MyanCare

MyanCare

You may also like

Attic  Nuru  Massage
Attic Nuru Massage

MyanCare ဆိုတာ online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application တစ

MyanCare ဆိုတာ ကျန်းမာရေး ပြဿနာအမျိုးမျိုးတို့အတွက် online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application တစ်ခုပါ။

MyanCare မှာ အထွေထွေရောဂါကုဆရာဝန်များအပြင် ဝါရင့်အထူးကုဆရာဝန်များ၊ ပါမောက္ခများနှင့်လည်း မိမိအိမ်မှာနေပြီး တိုင်ပင်ဆွေးနွေးလို့ ရနေပြီ ဖြစ်ပါတယ်။ မိမိအဆင်ပြေတဲ့ အချိန်ကို ရွေးချယ်ပြီး ဆရာဝန်များနဲ့ Video Call, Voice Call, Chatting များနဲ့ တိုင်ပင်ဆွေးနွေ

24/10/2023

အမျိုးသမီး နှင့် သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာဆိုတာ သိသာတဲ့ဘာလက္ခဏာတစ်ခုမှမပြဘဲ သားအိမ်ခေါင်းထဲမှာ တိတ်တဆိတ်နဲ့ပုန်းကွယ်နေတတ်တဲ့ စိုးရိမ်စရာရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါကိုတိုက်ထုတ်ရာမှာ စောစီးစွာစမ်းသပ်စစ်ဆေးခြင်းက အဓိကကျပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ သားအိမ်ခေါင်းကင်ဆာဆိုတာဘာလဲ၊ ဘယ်လိုလက္ခဏာတွေပြတတ်လဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ စမ်းသပ်စစ်ဆေးနည်း၊ ကုသနည်း၊ ကာကွယ်နည်းတွေကို ပြည့်စုံစွာ ဖော်ပြသွားမှာဖြစ်ပါတယ်။

🟣 သားအိမ်ခေါင်းကင်‌ဆာဆိုတာဘာလဲ

ကင်ဆာအကြောင်းမပြောခင် အရင်ဦးဆုံး သားအိမ်ခေါင်းကဘာလဲဆိုတာ ပြောပြပါမယ်။ သားအိမ်ခေါင်းဆိုတာ သားအိမ်ရဲ့အောက်ဆုံးအပိုင်းဖြစ်ပြီး မိန်းမကိုယ်လမ်းကြောင်းနဲ့ သားအိမ်ကိုဆက်ထားတဲ့အစိတ်အပိုင်းပါ။ သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့အခါမှာ သားအိမ်ခေါင်းဆဲလ်တွေက ကင်ဆာအကြိုဆဲလ်တွေအဖြစ်ကို အရင်ပြောင်းလဲပါတယ်။ ဒီကနေတဆင့် ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲပါတယ်။ ဒါပေမဲ့ ကင်ဆာအကြိုဆဲလ်တိုင်းက ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲတာမဟုတ်လို့ ဒီမူမမှန်တဲ့ဆဲလ်တွေကို စောစောတွေ့ရှိပြီး မပြောင်းလဲခင်ကုသခြင်းက သားအိမ်ခေါင်းကင်ဆာကိုကာကွယ်ရာမှာ အလွန်အရေးကြီးလှပါတယ်။

🟣 ရောဂါလက္ခဏာများ

သားအိမ်ခေါင်းကင်ဆာရဲ့ အစောပိုင်းအဆင့်တွေက လက္ခဏာမပြတတ်လို့ သိဖို့မလွယ်ပါဘူး။ ပထမဆုံးလက္ခဏာပြဖို့ကိုတောင် နှစ်နှစ်ကျော်လောက်ကြာတတ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကို စောစောသိဖို့ဆိုရင် ကြိုတင်စစ်ဆေးခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။

ကင်ဆာမပျံ့သေးတဲ့ အဆင့်တစ်မှာဆိုရင် ...
▪️အရည်ဆင်းခြင်း၊ သွေးဆင်းခြင်း(တခါတရံမှာ များပြီး အနံ့လည်းနံနိုင်ပါတယ်)
▪️လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်း၊ ရာသီချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက် ရာသီလာခြင်း
▪️ရာသီလာတာများပြီး ပုံမှန်ထက်ပိုကြာခြင်းစတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။

ကင်ဆာစပျံ့လာတဲ့ အဆင့်တွေမှာဆိုရင်တော့ ...
▪️ဆီးသွားရခက်ခြင်း၊နာခြင်း၊ ဆီးသွေးပါခြင်း
▪️ဝမ်းလျှောခြင်း၊ ဝမ်းသွားနေစဉ် နာခြင်း၊သွေးပါခြင်း
▪️ပင်ပန်းနွယ်နယ်ခြင်း၊ ဝိတ်ကျခြင်း၊ အစားစားချင်စိတ်ပျောက်ခြင်း
▪️နေလို့ထိုင်လို့ မကောင်းခြင်း
▪️ခါးနာခြင်း၊ ခြေထောက်ရောင်ခြင်း
▪️ဆီးစပ်ကိုက်ခြင်း၊ ဗိုက်နာခြင်းတွေ ဖြစ်နိုင်ပါတယ်။

👉 ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်း၊ အရည်ဆင်းခြင်းနဲ့ တခြား၊ အကြောင်းမဲ့တခြားလက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ မိန်းမကိုယ်စမ်းသပ်မှုတွေ ပြုလုပ်သင့်ပါတယ်။

🟣 သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာလဲ

သားအိမ်ခေါင်းကင်ဆာအားလုံးရဲ့ ၉၀ % က Human Papillomavirus လို့ခေါ်တဲ့ HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ လိင်ဆက်ဆံခြင်း(ပါးစပ်၊ စအို၊ မိန်းမကိုယ်)ကတဆင့် ကူးစက်ပြီး ရောဂါပိုးကိုမတိုက်ထုတ်နိုင်တဲ့သူတွေမှာ သားအိမ်ခေါင်းဆဲလ်တွေက ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲသွား‌နိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကိုကာကွယ်ရာမှာ HPV ကာကွယ်ဆေးထိုးခြင်း၊ ကြိုတင်စမ်းသပ်စစ်ဆေးခြင်းက အဓိကကျပါတယ်။

🟣 သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုစစ်ဆေးနိုင်လဲ

သားအိမ်ခေါင်းကင်ဆာအများစုကို Pap test နဲ့ ပုံမှန်ကြိုတင်စစ်ဆေးရုံနဲ့ သိရှိနိုင်ပါတယ်။ Pap test (သို့) Pap smear ဆိုတာ သားအိမ်ခေါင်းကဆဲလ်ကိုယူပြီး ပုံမှန်ဟုတ်မဟုတ်စစ်ဆေးတဲ့ Test ဖြစ်ပါတယ်။

တကယ်လို့ ပုံမှန်မဟုတ်တဲ့ဆဲလ်ကိုတွေ့ရင် သားအိမ်ခေါင်းကင်ဆာနဲ့စပ်ဆက်နေတတ်တဲ့ HPV ပိုးကိုစစ်ဆေးဖို့ HPV test ကိုပြုလုပ်ကြပါတယ်။

ကင်ဆာဖြစ်‌နေတယ်လို့ သံသယရှိရင်တော့ အသားစ (Biopsy) ယူစစ်ဆေးပါတယ်။ ကင်ဆာဖြစ်နေတာ သေချာသွားတဲ့အခါ ဘယ်လောက်အထိပျံ့နေပြီလဲသိရအောင် ထပ်မံစစ်ဆေးမှုတွေပြုလုပ်ပြီး ရောဂါအဆင့်ကိုသတ်မှတ်ပါတယ်။

🟣 သားအိမ်ခေါင်းကင်ဆာကို ကြိုတင်စစ်ဆေးဖို့ ဘာကြောင့်အရေးကြီးတာလဲ

သားအိမ်ခေါင်းမှာရှိတဲ့ဆဲလ်တွေ ကင်ဆာဆဲလ်အဖြစ်မပြောင်းလဲခင်သိနိုင်ဖို့အတွက် ကြိုတင်စစ်ဆေးခြင်းက သိပ်အရေးကြီးပါတယ်။ အခုဆိုရင် အမေရိကန်မှာ သားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းနဲ့ သေဆုံးနှုန်းက ပုံမှန်ကြိုတင်စစ်ဆေးမှုတွေကြောင့် သိသိသာသာလျော့ကျသွားပါပြီ။

ပြုလုပ်ကြတဲ့ Test တွေကတော့ ...
◾Pap test (သားအိမ်ခေါင်းဆဲလ်တွေ မူမမှန်မှုကို စစ်ဆေးခြင်း)
◾HPV test (သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်ဆုံး HPV ပိုးကိုစစ်ဆေးခြင်း) တွေပဲဖြစ်ပါတယ်။ အသက် ၃၀ ကျော်သူတွေအနေနဲ့ ပြုလုပ်သင့်ပါတယ်။

🟣 ဘယ်သူတွေက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများလဲ

ကင်ဆာဖြစ်သူအများစုက အောက်ပါအချက်တွေနဲ့ဆက်နွယ်နေတတ်ကြပါတယ်။ သင်ထိန်းချုပ်နိုင်တဲ့အချက်တွေကတော့ ...

◾ကြိုတင်စစ်ဆေးခြင်း - ပုံမှန်စစ်ဆေးမှုမပြုလုပ်တဲ့သူတွေက ဖြစ်နိုင်ခြေများပါတယ်။

◾HPV ပိုး - HPV ပိုးတချို့က သားအိမ်ခေါင်းကင်ဆာနဲ့ဆက်နွယ်နေတာမို့ ကူးစက်နိုင်ခြေကိုလျှော့ချခြင်းက ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

◾လိင်ဆက်ဆံမှု - အသက် ၁၈ မပြည့်ခင် လိင်မှုကိစ္စရှိခြင်း၊ လိင်ဆက်ဆံဖော်များခြင်းက HPV ကူးစက်နိုင်ခြေမြင့်မားစေပါတယ်။

◾ဆေးလိပ် - ဆေးလိပ်သောက်တဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာပိုဖြစ်နိုင်ပါတယ်။

◾HIV ပိုး - HIV ရှိတဲ့သူတွေက ပုံမှန်ထက်ကို သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။

◾ကိုယ်ဝန်တားဆေး - ကိုယ်ဝန်တားဆေး ကြာရှည်အသုံးပြုခြင်းက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများစေတယ်လို့ အထောက်အထားတွေရှိပါတယ်။

◾ကလေးများခြင်း - ကလေးသုံးယောက်နဲ့အထက် မွေးဖူးသူတွေက ဖြစ်နိုင်ခြေများပါတယ်။

◾ကိုယ်ခံအားနည်းခြင်း - ကိုယ်ခံအားနည်းတဲ့သူတွေက HPV ပိုးကိုတိုက်ထုတ်နိုင်စွမ်းနည်းပါတယ်။

👉 သင်မထိန်းချုပ်နိုင်တဲ့ အချက်ကတော့ မိသားစုမျိုးရိုးရှိခြင်းပါပဲ။ သားအိမ်ခေါင်းကင်ဆာက မျိုးရိုးဗီဇနဲ့လည်းသက်‌ဆိုင်ပါတယ်။

🟣 ကာကွယ်လို့ရနိုင်လား

သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ပုံမှန်မိန်းမကိုယ်စစ်ဆေးခြင်း၊ Pap test ပြုလုပ်ခြင်းက သားအိမ်ခေါင်းကင်ဆာကာကွယ်ရာမှာ အရေးကြီးဆုံးခြေလှမ်းဖြစ်ပါတယ်။ တခြားလုပ်နိုင်တဲ့အရာတွေကတော့ ...
◾HPV ကာကွယ်ဆေးထိုးခြင်း
◾လိင်ဆက်ဆံရင် အကာအကွယ်၊ ကွန်ဒုံးအသုံးပြုခြင်း
◾လိင်ဆက်ဆံဖော်ကန့်သတ်ခြင်း
◾ဆေးလိပ်နဲ့ ဆေးရွက်ကြီးအသုံးပြုမှုကို ရပ်တန့်ခြင်း စတာတွေပဲဖြစ်ပါတယ်။

🟣 သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုတာဘာလဲ

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဆိုတာ HPV ကာကွယ်ဆေးပဲဖြစ်ပြီး အသက် ၉ နှစ်ကနေ ၄၅ အတွင်းထိုးလို့ရပါတယ်။ လိင်ကိစ္စအထိ‌အတွေ့မရှိခင် ကာကွယ်ဆေးထိုးတာတော့ အကောင်းဆုံးပါပဲ။ ကာကွယ်ဆေးက အတွဲလိုက်ထိုးရပြီး အသက်နဲ့အလိုက် လိုအပ်တဲ့အကြိမ်ကွာခြားလို့ ပထမဆုံးထိုးတော့မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

🟣 သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းကို ဘယ်လိုလုပ်ဆောင်ရမလဲ

◾ကြိုတင်စစ်ဆေးမှုကို အသက် ၂၁ နှစ်မှာ စလုပ်သင့်ပါပြီ။ တချို့ကတော့ ၂၅ နှစ်မှ စပါတယ်။

◾အသက် ၂၁-၂၉ အရွယ်ဆိုရင် Pap test ကို ၃ နှစ် ၁ ကြိမ်ပြုလုပ်ဖို့ညွှန်ကြားပါတယ်။

◾အသက် ၃၀ နဲ့အထက်မှာတော့ Pap test နဲ့ HPV test ကို ၅ နှစ် ၁ ကြိမ်ပြုလုပ်သင့်ပါတယ်။ Pap test ချည်းပဲလုပ်မယ်ဆိုရင် ၃ နှစ် ၁ ကြိမ်လုပ်ရပါမယ်။

🟣 ကုသနည်းများ

သားအိမ်ခေါင်းကင်ဆာအတွက် ကုသနည်းတွေက ကင်ဆာအဆင့်၊ လူနာအသက်၊ ကျန်းမာရေး၊ နောက်ပိုင်း ကလေးယူ/မယူခြင်းစတဲ့အချက်တွေပေါ်မူတည်ပါတယ်။ ကုသနည်းတွေကတော့ ...
▪️ဓာတ်ရောင်ခြည်ကင်ခြင်း
▪️ခီမိုဆေးသွင်းခြင်း
▪️ခွဲစိတ်ခြင်း
▪️ပစ်မှတ်တိုက်ရိုက်ကုထုံး
▪️ကိုယ်ခံအားကုထုံးစတာတွေပဲဖြစ်ပါတယ်။

🟣 ကင်ဆာဖြစ်ခဲ့ရင် အသက်ရှင်နိုင်ခြေ ဘယ်လောက်ရှိနိုင်လဲ

အစောဆုံးအဆင့်ကင်ဆာဆိုရင် အနည်းဆုံး ၅ နှစ်အသက်ရှင်နိုင်ခြေက ၉၀ % အထက်ရှိပါတယ်။ တခြားတစ်ရှူး၊ ကိုယ်အင်္ဂါတွေကိုပျံ့သွားရင်တော့ ၅၈ % ဖြစ်သွားပါတယ်။ သားအိမ်ခေါင်းဆဲလ်တွေ ကင်ဆာဆဲလ်အဖြစ်မပြောင်းလဲခင် ‌(သို့) ပြောင်းလဲခါစ အချိန်တွေမှာကုသမှုခံယူခဲ့ရင်တော့ အသက်ရှင်နိုင်ခြေက ၁၀၀ % နီးပါးရှိပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ရာမှာ ကြိုတင်စစ်ဆေးခြင်းက အသက်တမျှအရေးကြီးပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းလမ်းမရှိပေမဲ့ စောစောစီးစီး စစ်ဆေးသိရှိခဲ့ရင် ကောင်းစွာထိန်းချုပ်ကုသနိုင်ပါတယ်။ ဒါကြောင့် ကြောက်စရာကောင်းတဲ့ ဒီသားအိမ်ခေါင်းကင်ဆာကိုကုသရာမှာ စော‌စီးစွာစမ်းသပ်စစ်‌ဆေးခြင်းက အထူးအရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။

☎️သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးဖို့အတွက် အသေးစိတ်သိရှိလိုပါက Customer Service Hotline phone number: 09 774778000 (လိုင်းခွဲ 1) ကိုခေါ်ဆိုနိုင်သလို Page Messenger ကတဆင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from MyanCare's post 24/10/2023

အစာအိမ်၊ အစာပြွန်၊ အူလမ်းကြောင်း၊ အသည်း၊ သည်းခြေအိတ်၊ မုန့်ချိုအိတ်ဆိုင်ရာ‌ ရောဂါဝေဒနာတွေကို ဆေးရုံဆေးခန်းမသွားရဘဲ အထူးကုဆရာဝန်ကြီးတွေနဲ့ အိမ်ကနေတဆင့် လွယ်ကူအဆင်ပြေစွာ ဆွေးနွေးတိုင်ပင်လိုပါသလား?

ဆေးရုံဆေးခန်းသွားဖို့ အဆင်မပြေသေးတဲ့သူတွေအတွက်
ယုံကြည်အားထားနိုင်တဲ့ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှု MyanCare ရှိနေပါတယ်။

▪️အစာချဉ်ပြန်ခြင်း၊ ရင်ပူခြင်း
▪️အစာမကြေခြင်း၊ လေပွခြင်း
▪️အစာမျိုရခက်ခြင်း
▪️သွေးအန်ခြင်း၊ ဝမ်းမဲမဲသွားခြင်း၊ သွေးအားနည်းခြင်း
▪️ဝမ်းပျက်လွယ်ခြင်း၊ ဝမ်းချုပ်ခြင်း
▪️ဝမ်းသွားလျှင်သွေးပါခြင်း
▪️ဘီပိုး၊ စီပိုးကြောင့်ဖြစ်တဲ့ နာတာရှည်အသည်းရောင်ရောဂါ
▪️အသည်းခြောက်ခြင်းအစရှိတဲ့ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အသည်းဆိုင်ရာရောဂါတွေကို MyanCare မှာ အထူးကုဆရာဝန်ကြီးတွေနဲ့ မေးမြန်းတိုင်ပင်နိုင်ပါပြီ။

👉 ဝေးလံတဲ့အရပ်ဒေသကမို့ အထူးကုဆရာဝန်ကြီးတွေနဲ့ အလွယ်တကူမပြနိုင်ဘူးဆိုတဲ့အဖြစ်တွေက MyanCare နဲ့ဆို လုံးဝမရှိတော့ပါဘူး။

ရောဂါဝေဒနာကို စောစီးစွာသိရှိပြီး ထိရောက်တဲ့ကုသမှုရယူနိုင်ဖို့ MyanCare မှာ အခုပဲ Booking ယူပြီး ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ☺️

📲 MyanCare App Download ရယူရန်

Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

☎️ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့အတွက် အသေးစိတ်သိရှိလိုပါက Customer Service Hotline phone number: 09 774778000 (လိုင်းခွဲ 1) ကိုခေါ်ဆိုနိုင်သလို Page Messenger ကတဆင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from MyanCare's post 22/10/2023

MyanCare App အသုံးပြုပြီး အွန်လိုင်းဆေးခန်းပြခဲ့ကြသူများ၏ မှတ်ချက်များ ( Part I )

မှတ်ချက်ပေးထားခဲ့သည့်အတိုင်း ပြန်လည်ပြင်ဆင်ထားခြင်းမရှိဘဲ ဖော်ပြထားခြင်း ဖြစ်ပါသည်။

အထွေထွေဆရာဝန်၊ အထူးကုဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် တိုင်ပင်ဆွေးနွေးပြသလိုပါက MyanCare App မှာ booking ရယူလိုက်ပါ

ကျန်းမာရေးကိစ္စရပ်များအတွက်
ယုံကြည်စိတ်ချရသော MyanCare App

MyanCare App Download ရယူရန်
Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

19/10/2023

လိပ်ခေါင်းဆိုတာ ခွဲစိတ်မှပျောက်တာလား?

လိပ်ခေါင်းဆိုတာ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာခံစားနေရတဲ့ အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်ကြီးကြီးမားမားမရှိပေမဲ့လည်း နေထိုင်ရတာ တော်‌တော်လေးအဆင်မပြေတဲ့ဝေဒနာတစ်ခုပါ။ လိပ်ခေါင်းနဲ့ပတ်သက်လာရင် လူတွေအမေးများတဲ့အရာတစ်ခုကတော့ လိပ်ခေါင်းဖြစ်ရင် ခွဲစိတ်မှပျောက်တာလားဆိုတာပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ လိပ်ခေါင်းရောဂါအကြောင်းနဲ့ ကုသလို့ရနိုင်တဲ့နည်းလမ်းတွေကို ပြောပြသွားပါမယ်။

◼️လိပ်ခေါင်းဆိုတာ ဘာလဲ

လိပ်ခေါင်းဆိုတာ စအိုနဲ့ စအိုလမ်းကြောင်းမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းလာတဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်။ စအိုလမ်းကြောင်းမှာဖြစ်ရင် အတွင်းလိပ်လို့ခေါ်ပြီး စအိုဝမှာဖြစ်ရင်တော့ အပြင်လိပ်လို့ခေါ်ကြပါတယ်။

◾လက္ခဏာ

လိပ်ခေါင်းအမျိုးအစားပေါ်မူတည်ပြီး လက္ခဏာတွေကွဲပြားပါတယ်။

▪️အတွင်းလိပ်

အတွင်းလိပ်ခေါင်းက စအိုလမ်းကြောင်း(အစာအိမ်‌ဟောင်း)မှာဖြစ်တာကြောင့် မြင်ရဖို့၊ စမ်းမိဖို့မလွယ်ပါဘူး။ နာတာကျင်တာမျိုးလည်း ဖြစ်ခဲပါတယ်။ ဒါပေမဲ့ ဝမ်းသွားတဲ့အခါ၊ အားသုံးတဲ့အခါမျိုးမှာ …
မနာမကျင်ဘဲ သွေးထွက်ခြင်း
လိပ်ခေါင်း အပြင်ပြူထွက်ခြင်း(ဒီအခါမှာတော့ နာကျင်တတ်ပါတယ်) စတာတွေဖြစ်နိုင်ပါတယ်။

▪️အပြင်လိပ်
စအိုပတ်ပတ်လည်အရေးပြာမှာဖြစ်တဲ့ အပြင်လိပ်ခေါင်းရဲ့လက္ခဏာတွေကတော့ …
စအိုတဝိုက် ယားခြင်း
နာခြင်း၊ နေရထိုင်ရမသက်သာခြင်း
စအိုပတ်ပတ်လည် ‌ရောင်ခြင်း
သွေးထွက်ခြင်း စတာတွေဖြစ်ပါတယ်။
▪️သွေးခဲပိတ်လိပ်ခေါင်း

လိပ်ခေါင်းသွေးပြန်ကြောမှာ သွေးခဲဖြစ်ပြီးသွေးကြောကိုပိတ်ဆို့တဲ့အခါမှာ…
အလွန်အမင်းနာကျင်ခြင်း
ဖောင်းခြင်း၊ ‌အလုံး‌ပေါ်ခြင်း
ရောင်ခြင်း
တခါတလေ သွေးထွက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

◼️ဖြစ်စေတဲ့အကြောင်းအရင်း

စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေအပေါ် ဖိအားသက်ရောက်မှုရှိတဲ့အခါ ဒီသွေးပြန်ကြောတွေက ဖောင်းလာတာမို့ လိပ်ခေါင်းဆိုတာ စအိုလမ်းကြောင်းအပေါ်ဖိအားသက်ရောက်မှုများတဲ့ …
ဝမ်းညှစ်တတ်သူ
အထိုင်ကြာတဲ့သူ(အိမ်သာတက်ကြာတဲ့သူ)
ခဏခဏဝမ်းချုပ်တတ်သူ၊ ဝမ်းလျှောတတ်သူ
အဝလွန်သူ
ကိုယ်ဝန်ဆောင်သည်
စအိုဖြင့်လိင်ဆက်ဆံသူ
အမျှင်ဓာတ်(အသီးအရွက်)အစားနည်းသူ
မကြာခဏ အလေးအပင်မနေရသူတွေမှာ အဖြစ်များပါတယ်။

◼️ကုသနိုင်တဲ့နည်းလမ်းများ

လိပ်ခေါင်းရောဂါကို အဆင့် ၄ ဆင့်ခွဲခြားနိုင်ပြီး အဆင့် ၁ နဲ့ ၂ ဆိုရင်တော့ မခွဲစိတ်ဘဲကုသလို့ရနိုင်ပါတယ်။

◾နေထိုင်စားသောက်ပုံပြောင်းလဲခြင်း

လိပ်ခေါင်းရောဂါအများစုက နေထိုင်ပုံပြောင်းလဲလိုက်ရင် သက်သာသွားကြပါတယ်။ အမျှင်ဓာတ်(အသီးအရွက်၊ ပဲ၊ အစေ့အဆံ)များတဲ့ အစားအစာစားခြင်း၊ ရေများများသောက်ခြင်း၊ အိမ်သာကြာကြာမတက်ခြင်းစတာတွေကို လိုက်နာဖို့လိုပါတယ်။ လိပ်ခေါင်းအများစုက ဝမ်းချုပ်လို့ဖြစ်တာကြောင့် ဝမ်းမချုပ်အောင်နေထိုင်စားသောက်ဖို့ ဂရုစိုက်ပါ။

◾ဆေးဝါး - လိပ်ခေါင်းကြောင့် ယားတာ၊ နာတာကိုသက်သာစေတဲ့ လိမ်းဆေးတွေလိမ်းလို့ရပါတယ်။ တချို့လူနာတွေမှာ ဆရာဝန်က လိုအပ်ရင် အရောင်ကျဆေး၊ အနာသက်သာဆေးတွေပေးတတ်ပါတယ်။

◾သားရေကွင်းပစ်ခြင်း - ဒီနည်းလမ်းမှာဆိုရင် အတွင်းလိပ်ခေါင်းရဲ့ အခြေပတ်ပတ်လည်မှာ သားရေကွင်းနဲ့ချည်ပြီးကုသပါတယ်။ လိပ်ခေါင်းက ညှိုးခြောက်ပြီး ရက်အနည်းငယ်အတွင်းမှာ ကြွေကျသွားပါတယ်။

◼️ဘယ်အခါမှာ ခွဲစိတ်ဖို့လိုအပ်မလဲ

လိပ်ခေါင်းအများစုက ခွဲစိတ်စရာမလိုဘဲကုသနိုင်ပေမဲ့ အောက်ပါအခြေအနေတွေမှာတော့ ခွဲစိတ်တာအကောင်းဆုံးပါပဲ။

◾အဆင့် ၃ နဲ့ ၄ လိပ်ခေါင်း

လိပ်ခေါင်းရောဂါရင့်သွားတဲ့အခါမှာတော့ တခြားကုသနည်းတွေနဲ့အဆင်မပြေတော့ဘဲ ခွဲစိတ်ဖယ်ရှားဖို့လိုအပ်လာပါပြီ။

◾သွေးခဲပိတ်လိပ်ခေါင်း

အပြင်လိပ်ခေါင်းမှာ သွေးခဲပိတ်တဲ့အခါ အလွန်အမင်းနာကျင်ပါတယ်။ ဒီလိုအခါမှာ ခွဲစိတ်ပြီး သွေးခဲကိုဖယ်ထုတ်ဖို့လိုအပ်ပါတယ်။

◾သွေးထွက်နေတာကြာခြင်း

လိပ်ခေါင်းကြောင့် ဆိုးဆိုးရွားရွား သွေးထွက်နေတာ ကြာပြီဆိုရင် ဘယ်နေရာကနေထွက်နေတာလဲအဖြေရှာဖို့၊ သွေးအားနည်းရောဂါလိုနောက်ဆက်တွဲပြဿနာတွေကို တားဆီးဖို့ ခွဲစိတ်ကုသခြင်းလိုအပ်နိုင်ပါတယ်။

◾တခြားနည်းတွေ အဆင်မပြေခြင်း

မခွဲစိတ်တဲ့နည်းလမ်းတွေနဲ့ကုသတာ သက်သာပျောက်ကင်းမှုမရှိရင် ‌ခွဲစိတ်တဲ့နည်းလမ်းကို ရွေးရနိုင်ပါတယ်။

ဒါဆိုရင်တော့ လိပ်ခေါင်းဖြစ်တိုင်းခွဲစိတ်ဖို့လိုတာမဟုတ်ဘဲ အများစုက နေထိုင်စားသောက်ပုံ‌ပြောင်းလဲခြင်း၊ ဆေးဝါး၊ ခွဲစိတ်စရာမလိုတဲ့ကုသနည်းတွေနဲ့ သက်သာသွားတတ်‌ကြောင်း သိပြီလို့ယူဆပါတယ်။ တချို့‌ရောဂါပြင်းထန်တဲ့သူတွေအတွက်တော့ ခွဲစိတ်ကုသခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါကြောင့် လိပ်ခေါင်းဖြစ်ပြီဆိုတာနဲ့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး စောစောစီးစီးကုသမှုခံယူတာက အကောင်းဆုံးဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။

📲 MyanCare App Download ရယူရန်

Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

19/10/2023

"အထိုင်များ၍ ခါးနာခြင်း"

ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ ကွန်ပျူတာရှေ့ထိုင်ပြီး တနေကုန်အလုပ်လုပ်ကြသူတွေ များလာပါတယ်။
အထိုင်များခြင်းရဲ့ ပြဿနာတစ်ခုက ခါးနာခြင်းပါ။ တစ်နေ့ကုန်ထိုင်ပြီးအလုပ်လုပ်ကြတဲ့အခါ ထိုင်တဲ့ပုံစံမမှန်ရင်၊ ခါးဆစ်ရိုး နှင့် ခါးဆစ်ရိုးကြားကူရှင်ပြားလေးတွေမှာ ဖိအားတွေ ဖြစ်လာပြီး
ခါးဆစ်ရိုးနားတဝိုက် ကြွက်သား တောင့်တင်းတာ၊ ခါးနာတာတွေ ဖြစ်လာတတ်ပါတယ်။
ခန္ဓာကိုယ်လှုပ်ရှားသွားလာမှုတွေတိုင်းမှာ ခါးက ဟန်ချက်ညီအောင် ထိန်းပေးထားတဲ့အတွက်
ခါးနာတဲ့အခါ အထိုင်အထခက်သလို၊ လှုပ်ရှားသွားလာဖို့လည်းခက်ပါတယ်။
အချိန်အကြာကြီးမထိုင်နိုင်တာ၊ လမ်းအကြာကြီး မလျှောက်နိုင်တာမျိုး ဖြစ်လာနိုင်တဲ့အတွက်
ခါးနာတာမပေါ့ဆသင့်ပါဘူး။

ခါးနာခြင်းဖြစ်စေတဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အများအားဖြင့် ခါးကြောညှပ်ခြင်း၊
ခါးဆစ်ရိုးကြား ကူရှင်ကျွံခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊
ခါးဆစ်ရိုးအပေါက်ကျဉ်းခြင်း၊ ကိုယ်နေဟန်ထားမမှန်ပဲထိုင်ခြင်းကြောင့် ခါးနာတတ်ပါတယ်။
အမြဲတမ်းထိုင်ပြီး အလုပ်လုပ်ရသူတွေအတွက် အထိုင်များခြင်းကြောင့် လတ်တလောမှာ ခါးနာခြင်း၊ ကျောရိုးကြွက်သားတောင့်တင်းခြင်း၊ ဇက်ကြောတက်ခြင်း စတဲ့ ဝေဒနာတွေဖြစ်တတ်သလို၊ ရေရှည်မှာအဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါစတဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်လာနိုင်ပါတယ်။

အထိုင်များခြင်းကြောင့် ခါးနာခြင်းကို သက်သာစေဖို့

• ကိုယ်နေဟန်ထားမှန်ကန်စွာထိုင်ပါ။ ခါးဆစ်ရိုးတွေအပေါ်ဝန်ပိစေခြင်းမဖြစ်အောင် ထိုင်တဲ့အခါ ခါးကို
မတ်မတ်ထားပါ။
• အချိန်အကြာကြီးထိုင်ပြီးအလုပ်လုပ်ရတဲ့အခါနာရီဝက်ခြားတစ်ခါကိုယ်နေဟန်ထားပြင်ပါ။
ထိုင်နေရာက မတ်တတ် ရပ်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ ကြွက်သားတွေကို လှုပ်ရှားမှု

ဖြစ်စေပြီး သွေးစီးဆင်းမှု ကောင်းစေပါတယ်။ ကျောရိုးကြွက်သားနာကျင်တောင့်တင်းမှုကို
လည်းကာကွယ်ပေးနိုင်ပါတယ်။
• အကြောလျော့လေ့ကျင့်ခန်းများပြုလုပ်ပါ။ တစ်နေ့ကုန်ထိုင်ပြီးအလုပ်လုပ်နေရသူတွေမှာ
ကြွက်သားတွေ၊ အရိုးအဆစ်တွေ တောင့်တင်းတာမျိုး မဖြစ်စေဖို့ အကြောလျော့စေတဲ့
ယောဂကစားပါ။
• ခါးနာတာကို သက်သာစေဖို့ ရေခဲဝတ်ကပ်တာ၊ ရေနွေးအိတ်ကပ်တာလုပ်နိုင်ပါတယ်။
ရေခဲဝတ်ကပ်တာက နာကျင်မှုကိုလျော့စေသလို
ကြွက်သားရောင်ရမ်းမှုကိုလည်းသက်သာစေပါတယ်။ ရေနွေးအိတ်ကပ်တာက
သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားတောင့်တင်းမှုကိုလျော့ကျစေပါတယ်။
• နာကျင်မှုကိုသက်သာစေတဲ့ အကိုက်အခဲပျောက်လိမ်းဆေးဂျယ်များ လိမ်းနိုင်ပါတယ်။
• ခါးနာတာသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးကို ဆေးညွှန်းအတိုင်း သောက်နိုင်ပါတယ်။
ကာကွယ်ခြင်းက ကုသခြင်းထက်အကျိုးရှိတဲ့အတွက် ခါးနာခြင်းဖြစ်စေနိုင်တဲ့ ဘဝနေထိုင်မှုပုံစံတွေကိုသတိပြု ဆင်ခြင်နေထိုင်ကြဖို့ အကြံပြုလိုက်ပါတယ်။

ရေးသားသူ - Dr. Nway Htike Maw

Photos from MyanCare's post 19/10/2023

ဦးနှောက်နဲ့ အာရုံကြောရောဂါတွေကို အထူးကုဆရာဝန်ကြီးတွေနဲ့ အချိန်ကုန်လူပန်းသက်သာစွာ ဆွေးနွေးတိုင်ပင်လိုပါသလား။

👉 မအားသေးလို့၊ အချိန်မပေးနိုင်သေးလို့ ဆေးရုံ၊ ဆေးခန်းမသွားဖြစ်တဲ့သူတွေအတွက် အွန်လိုင်းကနေပဲ အထူးကုဆရာဝန်ကြီးတွေနဲ့ စကားပြော‌တိုင်ပင်နိုင်မယ့် MyanCare ရှိနေပါပြီ။

▪️လေဖြတ်ခြင်း၊ လေဖြန်းခြင်း
▪️အတက်ရောဂါ
▪️ခြေလက်ထုံကျဉ်အားနည်းခြင်း
▪️ကြွက်သားအားနည်းခြင်း
▪️မှတ်ဉာဏ်ချို့ယွင်း သတိမေ့ရောဂါ
▪️လက်တုန်၊ ခေါင်းတုန်ရောဂါ
▪️ခေါင်းမူး၊ ခေါင်းကိုက်ရောဂါ
▪️ဦးနှောက်အမြှေးရောင်ရောဂါ
▪️အာရုံကြောအားနည်းခြင်း
▪️အာရုံကြောအကြောသေခြင်း၊ ပျက်စီးခြင်းစတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါတွေကို MyanCare မှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

✅ လိုအပ်နေတဲ့ကျန်းမာရေးစောင့်ရှောက်မှုကို စောစီးစွာရရှိနိုင်ဖို့ MyanCare မှာ အခုပဲ Booking ယူပြီး အထူးကုဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။

📲 MyanCare App Download ရယူရန်

Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

☎️ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့အတွက် အသေးစိတ်သိရှိလိုပါက Customer Service Hotline phone number: 09 774778000 (လိုင်းခွဲ 1) ကိုခေါ်ဆိုနိုင်သလို Page Messenger ကတဆင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

18/10/2023

"မီးဖွားပြီးနောက် ဝမ်းနည်းစိတ်ကျခြင်း"
Baby Blues

အခုတလော လူတွေစိတ်ဝင်စားသတိပြုမိကြတဲ့ ၂၀၂၀ တုန်းဖြစ်ခဲ့တဲ့ ဂျပန်လူမျိုး အမျိုးသမီးသရုပ်ဆောင်တစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်သွားတာကို တချို့သိကြမယ်ထင်တယ်။ သူက ဒုတိယကလေးကိုမွေးဖွားပြီးနောက် ရှစ်လခန့်အကြာမှာ အဆုံးစီရင်ခြင်းဖြစ်လို့ တချို့က Baby Blues နဲ့ပတ်သက်နိုင်တယ်လို့ ထင်မြင်ယူဆကြပြီး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ဒီတော့ Baby Blues ဆိုတာက ဘာလဲ၊ ဘယ်လောက်အထိဆိုးရွားနိုင်လဲ၊ ဘယ်လိုသတိပြုရမလဲစတဲ့အကြောင်းအ‌ရာတွေကို အားလုံးသိရှိနိုင်အောင် မျှဝေသွားမှာဖြစ်ပါတယ်။

◼️မီးဖွားပြီးနောက် ဝမ်းနည်းခြင်း (Baby Blues)

မီးဖွားပြီးခါစမိခင်အယောက် ၁၀၀ မှာ ၈၅ ယောက်လောက်ဖြစ်ကြတဲ့ အဖြစ်များတဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် တစ်ခုခုကို စိုးရိမ်ပူပန်ခြင်း၊ ရုတ်တရက် ဝမ်းနည်းငိုကြွေးခြင်း၊ ကြောင့်ကြများခြင်းတွေကို မီးဖွားပြီး နှစ်ပတ်အတွင်းမှာသာ ခံစားရလေ့ရှိပါတယ်။ Baby Blues ဆိုတာ ဟော်မုန်းအတက်အကျကြောင့်ဖြစ်တဲ့ အပျော့စား ယာယီစိတ်ကျလက္ခဏာသာဖြစ်လို့ သူ့ဘာသာသူပြန်ကောင်းပါတယ်။

◼️မီးဖွားပြီးနောက် စိတ်ကျခြင်း (Postpartum Depression)

ဒါကတော့ ပိုပြင်းထန်တဲ့ဝေဒနာဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ Baby Blues ဖြစ်ရာကနေ တစ်ဆင့်တက်ပြီး စိတ်ကျခြင်းဖြစ်လာပါတယ်။ မီးဖွားပြီးခါစမိခင် ငါးယောက်မှာ တစ်ယောက်ဖြစ်လို့ အဖြစ်များတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါက ခပ်ပေါ့ပေါ့ သဘောထားရမယ့်ကိစ္စမဟုတ်ပါဘူး။ မီးဖွားပြီးနောက် စိတ်ကျခြင်းက အဖြစ်များဆုံး ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာဖြစ်ပြီး မိခင်ရော ကလေးကိုပါ ဒုက္ခဖြစ်စေနိုင်ပါတယ်။

ဒေတာအချက်အလက်ကောက်ယူတဲ့ နိုင်ငံတွေမှာ မိခင်သေဆုံးရခြင်းရဲ့ ၂၀ % ခန့်က ဒီစိတ်ကျခြင်းကြောင့်ဆိုတာကို တွေ့ရှိထားလို့ အသက်အန္တရာယ်စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။

◾ဘယ်လိုလက္ခဏာတွေပြလဲ

တစ်‌ဦးနဲ့တစ်ဦးမတူလို့ တစ်ထစ်ချပြောလို့တော့မရပါဘူး။
▪️စိုးရိမ်ပူပန်မှုများခြင်း
▪️ဝမ်းနည်းခြင်း
▪️ဒေါသထွက်ခြင်း၊ စိတ်ဆတ်ခြင်း
▪️ညအိပ်ပျော်ဖို့ခက်ခြင်း
▪️မစဉ်းစားဘဲ ခေါင်းထဲအတွေးတွေရောက်လာခြင်း(ဥပမာ-မိမိကလေးကို ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်မယ့်အတွေး ဝင်လာခြင်း)

ဒီလိုလက္ခဏာတွေ နှစ်ပတ်အထက်ကြာလာရင် (သို့) ပိုပြီးဆိုးလာရင် (အထူးသဖြင့် ကိုယ်ဝန်မရှိခင်ကတည်းက စိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားဖူးရင်) ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့ လိုအပ်နေပါပြီ။

မကုသဘဲထားမယ်ဆိုရင် ဒီလက္ခဏာတွေက လတွေ၊ နှစ်တွေအထိကြာနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တချို့အမျိုးသမီးတွေမှာဆိုရင် ကလေးမွေးပြီး သုံးနှစ်ကြာတဲ့အထိ စိတ်ကျရောဂါခံစားနေရတုန်းလို့ဆိုပါတယ်။ ဒါကြောင့် စောစီးစွာစမ်းသပ်ကုသမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။

◼️မီးဖွားပြီးနောက် စိတ်က‌ယောင်ချောက်ချားဖြစ်ခြင်း (Postpartum Psychosis)

ဒါကတော့ ဖြစ်ခဲသလို ဖြစ်လာခဲ့ပြီဆိုရင်လည်း ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပါတယ်။ မီးဖွားပြီးခါစမိခင်တွေရဲ့ ၀.၁ % မှာသာဖြစ်တယ်ဆိုပေမဲ့ နဂိုကတည်းက စိတ်ကျစိတ်ကြွရောဂါရှိတဲ့မိခင်တွေမှာတော့ ဖြစ်နိုင်ခြေက ၃၀ % အထိမြင့်တက်လာပါတယ်။ လက္ခဏာတွေကတော့ ကယောင်ချောက်ချားဖြစ်ခြင်း၊ မူမမှန်စွာပြုမူခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းစတာတွေ ဖြစ်ပါတယ်။

အရင်က စိတ်ပိုင်းဆိုင်ရာပြဿနာမရှိခဲ့ဘူးဆိုရင်တောင် ဒီအခြေအနေဟာ ချက်ချင်းကုသဖို့အရေးကြီးပါတယ်။ ဘာကြောင့်လဲဆို မိမိကိုယ်မိမိ သတ်သေနိုင်ခြေ၊ ကလေးကိုနာကျင်အောင်ပြုလုပ်နိုင်ခြေရှိနေလို့ပဲဖြစ်ပါတယ်။

◾ဘယ်လိုကာကွယ်လို့ရနိုင်လဲ

ဒီရောဂါက အဖြစ်များပေမဲ့လည်း သုတေသနသေချာမပြုလုပ်နိုင်သေးလို့ မဖြစ်အောင်ကာကွယ်နည်းကတော့ မရှိသေးပါဘူး။ သုတေသနတစ်ခုအရတော့ ကလေးကို ကောင်းကောင်းချော့သိပ်တတ်ပြီး ကိုယ်တိုင်လည်း ကောင်းစွာအိပ်ပျော်တဲ့မိခင်တွေမှာ ဒီဝေဒနာတွေအဖြစ်နည်းတယ်လို့ဆိုပါတယ်။

စိတ်ရောဂါတွေကို ကာကွယ်ကုသရာမှာ အိပ်စက်ခြင်းက အရေးကြီးတဲ့သ‌ဘောပါပဲ။

တခြားသုတေသနတစ်ခုမှာတော့ ရောဂါဖြစ်နိုင်ခြေရှိတဲ့မိခင်တွေမှာ မီးဖွားပြီးနောက်ချက်ချင်း စိတ်ကျကုဆေးသောက်သုံးခြင်းက ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

🧡 ဒီနေရာကနေ မိခင်တွေကို စိတ်ခွန်အားပေးချင်တာကတော့ မီးဖွားပြီးနောက် ဝမ်းနည်းစိတ်ကျခြင်းဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ ကုသလို့ရနိုင်တဲ့ရောဂါဖြစ်ပြီး ရှက်ရွံ့စရာကိစ္စ( လုံးဝ)မဟုတ်ပါဘူး။ ရောဂါပြင်းထန်တဲ့သူတွေမှာတောင် ကုသမှုက ထိရောက်ပြီး လူနာ ၉၈% ဟာ တိုးတက်မှုရှိကြပါတယ်။

✅ စိတ်‌ပိုင်းဆိုင်ရာဝေဒနာတွေဆိုတာ ဖုံးကွယ်စရာမဟုတ်သလို အကူအညီတောင်းဖို့လည်း မရှက်ကြောက်သင့်ပါဘူး။ အထူးသဖြင့် အခုမှမိခင်ဖြစ်ခါစသူအတွက် အလွန်အရေးကြီးပါတယ်။ ကုသခြင်းဖြင့် သက်သာ‌ကောင်းမွန်နိုင်တဲ့ဝေဒနာဖြစ်လို့ အချိန်မီကုသမှုခံယူကြဖို့ကို တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

📲 MyanCare App Download ရယူရန်

Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

18/10/2023

တစ်ကိုယ်ရေအာသာဖြေတာ ပုံမှန်ပဲလား?

တစ်ကိုယ်ရေအာသာဖြေခြင်းလို့ပြောလိုက်ရင် လူတော်တော်များများက ရှက်စရာကောင်းတဲ့၊ တဏှာရာဂကြီးသူတွေသာလုပ်ကြတဲ့ နှာခေါင်းရှုံ့စရာတစ်ခုလို့ မြင်နေကြပါတယ်။ တကယ်ပဲ တစ်ကိုယ်ရေ အာသာဖြေခြင်းကရော မူမမှန်တဲ့အပြုအမူလား။ ဒီနေ့မှာတော့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ ဘာလဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ၊ ဘယ်အရာတွေက လွဲမှားတဲ့အယူအဆလဲဆိုတာကို ရှင်းလင်းမျှဝေသွားချင်ပါတယ်။

◾တစ်ကိုယ်ရေအာသာဖြေတယ်ဆိုတာ …

💁ဤကျန်းမာရေးဆောင်းပါးကို အပြည့်အစုံဖတ်ရှုလိုပါက MyanCare App မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ

📲 MyanCare App Download ရယူရန်

Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

☎️ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့အတွက် အသေးစိတ်သိရှိလိုပါက Customer Service Hotline phone number: 09 774778000 (လိုင်းခွဲ 1) ကိုခေါ်ဆိုနိုင်သလို Page Messenger ကတဆင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

18/10/2023

We're Hiring!
Digital Marketer – 1 Post (Female)

အလုပ်တာဝန်များ

• Marketing နည်းဗျူဟာများ ချမှတ်ကာ အသုံးပြုသူပိုမိုများပြားလာစေရန် Creative Content များ ဖန်တီးတည်ဆောက်နိုင်ရမည်။
• Digital Marketing Campaign များပြုလုပ်ပြီး Page ကို ကိုင်တွဲပေးရမည်။
• အခြားသော ဌာနများနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။
• Ads Manager , Business Suit များအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
• Content writer နှင့်အတူ Content များ ဖန်တီးခြင်း အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရမည်။
• Audience ပေါ်မူတည်ပြီး Content Calendar များကိုရေးဆွဲ နိုင်ရမည်။
• Market Trend များကို အမြဲလေ့လာပြီး Research လုပ်နိုင်ရမည်။
• Digital Marketing Result နှင့် KPI များအား Analysis ပြုလုပ်၍ Report ပေးပို့နိုင်ရမည်။

လျှောက်ထားရန် လိုအပ်ချက်များ

• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရ (သို့မဟုတ်) ဘွဲ့ကြို ဖြစ်ရမည်။
• Digital Marketing နယ်ပယ် တွင် အနိမ့်ဆုံး ၁ နှစ်နှင့် အထက် အတွေ့အကြုံရှိသူဖြစ်ရမည်။
• Sale & Marketing သဘောတရားကို နားလည်သူကို ဦးစားပေးမည်။
• Facebook Business Suit နှင့် Ads Manager ကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရမည်။
• Microsoft Word, PowerPoint, Excel, Google Sheet တို့ကို သုံးနိုင်သူဖြစ်ရမည်။
• အလုပ်ပေါ်စိတ်ဝင်စားမှုရှိပြီး တက်ကြွစွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• Brand Theme, Graphic Design, Brand Identity, Brand Image Creation အား နားလည်သဘောပေါက်သူဦးစားပေးမည်။
• အလုပ်မှ ပေးအပ်သော တာဝန်များအား Dead Line အမှီ ပြီးစီးအောင် ဆောင်ရွက်နိုင်သူဖြစ်ရမည်။
• အသက် ၃၀နှစ် အောက်ဖြစ်ရမည်။

အလုပ်ချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီ
အလုပ်ပိတ်ရက် - စနေ၊ တနဂ်နွေနှင့် အစိုးရရုံးပိတ်ရက်များ
အလုပ်နေရာ - MyanCare Head Office ( 21/5D, Thirimingalar Yeikthar Street, Yankin, Yangon )
Report to - Product Manager

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများ အနေဖြင့် [email protected] သို့ မိမိ၏ ကိုယ်ရေး CV ကို မျှော်မှန်းလစာနှင့် အတူ ပေးပို့လျှောက်ထားနိုင်ပါသည်။

Photos from MyanCare's post 18/10/2023

အဆုတ်အားကောင်းစေမယ့် အလေ့အကျင့်ကောင်းများ

အဆုတ်ဆိုတာ အသံတိတ်သူရဲကောင်းတစ်ဦးပါ။ လူသားတွေအသက်ရှင်ဖို့ လိုအပ်တဲ့အောက်စီဂျင်ကိုရရှိအောင် နေရောညပါ မပင်မပန်းအလုပ်လုပ်‌ရပါတယ်။ ဒါပေမဲ့ အများစုက တန်ဖိုးထားရကောင်းမှန်း၊ ဂရုစိုက်ရကောင်းမှန်းမသိကြဘဲ အဆုတ်ဆိုတာ သူတို့အတွက် အမြဲအလုပ်လုပ်ပေးနေမယ့် ကိုယ်တွင်းအင်္ဂါလို့ထင်မှတ်နေကြပုံပါပဲ။ တကယ်တော့ အဆုတ်ဆိုတာလည်း ကျန်းမာအောင် စောင့်ရှောက်ထိန်းသိမ်းဖို့လိုအပ်တာမို့ ဒီနေ့မှာတော့ အဆုတ်အားကောင်းစေမယ့် အလေ့အကျင့်ကောင်းတွေကို မျှဝေလိုက်ပါတယ်။

၁။ ဆေးလိပ်ဖြတ်ပါ

ဒီလိုပြောတော့မယ်ဆိုတာ ကြိုသိနေတယ်ဟုတ်။ 😅
တကယ်လည်း ဆေးလိပ်က အဆုတ်ရောဂါတွေရဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါ၊ အဆုတ်ကင်ဆာလိုမျိုးရောဂါတွေကို ဆေးလိပ်က ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးသားတွေ အဆုတ်ကင်ဆာဖြစ်ရခြင်းရဲ့ ၉၀% နဲ့ အမျိုးသမီးတွေမှာ ၇၀-၈၀% က ဆေးလိပ်ကြောင့်ဖြစ်ပါတယ်။ ဆေးလိပ်ကိုကိုယ်တိုင်မသောက်ပေမဲ့ တဆင့်ခံရှူရှိုက်သူတွေ၊ V**e သောက်တဲ့သူတွေ၊ ဆေးခြောက်ရှူတဲ့သူတွေလည်း အန္တရာယ်မကင်းပါဘူး။

၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက အဆုတ်(နဲ့ နှလုံး)ကို သန်မာစေပါတယ်။ လေ့ကျင့်ခန်းက အဆုတ် လေရှူသွင်းရှူထုတ်ရာမှာကူညီတဲ့ကြွက်သားကို ကြံ့ခိုင်စေပါတယ်။အနည်းဆုံးအနေနဲ့ တစ်ပတ်ကို မိနစ် ၁၅၀ လောက် အလတ်စားလေ့ကျင့်ခန်းတွေ ပြုလုပ်သင့်ပါတယ်။ အခုမှစမယ့်သူဆိုရင်လည်း လမ်းလျှောက်တာကနေ စနိုင်ပါတယ်။

၃။ ကျန်းမာစွာစားသောက်ပါ

အဆုတ်နဲ့နှလုံးဆိုတာ တစ်ဖွဲ့တည်းသားတွေမို့ နှလုံးကျန်းမာစေတဲ့အစားအစာတွေက အဆုတ်ကိုလည်းကျန်းမာစေပါတယ်။ အာဟာရပြည့်ဝရင် အသက်ရှူရလည်းကောင်းပြီး ပိုးမွှားတွေကိုလည်း တိုက်ထုတ်နိုင်ပါတယ်။ လတ်ဆတ်တဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ အသား၊ ငါး၊ ပဲ၊ ဥအမျိုးမျိုး၊ သံလွင်ဆီစတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားပါ။

၄။ ကိုယ်အလေးချိန်ထိန်းသိမ်းပါ

ခန္ဓာကိုယ်အလေးချိန်များရင် အဆုတ်ကအလုပ်ပိုလုပ်ရလို့ အဆုတ်ကျန်းမာဖို့အတွက် ကိုယ်အလေးချိန်ထိန်းသိမ်းဖို့လိုပါတယ်။

၅။ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ

အသစ်ရှူလေ့ကျင့်ခန်းက စိတ်တည်ငြိမ်အေးချမ်းစေရုံသာမက အသက်ရှူရာမှာပါဝင်တဲ့ကြွက်သားတွေကိုပါသန်မာစေပါတယ်။

၆။ အိမ်တွင်းလေ့ထုကို သန့်စင်အောင်ထားပါ

အိမ်တွင်းလေထုသန့်စင်အောင် အောက်ပါနည်းလမ်းတွေကိုလိုက်နာပါ။
- အိမ်ထဲမှာ ဆေးလိပ်မသောက်ပါနဲ့။ ထင်းမီးအသုံးမပြုပါနဲ့။
- ကျောက်ဂွမ်းနဲ့ထိတွေ့ရတဲ့လုပ်ငန်းခွင်ဆိုရင် သင့်တော်တဲ့ Mask ကိုတပ်ပါ။
- အိမ်ပတ်ဝန်းကျင်မှာ (အဆုတ်ကင်ဆာဖြစ်စေတဲ့) အရောင်အနံ့မဲ့ Radon ဓာတ်ငွေ့ထွက်ခြင်း ရှိမရှိစစ်ဆေးပါ။

၇။ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါ။

အဆုတ်ကင်ဆာလိုရောဂါမျိုးတွေက ရောဂါမဆိုးရွားခင်အထိ လက္ခဏာမပြတတ်ကြလို့ အချိန်မီစောစီးစွာသိရှိနိုင်ဖို့ ပုံမှန်စစ်ဆေးမှုပြုလုပ်ပါ။

၈။ ကာကွယ်ဆေးထိုးပါ

နှစ်စ‌ဉ်တုပ်ကွေးကာကွယ်ဆေးထိုးပါ။ ဒီကာကွယ်ဆေးတွေက အဆုတ်ကိုဒုက္ခပေးနိုင်တဲ့ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ တကယ်လို့ အသက် ၆၅ နဲ့အထက်ဆိုရင် နမိုးနီးယားအဆုတ်ရောင်ကာကွယ်ဆေးပါ ထိုးသင့်ပါတယ်။

၉။ သန့်ရှင်းစွာနေထိုင်ပါ

တစ်ကိုယ်ရေသန့်ရှင်းခြင်းက အဆုတ်ကိုလည်းကျန်းမာစေပါတယ်။
- လက်ကိုမကြာခဏဆေးခြင်း
- တုပ်ကွေးရာသီမှာ လူစုလူဝေးနဲ့ ဝေးဝေးနေခြင်း
- တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်း(ခံတွင်းသန့်ရှင်းခြင်းနဲ့ အသက်ရှူလမ်းကြောင်းကျန်းမာရေးက စပ်ဆက်နေပါတယ်။) စတဲ့အမူအကျင့်တွေကို မွေးမြူပါ။

ကဲဒါဆိုရင်တော့ အဆုတ်ကျန်းမာအောင် နေထိုင်စားသောက်ပုံတွေကိုသိရှိပြီး ကျန်းမာရေးအတွက်အလေ့အကျင့်ကောင်းတွေကိုမွေးမြူကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

📲 MyanCare App Download ရယူရန်

Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

17/10/2023

( အမြန်ခေါ်ယူခန့်ထားပါမည် )
Junior Graphic Designer – 1 Post (M/F)

• Social Media Post Design များကို အများဆုံးရေးဆွဲပေးရမည်။
• တစ်ခါတရံ Flyer, Pamphlet များကိုရေးဆွဲနိုင်ရမည်။
• Adobe Photoshop နှင့် Adobe illustrator ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
• Color Theory နှင့် Design concept များကို နားလည်သူဖြစ်ရမည်။
• လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ( ၁ ) နှစ်နှင့် အထက်ရှိရမည်။
• အလုပ်အပေါ် စိတ်ဝင်စားမှုရှိပြီး အများနှင့် ပူပေါင်း လုပ်ဆောင်နိုင်သူဖြစ်ရမည်။
• အကျင့် စာရိတ္တကောင်းမွန်ပြီး ရေရည်လုပ်ကိုင်နိုင်သူကို ဦးစားပေးမည်။

အလုပ်ချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီ
အလုပ်ပိတ်ရက် - စနေ၊ တနဂ်နွေနှင့် အစိုးရရုံးပိတ်ရက်များ
အလုပ်နေရာ - ရန်ကင်းမြို့နယ်
Report to - Product Manager

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများ အနေဖြင့်
[email protected] သို့ မိမိ၏ ကိုယ်ရေး CV နှင့် Portfolio ကို မျှော်မှန်းလစာနှင့် အတူ ပေးပို့လျှောက်ထားနိုင်ပါသည်။

16/10/2023

သီတင်းကျွတ်မှာ လူကြီးသူမတွေကိုကန်တော့ဖို့ လက်ဆောင်မွန်တစ်ခုကို ရှာဖွေနေပါသလား?

လူကြီးမိဘတွေ ကျန်းမာခြင်းလာဘ်နဲ့ပြည့်စုံစေဖို့ MyanCare ရဲ့ ကျန်းမာရေးပက်ကေ့ချ်နဲ့ ဂါရဝပြုလိုက်ပါ။

သီတင်းကျွတ်အထူးအစီအစဉ်အနေနဲ့ 50% Off ရရှိနိုင်မယ့် ဒီပက်ကေ့ချ်မှာဆိုရင်ဖြင့် …
💛 ဆရာဝန် (၈) ဦးပါဝင်ပြီး အထွေထွေကျန်မာရေးကိစ္စအဝဝကို အရေအတွက်အကန့်အသတ်မရှိ မိသားစုဆရာဝန်တစ်ယောက်လို မေးမြန်းဆွေးနွေးတိုင်ပင်နိုင်မှာဖြစ်ပါတယ်။

▪️တုပ်ကွေးဖျားနာ
▪️ဆီးချိုသွေးတိုး
▪️နှလုံးရောဂါ
▪️ပန်းနာရင်ကြပ်၊ အမောရောဂါ
▪️ကျောက်ကပ်ရောဂါ
▪️လေဖြတ်ဝေဒနာ
▪️ဝမ်းပျက်ဝမ်းလျှော၊ အစာအိမ်ရောဂါ
▪️သားဖွားနဲ့မီးယပ်ဝေဒနာ
▪️သားဆက်ခြားနဲ့ မျိုးဆက်ပွားဆိုင်ရာပြဿနာ
▪️အရက်ရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာ
▪️အမျိုးသားရောဂါ
▪️ဆေးဝါးတွေအကြောင်းကစလို့ အထွေထွေကျန်းမာရေးပြဿနာတွေကို အွန်လိုင်းကတဆင့် ဆွေးနွေးတိုင်ပင်နိုင်လို့ သွားလာရမလွယ်ကူတဲ့ လူကြီးမိဘတွေအတွက် လွယ်ကူအဆင်ပြေတဲ့ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုဖြစ်ပါတယ်။

✅ တစ်ဦးတစ်‌ယောက်တည်းသာမက တစ်မိသားစုလုံးအတွက်ပါ ကျန်းမာရေးအကြောင်းမေးမြန်းဆွေးနွေးနိုင်တဲ့ မိသားစုကျန်းမာရေးပက်ကေ့ချ်ဖြစ်လို့ သီတင်းကျွတ်မှာ လူကြီးမိဘတွေကိုဂါရဝပြုဖို့ အကောင်းဆုံးလက်ဆောင်မွန်ပါပဲ။

🟡 ကျန်းမာရေးပက်ကေ့ချ်နှုန်းထား
၁ လ - ၅၀၀၀ ကျပ် (50% Off)
၃ လ - ၇၅၀၀ ကျပ် (50% Off)

🟡 ပရိုမိုးရှင်းကာလ - အောက်တိုဘာ ၁၃ မှ နိုဝင်ဘာ ၁၀ ရက်နေ့အထိ

📲 MyanCare App Download ရယူရန်

Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

16/10/2023

“သိလိုရာမေး သင့်ကျန်းမာရေး’’

အားလုံးပဲ မင်္ဂလာပါ….

💁MyanCare ရဲ့ “သိလိုရာမေး သင့်ကျန်းမာရေး ‘’ အစီအစဥ်‌လေးမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

💁ဒီတစ်ခေါက်မှာတော့ “ မိုင်ဂရိမ်း (သို့) ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေအနေနဲ့ ဘယ်လိုစားသောက်နေထိုင်သင့်သလဲ “ အချက်နဲ့ပက်သက်ပြီး သိလိုသည်များကို Comment မှာ မေးမြန်းနိုင်မှာပါပဲဖြစ်ပါတယ်။

မေးမြန်းထားသော မေးခွန်းများကို ဒေါက်တာ အိအိမင်းမှ Comment မှာ ပြန်လည်ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်နော်။

မေးခွန်းလေးတွေကို (16.10.2023) ရက်မှ (23.10.2023) ရက်အတွင်း မေးမြန်းနိုင်မှာဖြစ်လို့ အခုပဲ သိချင်တာတွေ အမြန်မေးခဲ့လိုက်တော့နော်။


&Answer

Photos from MyanCare's post 14/10/2023

"အမြင်အာရုံကောင်းမွန်စေသော အစားအစာများ"

တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ စမတ်ဖုန်းဆိုတာ ကလေးငယ်ကစလို့ လူကြီးတွေအထိ လူတိုင်းရဲ့မရှိမဖြစ်အသုံးအဆောင်ဖြစ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်စိအမြင်အာရုံပြဿနာတွေလည်း ရင်ကထက်ပိုပြီးအဖြစ်များလာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မျက်လုံးကျန်းမာရေးအတွက်အရေးကြီးတဲ့ အာဟာရနဲ့ အစားအစာတွေကို သိရှိစားသုံးနိုင်အောင် မျှဝေလိုက်ရပါတယ်။

💛 ဗီတာမင် အေ

ဗီတာမင်အေဆိုတာ မျက်စိဗီတာမင်လို့တောင်တင်စားခေါ်ဝေါ်ကြတဲ့အထိ အမြင်အာရုံကောင်းဖို့အတွက် သိပ်အရေးကြီးပါတယ်။ မျက်ကြည်လွှာကို ကြည်လင်အောင်၊ အလင်းနည်းတဲ့အချိန်တွေမှာ မြင်နိုင်အောင်ကူညီပေးပါတယ်။ ဘီတာကယ်ရိုတင်းဆိုတာလည်း ဗီတာမင်အေတစ်မျိုးပါပဲ။

ဗီတာမင်အေကြွယ်ဝတဲ့အစားအစာတွေကတော့…
🔸မုန်လာဥနီ
🔸ကန်စွန်းဥ
🔸ဟင်းနုနယ်
🔸ကိုက်လန်
🔸တရုတ်ဇီးသီး စတာတွေဖြစ်ပါတယ်။

💛 အိုမီဂါ 3

အိုမီဂါ 3 က မျက်လုံးအစိုဓာတ်ကိုထိန်း‌ပေးပြီး မျက်သားခြောက်ခြင်း၊ အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ မြင်လွှာအလယ်ပိုင်းပျက်စီးခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

အိုမီဂါ 3 ကြွယ်ဝတဲ့အစားအစာတွေကတော့ …
🔸ငါး(ဆယ်မွန်၊ ဆာဒင်း၊ မက်ကရယ်ငါး)
🔸နှမ်းကြတ်စေ့(Flaxseeds)
🔸ချီယာစေ့(Chia seeds)
🔸သစ်ကြားသီး စတာတွေဖြစ်ပါတယ်။

💛 Lutein နဲ့ Zeaxanthin

Lutein နဲ့ Zeaxanthin ဆိုတာ မျက်စိကို အန္တရာယ်ဖြစ်စေတဲ့ အပြာရောင်လိုအလင်းတွေကနေ ကာကွယ်ပေးတဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုတွဲက အတွင်းတိမ်နဲ့ အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ မြင်လွှာအလယ်ပိုင်းပျက်စီးခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဒီဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေကတော့ …
🔸ဟင်းနုနယ်
🔸ကိုက်လန်
🔸ဆလတ်ရွက်
🔸ဥအနှစ်
🔸ကီဝီသီး
🔸လိမ္မော်ရောင်ငရုတ်ပွ စတာတွေဖြစ်ပါတယ်။

💛 ဗီတာမင်စီ

ဗီတာမင်စီဆိုတာ ကိုယ်ခံအားကိုကောင်းစေရုံသာမဟုတ်ဘဲ မျက်လုံးကျန်းမာရေးအတွက်လည်း အလွန်အရေးကြီးပါတယ်။ မျက်လုံးသွေးကြောတွေကို အထောက်အပံ့ပေးပြီး အတွင်းတိမ်မဖြစ်အောင် ကူညီကာကွယ်ပေးပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကတော့ …
🔸မာလကာသီး
🔸လိမ္မော်သီး
🔸ကမ္ဗလာသီး
🔸ငရုတ်ပွ
🔸ခရမ်းချဉ်သီး စတာတွေဖြစ်ပါတယ်။

💛 ဇင့်ဓာတ်

ဇင့်ဆိုတာ အမြင်အာရုံကောင်းမွန်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးပါပဲ။ အသည်းမှာသိမ်းဆည်းထားတဲ့ ဗီတာမင်အေကို မျက်လုံးဆီပို့ဆောင်ရာမှာကူညီပေးပါတယ်။ ဇင့်ဓာတ်ချို့တဲ့ရင် ညဘက်ကောင်းကောင်းမမြင်ရတာမျိုးဖြစ်နိုင်ပါတယ်။

ဇင့်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကတော့ …
🔸အမဲသား
🔸ဝက်သား
🔸ကမာကောင်
🔸ပဲနီကလေး
🔸ကုလားပဲ စတာတွေဖြစ်ပါတယ်။

မျက်စိကျန်းမာရေးကိုဂရုစိုက်တယ်ဆိုတာ မျက်လုံးကိုပုံမှန်စစ်ဆေးမှုပြုလုပ်တာတစ်ခုတည်းမဟုတ်ဘဲ အစားအစာကို ရွေးချယ်စားသောက်တတ်ခြင်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားလိုက်တဲ့အစားအစာတွေဟာ အရသာရှိရုံတင်မကဘဲ အာဟာရပြည့်စုံကြွယ်ဝဖို့ အရေးကြီးကြောင်းပြောကြားရင်း မျက်စိကိုကောင်းစွာအစာကျွေးကြဖို့ အသိပေးလိုက်ရပါတယ်။

📲 MyanCare App Download ရယူရန်

Play Store >> https://bit.ly/mcareplaystore
iOS >> https://bit.ly/mcareios

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

MyanCare ဆိုသည္မွာ

MyanCare ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အွန်လိုင်းပေါ်မှာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကျန်းမာရေးဝန်ဆောင်မှု့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပြီး ကျန်းမာရေးနယ်ပယ်မှ ဝါရင့်ဆရာဝန်ကြီးများ၊ ပရော်ဖက်ဆာကြီးများ၊ နည်းပညာရှင်များဖြင့်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါတယ်။ MyanCare Application ဆိုတာ ဖုန်းတစ်လုံးရှိရုံ နဲ့ မည်သည့် နေရာ (အိမ်မှာပဲဖြစ်စေ၊ နယ်ဒေသများမှဖြစ်စေ) ၊ မည်သည့်အချိန်မဆို ဆေးရုံ၊ဆေးခန်းသွားစရာ မလိုအပ်ပဲ အထူးကုဆရာဝန်တွေ အထွေထွေရောဂါကု ဆရာဝန်များဖြင့် ကြိုတင်ချိန်းဆိုမှုပြုလုပ်နိုင်ပြီး တိုင်ပင် ဆွေးနွေးလို့ရတဲ့ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ Application တစ်ခုဖြစ်ပါတယ်။

MyanCare Application ထဲမှာ ဆရာဝန်တွေနဲ့ရက်ချိန်းရယူပြီး Facebook Messenger ထဲမှာလို

• Voice Call (အသံဖြင့်ဖုန်းခေါ်ခြင်း)

• Video Call - (ဗွီဒီယိုဖြင့်ဖုန်းခေါ်ခြင်း)

Videos (show all)

ကိုယ်လက်နာကျင်ကိုက်ခဲတာ /အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာ ဖြစ်ဖူးလား  ? သက်သာအောင် ဘာတွေ လုပ်လဲ
ခါးနာဖူးလား ခါးနာရင်သက်သာအောင် ဘာတွေလုပ်သလဲ?
မိုးရာသီတွင် အဖြစ်များသော အအေးမိဖျားနာ နှင့် ရာသီတုပ်ကွေးအကြောင်း
မိုးရာသီတွင် အဖြစ်များသော အအေးမိဖျားနာ နှင့် ရာသီတုပ်ကွေးအကြောင်း
Meet Our Employees
နှာစေး၊ နှာရည်ယို၊ နှာပိတ်ခြင်းအကြောင်း သိကောင်းစရာများ
အဝလွန်နေတဲ့ကလေးအတွက် မိဘအနေနဲ့ ဘယ်လိုဂရုစိုက်တာဝန်ယူသင့်လဲ
သင့်ကလေး အဝလွန်ရောဂါမဖြစ်ဖို ဒါ‌တွေသိထားပါ
"သည်းခြေကျောက်တွေဘယ်ကစဖြစ်လာသလဲ?"
"ကလေးတစ်ယောက်တွင်ရှိသင့်သောလက္ခဏာများ အကြောင်း"
မိန်းကလေးများတွင် ဖြစ်လေ့ဖြစ်ထရှိသော အဖြူဆင်းခြင်းအကြောင်

Category

Telephone

Address


No-60, G-1, New Parami Road, Mayangone
Yangon
11081

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)

KT Aesthetic Distributor KT Aesthetic Distributor
898 Kyaw Thu 18 Street, South Okkalapa Township
Yangon

Korean Aesthetic Products Distributor in Myanmar