Swe Daw-စွယ်တော် ဒိန်ချဉ်

Swe Daw-စွယ်တော် ဒိန်ချဉ်

You may also like

Seltzer
Seltzer
Life is Yummy
Life is Yummy

Swe Daw Whole milk yogurt ��

09/07/2023

😶‍🌫 အချိန်တိုင်းဗိုက်ဆာနေတတ်တဲ့ ရုံးသမားလေးတွေရှိလားဗျို့?

■ Lunch time ကမရောက်သေးဘူး ဗိုက်ကဆာနေပြီ
■ ရုံးဆင်းချိန်မရောက်သေးဘူး ဗိုက်ကထပ်ဆာပြန်ပြီ
■ ဒီလိုနဲ့ပဲ အလုပ်ကို သေချာအာရုံမစိုက်နိုင် ဖြစ်နေတော့တာပဲ

ဒါဆိုရင်တော့ အဆာပြေ အမောပြေ ဖြစ်စေမယ့်
🤍 "စွယ်တော်ဒိန်ချဉ်" နဲ့
❤ "Brotherhood ဂျယ်လီ မစ်ရှိတ်" တွေကိုသာ ဆောင်ထားလိုက်ပါနော်

အခြား snack တွေလို ကယ်လိုရီမတက်စေတဲ့အပြင် သဘာဝအတိုင်းဖျော်စပ်ထုတ်လုပ်ပေးထားလို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ဘေးဥပါဒ်မဖြစ်နိုင်ဘူးလေ။ ဒါအပြင် portion များများပါဝင်ပြီး သဘာဝအချိုအတိုင်းသာ ဖြစ်တဲ့အတွက် စိတ်ကြည်လင်လန်းဆန်းမှုကိုရရှိစေမှာ အမှန်ပဲဗျ။ သောက်ပြီးရင်းထပ်သောက်ချင်နေမယ့် ရွေးချယ်စရာ အရသာ (၃) မျိုးစီ ထုတ်လုပ်ပေးထားလို့ ရုံးသမားတိုင်း အကြိုက်တွေ့စေမှာပါ။

ဒီတော့ အဆာပြေ အမောပြေ စွယ်တော်ကြောင့် နေ့ရက်တိုင်းမှာ တက်ကြွမှုအပြည့်နဲ့ ရုံးအလုပ်တွေ လုပ်ကိုင်နိုင်ပြီပေါ့ 😉

ဆက်သွယ်ရန် : 0943130192, 09420094614, 09968698701

ွယ်တော်ဒိန်ချဥ် #စွယ်တော်ဒိန်ချဥ် #ဒိန်ချဥ်

06/07/2023

သားသားမီးမီးတို့ရဲ့ ကျောင်းထမင်းဆွဲခြင်းထဲ အာဟာရရှိတဲ့သရေစာ ထည့်ပေးဖို့က မေမေတို့အတွက် ခေါင်းစားစရာတစ်ခုပါ 🥲

ဒီလိုဆို အစာခြေကျန်းမာရေးစနစ်အတွက် အထူးအကျိုးပြုစေမယ့် စွယ်တော်ဒိန်ချဉ်လေး သတိရပေးပါနော်။ တအားလည်းမချို၊ တအားလည်းမချဥ်တဲ့ သဘာဝအရသာလေး (3) မျိုး ထုတ်လုပ်ပေးထားတာမို့လို့ ဘေဘီလေးတို့ အကြိုက်တွေ့စေမှာပါ။ Portion များများပါဝင်ပြီး ဒိန်ချဥ်သား Smooth ဖြစ်လို့ ဗိုက်ပြည့်စေမယ့် သရေစာဆိုလည်း မမှားပါဘူး။ ဒါအပြင် သစ်သီးလေးတွေနဲ့ တွဲဖက်ပြင်ဆင်ပြီး ကျောင်းကို ထည့်ပေးလို့ရသေးတယ်နော် 🍇🍎🍌

ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လတ်ဆတ်တဲ့ စွယ်တော်ဒိန်ချဥ်လေးက ကလေးတွေရဲ့ ထမင်းဆွဲခြင်းထဲမှာ မပါမဖြစ်သရေစာလေး တစ်မျိုးဖြစ်နေတာပေါ့ 🤗

ဆက်သွယ်ရန် : 0943130192, 09420094614, 09968698701

ွယ်တော်ဒိန်ချဥ် #စွယ်တော်ဒိန်ချဥ် #ဒိန်ချဥ်

05/07/2023

သောက်ပြီးရင်း ထပ်သောက်ချင်နေစေမယ့် ထိမိစွဲငြိအရသာ “စွယ်တော်ဒိန်ချဥ်” မှာ 🤤✨️

စွယ်တော်ရဲ့ ဒိန်ချဥ်တိုင်းဟာ ပြင်သစ်နိုင်ငံရဲ့ Probiotic Yogurt Cultures နဲ့ထုတ်လုပ်ထားလို့ သောက်လိုက်တိုင်း Portion များများပါဝင်ပြီး Smooth ဖြစ်တဲ့ ခံစားချက်ကို ရရှိစေမှာပါ။
လူကြီးလူငယ်မရွေးအကြိုက်တွေ့စေမယ့် ရွေးချယ်စရာ အရသာ (၃) မျိုး ထုတ်လုပ်ပေးထားတယ်နော် 👇🏻

■ မလိုင်ဖတ်လေးတွေပါဝင်ပြီး မချိုတချို သဘာဝအရသာကိုမှ သောက်သုံးချင်သူတွေအတွက် "Probiotic Yogurt" 🥛

■ သဘာဝ ထန်းလျက်ရဲ့ အချိုကဲကဲလေးနဲ့မှ သောက်သုံးချင်သူတွေအတွက် "Jaggery Yogurt" 🌴

■ စတော်ဘယ်ရီရဲ့ အနံ့အရသာပါဝင်မှ သောက်သုံးချင်သူတွေအတွက် "Strawberry Yogurt" 🍓

ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အပြင် အရသာတစ်ပေါက် လျှမ်းလျှမ်းတောက်ပဲမို့လို့ ဒိန်ချဥ် မကြိုက်သူတွေတောင် စွဲလမ်းသွားစေမှာလေ 🤪

Delivery အနေနဲ့ မြို့နယ်အလိုက် ပို့ခ အသီးသီးကျသင့်မှာဖြစ်ပြီး လက်ကားဝယ်ယူရင်တော့ ပို့ခ Free ဖြစ်ပါတယ်ခင်ဗျာ။ ဒိန်ချဥ်လေးတွေကို page chatbox (သို့) ဖုန်းကနေတဆင့် ဆက်သွယ် မှာယူနိုင်ပါပြီနော် 💬☎️

ဆက်သွယ်ရန် : 0943130192, 09420094614, 09968698701

ွယ်တော်ဒိန်ချဥ် #စွယ်တော်ဒိန်ချဥ် #ဒိန်ချဥ်

01/07/2023

ဘီယာလား? ဒိန်ချဥ်လား?

ဘီယာပဲရွေးမိတယ်ဆိုတာ…

ဒီလို ချဥ်ချဥ်စိမ့်စိမ့်အရသာ၊ so smooth ဒိန်ချဥ်သားလေးနဲ့ မလိုင်ဖတ်လေးတွေပါ, ပါတဲ့ ကျန်းမာရေး စွယ်တော် yogurt လေးကို မမြည်းစမ်းဖူးသေးလို့ ဖြစ်မှာပါ 😁။ ဘီယာသောက်ပြီးလည်း စွယ်တော်ဒိန်ချဥ်လေး စားလို့ရပါတယ်နော် 💕။

ွယ်တော်ဒိန်ချဥ်

28/06/2023

ဒိန်ချဉ်လား ဘီယာလား?😁

28/06/2023

💬 "ခံတွင်းကျန်းမာရေးအတွက် ဒိန်ချဥ်ကိုသောက်သုံးပေးသင့်ပါတယ်"

သုတေသီတွေရဲ့ လေ့လာချက်တွေထဲမှာ ဒိန်ချဥ်ဟာ ခံတွင်းအတွက် အထောက်အကူများစွာ ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဘယ်လိုမျိုး ခံတွင်းကျန်းမာရေးအတွက် ကောင်းကျိုးပေးနေတာလဲ? 👇🏻

🦷 သွားတွေကို ခိုင်ခံ့စေတယ်

ကယ်လ်စီယမ်ဓါတ် အများအပြားပါဝင်လို့ အရိုးပါမက သွားတွေပါ ပိုပြီး ခိုင်ခံ့စေပါတယ်။ ဒီတော့ အသက်အရွယ်ရလာတာနဲ့ သွားတွေအလွယ်တကူ ကျိုးသွားမှာ၊ ဆွေးမြေ့လာမှာတွေ အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။

🦷 သွားဖုံးကို ကျန်းမာစေတယ်

ဒိန်ချဥ်မှာပါဝင်တဲ့ probiotics ဟာ သွားဖုံးမှာ ကပ်ငြိနေတဲ့ ပိုးမွှားလေးတွေကို သေစေနိုင်လို့ မလိုလားအပ်တဲ့ သွားဖုံးရောဂါများကို ကာကွယ်ပေးနိုင်တယ်လေ။

🦷 ခံတွင်းနံ့ဆိုးတွေကို ဖယ်ရှားပေးတယ်

ခံတွင်းနံ့ဆိုးဖြစ်စေတဲ့ အကြောင်းတွေထဲမှာ ခံတွင်းထဲ စားကြွင်းစားကျန်တွေများတာကြောင့် သွားကြားထဲမှာ ဘတ်တီးရီးယား ပေါက်ပွားမှုနှုန်းများတာပဲ ဖြစ်ပါတယ်။ ဒိန်ချဥ်က bacteria ပိုးမွှားလေးတွေကို သေစေနိုင်တော့ ခံတွင်းနံ့ဆိုးခြင်းကိုလည်း သက်သာစေတယ်နော်။

ဒီတော့ ဒိန်ချဥ်ဟာ ချဥ်တယ်ဆိုပေမဲ့ သွားကြွေလွှာတွေထိခိုက်ပျက်စီးမှု မရှိစေတဲ့အပြင် ဒိန်ချဥ်ရဲ့ lactic acid က သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ 🤍

🔰 ကဲ ဓါတုဆေးဝါးလုံးဝမပါဝင်ဘဲ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဒိန်ချဥ်လေးကိုမှ သောက်သုံးချင်တာဆိုရင်တော့ "စွယ်တော်" မှာ ဝယ်ယူလိုက်တော့နော် 😉

ဆက်သွယ်ရန် : 0943130192, 09420094614, 09968698701

ွယ်တော်ဒိန်ချဥ် #စွယ်တော်ဒိန်ချဥ် #ဒိန်ချဥ်

26/06/2023

🥛 ကျောင်းတက်ချိန်တွေကို တမ်းတမိစေတဲ့ ဂျယ်လီမစ်ရှိတ်လေး 🤍

ကျွန်တော် ငယ်စဥ်ကျောင်းတက်တုန်းကလေ နေ့လည်ခင်း မုန့်စားဆင်းချိန်ဆို မုန့်စျေးတန်းကို အပြေးသွားရတာ ဖတ်ဖတ်ကိုမောရောပဲ။ မုန့်စျေးတန်းက စုံလင်လှတဲ့ မုန့်တွေကိုကျော်ပြီး မျှော်ကြည့်ရတာ ဂျယ်လီမစ်ရှိတ်ရောင်းတဲ့ အအေးဆိုင်ကိုပဲပေါ့ 😁

ကလေးသဘာဝအတိုင်း အအေးမချိုတချိုလေးထဲက တုန်တုန်အိအိ ဂျယ်လီတွေဝါးရင်း milkshake သောက်ရတာဟာ "အချိုစားပေးရင် စိတ်ကြည်တယ်" ဆိုသလို လန်းဆန်းတက်ကြွသွားလောက်အောင် အရသာရှိလွန်းခဲ့တာ အမှန်ပါပဲ ✨️

ဒီလို ငယ်ဘဝကို ပြန်တမ်းတမိစေတာကတော့ လက်ရာကတော့ စွယ်တော်ကထုတ်လုပ်ထားတဲ့ Brotherhood Jelly Milkshake လေးပေါ့ဗျာ။

ဆေးသကြားမပါဝင်ဘဲ နွားနို့စစ်စစ်နဲ့ ရေကို အဓိထား အသုံးပြုပြီး ဂျယ်လီများများလည်းပါတော့ အချိုဆိမ့်ဆိမ့်လေးမို့လို့ သောက်လို့အဆင်ပြေပဲနော်။

လူကြီးလူငယ်မရွေး အကြိုက်တွေ့စေမယ့် 💜 ပိန်းဥ၊ ❤️ စတော်ဘယ်ရီ၊ 💚 သခွားမွှေး အရသာ (3) မျိုးတောင် ရွေးချယ်စရာ ရှိသေးတယ်ဗျ။

Jelly Milkshake လေးတွေကို page chatbox (သို့) ဖုန်းကနေတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ် 💬☎️

ဆက်သွယ်ရန် : 09 43130192, 09 420094614, 09 968698701

ွယ်တော်ဒိန်ချဥ်

21/06/2023

စွယ်တော် ဒိန်ချဥ်မှာပါဝင်တဲ့ yogurt cultures လေးတွေက အစာခြေစနစ်နဲ့ကိုယ်ခံအားကို ကောင်းမွန်စေတာ သိပြီးပြီလား?

နို့ကို ကစော်ဖောက်ထားတဲ့ Yogurt Cultures (ကျန်းမာရေး အထောက်အကူပြု ဘတ်တီးရီးယား) လေးတွေကနေ lactose (နို့တွင်ပါဝင်သော သကြားဓါတ်) ကို အချဥ်ဖောက်လိုက်မယ်ဆိုရင် သဘာဝဒိန်ချဥ်လေး ဖြစ်လာပြီလေ 🤤

ဒီလိုပါပဲ စွယ်တော်ဒိန်ချဥ်လေးမှာလည်း ပြင်သစ်နိုင်ငံကလာတဲ့ probiotics yogurt cultures နဲ့ထုတ်လုပ်ထားပြီး ဓါတုဆေးဝါးမပါဝင်လို့ ကျန်းမာရေးအတွက် ကောင်းမွန်စေတာပေါ့။ ဒါအပြင် သန့်ရှင်းလတ်ဆတ်မှုကို အဓိကထားပေးလို့ ဘေးဥပုဒ်တစ်စုံတစ်ရာမဖြစ်စေဖို့ စိတ်ချရတယ်နော် ✨️

"အစာလည်းဆေး ဆေးလည်းအစာ" အတိုင်း ကျန်းမာရေးကောင်းပြီး ပေါ့ပါးလန်းဆန်းမှုတွေ ရရှိနိုင်ဖို့ စွယ်တော်ဒိန်ချဥ် လေးက ကူညီပေးမှာပါဗျို့…

🤍 Probiotic Yogurt
❤️ Strawberry Yogurt
🤎 Jaggery Yogurt
အရသာ ၃ မျိုးရှိလို့ ကိုယ်နှစ်သက်ရာ အရသာလေးကို ဝယ်ယူသောက်သုံးနိုင်ပါတယ်နော်။ တစ်ဗူးကိုမှ 1,000 ကျပ်သာ ကျသင့်တာမို့လို့ budget လည်း ရှယ် save ပဲလေ။

Delivery အနေနဲ့ မြို့နယ်အလိုက် ပို့ခ အသီးသီးကျသင့်မှာဖြစ်ပြီး လက်ကားဝယ်ယူရင်တော့ ပို့ခ Free ဖြစ်ပါတယ်ခင်ဗျာ။

ဒိန်ချဥ်လေးတွေကို page chatbox (သို့) ဖုန်းကနေတဆင့် ဆက်သွယ် မှာယူနိုင်ပါပြီနော် 💬☎️

ဆက်သွယ်ရန် : 0943130192, 09420094614, 09968698701

ွယ်တော်ဒိန်ချဥ် #စွယ်တော်ဒိန်ချဥ် #ဒိန်ချဥ်

18/10/2021

စွယ်တော်ဒိန်ချဉ် ကိုအားပေးနေကြသော Customerများခင်ဗျ

လက်ရှိ တက်နေသော ကုန်ဈေးနှုန်းအခြေနေကြောင့်
တစ်ဘူးလျှင် ၆၅၀ ကျပ်သို့ တိုးမြှင့်လိုက်​ကြောင်းအသိပေးပါရစေ
Delivery ကိုတော့ဘူး၂၀နှင့်အထက်မှာယူလျှင် အရင်အတိုင်း ၂၀၀၀ကျပ် ဖြင့်ရန်ကုန်မြိုးတွင်း ပို့ဆောင်ပေးလျှက်ရှိပါတယ်ဗျ

25/09/2021

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း

နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က အာဟာရပြည့်ဝတဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်ကို ရေခဲအေးအေးလေးနဲ့ သကြား၊ သကြားရည်၊ ထန်းလျက်ရည်တို့နဲ့ တွဲဖက်စားရင် တော်တော်လေး စားကောင်းပါတယ်။ ဒီစားကောင်းတဲ့ ဒိန်ချဉ်လေးက အစာခြေစနစ်ကစလို့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အထိ အားဖြည့်ပေးနေတဲ့ စားစရာလေးတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်စားပေးတာက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲဆိုတာကို ပြောပြပေးမယ်နော်။

ဒိန်ချဉ်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင်

သွား နဲ့ သွားဖုံး ပြဿနာကင်းစေတယ်

ဒိန်ချဉ်သောက်ပေးတာက ကော်ဖီလိုမျိုး သွားမှာ စွန်းထင်းစေတဲ့အရာတွေကြောင့် သွားအရောင်ပြောင်းတာ ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က ချဉ်ပေမယ့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေတာမျိုး မရှိပါဘူး။

ဒိန်ချဉ်မှာပါတဲ့ lactic acid က သွားနဲ့ သွားဖုံးပြဿနာကို ကင်းစေပြီး သွားနဲ့ ခံတွင်းကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ဓာတ်မတည့်မှု ပြဿနာကိုလျှော့ချပေးတယ်

ရာသီဥတုကြောင့်ဖြစ်ဖြစ် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ဖြစ် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ကာကွယ်ဖို့ဆိုရင် နေ့စဉ် ပုံမှန် ဒိန်ချဉ် တစ်ခွက်စားပေးပါ။ ဒါက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်မှာပါ။

ကြွက်သားတွေ သန်မာစေနိုင်တယ်

ဒိန်ချဉ်မှာ ကြွက်သားတွေ ကျန်းမာရေးကို အားဖြည့်ပေးတဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေမှုကြောင့် ခန္ဓာကိုယ်က ကြွက်သားတွေ သန်မာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။

အအေးမိ၊ ဖျားနာ ကာကွယ်ပေးနိုင်တယ်

ရာသီဥတု အပြောင်းအလဲ​ကြောင့် အအေးမိ၊ ဖျားနာတာမျိုး မဖြစ်ချင်ဘူးဆိုရင် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဒိန်ချဉ်ကို တစ်နေ့တစ်ခွက် ပုံမှန် စားပေးသင့်ပါတယ်။ ဒီလို စားသုံးပေးတာက ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိဖျားနာမှုကို ကင်းစေနိုင်မှာပါ။ ရောဂါပိုးတွေက ကူးစက်ခံရမှုကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

မှိုပိုး ကူးစက်ခံရတာကို ကာကွယ်ပေးတယ်

လေဒီလေးတွေအနေနဲ့ ဒိန်ချဉ်စားသုံးပေးမယ်ဆိုရင် မိန်းမကိုယ်မှိုပိုး ကူးစက်ခံရတာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒိန်ချဉ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး pH ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

သွေးတိုး သက်သာစေတယ်

ဒိန်ချဉ်သောက်ပေးတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရှိသူတွေ အနေနဲ့ သောက်သုံးပေးသင့်ပါတယ်။ လေ့လာမှုတွေအရ ဒိန်ချဉ်မှန်မှန် သောက်သုံးသူတွေက သွေးတိုးတာမျိုး ကင်းသလို သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး အနေအထားမှာ ထိန်းညှိထားနိုင်တယ်ဆိုတာပါ။ သွေးတိုးကို ကာကွယ်ချင်သူတွေရော ကုသချင်သူတွေအတွက်ပါ သင့်တော်တဲ့ ဓာတ်စာလေးတစ်ခုပေါ့။

အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်

ဒိန်ချဉ်က နို့ထွက်ပစ္စည်းဖြစ်တာကြောင့် ပရိုတင်း​ကြွယ်ဝသလို ကယ်လ်ဆီယမ်လည်း ပြည့်ဝပါတယ်။ ဒီအချက်တွေက အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပြီး အရိုးသိပ်သည်းဆ ကောင်းစေပါတယ်။ နောက်တစ်ချက်က ဒိန်ချဉ်ရဲ့ ဗီတာမင် D ကြွယ်ဝမှုက အရိုးပွရောဂါ မဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အင်အားပြည့်စေတယ်

ကာဗိုဟိုက်ဒရိတ်ပါဝင်နေသလို ဗီတာမင် ​B အုပ်စုပြည့်ဝစွာ ပါဝင်နေမှုကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ ဒိန်ချဉ်က အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အစာမကြေတာနဲ့ လေပွတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

ဒိန်ချဉ်က အဆီတွေကို လောင်ကျွမ်းစေရာမှာ အထောက်အကူပြုပေးပြီး ကြွက်သားနဲ့ တစ်ရှူးတွေကို အကောင်းဆုံး အားဖြည့်ပေးတာကြောင့် အဆီကျ လှပချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ ပရိုတင်းပါဝင်နေတာ​ကြောင့် အဆာခံနိုင်စေပြီး ကြွက်သားတက်စေဖို့လည်း အထောက်အပံ့ပေးမှာပါ။ ဒါကြောင့် ဝိတ်ချဖို့ လေ့ကျင့်ခန်းလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ ဒိန်ချဉ်တစ်ခွက် စားပေးပါ။
Creadit ပါဗျ။

Photos from Swe Daw-စွယ်တော် ဒိန်ချဉ်'s post 24/09/2021

မင်္ဂလာပါဗျ
ကျွန်တော်တို့ရဲ့local brandဖြစ်တဲ့စွယ်တော် ဒိန်ချဉ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
စွယ်တော်ဒိန်ချဉ်ကိုတော့ သန့်ရှင်းလက်ဆတ်သော နွားနို့နှင့်သာပြုလုပ်ထားပြီး ဓာတုဆေးဝါးများမပါဝင်ပါ။
ဘူးအနေနဲ့ကတော့သယ်ရလွယ်ကူအောင်၂၅၀mlဘူးများနှင့်ထုတ်ပိုးထားပါတယ်ဗျ။
ဈေးနှုန်းအနေနဲ့ကတော့ တစ်ဘူးကို 600ကျပ်နှင့်ရောင်းချပေးနေပါပြီ
မိတ်ဆွေတို့အနေနဲ့မှာယူချင်တယ်ဆိုရင်pageရဲ့message box ကနေမှာယူနိုင်ပါတယ်ဗျ
ရန်ကုန်မြို့တွင်း ၁၀ဘူးနှင့်အထက်မှာယူပါက၃ ရက်အတွင်းပို့ဆောင်ပေးပါတယ်ဗျ
Delivery fees အနေနဲ့ကတော့ရန်ကုန်မြို့တွင်းကို၂၀၀၀ကျပ်သာကျသင့်မှာဖြစ်ပါတယ်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

SWE DAW ဒိန်ချဉ်
စွယ်တော်ဒိန်ချဉ်

Telephone

Website

Address

Insein Road
Yangon

Other Frozen Yogurt Shops in Yangon (show all)
KØȚŪÑ 2345678 KØȚŪÑ 2345678
Yangon

09759661908

Ice Polar Yogurt Ice Polar Yogurt
Yangon, 11072

Ice Polar Probiotic Yogurt ��

Egypt Yogurt Egypt Yogurt
No. 37, Bogyoke Street, 3rd Quarter, Mayangone Township, Kyaik Wine
Yangon

yogurt

Oh My Yogurt Oh My Yogurt
Mingalar Road ( No. 94 Ground Floor ) South Okkalapa Ward 13
Yangon

Health Yogurt

Myanmar Food  store Myanmar Food store
Yangon
Yangon, 11431

yogurt and crossiant

Frolick Myanmar Frolick Myanmar
Junction Square
Yangon

Frolick in Myanmar! မြန်မာပြည်တွင် ပထမဦးင်္ဆုးဒိန်-ကရင်(မ်)

လှည်းကလေးနဲ့ဒိန်ချဉ်သယ် လှည်းကလေးနဲ့ဒိန်ချဉ်သယ်
NO. 60 HELDAN Road, KAMAYUT TOWNSHIP
Yangon, 11041

This is the official page of လှည်းကလေးနဲ့ဒိန်ချဉ်သယ်

Yogurt House at Cafe SS Yogurt House at Cafe SS
No 60 Sayar San Road, Bahan
Yangon

Amazing place for yogurt lovers.

Frozee Gelato Creamery Frozee Gelato Creamery
Corner Of Thumingalar 3 Road & Thuseittar Street
Yangon

Located at Corner of Thumingalar 3 Rd & Thuseittar Street, Thumingalar Housing, Thingangy Fresh Gelato, Ice Cream Cakes Tel No: 092-6303-8899

The Milk Bar The Milk Bar
Yangon, 11111

Drinks & Desserts bar specialised with dairy products. Ph : 09953161610

Yogurtland Myanmar Yogurtland Myanmar
Myanmar Plaza 3rd Floor , K323, 192 Kaba Aye Pagoda Road , Bahan Township
Yangon, 11201

Making a bad day good, and a good day great!