Le Petit Pot

Le Petit Pot

A place where we love sharing the healthy plants with reasonable price,
also the tips how to take care of plants

Photos from Sassy Bound's post 01/10/2022

ကဲ

19/09/2022

အားလုံးပဲ မင်္ဂလာပါနော်

အပင်လက်ဆောင် ဝယ်ပေးချင်လို့ပါ ဆိုပြီး လာမေးသူရှိတာနဲ့ macrame ကြိုးလေးတွေ ထပ်ကျစ်ဖြစ်တယ်၊ ကြိုးဈေးတွေ သုံးဆ လောက် တက်သွားတာမို့ လက်ကျန် ကြိုးကုန်ရင်တော့ တော်ပါပြီ

လက်ရှိမှာ Neon Potho, Jade Potho, Golden Potho သုံးမျိုးကို macrame ကျစ်ကြိုးလေးနဲ့ အရေအတွက်နည်းနည်း ရနိုင်ပါဦးမယ်

လက်ဆောင်ပေးချင်တာ အားပေးစကားလေးပြောချင်တာဆိုလည်း ပိုစ့်ကဒ်လေးနဲ့ စာလေးရေးပြီး သေချာ ပို့ပေးမယ်နော်

ဂရုစိုက်ရလွယ်ပြီး အလင်းရောင်နည်းနည်း နဲ့ ရှင်သန်နိုင်တဲ့ အပင်မျိုးမို့ beginner တွေ အတွက်တောင် အဆင်ပြေမှာပါ

ဈေးကတော့ မပြောင်းမလဲ တစ်အိုးကို ၈,၅၀၀ ဖြစ်ပါတယ်၊

အပင်ဆိုင်လေးကို ဆက်ပြီး မ run ဖြစ်တော့ပေမယ့် အားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ချစ်ရင်း ကျေးဇူးတင်ရင်း သတိတရ ရှိရပါတယ် 💚💚

Stay safe
Stay strong
Grow together

19/06/2022

ပန်းတွေအားလုံးဟာ "သူမ" ပါပဲ
❤️🧡💛💚💙💜🤎🖤🤍

07/05/2022

🌿🌿💃🕺🌿🌿
နှစ်စဉ် မေလ ပထမ ပတ်ရဲ့ စနေနေ့ဟာ World Naked Gardening Day ပါ
ရည်ရွယ်ချက်ကတော့ ဘော်ဒီရှိမ်းမင်း လုပ်ကြတာ ကို ရပ်တန့်ဖို့ရယ် သဘာဝ တရားကြီးထဲမှာ သဘဝ အလှကို ကိုယ်တိုင်သိရှိ ခံစားတတ်ဖို့ အတွက်ရယ်ပဲ ဖြစ်ပါတယ်

အခု ဒီပိုစ့်ကို မြင်ပြီး အပြေးအလွှား ပုံတွေ ရိုက်ဖြစ်သွားကြရင်တော့ ကိုယ့်ဒေါသ နဲ့ ကိုယ်ပါပဲ 😪😪

14/04/2022

လောင်း လောင်း လောင်းလိုက်ပါ
အပင်လေးတွေ လောင်းလိုက်ပါ

လူတွေက သင်္ကြန်မကျ ရေမကစား မပျော်ပါးကြ ပေမယ့် အပင်တွေ ပဲ ပျော်ကြပါစေတော့ရယ်လို့

18/03/2022

နွေရယ် အပင်ရယ် ပျိုးသူရယ်
🌿🌵🎄🌱🌳🍀🍃

အခုလို အပူချိန် မြင့်တက်လာပြီဖြစ်တဲ့ နွေခေါင်ခေါင်မှာ အပင်ပျိုးသူတွေ အနေနဲ့ ဂရုတစိုက် ကိုင်တွယ် ဖြေရှင်းရမယ့် အခြေအနေလေးတွေ ရှိပါတယ်၊

🟢အပင်တွေ ရေ ခနခန ဆာတယ်

ဟုတ်ပါတယ်၊ အပင်တွေ ရေခနခန ဆာပါတယ်၊ ဒါပေမယ့် ရေခန ခန တိုက်လို့တော့လည်း အဆင်မပြေပြန်ပါဘူး၊ ဒီတော့ အပင်အမျိုးအစားအလိုက် လိုအပ်တဲ့ ရေကို မနက် နေထွက်ခါစ သို့မဟုတ် ည နေ နေဝင်ပြီး အချိန်တွေမှာ အေးနေအောင် ဝလင်နေအောင် တိုက်ဖို့ လိုပါတယ်၊
တစ်နေကုန် အပူဒဏ်ကို ပါ အံတုဖို့ဆို ပန်းအိုးအောက်ခြေ လင်ဗန်းထဲကို ရေဖြည့်ပေးထားတမျိုး၊ လင်ဗန်းထဲမှာ ကျောက်စရစ်ခဲလေးတွေ သို့မဟုတ် သဲဖြူဖြူလေးခင်းပြီး ရေလေးထည့်လို့ ပန်းအိုးတင်ထားတာမျိုး လေးတွေဟာ အပင်လေးတွေကို ချစ်ခင် တန်ဖိုးထားကြောင်း ပြသ ရာ ရောက်တဲ့ ဂရုစိုက်မှုလေးတွေ ထဲက တစ်ခုပါပဲ၊

🟢 အရွက်တွေ နဲ့ ပန်းပွင့်တွေ ဟာ နေရှိန်ကြောင့် လောင်တယ်

နေရောင်ထဲ ထားတဲ့ အပင်တွေ၊ နေ့လည်က နေ ညနေ ထိ နေရောင်ကို အပြည့်ရတဲ့ အပင်တွေ၊ အရိပ်ထဲမှာ ထားတယ်ဆိုပေမယ့် နေပူရှိန် ကို ခံစားရတဲ့ အပင်တွေ တိုင်း မှာ တွေ့လာ ရတတ်တဲ့ ပြဿနာ တစ်မျိုးပါ၊
ရေဝ အောင် လောင်းပေးတာမျိုး အပြင် အရွက်တွေ အပွင့်တွေ အားလုံး နွမ်းလျ သွားတဲ့ လက္ခဏာ ပြတာနဲ့ အိမ်ရဲ့အေးစိမ့်နေတဲ့ နေရာ တစ်ခု ( ရေချိုးခန်း သို့ ပန်းကန်စင်) မှာ ခနလောက် ရွှေ့ထားပေးသင့်ပါတယ်၊ လက္ခဏာ မပြင်းထန်ဘူးဆို တစ်ည လောက်နဲ့ တောင် လုံလောက်ပါတယ်၊

🟢 ပန်းအိုးတွေဟာ ပုရွက်ဆိတ်တွေရဲ့ နွေရာသီ အပူရှောင် စခန်း ဖြစ်လာတယ်

အေးရာအေးကြောင်းကို ရှာတဲ့ မြေအောင်းပိုးကောင်တွေ တိုင်းအတွက် ပန်းအိုးထဲက မြေဆွေးအေးအေးလေးတွေဟာ အိုအေစစ် ပါပဲ၊ အဲဒီတော့ သူတို့ နေထိုင်ကြပါတယ်၊ နေထိုင်ရုံတင်မဟုတ်ဘဲ ချစ်ကြခင်ကြ လင်ယူသားမွေး ဥတွေဥကြ မျိုးပွားကြ ရင်း တည်ထောင်လိုက်တဲ့ ပုရွက်ဆိတ် တိုင်းပြည်ငယ်တွေကြောင့် အပင်ဟာ အကြောင်းမဲ့ အရွက်တွေ ကြွေလာမယ်၊ အရိုးတွေ ခြောက်လာမယ်၊ နောက်ဆုံး အချိန် မီ မကယ်တင်နိုင်ရင် အပင် တစ်ခုလုံး ဆုံးရှုံးရနိုင်ပါတယ်၊ ဒီအချိန်မှာ ကယ်ကြည့် လို့ရတဲ့အကောင်းဆုံးနည်းက တော့ အပင်ကို အိုးက နေချွတ်လို့ အမြစ်တွေပါ သန့်စင်ပြီး မြေသစ် အိုးသစ်လဲ လိုက်တာ ဖြစ်ပါတယ်၊

ပိုးသတ်ဆေးတွေ သုံးမယ်ဆို တကယ့်ကို သတိထား ကိုင်တွယ်ဖို့ မှာချင်သလို သဘာဝ နည်းတွေသုံးမယ် ဆိုရင်လည်း ဆပ်ပြာဆီတစ်ဇွန်းကို ရေတစ်လီတာထဲ ရောပြီး ဖြန်းပေး လောင်းပေးတာမျိုး လည်း လုပ်နိုင်ပါတယ်၊

💚ဘယ်လိုပဲ အလုပ်နည်းနည်း ပိုလာတယ် ပြောပြော နွေပူပူ နေပူပူ သောက အပူတွေ ကြားမှာ အပင်စိမ်းစိမ်း အရွက်စိမ်းစိမ်း လေးတွေ မြင်တွေ့နေ ရတာ က ပဲ ခနတာ ငြိမ်းချမ်းမှုလေး ရစေတယ်ဆိုရင်ကို မဆိုးဘူးပေါ့၊

💚ကိုယ့်အိမ်ထဲမှာ ကိုယ့်အခန်းလေးထဲမှာ စိမ်းနေတဲ့ အရွက်လေးတွေ ထားထားရင်း ပြုစုရင်း
အပင်လေးလည်း အေးချမ်းပါစေ၊
ပျိုးတဲ့သူလည်း အမောပြေပါစေ

#အပင်လေးတွေပျိုးပါ
#ကိုယ့်ကိုယ်ကိုလည်းပျိုးပါ
#တူတူပျိုး

16/03/2022

Macramé hanging Neon Pothos couple
💚💚

15/03/2022

အိမ်တွင်းအိုအေစစ် သို့မဟုတ် အိမ်တွင်းလေ
သန့်စင်‌ပင်လေးတွေရဲ့ ဘုရင်
Aloevera နဲ့ Snake Plant
8"ကော်အိုးဖြူနဲ့ စိုက်ထားတာလေး နှစ်အိုးစီသာ ကျန်ပါတယ်၊
5,500each

09/03/2022

အပြောင်းအရွှေ့ကြောင့် ဘာမှ မသယ်နိုင်လို့ အကုန် ထုတ်ရောင်းရမှာ ဖြစ်လို့ အရောင်းပိုစ့်တွေ တင်လိုက်ပါဦးမယ်

ဒီလို ခက်ခဲကြပ်တည်း လှတဲ့ နေ့ရက်တွေမှာ ချစ်ရ ခင်ရ ကျေးဇူးတင်ရ သူတွေ ဆီကို ရှင်သန်နေတဲ့အပင်လေးတွေ လက်ဆောင်ပေးပို့ရင်း ရှင်သန်ပါဦး အားတင်းထားပါဦး ဆိုပြီး အားပေးစကား‌လေး ပြောချင်တယ်ဆို Le Petit Pot က ဆောင်ရွက်ပေးပါရစေ

ပြောချင်တဲ့ စကားလက်ဆောင် စာသားလေးရယ်၊ ပေးပို့ချင်တဲ့ သူရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်လေးရယ် လာပို့ပေးလိုက်ပါနော်

ချိတ်ဆွဲ ပင်လေးတွေက တစ်အိုးကို ၈,၅၀၀ ဖြစ်ပါတယ်
ဆင်တူလေး စိုက်ချင်တယ် ဆိုလည်း ရတာမို့ မှာလိုက်နော်

ဒီပိုစ့်ထဲက အပင်တွေလည်း နည်းနည်းစီ ကျန်ကြပါသေးတယ်
https://www.facebook.com/100610124984240/posts/475107937534455/

01/03/2022

မျှော်လင့်ချက်တွေရှိတယ်
မျှော်လင့်ကြည့်ချင်သေးတယ်



💚ဧည့်ခန်းလေးထဲဖြစ်ဖြစ် အိပ်ခန်းလေးထဲဖြစ်ဖြစ် အလုပ်စားပွဲဘေးဖြစ်ဖြစ် မီးဖိုချောင်မှာဖြစ်ဖြစ် ချိတ်ဆွဲထားရုံ အစိမ်းရောင် ရှင်သန်ခြင်းလေး
💚ပုံမှန် ရေနည်းနည်း ဖြန်းပေးရုံနဲ့ လုံလောက်တဲ့ အပင်လေးတွေဖြစ်လို့ အလုပ်ရှုပ်သက်သာသလို အကြမ်းခံတဲ့ အစိမ်းရောင် အသက်ကလေး

🪴macrame ချိတ်ဆွဲကြိုး‌လေးနဲ့အတူ ရနိုင်တဲ့ အပင်တွေက
1/golden pothos
2/neon pothos
3/Jade pothos
4/philondendron brasil
5/dischidia oiantha

Photos from Le Petit Pot's post 25/02/2022

မှာဖူးတဲ့ သူတိုင်း စိတ်းတိုင်းကျတဲ့ ခြံထွက် ပိန်းပန်းလေးတွေပါ

ဒီတစ်ပတ်တော့ တနင်္ဂနွေနေ့မှာ ခူးပြီး တနင်္လာမှာ ဒလီဗာရီ နဲ့ ပို့ပေးပါမယ်နော်

https://www.facebook.com/100610124984240/posts/486164386428810/

21/02/2022

Green leaves depict HOPE, RENEWEL and REVIVAL.
🌱🌿💚💚

19/02/2022

#မျှဝေနေ့

&Plants

ဘီယာ နဲ့ အပင်တွေ အကြောင်း ရေးဦးမယ်

ဘီယာ ကို လူတွေပဲ ကြိုက်တယ် မထင်နဲ့နော်
အပင်တွေလည်း ကြိုက်တယ်
အပင်တိုင်းတော့ မဟုတ်ဘူးပေါ့

အရင်ဆုံး ဘီယာမှာ ဘာတွေပါလဲ ကြည့်ရအောင်

တစေး၊ သကြား ၊ ပရိုတင်း အပြင် အာဟာဓါတ်တွေဖြစ်တဲ့ ပိုတက်စီယံ ၊ ကယ်လစီယံ ၊ မဂ္ဂနီစီယံ နဲ့ ဖော့စဖရပ်၊ မြေဆွေးဖို့ လိုတဲ့ ကာဘိုဟိုက်ဒရိတ် တို့ ပါပါတယ်
ဒါတွေက အပင်တွေအတွက် တကယ်ကိုကောင်းမွန်တဲ့ မြေဩဇာ ဖြစ်လာစေဖို့ လုံလောက်တဲ့ ဓါတ်တွေပါပဲ

ဘီယာကို သုံးလို့ ရတဲ့ သုံးပုံ သုံးနည်းတွေက တော့ အမျိုးမျိုးပါပဲ

လက်လှမ်းမီသလောက် ပြောပြပေးသွားပါမယ်

၁) ပထမဆုံး အနေနဲ့ အပင်စိုက်မယ့် မြေသားရဲ့ အောက်ခြေကို ဘီယာလောင်းပေးတာ ဖြစ်ပါတယ်
အပင်တစ်ပင် စတင်ရှင်သန်ဖို့ လိုအပ်တဲ့ အာဟာရနဲ့ နိုက်ထရိုဂျင်ကို မြေဆီလွှာထဲ ပေါင်းထည့်ပြီးသား ဖြစ်သွားပါမယ်

၂) မြေဩဇာ ပြုလုပ်တဲ့ အချိန် ဘီယာရောပေးတာမျိုးဖြစ်ပါတယ် ဘီယာမှာ ပါတဲ့ တစေးနဲ့ သကြားဓါတ်က မြေဆွေး မြေဩဇာြဖစ်သွားဖို့ လိုအပ်တဲ့ ဘက်တီးရီးယားကို ဖြိုခွဲပေးနိုင်ပါတယ်

၃) အင်းဆက်ဖမ်းမယ်
ဘီယာကို အင်းဆက်တချို့လည်း ကြိုက်တာမို့ အပင်တွေဆီ လာလည်တဲ့ ဧည့်သည် အင်းဆက်တွေကို ဘီယာနဲ့ ဧည့်ခံရင်း အပင်တွေ ဆီ အင်းဆက်ရောက်တဲ့ အန္တရာယ်က နေ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်

အလွယ်ပြုလုပ်လို့ ရတဲ့ နည်းကတော့ ရေသန့်ဗူးကို တစ်ဝက်ဖြတ် အပေါ်ပိုင်းကို ပြောင်းပြန်လှန်ပြီး အောက်က ခွက်ထဲကို ကတော့ လိုမျိုး ပြန်ထည့် အောက်ခံခွက်ထဲ ဘီယာထည့်ထားမယ်ဆို အင်းဆက်တွေဟာ ဘီယာဆီ လာရင်း ဗူးထဲမှာ ပိတ်မိသွားနိုင်လို့ပါ (အပင်ကိုချစ်တော့ အင်းဆက်တွေကို နည်းနည်းတော့ ရက်စက်ရတာပေါ့ )

၄) ခရုဖမ်းမယ် ၊
ခြံနဲ့ စိုက်တဲ့ စိုက်ခင်းတွေတိုင်းအတွက် ပျိုးသူတွေ တကယ်ကြောက်ရတာ ခရု တွေပါ တစ်ညတွင်းချင်း အရွက်တွေ အများကြီး စုတ်ပြတ်သတ်သွားအောင် စားပစ်နိုင်တာမို့ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ အတွက် လည်း ဘီယာနဲ့ ပဲ ဧည့်ခံနိုင်ပါတယ် ။ ဇလုံတစ်လုံးကို မြေထဲမြှုပ်ပြီး ဘီယာထည့် အပေါက်ဖောက်ထားတဲ့ လင်ဗန်း သို့ ပန်းကန်ပြား လေး နဲ့ ပိတ်လိုက်ရင် ဘီယာနံ့ ရှိရာ လာရင်း ဇလုံထဲကို ရောက်လာနိုင်ပါတယ် ။ဒါမျိုး လုပ်ထားတယ်ဆို နေ့တိုင်း ဇလုံကို စစ်ပေးဖို့တော့ လိုပါတယ် ။

၅) ဘီယာဟာ အပင်တွေ ချည်း အကျိုးပြုတာ မဟုတ်ပါဘူး ခြံထဲမှာ သုံးမယ့် ကိရိယာ တန်ဆာပလာ တွေ အကြေးတက်နေတဲ့ အခါမျိုးမှာ ဘီယာ လတ်လတ်ဆတ်ဆတ် ထဲ မှာ ၁၀ မိနစ် လောက် စိမ်ပေးထားပြီး အဝတ်နဲ့ သုတ်လိုက်တဲ့ အခါ ဘီယာထဲက ကာဘွန်ပြိုကွဲခြင်းက အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်

၆) မှည့်ပျော်နေတဲ့ ငှက်ပျော်သီး တစ်လုံးနဲ့ ဘီယာ ပေါင်းစပ်ခြင်း က လိပ်ပြာလေးတွေ ကို စွဲဆောင်ဖို့ အကောင်းဆုံး ဖိတ်ခေါ်နည်းပါပဲ တဲ့
ငှက်ပျောသီးရယ် သကာရည် သို့ ကြံသကာခဲကို ဖျော်ထားတာရယ် ဘီယာရယ် ရောစပ်ပြီး ဗူးလေးထဲထည့် အပေါက်လေးတွေဖောက်ပြီး ပန်းခင်းတွေအနီး အပင်မြင့် တစ်ပင်မှာ ချိတ်ဆွဲထားနိုင်ပါတယ် ။ ပန်းတွေပွင့်တဲ့ ပန်းခင်းတွေ အတွက်ဆို လိပ်ပြာလေးတွေက ဝတ်မှုံ ကူးပေးဖို့ သိပ်ကို လိုတယ်မလား (ပျားလေးတွေကို လည်း ထို့အတူ လာလည်ဖို့ စွဲဆောင်နိုင်ပါသေးတယ်)

၇)အလွယ်ဆုံး နောက်တစ်နည်းက တော့ ဘီယာ တစ်ဇွန်းကို ရေတစ်လီတာနဲ့ ရောပြီး အပင်လေးတွေကို ဖြန်းပေးတာ ဖြစ်ပါတယ်

၈) ဗူးခွံလေးတွေကိုလည်း အပေါ်အဖုံး ဖြတ် အောက်ခြေမှာ ရေဆင်းပေါက်လေး ဖောက်ပေးပြီး အပင်လေးတွေ စိုက်လို့ Beer Garden လေး လို အလှဆင် စိုက်ပျိုးထားနိုင်ပါသေးတယ် နော်

သတိထားစရာတွေ

ဘီယာမှာ အယ်ကိုဟော ပါဝင်ပြီး အပင်တွေ အများစု အတွက် အယ်ကိုဟောက အန္တရာယ် ဖြစ်တတ်တာကို လည်း မေ့ထားလို့ မရပါဘူး

ဒါ့ကြောင့် သုံးမယ်ဆို အလွန်အကျွံ မသုံးမိစေဖို့ နဲ့ ခနခန မသုံးမိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်

ပြီးတော့ ဘီယာမှာ ပါဝင်တဲ့ ဓါတ် အဟာရတွေကို ကြည့်ပြီး အပင်တွေမှာ အဲဒီ အာဟာရ လိုအပ်တယ် ဆိုမှ ပေးသင့်တာ ဖြစ်ပါတယ်

ရေရောထားတဲ့ ဘီယာ က သာ အင်းဆက်နဲ့ ပိုးမွှားတွေ ခရုတွေကို နည်းနည်း စွဲဆောင် နိုင်မှာ ဖြစ်လို့ ရေမရောဘဲ သောက်ပြီး ကျန်တဲ့ ဘီယာတွေ ဒီတိုင်း ပစ်ထားပေးခြင်းကို တော့ ရှောင်ရပါမယ်နော်

ဘီယာကို သုံးပါ လို့ ပြောချင်တာ မဟုတ်ဘဲ သုံးလိုက သုံးနိုင်စေဖို့ နည်းလမ်းလေးတွေ ရှာဖွေ မျှဝေပေးခြင်းသာ ဖြစ်ပါတယ်

Admin ကိုယ်တိုင်က တော့ မီးဖိုချောင်စိုက်ခင်းက သီးပင် စားပင် တချို့နဲ့ morning flower နဲ့ Moss Rose တို့အတွက် ရေနဲ့ ဘီယာ ရောစပ်ပြီး လောင်းပေးတာမျိုး ကို တစ်လ တစ်ကြိမ်ခန့် လုပ်ပေးပါတယ်

နှစ်သစ်မှာ အပင်သစ်တွေ အများကြီး ထပ် ပြီး မွေးမြူနိုင်ပါစေ

#အပင်လေးတွေပျိုးပါ
#ကိုယ့်ကိုယ်ကိုလည်းပျိုးပါ
#တူတူပျိုး

14/02/2022

Happy Valentine Day

မချစ်ရသေးတွေ ချစ်ကြ၊ ချစ်နေသူတွေ တိုးလို့ချစ်ကြ၊ ချစ်လျက် ဝေးကွာနေသူတွေ အမြန်ဆုံး ဆုံစည်းကြ ပါစေလို့သာ

အချစ်တွေပျိုး၊ အချစ်တွေရှင်သန် ရင် အချစ်တွေနဲ့လှပ နေမှာပါ

#အပင်တွေချစ်ရင်အချစ်တွေရှင်မယ်

10/02/2022

2


#မျှဝေနေ့

ဒီချိတ်ဆွဲပင်လေးတွေကတော့ မြန်မာ အများစုနဲ့လည်း ရင်းနှီးပြီးသားလေးတွေ ဖြစ်ပါတယ်

Dischidia ဆိုတာ Apocynacaea မျိုးရင်းဖြစ်ပါတယ် ဇစ်မြစ်က အာရှရဲ့ အပူပိုင်းဒေသ တွေဖြစ်ပြီးတော့ မျိုးကွဲတွေက လည်း အများကြီးပါပဲ ။

အများစုကတော့ အပင်ကြီးတွေမှာကပ်ပေါက်မယ် တွဲလောင်းကျ ရှည်လျားနေမယ် ။ အရွက်လေးတွေ အများစုက အစိမ်းရောင် အစိမ်းဖျော့ အစိမ်းကြား အရွက်ထူထူလေးတွေ ဖြစ်မယ် ။ အပွင့်ဖြူဖြူ အပွင့်နီနီ သေးသေးလေးတွေ ပွင့်မယ် ဒါတွေက Dischidia တွေရဲ့ ပုံစံပါပဲ။

မြန်မာပြည်မှာ အတွေ့ရအများဆုံး Dischidia တွေကို ပြောပြပေးသွားပါမယ်။



အစိမ်းရောင်အရွက် ထူထူ စိမ်းစိမ်းလေးတွေ နဲ့ တွဲလောင်းကျ ရှည်ထွက်လာတတ်တဲ့ ဒီအပင်က တော့ တကယ့်ကို အကြမ်းခံ အပင်မျိုးထဲမှာ ပါပါတယ် ။ အပူချိန်အပြောင်းအလဲ နဲ့ ရေပိုလောင်းမိတဲ့ ပြဿနာ တွေကို တောင် ခံနိုင်ရည် ရှိတဲ့ အပြင် သိပ်ဂရုစိုက်စရာ မလိုဘဲ ရှင်သန်နိုင်ကြလို့ အပင် စတင် စိုက်ပျိုးသူတွေ ရွေးချယ်သင့်တဲ့ အပင်မျိုးဖြစ်ပါတယ် ။ တိုက်ရိုက်နေရောင်မရတဲ့ နေရာမှာ ထားနိုင်ပြီး ရေပုံမှန် လောင်းပေးနိုင်ပါတယ်။ မီးအိမ်ပုံစံလိုမျိုး အဖြူရောင် အပွင့် သေးသေးလေးတွေ ပွင့်ပါတယ် ။



သူ့အရွက်က တော့ Variegated ဆိုတဲ့ အတိုင်း အဖြူရောင် အနားသတ် ပါပြီး အရွက်အနည်းငယ် ချွန်ပါတယ် ။ အဆစ်လေးတွေကြားက ပန်းပွင့်သေးသေးလေးတွေ ပွင့်တတ်ပြီး ကိုင်းအခက်တွေက ရှည်ထွက် နွယ်တတ်ပါတယ် ။ နေ့တစ်ပိုင်းလောက်ပဲ နေရတဲ့ နေရာမှာသာ ထားသင့်ပြီး နေ့တိုင်း ရေလောင်းပေးနိုင်ပါတယ် ။ အုန်းခွံခြောက် အုန်းဆံမှုန့် နဲ့ သစ်ခွမြေ တို့ ထဲ မှာ စိုက်ပျိုးနိုင်ပါတယ် ။ အပင်ကိုင်း အဆစ်တိုင်းမှာ အမြစ် ထွက်တာမို့ ဖြတ်ပြီး အသစ် စိုက်ပျိုးမယ် ဆိုရင်တောင် ရှင်သန်နိုင်ပါတယ် ။



အရွက်ဝိုင်းဝိုင်းလေးတေဟာ ဖရဲသီး မျက်နှာပြင်လို အဖြူနဲ့ အစိမ်း အကြားအကြားလေးတွေ ဖြစ်နေပါတယ် ။ အစိမ်း အဝါနဲ့ ခရမ်းရောင်ဖျော့ဖျော့ လိုင်းလေးတွေ ပါတဲ့ အပွင့် သေးသေးလေးတွေ ပွင့်ပါတယ် ။ တိုက်ရိုက်နေရောင်မဟုတ်ဘဲ အလင်းရောင်ကောင်းကောင်း ရတဲ့ နေရာမှာ ထားရပါမယ် ။ အလင်းရောင် ကောင်းကောင်း ရရင် အရွက်တချို့ နီလာတာ ကို တွေ့နိုင်ပါတယ် ။ အရွက်တွေ နီလာတာ စိတ်ပူစရာ မဟုတ်ပေမယ့် နီလာတာကို သဘောကျပြီး အလင်းကို ပိုပေးချင်လို့ နေရောင်ပြမိရင်တော့ အရွက်တွေ လောင်သွားနိုင်ပါတယ် ။ သူတို့ ကို အချိန်ကြာကြာ ခြောက်သွေ့အောင် ထားလို့ မရပါဘူး
ဆိုလိုတာက နေ့စဉ် ရေဖြန်းပေးဖို့ လိုအပ်ပါတယ် ။



ငွေအိတ်ဖောင်းလို့ ခေါ်နေကြတဲ့ အတိုင်းပါပဲ လေထည့်ပြီး ဖောင်းထားသလို အရွက်ဖောင်းဖောင်းကြီးတွေက ချစ်စရာမို့ ရယ် အယူရှိကြတဲ့ အာရှလူမျိုးတွေအကြိုက် အတိတ်နိမိတ်ဆောင်လို့ရယ် ဆိုပြီး ဝယ်ယူစိုက်ပျိုးသူ များပါတယ် ။ သူ့အရွက်တွေ က ဖောင်းနေတော့ ပုရွက်ဆိတ်တွေ ကွန်းခိုရာ နေရာကောင်းတစ်ခု ဖြစ်နေတတ်ပါတယ် ။ ဒါကြောင့်မို့ Ant Plant လို့ လည်း ခေါ်ကြပါသေးတယ်။ သူတို့နေတဲ့ အရွက်ဖောင်းဖာင်းကြီးတွေကိုတော့ Ant Hotel ပါတဲ့ ။ ပုရွက်ဆိတ်တွေ ရှိလို့ဆိုပြီး စိတ်မပူပါနဲ့ ။ ပုရွက်ဆိတ်အုံတွေက အပင်ကို အာဟာရ ပြန်ပေးရင်း အကျိုးပြုသလို အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် လှယ်တဲ့ နေရာမှာလည်း အထောက်အကူ ပြုနေပါတယ် ။ ရေအများကြီး လောင်းစရာ မလိုဘဲ နှစ်ရက်တစ်ခါလောက် ရေဖြန်းပေးရင် လုံလောက်ပါတယ်။ အနီရောင်ပန်းသေးသေးလေးက ရာသီမရွေး ပွင့်နေတတ်ပြီး အရွက်နဲ့တင် အပင်ချစ်သူတွေ ကို စွဲ‌ဆောင်ထားနိုင်တဲ့ အပင် တစ်ပင်ပါပဲ ။



သူကတော့ Dischidia Pectinoides ကိုမှ အဖြုရောင် ဆေးခြယ်ထားသလို ကွက်ကြားဖြစ်နေတဲ့ ရှားပါးမျိုးစိတ် ဖြစ်ပါတယ် ။ အပင်တစ်သျှူးတွေ ရောထွေးမှုက နေ ရလာတဲ့ အရောင်ဖြစ်လို့ ရှားပါသလို ဈေးလည်း ပိုကြီးတတ်ပါတယ် ။



အစိမ်းရောင် အသဲပုံ အရွက်ထူထူလေးတွေက ဒီအပင်ရဲ့ ပုံရိပ်ပါပဲ ။ အရွက်အဆစ်ကြားထဲက အဖြူရောင် အပွင့် သေးသေး လေးတွေ ပွင့်တတ်တာလည်း တခြား Dischidia တွေလိုပါပဲ ။ သူကတော့ အာရှထဲ မှာမှ ဖိလစ်ပိုင် ဇစ်မြစ် လို့ ဆိုကြတယ် ။ စိုစွတ်နေတာကို သဘောကျပေမယ့် ရေဝပ်နေတာကို မကြိုက်လို့ သူတို့ကို စိုက်ရင် အပေါ်ယံမှာ ကျောက်လေးတွေ ခင်းပေးထားတာမျိုး ဆို သဘောကျကြတယ် ။



အဖြူရောင်နည်းနည်းသန်းနေတဲ့ အစိမ်းရောင်ဖျော့ဖျော့ အရွက်ဝိုင်းဝိုင်းလေးတွေရှိတဲ့ ဒီအပင်က နည်းနည်း ပုံစံကွဲပါတယ် ။ ဒါပေမယ့် စိုက်ပျိုးရလွယ်ကူတာမို့ နေရောင်နည်းနည်း နဲ့ အလင်းကောင်းကောင်း လေဝင်လေထွက်ကောင်ကောင်း ရတဲ့ နေရာမျိုးမှာ ရေပုံမှန်လောင်းပေး ရုံနဲ့ အဆင်ပြေပါတယ် ။

>

သူ့ဇစ်မြစ်က စင်ကာပူ က လို့ ဖတ်ဖူးပေမယ့် အာရှတခွင် အနှံ့အပြားမှာ တွေ့နေရတဲ့ အပင်မျိုးဖြစ်ပါတယ် ။ ဒင်္ဂါးပြားလို ကြယ်သီးလို ဝိုင်းစက်နေတဲ့ အရွက် စိမ်းစိမ်းလေးတွေ ရှိပြီး အဆစ်တွေကြားထဲက အဖြူရောင်ပန်းပွင့် သေးသေးလေးတွေ ပွင့်ပါတယ် ။



တောထဲက အပင်ကြီးတွေမှာ ကပ်ပေါက်တတ်တဲ့ အပင်မျိုးတွေ များလို့ တခြား အိမ်တွင်းစိုက်ပင် တွေအတွက် သုံးတဲ့ မြေဆွေး နဲ့ တော့ အဆင်မပြေပါဘူး နော် ။ သစ်ခေါက် သို့ အုန်းခွံခြောက် သို့ အုန်းဆံမှုန့် သို့ သစ်ခွစိုက်မြေ သုံးနိုင်ပါတယ်

ပြီးတော့ အပင်ရိုးတံ တလျှောက် မှာ အမြစ်ထွက်တာဖြစ်လို့ ရေလောင်းမယ်ဆို အပင်ခြေကို လောင်းတာထက် တစ်ပင်လုံး စိုနေအောင် ဖြန်းပေးတာမျိုးက ပိုကောင်းပါတယ် သူတို့က အမြစ်လေးတွေ စိုစွတ်နေတာကို ကြိုက်တာမို့ ရေနေ့တိုင်းလောင်းပေးဖို့ လိုသလို ရေဆင်းကောင်းတဲ့ အိုးဖြစ်ဖို့လည်း အရေးကြီးပါတယ်

လေရှူပင် အမျိုးအစားထဲမှာ ပါလို့ တစ်ပင်လုံး လေ ရ မှ အဆင်ပြေတာမို့ မြေနဲ့ မစိုက်ပျိုးသင့်ပါဘူး ။ အပင်ကို နေပူထဲ ထားလို့ မရသလို အဲကွန်းပန်ကာရှေ့မှာလည်း အဆင်မပြေပါဘူး ။ အလင်းရောင်ရပြီး လေဝင်လေထွက်ကောင်းတဲ့ အရိပ်မှာပဲ ထားရင် အကောင်းဆုံး ဖြစ်ပါတယ်။

ကဲ အပင်ချစ်သူတွေရဲ့ အိမ်မှာရော ဘယ် Dischidia လေးတွေ နေရာယူပြီးကြပြီလဲ



#တူတူပျိုး

08/02/2022

#မျှဝေနေ့

#မျှဝေနေ့

ဆောင်းဦးချိန်ခါ ရွေးချယ်စရာ
❄️❄️❄️❄️
ပါတိတ်ပိန်း သို့မဟုတ် ပိန်းရွက်လှလို့ ခေါ်လိုက်တဲ့ Caladium တွေဆိုတာ အသဲပုံ အရွက် လေးတွေက အရောင်စုံ အသွေးစုံမို့ ကြိုက်တတ်သူတွေအတွက် စုဆောင်း ချင်စရာ အပင်လှလှ တစ်မျိုးပါပဲ

မျိုးကွဲတွေ အများကြီး ရှိတဲ့ အပြင် နှစ်ရောင်စပ်တွေ မျိုးစပ် တွေကြောင့် အရွက်ပုံစံ အသစ်တွေ လည်း ထပ်ထပ်ထွက်နေကြပါတယ် နှစ်ရောင်စပ် ပိန်း တွေက လူကြိုက်အများဆုံးပါပဲ အဖြူ အစိမ်း အနီနဲ့ ပန်းရောင် တို့ ရောစပ်ကြတာများတယ်

အရွက်ဖားဖားကြီးတွေကြောင့် Elephant’s Ear လို့ ခေါ်ကြတဲ့ အပြင် အသဲပုံ အရွက်လေးတွေကြောင့် Heart of Jesus လို့လည်း နာမည်တွင်ပါတယ်
Angel Wings ဆိုတာလည်း သူ့ကိုခေါ်နေကြတဲ့ နာမည် ပါပဲ

အတွေ့ရအများဆုံးက Fancy-leaf နဲ့ Strap-leaf တို့ ပါ ပဲ အသဲပုံ အရွက်လေးတွေနဲ့ အပင်ကို Fancy-leaf လို့ ခေါ်ပြီး အရွက် နည်းနည်းရှည်ပြီး ချွန်နေတဲ့ အပင်ကို Strap-leaf လို့ ခေါ်လိုက်တာပါ

တောင်အမေရိက နဲ့ အမေရိက အလယ်ပိုင်းက သူတို့ ဇာတိ ဆိုပေမယ့် အာဖရိက အိန္ဒိယ နဲ့ အပူပိုင်း ဒေသ တွေမှာလည်း ပေါပေါများများ တွေ့ရပါတယ် ပြောရရင်ဆော့ မြန်မာပြည်မှာလည်း မျိုးရင်း ရှိထားပြီသား မြန်မာတွေနဲ့ ရင်းနှီးပြီးသား မျိုးကွဲတစ်ချို့ ရှိပါတယ် အခုတော့ imported မျိုးကွဲတော်တော်များများကို လည်း ဝယ်ယူလို့ရနေပါပြီ

အပင်က

💚ထိန်းသိမ်းစောင့်ရှောက်ရတာ လွယ်ပါတယ်

အိမ်တွင်း စိုက်ပင် သက်သက်မဟုတ်လို့ အိမ်တွင်းရဲ့ ပြတင်းပေါက် နားမှာ ထားပြီး စိုက်ပျိုးနိုင်တယ်ဆိုပေမယ့် တိုက်ရိုက်နေရောင်အောက် မဟုတ်ဘဲ အရိပ်ရတဲ့ အိမ်ပြင်ပ မှာ ထားပြီး စိုက်ပျိုးတာ ပိုကောင်းပါတယ်

အလင်းရောင်ကောင်းကောင်း ရဖို့ လိုလို့ ဖြစ်ပါတယ်

💚Admin ဆီမှာတော့ မနက်နေရောင်လေး ရတဲ့ နေရာမှာ ထားပြီး စိုက်ပျိုးပါတယ်

ရေဆင်းကောင်းပြီး မြေသားလေး စိုစွတ်နေတာကို ကြိုက်ကြတယ်ဆိုပေမယ့် တစ်ခါရေလောင်းပြီးရင် မြေသားခြောက်သွားပုံကိုကြည့်ပြီး တစ်ရက်ခြားက နေ နှစ်ရက်ခြား ရေလောင်းပေးနိုင်ပါတယ်

ရေလုံးဝ ပြတ်သွားမယ်ဆိုရင်တော့ ရိုးတံနဲ့ အရွက် ဟာ အလွယ်တကူ ခြောက်သွေ့ ကြွေကျသွားနိုင်ပါတယ်

❗အရွက်တွေဟာ စားလို့ ရတဲ့ အရွက် လုံးဝ မဟုတ်လို့ စားမိ မျိုချမိရင် အော့အန်တာ ဓါတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်နော်

မျိုးကွဲတွေ အများကြီးထဲ က နမူနာ တချို့ ကို ပြောရရင်

_Carolyn Whorton (ပါတိတ်ဂမုန်း ပါတိတ်ပိန်းလို့ ခေါ်ကြတဲ့ ပန်းနုရောင်အရွက်ဖားဖားပေါ်မှာ အနီရောင်အရွက်ကြောလေးတွေ ယှက်နေပြီး အစိမ်းရောင်အနားကွပ် နဲ့ အရွက် ပုံစံ)
_Aaron (အစိမ်းရင့်ရောင် အရွက်ပေါ်မှာ အဖြူရောင်အရွက်ကြောလေးတွေ ပါနေတဲ့ ပုံစံပါ)
_Candidum (အဖြူရောင်အရွက်ပေါ်မှာ အစိမ်းရောင် ရွက်ကြောတွေနဲ့ ပုံစံ)
_Candidum Junior (ရှည်မြောမြော အဖြူရောင်အရွက် ပေါ်မှာ အစိမ်းရောင် ရွက်ကြောတွေနဲ့ ပုံစံ)
_Fannie Munson(ပန်းရောင်ရင့်ရင့် အရွက်ကိုပေါ်မှာ အနီရောင်ရွက်ကြော‌တွေနဲ့ အစိမ်းရောင်များတဲ့ အနားသတ် နဲ့ ပုံစံ)
_Freida Hemple (အစိမ်းရောင်အရွက်ကို အလယ်မှာ ပန်းရောင်ရင့်ရင့် နဲ့ အနီရောင်ရွက်ကြောတွေ ပါနေတဲ့ ပုံစံ)
_Florida Sweetheart (ပန်းဆီရောင်တောက်နေတဲ့ အရွက်လေးတွေကို အစိမ်းရောင်အနားသတ်ပါတဲ့ အရွက်တွန့် ပုံစံ)
_Gingerland (အဖြူရောင်အရွက်ကိုမှ အစိမ်းရောင်အနားသတ်တွေရှိပြီး အရွက်ပေါ်မှာ အနီစက်လေးတွေ ပါတဲ့ ပုံစံ)
_June Bride (အဖြူရောင်များတဲ့ ဖြူလွလွ အရွက်လေးပေါ်မှာ အစိမ်းရောင် ရွက်ကြော သေးသေးလေးတွေ ရှိတဲ့ ပုံစံ)

စသဖြင့် နောက်ထပ် နောက်ထပ် အများကြီးလည်း ရှိပါသေးတယ်

💚ကဲ အပင်ပျိုးသူတို့ကော ကလေဒီယံလေးတွေ ဘယ်လောက်များများ စုဆောင်းမိနေပြီလဲ

💚အပင်လေးတွေ စုဆောင်းထားတဲ့ သူတွေဆီကို အပင် အကြောင်းနဲ့ အပင်ကိုဂရုစိုက် ပြုစုပုံလေးတွေ share ပေးနိုင်ပါတယ်နော်

#အပင်လေးတွေပျိုးပါ
#ကိုယ့်ကိုယ်ကိုလည်းပျိုးပါ
#တူတူပျိုး



#ပါတိတ်ပိန်း #ပိန်းရွက်လှ

Photos from Le Petit Pot's post 02/02/2022

ဒါကတော့ သူငယ်ချင်းရဲ့ ခြံထွက် ပိန်းပန်းလေးတွေ ကူရောင်းပေးတာပါ၊ သူရေးထားတဲ့အတိုင်း ပြန်တင်ပေးလိုက်တယ်၊

Anthurium (ပိန်းပန်း)ကြိုက်တက်တဲ့ မိတ်​ဆွေ​တို့​ရေ
ခိုင်သာတိုးခြံထွက် တယုတယ(ပိုးသတ်​ဆေး ဘာညာမသုံး) ပိန်းပန်း​လေး​တွေ​ရောင်းပါမယ်ရှင့်🥰
အပတ်စဥ် ​သောကြာ​နေ့တိုင်း ပန်းဖြတ်လို့
​​သောကြာ စ​နေ တနဂ်​နွေ ကြိုက်တဲ့ရက် လတ်လတ်ဆတ်ဆတ်​လေး ဖြတ်​ပေးပါမယ်ရှင့်
တပတ်ကို ပုံထဲက​မော်ဒယ်😁ကိုင်ထားသ​လောက်ပဲ ထွက်​သေးလို့ ကြိုမှာ​ပေးပါ​နော်❤❤❤
အ​သေးဆုံးအပွင့်ကို လက်ဝါးဆိုဒ်နဲ့တိုင်းထားတဲ့
ပုံ​လေးလဲပါပါတယ်

အကြီးဆုံးက ၈၀၀၀
အလတ် ၆၀၀၀
အ​သေး ၄၀၀၀
၁၀ပွင့်​စျေး ဖြစ်ပါတယ်

31/01/2022

စိတ်ရှည်ပါ

30/01/2022

ကျန်းကျန်းမာမာ ရှင်သန်နေတဲ့ ချောကလက် ကလေး တစ်ပင် ချစ်တဲ့သူ တစ်ယောက်ယောက်ဆီ ပို့ပေးချင်လား။

တစ်ပင်တည်း တစ်အိုးတည်း ရှိတဲ့ အကြိုက်ဆုံး အပင်လေး ကြွေအိုးအပါ Chocolate Anthurium က ၂၀,၀၀၀ ပါ။

#အပင်တွေချစ်ရင်အချစ်တွေရှင်မယ်

29/01/2022

အဓိပ္ပါယ်မဲ့ စနေ တစ်ရက်ရဲ့ အဓိပ္ပါယ် တချို့

ချိတ်ဆွဲထားမှချည်းမဟုတ် အိမ်ထောင့်‌တစ်နေရာ အိပ်ယာဘေးတစ်နေရာမှာ ဒီလိုလေး ချထားလည်း လှနေရောပဲ

Neon potho
ဈေးချိုတယ်
စိုက်ရလွယ်တယ်
လှတယ်
ပြီးတော့ နေ လေ ရေ ဂရုစိုက်မှု နည်းနည်းနဲ့လည်း ရှင်သန်တယ်
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

မှတ်ချက် ပန်အိုးတင်စင်များ က တော့ နော့ဖော်ဆေးပါ

28/01/2022

🌿🌿🌿

27/01/2022

🌿🌿🌿

26/01/2022

🪴🪴🪴

24/01/2022

သူ့အလှနဲ့သူ 💚💛

#သနပ်ခါးစက်

Photos from Le Petit Pot's post 15/01/2022

အားလုံးပဲ နေကောင်းကျန်းမာကြပါရဲ့လား။

ဖေဖော်ဝါရီလ ကတည်းက တရုတ်ပင်တွေ ထပ်မတင်ဖြစ်တော့တာမို့ အရောင်းပိုစ့် တင်ဖြစ်တာ တအားနည်းသွားပါတယ်။ ရှိတဲ့ အပင်လေးတွေကိုလည်း ဝယ်နေကျ ကာ့စတမ်မာ အဟောင်းတွေ လာမေးရင်ပဲ ဒီတိုင်း ရောင်းဖြစ်နေတာ။ အရောင်းပိုစ့်မတင်ပေမယ့် အိမ်မှာ အပင်တွေ ရာနဲ့ချီပြီး ကျန်နေတုန်းပါပဲ။
ဒီနေ့တော့ ကိုယ့်အတွက်ကိုယ် စိုက်ထားတဲ့ အပင်လေးတွေ တချို့ပါ ထုတ်ရောင်းပါရစေ။
တစ်ပုံချင်းရဲ့ အောက်မှာ ဈေးလေးတွေ ‌ရေးသားထားပါတယ်၊ တချို့အပင်တွေက တစ်ပင် နှစ်ပင်သာ ရှိတာမို့ ကြိုက်တယ်ဆို လာမေးလိုက်ပါနော် နောက်တစ်ပတ် သောကြာနေ့မှာ ဒလီဗာရီ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

#အပင်လေးတွေပျိုးပါ #ကိုယ့်ကိုယ်ကိုလည်းပျိုးပါ
#အပင်တွေချစ်ရင် #အချစ်တွေ ရှင်မယ်


#ကျန်းမာအောင်နေပါ
#ဘေးကင်းအောင်တော်လှန်ပါ

Photos from Senripar Café & Books - Floral Service's post 06/01/2022

ကိုယ်တိုင်လည်း အခြေအနေတွေကြောင့် အပင်တွေ ဝေဝေဆာဆာနဲ့ အရင်လိုမျိုး ပျော်ပျော်ရွှင်ရွှင် ဆက်မရောင်းနိုင်တော့တာတောင် နာကျင်ရတာ ဒီအဖြစ်အပျက်ဆိုရင်တွေ ရူးသွားမလားတောင် တွေးမိတယ်

အပင်လေးတွေရော ပိုင်ရှင်ရော လူရော စိတ်ရော အားလုံး အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ပါစေလို့သာ 🙏🙏🙏

https://m.facebook.com/story.php?story_fbid=2000618283432035&id=585089488318262

31/12/2021

ကျေနပ်စရာကောင်းတဲ့ 2022 နှစ်သစ်ကို ရရှိပါစေ

နှစ်‌ဟောင်းကုန်ပြီး နှစ်သစ်ပြောင်းတဲ့ ဆိုပေမယ့် မပြီးဆုံးသေးတဲ့ အရေးတွေ၊ ကြိုးစားရုန်းကန် အားထုတ်နေရမှုတွေကို ဆက်လက်သယ်ဆောင်သွားရမယ့် နှစ်ပါပဲ။ အတိုးချပြီး နောက်မှ ပျော်ဖို့ အားတင်းထားရင်း မပျော်ရတဲ့ နျူးရီးယားပေါ့လေ။

ပုံကတော့ အရင်နှစ်တွေက ပျော်ခဲ့ ပါးခဲ့ သောက်ခဲ့ နှစ်သစ်ကို ပျော်ပျော်ကြီး ကူးခဲ့ပေမယ့် ဒီနှစ်မှာ တော့ ကိုယ့်ထက် ပိုစိတ်ညစ် ပိုဒုက္ခရောက်နေရသူတွေနဲ့ စိတ်မှာ တစ်သားတည်း ရှိနေပါကြောင်း အားပေးရင်း ထောက်ပံ့ရင်း ရှင်သန်နေရ ကြောင်း စကားပါးချင်ရုံပါ။

လူရော စိတ်ရော အပင်လေးတွေရော အားလုံးပဲ တစ်နည်းနည်းနဲ့ ရှင်သန်ကြရ‌အောင်လေ

#2022

24/12/2021

Merry Christmas to you All!

မနှစ်ကတော့ ဒီအချိန်ဆို ခရစ်စမတ်ပင်တွေ ခရစ်စမတ် ပရိုမိုးရှင်းတွေ ခရစ်စမတ်လက်ဆောင်တွေ နဲ့ ကိုဗစ်ပိုးကို အံတုရင်း ပျော်ခဲ့ကြသေးတာပေါ့

ဒီနှစ်တော့ ခရစ်စမတ်ဟာ ဝမ်းနည်းစရာ ‌ဒေါသထွက်စရာ နာကျင်မှုတွေ နဲ့သာ ပြည့်နေတာမို့ ခရစ်ယာန်ဘာသာဝင်တွေ အပါအဝင် တော်လှန်သူအားလုံးအတွက် ဘေးကင်းကျန်းမာသော ခရစ်စမတ်လေး ဖြစ်ပါစေလို့သာ ဆုတောင်းပေးရပါတယ်

ပုံကတော့ မနှစ်က ခရစ်စမတ် ပေါ့

23/11/2021

မျှော်လင့်ချက်ကလေးတွေ ချိတ်ဆွဲထား

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Green leaves depict HOPE, RENEWEL and REVIVAL.🌱🌿💚💚
သူ့အလှနဲ့သူ 💚💛#သနပ်ခါးစက်
Joyeux Noël à  vous tous!Merry Christmas to you all!🌺☃️❄️🎄❤️💚🤍🔴🟢⚪
လက်ဆောင်ပေးမယ် (ကိုယ့်ကိုယ်ကို ရော ချစ်တဲ့သူတွေကိုရော)
ဆန်းဒေး စပယ်ရှယ် ဘောနပ်စ် 😁😁Let's do it!#LePetitPot#Recycle
ပန်းသဘင်
ဒီနေ့တော့ အပင်တွေနဲ့ ပတ်သက်လို့ အရေးမကြီးသလို ထင်ရပေမယ့် သတိထားရမယ့် အချက်တစ်ချက်ကို ပြောပြပေးချင်ပါတယ်အဲဒါကတော့ အပင်တွေ...

Telephone

Website

Address

Yangon
Yangon

Other Yangon home improvement businesses (show all)
Bon Bon Bon Bon
Yangon

baby memory collection

Wuuw's garden Wuuw's garden
N. O(561), Loke Thar Street, (35) Quater, North Dagon
Yangon, 11111

Save the plant & luv the world

The Plant Society The Plant Society
Than Lwin Road
Yangon

Rare Plant Garden

Thant Royal-သန့်တော်ဝင် Thant Royal-သန့်တော်ဝင်
အမှတ်-76 မေတ္တာလမ်း ပျဉ်းမပင်ရပ်ကွက် မင်္ဂလာဒုံမြို့နယ်
Yangon

Z&C Garden Z&C Garden
Hninsi (1st) Street
Yangon

Indoor Plants & Accessories

APin-အပင် APin-အပင်
Yangon

Indoor plant နှင့် လက်မှုမြေအိုးများ ကိုဈေး?

Thazin Garden - သဇင်ပျိုးဥယျာဉ် Thazin Garden - သဇင်ပျိုးဥယျာဉ်
Kabaraye Pagoda Road
Yangon, 11061

We sell various plants for home decoration and landscaping projects for businesses.

120% -Garden 120% -Garden
Moe Ma Kha Street
Yangon

Bonsai Myint Lwin Bonsai Myint Lwin
ကနောင်မင်းသားကြီးလမ်း
Yangon, 11441

We give services concerning with bonsai trees, Bonsai trees designing, wiring, changing pots. . We also sell bonsai trees

Sweety garden Sweety garden
Yangon

သဘာဝ သစ်ပင် 🌲🌲တောတောင်‌ ရေမြေချစ်မြတ်နိုးသူ🥰

Plants plant by Kindness Plants plant by Kindness
Bo Yar Nyunt Street
Yangon

It takes COURAGE to be KIND !