Al Noor Online Quran Tajweed & Makatab Classes

အစ္စလာမ့်အခြေခံသိမှတ်ဖွယ်ရာများကိုဝင်ရောက်လေ့လာနိုင်ပါသည်။

14/06/2024

မွန်မြတ်လှတဲ့ ဂျုမုအဟ်နေ့မှာ ချစ်နဗီﷺပေါ်ဒရူးဒ်ပို့ကြပါ။
စူရာဟ်ကဟဖ် ဖတ်ကြပါ။

12/06/2024

✍️ ဇွလ်ဟဂ်ျလ (၇)ရက်နှင့် (၈)ရက်နေ့ကြားည၌ အလ္လာဟ်အရှင်မြတ်က တမန်တော်အီဗရာဟီးမ် (အ)အား အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုရရှိရေးအတွက် မိမိ၏အချစ်ဆုံးအရာကို "ဇဗာဟ်" ပြု "ကုရ်ဘာနီ" လုပ်ရန်အတွက် အိပ်မက်ဖြင့် အသိပေးမိန့်ကြားတော်မူ၏။ ၎င်းနေ့‌တွင် တမန်တော်အီဗရာဟီးမ် (အ) ကအဆိုပါအိပ်မက်သည် မိမိချစ်သား အစ္စမာအီးလ် (အ) နှင့်ပတ်သက်နေကြောင်းကို ဒွိဟသံသယဖြစ်ခဲ့ပါသည်။ သို့ပါ၍အစ္စလာမ်သာသနာတွင် ထိုနေ့ကို "ယောင်ဝ်မူသ်သရ်ဝီယဟ်" ဟုခေါ်ဆိုပါသည်။

✍️ တစ်ဖန် ဇွလ်ဟဂျ်လ (၈)ရက်နေ့နှင့် (၉)ရက်နေ့အလယ်ကြားညတွင် တမန်တော်အီဗရာဟီးမ်(အ)မှာ ထိုနည်းတူပင်အိပ်မက်မြင်မက်ခဲ့ပြန်သည်။ တမန်တော်အီဗရာဟီးမ်(အ)သည် မိမိအိပ်မက်နှစ်ရပ်စလုံးကို ဆက်စပ်ပြီး မိမိ၏အချစ်ဆုံးအရာကို စဉ်းစားကြည့်ရာ ထိုအရာမှာ မိမိ၏ချစ်သားတော် အစ္စမာအီးလ်(အ) ပင်ဖြစ်ကြောင်းကို တိကျရေရာစွာ သိရှိခဲ့ပါသည်။ သို့ပါ၍ ထိုနေ့ကို
"ယောင်ဝ်မူလ်အာရဖာဟ်" ဟု ခေါ်ဆိုပါသည်။

မော်လနာ မိုဟမ္မဒ် အဗ္ဗါးစ် (ကာစီမီ) ရေးသားသော
"နဗီတမန်တော်များ၏အတ္ထုပ္ပတ္တိ" စာအုပ်မှ ကောက်နုတ်ရေးသားပါသည်။
🫶 Al Noor Online Quran Tajweed & Makatab Classes

11/06/2024

သက်ဗိရ်သရှ်ရိက်

ဇွလ်ဟဂ်ျလ (၉)ရက်နေ့ ဖဂျရ်အချိန်မှစပြီး ဇွလ်ဟဂ်ျလ (၁၃)ရက်နေ့ အဆွရ်အချိန်ထိ

အမျိုးသားများက အသံထုတ်ပြီး၊အမျိုးသမီးများက တီးတိုးစွာ

အောက်ပါသက်ဗိရ်ကို တစ်ကြိမ် ဖတ်ရပါမည်။

اَللّٰهُ اَكبر اَللّٰهُ اَكبر لَا اِلٰہَ اِلَّااللّٰهُ وَاللّٰهُ اَكبر اَللّٰهُ اَكبر. وَلِلّٰهِ الحَمدُ

Al Noor Online Quran Tajweed & Makatab Classes ✍️

11/06/2024

Photo Crd

08/06/2024

မြန်မာနိုင်ငံတွင် ယနေ့ည ဇုလ်ဟဂျ်လ၏
ဆန်းဦးစ "လ" မမြင်တွေ့ပါသဖြင့်

( 9 - 6 - 2024 ) တနဂ်နွေနေ့သည်
ဇုလ်ဟဂျ်လ ( 1 ) ရက်နေ့ဖြစ်၏၊

( 17 - 6 - 2024 ) တနလ်ာနေ့သည်
ဇုလ်ဟဂျ်လ (9) ရက် "အာရဖဟ်"နေ့ဖြစ်၏၊

( 18 - 6 - 2024 ) အဂ်ါနေ့သည်
ဇုလ်ဟဂျ်လ (10) ရက်
"အီဒုလ်အဒွ်ဟာ" (ကုရ်ဘာနီအီးဒ်နေ့ )ဖြစ်၏၊

🗓️ ထို့ကြောင့် 17.6.2024 နှင့် 18.6.2024 တို့အား ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပါသည်။

08/06/2024
03/06/2024

ခုမှကုရ်အာန်စတက်တဲ့ကလေးလေး 🤎

Photos from Al Noor Online Quran Tajweed & Makatab Classes's post 16/05/2024

တစ်ဦးချင်းစီသင်ကြားမှုမှကလေးအချို့ စာသင်ကြားနေသည့်ပုံရိပ်များ

20/04/2024

One by One Class

13/04/2024

22.4.2024 ရက်နေ့မှစ၍ Online Quran Tajweed အတန်းအား ပုံမှန် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း ကျောင်းသား/သူ ဟောင်းများနှင့် အသစ်အပ်မည့် ကျောင်းသား/သူ များအားသတင်းကောင်းပါးအပ်ပါသည်။
အသစ်အပ်မည့်ကျောင်းသား/သူများ Page Messenger မှသော်လည်းကောင်း၊ Viber, Whatsapp တို့မှလည်းကောင်း အပ်နှံနိုင်ပါပြီရှင်။

Ph : 09967803751

10/04/2024

السَّلَام عَلَيْكُم وَرَحْمَةُ اَللهِ وَبَرَكاتُهُ‎🌸
تَقَبَّلَ اللّهُ مِنَّ وَ مِنْكُمْ. ❤️

10/04/2024

ဟိဂ်ျရီသက္ကရာဇ် (၁၄၄၅)၊ ရှောင်ဝလ်လ (၁)ရက်နေ့သည် (အီဒွလ်ဖိသွိရ်) နေ့ဖြစ်ပါသည်။ ထို့ကြောင့် (၁၁.၄.၂၀၂၄) ကြာသပတေးနေ့ အား အတန်းများအားလုံးပိတ်ပါမည်။

21/03/2024

စဲဟ်ရီအပြီး အတန်းသင်...🤎

14/03/2024

🙋 အမျိုးသမီးသက်ကြီး ကုရ်အာန်သဂ်ျဝီးဒ်သင်တန်း

📌 ကျမ်းတော်မြတ်ကုရ်အာန်အား သဂ်ျဝီးဒ်နှင့်တကွအခြေခံမှစပြီး သေသေချာချာ သင်ကြားပေးမည်ဖြစ်ပါသည်။

📌 ကျမ်းတော်မြတ်ကုရ်အာန်အား သဂ်ျဝီးဒ်နှင့်ဌာန်ကရိုဏ်း ကျကျ မဖတ်တတ်သူများ။ ငယ်စဉ်အခါက အကြောင်းအမျိုးမျိုးကြောင့်မသင်ခဲ့ရသူများတတ်ရောက်သင့်ပါသည်။
အခြေခံမှစပြီး သင်ကြာမည်ဖြစ်သောကြောင့် လုံးဝ မတတ်သူများလဲတတ်ရောက်နိုင်ပါသည်။
ရုံးချိန်လွတ်သင်ကြားမည်ဖြစ်ပါသဖြင့် ရုံးသမားများလဲ တတ်ရောက်နိုင်ပါသည်။

📌 သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးသည်အထိတက်ရောက်သင်ကြားရပါမည်။

📌 Zoom Meeting ဖြင့်တိုက်ရိုက်သင်ကြားမည်ဖြစ်သောကြောင့် သင်ခန်းစာများအား Record ယူနိုင်ပါသည်။

✍️ တစ်ပတ်လျှင် (၃) ရက်၊ တစ်နေ့ (၁) နာရီ လစဉ်ကြေး (၂၀၀၀၀) ကျပ်ဖြစ်ပါသည်။

✍️ သင်တန်းစတင်အပ်နှံလို့ရပါပြီ။ ရမ်ဇန်အပြီး တွင် သင်တန်းစတင်ဖွင့်လှစ်ပါမည်။

သင်ကြားမည့်ဆရာမ
- ကာရီအဟ် ဘရ်ကသ်ဘီ (ခ) နွယ်နီသိန်း
- B.A (Myanmar), Diploma in Business Management & Diploma in HR Management

14/03/2024

شَہۡرُ رَمَضَانَ الَّذِیۡۤ اُنۡزِلَ فِیۡہِ الۡقُرۡاٰنُ ہُدًی لِّلنَّاسِ وَ بَیِّنٰتٍ مِّنَ الۡہُدٰی وَ الۡفُرۡقَانِ ۚ فَمَنۡ شَہِدَ ‏ مِنۡکُمُ الشَّہۡرَ فَلۡیَصُمۡہُ ؕ وَ مَنۡ کَانَ مَرِیۡضًا اَوۡ عَلٰی سَفَرٍ فَعِدَّۃٌ مِّنۡ اَیَّامٍ اُخَرَ ؕ یُرِیۡدُ اللّٰہُ بِکُمُ الۡیُسۡرَ ‏ وَ لَا یُرِیۡدُ بِکُمُ الۡعُسۡرَ ۫ وَ لِتُکۡمِلُوا الۡعِدَّۃَ وَ لِتُکَبِّرُوا اللّٰہَ عَلٰی مَا ہَدٰىکُمۡ وَ لَعَلَّکُمۡ تَشۡکُرُوۡنَ ﴿۱۸۵﴾ ‏

(၁၈၅) ရမဿွာန်လသည် ကုရ်အာန် ကျမ်းတော်မြတ် ချပေးခြင်းခံရသည့်လ ဖြစ်သည်။ (ထိုကျမ်းတော်သည်) လူသားများ (အားလုံး)အတွက် လမ်းမှန် ညွှန်ကြားပြသချက်၊ ၎င်းပြင် တရားလမ်းမှန်နှင့် အမှားအမှန် ခွဲခြားသိစေမှု၏ ထင်ရှားသည့် သက်သေ လက္ခဏာများပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့ထဲမှ မည်သူမဆို ထိုလနှင့် ကြုံကြိုက်ခဲ့လျှင် ထိုသူသည် ထိုလ (တစ်လလုံး)ကို စွောင်မ် ဥပုသ်စောင့်ထိန်းရမည်။ ထို့ပြင် အသင်တို့ထဲမှ မည်သူမဆို ရောဂါသည် ဖြစ်နေခြင်း သို့မဟုတ် ခရီးတွင်ရှိနေခြင်းကြောင့် (စွောင်မ်ဥပုသ် မစောင့်ထိန်းဘဲ နေခဲ့လျှင် ထိုသူ၏အပေါ်တွင်) အခြားရက်များ၌ (သူပျက်ကွက်ခဲ့သည့်) အရေအတွက်နှင့် အမျှ (စောင့်ထိန်းရမည်) ဖြစ်သည်။ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အတွက် လွယ်ကူမှုကိုသာ လိုလားတော်မူပြီး အသင်တို့အတွက် ခက်ခဲမှုကို လိုလားတော်မမူပေ။ ထို့ပြင် အသင်တို့ (ပျက်ကွက်ခဲ့သည့် နေ့ရက်) အရေအတွက်ကို ဖြည့်စေရန်နှင့် အရှင်မြတ်က အသင်တို့အား ညွှန်ကြားပြသထားသည့် နည်းလမ်းအတိုင်း အသင်တို့သည် အလ္လာဟ် အရှင်မြတ်အား ကြီးကျယ် မြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန်အတွက် ဖြစ်သည်။ ၎င်းပြင် အသင်တို့ ကျေးဇူးတင်ကြရန် အတွက်လည်း ဖြစ်သည်။ Quran 2:185

11/03/2024

𝐑𝐀𝐌𝐀𝐃𝐀𝐍 𝐌𝐔𝐁𝐀𝐑𝐀𝐊 ☪️

08/03/2024

🙋ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် (76:1~5) အာယသ်ကိုဖတ်ပြထားခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ်များကိုလဲ အောက်မှာ ရေးသားပြထားပါတယ်။

အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ် အရှင်မြတ်၏ နာမတော်ဖြင့် (ကျွန်ုပ် အစပြုပါသည်)။

(၁) လူသား၏ အပေါ်တွင် ခေတ်ကာလထဲမှ အချိန်တစ်ချိန်သည် အမှန်စင်စစ် ရောက်ရှိခဲ့သည်။ ထိုလူသားသည် (ထိုအချိန်တွင်) ပြောပလောက်သော အရာတစ်ခုပင် မဟုတ်ခဲ့ပေ။

(၂) အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကို စမ်းသပ်တော်မူရန် အတွက် ရောနှော ပေါင်းစပ်ထားသော သုက်ရည်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် သူ့အား ကြားသောသူ၊ မြင်သောသူအဖြစ် ပြုလုပ်တော်မူခဲ့သည်။

(၃) အမှန်စင်စစ် ငါအရှင်မြတ်သည် သူ့အား လမ်းမှန် ပြသတော်မူခဲ့သည်။ (ထို့နောက်) သူသည် ကျေးဇူး သိတတ်သူ ဖြစ်မည်၊ သို့မဟုတ် ကျေးဇူး ကန်းသူ ဖြစ်မည်။

(၄) အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအတွက် သံကြိုးများ၊ လည်ကွင်းစွပ်များနှင့် ဟုန်းဟုန်းတောက်နေသည့် မီးကို အသင့် ပြုလုပ်ထားတော်မူသည်။

(၅) အမှန်စင်စစ် ကောင်းမြတ်သော သူများသည် ပရုတ်ရောစပ်ထားသော အရက် အပြည့်အလျှံ ထည့်ထားသည့် ခွက်ထဲမှ သောက်သုံးကြမည်။

25/02/2024

ကျောင်းသား/သူများအားအသိပေးကြော်ငြာခြင်း။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့နှင့် (၂၆)ရက်နေ့ (တနဂ်နွေနေ့နှင့် တနလာ်နေ့)ကြားညသည် ရှဗေဗရာအသ်ညမြတ် ဖြစ်ပါသဖြင့် ကျောင်းသား/သူများအား (၂၆.၂.၂၀၂၄) တနလာ်နေ့အား ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပါသည်။

Al Noor Online Quran Tajweed & Makatab Classes

15/02/2024

👏Congratulations သမီးငယ် Elliza 👏

✍️USA မှ Zoom Meeting ဖြင့်သင်ကြားနေသောကလေးငယ်ဖြစ်ပါတယ်။

✍️ (7) လအတွင်းပျက်ရက်မရှိ အတန်းမှန်မှန်တက် ပြီး စာကြိုးစားတဲ့ကလေး၊ ထူးချွန်ထက်မြတ် တဲ့ကလေး၊ သာသနာ့ပညာသင်ယူရာမှာတက်ကြွပြီး အမြဲသင်ယူလိုစိတ်ပြင်းပြသောကလေးဒိထပ်ပိုပြီး အေလင်မ်ပညာကိုသင်ယူနိုင်ပါစေ။

✍️ ကုရ်အာန်ဖတ်ရွတ်ရာမှာလဲ အလ္လာဟ်အရှင်မြတ်အလိုတော်နှင့် လွယ်ကူမှုပေးပါစေ။ အာမီးန်🤲

👉 အခုလိုကလေးငယ်လေးတွေရော၊ လူကြီးများပါမကျန် သာသနာ့ပညာကို စနစ်တကျ သင်ယူလိုလျင် Al Noor Online Quran Tajweed & Makatab Classes ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09 967 803751

Fb Page - Al Noor Online Quran Tajweed & Makatab Classes

YouTube - https://www.youtube.com/

14/02/2024

ဆရာမ ကာရီအဟ် ဘရ်ကသ်ဘီ (ခ) နွယ်နီသိန်း ဆိုပြထားတဲ့ အာယသွလ်ကုရ်စီပါ။ လိုက်ဆို၍လေ့ကျင့်နိုင်ပါတယ်

Photos from Al Noor Online Quran Tajweed & Makatab Classes's post 11/02/2024

ကလေးငယ်လေးတွေကနေစပြီး လူကြီးအထိ သင်ပေးပါတယ်🤎
Zoom ဖြင့် သင်ကြားပေးမှု

08/02/2024

📖ကျမ်းတော်မြတ်ကုရ်အာန်ဖတ်သည့်အခါ ဇဗရ်၊ဇေရ်၊ပေ့ရှ် မှားဖတ်လျှင် ဘာဖြစ်တတ်လဲ....?

📖အဲ့လိုမှားဖတ်တာကရော ဘယ်လိုအမှားထဲမှာပါတတ်လဲ......?

👉Video လေးကိုကြည့်လိုက်ရအောင်နော်
YouTube Channel လေးကိုလဲ Subscribe လုပ်ပေးထားပါဦးနော်

https://www.youtube.com/

https://youtu.be/mtwGwjqP7QU

Photos from Al Noor Online Quran Tajweed & Makatab Classes's post 03/02/2024

Zoom ဖြင့် သင်ယူနေသောကလေးငယ်လေးများ

02/02/2024

YouTube Channel လေးကို Subscribe လုပ်ပေးပါဦးနော် သိချင်တာလေးကို comments မှာမေးမြန်းနိုင်ပါသည်

https://www.youtube.com/

01/02/2024

သဂျ်ဝီးဒ်ဆိုတာဘာလဲ?
သဂ်ျဝီးဒ်ဆိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန်ကိုဖတ်ရွတ်ရာတွင်မှန်မှန်ကန်ကန်နှင့်ဌာန်ကရိုဏ်းကျကျဖတ်ရွတ်ခြင်းပဲဖြစ်ပါသည်

စာလုံးတိုင်းစာလုံးတိုင်းကို (မခ်ရဂ်ျ) အသံထွက်သည့်နေရာမှန်ကန်ပြီး (ဆွီဖသ်) အချင်းလက္ခဏာများနှင့်တကွဖတ်ရွတ်ရပေမည်။

ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်နံပါတ် (၇၃)၊ အာယသ်နံပါတ် (၄) တွင် အလ္လာဟ်အရှင်မြတ်က အောက်ပါအတိုင်းအမိန့်ပေးထားသည်။

وَ رَتِّلِ الۡقُرۡاٰنَ تَرۡتِیۡلًا ؕ﴿۴﴾ ‏
ထို့ပြင် အသင်သည် ကုရ်အာန် ကျမ်းတော်မြတ်ကို (သရ်သီလ်ဖြင့်) ဌာန်ကရိုဏ်းကျကျ ဖတ်ရွတ်ပါ။

ကျမ်းတော်မြတ်ကုရ်အာန်ကို သဂ်ျဝီးဒ်ဖြင့်သင်ယူရန်မှာ မွတ်စ်လင်မ် အမျိုးသား၊ အမျိုးသမီးတိုင်းအတွက် ဖရပ်ဇ်တာဝန်ဖြစ်ပါသည်။

ထို့ကြောင့်သဂ်ျဝီးဒ်ဖြင့် မဖတ်တတ်ပါက လေ့လာသင်ယူသင့်ပါသည်။

နောက်များတွင်လဲ အလျဉ်းသင့်သလို သဂ်ျဝီးဒ်နဲ့ပတ်သက်သည်များကို မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးတိုင်းလေ့လာနိုင်ရန်အတွက် တင်ပြပေးပါမည်။

31/01/2024

🔖ကိုယ်တော်မြတ်ﷺမအ်ရာဂ်ျကောင်းကင်ဘုံသို့ကြွမြန်းတော်မူခြင်း🔖

တမန်တော်မြတ်ﷺသည် မေ့အ်ရာဂ်ျည၌ဗိုင်သွလ်မုကဒက်စ်ကျောင်းတော်တွင်နဗီတမန်တော်အပေါင်း၏အေမာမ်ရှေ့ဆောင်ပြုတော်မူခဲ့၏။

တမန်တော်မြတ်ﷺမိန့်တော်မူသည်မှာ. . .

'နမာဇ်ဝတ်ပြုချိန်ရောက်လာသောအခါ
ငါကိုယ်တော်သည် နဗီအပေါင်း၏
ရှေ့ဆောင်ပြုတော်မူခဲ့၏။'
(မစ်ရှ်ကားသ်ကျမ်း တွဲ ၂/စာ ၅၃၀)

ဆိုလိုသည်မှာ ထိုညတွင်တမန်တော်မြတ်ﷺသည် ဂျိဗ်ရာအီးလ်(အ)နှင့်အတူဗိုင်သွလ်မုကဒက်စ်ဝတ်ကျောင်းတော်သို့ရောက်ရှိကြသည်။

ထိုအခါ ဂျိဗ်ရာအီလ်(အ)သည် ဗိုင်သွလ်မုကဒက်စ်၏ 'ဆွခ်ရာ' မည်သောနေရာတွင် မတ်တပ်ရပ်၍အဇာန်ပေးတော်မူ၏။ဂျိဗ်ရာအီလ်(အ)၏ အဇာန်ပေးသံဖြင့် မိုးကောင်းကင်တံခါးများပွင့်သွားခဲ့လေ၏။
ထို့နောက်ကောင်းကင်တမန်တော်များရောက်ရှိလာကြကုန်၏။အဘယ်မျှပင်ဆိုသော် ဗလီဝတ်ကျောင်း
တော်တစ်ခုလုံး မြေပြင်မှ မိုးကောင်းကင်အထိ
ပြည့်နှက်သွားလေ၏။

တဖန် ဂျိဗ်ရာအီလ်(အ)သည် သက္ကဗီရ်ရွတ်ဆိုလေတော့၏။ဤတွင် နမာဇ်ဝတ်ပြုမည့်နဗီတမန်တော်များ ကောင်းကင်တမန်တော်များ ဆွာဖ် အတန်းများအားတန်းကြလေတော့၏။

သို့သော် ထိုအချိန်တွင်ရှေ့ဆောင်အေမာမ်အဖြစ်
ဝတ်ပြုမည့်သူ၏နေရာသည် လစ်လပ်လျှက်ရှိ
နေလေ၏။မည်သူတစ်ဦးတစ်ယောက်မှ ထိုနေရာသို့မသွားဝံ့ခဲ့ပေ။

သို့သော်နဗီတမန်တော်တိုင်း၏စိတ်နှလုံးတွင် ရှေ့ဆောင်အေမာမ်ပြုလိုစိတ် ကိုယ်စီကိုယ်စီရှိကြလေ၏။ထိုအချိန်တွင် ဂျိဗ်ရာအီလ်(အ)သည်ဆွာဖ်အတန်းမှအပြင်သို့ထွက်ကာတမန်တော်မြတ်ﷺ၏လက်တော်အားကိုင်တွယ်၍ . . .

'အို. .အိမာမုလ်အောင်ဝလီးန်နှင့်အားခိရီးန်ﷺသခင်
မုဆွလ္လာဟ်အခင်းပေါ်သို့ ကြွမြန်းတော်မူပါ။

ကိုယ်တော်သည် မည်သူ့အားစောင့်ဆိုင်းနေရပါသနည်း၊ ဘာလဲကိုယ်တော့်ထက်သာမြတ်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်များ လာရောက်ရန်
ရှိပါသလော? ကျွန်ုပ်သည် ရဗ်ဗုလ်အိဇ်ဇသ် အား
ကျိမ်တွယ်၍ပြောဆိုပါ၏။ကျွန်တော်မျိုးသည်
အရှေ့အရပ်မှ အနောက်အရပ်သို့၎င်း၊တောင်အရပ်မှမြောက်အရပ်သို့၎င်း၊ ပထဝီမြေပြင်မှမိုးကောင်းကင်အထိသော်၎င်း ပျံသန်းခဲ့ပါ၏။သို့သော် ကိုယ်တော့်ထက်သာပို၍မြင့်မြတ်သူ တစ်ဦးတစ်ယောက်ကိုမှမတွေ့ရှိခဲ့ပါ။ယနေ့ အေမာမ်ရှေ့ဆောင်ပြုထိုက်သူမှာ ကိုယ်တော်ပင်ဖြစ်ပါသည်။ ဟုလျှောက်တင်ကာ ဂျိဗ်ရာအီလ်(အ)သည် ကိုယ်တော့်ﷺအား နမာဇ်အခင်းပေါ်သို့ရပ်စေတော်မူလိုက်၏။

ထိုအခါ ကိုယ်တော်ﷺသည်နမာဇ်၂ရကအသ်အား ရှေ့ဆောင်ဝတ်ပြု၍စလာမ်လှည့်ပြီးသောအခါ
ဂျိဗ်ရာအီလ်(အ) က. . .

' အို. . .ရစူလ်အပေါင်းတို့၏ခေါင်းဆောင်ယခုအချိန် ကိုယ်တော့်၏နောက်တွင်မည်သူများရှိကြသည်ကို
ကိုယ်တော်ﷺ သိတော်မူပါသလော

ဤတွင် ရစူလ်ကိုယ်တော်မြတ်ﷺက
'ကျွန်ုပ်မသိပါ' ဟုပြန်လည်၍မိန့်တော်မူ၏။

ဂျိဗ်ရာအီလ်(အ)က . . .

'နဗီပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်နှင့်
ရစူလ်ပေါင်း သုံးရာဆယ့်သုံးပါးအပြင်မိုးကောင်းကင်(၇)ထပ်စလုံးပေါ်ရှိ
မလာအိကာဟ်ကောင်းကင်တမန်များအားလုံး ကိုယ်တော်၏နောက်တွင်ရှိနေကြပါသည်'ဟုပြန်လည်၍ လျှောက်တင်တော်မူလေသည်။

(ရှရ်ဟုသ်ွသွဟာဝီယဟ်ကျမ်း စာ-၁၂၇)

နှစ်ဘဝခေါင်းဆောင် တမန်တော်မြတ်ﷺ သည်
မဲအ်ရားဂ်ျည၌ ဖန်းဆင်ရှင် အလ္လာဟ်သျှင်မြတ်၏ ရှေ့မှောက်၌ ခစား ဝင်ခွင့်ရခဲ့သည်..

ဤ ကြီးကျယ်လှသော အခွင့်ထူး..
မည်သည့် နဗီမျှပင်မရခဲ့သော အခွင့်ထူးကို ချီးမြှင့်ခြင်းခံရသည့် နဗီကြီးသည်ဖန်ဆင်းရှင် ၏ ရှေ့တော်မှောက်သို့ ခစားဝင်ရောက်သောအခါ..
ဖန်ဆင်းရှင်အား အနှိုင်းမဲ့ ချီးကျူးထောပနာ မှုမျိူးကို အံ့သြဘွယ်ရာမြွတ်ဟ ခဲ့သည်မှာ..

التحيات لله
`` အသ်သဟီးယားသု..လိလ္လားဟ်
[ နှုတ်လျှာဖြင့် ပြုလုပ်ခဲ့သည့်
မြွတ်ဟ စီးဖျန်း ခဲ့သည့်ကောင်းမှုအလုံးစုံတို့သည်..
အသျှင်မြတ် အတွက်သာ ဖြစ်တော်ပါ၏..]

والصلوات
ဝစျှစှလဝါးသျ
[၎င်း ခန္ဓာကိုယ် အားဖြင့် ပြုကျင့်ခဲ့သည့်
အမလ် အေဘာဒသ် အားလုံးတို့သည်..
အသျှင်မြတ် အတွက်သာ ဖြစ်တော်ပါ၏]

والطیبات
ဝသ်ွသွိုင်းယိဘားသ်
[ ၎င်း ဒါနအားဖြင့် ဥစ္စာငွေကြေးအားဖြင့်
ပြုခဲ့သမျှသောကောင်းမှုဒါန
အလုံးစုံ တို့သည်လည်း
အသျှင်မြတ် အတွက်သာလျှင် ဖြစ်တော်မူပါ၏ ]´´

နဗီကြီးသည် အထက်ပါ ၃ ခွန်းသောအချက်များဖြင့် ဖန်ဆင်းရှင် အား ချီးကျူးထောပနာ တော်မူသည်ကို
အလ္လာဟ် စွဗ်ဟားနဟူဝသအာလာ က ကြားတော်မူသည့်အခါအသျှင်မြတ်၏ ရဟ်မသ်တော်၏ဂျိူးရ်ှတော်မှာမြင့်စွန် လာခဲ့ပြီး..

ဖန်ဆင်းရှင် ဘက်မှလည်း..၃ ချက်သော
ရဟ်မသ်တော်ဖြင့်..ဂရုဏာ ပြုတော်မူလေသည်..
ယင်းရဟ်မသ်တော်များမှာ..

السلام عليك ايهاالنبي
အက်စ်စလားမုအလိုင်းက အိုင်ယ်ယုဟန်း နဘီးယ်
[ အိုး နဗီ အသင့်အပေါ်၌ ငါ အသျှင်ဘက်မှ
စလာမ်..ငြိမ်းချမ်းသာယာမှု ကျစေသော်ဝ်.]

ورحمت الله
ဝရဟ်မသွလ္လာဟ်..
[ ရဟ်မသ် ကရုဏာတော် အဖြာဖြာ ကျစေသော်ဝ်]

وبركاته
ဝဘရ်ကားသုဟ်
[ ဘရ်ကသ် မင်္ဂလာ အဖြာဖြာ ကျစေသော်ဝ်]

ဟု ခွန်းတုံ့ပြန် ချီးမြှင့်တော်မူလေသည်..

ဖန်ဆင်းရှင် ၏ ချီးမြှင့်သည့် စလာမသ် ရဟ်မသ်ဘရ်ကသ် ချီးမြှင့်မှုကိုကြားတော်မူပြီး..အွမ္မသ် တစ်ခုလုံး၏ ဂရုဏာရှင်ဖြစ်ထိုက်သည့်နဗီကြီးﷺသည် ထိုကဲ့သို့သောဖန်ဆင်းရှင် နှင့် တွေ့ဆုံးခွင့် ရရှိနေသည့် မဟာအခွင့်ထူးအခြေနေမျိူး၌ပင်မိမိ၏ အွမ္မသ် ကို မေ့လျော့ထားတော်မမူခဲ့ပေ..ဖန်ဆင်းရှင် ၏ ပို့သမှုများကို အဘယ်ကဲ့သို့ ခံယူသည်ကို ကြည့်ရှုပါကုန်...

السلام علينا وعلي عباد الله الصالحين

[ .အသျှင် ချီးမြှင့်သည့် အလုံးစုံသော
စလာမသ် တော်များကို
ကျွန်ုပ်နှင့် အွမ္မသ် အားလုံး အပေါ် ၎င်း

အသျှင့်၏ ဖန်ဆင်းခံ သူမွန်သူမြတ် အားလုံး တို့ အပေါ်၎င်းသက်ရောက်ပါစေ]
ဟု ခံယူခဲ့ရှာလေသည်..

ဤ အခြေအနေ အလုံးစုံတို့ကို ကြားသိရသည့်
ဖရိရ်ှသဟ် များ သည် လွန်စွာ အံ့အားသင့် ၍

၎င်း တို့၏ နှုတ်လျှာမှ..
သရ်ှဟွဒ် ၏စာသားများ ထွက်ကျလာလာတော့သည်..

أشهد أن لا اله الا الله وأشهد ان محمد رسول الله
သရ်ှဟွဒ်များ ရွတ်ဆိုကြသည်။

ထို မင်္ဂလာရှိသောသူ မှ ပြောဆိုခဲ့သည့် စာလုံးတိုင်းကိုစုစည်း၍ ဖန်ဆင်းရှင် မှ မိမိ အချစ်တော် နဗီ ကို
ချီးမြှင့်တော်မူလိုက်လေသည်..

အဆွေခင်ပွန်းချင်းတွေ့ဆုံကြသည့်အခါအခါလက်ဆောင် များချီးမြှင့်လေ့ရှိကြပေသည်..

နဗီကြီး ၏ ဤ ခစားဝင်ရောက်မှုအပြီးတွင်ဖန်ဆင်းရှင် ဘက်မှ နဗီနှင့် နဗီ့အွမ္မသ် အားလုံးအတွက်လွန်စွာတန်ဘိုးကြီးလှသည့် ..လက်ဆောင်တော်ကို ချီးမြှင့်တော်မူခဲ့လေသည်..

ထို လက်ဆောင် မှာကား...
စွလားသ်ခေါ်နမားဇ် ပင်ဖြစ်ပေတော့သည်...

ပီးရ်ဇွလ်ဖေကားရ် နက်ရ်ှဘန်ဒီ ၏
ခိုသိုဘားသေ့ဖကီးရ် တွဲ.၃.စာ ၁၁၀/၁၁၁>>
မှ ဘာသာပြန်ပါသည်..

ချစ်နဗီကြီးအပေါ် ဒရူးစလဝပ်သ်ပို့ပေးကြပါရန်
اللهم صلي وسلم وبارك على نبينا محمد صلى الله عليه وسلم

آللَّهُمَّ صَلِّ عَلَى سَيّدنَآ مُحَمَّدٍ وَعَلَى آلِ سَيّدنَآ مُحَمَّد..ﷺ
اللهم صل على سيدنا محمد وعلى آله وأصحابه وسلمﷺ

မူရင်းရေးသားသူအား လေးစားစွာဖြင့်.....
Crd

25/01/2024

📌 ကျောင်းသားအသစ် လက်မခံသေးဘူးလား မေးနေတဲ့ သူတွေအတွက် သတင်းကောင်းပါနော်.....

👉 ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်ရာမှာ အသံထွက်မှန်ကန်ချင်ပါသလား?

👉 ကျမ်းတော်မြတ်ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့ မှန်မှန်ကန်ကန်ဖတ်ရွတ်ချင်ပါသလား?

👉 အခြေခံမှစပြီး နည်းစနစ်တကျ သင်ယူချင်ပါသလား?

👉 စာကျက်ရာမှာရော လွယ်ကူစွာကျက်ချင်ပါသလား?

👉 International School မှ ကျောင်းသားများဖြစ်သည့်အတွက် မြန်မာလိုကျက်ဖို့အခက်အခဲဖြစ်နေလား?

✅ ဒီလိုအချက်တွေကိုပြည့်စုံချင်တယ်ဆို Al Noor ကိုဆက်သွယ်လို့ရပါတယ်။

✅ အသက် (၅) နှစ်နှင့်အထက်မှစ၍‌ေကျာင်းသား/သူများကိုလက်ခံပါတယ်။

🆗 အားသာချက်

Video Call ဖြင့် face to face တိုက်ရိုက်သင်ကြားရခြင်းကြောင့် နားမလည်သောစာများအားချက်ချင်းမေးမြန်းနိုင်ခြင်း၊ မိမိဘာသာကျက်နိုင်သည်အထိစာများတိုင်ပေးခြင်း၊ ကျက်သည့်အခါအဆင်ပြေစေရန်အတွက် အသံဖိုင်များထပ်မံပို့ပေးခြင်း တို့ကို ပြုလုပ်ပေးပါတယ်။

သဂျ္ဝီးဒ် ကိုလဲ ကျောင်းသား/ကျောင်းသူများနားလည်စေရန်အတွက် Notes ထုတ်ပြီးသင်ကြားပေးပါတယ်။

International School မှ ကျောင်းသား/ကျောင်းသူများ စာသင်ရလွယ်ကူစေရန် မြန်မာလိုနားလည်အောင်ရှင်းပြပေးပြီး Arabic to English ဖြင့် သေချာစနစ်တကျ သင်ကြားပေးပါတယ်။

တစ်ဦးချင်းသင်သည့်အတွက် သင်မည့်ဆရာမနှင့် အချိန်ညှိ၍သင်ယူနိုင်ပါတယ်။

ONLINE CLASS ဖြစ်သည့်အတွက်ကြောင့် အချိန်ကုန်သက်သာခြင်း၊ လူပင်ပန်းသက်သာပြီး သက်တောင့်သက်သာစွာ သင်ယူနိုင်ပါတယ်။

✅ သင်တန်းအချိန်

📆 တစ်ပတ်လျှင် (၃) ရက်
⏰ တစ်နေ့လျှင် (၁) နာရီ

📌 ဘာသာရပ်များအားလုံးအား အိုလမာ အစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ထုတ်ဝေသည့် သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားမည်ဖြစ်ပါသည်။

သင်ကြားမည့်ဘာသာရပ်များ

📍ယပ်(စ်)စရ်နလ်ကုရ်အာန်
📍 ကျမ်းတော်မြတ်ကုရ်အာန်
📍ကလီမာဟ်
📍ဂုဏ်တော် (၉၉)ပါး
📍မတ်စ်နူန်းဒုအာများ
📍ကုရ်အာန်ကျမ်းလာဆုတောင်းများ
📍ဟဒီးစ်တော်လေးဆယ်
📍နမာဇ်၊ဂုစွလ်နှင့် ပတ်သက်သည်များ
📍စူရာဟ်များ
📍အခြားသိမှတ်ဖွယ်ရာအစ္စလာမ့်အသိပညာများ

👉 သင်ကြားမည့်ဆရာမ
Qariah Barakat Bi @ Nwe Ni Thein
B.A (Myanmar), Dip (HR Management)
Dip (Business Management)

✅ သင်တန်းအပ်မည်ဆိုလျှင်

📱09967803751 (Viber, WhatsApp) နှင့် Page Messenger တို့မှ ဆက်သွယ်နိုင်ပါသည်။

08/01/2024

🤎

Want your school to be the top-listed School/college in Thanlyin?
Click here to claim your Sponsored Listing.

Videos (show all)

Arabic Language တက်ရောက်နေသူများ အတွက်🫶
ခုမှကုရ်အာန်စတက်တဲ့ကလေးလေး 🤎
🙋ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် (76:1~5) အာယသ်ကိုဖတ်ပြထားခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ်များကိုလဲ အောက်မှာ ရေးသားပြထားပါတယ်။အနန္...
ဆရာမ ကာရီအဟ် ဘရ်ကသ်ဘီ (ခ) နွယ်နီသိန်း ဆိုပြထားတဲ့ အာယသွလ်ကုရ်စီပါ။ လိုက်ဆို၍လေ့ကျင့်နိုင်ပါတယ်
📖ကျမ်းတော်မြတ်ကုရ်အာန်ဖတ်သည့်အခါ ဇဗရ်၊ဇေရ်၊ပေ့ရှ် မှားဖတ်လျှင် ဘာဖြစ်တတ်လဲ....?📖အဲ့လိုမှားဖတ်တာကရော ဘယ်လိုအမှားထဲမှာပါတတ...
YouTube Channel လေးကို Subscribe လုပ်ပေးပါဦးနော် သိချင်တာလေးကို comments မှာမေးမြန်းနိုင်ပါသည်https://www.youtube.com/@n...
Prophet Muhammad
🤎

Category

Telephone

Address

No. 32, Myoma Street
Thanlyin
11291

Other Education in Thanlyin (show all)
A Plus Language School A Plus Language School
Thanlyin

https://www.facebook.com/Chinese-Language-By-TrCK-100704294793565/

ITD Education Centre ITD Education Centre
Thittaw Street (2)
Thanlyin

Computer Training Centre

IDEAL Education Centre IDEAL Education Centre
NantTharKone 2nd Street
Thanlyin

Bright Future for Kids

Shining Gold Education Centre Shining Gold Education Centre
No. 82, Bo Moe Nyo Street, Aung Chan Thar (2) Qtr, Thanlyin Township, Yangon
Thanlyin

Tr . Hlaing Chinese Class Tr . Hlaing Chinese Class
Thitsar Road
Thanlyin

我们一起努力学习中文吧!!!���

Donations of Education Donations of Education
Thanlyin

donation of education

Joyous English Language Class Joyous English Language Class
No. (32) Thar Du Street
Thanlyin

English Language Class

TEA Education Workshop TEA Education Workshop
Thazin Street
Thanlyin, 095

To share the English knowledge regarding applied business field.

Thabawa Sky Bird Nurse Aid and Medical Training Center Thabawa Sky Bird Nurse Aid and Medical Training Center
Kanyin Pin Street, Near No. (6) Main Road
Thanlyin

GTI Thanlyin GTI Thanlyin
GTI Thanlyin
Thanlyin

Thanlyin Midwifery Training School Students' Union Thanlyin Midwifery Training School Students' Union
Thanlyin

An executive committee united with the students