Brave New World

Tailored Student Services, School Admission and Visa Services

27/06/2023

US မှာ Ivy league universities တက်မှ quality education ရမှာ မဟုတ်ဘူး ဆိုတာ ဒီ အချက် က ဖေါ်ပြနေပါတယ်

27/06/2023

Well, it's worth the long wait.

06/10/2022

** DV လျှောက်ဖို့အတွက်အချက်အလက်တွေပြင်ဆင်နေတယ်ဆိုရင် ဒါလေးအရင်ဖတ်ပေးပါ

တစ်နှစ်တစ်ခါဖွင့်နေကြ DV program က မြန်မာနိုင်ငံသားတိုင်းကံစမ်းလို့ရတဲ့ အခွင့်အရေးရှိနေပါတယ်။ Passport မလိုတော့တာမို့ အထက်တန်းအောင်မြင်ပီးသူတိုင်း လွယ်လွယ်ကူကူလျှောက်ထားနိုင်ပါတယ်။

❗ အရေးကြီးတာက လူတစ်ဦးကို တစ်နှစ်မှာ တစ်ခါသာ လျှောက်ထားနိုင်ပါတယ်။ တစ်ခါထက်ပိုလျှောက်မိရင် auto reject ပယ်မဲဖြစ်မှာပါ ❗

======================================
📣 DV လျှောက်ထားခြင်းအတွက် မည်သည့် စာရွက်စာတမ်းမှ မလိုအပ်သေးပါ။ 📣

ဘာတွေသတိထားပြင်ဆင်ရမလဲ ?

1. DV လျောက်ရန် အဓိကလျောက်မယ့်သူအနေနဲ့ passport ရှိစရာမလိုတော့ပါ။ သို့ရာတွင် DV ပေါက်ပါက passport လိုမည်ဖြစ်သောကြောင့် ခုထဲက QR code ယူပီး passport လုပ်ထားသင့်ပါတယ်။

ဂရုပြုရန်။ DV လျှောက်ချိန်မှာ ထည့်တဲ့ အချက်အလက်များဟာ အခြားစာရွက်စာတမ်းများ (မွေးစာရင်း၊ သန်းခေါင်စာရင်း၊ အောင်လတ်မှတ်) ပါအချက်အလက်များနဲ့ ကိုက်ညီမှုရှိရပါမည်။

Passport မရှိသေးသူများက DV လျှောက်တုန်းမှာ ဖြည့်ခဲ့တဲ့ အချက်အလက်များကိုသိမ်းဆည်းမှတ်ထားပီး Passport လုပ်သည့်အခါ ကိုက်ညီမှုရှိအောင်သတိပြုပါ။ DV ပေါက်ပါက အရင်ဦးဆုံးတိုက်စစ်မည့်အရာက passport ပါအချက်အလက်များဖြစ်ပါသည်။

သင့်တွင် passport ရှိပါကရှေ့စာမျက်နှာ ကို ဓါတ်ပုံရိုက်ပို့ပေးပါရန်။ (Passport သက်တမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Passport ပါအချက်အလက်များနှင့်ကိုက်ညီမှုရှိစေရန်အတွက်ပါ)

2. နာမည် English စာလုံးပေါင်း

ဂရုပြုရန်။ Passport ထဲက နာမည်စာလုံးပေါင်းနဲ့ တူရပါမယ်။ Passport မလုပ်ရသေးရင် အခြားစာရွက်စာတမ်းများက နာမည်စာလုံးပေါင်းနဲ့တူရပါမယ်။ Passport လုပ်တဲ့အခါ ပေးထားတဲ့နာမည်စာလုံးပေါင်းနဲ့ တူညီအောင် သတိထားပေးပါရန်။

3. မွေးဖွားရာမြို့သည်သင့်
မွေးစာရင်းထဲကအတိုင်း တူရပါမယ်။

4. ၂လက်မပတ်လည် နောက်ခံအဖြူရောင်၊ ခြောက်လအတွင်းရိုက်ကူးထားသော ကာလာပတ်စပို့ ဓါတ်ပုံ soft copy

ဂရုပြုရန်။ အရင်နှစ်က တင်ထားဖူးသည့်ဓါတ်ပုံဖြင့် ဒီနှစ်ပြန်တင်၍မရပါ။

ကျွန်တော်တို့ဆီ service အပ်ထားသည့် မိတ်ဆွေများအနေဖြင့် ဓါတ်ပုံရိုက်ပီးပါက ပြင်စရာလုံးဝမလိုပါဘူး။ သတ်မှတ် ချက်နှင့်အညီ ရွေးချယ် ဆောင်ရွက်ပေးပါတယ်။ လုံးဝ အသုံးပြုလို့မရသော ဓာတ်ပုံများကိုသာ ပြန်လည် ရိုက်ခိုင်းပါတယ်။

5. နေရပ်လိပ်စာ
ဂရုပြုရန်။ လက်ရှိနေရပ်လိပ်စာကို ထည့်ရင် ရပါတယ်။ သန်းခေါင်စာရင်းမှလိပ်စာနှင့် မတူလည်းရပါတယ်

6. အမြင့်ဆုံးပညာအရည်အချင်း
(ဆယ်တန်းအောင်၊ တက္ကသိုလ်တက်နေဆဲ၊ ဘွဲ့ရ၊ မာစတာတန်းတက်နေဆဲ၊ မာစတာဘွဲ့၊ ဒေါက်တာတန်းတက်နေဆဲ၊ ဒေါက်တာဘွဲ့ )

ဂရုပြုရန်။ နောက်ဆုံး မိမိ ရောက်နေသော ပညာ အရည်အချင်း ကို အတိအကျ တင်ဖို့ လိုအပ်ပါတယ်

7. အိမ်ထောင်ဘက် သား၊ သမီး ရှိ၊ မရှိ

သတိပြုရန်။ အိမ်ထောင်ရှိ၊ သားသမီးရှိရင် ထိုသူများရဲ့ အချက်အလက်များအကုန်လိုပါတယ်။ DV ပေါက်လျှင်အိမ်ထောင်ဘက်ကို မခေါ်လိုပါက DS260 form ဖြည့်သည့်အချိန်တွင် ချန်လှပ်ထားခဲ့နိုင်ပါသည်။ ကိုယ်တစ်ယောက်တည်းသွားမှာမို့ အိမ်ထောင်နဲ့ သားသမီးအချက်အလက်မဖြည့်ဘဲ Single အနေနဲ့ဖြည့်ခဲ့ရင် အချက်အလက်လိမ်သလိုဖြစ်သွားပါမယ်။

အိမ်ထောင်ဘက်/ သားသမီးရှိလျှင် ထိုသူများ၏ ဓါတ်ပုံလိုအပ်ချက်များက ဦးဆောင်လျှောက်သူနှင့် တူတူပါပဲ။

မိမိအိမ်ထောင်ဖက်နှင့် 21 နှစ်အောက်သား၊သမီးနဲ့သာ အတူတွဲလျှောက်ခွင့်ရှိပါတယ်။ ပေါက်ရင် အတူသွားခွင့်ရှိပါတယ်။ မိဘ၊ ညီအကို၊ မောင်နှမ၊ ညီအမ၊ ဆွေမျိုး၊ သူငယ်ချင်း အတူတွဲလျှောက်ခွင့်မရှိ။ ပေါက်ရင် အတူသွားခွင့်မရှိပါ။

======================================

🛑 အချက်အလက်များကို မလိမ်ပါနဲ့။ မှန်မှန်ကန်ကန်တင်ပေးပါ။ လိမ်ထားတာပါရင် DV ပေါက်လို့ visa အတွက် သံရုံးဝင်ရင် အပါယ်ခံရပါမယ်။ DV ပေါက်တဲ့အခွင့်အရေးနစ်နာသွားပါမယ်။ 🛑

======================================

လိုအပ်သောအကူအညီများကို page messenger မှ‌သော်လည်းကောင်း၊ ဖုန်းဆက်ပီးသော်လည်းကောင်း အချိန်မရွေးမေးမြန်းဆက်သွယ်နိုင်ပါတယ်။

📞 Ph Number : 09954004814

06/10/2022

DV တင်ရန် ဓာတ်ပုံအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များ

(၁) ၆လအတွင်း ရိုက်ထားသော ၂လက်မပတ်လည် ဓာတ်ပုံဖြစ်ရမည်။

(၂) Selfie ဓာတ်ပုံ မဖြစ်ရ။

(၃) မျက်နှာပြင်တစ်ခုလုံးရှိ အစိတ်အပိုင်းများ ကြည်လင်ပြတ်သားစွာ မြင်ရပြီး နားရွက်ဖေါ်ထားရပါမည်။

(၄) မျက်နှာ အရှေ့တည့်တည့်မှ ရိုက်ထားသောပုံ ဖြစ်ရမည်။
မျက်နှာအနေထားမှာ ဘယ်စောင်း၊ ညာစောင်း မဖြစ်ရ။ အလယ်တည့်တည့် ကြည့်နေရသောပုံ ​ဖြစ်ရမည်။

(၅) မျက်နှာပြင်ပေါ်နှင့် နောက်ခံတွင် မည်သည့်အရိပ်မျှ မရှိရပါ။

(၆) မျက်နှာပြင်ပေါ်တွင် ဆံပင်၊ အဝတ်၊ ဦးထုပ်များ ကွယ်နေခြင်း မရှိရပါ။

(၇) မျက်မှန်တပ် မရိုက်ရ။ မျက်လုံးမှိတ်ထားသောပုံ မဖြစ်ရ။

(၈) သနပ်ခါး cosmetic များ မိမိ၏မူလ မျက်နှာပုံ ပြောင်းလဲသည်ထိ မပြင်ထားရပါ။

(၉) Uniform ဝတ်စုံများ ရှောင်ကျဥ်ပါ။ နေ့စဉ် ပုံမှန် ဝတ်လေ့ရှိသော အဝတ်အစား များ လဲ အဆင်ပြေ ပါသည်။

(၁၀) နောက်ခံအဖြူရောင် ဗြောင် ဖြစ်ရမည်။

(၁၁) နောက်ခံ ကို လဲ computer software များနှင့် crop လုပ်မပြင်ပဲ original အဖြူ အတိုင်းသာ သင့်လျှော်ပါသည်။

============================
ဓာတ်ပုံ ရိုက်ရာတွင် သတိပြုရန်။

🔴 ကျွမ်းကျင်နားလည်သော ဓာတ်ပုံဆိုင်တွင် ၂လက်မပတ်လည် အရွယ် အချိုးအစားညီအောင် ပြောပြပါ။

🔴 ပုခုံးသားများ ပြတ်ထွက်နေခြင်း မရှိဘဲ ပုခုံးနှစ်ဖက်လုံးနှင့် ရင်ခေါင်းနားလောက်ထိ ပါအောင် ရိုက်ယူလာပေးပါ။

🔴 ဓာတ်ပုံ သတ်မှတ်ချက်သည် DV lottery ၏ အရေးပါသော လိုအပ်ချက်ဖြစ်ပါသည်။

============================

🔴 ဓာတ်ပုံ ရိုက်ရာတွင် အကောင်းဆုံး အကြံပေးလိုသည်မှာ ရုပ်ထွက်ကောင်းမွန်သော Digital Camera (or) Photo Studio ဖြင့် ရိုက်ယူသင့်ပါသည်။

🔴 Original Photo Size မှာ အနည်းဆုံး 1MB ကျော် (240KB Sizeသို့် ပြန်ပြောင်းမည်ဖြစ်၍ ပုံရိပ်မဝါးသွားစေရန် မူလဓာတ်ပုံမှာ Resolution ကောင်းနေသင့်) ရှိသင့်ပြီး
ဓာတ်ပုံဆိုင်မှ မူရင်း Source Copy ပုံကို မိမိ၏ Memory Stick (or) Ph Memory ဖြင့် ယူလာ၍ Gmail (or) Viber သို့ မူရင်းကို ပေးပို့ပေးပါ။

🔴 Digital Camera မရှိလျှင် ကြည်လင်ပြတ်သားစွာ ရုပ်ထွက်ကောင်းမွန်သော Smart Phoneဖြင့် အလင်းကောင်းသော ေနရာတွင် ဓာတ်ပုံရိုက်ယူပါ။

🔴 ပေးပို့လာသော ဓာတ်ပုံ များကို ရှေးဦးစွာ စစ်ဆေးပြီးမှသာ တင်နိုင်မည် ဖြစ်သောကြောင့် မကိုက်ညီပါက ပြန်လည်ရိုက်ကူးရမည် ဖြစ်ပါသည်။

လူတိုင်း ကံထူး နိုင်သည့် အခွင့်အရေးကို ၇၀၀၀ ကျပ်နှင့် ကံစမ်းနိုင်ပြီး လိုအပ်သော အချက်အလက်များကို မတင်မှီ customer များနှင့် စစ်ဆေး ပြီးမှသာ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

Ref : internet, DV lottery photo requirements

05/10/2022

American dream တွေ ဖြစ်လာဖို့ ကံစမ်းခွင့်တွေ ရောက်ရှိလာပါပြီ DV lottery ကို ကံစမ်းရင်း American နိုင်ငံ ကို ရောက်ရှိ ဖို့ အားလုံး မှာ အခွင့်အရေး ရှိပါတယ် ၁ နှစ် ၁ ခါ ကံစမ်း နိုင်တဲ့ DV အခွင့်အရေးကို လက်မလွှတ်ဖို့ အခု ပဲ အမြန် ဆက်သွယ် နိုင် ပါတယ် ဝန်ဆောင်ခ လဲ အများနဲ့ မတူတဲ့ စျေးမလို့ လက်လွှတ်မခံသင့်ပါဘူးနော်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Other Yangon schools & colleges (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Dots English Dots English
Wai Bargi Road
Yangon, 11031

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Yangon Grasp Academy Yangon Grasp Academy
No. 26/201, Nguwar Street (B), Yuzana Garden City
Yangon, 11441

Dedicated to Excellence.

Upgrade Upgrade
No 1140, 1st Floor, Ya-tha-wa-ti Street South-Oakkalar Township
Yangon

Let's upgrade & update your mathematics level

DataLearn DataLearn
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon

Change Your Life with Data

မလေးစကားပြောသင်တန်း မလေးစကားပြောသင်တန်း
Shwepyithar
Yangon, 01

မလေးစကားသင်တန်း မှကြိုဆိုပါတယ်

White-Collar Inc. White-Collar Inc.
36th Street
Yangon, 11182

the White-Collar Inc. is established in order to meet the social, education and economic needs of yo

G Y O - Grab Your Opportunity G Y O - Grab Your Opportunity
Kamayut Township
Yangon

If there’s a will, there’s a way

ThanLwin Institute Of Technology - သံလွင် သင်တန်းကျောင်း ThanLwin Institute Of Technology - သံလွင် သင်တန်းကျောင်း
No-12A , Dagon Center-2(Residence Tower)
Yangon, 11111

မြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်နှင့် နည်းပညာသင်တန်း