English Lessons Class

I hope you to get knowledge about education ��

14/08/2022

English Grammar Basic Lesson 1

Beginner သမားတွေအတွက်ကော
English စာလေ့လာနေသူတွေနဲ့
ကျောင်းသား ကျောင်းသူများအတွက်ပါ
အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်
အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါ ❤

12/08/2022

English ဘာသာရပ်နှင့်ပက်သက်သည့်
အကြောင်းအရာမျိုးစုံကို အခြေခံမှစပြီး
ရှင်းပြ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုမှ စလေ့လာမယ့်သူတွေအတွက်လည်း
နားလည်သဘောပေါက်လွယ်အောင်
Video လေးများနဲ့ ရှင်းပြပေးမှာပဲ ဖြစ်ပါတယ်။

ဘာသင်တန်းကြေးမှ ပေးစရာမလိုပဲ
အခမဲ့ ဝင်ရောက်လေ့လာနိုင်တာမို့
ဒီ Page လေးကို Like and Share လေး
လုပ်ပေးထားကြပါဦးနော်။

နောက်ပိုင်းတွေမှာ
English စာနဲ့သက်ဆိုင်တဲ့
Online Free Class တွေလည်းရှိဦးမှာမို့
စောင့်မျှော်ပေးကြပါဦးနော်။

ပညာဒါန ကူညီသင်ကြားပေးမယ့်
စေတနာရှင် Volunteer များကိုလည်း
နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

04/07/2021

ဒါလေးတော့ သတိထားလိုက်
🌺🌺🌺🌺🌺🌺🌺🌺

🔰.၁။ Stay home ....ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာ
ရှိနေရင်အကုန်ကူးဖို့များတယ်။

🔸. အထူးသဖြင့် ... အိမ်ကျဉ်းပြီး
အခန်းနည်းရင်အပြင် ...(open air) မှာကိုဗစ်က မအောင်းနိုင်ဘူး။

🔰.၂။ air borne ..ဆိုပေမယ့် တစုံတယောက်က နှာချေလိုက်မှ
အမှုန်.. droplet...လေးတွေက လေထဲမှာကြာကြာနေတာပါ။

🔹.Mask တို့ face shield တို့တပ်ထားရင် လုံခြုံတယ်။

🔹.ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

🔰.၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂ပေါက်၊ ပါးစပ်၊ မျက်စိ၂လုံးကဘဲဝင်နိုင်တယ်။

🔹.ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။

🔹.Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

🔰.၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာရိုးရိုးမျက်မှန်သုံးပါ။

🔸.မျက်စိကိုအကာအကွယ်ရတဲ့အပြင် ၊မျက်လုံးထဲလက်ထည့်စရာမလိုဘူး။

🔰.၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။

🔹.အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။

🔹.အားမှလျှော်။...မလျှော်လဲ ၅..ရက်ကြာရင်ပိုးကအလိုလို
သေသွားလိမ့်မယ်။

🔰.၆။ အရေးကြီးတာက ➖🔹

်🔹.အော်ကျယ်ပြောနေတဲ့လူ..

🔹.ချောင်းဆိုးနေတဲ့နှာချေနေတဲ့
လူ..တွေကိုဝေးဝေးကရှောင်ပါ။

🔰.၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်
လဲကိစ္စမရှိဘူး။

🔸....၅ရက်ဆိုပိုးက သူ့အလိုလိုသေတယ်။

🔸.ရွရွလျှောက်ပြေး
နေတာမဟုတ်ဘူး။

🔸.သူ့ဖာသာသူကပျနတော။

🔸.ကိုယ်ကလက်နဲ့ယူပြီး
နှာခေါင်းနိုက် .မျက်စိပွတ်..
ပါးစပ်နိုက်မှ ..ဝင်ကုန်တာ။

🔹.ဒါကြောင့် လက်ဆေးခိုင်းတာ။🔹

🔰၈။ လေဝင်လေထွက်ကောင်းဖို့ပို
အရေးကြီးတယ်။

🔹.ပြူတင်းပေါက်ဖွင့်ပြီးပန်ကာဖွင့်ထားတာကအလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာ
ထက်ပိုကောင်းတယ်။

🔹.ပညာပေးဆောင်းပါးများကို
မျက်ခြည်မပြတ်ဖတ်ရှုပြီး
နောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။➖🔰

🔹.ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး
အားလုံးကျန်းမာချမ်းသာကြပါစေ။🔹
💕ပါမောက္ခဦးသိန်းဝင်း💕

Crd-

03/07/2021

နောက်ဆုံးရ ကိုဗစ် သတင်းကတော့
နေရာဒေသအသီးသီးမှာ ကျောင်းများအားလုံး
အကန့်အသတ်မရှိပိတ်လိုက်ပါပြီ။
သူတို့ မနိုင်တော့ပါ။ ပြည်သူတွေ သတိ အသိ ရှိကြပါ။ ဘေးဆိုးမှလွတ်မြောက်ကြပါစေ🙏🏽🙏🏽🙏🏽
ဇူလိုင် (၃)

Credit

03/07/2021

နိုင်ငံရေးမကောင်းတာနဲ့
ဒီကြားထဲ page ကိုတောင်
မ run ဖြစ်တာကြာပြီ
နောက်နေ့တွေမှာ post တွေ
ဆက်တိုက်တင်ပေးပါ့မယ်။

Education နဲ့ပက်သက်တဲ့
အကြောင်းအရာတွေလည်း
အများကြီးပြောပြသွားပါမယ်။

ကျောင်းသား/သူတွေအတွက်
Lesson အချို့ကိုလည်း video & photo တွေနဲ့
ရှင်းပြပေးသွားဖို့ရှိပါတယ်လို့
သတင်းကောင်းလေးပါးလိုက်ပါတယ်နော် 😍

15/06/2021

Teaching Guide
---------------------------
အခုလို နိုင်ငံရေးအခြေအနေမှာ
မိဘများက မိမိတို့ရဲ့ခလေးတွေကို
ကျောင်းတက်စေချင်တဲ့သူရှိသလို
မတက်စေချင်တဲ့သူလည်းရှိပါတယ်
ကျောင်းလည်းမတက်ခိုင်းရဲ
မိမိခလေးကိုလည်း စာမနောက်ကျစေချင်ပါဘူး။

ဒါဆိုရင်တော့
အခုပဲအိမ်မှာခေါ်သင်လိုက်တော့နော်

၉ တန်း ၊ ၁၀ တန်း ကျောင်းသား/သူများအား
တစ်ဘာသာချင်းကနေစပြီး
ဘာသာစုံအထိ သင်ကြားပေးနေပါပြီ
ဘာသာရပ်စျေးနှုန်းကတော့
မြို့နယ်အလိုက် မတူတဲ့အတွက်
အခုပဲ cb မှာ လာရောက်စုံစမ်းလိုက်တော့နော်။

Viber ph - 09688374220

31/01/2021

📢 (2020)ပြည့် နှစ် တက္ကသိုလ်ဝင်တန်း​​အောင်မြင်ပြီးသူများတက္ကသိုလ်ဝင်ခွင့်​လျှောက်လွှာများထုတ်ယူလို့ရပါပြီ
👉ထုတ်ယူရာတွင်------ကျောင်းသူ/သားများသည်
✔️(၁)မှတ်ပုံတင်ကဒ်ပါရမည်။
📚(၂)Mask တပ်ဆင်လာရမည်။
📝(၃)​လျှောက်လွှာ​ကြေး (၁၀၀၀)ကျပ်ယူဆောင်လာရမည်။

🤔 [၃၁.၁. ၂၀၂၁] ​နေ. မှ [၂. ၂. ၂၀၂၁] ထိထုတ်ယူခွင့်ပေးမှာဖြစ်ပါတယ်။

🕛အချိန်🕙မနက် ၁၀ နာရီ မှ🕛 ၁၂ နာရီထိ ၀င်ခွင့်လျှောက်လွှာများကိုထုတ်ယူနိုင်ပါသည်။
Credit

22/01/2021

ကျောင်းများကို ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရန် Technical Team ဖွဲ့ပြီး ဆွေးနွေးနေ၊ ကျောင်းသားအားလုံးကို ကိုဗစ်စစ်ဆေးပေးရန် မဖြစ်နိုင်ဟုဆို
------ ------ ------ ----- -----

အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရန်အတွက် Technical Team ဖွဲ့ပြီး ဆွေးနွေးနေသည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

အခြေခံပညာကျောင်းများ အဆင်သင့်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက စီမံချက်များ ရေးဆွဲကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အခြေခံပညာဦးစီးဌာနက ဇန်နဝါရီ ၅ ရက်က ညွှန်ကြား ထားခြင်းဖြစ်သည်။

ဦးကိုလေးဝင်းက Technical Team က စစ်ဆေးဖို့ ပြည်နယ်၊ တိုင်းအလိုက် အဆင့်အလိုက် ကျန်းမာရေး၊ ပညာရေး၊ ထွေအုပ်ပေါင်းစစ်တဲ့ဟာကတော့ လောလောဆယ် Technical Team တွေ ပြန်ဖွဲ့ပြီး ပြန်ပြီးဆွေးနွေးနေတယ်''ဟု ပြောသည်။

ထို့အပြင် အခြေခံပညာကျောင်းတခုတည်းမဟုတ်ဘဲ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးလေ့ကျင့်ရေးစသည်ဖြင့် ကဏ္ဍအစုံကြိုတင် ပြင်ဆင်ထားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းပြန်ဖွင့်ခွင့်ရရှိရန် အချက်ပေါင်း ၈ဝ နှင့် ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး A အဆင့်ရရှိသည့် ကျောင်းများသာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအချက် ၈ဝ နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုများကို မြို့နယ်အချို့တွင် မြို့နယ်ပညာရေးမှူးများက ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။ ထို့အပြင် COVID ကာလအတွင်း Quarantine Centre အဖြစ် ပြုလုပ်ထားသည့် ကျောင်းအချို့ရှိပြီး အဆိုပါကျောင်းများနှင့် ပတ်သက်၍လည်း ကျောင်းမဖွင့်မီသင့်တင့်သည့် အချိန်အတိုင်းအတာတခုတွင် ပြန်အပ်ရန် ကြေညာချက် ထုတ်သွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။

''ကျောင်းပြန်ဖွင့်ပါက ကျောင်းသူ၊ ကျောင်းသားများကို COVID ရှိ၊ မရှိ စစ်ဆေးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဦးကိုလေးဝင်းက''ကျောင်းသူ၊ကျောင်းသားရှိသမျှ ၉ ဒသမ ၇ သန်းလုံးတော့ ဘယ်လိုစစ်နိုင် မှာလဲ။ လိုအပ်ရင် လိုအပ်သလို စစ်တာပြုတာတွေကတော့ရှိမှာပေါ့။ ရှိသမျှ ကျောင်းသူ၊ကျောင်းသား အကုန်လုံးစစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ'' ဟု ပြောသည်။

ထို့အပြင် ကျောင်းပြန်ဖွင့်ပါကလည်း ကျောင်းအကြိုအပို့များတွင် မိဘနှင့်ကျောင်းသားလိုက်နာရမည့်ကိစ္စ၊ စာသင်ခန်းအတွင်း ဆရာ၊ ဆရာမမ

ထို့အပြင် အခြေခံပညာကျောင်းတခုတည်းမဟုတ်ဘဲ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးလေ့ကျင့်ရေးစသည်ဖြင့် ကဏ္ဍအစုံကြိုတင် ပြင်ဆင်ထားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းပြန်ဖွင့်ခွင့်ရရှိရန် အချက်ပေါင်း ၈ဝ နှင့် ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး A အဆင့်ရရှိသည့် ကျောင်းများသာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအချက် ၈ဝ နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုများကို မြို့နယ်အချို့တွင် မြို့နယ်ပညာရေးမှူးများက ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။ ထို့အပြင် COVID ကာလအတွင်း Quarantine Centre အဖြစ် ပြုလုပ်ထားသည့် ကျောင်းအချို့ရှိပြီး အဆိုပါကျောင်းများနှင့် ပတ်သက်၍လည်း ကျောင်းမဖွင့်မီသင့်တင့်သည့် အချိန်အတိုင်းအတာတခုတွင် ပြန်အပ်ရန် ကြေညာချက် ထုတ်သွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။

''ကျောင်းပြန်ဖွင့်ပါက ကျောင်းသူ၊ ကျောင်းသားများကို COVID ရှိ၊ မရှိ စစ်ဆေးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဦးကိုလေးဝင်းက''ကျောင်းသူ၊ကျောင်းသားရှိသမျှ ၉ ဒသမ ၇ သန်းလုံးတော့ ဘယ်လိုစစ်နိုင် မှာလဲ။ လိုအပ်ရင် လိုအပ်သလို စစ်တာပြုတာတွေကတော့ရှိမှာပေါ့။ ရှိသမျှ ကျောင်းသူ၊ကျောင်းသား အကုန်လုံးစစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ'' ဟု ပြောသည်။

ထို့အပြင် ကျောင်းပြန်ဖွင့်ပါကလည်း ကျောင်းအကြိုအပို့များတွင် မိဘနှင့်ကျောင်းသားလိုက်နာရမည့်ကိစ္စ၊ စာသင်ခန်းအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလိုက်နာရမည့်ကိစ္စများ စသည်ဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ COVID ကာကွယ်ရေးနှင့်ပတ်သက်ပြီးလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ကျောင်းများကို ကွင်းဆင်းစစ်ဆေးပြီး အဆင်သင့်ဖြစ်သည့်အချိန်တွင် COVID ဗဟိုကော်မတီသို့ တင်ပြသွား မည်ဖြစ်ပြီး COVID ဗဟိုကော်မတီက ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှ ကျောင်းများပြန်ဖွင့်ခွင့်ရမည်ဖြစ်ကြောင်းလည်း၊ COVID ကာလအတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ အထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်ပေးခဲ့သော်လည်း ပြည်တွင်းကူးစက်မှုများ မြင့်တက်လာသည့်အတွက် ပြန်ပိတ်ခဲ့ရကြောင်း သိရသည်။

Credit ဖူးဖူးအောင်

Photos from English Lessons Class's post 20/01/2021

သိထားသင့်သည်များ...

Credit to original uploader

20/01/2021

အမှတ်စာရင်းထွက်လို့ အမှတ်တွေသိရရင်-
1️⃣ Eng, Math, Chem, Phy လေးဘာသာရမှတ်ကိုပေါင်းကြည့်ပါ။
🔵 ၃၂၀ နဲ့အထက်ရရင်
- ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့
- မန္တလေးနည်းပညာတက္ကသိုလ်
လျှောက်လို့ရပါတယ်။
🔵 ၃၀၀ နဲ့အထက်ရရင်
- နည်းပညာတက္ကသိုလ် (မ‌န္တလေး)
ကိုလျှောက်ထားလို့ရပါတယ်။
2️⃣ Eng, Math နှစ်ဘာသာရမှတ်ပေါင်းကြည့်ပါ။
🔵 ၁၄၀ နဲ့အထက်ရရင်
- ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
ကိုလျှောက်ထားလို့ရပါတယ်။
3️⃣ ဘာသာစုံရမှတ်ပေါင်းကြည့်ပါ။
🔵 ၄၅၅ နဲ့အထက်ရပြီး သိပ္ပံဘာသာတွဲ (Bio) နဲ့အောင်တာဆိုရင်
- ရန်ကုန်ပညာရေးတက္ကသိုလ်
ကိုလျှောက်ထားလို့ရပါတယ်။
🔵 ၄၅၀ နဲ့အထက်ရရင်
- ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
- မန္တလေးကွန်ပျူတာတက္ကသိုလ်
- သတင်းအချက်အလက်နည်းပညာတက္ကသိုလ်
တွေကို လျှောက်ထားလို့ရပါတယ်။
🔵 ၄၃၀ နဲ့အထက်ရရင်
- မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း
ကိုလျှောက်ထားလို့ရပါတယ်။
🔵 ၄၂၅ နဲ့အထက်ရပြီး ဝိပ္ပံတွဲ (Eco) နဲ့အောင်တာဆိုရင်
- ရန်ကုန်ပညာရေးတက္ကသိုလ်
ကိုလျှောက်ထားလို့ရပါတယ်။
🔵 ၄၂၀ နဲ့အထက်ရရင်
- နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကသပညာတက္ကသိုလ်
- ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)
- ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)
တို့ကို လျှောက်ထားနိုင်ပါတယ်။
🔵 ၄၁၀ နဲ့အထက်ရပြီး ဝိဇ္ဇာတွဲနဲ့အောင်တာဆိုရင်
- ရန်ကုန်ပညာရေးတက္ကသိုလ်
ကိုလျှောက်လို့ရပါတယ်။
🔵 ၄၀၀ နဲ့အထက်ရရင်
- ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
- မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
- ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
တွေလျှောက်ထားလို့ရပါတယ်။
🔵 ၃၈၅ နဲ့အထက်ရရင်
- သမဝါယမတက္ကသိုလ် (သန်လျင်)
- သမဝါယမတက္ကသိုလ် (စစ်ကိုင်း)
တွေလျှောက်ထားလို့ရပါတယ်။
🔵 ၃၈၀ နဲ့အထက်ရရင်
မိမိဆယ်တန်းဖြေခဲ့တဲ့ နယ်မြေထဲက နည်းပညာတက္ကသိုလ်တွေနဲ့ စီးပွားရေးတက္ကသိုလ်တွေကို လျှောက်ထားလို့ရပါတယ်။
🔵 ၃၆၀ နဲ့အထက်ရရင်
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း နဲ့ မိမိဆယ်တန်းဖြေခဲ့တဲ့ နယ်မြေထဲက ကွန်ပျူတာတက္ကသိုလ်တွေကို လျှောက်ထားလို့ရပါတယ်။
🔵 ၃၅၀ နဲ့အထက်ရရင်
- သမဝါယမကောလိပ် (မန္တလေး)
- သမဝါယမကောလိပ် (ဖောင်ကြီး)
တို့ကိုလျှောက်ထားလို့ရပါတယ်။
မှတ်ချက်။ ။ ဒီဝင်ခွင့်အမှတ်တွေဟာ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲမှာ တက္ကသိုလ်အသီးသီးက ယေဘုယျသတ်မှတ်ထားတဲ့ အမှတ်တွေဖြစ်ပြီး ဒီနှစ်အတွက် တကယ်တမ်းဝင်ခွင့်ရမယ့် အနိမ့်ဆုံးရမှတ်တွေကတော့ လျှောက်ထားသူအနည်းအများအပေါ်ပဲ မူတည်သွားမှာပါ။
ဆေးနဲ့ဆေးနှီးနွယ်တက္ကသိုလ်များ၊မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်‌တွေကတော့ လက်ခံခေါ်ယူမယ့် ကျောင်းသားဦးရေအပေါ်မူတည်ပြီး အမှတ်ကပြောင်းလဲသွားမှာပါ။ ယေဘုယျသတ်မှတ်ထားတဲ့ ဝင်ခွင့်အမှတ်မရှိပါဘူး။
၂၀၁၉ ခုနှစ် ဆယ်တန်းအောင်သူတွေထဲကနေ သိပ္ပံတွဲနဲ့အောင်တဲ့သူ အယောက် ၁၂၀၀ ကို ဆေးတက္ကသိုလ်‌အသီးသီးက လက်ခံခဲ့ပြီး အနိမ့်ဆုံးရမှတ်သည် ၄၈၀ ကျော်ဖြစ်ပါတယ်။

ဗညားကျော်စွာ
( ရန်ကုန်ကွန်ပျူတာတက္ကသိုလ် )

20/01/2021

အဝေးသင်ကျောင်းသားကျောင်းသူများအတွက် အရေးကြီးသော ငွေသွင်းပြေစာ(သို့မဟုတ်)ချလံ

ချလံ မှာ အဝေးသင် ကျောင်းသား/သူများအတွက်အရေးကြီးဆုံးသော အခန်းကဏ္ဍတွင်ပါဝင်သည်။
(က)ချလံ ၏အသုံးဝင်ပုံများ။

၁။ချလံ ဖြင့်ခုံနံပါတ်ထုတ်ရသည်။
၂။ချလံ ဖြင့်စာအုပ်ထုတ်ရသည်။
၃။ချလံ ဖြင့်စာစဉ်Assingnment ထုတ်ရသည်။
၄။ချလံ ဖြင့်စာစဉ်တင်သွင်းရသည်။
၅။ချလံ ဖြင့်ကျောင်းသားကဒ်ထုတ်ရသည်။
၆။ကျောင်းသားကဒ်ပျောက်ဆုံ/ပျက်စီးသွားရင်တောင် ချလံဖြင့် စာမေးပွဲဝင်ဖြေ၍ရပါသည်။
၇။ဘွဲ့ယူသည့်အခါ မိမိလေးနှစ်လုံးတတ်ခဲ့သောချလံများ(သို့)နောက်ဆုံးနှစ်ချလံ အားပြသရသည်။

(ခ)ချလံ ပျောက်ဆုံးလျှင် ဘာတွေပြန်လုပ်ရမလဲ။
ယခုနှစ်အတွက် ချလံပျောက်ဆုံးခြင်းများကို ကျောင်းအပ်ရက်များ ပြီးစီးသော အချိန်မှသာ ထုတ်ပေးမည်ဖြစ်သည်။

၁။မိမိတတ်ရောက်မည့်ခုံနံပါတ် မှတ်မိရမည်။
၂။မိမိမေဂျာကိုင်စာရေးမများထံတွင်အကူညီရယူပါ။
၃။ဘဏ္ဍာဌာန တွင် မိမိခုံနံပါတ်နှင့်အမည် ပြောပြ၍ ချလံပျောက်ဆုံးကြောင်းထောက်ခံစာ ပြန်လည်လုပ်၍ ထုတ်ယူနိူင်ပါသည်။

မှတ်ချက် ။။ ချလံပျောက်ဆုံးလျှင် အဝေးသင် ဌာနနှင့်ဘဏ္ဍာဌာနတွင် အလုပ်အလွန်ရှုပ်သည့်အပြင် ပျောက်ဆုံးသောကျောင်းသား/သူ အတွက် အခက်အခဲ များစွာ ဖြစ်စေနိုင်သောကြောင့် ချလံအား သေသေချာချာ ထိန်းသိမ်း
ပေးကြဖို့တိုက်တွန်းအပ်ပါသည်။

#စိုင်းအောင်ခန့် ထံမှပြန်လည်ကူးယူဖော်ပြပါသည်။

20/01/2021

📢 2020 တက္ကသိုလ်ဝင်တန်းအောင်
ကျောင်းသား/သူများ၏တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်များကို 20.1.2021 နေ့တွင် TEO ရုံးများမှတစ်နိုင်ငံလုံးစတင်ထုတ်ယူရပါမည်။
Crd*

13/01/2021

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေးကြေညာခြင်း
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာ အပ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါသည်။ ရုံးများတွင်အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်းနင့် Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြိုတင်အသိပေးမည်ဖြစ်ပါသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို ပညာရေးဝန်ကြီးဌာန၏ page ဖြစ်သော https://www.facebook.com/moe.gov.mm၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပြန်မည့် Website ဖြစ်သော https://mmexamscore.org နှင့် page ဖြစ်သော https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

English Grammar Basic Lesson 1Beginner သမားတွေအတွက်ကောEnglish စာလေ့လာနေသူတွေနဲ့ကျောင်းသား ကျောင်းသူများအတွက်ပါအထောက်အကူဖ...

Category

Telephone

Website

Address

Thiri Myaing
Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

Internet Journal Internet Journal
Yangon, 1

The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education