June Online Pharmancy

June Online Pharmancy

လူအများအတွက် လိင်ပညာပေး နှင့်ကျန်းမာရေးအချက်အလက်များ မျှဝေမယ်

21/04/2023

အပူလျှပ်တဲ့အခါ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရနိုင်လဲ

အပူလျှပ်တဲ့အခါ –

ခန္ဓာကိုယ် အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ပိုများနေမယ်

နှလုံးခုန်မြန်နေမယ်

ချွေးမထွက်ဘဲ ဖြစ်နေမယ်

အသက်ရှူရခက်နေမယ်

စိတ်ရှုပ်ထွေးနေမယ်

ဆီးသွားနည်းမယ်

ဆီးအရောင်ရင့်မယ်

အော့အန်မယ်

ခေါင်းမူးမယ်

သတိလစ်မယ်

တက်မယ်

အရေပြားတွေ ပူနေမယ်၊ ခြောက်သွေ့နေမယ်၊ နီမြန်းနေမယ်။

အပူလျှပ်တာက အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်။

အပူလျှပ်တဲ့သူကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် အရိပ်အောက်တစ်ခုခုကိုရွှေ့ပါ။

အဲယားကွန်း ဖွင့်ထားတဲ့ အခန်း ဒါမှမဟုတ် အေးမြတဲ့ နေရာတစ်ခုခုကို ရွှေ့ပေးပါ။

သက်သောင့်သက်သာအနေအထားမျိုးမှာ လှဲလျောင်းနေနိုင်အောင် လုပ်ဆောင်ပေးပါ။

ခြေထောက်ကိုနည်းနည်းလေးညမြှင့်ထားပေးပါ။

ရေဖြန်းပေးပါ။ ရေခဲဝတ် ကပ်ပေးလို့လည်း ရပါတယ်။ ချိုင်းကြား၊ လည်ပင်းနဲ့ပေါင်ကြားနေရာတွေကို ရေအေးဝတ်၊ ရေခဲအိတ်တို့ ကပ်ပေးပါ။

ရေတိုက်ပါ။ အုန်းရည်လိုမျိုး ရေဓာတ်ဖြည့်ပေးတဲ့ အရည်တွေ တိုက်ပေးလို့လည်း ရပါတယ်။ အန်နေမယ်ဆိုရင်တော့ ဆက်မတိုက်ပါနဲ့။

တစ်ချိန်တည်းမှာပဲ ဆေးရုံသွားဖို့ ပြင်ဆင်ပါ။ အပူချိန် ကျသွားတာတောင် ခန္ဓာကိုယ် အတွင်းပိုင်း ထိခိုက်မှုတွေ ရှိနိုင်တဲ့ အတွက် ဆေးရုံတက်ပြီး စောင့်ကြည့်ကုသဖို့ လိုပါတယ်။

08/04/2023

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေအကြောင်းကို အစဥ်လိုက်ဖော်ပြပေးလိုက်ပါတယ်နော်💁🏻💁🏻💁🏻

🔸အဆုတ်ကင်ဆာ

🔸 ဆီးကျိတ်ကင်ဆာ

🔸 အူမကြီးကင်ဆာ

🔸 ပန်းခရိယကင်ဆာ

🔸 အသည်းနဲ့ သည်းခြေပြွန် ကင်ဆာ

🔸 သွေးကင်ဆာ

🔸အစာရေမျိုကင်ဆာ

🔸ဆီးအိမ်ကင်ဆာ တို့ပဲ ဖြစ်ပါတယ်။





ာဝန်

08/04/2023

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

မိန်းကလေးတွေ အတွက် တစ်လတစ်ခါ ဓမ္မတာလာချိန် ဆိုတာ ရှောင်လွဲလို့ မရတဲ့ ကိစ္စ တစ်ခုပါ။ ခရီးသွားခါနီး၊ စာမေးပွဲ ဖြေခါနီးစတဲ့ အရေးကြီး ကိစ္စရှိတဲ့ အချိန် ဒီဓမ္မတာလာခဲ့ရင် တကယ်ကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ဆိုပြီး သိချင်နေကြပါတယ်။

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

ရာသီသွေးဆင်းတဲ့ရက် ကို မြန်မြန်ပြီးအောင် လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ်။ လူတိုင်းအတွက် အလုပ်ဖြစ်မှာတော့ မဟုတ်ပေမယ့် တချို့လူတွေမှာတော့ ဒီလို ရာသီရက်တွေကို တိုအောင် လုပ်လို့ ရတတ်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာ ဆက်ကြည့်ရအောင်။

ရာသီသွေးဆင်းတဲ့ရက် ကို မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲ ။ ။

နောက် ၃ ရက်လောက်ဆို စာမေးပွဲ ဖြေရတော့မယ်။ ရာသီက ဒီနေ့မှ စလာနေတယ်။ တိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပါသလား။ ရာသီသွေးဆင်းတဲ့ရက်ကို တိုသွားအောင် လုပ်လို့ရတဲ့ သဘာဝနည်းလမ်း တချို့ ရှိပါတယ်။။

👉🏻 တကိုယ်ရည်အာသာဖြေခြင်း

👉🏻 လေ့ကျင့်ခန်းလုပ်ခြင်း

👉🏻 တမ်ပွန် မသုံးပါနဲ့

👉🏻 ဓမ္မတာလာချိန် ကိုက်ခဲတဲ့အခါ သောက်တဲ့အကိုက်ခဲပျောက်ဆေး

👉🏻 ​သန္ဓေတားဆေး

အချုပ်အနေနဲ့ ပြောရရင် ရာသီသွေးဆင်းတဲ့ရက်ကို မြန်မြန် ပြီးအောင် လုပ်တယ်ဆိုတာ သဘာဝနည်း အတိုင်းနဲ့ ဆိုရင် ပြဿနာ မရှိတတ်တဲ့ ကိစ္စတစ်ခုပါ။ အများစုထင်ကြသလို သွေးကျန်တာတွေ၊ ချုပ်တာတွေ ဖြစ်မှာမဟုတ်ပါဘူး။

တကယ်လို့ ကိုယ့်ရဲ့ ရာသီရက်က တစ်ခါလာရင် အရမ်း ကြာတယ်၊ သွေးဆင်းတာလည်း များတယ် ၊ ရာသီကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲနေခဲ့တယ် ဆိုရင်တော့ ဆရာဝန်ဆီ သွားပြီး တိုင်ပင်ကြည့်တာသာ အကောင်းဆုံးပါ။

ကဲ … ရာသီသွေးဆင်းတဲ့ရက်က အရေးကြီးတဲ့ ရက်တစ်ခုခုနဲ့ တိုက်ဆိုင်နေတာကြောင့် ရာသီသွေးဆင်းရက်ကို တိုချင်တယ်ဆိုရင် ဒီနည်းလမ်းတွေက အဆင်ပြေမယ့် နည်းလမ်းလေးကို အသုံးပြုကြည့်ပါ။





ာဝန်

08/04/2023

လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ

မိဘတွေနဲ့ကလေးတွေကြားမှာ လိင်အကြောင်းကို ရိုးရိုးသားသား၊ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောဆိုကြဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ သင့်ရဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူလူပျို ၊ အပျို ဝင်တဲ့အချိန်မှာ လိင်အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ပိုပြီး အရေးကြီးပါတယ် ။ သင့်ရဲ့ကလေးကို လိင်ပညာပေးအကြောင်းဘာလို့ပြောသင့်သလဲ၊ ဘယ်အချိန်မှာပြောသင့်သလဲဆိုတာတွေကိုအောက်တွင်ဖတ်၍လေ့လာလိုက်ပါ။

လိင်ပညာပေးအကြောင်းကို ကလေးကိုဘယ်အချိန်မှာ စပြောသင့်ပြီလဲ။

လေ့လာမှုတွေအရ မိန်းကလေးနဲ့ယောက်ျားလေးအများစုဟာ အသက် ၈ နှစ်အရွယ်မှာ လူပျို ၊ အပျိုဖော်ဝင်လာကြပါတယ် ။ ဒါဟာသင့်ကလေးရဲ့လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်းကို စပြီးပြောဖို့သင့်တော်တဲ့အချိန်ပါပဲ။ မိန်းကလေးတွေအတွက်ကတော့ ရာသီလာတဲ့အကြောင်းတွေကို ကျောင်းသင်ခန်းစာတွေမှာသင်ကြားကြပါတယ် ။ ဒါပေမယ့် သူတို့သင့်ကိုမေးမြန်းလာတဲ့အခါ သို့မဟုတ် သူတို့ဟာသင့်ရဲ့လမ်းညွှန်မှုကို လိုနေပြီလို့ခံစားရတဲ့အခါ သင့်ရဲ့ကိုယ်တိုင်အတွေ့အကြုံတွေကိုအခြေခံသင်ကြားပေးနိုင်ပါတယ် ။ လိင်ပညာပေးခေါင်းစဉ်တွေမှာတော့ ခန္ဓာဗေဒ ၊ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ နဲ့ကိုယ်ဝန်ဆောင်ခြင်းအကြောင်းတို့ ပါဝင်ပါတယ် ။ သင့်ရဲ့ကလေးဟာ ဒီအကြောင်းတွေကို ကျောင်းမှာသင်ယူလာရအခါမှာ နောက်ထပ်မေးစရာမေးခွန်းတွေပေါ်လာတတ်ပါတယ် ။ ဒါကြောင့်သင်ဟာ သူတို့စိတ်ရှုပ်ထွေးနေတာကိုပြောခွင့်ပေးပြီး အကျိုးရှိတဲ့အကြောင်းအရာတွေကို ရှာဖွေကြရပါမယ် ။

ဘာကြောင့်ကလေးကို လိင်ပညာပေးသင့်သလဲ။

ဆယ်ကျော်သက်နဲ့ ကိုယ်ဝန်ဆောင်ရတာတွေက ထူးဆန်းတဲ့အကြောင်းအရာမဟုတ်တော့ပါဘူး ။ ဒါဟာ နိုင်ငံတော်တော်များများမှာ ခေါင်းကိုက်စရာပြဿနာတစ်ခု အခုထိဖြစ်နေတုန်းပါပဲ။ လိင်ပညာပေးခြင်းကို စောစောစီးစီးနဲ့ လုံလုံလောက်လောက်သင်ထားခြင်းဟာ ဆယ်ကျော်သက်နဲ့ ကိုယ်ဝန်ဆောင်နေရမှုတွေကို ကာကွယ်နိုင်ပါတယ်။ အောက်ပါအကြောင်းအရာတွေကတော့ သင့်ရဲ့ကလေးဟာ မေးခွန်းတွေမေးလာရင် ဘာကြောင့် မရှောင်လွှဲသင့်ဘူးလဲဆိုတာကို ရှင်းပြထားတာပဲဖြစ်ပါတယ် ။

ဆယ်ကျော်သက်နဲ့ ကိုယ်ဝန်ဆောင်ရခြင်းဟာ ကလေးရဲ့ကျန်းမာရေးကိုထိခိုက်စေရုံသာမက ကိုယ်ဝန်ဆောင်ရခြင်း ၊ ကလေးမွေးရခြင်း ၊ စောင့်ရှောက်ရခြင်းတို့ကြောင့် ဆယ်ကျော်သက်မိခင်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ် ။

အပျော်အပါးလိုက်စားမှုမှ ရှောင်ကျဉ်ခြင်း ၊ ကွန်ဒုံးအသုံးပြုပုံ ၊ ကိုယ်ဝန်တားခြင်းနည်းလမ်းတွေ အကြောင်းကို ပညာပေးခြင်းဟာ ဆယ်ကျော်သက်တွေကို ကိုယ်ဝန်ရခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများမှကာကွယ်နိုင်ပါတယ် ။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းဟာ သူတို့နဲ့ သူတို့ကလေးရဲ့ကျန်းမာရေးအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ သူတို့နားလည်သဘောပေါက်လာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်ရခြင်းဟာ အနာဂတ်မှာ ဆိုးကျိုးတွေမည်မျှရှိကြောင်းကိုလည်း နားလည်သဘောပေါက်လာပါလိမ့်မယ်။ ကိုယ်ဝန်ဖျက်ချခြင်းရဲ့ ရလဒ်တွေက အရမ်းအန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကိုယ်ဝန်ရခြင်းအကြောင်းနဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ် ။

လိင်ပညာပေးခြင်းဟာ သင့်ရဲ့ကလေးကို ခုခံအားကျဆင်းမှုရောဂါနဲ့ အခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါများဖြစ်သည့် ဆီးပူညောင်းကျရောဂါ၊ ဆီးပြွန်ရောင်ခြင်း၊ ဆီးခုံရောင်သောရောဂါများ နဲ့ကာလသားရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

သင့်ရဲ့ကလေးဟာ လိင်ပိုင်းဆိုင်ရာအကြောင်းကို သိချင်လာခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာအကြောင်းကို နားလည်ခြင်းတွင် ပုံမှန်အဆင့်တစ်ခုပဲဖြစ်ပါတယ်။ လိင်ပညာပေးခြင်းဟာ ဆယ်ကျော်သက်တွေကို သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေအကြောင်းကို ပိုပြီးအကောင်းမြင်စေသလို လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအကြောင်းကိုလည်း နားလည်စေပါတယ်။ သင့်ရဲ့ကလေးကို သူတို့သိချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြခြင်းဟာ သူတို့ကြီးလာတဲ့အခါ အန္တရာယ်ရှိတဲ့အပြုအမူတွေကနေ ကာကွယ်ရာလည်းရောက်ပါတယ်။ သူတို့ဟာ ဒီအကြောင်းအရာတွေကို သင်နဲ့ရင်းရင်းနှီးနှီးဆွေးနွေးလာရတဲ့အခါမှာ သူတို့ဟာ ဆယ်ကျော်သက်ပြဿနာများဖြစ်သည့် ရည်းစားပြသနာများ ၊ စိတ်ဓာတ်ကျခြင်း ၊ ကျောင်းတွင်အနိုင်ကျင့်ခံရခြင်း ၊ အရက်စွဲနေခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို သင့်ကိုပိုပြီးပြောပြလာပါလိမ့်မယ် ။







ာဝန်

08/04/2023

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ ဆိုတဲ့အကြောင်းကို မပြောခင် ကိုယ်ဝန်တားနည်းတွေကို အရင် ပြောပြပေးချင်ပါတယ်။

သားဆက်ခြားဖို့အတွက်ရွေးစရာအဖုံဖုံ

သားဆက်ခြားဖို့အတွက်ရွေးချယ်စရာတွေကတော်တော်လေးများပါတယ်။

သန္ဓေတားသောက်ဆေး

၁ လခံသန္ဓေတားထိုးဆေး

၃ လခံသန္ဓေတားထိုးဆေး

အရေးပေါ်သန္ဓေတားသောက်ဆေး

လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း

သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်း

ကွန်ဒုံးဆိုပြီး အမျိုးမျိုးရှိပါတယ်။

လွယ်ကူရိုးစင်းပြီး အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်း

အသုံးပြုရတာလည်း လွယ်ကူသလို၊ စရိတ်စကကုန်ကျမှုလည်းနည်းပါးပြီး ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက ၁၆၄၂ ခုနှစ်အစောပိုင်းမှာ စတင်ထွက်ပေါ်လာခဲ့တဲ့ သန္ဓေတားနည်းလမ်းတစ်ခုပါ။

ဒါကတော့ ကွန်ဒုံး အသုံးပြုတာပါ။ တကယ်တော့တွေးကြည့်လိုက်ရင် ကွန်ဒုံး အသုံးပြုတာက အခြားသောနည်းလမ်းတွေထက် ပိုမိုလွယ်ကူပြီး အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ကွန်ဒုံးကို အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံး ကွန်ဒုံး ဆိုပြီး ရှိပေမယ့် အမျိုးသားသုံး ကွန်ဒုံးက အသုံးပြုရတာ ပိုအဆင်ပြေမှာပါ။ ကွန်ဒုံးက အလွယ်တကူဝယ်ယူလို့ရသလို စိတ်ချရပါတယ်

ကွန်ဒုံးက သန္ဓေတားဆေးတွေလိုမျိုးဟော်မုန်းပါဝင်မှုမရှိတာကြောင့် ရာသီသွေးမမှန်တာမျိုးမဖြစ်စေနိုင်သလိုဆေးသောက်ဖို့မေ့သွားတာမျိုးဆေးထိုးဖို့ ရက်ကျော်တာမျိုးတွေဖြစ်မှာကိုလည်း ပူစရာမလိုပါဘူး။

နောက်တစ်ချက်က ကွန်ဒုံးက အခြားသားဆက်ခြားနည်းတွေနဲ့ မတူဘဲ လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ပါကာကွယ်ပေးနိုင်တာပါ။ ကိုယ်ဝန်ရရှိနိုင်ခြေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။

မလိုအပ်ဘဲ ကိုယ်ဝန်ရရှိတာ နဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေမရရှိစေဖို့ အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။

ကွန်ဒုံး အသုံးပြုခြင်းရဲ့ အားသာချက်တွေ

ကွန်ဒုံး အသုံးပြုမှုက အခြားသားဆက်ခြားနည်းတွေနဲ့မတူဘဲ ဒီလိုအားသာချက်လေးတွေရှိပါတယ်။

စိတ်ချရတယ်

ဟော်မုန်းပါဝင်မှုမရှိတာကြောင့် မည်သူမဆိုစိတ်ချစွာအသုံးပြုနိုင်တယ်

လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးတယ်

မျိုးဥတွေကို သုက်ပိုးတွေနဲ့ မထိတွေ့အောင် ကာကွယ်ပေးတယ်

ကလေးနို့တိုက်နေချိန်မှာ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းတစ်ခုဖြစ်တယ်

ဆေးခန်းသွားစရာမလိုသလိုဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ အကူအညီယူစရာမလိုဘဲ အသုံးပြုနိုင်တယ်

သယ်ဆောင်သိမ်းဆည်းရလွယ်ကူတယ်

ကလေးမွေးဖွားပြီးချင်းချင်း အသုံးပြုနိုင်သလို ကိုယ်ဝန်ပျက်ကျထားတဲ့ စုံတွဲတွေမှာလည်းအသုံးပြုလို့ရပါတယ်။

ဒီအချက်တွေကြောင့် ကွန်ဒုံးသုံးပြီး ကိုယ်ဝန်တားပါ လို့ အကြံပြုရတာပါ။





ာဝန်

07/04/2023

🙅🙅 မလိုအပ်ဘဲ ရောဂါပိုးတွေမကူးစက်စေဖို့ ကိုယ့်ရဲ့တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေကို အများနဲ့မျှဝေသုံးစွဲခြင်း မပြုလုပ်ပါနဲ့နော် 🙅🙅





ာဝန်

Photos from June Online Pharmancy's post 07/04/2023

မိန်းမကိုယ် ပိုးဝင်ပြီးမှိုစွဲခြင်းဆိုတာ ဘယ်လိုမျိူးလဲ ??
- မိန်းမကိုယ်ယားယံခြင်း
- လိင်ဆက်ဆံစဉ်နှင့် ဆီးသွားချိန်တွင်ပူစပ်သော ခံစားမှုရှိခြင်း
- မိန်းမကိုယ်အဝတွင် နီရဲရောင်ယမ်းခြင်း
- မိန်းမကိုယ်ကိုက်ခဲခြင်း၊နာကျင်ခြင်း
- မိန်းမကိုယ်တွင် အဖုအပိန့်များထွက်ခြင်း
- အဖြူရောင်ပျစ်ပျစ် မိန်းမကိုယ်ရည်ထွက်ခြင်း
- မိန်းမကိုယ် စိုထိုင်းခြင်းတို့ ဖြစ်လေ့ရှိပါတယ်။

မိန်းမကိုယ်ပိုးဝင်ပြီး မှိုစွဲ အဖြူဆင်း ရောင်ရမ်းနေရင် အမြန်သုံးသက်သာစေဖို့ ဘာတွေရှောင်ကြည်ရမလဲ??

🙅သန့်စင်ခန်းသုံးပြီး သန့်ရှင်းရေးလုပ်ရာတွင် စအိုဘက်မှ မိန်းမကိုယ်ဆီသို့ အဝတ်(သို့) တစ်ရှူးစဖြင့် သန့်ရှင်းရေးလုပ်ခြင်း
🙅မိန်းမကိုယ်ကို ဆပ်ပြာဖြင့်ဆေးခြင်း
🙅အမွှေးနံ့ပါသော အိမ်သာသုံးတစ်ရှူးသုံးခြင်း
🙅အလွန်ကျပ်သော အတွင်းခံဘောင်းဘီဝတ်ခြင်း
🙅 အတွင်းဝတ်များလျော်ရာတွင် အဝတ်မွှေးရည်၊အဝတ်ပျော့ဆေးသုံးခြင်း
🙅ဒါ့အပြင် မိန်းမကိုယ်မှိုစွဲနေခြင်း ခံစားနေရစဉ် အမျိုးသားနှင့် အတူနေခြင်း
(မရှောင်ကြဉ်ပါက အတူနေအမျိုးသား၏ အမျိုးသားအင်္ဂါရောင်ယမ်းခြင်း၊ ယားယံခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်)

မိန်းမကိုယ်ပိုးမဝင် မှိုမစွဲအောင်သတိထားလုပ်ဆောင်ရမှာလေးတွေကတော့-

1. မိမိရဲ့ မိန်းမကိုယ်ကို ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင်ထားပါ။
2. ဓမ္မတာလာစဉ် အမျိုးသမီး လစဉ်သုံးပစ္စည်းများကို ၄ နာရီခြားတစ်ခါ လဲပေးပါ။
3. တင်းကျပ်သော အဝတ်အစားများ ဝတ်ဆင်ခြင်းမှရှောင်ကြဉ်ပါ။
4. ချည်ထည် အတွင်းခံဘောင်းဘီကို ရွေးချယ် ဝတ်ဆင်ပါ။
5. အတွင်းခံဘောင်းဘီများကို သေချာခြောက်အောင်ထားပြီး မီးပူတိုက်၍ဝတ်ဆင်ပါ။
6. ရေများများသောက်ပါ။
7.. ဆီးစပ် အမွေးကို မကြာခဏရိတ်ခြင်းမှရှောင်ကြဉ်ပါ။
8. အပူအစပ်များစားသုံးခြင်းမှရှောင်ကြဉ်ပါ။

ဘယ်လိုကုသမလဲ

Antifungal drug (မှိုသတ်ဆေး) ပါဝင်သော Vaginal Pessaries (မိန်းမကိုယ်တွင်းထည့်ရသော ဆေးလုံး/ဆေးတောင့်) ကို မိန်းမကိုယ်တွင်းသို့ထည့်ပြီး Antifungal Cream (လူးဆေး) ကို မိန်းမကိုယ်အဝသို့ ၁ရက်မှ ၆ရက်အထိ လိမ်းနိုင်ပါတယ်။ အမျိူးသမီးသုံးသန့်စင်ဆေးရည်များကိုလဲအသုံးပြုပေးရပါမယ်။

ဘာဆေးတွေသုံးရမလဲဆိုရင်တော့
ဒီမှာ ညွှန်းပြထားတဲ့ Medicine Set အလိုက်အသုံးပြုပေးလို့ရပါတယ်။
အသုံးပြုနည်း အသေးစိတ်ကို Page Chat Box ကနေ တစ်ဆင့်တောင်းယူလိုက်ပါ။

Mobile Banking No%

ရန်ကုန်အိမ်အရောက်ငွေချေပါ။
နယ်မြို့များ ငွေကြိုရှင်းပါ။
Royal Express ဝန်ဆောင်မှု ရရှိပါပြီ။
မြန်မာပြည် အနှံ့ပို့ဆောင်ပေးပါသည်။

လိုအပ်တဲ့ဆေးစာရင်းပို့ပေးရင်
စျေးနှုန်းပြန်ပြောပေးပါတယ်
Customized Order များအတွက်
စရံပေးချေကာမှာယူလို့ရပါတယ်။

Call 09420662340

အမှတ် ၁၁၆၆/က သုမနလမ်း ၂တောင်ရပ်ကွက်
သာကေတ မြို့နယ်၊ ရန်ကုန်မြို့။
ဒေါ်ဖွားမေမျက်စောင်းထိုး ၊
စိန်သုံးလုံးလက်ဖက်ရည်ဆိုင်ဘေး
ရာမညစံပယ်ဖြူဆေးဆိုင်

Thanks for Shopping with us



#သာကေတ #သုမနလမ်း #အမှတ်၂စျေးရှေ့ #ဒေါ်ဖွားမေမုန့်ဟင်းခါး
#စိန်သုံးလုံးလက်ဖက်ရည်ဆိုင်ဘေး

#အနံ့ဆိုးထွက်ခြင်း #မှိုဝင်ခြင်း #ယားယံခြင်း
#မိန်းမကိုယ်ယားယံခြင်း

#မိန်းမကိုယ်ပိုးမှိုစွဲခြင်းအတွက်အကောင်းဆုံး

07/04/2023

🧏🏻‍♀️ မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံ.......

👉🏻ဝက်ခြံ မျက်နှာမှာ ပေါက်ရင် သြော်……..ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။ ကျန်းမာရေးပြဿနာ တစ်ခုခုများရှိနေတာလားဆိုပြီး စိုးရိမ်တဲ့စိတ် လေဒီလေး တော်တော်များများ ဖြစ်တတ်ကြပါတယ်။ မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ က ပုံမှန်ပဲလားလို့ သိချင်နေတယ်ဟုတ်………..

➖ဒီတစ်ခေါက်တော့ မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက ပုံမှန်ပဲလား၊ ဘယ်လို ကာကွယ်ရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။👩🏻‍⚕️👩🏻‍⚕️👩🏻‍⚕️👩🏻‍⚕️

➖မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ က ပုံမှန်ပဲလား???????

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက ပုံမှန် အခြေအနေတစ်ရပ်ပါ။ မိန်းမကိုယ်မှာ ချွေးပေါက်ဂလင်းလေးတွေနဲ့ မွေးညှင်းအိတ်လေးတွေ ရှိနေတာကြောင့် ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဝက်ခြံ ဖြစ်သလို မျိုးပေါ့။

နောက်တစ်ချက် ရှိတာက မိန်းမကိုယ်ဟာ နုနယ်သလို ခန္ဓာကိုယ်က အချို့အစိတ်အပိုင်းတွေလိုပဲ ထိခိုက်လွယ်တဲ့ အရေပြား အမျိုးအစားပါ။ ဒါကြောင့် မိန်းမကိုယ်မှာလည်း ဝက်ခြံ၊ အဆီဂလင်းပိတ်ဆို့မှုကနေဖြစ်လာတဲ့ ဆားဝက်ခြံလို အဆံတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိန်းမကိုယ်မှာ ဝက်ခြံပေါက်လာတဲ့အခါ မစိုးရိမ်ပါနဲ့။ နေရထိုင်ရ မသက်မသာဖြစ်ပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုး မဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတာ တစ်ခုသာ ဖြစ်ပါတယ်။






ာဝန်

07/04/2023

အိမ်ထောင်သက်တမ်းကြာနေပေမယ့် ကလေးမရသေးတဲ့ အကြောင်းအရင်းက ဘာများလဲ!

တကယ်တော့ ကလေးမရနိုင်တဲ့ စုံတွဲတစ်တွဲမှာ မိန်းကလေးကပဲ အပြစ်အနာအဆာရှိနေတာမဟုတ်ပါဘူး။ အမျိုးသားမှာလည်း ချို့ယွင်းချက်ရှိလို့ ကလေးမရတာဖြစ်နိုင်သလို အခြား အကြောင်းအရာတွေလည်းရှိပါသေးတယ်။ ဘယ်လို အကြောင်းအရာတွေကြောင့် ကလေးမရနိုင်တာမျိုး ဖြစ်သလဲဆိုတာ ကြည့်ရအောင်။

ကလေးမရနိုင်သေးတဲ့ စုံတွဲတွေ ဒါလေးတွေ သိထားသင့်ပါတယ်။

( ၁ ) ကိုယ်ဝန်ရဖို့ ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲ။
တချို့မလိုချင်တဲ့သူတွေကျ တစ်ခါဆိုတစ်ခါတည်းနဲ့ ကလေးတန်းရသွားတတ်ပေမယ့် လိုချင်တဲ့သူတွေမှာကျ တန်းပြီး ကလေးရသွားတာရှားပါတယ်။ ဒီတော့ ကိုယ်ဝန်ရဖို့ ကိုယ်ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲဆိုတာက အရေးကြီးလာပါပြီ။

( ၂ ) သားဥမကြွေရင်လည်း ကိုယ်ဝန် မရတတ်ပါဘူး။
ကိုယ်ဝန် တစ်ခုဖြစ်တည်လာဖို့ သားဥနဲ့ သုက်ကောင်နဲ့တွေ့မှရမယ်ဆိုတာ အားလုံးသိပါတယ်။ ဒီတော့ သားဥမကြွေခဲ့ရင် ကိုယ်ဝန်ရဖို့ မဖြစ်နိုင်ပါဘူး။ သားဥမကြွေတဲ့ဖြစ်စဉ်ဆိုတာ အမျိုးသမီးတွေမြုံခြင်းကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းပါ။ သားဥကြွေခြင်းကို ထိခိုက်နိုင်တဲ့ အခြေအနေတွေကတော့
သားဥအိမ်မှာ အရည်အိတ်တည်တာ
အမျိုးသမီးက ဝလွန်း၊ ပိန်လွန်းနေတာ
သားဥအိမ်စွမ်းဆောင်ရည် ကျဆင်းနေတာ
သိုင်းရွိုက်ဟော်မုန်း အတက်အကျ ပုံမှန်မဟုတ်တာ
Hyperprolactinemia လို့ခေါ်တဲ့ Prolactine ဟော်မုန်း များလွန်းနေတာနဲ့
လေ့ကျင့်ခန်း အလုပ်များတဲ့ အမျိုးသမီးတွေ ( အမျိုးသမီးအားကစားသမားများ ) နဲ့
ရာသီမမှန်တဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

( ၃ )အမျိုးသမီးကိုပဲ အပြစ်တင်လို့ မရပါဘူး။ ကလေးမရတာ အမျိုးသားကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်မရတဲ့ ဖြစ်စဉ်မှာ အမျိုးသမီးတွေမှာပဲ ချို့ယွင်းချက်ရှိတာမဟုတ်ပါဘူး။ ကလေးမရတဲ့ စုံတွဲ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်က အမျိုးသားရဲ့ ချို့ယွင်းချက်ကြောင့် ကလေးမရတာ ဖြစ်နိုင်ပြီး ၄၀ ရာခိုင်နှုန်းလောက်က နှစ်ဦးစလုံးမှာချို့ယွင်းချက်ရှိလို့ ကလေးမရနိုင်တာဖြစ်ပါတယ်။

( ၄ ) အသက်အရွယ်ကလည်း ကိုယ်ဝန်ရခြင်း မရခြင်း ကိစ္စမှာ စကားပြောပါတယ်။
အမျိုးသမီးက အသက် ၃၅ နှစ်ကျော်၊ အမျိုးသားက အသက် ၄၀ ကျော်ဆိုရင် ကိုယ်ဝန်ရဖို့ ပိုကြာတတ်ပါတယ်။ တချို့လူတွေထင်နေကြတာရှိပါတယ်။ ရာသီစက်ဝန်းကမှန်နေတယ်ဆိုရင် ကိုယ်ဝန်ရဖို့အတွက်က ပူစရာမလိုဘူးပေါ့။ ဒါကအသက်ငယ်တဲ့သူတွေမှာပဲ မှန်တာပါ။

( ၅ ) ကိုယ်ဝန်မရနိုင်တာ အခြား ဒီအချက်တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သားဥပြွန်ပိတ်နေလို့ သားဥ မဆင်းနိုင်တာ ၊
သားအိမ်အတွင်းနံရံထူနေတာ၊
စိတ်ဖိစီးမှု များနေတာ၊
ခုခံအားတုန့်ပြန်မှု ပြင်းထန်ရောဂါတွေဖြစ်တဲ့ lupus ရောဂါ၊ SLE ရောဂါရှိတဲ့ အမျိုးသမီးတွေ နဲ့
လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကြောင့်လည်း ကလေးမရတာမျိုး ဖြစ်တတ်ပါတယ်။

07/04/2023

ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ

🤔ရာသီသွေးဆင်းရက် ရှည်တာတွေပျိုမေတို့ ကြုံဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ အောက်မှာ တူတူကြည့်လိုက်ရအောင် 👇🏻👇🏻👇🏻👇🏻

◽ သားဥကြွေခြင်း။

◽ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)

◽ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးသောက်ဆေး

◽ သိုင်းရွိုက် ပြဿနာ

◽ မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)

◽ သားအိမ်တွင်းတစ်ရှူးများ သားအိမ်ပြင်ပရောက်ရှိခြင်း(Endometriosis)

◽ သားအိမ်ထဲမှာ အလုံးတည်ခြင်း

◽ ကိုယ်ဝန်ပျက်ကျတာ

◽ သွေးရောဂါ ၊ သွေးဆုံးအကြို လက္ခဏာ

◽ သားအိမ်ခေါင်း ကင်ဆာ စတာတွေကြောင့်ဖြစ်တတ်ပါတယ်။

👩🏻‍⚕️ ဘယ်လိုအခြေအနေဆို ဆရာဝန်ပြရမလဲ ?????

တော်တော်များများ ယူဆထားတာက ရာသီသွေးဆင်းရက် ရှည်တာကို ကိုယ့်ဘာသာ ဖြေရှင်းလို့ ရတယ်လို့ပေါ့။ ဒါပေမယ့် ရာသီသွေးဆင်းရက် ရှည်တာနဲ့အတူ အခုလို လက္ခဏာတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။








ာဝန်

07/04/2023

မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း

✨ အဖြူရောင် (ဒါမှမဟုတ်) အကြည်ရောင်။

✨ အဖြူရောင်အဖက်တွေ။

✨ အစိမ်းရောင် (ဒါမှမဟုတ်) အဝါညစ်ညစ်အရောင်တွေ။

✨ မီးခိုးရောင်။ အညိုရောင် ။ ပန်းရောင် ။ အနီရောင်စတာတွေပဲ ဖြစ်ပါတယ်။

👩🏻‍⚕️ ပုံမှန်ဆို ကိုယ်ဝန်ကြောင့်ပဲ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ များလာတယ်ဆိုပေမယ့် အခြား ပုံမှန် မဟုတ်တဲ့ ပြဿနာတွေ လည်းရှိသေးတာကြောင့် အထင်ရှားဆုံးနဲ့ အသိသာဆုံးဖြစ်တဲ့ မိန်းမကိုယ်ကဆင်းတဲ့ အရည်အရောင်က ပြောနေတဲ့ သင့်ကိုယ်ဝန် ကျန်းမာရေးကို မပေါ့ဆဖို့တော့ လိုပါလိမ့်မယ် ။ ။








ာဝန်

06/04/2023

မိန်းမကိုယ်ကို အနံ့အသက်ဆိုး ထွက်နိုင်တဲ့နေရာတွေ

လေဒီလေးတွေမှာ အနံ့အသက်ဆိုးအဓိကထွက်စေတဲ့နေရာတွေရှိပါတယ်နော်။ ဒါတွေကတော့ 👇🏻👇🏻👇🏻👇🏻

ခေါင်းချွေးနံ့

ခံတွင်းအနံ့ဆိုး

ချိုင်းချွေးနံ့

ခန္ဓာကိုယ်ချွေးနံ့

မိန်းမကိုယ် အနံ့အသက်ဆိုး

ခြေဖဝါးကထွက်တဲ့ အနံ့အသက်ဆိုးတွေပဲ ဖြစ်ပါတယ်။

ဒီလောက်ဆို အနံ့ဆိုး ထွက်စေနိုင်တဲ့ အဓိကနေရာလေးတွေသိပြီလို့ထင်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သတ်ပြီးအသေးစိတ်မျှဝေးပေးသွားအုံးမှာမို့like&Follow လုပ်ဖို့မမေ့နဲ့နော်.......

.





ာဝန်

06/04/2023

💁🏻‍♂️ချောဆီဆိုတာ လိင်ဆံဆက်ဆံခြင်းကို သက်သောင့်သက်သာနဲ့ ချောမွတ်နေအောင် လုပ်ပေးတဲ့ အရာပါ။ ချောဆီနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက် ၆ ချက်ကို လေ့လာကြည့်လိုက်ရအောင်။

▪ ချောဆီတွေက ဘယ်လို အလုပ်လုပ်တာလဲ ။

▪ ချောဆီနဲ့ ဆင်တူတဲ့အခြားအရာတွေကော ရှိသေးလား။

▪ စျေးကွက်မှာ တင်သွင်းနေတဲ့ ချောဆီတွေကစပ်ဖျင်းဖျင်းနဲ့
ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်လား။

▪ သဘာဝချောဆီဆိုတာ ဘာလဲ။

▪ ချောဆီမှာပါတဲ့ သုတ်ပိုးသတ်တဲ့ ဆေးတွေဆိုတာ ဘာလဲ။

▪ အရသာသွင်းထားတဲ့ ချောဆီဆိုတာ ဘာလဲ ။

ကဲအပေါ်ကဖော်ပြပေးထားတဲ့ အချက်တွေသေချာလေ့လာပြီးမှ ချောဆီကို သုံးကြနော် ။

နောက်ထပ်လဲ ကျန်းမာရေး နဲ့ပတ်သတ်တဲ့ ဗဟုသုတ
စုံစုံလင်လင်ကိုဝေမျှပေးသွားမှာမို့
Like & Follow လုပ်တာဖို့မမေ့နဲ့နော်။







ာဝန်

06/04/2023

ကလေးမွေးပြီး နောက်ပိုင်းတားဆေးကို ဘယ်ချိန်မှာ ပြန်သောက်ရမှာလဲ။ 👇🏻👇🏻👇🏻👇🏻

👩🏻‍⚕️သိကြတဲ့အတိုင်း ဆေးတွေဆိုတာ သူ့ဆိုးကျိုးနဲ့သူရှိတဲ့အတွက် မီးဖွားပြီးခါစ နို့တိုက် နေတဲ့ မေမေတို့ဆို ပိုလို့တောင် ဆေးသောက်တဲ့နေရာမှာ ဂရုစိုက်ရဦးမှာပါ။ ဒါကြောင့် ကလေးမွေးပြီး တားဆေးသောက်မယ်ဆို ဒီအချက်တွေ သိထားဖို့ လိုပါတယ်။

🔹ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ကလေးနို့တိုက်နေတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် တားဆေးတွေကြိုက်တဲ့အချိန်မှာ ဝယ်သောက်တာမျိုး လုပ်လို့မရပါဘူး။ သောက်မယ့် ဆေးမှာလည်း ဟော်မုန်းတစ်မျိုးတည်း ပါတာ သောက်မှာလား၊ ပေါင်းထားတဲ့ ဟော်မုန်း တားဆေးတွေ သောက်မလား ဆိုတာ အရင်ရွေးသင့်ပါတယ်။

🔹နို့တိုက် နေတဲ့အချိန်ဖြစ်တာကြောင့် တားဆေးသောက်ဆေး သောက်ရမှာ သတိထားရမယ့်အချက်တွေရှိပါတယ်။ တားဆေး သောက်ဆေး တချို့က မိခင်ရဲ့ နို့ထွက်မှုအပေါ် သက်ရောက်မှု ရှိတတ်တဲအ့တွက်ကြောင့် စစချင်းဆို progestogen ဟော်မုန်း တစ်မျိုးတည်း ပါတဲ့ တားဆေးသောက်ဆေးသောက်သင့်ပါတယ်။ ၆ပတ်ထက် ကျော်မှသာ ဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ သောက်ဆေးတွေ သောက်သင့်ပါတယ်။

🔹မီးဖွားပြီး ပထမ ကာလ ဖြစ်တဲ့ ၄၅ ရက် မတိုင်ခင်မှာတင် သားဥတွေ ကြွေနိုင်ပါတယ်။ အဲဒီ အချိန်မတိုင်ခင် အတူနေမိလိုက်လို့ ကိုယ်ဝန်ရသွားတတ်တဲ့အတွက် ကိုယ်ဝန်ရှိမရှိ သေချာအောင် တစ်ခေါက်စစ်ပြီးမှ တားဆေးသောက်သင့်ပါတယ်။

🔹ပိုပြီးစိတ်ချချင်တယ်ဆိုရင်တော့ မီးဖွားပြီးနောက် သန္ဓေတားဆေးစသောက်ပြီးနောက်ပိုင်း ၇ရက်လောက်မှာ အတူနေတာ ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင် ကွန်ဒုံးသုံးပြီး အကာအကွယ်နဲ့ ဆက်ဆံသင့်ပါတယ်။ ဒါမှ နောက်ကိုယ်ဝန် တန်းမရဖို့အတွက် စိတ်ချရမှာပါ။

🔹အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေတွေ မတူတဲ့အတွက်ကြောင့် ဘယ်လိုအချိန်မှာ တားဆေးပြန်သောက်ရမလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံနဲ့ (ဥပမာ ကိုယ်က မေ့တတ်တယ် ဆေးပဲထိုးမယ်) ကိုယ့်ကျန်းမာရေးနဲ့ ကိုက်မကိုက်ဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုပါတယ်။

🔹တားဆေးသောက်ပြီဆိုတည်းက နေ့တိုင်း မပျက်မကွက်သောက်ဖို့ အတွက်ကိုလည်း သေချာမှတ်ထားဖို့ လိုအပ်သလို တားဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမှသာ တားဆေးသောက်ဆေးနဲ့ သန္ဓေတားတဲ့နည်းကိုရွေးချယ်ပါ။

🔹 အသက် ၃၅ နှစ်နောက်ပိုင်း အမျိုးသမီးတွေ၊ သွေးခဲနိုင်ခြေရှိတဲ့ အမျိုးသမီးတွေ၊ ဆေးလိပ် သောက်တဲ့သူတွေ၊ အသည်းရောဂါ၊ နှလုံးရောဂါ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမတွေကတော့ တားဆေးသောက်ဆေး အစား အခြား သန္ဓေတားနည်းတွေကို ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ်။

Photos from June Online Pharmancy's post 06/04/2023

ကလေးယူဖို့စဥ်းစားနေတဲ့ မေမေတို့အတွက် အားဆေးကောင်းလေးများအကြောင်း

- သားအိမ်ကိုပိုမိုကျန်းမာစေခြင်း ၊
- ရာသီစက်ဝန်းမှန်စေပြီး၊
- မျိုးဥကြွေခြင်းကိုအားပေးသော အမြန်ဆုံးရစေမယ့် သားအိမ်အားဆေး

- သားအိမ်ရေအိတ်တည်သူ၊
- ရာသီစက်ဝန်းမမှန်သူများ၊
- သားသမီးရတနာယူဖို့ကကြိုးစားနေသူများ နှင့် ဟောမုန်းလယ်ဗယ် (hormone level) ထိန်းညှိချင်သူများအတွက်

အခြားသော သားအိမ်အားဆေးများထက် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပိုမိုပါဝင်သောကြောင့်
- သွေးအားနည်းခြင်း
- ကိုယ်ဝန်ရစေနိုင်တဲ့နှုန်းကို မြှင့်တင်ပေးခြင်း
- ကိုယ်ဝန်ပျက်ကျနိုင်စေနှုန်းကို လျော့ချပေးတာကြောင့် ကိုယ်ဝန်ဆောင်နေချိန်အတွင်း အားဆေးများထပ်မံသောက်သုံးစရာမလိုပါဘူး။

+DHA ကို
- ကိုယ်ဝန်(၁၃)ပတ်မှ စလို့ မီးဖွားပြီးချိန် နှင့် နို့တိုက်ချိန်အထိ တစ်နေ့တစ်လုံး သောက်သုံးနိုင်ပါတယ်။
- DHA နှင့် EPA ပါဝင်တဲ့ငါးကြီးဆီဆေးလုံး တွဲလျက်ပါဝင်ပြီး
- Folic acid
- Iodine တို့ကိုခေတ်သစ်ဖော်မြူလာနှင့်အညီ အချိုးကျပေါင်းစပ်ထုတ်လုပ်ထားပါတယ်။

နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများရှိပါသည်။
ဒီနေ့မှာ မနက်ဖြန်ရောက် online pharmacy
ပုံနှင့်စာများအား ကူးယူဖော်ပြခွင့်မပြုပါ။
June Online Pharmancy

06/04/2023

ရာသီထိမ် ပြီဆိုရင် စစဉ်းစားတာ ကိုယ်ဝန်ရှိနေတာလားဆိုတာပါ။
👉🏻အထူးသဖြင့် အိမ်ထောင်သည်တွေ၊ လိင်ဆက်ဆံမှု ရှိတဲ့သူတွေဆိုရင် ပိုပြိး စိုးရိမ်တတ်ပါတယ်။
🤔 ဒါပေမယ့် အဖြစ်များပြီး အားလုံးမေ့နေတတ်တဲ့ ကိစ္စတစ်ခုက စိတ်ဖိစီးမှုပါ။
💁🏻စိတ်ဖိစီးလွန်းရင်လည်း ရာသီထိမ်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

Photos from June Online Pharmancy's post 06/04/2023

👩🏻‍⚕️အရွယ်ရောက်ပြီးသူတိုင်း လိင်ကိစ္စနဲ့မကင်းနိုင်တဲ့အခါမျိုးမှာ လိင်ပိုင်းဆိုင်ရာဗဟုသုတတွေစုံစုံလင်လင်သိထား၊ နားလည်ထားမှ၊ မလိုလားအပ်တဲ့ပြဿနာတွေမကြုံရမှာပါ။
Credit to Hello ဆရာဝန်
👩🏻‍⚕️လိင်မှုကိစ္စနဲ့ပတ်သက်ပြီး အမျိုးသား၊ အမျိုးသမီးတိုင်း သိထားသင့်တဲ့ အချက်အလက်တွေနဲ့ အချက်အလက်တစ်ခုချင်းစီနဲ့ဆိုင်တဲ့ အရေးကြီးနံပါတ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်........







#ရာမညစံပယ်ဖြူဆေးဆိုင်
ာဝန်

06/04/2023

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါတဲ့နော်။

👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻

🔹ကြွက်သားတွေတောင့်တင်းနေတာ

🔹 ဆီးကျိတ်ရောင်နေတာ

🔹 လိင်တံမှာ အမာရွက်ဖြစ်တဲ့ တစ်ရှူးတွေရှိနေတာ

🔹 ဆီးလမ်းကြောင်းပိုးဝင်တာ

🔹 လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရှိနေတာ

🔹 ဝမ်းချုပ်တာ

ကဲ ဒါလေးတွေ ဂရုစိုက်ကြနော်။

ကျန်းမာရေး ဗဟုသုတများကိုမျှဝေပေးသွားမှာမို့
page ကို like &share လုပ်ပေးသွားပါအုံးနော် 😍😍

#အမျိုးသားကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ




#ရာမညစံပယ်ဖြူဆေးဆိုင်

05/04/2023

👩🏻‍⚕️ လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း အကြောင်းမျှဝေပေး သွားပါမယ်ရှင့်.....

👉🏻 ဒီ အီစထရိုဂျင်ဟော်မုန်းလေးက မျိုးပွာမှုစနစ်ကို ထောက်ကူပေးတယ်ဆိုတာကိုတော့ အားလုံး သိထားမယ်ထင်ပါတယ်ရှင့်။

👉🏻 အခုပြောပြပေးမှာကတော့ ေလဒီတို့အတွက် အီစထရိုဂျင်ဟော်မုန်း က မျိုးပွားအင်္ဂါတင် မကပဲ ဘယ်လို
အင်္ဂါ စနစ်တွေကိုပါ ထောက်ကူပေးသလဲဆိုတာကို

💁🏻 တူတူကြည့်လိုက်ရအောင်........

⚡ နှလုံးကို ကျန်းမာစေပါတယ်။
⚡ ဦးနှောက်ကို ကျန်းမာစေပါတယ်။
⚡ ကြွက်သားထုထည်နဲ့ အရိုးသိပ်သည်းဆ တိုးစေနိုင်ပါတယ်။
⚡ စိတ်ခံစားမှုကောင်းစေပါတယ်ရှင့်။
⚡ လိင်မှုရေးရာ ကောင်းမွန်စေပါတယ်။

ပျိုမေတို့အတွက် ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကို မျှဝေပေးသွားမှာမို့ like & share လေးလဲ လုပ်ပေးဖို့မမေ့နဲ့နော်။



#ရာမညစံပယ်ဖြူဆေးဆိုင်



&share

05/04/2023

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့
အတွင်းခံအကြောင်း သိသင့်တဲ့အချက် (၇) ချက်ကို
ပြောပြပေးသွားပါမယ်ရှင့်😍

No (1)👉🏻 ချည်သား အတွင်းခံကို ဝတ်ဆင်ပါ။

No(2)👉🏻 အတွင်းခံကိုတနေ့ တခါ လဲဝတ်ပေးပါ။

No(3)👉🏻 အိမ်ရာဝင်ချိန် အတွင်းခံဝတ်မအိပ်တာ အကောင်းဆုံးပါ။

No(4)👉🏻 လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလဲ ကိုယ်နဲ့တစ်သားတည်းကျမဲ့ အတွင်းခံဝတ်ထားသင့်ပါတယ်။

No(5)👉🏻 အတွင်းခံကိုသေချာလျှော်ပါ။

No(6)👉🏻 လျှော်ပြီးသား အတွင်းခံကိုလဲ နေပူထဲ သေချာလှန်းပြီး မီးပူတိုက်ပါ။

No(7)👉🏻 တစ်နှစ်တစ်ခါ အတွင်းခံ အသစ်ဝယ်ဝတ်ပါ။

ကျန်းမာရေးဂရုစိုက်ကြပါနော်ပျိုမေတို့👩🏻‍⚕️

04/04/2023

⚡အသက်အရွယ်ရလာတာနှင့်အမျှ အရိုးပွခြင်းဟာ ကျွန်တော်တို့ဘဝထဲကို မသိမသာ ဝင်ရောက်လာပါတယ်။

⭐အသက်အရွယ်ရလာတာနှင့်အမျှ အရိုးသန်မာရေးအတွက် လိုအပ်တဲ့ ကယ်ဆီယမ်၊ မက်ဂနီဆီယမ်၊ ဖော့စ်ဖရိတ်၊ ဗီတာမင်-ဒီ၊ ကော်လဂျင်များဟာလည်း လျော့နည်းလာကြတာဖြစ်လို့ အရိုးများရဲ့ သန်မာမှု၊ အရိုးသိပ်သည်းဆ၊ အရိုးလုပ်ငန်းဆောင်တာများဟာလည်း တဖြည်းဖြည်း ကျဆင်းလာကြပါတယ်။

✨အရိုးတစ်ရှူး အသစ်အသစ်တွေ ထုတ်လုပ်မှု အားနည်းပြီး အရိုးပျက်စီးမှုအား များလာတဲ့ အခါ အရိုးတွေဟာ ကြွပ်ဆက်လာတယ်၊ ဘာမှ ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ အလွယ်တကူ ကျိုးလွယ်တယ်၊ ခဏခဏ ကျိုးတာတွေ ဖြစ်လာတယ်။ ဒါကို အရိုးပွရောဂါလို့ ခေါ်ကြတာ ဖြစ်ပါတယ်။

အဲ့လိုတွေဖြစ်နေလည်း✨ ဘာရောဂါလက္ခဏာမှ ကြိုတင်မပြတာကြောင့် အရိုးပွရောဂါရှိနေမှန်း တော်ရုံ သတိမထားမိတတ်ကြပါဘူး။ အရိုးကျိုးသွားတဲ့ အခါမှသာ အရိုးပွရောဂါရှိနေမှန်း သိကြတာ ဖြစ်ပါတယ်။

✨လက်ကောက်ဝတ်ရိုး၊ ကျောရိုးတစ်လျှောက်၊ တင်ပဆုံရိုးတွေမှာ အရိုးပွခြင်းဟာ အဖြစ်များပါတယ်။

🧏🏻‍♀️အရိုးပွခြင်း မရှိခင် ကြိုတင်စစ်ဆေးပြီး ကာကွယ်ထားခြင်း နှင့် အရိုးပွခြင်းကို စောစီးစွာ သိရှိပြီး ကုသမှုများ ခံယူထားခြင်းကသာ အရိုးကျိုးခြင်းကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

🤦🏻အရိုးကျိုးခြင်း ဖြစ်သွားပါက နောက်ဆက်တွဲ ဝေဒနာများပါ တစ်ပါတည်း ကပ်ပါလာတတ်ပါတယ်။ ဥပမာ- ပေါင်ရိုးကျိုးသွားပါက သွားလာလှုပ်ရှားလို့ မရတော့ဘဲ အိပ်ယာပေါ် ကာလရှည်ကြာ လဲနေရတဲ့အခါ အခြားရောဂါများ ဆင့်ပွားဝင်လာတတ်ပါတယ်။ ကျောရိုး ကျိုးပါကလည်း ကာလရှည်ကြာ ခါးနာခြင်း၊ ခါးအာရုံကြောများ ထိခိုက်ခြင်းများ ဆင့်ကဲ ဖြစ်ပေါ်လာနိုင်ပါတယ်။

🙅🏻အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်း မဖြစ်ရလေအောင် -

👩🏻‍⚕️အရိုးကျန်းမာရေး အားဖြည့် အစားအစာများကို သင့်တင့်မျှတစွာ စားသုံးပေးပါ။
ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ။
အရက်ကို လျော့သောက်ပါ။
🏃🏻ေလ့ကျင့်ခန်းကို အနည်းဆုံး မိနစ်(၃၀)ခန့် နေ့စဥ် ပုံမှန်ပြုလုပ်ပေးပါ။

21/09/2022

အိုခေနော် သားကြီးတို့ 🌚

ချောချောမွေ့မွေ့နဲ့ ခံစားချက် နှစ်ဆဖြစ်စေဖို့ Onetouch Lubricant ဂျယ်လေးတွေက ကူညီပေးနိုင်ပါတယ်။

👇ဒီနေရာတွေမှာ အေးအေးဆေးဆေး ဝယ်ပါ 👇👇
https://bit.ly/3pzkaUf
https://bit.ly/3HL1Aif
https://bit.ly/3KgbtpI

16/09/2022

OneTouch Condom က ISO 4074 အဆင့်မှီ Natural Latex အသားဖြင့် အသုံးပြုထားလို့ ပေါက်ပြဲမှာသွားမှာ လုံးဝ မစိုးရိမ်နဲ့နော်

Onetouch Ultima. - 3000/-
Onetouch 003 - 4500/-
Onetouch Solutions. - 3000/-
Onetouch Maxx Dot - 3000/-
Onetouch Mixx 3 - 3000/-
Onetouch Happy - 2500/-
Onetouch Strawberry - 2500/-
Onetouch Joy - 2500/-
ချောဆီ - 12000/-
Instock ပါ။

Chat Box မှတဆင့်မှာယူနိုင်ပါတယ်။

09420662340

ရန်ကုန်အိမ်အရောက်ငွေချေစနစ်ပါရှင်။
နယ်မြို့များငွေကြိုရှင်းပေးပါ။

Mobile Banking %မယူပါ။
Wave Money ငွေလွှဲဝင်ဆောင်ခယူပါတယ်။

အမှတ်(၉) ရန်အောင်လမ်း ၃/ရန်ပြေ ရပ်ကွက်
သာကေတမြို့နယ်။ရန်ကုန်မြို့
ရာမညစံပယ်ဖြူ ဆေးဆိုင်






#ရာမညစံပယ်ဖြူ

13/09/2022

OneTouch Condom က ISO 4074 အဆင့်မှီ Natural Latex အသားဖြင့် အသုံးပြုထားလို့ ပေါက်ပြဲမှာသွားမှာ လုံးဝ မစိုးရိမ်နဲ့နော်

Onetouch Ultima. - 3000/-
Onetouch 003 - 4500/-
Onetouch Solutions. - 3000/-
Onetouch Maxx Dot - 3000/-
Onetouch Mixx 3 - 3000/-
Onetouch Happy - 2500/-
Onetouch Strawberry - 2500/-
Onetouch Joy - 2500/-
ချောဆီ - 12000/-
Instock ပါ။

Chat Box မှတဆင့်မှာယူနိုင်ပါတယ်။

09420662340

ရန်ကုန်အိမ်အရောက်ငွေချေစနစ်ပါရှင်။
နယ်မြို့များငွေကြိုရှင်းပေးပါ။

Mobile Banking %မယူပါ။
Wave Money ငွေလွှဲဝင်ဆောင်ခယူပါတယ်။

အမှတ်(၉) ရန်အောင်လမ်း ၃/ရန်ပြေ ရပ်ကွက်
သာကေတမြို့နယ်။ရန်ကုန်မြို့
ရာမညစံပယ်ဖြူ ဆေးဆိုင်






#ရာမညစံပယ်ဖြူ

12/09/2022

OneTouch Condom က ISO 4074 အဆင့်မှီ Natural Latex အသားဖြင့် အသုံးပြုထားလို့ ပေါက်ပြဲမှာသွားမှာ လုံးဝ မစိုးရိမ်နဲ့နော်

Onetouch Ultima. - 2800/-
Onetouch 003 - 3800/-
Onetouch Solutions. - 2800/-
Onetouch Maxx Dot - 3000/-
Onetouch Mixx 3 - 3000/-
Onetouch Happy - 2500/-
Onetouch Strawberry - 2500/-
Onetouch Joy - 2500/-
ချောဆီ - 9000/-
Instock ပါ။

Chat Box မှတဆင့်မှာယူနိုင်ပါတယ်။

09420662340

ရန်ကုန်အိမ်အရောက်ငွေချေစနစ်ပါရှင်။
နယ်မြို့များငွေကြိုရှင်းပေးပါ။

Mobile Banking %မယူပါ။
Wave Money ငွေလွှဲဝင်ဆောင်ခယူပါတယ်။

အမှတ်(၉) ရန်အောင်လမ်း ၃/ရန်ပြေ ရပ်ကွက်
သာကေတမြို့နယ်။ရန်ကုန်မြို့
ရာမညစံပယ်ဖြူ ဆေးဆိုင်






#ရာမညစံပယ်ဖြူ

08/09/2022

ကိုကြီးတို့‌ရေ ဈေးတွေတက်ကုန်ပီနော် 😱
OneTouch Condom က ISO 4074 အဆင့်မှီ Natural Latex အသားဖြင့် အသုံးပြုထားလို့ ပေါက်ပြဲမှာသွားမှာ လုံးဝ မစိုးရိမ်နဲ့နော်

Onetouch Ultima. - 2800/-
Onetouch 003 - 3800/-
Onetouch Solutions. - 2800/-
Onetouch Maxx Dot - 3000/-
Onetouch Mixx 3 - 3000/-
Onetouch Happy - 2500/-
Onetouch Strawberry - 2500/-
Onetouch Joy - 2500/-
ချောဆီ - 9000/-
Instock ပါ။

Chat Box မှတဆင့်မှာယူနိုင်ပါတယ်။

09420662340

ရန်ကုန်အိမ်အရောက်ငွေချေစနစ်ပါရှင်။
နယ်မြို့များငွေကြိုရှင်းပေးပါ။

Mobile Banking %မယူပါ။
Wave Money ငွေလွှဲဝင်ဆောင်ခယူပါတယ်။

အမှတ်(၉) ရန်အောင်လမ်း ၃/ရန်ပြေ ရပ်ကွက်
သာကေတမြို့နယ်။ရန်ကုန်မြို့
ရာမညစံပယ်ဖြူ ဆေးဆိုင်






#ရာမညစံပယ်ဖြူ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 1166 A, Thumana Road, 2 South Ward, Thaketa
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:15