Ei Su Hnin Pharmacy

မင်္ဂလာပါရှင့်

05/01/2024

Expired ဆေးတွေသောက်လို့ရလား?
ဒီမေးခွန်းရဲ့ အဖြေကတော့ ရပါတယ် ဆေးဆိုင်တွေကတော့ date အောက်သွားရင်ရောင်းလို့မရတော့ပါဘူး
ဥပဒေအရကန့်သတ်ထားလို့ပါ ဆိုင်ပိတ်ခံထိနိုင်ပါတယ်

Expire dateဆိုတာမျိုးက ဖက်ကပေးထားတဲ့ ဂရန်ဒီ တစ်ခုပါ
ဥပမာ ဖုန်းတွေမှာဆို တနှစ် ဆိုပြီး #ဂရန်ဒီ ပေးလေ့ရှိတယ် ဒီဖုန်းတစ်နှစ်ပြည့်တာနဲ့ လုံးဝသုံးမရတော့အောင်ပျက်စီးသွားလား
ဒါမှမဟုတ် တနှစ်မပြည့်ခင်မှာရောဒီဖုန်းကမပျက်စီးသွားနိုင်ဘူးလား
ဆေးတွေမှာ ဆိုတာလဲ ဒီသဘောတရားပါ
ဆေးတွေမှာလဲ exp မပြည့်ခင်ပျက်စီးသွားတာရှိသလို့ exp လွန်နေရင်လဲ မပျက်စီး ပဲအကောင်းတိုင်ရှိနေပါတယ်
စားသုံးသူအနေနဲ့တော့ဆေးတစ်ခုဝယ်တော့မယ်ဆိုရင်
Exp date ကောင်းမကောင်း ကြည့်ပြီးမှဝယ်ရမယ်ဆိုတာ ပြောပါများလာလို့ လူတိုင်းနားလည်နေကြပါပြီ

ဒီတစ်ခုထဲကြည့်ရုံနဲ့တော့မရပါဘူး ဆေးကို
မူလအရောင်ပုံစံ အနံ့ စသဖြင့်တခုခုယိုယွင်းနေမှုရှိမရှိလဲ စစ်ဆေးတတ်ရင်ပိုပြီးကောင်းပါတယ်

ကဲ expဆေးတွေသုံးလို့ရတဲ့အကြောင်းကိုဆက်သွားရမယ်ဆိုရင် expကို FDAကသတ်မှတ်ပေးပါတယ်

ဆေးအမျိုးအစားနဲ့ထုပ်ပိုးမှုပေါ်မူတည်ပြီး သတ်မှတ်ပေးတဲ့ သက်တမ်းတွေတော့ကွာတာပေါ့ အကြမ်းခံတဲ့ဆေးတွေ တည်ငြိမ်မှုအားကောင်းတဲ့ဆေးတွေဆို သုံးနှစ် ဒါမှမဟုတ် လေး‌နှစ်လောက်ထိသတ်မှတ်ပေးလေ့ရှိပါတယ်

နုတဲ့ဆေးဒါမှမဟုတ် ပျက်စီးလွယ်တဲ့ဆေးတွေဆိုရင်တော့ နှစ်နှစ် လောက်ထိသတ်မှတ်ပေးတာတွေ့ရပါလိမ့်မယ်

တည်ငြိမ်မှုအားကောင်းတဲ့ဆေးတွေဆိုတာက များသောအားဖြင့် အမျိုးအစားတွေများပါတယ်
ဥပမာ biogesic လို ဆေး လုံး ဆေးပြားတွေက အကြမ်းခံလေ့ရှိပါတယ် tablet အမျိုးအစားဆေးပါ

နုတဲ့ဆေးတွေကတော့ အရည်ဆေးတွေလိုမျိုး ကြာကြာထားလို့အဆင်မပြေတဲ့ဆေးတွေများပါတယ်
သူတို့ကတော့ နည်းနည်းလောက်ထိခိုက်မိတာနဲ့ပျက်စီးလွယ်တတ်ကြပါတယ်

နောက်တခု exp date နဲ့မဆိုင်ပဲ ဖွင့်တဲ့အချိန်နဲ့ဆိုင်တဲ့ဆေးတွေလဲရှိပါတယ် တချို့ကာကွယ်ဆေးတွေဆို 24နာရီအတွင်းထိုးရင်ထိုး မထိုးနိုင်ရင် 24နာရီကျော်တာနဲ့ expဖြစ်ပါပြီ
အခု ကလေးတွေမှာ ထိုးနေတဲ့ကာကွယ်ဆေးတမျိုးဆိုရင် နေရာရွေ့လို့မရပါဘူး
ဒီနေရာမှာဖွင့်ပြီးတာနဲ့ ဒီနေရာမှာပဲ ထိုးပေးရတာပါ ဆေးပုလင်းမှာလဲ ကလေးဆိုတော့တစ်ယောက်စာချိန်ပြီးထုတ်လို့မရတာလဲပါတာပေါ အသေးအကြီးအရွယ်မှမညီတာ ကိုယ်အလေးချိန်လိုက်ထိုးရတာမျိုးဆိုတော့ ပုလင်းကြီးကြီးတပုလင်းထဲကနေပဲယူလိုက်ထိုးလိုက်ပေါ့

တအိမ်တက်ဆင်းလိုက်ထိုးပေးလို့မရလို့ တစ်နေရာထဲခေါ်စုပြီးထိုးပေးရတယ်ဆိုလေးကို မငြိုညင်ကြဖို့ ဗဟုသုတအနေနဲ့မှတ်ထားလို့ရတာပေါ့ ဘူမသိကိုးမသိနဲ့ အိမ်မှာလာထိုးပေးလို့မရဘူးလားဆိုပြီးအကြံတွေသွားပေးနေမှာစိုးလို့😅

ဆေးတခုကို ပျက်စီးစေတာကတော့ အပူချိန် စိုထိုင်းဆ နဲ့ နေရောင်ခြည်တွေကပျက်စီး‌စေပါတယ်

မိမိစွဲသောက်နေကျဆေး များများဝယ်ဆောင်ထားတာမျိုးရှိရင် အေးရမယ် ခြောက်သွေးရမယ် နေမထိုးနဲ့တဲ့နေရာဖြစ်ရမယ်

ဒီလိုနေရာမျိုးမှာ ထိမ်းသိန်းပါလို့ အကြံပြုချင်ပါတယ်

ဆေးတစ်ခုကို နည်းမှန်လမ်းမှန်နဲ့ ထားသိုထားမယ်ဆိုရင် expဖြစ်ပြီးတာတောင် သူ့ရဲ့ အရည်အသွေးက 95%အထက်အထိကောင်းနေသေးတယ်ဆိုတာ သိရပါတယ်
တချို့ဆေးတွေဆို 10နှစ် 15နှစ်အထိ မူလ အရည်အသွေးကိုမထိခိုက်ပဲ တည့်တံ့နေပါသေးတယ်

ဒါဆိုရင် ဆေးတခုက ဘယ်အချိန်ရောက်မှပျက်စီးမှာလဲ ဆိုရင် တိတိကျကျတော့ မရှိပါဘူး ပျက်စီးတာကတော့ သင်္ခါရ သဘောအရ ထုတ်လုပ်ပြီးတာနဲ့ စပြီးပျက်စီးနေပါပြီ မူလအရည်အသွေး ပျောက်သွားတဲ့အချိန်ကကတော့ ဘယ်သူမှလဲ တိတိကျကျလေ့လာထားတာမရှိလို့ နှစ်ပေါင်းဘယ်လောက်ခံမယ်ဆိုတာတော့ မသိနိုင်ပါဘူး
ဆေးတစ်ခုအထားခံမခံသိရဖို့ ဆယ်နှစ်လောက်အချိန်ပေးပြီး ဘယ်စီးပွားရေးသမား မှ လုပ်မှာမဟုတ်ဘူး
အဲ့ဒါလုပ်ပြီးအချိန်ကုန်ခံနေပဲ့အစား အရက်ချက်ပြီးသိမ်းထားရင် ဈေးဆယ်ဆမက တက်လာမှာ😅

Exp ဆိုတာ ဥပဒေရဲ့သတ်မှတ်ချက်ပဲဖြစ်ပါတယ် technique တခုမဟုတ်ပါဘူး
ဒီဥပဒေမှာ ကောင်းတာရောဆိုးတာရောဒွန်တွဲနေပါတယ် ကောင်းတာက ဆေးကို‌သုံးစွဲသူတွေအတွက် အသစ်စက်စက် အရည်အသွေးခိုင်ခိုင်မာမာ တစ်ခုကိုရစေပါတယ်
မကောင်းတာကတော့
ဒီဆေးတွေကို သတ်မှတ်ထားတဲ့ ရက်လွန်တာနဲ့ မီးရှုံ့ပစ်လိုက်ရတော့ မလိုလားအပ်တဲ့ဆံုးရှုံးမှုတွေဖြစ်ကုန်ပါတယ်
လိုအပ်နေတဲ့လူတွေလက်ထဲရောက်သွားမယ်
ဆေးဖို့း မတတ်နိုင်တဲ့လူတွေ အတွက် အသုံးပြုနိုင်ရင်တော့ ပိုကောင်းတာပေါ့
မသုံးဘူးလားဆိုရင်တော့သုံးပါတယ် ဆေးရုံတွေမှာသုံပါတယ် တချို့ဆရာဝန်တွေလဲ သူတို့ဆေးခန်းတွေမှာ အသုံးပြုကြပါတယ် ဒီဆေးပေးပြီးရင် ဘယ်အချိန်မှာဘယ်လိုအာနိသင်ရလာမယ်ဆိုတာသူတို့ပိုနားလည်တာပေါ့ အဲ့လို့အာနိသင်ရှိနေရင် သုံးပါတယ် အချို့ ဆေးbrand တွေဆိုရင် ဆေးကတော့အကောင်းပဲ expလဲမဖြစ်သေးဘူး ဒါပေမဲ့လူနာကိုပေးလိုက်လို့ လိုချင်တဲ့ အာနိသင် အစွမ်းမပြတာမျိုး ရှိသင့်ရှိထိုက်တဲ့ အာနိသင်လောက်မရပဲလျော့နေတာမျိုးဆို သူတို့တန်းသိပါတယ်
ဒါဆိုအဲ့ဆေးကိုမသုံးတော့ပါဘူး

ဒါပေမဲ့ expဆေးတွေ့လဲ ကောင်းပါတယ်ဆိုတဲ့အတွေးနဲ့တော့ အတင့်မရဲစေချင်သလို expမဖြစ်သေးပေမဲ့လဲ ဆေးက ပျက်စီးနှင့်ပြီးသားတွေနဲ့ တွေလဲရှိပါတယ်ဆိုတာတော့ သတိပြုပါ
ဆေးရုံ ဆေးခန်းတွေက တိုက်ရိုက်ပေးလိုက်တဲ့ဆေးဆိုရင်တော့ အိပ်စပါ ယာယာ မယာယာ သောက်လို့ရပါတယ် သူ့တို့ပေးတဲ့ဆေးအကြောင်းသူတို့ သိပါတယ်
အပြင်မှာ စီးပွားဖြစ်ဖွင့်ထားတဲ့ ဆေးရုံဆေးခန်းတွေမှာတော့ ဘယ်တော့မှ exp‌ေဆးကိုသုံးမှာမဟုတ်သလို
မှားပြီးသင့်ကိုပေးခဲ့ရင်လဲ ပြန်လဲခိုင်းပါအားနာစရာမလို့ဘူး😅

Crd_စွမ်း ဆေးဆိုင်။

16/09/2023

၁။ တားဆေးအပါအဝင် ဆေးနေ့စဉ်သောက်နေရသူတွေ
✅ ပဲပိစပ်နို့ သောက်ပါ

၂။ အဖြူဆင်းများသူ အားနည်းလွယ်သူများ
✅ ဒိန်ချဉ် သောက်ပါ

၃။ ဝမ်းချုပ်တတ်သူ များ
✅ မန်ကျည်းဖျော်ရည်/ချဉ်စော်ကားသီးဖျော်ရည်/သစ်သီးဖျော်ရည်တမျိုး သောက်ပါ

၄။ ရင်ကျပ်ပန်းနာ သမားများ
✅ ဆန်းကစ်သီးထဲပူစီနံတရွက်နှစ်ရွက် နဲ့ ဆားနဲနဲထည့်၍ဖျော်ရည်သောက်ပါ။ သကြားနို့ ဘာတခုမှမထည့် နဲ့

၅။ သွေးအားနည်းတတ်သူများ
✅ မုန်လာဥနီ ဖျော်ရည်သောက်ပါ

၆။ လိပ်ခေါင်းရှိသူများ
✅ မြင်းခွာရွက်ရည် သောက်ပါ

၇။ ဆီးကျဉ်တတ်သူများ
✅လက်ဖက်ခြောက်ရည် သောက်ပါ

၈။ မကြာခနခေါင်းမူးတတ်သူ ခြေလက်ထုံကျဉ် တတ်သူ အကြောကပ်တတ်သူများ နဲ့ ဝမ်းလျှောနေသူများ
✅ အုန်းစိမ်းရည် /ဂလူးကို့စ်ရည် သောက်ပါ

၉။ အစာအိမ်နာ /လေပွ တတ်သူများ
✅နွယ်ချို ရေနွေးစိမ်၍ပျားရည် တဇွန်းထည့် တနေ့ ၂ကြိမ် သောက်ပါ

၁၀။ သားအိမ်ရေအိတ်သွေးအိတ်တည်နေသူများ /သားအိမ်ကျ သူ များ
✅ စမုံနက်အဆီ တပတ် တဇွန်း သောက်ပါ

၁၁။ သွေးတွင်းအဆီပျစ်ခဲသူများ
✅စံပယ်ပန်းခြောက် ခပ်ထားတဲ့ရေနွေး မကြာခန သောက်ပေးပါ

ဒေါက်တာမင်းခန့်✍
******************
copy

30/07/2023

ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, RE**RD, XL စသဖြင့် ရှိတာကို သတိထားမိပါသလား ?
====================================

လူအများစု ဆေးတွေကို ခြမ်းပြီး ချိုးပြီး သောက်တာမျိုး ရှိဖူးမှာပါ။ ကိုယ်က ၁၀၀မီလီဂရမ် သောက်နေကျ ပေမယ့် ဆေးက မရှိတဲ့အတွက် ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်တာမျိုး ၂၀၀ မီလီဂရမ်ကို တဝက်ခြမ်း သောက်လိုက်တာမျိုး လုပ်ဖူးကြမှာပါ။

အဲ့ဒီအခါမှာ ယေဘုယျအားဖြင့်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် အပေါ်မှာ ဆိုခဲ့တဲ့ MR, SR, OD, CR, Re**rd, XL စသည်တို့နဲ့ အဆုံးသတ်ထားတဲ့ ဆေးနာမည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုအတိုကောက် MR, SR တွေကိုဆေးနာမည်မှာ ဘာလို့ ထည့်ထားရတာလဲဆိုတော့ တစ်ချို့ ဆေးတွေမှာ သောက်သောက်ပြီးချင်း အာနိသင်ပြပြီး ချက်ချင်း အာနိသင် ကုန်မသွားအောင် ဆေးရဲ့ အာနိသင် တစ်နေကုန်ရနေအောင် ဖေါ်စပ် ဖန်တီးထားပါတယ်။ သွေးကျဆေး ဆီးချိုဆေး စတာတွေမှာပေါ့။

MR SR စတာတွေရဲ့ အရှည်ကောက်ကတော့ Modified release, Slow release, substained release ပါတဲ့ ။ ဆိုလိုတာကတော့ ဆေးကို ချက်ချင်း အာနိသင် အကုန်မပြဘဲ တနေကုန် ဖြည်းဖြည်းချင်း ထွက်နေအောင် လုပ်ထားတာပါ။ တစ်နေကုန် အာနိသင် ပြနေအောင် ဒါမှမဟုတ် တရက် ၂ ကြိမ် ၃ ကြိမ် သောက်နေစရာမလိုပဲ တစ်ကြိမ်ထဲနဲ့ အဆင်ပြေအောင် ဆေးကို စတင် ထုတ်လုပ်ကတည်းက တစ်ချို့ဆေးတွေကို ဓာတုဗေဒပစ္စည်း ပေါင်းထည့်ထားတာမျိုး coat လုပ်ထားပြီး အလွှာအုပ်ထားတာမျိုး ဖန်တီးထားလေ့ ရှိပါတယ်တဲ့။

ဆေးကိုချိုးပြီး သောက်လိုက်တာမျိုး ၁၀၀ အား မရှိလို့ ၅၀ အား ၂ လုံး သောက်လိုက်တာမျိုးမှာ ဖြေးဖြေး စိမ့်ထွက်လာရမယ့် အာနိသင်တွေဟာ အချိုးအစား မှန်မှန်ကန်ကန် မရပဲ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့ မိမိသောက်နေကျ ဆေးတွေရဲ့ အနောက်မှာ MR, SR, OD, Re**rd, XL စသဖြင့်ပါ မပါ ကြည့်ပီး ပါနေခဲ့ရင် ခါတိုင်း သောက်နေကျ ပုံစံ အတိုင်းသာ သောက်ပြီး တစ်ဝက်ခြမ်းသောက်တာမျိုး ၂ လုံးသောက်တာမျိုး မလုပ်ဘဲနဲ့ ကိုယ်သောက်တဲ့အား ပမာဏ အတိကျကိုသာ ရှာဝယ်သောက်သင့်ကြောင်း အကြံပြုလိုပါတယ်။

အစာနဲ့ဆေးတွဲသောက်သင့်သလား
====================================

ဘယ်ဆေးတွေကိုအစာနဲ့ဝေးဝေးသောက်ရမလဲ
အချိန်ဘယ်လောက်ခွာရမလဲ
ဘယ်ဆေးတွေကို အစားအစာနဲ့တွဲသောက်ရမလဲ

အစာအိမ်ထဲအစာမရှိချိန်သောက်သင့်တဲ့ဆေး
အစာအိမ်တွင်းအစာလုံးဝမရှိချိန်သောက်ရတဲ့ဆေး
အစာနဲ့တွဲသောက်သင့်တဲ့ဆေး ဆိုပြီးခွဲမှတ်လို့ရပါတယ်

အစာအိမ်တွင်းအစာမရှိချိန်

(မစားခင် အနည်းဆုံး ၁ နာရီ၊ စားပြီး ၂ နာရီ၀န်းကျင်)သောက်ထားသင့်တဲ့ ဆေးတွေကတော့ဆီးချိုသောက်ဆေးအများစုပါပါလိမ့်မယ်။အစားမစားခင် နာရီ၀က်လောက် ကြိုသောက်ရပါတယ်

ပန်းနာရင်ကျပ်မှာသောက်လေ့ရှိတဲ့ (Aminophylline၊ Salbutamol)

ပိုးသေဆေးအများစု (Ampicillin၊ Azithromycin၊ Cloxacillin၊ Erythromycin၊ Flucloxacillin၊

တီဘီဆေးများ Isoniazid + Rifampicin + Pyrazinamide၊ Levofloxacin၊ Norfloxacin၊ Ofloxacin၊ Penicillamine၊ Penicillin G၊ Penicillin V၊ Tetracycline)

ပျို့အန်ပျောက်ဆေး (Domperidone၊ Metoclopramide)

သွေးကျဆေး (Captopril၊ Propranolol)

အစာအိမ်အက်ဆစ်ဓာတ်လျှော့တဲ့ အစာအိမ်နာဆေး (Esomeprazole၊ Lansoprazole၊ Omeprazole၊ Pantoprazole)

သံဓာတ်အားအေး (Ferrous sulfate) နဲ့ (Zinc supplements) ဆေးတွေဖြစ်ပါတယ်

Empty Stomach* အစာအိမ်တွင်းအစာမရှိချိန် (မစားမီ ၁ နာရီခွာ နဲ့ စားပြီး ၂ နာရီခွာ) သောက်ရပါတယ်

အစာနဲ့တွဲသောက်ရတဲ့ဆေးအများစုကတော့

အကိုက်အခဲပျောက်ဆေးတွေပါ (Aspirin အုပ်စု၊ Diclofenac၊ Indomethacin)
သူ့ချည်းပဲ ဆေးပမာဏများများ ခဏခဏနဲ့ အချိန်ကြာသောက်ရင်
အစာအိမ်နံရံရဲ့ ကာကွယ်တဲ့အလွှာပါးစေပါတယ် အနာဖြစ်စေနိုင်ပါတယ်

အဆစ်အမြစ်ရောင်ဂေါက်ရောဂါဆေး (Allopurinol)

တချို့သောပိုးသေဆေးများ (Augmentin၊ Cefpodoxime၊ Doxycycline၊

ငှက်ဖျားဆေး Chloroquine၊ Metronidazole)
သံကျဆေး (Mebendazole) (မှတ်ချက် သံအကောင်လိုက်ကျသည့်အန္တရာယ်မရှိပါ အူအတွင်းခြေဖျက်ပေးသည်)

မှိုရောဂါဆေး (Griseofulvin၊ Itraconazole)

အတက်ကျဆေး (Carbamazepine၊ Valporate)

အစာအိမ်ဆေး (Cimetidine)

အကိုက်ခဲပျောက် ရင်ကျပ် နှင့်
တခြားရောဂါများတွင်သုံးသည့် (Prednisolone)

စတဲ့ဆေးတွေကိုတော့ အစာနဲ့တွဲသောက်သင့်ပါတယ်။တွဲသောက်တယ်ဆိုရာမှာ အစားတစ်လုတ် ဆေးတစ်လုံးသောက်ရမယ် မဆိုလိုပါ။စားပြီး ၅ မိနစ်လောက်မှာ သောက်ရင်ရပါတယ်။

Credit to original uploader

🙏🙏🙏🙏
မိသားစုတိုင်း သက်ရှည်ကျန်းမာပီး ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။

24/02/2023

💔ကိုယ့်မှာ နှလုံးရောဂါရှိနေတာ သိနိုင်မယ့် လက္ခဏာ (၉)ခု

❤️နှလုံးရောဂါရှိနေပြီလားလို့ ကိုယ့်ကိုယ်ကို သံသယရှိတဲ့အချိန်တွေရှိတတ်ပါတယ်။မောတယ်၊ ရင်ဘတ်အောင့်တယ်(တခါတလေလေထိုးတာဖြစ်နေတတ်တယ်) ဆိုရင် ငါတော့နှလုံးရောဂါဖြစ်နေပါပြီဆိုပြီး စိတ်ပူနေတတ်တာက ပြဿနာမရှိပေမယ့် တကယ်တမ်းဆေးကုသဖို့လိုအပ်နေတဲ့သူတွေကရောဂါကိုစောစောမသိလို့ အချိန်မီမကုသနိုင်တာမျိုး၊ ရုတ်တရက် နှလုံးရပ်မှသိရတာမျိုးက အန္တရာယ်ကြီးပါတယ်။

❤️ကိုယ့်မှာ နှလုံးရောဂါရှိနေတာ ဘယ်လိုသိမလဲ

❗️အောက်ပါလက္ခဏာ​တွေ​ြဖစ်လာတယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်ဖို့ အချက်ပြနေတာပါ။

(၁) အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာ (ညအိပ်ချိန် တအားဟောက်တာ)

ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကိုအောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့သွေးဖိအားကိုမြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတုိ့ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဟောက်တတ်တဲ့အကျင့်ဆိုတာ ကုသလို့ရပါတယ်။

(၂) အနီရောင်သမ်းတဲ့ရည်ကြည်ဖုတွေထွက်တာ

သွေးတွင်းအဆီဓါတ်triglyceride ပမာဏအရမ်းများနေရင် လက်ဆစ်၊ခြေဆစ်နဲ့ တင်ပါးမှာ ရည်ကြည်ဖုလေးတြွေဖစ်လာတဲ့ လက္ခဏာရှိတတ်ပါတယ်။သွေးထဲမှာ ဒီအဆီတွေများနေတဲ့အခါသွေးကြောမာစေတာနဲ့ နှလုံးရောဂါ၊လေဖြတ်ခြင်းအန္တရာယ်တွေပါ စိုးရိမ်ရပါတယ်။

(၃) လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း အားနည်းတာ

လက်ရဲ့ဆုပ်ကိုင်နိုင်အားက နှလုံးကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖော်ပြနိုင်တာ သင်သိပါသလား။ သုတေသနတွေအရ လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်း၊ ဖျစ်ညှစ်နိုင်အားကောင်းတယ်ဆိုရင် နှလုံးရောဂါအန္တရာယ်နည်းပါတယ်တဲ့။ အရာဝတ္တုတစ်ခုခုကို ဆုပ်ကိုင်နိုင်ဖို့မလွယ်ဘူး၊ လက်မမြဲဘူး၊ မဖျစ်ညှစ်နိုင်ဘူး ဆိုရင် ကိုယ့်မှာပြဿနာတစ်ခုခုရှိနေဖို့ ရာခိုင်နှုန်းများပါတယ်။

(၄) လက်သည်းအောက်မှာ အမည်းစက်လေးတွေပေါ်နေတာ

ထိမိခိုက်မိတာလည်း မဟုတ်ဘဲ လက်သည်းမှာ အမည်းစက်လေးတွေပေါ်လာတာကendocarditis လို့ခေါ်တဲ့ နှလုံးနံရံ သို့မဟုတ် အဆို့ရှင်ပိုးဝင်ခြင်းရောဂါဖြစ်နေတာကိုဖော်ပြတာဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ ဆီးချိုသွေးချိုရှိနေရင်လည်း ဒီလက္ခဏာဖြစ်တတ်တယ်။ ဆီးချိုရှိနေရင် နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။

(၅) ခေါင်းမူးတာ

ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးကသွေးအလုံအလောက်မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။

(၆) အသားအရောင်ပြောင်းလဲတာ

လက်ချောင်း၊ခြေချောင်းတြွေပာနေတာ၊ ညိုလာတာတွေက နှလုံးသွေးကြောကျဉ်း သို့မဟုတ် ပိတ်ဆို့နေတဲ့အတွက် သွေးလည်ပတ်မှုမကောင်း၊ အောက်ဆီဂျင်မလုံလောက်တာကြောင့်ပါ။ ကိုလက်စထရောအဆီချေးတွေ စုလာတဲ့အခါသွေးကြောငယ်တွေထဲမှာ ပိတ်ဆို့လာပြီး ဒီလက္ခဏာဖြစ်စေတာပါ။ လက်ဖဝါး၊ခြေဖဝါးအရေပြားအောက်မှာသွေးယိုသလို အကွက်အပြောက်တြွေဖစ်လာနိုင်ပါတယ်။

(၇) အသက်ရှူရအဆင်မပြေတာ

အသက်ရှူမဝတာက နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးခုန်စည်းချက်မူမမှန်ခြင်း၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းခြင်း တို့ရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ အရင်လုပ်ဆောင်ရအဆင်ပြေနေကျ အလုပ်တွေကို အခုလုပ်တဲ့အခါ အသက်ကို မနည်းလုရှူနေရတာမျိုး ဒါမှမဟုတ် လှဲအိပ်လိုက်ရင် အသက်ရှူရခက်တာမျိုးဆို ဆရာဝန်ပြပါ။

(၈) ခြေထောက်အောက်ပိုင်းဖောရောင်တာ

အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာခြေထောက်ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်းဖြစ်တတ်ပါတယ်။ ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ခြေထောက်ဖောရောင်ခြင်းကခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။ ရုတ်တရက်ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။

(၉) မောဟိုက်ခြင်း

အိပ်ရေးပျက်ထားတာကြောင့် ချည်းပဲမထင်ပါနဲ့။ နှလုံးကြွက်သားအားနည်းရင်လည်း လူကိုပင်ပန်းစေပြီးဒေါင်းသွားစေနိုင်ပါတယ်။ ဒီလက္ခဏာသက်သာသွားချိန်မှာချောင်းဆိုးတာ၊ဖောရောင်တာလိုမျိုး တခြားလက္ခဏာတွေရှိသလား သတိထားကြည့်ပါ။

#နှလုံးကျန်းမာရေး
#နှလုံးရောဂါ

12/12/2022

#အသည်းကို ထိခိုက်စေတဲ့ဆေး (၅)မျိုး
▪▪▪▪▪▪
#အသည်းသည် သောက်လိုက်သမျှသောဆေးများကို ခြေဖျက်ပေးတဲ့ မရှိမဖြစ်ကိုယ်တွင်းအင်္ဂါဖြစ်တယ်။ အသည်းပျက်စီးသွားရင်၊ အသည်းမကောင်းတော့ရင် သောက်လိုက်တဲ့ဆေး၊ စားလိုက်တဲ့အစားအစာများထဲမှာ ပါတဲ့ မကောင်းတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းမရှိတော့ဘူး။ ဒါဆိုရင် စားသမျှအစားအစာ၊ သောက်သမျှဆေးအားလုံးကို ကိုယ်ကို အဆိပ်သင့်သွားစေနိုင်တယ်။ ဒါကြောင့် အသည်းကို ကျန်းမာနေအောင် ၊ မထိခိုက်မပျက်စီးအောင် စောင့်ရှောက်ဖို့ လိုတယ်။ အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အကြောင်းများစွာရှိတယ်။ အဲဒီထဲမှာ အသည်းကို ထိခိုက်စေတဲ့ ဆေး(၅) မျိုးအကြောင်းကို ပြောပြချင်တယ်။ အသုံးများတဲ့ဆေးများဖြစ်လို့ သိထားဖို့လိုတယ်။ အဲဆေးများကို သိထားခြင်းအားဖြင့် အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါလားလို့ သိထားခြင်းအားဖြင့် ရှောင်ရှားနိုင်မယ်

(၁)
▪▪▪▪▪▪
#အဖျားကျဆေးဖြစ်တယ်။ ဖျားနာရင် မဖြစ်မနေသောက်ရတဲ့ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးဖြစ်တယ်။ အသုံးအများဆုံးဆေးဖြစ်တယ်။ အသုံးအများဆုံးဆေးဖြစ်လို့ မကြာခဏ သုံးကြတယ်။ ဒါကြောင့်ဆေးအကြောင်းကို သေချာသိထားဖို့လိုတယ်။ ဆေးကို ၁ လုံး ၅၀၀ မီလီဂရမ် ပါတယ်။ #ဖျားရင် တနေ့ကို ၄ ကြိမ် သောက်ရပါမယ်။ တနေ့ကို ၃၀၀၀ မီလီဂရမ် ထက်ပိုမသောက်ရဘူး။ အဲထက်ပိုသောက်ရင် အသည်းထိခိုက်ပျက်စီးစေလိမ့်မယ်။ အသည်းမကောင်းသူ၊ အသည်းရောဂါရှိသူများ ကို ရှောင်ရမယ်။ အသည်းကို ပိုပြီးပျက်စီးစေနိုင်လို့ဖြစ်တယ်။ , , စတဲ့ နာမည်များနဲ့ ရနိုင်တယ်။

(၂)
▪▪▪▪▪▪
ဂေါက်ရောဂါကုဆေးဖြစ်တယ်။ သွေးထဲမှာ စုပုံလာတဲ့ uric acids များကို ချပေးတဲ့ဆေးဖြစ်တယ်။ နှစ်ရှည်လများသောက်ရတယ်။ ကိုယ့်သဘောနဲ့ကိုယ်ဆေးကို မဖြတ်ရဘူး။ ဆေးဖြတ်လိုက်ရင် ဂေါက်ရောဂါပြန်ဖြစ်တတ်တယ်။ ဆေးက အသည်းကို ထိခိုက်စေတယ်။ ဒါကြောင့် သောက်နေသူများ ၃ လ ၁ ကြိမ်အသည်းကောင်းမကောင်း စစ်ဆေးသင့်တယ်။ နာမည်နဲ့ တွေ့နိုင်တယ်။

(၃) /calvulanic acid
▪▪▪▪▪▪
#ပိုးသတ်ဆေးဖြစ်တယ်။ #ဘက်တီးရီးယားများကို ကောင်းစွာသတ်နိုင်စွမ်းရှိတယ်။ အဆုတ်ရောင်ရောဂါ ( )၊ #ဆီးလမ်းကြောင်းပိုးဝင်ခြင်း (urinary track infection)၊ #ထိပ်ကပ်နာ(sinusitis) ရောဂါများကို ကုသဖို့သုံးတယ်။ ဆေးကကိုယ်တွင်း ဓာတ်မတည့်မှု့ကို ဖြစ်စေပြီး #အသည်းရောင်စေနိုင်တယ်။ အသည်းကို ထိခိုက်စေနိုင်တယ်။ ဈေးကွက်ထဲမှာ amoclav,augment,moxaclav စတဲ့နာမည်တွေနဲ့ ရနိုင်တယ်။
အချို့ပိုးသတ်ဆေးနဲ့မှိုပိုးသတ်ဆေးများကလည်း အသည်းကို ထိခိုက်စေတယ်။ အသည်းကို ထိခိုက်စေတဲ့ဆေးများကတော့ , /sulfamethoxazole, , , , and ( #မှိုပိုးသတ်ဆေး) တို့ဖြစ်တယ်။

(၄)
▪▪▪▪▪▪
အသုံးအများဆုံးသွေးတွင်း အဆီချဆေးဖြစ်တယ်။ အဝလွန်သူများ၊ အဆီစားများသူများ အမြဲလိုလိုသောက်ဖို့လိုတဲ့ဆေးဖြစ်တယ်။ အဆီစားများရင် သွေးကြောထဲမှာ အဆီများစုလာပြီး #နှလုံးသွေးကြောကျဉ်းရောဂါ၊ #လေဖြတ်ရောဂါတွေ ဖြစ်လာတယ်။ အဲလိုမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ atovastatin ဆေးကို စွဲသောက်ရတယ်။ ဆေးကလည်း အသည်းကို ထိခိုက်စေတယ်။ ကို ဈေးကွက်ထဲမှာ , , , စတဲ့နာမည်တွေနဲ့ တွေ့နိုင်တယ်။

(၅)
▪▪▪▪▪▪
#အတက်ရောဂါကုဆေးဖြစ်တယ်။ အတက်ရောဂါအမျိုးမျိုးကို ကုသဖို့ အသုံးပြုတယ်။ #ခေါင်းတခြမ်းကိုက်ခြင်း ကိုလည်း ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ လိုခေါ်တဲ့ အသည်းမှာ အဆီတွေစုပုံလာပြီး အသည်းကို ပျက်စီးစေနိုင်တယ်။ အခြားအတက်ရောဂါကုဆေးတွေဖြစ်တဲ့ (tegretol) နဲ့ ( dilantin) ဆေးများကလည်း အသည်းကို ပျက်စီးစေနိုင်တယ်။ ဈေးကွက်ထဲမှာ , စတဲ့နာမည်တွေနဲ့ တွေ့နိုင်တယ်။

👨‍⚕️ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ )

24/11/2022

သံချဆေးသောက်ရင် သံကောင်ကြီးတွေထွက်လာတတ်လား ???

သံချဆေး ဆိုရင် တော်တော်များများက လန့်သွားတတ်ကြပါတယ်။
🫣သံကောင်ကြီးတွေ ထွက်လာတာလား
😲မြင်နေရတာလား ဆိုပြီး အမြဲ မေးတတ်ကြပါတယ်။
ပထမဆုံးပြောချင်တာကတော့ မကြောက်ပါနဲ့နော်။ အကောင်လည်း မမြင်ရသလို တွန့်တွန့်လိမ်လိမ်လည်း မတွေ့ရပါဘူးရှင့်။

📍📍📍သံချဆေးအကြောင်း အနည်းအကျဉ်းတော့ သိထားသင့်လို့ စာလေးကို ဆုံးအောင် ဖတ်ပေးပါနော်။အကျိုးရှိရင် ဒီပိုစ့်လေးကို ပြန်ပြီး မျှဝေပေးစေချင်ပါတယ်။

⚠️သံချဆေးကို ဘယ်အချိန်မှာ သောက်ရမလဲ ?
🔼သံချဆေးသောက်ဖို့ဆိုရင် အစာမရှိတဲ့အချိန်
မနက်ပိုင်းမှာ သောက်သင့်ပါတယ်။ည အိပ်ယာဝင်လည်း သောက်လို့ရပါတယ်။ ဒါမှသာ ဆေးက သံကောင်ကို တိုက်ရိုက်သက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

⚠️သံချဆေးကိုဘယ်လိုဝယ်ရမလဲ ?
🔼သံချဆေးကို ဈေးကွက်ထဲမှာ Albendazole နဲ့ Mebendazole ဆိုပြီး ရှိပါတယ်။ လက်လှမ်းမှီရာ ဝယ်ယူလို့ရပါတယ်။

⚠️သံချဆေးကို ဘယ်လောက် သောက်ရမှာလဲ ?
🔼အသက် 2 နှစ် အထက်ဆိုရင် တစ်လုံး
အသက် 6 လကနေ 2 နှစ်အတွင်း ဆိုရင် ဆေးပြားဆိုရင် တခြမ်း သောက်နိုင်ပါတယ်။ ကလေးတွေ 1 နှစ်ကနေ 12-14 နှစ်ထိ Albendazole (သို့) Mebendazole တစ်မျိုးမျိုးကို တစ်နှစ်မှာ တကြိမ်ကနေ နှစ်ကြိမ်ထိ သံချပေးသင့်တယ်

⚠️သံချဆေးသောက်ရင် သတိထားသင့်တဲ့ အချက်တွေကရော ဘာတွေလဲ ?
🔼ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုသင့်ပါတယ်။
အသည်းမကောင်းရင်တော့ high dose မသောက်သင့်ပါဘူး။
ကိုယ်ဝန်တားဆေး OC pills တွေအပေါ် မှာတော့ သက်ရောက်မှုမရှိပါဘူး။
အတက်ရောဂါ ရှိရင် ကျောက်ကပ်မကောင်းရင် မသုံးသင့်ပါဘူး။
အာရုံကြောဆိုင်ရာပြဿနာရှိရင်လည်း သတိထားပြီး သုံးသင့်တယ်။

သံချဆေး သောက်ရင် ယာယီအားဖြင့်
သွေးထဲမှာ သွေးဆဲလ်ပမာဏကျသွားတာမျိုး ဖြစ်တတ်ပြီး Infection ဝင်လွယ်တတ်ပါတယ်။
platelets count နည်းသွားတတ်ပြီး သွေးကောင်းကောင်းမခဲတော့တာတွေ ဖြစ်တတ်ပါတယ်။
သွေးထွက်များစေတဲ့ risk ရှိတဲ့အတွက်
ပုံမှန်မဟုတ်တဲ့ သွေးထွက်တာမျိုး အညိုအမဲစွဲတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

10/11/2022

ရုတ်တရက် ဝမ်းပျက်ဝမ်းလျှော ဆိုရင်ဘာလုပ်မလဲ ???
-----------------------
(ဆရာဝန် အရောက်အပေါက်နည်းတဲ့ ဒေသကို ရောက်နေတဲ့သူတွေမှာ ရုတ်တရက် ဝမ်းပျက်ဝမ်းလျှော ဖြစ်လာရင် ယာယီကုသရန် ရည်ရွယ်ပါသည်***)

အဓိက ရေဓါတ်/ ဆားဓါတ် ပြန်ဖြည့်ပါ။
(ဝမ်းပျက်ဝမ်းလျှောမှာ သေတာအများစုက ရေဓါတ်/ဆားဓါတ်ခမ်းခြောက်တာ ကြောင့်ပါ)

၁. ဝမ်းလျှောပြီဆိုတာနဲ့ ဓါတ်ဆားထုပ်ကို ရေဖျော်သောက်ပါ။ သီးစုံဓါတ်ဆားထုပ်ထက် ဘီပီအိုင်ဓါတ်ဆားထုပ်သောက်ပါ။
(ချိုတဲ့ ဓါတ်ဆားထက် ငံတဲ့ဓါတ်ဆားက ပိုကောင်းပါတယ်)။

ရေ ဘယ်လောက်နဲ့ ဖျော်ရမလဲ ဆိုတာက ဓါတ်ဆားထုပ်တစ်ခုနဲ့ တစ်ခု မတူပါ။ အညွှန်းဖတ်ကြည့်ပါ။

(အလျင်လိုလျှင် မငံလွန်း မချိုလွန်း မပေါ့လွန်း အနေတော်လောက် ဖျော်လည်းရပါတယ်)

ဓါတ်ဆားထုပ်မရှိရင် ဆားနဲ့ သကြား အနေတော်ရောပြီး သောက်ပါ။ တခါတည်း မော့မချဘဲ၊ နည်းနည်း နဲ့ ခဏခဏ သောက်ပေးပါ။ *ရုတ်တရက် သောက်ချရင် ပျို့အန်တတ်ပါတယ်။

၂. ပမာဏ က ဝမ်းလျှောသလောက်သောက်ပါ။
(သွေးပေါင်တက်လေ့ရှိတဲ့သူတွေ ဂရုစိုက်ပါ၊ သွေးပေါင်တိုင်းပြီးမှ သောက်သင့်ပါတယ်၊ ဆားဓါတ်မလိုဘဲ ရေဓါတ်ပဲ လိုတာလည်း ရှိပါတယ်)

၃. သွားတဲ့ ဝမ်းက အရည်ကြီးပဲလား၊ အခဲလား၊ အရောလား ခွဲပါ။
အခဲဆိုရင် သိပ်စိတ်မပူပါနဲ့။ အကြိမ်အရေအတွက် ၃ ခေါက်လောက်က သိပ်ကိစ္စမရှိပါဘူး။

၄. အရည်နဲ့ အရောဖြစ်ပြီး အကြိမ်အရေအတွက် နည်းရင်လည်း စောင့်ကြည့်လိုက်ပါအုန်း။
(ဓါတ်ဆားရည်လောက်နဲ့ ပြန်ကောင်းသွားတတ်ပါတယ်)

၅. အရည်နဲ့ အရောဖြစ်ပြီး အကြိမ်အရေအတွက်များရင်တော့ သတိထားရပါမယ်။
အရည်က ဘာအရောင်လဲ - ဆန်စေးရည်လိုဖြူလား၊ မဲညစ်နေလား၊ အနံ့က ငါးညှီနံ့လိုဖြစ်လား၊? အကျိအချွဲတွေပါသေးလား? အန်သေးလား?
ဗိုက်ကောနာသေးလား? ဖျားလား? အစရှိတာတွေ တစ်ခုခု တွဲပါလာရင်တော့ ဆရာဝန်လိုလာပါပြီ။
ပိုးသတ်ဆေး လိုကောင်းလိုလာနိုင်ပါတယ်။

၆. အဲလိုအချိန်မှာ ဝမ်းပိတ်ဆေး လုံးဝ(လုံးဝ) မသောက်ရပါ။ ပို ဒုက္ခရောက်တတ်ပါတယ်။
(ပိုးသတ်ဆေး သောက်ပြီး နေ့တစ်ဝက်လောက်ကြာမှ ဝမ်းပိတ်ဆေးပေးတာ ပိုကောင်းပါတယ်)

၇. ပုံမှန်ပေးလေ့ရှိတဲ့ ပိုးသတ်ဆေးက Ciprofloxacin 500 မီလီဂရမ် မနက် (၁) ည (၁) ကို ၅ ရက်ကနေ ၇ ရက်လောက်ထိ ပေးပါတယ်။ Metro (မက်ထရို) (သို့မဟုတ်) အလားတူဆေး Dazolic (Ornidazole) တွေကတော့ ရက်ရှည် ဝမ်းလျှောတဲ့သူတွေမှာ ပေါင်းထည့်လေ့ရှိပါတယ်၊

(*** ပိုးသတ်ဆေးတွေက ဆေးမတည့်တာဖြစ်နိုင်တဲ့ အပြင် ဝမ်းပျက်ဝမ်းလျှောတာတွေရဲ့ ၈၀ ရာနှုန်းကျော်လောက်က ပိုးသတ်ဆေး မလိုဘဲ ပြန်ကောင်းတတ်တာမလို့ ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားမှ သာ သောက်သင့်ပါတယ်၊ သောက်ဖူးနေကျ ဆိုရင်တော့ အရေးပေါ်အခြေအနေ တစ်ခုအတွက် ဆောင်ထားချင် ဆောင်ထားလို့ ရပါတယ်)

၈. ဗိုက်ရစ်ပြီး နာရင်လည်း အဲဒီအတွက် ဆေးပေးရပါမယ်။
အူတွေ ညှစ်တာ သက်သာအောင်ပါ။
သုံးလေ့ရှိတဲ့ ဆေးက Buscopan, Enterorest (Mebeverine), Spacovin (Drotaverine), Onium တစ်ခုခု ပေးပါတယ်။

၉. ဝမ်းလျှောတာကြောင့် အူနံရံတွေ ပျက်ဆီးပါတယ်။ ပြန်ကောင်းတာ မြန်အောင်လို့ ဆိုပြီး ဇင့်ဓါတ် (Zinc) ပါတဲ့ အားဆေးပြန်ပေးတတ်ပါတယ်။ ဥပမာ - Becozinc, ZincoVit

၁၀. အူထဲက ကောင်းတဲ့ ဘက်တီးရီးယားတွေ ပြန်ရှင်သန်အောင်လို့ ဆိုပြီး ပရိုဘိုင်အိုးတစ် (Probiotics)၊ ဒိန်ချဥ်မှာ ပါလေ့ရှိတဲ့ ဘက်တီးရီးယားတွေ ပြန်ပေးလေ့ရှိပါတယ်။ ရက်ရှည်ဝမ်းလျှောတဲ့ သူတွေမှာ ပို အသုံးဝင်ပါတယ်။ (ပြဿနာက စျေးကြီးပြီး ဖြည့်စွက်စာ သဘောမျိုးဆိုတော့ ရုတ်တရက်ဝမ်းလျှောတဲ့ သူတွေမှာ အဲဒီအကြောင်းကို ခဏမေ့ထားလိုက်ပါ)

သတိထားရန် အချက်များ - ယင်နားစာ၊ မကျက်တကျက်အစာများ၊ ပူရုံလေးပဲ နွှေးသောအစားအသောက်များ၊ ရှောင်ပါ။
ဝမ်းလျှောတာ များပြီး ပါးစပ်က ဓါတ်ဆားမဝင်ရင် ပုလင်းချိတ်ဖို့ နီးစပ်ရာ တတ်ကျွမ်းတဲ့သူဆီပြေးပါ။

မှတ်ချက် - ရုတ်တရက် ခေတ္တခဏ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူတွေ အတွက်သာ ရည်ရွယ်တာဖြစ်လို့ ကာလရှည်ကြာ မကြာခဏ ဝမ်းပျက်ဝမ်းလျှောရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ နံပါတ် (၁) ကနေ (၅) ထိ ကတော့ မည်သည့် ဝမ်းပျက်ဝမ်းလျှောမှာမဆို အသုံးဝင်ပါတယ်။

*** လူသူအရောက်အပေါက်နည်းတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းပါ မကောင်းတော့မှန်း သိပါတယ်။ ဒါပေမယ့် တတ်နိုင်သလောက်
နှမ်းတစ်စေ့ပဲ ဖြစ်ဖြစ် ကူညီရန် ရည်ရွယ်ပါတယ်

Dr. Kevin
M.B.,B.S, MRCP (UK)

06/11/2022

🩸 ဆီးချိုကတက်နေတာလား? ကျနေတာလား? ဘယ်လိုသိနိုင်မလဲ? 🩸

🌎 ခုဆိုရင် တစ်ကမ္ဘာလုံးမှာ ဆီးချိုဝေဒနာကို ခံစားနေရတဲ့လူတွေအရမ်းများပြားလာပါတယ်....ခန္တာကိုယ်ရဲ့သွေးအတွင်းမှာသကြားဓါတ်များခြင်းကြောင့် ဖြစ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်..

🩸သွေးထဲက သကြားဓါတ်တွေ အရမ်းတက်လာတဲ့အခါ စိုးရိမ်ရသလို ရုတ်တရက်ကျသွားတဲ့အခါမှာလဲ စိုးရိမ်ရပါတယ် .. သွေးထဲမှာ သကြားဓါတ်ကို အတက်လွန်ခြင်း အကျလွန်ခြင်း မရှိစေရန် မလျှော့မတင်းပုံမှန်အတိုင်း အမြဲထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်

👉🏻များသောအားဖြင့် လူတွေက ဆီးချိုနဲ့ပတ်သတ်တဲ့ ရောဂါလကဏာတခုခုဖြစ်လာပီဆိုရင် ဆီးချိုတက်တယ်ထင်ပီး ဆေးတွေ ပိုသောက်မိတတ်ကြပါတယ် . 😔 တခါတလေမှာ ဆီးချိုတက်တာ မဟုတ်ပဲ ကျ တာလဲဖြစ်နိုင်ပါတယ်

ဥပမာ … အစားအလွန်အကျွံနည်းခြင်း၊ မိမိသောက်သုံးရတဲ့ ဆီးချိုကျဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ဆီးချို ဝေဒနာရှင်ဟာ ဆိီးချို ကျခြင်းကိုလဲခံစားရပါတယ်

🛎 အဲ့ဒါကြောင့်ဆီးချို တက်ခြင်း နှင့် ဆီးချိုကျခြင်း လက္ခဏာများကို ခွဲခြားခြင်းသိစေရန် မျှဝေလိုက်ပါတယ်

📌ဆီးချို”တက်”ရင် ကြုံတွေ့တတ်သည့် လက္ခဏာများ

၁- ပုံမှန်ထက် ရေငတ်ခြင်း

၂- ဆီးခဏ ခဏ သွားခြင်း (အထူးသဖြင့် ညဘက်)

၃ - အနာဒဏ်ရာများ အကျက်နှေးခြင်း

၄ - အမြင်အာရုံများ ဝေဝါးလာခြင်း

၅ - အစာလွယ်ခြင်း

၆ - ရုတ်တရက် ကိုယ်အလေးချိန်လျော့ကျခြင်း

📌ဆီးချို “ကျ” ရင် ကြုံတွေ့တတ်သည့် လက္ခဏာများ

၁ - လက်များတုန်ခြင်း

၂ - ချွေးစေးများပျံခြင်း

၃ - မူးမော်ခြင်း

၄ - ရုတ်တရက် ကယောင်ကတမ်းဖြစ်ခြင်း

၅ - ပင်ပန်းနွမ်းနယ်လွယ်ခြင်း

၆ - ခေါင်းကိုက်ခြင်း

⚠️ မှတ်ချက် - အမှန်အကန်အတိကျဆုံးကတော့ ဆီးချိုတိုင်းစက်ကိ၇ိယာဖြင့် သွေးဖောက်စစ်ခြင်း ဖြစ်ပါတယ်

🌈စောစီးစွာ သိရှိထားခြင်းအားဖြင့် နာတာရှည် ဆီးချိုဝေဒနာခံစားခြင်းက ကင်းလွတ်အောင် ကုသနိုင်ပါတယ်

အားလုံး ကျန်းမာချမ်းသာ ရောဂါဝေဒနာကင်းရှင်းကြပါစေရှင်

With 💞
#ဆီးချို

28/10/2022

သိထားသင့်တဲ့ အပေါ်သွေး အောက်သွေးအကြောင်း👈
---------------
သွေးကျဆေးမှန်မှန်မသောက်ရင်ဘာဖြစ်မလဲ၊ သွေးကျဆေးစွဲသောက်ရင်ကျောက်ကပ်ပျက်လားဆိုတဲ့ အမေးများနေလို့ ဖတ်ကြည့်စေချင်လို့ပါ

အယူမှန်ကန်..
ရောဂါဒဏ်..
အမြန်ကင်းဝေး..
ကျန်းမာရေး..

"သွေးတိုးရောဂါကို သဘောပေါက်စေချင်တယ်"
"သွေးကျဆေးမှန်မှန်သောက်သင့်တယ်ဆိုတာကိုလည်းအမြင်မှန်ရစေချင်တယ်"
************************

အမည်.........
အသက်..၆၈..နှစ်..

ခေါင်းတအားမူး..
တအားမောနေတဲ့အပြင်..
ရင်ဘတ်ထဲဆို့ကြပ်နေလို့..

ဆေးခန်းရောက်လာပါတယ်..

သွေးအချိုဓာတ်..
သွေးတွင်းအောက်စီဂျင်ရာခိုင်နှုန်း..
သွေးခုန်နှုန်းတွေ..ပုံမှန်ပါပဲ..

သွေးပေါင်ချိန်ကတော့..
190/110 mmHg..
ရှိသင့်ရှိထိုက်တာထက်..
အလွန်မြင့်တက်နေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယခုနောက်ဆုံး..
WHO..World Health Organization..
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမှန်လို့..
သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ECG..ဆွဲကြည့်တော့..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးကြီးနေတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးတက်နေတာမသိဘူးလား..
သွေးပေါင်မချိန်ကြည့်ဘူးလား မေးတော့..

သိတယ်တဲ့..
မကြာခဏလည်းချိန်ကြည့်တယ်တဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒါဖြင့်..
သွေးကျဆေးမှန်မှန်မသောက်ဘူးလား..မေးတော့..

©သွေးတက်မှသောက်တာတဲ့..

ဘာလို့..
သွေးတက်မှသောက်တာတုန်းဆိုတော့..

©သွေးနည်းသွားမှာစိုးလို့တဲ့..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ပြောကြလို့..
ကြာကြာစွဲမသောက်ရဲလို့..
မသောက်ဘူးတဲ့..

©သွေးတက်မှာစိုးလို့..
အားဆေးလည်း..
မသောက်ရဲဘူးတဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အယူအဆမှားတွေ..
အယူအဆမှားတွေ..
......... လို အယူအဆမှားတွေကို..
အမှန်ယူပြီး..
သွေးတိုးရောဂါရှိနေပါလျက်..
ဆေးမှန်မှန်မသောက်ပဲ..
ရောဂါဆိုးရွားနေတဲ့လူတွေ..
ဘယ်လောက်များနေပြီလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်..
သွေးဖိအားတက်..
သွေးတိုးနေရင်..

သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ..
တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

©အားဆေးသောက်ရင်..
အားဆေးထိုးရင်..
သွေးမတက်ပါ..
ဘာမှမဆိုင်ပါ..
****************************

​Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..

နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ..
သွေးလွှတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..
ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..

Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..
တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့..
Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..
သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား..
မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..
များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..
ဆန့်ထွက်အားလျော့..
မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်..
လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..
ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..
နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..
ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..​
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..

*****အယူအဆမမှားရန်ထပ်မံ..
အသိပေးပါတယ်..
*****သွေးတက်တယ်ဆိုတာ..
သွေးများနေတာမဟုတ်ပါ..
*****သွေးကြောဖိအားတက်နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့..
တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..

နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..
ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..
ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..

*****သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

©Heart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

မျက်ခွံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°°

©သွေးတိုးတယ်ဆိုတာ..
သွေးတွေများလာတာမဟုတ်ပါ..
သွေးကြောများရဲ့..
ဖိအားတွန်းအား..တိုးနေများနေတာပါ..

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

©သွေးကျဆေးသည်..
ခန္ဓာကိုယ်ထဲကရှိနေတဲ့သွေးတွေ..
နည်းသွားစေတာမဟုတ်ပါ..
ရှိနေတဲ့သွေးနဲ့ဘာမှမသက်ဆိုင်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးကျဆေးသည်..

©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..

Crd, မေတ္တာဖြင့်..
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်
ဆမ..၁၁၀၀၈..

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည် ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

မ/ဥ မြို့နယ် ၊ ရွှေပေါက္ကံ
Yangon

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)