KOKORI BBQ & BAR

စျေးနူန်းသက်သာပြီး လူမျိုးမရွေးစားသုံးနိုင်မည်ဖြစ်သော BBQ Restaurant ဖြစ်ပါသည်။

Photos from Co Co's post 08/07/2022

လာစားကြနော်❤

Photos from KOKORI BBQ & BAR's post 21/05/2022

အားလုံးပဲ မင်္ဂလာပါ.!

ယနေ့ KOKORI မှ အစားအစာ များအား မှာယူပေးခဲ့သော မမီးမီး မိသားစု အား ကျေးဇူးအထူးပင်တင်ရှိပါသည်။😘🙏😍

မွေးနေ့၊မင်္ဂလာအတွက် အကျွေးအမွေးများ ကိုလည်း ဧည့်သည်များစိတ်တိုင်းကျ ဈေးနှုန်းများညှိုနိုင်းပြီး ပြုလုပ်ပေးနေ ပါတယ်😘

လာရောက်အားပေးမှု အားစောင့်မျှော်နေလျှက်.....

KOKORI
BBQ Restaurant & Bar
🏠No.(115) ,(13 quarters ) Moe Kaung Road
Yankin Township .
☎️09-266-696-977

19/05/2022

အားလုံးပဲ မင်္ဂလာပါ.!

မတွေ့တာကြာပြီ😘
အားလုံးပဲ အဆင်ပြေကြရဲ့လား?😘

KOKORI ဆိုင်ဖွင့်လာဆိုပြီး မေးကြတဲ့ ဧည့်သည်များအတွက် KOKORI ဆိုင်ပြန်ဖွင့်ပြီဆိုတာ သတင်းကောင်းလေးပါးချင်ပါတယ်..!

ဒါ့အပြင် KOKORI မှ ဧည့်သည်များ စိတ်ကြိုက် နေ့လည်စာ ထမင်းဘူးများ ပြင်ဆင်ပေးနေပါပြီနော်..!

မွေးနေ့၊မင်္ဂလာအတွက် အကျွေးအမွေးများ ကိုလည်း ဧည့်သည်များစိတ်တိုင်းကျ ပြုလုပ်ပေးနေ ကြောင်း အသိပေး ပါရစေ..!

မှာယူအားပေးကြသော ဧည့်သည်များ အား အထူးပင်ကျေးဇူးတင်ရှိပါတယ်.!

လာရောက်အားပေးမှုအားစောင့်မျှော်နေလျှက်.....

KOKORI
BBQ Restaurant & Bar
🏠No.(115) ,(13 quarters ) Moe Kaung Road
Yankin Township .
☎️09-266-696-977

31/12/2021

KOKORI BBQ & BAR ရဲ့ Customer တွေအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ကြပါစေကြောင်း KOKORI BBQ & BAR မိသားစုက ဆုတောင်းပေးလိုက်ရပါတယ်။

Photos from KOKORI BBQ & BAR's post 25/12/2021

အားလုံးပဲ မင်္ဂလာပါ.!

ပျော်ရွှင်စရာ Christmas နေ့လေး ဖြစ်ပါစေ.!

ယနေ့ KOKORI မှ လာရောက်အားပေးသော ဧည့်သည် များအား Santa Claus မှ အထူး လက်ဆောင်တွေ ပေးနေပါတယ်နော်..!

လက်ဆောင်လေးတွေ ယူ ဖို့ ကြွ လှမ်းခဲ့ကြပါဦးနော်😘😘

လာရောက်အားပေးမှုအားစောင့်မျှော်နေလျှက်.....

KOKORI
BBQ Restaurant & Bar
🏠No.(115) ,(13 quarters ) Moe Kaung Road
Yankin Township .
☎️09-266-696-977

25/12/2021

🎄Merry Christmas To You All 🤶

09/12/2021

အားလုံးပဲ မင်္ဂလာပါ.!

ချစ်ခင်ရပါသော KOKORI အား အစဉ်တစိုက် အားပေးကြသော ဧည့်သည်တော် များအား မနက်ဖြန် ( 10.12.2021)တွင် ဆိုင် ပိတ်မည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

20/10/2021

အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေ 🙏🎆🎇🎉🔴

စီးပွားဥစ္စာ လာဘ်လာဘများလဲ ဒီရေအလားတိုးတက်ကြပါစေ🙏

မြန်မာပြည်သူပြည်သားအားလုံး တောင်းတနေတဲ့ ပန်းတိုင် အမြန်ဆုံး ရောက်ရပါစေ🙏🙏

KOKORI
BBQ Restaurant & Bar
🏠No.(115) ,(13 quarters ) Moe Kaung Road
Yankin Township .
☎️09-266-696-977

Photos from KOKORI BBQ & BAR's post 07/08/2021

အားလုံးပဲ မင်္ဂလာပါ။

အခုလိုအချိန်မှာ အပြင်ထွက် ဈေးဝယ်ဖို့ က တော်တော်ကို စဉ်းစားရတယ်နော်..!😇😇

အပြင်ထွက်ဈေးဝယ်စရာ မလို ပဲ ဈေးနှုန်းချိုသာစွာ နဲ့ သန့်ရှင်း လတ်ဆက်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ဖို့ KOKORI မှ ထမင်းဘူးလေးများနှင့် မိတ်ဆက်ပေးပါရစေ။ 🥰🥰

# ချွင်းချက် အနေဖြင့် 😳😳

#၁ရက်ကြိုတင် အော်ဒါ တင်ပေးပါရန်.!🙇‍♀️🙇‍♀️

#5 ဘူးအနဲဆုံး မှာယူပေးကြပါရန်.!🙇‍♀️🙇‍♀️

#10 ဘူးအထက် မှာယူသော ဧည့်သည်များအား ဟင်းပွဲတမျိုး လက်ဆောင်ထည့်ပေးမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်🙇‍♀️🙇‍♀️

#အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ.!🙇‍♀️🙇‍♀️

#မြန်မာပြည်ကြီး အမြန်ဆုံး နေပြန်ကောင်းပါစေ🥰🥰

KOKORI
BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon

☎️ 09-266-696-977

21/05/2021

အားလုံးပဲ မင်္ဂလာပါ။

ဒီရက်ပိုင်းထဲ မုန်တိုင်းရှိတယ်ဆိုလို့ အားလုံးပဲ ဂရုစိုက်ကြဦးနော်🤗🤗

KOKORI မှ နွေရာသီနှင့် လိုက်ဖက်မယ့် အစားအစာ များလဲ ရပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်😘😘

ကားလေးနဲ့ဖြတ်သွားရင်း လမ်းကြုံရင် လဲ ဝင်ရောက် အားပေးကြပါဦးနော်😘😘😘

KOKORI
BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

09/05/2021

အားလုံးပဲ မင်္ဂလာပါ။

အားလုံးပဲ မတွေ့ရတာ ကြာပြီနော်..!အားလုံးနေကောင်းကြပါစေ လို့ ဆန္ဒပြုပါတယ်...!

ယနေ့ ( 9 . 5 . 21 ) မှ စတင်၍ KOKORI ဆိုင်ပြန်ဖွင့်ပြီ ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

KOKORI အား အစဉ်အမြဲ အားပေးခဲ့ကြသော ဧည့်သည်များ နှင့် ယခုမှ စပြီး အားပေးမယ့် ဧည့်သည်များ အားလုံးကို KOKORI မှ စောင့်နေပါမယ်နော်..😘😘😘😘

လာရောက်အားပေးကြပါဦးနော်😘😘😘

KOKORI
BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

03/01/2021

၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုပါ၏။

31/12/2020

ပြိုင်တူအော်ကြမယ်....

1 ⏰

2⏰

3 ⏰

Happy New Year 🥳
🎇🎇🎇

24/12/2020

Happy Christmas ❤

24/12/2020

အားလုံးပဲ မင်္ဂလာပါ။

အားလုံးပဲ Happy Christmas Eve ' လေးပါ.။

KOKORI မှ Christmas Chicken Box လေးများကို မှာယူနိုင်ပါပြီနော်😘

#ကိုယ်တိုင်ပဲ စားစား ၊ သူငယ်ချင်း မိတ်ဆွေတွေကိုပဲ လက်ဆောင်ပေးပေး ရပါတယ်။

panda , Grab , Hi-so များမှာ လဲ မှာ ယူနိုင်ပါတယ်။

#ဆိုင်တွင် ကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူသော ဧည့်သည်တော်များအား လက်ဆောင် လေးတွေ လည်း ပြင်ဆင်ပေးထားမှာ မို့ လာရောက်လာပေးကြပါဦးနော်🥰🥰

# KOKORI
Chicken Started 🍗

BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

Photos from KOKORI BBQ & BAR's post 18/12/2020

အားလုံးပဲ မင်္ဂလာပါ။

အားလုံးပဲ နေကောင်းကြရဲ့လား?ဆောင်းတွင်းလည်းရောက်လာပြီဆိုတော အအေးမမိ အောင်လဲ ဂရုစိုက်ကြဦးနော်😍😍

ပထမအကြိမ် ကန်သာရာ shopping center တွင် ကျင်းပခဲ့သော ထမင်းဘူး ဈေးရောင်းပွဲတော်တွင် အားလုံးရဲ့ အားပေးမှုကြောင့် KOKORI က ရောင်းအား နာပါတ်(၁) နေရာ ကိုရရှိခဲ့တဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။
လာရောက်အားပေးခဲ့သော ဧည့်သည်တော် တယောက်ဆီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်လှပါသည်။

ရဲ့ ထမင်းဘူးလေး များအား ဆိုင်တွင် ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်မှာယူနိုင်ပါတယ်။၁၀၀၀၀ကျပ်ဖိုး မှာယူ သောဧည့်သည်တော်များကိုလည်းအိမ်အရောက် ပို့ဆောင်ပေးမှာဖြစ်ပြီး၊

Panda,Grab,Hi-So များမှာလဲ အချိန်မရွေး မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

KOKORI
BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

28/11/2020

စီးပွားဥစ္စာ လာဘ်လာဘများ ဒီရေအလားတိုးတက်ကြပါစေ

31/10/2020

သီတင်းကျွတ်အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ KOKORI မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🙏🙏

Photos from KOKORI BBQ & BAR's post 26/09/2020

မနက်စာ ကို ဆိုင်တွေ မဖွင့်လို့ အခက်တွေ့နေပါသလား ?
မနက်စာကို ကောင်းကောင်းလေး စားမှ
တစ်နေ့ ကုန်နေရ ထိုင်ရ အဆင်ပြေ မှာပါနော် ☺️
အိမ်ထဲ ကနေအပြင် မထွက်ပဲ
မနက်စာကောင်းကောင်း စားနိုင်ဖို့ အတွက် KOKORI က
တာဝန်ယူပေး ပါရစေ ☺️

💟ရန်ကုန်အရသာစစ်စစ် မွှေးနေအောင်ချက်ထားတဲ့
မုန့်ဟင်းခါး အလွတ် - 1000ks
( ပဲကြော် 200ks၊ ငါးဖယ် 300ks ၊ အိုးဘဲဥ .300ks )

💟ဆိမ့်ဆိမ့်လေး နဲ့ လူကြိုက်များတဲ့
အုန်းနို့ခေါက်ဆွဲ အလွတ် - 1000ks( ပဲသွေး . 200ks)

💟အသားများပြီး အရသာရှိလှတဲ့ နန်းကြီးသုတ် ကတော့ 1500ks ပါ

💟ကြက်သားဟင်း ကောင်းကောင်းလေး နဲ့ ပလာတာ တွဲ ဖက်ထားတဲ့ ကြက်သား ပလာတာ . 2000ks ပါ ဗျ

💟အချိုတည်း မယ် ဆွမ်းကပ်မယ်ဆိုရင် လည်း အချိုအရမ်းမပါတဲ့ ဆန် နနွင်းမကင်း . 1000ks နဲ့ မှာယူသုံးဆောင်နိုင်ပါပြီ

မဖြစ်မနေ လုပ်ရမယ့် အလှူ ဆွမ်းကျွေး များအတွက်လည်း Order မှာ ယူနိုင် သလို ၊
ကျပ် ၁၀၀၀၀ ဖိုး နှင့် အထက်မှာယူပါက
Delivery Free လိုက်လံ ပို့ဆောင်ပေးမှာဖြစ်တဲ့အပြင်
ကြိုက်နှစ်သက်ရာ တစ်မျိုးကို လက်ဆောင်လဲ ထပ်ပေးဦးမှာပါနော် ....

ဒီတော့မနက်စာ ကောင်းကောင်း ကို အိမ်မှာ နေရင်း စားဖို့ ဆို KOKORI မှာ
Order တင်လိုက်ပါတော့နော် ...
တစ်ရက်ကြိုတင်ပြီး Order တင်ပေးဖို့တော့လိုပါတယ်နော် 😍
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977


#ရန်ကုန်မုန့်ဟင်းခါး

Photos from KOKORI BBQ & BAR's post 14/09/2020

အားလုံးပဲ မင်္ဂလာပါ...

KOKORI ကိုအစဉ်အမြဲချစ်ခင် အားပေးခဲ့ကြသော ဧည့်သည်တော်များ COVID 19 virus ပိုးဟာ ခုဆိုရင် ရန်ကုန်မြို့မှာ တော်တော်လေး ပျံ့နှံနေတယ် လို့ ကြားသိရလို့ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်..!

အားလုံးလဲ ဂရုစိုက်ကြပါနော်..

KOKORI BBQ,Restaurant&Bar ကတော့ မနက်ဖြန်(15.9.20) မှ စ၍ COVID 19 အား ကာကွယ်သော အနေဖြင့် ဆိုင် ခေတ္တခဏ ပိတ်ထားမည်ဖြစ်ကြောင်း ချစ်ပရိတ်သတ်များအား အသိပေး ကြေညာအပ်ပါတယ်..!

ဒီနေ့ က တော့ ဆိုင်မှာ ရှိသမျှ ဟင်းပွဲတိုင်းကို လျှော့စျေးလေးတွေနဲ့ ရောင်းချပေးမှာမို့ ပါဆယ် လာရောက်အားပေးကြပါဦးလို့ ဖိတ်ခေါ်ပါရစေ...😘😘

31/08/2020

ပြည်ကြီးငါးကို ချဉ်ချဉ်စပ်စပ်လေး စားချင်ကြလား

KOKORI မှာ ပြည်ကြီးငါးချဉ်စပ်ချက်လေး ရနေပြီနော်

ဒီဟင်းပွဲမှာ အဓိကခံစားရမှာက ပြည်ကြီးငါးရဲ့ လတ်ဆတ်မှုပါ

ပြည်ကြီးငါးကို အနှစ်များများလေးနဲ့ ချဉ်စပ်လေးချက်ပေးထားတဲ့အတွက် ဘီယာလေးသောက်ရင်း အမြည်းအဖြစ်စားမယ်ဆိုရင်လည်း သင့်လျော်ပါတယ်

ထမင်းလေးနဲ့ပဲစားမယ်ဆိုရင်လည်း ထမင်းမြိန်စေမယ့် Menu လေးတစ်ခုပါနော်

ပြည်ကြီးငါးရဲ့ လတ်ဆတ်တဲ့အရသာလေးကို ချဉ်စပ်ဟင်းအနှစ်လေးတွေနဲ့ တွဲစပ်ထားတာဆိုတော့ အစပ်အဟပ်တည့်တာပေါ့နော်

အရသာကလည်း မလေးမပေါ့လေးနဲ့ အဆင်ပြေပြေလေး ပြင်ဆင်ပေးထားပါတယ်

ဈေးနှုန်းအနေနဲ့က ၄၅၀၀ပါရှင့်

ဒါမျိုးမြည်းစမ်းချင်တယ်ဆိုရင်တော့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းမပေါ်မှာ kokori ရှိနေပါတယ်နော်

BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-97

30/08/2020

ချစ်လှစွာသော KOKORI ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါ...

ချစ်ပရိတ်သတ်တွေ အတွက် KOKORIမှ သတင်းထူးလေး ပြောကြားပါရစေ..😍😍

# 9လပိုင်း1 မှ စတင်၍ KOKORI သည် မုဒုံသူ အမည်ဖြင့် မနက်စာ များ ရောင်းချ ပေးသွားတော့မည်ဖြစ်ကြောင်း အသိပေးပါရစေ..!

# မနက် 6:00 မှ စတင်ရောင်းချပေးသွားမည် ဖြစ်ပါသောကြောင့် လာရောက်အားပေးကြပါဦးနော်...😍😍

KOKORI
BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

28/08/2020

KOKORI မှာ တစ်ယောက်ထဲထိုင်ပြီး Feel မလား

ရုံးဆင်းချိန်လေးမှာ သူငယ်ချင်းတွေနဲ့ဒိတ်ကြမလား

KOKORI မှာ ချစ်စရာကော့တေးလေးတွေ ကလည်း ရွေးချယ်စရာitems အများကြီးရှိတယ်နော်

ဒါဆို KOKORI က ခေးလေးတို့အတွက် လိုက်ဖက်တဲ့ အမြည်းနဲ့ ကော့တေးလေး အတွဲစပ်လေးကိုပြောပြပေးမယ်

ကော့တေးလေးနဲ့ နာမည်က Pink Lady တဲ့

တစ်ခွက်ဆိုရင် တစ်ခွက် ထိထိမိမိနဲ့ ဖြစ်ချင်တယ်ဆိုရင်တော့ Pink Lady လေးကိုရွေးချယ်ပါနော်

အရောင်လေးကလည်း မိန်းကလေးတွေအကြိုက် ပန်းရောင်လေးဆိုတော့ ကြည့်လိုက်တာနဲ့တင် သောက်ချင်စရာကောင်းနေတာပါနော်

အနံ့လေးကပါ ဆွဲဆောင်နေတာဆိုတော့ အခုတောင်သောက်ချင်နေတာမလား

ဒီကော့တေးလေးနဲ့လိုက်ဖက်တဲ့ အမြည်းအနေနဲ့ဆိုရင် ဝက်ပေါင်ခြောက်သုပ်လေးက အလိုက်ဖက်ဆုံးပဲနော်

ဒါဆို ကော့တေးလေးသောက်လိုက် ဝက်ပေါင်ခြောက်သုပ်လေးစားလိုက်နဲ့ သူငယ်ချင်းတွေအာလူးဖုတ်ကြနဲ့ ပျော်စရာညနေခင်းလေးကို ဖန်တီးလိုက်ကြရအောင်နော်

ကော့တေးလေးတွေက တစ်ခွက်ကို ၂ထောင်ကျပ်ပါ

🌟🌟🌟 yathar နဲ့ booking တင်ပြီးလာမယ်ဆိုရင်တော့ KOKORI ကနေ ဟင်းပွဲတစ်ပွဲ လက်ဆောင်ပေးနေပါတယ်

အခုပဲ KOKORI ကို လာဖို့အတွက် ဖိတ်ခေါ်လိုက်ပါရစေ

BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

Photos from yathar's post 28/08/2020

အားလုံးပဲ မင်္ဂလာပါ...

Covid ကြီး ဝင်မွှေပြီး ဆိုင်တွေပြန်ပိတ်ရမလား မသိတဲ့အခြေအနေ ကို ရောက်နေပြန်ပြီနော်..!
အားလုံးပဲ သတိနဲ့နေပြီး ကျန်းမာရေး အထူးဂရုစိုက်ကြပါ..။မိုးရာသီလဲဖြစ်နေတော့ အအေးမမိအောင်လဲ နေကြဦးနော်😍
အကယ်လို့ ဆိုင်တွေပြန်ပိတ်ရရင် KOKORI ကို မလာ လိုက်ရဘူး ဖြစ်မှာစိုးလို့ ခုထဲက လာခဲ့ကြနော်😛😛

#အရသာရှိပြီးစျေးနှုန်းချိုသာတဲ့ ကော့တေးလေးတွေ သောက်ချင်ရင်.......
#ဟင်းပွဲ ဆန်းဆန်းလေးတွေနဲ့ အရသာရှိရှိသုံးဆောင်ချင်သူတွေအတွက်.......

ရန်ကင်း မိုးကောင်းလမ်းမကြီးပေါ်က KOKORI ကို လာခဲ့ဖို့ မမေ့ကြနဲ့နော်🥰🥰🥰

KOKORI
BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

Photos from KOKORI BBQ & BAR's post 26/08/2020

ဘော်ဒါတွေစုပြီး ဆိုင်ထိုင်နေတုန်း ဆေးလိပ်သောက်ချင်တဲ့အခါ

အပြင်ထွက်ပြီး သောက်နေရလား

ဒါမျိုးတွေကို ခေါက်ထားလိုက်ပါတော့

KOKORI မှာမွန်းကြပ်နေတဲ့ အလုံပိတ် အခန်းတွေနဲ့ မတူပဲ လေကောင်းလေသန့်လည်းရတော့ ဝိုင်းကနေ

ထစရာမလိုပဲ

ဆေးလိပ်လေးသောက်ရင်း အေးဆေးထိုင်ပြီး ဘော်ဒါတွေနဲ့ အာလူးဖုတ်လို့ရသေးတယ်လေ

ဒါပေမယ့် ဆေးလိပ်တွေအများကြီးမသောက်နဲ့နော် ကျန်းမာရေးအတွက်စိတ်ပူလို့နော်

ဘော်ဒါတွေနဲ့ ညနေဘက် ထိုင်မယ်ဆိုရင်

ညနေရဲ့ လေပြေညှင်းလေးကို သံစဉ်တေးသွားလေးနဲ့အတူ ခံစားရင်း အကင်လေးစားလိုက် ဘီယာလေးကျိုက်လိုက်

ဘော်ဒါတွေနဲ့စကားလေးပြောလိုက်နဲ့ တစ်နေ့တာရဲ့ စိတ်ပင်ပန်းမှုတွေကို kokori မှာ ဖြေဖျောက်လို့ရပါတယ်နော်

ဆိုင်ရဲ့တည်နေရာလေးကလည်း ရန်ကင်းမြို့ရဲ့ မိုးကောင်းလမ်းမကြီးပေါ်မှာ ရှိတဲ့အတွက် သွားရေးလာရေး လွယ်ကူတယ် နောက်ပြီး ကားပါကင်အတွက်လည်း လုံးဝစိတ်ပူစရာမလိုပါဘူး

ဆိုင်အပြင်အဆင် အနေအထား ကိုလည်း သေချာပြင်ပေးထားပြီးတော့ ဝန်ဆောင်မှုအပိုင်းကိုလည်း အရင်ကထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ကြိုဆိုနေပါရစေရှင့်

ဒီတော့ ဘော်ဒါတွေနဲ့ gathering လုပ်မယ်ဆိုရင်

ရန်ကင်း မိုးကောင်းလမ်းမကြီးပေါ်က kokori ကို လာခဲ့ဖို့ မမေ့ကြနဲ့နော်

KOKORI
BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

24/08/2020

Kokori ကနေ နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ ဟင်းပွဲလေးကတော့ ကြက်ပေါင်ကြွပ်ကြော်လေးပါ

ကလေးတွေအထူးကြိုက်နှစ်သက်ကြပြီးတော့ လူကြီးတွေအနေနဲ့လည်း အမြည်းအနေနဲ့ အဆင်ပြေလွန်းပါတယ်

ဗိုက်ဆာနေတဲ့အချိန်မျိုးဆိုရင် ကြက်ပေါင်ကြော်လေးတစ်တုံးကို ကိုက် ဘီယာလေးကတစ်ကြိုက် ...

ပြောနေရင်းတောင် စားချင်လာပြီမလား

ကြက်ပေါင်ကြော် အကိတ်ကြီးကို ဆော့(စ်)အနှစ်လေးနဲ့တို့စား တကယ်ကိုထိထိမိမိနော်

ကြက်ပေါင်ကြော်ဆိုရင် မုန့်နှစ်တွေ အများကြီးပါတာမျိုးကို မကြိုက်ဘူးဆိုတဲ့ လူတွေအတွက်တော့ တကယ်အဆင်ပြေမယ့် ဟင်းပွဲလေးတစ်ပွဲပါ

ဂျုံမှုန့်နည်းနည်းကိုပဲ အသုံးပြုထားတာဖြစ်တဲ့အတွက် ကြက်ပေါင်လေးက ကြွပ်ကြွပ်လေးနဲ့ တကယ်ကိုပဲ စားကောင်းပါတယ်

ကြက်ပေါင် အကိတ် သုံးတုံးကိုမှ ၄၅၀၀ တည်းကျတာဆိုတော့ ဈေးနှုန်းအနေနဲ့လည်း သင့်တင့်ပါတယ်နော်

ဒီဟင်းပွဲလေးကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းမကြီးပေါ်မှာ kokori ရှိနေပါမယ်နော်

BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

21/08/2020

KOKORI မှာ အီတလီ စပိန် ဂျပန် ထိုင်း တရုတ် အစရှိတဲ့ နိုင်ငံတကာ ဆန်းသစ်တဲ့ဟင်းပွဲ Menu တွေ🍛အပြင်

အခုဆိုရင် Korean style ဟင်းပွဲ Menu တွေလည်းရနေပြီနော်

ဟင်းပွဲလေးအမည်ကတော့ ကိုရီယားဆော့စ်ဝက်သားပြားအစပ်ကင်တဲ့

နာမည်လေးအတိုင်းပဲ ဝက်သားပြားကိုကင်ပြီးတော့မှ ကိုရီယားဆော့စ်အစပ်နဲ့ ပြန်ချက်ထားတာ

ချိုချိုချဉ်ချဉ် အရသာစုံစုံလင်လင်နဲ့ ဝက်သားပြားတစ်ဖတ်မှာ တစ်ဖတ်ဆိုသလို စားလိုက်တာနဲ့

အရသာအနေနဲ မပေါ့မလေးဘဲနဲ့ အနေတော်လေးပါ အစပ်ကလည်း သိပ်လည်းမစပ်ဘူး

ဝက်သားပြားကင်ကိုမှ ကိုရီးယားဆော့စ်နဲ့ဆိုတော့ လိုက်ဖက်မှုပဲပေါ့ ဘီယာအေးအေးလေးနဲ့

တွဲစားလိုက်ရရင်တော့ ရှယ်ပဲနော်

ဈေးနှုန်းအနေနဲ့ကတော့ ၃၂၀၀ ကျပ်ပဲကျသင့်ပါတယ်

Foodie လေးတွေအနေနဲ့ ကော့တေးလေးနဲ့တွဲဖက်ပြီးစားမယ်ဆိုရင်လည်း လိုက်ဖက်လွန်းပါတယ်

ချစ်စရာကော့တေးလေးတွေကလည်း တစ်ခွက်ကို ၂ထောင်ပဲကျသင့်တာဆိုတော့

ကဲ...ပြော ဘာလိုသေးလဲလို့

KOKORI ကို အရောက်လာခဲ့ဖို့ပဲ လိုတော့တယ်နော်

BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

17/08/2020

ကိုယ်ထိုင်နေကြ ဆိုင်လေး မှာ လူသိပ်ပြည့်တတ်လို့ နေရာ မရမှာ စိတ်ပူနေလား ?

Kokori BBQ & Bar မှာ ဒီလို စိတ်ပူစရာမျိုးဆိုရင်တော့ စိတ်မပူဖို့ပြောပါရစေ

ဆိုင်မှာ ဘယ်လောက် လူပြည့်ပဲ ပြည့်နေပါစေ

yathar app ကို အသုံးပြုပြီး Booking ကြိုတင်ထားလိုက်ရုံဖြစ် လူကြီးမင်းတို့ အတွက် ဝိုင်းတစ်နေရာစာ ကျိန်းသေရရှိမှာ ဖြစ်ပြီး ၊ ရာသီအလိုက် Discount Coupon များလည်း ခံစားခွင့်ရရှိ ဦးမှာ ဖြစ်ပါတယ်

အခုပဲ Kokori BBQ & Bar မှာ နေရာ တစ်ခု ကြိုရဖို့ အတွက် yathar Application ကို Download လုပ်ပြီး

Booking တင်လိုက်ရအောင်…။

🌟🌟🌟 yathar နဲ့ booking တင်ပြီးလာမယ်ဆိုရင်တော့ KOKORI ကနေ ဟင်းပွဲတစ်ပွဲ လက်ဆောင်ပေးနေပါတယ်

https://yathar.com/shop/3323

BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

14/08/2020

Sea food ချစ်သူတွေရဲ့ အသဲစွဲ Menu အသစ်လေးတစ်ခု KOKORI မှာရနေပါပြီနော်

ဒါက ဘာလေးလဲဆိုရင်တော့ ဂဏန်းမဆာလာလေးပါ

မြန်မာစတိုင်အရသာထိထိမိမိလေးချက်ပြုတ်ပေးထားတော့ အနှစ်လေးကအစ ထမင်းနဲ့နယ်စားလိုက်ရင်တောင် အရသာ ရှိရှိလေးဆိုတော့

စားဖူးနေကြ ဂဏန်းမဆာလာတွေနဲ့ မတူ တူမူထူးခြားတဲ့ အရသာလေးမို့ လာရောက်ပြီး မြည်းစမ်းကြည့်စေချင်ပါတယ်

ဒီMenu လေးမှာ ဂဏန်းရဲ့ ချိုမြိန်တဲ့လတ်ဆတ်မှုတွေ မဆလာနံ့မွှေးမွှေးလေးနဲ့ မြင်လိုက်တာနဲ့တင်စားချင်စရာကောင်းတဲ့ ဟင်းပွဲအပြင်အဆင်လေးတွေကို ခံစားရမှာဆိုတော့

KOKORI ကိုရောက်ရင် ဒီMenu လေးကတော့ မဖြစ်မနေကို စားသင့်တဲ့ ဂဏန်းမဆာလာချက်လေးပါနော်

ဈေးနှုန်းလေးက တော့ ၆ထောင်ကျပ်ဖြစ်ပါတယ်

ဘီယာမျိုးစုံ ချစ်စရာကောင်းလွန်းလှတဲ့ ကော့တေးမျိုးစုံကလည်း ရသေးတာဆိုတော့ အခုပဲ

KOKORI ကိုအရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်

BBQ,Restaurant & Bar
🏠115,13(quarters),Moe Kaung Road,
Yankin,Township,Yangon
☎️ 09-266-696-977

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Now Opening

ပိုကောင်းတဲ့ အရသာတွေ ပိုမိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ပြန်လာပါပြီး

Telephone

Address

No. 115, 13(quarters, Moe Kaung Road
Yangon

Opening Hours

Monday 14:00 - 23:00
Tuesday 14:00 - 23:00
Wednesday 14:00 - 23:00
Thursday 14:00 - 23:00
Friday 14:00 - 23:00
Saturday 14:00 - 23:00
Sunday 14:00 - 23:00

Other Yangon restaurants (show all)
The Cozy Corner The Cozy Corner
17 (B), 4th Street, W Shwe Gon Daing Road
Yangon

We are dedicated to serving our beloved customers with exquisite dishes that brings joy to both your tummy and your wallet We currently offer walk-ins, takeouts and deliver our d...

ရွှေဆုံမှတ် ရွှေဆုံမှတ်
No. 399, Yadanar Road, (11) Ward, South Okkalapa Town Ship
Yangon, 11211

ရွှေဘော်ဒါများရဲ့ ဆုံမှတ်

Asahi 9 Beer Pub & BBQ Asahi 9 Beer Pub & BBQ
Tabinshwehti Road, 9th Ward, East Dagon
Yangon

The Best Beer Pub and BBQ in town with best service

Yellow Beer Garden Yellow Beer Garden
134 Maharbandula Street, Ward 31, North Dagon
Yangon, 1111

Beer & Seafood are best friends

SMOKE Grill & Pub - Sayar San SMOKE Grill & Pub - Sayar San
No 53, Sayar San Road , Bahan Tsp
Yangon

YORK - Bar.Bbq.Restaurant YORK - Bar.Bbq.Restaurant
No(20), Yaw Min Gyi Street, Dagon Township
Yangon, 11191

Gekkō Restaurant Yangon Gekkō Restaurant Yangon
41/22, Aung Taw Mu Lane, Golden Valley, Bahan Township
Yangon, 11201

Gekkō: where traditional flavors shine bright like the moon, located @Golden Valley (ရွှေတောင်ကြား)

အမှတ်တရ Beer Garden အမှတ်တရ Beer Garden
No. 1342 HlawKar Road , 19 Quarter, Dagon (South)
Yangon

Beer ချစ်သူများ ဆုံစည်းရာ

Beer VIBE - Pyi Thar Yar Beer VIBE - Pyi Thar Yar
No. (15), Corner Of Pyi Thar Yar & Pyi Taw Aye Street, Yankin Township
Yangon, 11081

Your Friendly Neighborhood

Shaki House - ရှက်ကီအိမ် Shaki House - ရှက်ကီအိမ်
Near Parami Bridge
Yangon, 11081

ဘာကြောင့်သောက်သောက်shaki house

Burbrit Taproom Burbrit Taproom
No 3/A13, Taw Win Road, Near Ocean Supercenter, Mayangone Township
Yangon, 11061

The Platform The Platform
No. 10 Ar Thaw Ka Street
Yangon

Restaurant