Equality Rights

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Equality Rights, Nonprofit Organization, Yangon.

Top 10 National Apologies - TIME 20/08/2021

ရိုဟင်ဂျာဂျီနိုဆိုက်စတင်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့အား ရိုဟင်ဂျာအပါအဝင် အဖိနှိပ်ခံတိုင်းရင်းသားများအားလုံးကို တောင်းပန်သည့် National Apology Day အဖြစ်သတ်မှတ်ကျင်းပရန် တောင်းဆိုခြင်း

မြန်မာ့သမိုင်းတွင်ရော ခေတ်သစ်ကမ္ဘာ့သမိုင်းတွင်ပါ အမည်းစက်ဖြစ်ခဲ့ရသည့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်မှာ လာမည့် ဩဂုတ်လ ၂၅ရက်နေ့တွင် လေးနှစ်ပြည့်မြောက်မည်ဖြစ်သည်။

လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ်က အစိုးရအပါအဝင် ပြည်သူအများစုက ဖက်ဆစ်စစ်တပ်၏ လူမဆန်သောလုပ်ဆောင်ချက်များကို တက်ကြွစွာထောက်ခံခဲ့ကြသည်မှာလည်း မဝေးလှသေးသည့် သမိုင်းတစ်ခုဖြစ်သည်။

ဖက်ဆစ်စစ်တပ်၏ လူမဆန်သောရက်စက်မှုများကို ရိုဟင်ဂျာများနှင့်အတူ တခြားသောတိုင်းရင်းသား လူမျိုးစုများလည်း ဆယ်စုနှစ်ပေါင်းများစွာခံစားခဲ့ရပြီး မြေပြန့်ဒေသရှိ ပြည်သူအများစုသည် ဖက်ဆစ်စစ်တပ်၏ ဝါဒမှိုင်းကြောင့် တိုင်းရင်းသားလူမျိုးစုများ၏ အရေးကိစ္စကို လစ်လျှူရှု လှောင်ပြောင်ခဲ့ကြသည်မှာလည်း စိတ်မကောင်းစရာ ခါးသီးသည့် အမှန်တရားဖြစ်ခဲ့သည်။

ဖက်ဆစ်စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် ဆန္ဒပြပြည်သူများကို ရက်စက်စွာ ပစ်ခတ်ညှဉ်းဆဲသတ်ဖြတ်မှုများပြုလုပ်သည်ကို ကိုယ်တွေ့မြင်ရပြီးနောက် လူငယ်များက ရိုဟင်ဂျာလူမျိုးများအား ပြန်လည်တောင်းပန်ခြင်းနှင့် မြေပြင်သပိတ်များတွင် တိုင်းရင်းသားလူမျိုးစုများ၊ ရိုဟင်ဂျာများအား ထောက်ခံရပ်တည်သည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် တခြားသောတိုင်းရင်းသားများအပေါ် ဖိနှိပ်အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သူများအား မည်သည့်အပြစ်ဒဏ်မျှပေးနိုင်ခြင်းမရှိနေသေးပဲ တရားမျှတမှုပျောက်ဆုံးလျှက်ရှိသည်ကိုလည်း ကျွန်ုပ်တို့ မမေ့အပ်ပေ။

ပြည်သူအများစုက တရားဝင်အသိအမှတ်ပြုခြင်းခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအတွင်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (transitional Justice) ကို မဖြစ်မနေ အကောင်အထည်ဖော်ရန်လိုအပ်ပြီး နိုင်ငံတော်ကိုယ်တိုင် အလိုပါခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်အတူ လူမျိုးစုများအပေါ်တွင် ကျူးလွန်ခဲ့သည်များကို တာဝန်ခံတောင်းပန်ကာ ယုံကြည်မှုနှင့် ရင်ကြားစေ့ရေးကို တည်ဆောက်ရန်လိုအပ်သည်။

နိုင်ငံတကာတွင်လည်း အစဉ်အဆက်အစိုးရများက ကျူးလွန်ခဲ့သည့် မှားယွင်းမှုများကို နောက်အစိုးရများက ပြန်လည်တောင်းပန်ပြင်ဆင်ခဲ့ကြသည့် သာဓကများလည်းများစွာရှိခဲ့ပြီး အမှားကိုဝန်ခံခြင်းသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ရပ်၏ သရုပ်လက္ခဏာတစ်ရပ်လည်းဖြစ်သည့်အပြင် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ခုကို စတင်မွေးဖွားခြင်းလည်းဖြစ်ပါသည်။

လွတ်လပ်ခြင်း၊တရားမျှတခြင်း၊ တန်းတူညီမျှခြင်းစသည့် စံတန်ဖိုးများကျင့်သုံးသည့် အနာဂတ်လူ့အဖွဲ့အစည်းတွင် အာဏာ၊ အင်အား၊ ဩဇာ စသည်တို့ကိုအသုံးချပြီး လူမျိုးစုများ၊ ပြည်သူများကို မတရားပြုကျင့်ခြင်းများ ဆက်လက်ဖြစ်ပေါ်ခြင်းမရှိစေရန်နှင့် ဖြစ်ပွားခဲ့သည့် မတရားမှုများသည် မိမိတို့လူ့အဖွဲ့အစည်း၏မှားယွင်းမှုများအဖြစ် သင်ခန်းစာယူကြရန်အတွက် ရည်ရွယ်၍လူနှစ်သောင်းခွဲကျော်သေဆုံးခဲ့ရသည့် အဆိုးဝါးဆုံးသော လူမျိုးတုန်းသတ်ဖြတ်မှုကြီး စတင်ဖြစ်ပေါ်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့အား ရိုဟင်ဂျာလူမျိုးများအပါအဝင် တခြားသောဖိနှိပ်ခံလူမျိုးများစွာတို့ကို တောင်းပန်သည့် National Apology Day အဖြစ် တရားဝင်အထိမ်းအမှတ်ပြုလုပ်ရန်အတွက် မိမိမှ တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

(Times မဂ္ဂဇင်းတွင်ဖော်ပြထားသော နိုင်ငံတော်အဆင့်တောင်းပန်ခြင်းကို ပြုလုပ်ခဲ့သည့် ထိပ်တန်းဖြစ်ရပ် ၁၀ ခုကို http://content.time.com/time/specials/packages/article/0,28804,1997272_1997273_1997274,00.html သွားရောက်လေ့လာနိုင်ပါသည်။ )

ပါဝင်လက်မှတ်ရေးထိုးရန်အတွက် http://chng.it/cxysCFQQtn တွင် ဝင်ရောက်၍ လက်မှတ်ထိုးနိုင်ပါသည်။

Top 10 National Apologies - TIME It was the most notorious event of "the Troubles." Thousands of Catholics in Northern Ireland gathered in the city of Londonderry to protest London's policy of detention without trial for suspected...

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
12

Other Nonprofit Organizations in Yangon (show all)
British Council Myanmar British Council Myanmar
78, Strand Road, Kyauktada Township
Yangon, 11182

We support peace and prosperity by building connections, understanding and trust between people in the UK and countries worldwide. Read our terms of use at www.britishcouncil.org/...

MASES - Myanmar Astronomy & Science Enthusiasts Society MASES - Myanmar Astronomy & Science Enthusiasts Society
Yangon

သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။

Internet Society Myanmar Chapter Internet Society Myanmar Chapter
Yangon

We are trying to form the Myanmar Chapter for Internet Society, and when we get official approval, we will change to official name and logo.

Myanmar Storytellers Myanmar Storytellers
Online
Yangon, 095

မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ လူငယ်လူ

Movement during Crisis Movement during Crisis
Yangon

အများပြည်သူရွေးချယ်တင်မြှောက်ထားသ?

Inclusion Journey Inclusion Journey
Yangon

ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ

TMK Philanthropic သန်းမင်းကြွယ် ပရဟိတ TMK Philanthropic သန်းမင်းကြွယ် ပရဟိတ
သုနန္ဒာ(12)လမ်း
Yangon

People suffering from serious illnesses due to past life and present life sins, sinful people live in poverty. I am compassionately helping people who are suffering from the burden...

B.M.G spt B.M.G spt
ထန်း‌ေြခာက်ပင်
Yangon

Anthropology Association Myanmar - AAM Anthropology Association Myanmar - AAM
Yangon

We all alumnus of Yangon University established the Association since 2015. the Hidden values of anthropology will lead the idea of "Differences are Beautiful", followed by the pea...

Given Kindness And Charity Organization Given Kindness And Charity Organization
No. 101/5 Street/Zayyar Thiri Ward, Dawbon Township
Yangon

Forward Myanmar Institute - FMI Forward Myanmar Institute - FMI
Gadamar Street
Yangon, 11421

We have reinvented as a non profit organization for continuing education for electrical, electronic, mechatronic, embedded and control, and IT and computer science students in Myan...

Grace Home For The Needy Children Grace Home For The Needy Children
No. 12, U Pho Khin Lane, Karen National Qr, Kyimyindine Township
Yangon, 11101

Grace Home help the needy children, the poor students to be able to continue their studies and to get a job for their survival.