Burbrit Taproom

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burbrit Taproom, Beer garden, No 3/A13, Taw Win Road, Near Ocean Supercenter, Mayangone Township, Yangon.

04/06/2024

Burbrit Craft Beer ကို ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ယနေ့ထက်ထိ ဘီယာလုပ်ငန်းတစ်ခုကိုသာ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ပါတယ်။ Burbrit အနေနဲ့ Craft Beer လုပ်ငန်းမှအပ အခြားမည်သည့်လုပ်ငန်းမှာမျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ယုံကြည်စွာအားပေးလာကြသော ဘားဘရစ်ပရိသတ်များအားလုံးကို လေးစားစွာအသိပေးအပ်ပါတယ် 🙏🙏🙏

01/06/2024

Burbrit ရဲ့ ဘန်ကောက်ဆိုင်ခွဲမှာ တာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းများ ခေါ်ယူခြင်း 🇹🇭

🍻 F&B လုပ်ငန်း (သို့မဟုတ်) Service ပိုင်းမှာ အတွေ့အကြုံရှိသူ
🍻 English လို ကောင်းမွန်စွာပြောဆိုနိုင်သူ
🍻 Team နဲ့ လိုက်လျောညီထွေ ပူးပေါင်းလုပ်ဆောင်နိုင်သူ
🍻 ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ဖို့ အထောက်အထားစာရွက်စာတမ်းရှိသူများ လျှောက်ထားနိုင်ပါတယ်။

အလုပ်တာဝန်ထမ်းဆောင်ရမယ့် ဆိုင်နေရာက Sukhumvit Soi 22 ပါ (Emsphere ရဲ့ ဘေးမှာ ဖြစ်ပါတယ်)

စိတ်ဝင်စားပါက မိမိတို့ရဲ့ CV များကို Viber +959971642219 သို့ ပေးပို့နိုင်ပါတယ်။

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕙 10:30 AM to 1 AM Daily

30/05/2024

SOTS ရဲ့ Grill တွေရယ်၊ Burbrit ရဲ့ Craft Beer တွေရယ်နဲ့အတူ နောက်တစ်ကြိမ် အေးအေးဆေးဆေး Chill ကြမယ် 🍻🍻

𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ကို SOTS ရဲ့ ဆရာစံဆိုင်ခွဲမှာ ဇွန်လ (၁) ရက်နေ့မှာ ထပ်မံကျင်းပသွားမှာဖြစ်ပြီး -

🍺 SOTS ရဲ့ စုံလင်တဲ့ အကင်လက်ရာအမျိုးမျိုးနဲ့ တွဲဖက်ဖို့အတွက် အဲဒီနေ့မှာ Burbrit Craft Beer (၄) မျိုးကို အထူးဈေးနှုန်းနဲ့ လာရောက်ရောင်းချပေးမှာဖြစ်ပါတယ်။

🍺 Burbrit က အသစ်စက်စက် ချက်လုပ်မိတ်ဆက်လိုက်တဲ့ Shwe Yin Ale ဘီယာကို တစ်ခွက်မှ ၄၅ဝဝ ကျပ်တည်းနဲ့ မြည်းစမ်းနိုင်မှာပါ။

🍺 ပုံမှန် Burbrit ဘီယာတွေကိုပဲ သောက်ချင်တဲ့သူတွေအတွက်လည်း Rangoon Blonde, Padaung Weizen နဲ့ Nagaland Pale Ale တို့ ရှိပါမယ်။

🍺 ဒါ့အပြင် SOTS Craft Beer ပဲသောက်သောက်၊ Burbrit ပဲသောက်သောက် ဘီယာတစ်ခွက် မှာလိုက်ပြီဆိုတာနဲ့ တစ်ဝိုင်းလုံးစာ အကင်နဲ့ ဟင်းပွဲလျာအားလုံးအတွက် 10% Discount ရရှိဦးမှာ ဖြစ်ပါတယ်။

အကင်နဲ့ဘီယာဆိုတာ အလွန်လိုက်ဖက်တဲ့အတွဲအစပ်မို့ SOTS နဲ့ Burbrit တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ 𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ကို ညနေငါးနာရီကနေ ဆယ်နာရီအထိ လာရောက်ခံစားကြည့်လိုက်ပါ။

𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞
🗓️ 1 June 2024
🕕 5 PM - 10 PM
📌 STEAK on the Street San
(Opposite of YKKO)


&chill #ဘားဘရစ် #ဘီယာ

25/05/2024

ဘန်ကောက်မြို့မှာ ဒီနေ့ည မန်ယူနဲ့မန်စီးတီးတို့ရဲ့ FA Cup ဗိုလ်လုပွဲစဉ်ကို ဘားဘရစ်ရဲ့ Sukhumvit 22 ဆိုင်ခွဲမှာ လာရောက်ကြည့်ရှုခံစားလှည့်ပါ

ထိုင်းစံတော်ချိန် ည ၉ နာရီမှာ ထုတ်လွှင့်မယ့် ဒီပွဲစဉ်ကို Big Screen တွေပေါ်မှာ အားရပါးရနဲ့ ပျော်ပျော်ပါးပါးအားပေးနိုင်မှာဖြစ်သလို ဒီပွဲကိုလာကြည့်တဲ့ ဘောလုံးဝါသနာအိုးများအားလုံးအတွက် အထူးဘီယာပရိုမိုးရှင်းတွေ စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် Final Score နဲ့ First Goalscorer ကို မှန်အောင်ခန့်မှန်းနိုင်ရင် ဆုလက်ဆောင်တွေလည်း ရဦးမှာပါ။ မန်စီးတီးအတွက် ဒုတိယဖလားဖြစ်လာမလား၊ သရဲနီတွေကပဲ မထင်မှတ်တွေတာတွေ လုပ်ပြနိုင်မလားဆိုတာ စောင့်မျှော်ရင်ခုန်လိုက်ကြပါစို့။

Reservation - (+66) 096 480 0391

TONIGHT ON BIG SCREEN! 🔥⚽🏆

Whether you're Team🔴 or Team🔵, we are offering this special promo of Nagaland Pale Ale (or) 4 Idiots Pale Ale for *ONLY 190B* from 8 PM onwards.

And that's not all. There are some prizes to win for those who can correctly guess the game.
(1) Final Score - ???
(2) First Goalscorer - ???

Will City win another cup? Or will United surprise us as an underdog? Come enjoy the exciting FA Cup Final at Burbrit! 🍻🍻

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕙 10:30 AM to 1 AM Daily

15/05/2024

တောင်းဆိုသူတွေများတဲ့ 𝘽𝙚𝙡𝙡𝙖 𝘾𝙞𝙖𝙤 𝙭 𝘽𝙪𝙧𝙗𝙧𝙞𝙩 ပွဲကို ဒီတစ်ပတ် သောကြာနဲ့စနေတို့မှာ Bella Ciao Bar မှာ ထပ်မံကျင်းပပေးသွားပါမယ်🍻🎶🍻🎶

🍺 နှစ်ရက်တိုင်တိုင် ကျင်းပမယ့် ဒီအစီအစဉ်လေးအတွက် Burbrit က အသစ်စက်စက် ချက်လုပ်မိတ်ဆက်လိုက်တဲ့ Shwe Yin Ale ဘီယာ ကို တစ်ခွက်မှာ 4500 ks တည်းနဲ့ မြည်းစမ်းခွင့်ရမှာ ဖြစ်ပါတယ်။

🍺 ပုံမှန် Burbrit ဘီယာတွေဖြစ်တဲ့ Padaung Weizen, 4 Idiots Pale Ale နဲ့ Nagaland Pale Ale တို့ကိုလည်း အထူးဈေးနှုန်း 5500 ks နဲ့ ဝယ်ယူသောက်သုံးနိုင်ပါတယ်။

🍺 ဒါ့အပြင် ဒီပွဲကိုလာရောက်တဲ့ ဘားဘရစ်ပရိသတ်တွေအားလုံး Shwe Yin Ale (150ml) တစ်ခွက်ကို Welcome Beer အဖြစ် အခမဲ့လက်ဆောင်ရဦးမှာပါ။

🍺 Burbrit Craft Beer တွေနဲ့ တွဲဖက်ဖို့အတွက် Bella Ciao က ဖန်တီးထားတဲ့ Special Menu တွေအပြင် DJ တွေရဲ့ ဂီတသံစဉ်တွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ညနေခင်းလေးတစ်ခုကို လာရောက်ခံစားလိုက်ပါ။

𝘽𝙚𝙡𝙡𝙖 𝘾𝙞𝙖𝙤 𝙭 𝘽𝙪𝙧𝙗𝙧𝙞𝙩
🗓️ 17-18 May 2024 (Fri & Sat)
🕕 5 PM - 10 PM
📌 Bella Ciao Bar
8A, Corner of Parami Road and May Kha West Lane, Mayangone, Yangon
📞 Reservation: 099 456 88 777

Photos from Burbrit Taprooms Myanmar's post 14/05/2024

Burbrit at Bella Ciao Bar 🍻🍻🍻

10 May 2024

Photos from Burbrit Taprooms Myanmar's post 11/05/2024

𝙎𝙪𝙣𝙨𝙚𝙩 𝙗𝙮 𝙩𝙝𝙚 𝙇𝙖𝙠𝙚 🍺🍺🍺

Burbrit x Nth Degree

10/05/2024
08/05/2024

မေလ (၁၀) ရက်နေ့ကျရင် Burbrit Craft Beer တွေကို Bella Ciao Bar မှာ လာရောက်ခံစားလိုက်ပါ

🍺 အဲ့ဒီနေ့တစ်ရက်တည်းသာ ကျင်းပမယ့် ဒီအစီအစဉ်လေးအတွက် Burbrit က အသစ်စက်စက် ချက်လုပ်မိတ်ဆက်လိုက်တဲ့ Shwe Yin Ale ဘီယာ ကို တစ်ခွက်မှာ 4500 ks တည်းနဲ့ မြည်းစမ်းခွင့်ရမှာ ဖြစ်ပါတယ်။

🍺 ပုံမှန် Burbrit ဘီယာတွေဖြစ်တဲ့ Padaung Weizen, 4 Idiots Pale Ale နဲ့ Nagaland Pale Ale တို့ကိုလည်း အထူးဈေးနှုန်း 5500 ks နဲ့ ဝယ်ယူသောက်သုံးနိုင်ပါတယ်။

🍺 Burbrit Craft Beer တွေနဲ့ တွဲဖက်ဖို့အတွက် Bella Ciao က ဖန်တီးထားတဲ့ Special Menu တွေအပြင် DJ တွေရဲ့ ဂီတသံစဉ်တွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ညနေခင်းလေးတစ်ခုကို လာရောက်ခံစားလိုက်ပါ။

𝘽𝙚𝙡𝙡𝙖 𝘾𝙞𝙖𝙤 𝙭 𝘽𝙪𝙧𝙗𝙧𝙞𝙩
🗓️ 10 May 2024 (Friday)
🕕 5 PM - 10 PM
📌 Bella Ciao Bar
8A, Corner of Parami Road and May Kha West Lane, Mayangone, Yangon
📞 Reservation: 099 456 88 777

03/05/2024

🍺 မြန်မာတွေတည်ထောင်၊ မြန်မာတွေဦးဆောင်၊ မြန်မာတွေဝန်းရံထားတဲ့ မြန်မာစစ်စစ် ဘားဘရစ် 🍺

မြန်မာတစ်‌‌‌‌ယောက်ရဲ့ အောင်မြင်မှုဟာ မြန်မာအားလုံးအတွက် ဂုဏ်ယူစရာဖြစ်သလို မြန်မာတစ်‌ယောက်ရဲ့ ကြိုးစားမှုဟာလည်း မြန်မာတွေအားလုံးအတွက်ပါပဲ။ မြန်မာပြည်ရဲ့ နံပါတ်တစ် Craft Beer တံဆိပ်ဖြစ်တဲ့ ဘားဘရစ်က မြန်မာတစ်‌ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။


#ဘားဘရစ် #ဘီယာ

26/04/2024

🍺 မြန်မာတွေတည်ထောင်၊ မြန်မာတွေဦးဆောင်၊ မြန်မာတွေဝန်းရံထားတဲ့ မြန်မာစစ်စစ် ဘားဘရစ် 🍺

မြန်မာတစ်‌‌‌‌ယောက်ရဲ့ အောင်မြင်မှုဟာ မြန်မာအားလုံးအတွက် ဂုဏ်ယူစရာဖြစ်သလို မြန်မာတစ်‌ယောက်ရဲ့ ကြိုးစားမှုဟာလည်း မြန်မာတွေအားလုံးအတွက်ပါပဲ။ မြန်မာပြည်ရဲ့ နံပါတ်တစ် Craft Beer တံဆိပ်ဖြစ်တဲ့ ဘားဘရစ်က မြန်မာတစ်‌ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။


#ဘားဘရစ် #ဘီယာ

24/04/2024

Nth Degree နဲ့ Burbrit တို့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ 𝙎𝙪𝙣𝙨𝙚𝙩 𝙗𝙮 𝙩𝙝𝙚 𝙇𝙖𝙠𝙚 🌅🍻

လာမယ့် ဧပြီလ (၃ဝ) ရက်နေ့ကျရင် အင်းယားလိတ်ဟိုတယ်ဝန်းထဲမှာ ဖွင့်လှစ်ထားတဲ့ Nth Degree ဆိုင်လေးမှာ 𝙎𝙪𝙣𝙨𝙚𝙩 𝙗𝙮 𝙩𝙝𝙚 𝙇𝙖𝙠𝙚 လို့ အမည်ပေးထားတဲ့ ပွဲတစ်ခုကို စီစဉ်ကျင်းပသွားဖို့ရှိပါတယ်။

အဲဒီပွဲမှာ Burbrit Craft Beer သုံးမျိုးဖြစ်တဲ့
🍺 Shwe Yin Ale
🍺 Padaung Weizen
🍺 4 Idiots Pale Ale တို့ကို Free Flow သောက်နိုင်မှာဖြစ်တဲ့အပြင် Nth Degree က စပါယ်ရှယ်သီးသန့်ပြင်ဆင်ထားတဲ့ -

🍲 Gnocchi with Truffle Sauce
🍲 Fish and Chips
🍲 Sausage with Currywurst Sauce
🍲 Teriyaki Chicken Wings တို့ကိုလည်း စိတ်ကြိုက်သုံးဆောင်ခွင့်ရမှာပါ။

ညနေ (၅) နာရီကနေ (၇) နာရီအထိ အဝစားအဝသောက်အတွက် ဈေးနှုန်းက တစ်ယောက်ကို 3,9000 Kyats ဖြစ်ပြီး လက်မှတ်များကို ၃ဝ ရက်နေ့မှာ Walk-in စနစ်နဲ့ ဝယ်ယူနိုင်ပါတယ်။

အင်းယားကန်ရေပြင်ကိုကြည့်ရင်း သာယာအေးချမ်းတဲ့ Nth Degree မှာ Craft Beer တွေ၊ အစားအသောက်လက်ရာကောင်းတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ညနေခင်းတစ်ခုကို ခံစားဖို့အတွက် Sunset by the Lake မှာ လာရောက်အပန်းဖြေလှည့်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။
---------------------------------------

Join us for an enchanting evening at "Sunset by the Lake" hosted at Nth Degree, nestled alongside the tranquil shores of Inya Lake in Yangon.

On April 30, indulge in the ultimate sensory experience with free-flow Burbrit craft beers (Shwe Yin Ale, Padaung Weizen and 4 Idiots Pale Ale).

For this special event, Nth Degree's culinary artisans will craft tantalizing canapés such as -

🍲 Gnocchi with Truffle Sauce
🍲 Fish and Chips
🍲 Sausage with Currywurst Sauce
🍲 Teriyaki Chicken Wings

For 39000 Kyats per person, enjoy free flow of beer and snacks from 5 PM to 7 PM. Tickets are available for purchase at the event.

Don't miss this opportunity as you unwind in the company of great brews, delectable bites, and serene waters. Mark your calendars for an unforgettable event.

𝙎𝙪𝙣𝙨𝙚𝙩 𝙗𝙮 𝙩𝙝𝙚 𝙇𝙖𝙠𝙚 (Nth Degree x Burbrit)
🗓️ 30 April 2024 (Tuesday)
⏱️ 5 pm to 7 pm
📌 Nth Degree
No. 37, Kabar Aye Pagoda Road,
Inya Lake Hotel, Yangon
☎️ 09 882 881 963
09 882 881 973

13/04/2024

ဘန်ကောက်မှာ တစ်နေ့လုံးတစ်ညလုံး ရေပက်သူတွေနဲ့ စည်ကားနေတဲ့ Sukhumvit 22 လမ်းထဲမှာ ရေကစားမလား၊ DJ သီချင်းသံတွေနဲ့ ရေဆော့ရင်းကဲဖို့ ဘေးနားက Emsphere ကိုပဲ သွားမလား .. ပြီးရင်တော့ Burbrit မှာ ဘီယာသောက်ရင်း လာနားလိုက်ပါ 🍺💧

13/14/15 မှာ မြန်မာအစားအစာတွေအားလုံး 10% Discount ပေးထားတဲ့အပြင် လက်ဖက်သုပ်နဲ့ မုန့်လုံးရေပေါ် စတုဒိသာတွေလည်း ကျွေးနေပြီနော်။

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
10:30 AM to 1 AM Daily

PACKED on the first day of Songkran!
💧🍺💧🍺💧🍺

Don't forget our Happy Hour is until 8 pm and enjoy 10% off on Burmese food items all night long. We are also offering free Myanmar traditional snacks to party-goers on the Sukhumvit road on 13/14/15 April.

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
10:30 AM to 1 AM Daily

13/04/2024

💦 မြန်မာ့ရိုးရာနှစ်ကူး အတာသင်္ကြန် အချိန်သမယ၌ Burbrit Craft Beer ကို အမြဲအားပေးနေတဲ့ Customers များ၊ မိတ်ဆွေကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

‼️ Burbrit Taproom (၉မိုင်၊ မြောက်ဒဂုံ၊ The Central Boulevard နှင့် နေပြည်တော်) အစရှိတဲ့ဆိုင်ခွဲများအားလုံးကို ၂၀၂၄ ခုနှစ် ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ပိတ်မည်ဖြစ်ပြီး ဧပြီလ (၁၈)ရက်နေ့ မှစ၍ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်သွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ....



#ဘားဘရစ် #ဘီယာ

12/04/2024

မြန်မာ့ရိုးရာသင်္ကြန်ကာလအတွက် နှစ်သစ်လက်ဆောင် 🍺🍺🍺

အတာသင်္ကြန်အတွက် အထူးအစီအစဉ်အဖြစ် Burma Pale Ale ဘီယာ နှစ်ခွက်ဝယ်ယူတိုင်း တစ်ခွက်လက်ဆောင်ရမယ့် Buy 2 Get 1 Free ပရိုမိုးရှင်းကို Burbrit Taproom ဆိုင်တွေအားလုံးမှာ ရယူခံစားနိုင်ပါပြီ။


#ဘားဘရစ် #ဘီယာ

11/04/2024

𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 က သင်္ကြန်ကာလမှာလည်း ရှိနေမှာပါ 🍻🍻

STEAK on the Street ရဲ့ ဆရာစံဆိုင်ခွဲမှာ ဧပြီ ၁၃၊ ၁၄၊ ၁၅ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး -

🍺 SOTS ရဲ့ စုံလင်တဲ့ အကင်လက်ရာအမျိုးမျိုးနဲ့ တွဲဖက်ဖို့အတွက် အဲဒီနေ့မှာ Burbrit Craft Beer (၄) မျိုးကို အထူးဈေးနှုန်းနဲ့ လာရောက်ရောင်းချပေးမှာဖြစ်ပါတယ်။

🍺 Burbrit က အသစ်စက်စက် ချက်လုပ်မိတ်ဆက်လိုက်တဲ့ Shwe Yin Ale ဘီယာကို တစ်ခွက်မှ ၄၅ဝဝ ကျပ်တည်းနဲ့ မြည်းစမ်းနိုင်မှာပါ။

🍺 ပုံမှန် Burbrit ဘီယာတွေကိုပဲ သောက်ချင်တဲ့သူတွေအတွက်လည်း Rangoon Blonde, Padaung Weizen နဲ့ Nagaland Pale Ale တို့ ရှိပါမယ်။

🍺 ဒါ့အပြင် SOTS Craft Beer ပဲသောက်သောက်၊ Burbrit ပဲသောက်သောက် ဘီယာတစ်ခွက် မှာလိုက်ပြီဆိုတာနဲ့ တစ်ဝိုင်းလုံးစာ အကင်နဲ့ ဟင်းပွဲလျာအားလုံးအတွက် 5% Discount ရရှိဦးမှာ ဖြစ်ပါတယ်။

အကင်နဲ့ဘီယာဆိုတာ အလွန်လိုက်ဖက်တဲ့အတွဲအစပ်မို့ SOTS နဲ့ Burbrit တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ 𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ကို ညနေငါးနာရီကနေ ဆယ်နာရီအထိ လာရောက်ခံစားကြည့်လိုက်ပါ။

𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞
🗓️ 13, 14, 15 April
🕕 5 PM - 10 PM
📌 STEAK on the Street San
(Opposite of YKKO)


&chill #ဘားဘရစ် #ဘီယာ

Photos from Burbrit Taprooms Myanmar's post 11/04/2024

ဘန်ကောက်မြို့က Burbrit ပရိသတ် ရွှေမြန်မာများအတွက်

ဆုန်ခရန်ပွဲတော်ကာလဖြစ်တဲ့ April 13, 14, 15 တို့မှာ ရွှေမြန်မာတွေအတွက် အထူးသီးသန့်ပရိုမိုးရှင်းအဖြစ် 4 Idiots Pale Ale ကို သုံးခွက်ဝယ်ယူတိုင်း တစ်ခွက်လက်ဆောင်ရယူနိုင်ပါပြီ။

ဒါ့အပြင် အဲဒီသုံးရက်မှာ Burbrit 22 ကို လာရောက်တဲ့ ဧည့်သည်တော်အားလုံးကို လက်ဖက်သုပ်၊ မုန့်လုံးရေပေါ် စတဲ့ မြန်မာ့ရိုးရာ စတုဒိသာများနဲ့ ဧည့်ခံမှာဖြစ်ကြောင်းလည်း သတင်းကောင်းပါလိုက်ပါတယ်။

ဆိုင်ရဲ့ဘေးကပ်ရက်မှာလည်း Emsphere မှာ ကျင်းပမယ့် EM SUMMER SPLASH ပွဲကြီး ရှိနေမှာဆိုတော့ ရေကစားပြီးရင် ပျော်ပျော်ပါးပါး Burbrit မှာ လာနားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
10:30 AM to 1 AM Daily

Photos from Burbrit Taprooms Myanmar's post 08/04/2024

STEAK on the Street ရဲ့ ဆရာစံဆိုင်ခွဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 က အမှတ်တရ ပုံရိပ်များဖြစ်ပါတယ်။ လာရောက်အားပေးကြတဲ့ Craft Beer ချစ်သူများအားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့ မကြာခင်မှာလည်း ဒီလို Event လေးတွေကို ထပ်မံကျင်းပပေးမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်


&chill
#ဘားဘရစ် #ဘီယာ

Photos from ATG Systems Thailand's post 07/04/2024

ဘန်ကောက်မြို့ရောက် မြန်မာတွေရဲ့ “The 1st Myanmar IT Community Meetup in Thailand” ပွဲကို Burbrit ရဲ့ Sukhumvit 22 ဆိုင်ခွဲမှာ ကျင်းပပြုလုပ်သွားတဲ့ ATG Systems Thailand ကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုမျိုး ဘန်ကောက်မှာ မြန်မာအစားအသောက်တွေ၊ မြန်မာ Craft Beer တွေပါဝင်တဲ့ Networking ပွဲများ၊ Dinner Party နဲ့ အခြားသော Event များကို ကျင်းပဖို့ စိတ်ဝင်စားကလည်း Burbrit ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

(1) Burbrit Craft Beer 22
📌 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22 (beside Emsphere)

(2) Burbrit Craft Beer
📌 23 Sukhumvit 61 (near Ekkamai BTS)

🇲🇲 🍺 🇹🇭

05/04/2024

နေပြည်တော်က Burbrit ပရိသတ်များအတွက်
🍻🍻🍻🍻

မကြာခင်ကမှ အသစ်ချက်လုပ်မိတ်ဆက်လိုက်တဲ့ Shwe Yin Ale ဘီယာကို ဧပြီတစ်လလုံး ညနေ (၇) နာရီမတိုင်ခင်အထိ တစ်ခွက်ကို ၄၀၀၀ ကျပ်နဲ့ အထူးပရိုမိုးရှင်း ရရှိနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Burbrit Taproom
No.10, Thapyay Gone Market Hill Top, Nay Pyi Taw
Opening Hours: 11:00 am - 10:30 pm
09 882 090 202

02/04/2024

STEAK on the Street ရဲ့ Grill တွေရယ်၊ Burbrit ရဲ့ Craft Beer တွေရယ်နဲ့အတူ ဘီယာချစ်သူတွေ သောကြာနေ့မှာ အေးအေးဆေးဆေး Chill နိုင်မယ့် အစီအစဉ်

𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 လို့ အမည်ပေးထားတဲ့ ဒီပွဲလေးကို SOTS ရဲ့ မကြာသေးခင်က အသစ်ဖွင့်လှစ်လိုက်တဲ့ ဆရာစံဆိုင်ခွဲမှာ ကျင်းပပြုလုပ်သွားမှာပါ။

ပွဲမှာ ဘာတွေပါဝင်မှာလဲ??

🍺 SOTS ရဲ့ စုံလင်တဲ့ အကင်လက်ရာအမျိုးမျိုးနဲ့ တွဲဖက်ဖို့အတွက် အဲဒီနေ့မှာ Burbrit Craft Beer (၄) မျိုးကို အထူးဈေးနှုန်းနဲ့ လာရောက်ရောင်းချပေးမှာဖြစ်ပါတယ်။

🍺 Burbrit က အသစ်စက်စက် ချက်လုပ်မိတ်ဆက်လိုက်တဲ့ Shwe Yin Ale ဘီယာကို တစ်ခွက်မှ ၄၅ဝဝ ကျပ်တည်းနဲ့ မြည်းစမ်းနိုင်မှာပါ။

🍺 ပုံမှန် Burbrit ဘီယာတွေကိုပဲ သောက်ချင်တဲ့သူတွေအတွက်လည်း Rangoon Blonde, Padaung Weizen နဲ့ Nagaland Pale Ale တို့ ရှိပါမယ်။

🍺 ဒါ့အပြင် SOTS Craft Beer ပဲသောက်သောက်၊ Burbrit ပဲသောက်သောက် ဘီယာတစ်ခွက် မှာလိုက်ပြီဆိုတာနဲ့ တစ်ဝိုင်းလုံးစာ အကင်နဲ့ ဟင်းပွဲလျာအားလုံးအတွက် 10% Discount ရရှိဦးမှာ ဖြစ်ပါတယ်။

အကင်နဲ့ဘီယာဆိုတာ အလွန်လိုက်ဖက်တဲ့အတွဲအစပ်မို့ SOTS နဲ့ Burbrit တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ 𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ကို ဧပြီလ (၅) ရက်နေ့မှာ ညနေငါးနာရီကနေ ဆယ်နာရီအထိ လာရောက်ခံစားကြည့်လိုက်ပါ။

𝐆𝐫𝐢𝐥𝐥 & 𝐂𝐡𝐢𝐥𝐥: 𝐀 𝐒𝐭𝐞𝐚𝐤 𝐚𝐧𝐝 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞
🗓️ 5 April 2024 (Friday)
🕕 5 PM - 10 PM
📌 STEAK on the Street San
(Opposite of YKKO)


&chill
#ဘားဘရစ် #ဘီယာ

21/03/2024

လာမယ့် မတ်လ (၂၈) ရက်နေ့ကျရင် ဘန်ကောက်မြို့က Burbrit 22 ဆိုင်ခွဲမှာ 𝙈𝙚𝙚𝙩 𝙩𝙝𝙚 𝘽𝙧𝙚𝙬𝙚𝙧𝙨 လို့ အမည်ပေးထားတဲ့ ထူးထူးခြားခြား ဘီယာပွဲတစ်ခု စီစဉ်ထားပါတယ်။

အဲဒီနေ့မှာ ဘန်ကောက်မြို့ဒေသခံ ထိုင်း Homebrewer တွေဖြစ်ကြတဲ့ ‘SunRise Brewing’ နဲ့ ‘Elephants In The Pool Brewing’ တို့က သူတို့ရဲ့ Thai Craft Beer တွေကို လာရောက်ရောင်းချပေးမှာပါ။ Brewer တွေကိုယ်တိုင်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံရင်း သူတို့ဖန်တီးချက်လုပ်တဲ့ Local ဘီယာအသစ်တွေကို ရှားရှားပါးပါး မြည်းစမ်းခွင့်ရမှာဖြစ်ပါတယ်။

𝙈𝙚𝙚𝙩 𝙩𝙝𝙚 𝘽𝙧𝙚𝙬𝙚𝙧𝙨 ကို စီစဉ်ရတဲ့ ရည်ရွယ်ချက်တစ်ခုက ထိုင်းနိုင်ငံမှာ Craft Beer ကို ရူးသွပ်ပြီး အခက်အခဲအမျိုးမျိုးကြားကနေ ဖန်တီးချက်လုပ်နေကြတဲ့ Homebrewer ပေါင်းများစွာရှိပါတယ်။ သူတို့တီထွင်ဖန်တီးမှုလက်ရာတွေကို Burbrit က တစ်ဆင့် ဘီယာပရိသတ်တွေဆီ မိတ်ဆက်ပေးလိုတာက ဒီပွဲဖြစ်လာစေတဲ့ စေ့ဆော်မှုတစ်ခုပါ။

ပွဲမှာပါဝင်မယ့် ဘီယာတွေကိုလည်း မကြာခင်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ရှားပါးတဲ့ Thai Homebrew Craft Beer တွေကို မြည်းစမ်းခွင့်ရမှာမို့ Homebrewing ကို စိတ်ပါဝင်စားတဲ့သူတွေရော၊ Craft Beer ကြိုက်နှစ်သက်သူတွေရော 𝙈𝙚𝙚𝙩 𝙩𝙝𝙚 𝘽𝙧𝙚𝙬𝙚𝙧𝙨 ပွဲကို လာရောက်ဖို့အတွက် ဖိတ်ကြားလိုက်ပါတယ်။

Entry Ticket: 1000 THB

Ticket includes;

🍺 Free flow of local craft beers
(SunRise and Elephants In The Pool)

🍺 2 x any Burbrit beer
----------------------------------------

𝙈𝙚𝙚𝙩 𝙩𝙝𝙚 𝘽𝙧𝙚𝙬𝙚𝙧𝙨
🗓️ 28 March 2024 (Thursday)
🕕 6PM - 9PM
📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110

19/03/2024

နွေရာသီမှာ ရွှေရင်တွေ အေးဖို့အတွက် 🌞🍺

Premium Blonde Ale အမျိုးအစားဖြစ်တဲ့ 𝙎𝙝𝙬𝙚 𝙔𝙞𝙣 𝘼𝙡𝙚 ကို ဘားဘရစ်ပရိသတ်များအတွက် နွေရာသီအထူးဘီယာအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။

Pilsner မုယောစပါးနဲ့ ချက်နိုင်ငံထွက် Saaz ဗျစ်ပွင့်တွေ ပေါင်းစပ်ချက်လုပ်ထားပြီး ကြည်လင်ပေါ့ပါးတဲ့အရသာက တစ်ခွက်ပြီးတစ်ခွက် မရပ်ချင်အောင် ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။ နောက်ပြီး တစ်ခွက်ကိုမှ အထူးဈေးနှုန်း 5000 Kyats တည်းဆိုတော့ အရမ်းတန်သလို အားရပါးရနဲ့ များများသောက်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေတယ်လေ။

ရွှေရင်တွေအေးစေမယ့် 𝙎𝙝𝙬𝙚 𝙔𝙞𝙣 𝘼𝙡𝙚 ကို မတ်လ (၁၉) ရက်နေ့က စပြီး Burbrit Taproom ဆိုင်များမှာ ခံစားမြည်းစမ်းနိုင်ပါပြီ။


#ဘားဘရစ် #ဘီယာ

12/03/2024

Burbrit နဲ့ Origin တို့ရဲ့ ဒုတိယအကြိမ်မြောက်လက်တွဲဖန်တီးမှု ဖြစ်ပါတယ်။ Origin ရဲ့ ကမ္ဘာ့အဆင့်မီ မြန်မာ့ကော်ဖီစေ့တွေကို Burbrit ရဲ့ တီထွင်ဖန်တီးမှုနဲ့ ဘယ်လိုပေါင်းစပ်ပြီး ဒီ Coffee Beer ကို ဖန်တီးထားလဲဆိုတာ Origin Coffee & Roastery မှာ လာရောက်ပြီး ရင်ခုန်ခံစားကြည့်လိုက်ပါ

☕️🍺ကော်ဖီဘီယာလေးကို မျှော်နေကြတဲ့သူတွေအတွက် သတင်းကောင်းလေး လာပါပြီ…

မြန်မာ့ကော်ဖီကို ကမ္ဘာ့အဆင့်ထိ ရောက်အောင် ဖန်တီးနေတဲ့ Origin Coffee နဲ့ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ Burbrit Taprooms Myanmar တို့ရဲ့ ဒုတိယအကြိမ် ပူးပေါင်းမှုကလည်းသင့်ကိုအံ့အားသင့်စေမှာ အမှန်ပါပဲ..

၂၀၂၁ ခုနှစ်မှာ Burbrit နဲ့အတူ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့တဲ့ ကော်ဖီဘီယာကို တစ်ခဲနက်အားပေးခဲ့ကြသလို ပစ္စည်းပျက်သွားလို့ မြည်းမစမ်းလိုက်ရတဲ့ အမာခံ customer တွေအတွက် ဒုတိယအကြိမ်ထပ်မံထုတ်လုပ်ဖို့ လက်တွဲဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကော်ဖီရနံ့သင်းလေးနဲ့ လတ်ဆတ်စွာ ကြိုချက်ထားတဲ့ Alcohol ၄.၈ % သာ ပါဝင်တဲ့ ကော်ဖီဘီယာရဲ့ ထူးခြားဆန်းပြားတဲ့ အရသာက ဘယ်လိုရှိလဲ ဆိုတာကတော့ ကိုယ်တိုင်သာခံစားမှ သိနိုင်မှာဖြစ်လို့ မြန်မြန်လေး လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ...
ဆိုင်ကိုရောက်ဖြစ်ရင် အင်းယားရဲ့ လေညှင်းလေးကို ခံစားရင်း သူငယ်ချင်းတွေနဲ့အတူ လာရောက်မြည်းစမ်း ကြည့်ဖို့ ကျွန်တော်တို့ Origin က ထပ်မံဖိတ်ခေါ်လိုက်ရပါတယ်။ မနက်ဖြန်မှ စတင်မှာယူနိုင်ပါပြီ။ Cheers 🍻
☕️🍺Origin and Burbrit's special collaboration, Coffee Beer, is once again back in stock in 2024!

We are teaming up with Burbrit for the second time, known for their innovative creations in the market. In 2021, our initial partnership with them resulted in the production of limited quantities of coffee beer for the first time. With an ABV of 4.8%, you can experience the robust flavors of freshly brewed beer and freshly roasted coffee all in one can, accompanied by the aroma of coffee beans and hops as you crack open the can. Experience the refreshing sensation and share a toast with friends when you visit Origin.🍻

Available starting tomorrow, in-store only.
Origin Coffee
Opening hours: 9:00am to 10:00pm on Mondays, 8:00am to 10:00pm every day
📞: +95 9 964 175265
🚴🏼: Foodpanda, and Grabfood
📍: Shop 19, The Central Boulevard, Kabar Aye Pagoda Road, Yankin township, Yangon, Myanmar

11/03/2024

လက်ရွေးစင် BBQ & Grill တွေနဲ့အတူ Burbrit ရဲ့ ဘန်ကောက်ဆိုင်ခွဲကို ချီတက်လာတဲ့ STEAK on the Street 🍖🍗 ♨️ 🍺

STEAK on the Street ရဲ့ အရသာတွေကို လွမ်းနေကြတဲ့ ဘန်ကောက်မြို့ရောက် ရွှေမြန်မာတို့အတွက် သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်။ လာမယ့် မတ်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ Burbrit ရဲ့ Sukhumvit 22 ဆိုင်ခွဲမှာ SOTS ရဲ့ အကင်လက်ရာများကို အလွမ်းပြေ လာရောက် သုံးဆောင်နိုင်ပါပြီ။

STEAK on the Street ဟာ မြန်မာပြည်မှာဆိုရင် Burbrit ရဲ့ ပွဲတိုင်း လက်တွဲပူးပေါင်းနေကျ မိတ်ဖက်အစားအသောက်လုပ်ငန်းဖြစ်သလို အခုလို ဘန်ကောက်မြို့မှာပါ ထပ်မံလက်တွဲခွင့်ရတာကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

အစည်ကားဆုံး Sukhumvit လမ်းမကြီးပေါ်မှာတည်ရှိတဲ့ Burbrit မှာ Craft Beer မျိုးစုံရယ်၊ SOTS အကင်တွေရယ်နဲ့အတူ ဘန်ကောက်မြို့ရဲ့ ညနေခင်းအလှကို လာရောက်ခံစားကြည့်လိုက်ပါ။

🍺 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕒 Opening Hours: 11:00 am - 1:00 am

04/03/2024

မတ်လ (၁၆) ရက်နေ့ ဘန်ကောက်မြို့မှာ စီစဉ်ကျင်းပမယ့် Banyan Business Network ရဲ့ ပွဲမှာ ကျနော်တို့ Burbrit Craft Beer ကနေ Venue Sponsor အဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

Burbrit Craft Beer
📌 23 Sukhumvit 61, Khlong Tan Nuea, Watthana, Bangkok 10110
(Near Ekkamai BTS)
-----------------------------------

“Banyan Business Networking ပွဲရဲ့အကြောင်း”

လူကြီးမင်းက ထိုင်းနိုင်ငံမှာ စီးပွားရေးကွန်ယက်တွေ ချဲ့ထွင်ဖို့ စိတ်ကူးရှိသူတစ်ယောက်လား။

ဒီလိုဆိုရင်တော့ BANYAN က စီစဉ်ပြီး မြန်မာပြည်ဖွား စီးပွားရေးလုပ်ငန်းရှင်တွေ စုဝေးကြမယ့် Business Networking ပွဲကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ လာမယ့် မတ်လ ၁၆ ရက် (စနေနေ့) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မိမိစီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး မိတ်ကောင်းဆွေကောင်းလိုလားသူတွေ၊ မိမိစီးပွားရေးလုပ်ငန်းကို ချဲ့ထွင်လိုတဲ့ လူကြီးမင်းတွေ၊ တိုင်းတပါးမှာ စီးပွားရေးဆိုင်ရာတွေ တိုင်ပင်ဆွေးနွေးဖို့ အဖော်မရှိသူတွေအတွက် လက်လွတ်မခံသင့်တဲ့ တွေ့ဆုံပွဲတစ်ခုပါပဲ။

BANYAN က စီစဉ်ကျင်းပတဲ့ ယခုပွဲဟာ ထိုင်းနိုင်ငံရောက် မြန်မာတို့အတွက် ဦးဦးဖျားဖျား စီစဉ်ကျင်းပတဲ့ Business Networking ပွဲဖြစ်သလို တက်ရောက်သူတိုင်း စီးပွားရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းများစွာ ရရှိသွားဖို့၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်သွားဖို့ ရည်ရွယ်ပါတယ်။ BANGKOK က BAN ၊ YANGON က YAN နဲ့ ပေါင်းစပ်ထားပြီး မြန်မာဘာသာစကားအားဖြင့် ညောင်ပင်လို့လည်း အဓိပ္ပါယ်ရတဲ့ BANYAN က အေးမြတဲ့ အရိပ်ကို ဆောင်ကြဉ်းပေးမှာဖြစ်သလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတို့အတွက် ပေါင်းကူးတံတားတစ်စင်းဖြစ်လာမယ်လို့ ယုံကြည်နိုင်ပါတယ်ခင်ဗျာ။

29/02/2024

တစ်မျိုးတည်း ရွေးချယ်ရတာ ပျင်းဖို့ကောင်းပါတယ်!!!

Craft Beer ရဲ့ ရင်ခုန်စရာအချက်တစ်ခုက အရောင် အနံ့အရသာ အမျိုးမျိုးရှိတဲ့ ဘီယာ Style ပေါင်းများစွာကို ရွေးချယ်နိုင်ခြင်းပါ။ Burbrit ရဲ့ ဘီယာတွေကိုလည်း ရာနှုန်းပြည့် မုယောစပါး၊ အနံ့အရသာထူးကဲစေတဲ့ ဗျစ်ပွင့်၊အရည်အသွေးကောင်းမွန်တဲ့ တဆေးတွေနဲ့ သောက်သုံးသူတွေ ခံစားမှုအမျိုးမျိုးရအောင် အမြဲဆန်းသစ်ချက်လုပ်လျက် ရှိပါတယ်။

အသစ်အဆန်းနဲ့ စွန့်စားရတာကြိုက်သူတွေအနေနဲ့ ငြီးငွေ့ဖွယ် စိတ်ခံစားချက်တွေ၊ သမာရိုးကျ အရသာတွေကို ကျောခိုင်းပြီး စုံလင်တဲ့ Burbrit Craft Beer အမျိုးမျိုးကို ခံစားမြည်းစမ်းကြည့်လိုက်ပါ။ တစ်မျိုးတည်း ရွေးချယ်ရတာ ပျင်းဖို့ကောင်းပါတယ်။


#ဘားဘရဈ #ဘီယာ

Photos from Burbrit Taprooms Myanmar's post 12/02/2024

ဗယ်လင်တိုင်းဒေးအတွက် စတော်ဘယ်ရီချိုချဉ်အရသာ 𝙎𝙩𝙧𝙖𝙬𝙗𝙚𝙧𝙧𝙮 𝙎𝙢𝙤𝙤𝙩𝙝𝙞𝙚 𝙎𝙤𝙪𝙧 🍓💝

ဖေဖော်ဝါရီ (၁၄) ရက်နေ့ကစလို့ Burbrit Taproom ဆိုင်တွေမှာ draft အနေနဲ့ရော၊ can ဘူးအဖြစ်ပါ ရောင်းချပေးမှာဖြစ်ပါတယ်။

Takeaway/Delivery ဝယ်ချင်သူတွေအတွက် (၃) ဘူးပါတစ်ကတ်ကို 30,000 Kyats ကျသင့်မှာဖြစ်ပြီး အနည်းဆုံးနှစ်ကတ်ဝယ်ယူတိုင်း ရန်ကုန်မြို့တွင်းမြို့နယ်တွေကို Free Delivery နဲ့ ပို့ဆောင်ပေးမှာပါ။

ချစ်ခြင်းမေတ္တာများ ညွှန်းဖွဲ့သော ဖေဖော်ဝါရီလမှာ ကိုယ်ချစ်ရတဲ့သူနဲ့ 𝙎𝙩𝙧𝙖𝙬𝙗𝙚𝙧𝙧𝙮 𝙎𝙢𝙤𝙤𝙩𝙝𝙞𝙚 𝙎𝙤𝙪𝙧 တစ်ခွက်ကို ခံစားမြည်းစမ်းကြည့်လိုက်ပါ။


#ဘားဘရစ် #ဘီယာ

10/02/2024

ချစ်ခြင်းမေတ္တာများ ညွှန်းဖွဲ့သော ဖေဖော်ဝါရီလအတွက် Seasonal Special Beer (သို့မဟုတ်) 𝙎𝙩𝙧𝙖𝙬𝙗𝙚𝙧𝙧𝙮 𝙎𝙢𝙤𝙤𝙩𝙝𝙞𝙚 𝙎𝙤𝙪𝙧

ဒေသထွက်စတော်ဘယ်ရီသီးစစ်စစ်များနဲ့ ချက်လုပ်ထားပြီး Smoothie တစ်ခွက်လို ချိုချဉ်မွှေးပျံ့လတ်ဆတ်နေမယ့် 𝙎𝙩𝙧𝙖𝙬𝙗𝙚𝙧𝙧𝙮 𝙎𝙢𝙤𝙤𝙩𝙝𝙞𝙚 𝙎𝙤𝙪𝙧 ကို ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ မိတ်ဆက်ရောင်းချပေးမှာဖြစ်ပါတယ်။

ဒီစပါယ်ရှယ်ဘီယာကိုတော့ ချစ်သူများနေ့ကျရင် Burbrit Taproom (The Central, 9 Mile, North Dagon) တို့မှာ Draft အဖြစ် လတ်လတ်ဆတ်ဆတ် မြည်းစမ်းနိုင်သလို Delivery နဲ့ Takeaway အဖြစ်လည်း ဝယ်ယူနိုင်ပါတယ်။

(၃) ဘူးပါတစ်ကတ်ကို 30,000 Kyats ကျသင့်မှာဖြစ်ပြီး အနည်းဆုံးနှစ်ကတ်ဝယ်ယူတိုင်း ရန်ကုန်မြို့တွင်းမြို့နယ်တွေကို Free Delivery နဲ့ ပို့ဆောင်ပေးမှာပါ။ စတော်ဘယ်ရီကြိုက်နှစ်သက်တဲ့ ကိုယ်ချစ်တဲ့သူတွေဆီ ပို့ပေးမယ်ဆိုရင်လည်း ဒါလေးက လှပတဲ့လက်ဆောင်တစ်ခုပါပဲ။

Limited Brew အဖြစ် အရေအတွက်နည်းနည်းသာ အကန့်အသတ်နဲ့ ရနိုင်မှာဖြစ်လို့ ကြိုတင်ပြီး Pre-Order တင်ထားဖို့တော့ မမေ့နဲ့နော်။

𝗦𝘁𝗿𝗮𝘄𝗯𝗲𝗿𝗿𝘆 𝗦𝗺𝗼𝗼𝘁𝗵𝗶𝗲 𝗦𝗼𝘂𝗿
ABV – 5%
Ingredients: Malt, Hops, Wheat, Oat, Milk Sugar, Vanilla, Fresh Strawberry
*Contains Lactose*
-----------------------------------------------


#ဘားဘရစ် #ဘီယာ

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 3/A13, Taw Win Road, Near Ocean Supercenter, Mayangone Township
Yangon
11061

Opening Hours

Monday 07:00 - 22:30
Tuesday 07:00 - 22:30
Wednesday 07:00 - 22:30
Thursday 07:00 - 22:30
Friday 07:00 - 22:30
Saturday 07:00 - 22:30
Sunday 07:00 - 22:30

Other Yangon restaurants (show all)
50th Street Restaurant & Bar 50th Street Restaurant & Bar
9/13, 50th Street, Botahtaung Township
Yangon, 11162

We're proud to be named the Best Sports Bar in Yangon for 2016!

Mandalay Style Mandalay Style
No(37) Than Thu Mar Road, Thingangyun Township
Yangon

No Reservation

Garden by My Hill coffeehouse Garden by My Hill coffeehouse
275 A/4 Yankin Road, Yankin Township (Opposite Of Golden City Condo)
Yangon, 11801

Garden vibe and Modern decoration will please your heart to its content . Be mesmerized by the authentic Shan noodles and Burmese foods .

My Day Food & Drink My Day Food & Drink
South Dagon
Yangon

Keep you Active

Sarah's Kitchen Sarah's Kitchen
Yangon, 11221

သန့်ရှင်းလက်ဆက်ပြီးအရသာရှိသော Halal food ?

ဇေယျာကောင်း ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့်လုပ်ငန်း ဇေယျာကောင်း ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့်လုပ်ငန်း
Yangon, 11031

ဇေယျာကောင်း ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့်လုပ်ငန်း 09-258 989 413 09-768 212 546

SQUID BBQ SQUID BBQ
No. 60, Sayar San Road
Yangon, 11201

SPICY HOME - Mala Xiang Guo & Tasty Food SPICY HOME - Mala Xiang Guo & Tasty Food
Hlaing Station Street
Yangon

LANNA Food Castle LANNA Food Castle
ငါးမာန်အောင်ဘုရားလမ်း
Yangon

Welcome To LANNA Food Castle

Zinmar Zinmar
Yangon

မြန်မာထမင်းဟင်း အိမ်ချက်လက်ရာလေးတွေကိုရောင်းချပေးနေပါတယ်နော် �

တာမွေဒေါ်ညွန့်မုန့်ဟင်းခါး Tarmwe Daw Nyunt Mohingha တာမွေဒေါ်ညွန့်မုန့်ဟင်းခါး Tarmwe Daw Nyunt Mohingha
Yangon, 11181

Provide Myanmar traditional delicious breakfast Mohingha , Ohn Noe Kaut Swel and Nangyi Touk with the fair price.