Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း

Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း

Hot Line

27/01/2024

?

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 03/02/2021

လူ နတ် ဗြဗ္မာ သတ္တဝါတို့ သာဓုခေါ်နိုင်ပါစေသော်...... 🙏🏻🙏🏻🙏🏻

(၁) {Jan/14/2021} တွင် အလုပ်တစ်ခု လက္ခံရရှိခဲ့ပြီး၊ (မတ်လကုန်မှ အမြတ်ငွေရနိုင်မည်)

ရရှိနိုင်သော အမြတ်ငွေများထဲမှ ၇၅%ကျော်ခန့်ကို ၂၀၂၁နှစ်ဦး အလှူအဖြစ်{31/Jan/2021}တွင် (ပြုမြဲဖြစ်သော ၁လတစ်ကြိမ်ဆွမ်းအလှူအတွက်) ၁နှစ်စာအတွက်-
🔶မိဘ၊ ဘိုးဘွား၊ အလုပ်သမားများ၊ စီးပွါးဖက်များ၊ ဝယ်ယူအားပေးသော ထမင်းရှင်ဖောက်သည်များ ကိုယ်စား သီရိင်္လကာရာမကျောင်းတိုက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား နိဗ္ဗန်သို့ ရည်မှန်း၍ လှူဒါန်းခဲ့ပါသည်။

(၂) {2/Feb/2021}ရက်နေ့ 8:20PMခန့်တွင် ၅ပါးသီလခံယူကာ ဆံတော်ရှင်ဟု ယူဆရသော ဆံတော်တစ်ဆူအား ဦးခေါင်းထက်တွင် သီတင်းသုံးတော်မူစေ၍ (လိုသောဆုတစ်ခုတောင်းစေရာ)
❤️ကျေးဇူးရှင် အမိအဖများအတွက်သီးခြား ဆုမတောင်းဆိုမိပါ။😔

❤️နိုင်ငံရပ်ခြား ကြိုးစားရုန်းကန် ပညာသင်ယူနေသောညီမငယ်၂ဦးနှင့် ကျန်းမာရေးအားနည်းသောညီမငယ်လေး ၁ဦးအတွက် မည်သည့်ဆုမျှ မတောင်းဆိုမိပါ။😔

❤️ယခုလထဲမွေးဖွားမည့် ဇနီးသည်နှင့် ဗိုက်ထဲမှ သွေးသားလေးအတွက် မည်သည့်ဆုမျှ မတောင်းဆိုမိပါ။😔

❤️မွေးရာပါ ဓာတ်ချို့တဲ့သော G6PDသမားလေး သမီးအတွက် မည်သည့်ဆုမျှ မတောင်းဆိုခဲ့ပါ။😔

❤️မည်သည့် ဆွေမျိုးသားချင်း၊ ချစ်မိတ်ဆွေတစ်ဦးချင်းစီအတွက်မျှ ဆုမတောင်းဆိုမိပါ။😔

❤️မိမိတစ်ဦးတည်းအတွက်လည်း မည်သည့်ဆုမျှ မတောင်းဆိုခဲ့ပါ။😊

အလိုချင်ဆုံးဆုတစ်ခုတောင်းပါဟု ဆိုသောအခါ.....
ကျွန်ုပ်တောင်းဆိုမိသည့်ဆုမှာ...

❤️❤️❤️ ၃၁ဘုံ၌ ကျင်လည်ကုန်သော သတ္တဝါအပေါင်းတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်းအေးချမ်းကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ.... ။❤️❤️❤️
ဆိုတဲ့ ဆုကိုသာ ဘုရားရှင်အား အာရုံပြု ဆုတောင်းခဲ့ပါသည်။

🙏🏻🙏🏻🙏🏻ဤမှန်သော သစ္စာစကားကြောင့် မြန်မာပြည်သူ ပြည်သား မြန်မာနိုင်ငံသားများ၏ ကောင်းကျိုးလိုရာ ဆန္ဒများ အမြန်ဆုံး ပြည့်ဝနိုင်ကြပါစေရန် သမာဒေဝနတ်မြတ် နတ်ကောင်းတို့အား လေးနက်စွာ တိုက်တွန်း နိုးဆော်လိုက်ရပါသည်🙏🏻🙏🏻🙏🏻

ကျွန်ုပ်ပြုခဲ့သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ကိုလည်း လူ နတ် ဗြဗ္မာ သတ္တဝါတို့ သာဓုခေါ်နိုင်ပါစေသော်....

ကုသိုလ်အစုစုတို့အား အမျှဝေပါ၏
အမျှ အမျှ အမျှ အပြည့်အဝ ရရှိနိုင်ကြပါစေကုန်သတည်း.....

သာဓု🙏🏻
သာဓု🙏🏻
သာဓု🙏🏻

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 02/01/2021

ပရဟိတစိတ်ရှိတဲ့ ဗိုလ်မှုးကြီးနန်းဝေရဲ့ ပရဟိတထိုင်ခုံလေးတွေပေါ့ (သူသုံးဖို့မဟုတ်ပါပဲ အလှူရှင်ကိုယ်စား အပင်ပန်းခံတာဝန်ယူလှူ)

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 02/01/2021

ကိုယ်ကြိုးစားပုံဖော်ပေးထားတာလေးကို နောက်တခေါက် အော်ဒါကုတင်သွားပို့ရင်း ဖူးခဲ့တုန်းက 🙏🙏🙏
(ကုတင်ကတော့ အရင် ဒီဇိုင်းမို့တင်တော့ဘူးနော်)
ကျေးဇူးများ အထူးတင်ရပါသော ကိုဇော်နိုင်+မနီမာလာ ခင်ဗျား။

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 10/09/2020

အတတ်နိုင်ဆုံး/အနီးစပ်ဆုံးကြိုးစားပြီးတော့ လုပ်လိုက်တော့...

(အင်မတန် တိကျပြီး စည်းကမ်းကြီးတဲ့ ကိုစိုင်းအတွက် မုံရွာသစ်ပေါင်းသားတံခါးလေးတွေ လုပ်ပေးခဲ့ရတယ်ဗျာ)
🙏 ကျေးဇူးပါ ကိုစိုင်းထွန်းထွန်း🙏

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 10/09/2020

Taiwan ကတံခါးပုံတဲ့ တူအောင်လုပ်၊ သစ်ပေါင်းသားနဲ့လုပ်ပေးပါတဲ့ (မြန်မာပြည်ဖွား ထိုင်ဝမ်အင်ဂျင်နီယာ ကိုစိုင်း)

ဟုတ်ကဲ့ ကြိုးစားကြည့်ပါ့မယ် အစ်ကိုပေါ့

14/04/2020

United Kingdom မှ ကိုယ်တွေ့ ကိုဗစ်၁၉
မျှဝေတဲ့ Ko Aung Kyaw Soe ကျေးဇူးပါခင်ဗျာ🙏🙏🙏။

From: Aung Kyaw Soe (UK)

ကျနော်ခံစားခဲ့ရတဲ့ ဝူဟန်းဗိုင်းရပ်အကြောင်းလေးပါ။ ဘာကြောင့်ဝူဟန်းကျနော့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသလဲ မလာအောင်ဘယ်လိုလုပ်နိုင်ဆိုတာ နဲ့ မလှုပ်နိုင်ဘဲ နာရီပေါင်း ၁၄၀ ကျော် ကို မခံသာတဲ့ မရာဏာပိဒုက္ခ ကိုကျော်လာခဲ့ပုံ အတွေ့အကြုံလေးပါ။

ပထမဉီးဆုံး သေရွာပြန်ခဲ့တာ ဟာ ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့်ဆိုတာပါဘဲ။ Ventilator မှာ သေမင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ မေတ္တာစူးစိုက်ပို့ပေးနေခဲ့ကြတဲ့ ဆရာ​တော်ခေမာဓေမမ္မာ၊ အောက်စ်ဖို့ဆရာတော်၊ တိပိရကရွှေစင်ဆရာတော်ဘုရားကြီး၊ ဂုတ်ထိပ်ဆရာတော်ဘုရားကြီး၊ ဦးပညာဝံသ ၊ထိသိ စွန်းလွန်းဆရာတော်ဦးသုမန၊ သဘာဝရိပ်သာမှာဆရာတော်အမှုးထားပြီးဘုန်းဘုန်းများ ဆရာလေးများ၊ မိုးကုတ်ရိပ်သာမှ ဆရာလေးများ ပြည်ဝိဇ္ဇောဒယ မှ ဆရာသမားများ အချိန်ပြည့်တရားအားထုတ်ပြီသစ္စာတိုင်တည်မေတ္တာပို့နေတဲ့ မိခင်ကြီးဒေါ်အေးမြင့် ၊ ဇနီးမအေးမိုးနဲ့သားသားခရစ္စ ညီမငယ်မဖြူ အကိုကြီးကိုဝင်း အမကြီးမညောင် မသူဇာ တို့ကိုအထူးကျေးဇူးတင်ပြီ မေတ္တာကိုခံစားခဲ့ရပါတယ်။ သူငယ်ချင်း မဥမ္မာလှုိင်ကလဲ သစ်တံခါးဆရာတော်ဘုရားကြီးကို အပူကပ်မေတ္တာပို့ပေးဖို့လျောက်ထားခဲ့ပါတယ် အရိယာသူတော်ကောင်းကြီးများရဲ့မေတ္တာနဲ့သေတွင်းကလွတ်ခဲ့ပါပြီ အကြိမ်ကြိမ် ဦးတိုက်ကန်တော့ပါတယ် ဘုရား။

၁. ဘာလို့ဝူဟန်ဗိုင်းရပ်ကိုယ့်ဆီကိုတည့်တည့်ရောက်လာတာလဲ

အတိတ်ကပြုခဲ့တဲ့ဝဋ်တွေအကျိုးပေးဖို့အချိန် မှီလာလို့ပါ။

ဘာလို့အကျိုးပေးဖို့အချိန်မှီလာလဲဆိုတော့ ပိုင်းလော့ဆရာတော်ပြောတဲ့ ' အချိန်တိုင်းတွေးနေရင်းဘဝပြောင်းသည်ဆိုတဲ့ အချက်ကြောင့်ပါ' ။

ကျနော်ဟာ မနေတတ်မထိုင်တတ် ဝူဟန်းဗိုင်းရပ်ကို နေ့ညအချိန်ပေါင်းများစွာ source ပေါင်းများစွာက follow လုပ်ပါတယ် covid ဂုဏ်တော်ပွါးများနေတယ်လို့ဘဲဆိုပါတော့ အဲ့ဒီတော့ လာပြီပေါ့ ကိုယ့်ဆီကို ဘာဆန်းမလဲ အချိန်တိုင်းတွေးနေရင်းဘဝပြောင်းပြီလေ

ဒီအချက်က ရှောင်လို့ရပါတဲ့ covid ကို follow မလုပ်ကြပါနဲ့ ကြောက်လဲမကြောက်ကြပါနဲ့ သောကလဲမရောက်ကြပါနဲ့ ကိုယ့်တရားကိုယ် အာရုံပြုရင် အလွယ်တကူလွတ်မြောက်နိုင်ပါတယ်

မနေတတ်တာအခုမှမဟုတ်ပါ ရွှေဝါရောင်အရေးတုန်းကလဲ ဒေါသ ဝမ်းနည်းမှုတွေနဲ့ အရင်ဆုံးပူလောင်သူက ကိုယ်ပါ စီးပွါးတွေပျက် ပစ္စည်းတွေ ဆုံးရှုံး ကြုံခဲ့ပြီးပါပြီ အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းခဲ့ရပါတယ်

အမျိုးသမီး တစ်ယောက်ကသူနာပြုဆရာမလေးကို စက်ရုပ်မို့အိမ်မှာနေရမှာလား တို့ ပြည်တော်ပြန်တွေသတ်ပစ် တစ်ကောင်မှအထင်မကြီးဘူးဆိုတဲ့ ပို့စ်တွေကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် ဒါဟာ အကုသိုလ်စိတ်ပါ အကုသိုလ် အကျိုးပေးတွေ အချိန်မှီပြီလေ ။ ဒါဟာရှောင်လို့ရတဲ့အချက်ပါ။

ဒါကဝူဟန်းဗိုင်းရပ်စ်ရောက်လာခြင်းအကြောင်းပါဘဲ အလွယ်တကူရှောင်လို့ရတဲ့အချက်ပါ။

၂. ဆေးရုံက Intensive Care မှာ ventilator ပေါ်မှာ နာရီ ၁၄၀ ကျော်

ကျနော်အပျင်းဖျားပြီးတပါတ်အကြာမှာ ချောင်းဆိုးလာပါတယ် ၃ ရက်လောက်ကြာတော့ နှာခေါင်းထဲ ဆီကြော်အနံ့လိုရပြီး အသက်ရှုကြပ်လာပါတယ် တကယ်တော့ ဘာအနံ့မှမရှိပါဘူး

အောက်စီဂျင် level ၈၇ အထိထိုးကျလို့ ဆေးရုံရောက်ခဲ့ပါတယ်။

ဆေးရုံမှာ အောက်စီဂျင် ပေးထားတဲ့ကြားက တက်မလာဘဲ အဖျား ၃၉ ကနေမကျဘဲ နှလုံးခုန်ှုန်း သွေးပေါင်ချိန်ကျသွားလို့ သတိလစ်သလိုဖြစ်သွားပါတယ် ဆရာဝန်တွေဆရာမတွေက မသွားနဲ့ ငါတို့နဲ့နေပါဆိုပြီး တစ်ယောက်ဖက်ထားပြီးဝိုင်းအော်နေတာကြားပါတယ်

ချက်ချင်းဘဲ ventilator machine ပေါ်တင်တော့တာပါဘဲ မေ့ဆေးဆရာဝန်ကမေ့ဆေးပေးပြီး လည်ချောင်းအပေါက်ဖောက် ပိုက်မျိုးစုံထဲ့ နှာခေါင်းပိုက် နှလုံးခုံစက်အစုံပါဘဲ Ventilator ပေါ်တင်ပြန်ရှင်တဲ့သူ အရမ်းနဲတယ်ဆိုတာသိထားပါတယ်

မေ့ဆေးပြယ်တော့ ဆရာဝန်တွေကရှင်းပြကြပါတယ် အိပ်ယာလဲဖျာကပ်ပေါ့ လှုတ်လို့လဲမရတော့ပါဘူး

ကျနော်ဟာ တရားကိန်းသူမဟုတ်ပါ အညံ့စား ပုထုဇဥ် တစ်ဦးပါ တရားကို မရဏာပိဒုက္ခကို ရင်ဆိုင်နိုင်လောက်အောင် နေကောင်းစဉ်က အားမထုတ်ထားခဲ့ပါ

ပုထုဇဉ်တစ်ယောက်အနေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စစဉ်းစားရတော့တာပါဘဲ တစ်ခုတည်းသောအားကိုးရာ ရတနာသုံးပါးပါဘဲ

အဖျား ၃၉ံ နဲ့အသက်မနဲရှုနေရတာ ဘယ်ကတရားစမှတ်မလဲ အရင်ဆုံး ဂုတ်ထိပ်ဆရာတော်ဘုရားကြီးသင်ပေးတဲ့ စိတ်လျော့ရှပ်လျော့ပါဘဲ လျော့ချလိုက်တာနဲ့ သဘာဝသဘောခန္ဓာ စမြင်တော့ပါဘဲ အလုပ်စရပြီပေါ့ ဝေဒနာကပြင်းလွန်းလို့ မျောသွားလွတ်သွားပြန်တာဘဲ

ဒီတခါ စွန်းလွန်းဆရာတော် ဦးသုမန ဆေးရုံမတက်ခင် အေးစေငြိမ်းစေ တရားပေးထားပါတယ် အာနာပါဏနဲ့ အေးစေငြိမ်းစေ စတင်ပါတယ် စပြီးတည်ငြိမ်လာပါပြီ

နဲနဲ စိတ်နဲ့ ရုပ်ကိုခွါလာနိုင်တော့ ပြည်ဝိဇေဇာဒယ ရဲ့ အရှုစျာန်တင်တော့တာဘဲ ရုပ်ပေါ်မှာစျာန်နဲ့ခွါသလို အောက်စီဂျင်လဲ တက်လာပါတယ်

နောက် တော့ မျောလိုက် မေ့သွားလိုက် နဲ့ လုံးခြာလိုက်နေပါတယ်

သတိရတာနဲ့ သဲအင်းဆရာတော်ကြီးရဲ့ ကော့မူးရှုကွက်တရားတင်တော့တာဘဲ ရှုကွက်က ဖောက်ပြန်တဲ့ရုပ်သဘောနဲ့ သိတတ်ခံစားတတ်တဲ့ နာမ်တရားလေးဘဲရှိတယ် ဆိုတာ ဘာဘဲ ပေါ်လာ ချုပ်ပျောက်သွားတာလေးတွေက ငါမဟုတ်ဖူးလို့လိုက်သိပေးနေပါတယ်

ငါဖြင့်သေရေတာ့မယ် မိသားစုနဲ့ခွဲရတော့မယ် ဆိုတဲ့သောကတွေမရှိတော့ပါဘူး အရာရာတရစတ်ချုပ်နေတာကိုး

ဉာဏ်အား နဲနဲအထောက်အကူရတာနဲ့ သဘာဝဆရာတော်ရဲ့ အနတ္တသဘောခန္ဓာ လေးတွေ အခုကြည့်အခုမရှိတော့ဘူးဆိုတဲ့ရှုကွက်နဲ့ လိုက်တယ် ဆရာလေးခေမာရံသီရဲ့ နဂိုကမှ ဘာမှမရှိဘဲ တရစတ်အစားထိုးဖြစ်ပျက်နေကြတာ ကို တင်ရှုပါတယ်

စွန်းလွန်း ဦးသုမန ရဲ့ နာတာကိုမသိနဲ့နာတာကိုသိတဲ့စိတ်ကလေးရဲ့အပျက်လိုက်ဆိုတာနဲ့လိုက်ပါတယ် အဲ့ဒီအခါမှာရုပ်ကြီးကလဲသူ့သဘောနဲ့သူပြောင်း သိမှုတွေကလဲ ပြောင်းပြောင်းချုပ်ချုပ်သွားကြတာမြင်ရပါတယ်

ငါခံနေရတယ်ဆိုတာကလွတ်လာပါပြီ မိသားစုကိုလဲမစွဲတော့ပါဘူး အေးအေးဆေးဆေးဘဝကူးနိုင်ပါပြီ

မကောင်းတဲ့ လာရာဂတိနိမိတ်တွေ လုံးဝမတွေ့ရပါဘူး ပုထုဇဉ်တစ်ယောက်အနေနဲ့ အပါယ်တံခါးတစ်ဘဝလောက်ပိတ်အောင် လုပ်နိုင်ခဲ့ပါပြီ

ဒီလိုနဲ့ မျောလိုက် သတိတင်လိုက်နဲ့ ဆရာဝန်တွေဆရာမတွေက မင်းအသက်ဘေးကလွတ်ပြီဆိုပြီး ဝမ်းသာအားရလာပြောကြပါတယ်

အဲဒီကနေ ရိုးရိုး ward မှာ အားပြန်ရှိအောင်နေရပါတယ် အခုဘဲဆေးရုံက စိတ်ချရပြီမို့အိမ်ပြန်ခွင့်ရပါပြီ

ဆေးရုံက ဝန်ထမ်းများဟာ ကျနော်အသေကောင်တ မျှပျက်ဆီးနေတာကို မညိုမညင်ယုယုယယ ပြုစုကြတာ အံ့လို့မဆုံးပါဘူး ဘယ်လိုအသားရောင်လူမျိုးကိုဖြစ်ဖြစ်မေတ္တာထားနိုင် NHS National Healthcare Services (United Kingdom) ဝန်ထမ်းတွေကိုကြည့်ပြီး မျက်ရည်ဝဲတဲ့အထိကျေးဇူးတွေတင်မိပါတယ်

ပြောတာလဲများသွားပြီ

အကုသိုလ်အခေါ်တရားတွေ ရှောင်ကြပါ စိတ်ညစ်နွမ်းစေ သောက ဒေါသဖြစ်စေမဲ့ ပို့စ်တွေ မရှယ်ကြပါနဲ့ မြင်ရင်လဲ သူငယ်ချင်းတွေကို ပူလောင် အကုသိုလ်များအောင် မရှယ်ကြပါနဲ့

အားလုံးဘေးဆိုးကြီးကလွတ်မြောက်ကြမှာပါ

အားလုံးချမ်းသာကြပါ

14/04/2020

United Kingdom မှ ကိုယ်တွေ့ ကိုဗစ်၁၉
မျှဝေတဲ့ အမAye Moe ကျေးဇူးတင်ပါသည်။

From: Aye Moe (UK)

ကျမ အမျိုးသား ကိုအောင်ကျော်စိုး ဆေးရုံကမဆင်းရသေးပါဖူး လိုအပ်တဲ့ဆေးတွေစောင့်နေရတယ် ဆေးရရင်တော့ဒီနေ့ဆင်းရမယ်ထင်ပါတယ်
ကျမတို့မိသားစုကြုံခဲ့ရတာလေးကိုရေးတတ်သလိုလေးရေးပြမယ်နော်
ပထမဆုံးပြောချင်တာက တကယ်သေတတ်တဲ့ဗိုင်းရပ်ပါအရမ်း​ကြောက်စရာကောင်းပါတယ်မပေါံံ့ကြပါနဲ့ လက်ဆေးတာ mask တပ်တာ လက်အိပ်ဝတ်တာတွေလဲအပြင်သွားရင်လုပ်ကြပါ မလိုအပ်ရင်အပြင်မထွက်ပါနဲ့ရှိ့တာနဲ့စားကြပါနော် (ဆရာလုပ်တာမဟုတ်ပါဘူးနော် လက်တွေ့ကြုံခဲ့ရတာမို့ ကိုယ် survive ဖြစ်ခဲ့တာလေးမျှဝေတာပါ)
ဆားရေခပ်ပူပူနွေးနွေးလေးတနေ့ ၅ခါလောက်ငုံပါ၊အရည်များများသောက်ပါ စဖျားပြီဆိုရင်တော့ Paracetamol သောက်| ဂျင်းထညက်|ပျား+သံပုရာ၊ကွမ်းရွက်ပြုတ်|ကြက်ရိုးပြုတ် အဆင်ပြေသလိုလုပ်နိူင်သလို သောက်နိုင်သလောက် သောက်ပါအဖျားတက်ရင်ချမ်းပါတယ် | ဖျားပြီး ၅ရက်/၆ရက်လောက်မှာဝမ်းလျောတယ်

ကျမအမျိုးသားကအိမ်မှာအသက်ရူအရမ်းမကြပ်ဘဲ Oxygen level နဲ့ heart rate ကအရမ်းကျသွားတာပါ ဘေးမှာကျမစောင့်မနေရင်သူတ​ဖြေးဖြေးနှလုံးခုန်ရပ်သွားမှာပါ 😥😥😥

UK မှာစဖြစ်တော့ဆေးရုံဆေးခန်းတွေကိုလူကိုယ်တိုင်မလာဖို့ ဖုန်းဆက်ပြီးမှ သူတိုပြောတဲ့အတိုင်းလုပ်ဖို့လိုက်နာရပါတယ် ဖျားလို့ အဖျားကြီးရင်111ကိုခေါ်ရပါတယ်။

ကျမတိုမိသားစုမှာတော့ ကျမအမျိုးသားက public transport သုံးလို့ ရလာတာထင်ပါတယ် သူနဲ့ကျမတရက်ထဲဖျားတာပါ ၊
ကျမကတနေ့ဆားရည် နွေးနွေး ၅ခါလောက် gargle လုပ်ပါတယ်၊ ၂ယောက်စာလုပ်ထားတဲ့ဂျင်းထညက်ပြုတ်ရည်| ကွမ်းရွက်ပြုတ်ရည်| nettle tea | ကြက်ပြုတ် ကြက်ပေါင်း သူမသောက်သမျှ အကျန်အားလုံးသောက်တယ် 😁 ကျမထင်တာ အရည်များများသောက်တာရယ်ဆားရည်ငုံတာရယ်ကြောင့်ကျမဆေးရုံမရောက်တာပါ။ ဆေးကတော့Paracetamol 500mg တနေ့တလုံးနဲ့ Echinacea max strength တလုံးသောက်ခဲ့ရတယ် ဒါပေမဲ့အခုနှာခေါင်းဘာအနံမှမရပါဘူး အရသာကတော့အခုနဲနဲပြန်ရလာပါပြီ။

အခုဆက်ပြောမှာကသူ့အကြောင်းပါ
23/03/20 Monday မှာအဖျား 37.6 လောက်ကစပြီးတပါတ်လုံး 37.6 နဲ့ 38.7 လောက်ကြားမှာပါ အစပိုင်းချောင်မဆိုး နှာမစီးပါဖူး သောကြာနေ့လောက်မှချောင်းနည်းနည်းဆိုးပါတယ်
ဒါကြောင့် 111 ကိုခေါ်ရပါတယ် ခေါ်တော့လဲ အသက်ရူမကြပ်သေးရင် အိမ်မှာနေ ပါရာသောက်ဖို့အကြံပေးပါတယ် ။
Saturday မှာ ကိုအောင့်အကိုက Oxygen level တိုင်းတဲ့စက်ကလေးလာပို့ပေးရှာတယ်၊ တိုင်းကြည့်တော့ oxygen နဲနဲစကျ နေပါပြီ
Sunday မှာoxygen level နဲ့ heart rate ပါ အတော်ကျလာတဲ့အတွက် 111ကိုထပ်ခေါ် (ဖုန်းဝင်ဖို့တနာရီစောင့်ရပါတယ်) ရတော့သူတို့မေးတာဖြေပီး ဆရာဝန်ဖုန်းပြန်ခေါ်မယ်ဆိုလို့ 20မိနစ်စောင့်ရပါတယ် ဆရာဝန်နဲ့စကားပြောပြီးသူက covid - 19 လို့ယူဆတယ် ambulance လွတ်မယ် ဆေးရုံတက်ဖို့အဆင်သင့်ပြင်ထားခိုင်းတယ်
ambulance လာတော့ ပြန်တိုင်းချိန်မှာအဖျားကျ အောက်စီဂျင်ကောင်း heart rate ပြန်ကောင်းနေတော့ အိမ်မှာနေလို့ရသေးတယ်ဆိုပြီး ထားပစ်ခဲပါတယ် ထပ်ဖြစ်ရင်ဖုန်းထပ်ဆက်ပါတဲ့🤷‍♀️🤷‍♀️🤷‍♀️
ကျမတညလုံးမအိပ်နိုင်ပါဖူး သူဘယ်အချိန်တခုခုဖြစ်မလဲဆိုပီးသောကနဲ့မိုးလင်းခဲ့တာပါ Monday မနက် မှာအဖျားပြန်တက်တော့ ကျမ gp ဖုန်းဆက်ပီးဆရာဝန်နဲ့စကားပြောတယ် သူတို့ကဆေးခန်းကိုလာခိုင်းပြီးဆေးခန်းအထဲမဝင်ရပါဖူး ကားparking ထဲမှာ ဆရာဝန်ထွက်လာပြီးကားပေါ်မှာဘဲ စစ်ပေးတယ် ချက်ချင်း ဆေးစာထုတ်ပေးပြီး ambulance မစောင့်နဲ့ ကိုယ့်ဖာသာဆေးရုံသွားပါတဲ့🚘🚘
သောကအပြည့်နဲ့ဆေးရုံရောက်ပြီးသူ့ကို နာစ့်၂ယောက်လာခေါ်တယ် ကျမကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်
ဆေးရုံကိုလူနာသွားကြည့်လို့မရပါဖူး သိချင်တာရှိ့ရင် phone ဆက်မေး လို့ရပါတယ်
နောက်တနေ့မှာတော့ သူ့ကို ICU ပြောင်းရမယ်လို့ဖုန်းဆက်ပါတယ်နောက်ထပ်ဆက်ကြည့်တော့ ventilator ပေါ်ရောက်နေပြီသတိမရတော့ဖူးဆိုတဲ့သတင်းကြားရပါတယ် (ဝမ်းနည်းလွန်းလို့ ငိုလိုက်ရတာလေ )
ဆေးရုံကလိုအပ်တဲ့ဆေးဝါးကုသမူ့တွေလုပ်ပြီး 02/04/20 Thursday မှာသူသတိပြန်ရလာပြီးတဖြေးဖြေးပြန်ကောင်းလာတယ် စိတ်ချရတဲ့အခြေအနေရောက်လာခဲ့ပါတယ်။ ICU ကနေ normal ward ကိုပြောင်းရပြီဆိုမှစိတ်နည်းနည်းအေးရတာပါ။

UK မှာ COVID ဖြစ်လို့ဆေးရုံရောက်လာသူတွေထဲမှာ ventilator ပေါ်ရောက်ရင် 20%လောက်ဘဲအသက်ရှင်ပါတယ် နော် အသက်ရှင်ဖို့အခွင့်အလမ်းအရမ်းနဲတဲ့ရောဂါပါ သတိရှိ့ကြပါနော်

ကံကောင်းလွန်းတာရယ် ဘုရားတရားသံဃာ ရတနာ၃ပါးမိဘ ဆရာ ဂုဏ်ကျေးဇူးတွေကြောင့် သေမင်းလက်ကလွတ်ခဲ့တာပါ။
ကိုရိုနာ virus ဘေးမှလူသားအားလုံးကင်းဝေးကြပါစေ 🙏🙏🙏

05/04/2020

Mask လိုချင်တဲ့၊ လှူချင်တဲ့ အမျိုးတို့အတွက် -

အိမ်နားတွင် အခု(၅၀)ပါ ၁ဘူးကို ၁၈,၀၀၀ကျပ်ဖြင့် ရောင်းချပေးနေပါကြောင်း၊ လိုအပ်ပါက မှာယူနိုင်ပါကြောင်း🙏🙏🙏

095599099 (တာမွေ ရန်ကုန်တွင်)

Fact Check | ကိုရိုနာဗိုင်းရပ်သတင်းမှားဖြန့်နေသည့် ဝက်ဘ်ဆိုက်များ 28/01/2020

သတင်းတိုင်းကို စီစစ်ရန်။

Fact Check | ကိုရိုနာဗိုင်းရပ်သတင်းမှားဖြန့်နေသည့် ဝက်ဘ်ဆိုက်များ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံ့ခဲ့သည့် ဗိုင်းရပ်သတင်းသည် ထိတ်လန့် တုန်လှုပ်စရာဖြစ်သည်။ သို့သော် လ.....

31/12/2019

နှစ်သစ်မှာ ကောင်းခြင်းမင်္ဂလာအပေါင်း ချစ်ဆွေ/ချစ်မျိုးတို့ ရှေ့သို့ ခညောင်း ရောက်ရှိ၍၊

ကာယ၊ စိတ်တ အပေါင်း ဝမ်းသာ ချမ်းသာပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါသည် လူသားအပေါင်းတို့....... 🙏🙏🙏 😘😘😘။

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 10/08/2019

Yangoods တောင်ကြီး+ရန်ကုန်အတွက် ၂ပတ် ၁လုံး (U shape counter၂လုံး) မိုးထဲ လေထဲအသည်းအသန် ကြုံးရုန်းပေးလိုက်ရတယ်။ (ကျွန်းသားသန့်သန့်ကို Yongoods TM Colourလေးနဲ့ပေါ့)

Ottoman, U shape table (L/S), Ostric tree frame အစရှိသဖြင့် အမြဲလိုလို ယုံကြည်စွာ လည်းအားပေးနေကြပါပဲ။

အမြဲအားပေးနေကြ Yangoodsမိသားစုဝင်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်...။

Yangoods သည်လည်း ခုထက်မကပိုမို အောင်မြင်တိုးတက်ပါစေလို့ 🙏🙏🙏

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 24/06/2019

ပိုင်ရှင်ကိုသန်းထူးအောင် စိတ်ကျေနပ်စေတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ😇။

သက်မဲ့ဖြစ်တဲ့အဲ့တခါးလေးကို သက်ရှိဖြစ်တဲ့ကျွန်တော်တို့တတွေ သံယောဇဉ်တောင်ဖြစ်မိသေးတယ်ဗျာ (ကိုယ်လက်ထဲ လနဲ့ချီကိုကြာသွားတာကိုးဗျ😬)

စိတ်ရှည်စွာ စောင့်ပေးတယ်၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပူးပေါင်း လုပ်ဆောင်ကူညီပေးတဲ့ ပိုင်ရှင်ကြီး ကိုသန်းထူးအောင်ရေ ကျေးဇူးကမ္ဘာပါနော်☺️၊ Condoခန်းများစွာ ထက်မံပိုင်ဆိုင်နိုင်ပါစေဗျာ...

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 21/05/2019

ဆေးလေး ဘာလေးသုတ်ပေးရမယ်ဆိုတော့၊
အကောင်းဆုံး အားထုတ်ရမှာပေါ့ ကိုသန်းထူးအောင်ရယ်။
Thanks

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 21/05/2019

သင်္ကြန်ရက် မတိုင်ခင်/အပြီးရက်တွေမှာ နယ်ပြန်ကြတဲ့လုပ်သားတွေများလွန်းတော့၊ အော်ဒါတချို့ကို ရှိတဲ့လုပ်အားလေးတွေနဲ့ အပြီးသတ်ခဲ့ရတယ် Aprilရယ်။
ဓာတ်ပုံမှတ်တမ်းယူဖို့တောင် သတိမရှိဖြစ်ရတယ်။

Mayက အလုပ်တခုပဲပေါ့၊

အင်းယားလမ်းက ဆရာမကြီးတို့မိသားစု နဲ့ ရှေ့နေကြီးတို့ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။
ဆေးသုတ်အပ်ထည်များအတွက်လည်း အရင်းလောက်နဲ့ အလုပ်လက်ခံပေးခဲ့ပါတယ်။

16/04/2019

ချစ်သော မိတ်ဆွေအပေါင်း အမျိုးအပေါင်းတို့သည် မြန်မာ့နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ကောင်းကျိုးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း ဆန္ဒပြုလိုက်ပါသည်...။ 🙏🙏🙏

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 02/03/2019

တနေ့ကပဲ "ရေး"က ဆရာတော်ဘုရား ဦးစန္ဒိမာ Orderအပ်တဲ့ ၈ပေဘုရားကျောင်း ဂိတ်သို့ပို့ပြီး၊ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းအားထုတ်ခဲ့ပြီးပါပြီ။

ပြီးပြည့်စုံတယ်(perfect)လို့တော့ မခံစားရဘူး၊ အားမရသေးဘူးလို့တော့ ဝန်ခံပါရစေ။

ဆရာတော်ဘုရား ဦစန္ဒိမာ နှင့် အလှူရှင်မိသားစုတို့ကို အထူးပင်ကျေးဇူးတင်မိပါတယ် ခင်ဗျာ။

11/02/2019

၈ပေကျောင်းဆောင် ဆေးဝင်ရန်ပြင်ဆင်။

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 30/01/2019

ဆေးပြီးသွားတော့၊ ကိုနေမင်းဆီ ဒဂုံ(၁)ကျောင်းရှေ့သို့ပို့။
ယုံကြည်စွာဖြင့် unseen order အပ်ပေးသော ကိုနေမင်းတို့မိသားစုအား အထူးကျးဇူးတင်ပါတယ်ခင်ဗျ။

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 20/01/2019

၅ပေဘုရားကျောင်း ဆေးမဝင်ခင်၊ နောက် columnတိုင်ပျောက်လုပ်ရန်။

01/01/2019

အားလုံးပဲ
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
နှစ်သစ်လေးဖြစ်ပါစေ။

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 04/12/2018

ဆရာကြီး ဆရာဟန် သဘောကျမယ်လို့ မျှော်လင့်မိပါရဲ့ဗျာ။

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 04/12/2018

ညအထိ အပြီးလက်စသတ်သော်လည်း၊
လက်စသတ်လို့ မပြီးသေးပေ။

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 09/11/2018

ငွေကြေး အကျိုးအမြတ်မကြည့်ပဲ ကုသိုလ်ဖြစ် မှတ်တိုင်တစ်ခုထူခြင်းပေါ့🙏🏽🙏🏽🙏🏽😁

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 19/10/2018

လွန်လေပြီးသော ၇နှစ်ဝန်းကျင်လောက်ကထင်တယ် ဆရာမကြီး Khin လက်ရာထဲက တစ်ခုပေါ့၊ သူ့မိတ်ဆွေ မိုးကုတ်သူအမအတွက်တဲ့။

Khin မြန်မာမှုတွေ မမေ့လိုက်နဲ့ဦးနော်။

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 19/10/2018

ဒီလိုလုပ်ခိုင်းတာ၊
ဒီလိုလုပ်ပေးမိတယ်

Photos from Thitsa Aung အိမ်တွင်း အိမ်ပြင် ပရိဘောဂ နှင့် အလှဆင်ခြင်း ဝန်ဆောင်မှု's post 09/10/2018

အဲ့ကျွန်းသားတွေထဲမှာ စေတနာတွေမြှုတ်ထားတာ တချို့သူတွေပဲသိတယ်၊

ကိုယ်စားသမျှ၊ မောင်းသမျှ စိတ်ဒုက္ခခံကြိုးစားပေးတဲ့ ညေးတပြည့်တွေကိုလည်း ကျေးဇူးတကယ်တင်တယ်။

09/10/2018

ပရဟိတလူငနဲ

Want your business to be the top-listed Furniture Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
Other Furniture in Yangon (show all)
Cham Myae Tha Luxury Furniture Cham Myae Tha Luxury Furniture
No. 10/A, Kabaraye Pagoda Road, Mayangone Township
Yangon, 11061

CMT provides lavish interior decoration experiences. We specialize in production and more.

Phyoe Mattress & Furniture Phyoe Mattress & Furniture
No. 903, ဒ-17, Shwepyitar
Yangon

Aung Nan Thit  Furniture Aung Nan Thit Furniture
Thumingalar
Yangon

MTT Furniture and house hold MTT Furniture and house hold
Myeik Street
Yangon

LLK ခန်းဝင်ပစ္စည်းအမျိုးမျိုးလက်လီလက်ကား LLK ခန်းဝင်ပစ္စည်းအမျိုးမျိုးလက်လီလက်ကား
11လမ်းB တိုက်အမှတ် 23/မြေညီထပ် , ဆိုင်ခွဲ (3)
Yangon

ပရိဘောဂခန်းဝင်ပစ္စည်းအမျိုးမျိုးလက်လီလက်ကားဝယ်ယူရရှိနိုင်ပါသည်။

COMET THAI METAL COMET THAI METAL
No. 632, Pale Street, Shwe Pyi Thar
Yangon

Japan Used Furniture-Hlegu Japan Used Furniture-Hlegu
3rd Street, Yeikthar Ward, Hlegu
Yangon

Hlegu Furniture

MMRD Trading MMRD Trading
City Mall(St, John), 2nd Floor, Unit#02-45A, Corner Of Pyay Road & Min Ye Kyaw Zwa Road
Yangon, 11131

SB Furniture Myanmar By Arcbuilds SB Furniture Myanmar By Arcbuilds
SB Furniture Myanmar, By ArcBuilds, 97/B, West Shwe Gondaing Road
Yangon, 11201

Your Dream Home Furniture Solution

Hay Thar Furniture Hay Thar Furniture
Yangon

Sofa & Furniture

နန်းရွှေပြည် - NSP Modern Furniture နန်းရွှေပြည် - NSP Modern Furniture
Yangon

နန်းရွှေပြည်Furniture