Hear Me Out

To help & build better interpersonal relationships.
ပိုမိုကောင်းမွန်သောဆက်ဆံရေးတွေကိုကူညီတည်ဆောက်ပေးသွားပါမည်။

08/01/2022

Hello.....
Hear Me Out Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ။

Hear Me Out Page လေး active မဖြစ်တာ တစ်နှစ်နီးပါးကြာသွားပြီးတဲ့နောက်မှာ အစီအစဉ်လေးတစ်ခုနဲ့ ပြန်လာခဲ့ပါပြီခင်ဗျာ။

ဒီအစီအစဉ်လေးကို ဘာရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်ဖြစ်ခဲ့တာလဲ။

ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့အားလုံး စိတ်ပူဆွေးသောကရောက်မှုတွေ၊ နာကျင်မှုတွေ၊ အထီးကျန်ဆန်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။

စိတ်ပင်ပန်းမှုတွေကြောင့် စိတ်က တစ်ခုခုဆို အထိခိုက်မခံနိုင်ဘဲ မိသားစုအပေါ်မှာဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေအပေါ်မှာဖြစ်ဖြစ် ကိုယ့်ရဲ့ဒေါသတွေကို ပုံချမိကြပါတယ်။

အဲ့လိုကနေ relationship တွေတော်တော်များများ ပျက်စီးခဲ့ကြရသလို ကိုယ့်ရဲ့စိတ်လည်း ထိခိုက်ခံစားခဲ့ရပါတယ်။

ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်ချင်ပေမယ့် နားထောင်ပေးမယ့်သူမရှိတာမျိုးတွေ၊ အခြားသူကို ကိုယ့်ရဲ့စိတ်သောကတွေနားထောင်ပြီး မပူလောင်စေချင်တဲ့သူတွေ၊ နားထောင်ပေးမယ့်သူက ယုံကြည်ရပါ့မလားဆိုတဲ့ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ခံစားချက်တွေကို မျိုသိပ်ထားတတ်ကြပါတယ်။

အဲ့ပြဿနာကို ဖြေရှင်းပေးဖို့အတွက် ကျွန်တော်တို့ Hear Me Out ကနေ စီစဉ်ထားတဲ့ "ခံစားချက် အမှိုက်ပုံး" ဆိုတဲ့ အစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်ဗျ။

ကျွန်တော်တို့တွေဟာ နေ့စဉ်အသုံးပြုနေတဲ့ အမှိုက်တွေကို အမှိုက်ပုံးထဲပစ်တတ်ကြပေမယ့် စိတ်ထဲမှာ ခံစားနေရတဲ့ ခံစားချက်အမှိုက်တွေကိုတော့ လွှတ်ပစ်ဖို့ မေ့တတ်တာ၊ တွန့်ဆုတ်နေတာမျိုးတွေ ဖြစ်တတ်ကြပါတယ်ဗျ။

အဲ့တာတွေကို ဖြေရှင်းပေးဖို့အတွက် ကျွန်တော်တို့ဆီကို page chat box ကနေ ကိုယ်တစ်စုံတစ်ယောက်ကို ပြောပြချင်နေတဲ့ ခံစားချက်တွေကို အချိန်မရွေးလာပြီး ရင်ဖွင့်သွန်ချလို့ရတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်ဗျ။

ကျွန်တော်တို့ဘက်က အရင်တုန်းကလို ဘာဆိုဘာမှ အကြံပေးတော့မှာမဟုတ်ဘဲ အမှိုက်ပုံးလေးလို ခံစားချက်တွေကို တိတ်တိတ်ဆိတ်ဆိတ်နားထောင်ပေးသွားမှာပဲဖြစ်ပါတယ်ဗျ။

ကိုယ့်ရဲ့အချက်အလက်တွေပေါက်ကြားသွားမှာမျိုးကိုတော့ လုံး၀ မစိုးရိမ်ဖို့ အာမခံပါတယ်ဗျ။

ဒါပေမယ့် တစ်ခုသတ်မှတ်ထားတာလေးကတော့ လာရင်ဖွင့်တဲ့သူလေးတွေက ၅၀၀ ကျပ်ကနေစပြီး စေတနာရှိသလောက် ကျွန်တော်တို့ကို လှူပေးဖို့တော့ လိုပါတယ်ဗျ။

ရတဲ့အလှူငွေလေးတွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေကို လှူသွားမှာမလို့ ကိုယ့်ရဲ့ခံစားချက်တွေကို လာသွန်ချရင်း လှူလည်းလှူနိုင်မယ့် အခွင့်အရေးလေးပဲဖြစ်ပါတယ်ဗျ။

ဒါဆို ခံစားချက် အမှိုက်ပုံး ဆိုတဲ့ အစီအစဉ်လေးမှာပါဝင်ပြီး လှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

Payment လေးတွေအတွက်တော့ page chat box ကိုလာပြီး စုံစမ်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။



#ခံစားချက်အမှိုက်ပုံး

14/02/2021

CDM မှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ ငွေကြေးပိုင်းဆိုင်ရာဖြစ်ဖြစ်၊ Job Security အရလိုအပ်တာဖြစ်ဖြစ် အကူအညီလိုအပ်ရင် အချိန်မရွေး ပီတိ - PiTi ကိုဆက်သွယ်နိုင်ပါတယ်။

ပါဝင်လှူဒါန်းလိုသောသူများအနေနဲ့လည်း Page ကနေတစ်ဆင့်ဖြစ်စေ၊ ဖုန်းနံပါတ် (09768600860, 09966594599) နေတစ်ဆင့်ဖြစ်စေ အနည်းအများမဆိုပါဝင်လှူဒါန်းနိုင်ပါတယ်။

CDM ထဲ တခြားသော သူများလည်းပါဝင်လာနိုင်အောင် ဒီ Photo ကိုအသုံးပြုပြီးတင်တာဖြစ်ဖြစ် ဒီ Photo ကို Flyer အဖြစ်အသုံးပြုချင်တာဘဲဖြစ်ဖြစ် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

#ပီတိ

10/02/2021

ရော့ အက်မှာ အိမ်မပိုင်လို့ အပြင်ထွက်ပြီး protest မလုပ်နိုင်တဲ့ keyboard fighter လေးတို့ အတွက် ၁ကွက် 👀❓❓📣📣
💢အပြင်လည်းမထွက်ရ လူစုလူဝေးလည်း မဖြစ်စေပဲ အိမ်မှာပဲ ငြိမ်းချမ်းစွာ protest လုပ်လို့ရမဲ့ Virtual Protseting Event အကြောင်းလေး ပြောပြချင်လို့ပါ။အဲ့ဒီတော့

❗၁။ Virtal Protesting ဆိုတာဘယ်လိုမျိုးလဲ?
အိမ်ကနေပဲ Zoom App plartform ကို အသုံးပြုပြီး protest လုပ်ကြမှာပါ။ အချိန် ၂ နာရီခန့်ကြာမြင့်ပါမယ်။

❗၂။ ဘယ်သူတွေပါဝင်လို့ရလဲ?
Military Dictatorship ကိုဆန့်ကျင်တဲ့ မည်သူမဆို လူကြီးလူငယ်မရွေး၊ ကျား၊မ မရွေး၊ gender မရွေး ပါဝင်လို့ရပါတယ်။

❗၃။ ဘာတွေပြင်ဆင်ထားဖို့လိုအပ်လဲ?
Board ပေါ်မှာ Military Coup ကို ဆန့်ကျင်တဲ့ စာလေးတွေရေးထားရပါမယ်။ Memes တွေဆိုလည်း အဆင်ပြေပါတယ်။ ‼️ဒါပေမဲ့ အထူးဂရုပြုရမှာက ဆဲရေးတဲ့ စကားလုံးမျိုး၊ hate speech လိုမျိုးတွေ မသုံးရပါနော်။

❗၄။ Protest လုပ်မယ့် fighters လေးတို့အနေနဲ့ ကိုယ်ရဲidentity ကိုကာကွယ်ချင်လို့ Mask လေးတွေတပ်ပြီး ဆန္ဒပြမယ်ဆိုလဲအဆင်ပြေပါတယ်နော်။

❗၅။ နောက်တစ်ခုစိတ်ပူတာကလေ အာဏာရှင်အဖွဲ့အစည်းဟာ လျော့တွက်လို့မရတဲ့အပြင် record လဲကျန်ခဲ့မှာဖြစ်လို့ fighters လေးတို့ရဲ့ နောက်ကြောင်းလိုက်တာဖြစ်ဖြစ်၊ IP ကိုခြေရာခံတာဖြစ်ဖြစ် လုပ်မှာစိုးရိမ်တဲ့အတွက် ကိုယ်ရဲ့မျက်နှာ ၊ နောက်ခံစာတွေကို ဖျောက်ထားပေးစေလိုပါတယ်🥺။

💢ဒီ event လေးမှာပါဝင်ချင်တဲ့ fighters လေးတွေက အောက်မှာပါတဲ့ Telegram Channel လေးကို join ပေးပါနော်။ ဒီ channel လေးထဲမှာ အသေးစိတ်တွေကိုထပ်ပြောပြပေးသွားမှာပါ။ (Telegram မရှိရင်လည်း down လိုက်ကြဦးနော်)။ Facebook မှာလည်း Live လွှင့်မှာဖြစ်ပြီး အခြား Social Medias တွေမှာလည်း record ယူပြီး ပြန်တင်မှာပါနော်။ ဒါ့ကြောင့် အပြင်ထွက်ဆန္ဒပြလို့မရတဲ့ fighters လေးတွေလည်း ဒီ Event လေးကနေ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ပါဝင်နိုင်ပါတယ်🙌

https://t.me/joinchat/UE-1rZI_rR_H3NZB 👈 [ Telegram Channel Link ]

💢Virtual Protesting Event ကို သောကြာနေ့ညမှစတင်ကာ 5 ရက်တိုင်တိုင် ညတိုင်း 9pm to 11pm ထိ Zoom Application Platform ကနေပြုလုပ်သွားမှာ ဖြစ်ပါတယ်🥳

💢fighters လေးတို့အနေနဲ့ ဒီ Event လေးနဲ့ပတ်သက်ပြီး အကြံဉာဏ်၊ ထင်မြင်ချင်လေးတွေပေးချင်ရင် [email protected] ကို mail ပို့ပြီးပေးပို့နိုင်ပါတယ်နော်🙌.

07/02/2021

03/02/2021
01/02/2021

လတ်တလောဖြစ်ပေါ်နေသောအခြေအနေများအရ Hear Me Out Page နှင့် activitiesများအား ခေတ္တရပ်နားထားပါမည်။

အခြေအနေတည်ငြိမ်မှသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Fighting Guys💪🏻

31/01/2021

Hey‼️‼️

"ပိုမိုပျော်ရွှင်ပါ 2021 မှာ " event လေးစဖို့ အချိန်ဘယ်လောက်မှ မလိုတော့ဘူးနော်🤩

Registration form ဖြည့်ထားတဲ့သူလေးတွေ mail ကိုတစ်ချက်ပြန်စစ်ပေးပါဦးနော်🙆

Form ဖြည့်ထားပြီး mail မရောက်သေးရင် page chat box ကို လာရောက်ဆက်သွယ်ပေးဖို့ တောင်းဆိုချင်ပါတယ်ရှင်

ကဲ ဒီနေ့ 4 နာရီ အစ်ကို AD နဲ့တွေ့ဖို့ အဆင်သင့်ပဲလား🤩🤩

Photos from Hear Me Out's post 29/01/2021

Hello!
Hear Me Outက အမိုက်စား Event တစ်ခုကိုယူဆောင်လာခဲ့ပြန်ပါပြီ🙆🏻‍♂️🙆🏻

2ရက်ပြုလုပ်သွားမယ့် Event လေးကတော့
"ပိုမိုပျော်ရွှင်ပါ 2021မှာ''တဲ့

Guest Speakers တွေကိုတစ်ချက်ရှိုး👀👀👀
Interpersonal Relationships တွေကိုထိထိရောက်ရောက်အကြံဉာဏ်ပေးနိုင်တဲ့ influencers တွေထဲမှာ ထိပ်ဆုံးကပါဝင်သူတွေလည်းဖြစ်တယ်
တိုက်ဆိုင်တာက နှစ်ယောက်လုံးရဲ့ စာအုပ်လေးတွေလည်း သိပ်မကြာသေးခင်ကမှထွက်ထားတာ
ဟုတ်ပါတယ်👀👀👀
AD - Secret Diary က AD
နဲ့ အစ်မ Monica Lynn Lett တို့ပဲဖြစ်ပါတယ်

Interpersonal relationships တွေအဆင်မပြေဘူးဆိုရင် ဘာပဲလုပ်လုပ်စိတ်ကျေနပ်ရမှာမဟုတ်ပါဘူးနော်

2020က interpersonal relationship problems တွေကို 2021 ထိသယ်ဆောင်နေဦးမှာလား❓

2021 ရဲ့ ပထမဆုံးတစ်လကုန်ဆုံးသွားတာတောင် 2020 နဲ့ မထူးမခြားဖြစ်နေလို့တော့အဆင်မပြေသေးဘူးနော်🧏🏻‍♂️🧏🏻‍♀️

Let's fix it! You should be more happier in 2021!

ကိုယ့်ရဲ့ အမျိုးမျိုးသော interpersonal relationship problems တွေကိုဖြေရှင်းဖို့ Guest Speakers တွေကိုအကြံဉာဏ်တောင်းလို့ရပါတယ်
မိသားစုနဲ့အဆင်မပြေတာပဲဖြစ်ဖြစ်
သူငယ်ချင်းတွေနဲ့အဆင်မပြေတာပဲဖြစ်ဖြစ်
ချစ်သူရည်းစားအချင်းချင်းအဆင်မပြေတာပဲဖြစ်ဖြစ်
လုပ်ဖော်ကိုင်ဖက်နဲ့အဆင်မပြေတာပဲဖြစ်ဖြစ်
Event လေးမှာလာရောက်မေးမြန်းတိုင်ပင်လို့ရပါတယ်

31.1.2021 (Sunday)အတွက် Guest Speakerက AD ဖြစ်ပြီးတော့

1.2.2021(Monday)အတွက် Guest Speakerက Monica ဖြစ်ပါတယ်

အကျိုးရှိမယ့် Event လေးတစ်ခုဖြစ်တဲ့အတွက် အားလုံးကို joinဖို့ဖိတ်ခေါ်ပါတယ်နော်🙆🏻‍♂️🙆🏻

Here is a registration link below🔗⬇

https://forms.gle/GqJkDuSYYzgAEDBT8

Private မေးချင်တဲ့မေးခွန်းတွေရှိရင်လည်း page chat box မှာလာရောက်ဆက်သွယ်နိုင်ပါသေးတယ်ရှင့်။😉😉

29/01/2021

Hello back!
ဒီတစ်ခါမှာလည်း Hear Me Out နဲ့ CAJ For You တို့ကပူးပေါင်းပြီး Eventလေးတစ်ခုကိုယူဆောင်လာခဲ့ပြန်ပါပြီ🥳

Covidကာလမှာ ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရော အပြောင်းအလဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်
New Normal Life ကိုရလာသလိုရှိနေပေမယ့် ကိုယ်ခံစားရတာကိုယ်ပဲသိပါတယ်🙁

ယောင်ချာချာနဲ့လစ်နေတဲ့နေ့တွေများလာတယ်
Stay Homeကာလမှာ အဆင်မပြေတာတွေများလာတယ်
ပိုဆိုးတာကinterpersonal relationshipsတွေထိခိုက်လာတယ်
ဒါတွေကိုဘယ်လိုfixကြမလဲ? ဘယ်လိုတွေရုန်းထွက်ကြမလဲ?🤔

Covidကြောင့် Bullyလုပ်ခံရသူတွေကိုရောဘယ်လိုကူညီဖြေရှင်းသင့်လဲ?

ကာကွယ်ဆေးတွေထိုးပြီး Covid အလွန်ရောက်တဲ့အခါမှာ မတည်ငြိမ်သေးတဲ့အခြေအနေတွေနဲ့အသားကျအောင် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ?.....စတဲ့စတဲ့အကြောင်းအရာတွေနဲ့
Panel Discussion လုပ်ပေးသွားမယ့် Guest Speakersတွေကတော့

Dupe TV Showမှ Dr. Han Min Boနဲ့
စိတ် MyPsych4Life မှ Wathan Seezar Kyaw တို့ပဲဖြစ်ပါတယ်🤩🤩

5.2.2021(Friday)
5 –6:30 p.m မှာzoomမှတစ်ဆင့်ပြုလုပ်သွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် မေးမြန်းဆွေးနွေးချင်လို့ပဲဖြစ်ဖြစ်
Registration linkမှာဝင်ရောက်ဖြည့်စွက်ပြီးတက်ရောက်နိုင်ပါတယ်။👇👇

https://docs.google.com/forms/d/e/1FAIpQLScTevcVzWHnmTdCn8rJAIL-mMrgsFaWLTExSwbEfIaM9xuVUQ/viewform?usp=sf_link

28/01/2021

တစ်ဦးနဲ့ တစ်ဦးကြား နွေးထွေးမှုရောရှိသေးရဲ့လား⁉️

Hello
Hear me out ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်🥰

ကျွန်မတို့ဟာအမြဲနွေးထွေးမှုကိုကြိုက်နှစ်သက်ကြတယ်။ ဘယ်အချိန်မှာမဆို၊ ဘယ်နေရာမှာမဆို၊ဘယ်သူမဆို လိုအပ်နေတာက ချစ်ခြင်းမေတ္တာတရားပါ။❤️

အလုပ်ဆင်းပြီးအိမ်ပြန်ရင်တောင် အိမ်မှာစောင့်နေတဲ့သူ၊ နွေးထွေးစွာထမင်းလက်ဆုံစားမဲ့သူရှိစေချင်ကြတာအမှန်ပါပဲ။ကိုယ့်ရဲ့အလုပ်တွေပြီးချိန်ထိကိုယ့်ကိုစောင့်စားနေတဲ့သူရှိတယ်ဆိုတဲ့ခံစားချက်လေးက တနေ့တာအမောတွေကိုပြေပျောက်စေပါတယ်🥰

ဒီလိုပဲချစ်ခြင်းမေတ္တာတရားမရှိရင် နေ့စဥ်ဘ၀ဟာဆားမပါတဲ့ဟင်းလိုပေါ့ပျက်နေပါလိမ့်မယ်။ ကျွန်မတို့ဟာ အရင်တုန်းကဒဏ်ရာတွေကြောင့်တစုံတယောက်ကို ကိုယ့်အနားကတွန်းထုတ်တတ်ကြတယ်။
"သူတောင်အလေးမထားတာ ငါကဘာဂရုစိုက်နေရမှာလဲ" ဆိုပြီးအတ္တတွေကိုရှေ့တန်းတင်လေ့ရှိတယ်။ ဒီလိုဆိုပို၀ေးသွားနိုင်ပါတယ်။

Don't do it!🚫🚫

🚫အချိန်မပေးနိုင်ဘူးဆိုပြီး ဆင်ခြေတွေပဲပေးတော့မှာလား?

🚫အတ္တကိုပဲရှေ့ထားတော့မှာလား?

🚫နားလည်ပေးဖို့မကြိုးစားတော့ဘူးလား?

ဒီလိုမျိုး interpersonal relationshipကြားထဲကပြသနာတွေနဲ့ ၀ေးကွာမှုတွေကိုပြန်လည်ပေါင်းစည်းပေးဖို့ Hear Me Out ကနေ Event လေးတစ်ခု Free စီစဉ်‌ေပးထားပါတယ်။ 🥳🥳

ကဲ...Speaker မမ ချောချောလေးက interpersonal relationship တွေကိုဘယ်လိုနွေးထွေးမှုတွေ ယူဆောင်ပေးမလဲဆိုတာ သိချင်ရင်တော့ event လေးကိုလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

speaker မမလေးကိုတော့ still secret ပေါ့နော်။😉
Registration link လေးနဲ့ပြန်လာခဲ့ပါမယ်။

27/01/2021

Hello.....
Hear Me Out Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်🥰

အခုလို Covid-19 ကြောင့် stay home ဖြစ်နေတဲ့အချိန်မှာ စိတ်ဆင်းရဲမှုတွေ ခံစားနေရလား⁉️

ကိုယ့်ရဲ့ စိတ်ကော ကိုယ်ကော ကျန်းမာအောင်ဘာတွေ ပြုမူလုပ်ဆောင်သင့်လဲ⁉️
ဘယ်လိုအပြုအမူတွေရှောင်ရမလဲ⁉️

Interpersonal Relationships တွေမှာအဆင်ပြေအောင် ဘယ်လိုနေထိုင်ရမလဲ⁉️

Covid ကြောင့် Bully လုပ်ခံရတဲ့သူတွေအတွက် ဘယ်လို ကူညီဖြေရှင်းသင့်လဲ⁉️

Covid အလွန်ရောက်တဲ့အခါမှာ မတည်ငြိမ်သေးတဲ့ အခြေအနေတွေနဲ့ အသားကျအောင်
ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ⁉️

စတဲ့အကြောင်းလေး‌တွေကို Event လေးပြုလုပ်ပြီး ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်🥳

အခုလို Covid ကာလမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဘယ်လိုပြင်ဆင် နေထိုင်ရမလဲဆိုတာကို Social မှာ အရမ်းအောင်မြင်ကျော်ကြားပြီး အခုလို event တွေနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ Guest Speaker တွေကို ဖိတ်ကြားပြီး ပြုလုပ်သွားမှာ ဖြစ်တာကြောင့် အသေးစိတ်ကို နောက်post မှာ စောင့်မျှော်ပေးကြပါနော်🥰

အားလုံး stay tuned ပါ🥰❤️

27/01/2021

ဒီနေ့ကတော့ Hear Me Outရဲ့ content writerတစ်ဦးဖြစ်တဲ့ Jue (Eaindray Phoo Pwint San)ရဲ့ 18နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်🥳

မမJueရေ Happy Birthday ပါနော်🥳
စကားပြောရင်ချိုချိုသာသာလေးနဲ့နွေး​ထွေးတတ်တဲ့မမဂျူးရေ...💙
"ဘဝတစ်လျှောက်လုံးမှာလည်း
အောင်မြင်မှုတွေရရှိအောင်ကြိုးစားနိုင်ပါစေ။
အမြဲတမ်းကျန်းကျန်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပါစေ" လို့ Hear Me Outတစ်ဖွဲ့လုံးကဆုတောင်းပေးလိုက်ပါတယ်နော်
Hear Me Outမှာလည်း အတူတူအလုပ်တွေအများကြီးလုပ်ချင်ပါသေးတယ်
Wish you all the best and love you 3000🥳❣

26/01/2021

Relationship တွေမှာစိုးရိမ်ပူပန်တုန်းပဲလား?

ကျွန်မတို့အားလုံးဟာပျော်ရွှင်တဲ့ relationshipတွေကို ပိုင်ဆိုင်ချင်ကြတာကအမှန်ပါပဲ။ ဒီလိုမျိုး relationshipတွေအဆင်ပြေ သာယာနေနိုင်ဖို့ကျွန်မတို့ကနည်းအမျိုးမျိုးနဲ့ကြိုးစားကြတယ်။

လူတစ်ယောက်ကိုချစ်ရင် ချစ်နေရုံနဲ့မပြီးပါဘူး မှန်ကန်တဲ့နည်းလမ်းနဲ့ချစ်ပေးတတ်ဖို့လည်းလိုပါတယ်။ ဒါ့အပြင် relationshipနဲ့ပတ်သတ်ပြီးလည်း တခြားစိုးရိမ်ပူပန်ရတဲ့အကြောင်းအရာတွေလည်းအများကြီးရှိပါတယ်။

✅ သင်တို့ရော ကိုယ့် relationship မှာမှန်မှန်ကန်ကန်ချစ်ရဲ့လား?
✅ချစ်တဲ့သူကိုရောဖွင့်ပြောဖို့တွန့်ဆုတ်နေတာလား?
✅Friend zone ထဲမှာရုန်းမထွက်နိုင်သေးဘူးလား?
✅ကိုယ့်ကိုထားပစ်ခဲ့တဲ့သူကိုရော မမေ့နိုင်သေးဘူးလား?

ဒီလိုမေးခွန်းတွေအတွက်အဖြေကို ဖြေပေးနိုင်ဖို့ နဲ့ အမျိုးမျိုးသော interpersonal Relationshipပြဿနာတွေအတွက် Hear Me Out က 2 Days event လေးလုပ်ပေးဖို့ရှိပါတယ်။ ပထမရက်မှာ eventရဲ့ highlight လေးဖြစ်တဲ့ Relationship အတွက်အမြဲအကြံပေးပြီး sharing တွေလုပ်ပေးနေတဲ့ speaker ချောချောလေးနဲ့ အတူ သင်တို့ရဲ့စိုးရိန်ပူပန်မှုတွေကို သင်တို့ရဲ့စိုးရိန်ပူပန်မှုတွေကို ဖြေရှင်းပေးသွားမှာပါ။

😝 speaker ကတော့ still secret ပေါ့နော့်
🙆Stay Tuned everyone?!
မကြာခင်မှာပဲ လျှိုထားတဲ့ speaker လေးနဲ့အတူ event ပါယူဆောင်လာခဲ့ပါမယ်နော်။

22/01/2021

HMO ပရိတ်သတ်ကြီး များမနေ့ကcontentကို
ဖတ်ပြီးကြပြီလား❓
မနေ့ကcontentမှာCOVIDနဲ့ပတ်သက်တဲ့
ကြောက်ရွံ့စိုးရိမ်စိတ်ကြောင့်သူတစ်ပါးကိုအပြစ်ပြောဝေဖန်နေသလားဆိုတာကိုဆန်းစစ်မိကြမယ်လိုမျှော်လင့်ပါတယ်။
ကဲဒါဆိုCovid 19 ဖြစ်နိုင်ခြေရှိတဲ့လူတွေကိုခွဲခြားဆက်ဆံတာ WHO ရဲ့ထုတ်ပြန်ချက်အရဘယ်လောက်ထိဆုံးရူံးနှစ်နာစေလဲဆိုတာပြောပြပါမယ်။

1. Covid ရှိရင် အခြားသူ တွေက အပြစ်ပြောမှာ စိုးတာကြောင့် ရောဂါ လဏ္ခာရှိရင်တောင် ဖုံးကွယ်ထားတာ

2.အဲ့လို ရောဂါ လက္ခဏာ ဖုံးကွယ်ထားတဲ့ အတွက် အချိန်မီကျန်းမာရေးစောင့်ရှောက်မှု မခံယူနိုင်တာ

3. ဒါကြောင့်မို့ မိမိကိုယ်မိမိ ပြန်လည် ကျန်းမာလာအောင် မပြုလုပ်နိုင်တာ စတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်

ကဲဆေးကုသမူခံယူပြီးပြန်ကောင်းလာ
တယ်ဘဲထားပါဦး၊ဘေးပတ်ဝန်းကျင်က
သူပြန်ကောင်းသွားတာကိုမပျော်ရွှင်ဘဲလက်ညိုးထိုးနှာခေါင်းရှုံ့ချင်တုန်းဆိုသူ့ခမျာကျန်းမာရေးကပြန်မကောင်းသေးစိတ်ဒဏ်ရာတွေပါထပ်ရ။

ကဲကဲကဲ ဒီလိုအကျပ်အတည်းကာလမှာလူလူခြင်းဝိုင်းဝန်းကူညီကြပါ။ ဒုက္ခကိုဒုက္ခနဲ့ထပ်မဖိပါနဲ့လို့ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။

မနေ့ကcontentမဖတ်ရသေး
ရင်ဝင်ဖတ်လိုက်ပါဦး။ ☺️👇

https://www.facebook.com/101036435200348/posts/126779899292668/

21/01/2021

သင်ရော ဒီလိုတွေလုပ်မိနေပြီလား သို့မဟုတ် ဒီလိုလုပ်ခံနေရပြီလား?🤔❓❗

ကျွန်မတို့အားလုံးဟာ COVID-19 ကာလမှာဒီရောဂါဆိုးကြီးနဲ့ပတ်သတ်ပြီး စိတ်အားငယ်မှုတွေမလုံခြုံမှုတွေခံစားလာရတယ်။ မိသားစုအတွက်စိုးရိမ်မှုတွေ သူငယ်ချင်းတွေအတွက်ပူပန်မှုတွေ ချစ်ရတဲ့သူတွေကိုရောဂါကူးစက်ခံရမှာကို စိုးရိမ်နေရတယ်။ ကျွန်မတို့ဒီလိုစိုးရိမ်နေမှာအသေချာပဲလေ! 😰

ဒီလိုရောဂါဆိုးကြီးကို ဘယ်သူမှကူးစက်ချင်မှာမဟုတ်ပါဘူး။ မတတ်သာလို့အပြင်သွားပြီးမိသားစုစား၀တ်နေရေးအတွက်သာကြိုးပမ်းနေရတာပါ။ အဲ့လိုအချိန်မှာကူးစက်ခံရရင် ကူးစက်ခံရတဲ့သူရော ကူးစက်ခံရတဲ့ကာယကံရှင်မိသားစုရော စိတ်ဆင်းရဲနေမှာအသေချာပါပဲ ။
🚫သင်တို့ရောသူတို့ကို အဲ့လိုကူးစက်ခံရခြင်းကြောင့်၀ေဖန်မိနေပြီလား?
🚫သင်သာကူးစက်ခံရရင်ရောအဲ့လို၀ေဖန်တာကို ခံနိုင်ပါ့မလား?

ကျွန်မတွေဟာဒီလိုအချိန်မှာ တတ်နိုင်သမျှ COVID-19 အတွက်ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး ဒီလိုဖြစ်ခဲ့ရင်တောင်ကျွန်မတို့က အပြစ်တင်နေမဲ့အစား နွေးထွေးပေးသင့်ပါတယ်။ ဒီလိုရောဂါကြီးကိုဘယ်သူကမှမဖြစ်ချင်ပါဘူး။ ဒီလို၀ေဖန်နေခြင်းဟာလည်း ဒီရောဂါဆိုးကြီးကိုပျောက်မသွားစေပါဘူး။ ဒါကြောင့် ၀ေဖန်နေမဲ့အစား ကျွန်မတို့ဟာတတ်နိုင်သမျှကိုယ်ချင်းစာပြီး ကိုယ့်လူမျိုးကိုယ့်နိုင်ငံသားအချင်းချင်းရိုင်းပင်းကူညီရအောင်လား။❤🙆🙌🤝

ဒါကြောင့်သင်ဟာ ကိုယ်ချင်းစာပြီးကူညီပေးမလား ?
ကူးစက်ခံရခြင်းအပေါ်၀ေဖန်နေမလား?

18/01/2021

ဟေး....
Family Photoတွေရိုက်ရင် ကျောက်ရုပ်ကြီးတွေလိုရပ်နေတုန်းလား?

ငယ်ငယ်တုန်းကလို ဖေဖေနဲ့မေမေကို အရမ်းချစ်တယ်လို့ပြောဖြစ်သေးရဲ့လား?

ဖေဖေ့ပါး မေမေ့ပါးလေးတွေကိုရော နမ်းဖြစ်သေးရဲ့လား?

လမ်းလျှောက်ရင်လက်တွဲလျှောက်ဖြစ်သေးရဲ့လား?

ဖေဖေတို့မေမေတို့ကရော...
သားတို့သမီးတို့ကို ငယ်ငယ်ကလိုထွေးပွေ့ဖြစ်သေးရဲ့လား?

ချစ်တယ်လို့ရောပြောဖြစ်သေးရဲ့လား?

မြန်မာနိုင်ငံမှာဆိုရင်
အရွယ်ရောက်လာတာနဲ့ ရုပ်ပိုင်းဆိုင်ရာနွေးထွေးမှုတွေလျော့နည်းလာတယ်။
နွေးထွေးမှုတွေကိုထုတ်မပြတော့ဘူး။

ရှက်လာတာလား? တွန့်ဆုတ်လာတာလား?
နိုင်ငံခြားက မိသားစုဓာတ်ပုံလေးတွေနဲ့ မြန်မာနိုင်ငံကမိသားစုဓာတ်ပုံလေးတွေဆို အရမ်းသိသာတာ ပြုံးပျော်နမ်းရှုံ့ထွေးဖက်နေတဲ့ပုံနဲ့ ကျောက်ရုပ်လိုရပ်နေတဲ့ပုံ က စကားအရမ်းပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာနွေးထွေးမှုလေးရှိရင် မိသားစုတွေပိုအဆင်ပြေတာပေါ့။

ရုတ်တရက်ကြီးပြောင်းလဲဖို့တော့မလွယ်ပါဘူး။
တဖြည်းဖြည်းချင်းပြောင်းလဲကြည့်မယ်လေ။

ဖေဖေနဲ့မေမေကို ချစ်တယ်လို့ပြောကြမယ်။

ရင်ခွင်ထဲဝင်ပြီး ကလေးလေးလိုချွဲကြည့်ကြမယ်။
ဖေဖေနဲ့မေမေတို့ရဲ့ပါးလေးတွေကို ပြန်နမ်းကြမယ်။
Family Photoတွေကို အနွေးထွေးဆုံးရိုက်ကြည့်ကြမယ်။

တကယ်လို့ ဖေဖေတို့မေမေတို့နဲ့ဝေး​နေတဲ့သူဆိုရင်လည်း
Phဆက်တဲ့အခါ video callပြောတဲ့အခါ
"I love you''လို့ပြောကြရအောင်နော်
Ph callလေးတစ်ခုကိုလည်း နွေးထွေးအောင်ဖန်တီးလို့ရပါတယ်။

"ထုတ်မပြတတ်တာပါ ရင်ထဲမှာတော့အရမ်းချစ်ပါတယ် ဂရုစိုက်ပါတယ်'' ဆိုတာထက် နွေးထွေးမှုတွေကိုထုတ်ဖော်ဝေမျှလိုက်ရင် ပိုအဆင်မပြေဘူးလား?

နွေးထွေးပျော်ရွှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်ကြပါစေနော်။

17/01/2021

Hello guys
Hear me out ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်

ဒီနေ့မှာ ပြောပြချင်တဲ့အကြောင်းကတော့
မိဘနှစ်ပါးထဲကမှ မိခင်ဖြစ်ဖြစ်၊ ဖခင်ဖြစ်ဖြစ်သေဆုံးသွားကြလို့ မိဘမေတ္တာအပြည့်အဝမခံစားခဲ့ရတဲ့ လူငယ်တချို့အတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်😊

ဒီလို life တွေကို Broken Family လို့ ခေါ်လို့မရသလို Perfect လို့လည်း ပြောလို့မရဘူးပေါ့

ပထမဆုံးအနေနဲ့ ဖခင်မရှိတဲ့သူတွေနေရာကနေ ခံစားပီးပြောပြပေးသွားပါမယ်

အဖေတစ်ယောက်ရဲ့ အရှိန်အဝါတွေ မရှိတော့တာကြောင့် မိန်းကလေးတွေအတွက် ပိုပီး အခက်ကြုံရပါတယ်။ဘယ်အရွယ်၊ ဘယ်လိုအနေအထားမှာရောက်ရောက် ကိုယ့်ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမယ့် ဖခင် မရှိတာကြောင့် တခါတလေ စိတ်ထိခိုက်စရာတွေ ကြုံရတတ်ပါတယ်
( မစိုးရိမ်ကြပါနဲ့ အမျိုးသမီးတို့ရေ...အဲ့လိုစိတ်ထိခိုက်စရာတွေ ကြုံရပြီး အောင်မြင်သွားကြတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်နော်)
ယောက်ျားလေးတွေဆိုရင်လည်း တခြားလူငယ်တွေလို နေလို့မရတော့ဘဲ မိသားစုရဲ့တာဝန်တွေကို ရင့်ကျက်စွာနဲ့ ထမ်းဆောင်ရတော့ ပုံမှန်ထက် ပင်ပန်းမှုတွေကို ကြုံရတော့တာပေါ့

မိခင်မရှိတဲ့သူတွေမှာဆိုရင်
မိန်းကလေးများအနေနဲ့ ကိုယ့်ရဲ့ဖခင်ကို
အရာရာပြောပြလို့မရတာမျိုးလေးတွေ ရှိတဲ့အတွက်ကြောင့်
အဆင်မပြေဖြစ်ရတာမျိုးလေးတွေရှိပါတယ်
ယောက်ျားလေးတွေ အနေနဲ့ဆို မိခင်ကို ပိုချစ်တဲ့သူများတာကြောင့် သတိရပီး နာကျင်ရတာမျိုး ရှိတတ်ကြပါလိမ့်မယ်
(သားသမီးတိုင်းဟာ အမေနဲ့ ပိုအနေနီးကြတော့ အမေ့ရဲ့ ကြင်နာမှု ၊ ဂရုစိုက်မှုတွေကို ပိုပီးလွမ်းတတ်ကြတယ်လေ..
နေမကောင်းတဲ့အချိန်မှာ ဂရုစိုက်ပေးမှုတွေ ၊
အမေချက်ကျွေးတဲ့ ဟင်းခွက်နည်းနည်းလေးဟာလည်း ကိုယ်အပြင်က ပြန်လာလို့ ဆာလောင်နေတဲ့အချိန်မှာ ဘာနဲ့မှလဲလို့မရအောင် ပြည့်စုံနေတာမျိုး)
အဲ့လိုမျိုးတွေ မရတော့တဲ့အတွက်ကြောင့် ပိုပီးဝမ်းနည်းရတာပေါ့

ဒီလိုမျိုး life ဟာ ဝမ်းနည်းနေရမယ့်အရာ မဟုတ်သလို ရှက် ၊ ကြောက် ၊ သိမ်ငယ်နေစရာလည်း မလိုပါဘူးနော်။

ကံအကြောင်းတရားကြောင့် ဖြစ်လာရတာမို့ ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့မရဘူးလေနော်

"ငါတစ်ယောက်ပဲ ကြုံတွေ့နေရတယ်"လို့ ဘယ်တော့မှ မတွေးမိပါစေနဲ့
သင် တစ်ယောက်တည်း မဟုတ်ပါဘူး

သင်သာ သိမ်ငယ်စိတ်တွေမရှိဘဲ ဘဝမှာကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ကျန်ရှိနေတဲ့ မိသားစုနဲ့အတူ ကြံ့ကြံ့ခံပီး ရှေ့ဆက်လျှောက်လှမ်းသွားမယ်ဆိုရင် တမလွန်က သင့်ရဲ့မိဘတွေလည်း
သင့်အတွက် ဂုဏ်ယူနေမှာ အမှန်ပါ

တစ်ခုအကြံပေးချင်တာကတော့ သေဆုံးသွားတဲ့ကိုယ်ရဲ့မိဘကို အရမ်းသတိရနေတဲ့အချိန်မှာ ကိုယ်ခံစားနေရတာတွေကို
စာရွက်ပေါ်မှာ ချရေးလိုက်မယ်ဆိုရင်
ကိုယ့်အကြောင်းကို ဘယ်သူမှလည်း မသိတော့သလို ခံစားရတာတွေလည်း လျော့ကျသွားစေပါတယ်။ စာရွက်ပေါ် ချရေးလို့ အဆင်မပြေရင်
ကိုယ့်ဖုန်းNote ထဲမှာလည်း ရေးပီး ဖြေသိမ့်လို့ရပါတယ်နော်

ခံစားချက်တွေကို ချရေးလိုက်ရုံနဲ့ အဆင်မပြေဘူး လူကိုယ်တိုင်ဖွင့်ပြောလိုက်ရမှ သက်သာရမယ်လို့ထင်တယ်။ဒါပေမယ့် ရင်ဖွင့်ဖို့ ယုံကြည်ရမယ့်သူ မရှိဘူးဆိုရင်တော့ ကျွန်မတို့ Hear Me Out Page က
အခုလို Interpersonal Relationship ပြဿနာတွေကို နားထောင်အကြံပေးနေတာမလို့ စိတ်ချယုံကြည််စွာ လာရောက် ရင်ဖွင့်နိုင်ပါတယ်။ သင်တို့ရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့ လူငယ်တွေမို့
အပြင်ကို မပေါက်ကြားစေဖို့ အာမခံတဲ့အတွက်ကြောင့် ခံစားနေရတာတွေကို မြိုသိပ်မနေဘဲ ဖွင့်ချစေချင်ပါတယ်။ ဒီနေ့မှာပဲ ခံစားပီး မနက်ဖြန်မှာ အားအင်အသစ်တွေနဲ့ အတူတူ ရှေ့ဆက်ကြစို့လား

ဒီစာကို ဖတ်နေတဲ့သင်ကရော...
အခု လက်ရှိမှာ ဒီလို Case နဲ့ ကြုံတွေ့နေရတဲ့သူလားး?(ဒါဆို ကိုယ့်ရဲ့ ခံစားချက် ၊ ကြုံခဲ့ရတဲ့ ပြဿနာလေးတွေကို Comment မှာ ပြောပြပေးသွားပါ့လား)

ဒါမှမဟုတ်

သင်ဟာ ဒီလို Case မျိုးနဲ့ မသက်ဆိုင်ဘူးဆိုရင်
ကြုံတွေ့ခဲ့ရတဲ့ သင့်လို လူငယ်လေးတွေကို
သိမ်ငယ်မနေစေဖို့အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်...။

16/01/2021

အားလုံးပဲ မင်္ဂလာပါ Hear Me Out ကနေပြန်လည်ကြိုဆိုလိုက်ပါသည် 💛✨
အခုဆိုရင် ကျွန်တော်တို့ရဲ့ Woman in Leadership workshop Day (1) လေးက အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါသဖြင့် ဒီနေ့ကတော့ Day (2)ပါ 😍

ဆရာမ ဒေါ်ရွှေ​ရွှေစိန်လတ် ဟာ စိတ်လည်း ရှည်ပြီး စေတနာ ပါပါနဲ့ ရှင်းပြပေးတာမို့ သင်ခန်းစာတွေက လက်တွေ့မှာ အသုံးပြုလို့ ရနိုင်လောက်တဲ့ အထိ ရှင်းလင်း လွယ်ကူပါတယ်။
အဲ့အတွက် ဆရာမ ကို ကျွန်တော် တို့ CAJ က ရော HMO ကပါ ကျေးဇူး အများကြီးတင်ပါတယ်။

Day (1) မှာဆိုရင် လူငယ်တွေသိချင်ကြတဲ့ ကိုယ့်ကိုယ် ကို ခေါင်းဆောင်ကောင်း တစ်ယောက် ဟုတ်မဟုတ် စစ်ဆေးတဲ့ နည်းလမ်းလေးတွေကို ဝေမျှ ပေးသွားပါတယ်။ အားလုံးလဲလိုက်လုပ်လို့ရအောင်အောက်မှာပုံတင်ပေးထားပါတယ်☺️

စာတွေချည်း နားထောင်ရတာ မဟုတ်ဘဲ လက်တွေ့လုပ်ရတဲ့ လေ့ကျင့်ခန်းတွေလည်းပါတာမို့ တကယ်ကို အကျိုးရှိပါတယ်။

ကဲ Day(2) နဲ့ Day (3) မှာ ဘယ်လို စိတ်ဝင်စားဖို့အကြောင်း အရာတွေကို မျှဝေပေးသွားမှာ လဲဆိုတာ ယနေ့(16thJan)နဲ့ မနက်ဖြန်(17th Jan)ရဲ့ ညနေ ၆ နာရီမှာ ကျွန်တော်တို့ workshop လေးကို ဆက်ဆက်လာခဲ့ဖို့ မမေ့ပါနဲ့နော် 😉

See you at 6 pm today!🥰
*Zoom link is same as yesterday*

14/01/2021

Hello...📢🙆

အားလုံးပဲ မင်္ဂလာပါရှင့်❤️

CAJ For You နဲ့ Hear Me Out က လုပ်မယ့် "Women Empowerment In Leadership" Training လေး အကြောင်းကို သိပြီးကြပြီလား🤔❓

မသိသေးရင် ဒီအောက်က linkလေးမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်

👇 👇 👇 👇 👇

https://www.facebook.com/108059431148428/posts/128537795767258/

အခုကတော့ Trainingမှာ ပါ၀င်ပေးသွားမယ့် Guest Speakerနဲ့ မိတ်ဆက်ပေးချင်ပါတယ်💯

💠Guest speaker အနေနဲ့ ပါ၀င်ဆွေးနွေးပေးသွားမယ့်သူကတော့ ဆရာမဒေါ်ရွှေရွှေစိန်လတ်ပဲ ဖြစ်ပါတယ်။

💠ဆရာမဒေါ်ရွှေရွှေစိန်လတ်သည် ၁၉၈၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒ သိပ္ပံ ဂုဏ်ထူးဘွဲ့အား ရရှိထားပြီး ၁၉၈၈ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အာရှနည်းပညာ တက္ကသိုလ် (Asian Institute of Technology)
မှ Master of Science in Remote Sensing and Geographic Information System အားရရှိထားပါသည်။သူမသည် ရန်ကုန်တက္ကသိုလ်တွင် သရုပ်ပြဆရာမတစ်ဦး ၊အာရှနည်းပညာတက္ကသိုလ် သုတေသန တွဲဖက်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် သုတေသနနှင့် လေ့ကျင့်ရေးဌာနတွင် ညှိနှိုင်းရေးမှူး၊စွမ်းရည်ရှေ့ဆောင် အဖွဲ့တွင် သင်တန်းနည်းပြ ၊အတိုင်ပင်ခံနှင့် အဖွဲ့ခေါင်းဆောင် အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

💠ထို့နောက် ၂၀၀၉ ခုနှစ်တွင် အမျိုးသမီး ခေါင်းဆောင်မှု ဖွံ့ဖြိုးရေးအတွက် ဖန်တီးအိမ်အဖွဲ့ကို တည်ထောင်ကာ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဩဂုတ်လ အထိ ဒါရိုက်တာ အနေနဲ့ တာ၀န်ထမ်းဆောင်‌ခဲ့ပါသည်။ထိုအချိန်တွင် ဆရာမသည် အမျိုးသမီးခေါင်‌းဆောင်မှု သင်တန်းကျောင်းကိုလည်း ဦးဆောင်ဦးရွက် ပြုခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အထွေ‌ထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၀င်အနေဖြင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ အမှတ်(၃) ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ၊အာဆီယံ ပါလီမန်ဆိုင်ရာ ပူးပေါင်းကော်မတီ အဖွဲ့၀င်အဖြစ်လည်းကောင်း ၊အမျိုးသားလွှတ်တော်တွင် ပြည့်သူ့ငွေစာရင်း ကော်မတီနှင့် NGOs/INGOs ကော်မတီတို့၏ အဖွဲ့၀င်အဖြစ်လည်းကောင်း တာ၀န်ထမ်းဆောင်လျက်ရှိပါသည်။

ဒါဆို ဆရာမနဲ့ တွေ့ပြီး "Women Empowerment In Leadership"ဆိုတဲ့ အကြောင်းကို ဆွေးနွေးချင်တယ်ဆိုရင်တော့ Registration Form ဖြည့်ထားဖို့ လိုအပ်ပါတယ်နော်😉💁

☑️Topic-Women Empowerment In Leadership
☑️Guest speaker-Daw Shwe Shwe Sein Latt
☑️Date-15,16,17 January 2021
☑️Time-6:00- 7:00 pm

‼️Registration form ‼️

https://forms.gle/rD8vXwR1Yrvw4rWT7

Form ဖြည့်ပြီးသွားရင် Trainingလေးမှာ အားလုံးနဲ့ တူတူ ပြန်တွေ့ချင်ပါတယ်💌

14/01/2021

တန်ဖိုးထားမှုတွေ မတူတဲ့အခါ...

Hello guys
Hear me out ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်🥳

ဒီနေ့မှာတော့ တန်ဖိုးထားမှုတွေ မတူတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ၊ဘယ်လိုဖြေရှင်းသင့်လဲဆိုတာတွေကို ပြောပြပေးသွားပါမယ်🙆

လူလို့ပြောလိုက်တာနဲ့ တန်ဖိုးထားတဲ့အရာ‌ေတွ အနည်းနဲ့အများဆိုသလို ကိုယ်စီ ရှိကြပါတယ်

ယုံကြည်မှုကို တန်ဖိုးထားတဲ့သူ၊မိဘကို တန်ဖိုးထားတဲ့သူ၊ သစ္စာတရားကို တန်ဖိုးထားတဲ့သူ၊ကိုယ့်အတ္တကို တန်ဖိုးထားတဲ့သူ အစရှိသဖြင့်ပေါ့...

ဒီမှာတော့ သမီးရည်းစားကို ဥပမာပေးပြီး ပြောပြပေးချင်ပါတယ်💁

တန်ဖိုးထားမှုချင်းမတူတဲ့ လူနှစ်ယောက် ချစ်ကြိုက်မိတဲ့အခါမှာ အစပိုင်းမှာ အဆင်ပြေနိုင်ပေမယ့် တစ်ဖက်က အမြဲတမ်းလိုက်လျောပေး၊ဖြည့်ဆည်းပေးနေရတဲ့အခါမှာ ဖြည့်ဆည်းပေးနေရတဲ့လူက ရေရှည်အဆင်ပြေနိုင်မယ်လို့ ထင်လား❓

ဘယ်အဆင်ပြေနိုင်ပါ့မလဲနော်၊ သူ့မှာလည်း သူ့တန်ဖိုးထားမှုနဲ့သူ ရှိတယ်လေ၊အစပိုင်းမှာတော့ ချစ်တဲ့စိတ်နဲ့ အဆင်ပြေသည်းခံနိုင်ပေမယ့် ရေရှည်ဖြစ်လာတဲ့အခါမှာ သူ့စိတ်ထဲ သိမ်ငယ်မှုတွေ ဝင်လာနိုင်ပါတယ်၊ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ကိုယ်ကိုယ်တိုင်က လျစ်လျူရှုလိုက်ရတာတွေကြောင့် စိတ်ညစ်နိုင်ပါတယ်၊ကိုယ့်ရဲ့တန်ဖိုးထားမှုက ဘာမှန်းမသိတော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်

ဒါဆို အမြဲတမ်းအနိုင်ရနေတဲ့သူဘက်ကနေ ကြည့်ရင်ကော❓

အမြဲတမ်း အနိုင်ရနေတဲ့သူလို့ဆိုကထဲက သူ့စိတ်ထဲမှာ ငါ့ကိုအမြဲတမ်း သူကလိုက်လျောမှာပဲ၊ အလျှော့ပေးမှာပဲ ဆိုတဲ့ စိတ်လေးပေါ်လာပါတယ်၊ နဂိုက နားလည်‌မှုပေးနိုင်တဲ့ စိတ်လေးတောင် ပျောက်သွားနိုင်ပါတယ်၊တစ်ဖက်လူကို ထည့်မတွေးပေးတာမျိုး‌တွေ၊ ကိုယ်အဆင်ပြေအောင်ပဲ တစ်ဖက်စီးနင်း ပြုမူနေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်

လူတစ်ချို့က ပြောကြပါတယ် Relationship တစ်ခုမှာ ယောက်ျားလေးကပဲ အသာစီးရမယ်၊ မိန်းကလေးကပဲ အသာစီးရမယ် ဆိုတာမျိုးပေါ့...

တကယ်တော့ အဲ့တာကို မှားတယ်လို့ပဲပြောချင်ပါတယ်

တကယ်တော့ relationship တစ်ခုမှ ဘယ်သူမှ အသာစီးဖြစ်နေရမယ်မျိုး မရှိပါဘူး၊သူက 60 ဆို ကိုယ်က 40 ၊ကိုယ်က 60 ဖြစ်နေတဲ့အခါမျိုးမှာ သူ့ဘက်က 40 ဖြစ်နေတာမျိုး...
ဘယ်သူမှ အမြဲတမ်းအနိုင်ယူနေတာမျိုးမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်မှသာ ဒီ relationship ဟာ ရေရှည်တည်မြဲနိုင်မယ်လို့မြင်ပါတယ်

ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုအတွဲမျိုးမြင်ဖူးလား❓

ကောင်မလေးက အရမ်းအနိုင်ယူတယ်၊ကောင်လေးက အစပိုင်းမှာ သည်းခံနိုင်ပေမယ့် နောက်ပိုင်းသည်းမခံနိုင်တော့ဘူးဆိုပြီး ပြတ်သွားတာမျိူးတွေ၊ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားမှု‌တွေ မတူကြဘူး ဒါပေမယ့် နှစ်ယောက်လုံးက အလျှော့မပေးချင်ကြဘူး ဒီလိုနဲ့ပဲ ပြတ်သွားကြတယ် ဆိုတာမျိုးတွေပေါ့

❤️တန်ဖိုးထားမှုတွေ မတူတဲ့အခါ ... နားလည်မှုပေးပြီး တစ်ဖက်နဲ့ တစ်ဖက် Balance ဖြစ်အောင်နေပါ❤️

အဆင်မပြေမှုတွေ ကြုံရတဲ့အခါ ရင်ဖွင့်စရာလူမရှိတော့တဲ့အခါ Hear me out ကိုသတိရလိုက်ပါ။

13/01/2021

Hey hey…💁

New Yearမှာ ဘာတွေလုပ်ဖြစ်နေကြပြီလဲ🤔❓

ကိုယ့်အတွက် အကျိုးရှိစေမယ့် Trainingတွေ၊workshopတွေ joinဖြစ်နေကြလား❓

မjoin ဖြစ်ဘူးဆိုလည်း စိတ်မပူပါနဲ့နော်🙅

အခု Hear Me Outနဲ့ CAJ For Youက သင့်အတွက် အကျိုးရှိစေမဲ့ trainingလေး တစ်ခုယူဆောင်လာပေးပါပြီ👏😉

Training လေးက ဘယ်အကြောင်းအရာနဲ့ ဖြစ်မလဲဆိုတာ သိချင်ရင် စာလေးကို အဆုံးထိ ဖတ်ကြည့်ကြရအောင် Let's go 💁


အခုခေတ်မှာ empowermentနဲ့ leadership ဆိုတဲ့ စကားလုံးကို တော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်💢
ကျောင်းတက်နေတဲ့သူပဲ ဖြစ်ဖြစ်👩‍🎓၊ အလုပ်ခွင် ၀င်နေရတဲ့ သူပဲ ဖြစ်ဖြစ်👩‍⚖️ ကိုယ့်ရဲ့ ပတ်၀န်းကျင်မှာ leadership skillနဲ့ empowermentက မရှိမဖြစ်လိုအပ်လာပါတယ်။

ဒါ့အပြင် အလုပ်ခွင်တွေ၊ ခေါင်းဆောင်မှု အပိုင်းတွေမှာလည်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးတွေ ရရှိဖို့ လိုအပ်လာပါတယ်။ ဒါဆို workshopလေးက ဘယ်အကြောင်းကို အဓိကထား ဆွေးနွေးကြမလဲဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်🤗

☑️ကိုယ်က leadershipနဲ့ ပတ်သက်တဲ့ empowermentကို စိတ်၀င်စားပေမဲ့ ဘယ်လိုလေ့လာရမလဲ မသိဖြစ်နေလား?

☑️အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်တွေ၊ခေါင်းဆောင်နိုင်မှုတွေ၊ အခွင့်အရေးတွေကို ပိုမိုနားလည်ချင်ပါသလား?

☑️ကိုယ့်ရဲ့ leadershipနဲ့ empowerment အ‌ပေါ် ထင်မြင်ချက်တွေကို တခြားသူတွေနဲ့ sharingလုပ်ပေးချင်ပါသလား?

ဒါဆိုရင်တော့ ဒီTrainingလေးက သင့်အတွက်ပါပဲ😉

Hear Me Outနဲ့ CAJ For Youပူး‌ေပါင်းပြီး 🤝 "Women Empowerment In Leadership" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Training‌ေလးတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

🗓️အချိန်က‌တော့ Januaryလ 15,16နဲ့ 17ရက် သုံးရက်တိုင်တိုင် ည 6:00-7:00 pm အထိ zoom applicationကို အသုံးပြုပြီး ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။
Women empowermentနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ Guest speaker က‌လည်း ပါ၀င်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်😱

"Women Empowerment In Leadership " ဆိုတော့ အမျိုးသမီးတွေပဲ တက်သင့်တဲ့ trainingလို့ မထင်ပါနဲ့နော်🙅

Leadership၊Empowermentနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ထင်မြင်ချက်တွေကို ဖလှယ်လို့ ရမယ့်အပြင်
Guest Speakerရဲ့ အကြံ‌ဉာဏ်တွေ ၊အ‌တွေ့အကြုံတွေကို sharing လုပ်ပေးသွားမှာ ဖြစ်လို့ ✨ ကိုယ့်ရဲ့ skill‌‌ေတွကို upgradeလုပ်ချင်တဲ့သူတိုင်း joinသင့်တဲ့ trainingတစ်ခု ဖြစ်ပါတယ်💯

အောက်မှာ Registration Form linkလေးလည်း ပေးထားတာ ဖြစ်လို့ တခါတည်း formဖြည့်‌သွားလို့ ရပါပြီနော်

‼️ Registration form link ‼️

https://forms.gle/rD8vXwR1Yrvw4rWT7

Formဖြည့်ပြီးသွားပြီဆိုရင်တော့ trainingလေးမှာ အားလုံးနဲ့တူတူ ပြန်တွေ့ချင်ပါတယ်။

Training မှာ ပါ၀င်ဆွေးနွေးပေးမဲ့ Guest Speakerကိုလည်း မနက်ဖြန်မှာ ကြေညာပေးသွားမှာ ဖြစ်လို့ Stay tunedပါ😉

အားလုံးပဲ သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

12/01/2021

Hello 🙋👋😄 Hear Me Out ကပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ Self acceptance 💁လေးအကြောင်းပြောပြပေးသွားမှာပါ။

ကျွန်မတို့ဟာ တခါတလေကိုယ့်ကိုကိုယ်မြင်အောင်ကြည့်ပြီး ကိုယ်ရဲ့မပြည့်စုံမှုနဲ့ပြည့်စုံမှုတွေကို လက်ခံဖို့ခဲယဥ်းတတ်ကြတယ်။

အစွန်းနှစ်ဖက်ကိုရောက်ခြင်းဟာ များသောအားဖြင့်ဆုံးရှုံးမှုကို ရရှိနိုင်စေနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ မိမိကိုယ်ကိုမိမိလက်ခံနားလည်သင့်ပါတယ်။ ဒါဆို ဘယ်လိုလက်ခံနိုင်အောင်လုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်💁✔။ Let's go 🏃

✔ Well-understanding in both sides. 😇😈
ကျွန်မတို့ဟာ မိမိတို့ရဲ့ ကောင်းတဲ့စိတ်(good sides) ကောင်းတဲ့အချက်တွေ နဲ့ မကောင်းတဲ့စိတ်(bad sides)မကောင်းတဲ့အချက်တွေကို ကောင်းစွာသိမြင်နားလည်နိုင်ရပါမယ်။

✔ Forgive and apologize 🙏🙎
ခွင့်လွှတ်ပါ။ မကောင်းတာတွေလုပ်မိခဲ့ရင်လည်း နောင်တရတာတွေရှိမယ်။ အဲ့တာတွေအပေါ်အပြစ်တင်စိတ်နဲ့ အမြဲရှင်သန်နေမဲ့အစား မှားခဲ့တဲ့အရာတွေကိုတောင်းပန်ပြီး ကိုယ့်ကိုကိုယ်ခွင့်လွှတ်ပေးပါ။

✔ Reflect on 🤔
ပြန်လည်သုံးသပ်ပါ ။ မှားခဲ့တာတွေအတွက် နောင်တရနေမဲ့အစား အမှားတွေကိုပြုပြင်သုံးသပ်ပြီး နောက်ထပ်မဖြစ်အောင် ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုကိုယ်အမြဲပြန်လည်သုံးသပ်ပြီး ကြိုးစားနေထိုင်ပါ။

✔Be ready for everything 💪
ကျွန်မတို့ဘ၀ဟာ ကျရှုံးမှုတွေ အောင်မြင်မှုတွေနဲ့ အမြဲပြည့်နှက်နေမှာပါ။ ဘယ်လိုအခြေအနေပဲရောက်ရောက် တည်ငြိမ်စွာကျော်ဖြတ်ပါ။ ကျရှုံးမှုတွေကလည်း သင်ယူပါ။ အောင်မြင်မှုတွေကိုလည်း ခွန်အားအဖြစ်ဆုပ်ကိုင်သွားပါ။

You & Every Moment In Your Life Are Precious

11/01/2021

ဟေး သိပြီးပြီလား Hear me out က content writer အသစ်တွေ volunteers အဖြစ်ခေါ်နေတယ် ဆိုတာ🚨

Hello
Hear me out ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်

ကိုဗစ်ကာလအတွင်းမှာ productive ဖြစ်အောင် organization တစ်ခုခုမှာ လုပ်ချင်တယ်လို့ တွေးဖူးလား⁉️

အလုပ်လျှောက်ချင်တယ်ဆို work experience မရှိလို့ အလုပ်မခန့်ဘူးဆိုပြီး အပြောခံရဖူးလား⁉️ အပြောခံရမှာ ကြောက်နေလား⁉️

နယ်ပယ်အသီးသီးက လူငယ်တွေနဲ့ ခင်မင်ရင်းနှီးပြီး ကိုယ့်ရဲ့ network ကိုကျယ်အောင် လုပ်ချင်လား⁉️ သူတို့ဆီက သင်ယူချင်လား⁉️

သင်က စာတွေဖတ်ရတာ၊စာတွေရေးရတာကို နှစ်သက်တဲ့သူလား⁉️

ဒါဆိုရင်တော့ ဒီ post က သင့်အတွက်ပါ🥰

Hear me out ကနေ content writer (3) ယောက်ကို ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်🥳

What is Hear Me Out 🤔❓

💌Hear Me Outကတော့ Education နယ်ပယ်အသီးသီးလူငယ် ၁၄‌‌ေယာက် နဲ့ ဖွဲ့စည်းထားပြီး လူငယ်တွေကိုအသိပညာနဲ့ဗဟုသုတတွေကိုလည်း sharing လုပ်ပေးနေတဲ့ organization လေးတစ်ခုပဲ ဖြစ်ပါတယ်။ Hear Me Outရဲ့ အဓိကရည်ရွယ်ချက်ကတော့ မိသားစု၊သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေ ကြားမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးပြီး innner voiceတွေကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့နားထောင်ပေးနေတဲ့ လူငယ်organizationလေး တစ်ခုပဲ ဖြစ်ပါတယ်။

Hear me out က လူငယ်တွေနဲ့ meeting တိုင်းမှာ တိုင်ပင်ကြမယ်၊ဆွေးနွေးကြမယ်၊ အပြန်အလှန်သင်ယူသွားကြမှာဖြစ်တာကြောင့် ကိုယ့်ရဲ့ skills တွေ တိုးတက်လာမှာပဲဖြစ်ပါတယ်။ဒါ့အပြင် လူငယ်တွေနဲ့ အလုပ်လုပ်ရမှာဖြစ်တာကြောင့် ကိုယ့်ရဲ့ communication skill ပါတိုးတက်လာမှာပဲဖြစ်ပါတယ်။

Content writer တစ်ယောက်အနေနဲ့ ဘာတွေရလာမလဲဆိုတော့ content အတွက် အမြဲresearch လုပ်ပြီး ရေးရမှာဖြစ်တာကြောင့် စာအမြဲဖတ်ဖြစ်နေပါလိမ့်မယ်၊ဒါ့အပြင် ကိုယ်ရေးလိုက်တဲ့စာလေးကြောင့် တစ်ဖက်စာဖတ်သူမှာ ဗဟုသုတတွေ၊ interpersonal relationships တွေမှာ ပြုလုပ်နေမိတဲ့ အမှားလေးတွေ၊သတိပြုစရာလေးတွေကို ဆင်ခြင်မိသွားတာတွေ၊ relationship တွေ အဆင်ပြေသွားတာတွေ ဖြစ်သွားနိုင်တာမလို့ ကုသိုလ်လည်းရ ဝမ်းလည်းဝ တဲ့ အလုပ်လေးပဲဖြစ်ပါတယ်။

Content writer အနေနဲ့ လျှောက်ချင်တယ်ဆိုရင်တော့ 👇👇

https://forms.gle/dWVvEPKieGCesTvg8

Deadline ကတော့ 18.1.2021 (11:59 PM) ပါ

Hear me out ကနေ content writers တွေကို စောင့်မျှော်နေပါမယ်နော်🥰ချစ်ခြင်းများစွာဖြင့််❤

Photos from Hear Me Out's post 05/01/2021

Interpersonal relationships တွေကို keep in touch ဖြစ်စေမယ့် Give away and keep in touch challenge လေး လာပါပြီ👋👋

Hello
Hear me out ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်🥰

မနေ့က ပြောသွားတဲ့ challenge လေးနဲ့ give away အကြောင်းကို စိတ်ဝင်စားနေကြပြီဟုတ်👀

ပထမဆုံးအနေနဲ့ challenge လေးအကြောင်း အသေးစိတ်ရှင်းပြပေးသွားပါမယ်💁

📍ပထမတစ်ခုအနေနဲ့ မိဘ၊အဖိုးအဖွား၊မိသားစုတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရင်ထဲက စကားတွေ၊‌ေကျးဇူးတင်ချင်တဲ့အ‌ေကြာင်း‌ေလး‌ေတွကို ရေးသားရပါမယ် ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံတင်ပေးရပါမယ်။(ငါကတော့ ဓာတ်ပုံကော စာကောတင်ချင်တာဆိုတဲ့သူတွေလည်း တင်လို့ရပါတယ်လို့🤭)

📍နောက်တစ်ခုကတော့ သူငယ်ချင်း၊ချစ်သူရည်းစား၊ ပါတနာ ကို ကျေးဇူးတင်ချင်တဲ့အကြောင်းလေးတွေ ၊ သူတို့နဲ့ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေ တင်ပေးရပါမယ်။

📍နောက်တစ်ခုကတော့ self-loved ပါ။ အခြားသူတွေကို ကျေးဇူးတင်ပြီးပြီဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ဖို့မမေ့ပါနဲ့နော်။ ၂၀၂၁ မှာ ကိုယ်လုပ်ချင်တဲ့အရာလေးတွေ၊ကိုယ့်ကိုယ်ကို အကျိုးရှိအောင် ဘာလေးတွေလုပ်မလဲ စတာလေးတွေကို စာလေးနဲ့ဖော်ပြပေးရပါမယ်။ကိုယ့်ရဲ့အလှဆုံးပုံလေးတွေနဲ့လည်း တွဲတင်လို့ရပါတယ်ရှင်😚

🚨တင်တဲ့အခါမှာတော့...
ဆိုတဲ့ hastag လေးနဲ့ အပေါ်၃ချက်ထဲက ကိုယ်ရေးချင်တဲ့ ၂ ချက်ကို ရေးပြီး ကိုယ့် account မှာတင်ထားတာကို screenshot ရိုက်ပြီးအခုpost မှာ Comment လာမန့်ပေးရပါမယ်။🚨

အခု အဓိကအချက်လေး လာပါပြီ👀

Challenge မှာ ပါဝင်ခဲ့တဲ့လူတွေထဲက admin တို့အကြိုက်ဆုံးလူတစ်ယောက်ကို ရွေးချယ်ပြီး စာအုပ်တစ်အုပ် give away ပေးသွားမှာဖြစ်တာကြောင့် သေသေချာချာလေးရေးပေးဖို့ လိုပါတယ်ရှင်🧡

နောက်ထပ်ကျန်ရှိနေသေးတဲ့ စာအုပ်တစ်အုပ်ကိုတော့ challenge မှာ ပါဝင်ခဲ့တဲ့သူတွေထဲက random ရွေးချယ်သွားမှာပဲဖြစ်ပါတယ်။🥳

စာအုပ်၂အုပ်ကတော့ အကို Win Ko Ko Aung PJW ရဲ့ A 21st century Burmese guy နဲ့ One Day စာအုပ်လေးတွေပါ။ အကို Win Ko Ko Aung ဆိုရင်လည်း လူငယ်တွေကိုမြေတောင်မြှောက်ပေးပြီး scholarshipအခွင့်အရေးတွေကိုလည်း ယူဆောင်ပေးနေသူပါ။ ဒီစာအုပ်လေး၂အုပ်ဟာလူငယ်တို့ကိုသုတရသနှစ်မျိုးလုံးကိုပေးစွမ်းပြီး လူငယ်တို့ရဲ့ နှလုံးသားနဲ့ဦးနှောက်ကိုအာဟာရ ပေးစွမ်းနိုင်တဲ့စာအုပ်၂အုပ်ပါ။

ဒီ challenge လေးကို ၅ ရက်နေ့ကနေ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပါဝင်နိုင်ပါတယ်🙆

ဒီ challenge လေးကို နှစ်သစ်မှာ relationship တွေကြား နွေးထွေးမှု‌ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တာကြောင့် အားလုံးပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်🙆❤️

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Loneliness

Telephone

Address

Yangon
Yangon
11181

Other Youth Organizations in Yangon (show all)
Yangon Nursing Training School Student's Union Yangon Nursing Training School Student's Union
Latha, Yangon General Hospital
Yangon, 16°46'43.4"N96°09'07.7"E YANGON HTTPS://GOO.GL/MAPS/NPCPRNFYNC8GMBTB7

Yangon Nursing Training School Students' Union

CHEVRA CHEVRA
Yangon

Youths’ Power

Inclusion Journey Inclusion Journey
Yangon

ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ

Youths Of Bangtan - Global Youths Of Bangtan - Global
Yangon

Started Date - September 9,2022 To encourage BTSARMY to click ​and Donate

Essential Skills For Youth Essential Skills For Youth
Yangon

To share skills, opportunities and knowledge for youth.

Wings - Edutainment Wings - Edutainment
Yangon

"Wings for youth"

EEWFs - English Is Easy With Friends EEWFs - English Is Easy With Friends
Yangon

An English speaking community that provides a stimulating environment for all comers where they can

YRYEA Expo 2024 "Bridging Businesses" YRYEA Expo 2024 "Bridging Businesses"
No. 268, Room 8A, 8th Floor, Dagon Center 2, Pyay Road
Yangon

PDF-Zoland Supporter PDF-Zoland Supporter
University Avenue
Yangon

This Page was created in order to support Zomi Federal Union/ PDF-Zoland. Thus, the information including address, website are given as the main page of PDF-ZOLAND.

Team IBIM - ICAEW South East Asia Business Challenge 2020 Team IBIM - ICAEW South East Asia Business Challenge 2020
253 (A101), Mahabandoola Road, In Front Of UFC
Yangon

ICAEW South East Asia Business Challenge 2020 ... Sponsored by ... ICAEW ... and ... Deloitte .

Thi Pho Thi Pho
Yangon, 11071

Before making a change, let us help you for a move.

Youths Of Tomorrow Myanmar Youths Of Tomorrow Myanmar
Yangon

Youths of Tomorrow, YOT, is a non-profit student-led organization, to bring the youth community from different parts of the world together.