Burma Blender Bike

A unique Myanmar inspired lounge serving up a selection of natural, locally sourced beverages & food.

02/01/2024

survived yet another year 💛

24/11/2023

yum... happy

23/11/2023

ရင်ထဲချိုအေးလန်းဆန်းသွားစေမဲ့ Burma Blender Bike ရဲ့ Signature Smoothies လေးတွေ မြည်းစမ်းပြီးပြီလား? 🤍

လတ်လတ်ဆတ်ဆတ် သဘာဝအသီးအနှံစစ်စစ်တွေကို အေးခဲစေပြီးတော့ အပိုရေခဲမပါ သကြားလုံးဝမသုံးထားဘဲ သဘာဝသစ်သီးသစ်ဥတွေရဲ့ အချိုအရသာကိုပဲ အပြည့်အဝ ခံစားနိုင်အောင် ပျားရည်စစ်စစ်နဲ့ဖျော်စပ်ပြုလုပ်ထားတဲ့ Burma Blender Bike ရဲ့ Smoothies လေးတွေကို မမြည်းကြည့်ရသေးဘူးဆိုရင်တော့ မဖြစ်မနေလာရောက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ် ✨

ကုန်ဈေးနှုန်းတွေမတအားတက်နေပေမဲ့ လက်ရှိအထိ smoothie လေးတွေရဲ့ ဈေးနှုန်းကိုလုံးဝမတင်ဘဲ နဂိုအရသာ Quality အတိုင်း ကျွန်တော်တို့ဝန်ဆောင်မှုပေးနေပါတယ်နော် 💯

လှည်းတန်းစံရိပ်ငြိမ်နား ရောက်ဖြစ်လို့လမ်းကြုံရင် Smoothies စစ်စစ်ရဲ့ ဘဘာဝအရသာကို ဝင်ရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ 🙏
အားပေးဖူးတဲ့သူတွေလည်း review လေးတွေ ရေးသွားပေးခဲ့ဦးနော် ✔️

⏰ Burma Blender Bike ဆိုင်လေးကို (10:00 am - 8:00 pm) အတွင်း Monday ကလွဲပြီး ပိတ်ရက်မရှိဖွင့်ပါတယ် ခင်ဗျာ

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

18/11/2023

ဒီ Snacks တွေအကုန်စားဖူးရင် တကယ့် Biker စစ်စစ်ပဲ ✔️

Burma Blender Bike ရောက်ရင် Heavy meal ပဲကြိတ်ကြိတ် Light meal အဆာပြေပဲစားစား Snacks menu ကတော့ မပါမဖြစ်နော်

● အချိုအဆိမ့် Dessert လေးတွေမှကြိုက်တာဆိုရင် Cashew jujube balls, Protein bars, Brownies နဲ့ Muffin လေးတွေရှိတယ် 🍡🍫🍪
(Cupcakes 🧁 လေးတွေကတော့ မီးမမှန်တော့ မလတ်ဆတ်မှာစိုးလို့ ရပ်ထားရပါတယ်ခင်ဗျ 🙏)

● ရည်းစားနဲ့ First date မှာ အလှလည်းမပျက် ဗိုက်ပါပြည့်စေမဲ့ Cheesy rice balls, French fries, Chicken strips တို့လို မွှေးမွှေးကြွပ်ကြွပ်လေးစားလို့ရတဲ့ Snacks တွေလည်းရှိတယ် 🍘🍟🍗

● ချဉ်ချဉ်စပ်စပ်လေးနဲ့မှ ခံတွင်းတွေ့တာဆိုရင်လည်း သင်္ဘောသီးထောင်းကိုမှ ရခိုင်ထောင်းလား.. ဗမာထောင်းလား.. လက်ဖက်သုပ် ဂျင်းသုပ် အကုန်အစုံ စားချင်တဲ့အရသာအတိုင်း အပီဆွဲလို့ရအောင် စီစဉ်ပေးထားတယ်နော် 🥗🌶️

● Snack ထဲမှာကိုမှ Free Wi-fi လေးနဲ့ K-drama လေးကြည့်ပြီး ဗိုက်လည်းပြည့်အောင်စားချင်တဲ့သူတွေအတွက်ဆိုရင် Spicy noodles လေးလည်း ရနိုင်ပါသေးတယ် 🍝

ဒါ့အပြင် အအီပြေ.. အစပ်ပြေအောင် တွဲဖက်သုံးဆောင်လို့ရတဲ့ လတ်လတ်ဆတ်ဆတ် Smoothies, Mocktails drinks မျိုးစုံလည်းရှိသေးတာမို့ ဒိတ်ပဲလာလာ.. ဘော်ဒါတွေနဲ့အုပ်စုလိုက် လာကြိတ်လည်း အိုကေစိုပြေပါပဲ 💯

မင်မင်ပြောခဲ့တဲ့ Snacks တွေထဲမှာ စွဲစွဲလမ်းလမ်းကြိုက်ရတဲ့ Fav snack လေးရှိရင်လည်း ပြောခဲ့ပါဦးခင်ဗျာ 🤍

📌 ဆိုင်ဖွင့်ချိန်လေးသိချင်နေတဲ့သူတွေအတွက် (10:00 am to 8:00 pm) အထိ Monday ကလွဲရင် ကျန်တဲ့ရက်တွေ ဖွင့်ပါတယ်နော် ✨

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ 🙏

Photos from English Community's post 18/11/2023

မင်မင်တို့ Burma Blender Bike မှာ ဒီလိုမျိုး social activities လေးတွေလည်း ပျော်ပျော်ပါးပါး အေးအေးဆေးဆေးနဲ့ ပြုလုပ်နိုင်အောင် စီစဉ်ပေးနေပါတယ် ခင်ဗျ 🤍
Booking လေးကြိုပြီး ပြုလုပ်ချင်တယ်ဆိုရင်တော့ 09979199097 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ 🙏

16/11/2023

မနက်ဖြန်ဆိုတာ ဘာတွေဖြစ်လာမလဲ မသိနိုင်တာမို့ လက်ရှိ ရှိနေတဲ့အချိန်လေးကိုပဲ အကောင်းဆုံးတန်ဖိုးထားပြီး ကိုယ်ချစ်ရတဲ့သူတွေနဲ့ အမှတ်တရကောင်းလေးတွေ ဖန်တီးကြရအောင် 🤍

• ဘဝအမောတွေကို ခဏတာပဲဖြစ်ဖြစ်ဖြေဖျောက်ပြီး လန်းဆန်းသွားချင်ရင်ပဲဖြစ်ဖြစ်

• နေပူပူအောက်မှာ စိတ်ပင်ပန်းစရာအရှုပ်အထွေးတွေဆီက ရုန်းထွက်ပြီး စိတ်နဲ့ခန္ဓာကို detox လုပ်ချင်ရင်ပဲဖြစ်ဖြစ်

Burma Blender Bike ရဲ့ ချဉ်ချဉ်မြမြ ရှတတ “Kayin Kooler” လေးက ရှိနေမှာပါ။ ✨

📣 Monday ကလွဲလို့ မနက် 10:00 am ကနေ ည 8:00 pm အထိ ပိတ်ရက်မရှိ ဖွင့်ပေးထားတဲ့ မင်မင်တို့ paradise လေးရဲ့ လိပ်စာကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ 🤍

11/11/2023

ကြက်ကြော်တစ်ပွဲဝယ်တိုင်း သ​င်္ဘောသီးထောင်းပွဲသေးတစ်ပွဲလက်ဆောင်ပေးနေပြီဗျို့ 📣

11:11 Sales တွေအပြိုင်ချနေကြတာ မင်မင်တို့ရော Promotion မပေးဘူးလားဆိုလို့ 👀

ကြက်ကြော်ကြွပ်ရွရွချိုချိုလေးရယ်.. သင်္ဘောသီးထောင်း ရှူးရှူးရှဲရှဲစပ်စပ်လေးရယ် တွဲစားနိုင်အောင် Weekend promotion လေး လုပ်ပေးလိုက်ပါပြီခင်ဗျ ✨

ဒီ ကြက်ကြော်တစ်ပွဲဝယ်တိုင်း သင်္ဘောသီးထောင်းပွဲသေးတစ်ပွဲလက်ဆောင်ပေးမဲ့ ပရိုမိုးရှင်းလေးက မနက်ဖြန်တစ်ရက်တည်းပေးမှာဆိုတော့ လက်လွတ်မခံသင့်တဲ့ အထူးအခွင့်အရေးလေးပါခင်ဗျာ 😋

ပွဲသေးဆိုလို့ အထင်မသေးနဲ့နော်.. မင်မင်တို့ရဲ့ပွဲသေးဆိုတာ ဒီ promotion set တစ်ခုထဲနဲ့ ရေမီးအစုံလေထီးခုန်ပြီး ဗိုက်ပြည့်သွားအောင် စပ်ဟပ်စီစဉ်ပေးထားတာပါ 💯

လက်နှေးရင်တော့ ခွက်ဆေးရမယ်နော်.. အခုချက်ချင်း ဘော်ဒါတွေ လူစုပြီးသာ အပြတ်လာဆွဲဖို့ plan ချလိုက်တော့ဗျို့ ✔️

မင်မင်ကတော့ လတ်ဆတ်ပြီး အရသာရှိတဲ့ စားကောင်းသောက်ဖွယ်အစုံအလင်နဲ့ ကြိုဆိုနေပါမယ်ခင်ဗျာ 🤍

📌 မင်မင်တို့ဆိုင်လေးက Monday ကလွဲရင် (10:00 am to 8:00 pm) အတွင်း ပိတ်ရက်မရှိ ဖွင့်ပါတယ် 💯

📌ဆိုင်လိပ်စာလေးက အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ််။

Photos from Burma Blender Bike's post 10/11/2023

Smoothies ဆိုတာအသီးဖျော်ရည်လား.. 🍹

Smoothies ကိုအရိုးရှင်းဆုံးအဓိပ္ပါယ်ဖွင့်ရရင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ ရေခဲ၊ ဒိန်ချဉ်၊ ရေ ဒါမှမဟုတ် နွားနို့ ဒါတွေကို ကြိတ်စက်နဲ့ ပျစ်နှစ်နေအောင် ဖျော်စပ်ထားတဲ့သောက်စရာကို ဆိုလိုတာဖြစ်ပါတယ် 🤤

Smoothie category ထဲမှာဆိုရင် အသီးအနှံသီးသန့်သုံးပြီးကြိတ်ထားတဲ့ Fruit smoothies တွေရှိသလို ဟင်းသီးဟင်းရွက်သပ်သပ်ပဲ သုံးကြတဲ့ Green smoothies တွေလည်းရှိပါတယ်.. ✔️

Smoothies ဘယ်နှစ်မျိုးရယ်လို့တော့ အတိအကျပြောမရပေမဲ့ အများအားဖြင့် ဘယ်လိုအာဟာရဓာတ်နဲ့ အရသာမျိုးလိုချင်တာလဲ၊ အားပြည့်ချင်တာလား..ဝိတ်လျှော့ချင်တာလား.. ဒီလိုမျိုး ကိုယ့်ရဲ့ရည်ရွယ်ချက်အပေါ်မူတည်ပြီး ပါဝင်ပစ္စည်းတွေကို အမျိုးမျိုးဖျော်စပ်လို့ရပါတယ် ✨

Smoothies ကိုကျန်းမာရေးအရကောင်းတယ်လို့သိထားကြပေမဲ့ အကြောင်းအရင်းတွေကို နည်းနည်းတူးဆွကြည့်ရင် Smoothies က…

● ဗီတာမင်နဲ့အာဟာရဓာတ်ကြွယ်ဝတယ်

● အမျှင်ဓာတ်၊ ပရိုတိန်းဓာတ်၊ ရေဓာတ်ပြည့်ဝတယ်

● အစာခြေစနစ်ကိုကောင်းမွန်စေပြီး Detox လုပ်ပေးတယ်

● အသားအရည်ကိုလှပစေပြီးတော့

● စိတ်ဓာတ်ကျတာ၊ အိပ်ရေးပျက်တာ၊ Mood swings တို့လို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေတယ် 💯

Smoothies ရဲ့နောက်ထပ်ကောင်းတဲ့အချက်တစ်ခုက သူ့ထဲမှာကိုယ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေပြီးသား… အဲဒါအပြင်ကိုဗိုက်လည်းပြည့်.. အဆာလည်းခံစေတဲ့အတွက် Dessert အနေနဲ့တင်မဟုတ်ဘဲ Meal အနေနဲ့ပါ အစားထိုးလို့ရပါတယ်။ ဒါကြောင့် တစ်ချို့ဆိုရင် Smoothies ကို မနက်စာ ဒါမှမဟုတ် ညစာ အဖြစ်စားတတ်ကြတယ်။ 👀

Smoothies ချစ်သူတို့ သတိထားရမဲ့ တန်ဆေးလွန်ဘေးအချက်ကတော့ Smoothie ဖျော်တဲ့အခါ သဘာဝသစ်သီးတွေမှာ သကြားဓာတ်ပါပြီးဖြစ်တဲ့အတွက် သာမန်ဖျော်ရည်တွေလိုမျိုး သကြားအများအပြားထပ်ထည့်မယ်ဆိုရင်တော့ ဝိတ်မကျတဲ့အပြင် ဆီးချိုရောဂါနဲ့ နောက်ဆက်တွဲတွေကို ရင်ဆိုင်ရနိုင်ပါတယ် ‼️

📌 မင်မင်တို့ ကျွန်တော်တို့ Burma Blender Bike ရဲ့ Signature Menu ဖြစ်တဲ့ Smoothies လေးတွေကိုတော့ သကြားလုံးဝမသုံးဘဲ သဘာဝပျားရည်စစ်စစ်ကိုပဲ လတ်လတ်ဆတ်ဆတ်အေးခဲထားတဲ့ အသီးအနှံစစ်စစ်တွေ၊ Vanilla Bean Yogurt တွေနဲ့ ရောစပ်ပြီးပျစ်နှစ်နေအောင်ကြိတ်ပေးထားတာမို့ 100% Organic အသီးစစ်စစ် အရသာကို ခံစားရစေမဲ့အပြင် အချိုဓာတ်လွန်ကဲမှာ စိတ်ပူဖို့မလိုလို့ စိတ်ချလက်ချ သောက်သုံးနိုင်တယ်နော် 🍯

✨ ဒီလောက်ဆိုရင် Smoothies အကြောင်းအကြမ်းဖျင်းလောက်တော့ ခပ်ရေးရေး မြင်မိကြမယ်လို့ ထင်ပါတယ်။

🤍 တကယ်လို့စံရိပ်ငြိမ်နားလမ်းကြုံတယ်ဆိုရင် မင်မင်တို့ရဲ့ Burma Blender Bike ဆိုင်လေးမှာ Smoothies လေးတွေနဲ့ ဝင်ရောက်အမောဖြေ သွားပါဦးခင်ဗျာ.. ကျွန်တော်တို့ဆိုင်က Monday ကလွဲပြီး (10:00 am - 8:00 pm) အတွင်းပိတ်ရက်မရှိ ဖွင့်ပါတယ် 🙏

📌 ဆိုင်လိပ်စာကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Photos from စားမယ် သွားမယ် - Let’s Eat & Travel's post 05/11/2023

ပိတ်ရက်လေးမှာ အေးအေးဆေးဆေးအနားယူပြီး healthy food လေးတွေနဲ့ Positive Energy တွေ ပြန်ဖြည့်ချင်တယ်ဆိုရင်တော့ ည ၈နာရီအထိ ဆိုင်လေးဖွင့်ပါတယ်ခင်ဗျာ 🙏

05/11/2023

ခရီးထွက်ချင်ပေမဲ့ အိမ်မပိုင်လို့ မှိုင်နေရတဲ့ bikers လေးတွေရှိလား? 👀

မြို့ပြရဲ့ရှုပ်ထွေးငြီးငွေ့စရာရပ်ဝန်းထဲက ခဏပြေးထွက်ပြီး ဘော်ဒါတွေနဲ့ board games လေးတွေဆော့ရင်း Burma Blender Bike မှာ urban escape လုပ်လို့ရတယ်နော် ✨

သင်တန်းကျောင်းတွေပတ်လည်ဝိုင်းတဲ့ လှည်းတန်းတဝိုက်တင်ဆိုတော့ အိမ်မပိုင်သူလေးတွေလည်း စိတ်ပူစရာမလိုဘူးနော် 😁

● စိတ်ကြိုက်ပျော်လို့ကဲလို့ရတဲ့ အသိုက်အဝန်းလေးလည်းဖြစ်ရမယ် 🧚

● တကယ် အရသာလည်းကောင်း stress detox လည်း လုပ်ပေးနိုင်တဲ့ Foods & Drinks အစုံလည်းဗိုက်ဖြည့်ဖို့ရှိနေရမယ် 🍹

● Board games တွေ Card games တွေ Puzzles တွေ စတဲ့ ဂိမ်းအစုံလည်း 100% FREE ဆော့ဖို့ရှိရမယ် 🧩

● ဂစ်တာလေးတစ်လက်နဲ့ သီချင်းလေးညည်းရင်း မြို့ပြရဲ့မောပန်းမှုတွေ ဖြေဖျောက်လို့ရတဲ့နေရာလေးဖြစ်ရမယ် 🎶

ဒီလိုနေရာလေးရှာနေတယ်ဆိုရင် ဘော်ဒါတွေစု.. Bus ကားလေးစီးပြီး ဆင်ရေတွင်းမှတ်တိုင်မှာဆင်းလိုက်.. အဲ့ရှေ့က ဆိုင်းဘုတ်နီနီလေးနဲ့ Burma Blender Bike ဆိုတဲ့ Juice Bar လေးကိုသာ Short trip ထွက်ခဲ့လိုက်ပါ ✔️

အခိုက်အတန့်တွေကို အမှတ်တရတွေအဖြစ်ဖန်တီးဖို့ ကျွန်တော်တို့တာဝန်ယူပါတယ်နော် 💯

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်

Enjoy your Sunday Funday at Burma Blender Bike!!!

03/11/2023

When you’re downie, eat a brownie!!! 🤎
Brownies ဆိုတာဘယ်တော့မှမမှားသောရွေးချယ်မှုနော် 👀

Brownies ကိုစားနေရရင်အလိုလိုပျော်တယ်.. 💯
Brownies ရဲ့ အရောင်၊ အရသာ အားလုံးကိုချစ်တယ် ဆိုတဲ့ Brownies crazy လေးတို့အတွက်

Burma Blender Bike မှာ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ Brownies တွေ ရနေပါပြီ 🤎

● Premium ထောပတ်စစ်စစ်တွေ Superior Cocoa တွေကိုသုံးပြီး စေတနာတွေအပြည့်နဲ့ လတ်လတ်ဆတ်ဆတ် ပြုလုပ်ပေးထားတာမို့

● တစ်ကိုက်ဆိုတစ်ကိုက် Crunchy & Chewy ဖြစ်ပြီး ခါးဆိမ့်ဆိမ့်အရသာကို အပြည့်အဝခံစားနိုင်စေမဲ့ မင်မင်တို့ Burma Blender Bike ရဲ့ Must try menu တစ်ခုပဲဖြစ်ပါတယ် ✨

🧚 Down နေသမျှ မောထားသမျှ ခါးဆိမ့်ဆိမ့် Brownies လေးနဲ့ အားအင်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ဆိုင်လေးက Monday ကလွဲပြီး (10:00 am - 8:00 pm) အတွင်း ပိတ်ရက်မရှိဖွင့်နေပါတယ်

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ် ခင်ဗျ 🙏

28/10/2023

Happy Thadingyut ပါ bikers တို့ရေ ✨
သီတင်းကျွတ်အခါသမယမှာ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းပြီး မုန့်ဖိုးတွေလည်းအများကြီး ရကြပါစေနော် 🤍

ပိတ်ရက်ကလေးတွေမှာ ချစ်ရတဲ့မိသားစုဝင်တွေနဲ့ date လုပ်ချင်တယ်ဆိုရင်တော့ Burma Blender Bike ဆိုင်လေးဖွင့်ထားပါတယ်ဗျ 💪

🍹 ဖေဖေမေမေတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လတ်လတ်ဆတ်ဆတ် Smoothies လေးတွေ ရှိပါတယ်…

🍍 လတ်လတ်ဆတ်ဆတ် အေးခဲထားတဲ့အသီးစစ်စစ်တွေကို ပျားရည်လေးနဲ့ ပျစ်နှစ်နေအောင် ကြိတ်ထားတာပြီး အပိုရေခဲလုံးဝမသုံးထားတာမို့ စိတ်ချလက်ချသုံးဆောင်နိုင်ပါတယ်

🍗မောင်လေးညီမလေးတွေအတွက်ဆိုရင် Chicken strips, French fries တို့လို ကြွပ်ကြွပ်ရွရွစားရမဲ့ Menu လေးတွေအပြင် 🧩 အရုပ်ဂိမ်းလေးတွေလည်းအစုံရှိလို့ ပျင်းရမှာမဟုတ်ဘူးနော်

✅ အားလုံးသိတဲ့အတိုင်း ဆိုင်လေးရဲ့အပေါ်ထပ်မှာဆိုရင်လည်း မိသားစုလိုက် Date ရင်း ရုပ်ရှင်ကြည့်လို့ရအောင် ဖွင့်ပြပေးတာမို့ တစ်နေရာတည်းမှာ မုန့်လည်းစား.. Monopoly တို့ Scrabbles တို့လို board games လေးတွေလည်းဆော့.. ရုပ်ရှင်တွေလည်းအတူကြည့်ရင်း ပိတ်ရက်မှာ Date လို့ရတယ်နော်

🤍 မိသားစုတာဝန်တွေနဲ့ အမြဲလုံးပမ်းနေခဲ့ရတဲ့ ဖေဖေမေမေတို့ကို ခဏလောက်ဆွဲခေါ်ပြီး Family time လေးယူကြည့်ပါခင်ဗျ… အကောင်းဆုံးအချိန်လေးပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့တာဝန်ယူပါတယ် 💯

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ 🙏

📌 Burma Blender Bike ဆိုင်လေးကတော့ Monday ကလွဲပြီး (10:00 am - 8:00 pm) အတွင်း ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်

21/10/2023

ကာကာတို့အားလုံးတောင်းဆိုနေတဲ့ Spicy noodles ပူပူစပ်စပ်လေး မင်မင်တို့ Blender Bike မှာ ရနေပါပြီနော် 🥵🌶️

Samyang အစစ်ကိုပဲသုံးထားတဲ့ ပူပူစပ်စပ် korean noodles လေးကို အစပ်ပြေကြက်ဥကြော်လေးရယ်ကြက်ကြော်ကြွပ်ကြွပ်လေးနဲ့ တွဲစပ်ပေးထားလို့ ချိုချိုအီအီတွေမကြိုက်ဘူး.. ရှူးရှူးရှဲရှဲမှထိတယ် မိတယ်ဆိုတဲ့ ကာကာလေးတွေ လာရောက်အားပေးနိုင်ပါပြီ ✨

ပူတာစပ်တာတွေစားပြီး ပြန်ဖြေနိုင်ဖို့ smoothie အေးအေးချိုချိုမွှေးကိုတော့ မင်မင်တို့တာဝန်ထား 💯
အရသာအတွဲအစပ် ကွက်တိကိုမှ ဟတ်ထိစေရမယ်နော် 👀

ချစ်သူနဲ့လား 🤍

ဘော်ဒါတွေနဲ့ပဲ board games ဆော့ challenge ခေါ်ပြီး စားခိုင်းမလား 🌶️

တစ်ကိုယ်တော် wifi လေးသုံး ရုပ်ရှင်လေးအေးအေးလူလူကြည့်ရင်း ဆွဲမလား ✅

ကိုယ်လိုချင်တဲ့ အစပ် level ကို ပြောပြရင်း မှာလို့ရပါပြီခင်ဗျာ 🙏

📌 မင်မင်တို့ဆိုင်လေးရဲ့လိပ်စာကတော့ အမှတ် ၁၅၀ / ဘီ၊ ဆင်ရေတွင်းလမ်းနဲ့ အင်းစိန်လမ်းမထိပ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ဖြစ်ပါတယ်။

📌လှည်းတန်းကလာမယ်ဆိုရင်တော့ စံရိပ်ငြိမ်ဂမုန်းပွင့်ကိုကျော်ပြီး ဆက်လျှောက်လာခဲ့ရင် ရောက်ပါပြီခင်ဗျ

📌 တနင်္လာနေ့ကလွဲပြီး ကျန်တဲ့နေ့တွေအကုန်ဖွင့်ထားပေးလို့ စိတ်ကြိုက်လာရောက်အချိန်ဖြုန်းနိုင်ပါတယ်နော် 🤍

20/10/2023

ဘာလိုလိုနဲ့ ပိတ်ရက်တောင် ပြန်ရောက်လာပြီနော် 🙌
နေကပူ မီးကပျက်နဲ့ ပြတ်တုန်းလပ်တုန်း ၂၃ ကာလမှာ ကိုယ့်ရဲ့ ၉၉တို့ ၈၈တို့နဲ့ ဘယ်သွားပြီးအချိန်ဖြုန်းရမှန်းမသိဖြစ်နေကြပြီလား? 👀

ဒါဆိုရင်တော့….
* Board games တွေ Foosball တွေ အစုံအလင်နဲ့ နေပူရှောင်ပြီး တူတူဆော့လို့လည်းရ 🎲♟️🧩

* ဂစ်တာလေးတီးခိုင်းပြီး ကိုယ့် ၉၉ကို သီချင်းဆိုပြခိုင်းပြီး ရိုမလား? 🎸🎶

* ရေခဲလုံးဝထပ်မသုံးထားဘဲ သဘာဝသစ်သီးလတ်လတ်ဆတ်ဆတ်တွေကို ပျားရည်လေးနဲ့ဖျော်ထားတဲ့ smoothie လေးသောက်ရင်း wifi လည်းသုံး.. ရုပ်ရှင်တွေကြည့်ကြမလား? 🍍🥥

* မင်မင်တို့ရဲ့ bikers လေးတွေ တောင်းဆိုချက်အရ အမူးအမော်ပြေ ပူပူစပ်စပ်မီနူးလေးတွေဖြစ်တဲ့ သင်္ဘောသီးထောင်း၊ ဂျင်းသုပ်စတာတွေအပြင် ခုဆို Spicy Noodles 🥵 တွေကအစ ထားပေးထားတော့ ကာကာလေးတွေရဲ့ပိတ်ရက်တွေကို အိုခေမှစိုပြေသွားစေမယ်နော် 🤍

ကဲ.. စိတ်ကူးထဲက ပိတ်ရက်ပလန်တွေ အကောင်အထည်ဖို့ ကောင်လေးလက်ကိုဆွဲပြီး လက်မနှေးဘဲ Blender Bike ကို အပြေးလာခဲ့လိုက်တော့နော် 💃

မင်မင်တို့ရဲ့ အပေါ်ထပ်က hideout area လေးကို ဘော်ဒါတွေနဲ့ သီးသန့်အချိန်ဖြုန်းဖို့ booking တင်ချင်တယ်ဆိုရင်တော့ ၇ယောက်နဲ့အထက်လာမယ်ဆိုရင် စပြီးလက်ခံပေးနေပါပြီ ✅
ပထမဆုံး ၂နာရီအတွက်ကတော့ 100% free ပါနော် 💯
၂နာရီကျော်မယ်ဆိုရင်တော့ extra charges အနေနဲ့ တစ်နာရီကို ၇၀၀၀ကျပ် ကောက်ခံပါရစေခင်ဗျာ 🙏

ဒါကလည်း hideout area တစ်ခုလုံးကို ကိုယ့်ဘော်ဒါတွေနဲ့ပဲ သီးသန့် block ပြီး နေချင်တယ်ဆိုမှ ကောက်ခံမှာဖြစ်ပြီးတော့ walk-in လာမယ့် regular customers တွေအတွက် ကောက်ခံခြင်းမရှိပါခင်ဗျ 💪

Reservation ကြိုလုပ်ထားတဲ့အချိန်တွေမှာ hideout area တစ်ခုလုံး ပိတ်ပေးထားရမှာမို့သာ ကောက်ခံရခြင်းဖြစ်ပါတယ် ခင်ဗျာ 🙏

📌 မင်မင်တို့ဆိုင်လေးရဲ့လိပ်စာကတော့ အမှတ် ၁၅၀ / ဘီ၊ ဆင်ရေတွင်းလမ်းနဲ့ အင်းစိန်လမ်းမထိပ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ဖြစ်ပါတယ်။

📌လှည်းတန်းကလာမယ်ဆိုရင်တော့ စံရိပ်ငြိမ်ဂမုန်းပွင့်ကိုကျော်ပြီး ဆက်လျှောက်လာခဲ့ရင် ရောက်ပါပြီခင်ဗျ

📌 တနင်္လာနေ့ကလွဲပြီး ကျန်တဲ့နေ့တွေအကုန်ဖွင့်ထားပေးလို့ စိတ်ကြိုက်လာရောက်အချိန်ဖြုန်းနိုင်ပါတယ်နော် 🤍

Photos from Burma Blender Bike's post 14/10/2023

မီနူးသစ်တွေထပ်မတိုးတော့ဘူးလား အမြဲမေးနေတဲ့ မင်မင်တို့ရဲ့ customers တွေအတွက် ရာသီမရွေး အရသာရှိရှိစားသုံးနိုင်အောင် စပယ်ရှယ်မီနူးအသစ်လေးတွေ ထပ်တိုးပေးနေပါတယ် ✅

Weekend ရောက်ပြီဆိုတော့… 👀

✨ အစွမ်းကုန် TGIF ပြီး အားအင်တွေပြတ်လပ်နေကြပြီလား? 🥲

✨ ဒါမှမဟုတ် ပိတ်ရက်မှာဘယ်သွားပြီး အချိန်ဖြုန်းရင်ကောင်းမလဲ စဉ်းစားနေတဲ့သူလား?? 😗

ဒါဆိုရင်တော့ မင်မင်တို့ Burma Blender Bike က အသစ်ထပ်တိုးထားတဲ့ ပူပူစပ်စပ် သင်္ဘောသီးထောင်းမီနူးလေးကို လာရောက်မြည်းစမ်းဖို့လိုနေပြီနော် 🤤🌶️

ဗမာသုပ်လား? ရခိုင်သုပ်လား? 🥵
ကြိုက်တာသာစား.. လုံးဝပွင့်ထွက် လန်းဆန်းသွားစေမှာနော် 💫

Burma Blender Bike ရဲ့ဆောင်ပုဒ်အတိုင်း 100% လတ်ဆတ်သန့်ရှင်းစေရမှာမို့ သင်္ဘောသီးထောင်းရှူးရှူးရှဲရှဲလေး စားချင်ပေမယ့် ယင်နားစာတွေဖြစ်နေမှာကို လုံးဝစိတ်ပူနေစရာမလိုပါဘူး 💯

ဒါ့အပြင်ကိုမှ ပူပူစပ်စပ်အထောင်းလေးနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ သဘာဝသစ်သီးစစ်စစ်တွေကို ပျစ်နှစ်နေအောင် ဖျော်ထားတဲ့ smoothie တွေလည်း ရနိုင်ဦးမှာဆိုတော့…

ကဲ.. ဘာလိုဦးမလဲ?
ခုချက်ချင်းဘော်ဒါတွေအပါခေါ်ပြီး ပြေးလာခဲ့တော့နော် 🙌

📌 မင်မင်တို့ဆိုင်လေးက Monday ကလွဲပြီး (10:00 am - 8:00 pm) အတွင်း ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်ခင်ဗျ။ 🤍

12/10/2023

Hello!!!! ဒီအပတ်မှာတော့ မင်မင်တို့ Bikers လေးတွေ တောင်းဆိုချက်အရ Burma Blender Bike မှာ Menu အသစ်လေးတွေ ထပ်တိုးပေးသွားတော့မှာပါ 🎉🎉🎉

Menu အသစ်လေးတွေ မကြေညာခင် ဘာ menu လေးတွေဖြစ်မလဲ ခန့်မှန်းပေးသွားကြပါဦး ✨

အစားအသောက်လေးတွေက 100% Organic ဖြစ်ပြီး

● သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့လည်းညီညွတ်ရမယ်

● အရသာလည်းရှိရမယ်

● Quality လည်းကောင်းမွန်ပြည့်မီရမယ်

ဒီသုံးချက်နဲ့ကိုက်ညီပြီး Burma Blender Bike နဲ့လိုက်ဖက်မဲ့ menu လေးတွေက ဘာဖြစ်မလဲ ဖြေပေးသွားကြနော် 👀

အဖြေမှန်တဲ့သူတွေထဲက ၃ယောက်ကို ကြိုက်နှစ်သက်ရာ Mocktail တစ်ခွက်စီ လက်ဆောင်ပေးထားမှာမို့ ခုပဲ like and share လေးလုပ်ပြီး ခန့်မှန်းကြည့်လိုက်ပါ ✅

📌 မင်မင်တို့ဆိုင်လေးက Monday ကလွဲပြီး (10:00 am to 8:00 pm) အတွင်း ပိတ်ရက်မရှိဆိုင်ဖွင့်ပါတယ်။

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

08/10/2023

🕯️ သီတင်းကျွတ်မှာမိဘတွေကို အထူးခြားဆုံးလက်ဆောင်လေးနဲ့ကန်တော့ပြီး မုန့်ဖိုးလည်းများများတောင်းချင်တယ်ဆိုရင်…

● မေမေ့အတွက်အလှတိုးပြီး နေရာစုံမှာအသုံးဝင်တဲ့ Eco printed ပုဝါလေးတွေ၊ အိတ်လေးတွေရယ် ✨

● ကော်ဖီလေးနဲ့ငြိမ့်ရင်း သတင်းစာဖတ်ရတာကြိုက်တဲ့ဖေဖေ့အတွက် Bamboo drip လေးတွေရယ် ☕️

Burma Blender Bike မှာ သဘာဝလက်မှု လက်ဆောင်ပစ္စည်းလေးတွေ အားပေးလို့ရပါပြီနော်🤍

လူကြီးမိဘတွေက အသက်ကြီးလာလေလေ ရိုးရှင်းပြီးသဘာဝဆန်တာလေးတွေကို နှစ်ခြိုက်ကြလေလေမို့ ဒီလက်ဆောင်လေးတွေနဲ့ဆို မျက်နှာပိုရစေမှာအသေအချာပါပဲခင်ဗျာ 💯

ဒါ့အပြင်ကိုမှ ကိုယ်ချစ်ရတဲ့ချစ်သူလေးအတွက်ဆိုရင်လည်း ဒီအမြတ်တနိုးဖန်တီးထားရတဲ့ Handmade လက်ဆောင်လေးတွေက ကွက်တိပဲနော် 💕

ပစ္စည်းလေးတွေကို လူကိုယ်တိုင်လာကြည့်ချင်တယ်၊ အသေးစိတ်မေးမြန်းချင်တယ်ဆိုရင် ကျွန်တော်တို့ဆိုင်လေးက Monday မှလွဲပြီး (10:00 am - 8:00 pm) အတွင်း ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်ဗျ 🙏

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်

Photos from Burma Blender Bike's post 03/10/2023

✨ “Burma Blender Bike မှာဘယ်လို Menu တွေရလဲ”

လတ်တလောအမေးများနေလို့ Menu အပြည့်အစုံတင်ပေးလိုက်ပါပြီခင်ဗျာ 💫
အဓိကပါဝင်တဲ့အသီးအနှံလေးတွေနဲ့ ဈေးနှုန်းတွေလည်း တစ်ခါတည်း ဖော်ပြပေးထားတာမို့လို့ Bikers လေးတွေအတွက် အဆင်ပြေကြမယ်လို့ထင်ပါတယ် 🤍

✅ Menu အကြောင်း အကြမ်းဖျင်းလေး ရှင်းပြပေးထားလို့ တစ်ပုံချင်း ထောက်ဖတ်ကြည့်ပါနော်.. အသေးစိတ်ထပ်သိချင်တယ်ဆိုရင်တော့ Page messenger ဒါမှမဟုတ် ဆိုင်ဖုန်းလေးကိုလည်း အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ.. ဆိုင်မှာလာရောက်သုံးဆောင်တဲ့ အခါမှာလည်း Menu လေးတွေအကြောင်း သိချင်တာအကုန်မေးလို့ရပါတယ်နော် 🙏

📌 ကျွန်တော်တို့ Burma Blender Bike ဆိုင်လေးကတော့ Monday ကလွဲပြီး (10:00 am to 8:00 pm) အတွင်း ပိတ်ရက်လုံးဝမရှိ ဆိုင်ဖွင့်ပါတယ်ခင်ဗျ

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်…. (ဆင်ရေတွင်းမှတ်တိုင်နဲ့မျက်နှာချင်းဆိုင် တည့်တည့်မှာ ဆိုင်အနီရောင်လေးတွေ့ပြီဆိုရင် Burma Blender Bike ပါပဲနော်)

01/10/2023

ဟိုလှည့်ဒီလှည့်နဲ့ပဲ Monday တောင် ပြန်ရောက်တော့မယ်နော် 👀
ပိတ်ရက်တွေဆိုရင် အချိန်တွေကုန်တာမြန်လွန်းတယ်ဟုတ်? 🥺

လာမယ့် weekdays တွေအတွက် energy ပြန်ဖြည့်ရင်း hideout corner လေးမှာ စိတ်ရဲ့ငြိမ်းချမ်းရာရှာဖွေချင်တယ်ဆိုရင်တော့ Burma Blender Bike ကို အပြေးလေးလာခဲ့ပါ 💕

● တစ်ယောက်တည်း သီချင်းလေးတွေနားထောင်ရင်း သီးသန့် ကြေကွဲလူငယ်လုပ်ချင်တာပဲဖြစ်ဖြစ်

● ရည်းစားလေးနဲ့အေးဆေးစကားပြောချင်တာပဲဖြစ်ဖြစ်

● ဘော်ဒါတွေနဲ့တူတူ board games လေးတွေဆော့ဖို့ Private နေရာလေးလိုချင်တယ်ဆိုရင် Burma Blender Bike ရဲ့အပေါ်ထပ်က hideout area လေး ရှိတယ်နော် 💯

မှန်နံရံကြီးကိုဖြတ်ပြီး ညနေခင်းနေဝင်ချိန်လေးကို ငေးချင်တယ်ဆိုရင်လည်း သီးသန့်နေရာလေး လုပ်ပေးထားပါသေးတယ် ✨

✅ တစ်ယောက်တည်း Smoothie လေးသောက်ရင်း အလုပ်လုပ်ဖို့လည်းအိုကေတယ်

✅ သီချင်းသံငြိမ့်ငြိမ့်လေးနဲ့ အေးအေးလူလူအနားယူဖို့ Perfect spot လေးပါပဲနော်

အလုပ်ကအပြန်.. အပြင်ကအပြန်.. သွားရင်းလာရင်း နားချင်တယ်ဆိုရင် Burma Blender Bike က Monday ကလွဲလို့ နေ့တိုင်း (10:00 am to 8:00 pm) အတွင်း ဆိုင်ဖွင့်ပေးထာူပါတယ်။

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

အမြန်ဆုံးလှမ်းလာခဲ့လိုက်တော့နော် 💫

28/09/2023

Healthy Food ဆိုတာနဲ့ အရသာပေါ့ပျက်ပျက်နဲ့ စားလို့ကောင်းမှာမဟုတ်ဘူးလို့ ထင်နေတုန်းလား.. 👀

ဝိတ်ချတော့မယ်.. ကျန်းမာရေးနဲ့ညီညွတ်အောင်စားမယ် ဆိုတာနဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေ ချက်ချင်းပြေးမြင်မိကြတယ်..ဟုတ် 🥑

ပြီးတော့စိတ်ထဲမှာလည်း မာလာရှမ်းကောတို့ ဘာဘယ်တီးတို့လို အရသာမရှိဘူး.. ပေါ့ပေါ့ကြီးနဲ့ စားရခက်တယ်လို့ အများစုထင်တတ်ကြပါတယ် 💢

တကယ်တော့ လုံးဝ လုံးဝ ဆန့်ကျင်ဘက်ပါနော် 👎
မယုံဘူးဆိုရင် Burma Blender Bike ကိုလာခဲ့ပါ 💫

ကျန်းမာရေးနဲ့လုံးဝညီညွတ်တဲ့ 100% Natural Drinks တွေကို လျှာလည်သွားအောင် မိတ်ဆက်ပေးပါမယ်.. 💯

Sugar intake အရမ်းများတဲ့ ဝိတ်တက်စေတဲ့အအေးတွေကို နေ့တိုင်းဈေးကြီးပေးပြီးသောက်မယ့်အစား ကျန်းမာရေးအတွက်အထောက်အကူအများကြီးဖြစ်စေမယ့် Blender Bike ရဲ့ smoothie လေးတွေကို လာရောက်သုံးဆောင်ကြည့်လိုက်ပါ ✨
● ညစာရှောင်ပြီး light meal လေးနဲ့ ဗိုက်ဖြည့်ချင်တာပဲဖြစ်ဖြစ်
● ဝိတ်တက်မှာပူစရာမလိုဘဲ စားချင်သလောက် စားဖို့ပဲဖြစ်ဖြစ်
● ကျန်းမာရေးအထောက်အကူပြု အသီးအနှံတွေကို နေ့တိုင်းစားပေးရမှာပျင်းရင်ပဲဖြစ်ဖြစ်
Burma Blender Bike ရဲ့ သကြားလုံးဝမသုံးထားဘဲ ပျားရည်စစ်စစ်နဲ့ ဖျော်စပ်ထားတဲ့ smoothie menu လေးတွေက အကြိုက်တွေ့စေမှာပါ 💕

📌 ကျွန်တော်တို့ဆိုင်လေးကတော့ Monday ကလွဲပြီးတော့ (10:00 am to 8:00 pm) အတွင်း အမြဲပုံမှန်ဆိုင်ဖွင့်ပါတယ်။ ရနိုင်တဲ့ Menu လေးတွေကိုလည်း Page ထဲမှာအသေးစိတ်ရေးထားတာမို့ ဝင်ဖတ်ကြည့်လို့ရပါတယ်နော်။

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်ခင်ဗျ။

24/09/2023

“မနက်စာနဲ့ နေ့လည်စာပေါင်းစားတော့ သက်သာတာပေါ့” ဆိုတဲ့အဖွဲ့တွေအတွက်… 😛
Burma Blender Bike မှာ Brunch Date လုပ်လို့ရတယ်နော်

● ဗိုက်ပြည့်အောင်ဆွဲချင်တဲ့သူတွေအတွက် Rice bowl လိုမျိုး Menu လေးတွေ 🥙
● အဆီအဆိမ့်မွမွရွရွလေးကြိုက်တဲ့သူတွေအတွက် Chicken strips, Potato chips, Cheesy rice balls🍟🍗
● Dessert လေးတွေစားချင်တာပါဆိုရင် Brownie, Cupcakes, Jujube balls🧁
● အအီလည်းပြေ..အရသာလည်းရှိတဲ့ Smoothies and Drinks အမျိုးမျိုးနဲ့🍹
● ဘော်ဒါတွေစုကြိတ်လို့ရတဲ့ Smoothie Bowl ကြီးလို Menu တွေ စုံမှစုံပါပဲနော်🍧

✨ အစုံစားပြီးကြိတ်ကြ ဟဲကြမဲ့သူတွေအတွက် အစားစုံအောင် ပြင်ပေးထားတဲ့ Burma Blender Bike မှာ Sunday Brunch Date လေးသာသာယာယာ ဖြတ်သန်းလို့ရပါပြီ.. Board games, Card games တွေလည်း Free ဆော့လို့ရတာမို့ သူငယ်ချင်းအုပ်စုလိုက်လာမယ်ဆို ကွက်တိပဲနော် 💯

👀 ပြတ်တုန်းလပ်တုန်း ၂၃ ကာလပေမဲ့ Burma Blender Bike ကတော့ Foods & Drinks တွေကို လက်ရှိအထိ ဈေးလုံးဝ မတက်ဘဲ ဝန်ဆောင်မှုပေးနေတာမို့ စံရိပ်ငြိမ်နားရောက်ဖြစ်ခဲ့ရင် ဝင်မြည်းစမ်းကြည့်ပါခင်ဗျ

📌ကျွန်တော်တို့ဆိုင်လေးကတော့ Monday မှလွဲ (10:00 am - 8:00 pm) အတွင်း ပိတ်ရက်မရှိ ဖွင့်ပါတယ်
📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်

23/09/2023

💫 ငလျင်လှုပ်လိုက်တာ ဗိုက်တောင်ဆာသွားတယ်ဆိုတဲ့သူတွေ Burma Blender Bike ကို မနက်ဖြန်မနက်စောစောထဲက လာခဲ့လိုက်တော့နော် 👀🤍

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ် ✨
📌 တနင်္လာနေ့ကလွဲလို့ ပိတ်ရက်မရှိဖွင့်ပါတယ်ခင်ဗျာ 🙏

19/09/2023

ကုန်ဈေးနှုန်းတွေ မိုးထိတက်နေပေမဲ့လည်း Burma Blender Bike ရဲ့ Smoothie တွေကတော့ ဈေးမတက်သေးပါဘူး ခင်ဗျာ 🤍

မနေ့နဲ့ဒီနေ့ ဆန်ဈေးတောင်ပြောင်းလဲလို့ အရာရာ ဈေးတက်..သွေးတက်နေရတဲ့အချိန်မှာ မင်မင်တို့ရဲ့ Bikers လေးတွေ အဆင်ပြေစေဖို့ Blender Bike ကတော့ မူရင်းဈေးနှုန်းတွေအတိုင်းပဲ ရောင်းချပေးနိုင်အောင် ကြိုးစားနေပါတယ် ခင်ဗျာ 🥺

ကျွန်တော်တို့ Burma Blender Bike ရဲ့ Smoothies တွေ၊ Foods & Drinks တွေအားလုံးက..

● ၁၀၀% လတ်ဆတ်တဲ့အသီးအနှံတွေ…
● အရည်အသွေးစိတ်ချရပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေ…
● Customer တွေ ကျန်းမာစွာနဲ့ သုံးဆောင်နိုင်ဖို့ ကြက်သားဆိုရင်တောင် Marketplace ကပဲ အလတ်ဆတ်အသန့်ရှင်းဆုံး အသားတွေကိုပဲ…
ဆိုင်လေးဖွင့်စကနေ ယခုအချိန်အထိ အသုံးပြုလာတာပါ

ကုန်ဈေးနှုန်းမြင့်တက်မှုတွေ၊ ကုန်ကြမ်းရဖို့အခက်အခဲတွေနဲ့ တခြားသောအခက်အခဲတွေများစွာကြောင့် အဆင်မပြေမှုလေးတွေ မကြာမကြာ ကြုံကြိုက်ရပေမဲ့လည်း Customer တွေအတွက် အကောင်းဆုံးဖြစ်အောင်၊ Best service ကို အမြဲပေးနိုင်အောင်နဲ့ Quality ကို အပြည့်အဝ ထိန်းသိမ်းထားနိုင်အောင် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်ခင်ဗျ 🤍

တစ်ခါတစ်ရံ အဆင်မပြေတာလေးတွေ ကြုံခဲ့ရရင်လည်း နားလည်ပေးပြီး အချိန်မရွေး မင်မင့်ဆီလာပြောပြပေးဖို့လည်း အထူးမေတ္တာရပ်ခံ တောင်းဆိုလိုပါတယ် ခင်ဗျာ 🙏

လက်ရှိအထိတော့ Burma Blender Bike ရဲ့ Menu တွေကို လုံးဝဈေးမတက်ဘဲ အရင်ဈေးအတိုင်း ဆက်လက်ရောင်းချ သွားနိုင်အောင် တောင့်ခံထားမှာဖြစ်လို့ Bikers လေးတို့စိတ်ချလက်ချ လာအားပေးနိုင်ပါတယ်နော် 🥹🤍

📌 ကျွန်တော်တို့ Monday ကလွဲပြီး (10:00 am - 8:00 pm) အတွင်း ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်ခင်ဗျ။

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းမထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

17/09/2023

Sunday Funday မှာ ဘော်ဒါတွေစုပြီး Play Date လေးလုပ်ကြမယ် 🎉

ခရီးသွားဖို့အိမ်ကမလွှတ်တဲ့ အိမ်မပိုင်သူလေးတွေလည်း လှည်းတန်း ဆင်ရေတွင်းနားပဲဆိုတော့ ပူစရာမလိုဘူးနော် 💯

● အေးအေးဆေးဆေးနဲ့ စိတ်ကြိုက်ပျော်လို့ရတဲ့ ကိုယ်ပိုင်နေရာလေးလည်းဖြစ်ရမယ် 💫
● Foods & Drinks အစုံလည်းဗိုက်ဖြည့်ဖို့ရှိနေရမယ် 🤤
● Board games, Card games ဂိမ်းအစုံလည်းရှိရမယ် ✨
● ဂစ်တာလေးတစ်လက် သီချင်းကောင်းကောင်းလေးတွေနဲ့ chill လို့ရတဲ့နေရာလည်းဖြစ်ရမယ် 🎶
● မြို့ပြရဲ့မောပန်းမှုတွေ ဖြေဖျောက်လို့ရတဲ့နေရာလေးဖြစ်ရမယ် 🌱

ဒီလိုနေရာလေးရှာနေရင် ဘော်ဒါတွေစု.. Bus ကားလေးစီးပြီး ဆင်ရေတွင်းမှတ်တိုင်မှာဆင်းလိုက်.. အဲ့က Burma Blender Bike ဆိုတဲ့ Juice Bar လေးကို Short trip သာထွက်ခဲ့လိုက်ပါ 💕

အခိုက်အတန့်တွေကို အမှတ်တရတွေအဖြစ်ဖန်တီးဖို့ ကျွန်တော်တို့တာဝန်ယူပါတယ်နော် 👀

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်

✨ Enjoy your Sunday Funday at Burma Blender Bike guyss!!!

09/09/2023

တိချစ်သူလေးတွေအတွက်လည်း အဆင်ပြေစေမယ့် Burma Blender Bike

“တိလေးတွေခေါ်လာလို့ရလား” အမေးများလို့ ဖြေပေးလိုက်ပါပြီခင်ဗျာ ✨
Burma Blender Bike မှာ ချစ်ရတဲ့တိလေးတွေကိုလည်း ခေါ်လာလို့ရပါတယ်နော် 🤍

ဝုတို့..မြောင်တို့နဲ့အတူ Smoothie သောက်ရင်း… Chicken strips လေးစားရင်း စကားဖောင်ဖွဲ့လို့ရပါပြီ 💯

Burma Blender Bike မှာ ထိုင်စရာ သီးသန့် Zone လေးတွေခွဲပေးထားတဲ့အတွက် သူငယ်ချင်းတစ်သိုက် တိလေးတွေကို လည်လည်ပို့ရင်း ဆိုင်အတွင်းပိုင်းအောက်ထပ်နေရာလေးမှာ အေးဆေးအနားယူနိုင်ပါတယ်…။ ဆိုင်အပေါ်ထပ်မှာ နှစ်ယောက်ဝိုင်းသီးသန့်လေးတွေလည်း စီစဉ်ပေးထားတာမို့ တကယ်လို့ တိ Date လေးတွေ ရှိရင်လည်း Blender Bike မှာဖူးစာရေးလို့ရသေးတယ်နော်.. 👀

ကဲ… တိချစ်သူများ ချစ်သောလေးတွေကို တပါးသူအနှေင့်အယှက်မဖြစ်ရအောင် ကောင်းကောင်းထိန်းနိုင်တယ်ဆိုရင် Burma Blender Bike ကိုစိတ်ချလက်ချသာ လာခဲ့ပါခင်ဗျာ.. အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ကြိုဆိုနေပါတယ်နော် 🤍

📌 ကျွန်တော်တို့ Burma Blender Bike ကတော့ Monday ကလွဲပြီး (10:00 am - 8:00 pm) အတွင်း ပိတ်ရက်မရှိဆိုင်ဖွင့်ပါတယ်။

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းထိပ်နဲ့ အင်းစိန်လမ်းမထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Photos from Burma Blender Bike's post 04/09/2023

🚂 ဘေဘီကြီးတွေအတွက်သာမကဘဲ ဘေဘီလေးတွေအတွက်ပါ ကာတွန်းကမ္ဘာထဲက ပျော်စရာကမ္ဘာလေးထဲရောက်သွားသလို ခံစားရစေမဲ့ items လေးတွေလည်း Burma Blender Bike မှာ စီစဉ်ပေးထားတယ်နော် 🤍

💫 ဘေဘီလေးတွေအတွက် ပျော်လည်းပျော်… ဉာဏ်လည်းပိုကောင်းလာစေမဲ့ အရောင်စုံ ကာတွန်းဂိမ်းလေးတွေလည်း Burma Blender Bike မှာ စီစဉ်ပေးထားပါတယ်နော်
ချစ်စရာပုံလေးတွေနဲ့ အင်္ဂလိပ် vocabs လေးတွေလေ့ကျင့်ပေးလို့ရမယ့် Flash card လေးတွေ.. ပုံပြင်ဖတ်ရတာတွေ.. အရုပ်ဆက်ရတာလေးတွေမို့လို့ ဘေဘီလေးတို့အတွက် Fun ဖြစ်ပြီး ဗဟုသုတတွေလည်း အများကြီးရစေမှာပါခင်ဗျ။

💕 မေမေတွေ စကားလက်ဆုံကျနေတုန်း ဘေဘီလေးတွေက ကြိုက်ရာဂိမ်းယူဆော့ရုံပါပဲ.. 100% Free ဖြစ်ပါတယ်နော်

✨ Burma Blender Bike ကို မိသားစုလိုက်ပဲလာလာ… မေမေနဲ့ ဘေဘီလေးပဲလာလာ.. အပြင်ထွက်ရတဲ့ အခိုက်အတန့်လေးမှာ Healthy ဖြစ်တဲ့ Food & Drinks လေးတွေ သုံးဆောင်ရင်း.. စကားစမြည်ပြောရင်း အေးအေးလူလူ Enjoy လုပ်နိုင်ပါပြီ 🤍

ကဲ..ဘယ်လိုပျော်စရာဂိမ်းလေးတွေရှိမလဲ အောက်မှာအသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

📌 Burma Blender Bike ကိုလာမယ်ဆိုရင် ကျွန်တော်တို့ Monday ကလွဲရင် (10:00 am to 8:00 pm) အတွင်း ပိတ်ရက်မရှိဆိုင်ဖွင့်ပါတယ်။

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ) ၊ ဆင်ရေတွင်းလမ်းနဲ့ အင်းစိန်လမ်းမထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

30/08/2023

Burma Blender Bike မှာ စက်ဘီးလာနင်းပြီးပြီလား.. 🤍
စက်ဘီးနင်းပြီး 10% discount ယူလို့ရတဲ့ promotion လေးက မကြာခင်ကုန်တော့မယ်နော် 💸

Smoothie Bowl လေးတွေကို ကိုယ်တိုင်စက်ဘီးနင်းပြီး 10% Discount ယူနိုင်မဲ့ promotion လေးက August တစ်လတည်းပဲသတ်မှတ်ထားတာမို့လို့ အချိန်သိပ်မကျန်တော့ပါဘူး 👀

အားရင်စက်ဘီးလာနင်းဦးမယ်လို့ပြောထားတဲ့ မင်မင့် ကာကာလေးတွေလည်း Promotion ရှိတုန်း မြန်မြန်လာပါနော်

နင်းတဲ့သူတွေကတော့လာနင်းပြီး promotion တွေလည်းယူပြီးသွားပြီ
ကိုယ်လည်းမနင်းရသေးဘူးဆိုရင် အချိန်မီလာခဲ့ဖို့ Reminder လေးပေးလိုက်ရပါတယ်ခင်ဗျာ ✨

📌 Promotion အကြောင်းအသေးစိတ်ကို အောက်က Link မှာဖတ်ရှုနိုင်ပါတယ်

https://m.facebook.com/story.php?story_fbid=250784354459343&id=100085833415426&mibextid=Nif5oz

23/08/2023

မြန်မာလူငယ်လေးတွေ သိပ်စည်းကမ်းရှိကြပါတယ် 🤍

မင်မင်တို့ဆိုင်ကို လာအားပေးကြတာ အများစုလူငယ်လေးတွေပါ
Burma Blender Bike မှာက လူငယ်တွေအတွက် မုန့်စားရင်းဂိမ်းဆော့လို့ရအောင် Card games, Board games အစုံအလင်အပြင် ဖတ်စရာစာအုပ်တွေနဲ့ ဂစ်တာအထိ စီစဉ်ပေးထားပါတယ်။ 💫

Bikers လေးတို့စည်းကမ်းရှိကြပုံများကတော့ ဂိမ်းဆော့တဲ့အခါ အပျက်အစီးအထိအခိုက် မရှိရလေအောင် ဂရုစိုက်ကြသလို ဆော့ပြီးတာနဲ့ ဒီတိုင်းမထားခဲ့ဘဲ သေချာသိမ်းဆည်းပြီး သူ့နေရာနဲ့သူပြန်ထားပေးကြတယ် 🤍

တစ်ချို့ဆိုရင် စားပြီးသောက်ပြီးတဲ့အမှိုက်လေးတွေကိုလည်း သပ်သပ်ရပ်ရပ် ပြန်စီပေးခဲ့တာတွေတောင် ရှိပါတယ်.. 💯

ဒီလိုစည်းကမ်းရှိတဲ့ အပြုအမူလေးတွေအတွက် မင်မင်တို့အရမ်းကိုပီတိဖြစ်ရပါတယ်နော်.. အားလုံးကို တကယ်လည်း ကျေးဇူးတင်ပါတယ် 🙏

ကျွန်တော်တို့ဘက်ကလည်း ဆိုင်မှာလာအားပေးတဲ့ဧည့်သည်အားလုံးအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်အောင် အဖက်ဖက်ကနေ ကြိုးစားပါမယ်ခင်ဗျာ။ 🙏

ဘော်ဒါတွေနဲ့အတူ ဂိမ်းတွေဆော့.. ဂစ်တာတီးသီချင်းဆိုရင်း လတ်ဆတ်ပြီး အရသာရှိတဲ့ Food & Drinks တွေ အများကြီးစားချင်တယ်ဆိုရင် Burma Blender Bike မှာ Monday ကလွဲရင် (10:00 am to 8:00 pm) အတွင်း ပိတ်ရက်မရှိ လာဟဲလို့ရပါတယ်နော် 💫

ကျွန်တော်တို့ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းနဲ့ အင်းစိန်လမ်းမထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

Photos from Burma Blender Bike's post 19/08/2023

“လူစုံရင် ဂိမ်းဆော့တယ်.. မစုံရင် လိုက်စုတယ်” ဆိုတဲ့ Game Crazy တွေရှိရင် Burma Blender Bike က Board Games အစုံအလင်ကို ဝင်ကြေးလုံးဝ (လုံးဝ) ပေးဖို့မလိုဘဲ 100% FREE လာဆော့လို့ရပြီနော် 💯

ဘော်ဒါတွေ မိသားစုတွေ အားလပ်ချိန်လေးအတူဆုံရတဲ့အခိုက်အတန့်လေးမှာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ပျော်ဖို့ရွှင်ဖို့ Burma Blender Bike မှာ Board games တွေ အများကြီးစီစဉ်ပေးထားပါတယ်ခင်ဗျ

● ငယ်ငယ်ကစွဲလမ်းခဲ့တဲ့ ဒိုးဆက်နဲ့ 4-in-a-row လို ဂိမ်းမျိုးတွေ၊ Monopoly ဂိမ်းတွေဆော့ချင်လား 🤍
● Scrabble, Bingo, Card games အစုံ Try ကြည့်ချင်လား 🃏
● ဘော်ဒါအစုံနဲ့ လှုပ်လှုပ်ရှားရှား Foosball Game ဆော့ပြီးအော်ကြပျော်ကြမလား ✨

မုန့်စားရင်း ဖုန်းပဲတစ်နေကုန်ထိုင်သုံးဖြစ်နေတဲ့ သာမန်ဒိတ်တွေကနေ ခွဲထွက်ပြီး ဘော်ဒါတွေနဲ့ ဒါမှမဟုတ် ချစ်သူလေးနဲ့ Board games အစုံဆော့ရင်း Quality time လေးတွေ ဖန်တီးဖို့ Burma Blender Bike ကိုသာ လှမ်းလာခဲ့ပါ 🥰

ဂိမ်းဆော့ဖို့ Charges ကောက်မှာလားဆိုတော့ No ပါနော်
ဆိုင်ထဲရှိရှိသမျှသော ဂိမ်းအစုံအကုန်အားလုံးကို Free ဆော့နိုင်ပါတယ်✌️

ကဲ.. Burma Blender Bike လာရင် ဘာဂိမ်းတွေရှိလဲ.. ဘာဆော့လို့ရလဲ အသေးစိတ်သိချင်တဲ့သူတွေအတွက် ကျွန်တော်တို့ဆိုင်မှာ စီစဉ်ပေးထားတဲ့ ဂိမ်းအစုံကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ဒီဂိမ်းတွေထဲက ဘယ်နှခုလောက်များ ဆော့ခဲ့ဖူးလဲ ဖြေသွားကြဦးနော် 💫

အားတဲ့အချိန်မှာ လာကဲဖို့ လူသာစုထားလိုက်တော့ 👀

📌 Monday ကလွဲရင် (10:00 am to 8:00 pm) အတွင်း ပိတ်ရက်မရှိဆိုင်ဖွင့်ပါတယ်ခင်ဗျ။
ဆိုင်လိပ်စာကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းနဲ့ အင်းစိန်လမ်းမထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

15/08/2023

Bacon နဲ့ Cheese ကိုရည်းစားထက်ချစ်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ Cheesy Rice Balls Menu ကို မဖြစ်မနေလာစားကြည့်နော် 🧑‍🍳

Bikers တို့အသဲကိုအပြီးအပိုင်သိမ်းပိုက်မဲ့…

● မွှေးဆိမ့်ပြီးကြွပ်ရွနေတဲ့ Bacon တွေရယ် 🥓
● Jerry လေးတို့အကြိုက် Extra Cheese အများကြီးရယ် 🧀
● Superfood လို့နာမည်ကြီးတဲ့ Riceberry ရယ် 🌾

ဒီသုံးမျိုးပေါင်းစပ်ထားတဲ့ Cheesy Rice Balls Menu လေးကို အသစ် Update ထားပါတယ် ခင်ဗျာ

Rice balls ကြွပ်ကြွပ်လေးကို ပူတုန်းလေးကိုက်စားလိုက်ရင် အလယ်ကနေ Cheese တွေမွှေးပြီးထွက်လာတာ။ အရသာကတော့ အထူးတလည်မညွှန်းတော့ဘူး.. ကိုယ်တိုင်သာ အပြေးလာမြည်းကြည့်လိုက်တော့ 😋

သူက Riceberry လည်းပါတော့ Snack ဆိုပေမဲ့ တစ်ပွဲဆိုတစ်ပွဲ ဗိုက်ပြည့်တယ်.. ဝိတ်လည်း အရမ်းမတက်တော့ ဝိတ်ထိန်းပြီးနည်းနည်းပဲစားချင်တဲ့သူတွေအတွက်လည်း အဆင်ပြေတယ်နော် ✨

ကဲ.. Cheese ကြိုက်တဲ့ Jerry လေးတွေနဲ့ Bacon ဆိုအသဲစွဲဆိုတဲ့ Foodie လေးတို့ လာမယ်ဆိုရင် ကျွန်တော်တို့ Monday ကလွဲရင် ပိတ်ရက်မရှိ (10:00 am to 8:00 pm) အတွင်း ဆိုင်ဖွင့်ပါတယ်ဗျာ။ 💯

📌 ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅၀ / ဘီ)၊ ဆင်ရေတွင်းလမ်းနဲ့ အင်းစိန်လမ်းမထိပ်၊ ဆင်ရေတွင်းမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

ဒါနဲ့ ကျွန်တော်တို့ Burma Blender Bike မှာ ဒီ August လအတွင်း Smoothie Bowl 10% Discount အစီအစဉ်လည်းရှိတယ်နော်.. အသေးစိတ်ကို အောက်က Link မှာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ

https://www.facebook.com/100085833415426/posts/250784354459343/?mibextid=cr9u03

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Bacon နဲ့ Cheese ကိုရည်းစားထက်ချစ်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ Cheesy Rice Balls Menu ကို မဖြစ်မနေလာစားကြည့်နော် 🧑‍🍳 Biker...
Call for Solo Musicians!Happy Sunday ပါ bikers လေးတို့ရေ ✨ဒီတစ်ပတ်မှာလည်း အားလုံးပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းလို့ရအ...
Some Foosball action happening! ⚽
This is fresh natural Magway honey used in our smoothies and mocktails. This is collected from wild bees in a village.မက...

Telephone

Website

Address

No 150 ( B )Sin Yae Twin Street Kamayut Township Insein Road
Yangon

Opening Hours

Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Other Yangon food & beverage services (show all)
Healthy Food Lunch Box Services Healthy Food Lunch Box Services
Yangon

We provide Local Home Cook Service to people in Myanmar. Free delivery service provided with package.

My Noodle My Noodle
No(27), Ground Floor, Thadi Pahtan Street, Tarmwe
Yangon, 11211

My Noodle, Make Your Noodle

FRESH BEEF FRESH BEEF
Independence (1) Road, Thingangyun
Yangon, 11072

100% HALAL အမဲသားရောင်းဝယ်ရေး

Shwe Organic Yogurt Shwe Organic Yogurt
Coner Of Maharbandu La Street And Pinlon Street
Yangon

သဘာဝဒိန်ချဥ်စစ်စစ်

Jelly World Jelly World
South Okkalapa
Yangon, 114477

Good quality with cheap price

Bora Soju Global Bora Soju Global
Yangon

Authentic Korean Soju brand

Emily Snank Online shopping Emily Snank Online shopping
Yangon

you can order me

Befita Jelly by Chatchai204 Befita Jelly by Chatchai204
นนทบุรี
Yangon, 11110

ตัวแทนจำหน่ายBefita jelly อาหารเสริม ผสมโพiไบโอติกและพรีไบโอติก ในซองเดียวกัน ช่วยปรับสมดุลลำไส้

VeVe Beverages Myanmar VeVe Beverages Myanmar
Shwepyithar Township
Yangon, 11411

မင်္ဂလာပါရှင့် VeVe Myanmar မှကြိုဆိုပါတယ်

Tummy Tummy
Yangon

ဒေသထွက်ကုန်များ