Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု

Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု

မိမိအမျိုးထဲဆရာ၀န်တစ်ယောက်ရှိနေသက?

16/11/2023

အသက် 95 နှစ် သက်ရှည်ဖွားဖွားအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးရလို့ ဂုဏ်ယူပါတယ်။

အရေးပေါ်အခြေအနေဖြစ်လာပြီဆို Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု ကိုသတိရလိုက်ပါ။

သင့်အတွက် အမြဲအဆင်သင့် Doctor Home Visit

09965355562
09770966627

24/09/2023

Viral Conjunctivitis (Pink Eye)

မျက်စိနာခြင်းအကြောင်းအရင်းတွေအများကြီးရှိတဲ့အထဲမှအခုအချိန်မှာ အဖြစ်များနေကြတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်စိနာခြင်းအကြောင်းကိုပြောပြသွားပါမယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့မျက်စိနာခြင်းဟာဆိုရင် တခြားသူတွေနဲ့အနီးကပ်နေရာမှ တစ်ဆင့်ကူးစက်ခံရပြီး ကိုယ့်ဆီမှလည်း တခြားသူတွေထံသို့ ကူးစက်နိုင်ပါတယ်။နောက်ပြီး မသန့်ရှင်းတဲ့မျက်ကပ်မှန်တွေ တပ်ဆင်ရာမှလည်း မျက်စိနာခြင်းကိုဖြစ်ပေါ်စေတတ်ပါတယ်။နောက်ပြီး မျက်စိနာခြင်းကို တစ်နည်းအားဖြင့် မျက်ကြည်လွှာရောင်ရမ်းဟုလည်းခေါ်ပါတယ်။ အဖြစ်အများဆုံးကတော့ကလေးတွေဆီမှာ ဖြစ်တတ်ပါတယ်။မျက်စိနာခြင်းရဲ့အဓိကလက္ခဏာတွေကတော့
-မျက်လုံးယားခြင်း
-မျက်လုံးပူခြင်း
-အလင်းဒဏ်မခံနိုင်ခြင်း
-မျက်ရည်များတရွဲရွဲဖြစ်နေခြင်း
-မျက်ခွံအတွင်းပိုင်းရောင်းခြင်းတို့ပဲဖြစ်ပါတယ်။

သက်သာစေသောနည်းလမ်းများ

-ပိုးသတ်ဆေးပါသောမျက်စဥ်းများ (ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ)

-ရောင်ရမ်းခြင်းသက်သာစေရန် ရေနွေးဝတ်ကပ်ပေးရန်

-Saline ဖြင့် မျက်လုံးကို ဆေးပေးနိုင်ပါတယ်။

12/08/2023

ဆရာဝန်ပင့်ပြီဆို ဘာတွေအခက်အခဲရှိလဲ။ 🤷‍♂️

-ဘိုကင်တွေကြိုယူရတာ။ အရေးပေါ်အတွက် တောင်ဘိုကင်တစ်ရက်ကြိုတင်နေရတာ။
-ဆရာဝန်လာကြည့်သွားလဲ သွေးဖောက်၊ ဓာတ်မှန်၊ အယ်ထရာဆောင်းအတွက် တခြားဝန်ဆောင်မှုတွေနဲ့ထပ် ချိတ်ဆက်ရတာ၊ အချိတ်အဆက်မမိတာ။
-ချွဲစုပ်စက်၊ Nebuliser၊ အောက်စီဂျင်အိုး အစရှိတာတွေ ငှားရမ်းဖို့ထပ်ရှာဖွေရတာ။
-ညရေးညတာအတွက် ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုရှားပါးတာ။

အခုတော့ မခက်ခဲတော့ပါဘူး။

All in one ရနိုင်တဲ့ နေ့နေ့ညည ကူညီပေးနိုင်ဖို့ဆို Doctor Home Visitနဲ့ဆက်သွယ်လိုက်ပါ။

-နှစ်နာရီအတွင်းအရောက်လာပေးတဲ့ ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု
-ECG/Xray/Ultrasound /Doppler အိမ်အရောက်ဝန်ဆောင်မှုအတွက်အထူးလျှော့စျေးများ
-အထူးကုဆရာဝန်များ အိမ်ပင့်ဝန်ဆောင်မှု
-အိမ်အရောက် သွေးဖောက် ဓာတ်ခွဲခန်းပို့သော ဝန်ဆောင်မှုများ
-၂၄နာရီ ဘိုကင်တင်လို့ရတဲ့ 24hour hot line ဝန်ဆောင်မှုများ

*All in one in one day service*

ကျန်းမာရေးအတွက် အချိန်ကုန် လူပင်ပန်းခံရတာတွေ မရှိသင့်တော့ပါဘူး။

လူကြီးမင်းများက အိမ်မှာသာနေပါ။
Doctor Home Visit ကသင့်ဆီအရောက်လာခဲ့ပါမယ်။

စျေးနှုန်းအသေးစိတ်စုံစမ်းရန် 09965355562/09770966627

24hour Hot line - 09883000206/09883000207

#ဆရာဝန်
#အိမ်ပင့်

29/06/2023
Photos from Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု's post 27/06/2023

မိုးတွေရွာလာပြီ ။
လူကြီးတွေ ဖျားနေတယ် ။
ဆေးခန်း ဘယ်လိုသွားရမလဲ။
မပူနဲ့ ဒေါက်တာတို့ အိမ်လာပေးပါမယ်။

ကလေးက အဖျားအရမ်းတက်နေတယ်။ ဘယ်လိုလုပ်ရမလဲ။ လူခွဲမရှိဘူး။
မပူနဲ့ ဒေါက်တာတို့အိမ်လာပေးပါ့မယ်။

ရန်ကုန်မြို့တွင်းမြို့နယ်အလိုက် 2015ခုနှစ် မှ စတင်ပြီး ရှစ်နှစ်ကျော်ဝန်ဆောင်မှုပေးလာတဲ့ ဆေးရုံဆေးခန်း အခြေစိုက် အိမ်ပင့်ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။

စျေးနှုန်းတွေကလဲ မြို့နယ်အလိုက်အထူးသက်သာအောင်ဆောင်ရွက်ထားတာမို့ (25000+30000+35000 အပေါင်းဆေးဖိုး) သာ ကုန်ကျမှာဖြစ်ပါတယ်။

အရေးပေါ် နှလုံး ECG / အယ်ထရာဆောင်း/ အရိုးဓာတ်မှန်/ ရင်ဘတ်ဓာတ်မှန်/ Doppler ultrasound နှင့် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများကိုပါ အိမ်အရောက်ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။

မနက် 4 နာရီမှ ည 11 နာရီအထိ အိမ်ပင့်ဝန်ဆောင်မှု အချိန်လေး တိုးမြှင့်ထားတာကြောင့် ညရေးညတာ ပါစိတ်ချစေရမှာဖြစ်ပါတယ်။
(ဖျားနာလူနာတွေများတဲ့အတွက် ဘိုကင်လေးကြိုတင်ပေးဖို့တော့လိုမယ်နော်)

အရေးပေါ်လူနာများအတွက် နှစ်နာရီအတွင်းအရောက်လာပေးတဲ့ အိမ်ပင့်ဝန်ဆောင်မှုပေးနိုင်တဲ့ ရန်ကုန်မြို့အတွင်းက တစ်ခုတည်းသော ဆေးခန်းဖြစ်ပါတယ်။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက 09965355562/ 09770966627 ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်။

#ဆရာဝန်အိမ်ပင့်

27/06/2023

ဒီလိုတွေ လုပ်လို့မှ အဖျားမကျဘူးဆို မနက် (4) နာရီကနေ ည (11) နာရီအထိ ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုပေးတဲ့ Doctor Home Visit ကိုဆက်သွယ်လိုက်ပါ။

ဘိုကင်လေးကြိုယူပေးရင် နှစ်နာရီအတွင်း အိမ်အရောက်လာပေးပါ့မယ်ဗျ။

ဆက်သွယ်ရန် 09965355562/ 09770966627
Royal Thukha Condo၊ ဓမ္မသုခကျောင်းလမ်း၊ လှိုင်မြို့နယ် ရန်ကုန်မြို့။

Photos from Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု's post 01/06/2023

ကျွန်တော်တို့ဘဝမှာ ကွက်လပ်ပေါင်းများစွာရှိပါတယ်။

🔶စားဝတ်နေရေး
🔶ပေါင်းသင်းဆက်ဆံရေး
🔶ကျန်းမာရေး
🔶ပညာရေး

ရှိနေတဲ့ ကွက်လပ်လေးတွေအတွက် ပြည့်စုံဖို့ အမြဲကြိုးစားရတယ်။

ကျန်းမာရေးအတွက် ကွက်လပ်တစ်ခုကတော့ နေ့အခါ ဆရာဝန်များစွာ ဆေးခန်းများစွာရှိပေမဲ့ ညအခါ ညရေးညတာ ကျန်းမာရေးမကောင်းရင် ဘယ်ကို ပြေးရမယ်မသိတာပါပဲ။

လူအများရဲ့ ကျန်းမာရေးကွက်လပ်ကိုဖြည့်ဖို့ Doctor Home Visit ရဲ့ အရေးပေါ် ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုရှိပါတယ်။

🔜 မနက် 4နာရီမှ ည 11နာရီအထိ

🔜Booking တင်ပြီးတာနဲ့ နှစ်နာရီအတွင်း အရောက်လာပေးမဲ့ ကုသမှုအတွက် စိတ်ချရတဲ့ ဝါရင့်ဆရာဝန်ကြီးများနှင့် သူနာပြုများ

🔜နှလုံး အီးစီဂျီ၊ အယ်ထရာဆောင်း၊ ဓာတ်မှန်၊ Doppler အယ်ထရာဆောင်း အိမ်အရောက်ဝန်ဆောင်မှု

*အဖိုးနှုန်းသင့်တင့် ကျွမ်းကျင်စိတ်ချ ယုံကြည်ရ* ဆိုတာ Doctor Home Visit ရဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် ပူပန်နေရတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ပါရစေ။

ဆက်သွယ်ရန်- 09965355562/ 09770966627
Royal Thukha Condo ၊ ဓမ္မသုခကျောင်းလမ်း၊ လှိုင်မြို့နယ် ရန်ကုန်မြို့။

28/05/2023

Fracture Neck of Femur

အသက်ကြီးသူတွေ အထူးသဖြင့် အမျိုးသမီးများ ချော်လဲရင် ပေါင်ရိုးကျိုးမှာ စိတ်ပူရပါတယ်။

အသက်ကြီးသူများအတွက် အိမ်အရောက် ဓာတ်မှန်ဝန်ဆောင်မှုကို ရယူဖို့ 09965355562/09770966627 ကိုဆက်သွယ်လိုက်ပါ။

ဘိုကင်တင်ပြီး ၂၄နာရီအတွင်း အိမ်အရောက်ဓာတ်မှန်ဝန်ဆောင်မှုရရှိမှာဖြစ်ပါတယ်။

#ဓာတ်မှန်

14/05/2023

မေမေရေ ----
ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဆက်ရှိနေပေးပါ။
မြေးတွေနဲ့အတူ အဖေကြီးနဲ့အတူ သမီးတို့ သားတို့နဲ့အတူ

မေမေ---- လို့ခေါ်ရင် ပြန်ထူးတတ်တဲ့အသံလေးအမြဲကြားချင်လို့ပါ။ မေမေ့လက်ရာတွေ စားမဝသေးလို့ပါ။ အိမ်ပြန်ရောက်တိုင်း မေမေ့မျက်နှာပဲ ကြည့်မဝသေးလို့ပါ။

ကျန်းမာစွာ ရှိနေပေးပါမေမေ ။

မေမေ မမှတ်မိတဲ့ အမှတ်တရတွေ ရှိကောင်းရှိနိုင်ပေမဲ့
ဒီအတိုင်းလေး ပြုံးနေပေးရင်ကို မိသားစုရတနာပါပဲ မေမေရေ။

Photos from Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု's post 13/05/2023

မိုးတွေရွာလာပြီ ။
လူကြီးတွေ ဖျားနေတယ် ။
ဆေးခန်း ဘယ်လိုသွားရမလဲ။
မပူနဲ့ ဒေါက်တာတို့ အိမ်လာပေးပါမယ်။

ကိုဗစ်တွေ ဖြစ်နေတယ် ။
ဆေးရုံဆေးခန်းသွားလို့ ပိုးကူးလာရင် ဘယ်လိုလုပ်မလဲ။
မပူနဲ့ ဒေါက်တာတို့ အိမ်လာပေးပါမယ်။

ကလေးက အဖျားအရမ်းတက်နေတယ်။ ဘယ်လိုလုပ်ရမလဲ။ လူခွဲမရှိဘူး။
မပူနဲ့ ဒေါက်တာတို့အိမ်လာပေးပါ့မယ်။

ရန်ကုန်မြို့တွင်းမြို့နယ်အလိုက် 2015ခုနှစ် မှ စတင်ပြီး ရှစ်နှစ်ကျော်ဝန်ဆောင်မှုပေးလာတဲ့ ဆေးရုံဆေးခန်း အခြေစိုက် အိမ်ပင့်ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။

စျေးနှုန်းတွေကလဲ မြို့နယ်အလိုက်အထူးသက်သာအောင်ဆောင်ရွက်ထားတာမို့ (25000+30000+35000 အပေါင်းဆေးဖိုး) သာ ကုန်ကျမှာဖြစ်ပါတယ်။

အရေးပေါ် နှလုံး ECG / အယ်ထရာဆောင်း/ အရိုးဓာတ်မှန်/ ရင်ဘတ်ဓာတ်မှန်/ Doppler ultrasound နှင့် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများကိုပါ အိမ်အရောက်ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။

မနက် 4 နာရီမှ ည 11 နာရီအထိ အိမ်ပင့်ဝန်ဆောင်မှု အချိန်လေး တိုးမြှင့်ထားတာကြောင့် ညရေးညတာ ပါစိတ်ချစေရမှာဖြစ်ပါတယ်။
(ဖျားနာလူနာတွေများတဲ့အတွက် ဘိုကင်လေးကြိုတင်ပေးဖို့တော့လိုမယ်နော်)

အရေးပေါ်လူနာများအတွက် နှစ်နာရီအတွင်းအရောက်လာပေးတဲ့ အိမ်ပင့်ဝန်ဆောင်မှုပေးနိုင်တဲ့ ရန်ကုန်မြို့အတွင်းက တစ်ခုတည်းသော ဆေးခန်းဖြစ်ပါတယ်။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက 09965355562/ 09770966627 ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်။

#ဆရာဝန်အိမ်ပင့်

24/04/2023

အသက်ကြီးရင် နောင်တရမိတတ်သော အရာများ

22/04/2023

ညရေးညတာကျန်းမာရေးဝန်ဆောင်မှုတွေက ဘာကြောင့်အရေးကြီးလဲ။

အပ်နဲ့ထွင်းရမှာတွေ ပုဆိန်နဲ့ပေါက်ရတဲ့ အဖြစ်မျိုး မရောက်အောင် ထိန်းပေးနိုင်လို့ပါ။

ဆရာရေ လူနာက ဆေးရုံဆင်းလာတာတစ်ရက်ပဲရှိသေးတယ် ညအချိန်မတော်မှ နှာခေါင်းပိုက်ဆွဲ ဖြုတ်လိုက်ပြန်ပြီ လုပ်ပါဦး ဆေးတွေမဝင်လို့မဖြစ်ဘူးဆိုတဲ့ ပြဿနာတွေ

အမေက ရင်အရမ်းကြပ်နေတယ် ဒီအချိန် ဆေးခန်းပို့ဖို့ လူရော ကားရောအဆင်မပြေဘူး လာကြည့်ပေးပါ မြန်မြန်လေး ဆိုတဲ့ ပြဿနာတွေ

သွေးတွေ အရမ်းတိုးနေတယ် Losartan 50 သောက်ထားတယ် ဆရာမ မလာနိုင်ရင် ထပ်သောက်လိုက်ရမလားဆိုတဲ့ ပြဿနာတွေ

ညအချိန်မတော် အဖျားကြီးနေပါတယ် ဆေးခန်းတွေ ပိတ်ပြီဆိုတဲ့ပြဿနာတွေ

ကျန်းမာရေးပြဿနာဆိုတာ နေ့ရယ်ညရယ်မရွေးဖြစ်ပေါ်တတ်လို့ Dr Home Visit ရဲ့ After Hour Medical Service က နှစ်နာရီအတွင်းအရောက်လာပေးမဲ့ အိမ်ပင့်ဝန်ဆောင်မှုတွေ ထပ်တိုးထားတာဖြစ်ပါတယ်။

အရေးပေါ် ဓာတ်မှန်/ နှလုံးအီးစီဂျီနှင့် အယ်ထရာဆောင်း အိမ်အရောက်ဝန်ဆောင်မှုတွေပါ ရရှိနိုင်အောင်စီစဥ်ထားလို့ သွေးတိုးနှလုံးဆီးချို အရေးပေါ်ကျန်းမာရေးပြသနာတွေအတွက် တိကျတဲ့ ကုသမှုကို မြန်မြန်ရရှိစေမှာဖြစ်ပါတယ်။

မနက် 4 နာရီမှ စတင်ကာ ည 11နာရီအတွင်း ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။ လူတိုင်း အဆင်ပြေနိုင်မဲ့ ဝန်ဆောင်ခနဲ့ စီစဥ်ထားလို့ မြို့နယ်အလိုက် 25000/30000/35000 အပေါင်းဆေးဖိုးသာကျသင့်မှာဖြစ်ပါတယ်။
ဆက်သွယ်ရန် 09965355562/09770966627
#ဆရာဝန်အိမ်ပင့်

09/03/2023

ညရေးညတာကျန်းမာရေးဝန်ဆောင်မှုတွေက ဘာကြောင့်အရေးကြီးလဲ။

အပ်နဲ့ထွင်းရမှာတွေ ပုဆိန်နဲ့ပေါက်ရတဲ့ အဖြစ်မျိုး မရောက်အောင် ထိန်းပေးနိုင်လို့ပါ။

ဆရာရေ လူနာက ဆေးရုံဆင်းလာတာတစ်ရက်ပဲရှိသေးတယ် ညအချိန်မတော်မှ နှာခေါင်းပိုက်ဆွဲ ဖြုတ်လိုက်ပြန်ပြီ လုပ်ပါဦး ဆေးတွေမဝင်လို့မဖြစ်ဘူးဆိုတဲ့ ပြဿနာတွေ

အမေက ရင်အရမ်းကြပ်နေတယ် ဒီအချိန် ဆေးခန်းပို့ဖို့ လူရော ကားရောအဆင်မပြေဘူး လာကြည့်ပေးပါ မြန်မြန်လေး ဆိုတဲ့ ပြဿနာတွေ

သွေးတွေ အရမ်းတိုးနေတယ် Losartan 50 သောက်ထားတယ် ဆရာမ မလာနိုင်ရင် ထပ်သောက်လိုက်ရမလားဆိုတဲ့ ပြဿနာတွေ

ညအချိန်မတော် အဖျားကြီးနေပါတယ် ဆေးခန်းတွေ ပိတ်ပြီဆိုတဲ့တွေ

ကျန်းမာရေးပြဿနာဆိုတာ နေ့ရယ်ညရယ်မရွေးဖြစ်ပေါ်တတ်လို့ Dr Home Visit ရဲ့ After Hour Medical Service က နှစ်နာရီအတွင်းအရောက်လာပေးမဲ့ အိမ်ပင့်ဝန်ဆောင်မှုတွေ ထပ်တိုးထားတာဖြစ်ပါတယ်။

အရေးပေါ် ဓာတ်မှန်/ နှလုံးအီးစီဂျီနှင့် အယ်ထရာဆောင်း အိမ်အရောက်ဝန်ဆောင်မှုတွေပါ ရရှိနိုင်အောင်စီစဥ်ထားလို့ သွေးတိုးနှလုံးဆီးချို အရေးပေါ်ကျန်းမာရေးပြသနာတွေအတွက် တိကျတဲ့ ကုသမှုကို မြန်မြန်ရရှိစေမှာဖြစ်ပါတယ်။

မနက် 4 နာရီမှ စတင်ကာ ည 11နာရီအတွင်း ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။ လူတိုင်း အဆင်ပြေနိုင်မဲ့ ဝန်ဆောင်ခနဲ့ စီစဥ်ထားလို့ မြို့နယ်အလိုက် 25000/30000/35000 အပေါင်းဆေးဖိုးသာကျသင့်မှာဖြစ်ပါတယ်။
ဆက်သွယ်ရန် 09965355562/09770966627
#ဆရာဝန်အိမ်ပင့်

04/03/2023

မှန်ကန်သော စောင့်ရှောက်မှုပေးခြင်းဖြင့် ဘိုးဘိုးဖွားဖွားတွေ ခံစားနေရတဲ့ သောကတွေကို လျော့နည်းစေမယ်။

ကုန်ဆုံးတော့မဲ့ သက်တမ်းကို စောင့်မျှော်နေရတဲ့ နေ့ရက်တွေဟာ ရှည်ကြာလွန်းပြီး ကြောက်ဖို့ကောင်းပါတယ်။ ထို့အတွက် ရလာတဲ့သောကတွေကို ဝေမျှပေးဖို့ နှစ်သိမ့်ပေးဖို့ လိုပါတယ်။

ကျန်ရှိနေတဲ့ သက်တမ်းကို အေးချမ်းစွာ ပျော်ရွင်စွာ ကုန်ဆုံးစေဖို့အရေးကြီးတယ်။

04/03/2023

သက်ကြီးရွယ်အိုသက်ကြီးရွယ်အို မိဘဆွေမျိုးတွေကို တန်ဖိုးထားပါ။

အခုလက်ရှိ ကိုယ့်ရဲ့ ဘဝဆိုတာ သူတို့ဆီက လာတာ။
သူတို့ဟာ သင်စိတ်ကူးတောင်မယဥ်နိုင်တဲ့ အကျပ်အတည်းတွေကိုကျော်ဖြတ်ခဲ့ရပါတယ်။ ဘဝတစ်လျှောက်မြောက်မြားစွာသော အခက်အခဲများကို တစ်ယောက်တည်းကျော်ဖြတ်ခဲ့ပြီး တန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေကို လက်ဆင့်ကမ်းပေးတယ်။

သူတို့ လိုအပ်နေတဲ့အချိန်မှာ ဘေးမှာနေပေးပါ။
သူတို့က ဘဝအကြောင်းတွေပြောပြလိမ့်မယ်။ နားထောင်ပါ။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ဒီလမ်းတွေကို တစ်နေ့လျှောက်ရမှာမို့။

22/02/2023

သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးက ဘာလို့အရေးပါသလဲ။

နံပါတ် (၂) အချက်အနေနဲ့ကတော့ သက်ကြီးသူတွေဟာချူချာတယ်။

ကျမတို့ ခန္ဓာကိုယ်ကြီးကို နှစ်ပေါင်းများစွာ အသုံးပြုပြီးတဲ့နောက်မှာ ယိုယွင်းပျက်စီးမှုတွေက နေရာယူလာတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ လေငန်းဆိုတာ အနည်းနဲ့အများပါပဲ။

မျက်လုံးတွေလဲမကောင်းတော့ဘူး ချော်လဲလွယ်လာတယ်။

သွားတွေလဲ မကောင်းတော့ဘူး။ အစာနည်းလာတော့ အားနည်းလာတယ်။

အဲ့တော့ အခုလိုရောဂါတွေဆန်းပြားတဲ့ခေတ်ကာလမှာ ခဏခဏဖျားနာတာကနေ ပိုးဆိပ်တက်တာအထိဖြစ်နိုင်ပါတယ်။

အသက်ကြီးသူတွေက နုနယ်ပါတယ်။ ချူချာလာတယ်။ ကျမတို့ ပိုပြီး ဂရုစိုက်ပေးရမယ်။

22/02/2023

သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးက ဘာလို့အရေးပါသလဲ။

နံပါတ် (၁) အချက်ကတော့ ကျမတို့မိသားစုတွေကိုချစ်လို့။

ဟုတ်ပါတယ်။ ရိုးရိုးလေးပါပဲ။ ကျမတို့ချစ်တယ်။
ဖေဖေနဲ့ မေမေကိုချစ်တယ်။ ဘာမှ မလုပ်နိုင်ဘူးဆိုလဲ အိမ်ဦးခန်းမှာ ထိုင်နေရုံနဲ့ကို ကျေနပ်တယ်။

အလုပ်ကပြန်လာပြီဆို ဖေဖေမေမေ မျက်နှာလေးမြင်မှ ကျေနပ်သူတွေရှိလား။

ဖိုးဖိုးဖွားဖွားတွေရဲ့ မြေးလေးတွေကို ဆူငေါက်နေသံကလဲ ကျက်သရေရှိတယ်။

ဆူနိုင်သေးလို့ ကျေးဇူးတင်ပါတယ်လို့ပြောဖြစ်လား။

အသက်ရှည်ရှည်နေပေးပါ။❤❤

Photos from Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု's post 20/02/2023

ရန်ကုန်မြို့အတွင်းက နှစ်နာရီအတွင်း အိမ်ပင့်ဝန်ဆောင်မှုပေးနိုင်သော တစ်ခုတည်းသောဆေးခန်း။

သက်တမ်းဆယ်နှစ်ကျော်ဆေးခန်းတစ်ခုရဲ့ အိမ်ပင့်ဝန်ဆောင်မှုကို နှစ်နာရီအတွင်း ရယူလိုက်ပါ။

Good Review တွေနဲ့ စျေးနှုန်းသင့်တင့်တဲ့ Doctor Home Visit ဝန်ဆောင်မှုများကို ငွေကျပ်သုံးသောင်းကနေစတင်ပြီး ရန်ကုန်မြို့တွင်းမြို့နယ်အလိုက် one stop service ရယူနိုင်ပါပြီ။

ညရေးညတာကိစ္စရပ်များအတွက် မနက် 4နာရီကနေ ည 11နာရီအထိဝန်ဆောင်မှုပေးတာဖြစ်လို့ အလွန်အလွန်ကို အဆင်ပြေပါတယ်။

အသေးစိတ်စုံစမ်းလိုပါက
09965355562/09770966627 ကို ၂၄နာရီ ပိတ်ရက်မရှိဆက်သွယ်စုံစမ်းနိုင်ပါတယ်။

#အိမ်ပင့်ဆရာဝန်
#၂၄နာရီဆေးခန်း

19/02/2023

ညရေးညတာကျန်းမာရေးဝန်ဆောင်မှု

မိုးလင်းပိုင်း အချိန်ရှိတုန်း ကျန်းမာရေးပြသနာဖြစ်လာရင် သွားရောက်ကုသဖို့ ဆေးခန်းများပေါများသလိုပဲ လာရောက်ကုသပေးမဲ့ ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုများလဲပေါများပါတယ်။

ဒါပေမဲ့ ညမှောင်လာရင်ကော ---------------

ကျန်းမာရေးအခြေအနေဆိုတာ မနက်/ည မခွဲပဲ အချိန်မရွေးဖောက်ပြန်တတ်တာမို့ နေ့ည မရွေးအရေးပေါ်အခြေအနေတွေကို ကုသပေးမဲ့ ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုပဲဖြစ်ပါတယ်။

ဘာတွေ လုပ်ပေးမှာလဲ။
လူကြီးမင်းတို့ အိမ်သို့ ဆရာဝန်တစ်ယောက်နဲ့ သူနာပြုတစ်ယောက်က လာရောက်ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးမှာဖြစ်ပါတယ်။

ထို့အပြင် အရေးပေါ် နှလုံး ECG ဆွဲ ခြင်း၊ လိုအပ်ပါက အရေးပေါ်ဓာတ်မှန်ရိုက်ခြင်း၊ အရေးပေါ် သွေးစစ်ဆေးခြင်း အစရှိသည်တို့ကိုပါ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့လဲ မြို့နယ်အလိုက် အထူးသက်သာအောင်ဆောင်ရွက်ထားလို့ ဆေးခန်း Hot line 09965355562/ 09770966627 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဆေးဝါးစုံလင်စွာ ကုသပေးမှာဖြစ်လို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

နေ့ဘက်ပဲမဟုတ်ဘူးနော် ညဘက်တွေပါ ကျန်းမာရေးပြသနာပေါ်ပေါက်ခဲ့ရင် ကူညီပေးမဲ့ Doctor Home Visit ပါ။ မနက် 4နာရီမှ ည11 နာရီအထိ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။

လူကြီးမင်းတို့ညရေးညတာ စိတ်အေးစေဖို့ Doctor Home Visit ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုရှိတယ်နော်။

ဆက်သွယ်ရန် - 09965355562/09770966627

#ဆရာဝန်အိမ်ပင့်

Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု မိမိအမျိုးထဲဆရာ၀န်တစ်ယောက်ရှိနေသက?

16/02/2023

After Hour Medical Services

စျေးနှုန်းအနေနဲ့လဲ ​မြို့နယ်အလိုက် အထူးသက်သာအောင်ဆောင်ရွက်ထားလို့ ဆေးခန်း Hot line 09965355562/ 09770966627 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဆေးဝါးစုံလင်စွာ ကုသပေးမှာဖြစ်လို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

နေ့ဘက်ပဲမဟုတ်ဘူးနော် ညဘက်တွေပါ ကျန်းမာရေးပြသနာပေါ်ပေါက်ခဲ့ရင် ကူညီပေးမဲ့ Doctor Home Visit ပါ။

လူကြီးမင်းတို့ညရေးညတာ စိတ်အေးစေဖို့ Doctor Home Visit ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုရှိတယ်နော်။

ဆက်သွယ်ရန် - 09965355562/09770966627

#ဆရာဝန်အိမ်ပင့်

25/10/2022

Doctor Home Visit ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု
ငါးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် Digital Xray /Ultrasound အိမ်အရောက်ဝန်ဆောင်မှုများအတွက်

🔔20% Discount 🔔

ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

အသေးစိတ်စုံစမ်းရန်နှင့် ဆက်သွယ် Booking ယူရန်
09770966627
09965355562

12/10/2022

#သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး

အထူးကုဆရာဝန်ကြီးများနှင့် အိမ်အရောက်ကုသပေးပါတယ်။
since 2018

ဆက်သွယ်ရန် -09770966627/09965355562

29/03/2022

တုပ်ကွေးကာကွယ်ဆေးထိုးဖို့အရမ်းစောနေသလား ???
ဘာကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးသင့်သလဲ

ယခုဆိုရင် ကိုဗစ်ကူးစက်မှုနှုန်းတွေ တဖြည်းဖြည်းလျော့ကျလာပြီဖြစ်ပေမယ့် မကြာမီကာလမှာ တုပ်ကွေးရာသီကို တစ်ဖန်ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးကို ကိုယ်ခံစွမ်းအားနဲ့ ရင်ဆိုင်တိုက်ထုတ်ခဲ့ကြသလို မိုးတွင်းကာလမှာ ရောက်ရှိဖြစ်ပွားလာမယ့် ရာသီတုပ်ကွေးရောဂါအတွက်လည်း တုပ်ကွေးကာကွယ်ဆေးထိုးထားပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးကို အခုချိန်မှာထိုးထားသင့်ပြီလား။🤔

မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးအဖြစ်အများဆုံးကာလဟာ ဇွန်လမှအောက်တိုဘာလအတွင်းဖြစ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးဟာထိုးပြီး အနည်းဆုံး ၂ပတ်ခန့်အကြာမှာမှ ကိုယ်ခံအားလုံလောက်စွာထွက်ရှိပြီး ရာသီတုပ်ကွေးရောဂါပိုးကို တိုက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးဟာ ထိုးပြီး ၈လခန့်အထိ ကာကွယ်ပေးနိုင်တာကြောင့် တုပ်ကွေးကာလတစ်ခုလုံးအတွက် တစ်ကြိမ်သာထိုးဖို့လိုအပ်ပါတယ်။

အသက် ၆လမှ ၈နှစ်အတွင်း ကလေးငယ်တွေကတော့ တုပ်ကွေးကာကွယ်ဆေးကို ၄ပတ်ခြားပြီး နှစ်ကြိမ်ထိုးနှံပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်ကတည်းက ကာကွယ်ဆေးထိုးထားမယ်ဆိုရင် တုပ်ကွေးရာသီတစ်ခုလုံးအတွက် ကိုယ်ခံအားထွက်ရှိထားပြီးဖြစ်လို့ စိတ်ချစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်သူတွေထိုးသင့်လဲ။🤔

ပြင်းထန်ရာသီတုပ်ကွေးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ လူတိုင်းကာကွယ်ဆေးထိုးထားနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့်
အသက် ၆၀ အထက်လူကြီးတွေ၊
အသက် ၆လ အထက်ကလေးငယ်တွေ၊
ကျောင်းနေအရွယ်ကလေးတွေ၊
ကိုယ်ဝန်ဆောင်မိခင်တွေ၊
ကိုယ်ခံအားနည်းတတ်သူတွေ၊
သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါစတဲ့ရောဂါအခံရှိသူတွေ နဲ့ကျန်းမာရေးဝန်ထမ်းတွေကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးထားသင့်ပါတယ်။

ရာသီတုပ်ကွေးရောဂါရဲ့ ပြင်းထန်မှုအခြေအနေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ခံအားအနည်းအများပေါ်မူတည်တာဖြစ်လို့ ကိုယ်ခံအားလည်းနည်းနေပြီး ကာကွယ်ဆေးမထိုးထားမိရင် ပြင်းထန်ရာသီတုပ်ကွေးအဆင့်သို့ ကူးပြောင်းကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်တိုင်းထိုးပေးသင့်လား။🤔

ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ တစ်နှစ်နဲ့တစ်နှစ်ဗီဇအသွင်မတူဘဲ အမြဲပြောင်းလဲနေတတ်တာကြောင့် နှစ်တိုင်းရာသီတုပ်ကွေးကာလနီးလာရင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ မနှစ်ကထိုးထားခဲ့တဲ့ ကာကွယ်ဆေးဟာ ယခုနှစ် ရာသီတုပ်ကွေးပိုးအတွက် ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

ဘယ်လိုကာကွယ်ဆေးအမျိုးအစားကိုထိုးသင့်လဲ။🤔

အထိုးများတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးအမျိုးအစားတွေကတော့ Fluarix tetra , Vaxigrip tetra , Influvac tetra စတာတွေ ဖြစ်ပါတယ်။ Tetra ခေါ် လေးမျိုးစပ်ကာကွယ်ဆေးမျိုးဖြစ်တာကြောင့် H1N1, H3N2 တို့အပါအဝင် တုပ်ကွေးပိုး ၄မျိုးစလုံးကို ဆေးတစ်လုံးထိုးရုံနဲ့ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးထားရင် တုပ်ကွေးရောဂါကို ဘယ်လောက်ထိကာကွယ်ပေးနိုင်မှာလဲ။🤔

ကာကွယ်ဆေးထိုးထားခြင်းဟာ ရာသီတုပ်ကွေးရောဂါကူးစက်မှုကို ၁၀၀ရာခိုင်နှုန်းကာကွယ်ပေးနိုင်တာမျိုးမဟုတ်ပေမယ့် ပြင်းထန်တုပ်ကွေးအဆင့်သို့ မကူးပြောင်းသွားစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနည်းနေသူတွေမှာဆိုရင် တုပ်ကွေးရောဂါဟာ အသက်သေဆုံးခြင်းထိဖြစ်စေနိုင်တာမို့ ရောဂါပိုးကိုအထင်သေးပြီး ပေါ့ပေါ့ဆဆမနေဘဲ ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

ဘယ်သူတွေ တုပ်ကွေးကာကွယ်ဆေး မထိုးသင့်ဘူးလဲ။🤔

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီး ဓါတ်မတည့်ခြင်းဖြစ်ပွားဖူးသူတွေဟာ ကာကွယ်ဆေးထပ်မံမထိုးသင့်ပါ။ လတ်တလောဖျားနာနေသူတွေကတော့ ဖျားနာတာတွေ အကုန်ပျောက်ကင်းသက်သာသွားမှ ကာကွယ်ဆေးထိုးပေးရမှာဖြစ်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးက ဆိုးကျိုးတွေရှိနိုင်လား။ 🤔

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးချိန်မှာ အနည်းငယ်ဖျားတာ၊ နုံးတာ၊ ထိုးထားတဲ့နေရာတစ်ဝိုက်နာကျင်တာ စတာတွေခံစားရတတ်ပါတယ်။

ကာကွယ်ဆေးကို လူများများထိုးလေလေ ရာသီတုပ်ကွေးရောဂါကူးစက်ပြန့်ပွားမှု ဒါကြောင့် ရာသီတုပ်ကွေးကာလလျော့နည်းနိုင်လေဘဲဖြစ်ပါတယ်။

👉 အသက်အာမခံချက်တစ်ခုဖြစ်တဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးကို အိမ်အရောက်ဝန်ဆောင်မှုပေးနေပါပြီ။ စျေးနှုန်းအနေနဲ့လဲ 30000 kyats+ ကားခသာကျသင့်မှာဖြစ်ပါတယ်။ လူဦးရေ အလိုက် Discount လေးတွေရှိလို့ 09250707365/09965355562 ကို ဆက်သွယ်ဖို့မမေ့နဲ့နော်။

#တုပ်ကွေးကာကွယ်ဆေး
#ဆေးခန်း
#ဆရာဝန်
#အိမ်ပင့်

18/03/2022

preorder (no prepaid)
cold chain အာမခံ လေးမျိုးစပ် Flunarix tetraရာသီတုတ်ကွေးကာကွယ်ဆေးထိုးဖို့ ကြိုတင်စာရင်ပေးနိုင်ပါပြီ။

အိမ်မှာ လာထိုးပေးရလား။
ဆေးခန်းပဲ လာထိုးမလား။

အထူးစျေးနှုန်းနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးမှာဖြစ်လို့ တုတ်ကွေးရာသီမရောက်ခင် စျေးမတက်ခင်လေး အမြန် Booking တင်ထားတော့နော်။

ချစ်လို့ပြောတာနော်

ဆက်သွယ်ရန် 09250707365
09965355562

10/03/2022

ဆရာဝန်/ ကျွမ်းကျင်သူများနှင့် အခမဲ့ ကျန်းမာရေးဆွေးနွေးနိုင်ဖို့ အဖွဲ့ဖွဲ့ထားပါတယ်။
အောက်က link ကိုနှိပ်ပြီး join လို့ရပါတယ်။
ခက်ခဲသောအချိန်မှာ လူတိုင်းကျန်းမာသုခ ပြည့်ဝကြပါစေ။

https://www.facebook.com/groups/678719109938885/permalink/678722166605246

04/03/2022

အထူးကုဆေးခန်းတစ်ခုကို သင့်အိမ်သို့ရွှေ့လာခဲ့ပါမယ်။

👉Covid ဖြစ်ပြီးလူနာများအတွက်
Post covid check up အထူးသင့်တော်သော စျေးနှုန်း👈

သွေးဓါတ်ခွဲစစ်ဆေးခြင်း
-CP (A)
-CRP
-U&E
-CREATININE
-LIVER FUNCTION TEST WITH ENZYME
-DDIMER

နှလုံး ECG ဆွဲခြင်း

ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း (CXR)

သွေးအဖြေ ၊ ECG အဖြေ နှင့် ဓါတ်မှန်အဖြေများကို
အထူးကုဆေးခန်းမှ ဆရာ၀န်ကြီးနှင့် တစ်ကြိမ် အခမဲ့ ဆွေးနွေးခွင့်ပါ ပါ၀င်မှာဖြစ်ပါတယ်။

မြို့နယ်အလိုက် Transportation charges အနည်းငယ်သာ ကုန်ကျမှာဖြစ်ပါတယ်။

ငွေကြေးခက်ခဲသော အချိန်ကာလ ဖြစ်လို့ လိုအပ်မှ ဆက်သွယ်ပါ။

Booking တင်ရန် 09250707365
အသေးစိတ်သိလိုပါက 09965355562 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Discount ကာလမှာ (၄/၃/၂၀၂၂) မှ (၃၁/၃/၂၀၂၂) အထိသာဖြစ်လို့ အမြန်ဆက်သွယ်ပေးပါနော်။

Photos from Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု's post 17/02/2022

နှာခေါင်းတို့ပတ် Covid Rapid RDT (nasopharyngeal swab) ဖြင့် အိမ်အရောက်စစ်ဆေးကုသပေးလျက်ရှိပါသည်။
ရောဂါကင်းစင်ကြောင်း ခရီးသွားထောက်ခံစာများကိုလဲ on paper စီစဥ္ပေးပါသည်။

ဒီရောဂါဆိုးကြီးမှ အမြန်ကင်းလွတ်ကြပါစေ။

09250707365
09965355562

13/02/2022

omicron ကူးစက်မှု
ရောဂါပြင်းထန်နိုင်သောလူနာများ

-wave တွေ အကုန်လွတ်ပြီး အိမ်မှာပဲ နေတာ အကြောင်းပြကာ ဆေးလုံး၀မထိုးထားသူများ
-နာတာရှည်ရောဂါကြောင့် ကာကွယ်ဆေးထိုးရန်အဆင်မပြေသူများ
-ဆေး၂ကြိမ် ထိုးထားပေမဲ့ ရောဂါတစ်ခါမှ ကူးစက်မခံရသေးသူများ

ထိုသူများတွင် Omicron ရောဂါပိုးကူးစက်ခံရလျှင် ရောဂါ လက္ခဏာ ပိုမိုဆိုးရွားပါသည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကင်ဆာသမားများအတွက် ဘယ်လို အာဟာရတွေ စားရမလဲဆိုတာ အာဟာရပညာရှင် ဒေါက်တာ ညီညီကျော်က ဆွေးနွေးပေးထားတာဖြစ်ပါတယ်။video credit
လေဖြတ်ခြင်းအကြောင်းcredit #Drzeyyarminnaing

Telephone

Address

Hnin Si Street Alal Village
Yangon
11401

Other Home Health Care Services in Yangon (show all)
အသောက - ATK Clinic and Pharmacy အသောက - ATK Clinic and Pharmacy
6A/No-387/Thudhamma Road
Yangon

Hinthar A Linn -Yangon School Hinthar A Linn -Yangon School
No. 1194, 4th Floor(B), Pinlon Road, 35th Qtr. , North Dagon Township
Yangon, 11191

သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင?

Than Aung Than Aung
Yangon, 05061

Dr.Shwe Dr.Shwe
Yangon, 11211

Kitchen Accessories Kitchen Accessories
Yangon, 22141

Kitchen Accessories / Home Furniture/ Bathroom Accessories/

Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း
No(22) Building No(4) Insein Road Hlaing Township
Yangon

ကျွမ်းကျင်စွာတက်မြောက်စေဖို့ central မှတာဝန်ယူသင်ကြားပေးပါမယ်❤

ရွက်သစ် ဆေးခန်း - Ywat Thit Specialist Clinic ရွက်သစ် ဆေးခန်း - Ywat Thit Specialist Clinic
No. 19, Padaythar Street, 8 Quarter, Kamayut Township
Yangon, 11041

Specialist ဆရာဝန်ကြီးများ၏ အထူးကု ဆေးခန်း

Nightingale Nursing Nightingale Nursing
Yangon, 18111

Health Caregiver Service throughout Myanmar

မရှက်နဲ့ သားကြီးတို့ by Dr.Kyaw မရှက်နဲ့ သားကြီးတို့ by Dr.Kyaw
Yangon

မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သ?

Chanthar Thukha Clinic & Training Center Chanthar Thukha Clinic & Training Center
Chanthar Thukha Clinic, No (863), No(4) Yin Mar Street, No (12) Quarter, Shwe Pyi Thar
Yangon, 11211

လူနာနဲ့ လက်တွေ့ ထိတွေ့သင်ကြားရမယ့်အပြင် ဆရာဝန်တွေကိုယ်တိုင် အနီးကပ် သင်ပေးမယ့် သင်တန်းဆိုတော့.......

Super Nurse Caregiver & Pharmacist Training Center Hledan-1 Super Nurse Caregiver & Pharmacist Training Center Hledan-1
33, 4th Floor, U Tun Lin Chann Street, Hledan , 1 Qtr, Kamayut Tsp
Yangon