YIU Vocational Institute
YIU
ITPEC Program
Technoland သို့လေ့လာရေးခရီးစဉ်
🌎နိုင်ငံတကာပညာရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းပေါင်းများစွာကို 𝐘𝐈𝐔 𝐅𝐚𝐢𝐫 𝟐𝟎𝟐𝟒 တွင်ရှာဖွေပါ 💫⭐
တစ်နှစ်တစ်ကြိမ်သာကျင်းပပေးတဲ့ 𝐘𝐈𝐔 𝐅𝐚𝐢𝐫 𝟐𝟎𝟐𝟒 မကြာခင်ရောက်ရှိလာပါတော့မယ် 🥰
𝐘𝐈𝐔 𝐉𝐨𝐛 𝐅𝐚𝐢𝐫 ကိုလာပြီး
သင့်စိတ်ကူးထဲက Carrier Life ကို စတင်လိုက်ပါ. . .
𝐃𝐨𝐧'𝐭 𝐦𝐢𝐬𝐬 𝐭𝐡𝐢𝐬 𝐢𝐧𝐜𝐫𝐞𝐝𝐢𝐛𝐥𝐞 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐭𝐨 𝐭𝐚𝐤𝐞 𝐜𝐡𝐚𝐧𝐠𝐞 𝐨𝐟 𝐲𝐨𝐮𝐫 𝐜𝐚𝐫𝐞𝐞𝐫!✨ ✨ ✨ ✨ ✨ ✨ ✨
𝐘𝐈𝐔 𝐉𝐨𝐛 𝐅𝐚𝐢𝐫 ကိုလာပြီး
သင့်စိတ်ကူးထဲက Career Life ကို စတင်လိုက်ပါ. . .
ဝန်ထမ်း ဘက်က❓❓
🔻 မိမိတတ်ထားတာနဲ့ ရတဲ့ လုပ်နေရတဲ့ Position နဲ့မညီ, မမျှတဖြစ်နေပါသလား
🔻 HR က ပြောထားတဲ့ JDတွေဟာ လုပ်နေရတဲ့တာတွေထက်များနေလား..
🔻 ရနေတဲ့ လစာနဲ့ မိမိလုပ်ချင်တာနဲ့ ကိုက်ညီမယ့်အလုပ်ကို ကောက်ရိုးပုံထဲက အပ်ရှာရလိုဖြစ်နေလို့ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးနေလား
🔻 Job Agency တွေက Interview တွေအခေါက်ခေါက်ခေါ်နေလို့.. အလုပ်မအားတဲ့ကြားက
စိတ်ရှုပ်နေရတယ်ဆိုရင် တစ်နေရာတည်းမှာ Onestop အလုပ်ရှာနိုင်မယ့် YIU Job Fair ကိုလာခဲ့လိုက်. ..
👉CV များများယူခဲ့နော်..
✨✨ သင့် CV ကို အလုပ်ရှင်များထံ JobFair အတွင်း တိုက်ရိုက်ပေးပို့ခြင်းဖြင့်
သင့် Skill များနှင့် Passion ကို ပြသရန် အခွင့်အရေးကို အရယူလိုက်ပါ..✨✨
🔻အိုင်တီနည်းပညာ၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာရေး၊ စျေးကွက်ရှာဖွေရေးအပြင် အခြားလုပ်ငန်းအမျိုးမျိုးမှ အသက်မွေးဝမ်းကြောင်းရွေးချယ်စရာများစွာကို စူးစမ်းပြီး ပါ၀င်သော ကုမ္ပဏီအရေအတွက် ထက်ပို၍ မိမိအရည်အချင်းများနှင့် မျှော်မှန်းချက်များအတွက် ပြီးပြည့်စုံသော ကိုက်ညီမှုတစ်ခုကို ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်..
🔻အပြန်အလှန်အကျိုးပြုသော Speaker များပါဝင်သည့် တက်ကြွသော Seminar များတွင် ပါဝင်ပြီး လုပ်ငန်းကျွမ်းကျင်ပညာရှင်များမှ ပြုလုပ်သော လက်ဆင့်ကမ်း Wrokshopများ, Seminarများကိုတက်ရောက်ပြီး သင့်အရည်အချင်းများကို မြှင့်တင်ပါ.. 😊😊😊
လုပ်ငန်းရှင်ဘက်ကကော. . .❓❓❓
🔻 ပေးရတဲ့လစာနဲ့ ရတဲ့ Profit မမျှတတဲ့ Employee တွေကြောင့် စိတ်ဆင်းရဲနေရလား
🔻 မိမိလုပ်ငန်းထဲမှာ Skillful workers တွေလိုချင်ရင် YIU Job Fair ကိုလာ join လိုက်တော့နော်..
𝟐𝟑, 𝟐𝟒 𝐅𝐞𝐛 𝟐𝟎𝟐𝟒 (၂)ရက်တည်းလုပ်မှာမို့
အခွင့်အရေးကိုလက်လွတ်မခံပဲ အမိအရဖမ်းဆုပ်လိုက်ကြပါစို့. .
အစီအစဉ်အသေးစိတ်ကတော့
📅 ရက်စွဲ- 𝟐𝟑-𝟐𝟒𝐭𝐡 𝐅𝐞𝐛 𝟐𝟎𝟐𝟒
🕒 အချိန် : 𝟗:𝟎𝟎 𝐀𝐌 - 𝟒:𝟎𝟎𝐏𝐌
📍 ကျင်းပမည့်နေရာ- 𝐘𝐈𝐔 𝐂𝐚𝐦𝐩𝐮𝐬
47 A, Kominkochin Street, Beside Shwegondaing Skyway, Yaytarshay Block, Bahan Township, Yangon, Myanmar
မတူကွဲပြားသော အလုပ်အကိုင်အခွင့်အလမ်းများက သင့်အား စောင့်ကြိုနေပါတယ်..
အသက်မွေးဝမ်းကြောင်းအတွက် အခွင့်အရေးကို
လက်လွတ်မခံပဲ ဖြစ်နိုင်ခြေရှိသောကမ္ဘာတစ်ခုဆီသို့...လှမ်းတက်လိုက်ပါ..
✨✨ တစ်နှစ်လုံးစာအတွက် (၂)ရက်တာသာ ကျင်းပမယ့် 𝑬𝒅𝒖𝒄𝒂𝒕𝒊𝒐𝒏 𝑭𝒂𝒊𝒓, 𝑰𝑻 𝑭𝒂𝒊𝒓, 𝑱𝒐𝒃 𝑭𝒂𝒊𝒓 တွေပါဝင်တဲ့. . ..𝒀𝑰𝑼 𝑭𝒂𝒊𝒓 2024 ကို အသက်အရွယ်မရွေး မည်သူမဆို (အခမဲ့)လာရောက်ကြည့်ရှုလေ့လာကြဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်.. ခင်ဗျာ.. 😍😍
✅ အသေးစိတ်သိရှိဖို့ 𝐘𝐈𝐔 – 𝐘𝐎𝐔𝐓𝐇 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကို ပွဲနေ့လေးတွင်လာရောက်ပြီး စုံစမ်းမေးမြန်းလေ့လာနိုင်ဖို့ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါရစေ........🤗
---------------------------------------------------------------------
𝐘𝐈𝐔 𝐅𝐚𝐢𝐫 အသေးစိတ် အစီအစဥ်များကို 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ....⭐
☎️𝟎𝟗𝟕𝟖𝟓𝟎𝟎𝟑𝟓𝟗𝟔, 𝟎𝟗𝟗𝟓𝟒𝟎𝟎𝟑𝟓𝟗𝟔
🌎𝐰𝐰𝐰.𝐲𝐨𝐮𝐭𝐡.𝐞𝐝𝐮.𝐦𝐦
🎓သင့်ရဲ့အနာဂတ် စိတ်ကူးအိပ်မက်များကို 𝐘𝐈𝐔 မှာ အကောင်ထည်ဖော်နိုင်ပါပြီ❤️
#𝐘𝐎𝐔𝐓𝐇
#𝐅𝐚𝐢𝐫
Giveaways လေး လာပါပြီ 🥰🥰
YOUTH Page ကနေ လစဉ်ချစ်ရတဲ့သူတွေအတွက် Giveaways အစီစဉ်တွေကို အမြဲတမ်းဖန်တီပေးနေပါတယ် 🤍
ဖေဖော်ဝါရီလအတွက် Giveaways ကတော့ ယခု Link ထဲက မူရင်း Post ကို Like & Share ပြီး ်တန်းလို့ Comment ပေးရုံနဲ့ Kpay 10,000 Ks ကံထူးရှင် (၂) ဦးကို ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ ကြေညာပေးသွားပါမယ်ရှင့် ❤️
မူရင်း Post မှာ Comment ပေးနော်😘
CCTV Post 👇
https://www.facebook.com/100064152362117/posts/772391888242550/
အချစ်တွေပြည့်တဲ့ ဖေဖော်ဝါရီလမှာ ချစ်တဲ့သူတွေကံကောင်းကြပါစေ 🥰
မှတ်ချက်။ ။ မူရင်း CCTV Post ကို Share တဲ့သူများသာ အကြုံးဝင်ပါမည်။
်တန်း
&Solutions
📢𝐂𝐲𝐛𝐞𝐫𝐬𝐞𝐜𝐮𝐫𝐢𝐭𝐲 သင်တန်းစဖို့ (၆) ရက်သာ လိုပါတော့သည်။
တစ်နှစ်မှာ (၂ ) ကြိမ်သာဖွင့်လှစ်မည့် သင်တန်းမို့ လက်မလွတ်လိုက်ရလေအောင် အခုပဲ Chat Box မှာ စာရင်းပေးသွင်းထားလိုက်ပါ။
Online ကနေ တတ်ရောက်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် In Class & Online Class (၂) မျိုးစလုံးဖွင့်လှစ်ပေးထားပါတယ်ရှင့်။
❝Cisco မှပြဌာန်းထားသော သင်ရိုးအတိုင်းသင်ကြားပေးမည့် 𝐂𝐲𝐛𝐞𝐫𝐬𝐞𝐜𝐮𝐫𝐢𝐭𝐲 သင်တန်း❞
📌အခု သင်ကြားမည့် 𝐂𝐢𝐬𝐜𝐨 𝐂𝐲𝐛𝐞𝐫𝐬𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 သည် 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 လမ်းကြောင်းကို စတင်လျောက်လှမ်းရန် အတွက် ပြည့်စုံသော ပထမ ခြေလှမ်း ဖြစ်ပါသည်။
📌𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 လမ်းကြောင်းကို လေ့လာနေသူတွေအတွက် မရှိမဖြစ် သိထား ရမည့် အရေးကြီးသည့် 𝑵𝒆𝒕𝒘𝒐𝒓𝒌 𝑺𝒆𝒄𝒖𝒓𝒊𝒕𝒚 ဆိုတာ လည်း မေ့မထားသင့်ပါ။
𝑵𝒆𝒕𝒘𝒐𝒓𝒌 𝑰𝒏𝒇𝒓𝒂𝒔𝒕𝒓𝒖𝒄𝒕𝒖𝒓𝒆 ကို ဘယ်လိုကောင်းအောင်ပင် တည်ဆောက်ထားပါသော် လည်း စိတ်ချ လုံခြုံရတဲ့ Network Security ပိုင်းများကို သေချာစွာ မလုပ်ထားရင် အလွယ်တစ်ကူ ပြိုလဲ သွားနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိ ရဲ့ ကွန်ရက် အတွင်းရှိ Data အချက်အလက်များကို ပေါက်ကြာ:အောင် အချိန် နှင့်အမျှ ရယူဖို့ကြိုးစားနေကြလို့ပါပဲ။
📌ICT ပိုင်းနှင့် ပြောရလျှင် Cybercrime ပေါ်ပေါက်လာတယ်ပေါ့။ ခုလို Cyber crime တွေ ပေါ်ပေါက်လာမှုကို ဘယ် လို ကာကွယ် ရမလဲ Cyber တိုက်ခိုက်မှုတွေက ဘာတွေရှိလဲ ဘယ်လို ချိုးဖောက် ၀င်ရောက်မှူတွေရှိလည်း ဘယ်လို ကာကွယ် ရမလဲ စသည် Cybersecurity နှင့်ပတ်သတ်တဲ့ သင်တန်း ဖြစ်သော Cyber Security Essential သင်တန်းကို ဖွင့် လှစ်မည်ဖြစ်ပြီး Cisco မှ ပြဌာန်း ထားသော သင်ရိုးအတိုင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။
📌သင်တန်း တက်ရောက် သူများ သည် 𝐂𝐲𝐛𝐞𝐫𝐬𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 သင်တန်း တက်ရောက်ပြီးပါက တစ်ဆင့် မြင့် Certification များ ဖြစ်သည့်
➤CompTIA Security+
➤CISA
➤CCSP
➤CND
➤GSEC
➤OSCP
စသည့် Certification များကို လေ့လာရန် အတွက် အဆင်သင့် ဖြစ်သွားပါမည်။
Cybersecurity အတန်းတွင် စာတွေ့ အပြင် လက်တွေ့ကိုပါ Cisco Packet အမှတ်ပေး Simulation များနှင့် ကိုယ်တိုင် ပြု လုပ်ရမည် ဖြစ်ပါသည်။
📌ဘယ်လိုနေရာတွေမှာ လုပ်ကိုင်လို့ရပါသလဲ ?
1.Network Security Analyst
2.IT Support Specialist with Security Force
3.Network Administration
4.Security Techician
5.Insident Responder
6.Security Consultant (Entry Level)
7.SOC analyst
8.JuniorSecurity Awareness
စသည့် Position များနှင့် လုပ်ကိုင်ဖို့ အထောက်ကူပြုပါလိမ့်မည်။
သင်တန်း ပြီးဆုံပီးနောက်တွင် တစ်ဆင့်မြင့် Security Certification များကို ထပ်မံလေ့လာရန် အကြံပေးလိုပါသည်။
💢Cybersecurity Course Outlines
1. Introduction to Cyber Security
2. The Cyber Security Cube
3. Cyber Security Threats
4. The Art of Protection Secrets
5. The Art of Ensuring Integrity
6. The Five Nine Concept
7. Protection a Cyber Security
8. Becoming a Cyber Security
သင်ခန်းစာတစ်ခုပြီးဆုံးတိုင်း မိမိရဲ့ Self Knowledge အတွက် Online Test ဖြေဆိုရပါမည်။
Lecturer : Saya Zayar Maung Maung
CCNA, CCNA (Sec), CCNP, NSE2
Cambium Networks (cnpilot / LR) Certified Instructor,
Ignitenet Networks (Access Point) Certified Instructor,
Drytek Networks (NGF/R&S) Certified Instructor
♨️Cybersecurity (Batch - 1)
သင်တန်းစမည့်ရက် - ၁၀၊ ဖေဖော်ဝါရီ၊ ၂၀၂၄
သင်တန်းတတ်ရမည့်နေ့ - စနေနေ့
သင်တန်းအချိန် - နေ့လည် ၁၂နာရီခွဲ မှ ၄နာရီခွဲ
သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ်
သင်တန်းကာလ - ၃ လ
☎အသေးစိတ်သိရှိလိုပါက 01 254893, 09 953303596 ကို မနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🏢 လိပ်စာကတော့ အမှတ် 189/195၊ပန်းဆိုးတန်း Office Tower ၊ ၆ လွှာ (A), ပန်းဆိုးတန်းလမ်းမကျယ်အလယ်ဘလောက် ၊ ကျောက်တံတားမြို့နယ်။အပတ်စဉ်တနင်္လာနေ့တိုင်းသင်တန်းကျောင်းပိတ်ပါသည်။
YOUTH Training Center မှဖွင့်လှစ်သင်ကြားပေးသော 𝗟𝗮𝗽𝘁𝗼𝗽 𝗛𝗮𝗿𝗱𝘄𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 သင်တန်းအား လေ့လာကြည့်ပါ...တက်ပါ 💻
သင်တန်းစသည့်နေ့မှစ၍ ကျောင်းသားများအတွက် Practical နှင့် Lab Training ကို သေချာပိုင်နိုင်အောင် လေ့ကျင့်ပေးမှာဖြစ်လို့ YTC ကိုရွေးချယ်ဖို့ အကြံပြုပါရစေရှင်💯
📌 Laptop Hardware Training မှာသင်ကြားပေးနေတဲ့ SIO Error ဖြေရှင်းနည်းသင်ခန်းစာကိုအစအဆုံးအသေးစိတ်ကိုရှင်းပြပေးထားပါတဲ့ Video Lesson လေးပါ။
https://www.facebook.com/YOUTHComputer/videos/349361091037312
📌 Laptop Hardware ပိုင်းကို စိတ်ဝင်စားတဲ့ညီအစ်ကိုများအတွက် Knowledge Sharing Video လေးပါ။
-Acer Laptop BIOS Chip Replacement
-Acer Laptop BIOS Error Solution
https://www.facebook.com/YOUTHComputer/videos/855901155751097
📌 No power ဖြစ်နေတဲ့ Laptop လေးကို Error ရှာပြီးပြင်ပြပေးထားတဲ့ Video လေးပါ။
https://www.facebook.com/YOUTHComputer/videos/762212054857965
📌 Model J-100 P2C (All In One)
No Power Solution &
RAM Replacing လုပ်ပြထားတဲ့ Video လေးပါ။
https://www.facebook.com/YOUTHComputer/videos/954286315239382
📌 Knowledge Sharing Video
—Change LCD—-
https://www.facebook.com/YOUTHComputer/videos/470508084821336
📌 Lenovo laptop ကို HDD မှ SSD ပြောင်းကြမယ်
https://www.facebook.com/YOUTHComputer/videos/269989118642846/?idorvanity=392101901269853
Laptop ပြုပြင်နည်းသင်တန်းကိုစိတ်ဝင်စားပါက December & January လထဲမှာဖွင့်လှစ်မည့် Laptop Hardware Training အတန်းချိန်စာရင်း👇
Laptop Hardware Training (Batch -20)
♦သင်တန်းစမည့်ရက် - December 30, 2023
♦သင်ကြားမည့်နေ့ - စနေနေ့
♦သင်ကြားရမည့်အချိန် - ၈ နာရီ မှ ၁၂ နာရီ ထိ
♦သင်တန်းကာလ - ၄ လ
♦သင်တန်းကြေး - ၄သိန်းခွဲကျပ်
Laptop Hardware Training (Batch -21)
♦သင်တန်းစမည့်ရက် - January 17, 2024
♦သင်ကြားမည့်နေ့ - ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ
♦သင်ကြားရမည့်အချိန် - ၁၀ နာရီခွဲ မှ ၁၂ နာရီ ထိ
♦သင်တန်းကာလ - ၄ လ
♦သင်တန်းကြေး - ၄သိန်းခွဲကျပ်
သင်တန်းကြေးကို ခွဲသွင်းနိုင်ပါသည်။
👨🏫 Laptop Hardware ကို ဘယ်သူတွေတက်ရောက်နိုင်ပါသလဲ ?
💢 Laptop Hardware အပိုင်းအား နားလည်ပြီး ပြုပြင်လိုသူများ, ကိုယ်ပိုင် Laptop Sale and Services ဆိုင်ဖွင့်လှစ်လိုသူများ, Laptop အစိတ်အပိုင်း
ပြုပြင်ခြင်းကို စိတ်ပါဝင်စားသူများတက်ရောက်နိုင်ပါတယ်။
💢 A+, SNE သင်တန်းပြီးသွားသူများလည်း သင်ယူနိုင်ပါတယ်။
(Electronic အခြေခံမှစတင်ပြီးသင်ကြားပေးသွားမှာပါ။ သင်တန်းချိန်ပြင်ပ လက်တွေ့စမ်းသပ်ခွင့်တွေလည်းရှိပါတယ်)
🎓 Laptop Hardware တွင် သင်ကြားပေးမည့် အကြောင်းအရာများကတော့
💢 Laptop တစ်ခုတွင် ပါဝင်သော Electric Component များအကြောင်းကိုအခြေခံမှစသင်ကြားပေးမှာဖြစ်ပါတယ်။
💢 Laptop Component များ
Resistor, Condenser or Capacitor, Diode, Transistor, FET, Fuse, Inductor or Coil, IC ,IO ကို ကောင်းမကောင်း စစ်ဆေးတိုင်းတာပြီး မှန်ကန်စွာ ဖြုတ်တပ်နိုင်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
💢 Soldering (ခဲဆော်ခြင်းများ) လေ့ကျင့်သင်ကြားပေးခြင်း
💢 Motherboard Voltage Checking လုပ်ခြင်း များလေ့ကျင့်သင်ကြားပေးခြင်း
💢 No Power ဖြစ်နေသော laptop များကို error ရှာတတ်အောင် သင်ကြားပေးခြင်း
💢 Laptop အစိတ်အပိုင်းများ ပြုပြင်လဲလှယ်နိုင်အောင် သင်ကြားပေးခြင်း (Repair Services - LCD Repair, CPU Repair, GPU Repair, Keyboard Replacement, Battery Repair.)
💢 USB port များအလုပ်မလုပ်ခြင်း (USB no detect error)
💢 HDD port များ detect မသိခြင်း (HDD no detect error)
💢 Motherboard Chipset များတွင် ပါဝင်သော BIOS အကြောင်းနှင့် BIOS Firmware ရေးသားခြင်းများ ပြုပြင်နည်းများကိုလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
**Laptop Services ဆိုင်ဖွင့်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးပါသည် **
☎️အသေးစိတ်သိရှိလိုပါက 09 953303596, 01-254893 ကို ရုံးချိန် မနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
သင်တန်းကျောင်းလိပ်စာ - အမှတ် 189/195၊ ပန်းဆိုးတန်း Office Tower ၊ ၆ လွှာ (A), ပန်းဆိုးတန်းလမ်းမကျယ်အလယ်ဘလောက် ၊ ကျောက်တံတားမြို့နယ်။အပတ်စဉ်တနင်္လာနေ့တိုင်းသင်တန်းကျောင်းပိတ်ပါသည်။
ဒီနေ့ခေတ်Networking နယ်ပယ်မှာသာမကအသုံးများတဲ့ VPNအကြောင်းကိုသိထားသင့်ပါတယ်။
❝ စိတ်တိုစရာကို ကြိုတင်ပြီး တွေးမထားပါနဲ့ ❞
တချို့လူတွေဟာ စိတ်တိုစရာ မကြုံရခင်ကတည်းက စိတ်တိုစရာဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင်မှန်းဆပြီး တွေးထားတတ်တယ်။အဲသလို တွေးရင်းနဲ့ပဲ ကြိုကြိုတင်တင် စိတ်တိုနေတတ်တယ်။
အဲဒါမျိုးက ဘယ်သူမဆို တစ်ခါတလေ လုပ်လေ့ရှိပါတယ်။
ကြိုတင်ပြီး စိတ်တိုမိလို့ တော်တော် စိတ်ပင်ပန်းသွားပြီးမှ
ကိုယ် ထင်ထားသလို စိတ်တိုစရာ အခြေအနေမျိုး ဖြစ်မလာတဲ့အခါ
စိတ်ပင်ပန်းခဲ့ရတာတွေဟာ ဘာမှ အကျိုးမရှိပဲ အရှုံးသက်သက်ပဲ၊
အိပ်ရေးပျက်ရတာ သက်သက်ပဲ ဆိုတာမျိုး ခဏခဏ ဖြစ်ခဲ့ပါတယ်။
ဒါကို သင်ခန်းစာယူပြီး တတ်နိုင်သလောက် စိတ်တိုစရာ.. အခြေအနေမျိုးကို ကြိုတင်မှန်းဆပြီးကြိုကြိုတင်တင် စိတ်မတိုဖို့ ကိုယ့်ကိုယ်ကိုကိုယ် သတိပေးသင့်တယ်။ စိတ်ပူစရာ၊ ကြောက်စရာတွေကိုလည်း ကြိုတင်ပြီး တွေးနေတာလည်း အတူတူပဲ။
ဆရာတော်ဦးဇောတိက
(သတိနဲ့ပြောပါ)
𝐘𝐎𝐔𝐓𝐇 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ
𝐒𝐍𝐄 (𝐒𝐲𝐬𝐭𝐞𝐦 & 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥)နဲ့ 𝐀𝐍𝐄 (𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠) 𝐂𝐨𝐮𝐫𝐬𝐞 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 အတန်းသစ်လေးဖွင့်လှစ်ပါတော့မယ်🥰
ယခု𝐒𝐍𝐄 အတန်းသည် 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 ပိုင်းကို စပြီး လေ့လာမယ့်သူများ၊
➡ ကွန်ပျူတာ ပညာရပ်ကို စိတ်ဝင်စားသူများ၊
➡ 𝐈𝐓 နည်းပညာဖြင် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊
➡ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပိုင်းဖြင့် လုပ်ငန်းခွင် ဝင်ရောက်လိုသူများ၊
➡ လုပ်ငန်းခွင်တွင် 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 ကိုင်တွယ်နေရသူများ၊
➡ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 နည်းပညာလေ့လာနေကြသော ကျောင်းသား/သူများ နှင့် နည်းပညာကို စိတ်ဝင်စားသူများတတ်ရောက်နိုင်ပါသည်။
✅ ကျောင်းသား/ကျောင်းသူများ၏ အရည်သွေးပိုမိုတိုးတက် ကောင်းမွန်လာစေရန် ၊ မိမိကိုယ်တိုင် 𝐬𝐞𝐥𝐟-𝐬𝐭𝐮𝐝𝐲 များပြုလုပ်ပြီး 𝐎𝐧𝐥𝐢𝐧𝐞 မှလိုအပ်သော 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 များကို ရှာဖွေနိုင်ရန် 𝐀𝐬𝐬𝐢𝐠𝐧𝐦𝐞𝐧𝐭 များပေး၍ လေ့ကျင့်မူများပြုလုပ်ပေးပါတယ်ရှင်။
✅ 𝐘𝐎𝐔𝐓𝐇 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွင် 𝐒𝐍𝐄 𝐂𝐨𝐮𝐫𝐬𝐞 တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာသင်ချိန် (𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐓𝐢𝐦𝐞) ၊ လက်တွေ့လုပ်ဆောင်မူအချိန် (𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐓𝐢𝐦𝐞) အပြင်၊ 𝐋𝐚𝐛 အချိန်များကိုပါ သင်ကြား၊ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သင်တန်းတွင် ကျောင်းသား/ကျောင်းသူများကို အရည်ချင်းစစ်စာမေးပွဲအဖြစ် 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞 ပိုင်း 𝐄𝐱𝐚𝐦 ဖြေကြားခြင်းနှင့် 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 ပိုင်း 𝐄𝐱𝐚𝐦 ဖြေကြားခြင်းတို့ စာမေးပွဲ (၂) ကြိမ်ဖြေဆိုရပါမည်။
✅ 𝐒𝐍𝐄 𝐂𝐨𝐮𝐫𝐬𝐞 ကိုတက်ရောက်မည့်ကျောင်းသား/ကျောင်းသူများနေဖြင့် ယခင်𝐀+မှာ သင်ကြားပေးနေကြဖြစ်တဲ့ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 ၏ 𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞 ပိုင်း၊ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 ပိုင်း နည်းပညာတွေအပြင် 𝐂𝐚𝐛𝐥𝐞ကြိုးတွေနှင့်ချိတ်ဆက်သည့် 𝐄𝐭𝐡𝐞𝐫𝐧𝐞𝐭 𝐍𝐞𝐭𝐰𝐨𝐫𝐤 နှင့်𝐖𝐢-𝐅𝐢 ချိတ်ဆက်အသုံးပြုသည့် 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤များအပါအဝင် 𝐂𝐂𝐓𝐕သင်ခန်းစာများကိုပါသင်ကြားရမှာဖြစ်ပါတယ်ရှင်။ အားလုံးခြုံငုံကြည့်မယ်ဆိုရင်တော့ 𝐒𝐍𝐄 𝐂𝐨𝐮𝐫𝐬𝐞 မှာ (𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞, 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞, 𝐂𝐚𝐛𝐥𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤 & 𝐏𝐫𝐢𝐧𝐭𝐞𝐫 𝐒𝐡𝐚𝐫𝐢𝐧𝐠 , 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐚𝐧𝐝 𝐂𝐂𝐓𝐕) အပိုင်းတို့ကို သင်ကြားရမှာ ဖြစ်ပါတယ်။
SNE Batch - 2 (Weekend Class)
သင်တန်းစမည့်နေ့ - 25.11.2023
သင်တန်းရက်များ - Saturday
သင်တန်းအချိန် - 8:30 AM to 12:00 PM
သင်တန်းကာလ - 3 Months
သင်တန်းကြေး - 190,000 Ks
𝐀𝐍𝐄 (𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠)
✅𝐒𝐍𝐄အတန်းလေးပြီးသွားရင်တော့𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐋𝐞𝐯𝐞𝐥ဖြစ်တဲ့ 𝐀𝐍𝐄 (𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠)အတန်းကိုဆက်တက်ရပါမယ်ရှင့်
🎓 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 နည်းပညာကို အခြေခံမှ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 ဖြစ်သည်အထိ ကျွမ်းကျင်လိုသူတိုင်း တတ်ရောက်သင့်တဲ့ 𝐀𝐍𝐄-𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬 အတန်းလေးဖြစ်ပါတယ်🥰
𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 ဘာသာရပ်ကို 𝐓𝐡𝐞𝐨𝐫𝐲 + 𝐋𝐚𝐛 ပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ချင်ရင် 𝐘𝐎𝐔𝐓𝐇 သင်တန်းကျောင်းမှာလာရောက် အပ်နှံထားဖို့ပဲ လိုပါတော့တယ်💯
🎯𝐀𝐍𝐄 (𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠) 𝐂𝐨𝐮𝐫𝐬𝐞 ကို ဘယ်သူတွေ တက်ရောက်သင့်သလဲ?
♦ 𝐒𝐍𝐄/ 𝐀+ အတန်းတတ်ရောက်ပြီးသူများ။
♦ 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 လမ်းကြောင်းကို စတင်လျှောက်လှမ်းလိုသူများ။
♦ 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐅𝐢𝐞𝐥𝐝 ကို 𝐂𝐚𝐫𝐞𝐞𝐫 ချိန်းလိုသူများ။
♦ ကွန်ပျူတာနည်းပညာနှင့် 𝐍𝐞𝐭𝐰𝐨𝐫𝐤 ချိတ်ဆက်မှု နည်းပညာများကိုစိတ်ဝင်စားသူများ။
♦ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ။
♦ နည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ။
♦ 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 နှင့် ပတ်သက်ပြီး အခြေခံမှစ၍ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐯𝐞𝐥 ထိစာတွေ့ လက်တွေ့ တတ်မြောက်လိုသူများ။
♦ 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 ဆိုင်ရာ လုပ်ငန်းခွင် အသုံးချလိုသူများ ...တက်ရောက်သင့်ပါတယ်။
🤔ဘာတွေသင်ကြားပေးမှာလဲ?
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 တစ်ယောက်အဖြစ် အသက်မွေးမည့်သူများ မရှိမဖြစ် တတ်မြောက်သင့်သည့် 𝐖𝐢𝐧𝐝𝐨𝐰𝐬 𝐒𝐞𝐫𝐯𝐞𝐫, 𝐕𝐢𝐫𝐭𝐮𝐚𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧, 𝐋𝐢𝐧𝐮𝐱 စသည့် 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤 သင်ခန်းစာများကို 𝐘𝐎𝐔𝐓𝐇 မှ လက်တွေ့ လုပ်ငန်းခွင် သို့ အကောင်းဆုံးဝင်ရောက်နိုင်ရန် ပို့ချသင်ကြားပေးလျှက်ရှိပါသည်။ 𝐀𝐍𝐄 𝐂𝐨𝐮𝐫𝐬𝐞 သည် 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥𝐬 မှစ၍ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ဖြစ်သည်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။ ထို့အပြင်ယနေ့ခေတ်တွင် မသိမဖြစ်သိထားရမည့် 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 သင်ခန်းစာကို 𝐈𝐧𝐝𝐨𝐨𝐫, 𝐎𝐮𝐭𝐝𝐨𝐨𝐫 အပြင် 𝐋𝐢𝐧𝐮𝐱 𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥𝐬 သင်ခန်းစာကိုလည်းထပ်မံပြီး ထည့်သွင်းသင်ကြားပေးထားပါတယ်။ ထို့အပြင် 𝐂𝐂𝐍𝐀, 𝐂𝐂𝐍𝐏, 𝐂𝐥𝐨𝐮𝐝 သင်တန်းများအတွက်လည်းအခြေခံကောင်းများ ရရှိသွား မှာဖြစ်ပါတယ်။
ANE Batch - 2 (Weekend Class)
သင်တန်းစမည့်နေ့ - 25.11.2023
သင်တန်းရက်များ - Saturday
သင်တန်းအချိန် - 12:30 PM to 4:00 PM
သင်တန်းကာလ - 4 Months
သင်တန်းကြေး - 260,000 Ks
🎯ပန်းဆိုးတန်းစင်တာမှာ ဖွင့်လှစ်မည့် Networking Course အတန်းချိန်စာရင်း
https://www.facebook.com/YOUTHComputer/posts/711473967667676
🚩YOUTH International 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အနေနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ခေတ်နှင့်လျော်ညီပြီး ပိုမို ကောင်းမွန်တဲ့ knowledge များပေးအပ်သွားနိုင်ရေးနှင့် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ဖို့ နဲ့ IT Environment နဲ့ Infrastructure များကို ကြိုးစားပုံဖော်ပေးဖို့ အတွက် ကြိုးပမ်းလျက်ရှိပါတယ်..
🚩ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာသည့် Educational Economy ခေတ်မှာ ကျောင်းရွေးမှန်ဖို့ အရေးကြီး လှပါတယ်..။
🚩ပညာရေး လမ်းကြောင်းပေါ် ၁၉၉၇ ခုနှစ်ကပင် မမှိတ်မသုန်နဲ့ လျှောက်လှမ်း ခဲ့တဲ့ YIU ဟာ (၂၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်.။
🚩𝐘𝐈𝐔 တွင် လက်ရှိ ဖွင့်လှစ်ထားသော အတန်းများကတော့
1. 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞)
2. 𝐁.𝐀 (𝐇𝐨𝐧𝐬) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐔𝐊)
3. 𝐇𝐍𝐃 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠
4. 𝐇𝐍𝐃 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬
5. 𝐁𝐓𝐄𝐂 𝐋𝐞𝐯𝐞𝐥 𝟑 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐈𝐓
6. 𝐁𝐓𝐄𝐂 𝐋𝐞𝐯𝐞𝐥 𝟑 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬
7. 𝐈𝐆𝐂𝐒𝐄 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐜𝐥𝐚𝐬𝐬
8. 𝐈𝐆𝐂𝐒𝐄 𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐜𝐥𝐚𝐬𝐬
9. 𝐈𝐆𝐂𝐒𝐄 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐜𝐥𝐚𝐬𝐬
10. 𝐈𝐄𝐋𝐓𝐒 𝐂𝐥𝐚𝐬𝐬
11.𝐈𝐓𝐏𝐄𝐂 𝐂𝐥𝐚𝐬𝐬
🏟 𝐘𝐈𝐔 𝐍𝐞𝐰 𝐂𝐚𝐦𝐩𝐮𝐬
အမှတ် ၄၇𝐀, ကိုယ့်မင်းကိုယ့်ချင်းလမ်း၊
ရေတာရှည်ရပ်ကွက် ၊ ရွှေဂုံတိုင်တံတားဘေး ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
𝟎𝟗𝟕𝟖𝟓𝟎𝟎𝟑𝟓𝟗𝟔, 𝟎𝟗𝟗𝟓𝟒𝟎𝟎𝟑𝟓𝟗𝟔
🏩 ပန်းဆိုးတန်းသင်တန်းလိပ်စာ - အမှတ် 189/195၊ ပန်းဆိုးတန်း လမ်းမကျယ် အလယ်ဘလောက်၊ ပန်းဆိုးတန်း Office Tower ၊ ၆ လွှာ (A), ပန်းဆိုးတန်းအလယ်ဘလောက် ၊ ကျောက်တံတားမြို့နယ်။အပတ်စဉ် တနင်္လာနေ့တိုင်း သင်တန်းကျောင်းပိတ်ပါသည်။
09 953303596, 01 254893
✨သင့်ရဲ့အနာဂတ် စိတ်ကူးအိပ်မက်များကို 𝐘𝐈𝐔 မှာ အကောင်ထည်ဖော်နိုင်ပါပြီ ✨
#𝐘𝐈𝐔
#𝐘𝐎𝐔𝐓𝐇 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
#𝐒𝐍𝐄/𝐀+𝐂𝐨𝐮𝐫𝐬𝐞
#𝐒𝐲𝐬𝐭𝐞𝐦 & 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥
❝စိတ်အေးအေးနဲ့ နားထောင်❞
➤မိဘပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကို တစ်ခုခု ပြောလာတဲ့အခါမှာ ချက်ချင်းကြီးပြန်ပြီးတော့ စကားလှန်မပစ်ဖို့ အရေးကြီးတယ်။ အဲဒီလို စကားကို ချက်ချင်းကြီး ပြန်လှန်လို့ရှိရင် တစ်ဖက်က ဘယ်လို ထင်သလဲဆိုတော့ “ငါပြောတာကို သူ နားမထောင်ဘူး၊ ငါပြောတာကို သူသဘောမပေါက်ဘူး ” လို့ ထင်နေတတ်တယ်။ အဲဒီလို သဘောမပေါက်ဘူးလို့ ထင်နေလို့ရှိရင် ထပ်ခါ
ထပ်ခါ အသံကျယ်ကျယ်နဲ့ ပိုပြီးတော့ ပြောတတ်တယ်နော်။ ပိုပြီးတော့ ဒေါသကြီးလာတတ်တယ်။အေးအေးဆေးဆေးနဲ့ နားထောင်လိုက်ရင်ကိုပဲ တဖြည်းဖြည်းနဲ့ သူ့စကားဟာ ကုန်သွားပြီးတော့ သူငြိမ်သွားတယ်။ အဲဒီတော့ တစ်ဖက်သားရဲ့ စကားကို ကုန်အောင်ယူလိုက်ဖို့ သိပ်အရေးကြီးတယ်။
➤အဲဒီလို ယူနိုင်ဖို့ဆိုတာလည်းပဲ ကိုယ့်ဘက်က တော်တော် (secureဖြစ်မှ) လုံခြုံတဲ့စိတ်၊ ခိုင်မာတဲ့စိတ်၊ ရင့်ကျက်တဲ့စိတ် ရှိမှ ရမယ်။ အဲဒီလို လုံခြုံမှုရှိဖို့ဆိုတာကိုက စိတ်ထဲမှာ သတိရှိမှရမယ်။ သတိရှိလို့ရှိရင် secure ဖြစ်လာတယ်။ လုံခြုံလာတယ်။
(self-confidence) ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာတယ်။
ဒီလို ကိုယ့်စကားကို အေးအေးဆေးဆေး လေးလေးစားစား နားထောင်တာကို ရရင် ဘယ်သူမဆို သိပ်ကျေနပ်တယ်။ အရသာ တွေ့တယ်။
➤ကိုယ်ပဲဖြစ်ဖြစ်၊ သူပဲဖြစ်ဖြစ်၊ ကိုယ်ပြောလိုက်တဲ့စကားကို သေသေချာချာနားထောင်ရင် သိပ်သဘောကျတယ်။ ကိုယ်က စိတ်ဆိုးလို့ တခြားတစ်ယောက်ကို ပြောချင်တယ်ဆိုပါတော့၊ အဲဒီလူက မကြားချင်ဟန် ဆောင်နေတာမျိုးမဟုတ်ဘဲ သေသေချာချာ နားထောင်တယ်။ စိတ်အေးအေးနဲ့ နားထောင်တယ် ဆိုရင်ကိုပဲကိုယ်ပြောချင်တာ ပြောလိုက်ရတဲ့အတွက်ကြောင့် တစ်မျိုး ကျေနပ်သွားတယ်၊တစ်မျိုး ပေါ့သွားတယ်။ ပြီးမှ တစ်ဖက်က ပြန်ပြောတယ် ဆိုရင်တောင်မှ
အဲဒီတစ်ဖက်က ပြန်ပြောတာကို နားထောင်နိုင်တဲ့အခြေအနေ ရှိလာတယ်။
➤ကိုယ့်စကားမဆုံးခင်မှာ ဟိုဘက်က ပြန်လှန်ချေပမယ်၊ ငြင်းပယ်မယ်၊ အဲဒီလိုဆိုရင် သူငြင်း ကိုယ်၎င်း ဖြစ်ပြီး ကိုယ့်စကားလည်း သူက ဆုံးအောင် နားမထောင်၊ သူ့စကားလည်း ကိုယ်ကဆုံးအောင် နားမထောင်၊ ကိုယ်ပြောချင်တာကို သူနားမလည်၊ သူ ပြောချင်တာကိုလည်း ကိုယ်နားမလည် ဖြစ်နေပြီး ပြဿနာဟာ ဘယ်နည်းနဲ့မှ မပြေလည်နိုင်တော့ဘူးနော်။
ကိုယ်က သူ့စကားကို အေးအေးဆေးဆေး နားထောင်လိုက်ရင် သူ့စိတ် နဲနဲငြိမ်သွားတဲ့အခါ ကိုယ့်စကားကိုလည်း သူက နားထောင်မယ်။အဲဒီလိုဆိုရင် သူနဲ့ကိုယ်နဲ့ အပြန်အလှန် ဆွေးနွေးလို့ရပြီ။ ဆွေးနွေးလို့ ရသွားရင် သဘောထားချင်း ညှိလို့ရတော့မယ်။
➤သဘောထားကွဲလွဲမှ ရှိနေရင်တောင် နားလည်မှုတစ်မျိုးတော့ ရမယ်။
ဒီလို သတိနဲ့နားထောင်၊ သတိနဲ့ပြောတဲ့ အလေ့အကျင့်ဟာ ဆက်ဆံရေး မပြေလည်မှု၊ ဆက်ဆံရေး ဒဏ်ရာဒဏ်ချက်တွေကို သက်သာစေနိုင်တယ်။
ပျောက်ကင်းစေနိုင်တယ်။ ကိုယ်ကလည်း ပြေလည်အောင်ပြော သူကလည်း ပြေလည်အောင်ပြောလို့
ရရင် ဆက်ဆံရေးဟာ အသွားအပြန် လမ်းချောမယ်၊ နဂိုက နည်းနည်း ပျက်စီးချို့ယွင်းနေတဲ့ ဆက်ဆံရေးဟာ.. နည်းနည်း စေ့စပ်လာနိုင်တယ်။
ကောင်းလာနိုင်တယ်။
➤ခန္ဓာကိုယ်နဲ့စိတ်မှာ မကျန်းမာတဲ့အခါ ကောင်းကောင်းမွန်မွန် ပြုစု ကုသပေးရင် ပြန်ပြီးတော့ ကျန်းမာလာနိုင်သလို ဒဏ်ရာတွေ အနာတွေ ပျောက်သွားနိုင်သလို၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးဟာလည်း ကောင်းအောင်ပြုစုပေးရင် နဂိုက ဒဏ်ရာတွေဟာ ပျောက်ကင်းနိုင်ပါတယ်။
သဘောထားမှန်မှန်နဲ့ ပြေပြေလည်လည် ပြောဆိုနိုင်ရင် ဒီအနာလေးက ပြန်ကျက်သွားနိုင်ပါတယ်နော်။ အဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်။ တခါတရံ စိတ်ဆိုးတာ၊ ရန်ဖြစ်တာနဲ့ပဲ တသက်လုံး ရန်သူကြီးလို သဘောမထားသင့်ဘူး။
ဆရာတော်ဦးဇောတိက (သတိနဲ့ပြောပါ)
❝ကောင်းတဲ့အသိုင်းအဝိုင်းမှာ နေချင်ရင်❞
ဒေါသဆိုတာ ကူးစက်တတ်တဲ့ရောဂါတစ်မျိုး ဖြစ်တယ်။ ဒေါသကြီးတတ်တဲ့ သူအနားမှာ ကြာကြာနေရင် ကိုယ်ပါ ဒေါသ ဖြစ်တတ်လာတယ်။
အလိုမကျတာတွေ အဆင်မပြေတာတွေကို အမြဲပြောနေတတ်တဲ့သူအနားမှာ နေရင် ကိုယ်က နဂိုက ဒေါသဖြစ်စရာလို့ မထင်တဲ့ကိစ္စမျိုးတောင်မှ ဒေါသဖြစ်စရာဖြစ်လာတယ်။ ဒါကြောင့် မကျေနပ်စရာကို အမြဲတမ်း ပြောနေတတ်တဲ့သူမျိုးကိုသတိထားပါ။
သူက ဒေါသဖြစ်လို့ တစ်ခုခုကို ဒေါသနဲ့ပြောနေရင် ကိုယ်ပါ သူ့နောက်ကို လိုက်ပြီးတော့ ဒေါသမဖြစ်အောင် သတိရှိနေဖို့ လိုတယ်။ ဖြစ်နိုင်ရင်တော့ သူ့ဒေါသလျော့သွားအောင် အေးအေးဆေးဆေး ဖြောင်းဖြပေးပါ။ အရည်အချင်း မြင့်တဲ့သူတွေက ပိုပြီး စိတ်တိုတတ်တယ်။ ဖြစ်သင့်တာနဲ့ ဖြစ်နေတာရဲ့ ခြားနားချက်ကို သူတို့ ကောင်းကောင်း သိတယ်။ ဉာဏ်ပိုရှိလို့ လွဲနေတာ မှားနေတာကို ပိုမြင်တယ်။ ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တယ်။ ဉာဏ်ပိုရှိလို့ ပိုကောင်းအောင် လုပ်ချင်စိတ်လည်း ရှိတယ်။ အောင်မြင်တဲ့သူဆိုတာ ကံ ဉာဏ် ဝီရိယ
သုံးမျိုးလုံး ကောင်းလို့ပါ။ ဒါကြောင့် အလုပ်ကို ပြီးလွယ်အောင် သက်သာခိုပြီး
လုပ်တတ်တဲ့သူမျိုးနဲ့ တွဲပြီးလုပ်ရရင် ကောင်းသထက်ကောင်းအောင် လုပ်ချင်တဲ့သူဟာ မကြာခဏ စိတ်တိုရတော့မယ်။
ပျင်းတဲ့သူ တော်တော်များများဟာ စိတ်တော်တော်ရှည်ကြတယ်။ သူတို့ပြောလေ့ရှိတဲ့ စကားတစ်ခုက “မရှိလို့ လုပ်စားတာ ဖြေးဖြေးပေါ့”တဲ့၊ဝီရိယကြီးတဲ့သူဟာ အဲဒီလို ဖြေးဖြေးပေါ့ဆိုတဲ့ သူမျိုးနဲ့ တွဲလုပ်ရရင် စိတ်မကြာခဏ တိုရမှာ သေချာတယ်။ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ စိတ်ထားနဲ့ အရည်အချင်း မြင့်လာအောင် တတ်နိုင်သလောက်လုပ်ပါ။ အားလုံး စိတ်ထားမြင့်လာရင် အားလုံးအတွက်ကောင်းပါတယ်။ ကောင်းတဲ့ အသိုင်းအဝိုင်းမှာ နေချင်ရင် ကောင်းတဲ့အသိုင်းအဝိုင်း
ဖြစ်လာအောင် ကိုယ့်ဖက်က တတ်နိုင်သလောက် ကြိုးစားဖို့လိုတယ်။ လူတိုင်းဟာ လူ့အသိုင်းအဝိုင်းထဲမှာ နေရတယ်။
ဒါကြောင့် လူတိုင်းမှာအသိုင်းအဝိုင်းနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်။ အားလုံး ကောင်းဖို့ အားလုံးမှာ
တာဝန်ရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အဆိုးတစ်ခု ဖြစ်လာရင် ငါနဲ့မဆိုင်ဘူးလို့ သဘောမထားသင့်ဘူး။ အဲဒီအဆို ပျောက်အောင် တတ်နိုင်တဲ့နည်းနဲ့ လုပ်ရမယ်။ တတ်နိုင်သလောက် လုပ်ရမယ်လို့ သဘောထားရမယ်၊ လုပ်ရမယ်။ လူ့အသိုင်းအဝိုင်း ပိုကောင်းလာဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။
အဲဒီ လူတိုင်းဆိုတဲ့ အထဲမှာ ငါလည်းပါတယ်။
ငါ့မှာတာဝန်ရှိတယ် social responsibility ဆိုတာကို နားလည်ဖို့ လိုတယ်။
လူမှုရေးတာဝန် လူတိုင်းမှာရှိတယ်။ လူ့အသိုင်းအဝိုင်းကောင်းလာဖို့ ကိုယ့်ဖက်က ဘာမှ မလုပ်ပဲ၊ ဆိုးနေတာကို စိတ်ပျက်နေရုံနဲ့ ဉာဏ်ရှိတဲ့လူလို့ မဆိုနိုင်ဘူး။ ဒါကြောင့် စိတ်ချမ်းချမ်းသာသာ နေချင်ရင် လူ့အသိုင်းအဝိုင်း ကောင်းလာဖို့ကို လေးလေးနက်နက် စဉ်းစားပြီး တတ်နိုင်သလောက် လုပ်နေပါ။
ဆရာတော်ဦးဇောတိက
(သတိနဲ့ပြောပါ)
YIU New Campus မှာထပ်မံဖွင့်လှစ်မည့် SNE ,ANE တန်းခွဲသစ် (Weekend) Class ကို ခုထဲက ကြိုတင်စာရင်းသွင်းအပ်နှံနိုင်ပါပြီ။
ရုံးချိန်လွတ်Saturday Classဖြစ်လို့ကိုယ်နဲ့အဆင်ပြေရင်တစ်ခါတည်းjoinလိုက်ပါနော်🥰
📌ပန်းဆိုးတန်းစင်တာမှာလည်း SNE,ANEအတန်းတွေကို Weekdays & Weekend Class ဖွင့်ပေးထားပါတယ်။
https://m.facebook.com/story.php?story_fbid=703371698477903&id=100064152362117&mibextid=Nif5oz
https://m.facebook.com/story.php?story_fbid=703301835151556&id=100064152362117&mibextid=Nif5oz
ကိုယ်နဲ့ အဆင်ပြေနီးစပ်ရာနေရာမှာ Network Engineering ပညာရပ်တွေကို အခြေခံပိုင်နိုင်စွာ တတ်ရောက်သင်ယူနိုင်ပါပြီ။
𝐒𝐍𝐄 (𝐒𝐲𝐬𝐭𝐞𝐦 & 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥)
ယခုSNE အတန်းသည် Networking ပိုင်းကို စပြီး လေ့လာမယ့်သူများ၊
➡ ကွန်ပျူတာ ပညာရပ်ကို စိတ်ဝင်စားသူများ၊
➡ IT နည်းပညာဖြင် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊
➡ Computer Service ပိုင်းဖြင့် လုပ်ငန်းခွင် ဝင်ရောက်လိုသူများ၊
➡ လုပ်ငန်းခွင်တွင် Computer ကိုင်တွယ်နေရသူများ၊
➡ Computer နည်းပညာလေ့လာနေကြသော ကျောင်းသား/သူများ နှင့် နည်းပညာကို စိတ်ဝင်စားသူများတတ်ရောက်နိုင်ပါသည်။
✅ ကျောင်းသား/ကျောင်းသူများ၏ အရည်သွေးပိုမိုတိုးတက် ကောင်းမွန်လာစေရန် ၊ မိမိကိုယ်တိုင် self-study များပြုလုပ်ပြီး Online မှလိုအပ်သော Information များကို ရှာဖွေနိုင်ရန် Assignment များပေး၍ လေ့ကျင့်မူများပြုလုပ်ပေးပါတယ်ရှင်။
✅ YOUTH တွင် SNE Course တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာသင်ချိန် (Lecture Time) ၊ လက်တွေ့လုပ်ဆောင်မူအချိန် (Practical Time) အပြင်၊ Lab အချိန်များကိုပါ သင်ကြား၊ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သင်တန်းတွင် ကျောင်းသား/ကျောင်းသူများကို အရည်ချင်းစစ်စာမေးပွဲအဖြစ် Computer Hardware ပိုင်း Exam ဖြေကြားခြင်းနှင့် Computer Software ပိုင်း Exam ဖြေကြားခြင်းတို့ စာမေးပွဲ (၂) ကြိမ်ဖြေဆိုရပါမည်။
✅ SNE Course ကိုတက်ရောက်မည့်ကျောင်းသား/ကျောင်းသူများနေဖြင့် ယခင်A+မှာ သင်ကြားပေးနေကြဖြစ်တဲ့ Computer ၏ Hardware ပိုင်း၊ Software ပိုင်း နည်းပညာတွေအပြင် Cableကြိုးတွေနှင့်ချိတ်ဆက်သည့် Ethernet Network နှင့်Wi-Fi ချိတ်ဆက်အသုံးပြုသည့် Wireless Networkများအပါအဝင် CCTVသင်ခန်းစာများကိုပါသင်ကြားရမှာဖြစ်ပါတယ်ရှင်။ အားလုံးခြုံငုံကြည့်မယ်ဆိုရင်တော့ SNE Course မှာ (Computer Hardware, Software, Cable Network & Printer Sharing , Wireless Network and CCTV) အပိုင်းတို့ကို သင်ကြားရမှာ ဖြစ်ပါတယ်။
🎯YIU Campus Time Table
SNE (Batch - 2)
Opening Date - 25. November. 2023
Days - Saturday Only
Time - 8:30 AM to 12:00 PM
Duration - 3 Months
Fees - 190,000 ks
𝐀𝐍𝐄 (𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠)
Networking အသက်မွေးလမ်းကြောင်းကို လျှောက်လှမ်းဖို့အတွက်ဆိုရင် ANE(Advanced Network Engineering) ကိုတက်ရောက်ရမှာဖြစ်ပါတယ်🤗
Networking ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက်ဆိုရင် 1997 ခုနှစ်ကတည်းက စတည်ထောင်ထားပြီး စာတွေ့ လက်တွေ့ ပိုင်နိုင်စွာသင်ကြားပေးနေတဲ့ YOUTH Training Center_YTC မှာ တတ်ရင် စိတ်ချရပြီလေ။
🤔Advanced Network Engineering(ANE)Course မှာ ဘာတွေသင်ကြားပေးမှာလဲ?
Professional Network Engineer တစ်ယောက်အဖြစ် အသက်မွေးမည့်သူများ မရှိမဖြစ် တတ်မြောက်သင့်သည့် Windows Server, Virtualization, Linux စသည့်
Advanced Network သင်ခန်းစာများကို YOUTH မှ လက်တွေ့ လုပ်ငန်းခွင် သို့ အကောင်းဆုံးဝင်ရောက်နိုင်ရန် ပို့ချသင်ကြားပေးလျှက်ရှိပါသည်။ ANE Course သည် Network Fundamentals မှစ၍ Professional ဖြစ်သည်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။
ထို့အပြင်ယနေ့ခေတ်တွင် မသိမဖြစ်သိထားရမည့် Wireless သင်ခန်းစာကို Indoor, Outdoor အပြင် Linux Fundamentals သင်ခန်းစာကိုလည်းထပ်မံပြီး ထည့်သွင်းသင်ကြားပေးထားပါတယ်။
ထို့အပြင် CCNA, CCNP, Cloud သင်တန်းများအတွက်လည်းအခြေခံကောင်းများ ရရှိသွား မှာဖြစ်ပါတယ်။
💢 ANE Course မှာအသစ်ပါဝင်လာတဲ့ Cisco and Wireless သင်ခန်းစာများကတော့
✅ Cisco IOS Basic command
✅ Setting Passwords in a Cisco Router & Switch
✅ Configuration IP Addresses on a Cisco Router
✅ Configuration SSH on Routers and Switches
✅ Configuration the Cisco IOS DHCP Server
✅ Configuration the Cisco IOS DHCP Relay Agent
✅ Access Points and Wireless Lan Controllers တို့ဖြစ်ပါတယ်။
🎯YIU Campus Time Table
ANE (Batch - 2)
Opening Date - 25. November. 2023
Days - Saturday Only
Time - 12:30 PM to 4:00 PM
Duration - 4 Months
Fees - 260,000 ks
𝐘𝐈𝐔 𝐍𝐞𝐰 𝐂𝐚𝐦𝐩𝐮𝐬
အမှတ် ၄၇𝐀, ကိုယ့်မင်းကိုယ့်ချင်းလမ်း၊
ရေတာရှည်ရပ်ကွက် ၊ ရွှေဂုံတိုင်တံတားဘေး ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
☎𝟎𝟗𝟕𝟖𝟓𝟎𝟎𝟑𝟓𝟗𝟔, 𝟎𝟗𝟗𝟓𝟒𝟎𝟎𝟑𝟓𝟗𝟔
✨သင့်ရဲ့အနာဂတ် စိတ်ကူးအိပ်မက်များကို 𝐘𝐈𝐔 မှာ အကောင်ထည်ဖော်နိုင်ပါပြီ✨
🏩 ပန်းဆိုးတန်းသင်တန်းလိပ်စာ - အမှတ် 189/195၊ ပန်းဆိုးတန်း လမ်းမကျယ် အလယ်ဘလောက်၊ ပန်းဆိုးတန်း Office Tower ၊ ၆ လွှာ (A), ပန်းဆိုးတန်းအလယ်ဘလောက် ၊ ကျောက်တံတားမြို့နယ်။အပတ်စဉ် တနင်္လာနေ့တိုင်း သင်တန်းကျောင်းပိတ်ပါသည်။
09 953303596, 01 254893
/A+Course
& Network Essential
❝သင်ဘယ်လောက်ကြီးလာသလဲ❞
ဒီမှာ မေးခွန်းတစ်ခုကို သဘောကျလွန်းလို့ မှတ်ထားတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ခဏခဏ မေးပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့
"How BIG are you?"
BIGဆိုတာ Capital B, Capital I, Capital G.
"သင် ဘယ်လောက် ကြီးသလဲ"တဲ့နော် ။ ခန္ဓကိုယ် ကြီးတာကိုမဆိုလိုဘူး၊ ရာထူးကြီးတာကို မဆိုလိုဖူးနော်။ စိတ်ဓာတ်နဲ့ အသိဥာဏ် ဘယ်လောက်ကြီးလည်း၊ သဘောထားဘယ်လောက်ကြီးသလဲ တဲ့။ အဲ့ဒါကိုမေးတာနော်။ အင်မတန် လေးနက်တဲ့ မေးခွန်းပဲ။ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ဒီဘုန်းကြီးကလည်း ကိုယ့်ကိုယ် ကို ခဏခဏ မေးပါတယ်။
"How BIG are you?"
It takes a big person to succeed.
တကယ် အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်ဖို့ဆိုတာ သင်ဟာ ကြီးတဲ့လူတစ်ယောက်ဖြစ်မှရမယ်။ စိတ်ဓာတ်နဲ့အသိဥာဏ် ကြီးတဲ့လူတစ်ယောက်ထဲ ဖြစ်မှရမယ်။သဘောထားကြီးတဲ့ လူတစ်ယောက်ဖြစ်မှရမယ်။
သဘောထားသေးတဲ့လူတစ်ယောက်ဟာ လုပ်ငန်းကြီးကြီးကို အောင်မြငအောင် မလုပ်နိုင်ပါဖူးနော်။တာဝန်ကြီးကြီးကိုမထမ်းဆောင်နိုင်ဖူး ၊ အများအကြိုး ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဖူးနော်။
➤ဘယ်အလုပ်ဟာ ကြီးကျယ်သလဲ၊ ဘယ်အလုပ်ဟာ မြင့်မြတ်သလဲဆိုတာ သိဖို့ကို မလွယ်ဘူး ၊ အဲ့ဒါကို သိဖို့ကိုပဲ ကြိုးစားနေတဲ့လူဟာ သူကိုယ်တိုင်ကြီးမှရမယ်။ ကြီးတာကိုသိဖို့ရာ သူကိုယ်တိုင်ကြီးမှဖြစ်မယ် နော်။ ကြီးတဲ့သူမှသာ ကြီးတာကိုသိနိုင်တယ်။
ပဟေဠိဆန်ဆန် ပြောရရင်တော့ အဲ့ဒီလိုပဲနော် ။ ဘယ်လို အလုပ်ဟာကြီးကျယ်သလဲ ၊ မြင့်မြတ်သလဲဆို တာ သိချင်လို့ရှိရင် ကိုယ်ကိုယ်တိုင်က အသိဥာဏ်နဲ့စိတ်ဓာတ်ကြီးမှရမယ်။
"ဘယ်အလုပ်ဟာ ငါ့ရဲ့စိတ်ဓာတ်တွေ အပြည့် ပေးပီးတော့ လုပ်ဖို့ရာ ထိုက်တန်သလဲ"ဆိုတာကို သိဖို့ရာမှာလည်း ကိုယ်က အသိဥာဏ်ကြီးတဲ့လူ ၊ စိတ်ဓာတ် ကြီးတဲ့လူဖြစ်ရ ဦးမယ်နော်။ စိတ်ဓာတ်မကြီးတဲ့သူ အသိဥာဏ်မကြီးတဲ့သူ(trifling matters)အသေးအမွား မပြောပလောက်တဲ့ ကိစ္စတွေနဲ့ပဲ သူ့ရဲ့ emotional energy တွေဟာ waste ဖြစ်တယ်။ သူ့ရဲ့ စိတ်ဓာတ် အင်အားတွေဟာ ပြုန်းတီးကုန်တယ်နော်။ သဘောထားမကြီးတဲ့သူဟာ ပြသာနာသေးသေးလေးတွေနဲ့အချိန်ကုန်နေတယ်၊ပင်ပန်းနေတယ်နော်။
➤သဘောထားကြီးတဲ့လူဟာ ပြသနာသေးသေးလေးတွေကို အချိန်ကုန်မခံဘူး။ သူ့မှာကြီးကြီးကျယ်ကျယ် လုပ်စရာတွေရှိတယ်။ အဲ့ဒီတော့ ဒီကိစ္စတစ်ခုဟာ ကြီးသလား၊ သေးသလားဆိုတာ သိဖို့တောင်မှ သူက တော်တော် လေးရင့်ကျက်မှ ရမယ်။ နို့မဟုတ်ရင် ကြီးတာနဲ့သေးတာ မခွဲနိုင်ဖူးနော်။
➤လူတော်တော်များများဟာ အရေးကြီးတာနဲ့ အရေးမကြီးတာကို မခွဲနိုင်ပဲနဲ့ များသောအားဖြင့် အရေးမကြီးတဲ့ ကိစ္စတွေနဲ့ တစ်နေ့လုံး အချိန်ကုန်ပြီးတော့ ဘာမှထိထိရောက်ရောက် အလုပ် မလုပ်ဖြစ်ဖူး။ မိုးလင်းကမိုးချုပ် ဘယ်သူက ဘယ်လိုပြော တာ ၊ ဘယ်သူက ဘာလုပ်တယ်၊ ဘယ်သူက မကောင်းဘူး၊ ဘယ်သူက ဘာဖြစ်တယ်နော်။ အဲ့ဒီလိုပဲ သူများကီစ္စတွေ၊ သူများအမှား
တွေ၊ ချွတ်ယွင်းချက် စသည်ဖြင့်ပေါ့။ ဒါတွေကို ပြောပြီးတော့ အချိန်ကုန်သွားတယ်နော်။
➤အဲ့ဒီတော့ တကယ် အလုပ်ကြီးကြီးလုပ်မဲ့သူဟာ သူများကိစ္စတွေ၊ အသေးအမွား ပြောပြီးတော့ အချိန်မကုန်သင့်ဖူး။ တကယ် ကြီးတဲ့လူ မှန်ရင်လည်းပဲ အဲ့ဒီလို ကိစ္စမျိုးတွေကို ခေါင်းထဲ မထည့်တော့ဖူးနော်။
သူ့အချိန် ဟာအင်မတန် တန်ဖိုးရှိတယ်ဆိုတာ ကို သူသိတယ်။
သူ့အရည်အချင်းတွေဟာ ဒီ့ထပ်မက အင်မတန်ကြီးမားတဲ့ လုပ်ငန်းကြီးတွေကို အကောင်အထည်ဖော်နိုင်လောက်တဲ့ အရည်အချင်းဖြစ်တယ် ဆိုတာ သူ သိတယ်။ အဲ့ဒီတော့ အင်မတန် တန်ဖိုးရှိတဲ့ အချိန်နဲ့ အရည်အချင်းတွေကို ဘာမှမဖြစ်လောက်တဲ့ကိစ္စမှာ အကုန်မခံဘူး၊ ပြောမနေတော့ဖူးနော်။
➤When you see how you damage yourself by bearing resentments and grudges, you can put small annoyances in the past as soon as they occur.
သူတစ်ပါးအပေါ်မှာ မုန်းတီးတာ ၊ နာကြည်းတာ ၊ ရန်လိုတာ ရန်ငြှိုးထားတာ ၊ အဲ့ဒါတွေဟာ ကိုယ့်အတွက် ဘယ်လောက် ထိခိုက်သလဲဆိုတာ သင်သိလို့ရှိရင် ၊ အဲ့ဒီလို မဖြစ်လောက်တဲ့ အသေးအမွှား စိတ်အနှောက်အယှက်ဖြစ်စရာတွေကို ဖြစ်ဖြစ်ချင်း သိပြီးတော့ သွားပေတော့.....တော်ပီဆိုပြီး အတိတ်မှာ ထားခဲ့နိုင်မယ်။
သတိနဲ့နေတဲ့လူဟာ အသေးအမွားကိစ္စတွေနဲ့ စိတ်အနှောက်အယှက်တာရှည် အဖြစ်မခံဘူး။ ချက်ချင်းသိပြီးတော့ ချက်ချင်းပဲသူ့ကို အတိတ်မှာပဲ ထားခဲ့တယ်။
Every circumstance of your life, every joy and every sorrow has an effect in shaping you into what you are.
ကိုယ့်ဘဝမှာ တွေ့ကြုံရတဲ့အခြေအနေတွေအားလုံး။ ကိုယ့်ဘဝမှာ တွေ့ကြုံရတဲ့ ပျော်စရာ ရွှင်စရာတွေ၊ စိတ်ညစ်စရာ ၊ စိတ်ဆင်းရဲစရာတွေအားလုံးဟာ ကိုယ့်ကို တစ်နည်းအားဖြင့် ပုံဖော်ပေးထားတယ်နော်။
ကိုယ့်ကို ဘယ်လိုလူ ဖြစ်လာမလဲဆိုတာကို သူတို့က ပုံဖော်ပေးတယ်။ လောကဓံတရားက ကိုယ့်ကို ပုံဖော်နေတာပဲနော်။
ဆရာတော်ဦးဇောတိက
(အလုပ်တွင်ပျော်မွေ့ခြင်း)
Click here to claim your Sponsored Listing.
Videos (show all)
Telephone
Website
Address
11011
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111
First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...
No. 411, Balika ( Zaya 10th )Street, 10th Qtr, South Okkalapa Tsp
Yangon, 11091
We will unlock your capabilities.
No. 26/201, Nguwar Street (B), Yuzana Garden City
Yangon, 11441
Dedicated to Excellence.
No 1140, 1st Floor, Ya-tha-wa-ti Street South-Oakkalar Township
Yangon
Let's upgrade & update your mathematics level
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon
Change Your Life with Data