MTRK Fitness Myanmar

Weight Managementနဲ့ fat loss ကစားနည်းလေ့ကျင့်ခန်းမ?

Photos from MTRK Fitness Myanmar's post 16/11/2022

၂၀၁၉ ၂၀၂၂

16/11/2022

ခုတစ်လော အလုပ်တွေရှုပ်နေလို့ ဗျာ

29/07/2022

တစ်လကို ဘယ်နှပေါင်ကျသင့်လဲ?

ဒီမေးခွန်းကိုအဆီချသူများအမေးအများဆုံးပဲဖြစ်ပါတယ်။
ကျွန်တော်ပြန်မေးချင်တာကပေါင်ချိန်စက်ပေါ်က
ကိုယ်အလေးချိန်လား? Fat weight လား?

ပေါင်ချိန်စက်ပေါ်က ဂဏန်းလျော့သွားမှအဆီကျတာ
မဟုတ်ဘူးဆိုတာသတိပြုဖို့လိုပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ အလေးချိန်ကိုပြတာဖြစ်တဲ့အတွက် နံပါတ်တိုးသွားတိုင်းအဆီတက်တာမဟုတ်သလို လျော့သွားတိုင်းလည်းအဆီကျတာမဟုတ်ပါ။ ဒါ့ကြောင့် အမျိုးသမီးများ ပေါင်ချိန်စက်ကို
တနေ့သုံးခါလောက်ချိန်နေတာက
psycho ပါ၀င်သွားနိုင်ပါတယ်။

တစ်လကိုဘယ်နှပေါင်နှုန်းကျပါမယ်ဆိုတဲ့ formula မရှိပါ။ မိမိရဲ့ ကစားနိုင်စွမ်းသက်လုံ၊ လေ့ကျင့်ခန်းပြင်းအား၊ နည်းစနစ်၊ စားသောက်နေထိုင်မှုတွေပေါ်မူတည်တာပါ။
ဒီလ 5ပေါင်ကျလို့ နောက်လလည်း 5ပေါင်ကျမယ်ဆိုပြီးပုံသေတွက်လို့မရတာလည်းသိထားဖို့လိုပါတယ်။

လူ့ခန္ဓာကိုယ်ကို ပြောင်းလဲအောင်‌လုပ်ရတာမို့လုံး၀အတိအကျကြီးရယ်လို့ မရှိပါဘူး အနီးစပ်ဆုံးအရာတွေကိုသာလုပ်ဆောင်နေရတာဖြစ်ပါတယ်။

12/07/2022

Leg day အခြေနေ😬

03/06/2022

Gymမသွားနိုင်လို့ အစားပဲလျှော့ပြီး
Weightချလို့ရလား❓❓

Yes😎 ရပါတယ်လို့ပဲ ဖြေချင်ပါတယ်။ ။
ခန္ဓာကိုယ် အလေးချိန် Body weight ပဲချချင်ရင်တော့ Dietသီးသန့်နဲ့ ချလို့ရပါတယ် ။ ။

ဒါပေမယ့် ကျသွားတဲ့ weightထဲမှာ တန်ဖိုးရှိတဲ့
ခန္ဓာကိုယ်က ကြွက်သားတွေပါ ပါသွားနိုင်ပါတယ်။ ။
အဲ့လိုဆိုရင်တော့ Body weightကျသွားရင်တောင်
အဆီတွေကတော့ ကျချင်မှကျမှာပါ။

ခန္ဓာကိုယ်ကလည်း ပူဖောင်းလေလျှော့သလို
ပျော့တွဲတွဲ ဖြစ်နိုင်ပါသေးတယ်။ ။

အဲဒီတော့ ကိုယ်ကပေါင်ချိန်စက်ပေါ်က
ဂဏာန်းတွေကျသွားတဲ့အပေါ်မှာ သာယာချင်တာလား❓ အဆီကျပြီးကျစ်ကျစ်လစ်လစ်နဲ့လှချင်တာလား❓
ကိုယ့်ကိုကိုယ်ဆန်းစစ်ပါ။ ။

အဆီကျပြီးကျစ်လစ်ချင်တယ်ဆိုရင်တော့
သင့်တင့်မျှတတဲ့Nutrition planရယ်၊ effective ဖြစ်တဲ့ Training programတစ်ခုရယ် လိုအပ်တယ်ဆိုတာကို အမြဲတမ်းသတိပြုပါ။

25/05/2022

ကြိုးစားချင်စိတ်ရှိဖို့က အဓိကပါ ဝိရိရော ဇွဲရောရှိမှ body လှတာပါ ခုကျနော် trainပေးနေတဲ့ အန်တီဆိုရင် အသက်၆၀ရှိပါပီ ပေါင်၂၀၀ကျော်ကနေ ၂လအတွင်းသိသိသာကျသွားပါတယ် ခုမြင်တွေ့ရတဲ့အတိုင်းပါပဲ အသက်အရွယ်နဲ့မဆိုင်ပါဘူး နည်းစနစ်မှန်ကန်ပီး အစားအသောက်လေးကိုသေချာဂရုတစိုက် စားမယ် အိပ်ချိန် ကစားချိန်မှန်မယ်ဆိုရင် လှပတဲ့ body တစ်ခုရလာမှာ 💪💪

ကျနော်နဲ့ ကစားချင်ရင် ဆက်သွယ်လိုက်ပါ

📞09-967705065

Photos from MTRK Fitness Myanmar's post 22/05/2022

အားလုံးမဂ်လာပါခင်ဗျ🙏🙏🙏
ကျွန်တော်တို့ရဲ့ Gold Gym ကြီးကို ၂၂.၅.၂၀၂၂တွင်Hledan Center ပထမထပ်
CB Bank ဘေးတွင် စတင်ဖွင့်လှစ်လိုက်ပါသည်

ပုံမှန်ထက်ပိုလန်းအောင် စက်ပစ္စည်းတွေလည်း Update လုပ်ထားပါတယ်

မီးပျက်လည်း ပူစရာမလိုပါဘူး
ခင်ဗျာ...Centerထဲမှာဆိုတော့ ၂၄နာရီလုံးမီးမပျက်ပါဘူးခင်ဗျ ...မပူမအိုက်ပဲနဲ့ အေးအေးလေးဆော့ကစားချင်တဲ့သူတွေအတွက်တော့ ကွက်တိပဲ
တစ်ခုရှိသေးတယ် ရေချိုးခန်း အိမ်သာကိုလဲ မိန်းကလေး 👧ယောကျ်ားလေး👨ခွဲပေးထားပါတယ်
ရေပူရေအေးလဲ ပါတယ်နော် 😬

စျေးနှုန်းလေး တွေလည်းအများကြီးသက်သာအောင် Discount လေးတွေ ချပေးထားပါတယ်ခင်ဗျာ...🖤👇

Gym fee 50000

3 Months - 5%
6 Months - 10%
1 year - 15%

Class - /Cardio/Abs/zumba

တစ်ခုကျန်ခဲ့လို့ ကားပါတဲ့သူတွေအတွက်car parking freeလဲရတယ်နော်

လိပ်စာလေးကတော့....
လှည်းတန်းလမ်းမ လှည်းတန်းစင်တာ ပထမထပ်cb bank ဘေးGold Gym

အသေးစိတ်သိရှိလိုပါက

📞 09 967 705 065
📞09 258 846 369

ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

20/05/2022

Six pack ABS muscle

Six pack abs ပေါ်အောင်ထုပ်တာ သည် cuttingနဲ့ သွားတူပါတယ်။

Six packထွက်ဖို့ဆိုရင်
No1 အစားအသောက်ကိုသေချာ ဂရုစိုက်ရမယ်
No2 နေ့တိုင်းဆော့တာကို‌ရှောင်ပါ
No3 weight training လျော့သွားတာကိုလဲရှောင်ပါ။

Six pack ဆိုတာက body fat နည်းနေမှသာပေါ်တဲ့ muscle ဖြစ်ပါတယ် muscleဘယ်လောက်ပဲ ရှိရှိ body fatများနေသေးရင် ပေါ်မာမဟုတ်ပါဘူး

တော်တော် များများက six packထွက်ဖို့ဆိုပီး bellyတေရိုက်တယ် six pack workoutတေတွန်းဆော့တယ်
Weight trainingကြတော့ လျော့သွားတယ်❌❌

Sixpack cardio workoutတေကို weight trainingသေချာဆော့ပီးမှာသာ နောက်ဆုံးမှ ဆော့ပါ။✅✅✅

Weight training
ဥပမာ leg day squatလိုမျိုး main exercisesတေသည် cardioထပ် caloriesလောင်ကျွမ်းမူမြင့်ပါတယ်။

So Sixpack အတွက်
Weight trainingကိုဂရုစိုက်မယ်
Dietဂရုစိုက်မယ်
နားချိန်အပြည့်အ၀ယူမယ်ဆိုရင်
Abs ကောင်းကောင်းပေါ်လာမာပါ။

02/05/2022

အိမ်မှာအလွယ်တစ်ကူလုပ်လို့ရမဲ့ အဆီကျဝိတ်ကျချင်သူတွေအတွက် 💪💪

Photos from MTRK Fitness Myanmar's post 26/04/2022

အဓိက ကတော့ နည်းစနစ်မှန်ဖို့ နဲ့ ဇွဲရှိဖို့လိုတယ်အိပ်ချိန် စားချိန်အရမ်းအရေးကြီးပါတယ်
ပြောချင်တာကတော့ gymကိုသေချာကစားပါ မပျင်းပါနဲ့💪

23/04/2022

-Gym ကစားရင် တစ်ယောက်ထဲ ကစားရတာ အနည်းငယ်တော့ ပျင်းစရာကောင်းတယ်ဗျဉပမာ အလေး တိုးချင်ပင်မဲ့လဲ အလေးတွေ ပြုတ်ကျမှာ မနိုင်တာ စိုးရိမ်ရတယ် နောက် motivation လဲ အနည်းငယ် ကျသလို ခံစားရတယ် gym ဆော့တဲ့ သူအားလုံး မဆိုလိုပါဘူး..

-နှစ်ယောက် သုံးယောက်တွဲဆော့တာ အကောင်းဆုံးပဲ ဘာလို့လဲဆိုတော့ အလေးမနိုင်လဲ ကူပေးလို့ရသလို တစ်ယောက်နဲ့ တစ်ယောက်အပြန် အလှန် motivation ပေးလို့ရနိုင်ပါတယ်

-Group တို့ squad တို့နဲ့ ကစားတဲ့ သူတွေ ကျတော့ so goodပေါ့ဗျာ နားချိန်က သက်သက် အချိန်မယူရပဲ တစ်ယောက်ဆော့တာ စောင့်ရင်း ကိုယ့်အလှည့်ပြန်ကျသလိုပေါ့
.......မိတ်ဆွေတို့ရော partner ရှိလားဗျ comments မှာ ဆွေးနွေးပေးကျပါအုန်း..... 💪

21/04/2022

Weight Loss နဲ့ Fat loss
-------------------------
တစ်ယောက်နဲ့တစ်ယောက် အကြိုက်တစ်မျိုးစီမို့
Gym ကစားသူတိုင်းမှာလည်း Gym ကစားခြင်းရဲ့ ရည်ရွယ်ချက်မတူညီနိုင်ကြပါဘူး။ ဝိတ်တတ်ချင်လို့၊ ဝိတ်ကျချင်လို့၊ Body Beauty ဖြစ်ချင်လို့၊ ခံစားနေရတဲ့ ရောဂါဝေဒနာတခုခု သက်သာချင်လို့ဆိုပီးလာဆော့ကြတယ်Gym ကစားတာနဲ့ပက်သက်လို့ တစ်ခါမှမဆော့ဘူးတဲ့ကစားသမားတွေကတော့သူဖြစ်ချင်တဲ့ဟာကိုသေချာမပြောပြတတ်ကြဘူး ဝိတ်ကျချင်တာလားအဆီကျချင်တာလားဝိတ်တက်ချင်တာသေချာမပြောပြတက်ကျဘူး အာ့တော့ဖြစ်ချင်တဲ့ဟာကိုစဆော့တယ်trainerဆရာကလဲဘာမမေးပဲtrainပေးတယ်အဲ့တော့ပြသနာကဖြစ်ချင်တာနဲ့ ဖြစ်လာတာဟာ လွဲနေတတ်တဲ့အရာတွေလည်း ရှိနေပါသေးတယ်ခုကျနော်ပြောချင်တာကWeight Loss နဲ့Fat lossကိုသေချာမသိသေးတဲ့ကစားသမားတွေကိုပါစဆော့ပီး ၃လလောက်ကြာသွားပေမဲ့ပေါင် ၂၀ ၂၅လောက်ဝိတ်ကျသွားပါလိမ့်မယ် ဒါပေမဲ့ ဝိတ်သာကျသွားပေမဲ့ဘာမှပြောင်းလဲမလာပဲစိတ်ကျေနပ်မှု့မရ စေဘဲ ဖြစ်နေနိုင်ပါတယ် ကစားသမားအ နေနဲ့ မိမိဖြစ်ချင်တဲ့ Goal ကို ရေ ရေလည်လည် မ ပြောတတ်တာတစ်ကြောင်း၊ Trainer ဆရာဟာ Weight Loss ကစားမလား၊ Fat Loss ကစားမလား၊ Weight Loss နဲ့ Fat Loss ဖြစ်ဖို့ ကြာချိန်နဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကစားသမားနားလည်အောင် မရှင်းပြခဲ့ခြင်းရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ ကစားသမားတိုင်းဟာ မိမိဟာ ဝိတ်ကျချင်တာလား၊ အဆီပဲကျပြီး လှချင်တာလား ဆိုတာ Gym မလာခင်ကြိုတင်စဉ်းစားခဲ့သင့်ပါတယ်။ ထို့အတူပဲ ကျ နော်တို့ Trainer ဆရာများကလည်း နားမလည်သေးတဲ့ ကစားသမားလက်သစ်များကို ကစားခြင်းမစတင်မီမှာပဲ Weight Loss သွာမလား Fat Loss သွားမလား၊ Weight Loss နဲ့ Fat Loss ရဲ့ အချိန်ယူပုံမတူခြင်းနဲ့ ၄င်းနှစ်ခုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို Details မဟုတ်တောင် Intro လောက်တော့ရှင်းပြသင့်တယ်လို့ မြင်မိပါတယ်။
အဆီလည်းကျBody တင်းတင်းရင်းရင်းလေးနဲ့ လှကျန်နေခဲ့မဲ့ Body မျိုးကို ပိုင်ဆိုင်နိုင်ဖို့ Fat Loss ကို ဦးတည်ပြီးကစားကြဖို့ အကြံပြုလိုပါတယ်။ တကယ်တော့ ဝိတ်ကျသွားရုံနဲ့ Body လှလာမှာမဟုတ်ဘူးဆိုတာကို ဝိတ်ချ နေတဲ့ကစားသမားတိုင်း သိထားသင့်ပါတယ် အားလုံးအတွက်အကြိုးရှိမယ်ထင်ပါတယ်

ဒီpostလေးက editလုပ်ထားတာမို့ နည်းနည်းလေးအမှားသွားရင် အားလုံးတောင်းပန်ပါတယ် 🙏

20/04/2022

ဘယ်အရာမှမလွယ်ကူပါဘူး...

မလွယ်ကူခဲ့လို့လဲ ပိုပြီးဝိရိယရှိလာတယ်...
ပိုပြီး ဇွဲရှိလာတယ်....

စိတ်ရှည်တတ်လာတယ်..

ဘယ်အရာမဆိုကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်အောင်သွားပါ..ပိုပြီး ကြိုးစားပါ.💪💪💪

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ခုတစ်လော အလုပ်တွေရှုပ်နေလို့ ဗျာ
Leg day
Hello
🙏
Six pack ABS muscleSix pack abs ပေါ်အောင်ထုပ်တာ သည် cuttingနဲ့ သွားတူပါတယ်။Six packထွက်ဖို့ဆိုရင် No1 အစားအသောက်ကိုသေချာ...
အိမ်မှာအလွယ်တစ်ကူလုပ်လို့ရမဲ့ အဆီကျဝိတ်ကျချင်သူတွေအတွက် 💪💪
-Gym ကစားရင် တစ်ယောက်ထဲ ကစားရတာ အနည်းငယ်တော့ ပျင်းစရာကောင်းတယ်ဗျဉပမာ အလေး တိုးချင်ပင်မဲ့လဲ အလေးတွေ ပြုတ်ကျမှာ မနိုင်တာ စ...
Weight  Loss နဲ့ Fat loss-------------------------   တစ်ယောက်နဲ့တစ်ယောက် အကြိုက်တစ်မျိုးစီမို့ Gym ကစားသူတိုင်းမှာလည်း G...
ဘယ်အရာမှမလွယ်ကူပါဘူး...မလွယ်ကူခဲ့လို့လဲ ပိုပြီးဝိရိယရှိလာတယ်...ပိုပြီး ဇွဲရှိလာတယ်....စိတ်ရှည်တတ်လာတယ်..ဘယ်အရာမဆိုကိုယ်လ...

Category

Telephone

Website

Address

Kamaryut Hledan
Yangon

Other Fitness Models in Yangon (show all)
SHEIN MIN THU SHEIN MIN THU
Yangon

Mister Global Myanmar 2022 🇲🇲

PHYO MG—Myanmar Men Physique PHYO MG—Myanmar Men Physique
North Okkalapa
Yangon

Khin Chan Myae Khin Chan Myae
SouthOkkalapa
Yangon, 12

Ei Ei khing Ei Ei khing
Yangon
Yangon, EIEI

Zu Zue Thant Zu Zue Thant
Yangon

Fitness Freelance Trainer

Mattia strepparola Mattia strepparola
Dawbone City
Yangon, 1994

အားပေးလို့ရတယ်နော်အမျိုးရေ�

Sulay Sulay
9မုိင္
Yangon, SUSU

Shouta Does Lifting Shouta Does Lifting
Yangon

Just a young man reaching towards his goals

Fit by Phyu Fit by Phyu
Mayangone Township
Yangon

Perform-Max Training System, Fat Loss Specialist MFTA team, MFTA team at Certified Personal Trainer, Bootylicious-Training Techniques and Programming To Build 3D Gluteus

Tiktok Cele Tiktok Cele
Yangon

cele

Zay Nyi Min Htet Zay Nyi Min Htet
Yangon

ကြွားဝါခြင်း ကင်းမဲ့ဇုန် ���