သီရိ-Kyetthayay

သီရိ-Kyetthayay

၁၀၀%မြေပဲဆီစစ်စစ်ဖြစ်သောကြောင့် ယု?

12/01/2023

အမိုးနီးယားဓာတ်ငွေ့ ( Ammonia Gas )
ယိုစိမ့်လျှင်ပထမဦးစွာ
သန့်ရှင်းတဲ့လေ ရမည့် နေရာသို့
လျှင်မြန်စွာ ရောက်အောင်သွားပါ

လိုအပ်တဲ့ မျက်စိ နှာခေါင်းအကာအကွယ်များသုံးပါ

ဓါတ်ငွေ့သက်ရောက်ခံလူများအနေဖြင့်
မျက်စိကို ၅ မိနစ်ခန့် ရေနဲ့ဆေးပေးပါ

လိုအပ်ပါက မဖြစ်မနေဆရာဝန်နဲ့
ပြသပြီး ကုသမှုခံယူပါ

အမိုးနီးယားဓာတ်ငွေ့ ( Ammonia Gas )
အကြောင်း တစ်စေ့တစ်စောင်း ပါ။

အမိုးနီးယား ( Ammonia ) ကို
ဘယ်မှာအသုံးများသလဲဆိုရင်
အအေးခန်းစက်ရုံတွေနဲ့
ရေခဲစက်တွေမှာ အသုံးများပါတယ်။

မီးလောင်လွယ်ပြီး
ရေမှာပျော်ဝင်လွယ်တဲ့
အဆိပ်ဓာတ်ငွေ့ဖြစ်ပါတယ်။

အသုံးဝင်မှုများသလို
မကိုင်တွယ်တတ်ရင်
အန္တရာယ်လည်းရှိနိုင်ပါတယ်။

ဒါကြောင့် " ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှာတားဆီးကာကွယ်ရေးဥပဒေ " အရ Ammonia Gas အသုံးပြုတဲ့
ရေခဲစက်နဲ့အအေးခန်းစက်ရုံတွေလိုက်နာဆောင်ရွက်ရမဲ့အချက်တွေကို
ထုတ်ပြန်ပေးခဲ့ပါတယ်။

ပုံပါ အန္တရာယ်သတိပေး Pictogram လေးတွေကို လုပ်ငန်းခွင်မှာကပ်ထားဖို့လိုပါတယ်။

Ammonia ဓာတ်ငွေ့က ဆလင်ဒါထဲမှာ ဖိအားနဲ့ထည့်သွင်းထားတဲ့ ဖိသိပ်ဓာတ်ငွေ့ ( Gas under pressure ) ပါ။
လောင်စားတတ်ပါတယ်။ ( Irritation )
အသက်ရှုလမ်းကြောင်းကိုထိခိုက်လွယ်ပါတယ်။ ( Respiratory Damage )
ပတ်ဝန်းကျင်မှာရှိတဲ့ ငါးကလေးတွေနဲ့ သစ်ပင်တို့ကိုအဆိပ်သင့်စေပြီး ခြောက်သွေ့ပြီးသစ်ခြောက်ပင်နဲ့ငါးလေးတွေကိုသေစေပါတယ်။

အမိုးနီးယားအငွေ့က
သူ့ဘာသာ Container ထဲမှာလုံနေရင်
ဘာမှမဖြစ်ပေမယ့်
ပိုက်လိုင်းယိုစိမ့်မှု ဖြစ်ရင်တော့ အန္တရာယ်ရှိပါတယ်။

အသက်ရှုလမ်းကြောင်းကနေတစ်ဆင့်ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး
ချက်ချင်းအဆိပ်သင့်မှု ( Acute Toxicity ) ကိုဖြစ်စေပါတယ်။

အဆုတ်ရောင်ရောဂါလည်းဖြစ်နိုင်ပါတယ်။

မျက်လုံးရဲ့ ချွဲပါးရောင်ရမ်းတာ အကြိတ်အဖုဖြစ်တာ
ခန္ဓာကိုယ်အရေပြား ရောင်ရမ်းတာကြောင့်
ခန္ဓာကိုယ်မှာရှိတဲ့ Tissue တွေကို
လျင်မြန်စွာသေစေနိုင်စေတဲ့အပြင်
ဝဲခြောက်နာလို အမာရွတ်တွေဖြစ်စေနိုင်လို့
စနစ် တကျ ကိုယ်တွယ်အသုံးပြုဖို့လိုပါတယ်။

Photos from သီရိ-Kyetthayay's post 05/01/2023

ဗဟုသုတမျှဝေခြင်း အစီအစဉ်
# # # # # # # # # # # # # # # # # # # # #
မက်လင်ချဥ် အသုံးဝင်ပုံ
(13 .10.2022)

အသီးဟာ ဗီတာမင် စီကြွယ်ဝတယ်

သွေးတိုး နှင့် ဆီးချိုကို ကျစေတယ်

သွေးတွင်း အဆီဓါတ် ကျစေတယ်

ဘီပိုး စီပိုးရှိသူများ နှင့် အသည်းရောင်

အသားဝါရောဂါသည်များ နှလုံးအားနည်းခြင်း

အတွက် အသုံးပြုနိုင်ပါတယ်

ရေဖျင်းရောဂါအတွက်လည်းသောက်သုံးနိုင်တယ်။

အဆုတ်သန့်ရှင်းကာ အားကောင်းစေတယ် ။

ချွဲသလိပ်ကြေစေသည်။

မက်လင်ချဥ် ကဝမ်းလေချုပ်သည့်အနာ၊ သလိပ်နာ၊ လေနာကို နိုင်ပါတယ်

ကျင်ကြီး ကျင်ငယ်ကို ချေဖျက်ပြီး အောက်ကိုသက်စေတယ်၊

နှလုံးနဲ့ဆိုင်သောအနာ အသည်းနဲ့ဆိုင်သောအနာ တို့နှင့်အထူးသင့်တယ်

မောဟိုက် ချောင်းဆိုး ပန်းနာ အစာမကြေရောဂါတွေကို သက်သာစေတယ်လို့ ဆေးကျမ်းတွေမှာဖော်ပြထားတယ်။
Crd #

28/10/2022

ဖတ်မိတဲ့အကြောင်းအရာလေးနှစ်သက်မိလို ပြန်လည်မျှဝေဖို့လာခဲ့ပါတယ် အဆွေတို့ရေ
ဝန်ထမ်းက_ငွေကိုရှာတယ်။
လုပ်ငန်းရှင်က_ငွေကိုခိုင်းတယ်။

#ဝန်ထမ်းက_ငွေရှာဖို့အတတ်ပညာကို သင်တယ်။
လုပ်ငန်းရှင်က ငွေကိုခိုင်းတဲ့ပညာကိုသင်တယ်။

ဝန်ထမ်းက ငွေစုတယ်။
လုပ်ငန်းရှင်က ငွေကို ရင်းနှီးမြုပ်နှံတယ်။

ဝန်ထမ်းက ဘဏ်ကိုငွေချေးပြီး အတိုးပုံမှန်ယူတယ်။ လုပ်ငန်းရှင်က ဘဏ်ကနေ ငွေချေးပြီး
ချမ်းသာအောင်လုပ်တယ်။

ဝန်ထမ်းက လခတိုးဖို့ကြိုးစားတယ်။ လုပ်ငန်းရှင်က အမြတ်အစွန်းရအောင်တွက်ချက်တယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Pepsi ဦးသိန်းထွန်းကတော့ ချမ်းသာကြွယ်၀ဖို့ အဆင့် ၃ ဆင့်ရှိတယ်လို့ပြောဖူးတယ်။ ဘာတွေလဲဆိုတော့ -

(၁) ပိုက်ဆံရှာတဲ့ပညာကို သင်ပါ။
(၂) ပိုက်ဆံအုပ်ချုပ်တဲ့ပညာကို သင်ပါ။
(၃) မင်းအတွက် ပိုက်ဆံရှာပေးမယ့်သူတွေကို ငှားရမ်းပါတဲ့။

Crd

02/07/2022

လေ့ကျင့်ခန်းပို့စ်တွေကို share ပေးရင်း အလိုလိုပိန်လာရင် ပိုတောင်သဘောကျသေး
(ပုံ # crd)

30/06/2022

အဲလို မလုပ်ရဘူးနော်
အက်ဒမင်သီရိက ခြေကျိုးထားလို့ လေ့ကျင့်ခန်းလုပ်လို့မရသေးလို့ အဲ့လိုတွေးမိတာ
ချစ်ဆွေလေးတို့ကတော့နေ့တိုင်းလေ့ကျင့်ခန်းလုပ်ရမယ်နော်
(ခြင်ထောင် ၇ ပတ်)

27/06/2022

‘မစ္ဆရိယစိတ်(၅)မျိုး’

🙏ပြန်လည်မျှဝေပါတယ်ရှင်

#ဣဿာ မစ္ဆရိယ ဟူသည်

ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊ ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး။ Congratulations မလုပ်နိုင်ဘူးပေါ့လေ။
လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး။ မပျော်နိုင်ဘူး။ လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး။ မရှုစိမ့်ဘူး။ မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်။ Jealousy ပေါ့။
ဒါကလည်း ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊ စိတ်ဆိုးတာမဟုတ်ဘူး။ သို့သော် စိတ်ယုတ်တာ စိတ်ပုပ်တာဖြစ်တယ်။ လူတစ်ယောက်အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်။ အကောင်းမပြောနိုင်ဘူး။ ဒါ ဣဿာပဲ။

#မစ်ဆရိယ

နောက်တစ်ခုက 'မစ္ဆရိယ'ဆိုတာ ကိုယ့်အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ။ ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်။ ဒါ မစ္ဆရိယ ခေါ်တယ်။
မစ္ဆရိယဆိုတာလည်း အတူတူပဲ။ ဒေါသနဲ့ ယှဉ်တွဲတယ်။ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ၊ နှမြောအိုးမို့ ဘာမှ မလှူဘူး။ မတန်းဘူး မပေးဘူး။ မကမ်းဘူးလို့ ပြောကြတယ်။
မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်လား။ မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး။ ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး။ အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။
မစ္ဆရိယ (၅) မျိုးရှိတယ်။

၁။ #အာဝါသမစ်ဆရိယတဲ့
ကိုယ့်နေတဲ့နေရာမှာ သူများလာနေရင် မကြိုက်တာ ဟုတ်လား။ ကိုယ့်အဆောက်အဦးထဲမှာ သူများလာရင် မကြိုက်တာ 'အာဝါသမစ္ဆရိယ'နော်။ 'အာသဝါမစ္ဆရိယ'ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး။ မီးရထားနဲ့သွားတာတောင် ပေါင်ကားထိုင်သေးတယ်။ အနားနားမှာ ဒီပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ နေရာမပေးချင်ဘူး။ အဲဒါမျိုးပြောတာ အာဝါသမစ္ဆရိယဆိုတာ။

၂။ #ကုလမစ်ဆရိယ
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို သူများ ဒကာ, ဒကာမ ဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ။ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး။ ကုလမစ္ဆရိယ။

၃။ #လာဘမစ်ဆရိယ
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

၄။ #ဝဏ္ဏမစ္ဆရိယ
ဝဏ္ဏမစ္ဆရိယဆိုတာ ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်။ သူများ မကျော်ကြားစေချင်ဘူး။

၅။ #ဓမ်မမစ်ဆရိယ
ကိုယ်သိတဲ့တရားကို သူများမပေးချင်ဘူး။ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး။ သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ။ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်။ ကျန်တဲ့လူတွေ မသိရဘူး။ အဲဒါမျိုးလုပ်ချင်တာ။ အဲဒါ ဓမ္မမစ္ဆရိယလို့ ခေါ်တယ်။

အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ ဆိုပြီးတော့ မစ္ဆရိယ ငါးမျိုးရှိတယ်။
မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ။ အဲဒါကို ပြောတာနော်။ ဒါလည်းပဲ မရစေချင်ဘူးဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့နော်။ တိရစ္ဆာန်ရုံသွားတဲ့အခါမှာ အထူးအားဖြင့် ဘာကြည့်ချင်တုံးဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေက အစာဝဝ စားရတာ မဟုတ်ဘူး။ သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာ။ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင် သူတို့ ယောက်ယက်ခတ်နေပြီ။ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်လုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင် အဲဒီကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။ ဘာကြောင့် အဲဒီလို ဖြစ်တာတုံးဆိုရင် မစ္ဆရိယကြောင့်။ သူရထားတဲ့အစာကို လာမထိနဲ့ပေါ့။ အဲဒီ အဓိပ္ပာယ်မျိုး ရှိတယ်။
ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင် မာန်ဖီတော့တာပဲ မဟုတ်လား။ အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်။ ခွေးကလေး နှစ်ကောင် ကစားနေတဲ့ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ။ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ယှဉ်တယ်လို့ ပြောတာ။ မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ။ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။
သို့သော် အဲဒီမစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး။ ဘာဖြစ်လို့တုံး၊ အာရုံချင်း မတူဘူး။ စိတ်ရဲ့ ဦးတည်ချက်တွေ မတူကြဘူးတဲ့။
ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်။
မစ္ဆရိယဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။ #ဓမ္မ

#အဘိဓမ္မာမြတ်ဒေသနာ ပထမတွဲမှ ကောက်နုတ်ချက်)
မြသန်းစံ(ပါမောက္ခချုပ် ဆရာတော်၏ ဘဝခရီးနှင့် ဓမ္မဆီမီး)

18/06/2022

ချစ်ဆွေလေးတို့အတွက်
😊😊😊😊😊
ရင်သားကင်ဆာနှင့်ညဉ့်နက်စာ

အမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာ
သွားရည်စာစားခြင်းများက ရင်သားကင်ဆာဖြစ်ဖို့
အခွင့်အရေးအန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့တူတယ်လို့
အမေရိကန်ရှိ San Diego School of Medicine မှလေ့လာသူ
Catherine Marinac ကဆိုထားပါတယ်။

၎င်းရဲ့တွေ့ရှိချက်က ညစာစားပြီးချိန်မှ နောက်တနေ့ နံနက်ခင်းစာစားချိန်အထိ အချိန်ကြာကြာ အစာမစားလေ ဂလူးကို့စ်သကြား
ကင်ဆာရောဂါကိုဖြစ်စေတဲ့သွေးထဲရှိဓါတ် ပမာဏလျော့ကျလေဆိုတာပါပဲ။

The longer the period they spent without food, the more stable their blood sugar.

ဒီလိုပြုမူနေထိုင်ခြင်းက အာဟာရ(သို့)ကယ်လိုရီကို ရှုပ်ထွေးနေ
အောင် တွက်ချက်စားသောက်နေရတာထက် လူထုကျန်းမာရေး
အတွက် ပိုမိုအကျိုးရှိတယ်လို့ဆိုတယ်။

အခြားအချိန်တွေမှာဘယ်လောက်စားစား ညစာစားပြီးနောက်အစာမစားချိန် ၃ နာရီတိုးတိုင်း သွေးထဲရှိဂလူးကို့စ်သကြားဓါတ် ၄%
လျော့ကျတယ်။

Each three-hour increase in night-time fasting was associated with a 4 per cent lower blood glucose level, regardless of how much the women ate at other times.

ကျွမ်းကျင်သူများရဲ့ယူဆချက်အရ သွေးထဲရှိသကြားဓါတ်တည်ငြိမ်မှုဟာရင်သားကင်ဖြစ်စေတတ်တဲ့ ဟော်မုန်းခွဲထွက်မှုအန္တရာယ်ကို
လျော့ပါးစေတယ်လို့ဆိုတယ်။

This may be because glucose provides fuel for rapidly dividing cancer cells. And insulin – the hormone that is pumped into the blood to remove excess glucose – is also thought to stimulate the growth of the disease.

အမျိုးသမီး ၂၂၁၂ ယောက်ကိုလေ့လာပြီးရေးသားတဲ့ဒီစာတန်းကို Philadelphia မှာပြုလုပ်တဲ့The American Associstion for Cancer Research's နှစ်ပါတ်လည်အ
စည်းအဝေးမှာတင်ပြခဲ့ပြီးThe journal Cancer Epidemiology မှာလည်းဖေါ်ပြခဲ့တယ်။
အမျိုးသမီးတိုင်း အောက်ပါအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးသင့်တယ်။

-Monthly self-exams(ရင်သားကို လစဉ်ကိုယ်တိုင်လက်ဖြင့်ပွတ်သပ်စစ်ဆေးပါ)
-Attention to breastchanges(ရင်သားပုံစံပြောင်းလဲမှုကို ဂရုပြုမိပါစေ)
-Medical exam(ဆေးမှန်မှန်စစ်ပါ)
-Annual mammograms at age 40(အသက် ၄၀ ကျော်ရင် နှစ်စဉ် mammogram ရိုက်ပါ)

ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘူယျအားဖြင့်မာကြောခြင်း၊
နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိပါတယ်။
Cancerous lumps are more likely to be hard, painless, and unmovable.
ရင်သားမှာအောက်ပါထူးခြားချက်များတွေ့ရှိလာပါက ဆရာဝန်ပြသစစ်ဆေးပါ။

Credit ပေးပါတယ်မူရင်းရေးသားသူအား

09/06/2022

ဟဲဟဲ လုပ်ငန်းတွေ အဆင်ပြေချက်🥴🥴

08/06/2022

မင်းကိုငါမုန်းတယ်လို့ 😳တစ်ခါမှမပြောခဲ့ဖူးပါဘူး 😓
ကိုယ်မဟုတ်တဲ့ သူဆီမှာမင်းရှိနေတာ ငါစိတ်မကောင်းဘူး😢😢😢
သူများရင်ခွင်မှာမင်းအကြာကြီးမပျော်ပါနဲ့ 😞😞
ပြန်လာခဲ့ပါ ငါ့ဆီကို 🚶‍♀️🚶‍♀️🚶‍♀️
ငါ့ကိုပျော်ရွှင်သွားအောင် အပြေးလေးသာပြန်လာခဲ့ပါတော့
💸💸💸💰💰💰💰💰
ပိုက်ဆံလေးရယ်

06/06/2022

ဘဲတွေဝိုင်းနေချင်ရင် သေချာတဲ့အလုပ်ရှာလုပ်မှာသာ အသေအချာဘဲဝိုင်းခံရမှာပါ🦆🦆🦆🦆
ကဲရှာတော့😁😁

05/06/2022

အပျင်းပြေ OMGလေးဆော့မိတော့မှ 😬
တစ်သက်လုံးကိုယ့်ဘာသာ မိန်းမ ထင်ထားတာ မဟုတ်ဘူးဆိုတာ ခုမှ သိတော့တယ် 😆
😩ဘယ်လို ကြည့်ကြည့် တော်တော်လေးကိုဆင်တာနော် 😁

Photos from သီရိ-Kyetthayay's post 05/06/2022

ဟင့် ဟင့် ဟင့်
ကယ်ကြပါ

05/06/2022

ချစ်ဆွေလေးတို့ရေ
အစစ သတိထားကြပါနော်
သတိထားရအောင်မျှဝေပါတယ်ရှင်
😔😔😔😔😔
ခိုး ၊ ဆိုး ၊ လု ယက် ပေါများနေတဲ့ ခေတ်ကာလမှာ
ဘယ်တော့( ဘယ်တော့မှ)

Mobile Payment တွေ ချိတ်ထားတဲ့ ဆင်းကတ် ကို
ယူသွားယူလာ ဖုန်းထဲ မထည့်ထားပါနဲ့

❗️❗️အိမ်မှာပဲ ထားကြပါ..

အိမ်က လူကြီးတွေကိုလည်း အဲလိုလုပ်ဖို့
ပြောပြပါ.,.

ဖုန်းအနှိုက်ခံ အလုခံ ရတဲ့အခါ ဖုန်းလည်း ဆုံး
အကောင့်ထဲက ပိုက်ဆံတွေလည်း ဆုံး ဖြစ်တတ်ပါတယ်..

မသမာသူတွေက ဖုန်းရသွားတာနဲ့ SMS ကနေ
Password Reset ချပြီး Mobile Banking က
ပိုက်ဆံတွေ လွှဲထုတ်တတ်တယ်.. ကံကောင်းရင်
App က မှတ်ပုံတင်နံပါတ် မေးတတ်တာကြောင့်
၀င်မရခဲ့ရင် ပြဿနာမရှိဘူး..

ကိုယ့်ဖုန်းနံပါတ်က အလုပ်၊ မိတ်ဆွေ ၊ လူသိများတဲ့
နံပါတ်မို့ မပြောင်းချင်ဘူးဆိုရင် Payment ထဲက
နံပါတ်ကို တခြားနံပါတ်အသစ်တစ်ခု နဲ့ပြောင်းပါ..

တချို့ Mobile Payment တွေက Sim Card နံပါတ်
Switch လို့ရပါတယ် .. မရရင် ဘဏ် သို့
Mobile Payment Call Center ကို မေးကြည့်ပါ..

Sim Card နံပါတ်ပြောင်းထားခြင်းအားဖြင့်
ကိုယ်ရေးကိုယ်တာအချက်အလက်တွေလည်း
တနည်းအားဖြင့် လုံခြုံမှုရှိပါတယ်..

--------------------------------------------

ဒီလိုမှမဟုတ်ပဲ ဖုန်းလုယက်ခံခဲ့ရရင်

ပထမ - Operator ဆိုင် (သို့) Call Center ကို
ဆက်သွယ်ပြီး ဆင်းကဒ်ကို အမြန်ဆုံးပိတ်ခိုင်းပါ..

ဒုတိယ - ဘဏ် (သို့) ဘဏ်ရဲ့ Call Center ကို
ဆက်သွယ်ပြီး
နာရီပိုင်းအတွင်း ငွေလွှဲသွားသည့် အကောင့် ရှိမရှိ ၊
ရှိ ခဲ့ရင် အဲဒီအကောင့်ကို ပိတ်ဖို့ မေးမြန်းတိုင်ကြားပါ..

မိမိ အကောင့်ကို ငွေအထွက် ခဏ ပိတ်ခိုင်းပါ.
(ဘဏ်တချို့ ချက်ချင်း မလုပ်ပေးပါ.)

တတိယ - အခြားဖုန်းနဲ့ အင်တာနက်မိတဲ့နေရာကနေ
Lost My Phone ထဲ၀င်ပြီး Data တွေကို ဖျက်ချပါ..

ဒါတွေလုပ်ဖို့ အများစုက
အချိန်ကောင်းကောင်းရပါတယ်

ဘာလို့လဲဆိုတော့ ဖုန်းလုခံရပြီးတာနဲ့
ဆင်းကဒ်ထုတ်လိုက်တာ ဖြစ်ဖြစ် ဖုန်းပိတ်တာဖြစ်ဖြစ်
လုပ်ခံလိုက်ရတာမို့ အဲဒီအချိန် ခဏမှာ
အမြန်ဆုံး Action ယူဖို့ပါ..

လုယက်မှုတိုင်းမှာ ဖုန်းပါသွားတာမို့
ဒီအချက်က အရေးကြီးပါတယ်..

အများစု သတိရတာက ဖေ့ဘုတ်အကောင့်ကိုပဲ
စိတ်ပူတတ်ကြတာ .. Mobile Payment ကို
မေ့နေတတ်ကြတယ်.. သတိပေးတာပါ..

Copy ယူလို့ရပါတယ်..
crd ပေးစရာမလိုပါဘူး..

05/06/2022

ကြက်ပေါင်း
ဘဲကင်
ဆူရှီ
ကျောက်ပုစွန်ကင်

04/06/2022

ကဲ ချစ်ဆွေလေးတို့လည်း အသက်ကြီးလာတဲ့အခါ အေးချမ်းစွာနေနိုင်ပါစေနော် လို့🤗

Photos from သီရိ-Kyetthayay's post 04/06/2022

ချစ်ဆွေလေးတို့ရေ
ဟာသပို့စ်တွေချည်းတင်နေရာက ဈေးရောင်းပို့စ်လေးတင်လိုက်လို့မသိခြင်ထောင် မထောင်လိုက်ပါနဲ့နော်😥
လိုအပ်တဲ့ပစ္စည်းလေးဖြစ်ခဲ့ရင်အားပေးကြပါဦးနော်😊
အသုံးတဲ့ အိမ်သုံးပစ္စည်းလေးတွေ​အရောင်းတင်ပါရစေရှင်😊
မိုးကလေးကအေးလာပြီဆိုတော့ မီးမလာတဲ့အချိန်မှာဟင်းလေးတွေကို လွယ်လွယ်ကူကူ လျှင်လျှင် မြန်မြန် သက်သောင့်သက်သာစွာ ချက်ပြုတ်စားသောက်နိုင်ဖို့နဲ့ သွားလေရာသယ်လို့ရတဲ့ လက်ဆွဲသေတ္တာလှလှလေးပါပါတဲ့ Gas မီးဖို လှလှလေးတစ်လုံးတော့ လိုအပ်သူတွေအတွက်ရှိသင့်ပါတယ်ရှင်🤗
👨‍🍳👩‍🍳
ဟင်းချက်နေတဲ့အချိန် မီးပျက်လို့ဘဲဖြစ်ဖြစ် ၊ ထမင်းဟင်းများ မြန်ဆန်စွာ ချက်ချင်လို့ဘဲဖြစ်ဖြစ် အရမ်းအသုံးတည့်တဲ့ မီးဖိုလေးပါ♨️♨️

Gas ဘူးအသေးလေးဝယ် ထည့်သွင်းအသုံးပြုရပြီးGas အရည်လည်း အလွယ်တကူပြန်ဖြည့်လို့ရတာမို့
👩အိမ်မှာ ဟင်းချက်ဖို့ မီးပျက်နေတဲ့အခါ အသုံးတည့်သလိုခရီးထွက်ရင်လည်း အလွယ်တကူ သယ်လို့ရတာမို့ အသုံးတည့်စေပါတယ်ရှင်⛲⛲

Price-16500 ကျပ်

03/06/2022

အင်ဒမင်သီရိတွေးမိတဲ့အတွေးတစ်ခု🤔
လူဘဝကတိုတယ်
မရှည်တာကစိတ်
လူတွေက ဘဝတိုကိုလာကြတဲ့ဧည့်သည်တွေပါ ဧည့်သည်အချင်းချင်းသူသာတယ် ကိုယ်သာတယ်နဲ့
အမှန်က သူမသာ ကိုယ့်အသုဘတွေချည်းပါ
ဟုတ်တယ်လေ🤨
နေ့တိုင်းကျမတို့မသာချနေရတာပဲ
မိုးလင်းရင် မျက်နှာသစ်ရ သွားတိုက်ရ
ကိုယ်လက်သန့်စင်ရ 😑အညစ်အကြေးစွန့်ရ😫
အဲ့ဒါတွေဘာမှမလုပ်ဘဲနေကြည့်ပါလား 😴ဟင်းဟင်း
အပုပ်ကောင် တုတ်ထောင်နေကြတာချည်း😌
ဒါကိုပဲမာန်တက်သူကတက်
လောဘတက်သူကတက်နဲ့
အရေးထဲ နှမြောတွန့်တိုလို့မစားရက်မသောက်ရက် မလှူရက် မပေးကမ်းရက်နဲ့😣
သေရင်ကိုယ့်နောက်ပါမှာကျနေတာပဲ😥😥
ရွှေတွေ စိန်တွေကို ကျစ်ကျစ်ပါအောင်စု😏ကိုယ်ကျတော့ငပိရည်ကသိုင်းရှုစားပြီး ရုတ်တရက်ဂန့်သွားတော့ ကိုယ့်ခေါင်းအုံးသူများအုံးလို့ ကိုယ့်အထုတ်သူများပိုင်လို့ 😥
ကိုယ်ကတော့ ကုသိုလ်လည်းမပါ ဘာမှမပါနဲ့ 🙄
သက်ရှိစဥ်က ပါသွားတဲ့ အထုတ်ကလည်းသယ်လာမရတော့ထုတ်ရောင်းလို့ကမရ😑
ကုသိုလ်ထုတ်ကလည်းပါမသွားတော့ ဒုက္ခနဲ့လှလှတွေ့ကြလေသတည်းပေါ့🤐
ကဲဒီတော့ ရှိသင့်တာလေးရှိရင်လောဘနဲ့အသက်မဆက်နဲ့ မျှတအောင်နေကြပေါ့ 🤩 မလိုအပ်ရင် ထုတ်ရောင်း လိုအပ်တာတွေဝယ်ခြမ်း လောကအတွက်လိုအပ်မှာတွေလှူရင်းစိတ်လက်ချမ်းသာစွာနေကြည့်ကြပါလို့ 🤔😶
ချစ်ဆွေတို့ရဲ့ရူပါအချောစားကြီး(မချောဘူးလို့ဒေါက်မဖြုတ်ရ😝)
နှင်းသီရိကျက်သရေ

01/06/2022

ငါ မမေးဘူး ပြန်ဖျက်

01/06/2022

အက်ဒမင်သီရိ ဖတ်မိထားပြီး နှစ်သက်တာလေးမို့ ဖတ်ရသေးသူတွေအတွက် မျှဝေပါတယ်ရှင်
😍😍
မိသားစုတိုင်းမှာ ဒုက္ခပေးလွန်းသူပါလာရင်လည်း
မိသားစုတဘဝလုံးမှောက်ပါလိမ့်မယ်
တခါက မိသားစု တစ်စုဟာ လှေတစ်စင်းနဲ့ ခရီးထွက်လာတယ်။
အဖေဖြစ်သူက ရှေ့မှာ အားရပါးရလှော်။
အမေက လိုရာရောက်ဘို့ နောက်ကနေ လှေကို ပဲ့ကိုင်လို့ပေါ့။
မြစ်ကမ်းဘေးကကြည့်ရင် အင်မတန် အားကျစရာပဲ။
လှေပေါ်က အခြေအနေကိုပြောပြမယ်နော်။
အဖေက ရှေ့ကို အားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေလို့ နောက်မလှည့်အားဘူး။
အမေကတော့ နောက်ဆုံးကနေ လှေထိမ်းနေရတော့ အားလုံးကို မြင်နေရတာပေါ့။
အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတယောက်က သူ့အောက်ကို ငုံ့ပြီး ဓားချွန်တစ်ချောင်းနဲ့ ထိုးဖောက်နေတာ သတိထားမိတယ်။
အမေဖြစ်သူက အဖေကြီးမသိအောင် တားပေမဲ့ မရဘူး။နောက်ဆုံး ရှေ့ရောက်အောင် အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားတယ်။
". .မင်းဘာလုပ်တာလဲ....''လို့ ...လှည့်ပြီးမေးတော့ သားက
". လှေကို ဓားချွန်နဲ့ ဖောက်နေတာ..'' လို့ပြောတယ်။
" မင်းဘာလို ဒီလို လုပ်တာလဲ...''မေးတော့ ''ဘာဖြစ်လဲ.....ဘယ်သူ့ အောက်မှာမှ အပေါက်ဖောက်တာမဟုတ်ဘူး...... ကိုယ့်အောက် ကိုယ်ဖောက်တာ....'' လို့ပြောပြီး အားနဲ့ ထိုးစိုက်လိုက်တယ်။
လှေထဲကိုရေတွေ အရှိန်နဲ့ဝင်လာတယ်။အားလုံးဟာ ရေကူးတတ်တဲ့ သူတွေဆိုတော့ အသက်တွေတော့ မဆုံးရှုံးဘူးပေါ့။
ဒါပေမဲ့ လှေလေးကတော့ မြုပ်ပြီး ခရီးကတော့ ပျက်သွားတယ်။
ဒီအဖြစ်အပျက်လိုပါပဲ။
တခါတရံ မိသားစုတခုမှာ ဘာမှလဲ မလုပ်နိူင်။ အလယ်ကနေ ထိုင်စီးပြီး ဒုက္ခပေးမဲ့သူတွေ ပါတတ်ပါတယ်။
သူတို့စိတ်ထဲမှာ လှေရဲ့ အလယ်က ထိုင်စီးနေသူလိုပါပဲ။ကိုယ့်အောက်ကိုယ်ဖေါက်တာ။ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်လို့ တွေးတတ်ပါတယ်။တကယ်တော့ လှေပေါ်မှာ တစ်မိသားစုလုံးထိုင်နေတာပါ။
တစ်ခရီးထဲ သွားနေတဲ့ တစ်မိသားစုလုံးဒုက္ခရောက်ကုန်တာပါ။
ဒါကြောင့် မိသားစုတခုမှာ ကိုယ်ဘာသာ ကိုယ်လုပ်တာ။
ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်ဆိုတာ မရှိပါဘူး။တယောက်ယောက်က ဖောက်လာရင် ကျန်သူ အကုန်လုံး ဒုက္ခရောက် တတ်ပါတယ်။
ကိုယ့်ကြောင့် ဒုက္ခမဖြစ်ဖို့......တခြားသူများကိုလည်း တွေးပူတတ်ဘို့ လိုအပ်ပါတယ်။

* ဘဝခရီးမှာ အဖော်မွန်ကောင်းတွေ ရကြပါစေ။
🙏🙏🙏
မူရင်းတင်သူအား Crdပေးပါသည်

01/06/2022

အစစအရာရာ ချွေတာနေကြရတဲ့ ခေတ်ကြီးမို့ အကြံပြုပါရစေ ချစ်ဆွေတို့

၁-ဆိုင်ကယ်ဆီ ချွေတာသုံးနည်း
အိမ်ကအထွက်စက်မနှိုးဘဲ ဘီးအသာလှိမ့်ပါ
ကုန်းတက်ဆို လက်နှစ်ဖက်ဖြင့်သေချာကိုင်တွန်းပါ
အဆင်းဆို ဖရီးရိုက်ပါ

မြေပြင်ညီဆို လက်ကထိန်းပြီးသွားပါ
အိမ်ပြန်ရင် ထမ်းပြန်ပါ
၂-ရေချိုးနည်း
ဇလုံတစ်ခုထဲဝင်ပါ
ခွက်တစ်ခုဖြင့်ရေခပ်ပြီးဇလုံထဲမှာချိုးပါ
ဇလုံထဲကရေကို ခွက်ထဲထည့် ပြန်ချိုးပါ စိတ်ကျေနပ်သည်အထိ ဇလုံထဲဝင်လိုက် ထွက်လိုက် ခပ်လိုက် ဖြင့်အကြိမ်ကြိမ်ချိုးပါ

အစစအဆင်ပြေကြပါစေ😎

01/06/2022

တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါနော် ဟင်းဟင်း🥳🥳
ရည်ရွယ်ချက်ရှိရှိတင်တာဟုတ်ဘူးနော် ဟီးဟီးဟီး 😉
ပုံကူးလာတာပါရို့ 😚😚
ခု ပို့စ်ကို Likeလုပ်သူအားလုံး အချောစားတွေ ချည်း ပါနော်
မတော် ပုံမြင်ကာမှနသိချင်ထောင်ထောင်သွားမှာစိုးလို့🥳🥳

31/05/2022

မင်းမရှိရင်မနေတတ်ဘူးသိလား

31/05/2022

ပြောထားရဦးမယ် ။
အက်ဒမင်သီရိရဲ့ Page ကလူရင်းတွေမို့ပြောရတာပါ။
အဓိကယောကျာ်းလေးတွေပေါ့။
သူ့ အစားကြီး ချက် ကို သိကြတယ်ဟုတ် ။ ဘာမှရှောင်တာမဟုတ်ဘူး။
ဒင်းရှေ့ဆို
ပုဆိုးအောက်စတောင်လွတ်အောင်မထိုင်ကြနဲ့နော်။
မတော် အောက်စလွတ်နေရင် ငရုတ်ချဥ်ခွက်ကြီးကိုင်ပြီး
လာဆွဲစားနေ မှာ
မကြောက်လည်းရတယ် နော်။
ဟိုရက်ပိုင်းကလဲ ကြက်ပေါင်ဖိနပ်ကြီးကိုကိုက်စားနေတာတွေ့ရသေးတယ်ဟုတ်
အေး
အေး
မိန်းကလေးတွေလည်း သတိထားကြ။
သူ့ရှေ့မှာ ကိုယ့်ရင်ဘက်ကို စကော စကာတစ်ခုခုနဲ့အုပ်ထား။
မတော်ကာ ပေါက်စီဆိုပြီးဆွဲစားခံနေရမယ်။
သူ့Video ကြည့်ရင်လည်းသတိထားနေရတယ်။
ဖုန်းထဲကနေ အချဥ်ခွက်ကြီးကိုင်ပြီးထွက်ချလာရင် ပြေးပေါက်မှားမှာ 😂😂😂

30/05/2022

ကဲ ဒီနေ့အတွက် မိုတီလေးပေါ့။

30/05/2022

ညတိုင်းအဟားပို့စ်လေးတွေပဲတင်နေရာကနေ ညမရောက်ခင်မှာ တင်ချင်တာလေး တစ်ခုတင်ပါရစေနော်။
ပို့စ်အဟောင်းလေးကူးထားတာပါ။
ဖတ်ရှူသူအတွက်အသုံးဝင်မယ်လို့ယုံကြည်ပါတယ်ရှင်။

“နာမည်ကောင်းတစ်ခု တည်ဆောက်ခြင်း”
Credit-Dr ဖြိုးသီဟ

တကယ်တော့ Brand ဆိုတာ ကိုယ်ကပြောတဲ့ ကိုယ့်အကြောင်းမဟုတ်ဘူး။ သူများကပြောတဲ့ ကိုယ့်အကြောင်းကသာ ကိုယ့်ရဲ့ Brand Image ဖြစ်ပါတယ်။

ဥပမာ ကျွန်တော့်ပို့စ်တွေကို ဖတ်လေ့ရှိတဲ့သူတွေဆို ထင်လိမ့်မယ်၊ ကျွန်တော်က မအေးသောင်းရဲ့ အမာခံပရိသတ်ပေါ့။ ဘာလို့ဆိုတော့ ခဏခဏ ပို့စ်တွေထဲ ထည့်ထည့်ရေးတာကိုး။ တကယ်တော့ သူ့အကောင့်ကို Follow တောင် လုပ်မထားဘူး။ သူများတွေရှယ်လို့ တွေ့ရင်သာ သဘောကျမိတာလေးတွေ Like လုပ်တာ။ ဒါပေမယ့် အဲဒါကို လူတွေမသိဘူး။ လူတွေသိတာ ကျွန်တော်က မအေးသောင်းနာမည်ကို ခဏခဏ ထည့်ရေးနေတော့ သူ့ရဲ့ပရိသတ်ပေါ့။ အဲဒီလိုထင်နေကြအောင်လည်း ကျွန်တော်ကပဲ လုပ်ခဲ့တာကိုး။ သွားပြီး အပြစ်တင်နေလို့မရဘူး။

အာဏာရှင်ဟောင်းကြီးရဲ့ မြေးတစ်ယောက်က ပြောတယ်။ အ၀တ်အစားဆိုတာ အပေါ်ယံပဲ၊ စိတ်ကောင်းရှိဖို့သာ အဓိက တဲ့ ဆိုတော့ တွေ့သမျှလူတိုင်းက ဝုိင်းဟားကြတယ်။ ဟုတ်တယ်လေ၊ သူ့နာမည် ကြားလိုက်တာနဲ့ လူတွေရဲ့ ရင်ထဲမှာပေါ်လာပြီးသား ပုံရိပ်တစ်ခုရှိတယ်။ အဲ့လိုဖြစ်လာအောင်လည်း သူပဲလုပ်ခဲ့တာ။ အဲဒါကို ဒီလိုစာမျိုး ရေးတင်လိုက်ရုံနဲ့ ဘယ်သူကမှ အထင်မကြီးတော့ဘူး။

ဒါကြောင့်မို့ သူများတွေရဲ့ အထင်အမြင်တိုင်းကို ဂရုစိုက်နေရမယ် မဟုတ်ပေမယ့် ထင်ချင်သလိုထင် ဆိုပြီး နေလို့တော့လည်း မရပြန်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ လုပ်နေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ၊ ဒီကံ၃ပါးက ကျွန်တော်တို့ရဲ့ ပုံရိပ်ကို တည်ဆောက်နေတာပဲ ဆိုတာလေး သိစေချင်ပါတယ်။

ခုဆို ဖေ့စ်ဘွတ် ကျွန်တော်တို့ သုံးကြတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ပြုမူပြောဆိုသမျှကလည်း ကျွန်တော်တိုရဲ့ Brand Image ပါပဲ။ တကယ်လို့ ကိုယ်က ဆိုရှယ်မီဒီယာကို ဒီအတိုင်းပဲ စိတ်ထွက်ပေါက်အနေနဲ့ သုံးတယ်၊ ကိုယ့်ရဲ့ နေ့စဉ်ဘ၀မှာ ဘာမှသက်ရောက်မှု မရှိဘူး ထင်ရင်တော့ ပြဿနာမရှိပါဘူး။ အဲ့လိုမဟုတ်ဘဲ ဆိုရှယ်မီဒီယာမှာ နာမည်တစ်ခု တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ သတိထားဖို့လိုပါမယ်။

၁။ Virtual world ဆိုတာ မေ့ပစ်ပါ။

ကျွန်တော် ဘုရားမှာ Check-in ၀င်ပြီး Feeling peaceful လုပ်တယ်။ ဒါမှမဟုတ် ဘားမှာ Check-in ၀င်တယ်။ ဒီပို့စ်တွေကို တွေ့တဲ့ဘယ်သူကမှ ကျွန်တော် တကယ်ဘုရားရောက်မရောက်၊ တကယ်ဘားသွားမသွား လာမစစ်ဆေးဘူး။ တကယ် လို့ပဲ ထင်သွားကြတာပဲ။ ဟုတ်တာပေ့ါ၊ ကျွန်တော်က အဲ့ဒီနှစ်ခုလုံးကို အိမ်မှာထိုင်နေရင်းနဲ့ပဲ ပို့စ်တင်နေလို့ရတယ်။ တကယ့်ကို Virtual world ကြီးပဲ။ မလုပ်ဘဲ လုပ်တယ် ပြောလို့ရတယ်။ မသွားဘဲ သွားတယ် တင်လို့ရတယ်။ ဒါပေမယ့် တစ်ဖက်မှာကလည်း ၉၉ ရာခိုင်နှုန်းသော လူတွေဟာ အဲဒီမှာ တင်သမျှ၊ ပြောသမျှကို တကယ်လို့ပဲ ထင်နေကြတယ် ဆိုတာကို သိထားဖို့လိုတယ်။ ဒါကြောင့် ဒီဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်တင်သမျှပို့စ်၊ ပေးသမျှကွန်မန့်၊ လုပ်သမျှလိုက်ခ်တွေအကုန်လုံးဟာ ကိုယ့်ရဲ့နာမည်တစ်ခုကို တည်ဆောက်နေတယ်ဆိုတာလေး သိထားဖို့လိုပါတယ်။

၂။ Emotional သိပ်မဖြစ်ပါနဲ့။

တကယ်တော့ လူတိုင်းမှာ ခံစားချက်ဆိုတာ ရှိတာပဲ၊ အခက်အခဲ၊ ပြဿနာ ဆိုတာ ရှိတာပဲ၊ တစ်နေ့ တစ်နေ့ စိတ်တို စိတ်ရှုပ်စရာတွေ ကြုံနေရတာပဲ။ အဲဒါတွေဖြစ်တိုင်းသာ တင်နေရရင် ပြီးမှာတောင်မဟုတ်ဘူး။ ဒီလိုပဲ ခံစားချက်ကို ထိန်းချုပ်ရတာပေါ့။ တစ်ခါတစ်လေလည်း ဖွင့်ထုတ်လိုက်တဲ့အနေနဲ့ တင်မိတာမျိုး ရှိနိုင်ပါတယ်။ လူတွေပဲကိုး။ ဒါပေမယ့် အမြဲတမ်း တင်နေရင်တော့ ဘယ်ကောင်းမလဲ။ လူတွေရဲ့ စိတ်ထဲမှာ ကိုယ့်နာမည် ကြားလိုက်တာနဲ့ “ဟာ ဒီလူက အရမ်းအဆိုးမြင်တာ၊ သူ့ကြည့်လိုက်ရင် ပေါက်ကွဲနေတာချည်းပဲ”၊ “ဟာ ဒီလူက အဖီးလ်တစ်လိုင်း”၊ အဲဒီလိုပုံရိပ် ထင်သွားပါလိမ့်မယ်။

စဉ်းစားကြည့်ပါ။ ကိုယ်ဆိုရင်ရော အဲဒီလိုလူနဲ့ အလုပ်တွဲလုပ်ချင်မလား။ ဘယ်လုပ်ချင်မလဲ။ ဒါကြောင့် တအား Negative ဆန်လွန်းတာတွေကို မတင်မိအောင် ထိန်းချုပ်နိုင်ကြဖို့ လိုပါတယ်။

၃။ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းတွေကို ရှောင်ပါ။

ဥပမာ မဘသ ဆိုပါတော့။ ထောက်ခံချင်ထောက်ခံ၊ မထောက်ခံချင် မထောက်ခံနဲ့၊ ဒါ ကိုယ့်လွတ်လပ်ခွင့်။ အဲဒါကိုမှ ဝေဖန်ပြောဆိုပြီဆိုတဲ့အခါ (တည့်တည့်ပြောရရင်) စောင်ကတုံး တို့ဘာတို့ အသုံးအနှုန်းမျိုးတွေက လူကြီးလူကောင်း မဆန်ရာကို ပြတယ်။ ဒီလိုပြောတတ်သူအချင်းချင်းတော့ ထောက်ခံနေကြပေမယ့် တကယ့် ပရော်ဖက်ရှင်နယ်တွေကြားထဲမှာတော့ ကိုယ့်ကို အထင်တော်တော်သေးသွားမယ်။ အဲဒါကိုလည်း ကိုယ်က မသိဘူး။ လူဘယ်နှယောက်က ကိုယ့်ပို့စ်ကို တွေ့သွားပြီး လူဘယ်နှယောက်က အထင်သေးသွားလဲ ကိုယ်မသိနိုင်ဘူး။ ဒါကြောင့် ကိုယ့်ကို လူတွေထောက်ခံနေတိုင်း ကျေနပ်နေလို့ မရပါဘူး။ တကယ်တော့ လူဘယ်နှယောက် ထောက်ခံသလဲထက် ဘယ်လိုလူတွေ ထောက်ခံသလဲကသာ ပိုအရေးကြီးတာပါ။

ကျွန်တော် သိပ်ကြိုက်တဲ့စကားလေး ရှိတယ်။

Reputation is POWER.

အထင်ကြီးလေးစားခံရမှုဟာ စွမ်းအားတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ Personal Image က တအားကောင်းလာတဲ့အခါ ကိုယ့်ရဲ့ ပရော်ဖက်ရှယ်နယ်ဘ၀မှာလည်း ပိုအောင်မြင်ပါတယ်။

စဉ်းစားကြည့်ပါ။ ဘာလို့ အစည်းအဝေးတွေမှာ တစ်ခြားလူပြောနေတုန်းက အာရုံမထားဘဲ သူပြောမှ ဟုတ်တယ် ဟုတ်တယ်နဲ့ ဘာလို့ ထောက်ခံကုန်ကြသလဲ။

ကိုစိုးထိုက်တို့၊ မခင်နှင်းကြည်သာတို့များ ပရဟိတတခုခုလုပ်မယ်ဆို ငွေအား၊ လူအား၊ ပညာအားနဲ့ ၀န်းရံပေးမယ့်လူတွေ ဘာလို့ပြည့်နှက်နေသလဲ။

စတိဗ်ဂျော့ဘ်စ်က အိုင်ဖုန်းအကြောင်း မိတ်ဆက်လိုက်ရုံနဲ့ ဘာလို့ ရှယ်ယာတွေထိုးတက်ကုန်သလဲ။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကိုယ်မြင်တောင်မမြင်ဖူးတဲ့ အမတ်လောင်းကို ယုံယုံကြည်ကြည်နဲ့ မဲထည့်ဖို့ ဘယ်အရာတွေက စေ့ဆော်ခဲ့သလဲ။

အားလုံးဟာ Brand Image တွေရဲ့ သက်ရောက်မှုကြောင့်ပါပဲ။

ဒါကြောင့် ကိုယ့်လုပ်ငန်း အောင်မြင်ချင်တယ်၊ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်ဘ၀မှာ အောင်မြင်ချင်တယ်၊ လူတွေအပေါ် လွှမ်းမိုးမှုရှိချင်တယ်ဆိုရင် ကိုယ့်နာမည်ကို အကောင်းဆုံးတည်ဆောက်ပါ။ တကယ်တော့ နာမည်တည်ဆောက်တယ်ဆိုတာ လူကို တည်ဆောက်တာပဲမို့ ကိုယ်နေ့စဉ်နဲ့အမျှ လုပ်နေတဲ့အပြုအမူ၊ ပြောနေတဲ့စကား၊ ထားနေတဲ့အတွေးတွေကို အကောင်းဆုံးဖြစ်အောင် နေထိုင်ဖို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၁၅.၁.၂၀၁၈
Credit
- - - - - - - - - -

29/05/2022

ရွှေတွေ ဘယ်သူသွားချွတ်ယူမလဲ ။
အက်ဒမင်သီရိကတော့ လည်ပင်းကဘယက်ကြီး ယူသွားပြီနော်။
ကျန်တာ ယူ တို့အတွက် ။
ကျေနပ်တယ်ဟုတ်😆

29/05/2022

ဟင်း ဟင်း ဟင်း
ပုံမြင်မြင်ချင်း မှောင်ချလိုက်ပြီလား ငိငိ ။

28/05/2022

ခိုင်းတဲ့အတိုင်းလုပ်တာပါ ဆြာ

27/05/2022

နေတတ်ဖို့ကအဓိက 😆😆

26/05/2022

အလုပ်လုပ်ရင် စိတ်ရှည်ရတယ်
အစားစားရင် လက်ရှည်ရတယ်
🤣😂
ချစ်ဆွေလေးတွေရယ်ရအောင်လို့ ကူးလာတာ😂

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Other Health Food Shops in Yangon (show all)
Jolie C Coffee Jolie C Coffee
No 70, Yadanar Street, Kamayut Tsp
Yangon, 11041

ခန္ဓာကိုယ်သွယ်လျ အဆီကျကျစ်လစ်ဖို့ JolieCသောက်ကြစို့

My Noodle My Noodle
No(27), Ground Floor, Thadi Pahtan Street, Tarmwe
Yangon, 11211

My Noodle, Make Your Noodle

Youngfit Detox king Youngfit Detox king
Shwe War Tun
Yangon

ကျမ်းမာချမ်းသာ လိုရာပြည့်ပါစေ

June baby wear June baby wear
North Okkalapa
Yangon

Ready to Cook - Ready to Wear : Cooking Innovations and Fashion Creations Ready to Cook - Ready to Wear : Cooking Innovations and Fashion Creations
Yangon

အသင့်ချက်ရန်: ကြက်သွန်ဖြူ(ခွါပြီး၊ကြိတ်ပြီး)၊ ကြက်သွန်နီ(ခွါပြီး၊ကြိတ်ပြီး)၊ဂျင်း(ခွါပြီး၊ကြိတ်ပြီး)

PHYU Homemade PHYU Homemade
4 Inwa Road, 6 Ward, Southokklapa
Yangon, 11091

Monday to Friday 8:00AM to 6:00PM

Ah-Saw's Spring Store - Online Ah-Saw's Spring Store - Online
Yangon

ဘာပဲလိုလို အစောဆီမှာ မှာယူလိုက်ပါ။

ရန်ကုန် ဂျမ်းတုန်- အရည်အသွေးမြင့် တန်ဖိုးသင့်စားသောက်ကုန် ရန်ကုန် ဂျမ်းတုန်- အရည်အသွေးမြင့် တန်ဖိုးသင့်စားသောက်ကုန်
No. A1192, Khaing Shwe War Main Road, 10/South Ward, Tharkayta
Yangon, 11231

အရမ်းစုံတဲ့ ဂျမ်းတုန်မှာ စားချင်တာတွေမှာလိုက်ပါ။

Cora's Hippie Cora's Hippie
North Dagon
Yangon, 11421,11423

Cora's Hippie

Dawei Thu Dawei Thu
No. 347/ShweYinAye Market Street/HlaingTharYar
Yangon

Customer စိတ်တိုင်းကျ ဝယ်ယူရရှိနိုင်ပါပြီ