Dr.Shwe

Dr.Shwe

You may also like

DOTAGamesGrup3
DOTAGamesGrup3
Fucc
Fucc

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Shwe, Home Health Care Service, Yangon.

04/12/2023

လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspaurenia – Pain Having Se (ဖိုမကျန်းမာရေးအမြင်ဖြင့်သာဖတ်ရှုရန်)

လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါနေရာနှင့် တင်ပဆုံခွက်အတွင်း နာကျင်ခြင်းကို ဒစ်ပရှုး နီးယား (Dyspaurenia) ဟု ခေါ်သည်။ အမျိုးသမီးဦးရေမည်မျှတွင် ထိုဝေဒနာကို ခံစားနေရသည်ကို မည်သူမျှ မသိရှိပေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးအများစုသည် ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိသောကြောင့် ဖြစ်သည်။ သို့သော် လည်း အမျိုးသမီးများကို မေးမြန်းထားသော အချက်အလက်များအရ အမျိုးသမီး ၁၀ ယောက်တွင် ၁ - ၄ ယောက်သည် ထိုဝေဒနာကို ခံစားရသည်။ အများအားဖြင့် အိမ်ထောင်ကျစအချိန်ကာကလများနှင့် သွေးဆုံးခါနီးအချိန်များတွင် အဖြစ်များ သည်။

လိင်ဆက်ဆံပါက နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းတရားများစွာ ရှိသည်။ အကြောင်းတရားအများစုမှာ ဆိုးရွားခြင်း မရှိ သော်လည်း လိင်ဆက်ဆံခြင်းကို ထိခိုက်နိုင်ပြီး နောက်ဆုံးတွင် အိမ်ထောင်ရေးအဆင်မပြေမှုများ ဖြစ်လာနိုင်သည်။ ထိုဝေဒနာ သည် နာကျင်ခြင်းကြောင့် လိင်ဆက်ဆံရာတွင် စိတ်ကသိကအောက်ဖြစ်ခြင်း ၊ စိတ်ကသိကအောက်ဖြစ်ခြင်းကြောင့် ယောနိ လမ်းကြောင်း ခြောက်သွေ့ပြီး နောက်ထပ်နာကျင်ခြင်းစသည့် အဆိုးသံသရာကို လည်စေနိုင်သည်။

လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ကို ဖြစ်စေသော အကြောင်းတရားများကို ကုသပြီးသော်လည်း နာကျင်ခြင်းမှာ ဆက်ဖြစ်နေ တတ်သည်။ အထူးသဖြင့် မကုသဘဲ အချိန်အတန်ကြာထားပါက ထိုသို့ဖြစ်နိုင်သည်။ ထိုအကြောင်းပြချက်များ ကြောင့် ဆရာ၀န်နှင့် အမြန်ဆုံးတွေ့ဆုံ၍ ဖြစ်ပေါ်စေသော အကြောင်းအရာများကို ရှာဖွေပြီး ကုသမှုများကို အမြန်ဆုံးခံယူရန် အရေးကြီးပေသည်။ ဤစာစောင်တွင် လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ကို ဖြစ်စေသော အကြောင်းအရာများနှင့် အမျိုးအစားများအကြောင်းကို ဆွေးနွေးထားပါသည်။



လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ဆိုတာ ဘာလဲ?

လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ဆိုသည်မှာ လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီး မျိုးပွားအင်္ဂါနေရာနှင့် တင်ပဆုံခွက်အတွင်း နာကျင်ခြင်းကို ခေါ်သည်။ လိင်ဆက်ဆံပါက အပေါ်ယံနေရာများတွင် နာကျင်ခြင်း (Superficial Dyspareunia) နှင့် လိင်ဆက်ဆံပါက နက်ရှိုင်းသည့်နေရာများတွင် နာကျင်ခြင်း (Deep Dyspareu-nia) ဟူ၍ ၂ မျိုး ခွဲခြားနိုင်သည်။ ထို ၂ မျိုးကို ဖြစ်ပေါ်စေသော အကြောင်းအရာများမှ မတူညီသကဲ့သို့ ကုသမှုများမှာလည်း ကွဲပြားသည်။



လိင်ဆက်ဆံပါက အပေါ်ယံ နာကျင်ခြင်း (Superficial Dyspareunia)

ထိုနာကျင်ခြင်းသည် မိန်းမကိုယ်နှုတ်ခမ်းသားများ ၊ မိန်းမကိုယ်အ၀နှင့် ယောနိလမ်းကြောင်း အောက်ပိုင်းတို့တွင် ဖြစ်ပေါ်သော နာကျင်ခြင်း ဖြစ်သည်။ ထိုနာကျင်ခြင်းသည် အမျိုးသား လိင်တံ ယောနိလမ်းကြောင်းအတွင်းသို့ စတင်၀င်ရောက်သည့်အချိန် (သို့) လိင်ဆက်ဆံခြင်းစတင်ပြီး မကြာမှီအချိန်များတွင် စတင်ဖြစ်ပေါ်တတ်သည်။ အမျိုးသား လိင်တံကို ယောနိလမ်းကြောင်းမှ ထုတ်လိုက်သည်နှင့် နာကျင်ခြင်းမှာ လျင်မြန်စွာ သက်သာသွားတတ်သော်လည်း အချိန်ခဏကြာသည်အထိ မိန်းမကိုယ် နေရာများကို ထိပါက နာကျင်နေတတ်သည်။ အပေါ်ယံနာကျင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများသည် မိန်းမကိုယ် နှုတ်ခမ်းသားနေရာ ၊ ယောနိလမ်းကြောင်းနှင့် မိန်းမကိုယ်အ၀နှင့် စအိုကြားရှိ အရေပြားနေရာများတွင် ပြဿနာရှိခြင်း တို့ကြောင့် ဖြစ်သည်။



လိင်ဆက်ဆံပါက နက်နက်ရှိုင်းရှိုင်း နာကျင်ခြင်း (Deep Dyspareunia)

ထိုနာကျင်ခြင်းသည် လိင်ဆက်ဆံနေစဉ်အတွင်း (သို့)လိင်ဆက်ဆံပြီးနောက် တင်ပဆုံခွက်အတွင်း နာကျင်ခြင်းဖြစ်သည်။ တခါတရံ ပေါင်၏ အရှေ့ပိုင်းနေရာများတွင်ပါ နာကျင်တတ်သည်။ ထိုနာကျင်ခြင်းသည် စူးရှခြင်း (သို့) မသိမသာနာကျင်ခြင်း ၊ လိင်ဆက်ဆံခြင်းကို ရပ်လိုက်ပါက မနာကျင်တော့ခြင်း (သို့) မိနစ်အနည်းငယ်ခန့် (သို့) နာရီအနည်းငယ်ခန့် ဆက်လက်နာကျင် နေခြင်းတို့ ဖြစ်နိုင်သည်။ ထိုနာကျင်ခြင်းကို ဖြစ်စေသော အကြောင်းအရာများမှာ တင်ပဆုံခွက်၏ နက်ရှိုင်းသော နေရာများတွင် တည်ရှိပေသည်။



လိင်ဆက်ဆံပါက အပေါ်ယံနေရာများတွင် နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းတရားများ

အနာရွတ်တစ်သျှူးများ

ကလေးမွေးပြီးနောက် (အထူးသဖြင့် အပီစီရော့တမီ - (Episiotomy) ဟု ခေါ်သော ကလေးမွေးသည့် အချိန်တွင် မိန်းမကိုယ် အ၀နှင့် စအိုနေရာအကြား ကပ်ကြေးဖြင့် အညှပ် ခံထားရပါက) မိန်းမကိုယ်အဝနေရာ၏ အနောက်ဘက်တွင် အနာရွတ် တစ်သျှူးများဖြစ်ပေါ်တတ်သည်။ ထိုအနာရွတ်တစ်သျှူးနေရာများတွင် အာရုံကြောအဆုံးများ ပါ၀င်ပြီး တုံ့ပြန်မှု မြန်ဆန်သည်။ ထို့ကြောင့် အမျိုးသားလိင်တံကို ယောနိလမ်းကြောင်းအတွင်းသို့ ထည့်လိုက်သည့်အခါ နာကျင်ခြင်းကို ဖြစ်ပေါ်စေသည်။ လိင်ဆက်ဆံခြင်းကို အဆက်မပြတ်ပြုလုပ်နေပါက နာကျင်ခြင်း ပိုဆိုးတတ်သည်။ အဘယ်ကြောင့်ဆိုသော် အနာရွတ်တစ်သျှူး များကို အမျိုးသားလိင်တံမှ အဆက်မပြတ် ပွတ်တိုက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။



အပျိုမြှေး အကောင်းပကတိအတိုင်း ရှိနေခြင်း

အပျိုမြှေးဆိုသည်မှာ ယောနိလမ်းကြောင်းအ၀တွင် တည်ရှိသည့် အမြှေးပါးတစ်ခုဖြစ်သည်။ လိင်ဆက်ဆံစတွင် လိင်ဆက်ဆံ ခြင်းကြောင့် အပျိုမြှေးပြဲသွားသည်။ ရာသီလာချိန်တွင် သွေးစုပ်ယူနိုင်ရန် ယောနိလမ်းကြောင်းအတွင်းထည့်ရသော ပစ္စည်း (Tempons) ကို အသုံးပြုပါက လိင်ဆက်ဆံခြင်းမရှိသော်လည်း အပျိုမြှေးမှာ ပြဲနေတတ်သည်။ အပျိုမြှေး အကောင်း ပကတိအတိုင်း ရှိနေခြင်း ဆိုသည်မှာ အထင်အမြင်မှားစေသော စကားလုံးဖြစ်ပြီး အပျိုမြှေးတွင် မွေးရာပါ သေးငယ်သော အပေါက် တစ်ခုပါ၀င်သည်။ မိန်းကလေးများ အရွယ်ရောက်လာသည့်အခါ ထိုအပေါက်သည် တဖြေးဖြေးခြင်း ကြီးလာသည်။ အကယ်၍ အပျိုမြှေးများသည် ထူလာသည့်အချိန်တွင် အပေါက်သည် လုံလောက်စွာ ကြီးလာခြင်းမရှိပါက ပထမဆုံး လိင်ဆက်ဆံသည့် အချိန်တွင် အရှိန်ဖြင့် အပျိုမြှေးအတွင်းသို့ အမျိုးသား၏ လိင်တံကို ထိုးသွင်းသဖြင့် ထိုအမျိုးသမီးသည် အပျိုးမြှေးကြောင့် နာကျင်ခြင်းကို ခံစားရနိုင်သည်။ ထိုနာကျင်ခြင်းသည် အပေါ်ယံပိုင်းတွင်သာဖြစ်ပြီး လိင်ဆက်ဆံရန် ကြိုးစားသည့် အချိန်တွင် ယောနိလမ်းကြောင်းအ၀၌ နာကျင်ခြင်းဖြစ်သည်။ လိင်မဆက်ဆံပါက မနာကျင်နိုင်ပေ။



ယောနိလမ်းကြောင်းရှိ ကြွက်သားများကျုံ့ ခြင်း (ဗဂျီနစ်မက်(စ်) - Vaginismus)

ဗဂျီနစ်မက်(စ်) (Vaginismus) ဆိုသည်မှာ ယောနိလမ်းကြောင်းအ၀အနီးရှိ ကြွက်သားများ အလွန်အကျွံ ကျုံ့ခြင်းကြောင့် ပြင်းထန်စွာ နာကျင်ခြင်းကို ဖြစ်စေပြီး လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်း (သို့) လိင်ဆက်ဆံရန် မဖြစ်နိုင်ခြင်းကို ဖြစ်စေသည်။ ထိုနာကျင်ခြင်းကြောင့် မိန်းမကိုယ်နေရာများကို စမ်းသပ်ရန် မဖြစ်နိုင်ပေ။ ယောနိလမ်းကြောင်းအနီးရှိ ကြွက်သားများ ကျုံ့ခြင်း သည် စိတ်ဖြင့် တားဆီး၍ရသော အရာမဟုတ်ဘဲ အလိုအလျောက်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ကြွက်သားများ ကျုံ့ခြင်းသည် မည်သည့် အကြောင်းပြချက်မျှမရှိဘဲ ဖြစ်ပေါ်နိုင်သကဲ့သို့ လိင်ကိစ္စကို စိုးထိတ်ခြင်း (သို့) လိင်ဆက်ဆံခြင်းကြောင့် နာကျင်မှုများ ကြောင့်လည်း ဖြစ်နိုင်သည်။ ယောနိလမ်းကြောင်းအနီး ရှိ ကြွက်သားများ ကျုံ့ခြင်းသည် အိမ်ထောင်ဖက် ၂ ဦးစလုံးကို စိတ်ဓာတ်ကျဆင်းခြင်း ဖြစ်စေနိုင်ပြီး နှစ်ပေါင်းများစွာ ကြာသည် အထိ အိမ်ထောင်ရေးသုခ မရရှိဘဲ လိင်ဆက်ဆံရေးကိုပါ တားဆီးနိုင်သည်။ ထိုနာကျင်ခြင်းဖြစ်သည်ဆိုသည်နှင့် လိင်ဆက်ဆံရေးကို ကြောက်ရွ့ံ့သည့် စိတ်သည် နာကျင်ခြင်းကို ပိုဆိုး စေနိုင်သည်။ စိုးရိမ်ကြောင့်ကြမှုများခြင်းနှင့် နာကျင်ခြင်းသံသရာကို ချိုးဖျက်နိုင်ရေးအတွက် အကူအညီရယူရန်မှာ အရေးကြီး သည်။ ယောနိလမ်းကြောင်းအနီးရှိ ကြွက်သားများ ကျုံ့ခြင်း (ဗဂျီနစ်မက်(စ်) - Vaginismus) ကို ကုသရန်မှာ ခက်ခဲခြင်းမရှိ သော်လည်း တခါတရံ စိတ်ရောဂါအထူးကု ဆရာ၀န်နှင့်ပါ ပြသရန် လိုအပ်သည်။



ဘာသိုလင်ဂလင်းရောင်ခြင်း (Barhtolinitis)

ဘာသိုလင်ဂလင်းသည် ယောနိလမ်းကြောင်း တစ်ဖက်တစ်ချက်ရှိ တစ်သျှူးများအတွင်းရှိသော ဂလင်းများဖြစ်သည်။ ထိုဂလင်း များသည် ရောင်ရမ်းပြီး နာကျင်လာပါက လိင်ဆက်ဆံပါက နာကျင်ခြင်းကို ဖြစ်စေနိုင်သည်။ တခါတရံ လိင်ဆက်ဆံနေစဉ် ဂလင်းများသည် ရောင်ရမ်းလာပြီး ပထမပိုင်းတွင် နာကျင်ခြင်းမရှိသော်လည်း နောက်ပိုင်းတွင် ဂလင်းများ နာကျင်လာနိုင် သည်။ (သီးခြားစာစောင်ဖြင့် ထိုအကြောင်းကို ရေးသားပေးပါမည်။)



ဗာလ်ဗိုဒိုင်းနီးယား (Vulvodynia)

ထိုအခြေအနေသည် အလွန် စိတ်အနှောင့်အယှက်ဖြစ်စေသော အခြေအနေတစ်ခုဖြစ်ပြီး အမျိုးသမီးအင်္ဂါဇတ် နေရာများတွင် နာကျင်ခြင်းဖြစ်ပြီး ဖိအားနှင့် ထိတွေ့မှုအပေါ် တုံ့ပြန်မှု လွန်ကဲတတ်သည်။ လိင်ဆက်ဆံရန် ကြိုးစားသည့်အခါ အလွန်နာကျင် တတ်သည်။ ထို့အပြင် မိန်းမကိုယ်နေရာများကို ထိတွေ့မိပါက နာကျင်ပြီး နေ့စဉ်လှုပ်ရှားမှုများကို ပြုလုပ်နေစဉ်အတွင်းတွင် လည်း နာကျင်နိုင်သည်။ လက္ခဏာများသည် ကာလကြာမြင့်စွာ တည်ရှိနေပါက စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပျက်ခြင်းကို ဖြစ်စေ သည်။ နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းအရာများမှာ မသေချာသော်လည်း ထိုနေရာရှိ အာရုံကြောများသည် သာမန် ထက် တုံ့ပြန်မှု လွန်ကဲခြင်းနှင့် ထိုအာရုံကြောများနှင့် ဦးနှောက်၏ ဆက်သွယ်မှုများ ပြောင်းလဲခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ကုသမှုများတွင် နူးညံ့ပျော့ပြောင်းစေသော ဆပ်ပြာများကို အစားထိုးသုံးစွဲခြင်း ၊ မိန်းမကိုယ်နေရာများတွင် ထုံကျင်ခြင်းဖြင့် ခံစားမှုကို လျော့ကျစေနိုင်သည့် ခရမ်များ ၊ နာကျင်မှုကို လျော့ကျစေသည့် ဆေးများ ၊ ဗဟိဒ္ဓကုထုံးများနှင့် အသိအမြင်နှင့် ဆက်စပ်သော အပြုအမူများအတွက် ကုသမှု (သို့) CBT ကုထုံးများ ပါ၀င်သည်။



လိုင်ခမ် စကယ်လ်လရိုးစပ် (Lichen Sclerousus)

ထိုရောဂါသည် ကလေးများအပါအ၀င် အမျိုးသမီးတိုင်းတွင် ဖြစ်နိုင်သော အရေပြားတွင် အနာရွတ်ဖြစ်သည့် အခြေအနေတစ်ခု ဖြစ်သည်။ ထိုရောဂါသည် အမျိုးသားများတွင်လည်း ဖြစ်နိုင်သည်။ ထိုရောဂါဖြစ်ပါက မျိုးပွားအင်္ဂါအနီးရှိ အရေပြားများသည် ပါးလာပြီး အဖြူရောင် အကွက်များ ဖြစ်ပေါ်လာသည်။ ထိုရောဂါသည် ခုခံအားစနစ်ကြောင့် ဖြစ်ပြီး ယားယံခြင်းနှင့် နာကျင်ခြင်း ကို ဖြစ်စေနိုင်သည်။ အဆိုပါလက္ခဏာများသည် အချိန်ကြာမြင့်စွာ ဖြစ်နေတတ်သည်။ တခါတရံ မှတ်ခရုနှင့် မှားနိုင်သည်။ မှတ်ခရုများသည်လည်း အလွန်ယားယံပြီး တခါတရံ အနည်းငယ် နာကျင်နိုင်သည်။ လိုင်ခမ် စကယ်လ်လရိုးစပ် (Lichen Sclerousus) ကြောင့် မျိုးပွားအင်္ဂါရှိ အရေပြားများတွင် ကင်ဆာဖြစ်ပေါ်နိုင်သည့် အခွင့်အလမ်း အနည်းငယ်ရှိသည်။ ထိုအကြောင်းပြ ချက်ကြောင့် လိုင်ခမ် စကယ်လ်လရိုးစပ် (Lichen Sclerousus) ရှိ၊ မရှိရောဂါသတ်မှတ်ရန် လိုအပ်ပြီး ရောဂါရှိပါက ကုသရန် လိုအပ် သည်။ ကုသမှုများတွင် ခရမ်များကို ပုံမှန်လိမ်းရန် လိုအပ်သည်။ (လိုင်ခမ် စကယ်လ်လရိုးစပ် (Lichen Sclerousus) အကြောင်းကို သီးခြားဖော်ပြပေးပါမည်။ )



အမျိုးသမီး မင်္ဂါကို ဖြတ်တောက်ခြင်း (Female Ge***al Mutilation)

အမျိုးသမီး မင်္ဂါကို ဖြတ်တောက်ခြင်း (Female Ge***al Mutilation) ဆိုသည်မှာ မိန်းကလေးတစ်ဦး၏ မျိုးပွားအင်္ဂါများကို ခွဲစိတ်၍ လှီးခြင်းဖြစ်သည်။ အလွန်ဆိုးရွားသည့်အခြေအနေများတွင် ယောနိလမ်းကြောင်းကို ပိတ်စေရန် ချုပ်ခြင်းဖြစ်သည်။ အမျိုးသမီး မျိုးပွားအင်္ဂါများကို ခွဲစိတ်ပြီးနောက် မပျောက်ကင်းနိုင်တော့သော အနာရွတ်များကျန်ခဲ့ပြီး ထိုအနာရွတ်များကြောင့် အာရုံကြော များ ပျက်စီးခြင်းနှင့် နာကျင်ခြင်းကို ဖြစ်စေသည်။ ထိုကိစ္စများကြောင့် လိင်ဆက်ဆံသည့်အခါ နာကျင်မှုကို ဖြစ်စေသဖြင့် လိင်ဆက်ဆံရန် မဖြစ်နိုင်တော့ပေ။



ယောနိလမ်းကြောင်း ပုံမမှန်ခြင်း (Vaginal abnormalities)

ယောနိလမ်းကြောင်း ပုံမမှန်ခြင်းသည် ဖြစ်ခဲသော အခြေအနေတစ်ခုဖြစ်သည်။ သို့သော် ယောနိလမ်းကြောင်းသည် ပုံမမှန်ဖြစ် နေပါက အလွန်နာကျင်စေပြီး လိင်ဆက်ဆံရန် မဖြစ်နိုင်သည့် အခြေအနေအထိ ဖြစ်နိုင်သည်။ ပုံမမှန်ခြင်းများတွင် မွေးရာပါ ယောနိလမ်းကြောင်းအတွင်း တစ်သျှူးပိုများ ရှိနေတတ်သည်။



လိင်ဆက်ဆံပါက အပေါ်ယံ နာကျင်ခြင်း (Superficial Dyspareunia) နှင့် လိင်ဆက်ဆံပါက နက်ရှိုင်းသည့် နေရာများတွင် နာကျင်ခြင်း (Deep Dyspareunia) ၂ မျိုးစလုံးကို ဖြစ်စေသော အကြောင်းအရာများ

ယောနိလမ်းကြောင်း ထိခိုက်မိခြင်း (Vaginal Trauma)

ယောနိလမ်းကြောင်းသည် အလိုက်သင့်တည်ရှိပြီး သန်မာသည်။ ကလေးမွေးခြင်းကြောင့် အနည်းငယ်ဒဏ်ရာရခြင်းနှင့် အဆန့် ခံရပါကလည်း အကောင်းပကတိ ပြန်ဖြစ်နိုင်သည်။ သို့သော် ယောနိလမ်းကြောင်းကို သိသာစွာ ဒဏ်ရာရပါက (ဥပမာ - ကလေးမွေးရခက်ခဲခြင်းကြောင့် (သို့) အမျိုးသမီးအင်္ဂါများကို ခွဲစိတ်ခြင်း) အနာရွတ်များကို ဖြစ်စေပြီး လိင်ဆက်ဆံရာတွင် အခက်အခဲဖြစ်စေသည်။



ယောနိလမ်းကြောင်း ပိုး၀င်ခြင်း (Vaginal or Ge***al Infection)

ယောနိလမ်းကြောင်းအတွင်း (သို့) ယောနိလမ်းကြောင်းအနီး နေရာများကို ရောဂါပိုး၀င်ပါက တစ်သျှူးများ ရောင်ရမ်းခြင်းဖြစ် ပေါ်ပြီး လိင်ဆက်ဆံပါက နာကျင်နိုင်သည်။ ရောဂါပိုးများသည် မှတ်ခရု (ကန်ဒီဒါ - အူလမ်းကြောင်းများတွင် အသက်ရှင်နေထိုင် သော မှိုတစ်မျိုး) ၊ ဟားပိ(စ်)(Herpes) ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများနှင့် ဘက်တီးရီးယားပိုးများကြောင့် ဖြစ်သည်။ ဘက်တီးရီးယား ပိုးများစွာသည် ယောနိလမ်းကြောင်းအတွင်း ၀င်ရောက်နိုင်သည်။ အချုိ့သော ဘက်တီးရီးယားပိုးများသည် လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်းဖြစ်သည်။ လိင်မဆက်ဆံမှီ ယောနိလမ်းကြောင်းတွင် နာကျင်ခြင်းနှင့် ယားယံခြင်းမဖြစ် သော်လည်း လိင်ဆက်ဆံပြီးနောက် ထို ၂ မျိုးစလုံး ဖြစ်လာတတ်သည်။ ယောနိလမ်းကြောင်းများအတွင်းမှ အရောင်ရှိသော အရည်များဆင်းတတ်ပြီး အနံ့နံတတ်သည်။ (ယောနိလမ်းကြောင်းတွင်ဖြစ်သော မှတ်ခရုအကြောင်း ၊ ဘက်တီးရီးယားပိုးများ ကြောင့် ယောနိလမ်းကြောင်း ရောင်ခြင်းနှင့် မျိုးပွားအင်္ဂါများတွင် ဖြစ်သော ဟားပိ(စ်)(Herpes) ရောဂါပိုးများအကြောင်းကို သီး ခြားဖော်ပြပေးပါမည်။)



ယောနိလမ်းကြောင်း ခြောက်သွေ့ခြင်း (Vaginal Dryness)

တခါတရံ လိင်ဆက်ဆံနေစဉ်တွင် နာကျင်ခြင်းသည် ချောဆီမရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ယောနိလမ်းကြောင်း တွင် စိုစွတ်ခြင်းမရှိဘဲ အလွန်ခြောက်သွေ့နေသောကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် ယောနိလမ်းကြောင်းသည် အရည်များကို ထုတ်ပေးပြီး ထိုအရည်များသည် ယောနိလမ်းကြောင်းကို စိုစွတ်နေစေသည်။ လိင်စိတ်နိုးကြွလာသည့်အခါ ထိုအရည်များ ပိုများ လာသည်။ အကယ်၍ လိင်မဆက်ဆံမှီ လုံလောက်သော လှုံ့ဆော်မှုမရှိပါက (သို့) လိင်ဆက်ဆံရန် စိတ်မပါပါက လိင်ဆက်ဆံ ခြင်းကို သက်တောင့်သက်သာဖြစ်စေရန် လုံလောက်သော အရည်များ ထုတ်ပေးခြင်း မရှိပေ။

သို့သော် ထိုအရာများသည် အလွန်မရိုးရှင်းပေ။ ထုတ်ပေးသင့်သော အရည်များကို မထုတ်ပေးသည်မှာ အကြောင်းပြချက်များ ရှိသည်။ ထိုအကြောင်းပြချက်များတွင် ယခင်ကကြုံတွေ့ခဲ့ဖူးသော လိင်ဆက်ဆံခြင်း၏ အဆင်မပြေမှုများကြောင့် စိတ်ကသိ ကအောင့်ဖြစ်ခြင်း ၊ ကိုယ်၀န်ရမည်ကို စိုးရိမ်နေရခြင်း ၊ အိပ်ပျော်နေသည့် ကလေးနိုးမည်ကို စိုးရိမ်နေရခြင်း စသည့် စိတ်ပိုင်း ဆိုင်ရာ အကြောင်းပြချက်များ ပါ၀င်သည်။ ရုပ်ပိုင်းဆိုင်ရာအကြောင်းပြချက်တွင် သွေးဆုံးပြီးနောက် ယောနိလမ်းကြောင်း ခြောက်သွေ့ခြင်း ပါ၀င်သည်။ သားဆက်ခြားသည့် အချို့သော နည်းလမ်းများအပါအ၀င် အချို့သော ဆေးများသည် ယောနိလမ်း ကြောင်း ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်သည်။ ယောနိလမ်းကြောင့် ခြောက်သွေ့ခြင်းသည် ရှိုးဂရန်း စင်ဒရုန်း (Sjogren’s Syndrome) နှင့် ဆက်စပ်လျက်ရှိသည်။ ရှိုးဂရန်း စင်ဒရုန်း (Sjogren’s Syndrome) တွင် ခန္ဓာကိုယ်မှ ထွက်သော အရည် အားလုံး နည်းပါးနေတတ်သည်။ ကိုယ်၀န်ဆောင်နေသည့် အချိန်ကာလတွင်လည်း လိင်ဆက်ဆံနေစဉ် ယောနိလမ်းကြောင်း ခြောက်သွေ့ခြင်းဖြစ်နိုင်သည်။ (သို့သော် အချို့လူများတွင် ဆန့်ကျင်ဘက် အာနိသင်ရှိသည်။)



အသက်အရွယ်ကြောင့် ယောနိလမ်းကြောင်းကျုံ့သွားခြင်း (Vaginal Atrophy)

သွေးဆုံးပြီးနောက် ခန္ဓာကိုယ်အတွင်းတွင် ဟော်မုန်းပမာဏ ကျဆင်းလာသည်။ အထူးသဖြင့် အီစထိုဂျင် ဟော်မုန်းကျဆင်း လာသည်။ အီစထိုဂျင်ဟော်မုန်းသည် ယောနိလမ်းကြောင်းနံရံများကို သန်မာစေသည်။ ထို့အပြင် သွေးထောက်ပံ့မှုကို များပြား စေ၍ အရည်များပိုထုတ်ပေးခြင်း ၊ ယောနိလမ်းကြောင်းရှိ နံရံများကို သန်မာစေ၍ ပို၍ ဆန့်နိုင်လာစေသည်။ ထို့ကြောင့် သွေးဆုံးပြီးနောက် အီစထိုဂျင်ပမာဏ ကျဆင်းလာသည့်အခါ တစ်သျှူးများသည် ပါးလာပြီး ဆန့်နိုင်အားလည်း လျော့နည်းလာ ကာ ချောမွေ့မှုလည်း နည်းလာသည်။ တခါတရံ ယောနိလမ်းကြောင်းသည် အပျိုဖော် မ၀င်သေးသော အမျိုးသမီးငယ်၏ ယောနိလမ်းကြောင်းကဲ့သို့ ဒဏ်ရာရလွယ်၍ နူးညံ့နေတတ်သည်။ ထိုပြဿနာအတွက် ထိရောက်စွာ ကုသနိုင်သည့် နည်းလမ်း များစွာ ရှိသည်။ (ယောနိလမ်းကြောင်း ခြောက်သွေ့ခြင်း ခေါင်းစဉ်ဖြင့် သီးခြားဖော်ပြပေးပါမည်။)



လိင်ဆက်ဆံပါက နက်နက်ရှိုင်းရှိုင်း နာကျင်ခြင်း (Deep Dyspareunia)

နက်ရှိုင်းသောနေရာများတွင် နာကျင်ခြင်းသည် မျိုးပွားအင်္ဂါများကြောင့် ဖြစ်နိုင်သော်လည်း လိင်ဆက်ဆံနေစဉ် အလွယ်တကူ ထိခိုက်နိုင်သည့် ၀မ်းဗိုက်အတွင်းရှိ အခြားသော ကလီစာများကြောင့် ဖြစ်သည်။ ထို့ကြောင့် လိင်ဆက်ဆံနေစဉ် ၀မ်းဗိုက် အတွင်း နက်ရှိုင်းစွာ နာကျင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းတရားများစွာ ရှိသည်။



သားအိမ်ခေါင်းအ၀ နာကျင်ခြင်း (Cervical Pain)

သားအိမ်ခေါင်းသည် ပုံမှန်အားဖြင့် နာကျင်မည်မဟုတ်ပေ။ သို့သော် သားအိမ်ခေါင်းသည် ယောနိလမ်းကြောင်း အတွင်း ၀င်ရောက်လာသော ရောဂါပိုးများ [အထူးသဖြင့် ဟားပိ(စ်) (Herpes)] ကူးစက်ခံရပါက နာကျင်လာနိုင်သည်။ အကယ်၍ သားအိမ်ခေါင်းရောင်ရမ်းနေပါက လိင်ဆက်ဆံလျှင် အမျိုးသား၏ လိင်တံနှင့် ထိမိပြီး တင်ပဆုံခွက်အတွင်း နက်ရှိုင်းစွာ နာကျင် ခြင်းကိုဖြစ်စေသည်။ တခါတရံ ပေါင်အရှေ့ခြမ်းတွင်ပါ နာကျင်နိုင်သည်။



သားအိမ်နံရံတစ်သျှူးများ နေရာလွဲ၍ရှိနေခြင်း (Endometriosis)

သားအိမ်နံရံတစ်သျှူးများ နေရာလွဲ၍ရှိနေခြင်း (Endometriosis) ဆိုသည်မှာ သားအိမ်နံရံရှိတစ်သျှူးအနည်းငယ်သည် ခန္ဓာကိုယ်၏အခြားသော နေရာများတွင် တည်ရှိနေသည့် အခြေအနေတစ်ခုဖြစ်သည်။ အမျိုးသမီးအများစုတွင် သားအိမ်နံရံ တစ်သျှူးများသည် မမျိုးဥများ ၊ မမျိုးဥပြွန်များနှင့် သားအိမ်ခေါင်းများတွင် ရှိနေတတ်သည်။ ရာသီသွေးဆင်းသည့်အချိန်တိုင်း ထိုတစ်သျှူးများမှလည်း သွေးဆင်းကြသည်။ ထိုသွေးများသည် အတွင်းအင်္ဂါတစ်ခုနှင့် တစ်ခုကပ်သွားပြီး အနာရွတ်တစ်သျှူး များကို ဖြစ်စေခြင်းကြောင့် တင်ပဆုံခွက်နေရာတစ်ခုလုံး နာကျင်ခြင်းကို ဖြစ်စေနိုင်သည်။

သားအိမ်နံရံတစ်သျှူးများ နေရာလွဲ၍ရှိနေခြင်း (Endometriosis) ကို အများအားဖြင့် ငယ်ရွယ်သော အမျိုးသမီးများတွင် တွေ့ရ ပြီး ထိုအမျိုးသမီးများ ကိုယ်၀န်တားဆေးကို ခဏသောက်ပြီးနောက် ရပ်လိုက်သည့်အချိန်တွင်မှ သိသာထင်ရှားလာသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်၀န်တားဆေးများသည် သားအိမ်နံရံတစ်သျှူးများကို ဖိနှိပ်ခြင်းကြောင့် ထိုရောဂါအတွက် ကုသမှု တစ်ခုကဲ့သို့ဖြစ်လာသည်။ သားအိမ်နံရံတစ်သျှူးများ နေရာလွဲ၍ရှိနေခြင်း (Endometriosis) သည် လိင်ဆက်ဆံသည့်အခါ နာကျင် ခြင်းကို ဖြစ်စေသည်။ အထူးသဖြင့် အမျိုးသား၏ လိင်တံကို ယောနိလမ်းကြောင်း အတွင်းထိရောက်အောင် လိင်ဆက်ဆံ ခြင်းနှင့် ထိုသို့ကာမစပ်ယှက်ခြင်းကို အချိန်အတန်ကြာသည်အထိ ဆက်လုပ်နေပါက နာကျင်ခြင်းဖြစ်လာသည်။ ထို့အပြင် ထိုရောဂါသည် ရာသီလာသည့်အခါ နာကျင်စေ၍ ကိုယ်၀န်ဆောင်ရန်လည်း ခက်ခဲစေသည်။ (ထိုရောဂါအကြောင်းကို သီးခြားရေး သားပေးပါမည်။)



မမျိုးဥအိမ်တွင် အရည်အိတ်တည်ခြင်း (Ovarian Cysts)

မမျိုးဥအိမ်တွင် အရည်အိတ်များရှိနေခြင်းသည် လိင်ဆက်ဆံပါက နာကျင်ခြင်းကို ဖြစ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လိင်ဆက်ဆံနေစဉ် မမျိုးဥများသည် အမျိုးသား၏ လိင်တံနှင့် ထိမိသောကြောင့် အရည်များ စိမ့်ထွက်လာခြင်းကြောင့်ဖြစ်သည်။

မမျိုးဥများတွင် အရည်အိတ်တည်သည့်ရောဂါသည် ရှားပါးသော ရောဂါမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အရည်အိတ် ဖြစ်ပေါ်ခြင်းသည် ရာသီစက်၀န်း၏ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ဇီဝြဖစ်စဉ်ကြောင့် ဖြစ်လာ သည့် အရည်အိတ်များသည် အလွန်သေးငယ်သည်။ အရွယ်အစားကြီးမားသော အရည်အိတ်များသည် ယိုစိမ့်မှု ပိုဖြစ်နိုင်ပြီး နာ ကျင်စေနိုင်သည်။ ထို့အပြင် အထူးသဖြင့် ငယ်ရွယ်သော အမျိုးသမီးများတွင် သားအိမ်နံရံတစ်သျှူးများ နေရာလွဲ၍ရှိနေခြင်း (Endometriosis) ကို ပြသသည့် လက္ခဏာတစ်ခု ဖြစ်သည်။ ရာသီသွေးဆုံးပြီးသော အမျိုးသမီးများတွင် မမျိုးဥအိမ်များ၌် အရည်အိတ်ရှိခြင်းသည် စိုးရိမ်စရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် မမျိုးဥအိမ်ကင်ဆာကို ပြသသည့် လက္ခဏာတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ (မမျိုးဥအိမ်တွင် အရည်အိတ်များတည်ခြင်းအကြောင်းကို သီးခြားရေးသားပေးပါ မည်။)



သားအိမ်တွင် အလုံးရှိခြင်း (Fibroids and growths in the womb)

ဖိုင်းဘရိုက် (Fibroids) ဟုခေါ်သော အမျှင်များဖြင့် ဖွဲ့စည်းထားသည့် အလုံးများသည် သားအိမ်နံရံများအတွင်း တည်ရှိပြီး ကင်ဆာအလုံးမဟုတ်ပေ။ ထိုအလုံးများသည် သားအိမ်အရွယ်အစားကို ပိုကြီးလာစေသည်။ ထိုအလုံးများသည် နာကျင်ခြင်းကို အမြဲတမ်း မဖြစ်စေသော်လည်း လိင်ဆက်ဆံရာတွင် မသက်မသာဖြစ်စေသည်။ (ဖိုင်းဘရိုက် (Fibroids) အကြောင်းကို သီးခြားဖော်ပြပေးပါမည်။)



သားအိမ်အနေအထားနှင့် ပတ်သက်သည့် အချက်များ (Causes related to womb position)

အချို့သော အမျိုးသမီးများတွင် သားအိမ်သည် အရှေ့သို့ ညွတ်နေရမည့်အစား အနောက်ဘက်သို့ လန်နေတတ်သဖြင့် မမျိုးဥအိမ်များသည်လည်း အနောက်ဘက်သို့ လန်နေတတ်သည်။ ကိုယ်အနေအထားပြောင်းလဲခြင်းနှင့် အမျိုးသား၏ လိင်တံကို ယောနိလမ်းကြောင်း အတွင်းထိ ရောက်အောင် လိင်ဆက်ဆံခြင်းပြုလုပ်ပါက သားအိမ်(သို့) မ မျိုးဥများနှင့် ထိမိနိုင်သည်။ အမျိုးသား၏ လိင်တံကို ယောနိလမ်းကြောင်း အတွင်းထိရောက်အောင် လိင်ဆက်ဆံ ခြင်းပြုလုပ်ပါက တင်ပဆုံအတွင်း နက်ရှိုင်းစွာ နာကျင်ခြင်းမှာ ပို၍ထင်ရှားလာပြီး လိင်ဆက်ဆံခြင်းကို ရပ်လိုက်ပါက (သို့) အနေအထားကို ပြောင်းလိုက်ပါက တဖြေးဖြေးသက်သာသွားပေလိမ့်မည်။



အူများကြောင့် နာကျင်ခြင်း (Bowel Pain)

လိင်ဆက်ဆံသည့်အခါ အူများသည်လည်း ထိမိပြီး လှုပ်ရှားနိုင်သည်။ အကယ်၍ အူများသည် တုံ့ပြန်မှုလွန်ကဲပါက လိင်ဆက် ဆံနေစဉ် အူများကြောင့် နာကျင်ခြင်းစတင်ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် Crohn’s Disease ရောဂါရှိသူများ ၊ အူများတွင် အနာဖြစ်၍ ရောင်ခြင်း (သို့) ၀မ်းခဏခဏပျက်ခြင်း (သို့) ၀မ်းခဏခဏချုပ်ခြင်း ဖြစ်ပေါ်၍ ဗိုက်အောင့်သည့် ရောဂါ (Irritable Bowel Syndrom) စသည့် အခြေအနေများတွင် အူများကြောင့် နာကျင်ခြင်းကို ဖြစ်စေနိုင်သည်။ (အထက်ပါရောဂါများ အကြောင်းကို သီးခြားဖော်ပြပေးပါမည်။)



တင်ပဆုံခွက်အတွင်းရှိ အင်္ဂါများရောင်ရမ်းခြင်း (Pelvic Inflammatory Disease)

မမျိုးဥပြွန် ၊ သားအိမ်နှင့် တခါတရံ မ မျိုးဥများရောင်ရမ်းသည့် အခြေအနေတစ်ခုဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ ရောဂါပိုးများ ၀င်ရောက်ခြင်းကြောင့် အထက်ပါနေရာများတွင် ရောင်ရမ်းခြင်းကြောင့် ဖြစ်သည်။ လိင်ဆက်ဆံနေစဉ် ထိုအရာများ ရွေ့လျား တတ်သဖြင့် နာကျင်နိုင်သည်။ တင်ပဆုံခွက်၏ နက်ရှိုင်းသော နေရာများမှ နာကျင်ခြင်းဖြစ်ပြီး အမျိုးသား၏ လိင်တံကို ယောနိ

လမ်းကြောင်း အတွင်းထိရောက်အောင် လိင်ဆက်ဆံ ခြင်းပြုလုပ်ပါက တင်ပဆုံအတွင်း နက်ရှိုင်းစွာ နာကျင်ခြင်းမှာ ပို၍ထင်ရှားလာပြီး လိင်ဆက်ဆံခြင်းကို ရပ်လိုက်ပါက (သို့) အနေအထားကို ပြောင်းလိုက်ပါက တဖြေးဖြေးသက်သာ သွားပေလိမ့်မည်။ တင်ပဆုံခွက်အတွင်းရှိ အင်္ဂါများရောင်ရမ်းခြင်း (Pelvic Inflammatory Disease) ဖြစ်ပါက နေမကောင်း ဖြစ်ပြီး ယောနိလမ်းကြောင်းမှ အရည်များထွက်တတ်သည်။ ( တင်ပဆုံခွက်အတွင်းရှိ အင်္ဂါများရောင်ရမ်းခြင်း (Pelvic Inflam-

matory Disease) ကို သီးခြားဖော်ပြပေးပါမည်။)



ဆီးအိမ်ကြောင့် နာကျင်ခြင်း (Bladder Pain)

ဆီးအိမ်သည် သားအိမ်အပေါ်တွင်ရှိပြီး တင်ပဆုံရိုး၏ အနောက်ဘက် အပေါ်တွင်တည်ရှိသည်။ သားအိမ်ကဲ့သို့ပင် ဆီးအိမ်သည် လိင်ဆက်ဆံနေစဉ် ရွေ့လျားပြီး အဖိခံရနိုင်သည်။ ထို့ကြောင့် ဆီးအိမ်သည် ရောင်နေသည့်အခါ နာကျင်နိုင်သည်။ ဆီးအိမ် ရောင်ခြင်းကို ဖြစ်စေသော အဓိက အကြောင်းအရာများမှာ ဆီးလမ်းကြောင်းပိုး၀င်ခြင်းနှင့် ဆီးအိမ်အတွင်း ရောဂါပိုးများ ၀င်ရောက်ခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုအခြေအနေတွင် ဆီးအိမ်သည် တုံ့ပြန်မှုလွန်ကဲ၍ နာကျင်စေသည်။ ဆီးအိမ်ရောင် ခြင်းသည် ဆီးလမ်းကြောင်းပိုး၀င်ခြင်းနှင့် ဆင်တူသော်လည်း ရောဂါပိုးမရှိဘဲဖြစ်ပေါ်ခြင်း ဖြစ်သည်။



နိဂုံး

လိင်ဆက်ဆံပါက နာကျင်ခြင်းသည် ( လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် တင်ပဆုံခွက်များ အတွင်း နာကျင်ခြင်း) သည် စိတ်မသက်မသာဖြစ်စေ၍ အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်သည်။ ဖြစ်ပေါ်စေသောအကြောင်းတရားအများ စုတွင် ရိုးရှင်းသော အဖြေများရှိသဖြင့် အကယ်၍ ထိုပြဿနာကို ခံစားနေရပါက ဆရာ၀န်နှင့် ပြသသင့်သည်။

Crd to Original uploader

02/12/2023

#ဗိုက်အတွင်းကနေအလုံးကြီးဆူထွက်လာတယ်_လှုပ်လည်းလှုပ်တယ်
#နောက်တော့ပြန်ဝင်သွားတယ်



Hernia ကို အူကျွံတယ်လို့ ခေါ်ပါတယ် (အူကျတယ်လည်း သုံးတတ်ကြပါတယ်)
လူသိများတာကတော့ အမျိုးသားတွေ ပေါင်ခြံနားကနေ ကပ်ပယ်အိတ်ထဲအထိ ဖောင်းဖောင်းကြီးထွက်လာလိုက် ပြန်ဝင်သွားလိုက် ကို အူကျတယ်ဆိုပြီး သိကြပါတယ် (Inguinal Hernia - လို့ခေါ်ပါတယ်)
👉 အလုပ်ကြမ်းလုပ်ပြီး အလေးအပင်မတဲ့ ကာယလုပ်သားတွေ
👉 အသက်ကြီးတဲ့ အဘိုးတွေ အဖြစ်များပါတယ်
အဲ့ဒီ အူကျရောဂါ Inguinal Hernia ကိုတော့ ရောဂါမှန်းသိကြတဲ့ အတွက်ဆရာဝန်ပြပြီး ခွဲစိတ်ကုသမှုခံယူတတ်ကြပါတယ်။

အခု Social Media မှာ လူပြောများနေတဲ့ အရာက Incisional Hernia ဖြစ်ပါလိမ့်မယ်။ အမျိုးသမီးရဲ့ ဗိုက်မှာ ယခင်က ခွဲဖူးထားတဲ့ အမာရွတ် (Scar) ရှိနေလို့ပါ။

Hernia - အူကျွံတယ် ဆိုတာ အူတွေက ဗိုက်အပြင်ကို ထွက်ကျလာတာမဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ အူတွေကို ထုပ်ထားတဲ့ ဝမ်းတွင်းအမြှေးပါး ဆိုတာရှိပါတယ် ၊ အဲ့အပေါ်မှာ ကြွက်သားလွှာ၊ အဆီပြင် ပြီးတော့ အရေပြား အဲ့လို အဆင့်ဆင့် အုပ်ထားတာပါ။

ယခင်က ခွဲစိတ်မှုခံယူဖူးတဲ့အခါ ဝမ်းဗိုက်ကြွက်သားတွေက တချို့နေရာမှာ အားလျော့နေတတ်ပါတယ်။ အဲ့လိုအားလျော့တဲ့ ကြွက်သားတွေကြားထဲကနေ အူ ၊ အပေါ်က ဝမ်းတွင်းအမြှေးပါး က တိုးထွက်လာတဲ့အခါ အရေပြားပေါ်ကနေ အလုံးကြီးဆူထွက်လာတော့တာပေါ့။
အားလျော့တဲ့ နေရာကြီးရင် ထွက်လာတဲ့ အူအထုပ်ကြီးက ကြီးပါတယ်။
ဗိုက်အတွင်းမှာဖိအားများတဲ့အခါ ထွက်လာတာပါ။
- မတ်တပ်ရပ်လိုက်လျှင်
- ဗိုက်ကိုညှစ်လိုက်လျှင်
- အလေးအပင်မလျှင်
- ချောင်းဆိုးလျှင်
- ဆီး/ဝမ်းသွားဖို့ ညှစ်ရလျှင် အပြင်ကိုထွက်လာတတ်ပါတယ်
ရောဂါရဲ့ အစပိုင်းမှာ ပက်လက်ပြန်လှဲပြီး ၊ မညှစ်တော့လျှင် (သို့မဟုတ်) အလုံးအပေါ်က နည်းနည်းဖိပေးလိုက်လျှင် အတွင်းပြန်ဝင်သွားတတ်ပါတယ်။
ဒါပေမယ့် လမ်းထလျှောက်ရင်း ညှစ်မိလျှင် ၊ ချောင်းဆိုးလျှင်၊ အလေးအပင်မလိုက်ရင် ပြန်ထွက်လာပါတယ်။ အဲ့လို ဝင်လိုက်ထွက်လိုက်ဖြစ်နေတဲ့ အခြေအနေကို Reversible Hernia လို့ခေါ်ပါတယ်။
ကြွက်သားကြားထဲက တိုးထွက်လာတာဖြစ်လို့ ပြန်မဝင်နိုင်ရင် အန္တရာယ်များပါတယ် - အဲ့အခြေအနေကို Irreversible Hernia လို့ခေါ်ပါတယ်
ထွက်လာတဲ့အပေါက်ကကျဉ်းပြီး အပြင်ကိုရောက်နေတဲ့ အူပမာဏက များတဲ့အခါ အူအထုပ်ကြီးက လည်ပင်းညှစ်သလိုဖြစ်ပြီး သွေးမရတဲ့အခါ အဲ့အူတွေ သွေးငတ်ပါတယ် သိပ်မကြာခင် အူပုတ်ပါတယ်
🚨 အရမ်းကို အန္တရာယ်များပါတယ် 🚨

ပြန်သွင်းလို့ရတဲ့ အခြေအနေမျိုးမှာ သေသေချာချာထိရောက်ရောက်ကုသမှု ခံယူပါမှ အူပုတ်တဲ့ အန္တရာယ်ကင်းသလို ၊ အသက်အန္တရာယ်ပါကင်းနိုင်မှာပါ

တချို့စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ယုံကြည်မှုရှိတဲ့ သူ ကုသတဲ့အခါမှာ
- ရေတစ်ခွက်သောက်လိုက်တာ
- ပျောက်ပြီ ထထိုင်တော့ ဆိုတဲ့ စကားသံ အကြားမှာ တကယ် သက်သာသွားတတ်ပေမယ့်

အခုလို Organic Lesion လို့ခေါ်တဲ့ တကယ်ရောဂါရှိတဲ့ အခြေအနေမှာ ထိရောက်တဲ့ ကုသမှုကိုတကယ်လိုအပ်ပါတယ်။

ကျန်းမာရေးဗဟုသုတချို့တဲ့ပြီး ငွေကြေးမတတ်နိုင်လို့ ထိရောက်တဲ့ကုသမှုတွေ မယူနိုင်တဲ့ ကျွန်တော်တို့ဟာ Alternative medicine တွေ အားကိုးကြရပါတယ်။
မဖြစ်နိုင်တဲ့ ကိစ္စတွေတော့ မလုပ်ကြပါနဲ့

ဒါပေမယ့် ကံ ကိုပဲ လွှဲချနေတတ်တဲ့ ကျွန်တော်တို့အတွက်တော့ 🥺🥺🥺

(Photo credit; PMJcasereport )
စိတ်၏အေးချမ်းခြင်းမှသည်ကိုယ်၏ကျန်းမာခြင်းဆီသို့
Dr. ဘုန်းစည်သူလွင်

#ဒေါက်တာonline

Photos from Dr.Shwe's post 21/10/2023

သားဥအိမ်၌ရေအိတ်တည်ခြင်း (Ovarian Cyst )

သားဥအိမ်မှာရေအိတ်တည်တာကလည်း အမျိုးသမီးတွေမှာ အပျို အအိုမရွှေးဖြစ်နိုင်ပေမယ့်

ဓမ္မတာရာသီစက်ဝန်းမှုမမှန်သူများ
အသက် ၁၁ /၁၂ နှစ်သမီး ရာသီစောစောဆင်းသူများ
လည်းပင်းကြီးဟော်မုန့်နည်းသူများ
ကိုယ်အပေါ်ပိုင်းအဆီများသူ တို့တွင်အဖြစ်များတတ်ပါတယ်

သားဥအိမ်ရေအိတ်တည်ခြင်း ရောလက္ခဏာတွေကတော့

ဗိုက်နာခြင်း|ဗိုက်အောက်ပိုင်းနာခြင်း
ဗိုက်မသိမသာစူထွက်လာခြင်း
အစာစားများကောင်စွာမစားနိုင်ခြင်း
ရာသီစက်ဝန်းပုံမှန်မဟုတ်ခြင်း
ရာသီမဟုတ်ဘဲသွေးဆင်းခြင်း ( သွေးဆင်းခြင်း
သည်အဝတ်သန့်တစ်ခုကိုစိုစွတ်၍ ၅ မိနစ်ထက်ပို
ကြာသည့် သွေးဆင်းခြင်းကိုခေါ်သည် )
ရောဂါပြင်းထန်ပါက ခါးနာခြင်း ပျိုအန်ခြင်း
ဗိုက်အလွန်အမင်းနာခြင်း( ဗိုက်နာခြင်းသည် သားဥအိမ်မှာ လိမ်ကျခြင်း သိုမဟုတ် ပေါက်ခြင်း ဖြစ်နိုင်သည် )

ထိုလက္ခဏမျိုးဖြစ်ပွားလာရင် ဆေးရုံသို့အမြန်ပြသပါ၊ ကုသမှုခံယူပါ

ကုသမှုမခံယူပါက ကင်ဆာအဖြစ်ဖြစ်သွားခြင်း ရေအိတ်ပေါက်သွားနိုင်ခြင်းများဖစ်တတ်ပါသည်

ဒီလိုမျိုးတွေမဖစ်အောင် ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ သားအိမ်အားကောင်းစေတဲ့ Jolly လေးကိုတစ်နေ့တစ်ကြိမ် ပုံမှန်သောက်ခြင်းဖြင့်

မိန်းကလေးဟော်မုန်း မညီမျှခြင်းကို ထိန်းညှိပေးလို့ ရာသီပုံမှန်လာစေခြင်းဖြင့် ကိုယ့်ကိုယ်ကို ဂရုစိုက်လို့ရပီနော် 😍

#ကူးယူဖော်ပြသည်

#အမျိုးသမီးကျန်းမာရေး

#ကျန်းမာရေးဗဟုသုတ

16/10/2023

မိခင်စား လိုက်တဲ့ အစာ ဟာ
မိခင်ရဲ့ အစာအိမ် နဲ့ အူလမ်းကြောင်းကိုရောက်တယ်။
အူနံရံက အစာထဲမှာ ပါတဲ့ အဟာရတွေ ကိုစုတ်ယူတယ် ။ မိခင် အသည်း ကို ရောက်တယ်။
အသည်းက မလိုတာကို ပယ်။ လိုတာကို စစ်ဆေး ၊ အဆိပ်အတောက် ဖယ်ရှားပြီး မိခင်သွေးထဲ ကို ရောက်တယ်။

အသားဓါတ်ရယ်၊ ကစီဓါတ်ရယ်၊ အဆီဓါတ်ရယ်၊ ဗိုက်တာမင် နဲ့ သတ္ထု ဓါတ်တွေ ရယ် ၊ ရေ ရယ် ရောက်တယ်။ဘာစားစား သွေးထဲ ရောက်တော့ အဟာရပဲ ဖြစ်သွားပြီ။ ချဉ်လည်း မချဉ်တော့ ဘူး၊ စပ်လည်း မစပ်တော့ဘူး။

အဲဒီသွေးထဲကနေ မိခင်ရဲ့ နို့အုံ မှာ နို့ ရည် ကို
စစ်ထုတ်တယ်။ မိခင်နို့ရည် ဆိုတာ ကလေးအတွက်
အမျှတဆုံး အဟာရပဲ။ မိခင်က ဘာစားစား နို့ရည် ဖြစ်တဲ့ အချိန်ကျတော့ အချဉ်လည်း မဟုတ်တော့ဘူး။အစပ်လည်းမဟုတ်တော့ ဘူး။

ကလေး အတွက် မျှတ တဲ့ အသားဓါတ်၊ ကစီဓါတ် အဆီဓါတ်တွေ မျှမျှတတပါအောင် နို့အုံက လုပ်ပေးတယ်။ မိခင်ဘာစားစား နို့ရည်ရဲ့ ဓါတ်သဘာဝ က တော့ အတူတူပဲ ၊ မိခင်က အစားရှောင်ရင်တော့ မိခင် ကိုယ်တိုင် အဟာရ ချို့တဲ့ လာတယ်။

အဓိက က မိခင်သွေးထဲ မှာ အသားဓါတ် ၊
ဗိုက်တာမင် နဲ့ သတ္ထု ဓါတ်တွေ ချို့တဲ့ နေတတ်တယ်။ မိခင်ရဲ့သွေးထဲ မှာ ကလေးကြီး ထွား ကျန်းမာ ဖို့ လိုအပ် တဲ့ ဓါတ်တွေ ချို့တဲ့နေတော့ .....
နို့ ထဲမှာ လည်း လိုအပ်တဲ့ အဟာရတွေ အလုံအလောက် မပါတော့ ဘူး။

အထူးသဖြင့် ကလေး ဟာ ဗိုက်တာမင် ဘီ ချို့တဲ့ရင် အသက် ၅ နှစ် မပြည့်ခင် သေကြတာများတယ်။
မြန်မာပြည်ဟာ ကမ္ဘာ မှာ ငါးနှစ်အောက်ကလေး
သေနှုန်း အများ ဆုံး ဖြစ်နေသေးတယ်။

အကြောင်း ၁ က အဟာရချို့တဲ့ လို့ ။
အကြောင်း ၂ က မသန့်ရှင်းလို့
မိခင်နို့သီးခေါင်း ဆိုတာ ကလေးပါးစပ် ထဲထည့်တာ ... အလွန်သန့်ဖို့လိုတယ်။ ကလေး သုံး ဆပ်ပြာနဲ့ မကြာခဏဆေးပေးရတယ်။ ကလေးကို ကိုင်တဲ့ မိခင် လက် ကိုလည်း ဆပ်ပြာနဲ့ ခဏခဏ ဆေးပေးရတယ်။
ကလေးက သူ့လက် ကိုသူ့ ပါးစပ် ထဲ ထည့်တတ်တယ်။
တွေ့ရာ ကစားစရာ စတာတွေ ကိုလည်း ပါးစပ် ထဲ ထည့်တတ်တယ်။ ကလေးလက်ကိုရော၊
ကလေးကိုင်သမျှ ထိသမျှ
အရာ အား လုံးကိုရော အထူးသန့်အောင် လုပ်ရတယ်။
ကလေးဝမ်းပျက်တာ မသန့်ရှင်း လို့ ၊ အစာမရှောင်လို့ မဟုတ်ဘူး။


Credit Dr U Myo Nyunt
crd

Photos from Dr.Shwe's post 04/07/2023

ကလေးသူငယ်၊ဘိုးဘွားပြုစုစောင့်ရှောက်ရေးဆိုတာ၊အလုပ်တာဝန်အပြင်စေတနာမေတ္တာလေးပါထည့်ပေါင်းရတယ်ကလေးတို့ရေ၊မဟုတ်ရင်မလိုလားအပ်တဲ့ထိခိုက်မှူ့တွေအပြင်ကိုယ်‌လုပ်နေတဲ့အလုပ်ရဲ့ဂုဏ်ကိုပါထိခိုက်စေတတ်ပါတယ်၊အဲဒါလိုအပြုမူတွေကြောင့်မင်မင်တို့ အကူသူနာပြုတွေကုိလူတွေအထင်သေးကြ၊နှိမ်ချင်ကြတာပေါ့ကွယ်၊အရာရာစေတနာလေးထားပီး၊စနစ်တကျအလုပ်လေးလုပ်ပီးကိုယ့်အလုပ်လေးကိုတန်ဖိုးထားကြပါလို့ပြောပါရစေ၊ခုလိုဖစ်ရပ်မျိူးဖစ်ခဲ့ရင်မိဘရင်ထဲဘယ်လောက်တောင်သောကပူတွေရှိနေမလည်း၊နုငယ်လွန်းတဲ့ကလေးလေးကောဘယ်လောက်တောင်နာကျင်နေမလည်းကွယ်၊ပေါ့ဆလွန်းတဲ့သူတစ်ယောက်ကြောင့်ထိခိုက်သွားတဲ့ကလေးလေးဘယ်လောင်တောင်မီးပူနေရှာမလည်း၊အသိနဲ့သတိဆင်ခြင်ပီးစေတနာလေးထားကြပါလို့
👇👇👇👇👇👇👇👇👇
မိဘကိုယ်တိုင်ရေးတဲ့စာလေးပါ
သူများကလေး လေး ဖြစ်ရင်တောင် မကြည့်ရဲဘူး

ကိုယ့်ကလေးကို ကိုယ်အဲ့လို
ဖြစ်မှာစိုးလို့ အိမ်အကူမထိန်းခိုင်းထားဘူး

သူနာပြုတောင်ကိုယ့်ဘာကိုယ် မရှာဘူး...

သားလေး နဲ့ တစ်အိမ်တည်းတူတူထားရင် သမီးလေး
ထိမိ ခိုက်မိ ဒဏ်ရာရမှာစိုးလို့ တစ်အိမ်စီခွဲထားတာ
(အလျား ပေ ၄၀* အနံ ပေ ၆၀) ရှိတဲ့ နှစ်ထပ်အိမ်မှာ

အိမ်တစ်အိမ်လုံး အကျယ်ကြီးကို
အဘွားတစ်ယောက်ရယ်, အိမ်အကူတစ်ယောက်ရယ်
ကလေး(1)ယောက်ရယ်ပဲ ရှိတဲ့အိမ်မှာ

သူနာပြုဆရာမ က...ကလေးမထိန်းဘဲ
ကလေး သူ့ဘာသူအပေါထပ်မှာ သီးသန့်နေတာကို
ကလေးကို အိမ်အကူ ရှိတဲ့ နားကို သွားပို့ပြီး
သူမီးပူတိုက် ပြီးသွားလို့ သူ့နား ထားခဲ့တာတဲ့...

*** မီးပူ က တိုက်ပြီးသွားရင် ချက်ချင်းအေးလား
*** ဆရာမ...မီးပူတိုက်ပြီးပြီးချင်း မီးပူကို
ကိုင်ကြည့်ပါလား ****

အိမ်အကူကို ကလေးထိန်းခိုင်းထားရင်တောင်
ဒါမျိုး ဖြစ်မှာမဟုတ်ဘူး...

အိမ်မှာ အလုပ်ရှုပ်မှာ စိုးလို့
ထမင်းချိုင့်ဆွဲစားတာ..
မီးပူတိုက်ပေးရတာလည်း ဆရာမရဲ့အဝတ်တွေ

ဆရာမက အလုပ်ချိန်လဲ Gym ဆော့
Exercise လုပ်, Tiktok ဆော့ပြီး အမြဲအိပ်နေတရ်
ကလေး အိပ်တဲ့အချိန်လည်း အိပ် ပြီး
ကလေး မအိပ်တဲ့ အချိန်ကျတော့
ဘဲ နဲ့ ဖုန်းပြောနေပြီး ကလေးသူ့ဘာသူ
အပေါ် မှာနေနေတာကို အောက်ထပ်
အိမ်အကူကောင်မလေး လက်ထဲ
လိုက်လိုက်ထိုးထည့်ရတာလဲ???

ကလေး ရှိတဲ့နောက်ကို ကလေးအမေ/အဘွား
စောင့်ကြည့်နေရင် ကလေးပိုက်ပြေးပြီး
လူတွေ အပေါ်ရှိရင် အောက်ဆင်းပြေးတရ်
အောက်ရှိရင် အပေါ်ဆင်းပြေးတရ်....

ကိုယ်က ကိုယ့်ကလေးထိန်းပေးနေကျ
ဆရာမ ခွင့်ခဏ ယူသွားလို့
နောက်လ ပြန်လာမှာပဲ ဆိုပြီး
သူလုပ်ခဲ့တဲ့ (၂၄) မှာ ရက် (၂၀) ကို စောင့်ကြည့်
ပြီး သည်းခံနေတာကို... တော်တော်လုပ်ရက်တရ်

ဆရာမက တောင်းပန်တဲ့စကား က
အဲ့ဒါ ဘာမှ မဖြစ်ပါဘူး ခဏနေကောင်းသွားမှာတဲ့
ဆေးခန်း ပြဖို့မလိုဘူးတဲ့...
တစ်အိမ်လုံးမှာ CCTV တပ်ထားတရ်

ဆရာမ လုပ်သွားတာကို CCTV record က
အကူန်ကြည့်လို့ရတရ်...

ဖြစ်ဖြစ်ချင်း ဘာဆေးမှ မလိမ်းပေး,
ရေခဲလဲမကပ်ပေးဘဲနဲ့ လိမ်ထားပြီး
ကလေး အမေတွေ့မှ အိမ်အကူ ကိုမဆူပါနဲ့လို့
လာပြောတရ်...

အဲ့ဒါဆို လည်း
ဆရာမရယ် သူနာပြုမလုပ်ဘဲ
ကြက်မ ပဲလုပ်စားပါလား

အနာပျောက်မှ ပြန်လွှတ်လို့ ပြောတဲ့အမေကိုလည်း
ဆရာမ ကဘေးအလုပ်ဘာမှ မလုပ်ဘဲ
အိမ်မှာနေပြီး ဒီအနာကြီးမြင်နေရရင်
ကလေး အမေ...ဘယ်လိုခံစားပြီးနေနိုင်မှာလဲ????

ကိုယ့်ကလေးဆို ကိုယ်ဘယ်လိုခံစားရမလဲ???
Crd
တဆင့်ပြန်တင်ပေးတာပါ

Photos from Dr.Shwe's post 18/04/2023

လိင်ဆက်ဆံပြီးချိန် ၊ သုတ်လွတ်နေချိန်တို့တွင် သင့်လိင်တံမှ နာကျဥ်မူ့ကို ခံစားရဖူးပါလား? 🌸

ထိုသို့ နာကျဥ်မူ့ များကို အဓိက အဖြစ်များစေသော အကြောင်းများမှာ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းအောက်ပိုင်းရောင်ရမ်းပြီး ပိတ်ဆို့ မူ့ဖြစ်စေခြင်းတို့ ဖြစ်သည်။ အချို့မှာလည်း စိတ်ခံစားမူ့ တခုခုကြောင့်နာတာလည်း ဖြစ်နိုင်ပါသည်။
အဖြစ်များသော အကြောင်းအရာများကိုတင်ပြအပ်ပါသည်။

🍌 ပွတ်တိုက်မူ့များခြင်း
လိင်ဆက်ဆံစဥ်တွင် ပြင်းထန်သော အားအင်ဖြင့် စိတ်လိုက်မာန်ပါ ဆက်ဆံမိပါက လိင်တံနာကျဥ်မူ့ကိုဖြစ်စေနိုင်ပါသည်။ ထိုသို့မဖြစ်စေရန် သင့်တော်ကောင်းမွန်သော ချောဆီ ဂျလ်များသုံးပေးသင့်ပါသည်။

🍌 ဓါတ်မတည့်ခြင်း
လိင်ဆံရာတွင်အသုံးပြုသော ကွန်ဒုံး ၊ မတု စသည့် စီလီကွန် ရာဘာ များနှင့် ဓာတ်မတည့်ပါကလည်း အနှေးနှင့်အမြန် လိင်တံကို နာကျဥ်စေပါသည်။

🍌 ဆီးကျိတ်ရောင်ခြင်း၊
ဆီးကျိတ်ရောင်ပါကလည်း သုတ်လွှတ်ပြီးလျှင် လိင်တံကို နာကျဥ်စေတတ်ပါသည်။

🍌 ထိပ်အရေပြား ငုံနေခြင်း
အချို့ မှာ အရေပြားငုံလျက်နှင့်ပင် လိင်ဆက်ဆံခြင်းကြောင့် အရေပြား ကွဲအက်ရောင်ကိုင်းခြင်းဖြစ်စေ၍ လိင်တံကို နာကျဥ်စေပါသည်။ အရေပြားဖြတ်ဖွင့်ပေးခြင်းသာလျှင် တခုတည်းသော ကုသမူ့ဖြစ်သော်လည်း လတ်တလော မဖြတ်နိုင်သေးလျှင် ကွန်ဒုံးနှင့် ချောဆီကိုသုံး၍ ဆက်ဆံသင့်ပါသည်။

🍌ထိပ်ဖူးရောင်ခြင်း

လိင်တံ ထိပ်ဖူးရောင်ပါက နာကျဥ်ခြင်း၊ဖောင်းကားခြင်း၊ ယားယံခြင်း၊ အရောင်ပြောင်းခြင်း တို့ကို လိင်ဆက်ဆံပြီးရက်အနည်းငယ်တွင် တွေ့ရတတ်ပါသည်။ တကိုယ်ရည်သန့်ရှင်းမူ့ အားနည်းခြင်း၊ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဓာတ်မတည့်မူ့ကြောင့် ထိပ်ဖူးရောင်စေနိုင်ပါသည်။ ထိပ်ဖူး မရောင်စေရန် လိင်ဆက်ဆံပြီးပါက လိင်တံကိုသေခြာ ဆေးကြောပေးသင့်ပါသည်။

🍌ကာလသားရောဂါ ဖြစ်ခြင်း

စစ်ဖလစ်၊ ဂနို ၊ ရေယုံ စသည့် ကာလသားရောဂါများဖြစ်ပါက လိင်တံတွင် ပူလောင်နာကျဥ်ခြင်း၊ အဖြူဆင်းခြင်း၊ ဆီးပူခြင်း၊ လိင်တံနှင့်စအို တဝိုက်တွင် အရေကြည်ဖု နှင့်အကြိတ်များထွက်ခြင်း၊ အိမ်သာမကြာခန သွားရခြင်း တို့ ဖြစ်စေပါသည်။

🍌ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊
ဆီးလမ်းကြောင်းပိုးဝင်ပါက ဗိုက် တင်ပဆုံ ခါးအောက်ပိုင်းနာခြင်း၊
ဆီးမကြာခန သွားချင်နေခြင်း၊ ဆီးပူခြင်း၊ ဆီး နောက်နေခြင်း၊ ဆီးအနံ့ဆိုးခြင်းတို့ တွေ့ရတတ်ပါသည်။

🍆 လိင်တံနာပါက အိမ်မှာ ဘယ်လိုဂရုစိုက်ပေးရမလဲ

🍌 လိင်တံနဲ့အရေပြားအောက်ကို ရေနွေးနွေးဖြင့်ဆေးကြောပေးပါ။
🍌 ရေချိုးပြိီးတိုင်း အိမ်သာ၀င်ပြီးတိုင်း ထိပ်ဖူးကို ခြောက်သွေ့အောင်သုတ်ပေးပါ။
🍌 ကိုက်ခဲနေပါက ဆားရည်ဖြင့်ဆေးပေးပါ။
🍌 ပါရာစီတမောကဲ့သို့ အိမ်သုံး အကိုက်ခဲပျောက်ဆေးကို နာကျဥ်မူ့ သက်သာစေရန်သောက်ထားနိုင်ပါသည်။

🍆လိင်တံနာကျဥ်မူ့မှ ကာကွယ်ရန်

🍌ပြင်းထန်သော စိတ်လိုက်မာန်ပါ လိင်ဆက်ဆံမူ့ကိုရှောင်ပါ။
🍌 လိင်ဆက်ဆံစဥ် ဆီမဟုတ်သည့် ဂျလ်ချောဆီကိုသာသုံးပါ။
🍌 ဓာတ်မတည့်သည့် ရာဘာသားပါသော ကွန်ဒုံးကိုရှောင်ပါ။
🍌တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။
🍌ကာလသားရောဂါ ရှိမရှိ ဆက်ဆံဖော်နဲ့ အတူ ပုံမှန်စစ်ဆေးပေးပါ။

🍆ဘယ်အချိန်မှာ ဆရာ၀န်နဲ့ပြဖို့လိုပြီလဲ
🍌 ပြင်းထန်သော ဓာတ်မတည့်မူ့ဖြစ်ခြင်း၊
🍌လိင်တံ ပြင်းထန်စွာ ဒါန်ရာ ရခြင်း၊
🍌 ဝမ်းဗိုက်နှင့် ဆီးလမ်းကြောင်းတွင်ပြင်းထန်စွာနာကျဥ်ခြင်း၊
🍌ချမ်းတုံဖျားခြင်း၊
🍌ဆီးလုံးဝ သွားမရခြင်း၊
🍌ဆီးထဲတွင်သွေးပါခြင်း

များရှိပါက ဆရာဝန်နှင့်အမြန်ပြသပါ။

အချုပ်အားဖြင့်ဆိုရသော်
လိင်ဆက်ဆံအပြီး လိင်တံ နာခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး သာမန် အရေးမကြီးသော အကြောင်းကြောင့် ဖြစ်နိုင်သလို အန္တရယ်ရှိသော အကြောင်းများလည်းဖြစ်နိုင်သည်မို့ အိမ်တွင်ဆေးသောက်ကုသ၍ မသက်သာပါက ဆရာဝန်နှင့် စောလျှင်စွာပြသ သင့်ပါကြောင်း။

DR. KYAW
20 March 2023

# လိင်တံနာခြင်း

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

#ဗိုက်အတွင်းကနေအလုံးကြီးဆူထွက်လာတယ်_လှုပ်လည်းလှုပ်တယ်#နောက်တော့ပြန်ဝင်သွားတယ်          #Incisional_Hernia          Herni...

Telephone

Website

Address


Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Other Home Health Care Services in Yangon (show all)
အသောက - ATK Clinic and Pharmacy အသောက - ATK Clinic and Pharmacy
6A/No-387/Thudhamma Road
Yangon

Hinthar A Linn -Yangon School Hinthar A Linn -Yangon School
No. 1194, 4th Floor(B), Pinlon Road, 35th Qtr. , North Dagon Township
Yangon, 11191

သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင?

Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု
Hnin Si Street Alal Village
Yangon, 11401

မိမိအမျိုးထဲဆရာ၀န်တစ်ယောက်ရှိနေသက?

Than Aung Than Aung
Yangon, 05061

Kitchen Accessories Kitchen Accessories
Yangon, 22141

Kitchen Accessories / Home Furniture/ Bathroom Accessories/

Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း
No(22) Building No(4) Insein Road Hlaing Township
Yangon

ကျွမ်းကျင်စွာတက်မြောက်စေဖို့ central မှတာဝန်ယူသင်ကြားပေးပါမယ်❤

ရွက်သစ် ဆေးခန်း - Ywat Thit Specialist Clinic ရွက်သစ် ဆေးခန်း - Ywat Thit Specialist Clinic
No. 19, Padaythar Street, 8 Quarter, Kamayut Township
Yangon, 11041

Specialist ဆရာဝန်ကြီးများ၏ အထူးကု ဆေးခန်း

Nightingale Nursing Nightingale Nursing
Yangon, 18111

Health Caregiver Service throughout Myanmar

မရှက်နဲ့ သားကြီးတို့ by Dr.Kyaw မရှက်နဲ့ သားကြီးတို့ by Dr.Kyaw
Yangon

မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သ?

Chanthar Thukha Clinic & Training Center Chanthar Thukha Clinic & Training Center
Chanthar Thukha Clinic, No (863), No(4) Yin Mar Street, No (12) Quarter, Shwe Pyi Thar
Yangon, 11211

လူနာနဲ့ လက်တွေ့ ထိတွေ့သင်ကြားရမယ့်အပြင် ဆရာဝန်တွေကိုယ်တိုင် အနီးကပ် သင်ပေးမယ့် သင်တန်းဆိုတော့.......

Super Nurse Caregiver & Pharmacist Training Center Hledan-1 Super Nurse Caregiver & Pharmacist Training Center Hledan-1
33, 4th Floor, U Tun Lin Chann Street, Hledan , 1 Qtr, Kamayut Tsp
Yangon