Paye Sone Nyein

Pyae Sone Nyein

26/01/2023
24/05/2022

"Emoji လေးတွေရဲ့ အဓိပ်ပါယ်များ

😁. ဟုတ်လား😁
😚 အို ကျေနပ်😚
🙄. ဟုတ္လို့လား 🙄 ဟားဟားဟား
😂. ဟားဟား မင်းကတော့ ကွာ😂
😉. အေးဆေးပါ😉
😜. အဟိ အဟိ😜
😇. ဟမ်းနင်မပြောခင်တည်းကငါကြိုသိပြီးသား😇
😌 စိတ်လျော့လိုက်ပြီ😌 ရပါတယ် ကျေနပ်တယ်
😊. သိနေပြီးသားပဲ 😊
😍. ဟယ် အချစ်ဆုံး😍 ဟယ် ပြောမိပြန်ပြီ
😅. ဟာ ဟုတ္လို့လား😅
😰. ဘယ်လိုလုပ်ရမလဲ😰
😭. ငိုနေပြီ လေ😭 ဦးနှောက်တွေ ကြွကုန်ပြီ
😱. ဝိုး😱
😒. အမြင်ကို ကတ်တယ် 😒 စိုးရိမ်မိတယ် ဟွန့် တွေ့မယ်
😫. မရပါဘူးဆို မဟုတ်ပါဘူးဆို😩 အမလေးဟယ် ပြောရတာ မောလိုက်တာ ဒါတွေးစရာပဲ အမလေး ရွံတာ ဝေါ့
😬. မပြောရဲပါဘူးအေ😬
😷 ကိုယ့်အပေါက်ကိုယ်ပိတ်ထားမယ်😷
အေးပါ ပြန်မပြောပါဘူး
ဖြစ်ရလေ
အဲ့လိုတော့ မလုပ်နဲ့လေ
😎. သိပြီးသား နော် ဒါမျိုးလာမလုပ်နဲ့😎
ဟယ် မိုက်ချက်
သာသာယာယာဖဲ
😤ဟွန်း ဟွန်း 😤
😋ရှလွတ်😋
😝ဟုတ်လဲ မဟုတ်ပဲနဲ့😝
ဟုတ္လို့လား
ဘယ်လိုလုပ်ရင်ကောင်းမလဲ
😏 ဟွန်း မပြောကို မပြောချင်ဘူး😏

အခုမှ သေချာသိတော့တယ်

Crd

17/03/2022

Intermittent Fasting (IF)

ဒီနေ့မှာတော့ ဝိတ်ချနေသူတော်တော်များများသိသင့်တဲ့ Intermittent Fasting အကြောင်းလေးကို မျှဝေပေးပါမယ်ရှင်။

အစားလဲ လျှော့စားစရာမလို၊

အစားရှောင်စရာလဲမလိုပဲ၊ စားချင်တာတွေစားပြီး သိသိသာသာ ဝိတ်ချဖို့ လက်နက်ကောင်းတခုရှိတယ်ဆို မသိချင်တဲ့သူ၊ စိတ်မဝင်စားတဲ့သူ မရှိပါဘူးနော်။

အစာကို Calorie သေချာတွက်ချက်ပြီး စားသုံးရတဲ့ Diet နဲ့ပတ်သက်ပြီး စိတ်ဝင်စားသူ အရမ်းများလာတဲ့အခါ Intermittent Fasting အကြောင်းကိုပါ တွဲပြီး စိတ်ဝင်စားလာကြပါတယ်။ တကယ်တော့ Intermittent Fastingဆိုတာ ကျွန်မတို့နဲ့ သိပ်မဝေးလှပါဘူး။ မြတ်စွာဘုရားရှင်က ရဟန်းသံဃာတော်တွေကို ဥပုသ်သီလဆောက်တည်ဖို့ပြောတဲ့နေရာမှာ အချိန်ကန့်သတ်ပြီး စားသုံးဖို့ မိန့်တော်မူခဲ့ပါတယ်။ ကျွန်မတို့ လူသားတွေအနေနဲ့ဆို ဥပုသ်စောင့်တဲ့နေ့တွေမှာ နေ့လည် (၁၂)နာရီကျော်တာနဲ့ အရည်တခုခုကလွဲလို့ ကျန်တဲ့အစာဘာမှ မစားရသလိုပါပဲ။ ဒီလမ်းစဉ်ဟာ ယနေ့ခေတ်မှာ ကျန်းမာရေးလိုက်စားသူတွေကြား Wave တခုလိုဖြစ်လာခဲ့ပါပြီ။

1. Intermittent Fasting (IF) ဆိုတာ ဘာလဲ
Intermittent Fasting ကို အရှင်းဆုံးနားလည်လွယ်အောင် ပြောရရင် "အချိန်ကိုအချိုးချပြီး စားသုံးခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။

ဥပမာ - Jollies လေးတို့က 16:8 IFလုပ်မယ်ဆိုရင် 8နာရီအတွင်းစားပြီး ကျန်တဲ့ 16နာရီမှာ ရေ၊ သကြားမပါတဲ့ Black Coffee (သို့) Green Tea တို့ကိုပဲ သောက်သုံးရမှာဖြစ်ပါတယ်။ စစားမဲ့အချိန်ကိုတော့ Jollies လေးတို့ အဆင်ပြေတဲ့အချိန်ကိုယူလို့ရပါတယ်။ မနက် ၇နာရီမှာ စစားမယ်ဆို နေ့လည် ၃နာရီအထိ စားလို့ရပြီး ၃နာရီနောက်ပိုင်းမှာတော့ အစားစားခြင်းကိုလုံးဝ ရပ်တန့်ရပါလိမ့်မယ်။

2. IF ဆိုတာ ဘယ်လိုမျိုးလဲဘယ်လိုအလုပ်လုပ်တာလဲ
IF ရဲ့အလုပ်လုပ်ပုံအကြောင်းကို မပြောခင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) နဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြပါရစေ။ ကျွန်မတို့ခန္ဓာကိုယ်မှာ အစာစားပြီးချိန်တိုင်း အစာကိုချေဖျက်ဖို့ အင်ဆူလင် ထွက်ပါတယ်။ အစာတခါစားရင် အင်ဆူလင်တခါထွက်ပါတယ်။

ဆိုတော့ ကျွန်မတို့ စားလိုက်တဲ့အစာကိုချေဖျက်ဖို့ ၃-၅နာရီကြာပါတယ်။ ထို ၃-၅နာရီအတွင်း ခန္ဓာကိုယ်မှာ အင်ဆူလင်ပမာဏက အရမ်းမြင့်နေတဲ့အချိန်ပါ။ ထိုအချိန်မှာ ချေဖျက်စရာအစာရှိတာမို့ ၎င်းအစာကိုပဲ ချေဖျက်ပါတယ်။

ချေဖျက်လိုက်တဲ့ အစာမှ အာဟာရစုပ်ယူခြင်းဖြစ်စဉ်ကတော့ အစာစားသုံးပြီး ၈-၁၂နာရီမှာ ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်နှစ်ခု (အစာချေဖျက်ခြင်းနှင့် အဟာရစုပ်ယူခြင်း) ပြီးသွားပါမှ Fastingဆိုတဲ့ State ကိုစတင်ပါတယ်။

Fasting Stateမှာ အင်ဆူလင်ပမာဏ ကျဆင်းလာတဲ့အတွက် ချေဖျက်ဖို့ရာ ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့ အဆီပိုတွေကိုယူသုံးတယ်။ သို့ရာမှ ဝိတ်ကျခြင်း၊ အလေးချိန်ကျခြင်းတို့ ဖြစ်လာပါတယ်။

ကျွန်မတို့က အစာကို တနေကုန်သာ တောက်လျှောက်စားနေမယ်ဆို ခန္ဓာကိုယ်တွင်း အင်ဆူလင်ဓာတ်၊ သကြားဓာတ်အရမ်းများလာပြီး အဆီပိုတက်၊ ဝိတ်ပိုတက်လာနိုင်ပါတယ်။ ဒါကြောင့် IFစနစ်ဟာ အင်ဆူလင်မထွက်အောင် အချိန်ကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။

ဒီနည်းလမ်းကို ကျင့်သုံးတဲ့လူတော်တော်များများရဲ့သဘောအကျဆုံးအချက်က အစာစားသုံးမှုကို ပြောင်းလဲစရာမလိုဘဲ၊ ဘာစားစား ဘယ်လိုစားစား IF ရဲ့ သဘောတရားတခုဖြစ်တဲ့ အချိန်အတိုင်းအတာတခုအတွင်း စားသုံးရုံနဲ့ အဆီတွေလောင်ကျွမ်းမှုအချိန်မှန်ကန်ပြီး အချိန်တိုအတွင်း မကောင်းတဲ့အဆီတွေ ကျစေတာဖြစ်ပါတယ်။

Intermittent Fasting (IF) က အရမ်းများခက်လား
အရမ်းကို လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခု ဖြစ်တဲ့အပြင် ခန္ဓာကိုယ်တွင်း ကောင်းတဲ့ အလေးချိန်ကို ထိန်းညှိပေးပြီး မကောင်းတဲ့ အဆီတွေနဲ့ အလေးချိန်ကို အသိသာဆုံး ကျစေတဲ့ နည်းလမ်းပါ။

လွယ်ကူရိူးရှင်းလွန်းလို့ လူတိုင်း တကယ်လိုက်လုပ်ကြသလို တစ်ဖက်မှာလည်း Resultတွေသိသိသာသာရလာတဲ့ ဥပမာတွေအများကြီးရှိပါတယ်။ ဥပမာ - ဗုဒ္ဓမြတ်စွာဘုရားဆိုရင် တနေလုံးမှာ မနက်စာတစ်နပ်ကိုသာ ဘုန်းပေးပြီး တနေကုန် သတင်းသုံးဆောင်ခဲ့ပါတယ်။

IF မှာ နည်းဘယ်နှမျိုးရှိလဲ
ဥပုသ်စောင့်တဲ့အခါမှာ နေ့လည် ၁၂နာရီကျော်ရင် ဘာမှမစားပဲ ကုသိုလ်ယူတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ သို့ပေမဲ့ IFမှာတော့ မိမိတို့ရဲ့ လုပ်ဆောင်နိုင်မှုအပေါ်မူတည်ပြီး လုပ်ဆောင်လို့ရမဲ့နည်းလမ်း (၆)မျိုးရှိပါတယ်။

(1) 16:8 IF
ဒီနည်းလမ်းကတော့ 24 နာရီရှိတဲ့တစ်နေ့တာမှာ Jolliesလေးတို့ ကြိုက်တဲ့အချိန် ၈ နာရီအပိုင်းအခြားကို ပုံမှန်စားနေကျ အစားအစာကိုပဲ စားသုံးတာဖြစ်ဖြစ်၊ Diet စားသုံးတာ ဖြစ်ဖြစ် မျှတတဲ့ပမာဏ စားပြီး ကျန်တဲ့ 16 နာရီကို ရေ၊ သကြားမပါတဲ့ အရည်တခုခု သောက်တာကလွဲပြီး ကျန်တဲ့ အစာဘာမှ စားသုံးခွင့်မရှိပါဘူး။ နောက်နေ့ 16 နာရီပြည့်ပြီးမှ ပြန်စားသုံးရမှာ ဖြစ်ပါတယ်။ ဒီနည်းက ပြည်တွင်းမှာပါမက ပြည်ပမှာပါနာမည်ကြီးပါတယ်။

(2) 20:4 IF
ဒီနည်းလမ်းကလည်း အပေါ်က 16:8 လိုပါပဲ။ 4 နာရီစားပြီး နာရီ 20 အစားရှောင်ရမှာပါ။ ပိုပြင်းသလောက် ပိုထိရောက်ပါတယ်။

(3) 24 Hours IF ( Eat-Stop-Eat)
ဒီနည်းလမ်းကတော့အပြင်းဆုံးပါပဲ။ တစ်ရက်တိတိ ပုံမှန်စားနေကျအတိုင်းစားပြီး နောက်နေ့တစ်ရက်လုံး ဘာအစားမှ မစားဘဲ ရေ၊Green Tea ၊ Black Coffee သောက်ပြီး အပြင်းအထန် ရှောင်ရတာပါ။ အပြင်းထန်ဆုံးနည်းလမ်းဖြစ်တဲ့အတွက် ရလာဒ်ကလည်း အရမ်းသိသာပါတယ်။ ဆိုးကျိုးမရှိသလောက် နည်းပါတယ်။ တစ်ပါတ်မှာ ၁-၂ကြိမ်အထိ အများဆုံး လုပ်နိုင်ပါတယ်။

(4) တစ်လှည့်စီ IF
ဒီနည်းလမ်းကတော့ တစ်ရက်ကို ပုံမှန်လူတစ်ယောက်လိုစားမယ်။ နောက်နေ့မှာ 24-Hours IF ဖြစ်တဲ့ တနေကုန်ဘာမှမစားပဲနေမယ်။ နောက်နေ့ ပုံမှန်ပြန်စားမယ်။ ဒီလို တလှည့်စီလုပ်သွားရတဲ့နည်းလမ်း ဖြစ်ပါတယ်။ IFကို အခုမှ စလုပ်မဲ့သူတွေအတွက်တော့ ဒီနည်းလမ်းက အရမ်းကို ပင်ပန်းတဲ့အတွက် စ,မလုပ်ဖို့ပြောချင်ပါတယ်။

(5) 5:2 IF
ဒီနည်းလမ်းကတော့ သိပ္ပံပညာရှင်တွေ၊ လက်တွေ့ Fastingလုပ်တဲ့သူတော်တော်များများ ထောက်ခံထားကြတဲ့နည်းပါ။ ၅ရက်လောက် ပုံမှန် စားသုံးပြီး ကျန်တဲ့ ၂ရက် ဥပမာ - တနင်္လာနေ့နဲ့ အင်္ဂါနေ့ (၂)ရက်မှာ တစ်နေ့ကို ပျမ်းမျှ ၅၀၀ ကယ်လိုရီထိပဲ စားသုံးရတာပါ။ ဒီနည်းလမ်းကတော့ အပျော့ဆုံးပါပဲ။

(6) တစ်ရက်ခွဲ (သို့) 36-Hour IF
ဒီနည်းလမ်း က 36 နာရီတိတိ အစားရှောင်ရမှာပါ။ အံ့သြစရာက အပြင်းထန်ဆုံးနည်းဖြစ်တာမို့ အန္တရာယ်အရှိဆုံးလို့ ထင်နိုင်ပေမယ့် အမှန်တော့ အဆီချေဖျက်ချိန်အများဆုံးရလိုက်တာမို့ ဆီးချို အဆင့် ၂ကိုပါ ပျောက်စေတဲ့အပြင်၊ တခြား နာတာရှည်ရောဂါတွေကိုပါ ပျောက်ကင်းစေနိုင်သလို ကျန်းမာရေးအကျိုးကျေးဇူးတွေရစေပါတယ်။ လုပ်ရမှာကတော့ နောက်ဆုံးအစာစားချိန်ကနေ 36 နာရီတိတိ (သို့) တစ်ရက်ခွဲ အစာရှောင်ရမှာပါ။

ဥပမာ- ပထမရက် ညနေ ၆ နာရီ ညစာစားပြီးချိန်ကစလို့ ဒုတိယတစ်ရက်လုံး ဘာမှမစားဘဲနေပြီး တတိယရက်ရဲ့ မနက် ၆နာရီမှ ပြန်စားရမှာပါ။ တစ်ပတ်မှာ ၁-၂ကြိမ် ခွဲပြီးလုပ်နိုင်ပါတယ်။

မိမိကို စိုးရိမ်ပူပန်ကြတဲ့ ရှေးရိုးစွဲတချို့သောသူများကတော့ အန္တရာယ်များမယ်၊ အားအင်ချိနဲ့မယ်၊ ကျန်းမာရေးထိခိုက်မယ်လို့ ထင်တတ်၊ ပြောတတ်ကြပေမယ့် တကယ်တော့ သုတေသနပြုချက်တွေ လေ့လာချက်တွေအပြီး IF မှာ အကျိုးကျေးဇူးတွေများတာတွေ့ရပါတယ်။

(1) အသက်ရှည်စေတယ်။

(2) နာတာရှည်ရောဂါတွေဖြစ်တဲ့ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတွေကို သက်သာစေတယ်။ တချို့ လုံးဝပျောက်ကင်းသွားတဲ့သူတွေလဲရှိပါတယ်။

(3) Diet လုပ်ရတာထက် ပိုလွယ်ကူတယ်။

(4) ကိုယ်အလေးချိန်ရော အဆီပါကျစေတယ်။

(5) Metabolism Rateမြန်လာစေတာမို့ အဆီလောင်ကျွမ်းနှုန်းမြင့်တက်လာတယ်။

(6) သွေးတွင်း အင်ဆူလင်နဲ့သကြားဓါတ်လျော့လာတယ်။

(7) အယ်လ်ဇိုင်းမားရောဂါလျော့ကျစေတယ်။

(8) သွေးတွင်းကိုလက်စထရောကိုလျော့ကျစေတယ်။
စတဲ့အကျိုးကျေးဇူးတွေအများကြီးရရှိနိုင်ပါတယ်။

အဆိုးနဲ့အကောင်းဟာ အမြဲဒွန်တွဲနေတဲ့အတွက် IF ဟာ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။

(1) ဗိုက်ဆာခြင်း

(2) ဝမ်းချုပ်ခြင်း

(3) ခေါင်းကိုက်ခြင်း

(4) လေးလံထိုင်းမှိုင်းခြင်း

(5) ကြွက်တက်ခြင်း

(6) ရင်ပူရင်ဆာဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ကဲ...အခုဆို Intermittent Fasting (IF) က အရမ်းခက်သေးရဲ့လား

အရမ်းကို လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခု ဖြစ်တဲ့အပြင် ခန္ဓာကိုယ်တွင်း ကောင်းတဲ့ အလေးချိန်ကို ထိန်းညှိပေးပြီး မကောင်းတဲ့ အဆီတွေနဲ့ အလေးချိန်ကို အသိသာဆုံး ကျစေတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။

လွယ်ကူရိူးရှင်းလွန်းလို့ လူတိုင်း တကယ်လိုက်လုပ်ကြသလို တစ်ဖက်မှာလည်း Resultတွေသိသိသာသာရလာတဲ့ ဥပမာတွေအများကြီးရှိပါတယ်။

ကဲ. ဒါကြောင့်မို့ IFလို့ခေါ်တဲ့ Intermittent Fastingကို အားလုံးလိုက်လုပ်ကြဖို့တိုက်တွန်းရင်း အသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းဝေးကြပါစေရှင်။

crd

14/03/2022

#ကင်ဆာထိတောင် ပျောက်ကင်းပြီး
#ဆီးချို_သွေးတိုး၊ မီးယပ်ရောဂါနဲ့ လေးဖက်နာတွေအတွက် အစွမ်းထက်

#လက်ပံပွင့်
••••••••••••
အမျိုးသမီးတွေအတွက်
ကင်ဆာထိတောင် ပျောက်ကင်းပြီး ဆီးချို ၊ သွေးတိုး၊ မီးယပ်ရောဂါနဲ့ လေးဖက်နာတွေအတွက် အစွမ်းထက် လက်ပံပွင့်

( က ) ဆီးချိုရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။

လက်ပံပွင့်ကိုဟင်းချိုချက်စားပါ။ ဆီးချိုရောဂါသမားအတွက်
ဆေးကောင်းတစ်လက်

( ခ ) သွေးတိုးရောဂါသမားအတွက် ဇီးသီးနဲ့လက်ပံပွင့်ရောပြီးဟင်းချိုချက်
စားပါ။

သွေးတိုးရောဂါပျောက်ကင်းစေသော
ဆေးတစ်လက်

( ဂ ) မီးယပ်ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။

သွေးဆုံးမီယပ်အမျိုးသမီး
ဆေးကောင်းတစ်လက်

( ဃ ) လေးဖက်နာသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။
ပြီးလျှင်ခြေဆစ်လက်ဆစ်ကိုလိမ်းပေပါ။

လေးဖက်နာရောဂါ'( ၃ ) မျိုးရှိကြပါတယ်။

နံ ပါတ်( ၁ ) ပိုးလေဖက်နာ

နံပါတ်( ၂ ) သွေးလေဖက်နာ

နံပါတ်( ၃ )အရေပြာလေးဖက်နာ

လေးဖက်နာ အမျိုးအစားသုံးမျိုးရှိကြပါတယ်။

လေးဖက်နားရောဂါရှိပြီဆိုရင် လက်ပံပွင်အမြစ်ကိုကျောက်ပျဉ်နဲ့
သွေးပြီးဆားအနည်းငယ်ထည့်ပြီး
သောက်ပါ။

လေးဖက်နာပိုးတွေအားလုံးသေစေမည်

ဆေးဖက်ဝင်သောဆေးနည်းတစ်လက်

နံပါတ်( ၄ ) ရင်သားကင်ဆာဆေးနည်း

လက်ပံအခေါက်ကိုသွေးပြီး
ရင်သားကင်ဆာသမားအတွက်
သောက်ပေးပါ။ ရင်သားအနားတစ်ဝိုက်လိမ်းပေးပါ။

ရင်သားကင်ဆာ( ၃ ) မျိုး

အဆင့်( ၁ ) ရင်သားကင်ဆာမထမအဆင့်ကတော့
လက်ပံပွင့်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင့်အလွာပွင့်လေးကိုဇွန်းနဲ့
ခြစ်ယူပြီးသကြားနဲ့ဖျော်ပြီးသောက်ပါ။

အရသာချွဲပျဉ်ပျဉ်ကလေးနဲ့
ချဉ်ပြုံးးလေးနဲ့ပါ။

ဆေးနည်းကောင်းမို့

အဆင့်( ၂ ) လက်ပံပွင်အခေါက်ကို
ကျောက်ပျဉ်နဲသွေးပါ။

ရင်သားတစ်ဝိုက်ထူထူလိမ်းပေးပါ။
ရင်သားနာခြင်း အလုံးတည်ခြင်း
လျော့နည်းစေပြီးပကတိအတိုင်း
သက်သာပျောက်ကင်းပါတယ်။

အဆင်( ၃ ) လက်ပံပွင်အခေါက်ကိုသွေလိမ်းပါ။

သွေးပြီးသောက်ပါ။ ရင်သားတစ်ဝိုက်လိမ်းပေးပါ။
ရင်သားကင်ဆာကုလို့မရတဲ့အထိ
ဖြစ်သွားတယ်ဆိုရင်

မနက်တစ်ကြိမ်
နေ့လည်တစ်ကြိမ်
ညနေတစ်ကြိမ် ( ၃ ) လတိတိ
လိမ်းပေးပါ ပျောက်ကင်းပါသည်။

ရှေးခေတ်လူကြီးပေးသောဆေးနည်း
တစ်လက်ဆေးဒါနဖြန့်ဝေပေးဝေပါသည်။

Credit Uploaderအမျိုးသမီးတွေအတွက်
#ကင်ဆာထိတောင် ပျောက်ကင်းပြီး
#ဆီးချို_သွေးတိုး၊ မီးယပ်ရောဂါနဲ့ လေးဖက်နာတွေအတွက် အစွမ်းထက်

#လက်ပံပွင့်
••••••••••••
အမျိုးသမီးတွေအတွက်
ကင်ဆာထိတောင် ပျောက်ကင်းပြီး ဆီးချို ၊ သွေးတိုး၊ မီးယပ်ရောဂါနဲ့ လေးဖက်နာတွေအတွက် အစွမ်းထက် လက်ပံပွင့်

( က ) ဆီးချိုရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။

လက်ပံပွင့်ကိုဟင်းချိုချက်စားပါ။ ဆီးချိုရောဂါသမားအတွက်
ဆေးကောင်းတစ်လက်

( ခ ) သွေးတိုးရောဂါသမားအတွက် ဇီးသီးနဲ့လက်ပံပွင့်ရောပြီးဟင်းချိုချက်
စားပါ။

သွေးတိုးရောဂါပျောက်ကင်းစေသော
ဆေးတစ်လက်

( ဂ ) မီးယပ်ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။

သွေးဆုံးမီယပ်အမျိုးသမီး
ဆေးကောင်းတစ်လက်

( ဃ ) လေးဖက်နာသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။
ပြီးလျှင်ခြေဆစ်လက်ဆစ်ကိုလိမ်းပေပါ။

လေးဖက်နာရောဂါ'( ၃ ) မျိုးရှိကြပါတယ်။

နံ ပါတ်( ၁ ) ပိုးလေဖက်နာ

နံပါတ်( ၂ ) သွေးလေဖက်နာ

နံပါတ်( ၃ )အရေပြာလေးဖက်နာ

လေးဖက်နာ အမျိုးအစားသုံးမျိုးရှိကြပါတယ်။

လေးဖက်နားရောဂါရှိပြီဆိုရင် လက်ပံပွင်အမြစ်ကိုကျောက်ပျဉ်နဲ့
သွေးပြီးဆားအနည်းငယ်ထည့်ပြီး
သောက်ပါ။

လေးဖက်နာပိုးတွေအားလုံးသေစေမည်

ဆေးဖက်ဝင်သောဆေးနည်းတစ်လက်

နံပါတ်( ၄ ) ရင်သားကင်ဆာဆေးနည်း

လက်ပံအခေါက်ကိုသွေးပြီး
ရင်သားကင်ဆာသမားအတွက်
သောက်ပေးပါ။ ရင်သားအနားတစ်ဝိုက်လိမ်းပေးပါ။

ရင်သားကင်ဆာ( ၃ ) မျိုး

အဆင့်( ၁ ) ရင်သားကင်ဆာမထမအဆင့်ကတော့
လက်ပံပွင့်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင့်အလွာပွင့်လေးကိုဇွန်းနဲ့
ခြစ်ယူပြီးသကြားနဲ့ဖျော်ပြီးသောက်ပါ။

အရသာချွဲပျဉ်ပျဉ်ကလေးနဲ့
ချဉ်ပြုံးးလေးနဲ့ပါ။

ဆေးနည်းကောင်းမို့

အဆင့်( ၂ ) လက်ပံပွင်အခေါက်ကို
ကျောက်ပျဉ်နဲသွေးပါ။

ရင်သားတစ်ဝိုက်ထူထူလိမ်းပေးပါ။
ရင်သားနာခြင်း အလုံးတည်ခြင်း
လျော့နည်းစေပြီးပကတိအတိုင်း
သက်သာပျောက်ကင်းပါတယ်။

အဆင်( ၃ ) လက်ပံပွင်အခေါက်ကိုသွေလိမ်းပါ။

သွေးပြီးသောက်ပါ။ ရင်သားတစ်ဝိုက်လိမ်းပေးပါ။
ရင်သားကင်ဆာကုလို့မရတဲ့အထိ
ဖြစ်သွားတယ်ဆိုရင်

မနက်တစ်ကြိမ်
နေ့လည်တစ်ကြိမ်
ညနေတစ်ကြိမ် ( ၃ ) လတိတိ
လိမ်းပေးပါ ပျောက်ကင်းပါသည်။

ရှေးခေတ်လူကြီးပေးသောဆေးနည်း
တစ်လက်ဆေးဒါနဖြန့်ဝေပေးဝေပါသည်။

Photos from Paye Sone Nyein's post 03/03/2022

သွေးတိုးရောဂါ(Hypertension)............................................
သွေးဘာကြောင့် တိုးသလဲ? အကြောင်းအရင်းက အတိအကျမရှိပါဘူး... အကြောင်းအမျိုးမျိုးကြောင့် ကို သွေးတိုးတတ်ပါတယ်..နှလုံးကြောင့်..အသည်းကြောင့်.. ကျောက်ကပ်ကြောင့်.. အရက်သောက်လို့...အစရှိသဖြင့် အကြောင်းအမျိုးမျိုးရှိပါတယ်..
တချို့ ဘာမှလည်း မစားပါဘူး သွေးအားမနည်းပဲ ဘာလ်ု့ သွေးတိုးနေတာလည်၊ညလည်း မအိပ်ပျော်ဘူး သွေးမကျပဲ ဘာလို့သွေးတိုးတာလည်း၊သွေးတွေ များနေလို့လား သွေးလှူကျမလားဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်..
မဆိုင်ပါဘူး ခင်ဗျာ..
နှလုံးသွေးကြောထဲ ပုံမှန်မဟုတ်တဲ့ သွေးစီးဆင်းမှုမျိူးဆို သွေးတိုးတတ်ပါတယ်.. သွေးကြောထဲ အဆီတွေ များလာတယ် သွေးကြောကျဉ်းလာတယ်ဆို.. ကျဉ်းတဲ့ နေရာမှာ ဖိအားတွေများလာတာပါ.... သွေးတိုးတယ်ဆိုတာက နှလုံးရဲ့ ဖိအား သွေးကြောတွေရဲ့ ဖိအား (pressure) ကို ပြောတာပါ....
ပုံမှန် သွေးဖိအား (အများသိတာသွေးပေါင်ချိန်က) 120/80 mm Hg ရှိပါတယ်. အဲ့ထက်များရင် သွေးတိုးတာပေါ့..အဲ့ထက် နည်းရင် သွေးပေါင်က ကျတာပါ..
120က အပေါ်သွေးပါ 80က အောက်သွေးဆိုပြီး အပေါ်သွေး အောက်သွေး ရှိပါတယ်။
အမြဲတမ်းရောဂါ အနေနဲ့ မဟုတ်ပဲ တခါတရန် သွေးဖိအားတက်နေတတ်ပါတယ်..ကိုယ်ဝန်ဆောင် မိခင်တွေ ဖစ်တတ်ပါတယ်...စ်တ်လှုပ်ရှားပြီးတဲ့ အချိန်တွေ တက်နေတတ်ပါတယ်။

ဘယ်အရွယ်မှ ဖြစ်တာလဲ.............................
အရင်တုန်းကတော့ အသက် ၃၀..၄၀အရွယ်တွေ မှ စဖြစ်တတ်ပေးမယ့်.. ယခု အချိန်မှာတော့ အစားအသောက်တွေ မသန့်တာရယ် နေထိုင်မှုပုံစံ မှားယွင်းတာတွေရယ်.. အစားအသောက်မှာ ဓာတုပစ္စည်းတွေ ပါဝင်လာတာတွေကြောင့်..ဆယ်ကျော်သက် သွေးတိုးရောဂါတွေ(young hypertension) များစွာတွေ့လာရပါတယ်.. .

ရောဂါလက္ခဏာ.................
ခေါင်းကိုက်၊ခေါင်းထိုး၊ ဇာတ်ကြောတက်၊ မူးဝေ အော့အန်၊
မျက်ရိုးကိုက်၊ တခါတရန် ခြေလက်တွေ ထုံကျင်နေတတ်ပါတယ်

ဘာတွေ စစ်ဆေးသင့်လည်း?.................................
သွေးတိုးရှိလာပြီးဆိုရင်
. သွေးထဲက အဆီ (က်ုလက်စတော)စစ်သင့်ပါတယ်..ပါရဂူ ပြ ECG ဆွဲသင့်ပါတယ်

သွေးတိုး နှင့် အစားအစာ............................
သွေးတိုးစေတဲ့ အစား အစာတွေ ရှောင်ရပါ့မယ်.အဆီ၊အစိမြ့၊ငပိ ငါးခြောက် ငန်ပြာရည် အငန်အားလုံးဟင်းချိုမှုန့် ၊ကြက်သားမှုန့်အသင့်လုပ် အစားအစာများ
ဒါတွေက သွေးဖိအားတိုးမှုကို ပိုဖြစ်ပါတယ်

ကျန်မာရေး နဲ့ ညီညွတ်တဲ့ လူနေမှုပုံစံ အစားအသောက် ကို ဂရုစိုက် ထိန်းသိမ်းနေထိုင်ရင် အဆင်ပြေနိုင်ပါတယ်...

သွေးတိုးက အရှင်းပျောက်ကင်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး
အစားအသောက် အနေအထိုင် ဂရုစိုက်ရင်တေ့ာ ကျန်းမာ စွာနေနိုင်ပြီး အကောင်းဆုံး ထိန်းချုပ်နိုင်မှာပါ..

နောက်ဆက်တွဲ ဆိုးကျိုးများ... .............................နှလုံးသွေးကြောတွေ ကျဉ်းလာမယ်နှလုံးကြီးလာတတ်တယ်Heart attackရမယ်ဦးနှောက်သွေးကြောပေါက် လေဖြတ်တတ်မယ်ကျောက်ကပ်ရောဂါတွေဖြစ်လာတတ်ပါတယ်..

သွေးတိုးနှင့်ဆေးဝါး......................Amlodipine. 5 mg 10mgရှိပါတယ်
သွေးဖိအား အများကြီးမတက်ရင် 5mg မနက် တစ်ကြိမ်ပဲသောက်နိုင်ပါ ။ဆေးက အာနိသင်ကြာရှည်တဲ့ အတွက် တစ်ရက်တစ်ကြိမ်ပဲသောက်နိုင်ပါတယ်။နာတာရှည် သွေးတိုးရယ် ပြင်းထန်းသွေးတိုးဆိုရင်တော့ ၂ ကြိမ်သောက်နိုင်ပါတယ် ပါရဂူ ညွှန်ကြားမှ သောက်သင့်ပါတယ်။

*အခြားသွေးကျဆေးများကိုတော့ ပါရဂူ နဲ့ ပြသ စစ်ဆေးမှုခံယူပြီးမှ သောက်သင့်ပါတယ်။


#တစ်ဆင့်ပြန်လည်မျှဝေခြင်း။

02/03/2022

သတိပြုရမည့် အစာအိမ်ရောဂါ

“ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်” ဟူသောစကားအတိုင်း သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ အသည်းအဆီဖုံး စသော ရောဂါမှန်သမျှ၏ မူလဇစ်မြစ်မှာ အစာမကြေခြင်းက စသည်ဟုဆို နိုင်ပါသည်။

အစာမကြေခြင်းမှ အစပြု၍ အစာအိမ်ရောင်ရောဂါ၊ အစာအိမ်မှအထွက် အူသိမ်ဦးပိုင်းရောင်သော ရောဂါ၊ ထိုမှဆက်၍ အူရောင်ရောဂါများပါ ဖြစ်လာနိုင်သည်။ ထို့ကြောင့် အစာမကြေရောဂါပဲ အရေးမကြီး ပါ။ ခနကြာရင် ပျောက်သွားမှာပဲဟု မတွေးသင့်ပါ။ အစာအိမ်သည် လူ့အသက်ရှင်ရေးအတွက် အာဟာရ ထောက်ပ့ံမှု ပေးမည့် စက်ရုံကြီးတစ်ခုဖြစ်ပါသည်။

အစာအိမ်ရောဂါဆိုရာတွင် အစာမကြေရောဂါ၊ အစာချေရည် အထွက်နည်းသောရောဂါ၊ အစာချေ ရည် လိုအပ်သည်ထက် ပိုထွက်နေသည့် အစာအိမ်ကို ပြန်လောင်စေသည့်ရောဂါ၊ အစာအိမ်ရောင်ရောဂါ၊ အစာအိမ်အနာရောဂါ၊ အစာအိမ်သွေးယိုရောဂါ စသည်ဖြင့် အစာအိမ်ရောဂါအမျိုးအစားများစွာ ရှိပါသည်။

မြို့ကြီးပြကြီးများတွင် အဖြစ်များသောရောဂါ
အစာအိမ်ရောဂါသည် နယ်မြို့ကျေးလက်တောရွာများထက် မြို့ကြီးပြကြီးများတွင် ပို၍အဖြစ်များ သည်။ အချိန်ကိုလုပြီး သွားလည်းသုတ်သုတ် စားလည်းသုတ်သုတ် အစားတစ်လုတ်ကို အချိန်ပေးပြီးကြေ ညက်အောင် ဝါးမစားနိုင်သည့် သူများတွင် ပို၍ အဖြစ်များသည်။ အစာစားခြင်းသည် အစာတွင်စိတ်နှစ်ပြီး အရသာခံ ကြေညက်အောင်ဝါးစားမှသာ အစာကြေနိုင်သည်။ အချိန်မရသဖြင့် ဖြစ်သလိုစားပြီး စားသည့် အာဟာရအပေါ်တွင် ခံတွင်းမတွေ့လျှင် အစာမကြေနိုင်ပေ။

အာဟာရသုတေသီများ၏ အဆိုအရပါးစပ်အပြည့် ထမင်းတစ်လုတ်ကို ဆယ်ကြိမ်ဝါးစားရမည်ဟု အဆိုရှိသည်။ (Ten bites for one mouthful) ဆယ်ကြိမ်ဝါးမှ အစာကြေနိုင်သည်ဟုဆိုသည်။
အချို့ သူများသည် အစာကိုနှစ်ကြိမ်သုံးကြိမ်မျှ ဝါးပြီးမျိုချသည်။ နောက်ထပ် အစာထပ်ထည့်သည်။ ဝါးစားသည် ထက် မျိုချသည်က ပိုများနေသည်။ မြန်မြန်စားသည်။ စကားပြောရင်းစားသည်။ စာဖတ်ရင်းစားသည်။ ယခုခေတ်တွင် ဖုန်းကြည့်ရင်း ၊ fb ကြည့်ရင်း ထမင်းစားသည်။ အစာတွင် အာရုံမရောက်၊ ဖြစ်သလိုနှင့်မျို ချပြီး အစာအိမ်ထဲ ရောက်သွားသည်။ ကြေညက်အောင် ဝါးမထားသော အစာကိုအစာအိမ်က အစာချေ ရည်နှစ်ဆထုတ်ပြီး ချေရသည်။ အချိန်လည်း ပိုကြာသည်။ နာရီဝက်နှင့် ကြေရမည့်အစာသည် အစာအိမ် တွင် တစ်နာရီခွဲခန့်အထိ ကြာနေတတ်သည်။

ရင်တောင့် နောက်ကျောတက်ရောဂါ

အစာအိမ်တွင် ကောင်းစွာဝါးမစားသဖြင့် မကြေညက်သော အစာများရောက်ရှိသည့်အခါ အချိန် ကြာကြာ အစာချေရသည်။ မကြေညက်သော အစာကိုအစာအိမ်မှတစ်ဆင့် ထွက်ပေါက်ကျဉ်းဖြစ်သည့် အူသိမ်ဦးပိုင်းသို့ မပို့ပေ။ အကယ်၍ အူသိမ်ဦးပိုင်း ပိတ်သွားလျှင် အူသိမ်ရောင်ရောဂါဖြစ်ပြီး မခံမရပ် နိုင်အောင် ဝမ်းဗိုက်ရင်ညွှန့်မှ စူးပြီးအောင့်လာတတ်သည်။ အချို့က ရင်ညွှန့်တွင် မီးခဲကလေးထည့်ထား သ ကဲ့သို့ ပူပြီးအောင့်သည်ဟု ပြောကြသည်။

မကြေသောအစာများ အစာအိမ်မှ အူသိမ်ဦးပိုင်းသို့ ရောက်သောအခါ ရင်တောင့်ပြီး နောက်ကျော ဖက် လက်ပြင်နှစ်ခုကြားတွင် ထိုးအောင့်လာတတ်သည်။ အချို့က နောက်ကျောတက်သည်ဟု ထင်သည်။ အမှန်မှာ အစာမကြေခြင်းကြောင့်ဖြစ်သော နောက်ကြောတက်ရောဂါဖြစ်သည်။ အစာအိမ်နှင့်နောက် ကျော လက်ပြင်နှစ်ခုကြားသို့ ဆက်သွယ်နေသော အာရုံကြောများရှိသည်။ အစာအိမ်တွင် ပိတ်ဆို့ခြင်း၊ ရောင် ခြင်း၊ အစာမကြေခြင်းဖြစ်သည့်အခါ အာရုံကြောများက တောင့်တင်းလာသည်။ နောက်ကျောတက်ခြင်း သည် အစာမကြေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ကို သတိပြုဖို့ လိုသည်။

ယခုခေတ်တွင် ဆယ်ကျော်သက်လူငယ်ကလေးများတွင်ပင် လူကြီးများကဲ့သို့ နောက်ကျောတက် ရောဂါဖြစ်နေသည်ကို တွေ့ရှိရသည်။ လူငယ်အများစုသည် လက်ကိုင်ဖုန်းကို မပျက်ကြည့်ရင်း အချိန်ဖြုန်း လေ့ရှိကြသည်။ အစာစားရင်းတစ်ဖက်က ဖုန်းကြည့်နေသော ကလေးသူငယ်များကို နေရာတိုင်းတွင် တွေ့ နေရသည်။ အချို့က ဇာတ်လမ်းကြည့်သည်။ အချို့က ဖုန်းဖြင့် ဂိမ်းကစားရင်း တစ်ဖက်ကအစားကို ဖြစ် သလို စားနေသည်ကို နေရာတိုင်းတွင် တွေ့ရှိနေရသည်။

အစာကြေပုံအဆင့်ဆင့်

အစာစားပြီဆိုလျှင် ခံတွင်းသို့ အရင်ရောက်သည်။ အစာကြေခြင်း၏ ဦးစွာအစမှာ တံတွေးခေါ် ခံ တွင်းမှထွက်သည့် အရည်ကြည်ဖြစ်သည်။ ဝါးစားသောအစာကို ခံတွင်းမှထွက်သည့် တံတွေးရည်ဖြင့်ရော ပြီး အစာကိုနှူးပေးသည်။ ကြာကြာဝါးလေ တံထွေးရည် (သွားရည်) ထွက်လေဖြစ်သည်။ ထိုအရည်ဖြင့် အစာကို နှူးပေးလိုက်သောအခါ အစာအိမ်ရောက်လျှင် အစာခြေရလွယ်ကူသွားသည်။

အနောက်တိုင်းဆေးပညာအရ အစာအိမ်တွင် စိမ့်ထွက်နေသော ဟိုက်ဒြိုကလိုရစ်အက်ဆစ် (HCL) သည် အစာချေပေးသည့် အက်ဆစ်အပျော့စားဖြစ်သည်။ အစာကြေအောင်ဝါးထားလျှင် အစာပျော့ဖြစ်လျှင် ချေရချိန် သိပ်မကြာဘဲ အစာကြေသွားနိုင်သည်။ ကြေအောင်ဝါးမထားသောအစာ၊ မာကြောသောအစာ၊ ကောက်ညှင်း၊ ဆန်ဆေးများဖြစ်လျှင် အချိန်ကြာကြာအစာခြေရသည်။ အစာအိမ်မှနယ်ဖတ်ပြီး ချေပြီး အစာများ အူသိမ်ဦးပိုင်းသို့ ရောက်သောအခါတွင် အစာချေရည်အကူအဖြစ် သည်းခြေအိတ်မှ ထွက်သော သည်းခြေရည်နှင့် မုန့်ချိုအိတ်ခေါ် ပန်ကရိယမှထွက်သော ပန်ကရိယစစ်ထုတ်ရည်တို့ပေါင်းပြီး ပြွန်ငယ် တစ်ခုနှင့်ရောက်ရှိကာ အစာချေပေးကြသည်။ သည်းခြေရည်သည် အစာကြေစေသည့်အပြင် ဝမ်းကိုအ ရောင်ဆိုးပေးသည်။

ကျန်းမာသောသူ၏ ဝမ်းအဝါရောင်မှာ သည်းခြေရည်အားကောင်းသောကြောင့် ဖြစ် သည်။
ပန်ကရိယစစ်ထုတ်ရည်သည် ဆီးချိုမဖြစ်စေရန် အချိုဓာတ်များကို ခွဲခြားပေးသည့် အရည်မျိုးဖြစ် သည်။ အူသေးနှင့် အူမကြီးတို့သို့ ရောက်ရှိမှသာ အာဟာရကို ခန္ဓာကိုယ်က စုတ်ယူသည်။ အစာကြေလျှင် အာဟာရစုတ်ယူမှု လွယ်ကူပြီး အစာမကြေလျှင် အူမကြီးတွင် အချိန်ကြာပြီး ဝမ်း၊ ရင်တောင့်ခြင်း၊ စမြင်းခံ ခြင်း၊ ဝမ်းချုပ်ခြင်းမှား ဖြစ်နိုင်သည်။

တိုင်းရင်းနည်းဖြင့် အစာကြေပုံအဆင့်ဆင့်
အစာကြေရန်အတွက် တိုင်းရင်းဆေးပညာတွင် “ဝမ်းမီး” သည် အဓိကဖြစ်သည်။ ဝမ်းမီးအား ကောင်းလျှင် အစာခြေအားကောင်းသည်။ ဝမ်းမီးမကောင်းလျှင် ဝမ်းမီးပျက်လျှင် အစာမကြေသည်သာမက နောက်ဆက်တွဲ ရောဂါအမျိုးမျိုး ဝင်လာနိုင်သည်။ ဝမ်းမီး (၅) မျိုးရှိသည်။
၁။ မန္ဒဝမ်းမီး အားပျော့သော ဝမ်းမီး(အစာမကြေ)
၂။ တိက္ခဝမ်းမီး ထက်သောဝမ်းမီး (အစာကြေလွန်)
၃။ သမဝမ်းမီး မျှတသောဝမ်းမီး (အစာကြေ)
ဤသုံးမျိုးမှာ လူတို့တွင် အခြေအနေအချိန်အခါ အသက်အရွယ်ကို လိုက်၍ အစာအိမ်တွင် မကြာ ခန ပြောင်းလဲ ဖြစ်ပေါ်တက်သော ဝမ်းမီးများဖြစ်သည်။
၄။ ဝိသမဝမ်းမီး ပျက်စီးနေသော ဝမ်းမီး (အစာအိမ်ရောဂါရှိ)
၅။ ဘဿမဝမ်းမီး ပြာကျအောင်လောင်သောဝမ်းမီး(အစာအိမ်အနာဖြစ်သွေးယို)

ဆေးကျမ်းများအဆိုအရ (၄)နှင့် (၅) ပါဝမ်းမီးနှစ်မျိုးမှာ အစာအိမ်ရောင်ရောဂါ၊ အစာအိမ်တွင် သွေးယိုရောဂါ၊ အစာအိမ်အနာပေါက်ရောဂါ၊ ထိုထက်အဆင့်မြင့်လျှင် အလုံးအခဲဖြစ်၍ အစာသက်ဆင်းရာ လမ်းကြောင်းပိတ်သည့် အစာအိမ်ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါသည်။

အာယုဗေဒဆေးပညာအရ ဝမ်းမီးသည် လူ့အသက်ရှင်ရေးအတွက် အလွန်အရေးကြီးသည်။ လူမ သေဘဲ ဝမ်းမီးမငြိမ်းစေရ။ လူသေမှသာ ဝမ်းမီးငြိမ်းသည်ဟု ဆိုသည်။ ဝမ်းမီးသည် လူကိုဆာလောင်စေ သည်။ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ အစာချေခြင်းကိုလည်း ပြုလုပ်ပေးသည်။

ဝမ်းမီးငြိမ်းလျှင် ဝမ်းမီးအားမကောင်းလျှင် ဝမ်းမီးပျက်လျှင် အစာစားချင်စိတ်မရှိတော့။ မစားချင်ဘဲ စားလျှင် အစာမကြေနိုင်။ အစာမကြေလျှင် အာဟာရကို ခန္ဓာကိုယ်က စုပ်မယူနိုင်။ ကိုယ်ခံအားကျဆင်း လာမည်။ နောက်ဆက်တွဲ ရောဂါဝေဒနာအမျိုးမျိုး ကိုယ်တွင်းသို့ ဝင်ရောက်လာမည်။ ကိုယ်ခံအားကောင်း ရန်အတွက် ဝမ်းမီးသည် မူလပထမဖြစ်သည်။

အစာကြေခြင်းအဆင့်ဆင့်

အာယုဗေဒဆေးပညာအလိုအရ အစာကြေခြင်းအဆင့် (၇) ဆင့်အထိရှိသည်။ အဆင့်ဆင့်ကြေ ညက်သွားခြင်းဖြစ်သောကြောင့် ပထမအဆင့်ကြေမှသာ ဒုတိယအဆင့်သို့ ရောက်နိုင်သည်။ ဒုတိယအဆင့် ကြေမှသာ တတိယအဆင့်သို့ ရောက်နိုင်သည်။ ဤသို့အဆင့်ဆင့် ခန္ဓာကိုယ်အတွက် အသုံးဝင်နိုင်သော အဆင့်သို့ တစ်ဆင့်ခြင်းရောက်ရှိမည်ဖြစ်သည်။

အစာကြေပုံအဆင့်ဆင့်မှာ

၁။ ပထမအဆင့်အစာကြေလျှင် ရသရည် ဖြစ်သည်။
၂။ ဒုတိယအဆင့် အစာကြေလျှင် သွေး ဖြစ်သည်။
၃။ တတိယအဆင့်အစာကြေလျှင် အသား ဖြစ်သည်။
၄။စတုတၳအဆင့် အစာကြေလျှင် အဆီ ဖြစ်သည်။
၅။ ပဉ္စမအဆင့်အစာကြေလျှင် အရိုး ဖြစ်သည်။
၆။ ဆဋ္ဌမအဆင့်အစာကြေလျှင် ခြင်ဆီ ဖြစ်သည်။
၇။ သတ္တမအဆင့်အစာကြေလျှင် သုက် ဖြစ်သည်။

ဝမ်းမီးအားမကောင်းလျှင် အဆင့်ဆင့် အစာမကြေနိုင်သဖြင့် ရသရည်သာဖြစ်ပြီး တစ်နေ့တာအ တွက် အားရှိယုံသာဖြစ်မည်။ သွေးအသား စသည်များဖြစ်မည်မဟုတ်။ ထို့ထက်ပိုလျှင် အဆီမဖြစ်။ အရိုးမ ဖြစ်။ ခြင်ဆီမဖြစ်။ အားနည်းသောသူတွင် ကျားခွန်အား၊ မခွန်အားဖြစ်သည့် သုက်သွေးလည်း ဖြစ်တော့ မည် မဟုတ်ပေ။

လူတိုင်းလူတိုင်း ငယ်ရွယ်နုပျိုစဉ်တွင် မည်သည့်အစာစားစား အစာကြေသည်။ အဆင့်ဆင့်ခွန် အားများ ဖြစ်သည်။ သို့သော် သက်လတ်ပိုင်း အသက် ၃၃ နှစ်မှ ၅၀ ကျော်ရောက်သည့် အတွင်းတွင် အစာ ချေအားကောင်းသော်လည်း အာဟာရစုပ်ယူမှုမှာ အားနည်းလာသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ အသက်အရွယ်အလျောက် ဝမ်းမီးအားနည်းလာခြင်းကြောင့်ဖြစ်သည်။

အစားအသောက်ကို အချိန်မှန်မစားသုံးခြင်းကြောင့်လည်း ဝမ်းမီးပျက်နိုင်သည်။ ရုံးဝန်ထမ်းများ တွင် နေ့လယ် ၁၂ နာရီမှ ၁ နာရီအချိန်အတွင်း ထမင်းစားလေ့ရှိသည်ဟု ဆိုပါစို့။ နေ့စဉ်အကျင့်ဖြစ်နေ သော ထိုအချိန်တွင် အစာချေရည် အစာအိမ်မှ ထွက်မြဲဖြစ်သည်။ အကြောင်းအားလျှော်စွာ ရုံးတွင် အစည်း အဝေးရှိ၍ဖြစ်စေ၊ အလုပ်လက်စသတ်ရန် မပြီးပြတ်၍ဖြစ်စေ ပုံမှန်စားချိန်တွင် မစားနိုင်သောအခါ အစာ အိမ်မှ အစာချေရည်မှာ ပုံမှန်အချိန်တွင် ထွက်ပြီးဖြစ်နေသည်။ မိမိမှာလည်း ဗိုက်ဆာသည်။ သို့သော် မစား အား။ ထိုအခါမျိုးတွင် ရေတစ်ခွက်ဖြစ်ဖြစ် သောက်ထားသင့်သည်။ အလွယ်တကူရနိုင်သော ဘီစကစ်၊ ပေါင်မုန့်စသည် အစာအနည်းငယ်မျှ အစာအိမ်ထဲသို့ ထည့်ပေးသင့်သည်။ သို့မဟုတ်ပါက ထွက်ပြီးဖြစ် သော အစာချေရည်သည် အစာအိမ်ကိုပြန်၍ လောင်ကျွမ်းသွားနိုင်သည်။

အစာစားချိန်တွင် ဆာလောင်ပါလျှက် မစားနိုင်သောသူသည် အဆာလွန်သောအခါ ဝမ်းမီးငြိမ်း သွားပြီး စားချင်စိတ်မရှိတော့ဘဲ ဖြစ်တတ်သည်။ သို့သော် စားရမည့်ဝတ္တရားကြောင့် အစာကိုစားသော အ ခါ ဝမ်းမီးမတောက်သဖြင့် အစာချေရည်လည်း ကောင်းစွာမထွက်ပေ။ ထိုသို့စားမိသူသည် ရင်တောင့်ပြီး အစာမကြေဖြစ်ရသည်။

အစာမကြေခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲ ရောဂါများမှာ

(၁) ရင်တောင့်ခြင်း၊ (၂) ရင်ပူ ခြင်း၊ (၃) နောက်ကျောတက်ခြင်း၊ (၄) ဇက်ခိုင်တောင့်တင်းခြင်း၊ (၅) မျက်စိအမြင်အာရုံဝေဝါးပြီး အာရုံ မစိုက်နိုင်ခြင်း၊ (၆) အိပ်ချင်ငိုက်မြည်းခြင်း၊ (၇) လေချဉ်တက်ခြင်း၊ (၈) ပျို့အန်ခြင်း၊ (၉) ခံတွင်းခါးခြင်း၊ (၁၀) နောက်ထပ် အစာစားလိုစိတ်မရှိခြင်း၊ (၁၁) နောက်တစ်ရက်တွင် ဝမ်းကောင်းစွာမသွားခြင်း၊ ဝမ်းချုပ် ခြင်း၊ စမြင်းခံခြင်းများ ဖြစ်စေနိုင်ပါသည်။

အစာမကြေရောဂါမဖြစ်စေရန်

၁။ အစာကို အချိန်မှန်စားပါ။
၂။ အစာကို ကြေညက်အောင်ဝါးစားပါ။ အစာတစ်လုတ်လျှင် (၁၀) ကြိမ်ခန့် ဝါးစားဖို့လိုပါသည်။
၃။ အစာစားနေစဉ်အခြားအာရုံပြုရသည့် အလုပ်များ မလုပ်ပါနှင့်။ ဥပမာ- စာဖတ်ခြင်း၊ စကားစမြည်ပြော ဆိုခြင်း၊ စားနေရင်းတစ်ဖက်မှ ဖုန်းကြည့်ခြင်းများ မလုပ်သင့်ပါ။
၄ ။ မာကြောသောအစာ၊ ကြေခဲသော အစာများစားလျှင် အရည်သောက်ဟင်းဖြင့် တွဲဖက်စားသောက်ပါ။
၅။ အစာစားပြီးပြီးချင်း လှဲလျောင်းခြင်း၊ အိပ်စက်ခြင်း မပြုသင့်ပါ။
၆။ အစားများသောအခါ အစာကြေစေရန် လမ်းအနည်းငယ် လျှောက်ပေးလျှင် ပိုကောင်းပါသည်။

ကြည်လွင်မြင့် (မုဒြာ)

#တစ်ဆင့်ပြန်လည်မျှဝေခြင်း။

01/03/2022

လည်ချောင်းနာခြင်းအတွက် အိမ်တွင်းကုထုံးများ
↔️↔️↔️↔️↔️↔️↔️↔️↔️↔️↔️↔↔️
အိုမီခရွန် ( Omicron )ချစ်ကျီစယ်လို့
လည်ချောင်းနာသူအတော်များများတွေ့ရပါတယ်။
ကျွန်တော်သိတဲ့လူနာအကုန် လည်ချောင်းနာကြတယ်။
လည်ချောင်းယား၊လည်ချောင်းတစ်ဆို့၊
တံတွေးမျိုရင်တောင်နာ၊
လည်ချောင်းနာလွန်းလို့ စကားမပြောနိုင်
အစာမစားနိုင်တဲ့ထိ ဖြစ်ကြပါတယ်။
မီးစနဲ့ထိုးထားသလိုကို ခံရခက်တယ်လို့ သိရပါတယ်။
နာလွန်းလို့ ကောင်းကောင်းအိပ်မရတဲ့အထိ ဖြစ်ကြပါတယ်။
ဆေးဆိုင်မှာ ဆရာဝန်လက်မှတ်မလိုဘဲ
ဝယ်ယူလို့ရတဲ့ လည်ချောင်းနာ
သက်သာဆေး ငုံဆေး၊ဖျန်းဆေးတွေကတော့
အများကြီးရှိပါတယ်။ သုံးလို့ရပါတယ်။
အခုပြောပြပေးမှာက မိမိအိမ်မှာ
လည်ချောင်းနာသက်သာအောင်
ဘယ်လို လုပ်ရမလဲဆိုတဲ့ အကြောင်းပါ။
၁။ပျားရည်
-----------------
ပျားရည်ကို သူ့ချည်းသီးသန့်ဖြစ်စေ၊ ရေနွေးထဲ
ရောစပ်ပြီး ဖြစ်စေ သောက်သုံးတာက
လည်ချောင်းနာတာကို သက်သာစေပါတယ်။
လေ့လာမှုတစ်ခုအရ
ပျားရည်က သာမန် ချောင်းဆိုးပျောက်ဆေးများထက်
ညအချိန် ချောင်းဆိုးခြင်းကို
ထိန်းညှိရာမှာပိုထိရောက်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
တခြားသုတေသနတစ်ခုအရ ပျားရည်က
လည်ချောင်းနာတာကို
မြန်ဆန်စွာသက်သာပျောက်ကင်းစေနိုင်တယ်လို့
ဆိုပါတယ်။ ပျားရည်စစ်ဖို့ လိုပါမယ်။
၂။ဆားရေနွေး
----------------------
ဆားရေနွေးနွေးနဲ့ အာလုတ်ကျင်းပေးတာက
လည်ချောင်းနာတာကို သက်သာစေပြီး
အညစ်အကြေး အကျိအချွဲတွေကို ချေဖျက်ပေးနိုင်ပါတယ်။
လည်ချောင်းမှာရှိတဲ့ ဘက်တီးရီးယားတွေကို
သေစေနိုင်တယ်လို့လည်း လူသိများပါတယ်။
ရေနွေးနွေးတစ်ခွက်ထဲမှာ
ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ဖျော်ပါ။
ဆားရေနွေးနဲ့ အာလုတ်ကျင်းပေးတာကရောင်ရမ်းတာကို
သက်သာစေပြီး လည်ချောင်းကို သန့်ရှင်းစေပါတယ်။
သုံးနာရီခြားတစ်ခါ ပြုလုပ်သင့်ပါတယ်။
၃။နွယ်ချိုအမြစ်
------------------------
Licorice root ကို လည်ချောင်းနာတာ ကုသရာမှာ
ရှေးကတည်းကအသုံးပြုခဲ့ကြပါတယ်။သုတေသနပြုချက်တွေအရ နွယ်ချိုအမြစ်နဲ့ရေရောစပ်ပြီး
အာလုတ်ကျင်းတာက လည်ချောင်းနာတာကို
သက်သာစေပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ မသုံးရပါ။
၄။ပန်းသီးရှလကာရည်
-------------------------------
ပန်းသီးရှလကာရည် (ACV)က ဘက်တီးရီးယားတွေကို
သေစေနိုင်ပါတယ် ။
မြောက်မြားစွာသောလေ့လာမှုတွေအရ
ပန်းသီးရှလကာရည် မှာ ပိုးသတ်ဆေးအာနိသင်ရှိပါတယ်။
အက်စစ်ဓာတ်သဘာဝကြောင့် လည်ချောင်းအတွင်းရှိ
ချွဲတွေကို ချေဖျက်ပေးပြီး ဘက်တီးရီးယားတွေ
မပြန့်ပွားစေရန် ကူညီပေးနိုင်ပါတယ်။
လည်ချောင်းနာတာကို ခံစားရရင်
ပန်းသီးရှလကာရည်
စားပွဲတင်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းကို
ရေတစ်ခွက်ထဲကို ရောပြီး ပလုတ်ကျင်းပေးပါ။
တစ်နာရီမှာ တစ်ကြိမ်ကနေ နှစ်ကြိမ်အထိ
အာလုတ်ကျင်းပါ။ရေများများသောက်ဖို့ မမေ့ပါနဲ့။
ရေများများသောက်ပါ။
အအေးစာတွေရှောင်ပါ။
ရေခဲရေ ရှောင်ပါ။
ရေနွေးနွေး မကြာခဏသောက်ပါ။
အသီးအနှံများများစားပါ။
ဆီကြော်၊အချိုနဲ့ သကြား လျှော့စားပါ။
အသက်ကို ဉာဏ်စောင့်ပါ ။
----------------------------------------------------------

#တစ်ဆင့်ပြန်လည် မျှဝေခြင်း။

Photos from Nandar's Kitchen's post 28/02/2022
19/02/2022

⛔ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ⛔
👉 (၁) နံနက်စာ မစားခြင်း။
👉(၂) ဆား စားသုံးမှု များနေခြင်း။
👉(၃) ဆေးလိပ်သောက်ခြင်း။
👉(၄) ရေသောက်နည်းခြင်း။
👉(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
👉(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
👉(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
👉(၈) အသားများကို အလွန်အကျွံစားခြင်း။
👉(၉) အရက်အလွန်အကျွံသောက်ခြင်း။
👉(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________
#ပိုမိုလေ့လာရန်

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက်မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက်မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက်အလွန်အကျွံသောက်တာလည်းမကောင်းပါဘူး။ တစ်ရက်မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမယ့် လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတလေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝြဖည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက်မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက်မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့လိုပါတယ်။

Credit #
#တစ်ဆင့်ပြန်လည်မျှဝေခြင်း။

17/02/2022

အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။

(၁) ကြက်ရိုးကို ကြာကြာလေး ပြုတ်ပါ။

(၂) ကျောက်ဖရုံသီး တစ်စိတ်ကို ခပ်သေးသေး တုံး၍ ထည့်ပြုတ်ပါ။

(၃) ငရုတ်ကောင်း ၅ စေ့ခန့်ကို ထုထည့်ပါ။

(၄) ဟင်းကျက်ပြီဆိုရင် တရုတ်နံနံပင် အနေတော် ၃ ပင်ခန့်ကို နုတ်နုတ်စင်း၍ ထည့်ပါ။

(၅) ပန်းကန်ထဲထည့်ပြီး သောက်ခါနီး သံပုရာတစ်စိတ်ကို ညစ်ထည့်ပြီး သောက်ပါ။ အရည်ရော အဖတ်ပါ စားပါ။ တစ်အိုးလုံး မကုန်မချင်း နားနားပြီး စားပါ။

(၆) အနည်းဆုံး တစ်လတစ်ကြိမ်လောက် ကျောက်ဖရုံသီးဟင်းချိုကို ချက်သောက်ပါ။

ကျောက်ကပ်ဟာ လူသားတွေအတွက် အရေးပါဆုံးအလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အစားအစာများကို စစ်ထုတ်ပေးရတယ်။

ယနေ့ခေတ် အစားအသောက်များကလည်း ဟိုအရင်လို သဘာဝအလျှောက် တောထဲကရတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်က ရှားပါးသွားပြီး နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုပဲ စားသုံးနေရပါတယ်။ အဆိပ်အတောက်မျိုးစုံလည်း ပါဝင်နေပါတယ်။

ကြာလာတော့ ကျောက်ကပ်ကို သွားထိပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့ အခဲဖြစ်ကျန်ရစ်ပြီး ကျောက်ကပ်မှာ ကျောက်တည်ရောဂါများ ဖြစ်လာကြပြီး ဆေးရုံတက်ခွဲနေကြသူတွေ မနည်းပါဘူး။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း ကျောက်ကပ်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ကို ညွန်ပေးလိုက်ရပါတယ်။ လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Other Beauty Supply Stores in Yangon (show all)
Harmony Myanmar Online Shop Harmony Myanmar Online Shop
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY

We are selling Thailand & Korea cosmetic, skin care

Contour Queens Contour Queens
Yangon

Contour Queens USA Products 😊

Hnin Ei Cho-Lambestskincare Shwepyithar Hnin Ei Cho-Lambestskincare Shwepyithar
Yangyiaung
Yangon

#Lambest Skincare# မြန်မာပြည်အနှံကိုယ်စားလှယ်များကိုဖိတ်ခေါ်ပါတယ်ယုံကြည်မှု့နဲ့လက်တွဲကြမယ်

Aye Cherry - Beauty & Accessories Aye Cherry - Beauty & Accessories
Block-29, No. 9/10, Nawaday Garden Housing, Hlaing That Year
Yangon

Beauty cosmetics နဲ့ Hair accessories များကို စျေးနှုန်းခ?

𝑯𝒂𝒆́ 𝒔 𝑻𝒉𝒆 𝑯𝒆𝒂𝒗𝒆𝒏 𝑯𝒂𝒆́ 𝒔 𝑻𝒉𝒆 𝑯𝒆𝒂𝒗𝒆𝒏
Yangon

Japanese Beauty Supply Store

Ritzy - Shopping Zone Ritzy - Shopping Zone
Yangon

We're selling 100% authentic Korea & BKK products directly.

Lavish Treats Skincare Lavish Treats Skincare
Yangon

We import 100% authentic products from UK.

လှပဂေး_lapagay_online Store လှပဂေး_lapagay_online Store
Yangon, 999888

မဂ်လာပါရှင့် လှပဂေးlapagay pageကနေနွေးထွေး

Clover K Beauty Cosmetic and Skincare Clover K Beauty Cosmetic and Skincare
South Oakalapa
Yangon

Authentic Skincare and Cosmetics

Htake Htar - Scrunchies for your grace Htake Htar - Scrunchies for your grace
Yangon

Local Brand Scrunchies by Htake Htar Scrunchies For Your Grace !! Myanmar's beauty!

My Beauty Zone:MBZ My Beauty Zone:MBZ
Yangon

Collagen- Gluta -Biotin