်ကို ချင့်ချိန်၍ မျှမျှတတစားပါ။
ပုံမှန်အားဖြင့် ထမင်းတစ်ပန်းကန်ပြည့်ရုံခန့်သာ အစားအစာကို စားပါ။ ထမင်းပန်းကန်မောက်မောက် (သို့မဟုတ်) ထမင်းနှစ်ပန်းကန်၊ သုံးပန်းကန်စားသုံးခြင်းသည် ကိုယ်အလေးချိန်ကိုတက်စေပြီး ကိုလက် စထရောကိုလည်း မြင့်တက်စေပါသည်။ လက်တွေ့တွင် အောက်ပါ အတိုင်း ကျင့်သုံးပါ။
ပန်းကန်၏ လေးပုံတစ်ပုံသည် ထမင်း သို့မဟုတ် ပါစတာ သို့ မဟုတ် ဂျုံ၊ ကောက်ညှင်းဖြင့် ပြုလုပ် သော အစားအစာဖြစ်သင့်ပြီး ကျန် လေးပုံတစ်ပုံမှာ အသား၊ ငါး၊ ပဲ စသော ပရိုတင်းဓာတ်ပါသော အစား အစာ ဖြစ်သင့်ပါသည်။ ကျန်လေးပုံ တစ်ပုံသည် ဟင်းသီးဟင်းရွက်ဖြစ် သင့်ပြီး ကျန်လေးပုံတစ်ပုံသည် အသီး အနှံ ဖြစ်သင့်ပါသည်။

၃။ ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။
တစ်နေ့လျှင် စားနေကျအသီးအနှံနှင့် ဟင်းသီးဟင်းရွက် ၅ ခွက် စာမှ ၉ ခွက်စာ (5 to 9 servings) ကို စားသုံးပါ။ အသီးအနှံ တစ်ခွက်စာ (one serving) စားခြင်း တစ်ခုမှာ သင်၏လက်သီးလုံးခန့်အကြမ်း ဖျင်းအားဖြင့်ရှိပါသည်။ ချက်ပြုတ်ပြီး သား ဟင်းသီးဟင်းရွက် တစ်ခွက်စာ (one serving) စားခြင်းဆိုသည်မှာ သင်၏လက်ခုပ်ထဲတွင်ပါသော ပမာဏ ကို အကြမ်းဖျင်းဆိုလိုပါသည်။ ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများကို များများ စားခြင်းအားဖြင့် မကောင်းသောအဆီ (LDL) ကို ကျစေသည့်အပြင် ၄င်းတို့ထဲ တွင် Antioxidants အများအပြား ပါ၀င်သဖြင့် ခန္ဓာကိုယ်အတွက် အထူးကျေးဇူးရှိပါသည်။ ထို့အပြင် အသီးအနှံများများစားခြင်းသည် အဆီများကို လျှော့ချသကဲ့သို့ ဖြစ် ပါသည်။ ထို့အပြင် သွေးပေါင်ချိန်ကိုလည်းကျစေပြီး ကိုယ်အလေးချိန် ကိုလည်း ထိန်းသိမ်းပေးပါသည်။ ထို့အပြင် Plant sterol များပါသော အစားအစာများ၊ ဥပမာ - အချို၊ မာဂျရင်း၊ ဒိန်ချဉ်နှင့် အလားတူ အစားအသောက်များသည် မကောင်းသောအဆီ (LDL cholesterol) ကို ကျဆင်းစေပါသည်။

၄။ နှလုံးကျန်းမာစေရန် ပင်လယ်စာ စားပါ။
ငါးကို တစ်ပတ်နှစ်ကြိမ်စားပါ။ ငါးသည် ပြည့်ဝဆီနည်းပါးပြီး omega-3 fatty acid အများအပြားပါ၀င်သောကြောင့် ဖြစ်သည်။ Triglyceride ကို ကျဆင်းစေပြီး ကိုလက်စထရောကိုလည်း ကျ ဆင်းစေသည့်အတွက် နှလုံးသွေး ကြောပိတ်ခြင်းကိုလည်း တားဆီး စေပါသည်။ အဆီများသောငါး salmon ငါး၊ တူနာငါး၊ ငါး သေတ္တာငါးများကို ပိုမိုစားသုံးပါ။ သို့သော် ကြော်ပြီးမစားပါနှင့်။ ကျန်းမာစေသော အကျိုးကျေးဇူး များကို ဖျက်ဆီးပစ်သလို ဖြစ်သွား နိုင်ပါသည်။

၅။ ဂျုံကြမ်း၊ ဆန်ကြမ်း၊ အုတ်ဂျုံများကို ပိုမိုစားသုံးပါ။
ဂျုံကြမ်း၊ ဆန်ကြမ်းများတွင်ပါသော အမျှင်ဓာတ်နှင့် ကာဗိုဟိုက် ဒရိတ်ဓာတ်အစုံပါ၀င်သော အစားအစာသည် အဆာခံစေပြီး ပိုမို မစားသုံးမိရန် ကာကွယ်ပေး သလိုဖြစ်စေသည်။ မကောင်း သောအဆီ (LDL) ကိုလည်း ကျဆင်းစေသည့်အတွက် အလွန်အကျိုးရှိပါသည်။ ကိုယ်အလေးချိန်ကိုလည်း သွယ်ဝိုက်၍ ကျဆင်းစေပါ သည်။ ၄င်းအစားအစာများ မှာ ဆန်ကြမ်း၊ ဆန်လုံးညို၊ ပေါက်ပေါက်ဆုပ်၊ ဘာလီ၊ ဂျုံကြမ်းနှင့် ပြုလုပ်သော အစားအစာများ (ဥပမာ - ပေါင်မုန့်ညို နှင့် ကွေကာအုပ်) ဖြစ်ကြပါသည်။

၆။ အခွံမာသီး (Nuts) များကို များများစားပါ။
အကယ်၍ အဆာပြေစားသုံးလိုပါက လတ်လတ်ဆတ်ဆတ် အခွံမာသီးများသည် အာသာပြေစေ၍ ကိုလက်စထရော ကျစေနိုင်ပါ သည်။ အခွံမာသီးများသည် ဧကမပြည့်ဝဆီ (Monounsaturated fat) များဖြင့် ပြည့်ဝနေပြီး မကောင်းသောအဆီ (LDL) ကို ကျဆင်းစေ သည့် အပြင် ကောင်း သော အဆီ(HDL)ကို မကျဆင်းစေရန်ကာကွယ် ပေးပါသည်။ နေ့စဉ် စားသုံးပါက နှလုံးရောဂါ ဖြစ်နှုန်းကို ကျဆင်းစေ နိုင်သည်ဟုသိရှိရသည်။ ၄င်းတို့သည် အဆီနှင့် ကယ်လိုရီများသည့်အတွက် တစ်နေ့လျှင် လက်တစ်ဆုပ်ခန့်သာ စားသုံး ပါ။ သကြား သို့မဟုတ် ချောကလက်ဖုံးအုပ်ထားသော အခွံမာသီးများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အခွံမာသီးများမှာ သစ်အယ်သီး၊ မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ဗာဒံစေ့၊ pistachios နှင့် Almonds သီး တို့ ဖြစ်ကြပါသည်။

ရ။ မပြည့်ဝဆီများသည် နှလုံးကို ကာကွယ်နိုင်သည်။
ကျွန်ုပ်တို့သည် တစ်နေ့လျှင် လိုအပ်သောကယ်လိုရီပမာဏ၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို အဆီစားသုံးခြင်းမှ ရရှိသင့်သည်။ သို့သော် အဆီအမျိုးအစားအပေါ် မူတည်ပါသည်။ မပြည့်ဝသော အဆီများမှာ မုန်ညင်းဆီ၊ သံလွင်ဆီနှင့် နေကြာဆီတို့သည် မကောင်း သောအဆီ (LDL) ကို ကျဆင်းစေရုံသာမက ကောင်းသောအဆီ (HDL) ကို မြင့်တက်စေသည်။ ပြည့်ဝဆီများဖြစ်သည့် ထောပတ် နှင့် စားအုန်းဆီများသည် မကောင်းသောအဆီ (LDL) ကို မြင့်တက်စေသည်။ကောင်းသော အဆီများသည် ကယ်လိုရီများကို တန်းတူပေးနိုင်သည့်အတွက် အဆီမှန်သမျှကို သင့်တင့်ရုံသာ စားသုံးပါ။

၈။ ပဲများများစား၍ ထမင်းနည်းနည်းစားပါ။
လူတို့သည် ကာဗွန်ဟိုက်ဒရိတ်ဓာတ်ကို တစ်နေ့တာလှုပ်ရှားမှု အတွက် စွမ်းအားအဖြစ် လိုအပ်ပါသည်။ ဆန်ကြမ်း၊ ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော အစားအစာများ တွင် လည်းကောင်း၊ ပဲများတွင် လည်းကောင်း အမျှင်ဓာတ် (fibre) ပေါများစွာပါ၀င်သည့် အတွက် သွေးသကြားဓာတ်ကို အနည်းငယ်သာတက်စေပါသည်။ ၄င်းသည် ကိုလက်စထရောကို ကျစေပြီး အဆာပိုခံစေပါသည်။ အဖြူရောင်ပေါင်မုန့်၊ အာလူး၊ အဖြူရောင်ဆန်နှင့် လုပ်သောမုန့်များသည် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ အများအပြားတက်စေသည့်အတွက် မြန်မြန်ဆန်ဆန်ဆာပြီး များများစားချင်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်စေပါသည်။

၉။ သွက်လက်လှုပ်ရှားအားကစား လုပ်ပါ။
တစ်နေ့လျှင် နာရီဝက်ခန့်၊ တစ်ပတ်ကို ၅ ရက်ခန့် လေ့ကျင့်ခန်း လုပ်ပါ။ ပြင်းထန်သောလှုပ်ရှားမှု၊ ဥပမာ - အမြန်လမ်းလျှောက်ခြင်းကို တစ်နေ့ မိနစ် ၂၀၊ တစ်ပတ် ၃ ရက်ခန့်သာ ပြုလုပ်လျှင် လုံလောက်ပါ သည်။ ၄င်းတို့သည် မကောင်းသောအဆီ (LDL) ကို ကျဆင်းစေပြီး ကောင်းသော အဆီ (HDL) ကို မြင့်တက်စေပါသည်။ ကိုယ်လက် လေ့ကျင့်ခန်းကို ၄င်းထက် ပို၍ လုပ်နိုင်လျှင် ပို၍ကောင်းမည် ဖြစ်ပါသည်။ ကိုယ်လက်လေ့ကျင့် ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ပုံမှန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင် ပြီး နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်ပါသည်။ အကယ်၍ မိနစ် ၃၀ ခန့် ဆက်တိုက်မလှုပ်ရှားနိုင်လျှင် ၁၀ မိနစ်စီခွဲ၍ ပြုလုပ်နိုင် ပါသည်။

၁၀။ လမ်းလျှောက်ပါလေ။
အကယ်၍ သင်သည် ပြင်းထန်သောလှုပ်ရှားမှုကို မလုပ်ချင်လျှင် သို့မဟုတ် အားကစားခန်းမ (Gym) သို့သွားရန် ရွံမုန်းနေပါလျှင် လမ်းလျှောက်ခြင်းသာ ပြုလုပ်လိုက်ပါ။ ပို၍ကျန်းမာသန်စွမ်းစေ၍ လမ်းလျှောက်ခြင်းသည် သင့်ကျန်းမာရေးအတွက် ကောင်းသော ဖိနပ် တစ်စုံသာ ဖြစ်ပါသည်၊၊ ဒါမှမဟုတ် Aerobic Exercise ပြုလုပ် လျှင်လည်း ရပါသည်။ ၄င်းတို့သည် လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ကို လျော့နည်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေ၍ အရိုးကိုလည်း သန်မာစေသည်။ အကယ်၍ အခုမှစ လမ်းလျှောက်ရန် စဉ်းစားထားလျှင် အစဦးဆုံး ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ပြီး နောက်မှ တဖြည်းဖြည်းတိုး၍ လမ်းလျှောက်ပါ။

၁၁။ လုပ်ငန်းခွင်နှင့် အိမ်တွင် ပိုမိုလှုပ်ရှားပါ။
အကယ်၍ သင်သည် Gym လည်း မသွားလို၊ အမြန် လမ်း လျှောက်ခြင်းနှင့် ရိုးရိုးလမ်းလျှောက် ခြင်းလည်း မလုပ်လိုလျှင် သို့ မဟုတ် ပြုလုပ်ရန် အချိန်မရှိပါလျှင် နောက်တစ်နည်းရှိပါသည်။ ၄င်းမှာ သင်၏ နေ့စဉ်လှုပ်ရှားမှုကို သင်၏ တစ်နေ့တာ လုပ်ငန်းခွင်တွင် ထည့်သွင်းလိုက်ပါ။ ဥပမာ ပန်းပင်စိုက်ခြင်း၊ ကခြင်း၊ ဓာတ်လှေကား မစီးဘဲ လှေကားဖြင့် အပေါ်တက် - အောက်ဆင်း ပြုလုပ်ခြင်း၊ အိမ်မှု ကိစ္စများတွင်လည်း လျင်မြန်စွာ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ ပေါ့ပေါ့ပါးပါးဖုန်ခါခြင်းကို လေ့ကျင့်ခန်းပြုလုပ် သည်ဟု မမှတ်ယူပါနှင့်။

၁၂။ သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ဂရုစိုက်ပါ။
သင့်တွင် သွေးတွင်း ကိုလက် စထရောဓာတ် များနေပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်၍ နည်းလမ်း ပေါင်းစုံဖြင့် ကိုလက်စထရောကို ကျဆင်းစေရန် ပြုလုပ်ပါ။ အစား အသောက်ကို ထိန်းပါ။ ကိုယ် အလေး ချိန်ကို လျှော့ချပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ ဆေးမှန်မှန်သောက်ပါ။

၁၃။ ပြင်ပဆိုင်တွင် သတိထားဆင်ခြင်၍ စားသောက်ပါ။
စားသောက်ဆိုင်များတွင် ချက်ပြုတ်ကြော်လှော်သော အစား အသောက်များတွင် ပြည့်ဝဆီများ၊ ကယ်လိုရီများနှင့် ဆိုဒီယမ်များ လွန်ကျွံစွာ ပါတတ်ပါသည်။ စားသောက်ရာတွင် ကြော်သော အစား အစာများကိုရှောင်ပြီး ပြုတ်သော၊ ပေါင်းသော၊ ချက်သော အစားအစာ များကိုသာမှာ၍ စားသောက်ပါ။ တို့စရာများကို နည်းနည်းချင်းသာ စားသောက်ပါ။ ဟင်းမှာလျှင်လည်း ပွဲကြီးမမှာဘဲ ပွဲသေးသာမှာပါ။

၁၄။ လှည့်ကွက်ကလေးများကို သတိထားပါ။
အစားအသောက်များ၏ အထုပ်အပိုးတွင်ပါသော အာဟာရ တန်ဖိုးများကို ဖတ်ရှုရာတွင် သေချာစွာဖတ်ရှုပါ။ အာဟာရတန်ဖိုး များသည် တစ်ခွက်စာတွင်ပါ၀င်သော အာဟာရတန်ဖိုး ဟုတ်၊ မဟုတ် စစ်ဆေးပါ။ အချို့သော အာဟာရတန်ဖိုးများသည် နှစ်ခွက်စာတွင် ပါ၀င်သော အာဟာရတန်ဖိုးများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ဒုတိယအချက် whole grain ဆိုသော စကားလုံးပါသည်ကို ဟုတ်၊ မဟုတ် သေချာစွာကြည့်ပါ။ တတိယအချက်အနေဖြင့် 'zero cholesterol' ဟု ဖော်ပြထားသော်လည်း မကောင်းသော ကိုလက် စထရော (LDL) ကို မြင့်တက်စေနိုင်ပါသည်။ အကြောင်းမှာ ပြည့်၀ သောအဆီများကို ပါ၊ မပါ စစ်ဆေးကြည့်ပါက သိရှိနိုင်ပါသည်။

၁၅။ စိတ်ဖိစီးမှုကို လျှော့ပါ။
များသောအားဖြင့် စိတ်ဖိစီးမှု ရှိလျှင် သွေးတိုးရောဂါဖြစ်နိုင်သည်။ ၄င်းမှတစ်ဆင့် နှလုံးသွေးကြောပိတ် ရောဂါကို ဖြစ်စေနိုင်ပါသည်။ ထို့ အပြင် စိတ်ဖိစီးမှုကလည်း ကိုလက် စထရောပမာဏကို တက်စေနိုင် သည်ကို လက်ရှိစမ်းသပ်မှုများအရ တွေ့ရှိရပါသည်။ သို့ဖြစ်ရာ စိတ် ဖိစီးမှုပြေလျော့စေသော လေ့ကျင့်ခန်းများ၊ တရားထိုင်ခြင်းများ၊ Biofeedback များဖြင့် လျှော့ချသင့်သည်။ အလွယ်ကူဆုံးနည်းမှာ အသက်ပြင်းပြင်းရှူသွင်း၍ ပြင်းပြင်းရှူထုတ်သောလေ့ကျင့်ခန်း ဖြစ် ပါသည်။ ၄င်းကို မည်သည့်နေရာတွင်မဆို ပြုလုပ်၍ရပါသည်။
၁၆။ ကိုယ်အလေးချိန်ကို လျှော့ပါ။
ဆုံးရှုံးခြင်းသည် အောင်မြင်ခြင်း၏အစ ဖြစ်ပါသည်။ ကိုယ် အလေးချိန်ကို လျှော့ချခြင်းသည် နှလုံးရောဂါကိုတားဆီးရာတွင် အကောင်းဆုံးသောနည်းလမ်းတစ်ခု ဖြစ်ပါ သည်။ ၀ခြင်းသည် ကိုလက်စထရောကို မြင့်တက်စေရုံသာမက သွေးတိုးရောဂါနှင့် ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါသည်။ ၄င်းတို့အားလုံးသည် နှလုံးသွေးကြောကျဉ်း ရောဂါနှင့် သွေးကြောပိတ်ရောဂါကို ပိုမို၍ အားပေးကြသော အကြောင်းအရာ ဖြစ် သည်။ သို့ဖြစ်၍ ကိုယ်အလေးချိန်ကိုချလျှင် အထူးသဖြင့် ဗိုက်မှအဆီကိုချလျှင် ကောင်းသောအဆီကို မြင့်တက် စေပြီး မကောင်းသောအဆီကို ကျစေပါသည်။

၁၇။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
ကိုလက်စထရောကို ထိန်းသိမ်းကာကွယ်ခြင်းသည် တစ်သက်လုံး ပြုစေအပ်သော တစ်သက်တာကိစ္စ ဖြစ်ပါသည်။ သို့ဖြစ်၍ သင်၏ ဆရာဝန်ကို မှန်မှန်တွေ့ပြီး သင်၏ကျန်းမာရေးကို စစ်ဆေးပါ။ သင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အစားအသောက်၊ ဆေးဝါးများကို မှန်မှန်သုံးဆောင်ပြီး လေ့ကျင့်ခန်းများကို မှန်မှန်လုပ်ဆောင်ပါ။ သို့ဖြစ်၍ သင်နှင့် သင်၏ဆရာဝန် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ကိုလက် စထရောကို ကျစေပြီး သင်၏နှလုံးကို အမြဲတမ်း ကျန်းမာသန်စွမ်း နေအောင် လုပ်ဆောင်ပေးနိုင်ပါမည်။

#ပါမောက္ခဦးတင်လတ် (နှလုံးအထူးကုဆရာဝန်ကြီး) ၏
#နှလုံးသွေးကြောကျဉ်းနှင့်နှလုံးရောဂါသိမှတ်စရာများမှ

27/10/2022

ချမ်းသာကြီး (၃) အထူးကူဆေးခန်းတွင် 09 766 677 676 သို့တစ်ရက် ကြိုတင်ဘိုကင်ယူ၍ဆွေးနွေးတိုင်ပင်နိုင်သောဆရာဝန်ကြီးများ

သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး

Dr. Thet Thet Aung
M.B.,B.S, M.Med.Sc(OG)
နေ့စဉ်

ကလေးအထူးကုဆရာဝန်ကြီး

Dr. Lin Ko Ko
M.B.,B.S,M.Med.Sc(Paed: )
ဗုဒ္ဓဟူး, စနေ, တနင်္ဂနွေ

မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများ

Dr. Kan Htoo Aung
M.B.,B.S, M.Med.Sc (Ophthalmology)
အင်္ဂါ, တနင်္ဂနွေ

Dr. Hnin Aye Lwin
M.B.,B.S, M.Med.Sc (Ophthalmology)
တနင်္ဂနွေ

အရိုး ‌အကြော အဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီး
Dr. Kyaw Shein
M.B.,B.S, M.Med.Sc (Ortho)

နှလုံးရောဂါနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး
Dr. Han Lin Aung
M.B.,B.S, M.Med.Sc (Internal Medicine)
Diploma In Cardiology (MSU)

အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး
Dr. Aung Thiha
M.B.,B.S,M.Med.Sc(Int Med)

ခွဲစိတ်အထူးကုဆရာဝန်ကြီး
SCS Dr. Myint Thu
M.B.,B.S, M.Med.Sc(Surgery)

နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး
Dr. Thu Nay Oo
M.B.,B.S, M.Med.Sc(ORL)

အရေပြားရောဂါ အထူးကုဆရာဝန်ကြီး
Dr. Thiri Hlaing
M.B.,B.S, M.Med.Sc(Dermatology)

အထူးကုဆရာဝန်ကြီး (ဓာတ်မှန်)
Dr.La Min Ko Ko Lwin
M.B.,B.S, M.Med.Sc(Radiology)

🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09 7666 77676

ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic (၂၄) နာရီ အထူးကုဆေးခန်း

20/10/2022

ချမ်းသာကြီး (၃) အထူးကူဆေးခန်းတွင် 09 766 677 676 သို့တစ်ရက် ကြိုတင်ဘိုကင်ယူ၍ဆွေးနွေးတိုင်ပင်နိုင်သောဆရာဝန်ကြီးများ

မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများ
Dr. Kan Htoo Aung
M.B.,B.S, M.Med.Sc (Ophthalmology)
အင်္ဂါ, တနင်္ဂနွေ

Dr. Hnin Aye Lwin
M.B.,B.S, M.Med.Sc (Ophthalmology)
တနင်္ဂနွေ

သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး
Dr. Thet Thet Aung
M.B.,B.S, M.Med.Sc(OG)

အရိုး ‌အကြော အဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီး
Dr. Kyaw Shein
M.B.,B.S, M.Med.Sc(Ortho)

နှလုံးရောဂါနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး
Dr. Han Lin Aung
M.B.,B.S, M.Med.Sc(Internal Medicine)
Diploma In Cardiology (MSU)

အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး
Dr. Aung Thiha
M.B.,B.S,M.Med.Sc(Int Med)

ခွဲစိတ်အထူးကုဆရာဝန်ကြီး
SCS Dr. Myint Thu
M.B.,B.S, M.Med.Sc(Surgery)

နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး
Dr. Thu Nay Oo
M.B.,B.S, M.Med.Sc(ORL)

အရေပြားရောဂါ အထူးကုဆရာဝန်ကြီး
Dr. Thiri Hlaing
M.B.,B.S, M.Med.Sc(Dermatology)

အထူးကုဆရာဝန်ကြီး (ဓာတ်မှန်)
Dr.La Min Ko Ko Lwin
M.B.,B.S, M.Med.Sc(Radiology)

ကလေးအထူးကုဆရာဝန်ကြီး
Dr.Lin Ko Ko
M.B.,B.S,M.Med.Sc(Paed: )

ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ

ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic (၂၄) နာရီ အထူးကုဆေးခန်း

12/10/2022

မိုးအကုန်ဆောင်းအကူး ပုံမှန်ဖျားနာသူများအတွက် ဆေးဖိုးကုန်ကျစရိတ်များအားစိုးရိမ်ပူပန်စရာမလိုဘဲ ➡️➡️ငွေကျပ် ၃၅၀၀ ထဲဖြင့် ⬅️⬅️ ချမ်းသာကြီး ၃ (၂၄ နာရီ) အထူးကုဆေးခန်းတွင်ပြသနိုင်ပါပြီ။ ပါဝင်သောဝန်ဆောင်မှုများကတော့ 👨🏼‍⚕️ဆရာဝန်နှင့်ဆွေးနွေးပြီး ကြည့်ရှုစမ်းသပ်ပေးခြင်း 👨🏼‍⚕️သောက်ဆေး (၂) ရက်စာ 👨🏼‍⚕️အဖျားကျထိုးဆေး (လိုအပ်လျှင်) 👨🏼‍⚕️ဆီးချိုအတွက် RBS ဖောက်ပေးခြင်း (လိုအပ်လျှင်) စသည်တို့ကို ၃၅၀၀ ကျပ်ထဲဖြင့်ပြသနိုင်မှာဖြစ်ပါတယ်။ ချမ်းသာကြီး ၃ (၂၄နာရီ) အထူးကုဆေးခန်းမှာရရှိနိုင်တဲ့အခြားဝန်ဆောင်မှုများကတော့ 🏨 သာမန်နာမကျန်းနှင့် အထွေထွေရောဂါများကုသခြင်း 🏨 အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်း 🏨 မျက်စိစမ်းသပ်ခြင်းနှင့် မျက်စိခွဲစိတ်ဆရာဝန်ကြီးများနှင့်ပြသခြင်း 🏨 Ultrasound ( တယ်လီ​ဗေးရှင်းဓါတ်မှန်ရိုက်ခြင်း) 🏨 Computed Radiography ( X-Ray ဓါတ်မှန်ရိုက်ခြင်း) 🏨 Electrocardiogram ( နှလုံးခုံနှုန်းကိုစက်ဖြင့်တိုင်းတာစစ်ဆေးခြင်း) 🏨 Medical Checkup Service ( Package အလိုက်ကျန်းမာ​ရေးစစ်​ဆေးခြင်း) 🏨 Diagnostic Laboratory ( ဓါတ်ခွဲခန်းဖြင့် ​ရောဂါ စစ်​ဆေးရှာ​ဖွေခြင်း) 🏨 Vaccination ( ကာကွယ်​ဆေးထိုးနှံခြင်း) 🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ ☎️ - 09 7666 77676

ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic (၂၄) နာရီ အထူးကုဆေးခန်း

08/10/2022

🙏🙏🙏 ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင်ရွှင်လန်းချမ်းမြေ့ပါစေကြောင်းချမ်းသာကြီးမိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည် 🙏🙏🙏

Photos from ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic's post 05/10/2022

မင်္ဂလာပါ 🙏🙏🙏

ချမ်းသာကြီး (၃) - ၂၄ နာရီအထူးကုဆေးခန်းတွင်

အထူးကုသမားတော်ကြီးများအား တစ်ရက်ကြိုတင်တုံကင်ယူ၍ ပြသနိုင်ပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်

🏥 လိပ်စာ - အမှတ် ( ၅၃/၁-၅၃/၂-၅၃/၃)၊ အနော်ရထာလမ်းမ၊ ရွှေကမ်းသာယာအိမ်ယာအပြင်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့။

☎️ - 09 - 766677676 သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

03/09/2022

မိုးတွင်းကာလဖျားနာသူများအတွက် September တစ်လလုံး ဆေးဖိုးကုန်ကျစရိတ်များအားစိုးရိမ်ပူပန် စရာမလိုဘဲ

➡️➡️➡️ငွေကျပ် ၃၅၀၀ ထဲဖြင့်

ချမ်းသာကြီး ၃ (၂၄ နာရီ) အထူးကုဆေးခန်းတွင်ပြသနိုင်ပါပြီ။

ပါဝင်သောဝန်ဆောင်မှုများကတော့

👨🏼‍⚕️ဆရာဝန်နှင့်ဆွေးနွေးပြီး ကြည့်ရှုစမ်းသပ်ပေးခြင်း
👨🏼‍⚕️သောက်ဆေး (၂) ရက်စာ
👨🏼‍⚕️အဖျားကျထိုးဆေး (လိုအပ်လျှင်)
👨🏼‍⚕️ဆီးချိုအတွက် RBS ဖောက်ပေးခြင်း (လိုအပ်လျှင်)

စသည်တို့ကို ၃၅၀၀ ကျပ်ထဲဖြင့်ပြသနိုင်မှာဖြစ်ပါတယ်။

ချမ်းသာကြီး ၃ (၂၄နာရီ) အထူးကုဆေးခန်းမှာရရှိနိုင်တဲ့အခြားဝန်ဆောင်မှုများကတော့

🏨 သာမန်နာမကျန်းနှင့် အထွေထွေရောဂါများကုသခြင်း
🏨 အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်း
🏨 မျက်စိစမ်းသပ်ခြင်းနှင့် မျက်စိခွဲစိတ်ဆရာဝန်ကြီးများနှင့်ပြသခြင်း
🏨 Ultrasound ( တယ်လီ​ဗေးရှင်းဓါတ်မှန်ရိုက်ခြင်း)
🏨 Computed Radiography ( X-Ray ဓါတ်မှန်ရိုက်ခြင်း)
🏨 Echocardiogram ( နှလုံး ECG ဆွဲ​ပေးခြင်း)
🏨 Medical Checkup Service ( Package အလိုက်ကျန်းမာ​ရေးစစ်​ဆေးခြင်း)
🏨 Diagnostic Laboratory ( ဓါတ်ခွဲခန်းဖြင့် ​ရောဂါ စစ်​ဆေးရှာ​ဖွေခြင်း)
🏨 Vaccination ( ကာကွယ်​ဆေးထိုးနှံခြင်း)

🏥🏥ဆေးခန်းလိပ်စာ - အမှတ် (၅၃/၁ - ၅၃/၃)၊ အနော်ရထာလမ်း၊ ရွှေကမ်းသာယာအိမ်ယာအပြင်ဘက်တန်း (အတွင်းပဒံ)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

☎️ - 09 766 677 676

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No (53/1 To 53/3), Anawrahta Road, Shwe Kan Tharyar Housing (Shophouse), Hlaingtharyar
Yangon