MM Sub Movie Store
နိုင်ငံတစ်ကာ ဇာတ်ကားအစုံကို ကြည့်ရှု့နိုင်ရန်
Page လေးကို Like and Follow လေးနိုပ်ထားပေးပါခင်ဗျာ😘😘
Nothing Lasts Forever (1080p)
( ဘယ်အရာမှ ထာဝရ မတည်မြဲဘူး)
နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။
ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာ
ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းလှည့်ကွက်တွေအကြောင်းကိုကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။
တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်းသေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့ အလိမ်အညာတွေကြားထဲမှာနစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။
လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။လက်ဝတ်ရတနာတွေကြားမှာ ဈေးအကြီးဆုံးအဖြစ်သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကို
ဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီးဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။
အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့စိန်တို့ကြားက ဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကိုဘယ်လိုထင်ယောင် ထင်မှားဖြစ်မှုတွေကြား လှောင်ပိတ်ထားပြီး
အမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့အာမခံပေမဲ့ တကယ်ပဲ စစ်ရဲ့လားဆိုတဲ့ သံသယမျိုး ချန်ပေးခဲ့မယ့်
Documentary ကောင်းတစ်ခုဖြစ်တာမလို့ ဗဟုသုတရချင်သူများ
အထူးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လတ်တလောဂယက်ထနေတဲ့ စိန် အကြောင်းအရာတွေကို စဥ်းစားလို့ရအောင် တင်ပြပေးထားပါတယ်ခင်ဗျာ.
Video Link
https://t.me/mmmoviestores96/48
Facebookpagelink
https://www.facebook.com/profile.php?id=100086026238149&mibextid=2JQ9oc
Telegram channal လေးကို Join ပေးကျပါအုန်း
ခင်ဗျာ့ ကြည့်ချင်တဲ့ဇာတ်ကားများလည်း တောင်းဆိုနိုင်ပါတယ်
https://t.me/mmmoviestores96
Crd
Dunki (2023) ပြည်တော်ပြန်
IMDb 7.2/10
ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း
ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ။
နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက
မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီကဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒန်ကီဆိုတာ အမေရိကန်၊ ယူကေနဲ့ အင်္ဂလန်လိုနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့
ဝင်ရောက်တဲ့ ခိုးဝင်လမ်းကြောင်းတစ်ခုကိုပြောတဲ့
ပန်ဂျာပီဘာသာစကားတစ်ခုပေါ့။
ရည်ရွယ်ချက်ကိုယ်စီနဲ့ လန်ဒန်ကိုသွားချင်နေကြတဲ့ လူငယ်လေးယောက်။
ဘာသာစကားလည်း မကျွမ်းကျင် ပညာလည်း မတတ်ဆိုတော့ ဗီဇာလျောက်ဖို့ကမလွယ်။
ဆိုတော့ တက်မရှိ လက်နဲ့လှော်မဲ့သူတို့အုပ်စု ရရာနည်းနဲ့ အရောက်သွားဖို့ရွေးချယ်တဲ့လမ်းက ခိုးဝင်ဖို့ပါပဲ။
ဒီမှာပဲ ရှာရွတ်ခန်းပါဝင်ပတ်သက်လာပြီး သူတို့တွေ လန်ဒန်ဆီရောက်ဖို့အရေးအစွမ်းကုန်ကြိုးစားပေးပါတော့တယ်။
တစ်ခုပြောချင်တာ ဒီဇာတ်ကားလေးက ရယ်လဲရယ်ရသလို ငိုလဲငိုရမှာပါ။
ရှရွတ်ခန်းတစ်ယောက် အက်ရှင်ကားတွေမှာ ပန်းပန်နေဆဲဖြစ်သလို
ဘယ်လိုအကြောင်းအရာကို မီးမောင်းထိုးပြသွားမလဲဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်ခံစားပေးနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
video link
https://t.me/mmmoviestores96/45
Facebookpagelink
https://www.facebook.com/profile.php?id=100086026238149&mibextid=2JQ9oc
Telegram channal လေးကို Join ပေးကျပါအုန်း
ခင်ဗျာ့ ကြည့်ချင်တဲ့ဇာတ်ကားများလည်း တောင်းဆိုနိုင်ပါတယ်
https://t.me/mmmoviestores96
Crd
Oppenheimer (2023)
------------------------
ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို တင်ပေးထားပါတယ်။အကြည်ထွက်ဖို့က အတော်ကိုကြာဦးမှာမို့
အကြည်ဆုံး cam ဗားရှင်းကို ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ဘာသာပြန်ဖို့ စာဖိုင်အမှန်လည်းမရသေးတာကြောင့်ကွက်လပ်အချို့တော့ပါပေမဲ့ အားလုံးနီးပါးနားလည်တော့ ပြ pooန်ပေးထားပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy ကဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ်ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင်ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကိုကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။
Video Link
https://t.me/mmmoviestores96/38
Facebookpagelink
https://www.facebook.com/profile.php?id=100086026238149&mibextid=2JQ9oc
Telegram channal လေးကို Join ပေးကျပါအုန်း
ခင်ဗျာ့ ကြည့်ချင်တဲ့ဇာတ်ကားများလည်း တောင်းဆိုနိုင်ပါတယ်
https://t.me/mmmoviestores96
Crd
Avatar: The Last Air Bender 2024
မူလ Avatar ကျောရိုးအတိုင်း ရိုက်ကူးထားတာဖြစ်ပြီး
Effect အလန်းစားကြီးတွေနဲ့ ပြန်လည် ဆန်းသစ်ထားတာဖြစ်ပါတယ်
Avatar ကာတွေက ထွက်သမျှကားတိုင်း Rating တွေက ရှယ်တွေကြီးဘဲ
ကြည့်ရှု့အားပေးကျပါအုန်းခင်ဗျာ့😊😊
Page လေးကိုလည်း Like and Follow လေးနိုပ်ပေးကျဖို့
တောင်ဆိုပါတယ်😘😘
Video Link
https://t.me/mmmoviestores96/39
crd
Yu Yu Hakusho Season 1 (2023)
ဇာတ်လမ်းအကျဉ်းပြောရရင်တော့ Yusuke Urameshi ဆိုတဲ့ကောင်လေးတစ်ယောက်က
ကလေးတစ်ယောက်ကိုကယ်ရင်း ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးကာ Spiritual world ကို ရောက်ရှိသွားပါတယ်။
အဲမှာ သေမင်း Botan ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ရှိပြီးတော့ သု့ရဲ့လုပ်ရပ်က မထင်မှတ်ထားတာဖြစ်တဲ့အတွက်
သူ့အတွက် နတ်ပြည်ရော ငရဲပြည်မှာပါ နေရာမရှိပါဘူးလို့ ပြောလာပါတယ်။
သူ့ကိုလူပြန်ဝင်စားဖို့အတွက် အမှုရင်ဆိုင်ပြီးမှ ရမယ်ဆိုပြီးပြောပြီး ဝိညာဉ်စုံထောက်အနေနဲ့
Spiritual world ကနေ ယော့ကိုင်းကြီးသုံးကောင် ခိုးယူသွားတဲ့ ပစ္စည်းသုံးခုကို လိုက်လံရှာဖွေခိုင်းပါတော့တယ်။
အဲမှာဘယ်လိုတွေ ဆက်ဖြစ်မလဲ။ ယော့ကိုင်းတွေကိုရော ဘယ်လိုနှိမ်နင်းမလဲ။
ပစ္စည်းတွေပြန်ရှာတွေ့ပြီး လူပြန်ဝင်စားနိုင်ပါ့မလားဆိုတာ Visual Effects အမိုက်စားတွေနဲ့
Live action ချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ရပါကြောင်း😊😊
Video Link👇👇👇👇👇👇👇👇👇
https://t.me/mmmoviestores96/33
Facebookpagelink
https://www.facebook.com/profile.php?id=100086026238149&mibextid=2JQ9oc
Crd
Synopsis of The Lord of the Rings: The Rings of Power (Season 1)
The Lord of The Rings ရုပ်ရှင်တွေဟာ စာရေးဆရာကြီး ဂျေ အာ အာ တိုကင်းန်ရဲ့ ကမ္ဘာကျော်ဂန္ဓဝင်ဝတ္ထုတွေကနေ ရိုက်ကူးထားပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်တွေထဲမှာ အပါအဝင်ပါပဲ။ အခုတော့ ဒီရုပ်ရှင်တွေရဲ့ ခေတ်မတိုင်ခင် ရှေးတုန်းက ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေကို စီးရီးအဖြစ် ပြန်လည်ရိုက်ကူးလိုက်ပါပြီ။ အတွဲ ၅ တွဲ ထွက်ရှိမှာဖြစ်ပြီး တစ်တွဲကို ၈ ပိုင်းစီပါဝင်မယ်လို့သိထားရပါတယ်။
LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက ဒုတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်းကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ E လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olrin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွားသူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။
အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manw Slimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီးအခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကိုဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင်တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင်ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finw ကိုသတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင်ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။
အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Nmenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကို ပြုလုပ်တဲ့သူပါ။ ဒုတိယခေတ်သမိုင်းကိုတော့ စပွိုင်လာဖြစ်မှာစိုးလို့ရေးမပြတောပါ့ဘူ/ ဒုတိယခေတ်ရဲ့အဆုံးကတော့ The Lord of the rings ရဲ့အစမို့ ပထမဆုံးရုပ်ရှင်ရဲ့ အကြီးဆုံးတိုက်ပွဲကြီးကို ဒီစီးရီးမှာ အားရပါးရကြည့်ရတော့မယ်လို့ မျှော်လင့်ရတာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။
Video Link
https://t.me/mmmoviestores96/31
Facebookpagelink
https://www.facebook.com/profile.php?id=100086026238149&mibextid=2JQ9oc
Telegram channal လေးကို Join ပေးကျပါအုန်း
ခင်ဗျာ့ ကြည့်ချင်တဲ့ဇာတ်ကားများလည်း တောင်းဆိုနိုင်ပါတယ်
https://t.me/mmmoviestores96
Crd
Ayalaan 2024
============
IMDb - 6.4
ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။
ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့
ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။
တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။
ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊
သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင်
ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။
video link
https://t.me/mmmoviestores96/30
Telegram channal လေးကို Join ပေးကျပါအုန်း
ခင်ဗျာ့ ကြည့်ချင်တဲ့ဇာတ်ကားများလည်း တောင်းဆိုနိုင်ပါတယ်
https://t.me/mmmoviestores96
Crd
I.S.S(International Space Station)
အာကာသစခန်းတည်ဆောက်လိုက်ခြင်းဟာ စစ်အေးတိုက်ပွဲအပြီး
အမေရိကန်နဲ့ ရုရှားပူးတွဲဆောင်ရွက်မှုရဲ့ ပြယုဂ်ဖြစ်ခဲ့ပါတယ်။
ဒီစခန်းမှာက အဓိကအားဖြင့် အဆင့်မြင့်နည်းပညာတွေနဲ့ဆေးဘက်ဆိုင်ရာတွေ၊ အာကာသလေ့လာရေးအတွက်သုတေသနပြုမှုတွေလုပ်တာပေါ့။
ဒီကနေ့ခေတ်အရောက်မှာတော့ အမေရိကန်နဲ့ရုရှားနှစ်နိုင်ငံလုံးမှအာကာသယာဥ်မှူးတွေဟာ နိုင်ငံတကာအာကာသစခန်းမှာအခြေချနေထိုင် သုတေသနပြုလျက်ရှိပြီးကမ္ဘာမြေပြင် ပြင်ပက သီးသန့်သုတေသနနိုင်ငံလေးလိုဖြစ်နေပါပြီ။
သို့ပေမယ့် ကမ္ဘာမြေပြင်မှာ နျူစစ်ပွဲတွေဖြစ်လာပြီး စစ်မီးတွေတောက်လောင်လာချိန်မှာတော့ ဒီသုတေသနနိုင်ငံလေးကလည်း
မငြိမ်းချမ်းနိုင်တော့ပါဘူး။
အမေရိကန်ဘက်ကရော ရုရှားဘက်ကမှာ ဒီအာကာသစခန်းကိုအပိုင်သိမ်းဖို့ သူတို့ရဲ့အာကာသယာဥ်မှူးတွေကို အမိန့်ပေးလာတဲ့
အခါမှာတော့.။
ဒီစခန်းက နျူစစ်ပွဲအတွက် ဘာလို့အရေးပါနေတာလဲ၊အာကာသစခန်းထဲက သိပ္ပံပညာရှင်တွေကရော
ဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲ..
အားလုံးအသက်ရှင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့်sci-fi၊ thriller မူဗီလေးပဲဖြစ်ပါတယ်
video link👇👇👇👇👇👇👇👇👇👇👇👇
https://t.me/mmmoviestores96/28
Telegram channal လေးကို Join ပေးကျပါအုန်း
ခင်ဗျာ့ ကြည့်ချင်တဲ့ဇာတ်ကားများလည်း တောင်းဆိုနိုင်ပါတယ်
https://t.me/mmmoviestores96
Crd
Orion and the Dark (2024)
~ IMDb 6.7/10, RT 87%, Meta 74% ~
အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့ လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
video link👇👇👇👇👇👇👇👇👇👇👇👇
https://t.me/mmmoviestores96/26
channal လေးကို Join ပေးကျပါအုန်း😊😊
ကြည့်ချင်တဲ့ဇာတ်ကားများလည်း တောင်းဆိုနိုင်ပါတယ်
https://t.me/mmmoviestores96
Crd
and the Dark (2024)
Will (2024)
Rating လည်းကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်
~ IMDb 7.1/10, Rotten Tomatoes 60%
ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများအပြား နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။
စစ်ပွဲတွေက လူတွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား အများနည်းတူမိုးခါးရေသောက်မလား ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)
Video link👇👇👇👇👇👇👇👇👇
https://t.me/mmmoviestores96/24
Telegram channal လေးကို Join ပေးကျပါအုန်း
ခင်ဗျာ့ ကြည့်ချင်တဲ့ဇာတ်ကားများလည်း တောင်းဆိုနိုင်ပါတယ်
https://t.me/mmmoviestores96
Crd
❤
Little Mermaid 2023
ငယ်ငယ်ကကြည့်ဖူးတဲ့ရေသူမဇာတ်ကားကို
လူဇာတ်လမ်းအနေနဲ့ထွက်ရှိထားတာဖြစ်ပါတယ်
HD version မို့ ပင်လယ်၏သဘာဝအရသာကို ထိထိမိမိခံစာနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်
Video Link👇👇👇👇👇👇👇👇👇👇
https://t.me/mmmoviestores96/17
Telegram channal လေးကို Join ပေးကျပါအုန်းခင်ဗျာ့😊😘😘
Telegram channal link
https://t.me/mmmoviestores96
Crd From
#ချမ်းငြိမ်းမှော်ဝန်း
Animal (2023)
=======================================
IMDb 6.7/10
သရုပ်ဆောင်တွေအနေနဲ့ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊မင်းသမီးချော တရီပသီ
ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိုင်းလေးတစ်ယောက်။ ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ
ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။
ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့
အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47နဲ့သွားကြမ်းပါတော့တယ်။
လူဆိုတာမျိုးက အကျိုးနဲ့ အပြစ်၊ အကောင်းနဲ့ အဆိုးရယ်လို့ ခွဲခြားသိမြင်နိုင်တဲ့သတ္တဝါလို့ ဆိုကြတယ်။
တိရစ္ဆာန်ဆိုတာမျိုးကတော့ ကြိုက်တာနဲ့ မကြိုက်တာရယ်ပဲသိသတဲ့။ဒီလို အနိမ့်အမြင့်ခွဲခြားထားတဲ့ကြားမှာ
စည်းပါးပါးလေးပဲ ခြားနေသလားတော့မသိ။လူတွေဆိုတာလည်း တိရစ္ဆာန်အဖြစ်ပြောင်းလဲသွားတတ်တယ်လို့ ဒီရုပ်ရှင်က ဆိုလေသလား
ခံစားကြည့်ရှုကြပါဦးစို့။
Telegram channal လေးကို Join ပေးကျပါအုန်းခင်ဗျာ့😊😘😘
Video 👇👇👇👇👇👇👇👇👇👇👇
https://t.me/mmmoviestores96/13
Telegram channal link
https://t.me/mmmoviestores96
Crd From
Tiger 3 (2023)
အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်
IMDb - 7.6/10
နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက
နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။
အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး
စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....
အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။
ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။
အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။
ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။
Video Link
https://t.me/mmmoviestores96/9
Telegram Channal လေးကို Join ပေးကျပါအုန်းခင်ဗျာ😊😘
telegram channal link
https://t.me/mmmoviestores96
Crd From
#ချမ်းငြိမ်းမှော်ဝန်း
Attack on titan(mmsub)
On Titan
𝐒𝐞𝐚𝐬𝐨𝐧-(1)+(2)+(3)+Ova+(4)
Eren Jaegar ဆိုတဲ့လူငယ်လေးနဲ့ သူ့မိသားစုနေထိုင်တဲ့
မြို့ကို Titan တွေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ငယ်ငယ် ကတည်းက မဟုတ်ရင်မခံ၊အမှန်တွေကိုဘဲပြောပြီး အရာရာကိုသိလိုစိတ်ပြင်းပြတဲ့ Eren တစ်ယောက် သူ့အမေကို Titan တစ်ကောင်က စားသွားတဲ့အခါမှာတော့
သူဘယ်လိုခံစားရမလဲ၊အခြေအနေတွေကိုဘယ်လို ရင်ဆိုင်မလဲ၊ဘယ်လိုကြိုးစားရုန်းကန်မလဲ၊ဘယ်လို အနာဂတ်ကိုပုံဖော်မလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။
Eren နဲ့အတူသူ့သူငယ်ချင်းနှစ်ယောက်ကတော့
အရမ်းတော်တဲ့ Mikasa Ackerman,ဗဟုသုတကြွယ်
ပြီးအတွေးအခေါ်ကောင်းတဲ့ Armin Arlert တို့ပါ။
ဒီဇာတ်လမ်းရဲ့ခေတ်ကလူတွေကတံတိုင်းကြီးသုံးခုဖြစ်တဲ့ Maria,
Rose နဲ့ Sina ထဲမှာနေကြပါတယ်။ဒီလောက်မြင့်တဲ့ တံတိုင်းကြီးတွေကို ဘယ်သူတွေကဆောက်သွားခဲ့တာလဲ?
ဘာလို့ Titan တွေက လူတွေကိုအန္တရာယ်ပေးတာလဲ?
Titan တွေကရော .. ဘယ်ကရောက်လာကြတာလဲ ဆိုတာ
ကတော့ စောင့်ကြည့်ရမှာပါ
ကျွန်တော်အဓိကပြောချင်တဲ့အချက်က ဒီ Anime မှာ ပေးထားတဲ့ Message ကထိရောက်ပါတယ်
လူတစ်ယောက်ကဘယ်လိုအောင်မြင်မှုရသလဲ.. အမှားအမှန်ဘယ်လိုဆုံးဖြတ်မလဲ..ဒွိဟဖြစ်နေတဲ့အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးချသင့်သလဲ.. ကိုယ်လုံးဝယုံကြည်
ထားတဲ့သူတွေကရော မိတ်ဆွေအစစ်ဟုတ်သလား..
ပြထားတာတကယ်ကိုထိရောက်ပါတယ်
ကျွန်တော်တို့သိတဲ့အတိုင်း Anime ဆိုတာ just japanese animation မဟုတ်ပါဘူး လေ့လာစရာ သင်ယူစရာ ..
မှတ်သားစရာတွေအများကြီးပါတဲ့ animation ပါ(otaku တိုင်းလည်းသိလောက်မှာပါ..
ကောင်းတယ်ဆိုတာထက်ကိုပိုပြီးကောင်းတာမို့မကြည့်ရသေးရင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်
𝐒𝐄𝐀𝐒𝐎𝐍 (1) link☟︎︎︎ ☟︎︎︎ ☟︎︎︎
https://m.facebook.com/story.php?story_fbid=1026326648412680&id=100031060620499&mibextid=Nif5oz
𝐒𝐄𝐀𝐒𝐎𝐍 (2) link☟︎︎ ☟︎︎︎ ☟︎︎︎
https://m.facebook.com/story.php?story_fbid=901897950855551&id=100031060620499
𝐒𝐄𝐀𝐒𝐎𝐍 (3) link☟︎︎︎ ☟︎︎︎ ☟︎︎︎
https://m.facebook.com/story.php?story_fbid=906555360389810&id=100031060620499&mibextid=Nif5oz
𝐎𝐕𝐀 link☟︎︎︎ ☟︎︎︎ ☟︎︎︎
https://m.facebook.com/story.php?story_fbid=909681903410489&id=100031060620499&mibextid=Nif5oz
𝐒𝐄𝐀𝐒𝐎𝐍 (4) 𝐏𝐀𝐑𝐓 [ 1 ]
https://m.facebook.com/story.php?story_fbid=921089255603087&id=100031060620499&mibextid=Nif5oz
𝐒𝐄𝐀𝐒𝐎𝐍 (4) 𝐏𝐀𝐑𝐓 [ 2 ]
https://m.facebook.com/story.php?story_fbid=921620882216591&id=100031060620499&mibextid=Nif5oz
𝐒𝐄𝐀𝐒𝐎𝐍 (4) 𝐏𝐀𝐑𝐓 [ 3 ]
https://m.facebook.com/story.php?story_fbid=922223158823030&id=100031060620499&mibextid=Nif5oz
𝐒𝐄𝐀𝐒𝐎𝐍 (4) 𝐏𝐀𝐑𝐓 [ 4 ]
https://m.facebook.com/story.php?story_fbid=1023541992024479&id=100031060620499&mibextid=Nif5oz
Prey (2022)
==========
Predator ရုပ်ရှင်စီးရီးထဲက အသစ်...
တစ်ကားလာပါပြီ။ The Predator (2010) နဲ့
The Predator (2018) ဆိုပြီး CM က တင်ထား
ပေးပါတယ်။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။
ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေကြတာပါပဲ။
ကြည့်လို့အတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr. Anderson ပါ။)
Genre : Action, Drama, Horror
Translated by Mr. Anderson
Encoded by Kinnov
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Si Sone Street
Yangon
ရှမ်းလမ်းမှတ်တိုင်၊🥰စမ်းချောင်း ဆီဆုံလမ်း အမှတ် 26.မြေညီထပ် မှန်တံခါးအဝါနဲ့ MVပါရှင့်😍 09753468385
51/B, 1st Floor, Thamein Ba Yan Street
Yangon, 11211
The Best Private Cinema in Yangon ☎️ Book Now - 09259284386
No. 2B(294), Mudita Apartment (2), Insein Township
Yangon, 11181
This page is movie editing page and post edit movie.
89/97, RoomF, Ground Floor, Diamond Crown Condo, Boyarnyunt Street, Dagon Township
Yangon
APP Show နဲ့ အပန်းဖြေပါ