SSC Women's Centre

SSC Women's Centre provides highly regarded surgical, oncological, clinical care to women & children

04/02/2024

ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ သည်

“World Cancer Day” ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါသည်…

“Close the Care Gap”

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏”

“စောစောတွေ့လေ ကုသပျောက်ကင်းနိုင်လေ”

▫❣️ ကင်ဆာရောဂါများသည် ဖြစ်စအဆင့်များတွင် စောစီးစွာသိရှိကုသပါက အသက်အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပြီး အချို့ရောဂါများတွင် အမြစ်ပြတ်ပျောက်ကင်းနိုင်သည်အထိ ပြန်လည်ကျန်းမာလာနိုင်ပါသည်...
သို့ဖြစ်ပါ၍ ကင်ဆာရောဂါများအား ကာကွယ်ရေး၊ စောစီးစွာ သိရှိကုသနိုင်ရေးအခွင့်အရေးများကို လူမျိုးမရွေး၊ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး ရရှိခံစားနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်…

☎ Ph: 01-554412, 554413, 543278, 540455, 09-965120735

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်






---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

31/12/2023

🎇 Happy New Year 2024 🎆

ခရစ်သက္ကရာဇ် (၂၀၂၄) ခုနှစ် နှစ်သစ်အခါသမယတွင်
ကျန်းမာပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းနှင့် စီးပွားလာဘ်လာဘများ
ဆထက်ထမ်းပိုး ပွားများ၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း
ပင်လုံဆေးရုံများ မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်…🙏

☎01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242
📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။


♥️🎆🎉✨🎈
---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

Photos from SSC Women's Centre's post 31/12/2023

🤰 မိမိတို့၏အဖိုးတန်သော ရင်သွေးငယ်လေးများကို ကျန်းမာစွာမွေးဖွားနိုင်ရန် အကောင်းမွန်ဆုံးကိုသာ ရွေးချယ်လိုကြသော မိခင်လောင်းတို့အတွက်

💢 ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသီးသန့်ကိုသာ ကျန်းမာရေးစောင့်ရှောက်မှုပေးသော

🏥 SSC Women’s Centre ဆေးရုံကြီးတွင်

💝 ကလေးရိုးရိုးမွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားခြင်းဆိုင်ရာ အထူးအစီအစဉ်များဖြင့်

🙏 လုံခြုံစိတ်ချရသော၊ ပြည့်စုံကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများပေးလျက်ရှိပါသည်…

👩‍⚕️ မိမိကိုယ်တိုင်ရွေးချယ်ထားသော သားဖွား၊ မီးယပ် အထူးကုဆရာဝန်ကြီးများနှင့်တိုင်ပင်ကာ မိမိတို့၏ရင်သွေးငယ်လေးများကို လုံခြုံစိတ်ချစွာမွေးဖွားနိုင်ပြီး ကျွမ်းကျင်ဆရာဝန်၊ သူနာပြုများမှ (၂၄) နာရီ အနီးကပ်စောင့်ကြပ်ကုသပေးသည့်အပြင် ကျယ်ဝန်း၍ အဆင့်မြင့်သော Facilities များ ထည့်သွင်းထားသည့် လူနာခန်းများကြောင့် သက်တောင့်သက်သာဖြင့် အနားယူနိုင်မည်ဖြစ်ပါသည်…

✨ မနာကျင်ဘဲ ရိုးရိုးမွေးဖွားခြင်း (Painless Labor) နည်းလမ်းဖြင့် မွေးဖွားလိုသော မိခင်များအတွက်လည်း အကောင်းဆုံးဝန်ဆောင်မှုများဖြင့် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်…

🤍

💝 ရိုးရိုးမွေးဖွားခြင်း အစီအစဉ်များ - Normal Labor Packages (၂ ညအိပ် ၃ ရက်)
✅ Jade Package (Executive Suite) – 1,400,000 MMK

🤍

💝 ခွဲစိတ်မွေးဖွားခြင်း အစီအစဉ်များ - L.S.C.S Packages (၄ ညအိပ် ၅ ရက်)
✅ Diamond Package (Executive Suite) – 2,000,000 MMK
✅ Ruby Package (Deluxe Suite) – 1,900,000 MMK
✅ Sapphire Package (Ordinary) – 1,800,000 MMK

🤍

✅ Packages များတွင် ပါ၀င်သော ဝန်ဆောင်မှုများ

✨ ဆေးရုံတက်ရောက်မွေးဖွားရာတွင် (၂) ည (သို့မဟုတ်) (၄) ညတာ နားနေနိုင်ခြင်း
✨ ဆေးရုံတက်ရောက်နေစဉ် တာဝန်ကျ ဆရာဝန်၊ သူနာပြုများ၏ (၂၄) နာရီ ကျန်းမာရေးစောင့်ရှောက်ပေးမှု ရရှိခြင်း
✨ ဆေးရုံတက်ရောက်သည့်နေ့တွင် ကလေးနှလုံးခုန်သံနှင့် မိခင်၏သားအိမ်ညှစ်အားတို့ သိရှိနိုင်ရန် CTG တစ်ကြိမ်ဆွဲပေးခြင်း
✨ မိခင်အတွက် နံနက်စာ (Breakfast) နှင့် နေ့လည်ပိုင်း (Tea Time) ကျွေးမွေးခြင်းအစီအစဉ်
✨ ခွဲစိတ်ခန်းအသုံးပြုခ၊ ခွဲစိတ်ခန်းအတွင်း အသုံးပြုသော ဆေးဝါးပစ္စည်းများကို သတ်မှတ်ထားသောနှုန်းထားအတွင်း ရရှိနိုင်ခြင်း
✨ မွေးကင်းစရင်သွေးငယ်လေးအတွက် ဝတ်ဆင်နိုင်ရန်နှင့် အမှတ်တရသိမ်းထားနိုင်ရန် ဆေးရုံတံဆိပ်ပါ ချစ်စဖွယ်အင်္ကျီလေးနှင့် ပိုးသတ်ထားသော အနှီးများ၊ Baby Towel များရရှိခြင်း
✨ မိခင်နှင့်ကလေးအတွက် တစ်ခါသုံးအိမ်ယာခင်းနှင့် ခေါင်းအုံးစွပ်များ အသုံးပြုပေးခြင်း
✨ ခွဲစိတ်ခန်းဝင်ရန် တစ်ခါသုံးအင်္ကျီ အသုံးပြုပေးခြင်း
✨ မီးဖွားပြီးမိခင်အတွက် တစ်ခါသုံးအတွင်းခံများ ဝတ်ဆင်ပေးသဖြင့် သန့်ရှင်းသပ်ရပ်စွာ အနားယူနိုင်ခြင်း
✨ သတ်မှတ်ထားသောပမာဏအတွင်း Laundry Service ရရှိခြင်း
✨ ကလေးသွေးအုပ်စုအမျိုးအစားနှင့် G6PD အင်ဇိုင်းချို့တဲ့မှု ရှိ၊ မရှိ အချင်းသွေးမှ စစ်ဆေးပေးခြင်း
✨ မွေးကင်းစကလေးကို ပထမအကြိမ် အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးနှင့် ဗီတာမင် (ကေ) ထိုးပေးခြင်း
✨ ဆေးရုံတက်ရောက်နေစဉ် အသုံးပြုသော ဆေးဝါးပစ္စည်းများအား သတ်မှတ်ပမာဏအတွင်း ရရှိခြင်း
✨ ရင်သွေးငယ်လေး၏ ဓါတ်ပုံနှင့် မိသားစုဓါတ်ပုံအမှတ်တရ လက်ဆောင်ရိုက်ကူးပေးခြင်း
✨ ဆေးရုံတက်ရောက်သည့်အခါ မိခင်နှင့်ကလေးအသုံးပြုနိုင်သည့် လက်ဆောင်ပစ္စည်းများ ရရှိခြင်း
✨ ရင်သွေးငယ်လေးမွေးဖွားခြင်းအတွက် ဂုဏ်ပြုသောအားဖြင့် Birthday Cake တစ်လုံး လက်ဆောင်ရရှိခြင်း
✨ ဆေးရုံတက်ရောက်နေစဉ်အတွင်း အာဟာရဆိုင်ရာဆရာဝန်ကြီး၏ အကြံပေးလမ်းညွှန်မှုများ ရရှိခြင်း
✨ ဆေးရုံဆင်းသည့်အခါ ကလေးအသက် (၁) လမှ (၅) နှစ်အထိ ဖွံ့ဖြိုးတိုးတက်မှုများကို မှတ်တမ်းတင်နိုင်ရန် ကာကွယ်ဆေးထိုးမှတ်တမ်းကဒ် ရရှိခြင်း
✨ မွေးဖွားပြီးမိခင်အတွက် Physiotherapy Care (၁) ကြိမ် ပြုလုပ်ပေးခြင်း
✨ ဆေးရုံဆင်းပြီးနောက် ပထမဆုံးအကြိမ် ဆရာဝန်ကြီးနှင့် ရက်ချိန်းပြန်လည်ပြသရန်လာသည့်အခါ ဆေးရုံ၏ Service Charge FOC ရရှိမည့်ကူပွန်ကို ဆေးရုံဆင်းသည့်နေ့တွင် ရရှိခြင်း
✨ မွေးကင်းစကလေး၏ နားအကြားအာရုံ စမ်းသပ်ပေးခြင်း

🤍

❎ Package များတွင် မပါဝင်သော ဝန်ဆောင်မှုများ

✨ ရိုးရိုး (သို့မဟုတ်) ခွဲစိတ်မွေးဖွားပေးသည့် ဆရာဝန်ကြီးများ၏ ဝန်ဆောင်မှုစရိတ်များ
✨ ကလေးအသားဝါရှိပါက ကုသမှုအတွက် ကုန်ကျစရိတ်များ
✨ သွေးနှင့် သွေးပစ္စည်းများ သွင်းရခြင်းအတွက် ကုန်ကျစရိတ်များ
✨ မိခင်နှင့်ကလေးတွင် ပုံမှန်မဟုတ်သော နောက်ဆက်တွဲကျန်းမာရေးပြဿနာတစ်ခုခုရှိလာပါက စစ်ဆေးကုသမှုများအတွက် ကုန်ကျစရိတ်များ
✨ Special Nurse ငှားရမ်းမှုအတွက် ကုန်ကျစရိတ်များ

🤍

☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်






---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

30/12/2023

SSC - ရွှေဂုံတိုင်ဆေးရုံမိသားစု၏

(၁၂) ကြိမ်မြောက် နိုင်ငံတကာနှစ်သစ်ကူးနေ့

နှစ်ဦး Online အထူးတရားပွဲ

“နိဗ္ဗာန်ကို အကျိုးမျှော်၍ ဖိတ်ကြားအပ်ပါသည်” 🙏🏻

▫️

☎01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။



#နှစ်ဦးတရားပွဲ
---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

25/12/2023

🎅We wish you a Merry Christmas 🎅
🌟ခရစ်စမတ်ပွဲတော် အချိန်အခါသမယတွင်
ကျန်းမာပျော်ရွှင်သောခရစ္စမတ် အခါသမယ ဖြစ်ပါစေကြောင်း
ပင်လုံဆေးရုံများအုပ်စုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🔔🎄

☎01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242
📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။




---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

27/11/2023

ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) တွင်

ကုသိုလ်တရားများ ဆထက်ထမ်းပိုး ပွားများနိုင်ပြီး

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့် ပြည့်စုံပါစေကြောင်း

ပင်လုံဆေးရုံများမိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်... 🙏🙏🙏

☎01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242
📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။




---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

14/11/2023

--World Diabetes Day 2023--
Diabetes: Know your risk, Know your response

✅နိုဝင်ဘာလ ၁၄ နေ့သည် ကမ္ဘာလုံးဆိုင်ရာ ဆီးချိုရောဂါနေ့ (World Diabetes Day) ဖြစ်ပါသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ဆီးချိုရောဂါသည် အဖြစ်များသော ရောဂါတစ်ခု ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အရွယ်ရောက်ပြီးသူ ၁၀ယောက်တွင် ၁ ယောက်သည် ဆီးချိုရောဂါရှိကြောင်း တွေ့ရှိရပြီး 90% ကျော်မှာ type 2 ဆီးချိုရောဂါရှိသူများဖြစ်ပါတယ်။ Type 2 ဆီးချိုရောဂါနှင့် ၎င်း၏နောက်ဆက်တွဲပြဿနာများသည် ကျန်းမာသောအလေ့အထများကို ထိန်းသိမ်းခြင်းဖြင့် တားဆီးနိုင်ပါသည်။ Type 2 ဆီးချိုရောဂါဖြစ်နိုင်ဖွယ်ရှိသူများအနေဖြင့်လည်း ကြိုတင်ကာကွယ်ခြင်း၊ စောစီးစွာရောဂါ ရှာဖွေခြင်းနှင့် ရောဂါဖြစ်လာပါက အချိန်မီကုသမှုခံယူရန် အရေးကြီးပါသည်။ ဆီးချိုသွေးချိုရောဂါသည် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါတော့မဟုတ်ပါ။

✅သို့ဖြစ်ပါသောကြောင့် ဆီးချို၊ သွေးချိုရောဂါဝေဒနာရှင်များအနေဖြင့်လည်း ပုံမှန်ကျန်းမာရေးဆေး စစ်မှုလုပ်ဆောင်ခြင်း၊ ပုံမှန်ဆေးကုသမှုခံယူခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် ဆီးချို၊သွေးချိုရောဂါ နှင့်တကွဆီးချို၊ သွေးချိုရောဂါကြောင့်ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွင်သော လူနေမှု ဘဝကို ပိုင်ဆိုင်ခံစားနိုင်ပါကြောင်း ပင်လုံဆေးရုံများအုပ်စုမှ ဆုမွန်ကောင်း‌တောင်းအပ်ပါသည်။

☎01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242
📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။






---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

08/11/2023

🩻World Radiography Day (8th November 2023)☢
Celebrating Patient Safety
နှစ်စဉ် နိုဝင်ဘာလ ၈ ရက်နေ့တွင် World Radiography Day - ကမ္ဘာ့ဓာတ်မှန်ပညာရှင်များနေ့ဖြစ်ပါတယ်။ ယနေ့တွင်ကျရောက်သော World Radiography Day တွင် ကမ္ဘာတဝှမ်းမှ ဓာတ်မှန်ပညာရှင်များနှင့်အတူ ပင်လုံဆေးရုံများအုပ်စုမှ ဓာတ်မှန်ပညာရှင်များကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။ 🥰

☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242
📍 လိပ်စာ - အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်




---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

29/10/2023

✨ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင်
ကုသိုလ်တရားများ ဆထက်ထမ်းပိုး ပွားများပြီး
ချစ်သူခင်သူ မိသားစုများနှင့်အတူ အစဉ်ထာဝရ ပျော်ရွှင်ချမ်းမြေ့
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ပင်လုံဆေးရုံများ မိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါသည် ...🙏🙏🙏



☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 လိပ်စာ - အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်



---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

20/10/2023

🗓 ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့
✨ “ကမ္ဘာ့အရိုးပါး၊ အရိုးပွရောဂါနေ့” (World Osteoporosis Day)

"Build Better Bones"

“ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော လူမှုဘဝအတွက် အရိုးပါး/အရိုးပွရောဂါအား ကြိုတင်စွာ သိရှိကုသပါ’’

❣️ အရိုးပါး/အရိုးပွရောဂါဆိုသည်မှာ ခန္ဓာကိုယ်ရှိ အရိုးများ (အဓိကအားဖြင့် တင်ပဆုံရိုး၊ ကျောရိုးနှင့် လက်ကောက်ဝတ်ရိုး) များတွင် အရိုးတစ်သျှူးများ ထုတ်လုပ်မှုအားနည်းပြီး ပျက်ဆီးမှုအားကောင်းလာကာ အရိုးထုထည်ပမာဏ ကျဆင်းလာခြင်းကြောင့် အရိုးသိပ်သည်းဆ လျော့နည်းလာသော ရောဂါဖြစ်ပါသည်၊၊ အရိုးပါး/အရိုးပွရောဂါသည် အရိုးကျိုးခြင်းကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်ပါသည်...

❣️ အရိုးပါး/အရိုးပွရောဂါသည် အသက်အရွယ်၊ ကျား၊မ မရွေးဖြစ်ပွားနိုင်သော်လည်း အများအားဖြင့် အသက်အရွယ်ကြီးသော အမျိုးသမီးများတွင် အဓိကဖြစ်ပွားလေ့ရှိပါသည်...

❣️ အသက် (၅၀) နှစ်နှင့်အထက် အမျိုးသမီးများ၏ (၅၀) ရာခိုင်နှုန်းနှင့် အမျိုးသားများ၏ (၂၅) ရာခိုင်နှုန်းသည် အရိုးပါး/အရိုးပွရောဂါကြောင့် အရိုးကျိုးခြင်းဖြစ်ပွားတတ်ကြပါသည်...

▫️

❣️ သင့်တွင် အရိုးပါး/အရိုးပွရောဂါ (Osteoporosis) ဖြစ်နေပြီလား???

အရိုးပါး/အရိုးပွရောဂါ ဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများမှာ -

✅ မိသားစုမျိုးရိုးထဲတွင် အရိုးပါး/အရိုးပွရောဂါ (သို့မဟုတ်) အရိုးကျိုးခြင်း ဖြစ်ဖူးသူရှိခြင်း

✅ အသက် (၅၀) နှစ်နှင့်အထက်ဖြစ်ခြင်း

✅ အမျိုးသမီးများတွင် အသက် (၄၅) နှစ်မတိုင်မီ သွေးဆုံးခြင်း (သို့မဟုတ်) သွေးမဆုံးခင် သားဥအိမ် ထုတ်ထားရခြင်း

✅ သိုင်းရွိုက်ဟော်မုန်းနှင့် ပတ်သက်သောရောဂါများဖြစ်သည့် Hyperthyroidism (သို့မဟုတ်) Hyperparathyroidism ရောဂါ ခံစားနေရခြင်း

✅ အချို့သော ဆေးဝါးများ (အရိုးရောင်ရောဂါ၊ ရင်ကျပ်ပန်းနာရောဂါနှင့် ကင်ဆာရောဂါ ဆေးဝါးများစသည်) Steroid များအား ရေရှည်စွဲသောက်နေရခြင်း

✅ Radiation ဓာတ်ရောင်ခြည်အား ကာလကြာရှည်စွာ ထိတွေ့နေရခြင်း

✅ Calcium နှင့် Vitamin D ပြည့်ဝသော အစားအစာများ စားသုံးမှုနည်းခြင်း

✅ ဆေးလိပ်နှင့်အရက်အား အလွန်အကျွံသောက်သုံးခြင်း

✅ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်မှုမရှိခြင်း

✅ နာတာရှည်ရောဂါကြောင့် အိပ်ရာတွင်သာ လဲလျောင်းနေရခြင်း

▫️

❣️ အရိုးပါး/အရိုးပွရောဂါအား ကာကွယ်နိုင်ရန်

✅ အာဟာရဓာတ်အမျိုးမျိုးပါဝင်သော အစားအစာများအား မျှတစွာစားသုံးပါ။

✅ ကယ်လ်စီယမ် (Calcium) ပြည့်၀စွာပါဝင်သောအစားအစာများ (နို့နှင့်နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်အရွက်များ၊ ဂျုံဖြင့်ပြုလုပ်ထားသောအစားအစာများ၊ ပဲနို့ရည်၊ အရိုးပါဝါးစား၍ရသောငါးများ၊ နှံစားပြောင်းနှင့်အစေ့အဆံများ - ဥပမာ။ ။ကွေကာအုပ်) အား ပြည့်၀စွာစားသုံးပါ။

နေ့စဉ်လိုအပ်သော ကယ်လ်စီယမ်ပမာဏမှာ -
အသက် (၅၀) နှင့်အောက် - 1000 mg
အသက် (၅၀) အထက် - 1200 mg ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လိုအပ်ပါက အထူးကုဆရာဝန်ကြီးများနှင့်တိုင်ပင်၍ ကယ်လ်စီယမ် ဖြည့်စွက်အားဆေးများ သောက်သုံးရန်လိုအပ်ပါသည်။

✅ ဗီတာမင်ဒီ (Vitamin D) ရရှိနိုင်ရန် နံနက်ခင်းအချိန်တွင် နေရောင်ခြည်အား ကောင်းစွာထိတွေ့ပါ။ ဗီတာမင်ဒီ ပြည့်၀စွာပါဝင်သောအစားအစာများ (အဆီများသောငါးများ၊ အနီရောင်အသားများ၊ အသည်း၊ ကြက်ဥအနှစ်၊ နှံစားပြောင်းနှင့်အစေ့အဆံများ - ဥပမာ။ ။ကွေကာအုပ်) အားပြည့်၀စွာစားသုံးပါ။

နေ့စဉ်လိုအပ်သော ဗီတာမင်ဒီ ပမာဏမှာ -
အသက် (၇၀) နှင့်အောက် - 600 IU
အသက် (၇၀) အထက် - 800 IU ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လိုအပ်ပါက အထူးကုဆရာဝန်ကြီးများနှင့်တိုင်ပင်၍ ဗီတာမင်ဒီ ဖြည့်စွက်အားဆေးများ သောက်သုံးရန်လိုအပ်ပါသည်။

(သတိပြုရန်မှာ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ဖြည့်စွက်အားဆေးများသောက်သုံးရာတွင် နေ့စဉ်လိုအပ်သော ပမာဏထက် ပိုမိုသောက်သုံးမိပါက အသည်းနှင့်ကျောက်ကပ်တို့အား ပျက်စီးစေနိုင်ပါသည်)

✅ ပရိုတိန်း (အသားဓာတ်) ပြည့်၀စွာပါဝင်သောအစားအစာများ (အသားများ၊ ငါးများ၊ ဥများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစေ့အဆံများ၊ ပဲအမျိုးမျိုး) အား ပြည့်၀စွာစားသုံးပါ။

✅ ဆေးလိပ်နှင့် အရက်အား အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြည်ပါ။

✅ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအား ပုံမှန်ပြုလုပ်ပါ။

❣️ အရိုးပါး/အရိုးပွရောဂါဖြစ်ပွားလာလျှင် အရိုးရောဂါအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ ဖြည့်စွက်ဆေးဝါးများသောက်သုံးခြင်း၊ ဆေးထိုးခြင်း၊ ဟော်မုန်းအစားထိုးခြင်း စသည်ဖြင့် စနစ်တကျ ဆေးကုသမှုခံယူခြင်းဖြင့် အရိုးကျိုးခြင်းအား ထိရောက်စွာကာကွယ်နိုင်ပါသည်...

▫️

☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်





---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

09/10/2023

🗓 အောက်တိုဘာလသည်
Breast Cancer Awareness Month "ရင်သားကင်ဆာ ဂရုပြုလ" ဖြစ်သည့်အားလျှော်စွာ
အမျိုးသမီးတိုင်း ရင်သားကင်ဆာရောဂါအား စောစီးစွာသိရှိကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာများအား မျှဝေလိုက်ရပါသည်...

2023 Theme: 'Keeping Her in the Picture'



သင်စစ်ဆေးဖို့လိုနေပြီလား❓

❗အောက်ပါရင်သားကင်ဆာဖြစ်ပွားနိုင်ချေရှိသော အခြေအနေများထဲမှ တစ်ချက်နှင့်ကိုက်ညီနေလျှင်ပင် တစ်နှစ်လျှင်တစ်ကြိမ်ပုံမှန် စစ်ဆေးသင့်ပါသည်

✅ ရင်သားတွင် အလုံးအကျိတ်များဖြစ်ဖူးခြင်း
✅ မိသားစုဆွေမျိုးများထဲတွင် ရင်သားကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိခြင်း
✅ ဓာတ်ရောင်ခြည်အား မကြာခဏ (သို့မဟုတ်) အချိန်အတော်ကြာအောင်ထိတွေ့ဖူးခြင်း
✅ အ၀လွန်ခြင်း
✅ အသက် (၁၂) နှစ်မတိုင်မီ ရာသီစလာခြင်း
✅ သွေးဆုံးချိန်နောက်ကျခြင်း
✅ ကလေးမမွေးဖူးခြင်း (သို့မဟုတ်) အသက် (၃၀) ကျော်မှ ပထမဦးဆုံးကလေးမွေးခြင်း
✅ ကလေးနို့မတိုက်ခြင်း (သို့မဟုတ်) ရင်သားနှစ်ဖက်လုံးမျှတစွာ နို့မတိုက်ခြင်း
✅ ဟော်မုန်းဆေးများသုံးစွဲခြင်း
✅ အရက်သောက်ခြင်း



“ရင်သားကင်ဆာသည် ကင်ဆာဖြစ်စအဆင့်များတွင် စောစီးစွာသိရှိကုသပါက အမြစ်ပြတ်ပျောက်ကင်း နိုင်သော ရောဂါဖြစ်ပါသည်”

❣အောက်ပါရောဂါလက္ခဏာများဖြစ်ပေါ်လာပါက ဆရာဝန်နှင့်လျှင်မြန်စွာဆွေးနွေး၍ စစ်ဆေးမှုများ ခံယူရန်အထူးလိုအပ်ပါသည်

✅ ရင်သားတွင် အလုံးအကျိတ် (သို့မဟုတ်) ပုံမှန်အသားနှင့်မတူညီသော အသားမာဖြစ်ခြင်း
✅ ရင်သား၏ အရွယ်အစား၊ ပုံစံ (သို့မဟုတ်) ပုံပန်းသွင်ပြင်ပြောင်းလဲလာခြင်း
✅ ရင်သားပေါ်ရှိအရေပြားပုံစံပြောင်းလဲလာခြင်း (ဥပမာ - အရေပြားချိုင့်ဝင်သွားခြင်းစသည်)
✅ နို့သီးခေါင်းချိုင့်ဝင်သွားခြင်း
✅ နို့သီးခေါင်းမှ အဖြူရောင်အရည်များ၊ သွေးရည်များထွက်ခြင်း
(နို့တိုက်မိခင်များတွင်နို့ရည်ထွက်ခြင်းမပါ)
✅ နို့သီးခေါင်းတစ်ဝိုက်တွင်ရှိသော အညိုရောင်အရေပြားပေါ် (သို့မဟုတ်) ရင်သားတစ်ပြင်လုံး ပေါ်တွင် အရေပြားများ ကွာကျခြင်း၊ အက်ကွဲခြင်း၊ အကြေးခွံ (သို့) ချပ်ပြားပုံစံများဖြစ်လာခြင်း
✅ ရင်သားယောင်ယမ်းခြင်း၊ အရောင်ပြောင်းလဲခြင်း (လိမ္မော်ရောင် (သို့မဟုတ်) အနီရောင်)
✅ ချိုင်းတွင် အလုံးအကျိတ်များပေါ်လာခြင်း



☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်






---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

01/10/2023

🗓 အောက်တိုဘာလသည်
❣️ “အသည်းကင်ဆာ ဂရုပြုလ” (Liver Cancer Awareness Month) ဖြစ်ပါသဖြင့်
အောက်ဖော်ပြပါ အသည်းကင်ဆာဆိုင်ရာ ကျန်းမာရေးအသိပညာများအား မျှဝေလိုက်ရပါသည်...

💢 အသည်းကင်ဆာသည် မြန်မာနိုင်ငံတွင်အဖြစ်အများဆုံး ကင်ဆာရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်...

❗အသည်းကင်ဆာ ဖြစ်ပွားစေတတ်သော အကြောင်းအရင်းများ

✅ အသည်းအဆီဖုံးခြင်း
✅ အသည်းရောင်အသားဝါရောဂါ ‘B’ နှင့် ‘C’
✅ အသည်းခြောက်ခြင်း
✅ ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများ၊ ဆိုးဆေးများနှင့် Aflatoxin မှိုများ စားသုံးမိခြင်းနှင့် ရေရှည်ထိတွေ့ရှူရှိုက်မိခြင်း
✅ ဆေးလိပ်သောက်ခြင်း
✅ မိသားစုဆွေမျိုးများထဲတွင် ကင်ဆာရောဂါ ဖြစ်ဖူးသူရှိခြင်း



❗️အသည်းကင်ဆာ ရောဂါလက္ခဏာများ

✅ မျက်လုံးဝါခြင်း/ အသားဝါခြင်း
✅ ဝမ်းဗိုက်၏ ညာဘက်အပေါ်တွင် အောင့်ခြင်း၊ နာခြင်း၊ အလုံးအကျိတ်များ ထွက်လာခြင်း
✅ ဝမ်းဗိုက်ဖောင်းလာခြင်း
✅ ခြေထောက်များ ဖောရောင်လာခြင်း
✅ အရေပြားယားယံခြင်း
✅ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
✅ ဆီးအရောင်ရင့်ခြင်း
✅ အဝါရောင်ဖျော့ဖျော့ ဝမ်းသွားခြင်း
✅ ပျို့အန်ခြင်း
✅ အစာစားချင်စိတ် မရှိခြင်း
✅ အရေပြားတွင် သွေးခြေဥအကွက်များပေါ်လာခြင်း



❗️အသည်းကင်ဆာ ကာကွယ်နည်းများ

✅ အသည်းအဆီမဖုံးစေရန် သွေးသွင်းအဆီဓာတ်များခြင်းနှင့် အဝလွန်ခြင်းမှ ကာကွယ်ပါ
• အဆီများသောအစားအစာများအား ရှောင်ကြည်ပါ
• ကိုယ်အလေးချိန် ထိန်းသိမ်းပါ
• ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအား တစ်နေ့လျှင် အနည်းဆုံး မိနစ် (၃၀) ခန့်ပြုလုပ်ပါ
• အသည်းအဆီဖုံးနေပါက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေး၍ စနစ်တကျဆေးကုသမှုခံယူပါ

✅ အသည်းရောင်အသားဝါရောဂါ ‘B’ နှင့် ‘C’ မဖြစ်ပွားစေရန် ကာကွယ်ပါ
• အသည်းရောင်အသားဝါရောဂါ ‘B’ ကာကွယ်ဆေး ထိုးနှံပါ
• သွေးနှင့် ကိုယ်ခန္ဓာမှထွက်သော အရည်များအား အကာအကွယ်မပါဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ
• ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ
• ဆေးမင်ကြောင်ထိုးခြင်း၊ အပ်စိုက်ကုသခြင်း စသည်တို့တွင် တစ်ခါသုံးအပ်များကိုသာ အသုံးပြုပါ
• တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ
• အကာအကွယ်ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ

✅ အသည်းခြောက်ခြင်း မဖြစ်ပေါ်စေရန် ဂရုပြုပါ
• အရက်သောက်ခြင်းအား ရှောင်ကြဉ်ပါ
• အသည်းရောင်အသားဝါရောဂါများ ဖြစ်ပွားပါက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေး၍ စနစ်တကျဆေးကုသမှုခံယူပါ

✅ ဆိုးဆေး၊ မှိုနှင့် တာရှည်ခံဆေးများ မပါဝင်သော သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကို ရွေးချယ်စားသောက်ပါ
• ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများ၊ ဆိုးဆေးများနှင့် ငရုတ်သီး၊ နှံစားသီးနှံနှင့် အစေ့အဆံများတွင် ပါဝင်တတ်သော Aflatoxin မှိုများ စားသုံးမိခြင်းနှင့် ရေရှည်ထိတွေ့ရှူရှိုက်မိခြင်းများ မဖြစ်စေရန် ဂရုပြုပါ

✅ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ

✅ မိသားစုဆွေမျိုးများထဲတွင် ကင်ဆာရောဂါ ဖြစ်ဖူးသူရှိပါက အသည်းကျန်းမာရေးစစ်ဆေးခြင်း (Liver Medical Check-Up) အား ပုံမှန်ပြုလုပ်ပါ



☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်





---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

29/09/2023

🗓 ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော

🫀 “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” (World Heart Day) အား
သတိပြုမိစေရန်အလို့ငှာ

💝 နှလုံးရောဂါအား မဖြစ်ပွားမီကပင် ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ကျန်းမာပျော်ရွှင်သော ဘ၀နေထိုင်မှုပုံစံရရှိအောင် ဆောင်ရွက်သင့်သည့်အချက်များကို ကျန်းမာရေးအသိပညာပေးမျှဝေလိုက်ပါသည်…



❣ သွေးပေါင်ချိန်မတက်စေရန် ဂရုစိုက်ပါ

• သွေးတိုးခြင်းသည် နှလုံးရောဂါကို ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် အသက် (၄၀) ကျော်ပါက သွေးပေါင်ချိန်အား စတင်သတိထားစစ်ဆေးသင့်ပြီး သွေးတိုးရောဂါရှိသူများအနေဖြင့် သွေးပေါင်ချိန် ပုံမှန်တိုင်းတာသင့်ပါသည်။ သွေးပေါင်ချိန်ပုံမှန် ထိန်းသိမ်းနိုင်ရန် လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း သွေးကျဆေးများ ပုံမှန်သောက်သုံးသင့်ပါသည်။



❣ ကိုလက်စထရော (Cholesterol) ပမာဏကို ထိန်းပါ

• သွေးအတွင်းတွင် မကောင်းသောအဆီဖြစ်သည့် ကိုလက်စထရောပမာဏ ပုံမှန်ထက်ပိုများနေခြင်းသည် သွေးပျစ်ခြင်းနှင့် သွေးခဲခြင်းများကို ဖြစ်ပေါ်စေနိုင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Heart Disease) နှင့် ရုတ်တရက်နှလုံးရပ်ခြင်း (Heart Attack) ရောဂါများကို ဖြစ်စေနိုင်ပါသည်။



❣ ဆီးချို၊ သွေးချိုရောဂါ မဖြစ်စေရန် ဂရုစိုက်ပါ

• ဆီးချို၊ သွေးချိုရောဂါရှင်များအနေဖြင့် သွေးတွင်းသကြားဓာတ်အား ပုံမှန်ထိန်းသိမ်းနိုင်ခြင်းမရှိပါက နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် နှလုံးရောဂါကိုဖြစ်ပေါ်စေနိုင်ပါသည်။



❣ ကိုယ်အလေးချိန် ထိန်းပါ

• အဝလွန်ခြင်းသည် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို ပိုမိုမြင့်တက်စေရုံသာမက သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် သွေးတွင်း ကိုလက်စထရောမြင့်မားခြင်း စသည်တို့ကိုပါ ဖြစ်စေနိုင်ပါသည်။



❣ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများအား မျှတစွာစားသုံးပါ

• အဆီများသော၊ အငန်များသော၊ အချိုများသောအစားအစာများ စားသုံးမှုအား လျှော့ချပါ။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ပဲအမျိုးမျိုး၊ အဆီနည်းသော အသားနှင့်ငါးအမျိုးမျိုး၊ အဆီနည်းသော (သို့မဟုတ်) အဆီမပါသော နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် သွေးတွင်း ကိုလက်စထရောမြင့်မားခြင်းတို့ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။



❣ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပါ

• ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအား တစ်နေ့လျှင်အနည်းဆုံး မိနစ် (၃၀) ပုံမှန်ပြုလုပ်ခြင်းဖြင့် နှလုံးကိုပိုမိုအားကောင်းစေ၍ သွေးလည်ပတ်မှုကို ကောင်းမွန်စေသည့်အပြင် အဝလွန်ခြင်းကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။



❣ ဆေးလိပ်၊ အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ

• အရက်သောက်သုံးခြင်းသည် သွေးတွင်းကယ်လိုရီပမာဏအား မြင့်တက်စေပြီး ဆေးလိပ်သောက်သုံးခြင်းသည် သွေးတိုးခြင်းကို ဖြစ်ပေါ်စေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။



❣ စိတ်ဖိစီးမှုလျော့ချပါ

• စိတ်ဖိစီးမှုအလွန်များခြင်းသည် နှလုံးကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သဖြင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျော့ချရန် လိုအပ်ပါသည်။



❣ လုံလောက်စွာ အိပ်စက်အနားယူပါ

• အိပ်ချိန်ပမာဏနည်းပါးခြင်းသည် အဝလွန်ရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါတို့ကို ဖြစ်စေနိုင်သည့်အတွက် အနည်းဆုံးတစ်နေ့လျှင် (၇) နာရီမှ (၈) နာရီအတွင်း လုံလောက်စွာ အိပ်စက်အနားယူရန် လိုအပ်ပါသည်။



❣ ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ပါ

• သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီဓာတ်နှင့် နှလုံးကျန်းမာရေးအား ပုံမှန်စစ်ဆေး၍ လိုအပ်သော ကုသမှုများ စောစီးစွာသိရှိဆောင်ရွက်ခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။



☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 လိပ်စာ - အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်





----------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

25/09/2023

🗓 ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော

“ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့” (World Pharmacist Day) တွင်

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆေးဝါးပညာရှင်များအား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်...

💊 Pharmacy Strengthening Health Systems 🌐

◻️

🎊SSC ဆေးရုံကြီး၏ မိသားစုဝင်များအနေဖြင့် စိတ်ရောကိုယ်ပါ တာဝန်ထမ်းဆောင်လျှက်ရှိသော ဆေးဝါးပညာရှင်များအား ကျေးဇူးအထူးတင်ရှိစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်…

☎️ Ph: 01-541457, 542400, 542622, 544116, 544128, 545909, 8603618~24, 09-765653761~5, 09-449111199

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်




---------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

08/09/2023

🗓 ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့သည် "World Physiotherapy Day" ဖြစ်ပါသည်

ယခုနှစ်၏ Theme မှာ "Prevention and Management of Osteoarthritis" ဖြစ်ပါသည်...

❣ ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းသည် အဆစ်ရောင်နာရောဂါအမျိုးမျိုးအား သက်သာပျောက်ကင်းစေသည့်အပြင် ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုပါ ရရှိစေနိုင်ပါသည်



💢 Physiotherapy ဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာခြေလက်အင်္ဂါများ အားနည်း၍ ပုံမှန်လှုပ်ရှားမှုများ မလုပ်ဆောင်နိုင်သူများအတွက် အကူအညီမပါဘဲ ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်နိုင်ရန်၊ နောက်ဆက်တွဲရောဂါဆိုးကျိုးများမှ ကာကွယ်နိုင်ရန်၊ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် ကျွမ်းကျင်သူ Physiotherapists များမှ ခေတ်မီအထောက်အကူပြု စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ကာယလေ့ကျင့်ခန်းကုထုံးများဖြင့် စနစ်တကျ လေ့ကျင့်ကုသပေးခြင်း ဖြစ်ပါသည်။



ဘယ်လိုအခြေအနေတွေမှာ Physical Therapy (Physiotherapy) လုပ်သင့်သလဲ❓

✅ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ (ဥပမာ - လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ အာရုံကြောအားနည်းခြင်း စသည်) ၏ နောက်ဆက်တွဲ ကိုယ်လက်အင်္ဂါများ မသန်စွမ်းခြင်းမှ ပြန်လည်သန်စွမ်းလာစေရန်

✅ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ကိုယ်လက်အင်္ဂါများ မသန်စွမ်းခြင်းမှ ပြန်လည်သန်စွမ်းလာစေရန်

✅ အရိုး၊ အကြော၊ အဆစ်နာကျင်မှုများခံစားရခြင်းမှ သက်သာပျောက်ကင်းစေရန်

✅ ခွဲစိတ်ကုသမှုခံယူထားသူများနှင့် နာတာရှည်ရောဂါများကြောင့် အိပ်ရာပေါ်တွင်အချိန်ကြာရှည်စွာ လဲလျောင်းနေရသူများအတွက် သွေးခဲများကြောင့် သွေးကြောပိတ်ခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်များ တောင့်တင်းခြင်းမှ ကာကွယ်ရန်

✅ အရိုး၊ အဆစ်နှင့် အရွတ်များခွဲစိတ်ကုသပြီးချိန်တွင် ပုံမှန်လှုပ်ရှားမှုများ အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရန်

✅ အရိုးကျီးပေါင်းရောဂါများနှင့် လေးဘက်နာရောဂါများကြောင့် အရိုး၊ အကြော၊ အဆစ်များ နာကျင်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်းနှင့် ပုံပျက်ခြင်းများအား သက်သာပျောက်ကင်းစေရန်

✅ မိခင်များအတွက် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီးချိန်များတွင် မီးဖွားရလွယ်ကူစေရန်နှင့် အရိုးနှင့်ကြွက်သား နာကျင်ခြင်းများ သက်သာပျောက်ကင်းစေရန်

✅ ထိခိုက်ဒဏ်ရာရရှိထားသော အားကစားသမားများအတွက် ပုံမှန်လှုပ်ရှားမှုနှင့် အားကစားလေ့ကျင့်ခန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရန်

✅ ဆီးနှင့်ဝမ်း မထိန်းနိုင်သူများအတွက် ကြွက်သားများပြန်လည်အားကောင်းလာစေရန်

✅ လက်တု၊ ခြေတုအစားထိုးတပ်ဆင်ထားရသူများအတွက် ပုံမှန်လှုပ်ရှားမှုများအား အဆင်ပြေစွာ လုပ်ဆောင်နိုင်ရန်

✅ လှုပ်ရှားသွားလာရန် အထောက်အကူပြုပစ္စည်းများ (ဂျိုင်းထောက်၊ ဝှီးချဲလ် စသည်) အား မှန်ကန်အဆင်ပြေစွာ အသုံးပြုနိုင်ရန်

အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ကာယလေ့ကျင့်ခန်းကုထုံးများဖြင့် စနစ်တကျ လေ့ကျင့်ကုသမှုခံယူရန်လိုအပ်ပါသည်။



🏥 SSC ဆေးရုံကြီး၏ အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန (Physiotherapy and Rehabilitation Department) တွင်

👩‍⚕️ ကျွမ်းကျင်၍ အတွေ့အကြုံပြည့်ဝသော ဝါရင့်ပညာရှင်များမှ

ခေတ်မီအထောက်အကူပြု စက်ကိရိယာပစ္စည်းများအားအသုံးပြု၍

🕗 နေ့စဉ် ပိတ်ရက်မရှိ မနက် (၇) နာရီ မှ ညနေ (၆) နာရီအထိ

အောက်ဖော်ပြပါ ပြန်လည်သန်စွမ်းရေး ကာယလေ့ကျင့်ခန်းကုထုံးများအား ဆောင်ရွက်ပေးလျက်ရှိပါသည်…

✅ လေဖြတ်ခြင်း၊ လေဖြန်းခြင်းရောဂါများအတွက် ပြန်လည်သန်စွမ်းရေးကုထုံးများ (Stroke Rehabilitation)

✅ မျက်နှာလေဖြန်းခြင်းရောဂါ (Facial Palsy) အတွက် ပြန်လည်သန်စွမ်းရေးကုထုံးများ (Facial Muscles Rehabilitation)

✅ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများအတွက် ပြန်လည်သန်စွမ်းရေးကုထုံးများ (Neurological Rehabilitation)

✅ အရိုး၊ အကြော၊ အဆစ်နှင့် ကြွက်သားနာကျင်ကိုက်ခဲမှု ရောဂါအမျိုးမျိုးအတွက် ပြန်လည်သန်စွမ်းရေးကုထုံးများ (Musculoskeletal Rehabilitation)

✅ အဆစ်အမြစ်ရောင်ရမ်းခြင်းရောဂါများအတွက် ပြန်လည်သန်စွမ်းရေးကုထုံးများ (Rheumatoid Diseases Rehabilitation)

✅ အရိုးကျိုးခြင်း၊ အရိုးနှင့်ဆိုင်သော ရောဂါများအတွက် ပြန်လည်သန်စွမ်းရေးကုထုံးများ (Orthopaedic Rehabilitation)

✅ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ပြန်လည်သန်စွမ်းရေးကုထုံးများ (Cardiopulmonary Rehabilitation)

✅ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး လူနာများအတွက် လိုအပ်သော ကာယလေ့ကျင့်ခန်းကုထုံးများ (Pre and Post Operation Rehabilitation)

✅ မီးဖွားပြီး မိခင်များအတွက် လိုအပ်သော ကာယလေ့ကျင့်ခန်းကုထုံးများ (Postnatal Rehabilitation and Pelvic Floor Exercises)



☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 လိပ်စာ - အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်






---------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

25/08/2023

👶 သားသားမီးမီးတို့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသောအာဟာရဓါတ်များ၏ အကျိုးကျေးဇူးများ



☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 လိပ်စာ - အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်



----------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

17/08/2023

👶 ဉာဏ်ရည်ထက်မြတ်သည့် ရင်သွေးငယ်များဖြစ်ဖို့ အဓိကအရေးကြီးသော အာဟာရများအကြောင်း



☎ 01-554412, 554413, 543278, 540455, 09-965120735, 09-788997904, 09-765556242

📍 လိပ်စာ - အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်



----------------------------
Follow us on Facebook --> https://www.facebook.com/sscwomenscentre
Google Profile --> https://www.google.com/search?client=firefox-b-d...
Website --> http://www.pinlongrouphospitals.com/ssc-hospital

Photos from SSC - Shwe Gon Dine Hospital's post 11/08/2023

SSC ဆေးရုံမိသားစု၏

(၁၉) ကြိမ်မြောက်

ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း
🙏🏻🙏🏻🙏🏻

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

"သားသားမီးမီးတို့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသောအာဟာရဓါတ်များ၏ အကျိုးကျေးဇူးများ"
ဉာဏ်ရည်ထက်မြတ်သည့် ရင်သွေးငယ်များဖြစ်ဖို့ အဓိကအရေးကြီးသော အာဟာရများအကြောင်း
ကျောင်းတက်စအရွယ် သားသားမီးမီးတို့ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ သိကောင်းစရာများ
မွေးကင်းစကလေးကို အနှီးဘယ်လိုထုပ်မလဲ?
🗓 ဩဂုတ်လ (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း ကျရောက်သော 🤱 World Breastfeeding Week အား သတိပြုမိစေရန် အလို့ငှာ🏥 ပင်လုံဆေးရုံမျာ...
🤗မွေးကင်စကလေးကို အနှီးဘယ်လိုထုတ်မလဲ . . ကိုယ်ဝန်ဆောင်မေမေများနဲ့ ကလေးပြုစုပေးမည့်သူများအားလုံးအတွက် ရည်ရွယ်ပြီး ကလေးအနှီ...
SSC Women's Centre ဆေးရုံကြီးတွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Caremebot မှတစ...
ကျောင်းတက်စအရွယ်ကလေးငယ်တို့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ သိကောင်းစရာများ- Dr. ၀င်းဝင်းမြင့်
ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးသော အာဟာရဓာတ်များ - ဒေါက်တာ ဝင်းဝင်းမြင့်
“သားသားမီးမီးတို့ ကျန်းမာရေး  Live Q & A” အစီအစဉ်
သားသားမီမီးတို့ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘယ်လိုအာဟာရတွေလိုအပ်ပါသလဲ။- ဒေါက်တာဝင်းဝင်းမြင့်
Covid ကာလအတွင်း မိခင်လောင်းတို့ ဘယ်လိုနေထိုင်သင့်ပါသလဲ။ - ဒေါက်တာ ယမင်းပပတင်

Category

Telephone

Address


No. 7, East Shwe Gon Dine Road, Bahan Township
Yangon
11201

Other Hospitals in Yangon (show all)
Aung Myittar Specialist Clinic Aung Myittar Specialist Clinic
No. 453, (132) Qt. , Min Ye Kyaw Swar Street , East Dagon Tsp
Yangon, 11451

၂၄ နာရီ ပိတ်ရက်မရှိအထွေထွေကျန်းမာရေးစောင့်‌ရှောက်ခြင်း, အထူးကုသခြင်း, မီးဖွားခြင်း, ဓာတ်မှန်, ဓာတ်ခွဲ

Shwe Taw Win Specialist Hospital Shwe Taw Win Specialist Hospital
10 (B), Uwisara Road, Ward (41), North Dagon Township
Yangon

Shwe Taw Win Hospital is a specialist hospital providing high-quality health care services to patients through the combined and dedicated hands of medical and non-medical experts i...

Jasmine Dental Whitening Center Jasmine Dental Whitening Center
No. 37/Quarter, Between Hantharwaddy & Kyun Taw Road, Kamayut Township
Yangon, 11051

သွား နှင့် ခံတွင်း အထူးကု ဆေးခန်း

ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

Yazadhirit Hospital Yazadhirit Hospital
No. 13, Yazadhirit Street, 7 Quarter, East Dagon
Yangon, 11451

Hospital

သျှင်ပါကူ ဆေးရုံ - SHIN PAR KU Hospital သျှင်ပါကူ ဆေးရုံ - SHIN PAR KU Hospital
အမှတ်(၇၁/၇၃)၊ ဗညားဒလလမ်း၊ ဗျိုင်းရေအိုးစင်လမ်းထိပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Yangon, 11201

Online medical consaultation

Jasmine Dental Pediatric Center Jasmine Dental Pediatric Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

First fully digitalized dental clinic in Myanmar

Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ
No. (935), Maung Makan Kanthar Road, South Dagon
Yangon, 11431

Origin Fertility Center Origin Fertility Center
Moe Kaung Street, (15) Quarter, Yankin Township
Yangon, 11081

We bring a team of specialist committed to providing the best care in infertility.

Central Medical Center - "ဗဟို" ၂၄ နာရီ အထူးကုဆေးခန်း Central Medical Center - "ဗဟို" ၂၄ နာရီ အထူးကုဆေးခန်း
အမှတ် ၁၆၆၊ အထက်ဗဟိုလမ်း၊ (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊၊
Yangon

Thatoe Aung Zeya Hospital Bed Thatoe Aung Zeya Hospital Bed
No(165) , Room(6) 24th Quarter, Thanthumar Road, Thuwana , Thingangyun Township
Yangon, 11072

Gaday Htay General Hospital Gaday Htay General Hospital
Innwa Street
Yangon